Sex Sex (Jikook)

By ThiriKoKoChitKaLay

35.3K 1.1K 94

Top Jimin Bottom kook More

Daddy 's (daddy lay)
Daddy 's daddy lay (p-1)
Daddy's daddy lay (p-3)⚠🚨🔞🔞
Daddy's daddy lay (p-4)🔞🔞
Daddy's daddy lay (p-5)
Daddy's daddy lay (final)😘😘
My two daddy (p-1) 🚨
My two daddy (p-2)⚠⚠🔞
my stepfather 🚨
my stepfather
my stepfather 🚨🔞🔞
my stepfather 🌚🔞🔞
EX
EX⚠🌚
EX⚠🚨🔞🔞
Hyung
ကောင်လေးရဲ့ဦး
crush (ko ko)
hi
master
hi(un လိုခ်င္ေနသူမ်ားအတြက္ပါ)
အဆက္ပါ
🐰ငယ်ငယ်🐰
Unicode (အပိုင်းဆက်လေးပါ)
အဆက်1
အဆက်2
အဆက်ပါအပြီးထိပါ
Honey
captain min
daddy uke

မောင်

796 35 2
By ThiriKoKoChitKaLay

Uni ''ဂျွန်ဂျောင်ဂု ''

"ဟင် ထယ် ပြန်လာပြီလား ညနေစာပြင်လိုက်ရတော့မလား ''

"မလိုဘူး ပြင်မနေနဲ့တော့ ငါအပြင်သွားစရာရှိတယ် အဲတာပိုက်ဆံပေး ''

"ထယ်ရယ် ကိုမှာဘာပိုက်ဆံမှမရှိပါဘူး ကိုရှိသမျှထယ်ကိုပေးပြီးပြီလေ ကိုမှာဘာမှမရှိတော့ဘူး''

"တောက်....ဘာလို့မရှိရမှာလဲ ခင်ဗျားစုထားတဲ့ပိုက်ဆံတွေဘယ်မှာလဲပြော ''

"အဲပိုက်ဆံတွေတော့မလုပ်ပါနဲ့ထယ်ရယ် အဲပိုက်ဆံတွေကကိုမျက်လုံးကုဖို့စုထားတာတွေပါ ''

"ဟာဗျာမသိဘူး ပေးမှာလားမပေးဘူးလား ပြော ခင်ဗျားပြောချစ်တယ်ဆို ဒါလေးတောင်မပေးနိုင်ဘူးလား ''

"ပေး ပေးပါ့မယ်ထယ်ရယ် ''

"ပေး အစောကြီးထဲကပေးရင်ပြီးနေပြီကို သွားတော့မယ်ညပြန်အိပ်ချင်မှအိပ်မယ် ''

ခြေသံလေအလှမ်းဝေးသွားတာနဲ့သူထိုင်ချလိုက်တော့သည်။ သူလိုမျက်မမြင်တစ်ယောက်အဖို့ထယ်သူ့အနားမနေချင်တာသိသော်လည်း သူကတော့ထယ်ကိုသိပ်ချစ်ပါသည်။ချစ်လွန်းလို့လည်းထယ်အပေါ်အရာရာပုံကပ်ကာထယ်အနောက်ကိုကောက်ကောက်ပါအောင်လိုက်လာခဲ့ခြင်းဖြစ်သည်။

သူ့မျက်ရည်တွေကိုသုတ်ကာအခန်းထဲကိုရောက်အောင်သွားလိုက်သည်။ဂျောင်ဂုမင်းထယ်အပေါ်သိပ်ချစ်တာ ထယ်လည်းမင်းအပေါ်ချစ်ပါတယ် အခုကမင်းမျက်လုံးတွေအတွက်ပိုက်ဆံရှာနေတာပါ ဟုတ်တယ်ထယ်ကပိုက်ဆံရှာနေတာပါ သူ့ကိုသူပြန်လည်ဖြေသိမ့်နေပေမယ့်ပါးပြင်ပေါ်ကမျက်ရည်တွေကတော့မတိပ်နိုင်ခဲ့ပေ။

"ဂျွန်ဂျောင်ဂု လာအုန်း ''

"လာပြီ ထယ် ဘာဖြစ်လို့လဲ ''

"ခင်ဗျားကိုခေါ်သွားစရာရှိလို့ လိုက်ခဲ့''

"ဘယ်လဲ ထယ် ''

"လိုက်ခဲ့စမ်းပါ ဟိုရောက်ရင်သိမှာပေါ့ ''

