'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆ...
By Kyar_nge
31.5K 2.1K 63
_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်‌ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အ... More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄) [final]
အပိုင်း(၁၀)
1.7K 130 4
By Kyar_nge
Uni
________________
' ခွမ်း !!!'
ကြမ်းပြင်ထက် တစစီ ဖြစ်သွားတဲ့ ပန်းကန်လုံး မုန့်ဟင်းခါး မွှေးမွှေးများဟာလည်း ထို ကြမ်းပြင်ထက် ပျံ့ကျဲကုန်သည်။
ဆိုးလာတယ် ထွေးဟာ သိပ်ကို သိပ်ကို မှဘဲ
ဆိုးသွမ်းလာတော့သည်။
အဝေသည် သူ၏ မျက်နှာပေါ် လက်နှစ်ဖက်ကို အုပ်ကာ သက်ပြင်း အချို့ချလာသည်။
" အဝေကအဝေလုပ်ချင်ရာတွေ အတင်းကို လုပ်နေတော့တာဘဲ !!!"
" မနက်စာလေးတောင် ကောင်းကောင်း မစားချင်ပါ့လား ထွေးငယ် "
" ဖြည်းဖြည်းချင်းညှိယူရင်ရရက်နဲ့ဟာ ခုတော့ *sob* "
"မငိုပါနဲ့ ထွေးငယ်ရယ် အဝေ့ကြောင့် ထွေးငယ် မငိုပါနဲ့ "
အဝေသည် ထို အမျိုးသမီး ငိုလာတော့လည်းကြာကြာလျစ်လျူ မရှုနိုင်အပြေးကလေး ကုတင်ပေါ် တက်ကာ ချော့မြူလာပေမယ့်
အဆိုးကလေးထွေးဟာ သူ(မ)ရင်ခွင်ထဲမှာ မစဲနိုင်တဲ့ မိုးတွေလို မျိုး ငိုနေရှာ တုန်းပင်
အဝေဟာ ထွေး၏ မိသားစုကို ဒီအကြောင်းတွေ ပြောလိုက်တာ နားမဝင်ချင်ပုံဖြစ်သွားတဲ့ သိပ်အစွဲကြီးကာ အတ္တကြီးသော ထွေး၏ ဖခင်ဟာ ထွေး မျက်နှာကို ဒီတစ်သက် မမြင်ချင်ပါဘူးဟုဆိူလာလေတော့လည်း
ရင်ခွင်ထဲက အမျိုးသမီးမှာ ရှိုက်ကြီးတငင်
" လိမ္မာတဲ့ ကလေးက မုန့်စားရတယ်တဲ့ထွေးငယ် "
"မလိုချင်ဘူး !"
နှာသံလေးနဲ့ ရန်လုပ်ပြောလာတဲ့ ထွေးဟာ ကုတင်ခြေရင်းမှာ လွတ်လွတ်လပ်လပ် ထိုင်နေတဲ့ယွန်းအား မစီမဆိုင် မျက်စောင်း ထိုးလိုက်သေး
ယွန်းနဲ့ အဝေမှာ ထိုနေ့ညက ပင်ပြန်ပြေလည်သွားပြီဖြစ်သောကြောင့်ယွန်း၏ ခြေထောက်တို့တွင်ကြိုးတွေ ရှိမနေတော့ပါ
ခုထိအခန်းက ထွက်ခွင့်မရှိနေတာကတော့ အဆိုးကလေး ထွေးသာပင်
ထွေးက သိပ်ခေါင်းမာသလို သူ့အတွေးတွေဟာ ရှုပ်ထွေးလွန်းလို့ ယွန်းနှင့်အဝေပင် လိုက်မမှီခဲ့ပါ
" ထွေးရာ ခင်ဗျားလေး ငိုနေတော့ စိတ်မကောင်းဘူးလေ "
" ထွေးလိုချင်တာ ဒီလို အခြေအနေ မျိုးမှ *sob* မဟုတ်ခဲ့တဲ့ဟာ"
ဘာကိုမှ မပြောတော့တဲ့ ယွန်းဟာ တစ်ဖက်ကို မျက်နှာလွဲသွားတော့သည်။ ဤ အရာဟာ ထွေးအား ပိုနာကျင်စေခဲ့လားတော့မပြောတတ် သေချာတာကတော့အဝေ၏ ရင်ဘက်အစနားမှာ အတော်ပင်စိုရွှဲလို့နေပြီဖြစ်သည် ။ ထွေးသည် တစ်ကယ့်ကို အငိုသန်လေးသာ ဖြစ်တော့သည်။
" ထွေးငယ် မင်း လည်း ကိုယ်တို့လိုဘဲ ဆိုတာ အဝေသိတယ် "
"...."
