မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသ...

Por Garnialove

168 46 29

အရမ်းချီးကျူးလေးစားဖို့ကောင်းတဲ့မိခင်တွေထဲမှာကျန်းကျယ်ဟန့်ဆိုတဲ့ လူသားလေးကိုမွေးထုတ်ပေးခဲ့ပြီး အကြည်ဓါတ်လေးနဲ... Más

ကျန်းမားမားအကြောင်း
လက်လျှော့စရာအကြောင်းမရှိဘူး
အမေ့ဆီကအသံတစ်ခု
ကျွန်မအိုမင်းသွားလို့မဖြစ်သေးဘူး
သားလေး မိုးရွာနေရင် ထီးယူသွားပါ
အမေများနေ့အမှတ်တရ
ကျန်းမားမားပြောတဲ့ ဟန်အာလေးပုံပြင် အပိုင်း-၁
ကျန်းမားမားပြောတဲ့ဟန်အာလေးပုံပြင် အပိုင်း-၂
ကျန်းမားမားပြောတဲ့ ဟန်အာလေးပုံပြင် အပိုင်း-၃
ကျန်းမားမားပြောတဲ့ Kola လေး အကြောင်း
ကျန်းမားမားရေးတဲ့ XiaoZhe ခရီးသွားမှတ်တမ်း
ဂေါ်ဖီထုပ်မားမား
ကိုလာလေးကိုပဲ အသနားပိုမိတယ်
တောင်တန်းရော ပင်လယ်ပါ မင်းပိုင်ဆိုင်နိုင်ပါစေ
ရင်ခုန်သံတွေထပ်တူညီခဲ့ကြတယ် အိပ်မက်နောက်ကိုလိုက်ခဲ့တာ အထီးမကျန်ခဲ့ပါဘူး
ထာဝရစိတ်ခံစားမှု
ပိုမိုကောင်းမွန်သောနေ့ရက်များရောက်လာမယ်လို့ယုံကြည်ပါ
ကျွန်မရဲ့ထာဝရဂုဏ်ယူစရာအတွက်
ကိုလာလေးပျော်ရွှင်ရင်ကျွန်မလည်းပျော်ရွှင်တယ်
ကျွန်မက ကျွန်မကိုယ်တိုင်ရဲ့ အလင်းရောင်ပါပဲ
ကျွန်မတို့ရဲ့ ပြီးပြည့်စုံသောအချိန်ကာလလေး
မြို့တစ်မြို့၊ အချစ်တစ်ခု၊ ခရီးစဥ်တစ်ခု
ဩဂုတ်လကိုဖြတ်ကျော်ခြင်း
မင်းရဲ့အိပ်မက်တွေကို ကမ္ဘာကြီးကကြားနိုင်ပါစေ

မငိုပါနဲ့သူငယ်ချင်း

13 3 0
Por Garnialove

Unicode

XiaoZhe မားမားရဲ့ WeChat ကစာလေးပါ။
မားမားက သူ့ဆိုင်မှာ လာငိုနေတတ်တဲ့ Haizhe လေးတွေအကြောင်းရေးပြီး Haizhe လေးတစ်ယောက် သူ့ဆီပို့ထားတဲ့စာလေးကို ပြန်ပြီး Share ထားတာပါ။ တကယ်ကိုငိုမိပြန်တယ် 😭😭😭

