A Tale Of Thousand Stars (မြန...

By newkhonpai

49.3K 2.1K 117

GMMTVရဲ့နာမည်ကြီးBLဇာတ်လမ်းတွဲဖြစ်တဲ့ "A Tale Of Thousand Stars"ရဲ့မူရင်းဝတ္ထုပါ။ Authorကတော့ Bacteriaဖြစ်ပါတ... More

Blah Blah
အပိုင်း ၀
အပိုင်း ၁ (က)
အပိုင်း ၁ (ဂ)
အပိုင်း ၂ (က)
အပိုင်း ၂ (ခ)
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀ (က)
အပိုင်း ၁၀ (ခ)
အပိုင်း ၁၁ (က)
အပိုင်း ၁၁ (ခ)
အပိုင်း ၁၁ (ဂ)
အပိုင်း ၁၂ (က)
အပိုင်း ၁၂ (ခ)
အပိုင်း ၁၃
အပိုင်း ၁၄ (က)
အပိုင်း ၁၄ (ခ)
ဇာတ်သိမ်းပိုင်း
အချပ်ပို ၁
အချပ်ပို ၂
အချပ်ပို ၃
အချပ်ပို ၄

အပိုင်း ၁ (ခ)

1.7K 103 0
By newkhonpai

ဒီခွဲစိတ်မှုကြီးပြီးစီးပြီး အတော်ကြာလာတဲ့အခါမှာ Thianဆီမှာ ဘာကူးစက်ရောဂါမှမရှိတော့သလို... သူ့ရဲ့နှလုံးအသစ်နဲ့ သူနဲ့ အဆင်မပြေတဲ့လက္ခဏာတွေ တစ်ခုမှမရှိတော့ကြောင်း ဆရာဝန်တွေဘက်က အတည်ပြုလာတာကြောင့် အားအင်ပြည့်ဝလာအောင် ကုသပေးဖို့အတွက် ICUထဲကနေ ပြင်ပလူနာအခန်းသို့ ရွေ့ပြောင်းလိုက်ရသည်။ ဒါပေမယ့် စစ်ဆေးချက်တွေနှင့် အချိန်စာရင်းတွေအရ တင်းကြပ်တဲ့စောင့်ကြည့်မှုတွေအောက်မှာ နေရသည်။

သုံးပတ်နီးပါးဖြတ်ကျော်လာပြီးတဲ့အခါမှာတော့ Tianရဲ့ဘဝက သူ့ရင်ဘတ်ထဲက နှလုံးသားအသစ်နှင့်အတူ ပြန်လည်စတင်လာသည်။ သူ မေ့ပစ်ဖို့အတွက် ကြိုးစားနေမိသည်... သူ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းအချို့က သူ မပိုင်ဘူးလို့ ပြောနေတဲ့အတွေးတွေကို မေ့ပစ်ဖို့ ကြိုးစားမိသည်။ သူ့ခေါင်းထဲမှာ 'အဲ့နှလုံးသား'က ဘယ်သူပိုင်တာလဲဆိုတာကိုဘဲ စဉ်းစားနေမိသည်။

ဒါပေမယ့် အလှူရှင်ရဲ့အချက်အလက်တွေအားလုံးကို လျို့ဝှက်ထားရတယ်ဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းခြင်းရဲ့ အခြေခံစည်းကမ်းချက်တစ်ခုပဲဆိုတာကို ကျွန်တော် သိသည်။ ဘာလို့လဲဆိုတော့ အလှူရှင်အသိုင်းအဝိုင်းဘက်က လူနာအပေါ် ခြိမ်းခြောက်လာတာ... ငွေညစ်တာ... ဒီအခြေအနေကို အခြေခံပြီးတော့ အကျိုးစီးပွားအတွက် ရင်းနှီးမှုရယူလာမှာတွေရှိတယ်လေ...

ငယ်ရွယ်တဲ့ကျောင်းသားလေးက လူနာဝတ်စုံအပြာရောင်လေးကို ဝတ်ဆင်ထားကာ သန့်ရှင်းနေတဲ့လေတွေကို ရှုရှိုက်ရင်း ပြတင်းပေါက်အပြင်ဘက်က အရာအားလုံးကို ငေးကြည့်နေမိသည်။ နေရောင်ခြည်ကျရောက်နေတဲ့အသားရည်တွေက အရင်တုန်းလိုမျိုး ကြောက်စရာကောင်းတဲ့အထိ ဖြူဖျော့မနေတော့ဘဲ ပါးပြင်နှင့် နူတ်ခမ်းသားလေးတွေက ပန်းရောင်လေးသန်းနေတာကြောင့် ကြည့်ရတာ 'အစားထိုးနှလုံးအသစ်'က သူ့ကို ပိုင်ရှင်အသစ်အနေနဲ့ သတ်မှတ်လိုက်ပြီထင်သည်။

အရင်က အရိုးပဲကျန်တော့တဲ့ သူ့ရဲ့လက်တွေကို ကြည့်လိုက်မိသည်။ အခုအချိန်မှာတော့ ဆေးရုံရဲ့ စားသောက်မှုပုံစံအစီအစဉ်ကြောင့် သူ့ရဲ့ခန္ဓာကိုယ်က မပိန်တော့... ပိုပြီးတော့လည်း ကြည့်ကောင်းလာသည်။ အရင်ကလို သူ့ကိုယ်သူ ညည်းပန်းနှိပ်စက်ဖို့အတွက် အရက်တွေကြားထဲ နှစ်မြုပ်မနေတော့ပါ။

သူ အခြေအနေမကောင်းဖြစ်နေတဲ့အချိန်မှာ နှလုံးအစားထိုးဖို့ အခွင့်အရေးရလိုက်တာက အရမ်းကို ကံကောင်းတယ်လို့ ဆရာဝန်တွေပြောနေတာကို သူ ကြားခဲ့ရသည်။ တကယ်လို့သာ ခွဲစိတ်ဖို့ နောက်ကျသွားခဲ့မယ်ဆိုရင် သူ့အတွက် အသက်ရှင်ဖို့အခွင့်အရေးက ပိုပြီးနည်းပါးသွားလိမ့်တဲ့...

သွယ်လှတဲ့မျက်ဝန်းပိုင်ရှင်လေးက ဝမ်းနည်းနေတဲ့အကြည့်တွေနဲ့ လက်ဆောင်တွေနဲ့ ပြည့်နေတဲ့VIPအခန်းပတ်လည်ကို ကြည့်လိုက်မိသည်။ အဲ့လက်ဆောင်တွေအားလုံးက သူ့ရဲ့သူငယ်ချင်းဟောင်းတွေနဲ့ တက္ကသိုလ်က ဆရာ၊ဆရာမတွေဆီက ဖြစ်သည်။ ဒါပေမယ့် တစ်ယောက်မှ လာမကြည့်ကြ... သို့သော် Thian ဘယ်သူကိုမှ အပြစ်မတင်မိ...

ဘာလို့လဲဆိုတော့ Thianက သူ့ရဲ့ရောဂါအခြေအနေနဲ့ပတ်သတ်တဲ့သတင်းဆိုးကို သိပြီးတဲ့အခါမှာတော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ကျောခိုင်းဖို့သာ ရွေးချယ်ခဲ့လိုက်မိသည်။ သူ့လို အနာဂတ်မရှိတော့တဲ့လူက သူတို့ရဲ့မပြီးဆုံးနိူင်သေးသည့် တောက်ပတဲ့အနာဂတ်တွေကို မနာလိုဖြစ်မိတယ်လေ...

... ဒါနဲ့ ဘယ်လိုလုပ်ပြီး သူ့ရဲ့အဆင့်မြင့်ကားတစ်စီးနဲ့အတူ သူငယ်ချင်းတွေ ရသွားရတာလဲ။ ပါးလွှာတဲ့နူတ်ခမ်းသားလေးတွေက ဖြည်းဖြည်းချင်းကွေးတက်လာပြီးတော့ ကိုယ့်ကိုယ်ကို သနားတဲ့အပြုံးမျိုးနဲ့ ပြုံးလိုက်မိသည်။ အဲ့ဒီသူတွေက လူလောကကြီးရဲ့မမျှတမှုဒဏ်တွေကို ခံစားရတဲ့သူတွေချည်းပဲ စုမိသွားတာ...

အဲ့ဒါက မထူးဆန်းတော့ပါဘူး။ သူက အရမ်းပျော့ညံ့လွန်းတဲ့သူ... အကျိုးမရှိတာတွေ လုပ်ပြီး မိသားစုဝင်တွေအပေါ် ဒုက္ခပေးခဲ့မိတဲ့အထိကို အသိဉာဏ်တွေ ပျောက်ဆုံးနေခဲ့မိတာ...

Thian နံရံပေါ်က ချိတ်ထားတဲ့နာရီကို တစ်ချက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ အံ့သြစွာနဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီနေ့ အမေနဲ့ ဆရာဝန်တို့ စကားပြောနေကြတာ အရမ်းကြာနေပြီ။ သူတို့ ဘာတွေပြောနေကြတာလဲ။ သူ့ရဲ့ကျန်းမာရေးက တစ်ခုခုများ မှားယွင်းနေတာကြောင့် ဒီနေ့ အိမ်ပြန်လို့မရသေးဘူးလားဆိုပြီး စိုးရိမ်လာမိသည်။

VIPအခန်းတံခါးရဲ့အရှေ့မှာ တီးတိုးပြောနေကြတဲ့စကားသံတွေက လူနာကို သိချင်စိတ်တွေ ပေါ်လာအောင်လုပ်နေသည်။ သူ လူနာကုတင်ကနေ ထလိုက်ပြီးတော့ ဆေးအိတ်ချိတ်ထားတဲ့standကို ကိုင်လိုက်ကာ တံခါးအနားသို့ တိုးတိတ်စွာ လာလိုက်သည်။ တံခါးနားသို့ရောက်တဲ့အခါမှာ တံခါးကို အသာလေးဟလိုက်ပြီးတော့ တဖက်ကအသံတွေကို နားစွင့်ပြီး နားထောင်နေမိသည်။

ဆရာဝန်ကြီးက သူ့ရဲ့မိဘနှစ်ပါးရဲ့တောင်းဆိုချက်ကြောင့် အခက်တွေ့နေသည်။ ဒါပေမယ့်လည်း ယဉ်ကျေးမှုအရ တူညီတဲ့အဖြေကိုပဲ ထပ်ပြောလိုက်သည်။

'ကျွန်တော် တကယ် ပြောပြလို့မရလို့ပါ။ ကြက်ခြေနီအသင်းကို သွားမယ်ဆိုရင်တောင်မှ သူတို့က ပြောပြမှာ မဟုတ်ပါဘူး'

'ဒါပေမယ့် ဆရာKritရယ်... ကျွန်မတို့မိသားစုက အလှူရှင်ကို ပြန်ပြီး ကျေးဇူးဆပ်ချင်နေတာပါ'

Khun Yin Lalitaက အသနားခံတဲ့အကြည့်နဲ့အတူ ပြောလိုက်သည်။ အလှူရှင်က ဒီလို ကျေးဇူးတုန့်ပြန်ပေးဖို့အတွက် လှူတာမဟုတ်ဘူးဆိုတာကို သူမ သိပေမယ့်လည်း အလှူရှင်ဖြစ်သူကို သူမ ကျေးဇူးဆပ်ချင်သေးသည်။ သူမတို့က အလှူရှင်ရဲ့မိသားစုကို ကျေးဇူးဆပ်တဲ့အနေနှင့် ငွေကြေးအချို့ထောက်ပံ့ချင်သည်။ သူတစ်ပါးအသက်ကိုကယ်တင်ဖို့အတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းကို လှူရတဲ့အလှူက အရမ်းကို မြင့်မြတ်လွန်းတဲ့အလှူဒါနတစ်ခုဖြစ်တယ်ဆိုတာကို သူတို့သိနေတာကြောင့်ဖြစ်သည်။

တောင်းဆိုခံရတဲ့သူကတော့ သက်ပြင်းချလိုက်မိသည်။ Khun Chai Theerayutနဲ့ Khun Yim Lalitaတို့ရဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို သူနားလည်ပေမယ့် အများကြီးတော့ကူညီပေးလို့မရ...

'အဲ့ဒါဆိုရင် အလှူရှင် လှူဒါန်းဖို့စာရင်းပေးခဲ့တဲ့ဌာနကို ကျွန်တော် ပြောပြပေးပါမယ်။ ကျန်တာကတော့ ဒီကအစ်ကိုနဲ့အစ်မတို့ ကြိုက်တဲ့နည်းနဲ့ဆက်လုပ်လို့ရပါတယ်' နောက်ဆုံးတော့ ဆရာKritက လက်လျော့လိုက်ပြီးတော့ သြဇာညောင်းတဲ့ လင်မယားနှစ်ယောက်ကို စကားပြောဖို့အတွက် စစ်ဆေးသည့်အခန်းလေးထဲသို့ ခေါ်သွားလိုက်သည်။

'အလှူရှင်?' သူ့ရဲ့သေးသွယ်တဲ့လက်လေးက ဘယ်ဘက်ရင်အုံလေးပေါ်တင်လိုက်တဲ့အခါမှာ သူ့ရဲ့နှလုံးခုန်သံက စက္ကန့်အလိုက် ဖြည်းဖြည်းမှန်မှန်ခုန်နေတယ်လို့ ခံစားလိုက်ရသည်။ Thian နည်းနည်းလေးဟနေတဲ့ နေရာကနေ အပြင်ကိုကြည့်လိုက်တော့ သူနာပြုနှစ်ယောက်က စကားပြောနေတာကို တွေ့လိုက်ရသည်။

'နင်က ပရော်ဖက်ဆာKritရဲ့လက်ထောက်ဆိုတော့ အလှူရှင်က ဘယ်သူလဲဆိုတာ နင် သိလား' သူနာပြုတစ်ယောက်က သူနဲ့အတူမတ်တပ်ရပ်နေတဲ့ သူငယ်ချင်းဖြစ်သူကို မေးလိုက်သည်။

'ငါလည်း မသိဘူး။ ဆရာက သူ့ရဲ့အချက်အလက်တွေကို ရတနာလို ဥထားတာဟ... အစားနှလုံးကိုယူလာတဲ့ ကြက်ခြေနီအဖွဲ့ကသူတွေ ပြောတာတော့ အလှူရှင်က ကားတိုက်မှုဖြစ်တာတဲ့... အဲ့အချိန်မှာ Theerayutရဲ့သားက နှလုံးရှော့ဖြစ်ပြီး ဆေးရုံရောက်လာတာလေ...'

သတိကြီးစွာနဲ့ တံတွေးကို မြိုချလိုက်ရသည်။ သူ့ရဲ့နှဖူးပေါ်မှာ ချွေးတွေတောင် စို့နေသည်။ သူ သူ့ရဲ့နှလုံးအသစ်ကို စိတ်လှုပ်ရှားမှုကြောင့် ဖိအားမများစေဖို့ ကြိုးစားနေပေမယ့်လည်း အဲ့ဒါက အရမ်းကို ခက်ခဲလွန်းလှသည်။ သူ သိလိုက်ရတဲ့အကြောင်းအရာက မှန်သလား မှားသလားဆိုတာ သူ မသိ...

အဲ့စကားတွေက မသေချာပေမယ့်လည်း 'သူ မသိသင့်တဲ့အကြောင်းအရာ'ကို 'သိချင်စိတ်'ဖြစ်လာအောင် လုပ်နေတဲ့ပုံရသည်။

..._...

Sopadisakunရဲ့အိမ်တော်က မြို့လည်ခေါင်တည့်တည့် လူချမ်းသာရပ်ကွက်မှာ ခံ့ညားထည်ဝါစွာ တည်ရှိသည်။ ဘာပဲဖြစ်ဖြစ် သူ အိမ်ပြန်မရောက်တာ တော်တော်ကြာနေပြီ။ ထိုအိမ်တော်ကို ပစ်ပြီး အပြင်မှာ သုံးရက်ထက် ပိုမနေဘူးတဲ့ကောင်လေးက လှပတဲ့ရောင်စုံပန်းဥယျာဉ်တွေနဲ့ ဝိုင်းရံထားတဲ့အိမ်တော်ကြီးကို ငေးကြည့်လိုက်သည်။ Thian ထိုအိမ်တော်သို့ တဖန်ပြန်လာရတာကြောင့် စိတ်လှုပ်ရှားမှုနှင့်အတူ ထူးဆန်းစွာနဲ့ ပျော်ရွင်မှုကိုပါ ခံစားလာရသည်။ ဘာလို့လဲဆိုတော့ သူက သူ သေပြီလို့ ထင်ခဲ့မိတာ... ဒီကမ္ဘာကြီးပေါ်မှာ လုံးဝပျောက်ကွယ်သွားပြီလို့ ထင်ခဲ့မိတာ...

သူ့မိဘတွေ ဌားထားသည့် အထူးသူနာပြုက Thianကို ဇိမ်ခံံံကားထဲကနေ မချီကာ ထုတ်လိုက်ပြီး ဝှီးချဲပေါ်သို့ တင်ပေးလိုက်သည်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေအရ အပြည့်အဝပြန်ကောင်းလာသေးတာ မဟုတ်တဲ့အတွက်ကြောင့် ကြည့်ရှုစောင့်ရှောက်ဖို့ လိုသည်။ ပြီးတဲ့အပြင် သွားရလာရတာ အဆင်ပြေစေဖို့အတွက် Thianအခန်းထဲက ပစ္စည်းအားလုံးကို အောက်ထပ်က ဧည့်သည်တွေထားတဲ့အခန်းထဲသို့ ပြောင်းရွေ့ထားသည်။

သူ့ရဲ့မိဘတွေက ယခုလက်ရှိတက်နေတဲ့တတိယနှစ်ကို ရပ်နားထားသည်။ ဘာလို့လဲဆိုတော့ Thianက သူ့ခန္ဓာကိုယ် အပြည့်အဝကောင်းမွန်လာတဲ့အထိ လအနည်းငယ်လောက် အနားယူသင့်တယ်လို့ ဆရာဝန်ကပြောလာတာကြောင့် ဖြစ်သည်။ ထိုအကြောင်းကို ကောင်ငယ်လေး သိသွားတဲ့အခါမှာ ဘာမှစဉ်းစားမနေတော့ဘဲ ခေါင်းညိမ့်ပြလိုက်သည်။

ဘာလို့လဲဆိုတော့ ဘွဲ့ယူတာက အခြားသူတွေထက် နောက်ကျသွားမှာဖြစ်ပေမယ့်လည်း နောက်ဆုံးတော့ သူ သက်တမ်းစေ့နေခွင့်ရခဲ့ပြီလေ...

Khun Yin Lalitaကတော့ သားဖြစ်သူရဲ့အခန်းကို ဝင်လိုက်ထွက်လိုက်နှင့် အခန်းပတ်ပတ်လည် စစ်ဆေးပြီး ပြင်ဆင်စရာအားလုံးကို သေချာအောင် ကြည့်ရှုစစ်ဆေးနေသည်။ ပြီးတဲ့အခါမှာ သားဖြစ်သူရဲ့အိပ်ယာပေါ်မှာ ထိုင်လိုက်ပြီး သားငယ်လေးရဲ့ နူးညံ့ပြီး ရှည်လျားတဲ့ နီညိုရောင်ဆံပင်တွေကို လက်ကလေးနှင့် ဖွလိုက်သည်။ ကောင်ငယ်လေးရဲ့အညိုရောင်မျက်လုံးတွေကိုသာ မြင်ရတဲ့အထိပေါ့...

'အမေ ဆံပင်ညှပ်တဲ့သူကို အိမ်ခေါ်ပြီး ညှပ်ခိုင်းရမယ်။ အဲ့ဒါမှ အမေ့သားလေးက အရင်ကလို ပြန်ကြည့်ကောင်းသွားမှာ...' သူမရဲ့သားငယ်လေးရဲ့မျက်နှာက ပိုပြီးတောက်ပလာတဲ့အပြင် လူ့လောကမှာ ထပ်နေရတော့မှာကြောင့် သူမ ပျော်ရွင်စွာပြုံးလိုက်မိသည်။

Thianက ခေါင်းညိမ့်ပြလိုက်ပြီးတော့ သူ့အမေရဲ့မျက်နှာကို ကြည့်လိုက်မိတဲ့အခါမှာ ရုတ်တရက် ရှက်စိတ်နဲ့အတူ သူ့ရဲ့မျက်လုံးတွေ ပူနွေးလာသည်။ အတိတ်မှာတုန်းက ခါးသီးလှတဲ့ကံကြမ္မာကြောင့် သူ့ကို ချစ်တဲ့သူတွေရဲ့စိတ်ကို နာကျင်အောင် လုပ်ခဲ့မိသည်။

'အမေ...' ကောင်ငယ်လေးက လောကမှာအနွေးထွေးဆုံးဖြစ်တဲ့လက်လေးကို ဆုတ်ကိုင်လိုက်သည်။ 'အမေ သားကို စိတ်မဆိုးဘူးလား'

Khun Yinက နူးညံ့တဲ့အပြုံးလေး ပြုံးပြကာ... 'အမေက ကိုယ့်ကိုယ်ကို စိတ်ဆိုးနေတာ... အမေသာ သား နေမကောင်းခဏခဏဖြစ်နေတာကို သံသယဖြစ်မိရင် စောစောစီးစီးဆေးစစ်ပြီး ကုသလို့ရမှာ...'

'Myocardial Infarctionကြောင့် နေမကောင်းဖြစ်တာပါ။ အမေ ဆေးစစ်ပြီး တွေ့တယ်ဆိုရင်တောင် ကုလို့ရမှာမှ မဟုတ်တာ...'

ဒါက ဘယ်သူ့အပြစ်မှမဟုတ်ကြောင်း ပြောလိုက်သည်။

'ဒါပေမယ့် အဆိုးတွေအားလုံးကို ဖြတ်ကျော်ပြီးသွားတာမို့လို့ အမေပျော်တယ်။ Tian... သားကိုယ်တိုင်ပဲ ကိုယ့်ကိုယ်ကို ဂရုစိုက်ရတော့မယ်။ မကောင်းတဲ့အရာတွေအားလုံးကို ရပ်သင့်ပြီ' Khun Yin Lalitaပြောတာက ဆေးလိပ်သောက်တာ... အရက်သောက်တာအပါအဝင်... မူးယစ်ဆေးတွေ အားလုံးကို ပြောတာ... လွန်ခဲ့နှစ်နှစ်အတွင်းမှာ အဲ့ကိစ္စတွေကြောင့် ရဲစခန်းကို မကြာခဏရောက်ရသည်။

'သား သိပါတယ်' Thian စိတ်ညစ်စွာနဲ့ ကတိပေးလိုက်မိသည်။ အဲ့ဒီ အရမ်းဆိုးရွားတဲ့အချိန်တွေကို ပြန်မစဉ်းစားချင်တော့... ရုတ်တရက်ဆိုသလို သူ တစ်ခုခုကို စဉ်းစားလိုက်မိသည်။

'အလှူရှင်ကလေ...' ကျွန်တော် မေးလိုက်ပေမယ့်လည်း စကားလုံးတွေက လည်ပင်းမှာ တစ်နေခဲ့သည်။

'ဘာလဲ။ သား...' အမေဖြစ်သူရဲ့ခေါင်းက သိချင်စိတ်နဲ့အနားသို့တိုးလာပေမယ့် သူကတော့ တိတ်ဆိတ်နေသည်။

Tian နူတ်ခမ်းတွေကိုကိုက်ပြီးတော့ အဖြေအနေနဲ့ ခေါင်းခါပြဖို့သာ ဆုံးဖြတ်လိုက်မိသည်။ 'ဘာမှမဟုတ်ပါဘူး။ အမေလည်း သွားနားတော့လေ... သားလည်း ဆေးအရှိန်နဲ့ နူန်းနေတော့ အိပ်ချင်နေတာ...'

သူ စကားလမ်းကြောင်းလွှဲလိုက်ကာ ချက်ချင်းလှဲချလိုက်သည်။

'ခဏလောက်နားလိုက်လေ... သား ဘယ်အချိန်လောက်နိူးမလဲ။ အမေ သားအတွက် ဆန်ပြုတ်လာပို့ခိုင်းမလို့...' Khun Yin Lalitaက သူမရဲ့သားဖြစ်သူရဲ့ခန္ဓာကိုယ်ပေါ် စောင်လေးကို ခြုံပေးလိုက်သည်။ ပြီးတဲ့အခါ သားဖြစ်သူ အေးဆေးနားလို့အောင် အခန်းထဲကနေ တိတ်ဆိတ်စွာထွက်သွားလိုက်သည်။

တံခါးပိတ်တဲ့အသံကို ကြားလိုက်ရတဲ့အခါမှာ Thianရဲ့မျက်လုံးတွေက ပြန်ပွင့်လာခဲ့သည်။ မျက်မှောင်ကြုတ်လိုက်ပြီးတော့ မသင့်တော်တဲ့မေးခွန်းကို မေးမိတော့မလိုဖြစ်သွားတဲ့ပါးစပ်ကို အသာလေးရိုက်လိုက်မိသည်။

ဒီနှလုံးသားရဲ့ပိုင်ရှင်ကို တစ်သက်လုံးမသိရဘူးဆိုရင်တောင်... အင်း... သူ့ရဲ့ဘဝက အဆင်မပြေမှုတွေနဲ့ စိတ်ဝင်စားစရာကောင်းနေဆဲဖြစ်မှာပဲ...

ဒါပေမယ် 'တကယ်လို့သာ သိသွားခဲ့ရင်'...

အရာအားလုံးက ပုံမှန်အတိုင်း ရှိနေနိူင်ဦးမှာလား။

...

Note

Khun Tan - သခင်ကြီး
Khun Yim - Lady - သခင်မကြီး
Myocardial Infarctionဆိုတာ နှလုံးရှော့ဖြစ်တာပါဘဲ... ရုတ်တရက်သွေးလည်ပတ်မှုနှေးကွေးသွားတာကြောင့် နှလုံးပတ်လည်ကြွက်သားတွေက ပုပ်ကုန်တာပါ။

..._...

Continue Reading

You'll Also Like

10.5K 487 27
Their families are friends but they hate each other. He thinks her is an immature , stubborn , and spoiled girl with childish behaviour . And she t...
61K 2.1K 27
Never in her entire life Ophelia think that she would be the victim of an arranged marriage. To top it all the person who she will be marrying are an...
75.7K 450 10
(memberXreader) if you do not like this type of stuff pls just leave and dont report! 감사합니다!
67.4K 1.5K 25
.. if this isn't love please tell me what is