" ကိုယ်တို့ က တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးမိတာ အပြစ်မှ မဟုတ်တာထွေးငယ်"
" ထွေးတို့ ရှင်သန်နေတာ ပတ်ဝန်းကျင်ဆိုတဲ့
လူ့အသိုင်းအဝိုင်းရဲ့မျက်လုံးတွေ အောက်မှာပါအဝေ "
"ကိုယ်သိသားဘဲ ထွေးငယ် ပတ်ဝန်းကျင်မှာ ဆိုတော့ရော ဘာတွေမှုရမလည်း "
" ကိုယ်လည်း ဂရုမစိုက်ဘူး ထွေး!"
ယခုတော့ ထွေးသည် အမျိုးသမီးနှစ်ယောက်၏ အလယ်တွင် ကွေးကွေးကလေး နစ်ဝင်နေတော့သည်။
ငြိမ်ကျသွားတဲ့ထွေးဟာ လက်ခံလာဟန် ရှိတာကြောင့် အဝေနှင့်ယွန်း ၏ မျက်နှာလေးမှာ ပြုံးသယောင်သန်းသွားတော့သည်။
" အခွင့်သာတဲ့အခါ ကိုယ်တို့ အတိအလင်း ကြေညာကြမယ် "
" ဘာတွေထဲ ဖြစ်လာလာ ဒီ အမျိုးသားနှစ်ယောက်က မင်းကို ကာကွယ်မှာမို့ ကြောက်စရာမလိုဘူး ထွေး "
မြတ်နိုးရာ အမျိုးသမီးနှစ်ယောက်ဟာ ထွေး၏ လက်တို့ကို ဆုပ်ကိုင်ရင်း ဆိုနေခဲ့တာမို့ ထွေး၏ မျက်ရည်တွေ ရပ်တန့်သွားလေပြီဖြစ်သလို ရင်ဘက်တစ်နေရာမှာလည်း နွေးထွေးသော မေတ္တာအချို့ကို သိသိသာသာ ခံစားလိုက်ရတော့သည်။
" နွေးထွေးတဲ့ မေတ္တာတွေရယ် ကိုယ်တို့ရယ်
အေးချမ်းတဲ့မိသားစုလေး ရှိနေပြီဘဲဟာ အခြားဘာတွေများ ထပ် တောင်းဆိုချင်‌ေနသေးတာလဲ ထွေးငယ် "
"ဟင့်အင်း အဝေ ထွေး တောင်းပန်ပါတယ် ထွေးက ထွေးက"
မျက်လုံးဝိုင်းဝိုင်းလေး ဖြင့် အသဲအသန် ရှင်းပြဖို့ ကြိုးစားနေတဲ့ ထွေးငယ်ဟာ အဝေ့ အတွက် ချစ်စရာ ကောင်မလေး ပင်
ယွန်းသည် ပြေလည်သွားပြီဆိုတော့မှထကာ
ကြမ်းပြင်က ထွေးဖွထားသော အရာများကို ရှင်းနေတော့သည်။
" နားလည်တာမို့ တောင်းပန်စရာမလိုပါဘူးထွေးငယ် တောင်းပန်မယ့်အစား "
"အာ...."
ပါးတစ်ဖက်ဖောင်းပြလာသော အမျိုးသမီးကြောင့် ထွေး၏ ပါးလေး မှာ နီမြန်းသွားတော့သည်။ အဝေဟာ အရင်အတိုင်း ချစ်ဖို့ ကောင်းရှာ တုန်းပါပင် ထို့အပြင် နဘေး ရောက်လာပြန်တဲ့ ယွန်းကပါ ခါးကိုင်းရင်း ပါးဖောင်းပေးလာတာမို့ ထွေးသည် အသဲထဲ တလှိုက်လှိုက်ဖြစ်သွားတော့သည်။
" မွခ်ျ မွခ်ျ ရပြီလားလူဆိုး နှစ်ယောက် အင့်!!"
