'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆ...

Por Kyar_nge

29.6K 2K 62

_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်‌ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အ... Más

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄) [final]

အပိုင်း(၉)

1.4K 123 0
Por Kyar_nge

Uni

____________

လေး ကြိမ်မြောက် နွေဉီးမှာ ပွင့်လန်းလာတဲ့ စိန်ပန်းပွင့် နီစွေးစွေးများအောက်တွင် အမျိုးသမီး တစ်ယောက်သည် လွမ်းဆွတ်ဖွယ်ရပ်နေခဲ့သည်။
ကျောအလယ်ကျော်နေပြီဖြစ်တဲ့ ဆံပင်ရှည်ရှည်တို့နဲ့ ထို အမျိုးသမီးဟာ တစ်ချိန်က မြတ်နိုးရသူအမြဲလုပ်သလို စိန်ပန်းပင်ကြီးအား ‌ထွေထွေကလေး မျှော်ကြည့်နေခဲ့သည်။

" အဝေ!! အယွန်း ထအုံး အဲ့တာ အဝေဘဲ !!"

နေထွက်ဖို့စော လွန်းတဲ့အချိန်မှာ ထွေး တစ်ယောက်စာတွေဖတ်ရင်း မအိပ်သည်က နေ ပြတင်းပေါက်ထဖွင့်တော့ အဆောင်အောက်က စိန်ပန်းပင်အောက်ရပ်နေသော အမျိုးသမီးအား တွေ့လိုက်ရခြင်းပင်

" ဟင် ဆောင်းပြန်လာတယ် !"

အိပ်ချင်မှူးတူးနဲ့ ထလာတဲ့ အယွန်းဟာ ကလေးလေးလို သိပ်ချစ်စရာကောင်းနေပါတော့သည်။ကယောင်ကတမ်းနဲ့ မျက်နှာပင်မသစ်ဘဲပြေးထွက်သွားသော ယွန်းနောက်ထွေးတစ်ယောက် လက်ထဲက စာအုပ်ကလေး ချရင်း အပြေးလိုက်ရတော့သည်။

" အဝေ!!!"

"ဆောင်း !!!"

"အင့် အဟက် !"

လက်နှစ်ဖက်ဆန့်တန်းပြတော့ ထို အမျိုးသမီးနှစ်ယောက်သည် အဝေ့ ရင်ခွင်ထဲ အင့်ခနဲ ပြစ်ဝင်ကျလာသဖြင့် ဟက်ခနဲ ရယ်ချလိုက်မိတော့သည်။ နောက်ဆက်တွဲမှာ ဘာတွေ ဆက်ဖြစ်မလည်းဆိုတာ အဝေကလွဲလို့ မသိနိုင်ရာ ပေ

" ထွေးငယ် အဝေ့ကိုစိတ်ကောက်နေမယ်ထင်နေတာ "

" မကောက်ရက်ပါဘူးလေ ပြန်လာနေတာဘဲဟာ"

မျက်စောင်းလေး တစ်ချက်နဲ့ရလာတဲ့ အဖြေလေးမှာ အဝေသည် နှစ်ခြိုက်စွာပြုံးရယ်လာတော့သည်။အဝေသည် သူ့ရင်ခွင်ထဲက အမျိုးသမီးနှစ်ယောက်ကို လွတ်ပေးဖို့အစီအစဉ်ရှိပုံ မပေါ်သလို ထို အမျိုးသမီးနှစ်ယောက်ဟာလည်း ရုန်းထွက်ဖိူ့ မစဉ်းစားပေ

" ညစ်ပတ်အိုးလေး နှစ်ယောက် သွားရေသွားချိုး ပြီးရင်ခေါ်သွားစရာရှိတယ် "

"ဟွန့် အဝေနော် "

"‌ဆောင်းကလည်း ညစ်ပတ်အိုး မဟုတ်ပါဘူး"

သူတို့ မျက်နှာလေးတွေ လက်နဲ့အုပ်ကာ ပြိုင်တူ ရန်လုပ်လာတဲ့ချစ်စရာ အမျိုးသမီးနှစ်ယောက်ကြောင့် အဝေ့မှာ ထပ်ပြုံးမိပြန်
ခက်တာက သူ့ အမျိုးသမီးနှစ်ယောက်သည် ဘယ်လိုနေနေချစ်ဖို့ကောင်းနေတာပင်
တစ်ကယ်ဆို သူတို့က ကျောင်းပြီးသွားပေမယ့် အဝေ့အား စောင့်ကာ အဆောင်မှူးကိုအကူအညီတောင်းရင်းနေနေကြတာ
အိမ်နဲ့လည်း တိုက်ပွဲတွေ ဖြစ်လိုက်တာ ထွေးနဲ့ဖေဖေဟာ သိပ်စကားမပြောဖြစ်တော့ပါ

" လာလေ "

ခေါင်းတကုတ်ကုတ်နဲ့ ထို နှစ်ယောက်မှာ အဝေ့ရဲ့ ကားထဲ ပါသွားရတော့သည်။
သို့သော် ထွေးနှင့် ယွန်းမသိသည်မှာ သူတို့ရဲ့ အသုံးအဆောင်တွေအကုန် အဝေဟာ အဝေ့ရဲ့ တိုက်ခန်းကို ပြောင်းထားလိုက်ပြီဆိုတာ ကိုပင်

" အဝေခူးလာတာ "

