ရုနယိခန္ဓာကိုယ်က အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ မိစ္ဆာသားရဲကြီးကို ကြည့်ကာ ဓားမြှောင်နဲ့ ပါဝင်ပစ္စည်းတွေဆက်တူးထုတ်နေရင်းနဲ့ မေးလိုက်သည်။
"ခင်ဗျားက စကားပြောနိုင်တယ်လား"
မိစ္ဆာသားရဲကြီး "......"
ဒါက အဓိပ္ပါယ်မရှိလို့လား...
အရိုးသန့်စင်မှုအဆင့်ရောက်နေတဲ့ မိစ္ဆာသားရဲမှန်သမျှ စကားပြောနိုင်တာ မသိတဲ့သူ ဘယ်သူရှိလို့လဲ..။
တစ်ခြားသူတွေမှာတော့ သူ့အစားထိတ်လန့်သွားကြပြီး မိစ္ဆာသားရဲကြီးက နောက်တစ်ခဏမှာဘဲ သူ့ကို အရှင်လတ်လတ် မျိုချပစ်လိုက်မှာကို စိုးရိမ်နေကြလေသည်။
ရုန်ယိမှာ သူ့နဖူးသူ အုပ်ကိုင်လိုက်မိသည်။ သူ့ခန္ဓာကိုယ်က တစ်ကယ်အခွင့်အရေးယူတဲ့နေရာမှာ တော်တာဘဲ.. သူတို့က မိစ္ဆာသားရဲကြီးကို တိုက်ခိုက်ဖို့အတွက် အလုပ်များနေတဲ့အချိန်မှာ သူကတော့ ပါဝင်ပစ္စည်းတွေ သွားပြေးတူးနေလေသည်။
ချီလန်က ရုန်ယိကို တစ်ချက်လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး
"စိတ်ထင်တိုင်းလျှောက်လုပ်တတ်တဲ့ နောက်တစ်ယောက်ဘဲ"
ယင်ကျင်းရဲ့မှာ မျက်လုံးတွေကျဥ်းမြောင်းသွားပြီး ရုန်ယိကို ဂရုစိုက်ဖို့ ပုချီကိုပြောလိုက်ကာ ရုန်ယိခန္ဓာကိုယ်ကို မိစ္ဆာသားရဲကြီးလက်ထဲကနေ ဘယ်လိုကယ်ထုတ်ရမလဲဆိုတဲ့ နည်းလမ်းကိုရှာကြည့်လိုက်သည်။
ရုတ်တရက် ထောက်ခနဲ အသံနဲ့အတူ နံရံပေါ်က ပါဝင်ပစ္စည်းတွေက ရုန်ယိခန္ဓာကိုယ်လက်ထဲကို ပြုတ်ကျလာ၏။
ကျင့်ကြံသူတွေမှာတော့ သူတို့နှလုံးတွေ လည်ချောင်းဝကို ရောက်လာသလိုခံစားလိုက်ရပြီး ဘာထောင်ချောင်တွေများ ပေါ်လာဦးမလဲဆိုပြီး သူတို့ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းမှာဘဲ စိတ်ထဲကနေ ရုန်ယိကို ကျိန်ဆဲလိုက်မိကြ၏။ မိစ္ဆာသားရဲကြီး အနားမှာရှိနေတာတောင်မှ သူဘယ်လိုတောင် ဆက်ပြီး တူးရဲသေးရတာလဲ..။
"......"
သားရဲကြီးကလည်း သူ့ကို ခက်ထန်စွာနဲ့ စိုက်ကြည့်လိုက်သည်။
ရုန်ယိခန္ဓာကိုယ်က ပတ်ပတ်လည်ကိုကြည့်ကာ ပြုံးလိုက်ပြီး
"ကျွန်တော်စမ်းကြည့်ပြီးပြီ"
သူဆက်ပြောလိုက်သည်။
"ဘာထောင်ချောက်မှ မရှိပါဘူး"
"မင်းသေချင်နေတာလား!!"
မိစ္ဆာသားရဲကြီးက သူ့ရဲ့ ဓားထက်တောင် ထက်ရှသေးတဲ့ လက်သည်းတွေကို မြှောက်လိုက်သည်။
"ခဏလေး!.. ကျွန်တော့်သားနဲ့ အရင်နှုတ်ဆက်ခွင့်လေးတော့ ပေးပါဦး"
ရုန်ယိခန္ဓာကိုယ်က ထအော်ပြောလိုက်သည်။ သားရဲကြီးက ထိုနေရာမှာ အေးခဲသွားကာ ယင်ကျင်းရဲ့နဲ့ ကျန်းမုတို့က သူတို့ဆီပျံသန်းလာကြပြီး တစ်ယောက်က သားရဲကြီးကို တိုက်ခိုက်ကာ ကျန်တစ်ယောက်က ရုန်ယိကို အဝေးကို ခေါ်ထုတ်သွား၏။
ယင်ကျင်းရဲ့က စိတ်ဆိုးစွာနဲ့
"အမြဲတမ်း ပြဿနာတွေလိုက်မရှာစမ်းနဲ့"
ရုန်ယိခန္ဓာကိုယ်က
"ကျွန်တော်က ခင်ဗျားနဲ့ ကျွန်တော်တို့သားတွေအတွက် ပိုကောင်းတဲ့ မှော်လက်နက်တွေ လုပ်ပေးဖို့ ပါဝင်ပစ္စည်းတွေ တူးထုတ်ချင်ရုံလေးပါ"
ဒါကို ကြားတဲ့အခါ ယင်ကျင်းရဲ့အမူအယာက အနည်းငယ်ပြေလျော့သွားပြီး
"ပါဝင်ပစ္စည်းတွေက ဖြည်းဖြည်းချင်းရှာလို့ရတယ်.. ဒါပေမဲ့ မင်းမှာကတော့ အသက်က တစ်ချောင်းဘဲရှိတာ"
ရုန်ယိခန္ဓာကိုယ်က ပြုံးရယ်ရင်းနဲ့
"ကျွန်တော်သိပါပြီ.. နောက်တစ်ခါဆို ဒီလိုကမူးရှူးထိုး မလုပ်တော့ပါဘူး"
ချီလန်က ရုန်ယိကိုကြည့်ကာ ပြောလာသည်။
"တစ်ယောက်ယောက်ကတော့ အပယ်ခံလိုက်ရတဲ့ပုံဘဲ"
ရုန်ယိက ပြုံးကာ
" လုံးဝ နှစ်သက်မခံခဲ့ရတဲ့ တစ်ယောက်ထက်တော့ ပိုကောင်းပါတယ်"
ချီလန် "....."
ရုန်ယိခန္ဓာကိုယ်က သားရဲကြီးရဲ့ မျက်စိရှေ့မှောက်ကနေ ကယ်တင်ခံလိုက်ရတာကြောင့် သားရဲကြီးမှာ ယမ်းပုံမီးကျ ဒေါသတွေပေါက်ကွဲကာ သူ့နဂိုအရွယ်အစားကို ပြန်ပြောင်းလိုက်ပြီး မြေပြင်ပေါ် ခြေထောက်ကြီးဆောင့်နင်းချလိုက်သည်။ ဂူကြီးမှာ အချိန်မရွေး ပြိုကျသွားတော့မလိုမျိုး ထိန်းမနိုင်သိမ်းမရ တုန်ခါလာတော့၏။
"ဂူကြီး ပြိုကျတော့မယ်!!!"
လူတွေမှာ အော်ဟစ်လာကြသည်။
ထိုအချိန်မှာ ခေါင်းပေါ်ကနေ အသံတွေထွက်ပေါ်လာ၏။
လူတိုင်းမော့ကြည့်လိုက်ကြတဲ့အခါ သူတို့ခေါင်းပေါ်မှာ အပေါက်ကြီးတစ်ပေါက်ပွင့်နေပြီး မိစ္ဆာသားရဲတစ်အုပ်က ထိုအပေါက်ကနေ ခုန်ချလာတာကို တွေ့လိုက်ကြရသည်။
နှောင်ဖွဲ့မြက်ပင်က ရှေ့ဆုံးကနေ ငိုယိုအော်ဟစ်ကာ ပြေးလာ၏။
"ဖုလု... ကျွန်မတို့သား အခိုးခံလိုက်ရပြီ!"
ဒါကိုကြားတာနဲ့ ရုန်ယိမှာ ရုတ်တရက် ဆိုးဆိုးဝါးဝါးစိတ်လေးသွားပြီး ပုချီနောက်မှာ ပုန်းကာ ခေါင်းထဲကနေ တွေးလိုက်သည်။
မင်းအမြန်ပုန်းတော့....
ရုန်ယိခန္ဓာကိုယ်က ဒီစကားကို လက်ခံရရှိလိုက်တာကြောင့် သူ့မျက်နှာကို ယင်ကျင်းရဲ့ပုခုံးပေါ် အမြန် ဖွက်ထားလိုက်သည်။
"ဘယ်သူလဲကွ!. ဘယ်သူ ငါတို့သားကို ခိုးသွားတာလဲ!!"
မိစ္ဆာသားရဲကြီးက ဟိန်းဟောက်လိုက်တာကြောင့် အဆင့်နိမ့်သားရဲလေးတွေနဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေမှာ မခံနိုင်ကြဘဲ သွေးတွေအန်ကုန်ကြကာ ဂူကြီးကလည်း အစောကထပ် ပိုပြီး ပြင်းထန်စွာ တုန်ခါလာတော့သည်။
နှောင်ဖွဲ့မြက်ပင်က
"ရွှံ့မိစ္ဆာလေးတွေပြောတာတော့ အဲ့လူက ကျွန်မတို့သားနဲ့အတူ ဒီထဲကို ခုန်ချသွားတယ်တဲ့"
ချီလန်မှာ ရွှံ့မိစ္ဆာလေးတွေလို့ ကြားလိုက်တာနဲ့ သူ ရုန်ယိခန္ဓာကိုယ်နဲ့တွေ့တုန်းက ရွှံမိစ္ဆာလေးတွေကို မနေနိုင်ဘဲ သွားစဥ်းစားမိလိုက်သည်။ သူ့ဝတ်ရုံရင်ဘက်ထဲက ဥကို စမ်းကြည့်လိုက်၏။ ဒီဥက သူတို့ကလေးဆိုတာများလား...။
မိစ္ဆာသားရဲကြီးမှာ သူ့ရဲ့ သွေးလိုနီရဲနေတဲ့ မျက်ဝန်းတွေကို မှေးစင်းလိုက်ပြီး
" ငါတို့သားကို ခိုးသွားတဲ့သူက ဒီထဲမှာရှိနေတယ်လို့ ပြောချင်တာလား"
များစွာသော ကျင့်ကြံသူတွေက အခုလေးတင် သေဆုံးကုန်ကြပြီဖြစ်တာကြောင့် သူ့ရဲ့မွေးကာစကလေးလေးရော သေဆုံးသွားပြီလားဆိုတာတော့ သူလည်းသေချာမသိပေ။
"ဟုတ်တယ်"
"ဘယ်တစ်ယောက်လဲ"
နှောင်ဖွဲ့မြက်ပင်က ရွှံ့မိစ္ဆာလေးတွေကို ထိုသူကို ရှာခိုင်းလိုက်သည်။
ရွွှံ့မိစ္ဆာလေးတွေက ရှေ့က ကျင့်ကြံသူတွေဆီ ပြေးထွက်သွားပြီး တစ်ယောက်ချင်း သေချာလိုက်ကြည့်နေပြီး သိပ်မကြာခင်မှာဘဲ သူတို့ ချီလန်နဲ့ ရှင်းယွဲ့တို့ကို ရှာတွေ့သွားတော့သည်။
သူတို့က ချီလန်ကို ညွှန်ပြကာ ပြောလိုက်သည်။
"ကလေးကို ယူသွားတာ သူဘဲ"
ချီလန် "....."