ပါးတစ်ဖက်ဆီကို သူ(မ) နှုတ်ခမ်းလေးဆူထော်ကာ နမ်းလို့ အပြီး စကားပင် ဆုံးအောင်မပြောရသေး ထို အမျိုးသမီးနှစ်ယောက်၏ နှုတ်ခမ်းတွေဟာ ထွေး၏ ပါးဖောင်းဖောင်းလေး တစ်ဖက်တစ်ချက်စီ၌ အင့်ခနဲ နစ်ဝင်သွားရတော့သည်။
" အဟက်ဟက် ချစ်စရာလေး !"
" အဝေနော် ထွေးက ချောတာ ချစ်စရာကောင်းတာ မဟုတ်ပါဘူး "
နှုတ်ခမ်း ဆူကာ ရန်လုပ်လာတဲ့ အမျိုးသမီးဟာ သူ့ကိုယ်သူ ချစ်စရာကလေး မဟုတ်ပါဘူးလို့ ဆိုလေရဲ့ အခါ အဝေနှင့် ယွန်းမှာ အသဲယားကာ ဟက်ဟက်ပက်ပက်ပင် ရယ်မောတော့သည်။
ခုနက မျက်ရည်တွေ ရှိုက်သံတွေ အခြေအတင်ပြော‌သံတွေနဲ့ ပြည့်နှက်နေ‌ခဲ့သော အခန်းလေးသည် အခုတော့ ချစ်ခြင်းတရားတွေနဲ့ နွေးထွေးလို့
" ညနေကြ အဝေ့ကို ထွေး ဝန်ခံစရာရှိတယ်"
"အင်း ကိုယ်ရော ဘဲ ဆောင်း"
ထမင်းစားဝိုင်းမှာ ဆိုလာတဲ့ နှစ်ယောက်က အတိုင်အဖောက်ညီညီနှင့်ဖြစ်တာကြောင့်
‌အဝေ၏ ထမင်းလုပ်တို့ဟာ မြိုမကျတော့ချေ
ထို အမျိုးသမီး နှစ်ယောက်ကို သူထပ်ပြီး မဆူမငေါက်ချင်တော့သလို ရန်လည်း မဖြစ်ချင်တော့ပါ ဒီလိုတွေမဖြစ်ဖို့ အတွက်ဆို ထွေး လိမ္မာမှပါလေ
သို့သော်ထွေးသည် တည်ငြိမ်သလိုလို နဲ့ သိပ်ဆိုးသွမ်းတတ်သည့် အကျင့်ဟာ သူ(မ)နဲ့ ရင်းနှီးလေသိလာလေ ပင်
ထွေးသည် ကြောင်လေးများလို ကုတ်ကမြင်းကလေးသာ ဖြစ်သည်။
" ဘာ! ထွေးငယ် အခုမှ ကြိုးဖြေထားတာကို ထပ်အချည်ခံ‌ချင်နေတာလား !!"
အဝေ့၏ အော်သံကြောင့် ကုတင်ပေါ်မှာ ကုပ်ကုပ်လေး ထိုင်နေတဲ့ ထွေးဟာ တုန်တက်သွားပြီးနောက် ခေါင်းကို ဆက်တိုက်ခါရမ်းလာတော့သည်။ ရုပ်ကလေးကလည်း ငယ်ချထားလိုက်သည်ဆိုတာ သူဘာမှ မလုပ်ထားသည့်အတိုင်း တယ်လည်း တတ်နိုင်သော
အဆိုးကလေးပင်
" ထွေးငယ် က မိန်းကလေးဆိုတာရော ကိုယ့်ကိုယ်ကိုယ် သိရဲ့လား  အဝေ သာ အဲ့အချိန်ရှိရင် ယွန်းလို ပါးစပ်နဲ့တော့ ပြောမှာမဟုတ်ဘူး နော် ကြိမ်လုံးနဲ့ ပြောပြစ်မယ်!"