ဒီတစ်ခါတော့ ပြုံးနေတဲ့ထွေးရဲ့ ဆံသားတွေကြား စံပယ်ဖွေးဖွေးတွေနဲ့စိန်ပန်းနီနီတွေ ပြိုင်တူနေရာယူနေခဲ့သည်။
အဝေ၏ မျက်ဝန်းတွေဟာ လွမ်းရိပ်သန်းစွာ ထွေးနှင့်ယွန်းကို ကြည့်နေခဲ့သည်။
ဒီ အပြစ်တွေကျူးလွန်ပြီးတဲ့အခါ အမုန်းတွေပိုင်ဆိုင်ရမယ်ဆို‌ရင်တောင် မြတ်နိုးရတဲ့ အမျိုးသမီးနှစ်ယောက်ဆီမှ မို့ အဝေ ကျေနပ်ပါသည်။

" အဝေ့ တိုက်ခန်းလား "

" Daddy နဲ့ အပေးအယူပေါ့ ဒီမှာ အဝေတို့သုံးယောက်အတူနေမှာလေ သဘောကျရဲ့လား"

တိုက်ခန်းဟုဆိုသော်လည်း ခြံနှင့်ဝိုင်းနှင့် လူသုံးယောက်နေထိုင်ရန် အသင့်အတင့်ကျယ်ဝန်းသော နေရာ‌လေးသာ ဖြစ်သည်။
မျက်လုံးတောက်တောက်များနဲ့ လိုက်ကြည့်နေသော ယွန်းနှင့်ထွေးဟာ နောင်အချိန်များတွင်တော့ ဤ နေရာဒေသအား သဘော မကျတော့မည်ကို အဝေစိုးရွံ့မိပါသည်။

" အဝေ ဘာလို့ ထွေးတို့ပစ္စည်းတွေက ကြိုရောက်နေရတာလဲ "

သုံးယောက်စာ အိပ်ဖို့ကျယ်လွန်းတဲ့ ကျွန်းကုတင်ပေါ် ထိုင်နေသော ထွေး‌သည် နားမလည်ဟန်မေးလာတဲ့ အခါအဝေ့တွင် ဖြေစရာ အဖြေတို့ မရှိနေပြန်
အမျိုးသမီးနှစ်ယောက်ကို အပိုင်သိမ်းချင်ပါသည်ဆိုသော သူဟာ သိပ်များ အတ္တကြီးလွန်းရာကျသွားသလား စိတ်ကစားတာပါဆိုပြီး နိုင်ငံခြားပိူ့လိုက်တဲ့ဖခင်ဟာ အဝေ စိတ်ကစားနေတာ မဟုတ်မှန်း သိသွားတော့လည်း ခက်ခက်ခဲခဲ သဘောတူရှာပါသည်။

" အို ယွန်း~~"

" လွမ်းနေတာ ဆောင်းရယ်"

အဝေ့၏ ခါးတို့ထက်ရောက်လာသော လက်တစ်စုံဟာ တင်းကျပ်ကျပ်
ပုခုံးပေါ်ခေါင်းတင်ရင်းဆိုနေသော ယွန်းဟာ အနားတွင် ထွေးရှိနေပါသည်အားမေ့လျော့လို့နေပါသလား အဝေသည် ထွေးအား မဝံ့မရဲချောင်းကြည့်တဲ့အခါ ထွေးသည် ပြုံးလို့ ကြည့်နေပြန်

" ကိုယ် တကူးတက ဝယ်လာတာ "

"အဲ့အရာတွေ မသောက်ချင်ပါဘူးဆောင်းရယ်"

ဘုရားဖြစ်မယ့် အုတ်နီခဲကြီး ယွန်းရတနာခိုင်ဟာ လက်တကာကာနဲ့ ငြင်းနေသလောက်
ထွေးဟာတော့  အဝေ့လက်ထဲက ဝိုင်နီနီများကို အဓိပ္ပာယ်ရှိစွာပြုံးရင်းကြည့်နေခဲ့သည်။
ဒါကို အဝေကလည်း သိပါတယ် တစ်ကယ်တော့အကြောင်းရှိလို့သာ တိုက်ရတာ မဟုတ်ရင် အဝေသည် ထိတောင်ထိခိုင်းလိမ့်မည် မဟုတ်ပါ

"ကဲပါ အယွန်းရာ တစ်ခါတစ်လေ ဘဲကို "

" အေးလေ ထွေးငယ်တောင် ပြောနေပြီ ဟာ"

"အင်းကွာ ထည့်ထည့် "

အုံပုန်းလေး ယွန်းမှာ အပြင်က မူနေသလောက် အတွင်းစိတ်ကတော့ မြန်မြန်ထည့်ပါ ဆောင်းရယ် ဖြစ်လို့နေပြီဖြစ်သည်။
နှစ်ယောက်က သိပ်တော့ မစွယ်လိုက်ရပါဘူး ညစာဝိုင်းမှာ ထမင်းစားပြီးတာနဲ့ တန်းမှောက်သွားသော အမျိုးသမီးနှစ်ယောက်ကို အိပ်ခနိးထဲ မနည်း တွဲပို့လိုက်ရသည်။

" ချစ်လွန်းလို့ လုပ်မိတာပါလို့ ခေါင်းစဉ်မတပ်ချင်ပေမယ့် ဒီ အချစ်တွေက ပိုင်ဆိုင်‌ချင်မှုတွေ ရောယှက်နေလို့ မဖြူစင်ပါဘူး ပြောရင်လည်း ခံရတော့မယ်ပေါ့ ခင်ဗျားတို့ရယ် "