ထယ်ခေါ်ရာနောက်ကိုသူလိုက်လာခဲ့မိသည်။သူယုံကြည်သည်ထယ်ကသူ့အပေါ်ချစ်တယ်လေ။အတန်ကြာသွားပြီးနောက် ထယ်ကသူ့လက်အားကိုင်ကာတစ်နေရာသို့ခေါ်သွားခဲ့ပေသည်။

"ရောက်လာပြီလား ကင်ထယ်ယောင်း ဘယ်လိုလဲငါ့အကျွေးတွေပြန်ဆပ်မယ်ဆို အခုမပါလာရင်မင်းအသေပဲနော်''

"ကျွန်တော့မှာ ဆပ်စရာငွေတော့မရှိဘူး သူ့တော့ရှိတယ် ''

"ထယ် ဘယ်နေရာရောက်နေတာလဲဟင် ဘာတွေပြောနေကြတာလဲ ''

အကြွေးတွေရော မရှိတာတွေရော ဘာတွေပြောနေမှန်းသူမသိပေ။ထယ်ရယ် ဘာတွေလုပ်ထားတာလဲ ။

"အော် သူကမင်းရဲ့မျက်မမြင်ကောင်လေးပဲ ''

"ဘယ်သူလဲဟင် ''

"ကိုယ်ဘယ်သူလဲဆိုတာအရေးမကြီးပါဘူး မင်းကောင်လေးရဲ့အကြွေးတွေကပိုအရေးကြီးတယ် ''

"အကြွေး ဟုတ်လား ထယ်ဘာတွေလုပ်ထားတာလဲ''

"မင်းမသိသေးဘူးလား မင်းကောင်လေးကဆေးဆွဲနေတာလေ ကိုစီကနေပိုက်ဆံတွေချီးပြီးကာစီနိုဝိုင်းတွေဝင်ကစားနေတာမသိဘူး မင်းတို့အိမ်ကိုလည်းငါဆီလာရောင်းထားပြီးပြီ အခုလည်းအကြွေးထပ်တင်နေသေးတာ ''

"ထယ် သူဘာတွေပြောနေတာလဲ ကိုယ်ကိုပြောပါအုန်း ကိုတို့အိမ်လေးကဘာလို့သူ့အပိုင်ဖြစ်သွားရတာလဲလို့ ''

"ဂျွန်ဂျောင်ဂု ကျွန်တော်ကိုချစ်တယ်မို့လား ''

"ချစ်တယ် ထယ် ကိုအသက်ထက်မကချစ်တယ် ''

"ချစ်တယ်ဆို သူ့အလိုကိုဖြည့်ဆည်းပေးလိုက် ကျွန်တော်သူ့အပေါ်အကျွေးတင်နေတယ် ဆပ်စရာမရှိဘူး
ဆပ်စရာမရှိရင်အသတ်ခံရမယ့်ကျွန်တော်ကိုခင်ဗျားကြည့်နေနိုင်လို့လား ''

"ဟင့် အင်း ''

"အဲတော့သူဆီမှာနေခဲ့ ''

"ဟင့်...ရွတ်...ကောင်းပါပြီ....ထယ်သဘောအတိုင်းကိုနေခဲ့ပါမယ့် ပြန်လာခေါ်မယ်မို့လားဟင် ထယ် ''

"အွန်း ''

"ထယ် ကိုယ်ကိုချစ်လား ''

"အင်း အရင်တုန်းကပေါ့ သွားပြီ''

ထယ်ရယ်ကိုကထယ်သဘောအတိုင်းပါပဲ ထားရာနေစေရာသွားတဲ့သူပါ။ ထယ်အတွက်ဆို ကိုဘဝပျက်လည်းပျက်ပါစေ။ထယ်လာပြန်ခေါ်တဲ့နေ့ထိကိုစောင့်နေပေးပါ့မယ် ။

"ယူလိုက်ပါ ကျွန်တော်ကိုခင်ဗျါးသဘောကျယူလိုက်ပါဒါပေမယ့်ထယ်ကိုတော့လွတ်ပေးမယ်လို့ကတိပေးပါ''

"မင်းကသူ့လိုကောင်အတွက် မင်းဘဝတောင်အပျက်ခံနိုင်တယ်ပေါ့ ''

"အင်း ထယ်က ကျွန်တော်အတွက်အရာရာပါ ''

"တောက်စ်...... ဟာကွာ......ဘာကြောင့်လဲကိုကိုဘာလို့ဒီလောက်ထိပေးဆပ်နိုင်ရတာလဲဗျာ ''

"ဟင်...ဘယ်သူလဲ ''

"ကျွန်တော်လေ ကျွန်တော်ပါ ဂျီမင် ပတ်ဂျီမင်လေ ကိုကိုမှတ်မိသေးရဲ့လား ''

"ဂျီဂျီ  တကယ်ပဲဂျီဂျီလေးလား ''

"အင်း ကိုကိုရဲ့ဂျီဂျီ ပတ်ဂျီမင်ပါ ''

"အင့် ဂျီဂျီရယ်ဖြေးဖြေးဖက်ပါ ''

အချိန်အကြာကြီးမတွေ့ခဲ့ရတဲ့ကိုကိုအားသူ့တင်းကြပ်စွာဖက်ထားလိုက်သည်။နောက်ဆုံးတော့ကိုကို ကိုပြန်တွေ့ခဲ့ရပြီလေ။

"ကိုကိုသိလား ကျွန်တော်ကိုကို ကိုတွေ့ချင်လွန်းလို့သေမတတ်လိုက်ရှာခဲ့ရတာ ''

"ဂျီဂျီလေးတောင်တော်တော်ထွားလာပြီပဲ ကောင်မလေးတွေကောရှိနေပြီလား ''

"ကိုကို!ကျွန်တော်ချစ်နေတာသိရဲ့စမ်းနဲ့ဘာလို့မသိချင်ယောင်ဆောင်နေရတာလဲ ''

"ဂျီဂျီ ကိုကိုမှာထယ်ရှိတယ် ''

"ထယ်.....ထယ်.....ထယ်....ကိုကိုပါးစပ်ကနေထွက်တိုင်း အဲဒီမကောင်းတဲ့ကောင်နာမည်ပဲပါနေရတာလဲ''

"ထယ် ကိုအဲလိုမပြောပါနဲ့ ကိုကို မကြိုက်ဘူး ထယ်ကလူကောင်းပါ ကိုကို ကိုသိပ်ချစ်တာ ''

"ဟက်....ချစ်တယ်....ဟုတ်လား.....ကိုကိုသိပ်ပြီးယုံကြည်နေတဲ့ကင်ထယ်ယောင်းဆိုတဲ့ကောင်ရဲ့စကားကိုယုံကြည်နေတယ်ပေါ့ ဟက် ''

"ဂျီဂျီ!"

"မခေါ်နဲ့ အဲထယ်ယောင်းဆိုတဲ့ကောင်ကကိုကိုယုံကြည်မူတွေနဲ့ထိုက်တန်တဲ့ကောင်မဟုတ်ဘူးဗျ သူကဆေးဆွဲနေရုံသာမက မိန်းမတွေနဲ့လည်းမကင်းဘူး ကိုကိုစီပြန်မအိပ်တဲ့ရက်တွေကသူ့အလုပ် လုပ်နေတယ်မျန်းထင်နေလား မိန်းမတွေနဲ့အိပ်နေတာ အိပ်ယာပေါ်မှာပျော်မွှေနေတာ လွန်ခဲ့တဲ့လလောက်ကကိုကို ကို လက်မှတ်တစ်ခုထိုးခိုင်းတယ်မို့လား မျက်စိမမြင်တဲ့ကိုကို ကိုလိမ်ပြီးထိုးခိုင်းတဲ့လက်မှတ်က ဘာလို့ထင်ဘဲ ကွာရှင်းစာချုပ်ဗျ....ကွာရှင်းစာချုပ်''

"................''

"သူ့ကကိုကိုနောက်ကွယ်မှာ ချမ်းသာတဲ့မိန်းမတစ်ယောက်နဲ့တွဲနေတာ အဲကောင်မက ကိုယ်ဝန်ရှိနေလို့ကိုကိုကိုကွာရှင်းပြီးသူ့နဲ့လက်ထက်ခိုင်းတာ ကိုကိုသိပ်ချစ်လှပါပြီလို့ထင်နေတဲ့ ထယ်ယောင်းက တွေဝေချင်းမရှိဘဲချက်ချင်းလက်ခံခဲ့တာ''

"..............''

"သူအခုသူဋေးသမတ်ဖြစ်နေပြီ ကိုကို ကိုအလိုမရှိတော့ဘူးဗျ အဲတာတွေကိုကိုသိရဲ့လား ဟင်သိရဲ့လား''

"ဟင့် အင်း မဟုတ်ဘူး ထယ်က အဲလိုလူမျိုးမဟုတ်ဘူး ညာနေတာ မင်းညာနေတာ ထယ်ကလာပြန်ခေါ်မယ်လို့ပြောသွားတယ် လာခေါ်မှာ ''

"ကျွန်တော် ညာလားမညာလား ကိုကိုစောင့်ကြည့်လိုက်ပါ နောက် 1နှစ်ကြာလို့ပြန်လာမခေါ်ရင် ကိုကိုကကျွန်တော်အပိုင်ပဲ ကိုကိုမျက်လုံးတွေကိုကျွန်တော်ပြန်ကုပေးမယ် ကိုကိုထင်ချင်သလိုထင်နိုင်တယ် ''

"..............''

"အခုလောလောဆယ်တော့ ကျွန်တော်နဲအတူနေပေးပါ ကိုကို ကိုလက်ဖျားနဲ့တောင်မထိစေရဘူး တကယ်လို့ နောက်1နှစ်အတွင်း ကိုကို ကိုလာပြန်ခေါ်ခဲ့ရင်ကျွန်တော်ကြည်ကြည်ဖြူဖြူနဲ့ပြန်ထည့်ပေးလိုက်မယ် ''

"...............''

ကိုကိုရယ် ကျွန်တော်အချစ်တွေကြတော့ဘာလို့မျက်ကွယ်ပြုထားရတာလဲ။ကိုကိုအချစ်နဲ့မထိုက်တန်တဲ့သူကိုကြတော့ ဘာလို့အရမ်းခင်တွယ်နေရတာလဲ။ကိုကို ကိုသူသိပ်ချစ်ပါသည်။ငယ်ငယ်လေးထဲကအမြတ်တနိုးနဲ့ချစ်ခဲ့ရသောသူဟာ ကိုကိုတစ်ယောက်ထဲပင်။

ကိုကို ကို တင့်တင့်တယ်တယ်ထားနိုင်ဖို့ သူ့နိုင်ငံခြားကိုခနထွက်ခဲ့ပေမယ့်သူ့မရှိတဲ့အချိန် ကိုကိုဟာလူတစ်ယောက်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့ရသည်။ အရင်ကသခင်လေးတစ်ယောက်လိုနေခဲ့ရတဲ့ကိုကိုဟာ အခုတော့.....။တွေးရင်းမျက်ရည်ကျမိသည်။

သူသိပ်မြတ်နိုးခဲ့ရတဲ့ကိုကိုမျက်ဝန်းလေးတွေက ထယ်ယောင်းဆိုတဲ့သူကြောင့်ပျက်ဆီးသွားခဲ့ရသည်။ပြန်တွေးရင်းဒေါသထွက်မိသည်။သူသာထွက်မသွားခဲ့ရင်ကိုကိုအနားမှာသာနေပေးခဲ့ရင် အခုလိုဖြစ်လာမှာမဟုတ်ပေ။ဂျီမင် မင်းကြောင့် အားလုံးမင်းကြောင့် မင်းသာကိုကိုအနားရှိနေရင် ကိုကိုအခုလောက်ထိဖြစ်လာနိုင်စရာမရှိဘူး။အားလုံးက မင်းအသုံးမကျလို့ဖြစ်ရတာ။

သူ့ဒေါသတွေအားနံရံပေါ်အပြစ်ပုံချမိနေသည်။သူ့နာကျင်ရပေမယ့် ကိုကိုပုံစံကိုမြင်နေရတာလောက်တော့မနာကျင်ရသေးပေ။စိတ်ချပါ ကိုကို ဒီနေ့ကစပြီးကိုကိုဘေးမှာပဲထာဝရတစ်သက်လုံး မောင် ရှိနေပေးပါ့မယ်။

1နှစ်ခန့်ကြာပြီးနောက်............

"ကိုကို ဒီနေ့ပန်းခြံလိုက်ပို့ပေးမယ် ထ''

"အွန်းပါ ''

"ကိုကို ဒီနားလေးမှာခနနေခဲ့အုန်းနော် ပြန်လာခဲ့မယ် ခနလေးပဲစောင့် ''

"အွန်း အွန်း ''

ကိုကိုအားပန်ခြံခုံလေးမှာထားကာခနထွက်လာခဲ့သည်။ကိုကိုတွေ့ချင်တဲ့သူနဲ့တွေ့ရတော့မှာပါ အမှန်ကို ကိုကိုသိဖို့လိုအပ်နေပြီ။

" စောင့်နေရတာကြာပြီလား ကိုယ်နောက်ကျသွားတယ်''