"ဟင့် အဝေကလည်း "
" ဟင်း ...ထွေးငယ် မင်းသိပ်ဆိုးပါ့လား "
အဝေ့၏ ရင်ခွင်ထဲ တိုးဝေ့ကာ အချိုသတ်နေပါသော ထွေးသည် အဝေ့အား ဘယ်လို အရည်ပျော်အောင်လုပ်ရမလည်း ကောင်းကောင်း သိသူသာပင်
ယွန်းမှာလည်း ထွေးနဲ့သူ ဖြစ်ထားတာ အဝေ့အား ပြောရမည်ကို ခပ်လန့်လန့်
" ဆောင်း ကိုယ်"
"နေအုံး ဒီကလေးမကို အပြစ်ပေးရအုံးမယ်!"
"ဟင်!!"
ဟင်ခနဲ မျက်လုံးလေးတွေ ဝိုင်းသွားသော ထွေးအား အဝေသည် မျက်ခုံးပင့်ပြရင်း
ဘယ်နှယ့်လဲဟု မျက်နှာပေးမျိုးလုပ်ပြလာတဲ့အခါ ထွေး၏ မျက်နှာလေးသည် ပြိုတော့မယ့် မိုးလို ဖြစ်လာတော့သည်။
ပြောရမယ့် စကားတွေ လည်ချောင်းထဲ တစ်သွားတဲ့ ယွန်း ခင်ဗျာ မှာလည်း ပါးစပ်လေးကို လက်နဲ့ အုပ်ထားရှာသည်။
" သွား ထွေးငယ် လသာဆောင်မှာ ဒူးထောက်လက်မြောက်နေ လာမခေါ်မချင်း မလှုပ်နဲ့ လှုပ်ရဲ လှုပ်ကြည့် နော် အပြစ်ပိုကြီးမယ်!"
"ဟင့် အဝေ ~~"
"မရဘူး သွား "
" ဟွန့် !အဝေ စိတ်ပုတ် !!"
ချွဲချင်နေတဲ့ အမျိုးသမီးဟာ ချွဲမရတော့
ဟွန့်ခနဲ နှာမှုတ်ကာ ဆောင့်အောင့်လို့ ထွက်သွားတဲ့အခါ အဝေ့မှာခိုးရယ်လိုက်ရသေးသည်။ အဆိုးကလေးက ခုတော့လည်း လိမ္မာရှာပါတယ် အဝေ နိုင်ငံခြားက ဝယ်လာ‌ေပးတဲ့ ပိုးသား ညဝတ်ဂါဝန် အနက်လေးနဲ့ မျက်နှာလေး မဲ့ရွဲ့ ကာ ဒူးထောက်နေရှာသည်။
" ဆိုစမ်းပါအုံး မမယွန်း ရှင်ရော ဘာတွေလုပ်ထားတာလဲ "
တံတွေး မသိမသာ မြိုချလိုက်တဲ့ ယွန်းဟာ
ဟီးခနဲ ရယ်ပြလာတဲ့အခါ မျက်လုံးတွေပြောက်အောင် ပြန်ပြုံးပြလာတဲ့ အဝေ့ကြောင့် သူ မလွတ် နိုင်တော့မှန်း သိလိုက်သည်။
ယွန်းသည် မျက်လုံးတို့ မှိတ်ရင်း အဖြစ်မှန်တွေ ပြောပြမိလိုက်တော့သည်။
" ဆောင်း!!စိတ်မဆိုးဘူးလား "
တအောင့်ကြာသည်ထိ ဆူ‌ေငါက်သံ‌ေတွထွက်မလာတာမို့ ယွန်း မျက်လုံး ဖွင့်ကြည့်တော့ ကုတင်ခေါင်းရင်းမှာ မိန့်မိန့်ကြီး ထိုင်ပြုံးနေတဲ့ အဝေ့ကို တွေ့လိုက်ရတာကြောင့် တအံ့တဩ ဖြစ်သွားရတော့သည်။သူထင်တာက အဝေဟာ လက်မခံနိုင်ဘဲ ကလေးဆိုးလေးလို သောင်းကျန်းလာမည်ဟုပင်
သို့သော်ယခုတော့အဝေဟာ ပြုံးပြုံးကလေး စိုက်ကြည့်နေခဲ့ပါသည်တဲ့
" ဟင်း ~~ခင်ဗျားကို လည်း အပြစ်ကောင်းကောင်းပေးမှဘဲ ယွန်းရတနာခိုင်"
" ဆ ~~ဆောင်း !"