အဝေသည် ထွေးနှင့်ယွန်း၏ လက်ကလေးအား ကိုင်ကာ ပြောနေခဲ့ခြင်းပင်
ဆေးအရှိန်ကြောင့် အိပ်မောကျနေသော အမျိုးသမီးနှစ်ယောက်ဟာ မသိရှာ
ထို့နောက် ပြင်ဆင်ထားသော စာချုပ်ကို ထုတ်လိုက်တော့သည် ထိုအရာသည် သုံးဦးသဘောတူ လက်ထပ်စာချုပ်ပင်

ထွေး၏ လက်ဗွေရာ၊ ယွန်း၏ လက်ဗွေရာနဲ့အတူ ထိုစာချုပ်ပေါ်တွင် အဝေ့၏ လက်ဗွေရာတို့ပါ ခပ်လှလှလေး နေရာယူခဲ့သည်။
အဝေသည် ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီးနောက် ထို အမျိုးသမီးနှစ်ယောက်ဝင်ကာ အိပ်စက်လိုက်တော့သည်။

" ခုလွှတ်စမ်း ဆောင်းနှင်းဝေ !!"

"ဟင့်အင်း မလုပ်နိုင်ဘူး မလုပ်နိုင်ဘူးလို့!"

"ရူးသွားပြီလားဘာတွေလုပ်နေတာလဲ "

"ချစ်လို့ပါ ချစ်လိုပါ ငါခင်ဗျားတို့ကို သိပ်ချစ်မိလို့ပါ ~~"

အခန်းဝမှာ ငုတ်တုတ်လေး ပြောနေတဲ့ အဝေဟာ မျက်ရည်တွေနဲ့ သူ(မ)၏ ပန်းက‌လေး နှစ်ပွင့်ကျပြောက်သွားမည်ကို စိုးရွံ့နေဟန်
ယွန်းသည် ကုတင်နဲ့တွဲချည်ခံထားရတဲ့ ခြေထောက်များကြောင့် မသက်မသာ ဖြစ်နေသော်လည်း အဝေ့ဆီမှ စကားသံအချို့ကြောင့်လှုပ်ရှားမှုတွေ ရပ်တန့်သွားရတော့သည်။

"လူနှစ်ယောက်ကို တစ်ပြိုင်တည်း ချစ်လို့ မရဘူးအဝေ ..."

"ရတယ်ဆိုရင်ရော ရချင်ရင် ရအောင်လုပ်လို့ရတာဘဲဟာ ထွေးငယ် "

တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ထွေးဆီမှ ထွက်ပေါ်လာသော အသံကလေးပင်
အဝေဟာ ထိုင်နေရာက ထလိုက်ပြီး ပြောလာသည်မှာ မျှော်လင့်ချက်အပြည့် သို့သော်
မော်ကြည့်လာသော ထွေး မျက်ဝန်းတွေထဲ မြင်လိုက်ရသည်များဟာ အားငယ်ဝမ်းနည်းမှုများသာ

" အယွန်းနဲ့ နှစ်ယောက်အေးဆေး နေစမ်းပါလား"

" ထွေးငယ် မင်းဖြစ်ချင်တာတွေလိုက်လျောနိုင်ပေမယ့် ဒီတစ်ခုက ခက်လွန်းတယ်
အဝေတို့ဟာ သုံးယောက်ပေါင်းမှ တစ်ခုဆိုတာ မေ့လျော့နေတာလား ထွေးငယ် "

" အို အဝေရယ် မင်း ထွေးကို နားမလည်ပါဘူး"

ခေါင်းခါရမ်းကာပြောနေသည့်ထွေးဟာ အမှန်တကယ်ပင် နားလည်ရခက်သော အမျိုးသမီးသာပေ ဖြစ်တော့သည်။
သက်ပြင်းချသွားသောယွန်းသည် မည်သည်မှဝင်မပြောတော့ဘဲ မျက်လုံးတွေမှိတ်စက်သွားသည်။သူ့အနေနဲ့လည်း ဒီ အမျိုးသမီးနှစ်ယောက်လုံးကို မြတ်နိုးရတာမို့ အဝေဟာဘာတွေလုပ်နေနေ ယွန်းတားတော့မည် မဟုတ်ပါ

" ဒါတွေဖြည်ပေးပါလားအဝေရယ် "

"ဟင့်အင်း မရပါဘူး အဲ့အခါကြ ထွေးငယ်က အဝေ့ကို ထားသွားရင်ဘယ်လို လုပ်မလည်း "

" အဝေရယ် မင်း အရာရာနဲ့ ချုပ်နှောက်ခဲ့ပြီးပြီဘဲဟာ "

ကုတင်ထက်က လက်ထပ်စာချုပ်ကို မေးငေါ့ကာပြောလာတဲ့ ထွေးကြောင့် အဝေ့၏ နှလုံးသားလေးဟာ နင့်နင့်နဲနဲစူးအောင့်သွားရတော့သည်။ ဒါဟာ ထင်ထားတာထက်ပိုနာကျင်ရကြောင်းလည်း တစက်တည်း လက်ခံလိုက်ရတော့သည်။
ယွန်း၏ မျက်ကွယ်ပြုလိုက်ခြင်းနှင့်အတူ ထွေး၏ အရွဲ့တိုက်သော မျက်နှာပေးသည် အဝေ့ ဘဝမှာ မေ့မရတော့မည့် ဒဏ်ရာများသာ