Crd: Facebook Link လေးပေးထားပါတယ်

https://www.facebook.com/groups/292447681317423/permalink/1010844676144383/

မငိုပါနဲ့ ...သူငယ်ချင်း!!!
      ကျွန်မ ရဲ့ လက်ဖက်ရည်ဆိုင်ကိုသွားတဲ့အခါတိုင်း လက်ဖက်ရည်ဆိုင်တံခါးဝမှာ ငိုနေတဲ့ သူငယ်ချင်းငယ်‌လေးတွေတွေ့ရတယ်။ ကျွန်မဆိုင်ကတံခါးပိတ်ထားပေမယ့် သူတို့ကတံခါးဝမှာ ထိုင်ပြီး ငို နေကြတယ်။ ဒီမြင်ကွင်းကိုမြင်တော့ ကျွန်မ လဲမျက်ရည်တွေနဲ့လှည့်ပြန်ခဲ့ရတယ်။  ဒဏ်ရာရနေတဲ့ ကျွန်မ နှလုံးသားက ကျွန်မ လိုပဲဒဏ်ရာရနေတဲ့တခြားသူ‌တွေကိုသက်သာမှုမရစေနိုင်ဘူးဆိုတာ ကျွန်မ သိတယ်လေ။  တစ်ခါတလေ ရှောင်လို့မရတဲ့အခါ မငိုပါနဲ့သူငယ်ချင်းလေးတို့ရယ် လို့ နှစ်သိမ့်ပေးချင်တယ်။ တကယ်တော့ ကျွန်မကအဲ့ဒီသူငယ်ချင်းလေးတွေကို မငိုဖို့ နှစ်သိမ့်လိုက်တဲ့အခါ အိပ်မက်ကနေလန့်နိုးလာတဲ့အခါတိုင်း ဒါမှမဟုတ် အနားမှာဘယ်သူမှမရှိတဲ့အချိန် တိုင်းကျွန်မကိုယ်တိုင်ဘယ်နှစ်ခါ ငိုခဲ့ရမှန်း မသိသလို မျက်ရည်တွေ ခမ်းခြောက်သွားသလို တောင်ခံစားခဲ့ရပါတယ်။  ကျွန်မသူငယ်ချင်းလေးတွေကိုမျက်ရည်တွေနဲ့တိုးတိုးလေးပြောချင်တာက မငိုပါနဲ့သူငယ်ချင်းတို့ရေ နှလုံးသားလေးကနေသာနေတယ်ဆိုရင်တောက်ပတဲ့အနာဂတ်လမ်းရှိနေဆဲပါလို့..ဒီနေ့ ကျွန်မမွေးနေ့မှာ မြူခိုးထူထူ လို ဝိုင်းရံထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကောင်းချီးပေးမှုတွေကို ခံစားခဲ့ရတယ်။ ကျွန်မဘာ့ကြောင့် စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေရမှာလဲ။ လောကကြီးက တရားမျှတပြီး လူတွေရဲ့စိတ်နှလုံးကဖြူစင်တယ်လို့ ကျွန်မယုံကြည်နေတုန်းပဲ။ သူငယ်ချင်းလေးတွေရဲ့ ဤနက်နဲသောချစ်ခြင်း‌မေတ္တာတွေနဲ့အတိတ်က နာကျင်မှုအားလုံးကို‌ချေမွပြီး ရွှံ့‌ စေးအဖြစ်အသွင်ပြောင်းရမယ်။ နေသာသောနှလုံးသားလေးကို အာဟာရဖြည့်တင်းပေးပြီး သတ္တိရှိရှိ ရှေ့ဆက်သွားရမယ်- မနှုတ်ဆက်ပဲခွဲခွာခဲ့တဲ့ သူငယ်ချင်းမို့ပြန်ဆုံမယ့်ရက်ဆိုတာရှိလာမှာပါ..

ယနေ့ကျွန်မလက်ခံရရှိသောသူငယ်ချင်းတစ်ယောက်ဆီကစာတစ်စောင်ကို ပူးတွဲပေးပို့ပါတယ် ...

ရှောင်ကျယ်မားမားရေ...
     ငယ်ရွယ်နုပျိုပြီးတောက်ပတဲ့သားလေးကို ပြုစုပျိုးထောင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ငါကသူ့ကို ငါးလကျော်လောက်သာဆုံခဲ့ရပေမယ့် သူ့ဘဝရဲ့ အတက်အကျအတွက် သူ့ဘဝရဲ့ အဆင့်တိုင်းကိုသူက ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပြီး သူ ငါတို့အတွက် ယူဆောင်လာပေးခဲ့တဲ့ ခွန်အားတွေက လူတော်တော်များများကို စိတ်အားထက်သန်စေခဲ့ပါတယ်။ သူ့မှာ အပြစ်ကင်းစင်တဲ့စိတ်ရှိပြီး လူ့အဖွဲ့အစည်းကို စေတနာကောင်း ဖြန့်ဝေပေးနိုင်တဲ့ စွမ်းရည်ကို မဆုံးရှုံးသေးပါဘူး။  ငါတို့အနေနဲ့ မုန်းစရာကောင်းတဲ့ ဒီသြဂုတ်လမှာမသမာသူတွေကြောင့် နက်ရှိုင်းသောချိုင့်ဝှမ်းထဲသို့ကျသွားခဲ့ရသော Xiao Zhe အဖြစ်ကိုရင်ဆိုင်ရင်း နှလုံးသား တွေကြေကွဲခဲ့ရပါတယ်။ မားမားလို မိခင်အရင်းတစ်ယောက်ဆိုရင်တော့ မြှားအစင်းတစ်ထောင်ထိုးဖောက်သလိုမျိုး နာကျင်ခံစားရမှာနားလည်ပါတယ်။  မားမားက XiaoZhe ထက် ပိုခံစားခဲ့ရမှာသိပေမယ့် မားမားကပဲ မိခင်တစ်ယောက် အနေနဲ့ XiaoZhe ထက် ပိုသန်မာနေရမယ်။ မားမားကပဲ XiaoZhe လက်ကိုကိုင်အားပေးပြီး XiaoZhe ရဲ့ဒဏ်ရာရနေတဲ့ခန္ဓာကိုယ်နဲ့စိတ်နှလုံးသားတွေကို မားမားရဲ့နွေးထွေးတဲ့ရင်ခွင်မှာကုသခွင့်ပေးလိုက်ပါ။  သူတစ်ဖန်ပြန်လည်မွေးဖွားပြီး မားမားရဲ့နက်နဲတဲ့မိခင်မေတ္တာနဲ့ တဖန်ပြန်ပြီးထရပ်နိုင်လိမ့်မယ်လို့ ငါတို့ ယုံကြည်ပါတယ်။  သူ့ကိုယ်‌ပေါ်ကအလင်းရောင်ကသူ့ပတ်ဝန်းကျင်ကလူတွေကို ဆက်လက်တောက်ပနေစေလိမ့်မယ်လို့ ငါတို့ယုံကြည်ပါတယ်။ လူတော်တော်များများက သူ့ကြောင့် သူတို့ကိုယ်သူတို့ အကောင်းဆုံးဖြစ်အောင် တွန်းအားပေးကြိုးစားကြတယ်။  ဒဏ္ဍာရီဆန်ဆန် ဖျော်ဖြေရေးစက်ဝိုင်းကြီး ရှင်းလင်းသန့်စင်သွားတဲ့တနေ့မှာ ဖုန်မှုန့်များနှင့် အညစ်အကြေးများကို သုတ်သင်ပြီး သူ့အိပ်မက်ကိုဆက်ပြီးအကောင်အထည်ဖော်ပါ။  ဒါက ငါ့တို့ရဲ့ မျှော်လင့်ချက်နဲ့ ကောင်းချီး‌ပေးမှုဖြစ်သလိုမားမားရဲ့ဆန္ဒဖြစ်မယ်လို့ယုံကြည်လျှက်...
    XiaoZhe ရဲ့ အစ်မတစ်ယောက်

Zawgyi

XiaoZhe မားမားရဲ႕ WeChat ကစာေလးပါ။
မားမားက သူ႔ဆိုင္မွာ လာငိုေနတတ္တဲ့ Haizhe ေလးေတြအေၾကာင္းေရးၿပီး Haizhe ေလးတစ္ေယာက္ သူ႔ဆီပို႔ထားတဲ့စာေလးကို ျပန္ၿပီး Share ထားတာပါ။ တကယ္ကိုငိုမိျပန္တယ္ 😭😭😭

