TYGW's Mr.Lucky (BL) [Myanmar...

Comet222 tarafından

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... Daha Fazla

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1

2.6K 532 15
Comet222 tarafından

Zawgyi


"မာ႐ွယ္က်န္း ဗိုလ္ခ်ဳပ္က်န္းက ေနျပန္ေကာင္းသြားၿပီလို႔ ငါၾကားတယ္။ သူစစ္ဌာနခ်ဳပ္ဆီကို ဘယ္အခ်ိန္ ျပန္လာမလဲဆိုတာ သိခ်င္မိသား?" ယြီေဟာင္ေရြ႕က စစ္တပ္အစည္းအေဝးမွာ တမင္ေမးလိုက္တယ္။

"ဒီေကာင္ေလးရဲ႕ခႏၶာကိုယ္က အေတာ္ေလး သက္သာလာၿပီ ဆိုေပမဲ့လည္း အဆိပ္ေတြကို အခုထိ အျပတ္မ႐ွင္းထုတ္ရေသးတာမို႔ သူအခ်ိန္အခ်ိဳ႕ေလာက္ အနားယူဖို႔ လိုအပ္ေနေသးမွာကို ငါေၾကာက္မိတယ္။" က်န္းဇန္ေထာင္က ဘာကိုမွ ဖံုးကြယ္ထားဖို႔ မရည္ရြယ္ပဲ တိုက္႐ိုက္ ႐ွင္း႐ွင္းလင္းလင္း ေျပာလိုက္တယ္။ အဆံုးသတ္မွာေတာ့ က်န္းေမာ့႐ွန္းရဲ႕ခႏၶာကိုယ္ထဲမွာ က်န္႐ွိေနတဲ့အဆိပ္ေတြက စစ္တပ္ဆရာဝန္ေတြကိုယ္တိုင္ အတည္ျပဳထားတဲ့အရာတစ္ခု ျဖစ္တယ္။

က်န္းေမာ့႐ွန္းရဲ႕အားလပ္ရက္ကိုလည္း ယခင္ကတည္းက စစ္တပ္ဌာနမွ အတည္ျပဳေထာက္ခံထားတာ ျဖစ္တယ္။

"ဗိုလ္ခ်ဳပ္က်န္းက ငယ္ရြယ္ၿပီးေတာ့ စြမ္းအားျပည့္ဝတဲ့ hero တစ္ေယာက္ပါ။ ဒီဒဏ္ရာက ဗိုလ္ခ်ဳပ္အတြက္ ဘာမွမဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္။" ဝုကုလီက ယြီေဟာင္ေရြ႕ရဲ႕ဦးေဆာင္မႈအတိုင္း သံေယာင္လိုက္ ေျပာလိုက္တယ္။

အမွန္တကယ္မွာေတာ့ ဇာ့ခ္ဘုရင္ရဲ႕အဆိပ္က အမွန္တကယ္ကို ဘယ္ေလာက္ေတာင္ စြမ္းအားႀကီးသလဲဆိုတာကို လူတိုင္းနားလည္ၾကပါတယ္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း က်န္းဇန္ေထာင္ရဲ႕ အေျခအေနဆိုးရြားလာတဲ့ က်န္းမာေရးကေန ၾကည့္မယ္ဆိုရင္ က်န္းေမာ့႐ွန္းရဲ႕အျပင္ပန္း ႐ုပ္သြင္ျပင္က အခုခ်ိန္မွာ ၾကည့္ရတာ အနည္းငယ္ပိုေကာင္းေနပံု ထင္ရေသာ္ျငားလည္းပဲ သူ႔ရဲ႕က်န္းမာေရးအေျခအေနမွန္က ဘယ္ေလာက္ဆိုးဝါးေနသလဲ ဆိုတာကို ဘယ္သူကမွ အမွန္တကယ္ သိၾကမွာမဟုတ္ဘူးလို႔ ေကာက္ခ်က္ခ်လို႔ရတယ္။

တကယ္လို႔ သူတို႔တေတြက က်န္းေမာ့႐ွန္းကို စစ္ဌာနခ်ဳပ္ဆီ ျပန္လာခိုင္းႏိုင္ၿပီးေတာ့ သူ႔ကို တာဝန္တစ္ခုအတြက္ ျပန္လည္ေနရာခ်ထားဖို႔ အေၾကာင္းျပခ်က္အခ်ိဳ႕ ႐ွာလိုက္ၿပီးေတာ့ သူ႔ကို အျပင္ဘက္မွာ "မေတာ္တဆ" ေသခိုင္းလိုက္မယ္ဆိုရင္ ဘယ္သူကမွ ဒီကိစၥကို သကၤာမကင္းျဖစ္ႏိုင္ေတာ့မွာ မဟုတ္ဘူး။

ယြီေဟာင္ေရြ႕ရဲ႕တြက္ခ်က္မႈေတြက အရမ္းသိသာထင္႐ွားေသာ္ျငားလည္းပဲ က်န္းဇန္ေထာင္က ဒါကို လံုးဝျပန္မတံု႔ျပန္တာကေတာ့ ႏွေျမာစရာပါပဲ။

က်န္းမိသားစုက မ်ဳိး႐ိုးစဥ္ဆက္ စစ္ဘက္မိသားစုတစ္စု ျဖစ္ၿပီးေတာ့ သူတို႔တစ္ေယာက္ခ်င္းစီက အလြန္အမင္း မ်ဳိးခ်စ္စိတ္ ျပင္းျပသူမ်ားျဖစ္ၾကကာ တိုင္းျပည္ကို ကာကြယ္ေပးေနၾကသူမ်ား ျဖစ္ၾကတယ္။ သူတို႔ေတြက ပင္လယ္လိပ္ (သတၱိနည္းသူ) ျဖစ္ၾကရမွာထက္ တိုင္းျပည္အတြက္ အသက္ေပးဖို႔ လိုလားၾကသူမ်ား ျဖစ္ၾကတယ္။ အဲ့ဒါက ဘာလို႔က်န္းမိသားစုမွာ မ်ဳိးဆက္အနည္းငယ္ပဲ ႐ွိရသလဲဆိုတာနဲ႔ မိသားစုမ်ဳိး႐ိုး ႀကီးပြားမခ်မ္းသာရျခင္းရဲ႕ အေၾကာင္းျပခ်က္တစ္ရပ္လည္း ျဖစ္တယ္။

က်န္းမိသားစုရဲ႕ ဘိုးဘြားေဆာင္ပုဒ္က သူတို႔ရဲ႕တိုင္းျပည္အတြက္ အသက္ေပးရန္ ျဖစ္ၿပီးေတာ့ သူတို႔ရဲ႕တိုင္းျပည္ကို အႂကြင္းမဲ့ သစၥာေစာင့္သိမႈအျပည့္နဲ႔ အလုပ္အေကြၽးျပဳရန္ ျဖစ္တယ္။ သူတို႔ရဲ႕ဒဏ္ရာေတြက သူတို႔မလႈပ္႐ွားႏိုင္ေလာက္တဲ့အထိ အရမ္းနာက်င္မခံစားရေနသေရြ႕ ျပည္ေထာင္စုက သူတို႔ေတြကို လိုအပ္တဲ့အခ်ိန္တိုင္း က်န္းမိသားစုက တာဝန္ေခၚစာေတြကို အျမဲတမ္း အေျဖေပးေနမွာ ျဖစ္တယ္။

ယြီေဟာင္ေရြ႕က ဒီေဆာင္ပုဒ္ကို အျပည့္အဝနားလည္တာမို႔ က်န္းေမာ့႐ွန္း အလုပ္ျပန္လာႏိုင္ဖို႔အတြက္ ဒါကို အသံုးျပဳၿပီး ဖိအားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္တယ္။

သို႔ေသာ္လည္း မေမွ်ာ္လင့္ထားစြာနဲ႔ပဲ က်န္းဇန္ေထာင္က ဒါကို လက္မခံခဲ့ပါဘူး။ ယြီေဟာင္ေရြ႕တစ္ေယာက္ က်န္းဇန္ေထာင္က ဒီအေတာအတြင္းမွာ ဘာက ေျပာင္းလဲသြားသလဲဆိုတာကို သူအတိအက် ေထာက္မျပတတ္ေပမဲ့လည္း က်န္းဇန္ေထာင္တစ္ေယာက္ အေတာ္ေလး ေျပာင္းလဲသြားပံုရတယ္လို႔ေတာ့ အျမဲလိုလို ခံစားမိေနတယ္။

"ေရတပ္ဗိုလ္ခ်ဳပ္ဝု ခင္ဗ်ား ဒီလိုေျပာလို႔မရဘူးေလ။ ဇာ့ခ္ဘုရင္ကိုယ္တိုင္ခ်န္ထားခဲ့တဲ့ ဒီအဆိပ္က အရမ္းအဆိပ္ျပင္းၿပီးေတာ့ အေတာ္ေလးလည္း စြမ္းအားႀကီးတယ္။ ဗိုလ္ခ်ဳပ္က်န္းက ငါတို႔ျပည္ေထာင္စုရဲ႕ဟီး႐ိုးတစ္ေယာက္ပဲ။ သူျပည္ေထာင္စုကို ဆက္လက္ အလုပ္အေကြၽးမျပဳခင္မွာ ေစ့ေစ့စပ္စပ္နဲ႔ အၿပီးျဖတ္ ကုသႏိုင္မွျဖစ္မယ္။ တကယ္လို႔ သူ႔ဆီမွာ မေတာ္တဆတစ္ခုခု ျဖစ္ပ်က္လာခဲ့မယ္ဆိုရင္ ငါတို႔ရဲ႕ျပည္ေထာင္စုက ဆံုး႐ွံဴးမႈႀကီးႀကီးမားမား ခံစားသြားရလိမ့္မယ္။ ခင္ဗ်ားေရာ အဲ့လိုမေတြးမိဘူးလား? မာ႐ွယ္ယြီ" ထန္ခ်ီ႐ွဳက ညင္သာတဲ့အျပံဳးတစ္ပြင့္နဲ႔ ေျပာလိုက္တယ္။

လက္႐ွိအေျခအေနအရဆိုရင္ မာ႐ွယ္သံုးေယာက္ထဲမွာ ႏွစ္ေယာက္က က်န္းေမာ့႐ွန္းရဲ႕စစ္တပ္ဆီျပန္လာမႈကို မေထာက္ခံၾကပါဘူး။

"အဲ့ကေလးက အခုေလာေလာဆယ္မွာ စစ္တပ္ထဲ ျပန္မလာႏိုင္ေသးေပမဲ့လည္းပဲ ျပည္ေထာင္စုကိုေတာ့ သူအက်ဳိးျပဳႏိုင္ပါတယ္။ ဒီျပန္လည္ထူေထာင္ေရး အခ်ိန္ကာလအတြင္းမွာ သူယာယီေရႊ႕ေျပာင္းခံရဖို႔အတြက္ ေမွ်ာ္လင့္ေနပါတယ္။" က်န္းဇန္ေထာင္က တျခားမာ႐ွယ္ေတြနဲ႔ ဗိုလ္ခ်ဳပ္ေတြကို သူ႔သားရဲ႕အစီအစဥ္ေတြကို အသိေပးလိုက္တယ္။

က်န္းေမာ့႐ွန္းက က်န္းဇန္ေထာင္ရဲ႕သား ျဖစ္ေသာ္ျငားလည္းပဲ သူကလည္း စစ္တပ္ရဲ႕အဓိကဗိုလ္ခ်ဳပ္တစ္ေယာက္ ျဖစ္တယ္။ ေျပာင္းေရႊ႕မႈေတြအားလံုးအတြက္ စစ္တပ္ရဲ႕တရားဝင္ခြင့္ျပဳခ်က္ကို လိုအပ္တယ္။

က်န္းေမာ့႐ွန္းက သူ႔လူေတြကို ကယ္တင္ဖို႔အတြက္ အဆပ္မိၿပီး ဒဏ္ရာရထားတဲ့ ျပည္ေထာင္စုရဲ႕ဟီး႐ိုးတစ္ေယာက္ ျဖစ္တယ္။ သူ႔ရဲ႕သူရဲေကာင္းဆန္တဲ့ ဒဏ္ရာေတြေၾကာင့္ သူက အခုေလာေလာဆယ္မွာ အနားယူေနတာ ျဖစ္တယ္။ ဒီအနားယူမႈ အခ်ိန္ကာလအေတာအတြင္းမွာ သူက ဆႏၵအေလ်ာက္ ေျပာင္းေရႊ႕ဖို႔အတြက္ ေတာင္းဆိုထားတာ ျဖစ္တာေၾကာင့္ စစ္တပ္က ျငင္းပယ္ဖို႔အတြက္ ဘာအေၾကာင္းျပခ်က္မွ ႐ွာမေတြ႔ပဲ သူ႔ရဲ႕ေလွ်ာက္လႊာကို အတည္ျပဳ လက္ခံေပးရံုသာ တတ္ႏိုင္ေတာ့တယ္။

ရလဒ္ေတြကို စိတ္ေက်နပ္မႈအျပည့္႐ွိစြာနဲ႔ က်န္းဇန္ေထာင္တစ္ေယာက္ ေဒါသေတြထြက္ေနတဲ့ ယြီေဟာင္ေရြ႕ကို အေနာက္မွာ ခ်န္ထားခဲ့လိုက္ရင္း စစ္တပ္အစည္းအေဝး ၿပီးတာနဲ႔ခ်က္ခ်င္း အိမ္ကို ျပန္လာခဲ့ေတာ့တယ္။

အခုခ်ိန္မွာ စစ္တပ္ရဲ႕အေထြေထြေရြးေကာက္ပြဲက ၿပီးဆံုးသြားၿပီ ျဖစ္ၿပီးေတာ့ က်န္းဇန္ေထာင္ရဲ႕မာ႐ွယ္ေနရာကလည္း လံုျခံဳသြားၿပီ ျဖစ္တာမို႔ ယြီဂ်င္လီရဲ႕ေက်ာင္းအစီအစဥ္ေတြကို လုပ္ငန္းစဥ္ထဲ ထည့္သြင္းဖို႔အတြက္ အခ်ိန္က်လာခဲ့ၿပီ ျဖစ္တယ္။

ေစာေစာတုန္းက က်န္းဇန္ေထာင္က ပထမစစ္တပ္အကယ္ဒမီဆီ လူကိုယ္တိုင္ကိုယ္က် သြားခဲ့ၿပီးေတာ့ အကယ္ဒမီရဲ႕ေက်ာင္းအုပ္ႀကီးနဲ႔ ယြီဂ်င္လီရဲ႕ ကတ္လက္မႈပညာသည္တစ္ေယာက္ ျဖစ္ခ်င္တဲ့ဆႏၵနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးျဖစ္ခဲ့ၾကတယ္။

အစကေတာ့ ေက်ာင္းအုပ္ႀကီးက အနည္းငယ္ အဆင္မေျပသလို ခံစားေနခဲ့ရတယ္။

ကတ္လက္မႈအတတ္ပညာေမဂ်ာက တျခားေမဂ်ာရပ္ေတြနဲ႔ယွဥ္ရင္ အမ်ားႀကီး ပိုကြဲျပားျခားနားပါတယ္။ အထူးအခြင့္အေရးတစ္ခုတည္းကို မွီခိုၿပီးေတာ့ ဒီေမဂ်ာရပ္ထဲ ဝင္ေရာက္ဖို႔က မျဖစ္ႏိုင္ပါဘူး။ တကယ္လို႔ တျခားေမဂ်ာရပ္သာ ျဖစ္မယ္ဆိုရင္ ေက်ာင္းအုပ္ႀကီးက သေဘာတူၿပီးေနႏွင့္ေလာက္ၿပီ ျဖစ္တယ္။ ကံမေကာင္းစြာနဲ႔ပဲ ကတ္လက္မႈအတတ္ပညာရပ္သာ ျဖစ္ရမယ္ဆိုရင္ေတာ့ . . .

သို႔ေသာ္လည္း ေက်ာင္းအုပ္ႀကီးက ဆရာခါမြန္ရဲ႕ ေထာက္ခံခ်က္ေပးထားတဲ့စာကို လက္ခံရ႐ွိသြားတဲ့အခ်ိန္မွာ သူ႔ရဲ႕သေဘာထားက ႐ုတ္တရက္ ေျပာင္းလဲသြားေတာ့တယ္။ ခါမြန္ရဲ႕စာကို ဖတ္ၿပီးတဲ့ေနာက္မွာ သူက ယြီဂ်င္လီအတြက္ ဝင္ခြင့္စာေမးပြဲကို ခ်က္ခ်င္း စီစဥ္ေပးလိုက္ၿပီးေတာ့ ဝင္ခြင့္ေျဖဖို႔အတြက္ အခ်ိန္သတ္မွတ္ေပးလိုက္တယ္။

ယြီဂ်င္လီတစ္ေယာက္ ဝင္ခြင့္စာေမးပြဲအတြက္ ပထမစစ္တပ္အကယ္ဒမီဆီကို သြားေရာက္ရေတာ့မဲ့ေန႔ရက္ဟာ ေနာက္ဆံုးမွာေတာ့ ေရာက္႐ွိလာခဲ့ၿပီ ျဖစ္တယ္။

ယြီဂ်င္လီတစ္ေယာက္ သူမၾကာခင္မွာပဲ ေက်ာင္းကို သြားရေတာ့မယ္ဆိုတာကို သိလိုက္ရတဲ့အခါ သူအရမ္းစိတ္လႈပ္႐ွားမိသြားတာေၾကာင့္ တစ္ညလံုး သူအိပ္မေပ်ာ္ႏိုင္ခဲ့ပါဘူး။ ေနာက္တစ္ေန႔ မနက္ခင္းေစာေစာမွာ သူႏိုးလာခဲ့ၿပီးေတာ့ တစ္မိသားစုလုံးအတြက္ အရသာ႐ွိတဲ့မနက္စာကို ျပဳလုပ္လိုက္တယ္။

ေ႐ွာင္မုလန္နဲ႔ က်န္းဇန္ေထာင္တို႔ ေအာက္ထပ္ကို ဆင္းလာၾကတဲ့အခ်ိန္မွာ သူတို႔တေတြ ထမင္းစား စားပြဲေပၚမွာ အရသာ႐ွိတဲ့မနက္စာကို ျမင္လိုက္ၾကရတယ္။ စားစရာေတြက အရမ္းမ်ားလြန္းတာေၾကာင့္ လူဆယ္ေယာက္ေလာက္ စားၾကရင္ေတာင္ စားကုန္ႏိုင္ၾကမွာ မဟုတ္ပါဘူး။

ဒါေတြအားလံုးကို အိပ္မေပ်ာ္ႏိုင္တဲ့ ယြီဂ်င္လီေလးက ခ်က္ျပဳတ္ထားတယ္ဆိုတာကို သိလိုက္ၾကရေတာ့ ေ႐ွာင္မုလန္တစ္ေယာက္ ရယ္ရမလား။ ငိုရမလားေတာင္ မသိေတာ့ပါဘူး။ "ေက်ာင္းကို သြားႏိုင္ေတာ့မွာမို႔လို႔ သစ္အယ္သီးေလးက အရမ္းေပ်ာ္ေနတာလား?" သူမက အျပံဳးေလးနဲ႔ ေမးလိုက္တယ္။

"ဟုတ္ကဲ့။ ကြၽန္ေတာ္ အရမ္းေပ်ာ္ေနတယ္။ ကြၽန္ေတာ္အရင္တုန္းက ေက်ာင္းကို အျမဲတမ္း သြားခ်င္ေနခဲ့တာ။ ဒါေပမဲ့ ကံမေကာင္းစြာနဲ႔ပဲ ကြၽန္ေတာ္ မသြားႏိုင္ခဲ့ဘူး။ ဒီတစ္ႀကိမ္မွာ သြားႏိုင္ေတာ့မွာမို႔လို႔ ကြၽန္ေတာ္တကယ္ကို အရမ္းေပ်ာ္တယ္။" ယြီဂ်င္လီက သူ႔ရဲ႕မ်က္ႏွာေပၚမွာ အျပံဳးေလးတစ္ပြင့္နဲ႔ ႏွစ္လိုဖြယ္ေကာင္းစြာ ျပန္ေျဖလိုက္တယ္။

မေမွ်ာ္လင့္ထားစြာနဲ႔ပဲ ေ႐ွာင္မုလန္တစ္ေယာက္ ဒါကို ၾကားလိုက္ရတဲ့အခါ သူမအရမ္းစိတ္မေကာင္းျဖစ္သြားမိၿပီးေတာ့ သူမရဲ႕မ်က္လံုးေတြကေတာင္ အနည္းငယ္နီရဲလာေတာ့တယ္။ ယြီဂ်င္လီတစ္ေယာက္ ယခင္ ယြီမိသားစုထဲမွာတုန္းက ဘယ္လိုဘဝမ်ဳိးမွာ ေနခဲ့ရသလဲဆိုတာကို သူတို႔ေတြအားလံုး သိၾကၿပီးေတာ့ သူတို႔တေတြက ယြီမိသားစုအေၾကာင္းကို တိတ္တဆိတ္ ပိုၿပီးေတာ့ေတာင္ ႐ွဳတ္ခ်ေနခဲ့ၾကတာ ျဖစ္တယ္။

ယြီဂ်င္လီက ဒီလိုမ်ဳိးေကာင္းတဲ့ ကေလးေလးဆိုတာ သိသာထင္႐ွားေနခဲ့ေပမဲ့ သူက ဒီလိုမ်ဳိး ႏွစ္ေတြအမ်ားႀကီးၾကာေအာင္ ႏွိပ္စက္ခံခဲ့ရတယ္။ တကယ္လို႔ သူတို႔ေတြသာ ဒီအေၾကာင္းကို ေစာေစာသိခဲ့မယ္ဆိုရင္ သူ႔ကို သူတို႔အနားမွာ ေခၚထားၿပီးေတာ့ ယြီမိသားစုရဲ႕ညဥ္းပန္းႏွိပ္စက္မႈဒဏ္ကို ခံခြင့္ျပဳလိုက္ရမွာထက္ သူတို႔ဘာသာသူတို႔ပဲ သူ႔ကို ျပဳစုပ်ဳိးေထာင္ေပးလိုက္မိမွာပဲ ျဖစ္တယ္။

"အေမသားအတြက္ ေက်ာင္းသံုးပစၥည္းအခ်ိဳ႕ ဝယ္ေပးထားတယ္။ သားဒါေတြကို ႀကိဳက္လား ၾကည့္ၾကည့္?" ေ႐ွာင္မုလန္က အသစ္စက္စက္ဝယ္လာခဲ့တဲ့ ေက်ာင္းလြယ္အိတ္နဲ႔ စာေရးကိရိယာအခ်ိဳ႕ကို ယြီဂ်င္လီဆီ ကမ္းေပးလိုက္တယ္။

သူက အေစာႀကီးကတည္းက မူလတန္းေက်ာင္းသားအရြယ္ကို ေက်ာ္လြန္သြားခဲ့ၿပီ ျဖစ္ၿပီးေတာ့ စာေရးကိရိယာအေပၚမွာ အနည္းငယ္သာ စိတ္ဝင္စားမႈ႐ွိေတာ့တယ္ ဆိုေသာ္ျငားလည္းပဲ ယြီဂ်င္လီက အရင္တုန္းက ဒီလိုအရာမ်ဳိးကို တစ္ခါမွ မရခဲ့ဖူးပါဘူး။ ၿပီးေတာ့ ဒါေတြ႐ွိတဲ့ ေက်ာင္းသားေလးေတြကို မၾကာခဏ အရမ္းမနာလိုျဖစ္ခဲ့ဖူးတဲ့ အခ်ိန္ေတြ ႐ွိခဲ့ဖူးတာေၾကာင့္ သူဒီလက္ေဆာင္ေတြကို လက္ခံရ႐ွိလိုက္ရတာကို အရမ္းေပ်ာ္ရႊင္ေနမိတယ္။

ေ႐ွာင္မုလန္နဲ႔ က်န္းဇန္ေထာင္တို႔တေတြလည္း ယြီဂ်င္လီရဲ႕ ေပ်ာက္ဆံုးေနတဲ့ကေလးဘဝေလးကို သူတို႔တတ္ႏိုင္သေလာက္ အေတြ႔အၾကံဳ အျပည့္အဝရ႐ွိေစႏိုင္ေအာင္ ျဖည့္ဆည္းေပးႏိုင္ဖို႔ ႀကိဳးစားေနၾကတယ္။

"ကြၽန္ေတာ္ဒါကို ႀကိဳက္တယ္။ ေက်းဇူးတင္ပါတယ္။ အေမ" ယြီဂ်င္လီက သူ႔ရဲ႕အသစ္စက္စက္ စာေရးကိရိယာကို ကိုင္ထားရင္း ခ်ဳိသာစြာ ေျပာလိုက္တယ္။

"သားႀကိဳက္ရင္ ၿပီးတာပဲ။ အနာဂတ္မွာ သားဘာႀကိဳက္သလဲ ဆိုတာကို အေမ့ကိုသာ ေျပာလိုက္။ အေမသားအတြက္ ဝယ္ေပးမယ္။" ေ႐ွာင္မုလန္က သူမရဲ႕ကေလးကို အလိုလိုက္ အႀကိဳက္ေဆာင္တတ္တဲ့ သာမန္အေမတစ္ေယာက္လိုမ်ဳိး ဂုဏ္ယူဝင့္ႂကြားစြာ ေျပာလိုက္တယ္။

က်န္းေမာ့႐ွန္းရဲ႕ ေစာစီးစြာ ရင့္က်က္လာမႈက ေ႐ွာင္မုလန္ကို ကေလးတစ္ေယာက္ကို ျပဳစုပ်ဳိးေထာင္ရျခင္းရဲ႕ေပ်ာ္ရႊင္မႈကို ဆံုး႐ွံဴးေစခဲ့တယ္။ အခုခ်ိန္မွာေတာ့ ယြီဂ်င္လီနဲ႔သာဆိုရင္ ဒါက ယြီဂ်င္လီရဲ႕ ေပ်ာက္ဆံုးေနတဲ့ ကေလးဘဝေလးကို ျဖည့္ဆည္းေပးႏိုင္ရံုတင္ မကပဲနဲ႔ ေ႐ွာင္မုလန္ရဲ႕ ကေလးတစ္ေယာက္ကို ခ်စ္ခင္ျမတ္ႏိုး ျပဳစုေစာင့္ေ႐ွာက္ေပးခ်င္တဲ့ အိပ္မက္ေတြကိုလည္း ဆႏၵျပည့္ဝသြားေစႏိုင္တယ္။

"အင္း။"












Unicode


"မာရှယ်ကျန်း ဗိုလ်ချုပ်ကျန်းက နေပြန်ကောင်းသွားပြီလို့ ငါကြားတယ်။ သူစစ်ဌာနချုပ်ဆီကို ဘယ်အချိန် ပြန်လာမလဲဆိုတာ သိချင်မိသား?" ယွီဟောင်ရွေ့က စစ်တပ်အစည်းအဝေးမှာ တမင်မေးလိုက်တယ်။

"ဒီကောင်လေးရဲ့ခန္ဓာကိုယ်က အတော်လေး သက်သာလာပြီ ဆိုပေမဲ့လည်း အဆိပ်တွေကို အခုထိ အပြတ်မရှင်းထုတ်ရသေးတာမို့ သူအချိန်အချို့လောက် အနားယူဖို့ လိုအပ်နေသေးမှာကို ငါကြောက်မိတယ်။" ကျန်းဇန်ထောင်က ဘာကိုမှ ဖုံးကွယ်ထားဖို့ မရည်ရွယ်ပဲ တိုက်ရိုက် ရှင်းရှင်းလင်းလင်း ပြောလိုက်တယ်။ အဆုံးသတ်မှာတော့ ကျန်းမော့ရှန်းရဲ့ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့အဆိပ်တွေက စစ်တပ်ဆရာဝန်တွေကိုယ်တိုင် အတည်ပြုထားတဲ့အရာတစ်ခု ဖြစ်တယ်။

ကျန်းမော့ရှန်းရဲ့အားလပ်ရက်ကိုလည်း ယခင်ကတည်းက စစ်တပ်ဌာနမှ အတည်ပြုထောက်ခံထားတာ ဖြစ်တယ်။

"ဗိုလ်ချုပ်ကျန်းက ငယ်ရွယ်ပြီးတော့ စွမ်းအားပြည့်ဝတဲ့ hero တစ်ယောက်ပါ။ ဒီဒဏ်ရာက ဗိုလ်ချုပ်အတွက် ဘာမှမဟုတ်ဘူးဆိုတာ သေချာပါတယ်။" ဝုကုလီက ယွီဟောင်ရွေ့ရဲ့ဦးဆောင်မှုအတိုင်း သံယောင်လိုက် ပြောလိုက်တယ်။

အမှန်တကယ်မှာတော့ ဇာ့ခ်ဘုရင်ရဲ့အဆိပ်က အမှန်တကယ်ကို ဘယ်လောက်တောင် စွမ်းအားကြီးသလဲဆိုတာကို လူတိုင်းနားလည်ကြပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျန်းဇန်ထောင်ရဲ့ အခြေအနေဆိုးရွားလာတဲ့ ကျန်းမာရေးကနေ ကြည့်မယ်ဆိုရင် ကျန်းမော့ရှန်းရဲ့အပြင်ပန်း ရုပ်သွင်ပြင်က အခုချိန်မှာ ကြည့်ရတာ အနည်းငယ်ပိုကောင်းနေပုံ ထင်ရသော်ငြားလည်းပဲ သူ့ရဲ့ကျန်းမာရေးအခြေအနေမှန်က ဘယ်လောက်ဆိုးဝါးနေသလဲ ဆိုတာကို ဘယ်သူကမှ အမှန်တကယ် သိကြမှာမဟုတ်ဘူးလို့ ကောက်ချက်ချလို့ရတယ်။

တကယ်လို့ သူတို့တတွေက ကျန်းမော့ရှန်းကို စစ်ဌာနချုပ်ဆီ ပြန်လာခိုင်းနိုင်ပြီးတော့ သူ့ကို တာဝန်တစ်ခုအတွက် ပြန်လည်နေရာချထားဖို့ အကြောင်းပြချက်အချို့ ရှာလိုက်ပြီးတော့ သူ့ကို အပြင်ဘက်မှာ "မတော်တဆ" သေခိုင်းလိုက်မယ်ဆိုရင် ဘယ်သူကမှ ဒီကိစ္စကို သင်္ကာမကင်းဖြစ်နိုင်တော့မှာ မဟုတ်ဘူး။

ယွီဟောင်ရွေ့ရဲ့တွက်ချက်မှုတွေက အရမ်းသိသာထင်ရှားသော်ငြားလည်းပဲ ကျန်းဇန်ထောင်က ဒါကို လုံးဝပြန်မတုံ့ပြန်တာကတော့ နှမြောစရာပါပဲ။

ကျန်းမိသားစုက မျိုးရိုးစဉ်ဆက် စစ်ဘက်မိသားစုတစ်စု ဖြစ်ပြီးတော့ သူတို့တစ်ယောက်ချင်းစီက အလွန်အမင်း မျိုးချစ်စိတ် ပြင်းပြသူများဖြစ်ကြကာ တိုင်းပြည်ကို ကာကွယ်ပေးနေကြသူများ ဖြစ်ကြတယ်။ သူတို့တွေက ပင်လယ်လိပ် (သတ္တိနည်းသူ) ဖြစ်ကြရမှာထက် တိုင်းပြည်အတွက် အသက်ပေးဖို့ လိုလားကြသူများ ဖြစ်ကြတယ်။ အဲ့ဒါက ဘာလို့ကျန်းမိသားစုမှာ မျိုးဆက်အနည်းငယ်ပဲ ရှိရသလဲဆိုတာနဲ့ မိသားစုမျိုးရိုး ကြီးပွားမချမ်းသာရခြင်းရဲ့ အကြောင်းပြချက်တစ်ရပ်လည်း ဖြစ်တယ်။

ကျန်းမိသားစုရဲ့ ဘိုးဘွားဆောင်ပုဒ်က သူတို့ရဲ့တိုင်းပြည်အတွက် အသက်ပေးရန် ဖြစ်ပြီးတော့ သူတို့ရဲ့တိုင်းပြည်ကို အကြွင်းမဲ့ သစ္စာစောင့်သိမှုအပြည့်နဲ့ အလုပ်အကျွေးပြုရန် ဖြစ်တယ်။ သူတို့ရဲ့ဒဏ်ရာတွေက သူတို့မလှုပ်ရှားနိုင်လောက်တဲ့အထိ အရမ်းနာကျင်မခံစားရနေသရွေ့ ပြည်ထောင်စုက သူတို့တွေကို လိုအပ်တဲ့အချိန်တိုင်း ကျန်းမိသားစုက တာဝန်ခေါ်စာတွေကို အမြဲတမ်း အဖြေပေးနေမှာ ဖြစ်တယ်။

ယွီဟောင်ရွေ့က ဒီဆောင်ပုဒ်ကို အပြည့်အဝနားလည်တာမို့ ကျန်းမော့ရှန်း အလုပ်ပြန်လာနိုင်ဖို့အတွက် ဒါကို အသုံးပြုပြီး ဖိအားပေးနိုင်ဖို့ မျှော်လင့်နေတာဖြစ်တယ်။

သို့သော်လည်း မမျှော်လင့်ထားစွာနဲ့ပဲ ကျန်းဇန်ထောင်က ဒါကို လက်မခံခဲ့ပါဘူး။ ယွီဟောင်ရွေ့တစ်ယောက် ကျန်းဇန်ထောင်က ဒီအတောအတွင်းမှာ ဘာက ပြောင်းလဲသွားသလဲဆိုတာကို သူအတိအကျ ထောက်မပြတတ်ပေမဲ့လည်း ကျန်းဇန်ထောင်တစ်ယောက် အတော်လေး ပြောင်းလဲသွားပုံရတယ်လို့တော့ အမြဲလိုလို ခံစားမိနေတယ်။

"ရေတပ်ဗိုလ်ချုပ်ဝု ခင်ဗျား ဒီလိုပြောလို့မရဘူးလေ။ ဇာ့ခ်ဘုရင်ကိုယ်တိုင်ချန်ထားခဲ့တဲ့ ဒီအဆိပ်က အရမ်းအဆိပ်ပြင်းပြီးတော့ အတော်လေးလည်း စွမ်းအားကြီးတယ်။ ဗိုလ်ချုပ်ကျန်းက ငါတို့ပြည်ထောင်စုရဲ့ဟီးရိုးတစ်ယောက်ပဲ။ သူပြည်ထောင်စုကို ဆက်လက် အလုပ်အကျွေးမပြုခင်မှာ စေ့စေ့စပ်စပ်နဲ့ အပြီးဖြတ် ကုသနိုင်မှဖြစ်မယ်။ တကယ်လို့ သူ့ဆီမှာ မတော်တဆတစ်ခုခု ဖြစ်ပျက်လာခဲ့မယ်ဆိုရင် ငါတို့ရဲ့ပြည်ထောင်စုက ဆုံးရှူံးမှုကြီးကြီးမားမား ခံစားသွားရလိမ့်မယ်။ ခင်ဗျားရော အဲ့လိုမတွေးမိဘူးလား? မာရှယ်ယွီ" ထန်ချီရှုက ညင်သာတဲ့အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။

လက်ရှိအခြေအနေအရဆိုရင် မာရှယ်သုံးယောက်ထဲမှာ နှစ်ယောက်က ကျန်းမော့ရှန်းရဲ့စစ်တပ်ဆီပြန်လာမှုကို မထောက်ခံကြပါဘူး။

"အဲ့ကလေးက အခုလောလောဆယ်မှာ စစ်တပ်ထဲ ပြန်မလာနိုင်သေးပေမဲ့လည်းပဲ ပြည်ထောင်စုကိုတော့ သူအကျိုးပြုနိုင်ပါတယ်။ ဒီပြန်လည်ထူထောင်ရေး အချိန်ကာလအတွင်းမှာ သူယာယီရွှေ့ပြောင်းခံရဖို့အတွက် မျှော်လင့်နေပါတယ်။" ကျန်းဇန်ထောင်က တခြားမာရှယ်တွေနဲ့ ဗိုလ်ချုပ်တွေကို သူ့သားရဲ့အစီအစဉ်တွေကို အသိပေးလိုက်တယ်။

ကျန်းမော့ရှန်းက ကျန်းဇန်ထောင်ရဲ့သား ဖြစ်သော်ငြားလည်းပဲ သူကလည်း စစ်တပ်ရဲ့အဓိကဗိုလ်ချုပ်တစ်ယောက် ဖြစ်တယ်။ ပြောင်းရွှေ့မှုတွေအားလုံးအတွက် စစ်တပ်ရဲ့တရားဝင်ခွင့်ပြုချက်ကို လိုအပ်တယ်။

ကျန်းမော့ရှန်းက သူ့လူတွေကို ကယ်တင်ဖို့အတွက် အဆပ်မိပြီး ဒဏ်ရာရထားတဲ့ ပြည်ထောင်စုရဲ့ဟီးရိုးတစ်ယောက် ဖြစ်တယ်။ သူ့ရဲ့သူရဲကောင်းဆန်တဲ့ ဒဏ်ရာတွေကြောင့် သူက အခုလောလောဆယ်မှာ အနားယူနေတာ ဖြစ်တယ်။ ဒီအနားယူမှု အချိန်ကာလအတောအတွင်းမှာ သူက ဆန္ဒအလျောက် ပြောင်းရွှေ့ဖို့အတွက် တောင်းဆိုထားတာ ဖြစ်တာကြောင့် စစ်တပ်က ငြင်းပယ်ဖို့အတွက် ဘာအကြောင်းပြချက်မှ ရှာမတွေ့ပဲ သူ့ရဲ့လျှောက်လွှာကို အတည်ပြု လက်ခံပေးရုံသာ တတ်နိုင်တော့တယ်။

ရလဒ်တွေကို စိတ်ကျေနပ်မှုအပြည့်ရှိစွာနဲ့ ကျန်းဇန်ထောင်တစ်ယောက် ဒေါသတွေထွက်နေတဲ့ ယွီဟောင်ရွေ့ကို အနောက်မှာ ချန်ထားခဲ့လိုက်ရင်း စစ်တပ်အစည်းအဝေး ပြီးတာနဲ့ချက်ချင်း အိမ်ကို ပြန်လာခဲ့တော့တယ်။

အခုချိန်မှာ စစ်တပ်ရဲ့အထွေထွေရွေးကောက်ပွဲက ပြီးဆုံးသွားပြီ ဖြစ်ပြီးတော့ ကျန်းဇန်ထောင်ရဲ့မာရှယ်နေရာကလည်း လုံခြုံသွားပြီ ဖြစ်တာမို့ ယွီဂျင်လီရဲ့ကျောင်းအစီအစဉ်တွေကို လုပ်ငန်းစဉ်ထဲ ထည့်သွင်းဖို့အတွက် အချိန်ကျလာခဲ့ပြီ ဖြစ်တယ်။

စောစောတုန်းက ကျန်းဇန်ထောင်က ပထမစစ်တပ်အကယ်ဒမီဆီ လူကိုယ်တိုင်ကိုယ်ကျ သွားခဲ့ပြီးတော့ အကယ်ဒမီရဲ့ကျောင်းအုပ်ကြီးနဲ့ ယွီဂျင်လီရဲ့ ကတ်လက်မှုပညာသည်တစ်ယောက် ဖြစ်ချင်တဲ့ဆန္ဒနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ကြတယ်။

အစကတော့ ကျောင်းအုပ်ကြီးက အနည်းငယ် အဆင်မပြေသလို ခံစားနေခဲ့ရတယ်။

ကတ်လက်မှုအတတ်ပညာမေဂျာက တခြားမေဂျာရပ်တွေနဲ့ယှဉ်ရင် အများကြီး ပိုကွဲပြားခြားနားပါတယ်။ အထူးအခွင့်အရေးတစ်ခုတည်းကို မှီခိုပြီးတော့ ဒီမေဂျာရပ်ထဲ ဝင်ရောက်ဖို့က မဖြစ်နိုင်ပါဘူး။ တကယ်လို့ တခြားမေဂျာရပ်သာ ဖြစ်မယ်ဆိုရင် ကျောင်းအုပ်ကြီးက သဘောတူပြီးနေနှင့်လောက်ပြီ ဖြစ်တယ်။ ကံမကောင်းစွာနဲ့ပဲ ကတ်လက်မှုအတတ်ပညာရပ်သာ ဖြစ်ရမယ်ဆိုရင်တော့ . . .

သို့သော်လည်း ကျောင်းအုပ်ကြီးက ဆရာခါမွန်ရဲ့ ထောက်ခံချက်ပေးထားတဲ့စာကို လက်ခံရရှိသွားတဲ့အချိန်မှာ သူ့ရဲ့သဘောထားက ရုတ်တရက် ပြောင်းလဲသွားတော့တယ်။ ခါမွန်ရဲ့စာကို ဖတ်ပြီးတဲ့နောက်မှာ သူက ယွီဂျင်လီအတွက် ဝင်ခွင့်စာမေးပွဲကို ချက်ချင်း စီစဉ်ပေးလိုက်ပြီးတော့ ဝင်ခွင့်ဖြေဖို့အတွက် အချိန်သတ်မှတ်ပေးလိုက်တယ်။

ယွီဂျင်လီတစ်ယောက် ဝင်ခွင့်စာမေးပွဲအတွက် ပထမစစ်တပ်အကယ်ဒမီဆီကို သွားရောက်ရတော့မဲ့နေ့ရက်ဟာ နောက်ဆုံးမှာတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်။

ယွီဂျင်လီတစ်ယောက် သူမကြာခင်မှာပဲ ကျောင်းကို သွားရတော့မယ်ဆိုတာကို သိလိုက်ရတဲ့အခါ သူအရမ်းစိတ်လှုပ်ရှားမိသွားတာကြောင့် တစ်ညလုံး သူအိပ်မပျော်နိုင်ခဲ့ပါဘူး။ နောက်တစ်နေ့ မနက်ခင်းစောစောမှာ သူနိုးလာခဲ့ပြီးတော့ တစ်မိသားစုလုံးအတွက် အရသာရှိတဲ့မနက်စာကို ပြုလုပ်လိုက်တယ်။

ရှောင်မုလန်နဲ့ ကျန်းဇန်ထောင်တို့ အောက်ထပ်ကို ဆင်းလာကြတဲ့အချိန်မှာ သူတို့တတွေ ထမင်းစား စားပွဲပေါ်မှာ အရသာရှိတဲ့မနက်စာကို မြင်လိုက်ကြရတယ်။ စားစရာတွေက အရမ်းများလွန်းတာကြောင့် လူဆယ်ယောက်လောက် စားကြရင်တောင် စားကုန်နိုင်ကြမှာ မဟုတ်ပါဘူး။

ဒါတွေအားလုံးကို အိပ်မပျော်နိုင်တဲ့ ယွီဂျင်လီလေးက ချက်ပြုတ်ထားတယ်ဆိုတာကို သိလိုက်ကြရတော့ ရှောင်မုလန်တစ်ယောက် ရယ်ရမလား။ ငိုရမလားတောင် မသိတော့ပါဘူး။ "ကျောင်းကို သွားနိုင်တော့မှာမို့လို့ သစ်အယ်သီးလေးက အရမ်းပျော်နေတာလား?" သူမက အပြုံးလေးနဲ့ မေးလိုက်တယ်။

"ဟုတ်ကဲ့။ ကျွန်တော် အရမ်းပျော်နေတယ်။ ကျွန်တော်အရင်တုန်းက ကျောင်းကို အမြဲတမ်း သွားချင်နေခဲ့တာ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျွန်တော် မသွားနိုင်ခဲ့ဘူး။ ဒီတစ်ကြိမ်မှာ သွားနိုင်တော့မှာမို့လို့ ကျွန်တော်တကယ်ကို အရမ်းပျော်တယ်။" ယွီဂျင်လီက သူ့ရဲ့မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့်နဲ့ နှစ်လိုဖွယ်ကောင်းစွာ ပြန်ဖြေလိုက်တယ်။

မမျှော်လင့်ထားစွာနဲ့ပဲ ရှောင်မုလန်တစ်ယောက် ဒါကို ကြားလိုက်ရတဲ့အခါ သူမအရမ်းစိတ်မကောင်းဖြစ်သွားမိပြီးတော့ သူမရဲ့မျက်လုံးတွေကတောင် အနည်းငယ်နီရဲလာတော့တယ်။ ယွီဂျင်လီတစ်ယောက် ယခင် ယွီမိသားစုထဲမှာတုန်းက ဘယ်လိုဘဝမျိုးမှာ နေခဲ့ရသလဲဆိုတာကို သူတို့တွေအားလုံး သိကြပြီးတော့ သူတို့တတွေက ယွီမိသားစုအကြောင်းကို တိတ်တဆိတ် ပိုပြီးတော့တောင် ရှုတ်ချနေခဲ့ကြတာ ဖြစ်တယ်။

ယွီဂျင်လီက ဒီလိုမျိုးကောင်းတဲ့ ကလေးလေးဆိုတာ သိသာထင်ရှားနေခဲ့ပေမဲ့ သူက ဒီလိုမျိုး နှစ်တွေအများကြီးကြာအောင် နှိပ်စက်ခံခဲ့ရတယ်။ တကယ်လို့ သူတို့တွေသာ ဒီအကြောင်းကို စောစောသိခဲ့မယ်ဆိုရင် သူ့ကို သူတို့အနားမှာ ခေါ်ထားပြီးတော့ ယွီမိသားစုရဲ့ညဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံခွင့်ပြုလိုက်ရမှာထက် သူတို့ဘာသာသူတို့ပဲ သူ့ကို ပြုစုပျိုးထောင်ပေးလိုက်မိမှာပဲ ဖြစ်တယ်။

"အမေသားအတွက် ကျောင်းသုံးပစ္စည်းအချို့ ဝယ်ပေးထားတယ်။ သားဒါတွေကို ကြိုက်လား ကြည့်ကြည့်?" ရှောင်မုလန်က အသစ်စက်စက်ဝယ်လာခဲ့တဲ့ ကျောင်းလွယ်အိတ်နဲ့ စာရေးကိရိယာအချို့ကို ယွီဂျင်လီဆီ ကမ်းပေးလိုက်တယ်။

သူက အစောကြီးကတည်းက မူလတန်းကျောင်းသားအရွယ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပြီးတော့ စာရေးကိရိယာအပေါ်မှာ အနည်းငယ်သာ စိတ်ဝင်စားမှုရှိတော့တယ် ဆိုသော်ငြားလည်းပဲ ယွီဂျင်လီက အရင်တုန်းက ဒီလိုအရာမျိုးကို တစ်ခါမှ မရခဲ့ဖူးပါဘူး။ ပြီးတော့ ဒါတွေရှိတဲ့ ကျောင်းသားလေးတွေကို မကြာခဏ အရမ်းမနာလိုဖြစ်ခဲ့ဖူးတဲ့ အချိန်တွေ ရှိခဲ့ဖူးတာကြောင့် သူဒီလက်ဆောင်တွေကို လက်ခံရရှိလိုက်ရတာကို အရမ်းပျော်ရွှင်နေမိတယ်။

ရှောင်မုလန်နဲ့ ကျန်းဇန်ထောင်တို့တတွေလည်း ယွီဂျင်လီရဲ့ ပျောက်ဆုံးနေတဲ့ကလေးဘဝလေးကို သူတို့တတ်နိုင်သလောက် အတွေ့အကြုံ အပြည့်အဝရရှိစေနိုင်အောင် ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေကြတယ်။

"ကျွန်တော်ဒါကို ကြိုက်တယ်။ ကျေးဇူးတင်ပါတယ်။ အမေ" ယွီဂျင်လီက သူ့ရဲ့အသစ်စက်စက် စာရေးကိရိယာကို ကိုင်ထားရင်း ချိုသာစွာ ပြောလိုက်တယ်။

"သားကြိုက်ရင် ပြီးတာပဲ။ အနာဂတ်မှာ သားဘာကြိုက်သလဲ ဆိုတာကို အမေ့ကိုသာ ပြောလိုက်။ အမေသားအတွက် ဝယ်ပေးမယ်။" ရှောင်မုလန်က သူမရဲ့ကလေးကို အလိုလိုက် အကြိုက်ဆောင်တတ်တဲ့ သာမန်အမေတစ်ယောက်လိုမျိုး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်။

ကျန်းမော့ရှန်းရဲ့ စောစီးစွာ ရင့်ကျက်လာမှုက ရှောင်မုလန်ကို ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရခြင်းရဲ့ပျော်ရွှင်မှုကို ဆုံးရှူံးစေခဲ့တယ်။ အခုချိန်မှာတော့ ယွီဂျင်လီနဲ့သာဆိုရင် ဒါက ယွီဂျင်လီရဲ့ ပျောက်ဆုံးနေတဲ့ ကလေးဘဝလေးကို ဖြည့်ဆည်းပေးနိုင်ရုံတင် မကပဲနဲ့ ရှောင်မုလန်ရဲ့ ကလေးတစ်ယောက်ကို ချစ်ခင်မြတ်နိုး ပြုစုစောင့်ရှောက်ပေးချင်တဲ့ အိပ်မက်တွေကိုလည်း ဆန္ဒပြည့်ဝသွားစေနိုင်တယ်။

"အင်း။"








Okumaya devam et

Bunları da Beğeneceksin

187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
606K 58.8K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
325K 12.9K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...