" တောင်းပန်ပါတယ် မလိုက်လျောနိုင်လို့ "

သုံးရက် ဆက်တိုက် မျက်နှာသစ်သွားတိုက် နောက်ဖေးသွားတာက လွဲလို့ ထမင်းစားတာကအစ အဝတ်လဲတာ အဆုံး အဝေ့၏ ချုပ်ချယ်မှုအောက်မှာ ယွန်း၏ ထွေးဟာ ရှင်သန်ခဲ့ရသည်။
တစ်ကယ်တော့ထိုအရာများသည် ချုပ်ချယ်မှု မဟုတ်ဘဲ ကြောက်ရွံ့မှုများဆိုသည်ကို ထိုအမျိုးသမီးနှစ်ယောက်နားလည်ရင်ကောင်းမည်ပင်

" ချစ်သေးရဲ့လား ဟင် "

"ထာဝရ ပါဘဲ ဆောင်းရယ် "

ညအတော်နက်တော့ အိပ်နေသော ယွန်း၏ လည်တိုင်တွေကြား တိုးဝှေ့ရင်း ဆိုလာတဲ့ အဝေ့ဆီမှ စကားသံခပ်တိုးတိုးပင်
မဝံ့မရဲ အဖြေမှာ ပြန်ကြားလိုက်ရတဲ့အဖြေကြောင့် အားတက်သွားဟန် အဝေဟာ သဘောတကျပြုံးရယ်လာပြီးနောက်တွင် လည်း နားလည်ရခက်စွာ ယွန်း၏ အဝတ်တွေစိုစွတ်ကုန်တော့သည်။

"ချစ်ပါတယ်ဆို ဘာလို့ ငိုနေရတာလဲ"

" ကြောက်နေခဲ့တာ *sob * အဲ့နေ့က"

"အဲ့နေ့က ဘာဖြစ်လို့လဲ"

" အဲ့နေ့ကလို ယွန်းသာ အဝေ့ကို ထာဝရ မျက်ကွယ်ပြုခဲ့ရင်ဆိုတဲ့ အတွေးက*sob*ခြောက်လန့်လွန်းတယ် "

အဝေ့၏ ဆံသားတွေဖိသပ်ပေးနေသော ယွန်းသည် အမျိုးသမီးစကားကြောင့် အမှောင်ထဲမှာ တိုးတိုးကလေးရယ်သွမ်းလာသည်။
သိပ်ချစ်လွန်းလို့အရာရာ လိုက်လျောထားတာဘဲဟာ စိတ်နာရက်ပါ့မလား
မျက်ကွယ်ပြုရက်ပါ့မလားလေ

" အဲ့တာ မျက်ကွယ်ပြုတာ မဟုတ်ပါဘူး ခင်ဗျားကလေးရယ် အရာရာ လိုက်လျောလိုက်တာပါ "

"တစ်ကယ်လားဟင် "

"အင်းပေါ့ အမျိုးသမီးရဲ့ "

"ဟီး "

ရယ်ပြလာတဲ့ အဝေ၏ အပြုံးတွေဟာ အမှောင်ထဲမှာတောင်ယွန်း အတွက် ပြီးပြည့်စုံတာထက်ပိုနေခဲ့ပါသည်တဲ့
ထိုအချိန်မှာတစ်ဖက်လှည့်ရင်း ခပ်ပါးပါးလေး ပြုံးနေသော အမျိုးသမီးတစ်ယောက်ရှိတာကိုတော့ ထို နှစ်ယောက်မသိရှာ
အယွန်းပြောသလိုဘဲ ထပ်ပြောမယ်အဝေ
သိပ်ချစ်လွန်းပါတယ်‌ဆို မုန်းရက်ပါ့မလားကွယ်

________________

Words- 1793
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge

_________________

Zawgyi


________________

ေလး ႀကိမ္ေျမာက္ ေႏြဉီးမွာ ပြင့္လန္းလာတဲ့ စိန္ပန္းပြင့္ နီေစြးေစြးမ်ားေအာက္တြင္ အမ်ိဳးသမီး တစ္ေယာက္သည္ လြမ္းဆြတ္ဖြယ္ရပ္ေနခဲ့သည္။
ေက်ာအလယ္ေက်ာ္ေနၿပီျဖစ္တဲ့ ဆံပင္ရွည္ရွည္တို႔နဲ႕ ထို အမ်ိဳးသမီးဟာ တစ္ခ်ိန္က ျမတ္နိုးရသူအၿမဲလုပ္သလို စိန္ပန္းပင္ႀကီးအား ‌ေထြေထြကေလး ေမွ်ာ္ၾကည့္ေနခဲ့သည္။

" အေဝ!! အယြန္း ထအုံး အဲ့တာ အေဝဘဲ !!"

ေနထြက္ဖို႔ေစာ လြန္းတဲ့အခ်ိန္မွာ ေထြး တစ္ေယာက္စာေတြဖတ္ရင္း မအိပ္သည္က ေန ျပတင္းေပါက္ထဖြင့္ေတာ့ အေဆာင္ေအာက္က စိန္ပန္းပင္ေအာက္ရပ္ေနေသာ အမ်ိဳးသမီးအား ေတြ႕လိုက္ရျခင္းပင္

" ဟင္ ေဆာင္းျပန္လာတယ္ !"

အိပ္ခ်င္မႉးတူးနဲ႕ ထလာတဲ့ အယြန္းဟာ ကေလးေလးလို သိပ္ခ်စ္စရာေကာင္းေနပါေတာ့သည္။ကေယာင္ကတမ္းနဲ႕ မ်က္ႏွာပင္မသစ္ဘဲေျပးထြက္သြားေသာ ယြန္းေနာက္ေထြးတစ္ေယာက္ လက္ထဲက စာအုပ္ကေလး ခ်ရင္း အေျပးလိုက္ရေတာ့သည္။

" အေဝ!!!"

"ေဆာင္း !!!"

"အင့္ အဟက္ !"

လက္ႏွစ္ဖက္ဆန႔္တန္းျပေတာ့ ထို အမ်ိဳးသမီးႏွစ္ေယာက္သည္ အေဝ့ ရင္ခြင္ထဲ အင့္ခနဲ ျပစ္ဝင္က်လာသျဖင့္ ဟက္ခနဲ ရယ္ခ်လိဳက္မိေတာ့သည္။ ေနာက္ဆက္တြဲမွာ ဘာေတြ ဆက္ျဖစ္မလည္းဆိုတာ အေဝကလြဲလို႔ မသိနိုင္ရာ ေပ

" ေထြးငယ္ အေဝ့ကိုစိတ္ေကာက္ေနမယ္ထင္ေနတာ "

" မေကာက္ရက္ပါဘူးေလ ျပန္လာေနတာဘဲဟာ"

မ်က္ေစာင္းေလး တစ္ခ်က္နဲ႕ရလာတဲ့ အေျဖေလးမွာ အေဝသည္ ႏွစ္ၿခိဳက္စြာၿပဳံးရယ္လာေတာ့သည္။အေဝသည္ သူ႕ရင္ခြင္ထဲက အမ်ိဳးသမီးႏွစ္ေယာက္ကို လြတ္ေပးဖို႔အစီအစဥ္ရွိပုံ မေပၚသလို ထို အမ်ိဳးသမီးႏွစ္ေယာက္ဟာလည္း ႐ုန္းထြက္ဖိူ႕ မစဥ္းစားေပ

" ညစ္ပတ္အိုးေလး ႏွစ္ေယာက္ သြားေရသြားခ်ိဳး ၿပီးရင္ေခၚသြားစရာရွိတယ္ "

"ဟြန႔္ အေဝေနာ္ "

"‌ေဆာင္းကလည္း ညစ္ပတ္အိုး မဟုတ္ပါဘူး"

သူတို႔ မ်က္ႏွာေလးေတြ လက္နဲ႕အုပ္ကာ ၿပိဳင္တူ ရန္လုပ္လာတဲ့ခ်စ္စရာ အမ်ိဳးသမီးႏွစ္ေယာက္ေၾကာင့္ အေဝ့မွာ ထပ္ၿပဳံးမိျပန္
ခက္တာက သူ႕ အမ်ိဳးသမီးႏွစ္ေယာက္သည္ ဘယ္လိုေနေနခ်စ္ဖို႔ေကာင္းေနတာပင္
တစ္ကယ္ဆို သူတို႔က ေက်ာင္းၿပီးသြားေပမယ့္ အေဝ့အား ေစာင့္ကာ အေဆာင္မႉးကိုအကူအညီေတာင္းရင္းေနေနၾကတာ
အိမ္နဲ႕လည္း တိုက္ပြဲေတြ ျဖစ္လိုက္တာ ေထြးနဲ႕ေဖေဖဟာ သိပ္စကားမေျပာျဖစ္ေတာ့ပါ

" လာေလ "

ေခါင္းတကုတ္ကုတ္နဲ႕ ထို ႏွစ္ေယာက္မွာ အေဝ့ရဲ႕ ကားထဲ ပါသြားရေတာ့သည္။
သို႔ေသာ္ ေထြးႏွင့္ ယြန္းမသိသည္မွာ သူတို႔ရဲ႕ အသုံးအေဆာင္ေတြအကုန္ အေဝဟာ အေဝ့ရဲ႕ တိုက္ခန္းကို ေျပာင္းထားလိုက္ၿပီဆိုတာ ကိုပင္

" အေဝခူးလာတာ "

ဒီတစ္ခါေတာ့ ၿပဳံးေနတဲ့ေထြးရဲ႕ ဆံသားေတြၾကား စံပယ္ေဖြးေဖြးေတြနဲ႕စိန္ပန္းနီနီေတြ ၿပိဳင္တူေနရာယူေနခဲ့သည္။
အေဝ၏ မ်က္ဝန္းေတြဟာ လြမ္းရိပ္သန္းစြာ ေထြးႏွင့္ယြန္းကို ၾကည့္ေနခဲ့သည္။
ဒီ အျပစ္ေတြက်ဴးလြန္ၿပီးတဲ့အခါ အမုန္းေတြပိုင္ဆိုင္ရမယ္ဆို‌ရင္ေတာင္ ျမတ္နိုးရတဲ့ အမ်ိဳးသမီးႏွစ္ေယာက္ဆီမွ မို႔ အေဝ ေက်နပ္ပါသည္။

" အေဝ့ တိုက္ခန္းလား "

" Daddy နဲ႕ အေပးအယူေပါ့ ဒီမွာ အေဝတို႔သုံးေယာက္အတူေနမွာေလ သေဘာက်ရဲ႕လား"