အနားကို လှစ်ခနဲ ရောက်လာတဲ့ အမျိုးသမီးဟာယွန်း၏ ခါးတို့၌ လက်တို့ နေရာယူပြီးနောက် လည်တိုင်နား တိုးဝှေ့ကာ လေပူတွေ မှုတ်ထုတ်လိုက်သဖြင့် ယွန်း တစ်ကိုယ်လုံး အပူလှိုင်းတွေ ဖြတ်သန်းကုန်တော့သည်။
အသံတွေပါတုန်လာတဲ့ ယွန်းကြောင့် အဝေသည် ခပ်ဟဟကလေး ရယ်မောလာသည်။
"အာ့ ဆောင်း ဘာလုပ် မလို့..."
"ရှူး ~~"
ကုတင်ပေါ် ပစ်ချခံလိုက်ရတော့ ကျောပြင်က အောင့်ခနဲ ဖြစ်သွားရသလို
ယွန်း၏ နှုတ်ခမ်းထက် နေရာယူသွားတဲ့ အဝေ၏ လက်ညိုးလေးကြောင့် အသံတို့ တိတ်ဆိတ်သွားရတော့သည်။
လိပ်တက်နေတဲ့ ဂါဝန် အဖြူလွှလွှလေးကြားကို အဝေ့ လက်တို့ နယ်ကျော်လာတဲ့အခါ ယွန်း၏ မျက်ဝန်းတွေ အနည်းငယ်တော့ ကျယ်ဝန်းသွားရသည်။
" မွခ်ျ အချစ် ခနစောင့်နော် ကိုယ် အဆိုးကလေးကို သွားခေါ်လိုက်အုံးမယ်"
နားထင်ကိုအသံထွက်အောင် နမ်းရှိုက်ရင်း ဆိုသွားလေသော
အချစ်ဟုသော နာမ်စားကြောင့် ယွန်းမှာ ကလိကလိ ပင်ဖြစ်သွားရသည်။
ချစ်ရသော ဤ အမျိုးသမီးသည် ထိုသို့လည်း တက်ပါသေးသည်တဲ့လား ကြည့်ရတာ နိုင်ငံခြားကျောင်းသွားတက်ရင်းပညာတွေစုံလာပုံပါ
ထိုသို့တွေးရင်း ယွန်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ် တိတ်တိတ်လေး အမျှဝေလိုက်ပါတော့သည်။
" ထွေးငယ် ~~"
" အဝေ"
လသာဆောင်မှာ ဒူးထောက်နေတဲ့ ထွေး၏ ဒူးကလေးအောက်တွင် မည်သည့် အခင်းမှ ရှိမနေတာ မြင်တော့ အဝေ့ မျက်မှောင်တွေ ကျုံ့သွားရသည်။ ဒီ အမျိုးသမီးဟာ အတာလား တုံးတာလားတော့ မပြောတတ်ပါ ဆိုးတုန်းက ဆိုးပြီးခုကြလည်း စကားနားထောင်နေလိုက်သည်ဆိုတာ ခွေးပေါက်ကလေး လိုမျိုး
" အင့် အဝေ! လေးလိမ့်မယ်"
" ငြိမ်ငြိမ် မနေရင် ဒီမှာတင် ဘာဖြစ်သွားမလဲ အာမ မခံဘူးနော် ထွေးငယ်"
ဒူးထောက်နေတဲ့ ကိုယ်လေးကို ပွေ့ချီလိုက်တာမို့ အလန့်တကြား ဖြစ်သွားကာ ရုန်း ကန်နေသော ထွေး ကိုယ်လေးဟာ အဝေ၏ စကားသံ ခပ်တိုးတိုးသံကြောင့် ရုတ်ချည်းငြိမ်ကျသွားတဲ့အခါ ခေါင်းမော့ကာ အသဲတယားယား ရယ်မောမိတော့သည်။
အခန်းထဲမှာ ထွန်းထားတဲ့ မီး ရောင်အကူအညီ နဲ့ကြည့်တော့ ထွေး၏ ဒူးညိုညိုများမှာ နီစွေးစွေး ဖြစ်နေတာကို တွေ့လိုက်ရတော့သည်။
" လိမ္မာ စမ်းပါလား အဝေက ထွေးငယ်ကို ချစ်ချင်တာ ခုလို အပြစ်ပေးချင်တာ မဟုတ်ဘူး"
" ဘယ်နားများ ဆိုးနေမိလို့လဲ "
