Unicode~
ဇူလိုင်လကုန်ခါနီးအချိန် မိုးတစိမ့်စိမ့်နဲ့ နေ့တစ်နေ့မှာ Suzan အဖေ Mr. Clark ဆီက စာရောက်လာသည်။
မိမိသမီး၏လုပ်ရပ်အတွက် အင်မတန် မျက်နှာပူရပါကြောင်း၊ ဖခင်တစ်ယောက်အနေနဲ့ တာဝန်မကျေခဲ့သလို ခံစားရပါကြောင်း၊ မိမိဆုံးမမှုညံ့ဖျင်းခဲ့ကြောင်း တသီတသန်းကြီး ရေးဖွဲ့ထားသည်။
ထို့အပြင် လုံခြုံမှုမရှိတဲ့ သစ်ကတိုးစုဆီ သမီးလေးကို ပြန်မခေါ်လိုတာကြောင့် Taehyung အကြံပြုသည့်အတိုင်း ဆေးရုံကဒေါ်ဒေါ်ထံမှာ Suzanကို အပ်ထားမည်ဖြစ်ကြောင်း၊ မာကွန်မြို့တို့လို စိတ်ချရတဲ့မြို့တွေမှာလည်း အမျိုးအဆွေမရှိတာကြောင့် အခုလိုစီစဥ်ရတော့မည်ဖြစ်ကြောင်း စီကာပတ်ကုံး ရေးထားသည်။
စင်စစ်မှာ Taehyungနဲ့ Mr. Clarkက တစ်ခါမှ မသိဖူးမဆုံဖူး.. Suzan ကိစ္စနဲ့ ပတ်သက်၍သာ ပထမဆုံး အဆက်အသွယ်လုပ်ဖူးကြခြင်းပင်။
"ဘာတဲ့လဲ Mr. Clark က"
"ဟိုဘွားတော်အိမ်မှာ ထားလိုက်မယ်တဲ့။ ကျုပ်ကိုလည်း အားနာကြောင်း ရေးထားသေးတယ်"
"ဟိုဘွားတော်တဲ့လား ဟား ဟား ဟား"
ချာတိတ်ရဲ့ စွာစိနေတဲ့ အပြောလေးကြောင့် ခွက်ထိုးခွက်လန်ရယ်မိတော့သည်။
အတ္တလန်တာက 'အပျိုခေါင်း'လို့ ပြောရလောက်သည့် အပျိုကြီးကို ချာတိတ်က ပြောလိုက်တာများ 'ဘွားတော်' တဲ့လေ။
"ဘွားတော်ပေါ့။ အင်မတန် နှုတ်သီးရှည်ပြီး ပါးစပ်ဖွာတဲ့ ကြက်တူရွေးမကြီး။ Suzan နဲ့ အဲ့ဘွားတော် လိုက်လည်း လိုက်ပါပေတယ်"
"ချာတိတ်ရန်တွေ့နေတာလေးက အရမ်းချစ်ဖို့ကောင်းနေလို့ ဘယ်လိုလုပ်ရပါ့မလဲ"
ရွှေရောင်ဆံပင်လေးကို ဖွမိတော့ လက်ကောက်ဝတ်ကို ကိုင်ပြီး တားသည်။
မျက်ခုံးတွေကို ရှုံ့ထားသေးသည်။
ရန်တွေ့တဲ့ ရုပ်လေးကအစ ချစ်ဖို့ကောင်းနေတော့ ခက်ပြီရောကွယ်။
"အခု ကုန်လှောင်ရုံကရော အဆင်ပြေလား"
"အရင်ကလောက်တော့ ဘယ်ဟုတ်တော့မလဲ။ လှောင်စရာပစ္စည်းတွေမှ မရှိကြတော့တာ"
"စစ်ကြီးဖြစ်တာ လူတွေလည်း မွဲတေကုန်ကြရော"
"ချာတိတ်ကိုတော့ မမွဲအောင် ထားနိုင်ပါတယ်... စစ်ပွဲအတွင်းရော စစ်အပြီးရော မကြောင့်မကျ မတောင်းမတကို ထားမှာ"
"လာဘ်ထိုးမနေနဲ့။ ကျုပ်ကယောကျ်ားလေး အဲ့လောက်ထိ ဖူးဖူးမှုတ်ထားဖို့ မလိုပါဘူး"
"ယောကျ်ားလေးပေမယ့် ရိုးရိုးယောကျ်ားလေးမဟုတ်ဘူး။ ကိုယ့်ရဲ့ဘုရင်လေး"
Jeonဆီက အဲ့လို မထိတထိစကားတွေများကြားရရင် ရင်ဘတ်တစ်ခုလုံး ငလျင်လှုပ်သလို သောင်းကျန်းလာပြီး ပါးတွေနားတွေ ပူရဲလာသည်။
အဲ့လိုဖြစ်မှန်းသိရက်နဲ့ Jeonက လူနားကို တအားကပ်ပြီး ဆက်ပြောနေတော့တာပင်။
"ပေါက်တက်ကရ"
ဇူလိုင်လက မိုးတစွေစွေနဲ့ ရွံ့ဗွက်တွေ ထနေသည်။ တစ်နေရာနဲ့ တစ်နေရာ သွားလို့ပင်မကောင်း။
ဒီအချိန်မှာ ပြည်နယ်တပ်ဘက်ကရော ပြည်ထောင်စုယန်ကီတပ်ဘက်ကရော အကျအဆုံးများလာသည်။ သေနတ်ဒဏ်ရာ၊ ဗုံးထိမှန်ဒဏ်ရာကြောင့် ကျဆုံးတာထက် ဝမ်းကိုက်ဝေဒနာကြောင့် ကျဆုံးတာက ခပ်များများ။
ပြည်နယ်တပ်က အကျအဆုံးသတင်းများကြားရလေလေ အမျိုးသမီးတွေက Jeon JungKookကို မျက်မုန်းကျိုးကြလေလေ။
အသက် ၂၉နှစ်အရွယ် သန်သန်စွမ်းစွမ်း တောင်ပိုင်းဇာတိ အမျိုးသားတစ်ယောက် ရှေ့တန်းမထွက်တာက သူတို့အတွက် သစ္စာဖောက်ကြီးတစ်ယောက်လို ဖြစ်နေသည်။
အထူးသဖြင့် Jeon JungKookရဲ့ လိင်တူချင်း ရည်ငံနေသည့် ဆက်ဆံရေးကို သိသောအခါ ပေါ်ပေါ်ထင်ထင်ပင် အထင်သေးဟန် ပြကြသည်။
သူတို့ကုန်လှောင်ရုံလေးမှာ မှောင်ခိုအမြတ်ကြီးစား ကုန်သည်များကလွဲရင် ပစ္စည်းလာအပ်သူမရှိတော့။
Jeonအတွက် ဒါက ဘာမှမဖြစ်တဲ့ အသေးအဖွဲကိစ္စ။
သို့ပေမယ့် ဆုတ်ယုတ်လာသော စီးပွားရေးအခြေအနေကြောင့် ချာတိတ်အခက်အခဲဖြစ်မှာကိုပဲ စိုးရိမ်နေမိသည်။
'လှောင်စရာပစ္စည်းမရှိတော့လို့' ဆိုတာဟာ ချာတိတ်စိတ်သက်သာအောင်ပြောတဲ့ ဆင်ခြေတစ်ခု။
"ရော့... ကော်ဖီပူပူလေး သောက်လိုက်ဦး။ ခင်ဗျားအလုပ်မှာ အဆင်မပြေလို့လား မျက်နှာလည်း မကောင်းဘူး"
ပြတင်းမှန်အပြင်ဘက်က မိုးစက်တွေကို ကြည့်နေတုန်း ချာတိတ်က ကိုယ့်လက်ထဲ ကော်ဖီပူပူတစ်ခွက်ထည့်ပေးသည်။
ပြတင်းမှန်ကို ရိုက်ခတ်နေသော မိုးစက်သံတွေကို နှစ်ကိုယ်တူ နားဆင်နေကြသည်ဟု ခံစားမိသည်။
"ပြေပါတယ်... ချာတိတ်ပူစရာမလိုပါဘူး"
"အဲ့လိုတော့ ဘယ်ဟုတ်မလဲ။ ကျုပ်ပူတာကလည်း စီးပွားရေးကိုမဟုတ်ဘူး။ စီးပွားရေးကြောင့် စိတ်ရှုပ်ရမယ့် ခင်ဗျားကို စိတ်ပူတာ"
"စကားတတ်လိုက်တာ ကိုယ့်ချာတိတ်က"
"ရင်ထဲက စကားတွေပါနော်"
"ချာတိတ်ရော ကော်ဖီသောက်ဦးမလား"
"ဟင့်အင်း..."
ကော်ဖီက ခါးသက်နေသည်။ သကြား၊ နို့ဆီ ဆိုတာ အရသာတောင် ခံလို့မရ။
ခေတ်ပျက်ကြီးမှာ အစစအရာရာချွေတာနေရသည်။
ကော်ဖီခါးခါးကြိုတ်တတ်သူမို့ အံဝင်ခွင်ကျဖြစ်နိုင်တာပင်။
"စစ်ကြီးက ဘယ်တော့များမှ ပြီးမလဲမသိဘူးနော်။ စစ်ကြီးမပြီးတော့ ရည်ရွယ်ထားတာတွေလည်း မလုပ်ရ"
"ဟင်.. ချာတိတ်က ဘာရည်ရွယ်ထားလို့လဲ"
"ခင်ဗျားမသိပါဘူး"
"ကိုယ့်ကို လက်ထပ်ဖို့ ရည်ရွယ်ထားတာဆိုရင်တော့ အခုလုပ်ချင်လည်း ရတယ်နော်"
Jeonက စကားအဖြစ်ပြောလိုက်ပေမယ့် Taehyung သက်ပြင်းရှိုက်မိသွားသည်။
သူ Jeonကို လက်ထပ်ချင်သည်။ သို့သော် သူ့အတိတ်ကို ဖုံးကွယ်၍တော့ မဟုတ်။
Jeonကို ဘယ်လို ဖွင့်ပြောရပါ့မလဲ။
Jeon သူ့ကို ကြောက်သွားတာမျိုး သနားစိတ်ဝင်သွားတာမျိုး မဖြစ်စေချင်ပါ။
အဲ့လို စိုးရိမ်စိတ်တွေကြောင့် အရာရာဖွင့်ပြောဖို့ရာ စိတ်ခွန်အားက ရှိမနေ။
"အဲ့လိုကြီး ကြည့်နေတော့မှာလား"
"အင်း... တစ်နေကုန် ကြည့်နေလိုက်ချင်တာ"
ပြောပြီး ရှက်ပြုံးလေးပြုံးကာ တစ်ဖက်သို့ လှည့်သွားသည်။
____
ဒီနေ့ Jeon ဆန္ဒအရ လက်ထပ်ပွဲတက်ဖို့ရှိသည်။
Taehyung အကျင့်အရဆို လူကြားသူကြားသွားလာရတာသဘောမကျသလို ဘုရားကျောင်းသွားဖို့ဆို ပိုလို့တောင် ဝေးသေးသည်။
မိရိုးဖလာအရ Taehyungက ဗရင်ဂျီဘာသာဝင်ခရစ်ယာန်ဆိုပေမယ့် ဘာသာရေးကိုင်းရှိုင်းသူတော့မဟုတ်။
Joannaဆို ညညတိုင်း ကပ္ပလီကျွန်တွေနဲ့အတူ ဘုရားဝတ်ပြုသည်။
Taehyungကတော့ ဘာသာမဲ့နဲ့ပင် တူနေသေးသည်။
နံ့သာရောင် ချည်သားရှပ်အင်္ကျီလေးကို ကြက်သွေးရောင် vestလေး ထပ်ဝတ်လိုက်သည်။
နယူးအော်လီယန်အသိမ်းမခံရခင်က Jeon ၀ယ်ထားပေးတဲ့ လိပ်ပြာတောင်လည်စီးကို လည်တိုင်မှာ စီးလိုက်သည်။
"အဆင်သင့်ဖြစ်ရင် သွားကြစို့လေ"
"အင်း သွားမယ်"
ပုံမှန်အတိုင်းဆို မြင်းရထား သို့တည်းမဟုတ် ဘာဂီကို Jeonကိုယ်တိုင် မောင်းလေ့ရှိသည်။
ဒီနေ့တော့ ပွဲတက်ရမှာမို့ အိမ်က မြင်းရထားထိန်းကပ္ပလီကြီးက မောင်းနှင်ပေးသည်။
"ဘုရားကျောင်းက ဝေးလား"
"မက်မုံပင်လမ်း အကျော်လေးတင်ပါပဲ"
မြင်းရထားက သားသားနားနားမို့ တချို့လူတွေ လည်ပြန်ငေးကြသည်။
ခေတ်ပျက်ကြီးမှာ မြင်းရထားကောင်းတောင် ရှားပါးလို့နေသည်။
ဗရင်ဂျီဘာသာဘုရားကျောင်းက ထုထည်ကြီးကြီး ဆောက်ထားပြီး အတော်လေး မြင့်သည်။
တစ်ထပ်အဆောက်အအုံဆိုပေမယ့် လူနေအိမ် ၃ ထပ်စာလောက် မြင့်ထားသည့် ဟောခန်းကျယ်ကြီးပင်။
လူပျိုလေးတွေက ရှေ့တန်းရောက်နေတာများတော့ လက်ထပ်ပွဲမှာ အမျိုးသားဆို၍ အရွယ်လွန်အဘိုးကြီးတွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးများသာရှိသည်။
သတို့သားအရံတောင် တပ်ထောက်ရုံးက ခြေလက်အင်္ဂါစုံတဲ့ တပ်သားလေးကို ခေါ်ထည့်ထားတာဖြစ်သည်။
"ဘုရားကျောင်းက လက်ထပ်ပွဲက ဒီလိုခြောက်ကပ်ကပ်ပဲလား"
"အင်း...အရင်ကတော့ လူများတာပေါ့။ ခုလို စစ်ကာလကျ ဘယ်လူများနိုင်တော့မလဲ"
"မင်္ဂလာဆောင်ရတာတောင် ပျင်းစရာကောင်းနေပါလား"
ဟိုဘက်ဒီဘက် ခုံတန်းရှည်တွေကြား နှစ်ဦးသားယှဥ်တွဲလမ်းလျှောက်လာတော့ မိန်းမကြီးတွေက အကဲခတ်သလိုလို လိုက်ကြည့်နေကြသည်။
သတို့သမီးရဲ့မိခင်ကြီးက ထိုင်နေရာက ထလာပြီး လာနှုတ်ဆက်သည်။
"အိုး...နှင်းဆီမြိုင်သခင်လေးတို့လည်း လာကြတာကိုး။ အဟင်း.. Mr. Jeon ရော ပါလာတာပဲ"
မနှုတ်ဆက်ချင်ပေမယ့် လူကျင့်ဝတ်အရ မိန်းမကြီးလက်ကို နမ်းပြီးနှုတ်ဆက်ရလျှင် Taehyung အော်ဂလီဆန်သွားသည်။
မိန်းမကြီးက သူတို့ကို လိုလိုလားလားမရှိသလို သူတို့လည်း အပြန်အလှန်ထို့နည်းတူပင်။
"ဟိုဘက်မှာ ထိုင်ကြ။ အန်တီ အအေးနဲ့မုန့်ယူခဲ့မယ်"
မင်္ဂလာပွဲက တင့်တင့်တယ်တယ်၊ အနုတ်စုတ်ဂုတ်စုတ်ပွဲမဟုတ်။
ဒီခေတ်ကြီးမှာ ငွေဖြုန်းလွန်းသည်ဟုပင် ထင်မိသည်။
သတို့သမီးက သစ်ခွပန်းဖြူဖြူတွေကို ကိုင်ထားပြီး ဂါဝန်ဖြူဖြူကို ဝတ်ထားသည်။
အကြပ်အတည်းကြားထဲမှရသော မင်္ဂလာဝတ်စုံမှန်း သိသာနေသည်။
သေချာကြည့်လျှင် ဂါဝန်အောက်ခြေမှာ အဝါရောင်ဆေးစွန်းနေတာကိုပင် မြင်နေရသည်။
သတို့သားက မဲ့ခြောက်ဗရပျစ်နဲ့ မျက်ခုံးထူထူ၊ နှာခေါင်းချွန်ချွန်။
သူ့မှာရှိသမျှထဲက အကောင်းဆုံးစစ်ယူနီဖောင်းကို ဝတ်ထားရဟန်တူသည်။
အပြာရောင် သက္ကလက်က အသီးတွေတောင် ထနေသည်။
"သတို့သားကလည်း ဒီထက်ကောင်းတာ ဝတ်စရာမရှိတော့ဘူးလားမသိဘူး"
ချာတိတ်က တိုးတိုးကပ်ပြောသည်။
ကျွန်တော် ဘာရယ်မဟုတ် ရယ်သံတစ်ချက်ထွက်သွားတော့ အရှေ့ နှစ်တန်းကျော်က မိန်းမကြီးနှစ်ယောက်က လှည့်ကြည့်လာသည်။
လောလောဆယ် လက်ထပ်ပွဲမှာ သတို့သားထက် သူတို့နှစ်ယောက် ဝတ်ထားတာ တောက်ပြောင်သားနားနေသည်။
အပေါက်အပြဲမရှိ အသီးမထသော ဝတ်စုံကို ကျော့ကျော့ မော့မော့ဝတ်ဆင်ထားသည်။
"ဒီလောက်ကောင်းတာတောင် မနည်းရှာထားရမှာ ချာတိတ်ရဲ့။ ဒါတောင် တခြားပွဲတွေထက် သားနားသေးတာ"
ခေါင်းငုံ့၍တရားမှတ်နေကြသော ဧည့်ပရိတ်သတ်တွေကြား ခေါင်းချင်းဆိုင်၍ တီးတိုးပြောဆိုနေကြသော သူတို့နှစ်ယောင်ကို ဘုန်းတော်ကြီးက မျက်မှန်ထူထူအောက်ကနေ ဘုကြည့်ကြည့်လာသည်။
"ဘုရားကျောင်းမှာ ဆိတ်ဆိတ်နေပေးကြပါ"
ဒီသတိပေးစကားက သူတို့နှစ်ယောက်ကို ပြောချင်မှန်း လူတိုင်း သိနေသည်။
"ပါးစပ်ပါတဲ့လူတွေကို ခေါ်ထားပြီး တိတ်ခိုင်းနေတဲ့ ဆိတ်အိုကြီး"
ချာတိတ်ပြောလို့ ကြည့်တော့ ဘုန်းတော်ကြီးက တကယ့် ဆိတ်အိုကြီးပုံစံပေါက်နေသလိုလို။
ပါးစပ်ကလည်း သမ္မာကျမ်းစာတစ်ပိုဒ်ကို ကြက်တူရွေးလို တတွတ်တွတ်ရွတ်ပြနေသည်။
"မရယ်နဲ့..!"
"ရယ်စရာပြောပြီး မရယ်နဲ့ဆိုတော့ ကိုယ်က တရားမှတ်နေရမှာလား"
"အဟမ်း အဟမ်း!"
ဘုန်းတော်ကြီးက သမ္မာကျမ်းစာရွတ်နေရင်း ချောင်းဟန့်သည်။
သူတို့ကို စေ့စေ့ကြည့်ပြီး သတိပေးနေသည်။
ခဏအကြာမှာတော့ သတို့သားနဲ့ သတို့သမီးက ဘုန်းတော်ကြီးရှေ့ရပ်ပြီး ကျမ်းသစ္စာကျိန်ဆိုကြသည်။
ဗရင်ဂျီဘာသာဝင်တွေထုံးစံအတိုင်း ကျမ်းသစ္စာက ရှည်ရှည်လျားလျားနဲ့ ငြီးငွေ့ဖွယ်အတိ။
ဇနီးမောင်နှံတစ်လှည့်စီ ကျမ်းစာဆိုတဲ့အချိန် Taehyung သေချာနားထောင်မိသည်။
သတို့သမီးက သူတို့အချစ်ခရီးအကြောင်း စီကာပတ်ကုံးပြောသည်။
သတို့သားတစ်ယောက် ရှေ့တန်းထွက်နေချိန် သူမည်မျှလွမ်းဆွတ်ရကြောင်း၊ သူဘယ်လို စောင့်မျှော်နေခဲ့ရကြောင်း၊ မိုးရေတွေစိုစွတ်နေတဲ့နေ့တွေမှာတောင် ကြေးနန်းရုံရှေ့ သတင်းစကားစောင့်နေရကြောင်း စသဖြင့်။
Taehyungကြည့်ရင်း ပထမတော့ အားကျလာသည်၊ ထို့နောက် မနာလိုဖြစ်မိသည်၊ ထို့နောက် ဝမ်းနည်းပြီး မျက်ရည်ပါ ကျမိသည်။
သူ့ချစ်သူနဲ့အတူ တစ်နေ့တော့ ဒီလိုနေ့လေး ရောက်ချင်ပါရဲ့။
သမ္မာကျမ်းစာထဲက မောင်နှံနှစ်ဖော်စာပိုဒ်ကို ခင်ဗျားနဲ့အတူ ရွတ်ကြည့်ချင်ပါရဲ့။
အင်း... ဒီလို ကန့်သတ်ထားတဲ့ အတွေးအခေါ်တွေကြားကနေ ရုန်းထွက်ချင်လိုက်တာ လွန်ပါရော။
"ကန့်ကွက်မယ့်လူမရှိရင် သတို့သားသတို့သမီး နမ်းလို့ရပါပြီ"
ထိုအချိန်မှ Taehyung အတွေးတွေ စိတ်ကူးယဥ်ကမ္ဘာက ပြန်ရောက်နိုင်တော့သည်။
ဧည့်သည်တွေကို သတို့သား သတို့သမီးက လိုက်နှုတ်ဆက်ပြီး ညကပွဲအတွက် ဖိတ်သည်။
မင်္ဂလာပွဲပြီးတော့ ဘုရားကျောင်းမှာ သူတို့နှစ်ယောက်တည်း ကျန်ခဲ့သည်။
"ဆုတောင်းဦးမလား"
"ဆုတောင်းတွေကို မယုံဘူး...ခင်ဗျားရော"
"ကိုယ်က ကိုယ့်ဟာကိုယ်ကလွဲရင် ဘာကိုမှ မယုံဘူး"
Taehyung ငယ်ငယ်က ဘုရားသခင်က အခက်အခဲတွေကို ဖြေရှင်းပေးလိမ့်မည်၊ အမှန်တရားကို ဖော်ထုတ်ပေးလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
မိဘတွေမရှိတော့ နှင်းဆီမြိုင်မှာ နေရင်း ပိတ်လှောင်နေတဲ့ အခန်းကျယ်ကြီးထဲ တစ်ခုပြီးတစ်ခု ဆုတောင်းနေခဲ့သည်။
ကလေးအတွေးနဲ့ ဖေဖေမေမေ အသက်ရှင်လာဖို့၊ ဦးလေးအကြောင်းကို လူတွေအလိုလို သိသွားဖို့ အထပ်ထပ်အခါခါ ဆုတောင်းပေးပေမယ့် ဘယ်ဆုတောင်းမှ မဖြစ်လာ။
အဲ့တည်းက ဘာသာရေးအပေါ် အယုံအကြည်နည်းခဲ့တော့တာပင်။
"ကျုပ်ငယ်ငယ်က အများကြီး ဆုတောင်းဖူးတယ်"
"ကလေးတွေက ဆုတောင်းရတာ ကြိုက်ကြတာ သဘာဝပဲလေ"
"အခုတော့ ဆုတောင်းရတာထက် ကျမ်းကျိန်ရတာကို သဘောကျသလိုပဲ"
"ဟင် ဘယ်တုန်းက ကျမ်းကျိန်ရတာ သဘောကျသွားတာလဲ"
"အခုပဲ"
ဘုရားကျောင်းထိပ်က စားပွဲမှာ သမ္မာကျမ်းစာအုပ်ကြီး တင်ထားသည်။
Jeon အဲ့တာ မြင်ပြီး တစ်ခုခုကို တွေးမိလိုက်သည်။
"နှင်းဆီ.."
"ဟင်.."
"ကိုယ်နဲ့ လက်ထပ်မလား"
"အဟွတ် အဟွတ်! ဘာပြောလိုက်တယ်"
အိပ်မက်ထဲက စကားလား လက်တွေ့ဘဝက စကားလား မခွဲခြားနိုင်လောက်အောင် Taehyung ရင်ခုန်သံတွေ မြန်ဆန်နေပြီ။
အရှေ့ခုံတန်းမှာ တင်ထားတဲ့ လက်နှစ်ဖက်က တစ်ဆက်ဆက်တုန်ရီနေသည်။
စိမ်းပြာပြာမျက်လုံးရွဲကြီးတွေက Jeon မျက်လုံးတွေနဲ့ ဆုံဆည်းနေသည်။
"ဘုရားကျောင်းမှာ ရောက်နေတယ်၊ ကျမ်းစာအုပ်လည်း ရှိတယ် ဒီလောက်ဆို ကိုယ်တို့နှစ်ယောက်တည်း လက်ထပ်လို့ရတယ်"
"အို... မဖြစ်နိုင်တာ"
ပါးအို့နှစ်ဖက် နီမြန်းသွားရပြီး တစ်ဖက်သို့ လှည့်သွားသည်။
"ဟင်.. ကိုယ့်ကို လက်မထပ်ချင်ဘူးလား"
"အဲ့..အဲ့လို မဟုတ်ပါဘူး"
ထိုအချိန် တစ်ကိုယ်လုံး လေပေါ်မြှောက်တက်သွားသလို ခံစားချက်။
သတိထားမိတော့ Jeonက သူ့ကို ပွေ့ချီထားခဲ့သည်။
ဟောခန်းကြီးရဲ့ ရှေ့ဆုံးကို ရောက်မှာ ကြမ်းပြင်ပေါ်ချပေးသည်။
Jeonက ဘုရားကျောင်းက အဖြူရောင်ဇာပဝါပါးတစ်ခုကို သူ့ခေါင်းမှာ လွှမ်းခြုံထားပေးသည်။
ဇာပဝါရှည်ကြီးကြားက စိမ်းပြာရောင် မျက်လုံးတွေနဲ့ နှင်းဆီရောင်နှုတ်ခမ်းပါးကို ဝိုးတိုးဝါးတား မြင်နေရသည်။
သမ္မာကျမ်းစာထဲက စာပိုဒ်ကို အတူတူဆိုကြသည်။
သူတို့နှစ်ယောက်တည်း တစ်ကမ္ဘာတည်ပြီး လက်ထပ်ခဲ့ကြတာ.. မမျှော်လင့်ထားပါဘဲ၊ မစီစဥ်ထားပါဘဲ။
အချစ်စိတ်တစ်ခု ယိုဖိတ်ခြင်းဖြင့်သာ ဖြစ်တည်လာသော လက်ထပ်ပွဲလေး။
စားပွဲပေါ်မှာ အလှထိုးထိုးထားတဲ့ တောနှင်းဆီအသေးစားလေး တစ်ပွင့်ကို ယူပြီး လက်စွပ်သဏ္ဌာန်ဖြစ်အောင် ခွေရစ်လိုက်သည်။
ပကာသနမပါတဲ့ လက်ထပ်လက်စွပ်လေးရယ်၊ ဇာပဝါကို မ,တင်ပြီး နှုတ်ခမ်းပေါ်ကျလာတဲ့ အနမ်းလေးရယ်။
သူတို့လက်ထပ်ပွဲက ရိုးရိုးရှင်းရှင်းလေး ပြီးဆုံးသွားသည်။
အသိသက်သေမရှိ၊ ဘုန်းတော်ကြီးရဲ့ ဩဝါဒစကားတွေမရှိ၊ ပန်းစည်းတစ်စည်းမရှိ။
သူတို့နှစ်ယောက်တည်းနှင့် အရာရာပြည့်စုံသွားသည်။
Taehyung နေ့ချင်းညချင်း အိမ်ထောင်သည်ဖြစ်လာတာကို မယုံနိုင်ဖြစ်နေသည်။
သူ့ချစ်သူကို သူ့တစ်ဦးတည်းသဘောနဲ့ လက်ထပ်ခဲ့ပြီ။
သူ့ချစ်သူကို မော့ကြည့်သည်... တိကျသေသပ်သော နှုတ်ခမ်းတစ်စုံရယ်၊ နှုတ်ခမ်းပါးအောက်က မှဲ့နက်လေးရယ်က်ုမြင်တော့ ရင်ထဲသိမ့်ခနဲ ဖြစ်သွားသည်။
ဪ... ဒီလူက သူ့ကို လက်ထပ်ခဲ့ပြီပဲ။
မြင်းနီကြီးနဲ့ Jeon ကိုတိုက်မိခဲ့ချိန်ရယ်၊ နှင်းဆီမြိုင်က ကိုယ့်အခန်းထဲမှာ အတင်းဝင်ထိုင်နေတဲ့လူရယ်။
ဖြစ်ပျက်သမျှ တစ်ခုချင်းကို အနှေးပြကွက်တွေအလား တွေးနေမိသည်။
"ကျုပ်ကို လက်ထပ်ရလို့ နောင်တမရမှာ သေချာရဲ့လား"
"လက်ထပ်ပြီးပြီပဲ မေးစရာလိုသေးလို့လား"
"တကယ်လို့ ကျုပ်က ခင်ဗျားနားလည်သလောက် မရိုးရှင်းဘူးဆိုရင်ရော"
"မရိုးရှင်းတာကိုလည်း ကိုယ်ကနားလည်နိုင်တာပါပဲ"
နဖူးပြင်ကို လာနမ်းတဲ့အခါ Taehyung မျက်ရည်တစ်စက်ကျသွားသည်။
သူ့အရာရာကို Jeonက နားလည်ပေးလိမ့််မယ်လို့ ဘယ်လိုယုံကြည်မှုနဲ့ ခံစားမိနေတယ်မှန်းမသိ။
"ကျုပ် ဝန်ခံစရာရှိတယ်။ ကျုပ် ၇နှစ်သားတုန်းက..."
Jeon က ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး...
"Joanna မောင်ကိစ္စလည်း သိတယ်၊ ချာတိတ်မိဘတွေ ကိစ္စလည်း သိတယ်။
ချာတိတ်အပြစ်မရှိပါဘူး။ ကိုယ့်အမြင်မှာ ချာတိတ်က ဖြူစင်တဲ့ နှင်းဆီမြိုင်သခင်လေးပါပဲ"
"ခင်ဗျား ဘယ်လို..."
"ကိုယ်အရာရာနားလည်နိုင်တယ်လို့ ပြောသားပဲ"
Taehyung ရှိုက်ကြီးတငင် ငိုမိတော့သည်။
သူကိုယ်တိုင် ဝန်ခံခဲ့ချင်ပေမယ့် Jeonက ကြိုသိပြီး သူ့ကို ခွင့်လွှတ်နားလည်ထားခဲ့သည်။
ဒီလူ သူ့ကိုကြောက်သွားလိမ့်မယ်လို့ သူဘယ်လိုများ ထင်ရက်နိုင်ခဲ့ရတာလဲ။
"ခင်ဗျားကို ချစ်လိုက်တာ"
"ကိုယ့်ကို မမီပါဘူး"
ဘုရားကျောင်းမှာ သူတို့အနမ်းတွေရဲ့ ပရိတ်သတ်က လွတ်လပ်နေတဲ့ ခုံတန်းရှည်ကြီးတွေသာ ရှိသည်။
အပြင်ကနေ လမ်းမှားပြီး ပျံသန်းလာတဲ့ ငှက်လေးတွေက တစီစီအော်နေကြသည်။
သူတို့သာ လူစကားတတ်လျှင် ဒီလက်ထပ်ပွဲလေးအတွက် ဂုဏ်ပြုရပါကြောင်း ပြောနေကြမည် ထင်ပါရဲ့။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
ဇူလိုင္လကုန္ခါနီးအခ်ိန္ မိုးတစိမ့္စိမ့္နဲ႔ ေန႔တစ္ေန႔မွာ Suzan အေဖ Mr. Clark ဆီက စာေရာက္လာသည္။
မိမိသမီး၏လုပ္ရပ္အတြက္ အင္မတန္ မ်က္ႏွာပူရပါေၾကာင္း၊ ဖခင္တစ္ေယာက္အေနနဲ႔ တာဝန္မေက်ခဲ့သလို ခံစားရပါေၾကာင္း၊ မိမိဆုံးမမႈညံ့ဖ်င္းခဲ့ေၾကာင္း တသီတသန္းႀကီး ေရးဖြဲ႕ထားသည္။
ထို႔အျပင္ လုံၿခဳံမႈမရွိတဲ့ သစ္ကတိုးစုဆီ သမီးေလးကို ျပန္မေခၚလိုတာေၾကာင့္ Taehyung အႀကံျပဳသည့္အတိုင္း ေဆး႐ုံကေဒၚေဒၚထံမွာ Suzanကို အပ္ထားမည္ျဖစ္ေၾကာင္း၊ မာကြန္ၿမိဳ႕တို႔လို စိတ္ခ်ရတဲ့ၿမိဳ႕ေတြမွာလည္း အမ်ိဳးအေဆြမရွိတာေၾကာင့္ အခုလိုစီစဥ္ရေတာ့မည္ျဖစ္ေၾကာင္း စီကာပတ္ကုံး ေရးထားသည္။
စင္စစ္မွာ Taehyungနဲ႔ Mr. Clarkက တစ္ခါမွ မသိဖူးမဆုံဖူး.. Suzan ကိစၥနဲ႔ ပတ္သက္၍သာ ပထမဆုံး အဆက္အသြယ္လုပ္ဖူးၾကျခင္းပင္။
"ဘာတဲ့လဲ Mr. Clark က"
"ဟိုဘြားေတာ္အိမ္မွာ ထားလိုက္မယ္တဲ့။ က်ဳပ္ကိုလည္း အားနာေၾကာင္း ေရးထားေသးတယ္"
"ဟိုဘြားေတာ္တဲ့လား ဟား ဟား ဟား"
ခ်ာတိတ္ရဲ႕ စြာစိေနတဲ့ အေျပာေလးေၾကာင့္ ခြက္ထိုးခြက္လန္ရယ္မိေတာ့သည္။
အတၱလန္တာက 'အပ်ိဳေခါင္း'လို႔ ေျပာရေလာက္သည့္ အပ်ိဳႀကီးကို ခ်ာတိတ္က ေျပာလိုက္တာမ်ား 'ဘြားေတာ္' တဲ့ေလ။
"ဘြားေတာ္ေပါ့။ အင္မတန္ ႏႈတ္သီးရွည္ၿပီး ပါးစပ္ဖြာတဲ့ ၾကက္တူေ႐ြးမႀကီး။ Suzan နဲ႔ အဲ့ဘြားေတာ္ လိုက္လည္း လိုက္ပါေပတယ္"
"ခ်ာတိတ္ရန္ေတြ႕ေနတာေလးက အရမ္းခ်စ္ဖို႔ေကာင္းေနလို႔ ဘယ္လိုလုပ္ရပါ့မလဲ"
ေ႐ႊေရာင္ဆံပင္ေလးကို ဖြမိေတာ့ လက္ေကာက္ဝတ္ကို ကိုင္ၿပီး တားသည္။
မ်က္ခုံးေတြကို ရႈံ႕ထားေသးသည္။
ရန္ေတြ႕တဲ့ ႐ုပ္ေလးကအစ ခ်စ္ဖို႔ေကာင္းေနေတာ့ ခက္ၿပီေရာကြယ္။
"အခု ကုန္ေလွာင္႐ုံကေရာ အဆင္ေျပလား"
"အရင္ကေလာက္ေတာ့ ဘယ္ဟုတ္ေတာ့မလဲ။ ေလွာင္စရာပစၥည္းေတြမွ မရွိၾကေတာ့တာ"
"စစ္ႀကီးျဖစ္တာ လူေတြလည္း မြဲေတကုန္ၾကေရာ"
"ခ်ာတိတ္ကိုေတာ့ မမြဲေအာင္ ထားႏိုင္ပါတယ္... စစ္ပြဲအတြင္းေရာ စစ္အၿပီးေရာ မေၾကာင့္မက် မေတာင္းမတကို ထားမွာ"
"လာဘ္ထိုးမေနနဲ႔။ က်ဳပ္ကေယာက်္ားေလး အဲ့ေလာက္ထိ ဖူးဖူးမႈတ္ထားဖို႔ မလိုပါဘူး"
"ေယာက်္ားေလးေပမယ့္ ႐ိုး႐ိုးေယာက်္ားေလးမဟုတ္ဘူး။ ကိုယ့္ရဲ႕ဘုရင္ေလး"
Jeonဆီက အဲ့လို မထိတထိစကားေတြမ်ားၾကားရရင္ ရင္ဘတ္တစ္ခုလုံး ငလ်င္လႈပ္သလို ေသာင္းက်န္းလာၿပီး ပါးေတြနားေတြ ပူရဲလာသည္။
အဲ့လိုျဖစ္မွန္းသိရက္နဲ႔ Jeonက လူနားကို တအားကပ္ၿပီး ဆက္ေျပာေနေတာ့တာပင္။
"ေပါက္တက္ကရ"
ဇူလိုင္လက မိုးတေစြေစြနဲ႔ ႐ြံ႕ဗြက္ေတြ ထေနသည္။ တစ္ေနရာနဲ႔ တစ္ေနရာ သြားလို႔ပင္မေကာင္း။
ဒီအခ်ိန္မွာ ျပည္နယ္တပ္ဘက္ကေရာ ျပည္ေထာင္စုယန္ကီတပ္ဘက္ကေရာ အက်အဆုံးမ်ားလာသည္။ ေသနတ္ဒဏ္ရာ၊ ဗုံးထိမွန္ဒဏ္ရာေၾကာင့္ က်ဆုံးတာထက္ ဝမ္းကိုက္ေဝဒနာေၾကာင့္ က်ဆုံးတာက ခပ္မ်ားမ်ား။
ျပည္နယ္တပ္က အက်အဆုံးသတင္းမ်ားၾကားရေလေလ အမ်ိဳးသမီးေတြက Jeon JungKookကို မ်က္မုန္းက်ိဳးၾကေလေလ။
အသက္ ၂၉ႏွစ္အ႐ြယ္ သန္သန္စြမ္းစြမ္း ေတာင္ပိုင္းဇာတိ အမ်ိဳးသားတစ္ေယာက္ ေရွ႕တန္းမထြက္တာက သူတို႔အတြက္ သစၥာေဖာက္ႀကီးတစ္ေယာက္လို ျဖစ္ေနသည္။
အထူးသျဖင့္ Jeon JungKookရဲ႕ လိင္တူခ်င္း ရည္ငံေနသည့္ ဆက္ဆံေရးကို သိေသာအခါ ေပၚေပၚထင္ထင္ပင္ အထင္ေသးဟန္ ျပၾကသည္။
သူတို႔ကုန္ေလွာင္႐ုံေလးမွာ ေမွာင္ခိုအျမတ္ႀကီးစား ကုန္သည္မ်ားကလြဲရင္ ပစၥည္းလာအပ္သူမရွိေတာ့။
Jeonအတြက္ ဒါက ဘာမွမျဖစ္တဲ့ အေသးအဖြဲကိစၥ။
သို႔ေပမယ့္ ဆုတ္ယုတ္လာေသာ စီးပြားေရးအေျခအေနေၾကာင့္ ခ်ာတိတ္အခက္အခဲျဖစ္မွာကိုပဲ စိုးရိမ္ေနမိသည္။
'ေလွာင္စရာပစၥည္းမရွိေတာ့လို႔' ဆိုတာဟာ ခ်ာတိတ္စိတ္သက္သာေအာင္ေျပာတဲ့ ဆင္ေျခတစ္ခု။
"ေရာ့... ေကာ္ဖီပူပူေလး ေသာက္လိုက္ဦး။ ခင္ဗ်ားအလုပ္မွာ အဆင္မေျပလို႔လား မ်က္ႏွာလည္း မေကာင္းဘူး"
ျပတင္းမွန္အျပင္ဘက္က မိုးစက္ေတြကို ၾကည့္ေနတုန္း ခ်ာတိတ္က ကိုယ့္လက္ထဲ ေကာ္ဖီပူပူတစ္ခြက္ထည့္ေပးသည္။
ျပတင္းမွန္ကို ႐ိုက္ခတ္ေနေသာ မိုးစက္သံေတြကို ႏွစ္ကိုယ္တူ နားဆင္ေနၾကသည္ဟု ခံစားမိသည္။
"ေျပပါတယ္... ခ်ာတိတ္ပူစရာမလိုပါဘူး"
"အဲ့လိုေတာ့ ဘယ္ဟုတ္မလဲ။ က်ဳပ္ပူတာကလည္း စီးပြားေရးကိုမဟုတ္ဘူး။ စီးပြားေရးေၾကာင့္ စိတ္ရႈပ္ရမယ့္ ခင္ဗ်ားကို စိတ္ပူတာ"
"စကားတတ္လိုက္တာ ကိုယ့္ခ်ာတိတ္က"
"ရင္ထဲက စကားေတြပါေနာ္"
"ခ်ာတိတ္ေရာ ေကာ္ဖီေသာက္ဦးမလား"
"ဟင့္အင္း..."
ေကာ္ဖီက ခါးသက္ေနသည္။ သၾကား၊ ႏို႔ဆီ ဆိုတာ အရသာေတာင္ ခံလို႔မရ။
ေခတ္ပ်က္ႀကီးမွာ အစစအရာရာေခြၽတာေနရသည္။
ေကာ္ဖီခါးခါးႀကိဳတ္တတ္သူမို႔ အံဝင္ခြင္က်ျဖစ္ႏိုင္တာပင္။
"စစ္ႀကီးက ဘယ္ေတာ့မ်ားမွ ၿပီးမလဲမသိဘူးေနာ္။ စစ္ႀကီးမၿပီးေတာ့ ရည္႐ြယ္ထားတာေတြလည္း မလုပ္ရ"
"ဟင္.. ခ်ာတိတ္က ဘာရည္႐ြယ္ထားလို႔လဲ"
"ခင္ဗ်ားမသိပါဘူး"
"ကိုယ့္ကို လက္ထပ္ဖို႔ ရည္႐ြယ္ထားတာဆိုရင္ေတာ့ အခုလုပ္ခ်င္လည္း ရတယ္ေနာ္"
Jeonက စကားအျဖစ္ေျပာလိုက္ေပမယ့္ Taehyung သက္ျပင္းရႈိက္မိသြားသည္။
သူ Jeonကို လက္ထပ္ခ်င္သည္။ သို႔ေသာ္ သူ႔အတိတ္ကို ဖုံးကြယ္၍ေတာ့ မဟုတ္။
Jeonကို ဘယ္လို ဖြင့္ေျပာရပါ့မလဲ။
Jeon သူ႔ကို ေၾကာက္သြားတာမ်ိဳး သနားစိတ္ဝင္သြားတာမ်ိဳး မျဖစ္ေစခ်င္ပါ။
အဲ့လို စိုးရိမ္စိတ္ေတြေၾကာင့္ အရာရာဖြင့္ေျပာဖို႔ရာ စိတ္ခြန္အားက ရွိမေန။
"အဲ့လိုႀကီး ၾကည့္ေနေတာ့မွာလား"
"အင္း... တစ္ေနကုန္ ၾကည့္ေနလိုက္ခ်င္တာ"
ေျပာၿပီး ရွက္ၿပဳံးေလးၿပဳံးကာ တစ္ဖက္သို႔ လွည့္သြားသည္။
____
ဒီေန႔ Jeon ဆႏၵအရ လက္ထပ္ပြဲတက္ဖို႔ရွိသည္။
Taehyung အက်င့္အရဆို လူၾကားသူၾကားသြားလာရတာသေဘာမက်သလို ဘုရားေက်ာင္းသြားဖို႔ဆို ပိုလို႔ေတာင္ ေဝးေသးသည္။
မိ႐ိုးဖလာအရ Taehyungက ဗရင္ဂ်ီဘာသာဝင္ခရစ္ယာန္ဆိုေပမယ့္ ဘာသာေရးကိုင္းရႈိင္းသူေတာ့မဟုတ္။
Joannaဆို ညညတိုင္း ကပၸလီကြၽန္ေတြနဲ႔အတူ ဘုရားဝတ္ျပဳသည္။
Taehyungကေတာ့ ဘာသာမဲ့နဲ႔ပင္ တူေနေသးသည္။
နံ႔သာေရာင္ ခ်ည္သားရွပ္အက်ႌေလးကို ၾကက္ေသြးေရာင္ vestေလး ထပ္ဝတ္လိုက္သည္။
နယူးေအာ္လီယန္အသိမ္းမခံရခင္က Jeon ၀ယ္ထားေပးတဲ့ လိပ္ျပာေတာင္လည္စီးကို လည္တိုင္မွာ စီးလိုက္သည္။
"အဆင္သင့္ျဖစ္ရင္ သြားၾကစို႔ေလ"
"အင္း သြားမယ္"
ပုံမွန္အတိုင္းဆို ျမင္းရထား သို႔တည္းမဟုတ္ ဘာဂီကို Jeonကိုယ္တိုင္ ေမာင္းေလ့ရွိသည္။
ဒီေန႔ေတာ့ ပြဲတက္ရမွာမို႔ အိမ္က ျမင္းရထားထိန္းကပၸလီႀကီးက ေမာင္းႏွင္ေပးသည္။
"ဘုရားေက်ာင္းက ေဝးလား"
"မက္မုံပင္လမ္း အေက်ာ္ေလးတင္ပါပဲ"
ျမင္းရထားက သားသားနားနားမို႔ တခ်ိဳ႕လူေတြ လည္ျပန္ေငးၾကသည္။
ေခတ္ပ်က္ႀကီးမွာ ျမင္းရထားေကာင္းေတာင္ ရွားပါးလို႔ေနသည္။
ဗရင္ဂ်ီဘာသာဘုရားေက်ာင္းက ထုထည္ႀကီးႀကီး ေဆာက္ထားၿပီး အေတာ္ေလး ျမင့္သည္။
တစ္ထပ္အေဆာက္အအုံဆိုေပမယ့္ လူေနအိမ္ ၃ ထပ္စာေလာက္ ျမင့္ထားသည့္ ေဟာခန္းက်ယ္ႀကီးပင္။
လူပ်ိဳေလးေတြက ေရွ႕တန္းေရာက္ေနတာမ်ားေတာ့ လက္ထပ္ပြဲမွာ အမ်ိဳးသားဆို၍ အ႐ြယ္လြန္အဘိုးႀကီးေတြနဲ႔ အ႐ြယ္မေရာက္ေသးတဲ့ ကေလးမ်ားသာရွိသည္။
သတို႔သားအရံေတာင္ တပ္ေထာက္႐ုံးက ေျခလက္အဂၤါစုံတဲ့ တပ္သားေလးကို ေခၚထည့္ထားတာျဖစ္သည္။
"ဘုရားေက်ာင္းက လက္ထပ္ပြဲက ဒီလိုေျခာက္ကပ္ကပ္ပဲလား"
"အင္း...အရင္ကေတာ့ လူမ်ားတာေပါ့။ ခုလို စစ္ကာလက် ဘယ္လူမ်ားႏိုင္ေတာ့မလဲ"
"မဂၤလာေဆာင္ရတာေတာင္ ပ်င္းစရာေကာင္းေနပါလား"
ဟိုဘက္ဒီဘက္ ခုံတန္းရွည္ေတြၾကား ႏွစ္ဦးသားယွဥ္တြဲလမ္းေလွ်ာက္လာေတာ့ မိန္းမႀကီးေတြက အကဲခတ္သလိုလို လိုက္ၾကည့္ေနၾကသည္။
သတို႔သမီးရဲ႕မိခင္ႀကီးက ထိုင္ေနရာက ထလာၿပီး လာႏႈတ္ဆက္သည္။
"အိုး...ႏွင္းဆီၿမိဳင္သခင္ေလးတို႔လည္း လာၾကတာကိုး။ အဟင္း.. Mr. Jeon ေရာ ပါလာတာပဲ"
မႏႈတ္ဆက္ခ်င္ေပမယ့္ လူက်င့္ဝတ္အရ မိန္းမႀကီးလက္ကို နမ္းၿပီးႏႈတ္ဆက္ရလွ်င္ Taehyung ေအာ္ဂလီဆန္သြားသည္။
မိန္းမႀကီးက သူတို႔ကို လိုလိုလားလားမရွိသလို သူတို႔လည္း အျပန္အလွန္ထို႔နည္းတူပင္။
"ဟိုဘက္မွာ ထိုင္ၾက။ အန္တီ အေအးနဲ႔မုန္႔ယူခဲ့မယ္"
မဂၤလာပြဲက တင့္တင့္တယ္တယ္၊ အႏုတ္စုတ္ဂုတ္စုတ္ပြဲမဟုတ္။
ဒီေခတ္ႀကီးမွာ ေငြျဖဳန္းလြန္းသည္ဟုပင္ ထင္မိသည္။
သတို႔သမီးက သစ္ခြပန္းျဖဴျဖဴေတြကို ကိုင္ထားၿပီး ဂါဝန္ျဖဴျဖဴကို ဝတ္ထားသည္။
အၾကပ္အတည္းၾကားထဲမွရေသာ မဂၤလာဝတ္စုံမွန္း သိသာေနသည္။
ေသခ်ာၾကည့္လွ်င္ ဂါဝန္ေအာက္ေျခမွာ အဝါေရာင္ေဆးစြန္းေနတာကိုပင္ ျမင္ေနရသည္။
သတို႔သားက မဲ့ေျခာက္ဗရပ်စ္နဲ႔ မ်က္ခုံးထူထူ၊ ႏွာေခါင္းခြၽန္ခြၽန္။
သူ႔မွာရွိသမွ်ထဲက အေကာင္းဆုံးစစ္ယူနီေဖာင္းကို ဝတ္ထားရဟန္တူသည္။
အျပာေရာင္ သကၠလက္က အသီးေတြေတာင္ ထေနသည္။
"သတို႔သားကလည္း ဒီထက္ေကာင္းတာ ဝတ္စရာမရွိေတာ့ဘူးလားမသိဘူး"
ခ်ာတိတ္က တိုးတိုးကပ္ေျပာသည္။
ကြၽန္ေတာ္ ဘာရယ္မဟုတ္ ရယ္သံတစ္ခ်က္ထြက္သြားေတာ့ အေရွ႕ ႏွစ္တန္းေက်ာ္က မိန္းမႀကီးႏွစ္ေယာက္က လွည့္ၾကည့္လာသည္။
ေလာေလာဆယ္ လက္ထပ္ပြဲမွာ သတို႔သားထက္ သူတို႔ႏွစ္ေယာက္ ဝတ္ထားတာ ေတာက္ေျပာင္သားနားေနသည္။
အေပါက္အၿပဲမရွိ အသီးမထေသာ ဝတ္စုံကို ေက်ာ့ေက်ာ့ ေမာ့ေမာ့ဝတ္ဆင္ထားသည္။
"ဒီေလာက္ေကာင္းတာေတာင္ မနည္းရွာထားရမွာ ခ်ာတိတ္ရဲ႕။ ဒါေတာင္ တျခားပြဲေတြထက္ သားနားေသးတာ"
ေခါင္းငုံ႔၍တရားမွတ္ေနၾကေသာ ဧည့္ပရိတ္သတ္ေတြၾကား ေခါင္းခ်င္းဆိုင္၍ တီးတိုးေျပာဆိုေနၾကေသာ သူတို႔ႏွစ္ေယာင္ကို ဘုန္းေတာ္ႀကီးက မ်က္မွန္ထူထူေအာက္ကေန ဘုၾကည့္ၾကည့္လာသည္။
"ဘုရားေက်ာင္းမွာ ဆိတ္ဆိတ္ေနေပးၾကပါ"
ဒီသတိေပးစကားက သူတို႔ႏွစ္ေယာက္ကို ေျပာခ်င္မွန္း လူတိုင္း သိေနသည္။
"ပါးစပ္ပါတဲ့လူေတြကို ေခၚထားၿပီး တိတ္ခိုင္းေနတဲ့ ဆိတ္အိုႀကီး"
ခ်ာတိတ္ေျပာလို႔ ၾကည့္ေတာ့ ဘုန္းေတာ္ႀကီးက တကယ့္ ဆိတ္အိုႀကီးပုံစံေပါက္ေနသလိုလို။
ပါးစပ္ကလည္း သမၼာက်မ္းစာတစ္ပိုဒ္ကို ၾကက္တူေ႐ြးလို တတြတ္တြတ္႐ြတ္ျပေနသည္။
"မရယ္နဲ႔..!"