မိစ္ဆာသားရဲကြီးက ချီလန်ကိုကြည့်ကာ တစ်ချက်ဟိန်းဟောက်လိုက်သည်။
ရှင်းယွဲ့က သူ့စိတ်ထဲက ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ပြန်အော်ပြောလိုက်သည်။
"ငါ့သခင်က နင်တို့ကလေးကို ဘယ်တုန်းကမှ မခိုးဖူးဘူး!"
ရွှံ့မိစ္ဆာလေးတစ်ကောင်က
"ကျင့်ကြံသူတစ်ယောက်ဆီကနေ မိစ္ဆာကလေးလေးကို လုယူသွားတာ မင်းတို့လေ"
ချီလန်က ဥလေးကို ထုတ်လိုက်ပြီး
"မင်းပြောတာ ဒါလား"
နှောင်ဖွဲ့မြက်ပင်က အမြန် ပျံသန်းလာကာ ကြည့်လိုက်ပြီးနောက် စိတ်ဆိုးစွာနဲ့
"မဟုတ်ဘူး.. ဒါ ငါတို့သားလေး မဟုတ်ဘူး"
"ဒါက ငါ အဲ့လူဆီကနေ လုယူခဲ့တဲ့ဟာဘဲ"
နှောင်ဖွဲ့မြက်ပင်က ရွှံ့မိစ္ဆာလေးတွေဆီ လှမ်းကြည့်လိုက်ပြီး
"နင်တို့ သေချာ မြင်ခဲ့ရလား"
"အာ...."
သူတို့လည်း မသေချာပေ။
ချီလန်က နှုတ်ခမ်းထောင့်လေး ပင့်လိုက်ပြီး
"မင်းတို့သားကို ခိုးသွားတဲ့တစ်ယောက်ကလည်း ဒီဂူထဲမှာဘဲ ရှိနေတယ်"
နှောင်ဖွဲ့မြက်ပင်က အလျှင်စလို မေးလာသည်။
"ဘယ်မှာလဲ"
ချီလန်က ယင်ကျင်းရဲ့လက်ထဲက တစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
ရှင်းယွဲ့က ရုန်ယိခန္ဓာကိုယ်ကို ညွှန်ပြလိုက်ပြီး
"ပါဝင်ပစ္စည်းတွေ တူးထုတ်နေတဲ့တစ်ယောက်.. နင်တို့ကလေးကို ခိုးသွားတာလည်း သူဘဲ"
ရုန်ယိ "....."
ယင်ကျင်းရဲ့ "......"
နှောင်ဖွဲ့မြက်ပင်ကလည်း ရုန်ယိခန္ဓာကိုယ်ရဲ့ ဝတ်စုံကို မှတ်မိသွားပြီး
"ဟုတ်တယ်..ဖုလု.. အဲ့တာ သူဘဲ"
ရုန်ယိခန္ဓာကိုယ်က ယင်ကျင်းရဲ့ကို မျက်စိမှိတ်ပြလိုက်ပြီး
"ကလေးတွေအဖေ.. ခင်ဗျား အခုထိ မပြေးသေးဘူးလား"
"....."
ယင်ကျင်းရဲ့က ကျန်းမုကို ပြေးဖို့ အသံပို့လွှတ်ကာ ပြောလိုက်ပြီး သူကိုယ်တိုင်လည်း တစ်စက္ကန့်တောင်မဖြုန်းတော့ဘဲ အမြန်ဆုံးအရှိန်နဲ့ နှောင်ဖွဲ့မြက်ပင်တို့ ဝင်လာခဲ့တဲ့ အပေါက်ဖြစ်တဲ့ ဂူအမိုးပေါ်ကို အမြန်ပြေးသွားလိုက်သည်။
ဒါကိုတွေ့တဲ့အခါ ကျန်တဲ့သူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် အပြိုင် အပေါ်ကို ပျံတက်သွားကြ၏။
မိစ္ဆာသားရဲကြီးက ဂူပေါက်ထဲ မဝင်နိုင်တဲ့ ကျင့်ကြံသူတွေပေါ်ကို ကြမ်းကြုတ်စွာခုန်အုပ်လိုက်သည်။
ထိုသူတွေအကုန်လုံး အော်ဟစ်လာကြ၏။
မိစ္ဆာသားရဲကြီးက ထိုသူတွေအကုန်လုံးကို မျိုချပစ်လိုက်လေသည်။
ရုန်ယိတို့တွေမှာ မှောင်မည်းနေတဲ့ ဂူလမ်းကြောင်းထဲကို တစ်ဖန်ပြန်ရောက်သွားကြပြီး ပျံသန်းနေတဲ့ လမ်းတစ်ဝက်လောက်အရောက်မှာ အဝင်တုန်းကလိုဘဲ သူတို့ဝိညာဥ်စွမ်းအားတွေဆုံးရှုံးသွားကြရပြီး ထပ်ချော်ကျသွားပြန်လေသည်။ တုန်ခါသံတွေနဲ့ မိစ္ဆာသားရဲကြီးရဲ့ ဟိန်းဟောက်သံတွေကိုလည်း ကြားနေရတုန်းဖြစ်၏။
လျောကျနေတဲ့ လမ်းတစ်ဝက်လောက်ရောက်တဲ့အခါ ပုချီက ရုတ်တရက် သူ့လက်ကို လွှတ်လိုက်သည်။
ရုန်ယိမှာ ဘာတွေဖြစ်နေမှန်းမသိတော့..
"ပုချီ..."
ဘယ်သူမှ သူ့ကို ပြန်မဖြေလာပေ။
"တစ်ယောက်ယောက်ရှိနေလား..."
ဒါလည်း ပြန်ဖြေတဲ့လူမရှိသေး။
သူ့နောက်မှာ လူတစ်အုပ်ကြီး လိုက်လာတာ သိသာနေတဲ့ဟာ.. ဘယ်လိုလုပ် ရုတ်တရက်ကြီး အကုန်လုံး ပျောက်သွားကြရတာလဲ..။
သူ ထပ်ပြီး ပျောက်သွားပြန်ပြီလား..
ရုန်ယိ သူ့ဘေးနှစ်ဖက်လုံးကို လိုက်စမ်းကြည့်လိုက်ပေမဲ့ ဘာမှရှိမနေပေ။
ထို့နောက် ခေါင်းပေါ်ကနေ အလင်းရောင်လေး ပေါ်လာ၏။
ရုန်ယိ သူ့ကိုယ်သူ ထိန်းဖို့ မြေပြင်ပေါ် ခြေထောက်ချလိုက်ပေမဲ့ ဂူလမ်းကြောင်းက ဖယောင်းတွေလို ချောနေကာ မျက်စိတစ်မှိတ်အတွင်း ချော်ထွက်သွား၏။
ကောင်းကင်ပြာပြာကို တွေ့လိုက်ရတဲ့အခါ သူပျော်ပျော်ကြီး ပြုံးလိုက်မိသည်။ နောက်ဆုံးတော့ ထိုဂူကြီးထဲကနေ သူထွက်လာခဲ့လေပြီ။
ထို်နောက် သူ ရုတ်တရက် ပြုတ်ကျသွား၏။
ရုန်ယိက အမြန် ပျံသန်းခြင်းအင်းကွက်တစ်ခု ထုတ်ကာ သူ့ကိုယ်ပေါ် ကပ်လိုက်တာကြောင့် မြေပြင်ပေါ်ကျတဲ့အခိုက်မှာဘဲ လေပေါ်ပေါလောဖြစ်သွား၏။
သူ့မှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။
ရုန်ယိ မော့ကြည့်လိုက်တဲ့အခါ အဆုံးမရှိတဲ့မြက်ခင်းပြင်ကျယ်ကြီးနဲ့ အလယ်တစ်နေရာကို ဦးတည်နေတဲ့ လမ်းတစ်လမ်းကို တွေ့လိုက်ရ၏။
ခဏလောက်တုံ့ဆိုင်းနေပြီးနောက် သူ ဒီနေရာကနေဘဲ စောင့်ဖို့ဆုံးဖြတ်လိုက်သည်။ တစ်ယောက်ယောက် ပြုတ်ကျလာနိုင်သေးတာဘဲလေ..။
ရုန်ယိက အရင်ဆုံး မြက်ခင်းပြင်ပေါ်မှာ ထူးဆန်းတာတွေရှိနေလား စစ်ဆေးကြည့်ပြီးမှ ထိုင်ချလိုက်ကာ သူ့ဝတ်ရုံလက်ကို ပုတ်ပြီး ပြောလိုက်သည်။
" ငါ့မှာ မင်းတို့အဖော်ပါနေတာ ကံကောင်းတယ်"
သူပြောချင်တာက လေရိုင်းခြင် နဲ့ အရိုးမာရှိခိုးကောင်တွေကို ဖြစ်ပေမဲ့ သူခဏလောက်စောင့်ပြီးတာတောင်မှ ဘာတုံ့ပြန်မှုမှမရှိပေ။ သူဝတ်ရုံလက်ကို မကြည့်လိုက်တဲ့အခါ အထဲမှာ သားရဲတစ်ကောင်တစ်လေတောင်ရှိမနေတာကို တွေ့လိုက်ရလေသည်။
ရုန်ယိမှာ သက်ပြင်းသာ ချလိုက်မိတော့သည်။
"မင်းတို့ပါ ပျောက်သွားကြတာဘဲ"
သူ့စွမ်းရည်အရဆိုရင်တော့ ဒီနေရာကနေ ဘယ်တော့များမှ ထွက်နိုင်ပါ့မလဲဆိုတာ သူမသိတော့ပေ။
"အား!!.."
ရုတ်တရက် အပေါ်ဘက်ကနေ စိတ်လှုပ်ရှားစွာအော်လိုက်တဲ့ အသံကျယ်ကြီးကို ကြားလိုက်ရသည်။
ရုန်ယိမော့ကြည့်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က ဓားပျံစီးရင်း မြက်ခင်းပြင်ပေါ် ဆင်းလာတာကို တွေ့လိုက်ရသည်။
"ဟေ့.. ဘယ်လောက်တောင်တိုက်ဆိုင်လိုက်လဲ"
ရုန်ယိခန္ဓာကိုယ်က သူ့ကို နှုတ်ဆက်လာ၏။
ရုန်ယိက မျက်ဆံလှန်ပြလိုက်ကာ
်"တိုင်ဆိုင်လိုက်တာနော်... မင်းက ကျင်းရဲ့နဲ့အတူရှိနေတာ မဟုတ်ဘူးလား.. ဘာလို့ မင်းပါ လူကွဲသွားရတာလဲ"
ရုန်ယိခန္ဓာကိုယ်က ခေါင်းငြိမ့်ပြလိုက်ပြီး
"အင်း.. လမ်းလယ်လောက်ကျတော့ သူတို့အကုန် ရုတ်တရက်ကြီး ပျောက်သွားရောလေ.. ကံကောင်းလို့ မင်းဒီမှာရှိနေတာ.. မဟုတ်ရင် ငါတော့ အသိစိတ်ထပ်ပျောက်သွားဦးမှာ"
ရုန်ယိက မော့ကြည့်ပြီး ပြန်ပြောလိုက်သည်။
"မင်းရောက်လာတာ ငါလည်း ဝမ်းသာပါတယ်.. မဟုတ်ရင် ဒီကနေထွက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ မသိဘူး.. ဒါပေမဲ့ တစ်ခုရှိတယ်နော်.. နောက်တစ်ခါ ကမူးရှူးထိုးမလုပ်နဲ့ .. မင်း သူများဟာတွေ.. ပြောရရင် ကလေးတွေလိုမျိုး ဟာတွေ လျှောက်ယူလို့မရဘူး"
ရုန်ယိခန္ဓာကိုယ်က
"ငါ ပါဝင်ပစ္စည်းတွေရော ယူလို့ရလား"
"အဓိပ္ပါယ်မရှိတာ!.. ငါတို့ ဒီကိုလာတာ အဲ့တာတွေရှာဖို့လေ.. အဲ့တာတွေမယူရင် ဘာသွားယူရမှာလဲ"
ရုန်ယိက သူ့ကို သိချင်စိတိပြင်းပြစွာနဲ့ ကြည့်လိုက်ပြီး
"မင်းခုနကတုန်းက ပါဝင်ပစ္စည်းတွေ ဘယ်လောက် တူးခဲ့တာလဲ"
"အခု နှစ်ဆယ်ကျော်မယ်ထင်တယ်"
ရုန်ယိက ပြုံးကာ
"ကောင်းတယ်.. ငါတို့ဂူထဲကို အကျိုးမရှိဘဲ ဝင်ခဲ့တာတော့မဟုတ်ဘူးဘဲ.. အဲ့ထဲကအကုန်လုံး ယူထုတ်လာနိုင်ရင် ပိုတောင်ကောင်းဦးမယ်"
ရုန်ယိခန္ဓာကိုယ်က ရုန်ယိကို ဓားပေါ်ဆွဲတင်ကာ ပျံသန်းသွားလိုက်ပြီး
"ဒီမှာ ဘာမှမရှိဘူး.. ဓားပျံစီးဖို့အရမ်း သင့်တော်တယ်.. ငါ့ဓားပျံစီးတဲ့ စွမ်းရည်ဘယ်လောက်ကောင်းလဲ မင်းကိုပြမယ်"
"ဟီးဟီး..."
ရုန်ယိက မျက်ဆံလှန်လိုက်ပြီး
"မင်းရဲ့ဓားပျံစီးတဲ့အရည်အချင်းက ငါ့ဟာဘဲလေ"
ရုန်ယိခန္ဓာကိုယ်က သက်ပြင်းချကာ
"အာ... ငါ့ကိုယ်တိုင်နဲ့ ကစားနေရတာ ပျင်းဖို့ကောင်းလိုက်တာ"
ရုန်ယိက သူ့ခေါင်းကို ပုတ်ပေးလိုက်ပြီး
"သွားကြမယ်.. အာ ဟုတ်သားဘဲ.. မိစ္ဆာသားရဲကြီး မင်းနောက်ထပ်လိုက်လာခဲ့ရင် မင်းကလေးကို သူတို့ကို ပြန်ပေးရမှာနော်"
"မိစ္ဆာသားရဲနဲ့ အပင်တို့ ကလေးရအောင် ဘယ်လိုမိတ်လိုက်လဲ ငါသိချင်နေတာ"
"မင်းကို ဘေးမှာထိုင်ကြည့်ခွင့်ပေးပြီး သူတို့ကိုတစ်ခါလောက်လုပ်ပြဖို့ မေးကြည့်ပေါ့.. တစ်ခုတော့ရှိတယ်.. မင်းမှာ ကြည့်ဖို့ အသက်ရှိနေသေးရင်ပေါ့"
"ဟားဟား... အကြံကောင်းဘဲ"
"ငါက ဒီအတိုင်း ပြောလိုက်ရုံဘဲနော်.. တစ်ကယ်ကြီးသွားလုပ်မနေနဲ့"
"ဟင့်အင်း.. မလုပ်ပါဘူး.. ငါတို့အိမ်တော်မှာ သားရဲတွေအများကြီးရှိနေတာဘဲဟာ.. သူတို့ကို လုပ်ပြခိုင်းမှာပေါ့"
ရုန်ယိ "....."
ရှေ့ကိုပျံသွားပြီး သိပ်မကြာခင်မှာဘဲ ရုန်ယိခန္ဓာကိုယ်က ရပ်တန့်လိုက်ကာ
"ငါ လူတစ်ယောက်ကို တွေ့လိုက်တယ်"
ရုန်ယိက အမြန်မေးကြည့်လိုက်၏။
"ဘယ်သူလဲ"
"ဝေးလွန်းတယ် ငါလည်းမပြောတတ်ဘူး.. ဒါပေမဲ့ အဲ့တစ်ယောက်က ရှေ့တည့်တည့်ကိုလျှောက်သွားနေတာ ငါတွေ့တယ်"
ရုန်ယိခန္ဓာကိုယ်က လမ်းပေါ်ကို ဆင်းသက်လိုက်သည်။
ရုန်ယိက တစ်ဖက်လူရဲ့ အဝတ်အစားကနေ သူက ချီလန်ဆိုတာ တွေ့လိုက်တာကြောင့် သူ့ခန္ဓာကိုယ်ကို အမြန်တားကာ ပြောလိုက်သည်။
"နေဦး.. ကြည့်ရတာ ချီလန်နဲ့ တူသလိုဘဲ"
ရှေ့ကလူက အသံကြားလိုက်ရတာကြောင့် အမြန်လှည့်ကြည့်လာသည်။
ရုန်ယိခန္ဓာကိုယ်မှာ တစ်ဖက်သူက တစ်ကယ့်ချီလန်မှန်းတွေ့လိုက်ရတာကြောင့် ထအော်လိုက်မိသည်။
"ဘုရားရေ!!.. ဒီလူက ငါတို့နောက်ကို တစ္ဆေတစ်ကောင်လိုကို လိုက်နေတော့တာဘဲဟ"
သူအမြန်ပြန်လှည့်လိုက်တဲ့အခါ ချီလန်ပြောတာကို ကြားလိုက်ရ၏။
"ဟေ့လူတွေ ခင်ဗျားတို့ ကျွန်တော့်ကိုသိလို့လား"
ရုန်ယိ "......."
ရုန်ယိခန္ဓာကိုယ် "......"
ရုန်ယိမှာ သူ့နားသူ ကလော်လိုက်ပြီး
"ငါ နားကြားမှားသွားတာလား"
ရုန်ယိခန္ဓာကိုယ်ကလည်း
"ငါလည်း အသက်အရမ်းကြီးသွားပြီလားလို့ ထင်နေတာ .. ငါ မဟုတ်တာတွေပါ လျှောက်ကြားကုန်ပြီ"
သူ ဓားကိုပြန်လှည့်ကာ ချီလန်ကို ကြည့်လိုက်၏။
ရုန်ယိတို့နှစ်ယောက်စလုံး သူ့ကို တစ်ကိုယ်လုံး စေ့စေ့စပ်စပ်လိုက်ကြည့်လိုက်ကြသည်။ ဒီချီလန်.. ဒီအသွင်အပြင်.. ဒီပုံစံ.. ဒီဝတ်စုံ.. ဒီဆံပင်ပုံစံဘဲဆိုပေမယ့် သူ့ရဲ့အမူအယာကတော့ လူငယ်လေးတစ်ယောက်လိုမျိုး အပြစ်ကင်းစင်နေပုံပေါ်၏။ ဒီမျက်ဝန်းတစ်စုံက ကြည်လင်သန့်ရှင်းနေကာ လူသတ်ချင်တဲ့အရိပ်အယောင်တွေ တွက်ချက်နေတဲ့အကြည့်တွေရှိမနေဘဲ သူတို့နှစ်ယောက်ကို အပြစ်ကင်းစွာကြည့်နေလေသည်။
ရုန်ယိခန္ဓာကိုယ်က ရုန်ယိဘက်ကိုလှည့်ကာ မေးလိုက်သည်။
"ဒါ ချီလန်မဟုတ်ဘူးမလား.. ဟုတ်တယ်မလား"
ရုန်ယိက
"ဒါပုံရိပ်ယောင်ဖြစ်လိမ့်မယ်"
ချီလန်က သိချင်စိတ်အပြည့်နဲ့မေးလာသည်။
"အစ်ကိုကြီး ကျွန်တော့်နာမည်က ချီလန်ဆိုတာ ဘယ်လိုလုပ်ပြီး သိလဲ"
ရုန်ယိနဲ့ ရုန်ယိခန္ဓာကိုယ်မှာ သူ့ကို ဘာပြန်ပြောရမှန်းမသိကြတော့..။
ရုန်ယိခန္ဓာကိုယ်က
"ငါ သူ့ကို ပြန်ဖြေပေးလိုက်ရမလား"
ရုန်ယိက ခေါင်းခါလိုက်ပြီး
"ငါတို့ စိတ်ကိုလှည့်စားတဲ့ အစီအရင်တစ်ခုထဲရောက်နေတာဖြစ်မှာ စိုးတယ်"
သူက သူ့ခန္ဓာကိုယ်ရဲ့ခါးကို ခပ်ပြင်းပြင်း လိမ်ဆွဲလိုက်သည်။
ရုန်ယိခန္ဓာကိုယ်မှာ နာကျင်မှုကြောင့် အော်လိုက်မိပြီး
"ရုန်ယိ.. ငါကလည်း မင်းဘဲလေ.. မင်းက ကိုယ့်ကိုယ်ကို တစ်ကယ်ဘဲ ဒီလိုလုပ်နိုင်တယ်ပေါ့လေ"
"မင်းလည်း နာကျင်မှုကိုခံစားရတယ်ဆိုရင်.."