Crd: Facebook Link ေလးေပးထားပါတယ္

https://www.facebook.com/groups/292447681317423/permalink/1010844676144383/

မငိုပါနဲ႔ ...သူငယ္ခ်င္း!!!
      ကြၽန္မ ရဲ႕ လက္ဖက္ရည္ဆိုင္ကိုသြားတဲ့အခါတိုင္း လက္ဖက္ရည္ဆိုင္တံခါးဝမွာ ငိုေနတဲ့ သူငယ္ခ်င္းငယ္‌ေလးေတြေတြ႕ရတယ္။ ကြၽန္မဆိုင္ကတံခါးပိတ္ထားေပမယ့္ သူတို႔ကတံခါးဝမွာ ထိုင္ၿပီး ငို ေနၾကတယ္။ ဒီျမင္ကြင္းကိုျမင္ေတာ့ ကြၽန္မ လဲမ်က္ရည္ေတြနဲ႔လွည့္ျပန္ခဲ့ရတယ္။  ဒဏ္ရာရေနတဲ့ ကြၽန္မ ႏွလုံးသားက ကြၽန္မ လိုပဲဒဏ္ရာရေနတဲ့တျခားသူ‌ေတြကိုသက္သာမႈမရေစႏိုင္ဘူးဆိုတာ ကြၽန္မ သိတယ္ေလ။  တစ္ခါတေလ ေရွာင္လို႔မရတဲ့အခါ မငိုပါနဲ႔သူငယ္ခ်င္းေလးတို႔ရယ္ လို႔ ႏွစ္သိမ့္ေပးခ်င္တယ္။ တကယ္ေတာ့ ကြၽန္မကအဲ့ဒီသူငယ္ခ်င္းေလးေတြကို မငိုဖို႔ ႏွစ္သိမ့္လိုက္တဲ့အခါ အိပ္မက္ကေနလန႔္ႏိုးလာတဲ့အခါတိုင္း ဒါမွမဟုတ္ အနားမွာဘယ္သူမွမရွိတဲ့အခ်ိန္ တိုင္းကြၽန္မကိုယ္တိုင္ဘယ္ႏွစ္ခါ ငိုခဲ့ရမွန္း မသိသလို မ်က္ရည္ေတြ ခမ္းေျခာက္သြားသလို ေတာင္ခံစားခဲ့ရပါတယ္။  ကြၽန္မသူငယ္ခ်င္းေလးေတြကိုမ်က္ရည္ေတြနဲ႔တိုးတိုးေလးေျပာခ်င္တာက မငိုပါနဲ႔သူငယ္ခ်င္းတို႔ေရ ႏွလုံးသားေလးကေနသာေနတယ္ဆိုရင္ေတာက္ပတဲ့အနာဂတ္လမ္းရွိေနဆဲပါလို႔..ဒီေန႔ ကြၽန္မေမြးေန႔မွာ ျမဴခိုးထူထူ လို ဝိုင္းရံထားတဲ့ ခ်စ္ျခင္းေမတၱာနဲ႔ ေကာင္းခ်ီးေပးမႈေတြကို ခံစားခဲ့ရတယ္။ ကြၽန္မဘာ့ေၾကာင့္ စိတ္ဓာတ္က်ၿပီး ဝမ္းနည္းေနရမွာလဲ။ ေလာကႀကီးက တရားမွ်တၿပီး လူေတြရဲ႕စိတ္ႏွလုံးကျဖဴစင္တယ္လို႔ ကြၽန္မယုံၾကည္ေနတုန္းပဲ။ သူငယ္ခ်င္းေလးေတြရဲ႕ ဤနက္နဲေသာခ်စ္ျခင္း‌ေမတၱာေတြနဲ႔အတိတ္က နာက်င္မႈအားလုံးကို‌ေခ်မြၿပီး ႐ႊံ႕‌ ေစးအျဖစ္အသြင္ေျပာင္းရမယ္။ ေနသာေသာႏွလုံးသားေလးကို အာဟာရျဖည့္တင္းေပးၿပီး သတၱိရွိရွိ ေရွ႕ဆက္သြားရမယ္- မႏႈတ္ဆက္ပဲခြဲခြာခဲ့တဲ့ သူငယ္ခ်င္းမို႔ျပန္ဆုံမယ့္ရက္ဆိုတာရွိလာမွာပါ..

ယေန႔ကြၽန္မလက္ခံရရွိေသာသူငယ္ခ်င္းတစ္ေယာက္ဆီကစာတစ္ေစာင္ကို ပူးတြဲေပးပို႔ပါတယ္ ...