သူ့ကိုယ်သူ ဆိုးကြောင်း လက်မခံချင်တဲ့ အမျိုးသမီးဟာ အဝေ့ရင်ခွင်ထဲ မျက်နှာဖွက်ရင်း လေသံလေးနဲ့ဆိုနေသည်မှာ အဝေကြားဖို့ မရည်ရွယ်ပုံ ခက်တာက နားပါးလွန်းတဲ့ အဝေဟာ ကြားနှင့်နေပြီ ဖြစ်လေသည်။
" အာ့ !! အဝေ "
" ကြည့်ပါအုံး ကျုပ် အမျိုးသမီးနှစ်ယောက် က သိပ်လှနေလိုက်တာ "
အဝေသည် ရွှန်းတောက်နေသော မျက်ဝန်းတွေနဲ့ မီးရောင် အောက်က ဂါဝန်ဆင်တူလေးဖြင့် မြတ်နိုးရသောအမျိုးသမီးနှစ်ယောက်အား ကြည့်ကာ ဆိုလိုက်ခြင်းပင် ထိုအခါ ရှက်သွေးဖြာသွားတဲ့ အမျိုးသမီးနှစ်ယောက်၏ မျက်နှာနုနုများလည်း ဘယ်နှခါဘဲ ကြည့်ကြည့် ရှုမဝနိုင်သော ပန်းချီကားချပ်များသာ ဖြစ်တော့သည်။
____________________
Words- 2030
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge
______________
Zawgyi
_______________
' ခွမ်း !!!'
ဆိုးသွမ်းလာတော့သည်။
အဝေဟာ ထွေး၏ မိသားစုကို ဒီအကြောင်းတွေ ပြောလိုက်တာ နားမဝင်ချင်ပုံဖြစ်သွားတဲ့ သိပ်အစွဲကြီးကာ အတ္တကြီးသော ထွေး၏ ဖခင်ဟာ ထွေး မျက်နှာကို ဒီတစ်သက် မမြင်ချင်ပါဘူးဟုဆိုလာလေတော့လည်း
"မလိုချင်ဘူး !"
"...."
အေးချမ်းတဲ့မိသားစုလေး ရှိနေပြီဘဲဟာ အခြားဘာတွေများ ထပ် တောင်းဆိုချင်‌နေသေးတာလဲ ထွေးငယ် "
"အာ...."
" အဟက်ဟက် ချစ်စရာလေး !"
အဆိုးကလေးပင်
"ဟင့် အဝေကလည်း "
" ဆောင်း ကိုယ်"
"ဟင်!!"
"ဟင့် အဝေ ~~"
"မရဘူး သွား "
" ဟွန့် !အဝေ စိတ်ပုတ် !!"
" ဆ ~~ဆောင်း !"
"ရှူး ~~"
" ထွေးငယ် ~~"
" အဝေ"
" အင့် အဝေ! လေးလိမ့်မယ်"
" အာ့ !! အဝေ "
____________________
Words- 2030
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge
Continue Reading
You'll Also Like
564K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
81.1K 5.1K 26
Dr.Aye Nyein Thu ရဲ့ website ထဲမှာ သောကြာနေ့တိုင်း အပိုင်းနှစ်ပိုင်းစီ တင်ထားပါတယ် ပုံကိုကြည့်ပြီး အညာမြေရဲ့ ချစ်စဖွယ် ပုံရိပ်လေး သွားပြီး ခံစားကြည့်...
119K 8.1K 27
[Zawgyi] အချစ်ဆိုတာအရမ်းကိုဆန်းကြယ်လွန်းတယ်..ထိန်းချုပ်ဖို့လည်းခက်တယ်..လူတစ်ယောက်ကိုချစ်မိလာပြီဆိုရင်ချစ်တတ်တဲ့နှလုံးသားကအသိပေးပါလိမ့်မယ်..ဒါပေမယ့်တစ...
368K 20.6K 40
ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီ...