မြတ်နိုးမိသော

By SawKyiPhyulinnwai

14.5K 491 84

မာန်ဝင့်ထည် လင်းရောင်စဥ် More

အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅

အပိုင်း၁

4.1K 94 9
By SawKyiPhyulinnwai

📲📲📲

ဟယ်လ်ို မာမီ

📱သားလေး ရောင်စဥ် သားမာန်တို့အိမ်ကိုရောက်နေပီလား သား

📱ရောက်ပီ မာမီ

📱အေး သားလေး သားမာန်စကားကိုနားထောင်နော် ဒီနှစ်ဆယ်တန်းကိုလဲ အောင်အောင်ဖြေရမယ်နော်

📱မာမီ သား ပြန်လာလို့မရဘူးလား ဟင် သားအိမ်ကနေပဲ ပြန်ဖြေမယ်လေ ဒီက လူကိုသားမှမသိတာ ဗျာ မနေချင်ဘူး ဒီမှာ ပီးတော့ သားမာမီကိုမခွဲနိုင်ဘူး

📱သားကလဲ သားမာန်နဲ့သင်တဲ့ကလေးတိုင်းကဂုဏ်
ထူးသမားတွေချည်းပဲ သားက မာမီနဲ့မခွဲချင်ရင်ဘာလို့ ဆယ်တန်းကို ကျအောင်ဖြေတာလဲ သားရဲ့ ပီးတော့ သားမာန်က သဘောကောင်းပါတယ် သားရယ်

📱ဟာ..... မသိဘူးဗျာ သားပြန်လာတော့မယ် အိမ်ကို

📱ဟေ့ကောင် လင်းရောင်စဥ် မင်းငါ့အိမ်ကိုဆယ်တန်းမအောင်ဘဲ ပြန်လာရဲ ပြန်လာကြည့် မင်းကိုအမွေဖြတ်စွန့်လွတ်ပစ်မယ် ကွ ငါမလုပ်ရဲဘူးထင်နေလား

📱ဟာဗျာ ဒယ်ဒီကလဲ ဒီသားလေးတစ်ယောက်ထဲရှိတာကို ရက်စက်​တော့မို့လား

📱ဟေ့ကောင် အပိုတွေမပြောနဲ့ အခုချက်ချင်းအိမ်ထဲဝင်တော့ မင်းလာမယ့်အကြောင်းငါဖုန်းဆက်ထားပီးပီ..ဒါပဲ

ဟွန့် ဒယ်ဒီတို့ကလဲ ဆယ်တန်းလေးမအောင်တာကိုဘဝကြီးလုပ်နေတယ်

လင်းရောင်စဥ် တစ်ယောက်ပါးစပ်ကပွစိပွစိပြောရင်း မျက်စိရှေ့က နှစ်ထပ်တိုက်အိမ်အဖြူရောင်တိုက်လေးကို ကြည့်ရင်း ဝင်ဖို့ကိုစဥ်းစားနေလေရဲ့

ဟူး.....Fighting လင်းရောင်စဥ် ရေ ဒီတစ်နှစ်ပဲ သည်းခံ ရမှာ

ကိုယ့်ဘာသာအားပေးစကားပြောရင်း ခြံရှေ့က ဘဲလ် ခလုတ်လေးကိုနှိပ်လိုက်တော့ ....

🔉🔉🔉

အိုးမိုင်ဂေါ့ ......

ဒါလူလား နတ်ဘုရားလား ချောမောခန့်ငြားလိုက်တာ ငါစာသင်ရမှာ ဒီလို ဘဲကြီးနဲ့လား ဟ

အိမ်အဝင်ဝကနေ ထွက်လာတဲ့ လူကြီးဟာ အရပ်မြင့်မြင့်ရုပ်ကချောချော အသားကဖြူဖြူ
body ကလဲ တောင့်​တောင့်ဖြောင့်ဖြောင့်နဲ့ လည်ကတုံးအပြာနုလေးနဲ့ ယောပုဆိုးလေးနဲ့ ကျက်သရေ ရှိလိုက်တာ
... Oh တစ်သက်နဲ့တစ်ကိုယ် ဒီလို ယောကျ်ားပီသတာမျိုးမတွေ့ဖူးဘူး
ဒီလိုဘဲကြီးနဲ့စာသင်ရမယ်ဆိုတော့လဲ မဆိုးပါဘူးလေ...

ဟေ့..... ကောင်လေး

ဟေ့.....

မင်းဘာတွေစဥ်းစားနေတာလဲ ရောက်ရင်လဲအိမ်ထဲဝင်လေ ဘာရပ်လုပ်နေတာလဲ လာ

ဟုတ်

ဘဲကြီးအိမ်ထဲဝင်လိုက်တော့ အိမ်လေးက သပ်သပ်ရပ်ရပ်နဲ့ နေချင်စရာလေး ပစွည်းတွေကလဲသူ့နေရာနဲ့အစီအရီ တစ်ယောက်ထဲနေတာဆိုပေမဲ့ စည်းကမ်းရှိလိုက်တာ ငါနဲ့များတခြားစီ

ထိုင်.... ကောင်လေး

ဟုတ်

ငါ့နာမည်က မာန်ဝင့်ထည်

မင်းနာမည်က လင်းရောင်စဥ် နော်

ဟုတ်ကဲ့

ငါမင်းအကြောင်းတော့ အန်ကယ်ပြောထားလို့သိထားတယ် ငါနဲ့နေရင်ငါ့စည်းကမ်းအတိုင်းတော့ နေရမယ် ကြားလား ကောင်လေး ဒါ မင်းနေရမဲ့ အခန်းပဲ လိုအပ်တာရှိရင်လဲငါပြော ငါထပ်ဖြည့်ပေးမယ် ခုတော မင်းပင်ပန်းလာမှာပဲ အဲ့ဒီတော့
မင်းနားလိုက်ဦး နားပီးရေချိုးလိုက် ပီးရင် ညစာစားရအောင်

ဟုတ်
ဘဲကြီးထွက်သွားတာနဲ့မွေ့ယာပေါ်ဝုန်းကလဲပစ်လှဲလိုက်ပီးတော့
အားယား....မွေ့ယာကြီးကလဲအိစက်နေရော အိပ်လို့ကောင်းလိုက်တာ ဘဲကြီးရဲ့စည်းကမ်းတွေက ဘာပါလိမ့်.... အဲ့နေဦး ငါ့ချစ်သူ လေးဆီ ဖုန်းခေါ်ရဦးမှာပဲ

📲....Hello မောင်

📱အင်း ဟန်နီ မောင်ခုပဲရောက်ပီ မောင်နေမဲ့အိမ်ကို

📲...ဟန်နီ​တော့ မောင့်ကိုလွှမ်းနေရတော့မှာပဲ

📱...မောင်လဲအတူတူပါပဲကွာ ဒါပဲနော် ဟန်နီ မောင်ရေချိုးမလို့....ညမှဆက်ပြောရအောင်လေ

📲...Ok မောင်

ဟန်နီနဲဖုန်းပြောပီးတာနဲ့ ရေချိုးခန်းဝင်ပီးရေချိုးလိုက်မှ ငြီးစီစီ ဖြစ်နေတာတွေ လျော့သွားတော့တယ်

.....

ဒီနေ့အိမ်ကိုရောက်လာတဲ့ကောင်လေးက အန်ကယ်လင်းမောင် ရဲ့သား လင်းရောင်စဥ် ဆိုတဲ့ကောင်လေး
ဒီကောင်လေးကို မျက်စိထဲမြင်နေရတာ အဆင်မပြေဘူး အသားဖြူဖြူ ပုပု လုံးလုံး ကောင်လေးက ၅ ပေ ၅ လောက်ပဲရှိမှာ မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းကောင်လေးရဲ့ ခေါင်းပေါ်က ဆံပင်က ခရမ်းနုရောင်ကိုမှ တစ်ခေါင်းလုံးဆိုးထားပီး အကျီကလဲ အပေါက် ဘောင်းဘီကလဲ အပြဲတွေနဲ့ ဘယ်လိုမှကြည့်လို့မကောင်းပါဘူး ခုမှ ကလေးအရွယ်အပြိုင်အဆိုင်တွေဆိုတော့လဲ  သူ့ဖက်ရှင်နဲ့သူပေါ့

ရေချိုးပီးထမင်းစားဖို့အခန်းထဲက ထွက်လာတော့ ထမင်းဝိုင်းတောင်အဆင်သင့်ဖြစ်နေပီ ဘဲကြီးက ထမင်းဟင်းလဲချက်တတ်တာလား

ကောင်လေး လာ

ဘဲကြီးနဲ့ထမင်းစားရတာ ပျင်းစရာကြီး စကားလဲမပြောဘူး သူ့ဘာသာစားနေတယ် ထမင်းဝိုင်းကလဲ ဇွန်းသံ ပန်ကန်သံ ကလွှဲရင် တိတ်ဆိတ်နေတာပဲ

ကောင်လေး

ဗျာ

ဟင်းတွေထည့်စားလေ

စားမကောင်းလို့လား

ကောင်းပါတယ်

ကောင်းရင်စား ထိုင်ကြည့်မနေနဲ့ ထမင်းဟင်းတွေအေးကုန်မယ်

ဒီကောင်လေးက ဘယ်လိုကောင်လေးမှန်းလဲမသိ ထမင်းစားစရာရှိတာ မစားဘဲ ကိုယ်စားတာကိုထိုင်ကြည့်နေလေတယ်

ထမင်းစားသောက်ပီးတာနဲ့ကောင်လေးနဲ့ စကားပြောဖို့လုပ်ရတယ်

ရော့ ဒါမင်းဒီအိမ်မှာငါနဲ့နေတဲ့အချိန်လိုက်နာရမဲ့စည်းကမ်းတွေပဲ ဖတ်ကြည့် မရှင်းရင်ပြန်မေး

ဒါနဲ့ ငါမင်းကိုရောင်စဥ် လိုခေါ်လို့အဆင်ပြေလား ငါ့အသက်က ၂၈ ကောင်လေးက ခေါင်းညိတ့်ပြမှ

မင်း အသက်က ၁၇ လောက်ပဲရှိမယ်ထင်တယ်

ဟုတ် ၁၇ ပါ

သားကရော ဘယ်လိုခေါ်ရမလဲ

မင်းအဆင်ပြေသလိုခေါ်

ဟုတ် ဒါဆို ကိုကြီးလို့ခေါ်မယ်နော်

ကောင်းပီ....

ဖတ်ကြည့်လိုက်ဦး

တစ်... လိမ်မပြောရဘူး
နှစ်....ကျောင်းအချိန်မှန်တက်ပီးတစ်နေ့စာတစ်နေ့ပီးအောင်လုပ်ရမယ်
သုံး... ကိုယ့်ထက်အသက်ကြီးသူတွေကို ရိုသေလေးစားရမယ် ပြန်မပြောရဘူး
လေး...ကျောင်းတက်နေစဥ်ကာလအတွင်းရည်းစားမထားရဘူး
ငါး... မနက်၆နာရီအိပ်ယာထပီး ည၉နာရီ အိပ်ယာဝင်ရမည်
ခြောက်... မဆဲရဘူး
ခုနှစ်.... Game မ​ဆော့ရဘူး
ရှစ်.... လောင်းကစားမူးယစ်ဆေးလုံးဝမထိရဘူး

ချမှတ်ထားသောစည်းကမ်းများကို မလိုက်နာဘဲဖောက်ဖျက်ပါက အပြစ်ပေးခံရမည်....

မင်းခေါင်းကဆံပင်တွေ ဒီနေ့အတွင်း အမဲပြန်ဆိုးလိုက်ပါ ဆယ်တန်းကျောင်းသားတစ်ယောက်က ဒီဆံပင်အရောင်နဲ့ မလိုက်ဖက်ဘူး

ကြားလား.... ကောင်လေး

ဟုတ်..... ကြားပါတယ်

မင်းငါ့ချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာနိုင်မယ်လို့မျှော်လင့်တယ် ဒီစည်းကမ်းတွေက မနက်ဖြန်ကစပီးလိုက်နာရမှာနော် ...ကြားလား
ဒီစာရွက်ကို မင်းအခန်းထဲကခေါင်းရင်းမှာ ကပ်ထား

ဟုတ်.... ကိုကြီး

ဘဲကြီးက ပြောပီးတာနဲ့သူ့အခန်းထဲဝင်သွားတယ်

အား......ဘာလဲဟာ စည်းကမ်းတွေကလဲများလိုက်တာ ငါကစာသင်ဖို့ရောက်နေတာလေ တပ်ထဲရောက်နေတာမှ မဟုတ်တာ ပီး​တော့ သူတားမြစ်ထားတာတွေက ငါလိုက်နာဖို့အဆင်မပြေလောက်ဘူး
အပြစ်ပေးတာကရော ဘာအပြစ်တွေပေးမှာလဲမသိဘူးကွာ

တော်ပီကွာ အိပ်တာပဲကောင်းတယ်
သူ့ဘာသာတစ်ယောက်ထဲရေရွတ်ရင်းအပေါ်ထပ်ကိုတက်သွားတယ်

🕠🕠🕠 ➡➡➡

မနက် ၆နာရီ​တောင်ခွဲနေပီ ရောင်စဥ် တစ်ယောက်ကတော့ ထမင်းစားခန်းထဲကိုခုထိဆင်းမလာသေးပေ
မာန်ဝင့်ထည် တစ်ယောက်မနက် ၅ နာရီထိုးထပီး မနက်စာ စားသောက်ဖို့အတွက်ချက်ပြုတ်ပြင်ဆင်နေရင်းတိုင်က နာရီ ကြည့်မိတော့ ၆ နာရီခွဲနေတော့ ဟိုကလေးကလဲဆင်းမလာတော့ အပေါ်တက်ခေါ်ဖို့ လုပ်ရတော့တယ်

အိပ်ယာထဲမှာခြေကားယား လက်ကားယားနဲ့အိပ်နေတဲ့ကောင်လေးက ပါးစပ်ကလဲ ဟ လို့ ကလေးကျနေတာပဲ အိမ်မက်တွေ​တောင်မက်နေတယ်ထင်ပါရဲ့....
၆ နာရီ အိပ်ယာထရမယ်ဆိုတာ ဒီကောင်လေးမေ့နေတာထင်တယ် အိပ်ပျော်နေတာလေးကအပြစ်ကင်းစင်တဲ့ကလေးလိုပဲ ရပ်ကြည့်နေလို့မဖြစ်သေးဘူး နိူးဦးမှပဲဒီကောင်လေးကို

ဟေ့.... ရောင်စဥ်.... ထစမ်း ဘယ်နှနာရီရှိနေပီလဲ

အိပ်ယာထဲမှာ အင်းအဲ နဲ့ဟိုလိမ့်ဒီလိမ့်နဲ့လုပ်နေတဲ့ကောင်လေးက ချက်ချင်းမထသေးဘဲ

မာမီလား...... မာမီရာ....သားခန လောက်ထပ်အိပ်ဦးမယ်နော် ညက ဟန်နီနဲ့ဖုန်းပြောတာ ညနက်သွားလို့ အိပ်ချင်နေသေးတယ်.... နော်.... မာမီ... pls ....

နိူးနေတာကိုမထဘဲ ဆက်အိပ်နေသေးတဲ့ကောင်လေး ရဲ့တင်ပါးကိုအားနဲ့တစ်ချက်ချပစ်လိုက်တယ်

ဖြန်း.......

အား......နာလိုက်တာ...

မာမီ ....သားကိုဘာလို့ရိုက်.....အဲ..... ကိုကြီး

တင်ပါးကိုပွတ်ရင်းကနေ ကိုယ့်ကို မျက်လုံးပြူးပြီးကြည့်နေတဲ့ ကောင်လေးကို

၇ နာရီအရောက် ထမင်းစားခန်းထဲ လာခဲ့

ကိုကြီးက ပြောပီးအခန်းထဲက ထွက်သွားမှ နာရီကိုကြည့်မိမှ....

အား.....မေမေရေ....

၆ နာရီ ၄၀ တောင်ရှိနေပီ ငါတော့သေပါပီ...

ကမန်းကတန်းအိပ်ယာကထပီး ရေချိုးခန်းထဲပြေးဝင်ပီးတော့ မျက်နှာသစ် သွားတိုက်ရေမိုးချိုးပီး ပြန်ထွက်လာတော့ ၇နာရီ ၁၅ မိနစ် ဖြစ်နေပီ အချိန်တွေကလဲ ကုန်တာမြန်လိုက်တာ

အောက်ထပ်ကထမင်းစားခန်းထဲကို မြန်မြန်ပြေးဆင်းတော့
ကိုကြီးက ထမင်းစားပွဲထိပ်မှာရောက်ပီးကော်ဖီတောင်သောက်နေပီ မြန်မြန်အနားကိုသွားပီးတော့ ဝင်ထိုင်လိုက်ရင်း

ဟား....မွှေးနေတာပဲ.... ထမင်း​​ကြော်လေးက

သား စားပီ​နော် ကိုကြီး

မစားနဲ့ ပြန်ထ

ဗျာ....

ငါပြောတာ မကြားလိုက်ဖူးလား လင်းရောင်စဥ်

ကြားပါတယ်

ကြားရင်ခုံပေါ်က မြန်မြန်ထလေ

ဟုတ်

လက်ပိုက်ထား

ကိုကြီးအော်သံကြောင့်အယောင်ယောင်အမှားမှားနဲ့လက်ပိုက်ရင်း စိတ်ထဲကနေ
ဘာလဲဟာ....ကိုကြီးကလဲ လူ့ကိုသူငယ်တန်းကျောင်းသားများထင်နေတာလားမသိဘူး
ထိုင်ပြောလဲရတဲ့ဟာကို အပိုတွေလုပ်နေတယ်

ဒုန်း........

ကိုကြီးက ထမင်းစားပွဲခုံကိုလက်နဲ့ရိုက်လိုက်တော့
ကိုယ်ပါလန့်သွားတယ်

မင်း မျက်နှာက ဘာဖြစ်နေတာလဲ လင်းရောင်စဥ်

မင်းမျက်နှာကိုပြင်စမ်း

လက်ပိုက်ရင်းကနေ မျက်နှာကစူပုပ်လာတဲ့ကောင်လေးကို စိတ်ကတိုလာရော မိုးလင်းထဲက ဒီကောင်လေးကိုစိတ်တိုင်းမကျရတဲ့ကြားထဲ သူ့အပြုအမှုက ပိုဒေါသထွက်ချင်စရာ...
အပေါ်ထပ်ကပြေးဆင်းလာပီး ကိုယ့်ဘေးနားက ခုံမှာ ဝင်ထိုင်လိုက်တဲ့ ကောင်လေးကို မျက်နှာတည်ပီးထခိုင်းတော့ မထချင်ထချင်နဲ့ထပီး မျက်နှာကိုစူပုပ်
ထားပီးလက်ပိုက်ရပ်နေတဲ့ကောင်လေးက လေသံမာမာနဲ့အော်လိုက်မှ မျက်နှာကိုပြင်သွားတယ် ဒီကောင်လေးက ပထမဆုံးရက်မှာတင်
ပေါ့ပျက်ပျက်ဖြစ်နေပီ
ဒီမနက်ထဲမှာပဲ သူစည်းကမ်းတွေစဖောက်နေပီ ....

ကိုကြီးမျက်နှာက တင်းနေတာပဲ ငါအိပ်ယာထနောက်ကျလို့ စိတ်ဆိုးနေတာလားမသိဘူး

မနေ့က ငါပေးလိုက်တဲ့စာရွက်ထဲက စည်းကမ်းနံပါတ် ၅ ကို ပြောစမ်း

မနက်၆ နာရီ အိပ်ယာထပီးည ၉ နာရီ အိပ်ယာဝင်ရမယ်

မင်းမှတ်မိရဲ့သားနဲ့ ဒီမနက်ဘယ်အချိိန်ထလဲ လင်းရောင်စဥ်

ဟို....ဟို ၆ .....၆ ခွဲပါ

အဲ့ဒီ၆ ခွဲတောင်မင်းကိုငါလာနိူးမှမင်းထတာနော်
ငါသာလာမနိူးရင်မင်းဆက်အိပ်နေမှာမလား
နာရီလှမ်းကြည့်လိုက် ဘယ်နှနာရီရှိနေပီလဲ

၇ နာရီ ၁၅ မိနစ်

ငါမင်းကိုဘယ်အချိန်ထမင်းစားခန်းထဲကို အရောက်လာခိုင်းထားလဲ

၇ နာရီ

ညကဘယ်အချိန်အိပ်လဲ

ဟို..... ၁၂ ထိုးလောက်မှ

လူကိုတရားခံစစ်သလိုစစ်မေးနေတဲ့ကိုကြီးကြောင့် လူကငိုချင်လာပီ တစ်ခါတစ်လေ ကျော်သွားပေးရင်ကောင်းမယ်

မင်းငါ့စည်းကမ်းတွေမလိုက်နာနိုင်ဘူးလား လင်းရောင်စဥ် ဟမ်
ငါချမှတ်ထားတဲ့စည်းကမ်းတွေက မင်းအတွက်အရမ်းခက်ခဲနေတယ် မလိုက်နာနိုင်ပါဘူးဆိုရင် မင်းအခုချက်ချင်းအိမ်ပြန်လို့ရတယ် ငါလိုက်ပို့ပေးမယ်

ပုံမှန်ဆိုရင်တော့ အိမ်ပြန်မယ်လို့​ပြောလိုက်ချင်ပေမဲ့ တကယ်တမ်းကိုကြီးစိတ်ဆိုးနေတာမြင်ပီး ပါးစပ်က ထွက်သွားတာက

မဟုတ်ပါဘူး..... နောက်မဖြစ်စေရပါဘူး

ကောင်းပီ ဒီနေ့တော့ ပထမဆုံးမို့ ခွင့်လွတ်လိုက်မယ် နောက်ဒါမျိုးလုပ်လို့ကတော့ ပါးစပ်ကမပြောတော့ဘူး ဆိုတာ သိထား

ဟုတ် ကိုကြီး

ထိုင်တော့ ထမင်းကြော်စားပီးရင် စာလုပ်ဖို့အချိန်ဇယားထုတ်ပေးမယ် ....

ဆူလိုက်တော့လဲ မျက်နှာငယ်နဲ့ထိုင်ခုံမှာထမင်းကြော်ကိုခေါင်းမဖော်တမ်းစားနေတဲ့ကောင်လေးကို ကော်ဖီသောက်ရင်းသာ ကြည့်နေမိတယ် ဒီကောင်လေးရဲ့ပုံစံနဲ့ဆိုရင် ရှေ့လျှောက်ငါလဲ ဘီလူးဆိုင်းတီးရတော့မှာပဲ...

.
.
.
19. 5.22(Thursday)











Continue Reading

You'll Also Like

76.5K 7.9K 144
Back by popular request! The 2017 rough draft of The Virus Within! (Caution: Contains massive plotholes that were fixed in the polished The Virus Wi...
855 28 8
Izuku Midoriya, a teen with a secret larger than life, he's a descendant of the hero Ultraman. when Kaiju attack, he must. save the day. unbeknownst...
2K 55 14
Hola soy M.E.OC y este el primer Fan fic que hago en mi vida, esta basada en una de mis series favoritas de youtube hecha por Alan Becker Animator vs...
19K 190 36
"Jeremy was once a successful man with a promising career, a lovely girlfriend, friends galore, and everything that he could ever desire in the world...