မှိုင်း(Complete)
By Wine2541
375K 20.2K 1.3K
Unicode ‌ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆို... More
part 1(Unicode)
Part-2
Part-3
part-4
part-5(Uni)
part-6(Uni)
Part-7(Uni)
Part-8(Uni)
part-9(Uni)
part 10(Uni)
part 11(Uni)
part 12(Uni)
part 13(Uni)
part 14(Uni)
part 15(Uni)
part 16(Uni)
part 17(Uni)
part 18(Uni)
part 19(small warning 15+)(Uni)
part 20(Uni)
part 21(Uni)
part 22(Uni)
part 23
part 24(Uni)
part 25(Uni)
part 26 (Uni)
part 27(Uni)
part 28(Uni)
part 29(Uni)
part 30(Uni)
part 31(Uni)
part 32
part 33(Unicode)
Part 34(Unicode)
Part 35 (Unicode )
Part 36(Uni)
part 37(Uni)
Part 38(Unicode)
Part 39(Uni)
Part 40(Uni)
Part 41(Uni)
Part-41 Warning 🚨🚨🚨
part 42(Uni)
Warning 🔞
part 43(Uni)
part 44(Uni)
part 45
part 46(Uni) final
part 46(Final)
Extra (Thingyan festival)
Season 2
Part 1(Zawgyi)
Part 2(Zawgyi)
Part 3(Zawgyi)
Part 5(Zawgyi)
Part 6(Zawgyi)
Part 7(Zawgyi)
Part 8(Zawgyi)
Part 9(Zawgyi)
Part 10(Zawgyi)
Part 11(Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 14 (Zawgyi)
sorry pr baby lay🥺
Part 15(Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
For physical book
Part 21 (Zawgyi)
part 22
part 23
Part 24
Part 25
Book Cover
Part 4(Zawgyi)
465 21 0
By Wine2541
"မှိုင်းလေး ထတော့"
နူးညံ့ ရှတသော အသံကြောင့် မှိုင်း အိပ်မှုန်စုန်မွှားဖြင့် ထကာ ကြည့်လိုက်တော့ ခြံဝန်းတစ်ခု ရှေ့တွင် ရောက်နေပြီ ဖြစ်သည်။
ဟွန်းသံ တစ်ချက် ပေးလိုက်တော့ အသက် 30ကျော်အရွယ် လူကြီးတစ်ဦး အိမ်ထဲမှ ပြေးထွက်လာကာ ခြံတံခါးကို ဖွင့်ပေးလာ၍ မင်းခခြံဝန်းထဲအထိ ကားကို မောင်းဝင်လာလိုက်၏။
ကားဆင်ဝင်အောက် ကားကိုရပ်လိုက်သောအခါ ကားပေါ်မှဆင်းကာ ပြူးကလယ် ပြူးကလယ်ဖြင့် ပတ်ပတ်လည်ကို စူးစမ်းနေပါသော မှိုင်း
နှစ်ထပ်တိုက် တစ်တိုက်လုံးကို အဖြူရောင်ဆေးသုတ်ထားပြီး မှိုင်းတို့ကားရပ်ထားသည့်နေရာမှာ အပေါ်ထပ်ရှိ လေသာဆောင် ဝရန်တာ အောက်တည့်တည့်တွင် ဖြစ်နေ၍ အရိပ်ကျနေသောကြောင့် ကားရပ်ဖို့ရာ အဆင်ပြေနေသည်။
မှိုင်း ဘေးပတ်ဝန်းကျင်ကို မျက်စိကစားလိုက်တော့ ‌ခြံဝန်းမှာ အတော်အသင့်ကျယ်ဝန်းကာ ထင်းရှူးပင် ပန်းပင်တချို့ စိုက်ထားသည်ကိုလည်း တွေ့ရ၏။
နေရာသစ်လေးကို စူးစမ်းနေသော မှိုင်းပုံစံမှာ မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ဟိုကြည့်ဒီကြည့် ကြည့်နေကာ ယုန်လေးတစ်ကောင် စူးစမ်းနေသော ပုံစံနှင့် တူနေပြီး အကယ်၍ မှိုင်းတွင် နားရွက်ထောင်ထောင်နှင့် ယုန်နှုတ်ခမ်းမွှေးများ ရှိနေပါက လှုပ်စိလှုပ်စိလေး ဖြစ်နေမည်မှာ အသေအချာပင်။
ဟိုစပ်စု ဒီစပ်စုလုပ်နေသော မှိုင်းပုံစံကို ကြည့်၍ မင်းခပြုံးလိုက်ပြီး
"မှိုင်းလေး"
"ဗျာ…ဗျာ"
မင်းခ ရုတ်တရက် ခေါ်လိုက်သောကြောင့် မှိုင်းယောင်ယမ်းကာ ထူးမိတော့ မင်းခရဲ့ ရီသံမှာ လွင်ခနဲ။
ပါးချိုင့်ကလေးများပေါ် သည်အထိ ဟက်ဟက်ပက်ပက် ရီနေသော ဦးငယ်ကို မှိုင်း သတိလက်လွှတ် ငေးကြည့်နေမိသည်။ထို့နောက် မင်းခ ရီနေသည်ကို အရှိန်သပ်လိုက်ပြီး
"နောက်မှ ခြံထဲပတ်ကြည့်ပေါ့ အခုတော့ အရင်နားလိုက်ပါဦး"
မင်းခစကားကို ခေါင်းတငြိမ့်ငြိမ်နှင့် နားထောင်ကာ မှိုင်း အိမ်ထဲသို့ဝင်လိုက်သောအခါ အိမ်ထဲ ဝင်ဝင်ခြင်းတွင် ဆိုဖာနဲ့ စားပွဲခုံများ နေရာတကျ ခင်းကျင်းထားသော ဧည့်ခန်းကျယ်ကြီးရှိပြီး ဧည့်ခန်းကိုဖြတ်၍ အထဲဝင်လိုက်မှ အပေါ်ထပ်တက်ရန် လှေကားကို တွေ့ရသည်။
မင်းခ မှိုင်းကို အပေါ်ထပ်ကို ခေါ်လာလိုက်ပြီး အပေါ်ထပ်တွင် ဘုရားခန်းတစ်ခန်း စာကြည့်ခန်း တစ်ခန်းနှင့် အိပ်ခန်းနှစ်ခန်းရှိပြီး မင်းခနှင့်မှိုင်း အခန်းမှာ ဘေးချင်းကပ်လျက် ဖြစ်၏။
"မှိုင်းအတွက်က ဒီဖက်အခန်းကို ပြင်ထားပေးတယ်။ခြံစောင့်လင်မယားက သန့်ရှင်းရေး လုပ်ပြီးတာနဲ့ ဘေးချင်းကပ်ခြံကို ပြန်တာဆိုတော့ မှိုင်းနဲ့ နောက်မှ မိတ်ဆက်ပေးမယ်။အခုတော့ အရင်နားလိုက်ဦး"
ခေါင်းတငြိမ့်ငြိမ့်ဖြင့် အခန်းထဲသို့ ဝင်သွားသော မှိုင်းကို ကြည့်ပြီး
*ဘယ်လို ကောင်လေးလည်းကွာ*
နှုတ်မှ ရွတ်ကာ မင်းခ ထပ်မံပြုံးမိသွားပြန်သည်။
မှိုင်း အခန်းထဲ စူးစမ်းကြည့်သောအခါ တစ်ယောက်အိပ် ကုတင်တစ်လုံး ဘီ‌ဒိုအကြီးတစ်လုံးနှင့် အခန်းဒေါင့်တွင် စာကြည့်စားပွဲတစ်လုံးရှိနေ၏။အခန်းနံရံများကို အဖြူရောင်ဆေး သုတ်ထားပြီး ခန်းစည်း ခေါင်းအုံး အခင်းများကို အနက်ရောင်သုံးထားကာ ကြမ်းခင်းပေါ်တွင် အမွှေးနုနု ကော်ဇော တစ်ချပ် ခင်းထားသည်။
အခန်းနံရံ အပြည့်နီးပါး နေရာယူထားသော နံရံကပ် ဘီဒိုကြီးကို မှိုင်း ဖွင့်ကြည့်လိုက်တော့ မှိုင်းကိုယ်တိုင်းဖြင့် အင်္ကျီမျိုးစုံ ဒီဇိုင်းမျိုးစုံမှာ နေရာအပြည့်ယူလျက်။
မှိုင်း သဘောတကျပြုံးရင်း ရေချိုးဖို့သာ ပြင်လိုက်တော့သည်။ရေချိုးခန်းထဲတွင် ဇိမ်ယူပြီး အီလေးဆွဲကာ ရေချိုးပြီးနောက်  Bathrobe တစ်ထည်ကို ဝတ်၍ ဘီဒိုထဲရှိ ခဲရောင် Pajamaဝတ်စုံကို ထုတ်ဝတ်ကာ အောက်ထပ်သို့ ခပ်သွက်သွက် ဆင်းဖို့ ပြင်လိုက်၏။
မှိုင်းလှေကားမှဆင်းပြီး ထမင်းစားခန်းသို့ သွားလိုက်သော် စားပွဲဝိုင်းတွင် ထိုင်စောင့်နေပါသော သျှန်မင်းခ။
"မှိုင်းလေး လာခဲ့"
မင်းခ မှိုင်းကို လှမ်းခေါ်လိုက်ကာ
"ဦးအောင်ကို ဒါ ကျွန်တော့်တူ မှိုင်းရီဝေ နောက်ဆို သူ ကျွန်တော်နဲ့ ဒီမှာပဲ နေတော့မှာ။ဒေါ်နန်း မှိုင်းက အရမ်းညှီတဲ့ ပင်လယ်စာနဲ့ အမဲသားမစားဘူး။ဒညင်းသီးနဲ့ ဆူးပုပ်ရွက်လဲ မစားဘူး။ဟင်းချက်ရင် သတိထားပေးပါ။ကျန်တာက အဆင်ပြေသလို ချက်လို့ရပါတယ်"
ဒေါ်နန်းယုက မင်းခ စကားကို ခေါင်းညိမ့်ပြပြီး
"ဟုတ်ပြီ သူဌေးလေး ဒေါ်နန်း သေချာ မှတ်ထားလိုက်မယ်"
မင်းခ ခေါင်းတချက်ညိမ့်ပြလိုက်ပြီး
"မှိုင်း ဦးအောင်ကို ဒေါ်နန်းယု ပြီးတော့ ခွန်မင်းအောင် တို့က မနက်ဆို ဒီဘက်မှာ လုပ်စရာရှိတာ လုပ်ပြီး ညဘက်ဆို ဟိုဘက်ခြံကိုပြန်တာ မလို့ အဆင်မပြေတာရှိရင်ဖြစ်ဖြစ် စားချင်တာ ရှိရင်ပဲ ဖြစ်ဖြစ် ပြောလို့ရတယ်" 
မင်းခ မှိုင်းနဲ့ တစ်ခါထဲ မိတ်ဆက်ပေးပြီး မှာစရာရှိသည်များကို တစ်ခါထဲ မှာထားပြီးမှ နှစ်ယောက်သား ထမင်းစားဖို့ ပြင်တော့သည်။
ကြက်သားကို ဆီပြန်ချက်ထား၍ ချဉ်ပေါင်ရွက်ဟင်းရည်၊ ပဲပုတ်စေ့ကြော် အရွက်ကြော်တို့ဖြင့် အမယ်စုံသော ဒေါ်နန်းလက်ရာကို မှိုင်းနဲ့ မင်းခ အားပါးတရ စားပြီးနောက် ခြံထဲသို့ ဆင်းလာလိုက်၏။
ခြံထဲတွင် မာလကာပင်၊နဂါးမောက်သီးပင်၊သရက်ပင်၊စတော်ဘယ်ရီခင်း စသည့် သီးပင်စားပင်များအပြင် နှင်းဆီ ရွက်လှ သစ်ခွ  ချယ်ရီ ဇီဇဝါပန်းများကို စနစ်တကျစိုက်ထား၍ မှိုင်းသဘောကျနေမိသည်။
မှိုင်းနဲ့ မင်းခ ‌ခြံတစ်ပတ်ပတ်ကြည့်နေရင်း
"မှိုင်း ပင်ပန်းနေတယ်မလား တရေးတမောသွားအိပ်လိုက်ပါဦး ညနေကြမှ စူဠာမုဏိဘုရား သွားကြမယ်"
မျက်လုံးလေး စင်းကျနေသော မှိုင်းက တဝါးဝါးသန်းရင်း
"ဟုတ် ဦးငယ် နောက်ရက်တွေကြ မှိုင်း ဟိုနား ဒီနားသွားကြည့်လို့ ရမလားဟင်"
"ရတယ်မှိုင်း အပြင်သွားရင် ဦးငယ်ကိုတော့ ပြောသွားရမယ်နော်"
မင်းခ စကားကြောင့် မှိုင်း သွက်လက်စွာ ခေါင်းကို ငြိမ့်ပြရင်း
"ဟုတ်ကဲ့ ဦးငယ် ဒါဆို မှိုင်းသွားနားတော့မယ်နော်"
မှိုင်းတကယ်ကြီး ပင်ပန်းနေပြီဖြစ်၍ မင်းခကို နှုတ်ဆက်ကာ အိမ်ထဲသို့ ဝင်သွားတော့သည်။
မှိုင်း အခန်းထဲသို့ ရောက်ရောက်ခြင်း အိပ်ရာထဲ ဒိုင်ပင်ထိုး၍ အိပ်ပျော်သွားသည်မှာ ညနေစောင်းသည်အထိ
မှိုင်း အိပ်ရာမှနိုးကာ နာရီ ကြည့်လိုက်တော့ ညနေ 5နာရီခွဲနေပြီဖြစ်၍ မှိုင်း အိပ်ရာမှ ကမန်းကတမ်းထကာ ရေချိုးခန်းထဲဝင်ပြီး ကိုယ်လက် သန့်စင်လိုက်သည်။
ထို့နောက် ရောက်ကတည်းက မဖွင့်ရသေးသော Luggageအိတ်ကို ဆွဲဖွင့်၍ နီညိုရောင် ရှပ်အင်္ကျီလက်ရှည်နှင့် ယောပုဆိုး အနက်ကို တွဲဝတ်လိုက်ပြီး မျက်နှာတစ်ဝိုက်တွင် နို့ရည်လိမ်းလိုက်ကာ ဆံပင်ကို ခေါင်းဘီးနဲ့ တချက်နှစ်ချက် ကောက်ဖြီးရင်း မှန်ရှေ့တွင် သနေစဉ်
ဒေါက်ဒေါက်!
တံခါးခေါက်သံနဲ့အတူ
"မှိုင်းလေး ဦးငယ် အောက်မှာ စောင့်နေမယ်နော်"
မင်းခ အသံပေးကာ အောက်ထပ်သို့ဆင်းသွားသော ခြေသံကို ကြားလိုက်ရသည်။
ထိုအခါမှ မှိုင်း ခေါက်ပိုက်ဆံအိတ်ကို ပုဆိုးခါးကြားတွင်ထိုးကာ ဖုန်းကို ကောက်ကိုင်၍ အောက်ထပ်သို့ အပြေးဆင်းရတော့သည်။
မှိုင်းလှေကားမှဆင်းလာသော အခါလှေကား ခြေရင်းတွင် ရပ်စောင့်နေပါသော မင်းခ
"မှိုင်းလေး လာခဲ့"
နီညိုရောင် ရှပ်အင်္ကျီလက်ရှည်ကို အနီရောင် ကွက်စိပ်ပုဆိုးနှင့် တွဲဝတ်ထားသော မင်းခမှာ
မှိုင်း ပုခုံးကိုဆွဲကာ လှေကားဘေးမှ အခန်းငယ်လေးတစ်ခုထဲသို့ မှိုင်းကို ဆွဲခေါ်သွားသည်။ဘေးပတ်ပတ်လည်တွင် မှန်ဘီဒိုများ အပြည့်ဖြင့် ရှူးဖိနပ် sneakerမှစပြီး ကွင်းထိုးဖိနပ် အဆုံး စီစီရီရီ တင်ထား၍ မှိုင်း ပတ်ပတ်လည်ကို ဝေ့ကြည့်ရင်း သဘောအကျကြီးကျနေတော့သည်။
"ဦးငယ် မှိုင်းအတွက်လားဟင်"
မှိုင်း ဝမ်းသာအားရ မေးလိုက်တော့ မင်းခ ခေါင်းညိမ့်ပြပြီးမှ ခေါင်းကို ပြန်ခါပြလိုက်ကာ
"ဦးငယ်ဟာက တစ်ဝက်။ဖိနပ်မှားပြီးတော့ မစီးဘူးမလား။ဒီနေ့တော့ ဒါလေးစီး"
မင်းခ စင်တစ်ခုပေါ်မှ ဆွဲထုတ်လာသည်က အနက်ရောင် ‌ကတ္တီပါဖိနပ်လေးတစ်ရံ
မှိုင်း ကတ္တီပါဖိနပ်လေးကို လှမ်းယူကာ စီးကြည့်လိုက်တော့ ‌ဖြူဖွေးနေသော ခြေချောင်းများမှာ ဖိနပ်လေးနဲ့ ပနံသင့်ကာ လိုက်ဖက်နေလျက်
"ကဲ ရပြီ သွားကြတာပေါ့"
-----------------------------
စူဠာမုဏိ အတက်လမ်းလေးအတိုင်း မောင်းဝင်ကာ Car Parkingတွင် ကားရပ်လိုက်ပြီး နှစ်ယောက်စလုံး ကားပေါ်မှ ဆင်းလိုက်တော့ဆံပင် ရွှေရောင်ဖြင့် နိုင်ငံခြား ရုပ်ထွက်နေသော ဦးမင်းခကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးက မသိမသာ ဝေ့ဝဲ ကြည့်နေကြသည်။
မှိုင်းတို့ နှစ်ယောက်စလုံး အဝင်ဝတွင် ပန်းစည်းလေးများ ဝယ်ကာ ရင်ပြင်ကိုဖြတ်၍
စေတီအတွင်းရှိ ဘုရားဖူးကာ အလှူငွေ ကိုယ်စီလှူကြ၏။ထို့နောက် ရင်ပြင်တစ်ပတ်ပတ်ဖို့ရာ ဖြည်းဖြည်းချင်းလျှောက်၍ ညနေခင်းအလှကို မှိုင်း ရှုစားနေရင်း ဘေးက မင်းခကို တစ်ချက်ရှိုးလိုက်တော့ တောင်ချွန်းဘက်ကို လှမ်း၍ ကြည့်နေပါသော ဦးငယ်
"အဲတာ တောင်ချွန်းလေ ဦးငယ် တောင်ပေါ်မှာဘုရားတစ်ဆူရှိတယ်"
မှိုင်း စကားကြောင့် မင်းခ မှိုင်းကို လှည့်ကြည့်လိုက်ပြီး
"အားတဲ့တစ်ရက်ရက်ကြမှ သွားကြတာပေါ့"
နှစ်ယောက်သား လွတ်နေသော ခုံတန်းတစ်ခုပေါ်တွင် ထိုင်ရင်း အတွေးကိုယ်စီ မျောလွင့်လျက်။လေလေးတဖြူးဖြူးနဲ့ တစ်ယောက်မှ စကားမစဘဲ ခုံပေါ်တွင် ထိုင်နေသည်မှာ နေဝင်သွား၍ ဘေးပတ်ပတ်လည်တွင် မီးများထွန်းသည့် အချိန်အထိပင်။
မှောင်ရီပျိုးနေသောအချိန်တွင် ဟိုတစ်စု ဒီတစ်စု လူငယ်များကို တွေ့နေရပြီး အများစုမှာ uni ကျောင်းသားများ ဖြစ်ကြပေမည်။တဖြည်းဖြည်းလူ များလာသောကြောင့် မင်းခ မှိုင်းဘက်ကို စောင်းငဲ့ ကြည့်လိုက်သောအခါ အဝေးကို လှမ်းကြည့်နေသော်လည်း စိတ်များက ပြန့်လွင့်နေသယောင် တွေဝေငေးငိုင်လျက်
"မှိုင်း…"
"ဟင်…"
မင်းခ ခေါ်လိုက်မှ ဟင်ခနဲ ထူးကာ ပြူးကြောင်ကြောင်လေး ကြည့်လာ၍
"လူများလာပြီ ဆက်နေချင်သေးလား…"
မင်းခ အမေးကြောင့် မှိုင်း ရင်ပြင်တစ်ခုလုံးကို ဝေ့ဝိုက်ကြည့်လိုက်ပြီးမှ
"ဟင့်အင်း ပြန်ကြတာပေါ့ ဗိုက်ဆာနေပြီ…"
အူလည်လည်လေးပြန်ဖြေနေသော မှိုင်းလေးကြောင့် မင်းခ ပါးချိုင့်လေးများ ပေါ်သည်အထိပြုံးပြီး
"အဆင်းလမ်းဖက်က ဆိုင်တစ်ဆိုင်မှာ ညစာဝင်စားကြတာပေါ့ ဒေါ်နန်းကို ညစာမပြင်ဖို့ ပြောထားပြီးသား"
ပြောချင်ရာပြောပြီး ထွက်သွားသော ဦးငယ်နောက်သို့ မှိုင်း အပြေးလေး လိုက်ရတော့သည်။
မှိုင်းလေး ညွှန်းသော စူဠာမုဏိ အဆင်းလမ်းရှိ ဆိုင်တွင် ကားကိုရပ်လိုက်ကာ နှစ်ယောက်သား လွတ်သော စားပွဲခုံတွင် ဝင်ထိုင်လိုက်တော့ လူတော်တော်များများ အကြည့်မှာ မှိုင်းတို့ထံသို့ ဝေ့ဝဲလျက်။
မင်းခက ချဉ်စပ်ထမင်းကြော်နဲ့ sharkတစ်ဘူးမှာ၍ မှိုင်းက ပြောင်းဖူးထမင်းကြော်နဲ့ jelly milk shake တစ်ခွက်မှာလိုက်ပြီး ထိုင်နေစဉ် ဘေးဝိုင်းမှ ကောင်မလေး 5ယောက်ထိုင်နေသည့် အုပ်စုက
"ဟဲ့ အဆင်လေးနော်"
"သွားမလုပ်နဲ့ ကမရေ ဘေးကဆိုင်သူကြီးနဲ့"
"အေးလေ ဝတ်ထား‌တာတောင် coupleနော်"
"အောင်မလေး ချစ်စရာလေးဟယ် ဖြူဖြူဥဥ babyလေးဟ ဟိုဘဲကြီးက protective Daddy typeကြီးနော်"
"ဟုတ်ပါ့ဟယ် တိုးတိုးပြော ကြားသွားဦးမယ်"
"မသိလောက်ပါဘူးဟ ဆံပင်ရွှေရောင်နဲ့ Daddyကြီးက နိုင်ငံခြားသားလေး ဖြစ်မယ် Babyလေးကလည်း ဆံပင်အညိုလေးနဲ့ ကပြားလားမသိဘူး…"
ပွစိပွစိပြောလာသော မယ်မင်းကြီးမတို့ တစ်သိုက်ကြောင့် မှိုင်း မင်းခအင်္ကျီကိုတစ်လှည့် မိမိအင်္ကျီကို တစ်လှည့်ကြည့်ရင်း မျက်နှာပူလာ၍ ဖုန်းထဲ၌သာ ခေါင်းစိုက်ထားတော့သည်။
မကြာခင်မှာပဲ မှိုင်းတို့မှာထားသည်များကို ပဲပုတ်စေ့ကြော် မုန်ညင်းချဉ် များနဲ့အတူ လာချပေးသွား၍ မှိုင်း ခေါင်းမဖော်တမ်း သွက်သွက် စားကာ မြန်မြန်ပြန်ဖို့ ပြင်မိသည်မှာ ဦးမင်းခကို အားနာလွန်း၍သာ…
"ဖြေးဖြေးစား အိမ်ပြန်နောက်မကျပါဘူး…"
မင်းခက ဘေးဝိုင်းက စကားများကို မကြားသည့်အလား ပြောလာ၍ မှိုင်း ကြိတ်၍ သက်ပြင်းချမိသွားသည်။
မှိုင်းအနေနဲ့ စိုင်းယံနဲ့တွဲနေစဉ်က ထိုကဲ့သို့ ကိစ္စများ မကြာခဏ ကြုံတွေ့နေရ၍ မမှုသော်လည်း ဦးငယ်ကိုတော့ ထိုစကားများကြောင့် စိတ်အနှောက်အယှက် မဖြစ်စေလိုပါ။
မှိုင်းထမင်းစားပြီး jelly milk shakeကို ပိုက်ဖြင့်စုပ်သောက်ကာ မင်းခဘက်သို့ စောင်းငဲ့ကြည့်လိုက်တော့ ပုံမှန်အတိုင်းအစားအသောက် မပျက်ဘဲ အေးအေးလူလူ စားနေသည်။
*တော်ပါသေးရဲ့ ဦးငယ် စိတ်မဆိုးသွားလို့*
မှိုင်းစိတ်ထဲမှတွေးကာ Facebookကိုဖွင့်၍ newfeed ကိုသာကြည့်နေလိုက်သည်။ဘေးပတ်ဝန်းကျင်ရှိ အများစု အကြည့်မှာတော့ မှိုင်းတို့ အပေါ်တွင်သာ တဝဲဝဲလည်ကာ ပေါက်ပေါက်ဖောက်နေဆဲ…
စားပြီးသောက်ပြီးနောက် အတော်မှောင်ပြီဖြစ်၍ မင်းခနဲ့ မှိုင်း အိမ်သို့သာ တန်းပြန်လိုက်တော့သည်။အိမ်ခြံရှေ့သို့ ရောက်သော် မှိုင်းခြံတခါးကို ဆင်းဖွင့်ကာ သော့ပါခတ်လိုက်ပြီးမှ မင်းခနောက်သို့ လိုက်ဝင်လာလိုက်၏။
"မှိုင်းလေး ညဉ့်နက်တဲ့အထိ မနေနဲ့ဦးနော်။စောစောနား"
မင်းခရဲ့ အမှာစကားကို မှိုင်း ခေါင်းတငြိမ့်ငြိမ့် နားထောင်ရင်း အခန်းထဲသို့သာဝင်လာလိုက်သည်။မှိုင်း အဝတ်အစား ခပ်သွက်သွက်လဲကာ ကိုယ်လက် သန့်စင်လိုက်ပြီး ကုတင်ပေါ် ဝါးလျားမှောက်ကာ ဖုန်းပွတ်နေစဉ်
ကတောင်📲
ယိင်း accမှ စာပို့ထား၍ ဝင်ကြည့်လိုက်သောအခါ ပုံတစ်ပုံနဲ့ စာတစ်ကြောင်း
💌ဟဲ့ နင်နဲ့ဉီးငယ်ပုံတွေ mail boxမှာ ပလူပျံနေပြီ
အောက်တွင်တော့ နီညိုရောင်ရှပ်အင်္ကျီလက်ရှည်ဖြင့် မှိုင်းနဲ့ မင်းခတို့ ရင်ပြင်ပေါ်တွင် လမ်းလျှောက်နေသော ပုံလေးတစ်ပုံ
မှိုင်း 'ကျွတ်ခနဲ' စုတ်သတ်ကာ ဆံပင်ညိုညိုတို့ကို ဆွဲဖွပစ်ရင်း
💌တိုက်ဆိုင်သွားတာပါဟာ ငါက ကိစ္စမရှိပေ       မယ့် ဦးငယ်သာသိရင် စိတ်ရှုပ်သွားမှာ💌
မှိုင်းစာကို ယိင်းချက်ချင်း seenပြကာ ပြန်ပို့လာသည်က
💌Taunggyi University mail boxထဲမှာမလို့ နင့်ဦးငယ် မမြင်ပါဘူးဟာ ပူမနေနဲ့ အဲတာအသာထား နင်နာမည်ကြီးနေတာနော် ငါ့သူငယ်ချင်းလေးစွံတော့မှာလား💌
စာနဲ့ တစ်ဆက်ထဲ ပို့ထားသည်က linkတစ်ခု မှိုင်းဝင်ကြည့်လိုက်တော့ ခုံတန်းတွင်ထိုင်ကာ ငေးကြည့်နေသော မှိုင်းပုံကိုတင်ထား၍ caption ရေးထားသည်က
"ဂျူဂျူ မောင်လေးတို့ ညီမလေးတို့ရယ် accလေးသိရင် လင်းကြပါဦး ဒီက final yearအမကြီးက နောက်ဆုံးတော့ နှလုံးသားပဲ့ကိုင်ရှင်လေးကို ရှာတွေ့ခဲ့ပြီ"
Commentတွင်လည်း
"အဆင်လေးဟယ် acc linkလေးပေးကြပါဟ"
"ဂျူနီယာလေးထင်တယ် တစ်ခါမှမမြင်ဖူးသေးဘူး။အဝေးသင်ထဲက ဖြစ်မယ်"
"အဲတာ ငါ့အပိုင်နော် ငါ့ဟာလေး"
"အစက်ဟေ့ အစက်"
"ညီ‌ရယ် ကိုကြီး ညီနဲ့ မတွေ့ခင်တုန်းကတော့ ဖြောင့်နေတာမှ သံပေတံပါ အခုတော့ ဂျယ်လီပေတံ ဖြစ်သွားပြီ"
"ဒီက သဘောကောင်းတဲ့ အမကြီးက acc linkချပေးခဲ့ပြီနော်။ကလောသားလေးတဲ့။ပထမနှစ် အဝေးသင် E major နာမည်က မှိုင်းရီဝေတဲ့။ငါဝိုက်နေတဲ့ ကိုကြီးပြန်ကြိုက်လာဖို့ ဆုတောင်းပေးကြ"
"ဝိုက်မနေနဲ့ဟေ့ ရှမယ်နော် ဆစ်တို့ ကျမသတိပေးတယ်နော်"
"@Mine Yee Wai ငါ့ သူငယ်ချင်းလေး စွံတော့မယ်ဟဲ့"
"အပေါ်က ဆစ်ရေ သူက singleလားဟင် ယောင်းမတော်မယ်နော်မမ"
"ဒီနေ့ကစ ငါဂေးပြီဟေ့"
Commentများ ပလုံစီနေသလို like and share များမှာလည်း မနဲမနော မှိုင်း accလေးတွင် friend requestလေးမှာလည်း တဒေါင်ဒေါင် တဒင်ဒင်နဲ့ 99+ပါ တက်နေ၍ noti offလိုက်ရသည်။
ထို့နောက် မှိုင်း ဦးမင်းခ ရိုက်ထားပေးသော တောင်ချွန်းစေတီဘက်ကို လှမ်းမျှော်ကြည့်နေသည့်ပုံကို တင်ကာ captionက
"past-miss
present-miss
future-new life"
ဟူ၍ရေးကာ ပိုစ့်တင်လိုက်သည်။ထို့နောက် ဖုန်းပွတ်ကာ ဟိုကြည့် ဒီကြည့်ကြည့်ပြီးနောက် ဖုန်းပိတ်ကာ အိပ်ဖို့ပြင်တော့သည်။
တဖက်အခန်းရှိ မင်းခက ဘုရားရင်ပြင်တွင် ဘေးချင်းယှဉ်သွားနေသော မှိုင်းနဲ့သူ့ရဲ့ပုံ အားလုံးကို saveလိုက်ပြီးနောက် ဖုန်းတစ်လုံးကို ဆက်ကာ ပြောလိုက်သည်မှာ
"ငါပါနေတဲ့ပုံမှန်သမျှ ပိုစ့်မှန်သမျှ အကုန် ဖျက်ချလိုက်"
"လှပတဲ့ နှင်းဆီပင် လေးတစ်ပင်ရဖို့ ရေလောင်း ပေါင်းသင်ရုံနဲ့မရဘူး။ဘေးအခက်က ထွက်လာတဲ့ ပန်းပင်ရိုင်းတွေကိုပါ ခုတ်ချပစ်ရမှာပဲ။အဲတာက ကိုယ် ကိုယ်တိုင် ဖြစ်နေရင်တောင်မှပေါ့။တခြားလူမပြောနဲ့ ကိုယ့်လိုလူကတောင် မင်းအတွက် မထိုက်တန်သေးဘူး မှိုင်းငယ်"
Continue Reading
You'll Also Like
319K 7.9K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
342K 33.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.2M 62.3K 50
2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...