ေရွာင္က်ယ္မားမားေရ...
     ငယ္႐ြယ္ႏုပ်ိဳၿပီးေတာက္ပတဲ့သားေလးကို ျပဳစုပ်ိဳးေထာင္ေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္။ ငါကသူ႔ကို ငါးလေက်ာ္ေလာက္သာဆုံခဲ့ရေပမယ့္ သူ႔ဘဝရဲ႕ အတက္အက်အတြက္ သူ႔ဘဝရဲ႕ အဆင့္တိုင္းကိုသူက ႀကိဳးစားပမ္းစား လုပ္ေဆာင္ခဲ့ၿပီး သူ ငါတို႔အတြက္ ယူေဆာင္လာေပးခဲ့တဲ့ ခြန္အားေတြက လူေတာ္ေတာ္မ်ားမ်ားကို စိတ္အားထက္သန္ေစခဲ့ပါတယ္။ သူ႔မွာ အျပစ္ကင္းစင္တဲ့စိတ္ရွိၿပီး လူ႔အဖြဲ႕အစည္းကို ေစတနာေကာင္း ျဖန႔္ေဝေပးႏိုင္တဲ့ စြမ္းရည္ကို မဆုံးရႈံးေသးပါဘူး။  ငါတို႔အေနနဲ႔ မုန္းစရာေကာင္းတဲ့ ဒီၾသဂုတ္လမွာမသမာသူေတြေၾကာင့္ နက္ရႈိင္းေသာခ်ိဳင့္ဝွမ္းထဲသို႔က်သြားခဲ့ရေသာ Xiao Zhe အျဖစ္ကိုရင္ဆိုင္ရင္း ႏွလုံးသား ေတြေၾကကြဲခဲ့ရပါတယ္။ မားမားလို မိခင္အရင္းတစ္ေယာက္ဆိုရင္ေတာ့ ျမႇားအစင္းတစ္ေထာင္ထိုးေဖာက္သလိုမ်ိဳး နာက်င္ခံစားရမွာနားလည္ပါတယ္။  မားမားက XiaoZhe ထက္ ပိုခံစားခဲ့ရမွာသိေပမယ့္ မားမားကပဲ မိခင္တစ္ေယာက္ အေနနဲ႔ XiaoZhe ထက္ ပိုသန္မာေနရမယ္။ မားမားကပဲ XiaoZhe လက္ကိုကိုင္အားေပးၿပီး XiaoZhe ရဲ႕ဒဏ္ရာရေနတဲ့ခႏၶာကိုယ္နဲ႔စိတ္ႏွလုံးသားေတြကို မားမားရဲ႕ေႏြးေထြးတဲ့ရင္ခြင္မွာကုသခြင့္ေပးလိုက္ပါ။  သူတစ္ဖန္ျပန္လည္ေမြးဖြားၿပီး မားမားရဲ႕နက္နဲတဲ့မိခင္ေမတၱာနဲ႔ တဖန္ျပန္ၿပီးထရပ္ႏိုင္လိမ့္မယ္လို႔ ငါတို႔ ယုံၾကည္ပါတယ္။  သူ႔ကိုယ္‌ေပၚကအလင္းေရာင္ကသူ႔ပတ္ဝန္းက်င္ကလူေတြကို ဆက္လက္ေတာက္ပေနေစလိမ့္မယ္လို႔ ငါတို႔ယုံၾကည္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက သူ႔ေၾကာင့္ သူတို႔ကိုယ္သူတို႔ အေကာင္းဆုံးျဖစ္ေအာင္ တြန္းအားေပးႀကိဳးစားၾကတယ္။  ဒ႑ာရီဆန္ဆန္ ေဖ်ာ္ေျဖေရးစက္ဝိုင္းႀကီး ရွင္းလင္းသန႔္စင္သြားတဲ့တေန႔မွာ ဖုန္မႈန႔္မ်ားႏွင့္ အညစ္အေၾကးမ်ားကို သုတ္သင္ၿပီး သူ႔အိပ္မက္ကိုဆက္ၿပီးအေကာင္အထည္ေဖာ္ပါ။  ဒါက ငါ့တို႔ရဲ႕ ေမွ်ာ္လင့္ခ်က္နဲ႔ ေကာင္းခ်ီး‌ေပးမႈျဖစ္သလိုမားမားရဲ႕ဆႏၵျဖစ္မယ္လို႔ယုံၾကည္လွ်က္...
    XiaoZhe ရဲ႕ အစ္မတစ္ေယာက္

Seguir leyendo

También te gustarán

26.1K 1.4K 148
Description ကိုအထဲမှာ ထည့်ပေးထားပါတယ်ရှင့်။ဒီမှာရေးလိုက်တာနဲ့ တင်လို့မရလို့ပါရှင့်
79.2K 19.8K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
28.8K 3.7K 66
Title - A Nest of Snake inside the Old Tomb သင်္ချိုင်းဟောင်းမှ မြွေမိသားစု (Description) မြွေပွေးတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာခဲ့သည့် လူသားတစ်ယော...
3M 264K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...