တိုက္ခန္းဟုဆိုေသာ္လည္း ၿခံႏွင့္ဝိုင္းႏွင့္ လူသုံးေယာက္ေနထိုင္ရန္ အသင့္အတင့္က်ယ္ဝန္းေသာ ေနရာ‌ေလးသာ ျဖစ္သည္။
မ်က္လုံးေတာက္ေတာက္မ်ားနဲ႕ လိုက္ၾကည့္ေနေသာ ယြန္းႏွင့္ေထြးဟာ ေနာင္အခ်ိန္မ်ားတြင္ေတာ့ ဤ ေနရာေဒသအား သေဘာ မက်ေတာ့မည္ကို အေဝစိုး႐ြံ႕မိပါသည္။

" အေဝ ဘာလို႔ ေထြးတို႔ပစၥည္းေတြက ႀကိဳေရာက္ေနရတာလဲ "

သုံးေယာက္စာ အိပ္ဖို႔က်ယ္လြန္းတဲ့ ကြၽန္းကုတင္ေပၚ ထိုင္ေနေသာ ေထြး‌သည္ နားမလည္ဟန္ေမးလာတဲ့ အခါအေဝ့တြင္ ေျဖစရာ အေျဖတို႔ မရွိေနျပန္
အမ်ိဳးသမီးႏွစ္ေယာက္ကို အပိုင္သိမ္းခ်င္ပါသည္ဆိုေသာ သူဟာ သိပ္မ်ား အတၱႀကီးလြန္းရာက်သြားသလား စိတ္ကစားတာပါဆိုၿပီး နိုင္ငံျခားပိူ႕လိုက္တဲ့ဖခင္ဟာ အေဝ စိတ္ကစားေနတာ မဟုတ္မွန္း သိသြားေတာ့လည္း ခက္ခက္ခဲခဲ သေဘာတူရွာပါသည္။

" အို ယြန္း~~"

" လြမ္းေနတာ ေဆာင္းရယ္"

အေဝ့၏ ခါးတို႔ထက္ေရာက္လာေသာ လက္တစ္စုံဟာ တင္းက်ပ္က်ပ္
ပုခုံးေပၚေခါင္းတင္ရင္းဆိုေနေသာ ယြန္းဟာ အနားတြင္ ေထြးရွိေနပါသည္အားေမ့ေလ်ာ့လို႔ေနပါသလား အေဝသည္ ေထြးအား မဝံ့မရဲေခ်ာင္းၾကည့္တဲ့အခါ ေထြးသည္ ၿပဳံးလို႔ ၾကည့္ေနျပန္

" ကိုယ္ တကူးတက ဝယ္လာတာ "

"အဲ့အရာေတြ မေသာက္ခ်င္ပါဘူးေဆာင္းရယ္"

ဘုရားျဖစ္မယ့္ အုတ္နီခဲႀကီး ယြန္းရတနာခိုင္ဟာ လက္တကာကာနဲ႕ ျငင္းေနသေလာက္
ေထြးဟာေတာ့  အေဝ့လက္ထဲက ဝိုင္နီနီမ်ားကို အဓိပၸာယ္ရွိစြာၿပဳံးရင္းၾကည့္ေနခဲ့သည္။
ဒါကို အေဝကလည္း သိပါတယ္ တစ္ကယ္ေတာ့အေၾကာင္းရွိလို႔သာ တိုက္ရတာ မဟုတ္ရင္ အေဝသည္ ထိေတာင္ထိခိုင္းလိမ့္မည္ မဟုတ္ပါ

"ကဲပါ အယြန္းရာ တစ္ခါတစ္ေလ ဘဲကို "

" ေအးေလ ေထြးငယ္ေတာင္ ေျပာေနၿပီ ဟာ"

"အင္းကြာ ထည့္ထည့္ "

အုံပုန္းေလး ယြန္းမွာ အျပင္က မူေနသေလာက္ အတြင္းစိတ္ကေတာ့ ျမန္ျမန္ထည့္ပါ ေဆာင္းရယ္ ျဖစ္လို႔ေနၿပီျဖစ္သည္။
ႏွစ္ေယာက္က သိပ္ေတာ့ မစြယ္လိုက္ရပါဘူး ညစာဝိုင္းမွာ ထမင္းစားၿပီးတာနဲ႕ တန္းေမွာက္သြားေသာ အမ်ိဳးသမီးႏွစ္ေယာက္ကို အိပ္ခနိးထဲ မနည္း တြဲပို႔လိုက္ရသည္။

" ခ်စ္လြန္းလို႔ လုပ္မိတာပါလို႔ ေခါင္းစဥ္မတပ္ခ်င္ေပမယ့္ ဒီ အခ်စ္ေတြက ပိုင္ဆိုင္‌ခ်င္မႈေတြ ေရာယွက္ေနလို႔ မျဖဴစင္ပါဘူး ေျပာရင္လည္း ခံရေတာ့မယ္ေပါ့ ခင္ဗ်ားတို႔ရယ္ "

အေဝသည္ ေထြးႏွင့္ယြန္း၏ လက္ကေလးအား ကိုင္ကာ ေျပာေနခဲ့ျခင္းပင္
ေဆးအရွိန္ေၾကာင့္ အိပ္ေမာက်ေနေသာ အမ်ိဳးသမီးႏွစ္ေယာက္ဟာ မသိရွာ
ထို႔ေနာက္ ျပင္ဆင္ထားေသာ စာခ်ဳပ္ကို ထုတ္လိုက္ေတာ့သည္ ထိုအရာသည္ သုံးဦးသေဘာတူ လက္ထပ္စာခ်ဳပ္ပင္