"ဟင် ''

ဂျောင်ဂုခုံတန်းလေးမှာထိုင်စောင့်နေတုန်းကြားလိုက်ရတဲ့အသံလေး။သူ့စောင့်မျှော်နေတဲ့အသံပိုင်ရှင်။

" ထယ် ထယ်မို့လားဟင် ''

"ဂျွန်ဂျောင်ဂု ပဲ ကားပေါ်ကစောင့်နေပေးနော် ''

"ထယ် ကို ကိုပြန်လာခေါ်တာမို့လားဟင် ''

"ဂျွန်ဂျောင်ဂု ခင်ဗျားကသိပ်တုန်းတာပဲ ဘာလဲအခုချိန်ထိအဲစကားကိုယုံကြည်နေတာပဲလား ''

"ထယ် ''

"ဟက် ခင်ဗျားကသိပ်တုန်းလွန်းတယ် ခင်ဗျားလိုမျက်မမြင်တစ်ယောက်ကိုပြန်ခေါ်ပြီးရှာကျွေးနေရအောင်ကျွနု်ကနွားမဟုတ်ဘူး ''

"ထယ် မင်းပြောတော့ ကို ကိုချစ်တယ်ဆို ''

"အဲတာက ခင်ဗျားချမ်းသာလို့လေ ခင်ဗျားလိုချမ်းသာတဲ့သူကိုရရင်ချမ်းသာမလားအောင်းမေ့တာ ခင်ဗျားကအသုံးမှမဝင်တာ ''

"ဒါဆို ငါချမ်းသာလို့ချင်းကပ်ခဲ့တာပေါ့လေ ဟုတ်လား ချစ်တယ်ပြောခဲ့တာကလဲ ငွေကြောင့်ပေါ့''

"မဆိုးဘူးအမြင်မှန်ရသွားပြီ ခင်ဗျားကလှပါတယ်ဒါပေမယ့်မျက်မမြင်ဖြစ်နေတော့ အသုံးမဝင်တော့ဘူး''

"ငါကတော့မင်းကိုချစ်လိုက်ရတာ ငါဘဝတစ်ခုလုံးပုံအပ်ပြီးချစ်ခဲ့ရတာ မင်းကတော့လုပ်ရက်လိုက်တာထယ်ရယ် ငွေကြောင့်ဆိုဘာလို့ချင်းကပ်ခဲ့သေးလဲ မချစ်ဘဲချစ်တယ်ပြောခဲ့ရတာလဲ ဘာလို့ မျှော်လင့်ချက်တွေပေးခဲ့ရတာလဲ မင်းလုပ်ရက်လိုက်တာ ''

"တော်ပြီခင်ဗျားနဲ့ဆက်ပြောနေဖို့အချိန်မရှိဘူး သွားလိုက်အုန်းမယ် ''

"ထယ်....ထယ်.....မသွားပါနဲ့...ကိုယ်ကိုမထားခဲ့ပါနဲ့ကွာ....တောင်းပန်ပါတယ်....ဟင့်...''

"ဟာ...သွားစမ်းပါ....အာရုံလာနောက်နေတယ်''

ဂျီမင်အဝေးကနေကိုကိုပုံစံကိုကြည့်ပြီးလက်သီးတင်းတင်းစုပ်ထားမိသည်။ကိုကိုမှာ မာနဆိုတာမသိတော့ဘူးလားဗျာ။မလိုချင်လို့စွန့်ပစ်ခဲ့တဲ့သူကိုမှဘာလို့တောင်းပန်နေရတာလဲ။

" ထယ်.....ထယ်....မသွားပါနဲ့....ထယ်....ရက်စက်လိုက်တာ..... ဟင့်.....ဟင့်....''

တွန်းလှဲကာကျောခိုင်းထွက်သွားတဲ့ထယ်ကိုခေါ်အော်နေမိသော်လည်း မရေးတယူရှိပုံတောင်မပေါ်ပင်။လုပ်ရက်ခဲ့တယ် ထယ်ရယ်။ မင်းအပေါ်မမုန်းရက်ခဲ့ပေမယ့် နာကျဉ်းတယ် ထယ်နောက်ဆို ကိုတို့ထက်တွေ့ကြရင်တောင် သူစိမ်းတွေဖြစ်သွားကြပြီ။ထပ်မတွေ့ကြရအောင် နာကျင်ရတဲ့အတိတ်ကိုဒီနေ့ဒီနေရာဒီအချိန်လေးမှာပဲ ငါထားခဲ့တော့မယ်။သိပ်ချစ်ခဲ့ပါထယ်။

6နှစ်ခန့်ကြာပြီးနောက်..............

"ဒေါက်........ဒေါက်......''

"ဝင်ခဲ့''

"...........''

"ဟာ မိန်းမ လာတာကြိုမပြောဘူး မောင်လာကြိုမှာပေါ့လို့ ပင်ပန်းနေပြီလား လာ လာထိုင် ''

"ဟွန်းနော် ဘာမိန်းမလဲ မင်းအပြောအဆိုပြင်''

"ဟာ ကိုကိုကလည်း မောင်ကစတာပါ နေ့လယ်စာလာပို့တာလား ''

"ဟုတ်တယ် ''

"ကောင်းကောင်း စားပါ့မယ်ဗျ အား မိန်းမလေးလက်ယာကမွှေးနေတာပဲ ''

"မောင် နောက်မနေနဲ့တော့ စား ''

"ဟုတ်ပါပြီဗျ အိမ်သူထီးလေးပြောသမျှလိုက်နာပါ့မယ်''

"ဘာ အိမ်သူထီးလည်း မင်းနော် ''

"ဟောဗျာ နောက်သုံးရက်နေရင်ပဲလက်ထက်ကြတော့မှာပါကို အဲတော့ကြိုတင်ပြီးခေါ်ထားတာ''

"တော်ပြီ မပြောတော့ဘူး ''

စိတ်ကောက်ပြီးသူ့အားမျက်စောင်းလေးထိုးကာဟိုဟက်လှည့်သွားတဲ့ကိုကိုကြောင့် သူ့ပြုံးလိုက်မိသသည်။လွန်ခဲ့သော5နှစ်ကျော်အချိန်ကိုပြန်တွေးလိုက်သည်။

ရုတ်တရပ်ကိုကိုက သူမျက်လုံးတွေပြန်မြင်ချင်တယ်ပြောလာသောကြောင့်သူနိုင်ငံခြားကိုခေါ်ကာခွဲစိတ်ခဲ့သည်။ခွဲစိတ်ပြီးလအနည်းငယ်အကြာမှာကိုကိုမျက်လုံးတွေဟာအကောင်းအတိုင်းပြန်ဖြစ်သွားခဲ့သည်။

သို့သော်နိုင်ငံခြားမှာပဲနေကာ ဘွဲ့လွန်တတ်ချင်တယ်ပြောလာပြန်တဲ့ကိုကိုကြောင့် သူခွင့်မပြုချင်သော်လည်း ဆရဝန်ဖြစ်ချင်တဲ့ကိုကိုကြောင့် ခွင့်ပြုပေးခဲ့ရသည်။သူ့မေတ္တာရောင်ပြန်ဟက်တယ်ပြောရပေမည်။

ကိုကိုဖြစ်ချင်တဲ့ဆရာဝန်ကြီးလည်းဖြစ်ခဲ့ရပေသည်။သို့သော် ကိုကိုအပေါ်ထားတဲ့သူအချစ်တွေကတော့အချိန်ဘယ်လောက်ကြာကြာပြောင်းလဲမသွားခဲ့ပါ။နောက်ဆုံးကိုကိုက သူ့အချစ်အားပြန်လည်လက်ခံခဲ့သည်။မကြာခင်လည်းလက်ထက်ကြတော့မယ်။

ကျွန်တော်ယုံကြည်ပါတယ်။ကိုကိုအတွက် အချစ်ဦးကိုတော့မေ့လို့မရနိုင်သေးဘူးဆိုတာ။ဘာပဲဖစ်ဖြစ်ကိုကို ရွေးချယ်မူတိုင်းကိုသူ့လက်ခံခဲ့သည်။ကိုကိုသူကိုချစ်တာလည်းသူသိသည်။

"ဆရာဂျွန် ဂုဏ်ယူပါတယ်နော် နောက်ဆုံးတော့ဆရာဂျွန်မင်္ဂလာပွဲတတ်ရတော့မှာပဲ ''

"ကျေးဇူးတင်ပါတယ် လာဖြစ်အောင်လာခဲ့ကြပါနော်''

"သေချာပေါက်လာခဲ့ရမှာပေါ့ ''

"ဂျောင်ဂု.....တကယ်ပဲကို ''

"ဘယ်သူလဲမသိဘူးဗျ''

"ကိုလေ ထယ်ပါ မမှတ်မိတော့ဘူးလား ''

"ထယ်....တောင်းပန်ပါတယ် ထယ်ဆိုတဲ့သူကိုမသိပါဘူး .......''

"ကိုတောင်းပန်ပါတယ် ကိုအပြစ်တွေကခွင့်မလှွတ်နိုင်မှန်းသိပေမယ့် ကိုတကယ်တောင်းပန်ပါတယ် ကိုယ်ကိုခွင့်လွှတ်ပေးပါ ''

"................''

"ချစ်တယ် ထယ်အစကမသိခဲ့ပေမယ့် ကို မရှိတဲ့အချိန်ကြမှသိခဲ့ရတာပါ အရာအားလုံးအတွက်တောင်းပန်ပါတယ် ထယ်ကိုပြန်လက်ခံပေးပါနော် ''

"တောင်းပန်ပါတယ် သွားခွင့်ပြုပါအုန်း ''

"ကိုဒူးထောက်ပြီးတောင်းပန်ပါတယ် ခွင့်လှွတ်ပေးပါ ''

"ငါမင်းကိုခွင့်လှွတ်ပါတယ် ဒါပေမယ့် ငါမင်းကိုမသိဘူး မင်းပြောတဲ့ထယ်ဆိုတဲ့သူကိုမသိသလို ကြားလည်းမကြားခဲ့ဖူးဘူး ဘာကြောင့်ပဲဖစ်ဖြစ် ဒါဖိတ်ဆာလေးတော့ပေးခဲ့ပါရစေ လာဖြစ်မယ်လို့မျှော်လင့်ရပါတယ် သွားခွင့်ပြုပါအုန်း ''

သူကျောခိုင်းကာလှည့်ထွက်လာမိတော့သည်။အရင်ကမင်းဖက်ကနေအရင်ကျောခိုင်းခဲ့ပေမယ့်အခုတော့ငါဖက်ကအရင်ကျောခိုင်းလိုက်ပြီး ငါမင်းကိုမသိချင်ဘူး ထယ်။

"ဟဲ့ ဂျီမင်နင်ညိမ်ညိမ်နေလို့မရဘူးလား ငါမျက်စိနောက်လာပြီနော် ''

"ဟုတ်ပါ့ မားရာ အသက်ကဖြင့်မငယ်တော့ဘူး ''

"ဟာ hyungမှမင်္ဂလာမဆောင်ဖူးတာ ကျွန်တော်ခံစားချက်ကိုဘယ်နားလည်ပါမလဲ ''

"ငါလုပ်လိုက်ရင်မင်းသေတော့မယ် ''

"ကဲရန်ဖြစ်မနေကြနဲ့တော့ daddyသားတောင်အိမ်ထောင်ချပြီပဲ နောက်ဆုံးတော့လူကြီးလေးဖြစ်လာပြီပေါ့''

"သူလူကြီးဖြစ်တာကြာပါပြီ daddyရာ ငယ်ငယ်ထဲကနေဂျောင်ဂုကိုမှန်းမှန်းပြီး ......''

"Hyung''

"မဟုတ်လို့လား မင်းငယ်ငယ်ထဲကဂျောင်ဂုကိုသိမ်းဖို်ကျန်နေတာလေ ငါမသိဘူးထင်လို့လား ''

"ဒါတော့ဟုတ်တယ် ''

"ကဲပါတော်ကြတော့ မင်္ဂလာ အချိန်နီးပြီသွားကြရအောင်''

ဒီနေ့က ကိုကိုနဲ့သူ့ရဲ့မင်္ဂဆောင်တဲ့နေ့ဖြစ်သည်။ကိုကိုကသူ့အပိုင်ပါလို့ တရားဝန်ဖြစ်တဲ့နေပင်။မကြာခက်ခန်းမထဲသို့အဖြူရောင်နတ်သားလေးတစ်ယောက်ဝင်လာခဲ့သည်။

ထိုနတ်သားလေးဟာတစ်လှမ်းချင်းသူ့ဆီလျှောက်လာခဲ့သည်။တဖြည်းဖြည်းချင်းလျှောက်လာကာနောက်ဆုံးသူ့ဘေးမှာရပ်တန့်သွားခဲ့သည်။

"သတို့သား........

"ကျွန်တော်သဘောတူပါတယ် ကိုကို ဘာပဲဖစ်နေဖြစ်နေ ဘာပဲလုပ်လုပ် ဘယ်အချိန်ထိရောက်ရောက် ကျွန်တော်ပတ်ဂျီမင်က ကိုကိုအနားမှာထာဝရရှိနေပေးပါ့မယ့်လို့ကတိသစ္စာပြုပါတယ် ကိုကို ကျွန်တော်ကိုကို ကို သိပ်ချစ်တယ် ကိုကိုဖြစ်နေလို့ကိုချစ်တာပါ ဘယ်အခြေအနေပဲရောက်ရောက် ကိုကိုသာကျွန်တော့အနားမှရှိနေပေးပါ''

Fatherရဲ့စကားမဆုံးခင်သူ့ပြောလိုက်တဲ့ကြောင့် ကိုကိုဟာမျက်ရည်ဝိုင်းကာသူ့အားကြည့်နေခဲ့သည်။

"ဘာလို့ငိုတာလဲ ကိုကိုရာ မငိုနဲ့တော့ ကိုကိုမျက်ရည်ကျတာ မောင် မကြိုက်ဘူး ဒါကြောင့်မငိုရဘူးနော်လိမ္မာတယ် မငိုနဲ့တော့ ''

"အဟင့် မောင် ငါလည်းမောင်ကိုချစ်တယ် ဒီအချိန်ထိချစ်ခဲ့ပေးလို့လဲကျေးဇူးတင်ပါတယ် ငါကတိပြုပါတယ်မောင်အနားထာဝရအတူနေပြီးသေတဲ့အထိချစ်သွားပေးပါ့မယ် ဟင့် ချစ်တယ် မောင် ''

"သတို့သားနှစ်ယောက် အကြင်လင်မယားတွေဖြစ်သွားကြပါပြီ အနမ်းပေးနိုင်ပါတယ် ဘုရားသခင်ကောင်းချီးပေးပါစေ''

Father ရဲ့စကားအဆုံးသူ့ရှေ့ကကိုကိုအားဖက်ကာနမ်းလိုက်တော့သည်။ဘာတွေပဲဖစ်လာလာ မောင် ကကိုကိုတစ်ယောက်ထဲအတွက်ပါ။နေ့ဝင်ချိန်တွေ နေထွက်ချိန်တွေ နာရီတိုင်း စက္ကန်တိုင်းလိုလို ကိုကိုဘေးနားအမြဲရှိနေပေးမယ့်သူပါ။

" ဖြောင်း.......ဖြောင်း.......ဖြောင်း....''

လှပစွာအဆုံးသတ်သွားသောမင်္ဂလာအခန်းအနားပွဲ၌ပျော်ရွင်နေကြသောလူအများကြားတွင်ကောင်လေးတစ်ယောက်ဟာ နောင်တတွေရဲ့နှိပ်စက်ခြင်းကိုခံစားနေရလေသည်။စင်ပေါ်ကလူသားနှစ်ယောက်ကားကြည့်ကာ မျက်ရည်တွေဝေသီနေပေမယ့်နုှတ်ခမ်းမှာတော်အပြုံးတွေရှိနေပေသည်။

ဘယ်ကြောင့်ပဲဖစ်ဖြစ် ကိုယ်အပေါ်အနစ်နာခံပေးတဲ့သူ ချစ်ပေးနိုင်တဲ့သူတွေကိုတန်းဖိုးထားပေသည်။

The end........

အိုင်ဒေါ ပုံရိပ်ထိခိုက်စေရန်မရည်ရွယ်ပါ ဇာတ်လမ်းတိုလေးအား filအဖြစ်ပြန်ရေးပေးထားခြင်းသာဖြစ်သည်

တစ်ပါးသုူအားနစ်နာစေလိုခြင်းမရှိပါ အချိန်လွန်မှရတဲ့နောင်တဟာခါးသီးလွန်းပါသည်

ကြိုစားလျက်ပါ သုသု.........

Zawgyi

Continue Reading

You'll Also Like

4.6K 793 17
Kim NamJoon X Kim SeokJin dream ? wanna love u 4ever . and...wanna give pretty flowers to u .
1.2K 175 10
𝐂𝐚𝐮𝐬𝐞 𝐲𝐨𝐮𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 𝐟𝐚𝐥𝐥 𝐢𝐧 𝐥𝐮𝐯 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐰𝐨𝐫𝐨𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 𝐬𝐨𝐦𝐞𝐭𝐢𝐦𝐞𝐬
19.6K 2.4K 36
Namseok ( Unicode + Zawgyi )
81.2K 4.2K 60
Si Jaxcel ay isang masiyahin na babae,pero nag bago lahat ng itakwil siya ng pamilya niya, at simula non naging tahimik, seryoso, at misteryosong bab...