ရုန်ယိ သူ့မျက်နှာသူလည်း လိမ်ဆွဲလိုက်ပြီး
"ဒါက ပုံရိပ်ယောင်မဖြစ်နိုင်တော့ဘူး"
ရုန်ယိခန္ဓာကိုယ်က ချီလန်ကို ပြန်မဖြေဖို့ဆုံးဖြတ်လိုက်ပြီး အရှေ့ကိုဘဲ ဆက်ပျံသွားလိုက်သည်။ ချီလန် သူတို့ကို မတိုက်ခိုက်ခင် သူတို့ဒီနေရာကနေ အမြန်ဆုံးထွက်မှဖြစ်မည်။
"အစ်ကိုကြီး.. ကျွန်တော့်ကိုစောင့်ပါဦး"
ချီလန်က ဓားပျံနောက်ကို အမြန်ပြေးလိုက်ပြီး
"ကျွန်တော့်ကို တစ်ယောက်ထဲမထားခဲ့ပါနဲ့.. ကျွန်တော်ကြောက်တယ်"
ရုန်ယိခန္ဓာကိုယ်က နှာခေါင်းရှုံ့ကာ
"ဟမ့်.. ခင်ဗျားက မဟာယာနအဆင့်ကလူလေ.. ဘာတွေများ ကြောက်စရာရှိလို့လဲ"
"ကျွန်တော်က မဟာယာနအဆင့်က မဟုတ်ပါဘူး.. အခုမှ လေ့ကျင့်နေဆဲကာလမှာဘဲ ရှိသေးတဲ့ တပည့်လေးပါ"
ရုန်ယိခန္ဓာကိုယ်က
"သူ့ခေါင်းထိခိုက်မိပြီး ရူးသွားတာများလား"
ရုန်ယိလည်း မျက်မှောင်ကြုတ်သွားပြီး
"ဖြစ်နိုင်တယ်.. ချီလန်ရဲ့ စိတ်အရသာဆိုရင် သူ့ကိုယ်သူ နှိမ့်ချပြီး ဆယ်ကျော်သက်လေးတစ်ယောက်လိုဟန်ဆောင်ဖို့နဲ့ ငါတို့ကို အစ်ကိုကြီးလို့ခေါ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး"
ရုန်ယိခန္ဓာကိုယ်က အမြန်ရပ်လိုက်ကာ ပတ်ပတ်လည်ကို သတိအပြည့်နဲ့လိုက်ကြည့်လိုက်ပြီး
"ဒီနေရာကြီးက ပုံမှန်မဟုတ်တာများလား"
ရုန်ယိက ခေါင်းငြိမ့်လိုက်ပြီး
"ဖြစ်နိုင်တယ်.. ငါတို့ အချိန်တစ်ခုလောက်ထိ ဆက်မသွားသေးတာကောင်းမယ်.. ဒီနေရာကဟာတွေကို အရင်စစ်ဆေးကြည့်ရအောင်"
ချီလန်က သူတို့ကို မှီလာပြီး
"ကြင်နာတတ်တဲ့အစ်ကိုကြီးတို့.. ခင်ဗျားတို့ ကျွန်တော့်ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါလား.. ကျွန်တော် အပြင်ရောက်ရင် ကျွန်တော့်မိဘတွေကို ကျေးဇူးပြန်ဆပ်ခိုင်းပေးမယ်လေ"
"ခဏလေး..."
ရုန်ယိ ဖြတ်မေးလိုက်သည်။
"ခင်ဗျားရဲ့ မိဘတွေလို့ပြောလိုက်တာလား"
ချီလန်က ခေါင်းငြိမ့်ပြလာသည်။
ရုန်ယိခန္ဓာကိုယ်က ရုန်ယိကို မေးလာသည်။
"သူ့မိဘတွေက သေသွားကြပြီ မလား"
ရုန်ယိသူ့ဘာသာတွေးလိုက်မိသည်။
သူ့မှတ်ဉာဏ်တွေ မှားယွင်းနေတာဘဲ ဖြစ်ရမယ်..။
ရုန်ယိခန္ဓာကိုယ်လည်းဘဲ ဒီလိုမျိုးဘဲ တွေးလိုက်မိသည်။
ရုန်ယိက ပတ်ဝန်းကျင်ကို ကြည့်ရင်း ပြောလိုက်သည်။
"ဒီနေရာက မှတ်ဉာဏ်ရပ်ဝန်း ဖြစ်လိမ့်မယ်.. ငါတို့အထဲကိုဝင်လေ.. ငါတို့မှတ်ဉာဏ်တွေက နောက်ဆုတ်သွားလေလေဘဲ"
ရုန်ယိခန္ဓာကိုယ်က
"သူ့မှတ်ဉာဏ်တွေက သူကလေးဘဝကို ပြန်ရောက်သွားတာလို့ မင်းပြောချင်တာလား"
"အင်း"
ရုန်ယိက ခဏလောက် တွေးလိုက်ပြီးနောက်
"နောက်ကို ပျံသွားရအောင်"
"ဘာလို့လဲ"
"သူနဲ့ ယင်မိသားစုရဲ့ဆက်ဆံရေးကို သူ ဘယ်လိုတွေးထားလဲဆိုတာ ငါသိချင်လို့"
ရုန်ယိက သူ့အတွေးထဲကနေ ပြောလိုက်သည်။
ရုန်ယိခန္ဓာကိုယ်က ခေါင်းငြိမ့်ကာ ချီလန်ကို မူလနေရာကိုပြန်ခေါ်သွားပြီး နောက်ဘက်ကို ဆက်ပျံသန်းသွားလိုက်၏။
လမ်းတစ်ဝက်လောက်ရောက်တဲ့အခါ ချီလန်မှာ ရုတ်တရက် မျက်ရည်တွေစီးကျလာပြီး
"အဖေ...အမေ.. အစ်ကိုကြီး.. မမ.. မသွားကြပါနဲ့.. ကျွန်တော့်ကို တစ်ယောက်ထဲ ထားမသွားကြပါနဲ့.."
သူက တော်တော့်ကို ဝမ်းပန်းတနည်းနဲ့ ငိုနေကာ မျက်ရည်တွေက ရေစီးကြောင်းတွေလို အဆက်မပြတ်စီးကျနေပြီး သူ့ကြည့်ရတာ အရမ်း ညှိုးငယ်ပြီး အထီးကျန်နေ၏။
"သေလို့မရဘူးလေ.. ကျေးဇူးပြုပြီး မသေကြပါနဲ့..."
ရုန်ယိမှာ မျက်ခုံးတွေ တွန့်သွားပြီး
"သူ့မှတ်ဉာဏ်တွေက သူ့မိဘတွေ ဆုံးတဲ့အချိန်မှာ ရပ်နေတာ ထင်တယ်"
ရုန်ယိခန္ဓာကိုယ်က
"ငါ လူတစ်ယောက်ငိုနေတာ မကြည့်နိုင်ဘူး.. ယောက်ျားကြီးတစ်ယောက် ငိုနေတာ တစ်ကယ် ရုပ်ဆိုးတယ်"
ရုန်ယိက ချီလန်ကို နောက်ဘက် အကွာအဝေးတစ်ခုကို ခေါ်သွားလိုက်သည်။
ချီလန်က တဖြည်းဖြည်း အငိုရပ်သွားပြီး သူ့မျက်နှာပေါ်မှာ အမုန်းတရားတွေပြည့်နှက်နေကာ ရေရွတ်လိုက်သည်။
"အဖေ အမေ.. အမေတို့က ကျွန်တော့်ကို မိသားစုကို ဆက်ခံစေချင်တာလား.. ကောင်းပြီလေ..အမေတို့ဆန္ဒအတိုင်းလိုက်နာပြီး မိသားစုကို အဖေ့တုန်းကထက် ပိုအားကြီးလာအောင် လုပ်ပေးပါ့မယ်.. ဒါပေမဲ့ ကျွန်တော့်ကို အရင်တုန်းကလိုမျိုး ယင်မိသားစုကို ဆက်ကူညီစေချင်တာလား.. တောင်းပန်ပါတယ်.. ကျွန်တော်မလုပ်နိုင်ဘူး.. ကျွန်တော် သူတို့ကို အရမ်းမုန်းတယ်.. အဖေတို့ကို အသတ်ခံရအောင်လုပ်ခဲ့တဲ့သူတွေကို ကျွန်တော်က ဘယ်လိုလုပ်ပြီး ကာကွယ်ပေးနိုင်မှာလဲ"
ပြောနေရင်းနဲ့ ခဏလောက်ရပ်သွားပြီးမှ သူဆက်ပြောလာသည်။
"အမှန်တော့.. အဖေတို့ကို သေအောင်လုပ်ခဲ့တာ ယင်ကျင်းရဲ့ အဖေဆိုတာ ကျွန်တော်သိပါတယ်.. ဒါက ကျင်းရဲ့နဲ့လည်း မဆိုင်သလို သူ့အမေနဲ့လည်း မဆိုင်ဘူး.. ဒါပေမဲ့ ကျွန်တော် ဒီအတိုင်းကြီးလည်း ကျော်မသွားပေးနိုင်ဘူး.. အဖေတို့က ယင်မိသားစုကြောင့် သေခဲ့ရတာကို ကျွန်တော် မေ့လို့မရဘူး.. အဖေ အမေ.. ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ.. ကျွန်တော် အဖေ့လိုမျိုးတော့ စိတ်နှလုံးအပြည့်နဲ့ ယင်မိသားစုကို ကာကွယ်မပေးနိုင်ဘူး.. ဒါပေမဲ့ ကျင်းရဲ့နဲ့ သူ့အမေကိုတော့ တစ်ခြားနည်းနဲ့ ကျွန်တော် ကာကွယ်ပေးဖို့ကြိုးစားမှာပါ"
*********
Zawgyi
႐ုနယိခႏၶာကိုယ္က အျပစ္ကင္းတဲ့မ်က္ႏွာေလးနဲ႕ မိစ္ဆာသားရဲႀကီးကို ၾကည့္ကာ ဓားျမႇောင္နဲ႕ ပါဝင္ပစၥည္းေတြဆက္တူးထုတ္ေနရင္းနဲ႕ ေမးလိုက္သည္။
"ခင္ဗ်ားက စကားေျပာနိုင္တယ္လား"
မိစ္ဆာသားရဲႀကီး "......"
ဒါက အဓိပ္ပါယ်မရှိလို့လား...
အရိုးသန့္စင္မႈအဆင့္ေရာက္ေနတဲ့ မိစ္ဆာသားရဲမွန္သမွ် စကားေျပာနိုင္တာ မသိတဲ့သူ ဘယ္သူရွိလို႔လဲ..။
တစ္ျခားသူေတြမွာေတာ့ သူ႕အစားထိတ္လန့္သြားၾကၿပီး မိစ္ဆာသားရဲႀကီးက ေနာက္တစ္ခဏမွာဘဲ သူ႕ကို အရွင္လတ္လတ္ မ်ိဳခ်ပစ္လိုက္မွာကို စိုးရိမ္ေနၾကေလသည္။
႐ုန္ယိမွာ သူ႕နဖူးသူ အုပ္ကိုင္လိုက္မိသည္။ သူ႕ခႏၶာကိုယ္က တစ္ကယ္အခြင့္အေရးယူတဲ့ေနရာမွာ ေတာ္တာဘဲ.. သူတို႔က မိစ္ဆာသားရဲႀကီးကို တိုက္ခိုက္ဖို႔အတြက္ အလုပ္မ်ားေနတဲ့အခ်ိန္မွာ သူကေတာ့ ပါဝင္ပစၥည္းေတြ သြားေျပးတူးေနေလသည္။
ခ်ီလန္က ႐ုန္ယိကို တစ္ခ်က္လွမ္းၾကည့္ကာ ႏွာေခါင္းရႈံ႕လိုက္ၿပီး
"စိတ္ထင္တိုင္းေလွ်ာက္လုပ္တတ္တဲ့ ေနာက္တစ္ေယာက္ဘဲ"
ယင္က်င္းရဲ႕မွာ မ်က္လုံးေတြက်ဥ္းေျမာင္းသြားၿပီး ႐ုန္ယိကို ဂ႐ုစိုက္ဖို႔ ပုခ်ီကိုေျပာလိုက္ကာ ႐ုန္ယိခႏၶာကိုယ္ကို မိစ္ဆာသားရဲႀကီးလက္ထဲကေန ဘယ္လိုကယ္ထုတ္ရမလဲဆိုတဲ့ နည္းလမ္းကိုရွာၾကည့္လိုက္သည္။
႐ုတ္တရက္ ေထာက္ခနဲ အသံနဲ႕အတူ နံရံေပၚက ပါဝင္ပစၥည္းေတြက ႐ုန္ယိခႏၶာကိုယ္လက္ထဲကို ျပဳတ္က်လာ၏။
က်င့္ႀကံသူေတြမွာေတာ့ သူတို႔ႏွလုံးေတြ လည္ေခ်ာင္းဝကို ေရာက္လာသလိုခံစားလိုက္ရၿပီး ဘာေထာင္ေခ်ာင္ေတြမ်ား ေပၚလာဦးမလဲဆိုၿပီး သူတို႔ပတ္ပတ္လည္ကို လိုက္ၾကည့္လိုက္ၾကသည္။ တစ္ခ်ိန္တည္းမွာဘဲ စိတ္ထဲကေန ႐ုန္ယိကို က်ိန္ဆဲလိုက္မိၾက၏။ မိစ္ဆာသားရဲႀကီး အနားမွာရွိေနတာေတာင္မွ သူဘယ္လိုေတာင္ ဆက္ၿပီး တူးရဲေသးရတာလဲ..။
"......"
သားရဲႀကီးကလည္း သူ႕ကို ခက္ထန္စြာနဲ႕ စိုက္ၾကည့္လိုက္သည္။
႐ုန္ယိခႏၶာကိုယ္က ပတ္ပတ္လည္ကိုၾကည့္ကာ ၿပဳံးလိုက္ၿပီး
"ကြၽန္ေတာ္စမ္းၾကည့္ၿပီးၿပီ"
သူဆက္ေျပာလိုက္သည္။
"ဘာေထာင္ေခ်ာက္မွ မရွိပါဘူး"
"မင္းေသခ်င္ေနတာလား!!"
မိစ္ဆာသားရဲႀကီးက သူ႕ရဲ႕ ဓားထက္ေတာင္ ထက္ရွေသးတဲ့ လက္သည္းေတြကို ျမႇောက္လိုက္သည္။
"ခဏေလး!.. ကြၽန္ေတာ့္သားနဲ႕ အရင္ႏႈတ္ဆက္ခြင့္ေလးေတာ့ ေပးပါဦး"
႐ုန္ယိခႏၶာကိုယ္က ထေအာ္ေျပာလိုက္သည္။ သားရဲႀကီးက ထိုေနရာမွာ ေအးခဲသြားကာ ယင္က်င္းရဲ႕နဲ႕ က်န္းမုတို႔က သူတို႔ဆီပ်ံသန္းလာၾကၿပီး တစ္ေယာက္က သားရဲႀကီးကို တိုက္ခိုက္ကာ က်န္တစ္ေယာက္က ႐ုန္ယိကို အေဝးကို ေခၚထုတ္သြား၏။
ယင္က်င္းရဲ႕က စိတ္ဆိုးစြာနဲ႕
"အၿမဲတမ္း ျပႆနာေတြလိုက္မရွာစမ္းနဲ႕"
႐ုန္ယိခႏၶာကိုယ္က
"ကြၽန္ေတာ္က ခင္ဗ်ားနဲ႕ ကြၽန္ေတာ္တို႔သားေတြအတြက္ ပိုေကာင္းတဲ့ ေမွာ္လက္နက္ေတြ လုပ္ေပးဖို႔ ပါဝင္ပစၥည္းေတြ တူးထုတ္ခ်င္႐ုံေလးပါ"
ဒါကို ၾကားတဲ့အခါ ယင္က်င္းရဲ႕အမူအယာက အနည္းငယ္ေျပေလ်ာ့သြားၿပီး
"ပါဝင္ပစၥည္းေတြက ျဖည္းျဖည္းခ်င္းရွာလို႔ရတယ္.. ဒါေပမဲ့ မင္းမွာကေတာ့ အသက္က တစ္ေခ်ာင္းဘဲရွိတာ"
႐ုန္ယိခႏၶာကိုယ္က ၿပဳံးရယ္ရင္းနဲ႕
"ကြၽန္ေတာ္သိပါၿပီ.. ေနာက္တစ္ခါဆို ဒီလိုကမူးရႉးထိုး မလုပ္ေတာ့ပါဘူး"
ခ်ီလန္က ႐ုန္ယိကိုၾကည့္ကာ ေျပာလာသည္။
"တစ္ေယာက္ေယာက္ကေတာ့ အပယ္ခံလိုက္ရတဲ့ပုံဘဲ"
႐ုန္ယိက ၿပဳံးကာ
" လုံးဝ ႏွစ္သက္မခံခဲ့ရတဲ့ တစ္ေယာက္ထက္ေတာ့ ပိုေကာင္းပါတယ္"
ခ်ီလန္ "....."
႐ုန္ယိခႏၶာကိုယ္က သားရဲႀကီးရဲ႕ မ်က္စိေရွ႕ေမွာက္ကေန ကယ္တင္ခံလိုက္ရတာေၾကာင့္ သားရဲႀကီးမွာ ယမ္းပုံမီးက် ေဒါသေတြေပါက္ကြဲကာ သူ႕နဂိုအ႐ြယ္အစားကို ျပန္ေျပာင္းလိုက္ၿပီး ေျမျပင္ေပၚ ေျခေထာက္ႀကီးေဆာင့္နင္းခ်လိဳက္သည္။ ဂူႀကီးမွာ အခ်ိန္မေ႐ြး ၿပိဳက်သြားေတာ့မလိုမ်ိဳး ထိန္းမနိုင္သိမ္းမရ တုန္ခါလာေတာ့၏။
"ဂူႀကီး ၿပိဳက်ေတာ့မယ္!!!"
လူေတြမွာ ေအာ္ဟစ္လာၾကသည္။
ထိုအခ်ိန္မွာ ေခါင္းေပၚကေန အသံေတြထြက္ေပၚလာ၏။
လူတိုင္းေမာ့ၾကည့္လိုက္ၾကတဲ့အခါ သူတို႔ေခါင္းေပၚမွာ အေပါက္ႀကီးတစ္ေပါက္ပြင့္ေနၿပီး မိစ္ဆာသားရဲတစ္အုပ္က ထိုအေပါက္ကေန ခုန္ခ်လာတာကို ေတြ႕လိုက္ၾကရသည္။
ႏွောင္ဖြဲ႕ျမက္ပင္က ေရွ႕ဆုံးကေန ငိုယိုေအာ္ဟစ္ကာ ေျပးလာ၏။
"ဖုလု... ကြၽန္မတို႔သား အခိုးခံလိုက္ရၿပီ!"
ဒါကိုၾကားတာနဲ႕ ႐ုန္ယိမွာ ႐ုတ္တရက္ ဆိုးဆိုးဝါးဝါးစိတ္ေလးသြားၿပီး ပုခ်ီေနာက္မွာ ပုန္းကာ ေခါင္းထဲကေန ေတြးလိုက္သည္။
မင္းအျမန္ပုန္းေတာ့....
႐ုန္ယိခႏၶာကိုယ္က ဒီစကားကို လက္ခံရရွိလိုက္တာေၾကာင့္ သူ႕မ်က္ႏွာကို ယင္က်င္းရဲ႕ပုခုံးေပၚ အျမန္ ဖြက္ထားလိုက္သည္။
"ဘယ္သူလဲကြ!. ဘယ္သူ ငါတို႔သားကို ခိုးသြားတာလဲ!!"
မိစ္ဆာသားရဲႀကီးက ဟိန္းေဟာက္လိုက္တာေၾကာင့္ အဆင့္နိမ့္သားရဲေလးေတြနဲ႕ အဆင့္နိမ့္က်င့္ႀကံသူေတြမွာ မခံနိုင္ၾကဘဲ ေသြးေတြအန္ကုန္ၾကကာ ဂူႀကီးကလည္း အေစာကထပ္ ပိုၿပီး ျပင္းထန္စြာ တုန္ခါလာေတာ့သည္။
ႏွောင္ဖြဲ႕ျမက္ပင္က
"႐ႊံ႕မိစ္ဆာေလးေတြေျပာတာေတာ့ အဲ့လူက ကြၽန္မတို႔သားနဲ႕အတူ ဒီထဲကို ခုန္ခ်သြားတယ္တဲ့"
ခ်ီလန္မွာ ႐ႊံ႕မိစ္ဆာေလးေတြလို႔ ၾကားလိုက္တာနဲ႕ သူ ႐ုန္ယိခႏၶာကိုယ္နဲ႕ေတြ႕တုန္းက ႐ႊံမိစ္ဆာေလးေတြကို မေနနိုင္ဘဲ သြားစဥ္းစားမိလိုက္သည္။ သူ႕ဝတ္႐ုံရင္ဘက္ထဲက ဥကို စမ္းၾကည့္လိုက္၏။ ဒီဥက သူတို႔ကေလးဆိုတာမ်ားလား...။
မိစ္ဆာသားရဲႀကီးမွာ သူ႕ရဲ႕ ေသြးလိုနီရဲေနတဲ့ မ်က္ဝန္းေတြကို ေမွးစင္းလိုက္ၿပီး
" ငါတို႔သားကို ခိုးသြားတဲ့သူက ဒီထဲမွာရွိေနတယ္လို႔ ေျပာခ်င္တာလား"
မ်ားစြာေသာ က်င့္ႀကံသူေတြက အခုေလးတင္ ေသဆုံးကုန္ၾကၿပီျဖစ္တာေၾကာင့္ သူ႕ရဲ႕ေမြးကာစကေလးေလးေရာ ေသဆုံးသြားၿပီလားဆိုတာေတာ့ သူလည္းေသခ်ာမသိေပ။
"ဟုတ္တယ္"
"ဘယ္တစ္ေယာက္လဲ"
ႏွောင္ဖြဲ႕ျမက္ပင္က ႐ႊံ႕မိစ္ဆာေလးေတြကို ထိုသူကို ရွာခိုင္းလိုက္သည္။
႐ြႊံ႕မိစ္ဆာေလးေတြက ေရွ႕က က်င့္ႀကံသူေတြဆီ ေျပးထြက္သြားၿပီး တစ္ေယာက္ခ်င္း ေသခ်ာလိုက္ၾကည့္ေနၿပီး သိပ္မၾကာခင္မွာဘဲ သူတို႔ ခ်ီလန္နဲ႕ ရွင္းယြဲ႕တို႔ကို ရွာေတြ႕သြားေတာ့သည္။
သူတို႔က ခ်ီလန္ကို ၫႊန္ျပကာ ေျပာလိုက္သည္။
"ကေလးကို ယူသြားတာ သူဘဲ"
ခ်ီလန္ "....."
မိစ္ဆာသားရဲႀကီးက ခ်ီလန္ကိုၾကည့္ကာ တစ္ခ်က္ဟိန္းေဟာက္လိုက္သည္။
ရွင္းယြဲ႕က သူ႕စိတ္ထဲက ေၾကာက္႐ြံ႕မႈကို ဖိႏွိပ္ကာ ျပန္ေအာ္ေျပာလိုက္သည္။
"ငါ့သခင္က နင္တို႔ကေလးကို ဘယ္တုန္းကမွ မခိုးဖူးဘူး!"
႐ႊံ႕မိစ္ဆာေလးတစ္ေကာင္က
"က်င့္ႀကံသူတစ္ေယာက္ဆီကေန မိစ္ဆာကေလးေလးကို လုယူသြားတာ မင္းတို႔ေလ"
ခ်ီလန္က ဥေလးကို ထုတ္လိုက္ၿပီး
"မင္းေျပာတာ ဒါလား"
ႏွောင္ဖြဲ႕ျမက္ပင္က အျမန္ ပ်ံသန္းလာကာ ၾကည့္လိုက္ၿပီးေနာက္ စိတ္ဆိုးစြာနဲ႕
"မဟုတ္ဘူး.. ဒါ ငါတို႔သားေလး မဟုတ္ဘူး"
"ဒါက ငါ အဲ့လူဆီကေန လုယူခဲ့တဲ့ဟာဘဲ"
ႏွောင္ဖြဲ႕ျမက္ပင္က ႐ႊံ႕မိစ္ဆာေလးေတြဆီ လွမ္းၾကည့္လိုက္ၿပီး
"နင္တို႔ ေသခ်ာ ျမင္ခဲ့ရလား"
"အာ...."
သူတို႔လည္း မေသခ်ာေပ။
ခ်ီလန္က ႏႈတ္ခမ္းေထာင့္ေလး ပင့္လိုက္ၿပီး
"မင္းတို႔သားကို ခိုးသြားတဲ့တစ္ေယာက္ကလည္း ဒီဂူထဲမွာဘဲ ရွိေနတယ္"
ႏွောင္ဖြဲ႕ျမက္ပင္က အလွ်င္စလို ေမးလာသည္။
"ဘယ္မွာလဲ"
ခ်ီလန္က ယင္က်င္းရဲ႕လက္ထဲက တစ္ေယာက္ကို လွမ္းၾကည့္လိုက္သည္။
ရွင္းယြဲ႕က ႐ုန္ယိခႏၶာကိုယ္ကို ၫႊန္ျပလိုက္ၿပီး
"ပါဝင္ပစၥည္းေတြ တူးထုတ္ေနတဲ့တစ္ေယာက္.. နင္တို႔ကေလးကို ခိုးသြားတာလည္း သူဘဲ"
႐ုန္ယိ "....."
ယင္က်င္းရဲ႕ "......"
ႏွောင္ဖြဲ႕ျမက္ပင္ကလည္း ႐ုန္ယိခႏၶာကိုယ္ရဲ႕ ဝတ္စုံကို မွတ္မိသြားၿပီး
"ဟုတ္တယ္..ဖုလု.. အဲ့တာ သူဘဲ"
႐ုန္ယိခႏၶာကိုယ္က ယင္က်င္းရဲ႕ကို မ်က္စိမွိတ္ျပလိုက္ၿပီး
"ကေလးေတြအေဖ.. ခင္ဗ်ား အခုထိ မေျပးေသးဘူးလား"
"....."
ယင္က်င္းရဲ႕က က်န္းမုကို ေျပးဖို႔ အသံပို႔လႊတ္ကာ ေျပာလိုက္ၿပီး သူကိုယ္တိုင္လည္း တစ္စကၠန့္ေတာင္မျဖဳန္းေတာ့ဘဲ အျမန္ဆုံးအရွိန္နဲ႕ ႏွောင္ဖြဲ႕ျမက္ပင္တို႔ ဝင္လာခဲ့တဲ့ အေပါက္ျဖစ္တဲ့ ဂူအမိုးေပၚကို အျမန္ေျပးသြားလိုက္သည္။
ဒါကိုေတြ႕တဲ့အခါ က်န္တဲ့သူေတြကလည္း တစ္ေယာက္နဲ႕တစ္ေယာက္ အၿပိဳင္ အေပၚကို ပ်ံတက္သြားၾက၏။
မိစ္ဆာသားရဲႀကီးက ဂူေပါက္ထဲ မဝင္နိုင္တဲ့ က်င့္ႀကံသူေတြေပၚကို ၾကမ္းၾကဳတ္စြာခုန္အုပ္လိုက္သည္။
ထိုသူေတြအကုန္လုံး ေအာ္ဟစ္လာၾက၏။
မိစ္ဆာသားရဲႀကီးက ထိုသူေတြအကုန္လုံးကို မ်ိဳခ်ပစ္လိုက္ေလသည္။
႐ုန္ယိတို႔ေတြမွာ ေမွာင္မည္းေနတဲ့ ဂူလမ္းေၾကာင္းထဲကို တစ္ဖန္ျပန္ေရာက္သြားၾကၿပီး ပ်ံသန္းေနတဲ့ လမ္းတစ္ဝက္ေလာက္အေရာက္မွာ အဝင္တုန္းကလိုဘဲ သူတို႔ဝိညာဥ္စြမ္းအားေတြဆုံးရႈံးသြားၾကရၿပီး ထပ္ေခ်ာ္က်သြားျပန္ေလသည္။ တုန္ခါသံေတြနဲ႕ မိစ္ဆာသားရဲႀကီးရဲ႕ ဟိန္းေဟာက္သံေတြကိုလည္း ၾကားေနရတုန္းျဖစ္၏။
ေလ်ာက်ေနတဲ့ လမ္းတစ္ဝက္ေလာက္ေရာက္တဲ့အခါ ပုခ်ီက ႐ုတ္တရက္ သူ႕လက္ကို လႊတ္လိုက္သည္။
႐ုန္ယိမွာ ဘာေတြျဖစ္ေနမွန္းမသိေတာ့..
"ပုခ်ီ..."
ဘယ္သူမွ သူ႕ကို ျပန္မေျဖလာေပ။
"တစ္ေယာက္ေယာက္ရွိေနလား..."
ဒါလည္း ျပန္ေျဖတဲ့လူမရွိေသး။
သူ႕ေနာက္မွာ လူတစ္အုပ္ႀကီး လိုက္လာတာ သိသာေနတဲ့ဟာ.. ဘယ္လိုလုပ္ ႐ုတ္တရက္ႀကီး အကုန္လုံး ေပ်ာက္သြားၾကရတာလဲ..။
သူ ထပ္ၿပီး ေပ်ာက္သြားျပန္ၿပီလား..
႐ုန္ယိ သူ႕ေဘးႏွစ္ဖက္လုံးကို လိုက္စမ္းၾကည့္လိုက္ေပမဲ့ ဘာမွရွိမေနေပ။
ထို႔ေနာက္ ေခါင္းေပၚကေန အလင္းေရာင္ေလး ေပၚလာ၏။
႐ုန္ယိ သူ႕ကိုယ္သူ ထိန္းဖို႔ ေျမျပင္ေပၚ ေျခေထာက္ခ်လိဳက္ေပမဲ့ ဂူလမ္းေၾကာင္းက ဖေယာင္းေတြလို ေခ်ာေနကာ မ်က္စိတစ္မွိတ္အတြင္း ေခ်ာ္ထြက္သြား၏။
ေကာင္းကင္ျပာျပာကို ေတြ႕လိုက္ရတဲ့အခါ သူေပ်ာ္ေပ်ာ္ႀကီး ၿပဳံးလိုက္မိသည္။ ေနာက္ဆုံးေတာ့ ထိုဂူႀကီးထဲကေန သူထြက္လာခဲ့ေလၿပီ။
ထို္ေနာက္ သူ ႐ုတ္တရက္ ျပဳတ္က်သြား၏။
႐ုန္ယိက အျမန္ ပ်ံသန္းျခင္းအင္းကြက္တစ္ခု ထုတ္ကာ သူ႕ကိုယ္ေပၚ ကပ္လိုက္တာေၾကာင့္ ေျမျပင္ေပၚက်တဲ့အခိုက္မွာဘဲ ေလေပၚေပါေလာျဖစ္သြား၏။
သူ႕မွာ စိတ္သက္သာရာရကာ သက္ျပင္းခ်လိဳက္မိသည္။
႐ုန္ယိ ေမာ့ၾကည့္လိုက္တဲ့အခါ အဆုံးမရွိတဲ့ျမက္ခင္းျပင္က်ယ္ႀကီးနဲ႕ အလယ္တစ္ေနရာကို ဦးတည္ေနတဲ့ လမ္းတစ္လမ္းကို ေတြ႕လိုက္ရ၏။
ခဏေလာက္တုံ႕ဆိုင္းေနၿပီးေနာက္ သူ ဒီေနရာကေနဘဲ ေစာင့္ဖို႔ဆုံးျဖတ္လိုက္သည္။ တစ္ေယာက္ေယာက္ ျပဳတ္က်လာနိုင္ေသးတာဘဲေလ..။
႐ုန္ယိက အရင္ဆုံး ျမက္ခင္းျပင္ေပၚမွာ ထူးဆန္းတာေတြရွိေနလား စစ္ေဆးၾကည့္ၿပီးမွ ထိုင္ခ်လိဳက္ကာ သူ႕ဝတ္႐ုံလက္ကို ပုတ္ၿပီး ေျပာလိုက္သည္။
" ငါ့မွာ မင္းတို႔အေဖာ္ပါေနတာ ကံေကာင္းတယ္"
သူေျပာခ်င္တာက ေလရိုင္းျခင္ နဲ႕ အရိုးမာရွိခိုးေကာင္ေတြကို ျဖစ္ေပမဲ့ သူခဏေလာက္ေစာင့္ၿပီးတာေတာင္မွ ဘာတုံ႕ျပန္မႈမွမရွိေပ။ သူဝတ္႐ုံလက္ကို မၾကည့္လိုက္တဲ့အခါ အထဲမွာ သားရဲတစ္ေကာင္တစ္ေလေတာင္ရွိမေနတာကို ေတြ႕လိုက္ရေလသည္။
႐ုန္ယိမွာ သက္ျပင္းသာ ခ်လိဳက္မိေတာ့သည္။
"မင္းတို႔ပါ ေပ်ာက္သြားၾကတာဘဲ"
သူ႕စြမ္းရည္အရဆိုရင္ေတာ့ ဒီေနရာကေန ဘယ္ေတာ့မ်ားမွ ထြက္နိုင္ပါ့မလဲဆိုတာ သူမသိေတာ့ေပ။
"အား!!.."
႐ုတ္တရက္ အေပၚဘက္ကေန စိတ္လႈပ္ရွားစြာေအာ္လိုက္တဲ့ အသံက်ယ္ႀကီးကို ၾကားလိုက္ရသည္။
႐ုန္ယိေမာ့ၾကည့္လိုက္တဲ့အခါ သူ႕ခႏၶာကိုယ္က ဓားပ်ံစီးရင္း ျမက္ခင္းျပင္ေပၚ ဆင္းလာတာကို ေတြ႕လိုက္ရသည္။
"ေဟ့.. ဘယ္ေလာက္ေတာင္တိုက္ဆိုင္လိုက္လဲ"
႐ုန္ယိခႏၶာကိုယ္က သူ႕ကို ႏႈတ္ဆက္လာ၏။
႐ုန္ယိက မ်က္ဆံလွန္ျပလိုက္ကာ
္"တိုင္ဆိုင္လိုက္တာေနာ္... မင္းက က်င္းရဲ႕နဲ႕အတူရွိေနတာ မဟုတ္ဘူးလား.. ဘာလို႔ မင္းပါ လူကြဲသြားရတာလဲ"
႐ုန္ယိခႏၶာကိုယ္က ေခါင္းၿငိမ့္ျပလိုက္ၿပီး
"အင္း.. လမ္းလယ္ေလာက္က်ေတာ့ သူတို႔အကုန္ ႐ုတ္တရက္ႀကီး ေပ်ာက္သြားေရာေလ.. ကံေကာင္းလို႔ မင္းဒီမွာရွိေနတာ.. မဟုတ္ရင္ ငါေတာ့ အသိစိတ္ထပ္ေပ်ာက္သြားဦးမွာ"
႐ုန္ယိက ေမာ့ၾကည့္ၿပီး ျပန္ေျပာလိုက္သည္။
"မင္းေရာက္လာတာ ငါလည္း ဝမ္းသာပါတယ္.. မဟုတ္ရင္ ဒီကေနထြက္ဖို႔ အခ်ိန္ဘယ္ေလာက္ၾကာမလဲ မသိဘူး.. ဒါေပမဲ့ တစ္ခုရွိတယ္ေနာ္.. ေနာက္တစ္ခါ ကမူးရႉးထိုးမလုပ္နဲ႕ .. မင္း သူမ်ားဟာေတြ.. ေျပာရရင္ ကေလးေတြလိုမ်ိဳး ဟာေတြ ေလွ်ာက္ယူလို႔မရဘူး"
႐ုန္ယိခႏၶာကိုယ္က
"ငါ ပါဝင္ပစၥည္းေတြေရာ ယူလို႔ရလား"
"အဓိပ္ပါယ်မရှိတာ!.. ငါတို႔ ဒီကိုလာတာ အဲ့တာေတြရွာဖို႔ေလ.. အဲ့တာေတြမယူရင္ ဘာသြားယူရမွာလဲ"
႐ုန္ယိက သူ႕ကို သိခ်င္စိတိျပင္းျပစြာနဲ႕ ၾကည့္လိုက္ၿပီး
"မင္းခုနကတုန္းက ပါဝင္ပစၥည္းေတြ ဘယ္ေလာက္ တူးခဲ့တာလဲ"
"အခု ႏွစ္ဆယ္ေက်ာ္မယ္ထင္တယ္"
႐ုန္ယိက ၿပဳံးကာ
"ေကာင္းတယ္.. ငါတို႔ဂူထဲကို အက်ိဳးမရွိဘဲ ဝင္ခဲ့တာေတာ့မဟုတ္ဘူးဘဲ.. အဲ့ထဲကအကုန္လုံး ယူထုတ္လာနိုင္ရင္ ပိုေတာင္ေကာင္းဦးမယ္"
႐ုန္ယိခႏၶာကိုယ္က ႐ုန္ယိကို ဓားေပၚဆြဲတင္ကာ ပ်ံသန္းသြားလိုက္ၿပီး
"ဒီမွာ ဘာမွမရွိဘူး.. ဓားပ်ံစီးဖို႔အရမ္း သင့္ေတာ္တယ္.. ငါ့ဓားပ်ံစီးတဲ့ စြမ္းရည္ဘယ္ေလာက္ေကာင္းလဲ မင္းကိုျပမယ္"
"ဟီးဟီး..."
႐ုန္ယိက မ်က္ဆံလွန္လိုက္ၿပီး
"မင္းရဲ႕ဓားပ်ံစီးတဲ့အရည္အခ်င္းက ငါ့ဟာဘဲေလ"
႐ုန္ယိခႏၶာကိုယ္က သက္ျပင္းခ်ကာ
"အာ... ငါ့ကိုယ္တိုင္နဲ႕ ကစားေနရတာ ပ်င္းဖို႔ေကာင္းလိုက္တာ"
႐ုန္ယိက သူ႕ေခါင္းကို ပုတ္ေပးလိုက္ၿပီး
"သြားၾကမယ္.. အာ ဟုတ္သားဘဲ.. မိစ္ဆာသားရဲႀကီး မင္းေနာက္ထပ္လိုက္လာခဲ့ရင္ မင္းကေလးကို သူတို႔ကို ျပန္ေပးရမွာေနာ္"
"မိစ္ဆာသားရဲနဲ႕ အပင္တို႔ ကေလးရေအာင္ ဘယ္လိုမိတ္လိုက္လဲ ငါသိခ်င္ေနတာ"
"မင္းကို ေဘးမွာထိုင္ၾကည့္ခြင့္ေပးၿပီး သူတို႔ကိုတစ္ခါေလာက္လုပ္ျပဖို႔ ေမးၾကည့္ေပါ့.. တစ္ခုေတာ့ရွိတယ္.. မင္းမွာ ၾကည့္ဖို႔ အသက္ရွိေနေသးရင္ေပါ့"
"ဟားဟား... အႀကံေကာင္းဘဲ"
"ငါက ဒီအတိုင္း ေျပာလိုက္႐ုံဘဲေနာ္.. တစ္ကယ္ႀကီးသြားလုပ္မေနနဲ႕"
"ဟင့္အင္း.. မလုပ္ပါဘူး.. ငါတို႔အိမ္ေတာ္မွာ သားရဲေတြအမ်ားႀကီးရွိေနတာဘဲဟာ.. သူတို႔ကို လုပ္ျပခိုင္းမွာေပါ့"
႐ုန္ယိ "....."
ေရွ႕ကိုပ်ံသြားၿပီး သိပ္မၾကာခင္မွာဘဲ ႐ုန္ယိခႏၶာကိုယ္က ရပ္တန့္လိုက္ကာ
"ငါ လူတစ္ေယာက္ကို ေတြ႕လိုက္တယ္"
႐ုန္ယိက အျမန္ေမးၾကည့္လိုက္၏။
"ဘယ္သူလဲ"
"ေဝးလြန္းတယ္ ငါလည္းမေျပာတတ္ဘူး.. ဒါေပမဲ့ အဲ့တစ္ေယာက္က ေရွ႕တည့္တည့္ကိုေလွ်ာက္သြားေနတာ ငါေတြ႕တယ္"
႐ုန္ယိခႏၶာကိုယ္က လမ္းေပၚကို ဆင္းသက္လိုက္သည္။
႐ုန္ယိက တစ္ဖက္လူရဲ႕ အဝတ္အစားကေန သူက ခ်ီလန္ဆိုတာ ေတြ႕လိုက္တာေၾကာင့္ သူ႕ခႏၶာကိုယ္ကို အျမန္တားကာ ေျပာလိုက္သည္။
"ေနဦး.. ၾကည့္ရတာ ခ်ီလန္နဲ႕ တူသလိုဘဲ"
ေရွ႕ကလူက အသံၾကားလိုက္ရတာေၾကာင့္ အျမန္လွည့္ၾကည့္လာသည္။
႐ုန္ယိခႏၶာကိုယ္မွာ တစ္ဖက္သူက တစ္ကယ့္ခ်ီလန္မွန္းေတြ႕လိုက္ရတာေၾကာင့္ ထေအာ္လိုက္မိသည္။
"ဘုရားေရ!!.. ဒီလူက ငါတို႔ေနာက္ကို တစ္ေဆတစ္ေကာင္လိုကို လိုက္ေနေတာ့တာဘဲဟ"
သူအျမန္ျပန္လွည့္လိုက္တဲ့အခါ ခ်ီလန္ေျပာတာကို ၾကားလိုက္ရ၏။
"ေဟ့လူေတြ ခင္ဗ်ားတို႔ ကြၽန္ေတာ့္ကိုသိလို႔လား"
႐ုန္ယိ "......."
႐ုန္ယိခႏၶာကိုယ္ "......"
႐ုန္ယိမွာ သူ႕နားသူ ကေလာ္လိုက္ၿပီး
"ငါ နားၾကားမွားသြားတာလား"
႐ုန္ယိခႏၶာကိုယ္ကလည္း
"ငါလည္း အသက္အရမ္းႀကီးသြားၿပီလားလို႔ ထင္ေနတာ .. ငါ မဟုတ္တာေတြပါ ေလွ်ာက္ၾကားကုန္ၿပီ"
သူ ဓားကိုျပန္လွည့္ကာ ခ်ီလန္ကို ၾကည့္လိုက္၏။
႐ုန္ယိတို႔ႏွစ္ေယာက္စလုံး သူ႕ကို တစ္ကိုယ္လုံး ေစ့ေစ့စပ္စပ္လိုက္ၾကည့္လိုက္ၾကသည္။ ဒီခ်ီလန္.. ဒီအသြင္အျပင္.. ဒီပုံစံ.. ဒီဝတ္စုံ.. ဒီဆံပင္ပုံစံဘဲဆိုေပမယ့္ သူ႕ရဲ႕အမူအယာကေတာ့ လူငယ္ေလးတစ္ေယာက္လိုမ်ိဳး အျပစ္ကင္းစင္ေနပုံေပၚ၏။ ဒီမ်က္ဝန္းတစ္စုံက ၾကည္လင္သန့္ရွင္းေနကာ လူသတ္ခ်င္တဲ့အရိပ္အေယာင္ေတြ တြက္ခ်က္ေနတဲ့အၾကည့္ေတြရွိမေနဘဲ သူတို႔ႏွစ္ေယာက္ကို အျပစ္ကင္းစြာၾကည့္ေနေလသည္။
႐ုန္ယိခႏၶာကိုယ္က ႐ုန္ယိဘက္ကိုလွည့္ကာ ေမးလိုက္သည္။
"ဒါ ခ်ီလန္မဟုတ္ဘူးမလား.. ဟုတ္တယ္မလား"
႐ုန္ယိက
"ဒါပုံရိပ္ေယာင္ျဖစ္လိမ့္မယ္"
ခ်ီလန္က သိခ်င္စိတ္အျပည့္နဲ႕ေမးလာသည္။
"အစ္ကိုႀကီး ကြၽန္ေတာ့္နာမည္က ခ်ီလန္ဆိုတာ ဘယ္လိုလုပ္ၿပီး သိလဲ"
႐ုန္ယိနဲ႕ ႐ုန္ယိခႏၶာကိုယ္မွာ သူ႕ကို ဘာျပန္ေျပာရမွန္းမသိၾကေတာ့..။
႐ုန္ယိခႏၶာကိုယ္က
"ငါ သူ႕ကို ျပန္ေျဖေပးလိုက္ရမလား"
႐ုန္ယိက ေခါင္းခါလိုက္ၿပီး
"ငါတို႔ စိတ္ကိုလွည့္စားတဲ့ အစီအရင္တစ္ခုထဲေရာက္ေနတာျဖစ္မွာ စိုးတယ္"
သူက သူ႕ခႏၶာကိုယ္ရဲ႕ခါးကို ခပ္ျပင္းျပင္း လိမ္ဆြဲလိုက္သည္။
႐ုန္ယိခႏၶာကိုယ္မွာ နာက်င္မႈေၾကာင့္ ေအာ္လိုက္မိၿပီး
"႐ုန္ယိ.. ငါကလည္း မင္းဘဲေလ.. မင္းက ကိုယ့္ကိုယ္ကို တစ္ကယ္ဘဲ ဒီလိုလုပ္နိုင္တယ္ေပါ့ေလ"
"မင္းလည္း နာက်င္မႈကိုခံစားရတယ္ဆိုရင္.."
႐ုန္ယိ သူ႕မ်က္ႏွာသူလည္း လိမ္ဆြဲလိုက္ၿပီး
"ဒါက ပုံရိပ္ေယာင္မျဖစ္နိုင္ေတာ့ဘူး"
႐ုန္ယိခႏၶာကိုယ္က ခ်ီလန္ကို ျပန္မေျဖဖို႔ဆုံးျဖတ္လိုက္ၿပီး အေရွ႕ကိုဘဲ ဆက္ပ်ံသြားလိုက္သည္။ ခ်ီလန္ သူတို႔ကို မတိုက္ခိုက္ခင္ သူတို႔ဒီေနရာကေန အျမန္ဆုံးထြက္မွျဖစ္မည္။
"အစ္ကိုႀကီး.. ကြၽန္ေတာ့္ကိုေစာင့္ပါဦး"
ခ်ီလန္က ဓားပ်ံေနာက္ကို အျမန္ေျပးလိုက္ၿပီး
"ကြၽန္ေတာ့္ကို တစ္ေယာက္ထဲမထားခဲ့ပါနဲ႕.. ကြၽန္ေတာ္ေၾကာက္တယ္"
႐ုန္ယိခႏၶာကိုယ္က ႏွာေခါင္းရႈံ႕ကာ
"ဟမ့္.. ခင္ဗ်ားက မဟာယာနအဆင့္ကလူေလ.. ဘာေတြမ်ား ေၾကာက္စရာရွိလို႔လဲ"
"ကြၽန္ေတာ္က မဟာယာနအဆင့္က မဟုတ္ပါဘူး.. အခုမွ ေလ့က်င့္ေနဆဲကာလမွာဘဲ ရွိေသးတဲ့ တပည့္ေလးပါ"
႐ုန္ယိခႏၶာကိုယ္က
"သူ႕ေခါင္းထိခိုက္မိၿပီး ႐ူးသြားတာမ်ားလား"
႐ုန္ယိလည္း မ်က္ေမွာင္ၾကဳတ္သြားၿပီး
"ျဖစ္နိုင္တယ္.. ခ်ီလန္ရဲ႕ စိတ္အရသာဆိုရင္ သူ႕ကိုယ္သူ ႏွိမ့္ခ်ၿပီး ဆယ္ေက်ာ္သက္ေလးတစ္ေယာက္လိုဟန္ေဆာင္ဖို႔နဲ႕ ငါတို႔ကို အစ္ကိုႀကီးလို႔ေခၚဖို႔ဆိုတာက မျဖစ္နိုင္ဘူး"
႐ုန္ယိခႏၶာကိုယ္က အျမန္ရပ္လိုက္ကာ ပတ္ပတ္လည္ကို သတိအျပည့္နဲ႕လိုက္ၾကည့္လိုက္ၿပီး
"ဒီေနရာႀကီးက ပုံမွန္မဟုတ္တာမ်ားလား"
႐ုန္ယိက ေခါင္းၿငိမ့္လိုက္ၿပီး
"ျဖစ္နိုင္တယ္.. ငါတို႔ အခ်ိန္တစ္ခုေလာက္ထိ ဆက္မသြားေသးတာေကာင္းမယ္.. ဒီေနရာကဟာေတြကို အရင္စစ္ေဆးၾကည့္ရေအာင္"
ခ်ီလန္က သူတို႔ကို မွီလာၿပီး
"ၾကင္နာတတ္တဲ့အစ္ကိုႀကီးတို႔.. ခင္ဗ်ားတို႔ ကြၽန္ေတာ့္ကို ဒီေနရာကေန ေခၚထုတ္သြားေပးပါလား.. ကြၽန္ေတာ္ အျပင္ေရာက္ရင္ ကြၽန္ေတာ့္မိဘေတြကို ေက်းဇူးျပန္ဆပ္ခိုင္းေပးမယ္ေလ"
"ခဏေလး..."
႐ုန္ယိ ျဖတ္ေမးလိုက္သည္။
"ခင္ဗ်ားရဲ႕ မိဘေတြလို႔ေျပာလိုက္တာလား"
ခ်ီလန္က ေခါင္းၿငိမ့္ျပလာသည္။
႐ုန္ယိခႏၶာကိုယ္က ႐ုန္ယိကို ေမးလာသည္။
"သူ႕မိဘေတြက ေသသြားၾကၿပီ မလား"
႐ုန္ယိသူ႕ဘာသာေတြးလိုက္မိသည္။
သူ႕မွတ္ဉာဏ္ေတြ မွားယြင္းေနတာဘဲ ျဖစ္ရမယ္..။
႐ုန္ယိခႏၶာကိုယ္လည္းဘဲ ဒီလိုမ်ိဳးဘဲ ေတြးလိုက္မိသည္။
႐ုန္ယိက ပတ္ဝန္းက်င္ကို ၾကည့္ရင္း ေျပာလိုက္သည္။
"ဒီေနရာက မွတ္ဉာဏ္ရပ္ဝန္း ျဖစ္လိမ့္မယ္.. ငါတို႔အထဲကိုဝင္ေလ.. ငါတို႔မွတ္ဉာဏ္ေတြက ေနာက္ဆုတ္သြားေလေလဘဲ"
႐ုန္ယိခႏၶာကိုယ္က
"သူ႕မွတ္ဉာဏ္ေတြက သူကေလးဘဝကို ျပန္ေရာက္သြားတာလို႔ မင္းေျပာခ်င္တာလား"
"အင္း"
႐ုန္ယိက ခဏေလာက္ ေတြးလိုက္ၿပီးေနာက္
"ေနာက္ကို ပ်ံသြားရေအာင္"
"ဘာလို႔လဲ"
"သူနဲ႕ ယင္မိသားစုရဲ႕ဆက္ဆံေရးကို သူ ဘယ္လိုေတြးထားလဲဆိုတာ ငါသိခ်င္လို႔"
႐ုန္ယိက သူ႕အေတြးထဲကေန ေျပာလိုက္သည္။
႐ုန္ယိခႏၶာကိုယ္က ေခါင္းၿငိမ့္ကာ ခ်ီလန္ကို မူလေနရာကိုျပန္ေခၚသြားၿပီး ေနာက္ဘက္ကို ဆက္ပ်ံသန္းသြားလိုက္၏။
လမ္းတစ္ဝက္ေလာက္ေရာက္တဲ့အခါ ခ်ီလန္မွာ ႐ုတ္တရက္ မ်က္ရည္ေတြစီးက်လာၿပီး
"အေဖ...အေမ.. အစ္ကိုႀကီး.. မမ.. မသြားၾကပါနဲ႕.. ကြၽန္ေတာ့္ကို တစ္ေယာက္ထဲ ထားမသြားၾကပါနဲ႕.."
သူက ေတာ္ေတာ့္ကို ဝမ္းပန္းတနည္းနဲ႕ ငိုေနကာ မ်က္ရည္ေတြက ေရစီးေၾကာင္းေတြလို အဆက္မျပတ္စီးက်ေနၿပီး သူ႕ၾကည့္ရတာ အရမ္း ညွိုးငယ္ၿပီး အထီးက်န္ေန၏။
"ေသလို႔မရဘူးေလ.. ေက်းဇူးျပဳၿပီး မေသၾကပါနဲ႕..."
႐ုန္ယိမွာ မ်က္ခုံးေတြ တြန့္သြားၿပီး
"သူ႕မွတ္ဉာဏ္ေတြက သူ႕မိဘေတြ ဆုံးတဲ့အခ်ိန္မွာ ရပ္ေနတာ ထင္တယ္"
႐ုန္ယိခႏၶာကိုယ္က
"ငါ လူတစ္ေယာက္ငိုေနတာ မၾကည့္နိုင္ဘူး.. ေယာက္်ားႀကီးတစ္ေယာက္ ငိုေနတာ တစ္ကယ္ ႐ုပ္ဆိုးတယ္"
႐ုန္ယိက ခ်ီလန္ကို ေနာက္ဘက္ အကြာအေဝးတစ္ခုကို ေခၚသြားလိုက္သည္။
ခ်ီလန္က တျဖည္းျဖည္း အငိုရပ္သြားၿပီး သူ႕မ်က္ႏွာေပၚမွာ အမုန္းတရားေတြျပည့္ႏွက္ေနကာ ေရ႐ြတ္လိုက္သည္။
"အေဖ အေမ.. အေမတို႔က ကြၽန္ေတာ့္ကို မိသားစုကို ဆက္ခံေစခ်င္တာလား.. ေကာင္းၿပီေလ..အေမတို႔ဆႏၵအတိုင္းလိုက္နာၿပီး မိသားစုကို အေဖ့တုန္းကထက္ ပိုအားႀကီးလာေအာင္ လုပ္ေပးပါ့မယ္.. ဒါေပမဲ့ ကြၽန္ေတာ့္ကို အရင္တုန္းကလိုမ်ိဳး ယင္မိသားစုကို ဆက္ကူညီေစခ်င္တာလား.. ေတာင္းပန္ပါတယ္.. ကြၽန္ေတာ္မလုပ္နိုင္ဘူး.. ကြၽန္ေတာ္ သူတို႔ကို အရမ္းမုန္းတယ္.. အေဖတို႔ကို အသတ္ခံရေအာင္လုပ္ခဲ့တဲ့သူေတြကို ကြၽန္ေတာ္က ဘယ္လိုလုပ္ၿပီး ကာကြယ္ေပးနိုင္မွာလဲ"
ေျပာေနရင္းနဲ႕ ခဏေလာက္ရပ္သြားၿပီးမွ သူဆက္ေျပာလာသည္။
"အမွန္ေတာ့.. အေဖတို႔ကို ေသေအာင္လုပ္ခဲ့တာ ယင္က်င္းရဲ႕ အေဖဆိုတာ ကြၽန္ေတာ္သိပါတယ္.. ဒါက က်င္းရဲ႕နဲ႕လည္း မဆိုင္သလို သူ႕အေမနဲ႕လည္း မဆိုင္ဘူး.. ဒါေပမဲ့ ကြၽန္ေတာ္ ဒီအတိုင္းႀကီးလည္း ေက်ာ္မသြားေပးနိုင္ဘူး.. အေဖတို႔က ယင္မိသားစုေၾကာင့္ ေသခဲ့ရတာကို ကြၽန္ေတာ္ ေမ့လို႔မရဘူး.. အေဖ အေမ.. ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးပါ.. ကြၽန္ေတာ္ အေဖ့လိုမ်ိဳးေတာ့ စိတ္ႏွလုံးအျပည့္နဲ႕ ယင္မိသားစုကို ကာကြယ္မေပးနိုင္ဘူး.. ဒါေပမဲ့ က်င္းရဲ႕နဲ႕ သူ႕အေမကိုေတာ့ တစ္ျခားနည္းနဲ႕ ကြၽန္ေတာ္ ကာကြယ္ေပးဖို႔ႀကိဳးစားမွာပါ"
*********
17.5.2022