ေထြး၏ လက္ေဗြရာ၊ ယြန္း၏ လက္ေဗြရာနဲ႕အတူ ထိုစာခ်ဳပ္ေပၚတြင္ အေဝ့၏ လက္ေဗြရာတို႔ပါ ခပ္လွလွေလး ေနရာယူခဲ့သည္။
အေဝသည္ ျပင္ဆင္စရာရွိတာေတြျပင္ဆင္ၿပီးေနာက္ ထို အမ်ိဳးသမီးႏွစ္ေယာက္ဝင္ကာ အိပ္စက္လိုက္ေတာ့သည္။

" ခုလႊတ္စမ္း ေဆာင္းႏွင္းေဝ !!"

"ဟင့္အင္း မလုပ္နိုင္ဘူး မလုပ္နိုင္ဘူးလို႔!"

"႐ူးသြားၿပီလားဘာေတြလုပ္ေနတာလဲ "

"ခ်စ္လို႔ပါ ခ်စ္လိုပါ ငါခင္ဗ်ားတို႔ကို သိပ္ခ်စ္မိလို႔ပါ ~~"

အခန္းဝမွာ ငုတ္တုတ္ေလး ေျပာေနတဲ့ အေဝဟာ မ်က္ရည္ေတြနဲ႕ သူ(မ)၏ ပန္းက‌ေလး ႏွစ္ပြင့္က်ေျပာက္သြားမည္ကို စိုး႐ြံ႕ေနဟန္
ယြန္းသည္ ကုတင္နဲ႕တြဲခ်ည္ခံထားရတဲ့ ေျခေထာက္မ်ားေၾကာင့္ မသက္မသာ ျဖစ္ေနေသာ္လည္း အေဝ့ဆီမွ စကားသံအခ်ိဳ႕ေၾကာင့္လႈပ္ရွားမႈေတြ ရပ္တန႔္သြားရေတာ့သည္။

"လူႏွစ္ေယာက္ကို တစ္ၿပိဳင္တည္း ခ်စ္လို႔ မရဘူးအေဝ ..."

"ရတယ္ဆိုရင္ေရာ ရခ်င္ရင္ ရေအာင္လုပ္လို႔ရတာဘဲဟာ ေထြးငယ္ "

တစ္ခ်ိန္လုံးတိတ္ဆိတ္ေနခဲ့ေသာ ေထြးဆီမွ ထြက္ေပၚလာေသာ အသံကေလးပင္
အေဝဟာ ထိုင္ေနရာက ထလိုက္ၿပီး ေျပာလာသည္မွာ ေမွ်ာ္လင့္ခ်က္အျပည့္ သို႔ေသာ္
ေမာ္ၾကည့္လာေသာ ေထြး မ်က္ဝန္းေတြထဲ ျမင္လိုက္ရသည္မ်ားဟာ အားငယ္ဝမ္းနည္းမႈမ်ားသာ

" အယြန္းနဲ႕ ႏွစ္ေယာက္ေအးေဆး ေနစမ္းပါလား"

" ေထြးငယ္ မင္းျဖစ္ခ်င္တာေတြလိုက္ေလ်ာနိုင္ေပမယ့္ ဒီတစ္ခုက ခက္လြန္းတယ္
အေဝတို႔ဟာ သုံးေယာက္ေပါင္းမွ တစ္ခုဆိုတာ ေမ့ေလ်ာ့ေနတာလား ေထြးငယ္ "

" အို အေဝရယ္ မင္း ေထြးကို နားမလည္ပါဘူး"

ေခါင္းခါရမ္းကာေျပာေနသည့္ေထြးဟာ အမွန္တကယ္ပင္ နားလည္ရခက္ေသာ အမ်ိဳးသမီးသာေပ ျဖစ္ေတာ့သည္။
သက္ျပင္းခ်သြားေသာယြန္းသည္ မည္သည္မွဝင္မေျပာေတာ့ဘဲ မ်က္လုံးေတြမွိတ္စက္သြားသည္။သူ႕အေနနဲ႕လည္း ဒီ အမ်ိဳးသမီးႏွစ္ေယာက္လုံးကို ျမတ္နိုးရတာမို႔ အေဝဟာဘာေတြလုပ္ေနေန ယြန္းတားေတာ့မည္ မဟုတ္ပါ

" ဒါေတြျဖည္ေပးပါလားအေဝရယ္ "

"ဟင့္အင္း မရပါဘူး အဲ့အခါၾက ေထြးငယ္က အေဝ့ကို ထားသြားရင္ဘယ္လို လုပ္မလည္း "

" အေဝရယ္ မင္း အရာရာနဲ႕ ခ်ဳပ္ေႏွာက္ခဲ့ၿပီးၿပီဘဲဟာ "