"ရယ္စရာေျပာၿပီး မရယ္နဲ႔ဆိုေတာ့ ကိုယ္က တရားမွတ္ေနရမွာလား"
"အဟမ္း အဟမ္း!"
ဘုန္းေတာ္ႀကီးက သမၼာက်မ္းစာ႐ြတ္ေနရင္း ေခ်ာင္းဟန္႔သည္။
သူတို႔ကို ေစ့ေစ့ၾကည့္ၿပီး သတိေပးေနသည္။
ခဏအၾကာမွာေတာ့ သတို႔သားနဲ႔ သတို႔သမီးက ဘုန္းေတာ္ႀကီးေရွ႕ရပ္ၿပီး က်မ္းသစၥာက်ိန္ဆိုၾကသည္။
ဗရင္ဂ်ီဘာသာဝင္ေတြထုံးစံအတိုင္း က်မ္းသစၥာက ရွည္ရွည္လ်ားလ်ားနဲ႔ ၿငီးေငြ႕ဖြယ္အတိ။
ဇနီးေမာင္ႏွံတစ္လွည့္စီ က်မ္းစာဆိုတဲ့အခ်ိန္ Taehyung ေသခ်ာနားေထာင္မိသည္။
သတို႔သမီးက သူတို႔အခ်စ္ခရီးအေၾကာင္း စီကာပတ္ကုံးေျပာသည္။
သတို႔သားတစ္ေယာက္ ေရွ႕တန္းထြက္ေနခ်ိန္ သူမည္မွ်လြမ္းဆြတ္ရေၾကာင္း၊ သူဘယ္လို ေစာင့္ေမွ်ာ္ေနခဲ့ရေၾကာင္း၊ မိုးေရေတြစိုစြတ္ေနတဲ့ေန႔ေတြမွာေတာင္ ေၾကးနန္း႐ုံေရွ႕ သတင္းစကားေစာင့္ေနရေၾကာင္း စသျဖင့္။
Taehyungၾကည့္ရင္း ပထမေတာ့ အားက်လာသည္၊ ထို႔ေနာက္ မနာလိုျဖစ္မိသည္၊ ထို႔ေနာက္ ဝမ္းနည္းၿပီး မ်က္ရည္ပါ က်မိသည္။
သူ႔ခ်စ္သူနဲ႔အတူ တစ္ေန႔ေတာ့ ဒီလိုေန႔ေလး ေရာက္ခ်င္ပါရဲ႕။
သမၼာက်မ္းစာထဲက ေမာင္ႏွံႏွစ္ေဖာ္စာပိုဒ္ကို ခင္ဗ်ားနဲ႔အတူ ႐ြတ္ၾကည့္ခ်င္ပါရဲ႕။
အင္း... ဒီလို ကန္႔သတ္ထားတဲ့ အေတြးအေခၚေတြၾကားကေန ႐ုန္းထြက္ခ်င္လိုက္တာ လြန္ပါေရာ။
"ကန္႔ကြက္မယ့္လူမရွိရင္ သတို႔သားသတို႔သမီး နမ္းလို႔ရပါၿပီ"
ထိုအခ်ိန္မွ Taehyung အေတြးေတြ စိတ္ကူးယဥ္ကမာၻက ျပန္ေရာက္ႏိုင္ေတာ့သည္။
ဧည့္သည္ေတြကို သတို႔သား သတို႔သမီးက လိုက္ႏႈတ္ဆက္ၿပီး ညကပြဲအတြက္ ဖိတ္သည္။
မဂၤလာပြဲၿပီးေတာ့ ဘုရားေက်ာင္းမွာ သူတို႔ႏွစ္ေယာက္တည္း က်န္ခဲ့သည္။
"ဆုေတာင္းဦးမလား"
"ဆုေတာင္းေတြကို မယုံဘူး...ခင္ဗ်ားေရာ"
"ကိုယ္က ကိုယ့္ဟာကိုယ္ကလြဲရင္ ဘာကိုမွ မယုံဘူး"
Taehyung ငယ္ငယ္က ဘုရားသခင္က အခက္အခဲေတြကို ေျဖရွင္းေပးလိမ့္မည္၊ အမွန္တရားကို ေဖာ္ထုတ္ေပးလိမ့္မည္ဟု ယုံၾကည္ခဲ့သည္။
မိဘေတြမရွိေတာ့ ႏွင္းဆီၿမိဳင္မွာ ေနရင္း ပိတ္ေလွာင္ေနတဲ့ အခန္းက်ယ္ႀကီးထဲ တစ္ခုၿပီးတစ္ခု ဆုေတာင္းေနခဲ့သည္။
ကေလးအေတြးနဲ႔ ေဖေဖေမေမ အသက္ရွင္လာဖို႔၊ ဦးေလးအေၾကာင္းကို လူေတြအလိုလို သိသြားဖို႔ အထပ္ထပ္အခါခါ ဆုေတာင္းေပးေပမယ့္ ဘယ္ဆုေတာင္းမွ မျဖစ္လာ။
အဲ့တည္းက ဘာသာေရးအေပၚ အယုံအၾကည္နည္းခဲ့ေတာ့တာပင္။
"က်ဳပ္ငယ္ငယ္က အမ်ားႀကီး ဆုေတာင္းဖူးတယ္"
"ကေလးေတြက ဆုေတာင္းရတာ ႀကိဳက္ၾကတာ သဘာဝပဲေလ"
"အခုေတာ့ ဆုေတာင္းရတာထက္ က်မ္းက်ိန္ရတာကို သေဘာက်သလိုပဲ"
"ဟင္ ဘယ္တုန္းက က်မ္းက်ိန္ရတာ သေဘာက်သြားတာလဲ"
"အခုပဲ"
ဘုရားေက်ာင္းထိပ္က စားပြဲမွာ သမၼာက်မ္းစာအုပ္ႀကီး တင္ထားသည္။
Jeon အဲ့တာ ျမင္ၿပီး တစ္ခုခုကို ေတြးမိလိုက္သည္။
"ႏွင္းဆီ.."
"ဟင္.."
"ကိုယ္နဲ႔ လက္ထပ္မလား"
"အဟြတ္ အဟြတ္! ဘာေျပာလိုက္တယ္"
အိပ္မက္ထဲက စကားလား လက္ေတြ႕ဘဝက စကားလား မခြဲျခားႏိုင္ေလာက္ေအာင္ Taehyung ရင္ခုန္သံေတြ ျမန္ဆန္ေနၿပီ။
အေရွ႕ခုံတန္းမွာ တင္ထားတဲ့ လက္ႏွစ္ဖက္က တစ္ဆက္ဆက္တုန္ရီေနသည္။
စိမ္းျပာျပာမ်က္လုံး႐ြဲႀကီးေတြက Jeon မ်က္လုံးေတြနဲ႔ ဆုံဆည္းေနသည္။
"ဘုရားေက်ာင္းမွာ ေရာက္ေနတယ္၊ က်မ္းစာအုပ္လည္း ရွိတယ္ ဒီေလာက္ဆို ကိုယ္တို႔ႏွစ္ေယာက္တည္း လက္ထပ္လို႔ရတယ္"
"အို... မျဖစ္ႏိုင္တာ"
ပါးအို႔ႏွစ္ဖက္ နီျမန္းသြားရၿပီး တစ္ဖက္သို႔ လွည့္သြားသည္။
"ဟင္.. ကိုယ့္ကို လက္မထပ္ခ်င္ဘူးလား"
"အဲ့..အဲ့လို မဟုတ္ပါဘူး"
ထိုအခ်ိန္ တစ္ကိုယ္လုံး ေလေပၚေျမႇာက္တက္သြားသလို ခံစားခ်က္။
သတိထားမိေတာ့ Jeonက သူ႔ကို ေပြ႕ခ်ီထားခဲ့သည္။
ေဟာခန္းႀကီးရဲ႕ ေရွ႕ဆုံးကို ေရာက္မွာ ၾကမ္းျပင္ေပၚခ်ေပးသည္။
Jeonက ဘုရားေက်ာင္းက အျဖဴေရာင္ဇာပဝါပါးတစ္ခုကို သူ႔ေခါင္းမွာ လႊမ္းၿခဳံထားေပးသည္။
ဇာပဝါရွည္ႀကီးၾကားက စိမ္းျပာေရာင္ မ်က္လုံးေတြနဲ႔ ႏွင္းဆီေရာင္ႏႈတ္ခမ္းပါးကို ဝိုးတိုးဝါးတား ျမင္ေနရသည္။
သမၼာက်မ္းစာထဲက စာပိုဒ္ကို အတူတူဆိုၾကသည္။
သူတို႔ႏွစ္ေယာက္တည္း တစ္ကမာၻတည္ၿပီး လက္ထပ္ခဲ့ၾကတာ.. မေမွ်ာ္လင့္ထားပါဘဲ၊ မစီစဥ္ထားပါဘဲ။
အခ်စ္စိတ္တစ္ခု ယိုဖိတ္ျခင္းျဖင့္သာ ျဖစ္တည္လာေသာ လက္ထပ္ပြဲေလး။
စားပြဲေပၚမွာ အလွထိုးထိုးထားတဲ့ ေတာႏွင္းဆီအေသးစားေလး တစ္ပြင့္ကို ယူၿပီး လက္စြပ္သဏၭာန္ျဖစ္ေအာင္ ေခြရစ္လိုက္သည္။
ပကာသနမပါတဲ့ လက္ထပ္လက္စြပ္ေလးရယ္၊ ဇာပဝါကို မ,တင္ၿပီး ႏႈတ္ခမ္းေပၚက်လာတဲ့ အနမ္းေလးရယ္။
သူတို႔လက္ထပ္ပြဲက ႐ိုး႐ိုးရွင္းရွင္းေလး ၿပီးဆုံးသြားသည္။
အသိသက္ေသမရွိ၊ ဘုန္းေတာ္ႀကီးရဲ႕ ဩဝါဒစကားေတြမရွိ၊ ပန္းစည္းတစ္စည္းမရွိ။
သူတို႔ႏွစ္ေယာက္တည္းႏွင့္ အရာရာျပည့္စုံသြားသည္။
Taehyung ေန႔ခ်င္းညခ်င္း အိမ္ေထာင္သည္ျဖစ္လာတာကို မယုံႏိုင္ျဖစ္ေနသည္။
သူ႔ခ်စ္သူကို သူ႔တစ္ဦးတည္းသေဘာနဲ႔ လက္ထပ္ခဲ့ၿပီ။
သူ႔ခ်စ္သူကို ေမာ့ၾကည့္သည္... တိက်ေသသပ္ေသာ ႏႈတ္ခမ္းတစ္စုံရယ္၊ ႏႈတ္ခမ္းပါးေအာက္က မွဲ႔နက္ေလးရယ္က္ုျမင္ေတာ့ ရင္ထဲသိမ့္ခနဲ ျဖစ္သြားသည္။
ဪ... ဒီလူက သူ႔ကို လက္ထပ္ခဲ့ၿပီပဲ။
ျမင္းနီႀကီးနဲ႔ Jeon ကိုတိုက္မိခဲ့ခ်ိန္ရယ္၊ ႏွင္းဆီၿမိဳင္က ကိုယ့္အခန္းထဲမွာ အတင္းဝင္ထိုင္ေနတဲ့လူရယ္။
ျဖစ္ပ်က္သမွ် တစ္ခုခ်င္းကို အေႏွးျပကြက္ေတြအလား ေတြးေနမိသည္။
"က်ဳပ္ကို လက္ထပ္ရလို႔ ေနာင္တမရမွာ ေသခ်ာရဲ႕လား"
"လက္ထပ္ၿပီးၿပီပဲ ေမးစရာလိုေသးလို႔လား"
"တကယ္လို႔ က်ဳပ္က ခင္ဗ်ားနားလည္သေလာက္ မ႐ိုးရွင္းဘူးဆိုရင္ေရာ"
"မ႐ိုးရွင္းတာကိုလည္း ကိုယ္ကနားလည္ႏိုင္တာပါပဲ"
နဖူးျပင္ကို လာနမ္းတဲ့အခါ Taehyung မ်က္ရည္တစ္စက္က်သြားသည္။
သူ႔အရာရာကို Jeonက နားလည္ေပးလိမ့္္မယ္လို႔ ဘယ္လိုယုံၾကည္မႈနဲ႔ ခံစားမိေနတယ္မွန္းမသိ။
"က်ဳပ္ ဝန္ခံစရာရွိတယ္။ က်ဳပ္ ၇ႏွစ္သားတုန္းက..."
Jeon က ရင္ခြင္ထဲ ဆြဲသြင္းလိုက္ၿပီး...
"Joanna ေမာင္ကိစၥလည္း သိတယ္၊ ခ်ာတိတ္မိဘေတြ ကိစၥလည္း သိတယ္။
ခ်ာတိတ္အျပစ္မရွိပါဘူး။ ကိုယ့္အျမင္မွာ ခ်ာတိတ္က ျဖဴစင္တဲ့ ႏွင္းဆီၿမိဳင္သခင္ေလးပါပဲ"
"ခင္ဗ်ား ဘယ္လို..."
"ကိုယ္အရာရာနားလည္ႏိုင္တယ္လို႔ ေျပာသားပဲ"
Taehyung ရႈိက္ႀကီးတငင္ ငိုမိေတာ့သည္။
သူကိုယ္တိုင္ ဝန္ခံခဲ့ခ်င္ေပမယ့္ Jeonက ႀကိဳသိၿပီး သူ႔ကို ခြင့္လႊတ္နားလည္ထားခဲ့သည္။
ဒီလူ သူ႔ကိုေၾကာက္သြားလိမ့္မယ္လို႔ သူဘယ္လိုမ်ား ထင္ရက္ႏိုင္ခဲ့ရတာလဲ။
"ခင္ဗ်ားကို ခ်စ္လိုက္တာ"
"ကိုယ့္ကို မမီပါဘူး"
ဘုရားေက်ာင္းမွာ သူတို႔အနမ္းေတြရဲ႕ ပရိတ္သတ္က လြတ္လပ္ေနတဲ့ ခုံတန္းရွည္ႀကီးေတြသာ ရွိသည္။
အျပင္ကေန လမ္းမွားၿပီး ပ်ံသန္းလာတဲ့ ငွက္ေလးေတြက တစီစီေအာ္ေနၾကသည္။
သူတို႔သာ လူစကားတတ္လွ်င္ ဒီလက္ထပ္ပြဲေလးအတြက္ ဂုဏ္ျပဳရပါေၾကာင္း ေျပာေနၾကမည္ ထင္ပါရဲ႕။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