ကုတင္ထက္က လက္ထပ္စာခ်ဳပ္ကို ေမးေငါ့ကာေျပာလာတဲ့ ေထြးေၾကာင့္ အေဝ့၏ ႏွလုံးသားေလးဟာ နင့္နင့္နဲနဲစူးေအာင့္သြားရေတာ့သည္။ ဒါဟာ ထင္ထားတာထက္ပိုနာက်င္ရေၾကာင္းလည္း တစက္တည္း လက္ခံလိုက္ရေတာ့သည္။
ယြန္း၏ မ်က္ကြယ္ျပဳလိုက္ျခင္းႏွင့္အတူ ေထြး၏ အ႐ြဲ႕တိုက္ေသာ မ်က္ႏွာေပးသည္ အေဝ့ ဘဝမွာ ေမ့မရေတာ့မည့္ ဒဏ္ရာမ်ားသာ

" ေတာင္းပန္ပါတယ္ မလိုက္ေလ်ာနိုင္လို႔ "

သုံးရက္ ဆက္တိုက္ မ်က္ႏွာသစ္သြားတိုက္ ေနာက္ေဖးသြားတာက လြဲလို႔ ထမင္းစားတာကအစ အဝတ္လဲတာ အဆုံး အေဝ့၏ ခ်ဳပ္ခ်ယ္မႈေအာက္မွာ ယြန္း၏ ေထြးဟာ ရွင္သန္ခဲ့ရသည္။
တစ္ကယ္ေတာ့ထိုအရာမ်ားသည္ ခ်ဳပ္ခ်ယ္မႈ မဟုတ္ဘဲ ေၾကာက္႐ြံ႕မႈမ်ားဆိုသည္ကို ထိုအမ်ိဳးသမီးႏွစ္ေယာက္နားလည္ရင္ေကာင္းမည္ပင္

" ခ်စ္ေသးရဲ႕လား ဟင္ "

"ထာဝရ ပါဘဲ ေဆာင္းရယ္ "

ညအေတာ္နက္ေတာ့ အိပ္ေနေသာ ယြန္း၏ လည္တိုင္ေတြၾကား တိုးေဝွ႕ရင္း ဆိုလာတဲ့ အေဝ့ဆီမွ စကားသံခပ္တိုးတိုးပင္
မဝံ့မရဲ အေျဖမွာ ျပန္ၾကားလိုက္ရတဲ့အေျဖေၾကာင့္ အားတက္သြားဟန္ အေဝဟာ သေဘာတက်ၿပဳံးရယ္လာၿပီးေနာက္တြင္ လည္း နားလည္ရခက္စြာ ယြန္း၏ အဝတ္ေတြစိုစြတ္ကုန္ေတာ့သည္။

"ခ်စ္ပါတယ္ဆို ဘာလို႔ ငိုေနရတာလဲ"

" ေၾကာက္ေနခဲ့တာ *sob * အဲ့ေန႕က"

"အဲ့ေန႕က ဘာျဖစ္လို႔လဲ"

" အဲ့ေန႕ကလို ယြန္းသာ အေဝ့ကို ထာဝရ မ်က္ကြယ္ျပဳခဲ့ရင္ဆိုတဲ့ အေတြးက*sob*ေျခာက္လန႔္လြန္းတယ္ "

အေဝ့၏ ဆံသားေတြဖိသပ္ေပးေနေသာ ယြန္းသည္ အမ်ိဳးသမီးစကားေၾကာင့္ အေမွာင္ထဲမွာ တိုးတိုးကေလးရယ္သြမ္းလာသည္။
သိပ္ခ်စ္လြန္းလို႔အရာရာ လိုက္ေလ်ာထားတာဘဲဟာ စိတ္နာရက္ပါ့မလား
မ်က္ကြယ္ျပဳရက္ပါ့မလားေလ

" အဲ့တာ မ်က္ကြယ္ျပဳတာ မဟုတ္ပါဘူး ခင္ဗ်ားကေလးရယ္ အရာရာ လိုက္ေလ်ာလိုက္တာပါ "

"တစ္ကယ္လားဟင္ "

"အင္းေပါ့ အမ်ိဳးသမီးရဲ႕ "

"ဟီး "

ရယ္ျပလာတဲ့ အေဝ၏ အၿပဳံးေတြဟာ အေမွာင္ထဲမွာေတာင္ယြန္း အတြက္ ၿပီးျပည့္စုံတာထက္ပိုေနခဲ့ပါသည္တဲ့
ထိုအခ်ိန္မွာတစ္ဖက္လွည့္ရင္း ခပ္ပါးပါးေလး ၿပဳံးေနေသာ အမ်ိဳးသမီးတစ္ေယာက္ရွိတာကိုေတာ့ ထို ႏွစ္ေယာက္မသိရွာ
အယြန္းေျပာသလိုဘဲ ထပ္ေျပာမယ္အေဝ
သိပ္ခ်စ္လြန္းပါတယ္‌ဆို မုန္းရက္ပါ့မလားကြယ္

________________

Words- 1793
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge

Seguir leyendo

También te gustarán

422K 30.5K 33
PDF file available! including Extra 1+2 စိန်ပန်းတွေပွင့်တဲ့ နွေတစ်နေ့မှာ နှလုံးသားထဲ မြတ်နိုးမှုတို့ စတင်အမြစ်တွယ်ခဲ့ကြတယ်... အချစ်အကြောင်း‌ကောင်းကော...
113K 9.6K 25
ကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဖန်တီးမိလိုက်တယ် 💛 ကံ့ေကာ္ေတြပြင့္တာျမင္ေတာ့ ကံ့ေကာ္လွိုင္ဆိုတဲ့အမ်ိဳးသမီးတစ္ေယာက...
587K 37.4K 62
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
333K 19.7K 40
ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီ...