အခန်း (၁၂၁၁) : တာအို စိတ်ပြင်းပြမှု
အကယ်၍ မိုဝူကျိသာ ဝိဇ္ဇာ မဟုတ်လျှင် သူမက ယခင်ချစ်ခြင်းမေတ္တာကို ထောက်ထား၍ သက်ညှာပေးရန် တောင်းဆိုမိပေလိမ့်မည်။ သို့သော်လည်း ဝိဇ္ဇာတစ်ပါးနှင့် ရင်ဆိုင်ပြီး မဟုတ်တမ်း အလိမ်အညာကို မပြောနိုင်ပေ။ တစ်ချက်ကြည့်ရုံဖြင့် တန်းသိနိင်၍ ဖြစ်သည်။
သို့သော်လည်း သူက ဝမ်ရှောင်ချီဆိုတာ ဘယ်လိုလုပ် သိသွားတာလဲ ….
သူမ နားလည်ထားသလောက် ဝမ်ရှောင်ချီ မဟုတ်ခဲ့ပေ။
အာကာပြင်မှာ ချက်ချင်း လေးလံလာကာ သေခြင်းတရား အငွေ့အသက်တို့ ရောက်ရှိလာသည်။ ရှားရိုယင်က ရုန်းကန်ပြီး သက်ညှာပေးရန် တောင်းဆိုလိုမိ၏။ သို့သော်လည်း ထိုအခိုက်အတန့်၌ သူမက ဘာမှမပြောနိုင်တော့ပေ။ သူမစိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရှိနေတော့သည်။ အကယ်၍ သူမသာ ယခင်က မိုဝူကျိကို မသတ်ခဲ့လျှင် ကိစ္စများက မည်သို့ ဖြစ်နေမည်နည်း။
ကံဆိုးစွာဖြင့် သူမအပေါ် ဖိအား ကျရောက်လာသည်။ သူမက ဘာမှဆက်မတွေးနိုင်တော့ပေ။
ပျက်စီးမှုတာအိုလှိုင်းတစ်ခုက သူမအား ရစ်ပတ်သွားလေ၏။ ထိုစဉ် သူမ အသက်ဓာတ် ပျောက်ကွယ်သွားလေသည်။ ထို့နောက် မီးတောက်တစ်ခု ပြန့်လွှင့်လာပြီး သူမတစ်ကိုယ်လုံးကို ဗလာနတ္ထိအဖြစ် လောင်ကျွမ်းပစ်လိုက်သည်။
သူမ လက်စွပ်ပင် အားကောင်းလှသည့် တာအိုလှိုင်းအောက် ဖျက်စီးခံလိုက်ရသည်။ မိုဝူကျိက သူမ ပစ္စည်းများကို မကျန်ရှိစေသည်မှာ သိသာလှ၏။
……………..…
မိုဝူကျိ၏ စိတ်စွမ်းအားက အာကာသထဲ ပြန်လည် ရောက်ရှိသွားသည်။ သူက ထန်းဟန်ကို သတိထားလိုက်မိ၏။ ယခင် သူ စကြဝဠာ တာအိုစည်းမျည်းကို လုယူခဲ့စဉ်အခါက ထန်းဟန်၏ အသိစိတ်မီးတောက် လောင်ကျွမ်းခြင်းကို ခံထားရပေသည်။ ယခုအချိန်အထိ ထန်းဟန်ကို ထိုကိစ္စအတွက် ပြန်မပေးဆပ်ခိုင်းရသေးပေ။
မိုဝူကျိက ကြယ်တာရာအစုအဝေးများကိုပါ ဖြတ်သန်းသွားလိုက်သည်။ သူက ထန်းဟန် ရှိရာဆီ ရောက်သည့်အခါ ထန်းဟန်၏ စိတ်စွမ်းအားကလည်း မိုဝူကျိအား အာရုံခံလိုက်မိပေသည်။
မိုဝူကျိအမြင်အရ ထိုလူသည် သေချာပေါက် ထွက်ပြေးဖို့ ကြိုးစားလိမ့်မည် ဖြစ်၏။ သို့သော်လည်း သူ မျှော်လင့်မထားမိသည်က ထိုလူက သူ့ဆီ ပျံသန်းလာခြင်း ဖြစ်၏။
အမြင်နှင့်တင် မိုးမြေ မီးပြင်းဖိုက သူ့အား ရူးသွပ်သွားစေဟန် ပေါ်သည်။ အကယ်၍ သူ့အနေနှင့် လူတစ်ယောက်က ဝိဇ္ဇာငါးပါးနှင့် ရင်ဆိုင်ပြီး အသက်ရှင်လျက် ထွက်ပြေးသွားနိုင်သည်ကို မြင်ထားလျှင် သေချာပေါက် လာရဲမည် မဟုတ်ပေ။
“ ခင်ဗျားက မိုးမြေ မီးပြင်းဖိုကို လာလုချင်တာလား ” မိုဝူကျိက သူ့ရှေ့ရောက်လာသည့် ထန်းဟန်ကို ကြည့်ကာ မိုးမြေ မီးပြင်းဖိုကို ထုတ်ယူလိုက်သည်။
မိုဝူကျိအား အံ့ဩသွားစေသည်က ထန်းဟန်သည် သူ့ဝိညာဉ်အမျှင်လေးကို ထုတ်လိုက်ရင်း မြေပြင်ပေါ် ဒူးထောက်ချလိုက်ခြင်း ဖြစ်၏ “ စီနီယာက ဝိဇ္ဇာအဆင့် ရောက်သွားပြီဆိုတာကို သိပါတယ်။ ကျုပ် စီနီယာနောက် လိုက်ချင်တယ်။ စီနီယာ ထန်းဟန်ကို လက်ခံပေးပါ …. မိုးမြေ မီးပြင်းဖိုကိုတော့ ဒီဂျူနီယာလေး မလိုချင်ရဲတော့ပါဘူး ”
မိုဝူကျိက ပြောစရာပင် ပျောက်ဆုံးသွားချေသည်။ သူက ထန်းဟန်အား စိုက်ကြည့်လိုက်သည်။
တစ်ခုခုတော့ လွဲမှားနေချေပြီ ….
ထန်းဟန်သည် ဝိဇ္ဇာတစ်ပါး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။
သူက ဘယ်လိုလုပ် အားနည်းလာရတာလဲ ….
မိုဝူကျိက သူ့အား သတ်လျှင်ပင် ထန်းဟန်က မိုးမြေမီးပြင်းဖိုအတွက် တိုက်ပွဲကို လက်လျော့မည် မဟုတ်ခြင်းကသာ ပုံမှန် ဖြစ်၏။ သို့သော် ယခုတွင် ထန်းဟန်က မြေပြင်ပေါ် ဒူးထောက်ကာ မိုဝူကျိဆီ သူ့ဝိညာဉ်ကိုပင် ပေးအပ်နေပေသည်။ ဤသည်မှာ အတော်လေး ထူးဆန်းလှ၏။
မိုဝူကျိက ဘာမှားနေမှန်း သိသွားလေသည်။ တာအိုအပေါ် ထားရှိသည့် ထန်းဟန်၏ မာန်မာနှင့် လိုအင်ဆန္ဒတို့ ပျောက်ကွယ်သွားလေပြီ။ ယခင် သူ သေမျိုးဂြိုလ်ပေါ်ဆီ စရောက်ခါစက ဘယ်သောအခါမှ ထွက်မသွားနိုင်တော့ကြောင်း တွေးမိစဉ်ကဲ့သို့ ဖြစ်နေသည်။
“ တာအိုအတွက် စိတ်အားထက်သန်မှု ပျောက်ဆုံးသွားပြီလား ” မိုဝူကျိက ဒူးထောက်နေသည့် ထန်းဟန်အား မေးလိုက်သည်။ သူက ထန်းဟန်၏ ဝိညာဉ်အမျှင်လေးကို လက်မခံသေးပေ။
သူ့အတွက် တာအိုအတွက် ပြင်းပြသည့် စိတ်ဆန္ဒမရှိသူ တစ်ဦးသည် ရောက်လာမည့် ကမ္ဘာပျက်ကပ်ဘေးကြီးအတွက် များစွာ အသုံးတည့်မည် မဟုတ်ချေ။
ထန်းဟန်က သက်ပြင်းချလိုက်၏။ သူက သူ့ရှေ့မှ လူသည် သူ့အပေါ် စိတ်မဝင်စားကြောင်း သိလိုက်သည်။
သူက တာအိုအတွက် စိတ်ပြင်းပြမှု အမှန်တကယ် ပျောက်ဆုံးသွားလေပြီ။ သူ့စိတ်ဝိညာဉ်က လိန်ဟုန်ကျီနှင့် ရှားရိုယင်တို့ကြောင့် ခံစားခဲ့ရသော်လည်း အားကောင်းလျက် ရှိနေသေး၏။ သူက ဝိဇ္ဇာတာအိုကို ပြန်ရောက်ဖို့ စိတ်အားထက်သန်နေသေးသည်။
သို့သော် ဝိဇ္ဇာငါးပါးနှင့် မိုဝူကျိတို့ တိုက်ပွဲကို မြင်လိုက်ပြီးနောက် သူ့တာအိုစိတ်ဝိညာဉ်သည် လုံးဝ ပျက်စီးသွားရတော့သည်။
မိုဝူကျိက အသိစိတ်မီးတောက်ကို တောင့်ခံပြီး ဘေးကင်းကင်း ထွက်သွားနိုင်ခဲ့သည်။ ထိုမျှတင် မကသေးဘဲ မိုဝူကျိက ဝိဇ္ဇာငါးပါးဆီကနေ စကြဝဠာ တာအိုစည်းမျည်းကို လုယူနိုင်ခဲ့သေး၏။
ဤသည်က သူ့အား အံ့ဩစေဆုံး မဟုတ်သေးပေ။ အံ့အားအသင့်စေဆုံး ကိစ္စရပ်မှာ မိုဝူကျိက ဝိဇ္ဇာလေးပါးနှင့် လော့တို့ ဝိုင်းထားလျက်နှင့် ဝိဇ္ဇာသုံးပါးကို ဒဏ်ရာရစေကာ လော့ကိုလည်း ဒဏ်ရာအပြင်းအထန် ဖြစ်စေခဲ့ပြီး ထွက်ပြေးသွားနိုင်ခြင်း ဖြစ်၏။
ယခင် သူက မိုဝူကျိတော့ အပြီးသတ်ပြီဟု ထင်မှတ်မိခဲ့သည်။ ဘေးမှ ကြည့်ရှုသူတစ်ဦးအနေနှင့် မိုဝူကျိ၏ တာအိုအုတ်မြစ် ပျက်စီးသွားကြောင်း ပြောနိုင်ပေသည်။
နှစ်တစ်ထောင်လေးအတွင်း ဤလူငယ်လေးက ပြန်လည် ကောင်းမွန်လာရုံသာမက ဝိဇ္ဇာအဆင့်အထိ တက်လှမ်းနိုင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုနှစ်များတုန်းက ဝိဇ္ဇာငါးပါးနှင့် ရင်ဆိုင်စဉ် ထိုလူက ဝိဇ္ဇာတစ်ပိုင်းအဆင့်သာ ရှိသေး၏။ ယခု သူက ဝိဇ္ဇာအဆင့် ရောက်ရှိသွားပြီ ဖြစ်ရာ ဝိဇ္ဇာငါးပါး အဝိုင်းခံရခြင်းက မိုဝူကျိအတွက် ပြဿနာ မဟုတ်လောက်တော့ပေ။
သူ့အတွက် သူ့တာအို စိတ်ပြင်းပြမှု ဆုံးရှုံးသွားသည်မှာ မိုဝူကျိက ဝိဇ္ဇာငါးပါး တိုက်ခိုက်မှုကို ရင်ဆိုင်ပြီး ထွက်ပြေးသွားနိုင်၍ မဟုတ်ချေ။ ထို့အစား လော့နှင့် မိုဝူကျိတို့ ထွက်ပြေးသွားပြီးနောက် သူ့ရန်သူတော်ကြီးများဖြစ်သည့် လော့ရှုတို့က သူ့အား မရှိသကဲ့သို့ ဆက်ဆံကာ ထိုက်လွန်နောက် ဆက်လိုက်သွားကြ၍ ဖြစ်သည်။
အကယ်၍ လော့ရှုတို့သာ ထိုက်လွန်နောက် လိုက်မသွားခင် သူ့အား သတ်ဖို့ ဆုံးဖြတ်ခဲ့လျှင် နဂိုမာန်မာနတို့ ကျန်ရှိနေလောက်သေး၏။ သူ ထန်းဟန်က ဝိဇ္ဇာတစ်ပါး ဖြစ်ခဲ့သေးသည် မဟုတ်ပါလော။ သို့သော် ယခုတွင် လျစ်လျူရှုခံလိုက်ရပေသည်။ သူတို့က သူ့အား သတ်ဖို့ အချိန်မရှိလောက်သည့်အထိ လျစ်လျူရှုသွားခြင်း ဖြစ်၏။
လော့ရှုတို့နှင့် ရန်ကြွေးမှာ ပင်လယ်ကြီးလောက် နက်ရှိုင်းပေသည်။ သို့သော်လည်း လော့ရှုတို့က သူ့အား လျစ်လျူရှုပစ်ခဲ့သည်။ ဘဝတစ်လျှောက် အပြင်းထန်ဆုံး ဝေဒနာများအနက် ဤထက် ဆိုးသည့်အရာ ရှိဦးမည်လား။
ယနေ့ လော့ရှုတို့အား လက်စားချေဖို့အကြောင်းကို ထည့်ပြောနေဖို့ပင် မလိုတော့ပေ။ သူက လက်စားချေဖို့ သတ္တိပင် မရှိတော့ပေ။
သူ့အား အကွက်ချကြံစည်ခဲ့သည့် လူများကို လက်စားပြန်ချေဖို့ သတ္တိမရှိသည့် ဝိဇ္ဇာတစ်ပါး ဖြစ်နေလေရာ သူ့ဘဝ၌ မည်သည့် အဓိပ္ပါယ် ဆက်ရှိဦးမည်နည်း။
သူ့တာအိုအတွက် ရည်မှန်းချက် ရှိဦးမည်လား…..
လက်ရှိ မိုဝူကျိ ထွက်ပေါ်လာမှုသည် သူ့အား မျှော်လင့်ချက်လေး ပေး၏။ သူက မိုဝူကျိသည် အလွန်အံ့ဩဖို့ ကောင်းကြောင်း သိထားပေသည်။ မိုဝူကျိသည် အလွန်အားကောင်းရုံသာမက ဉာဏ်လည်း ကောင်းလှသည်။ သူက ထွက်ပြေးနိုင်မည့် အခွင့်အရေး ရစေရန် လော့ရှု၊ ချင်းယွမ်နှင့် ဖိုတိတို့အား ထိုက်လွန်နောက် လိုက်သွားစေခဲ့သည်။
ယနေ့ သူက မိုဝူကျိနှင့် ပြန်လည် ဆုံတွေ့လိုက်ရသည့်အခါ မိုဝူကျိက နောက်တဆင့် မြင့်တက်သွားလေပြီ။ အကယ်၍ ဤစကြဝဠာကြီးထဲ၌ သူ ထန်းဟန်အား လက်စားချေဖို့ အကူအညီပေးနိုင်သူ ရှိလျှင် သူ့ရှေ့မှ လူငယ်လေးသာ ဖြစ်လိမ့်မည်။ မိုဝူကျိက သူနှင့် ရန်ငြိုးကြီးကြီးမားမား မရှိပေ။ တစ်ချိန်တည်းဆိုသလို မိုဝူကျိက လော့ရှုနှင့် ရန်ငြိုး ရှိထားလေ၏။
သို့သော် ယခုတွင် သူက မိုဝူကျိထံ သူ့ဝိညာဉ် ပေးအပ်ခဲ့သော်လည်း မိုဝူကျိက စိတ်ဝင်စားဟန် မပေါ်ပေ။ ဤသည်က ထန်းဟန်အား စိတ်ပျက်သွားစေသည်။ သူက လက်စားမချေနိုင်တော့ကြောင်း သိလိုက်မိသည်။
“ ခင်ဗျားက ကျုပ်အတွက် အသုံးမဝင်ဘူး ” မိုဝူကျိက မပြောင်းမလဲ ပြောလိုက်သည်။
“ စီနီယာ …. ဒီဂျူနီယာလေးက စကြဝဠာ တာအိုစည်းမျည်းရှိတဲ့ နေရာတစ်ခု သိထားပါတယ် ” ထန်းဟန်က အံ့ကြိတ်ကာ ပြောလိုက်သည်။ ဤသည်မှာ မှန်းဆချက်တစ်ခုမျှသာ ဖြစ်သော်လည်း သူက ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။
မိုဝူကျိက သူ အကူအညီတောင်းနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။ အကယ်၍ မိုဝူကျိ အကူအညီသာ မရှိလျှင် ဤစကြဝဠာကြီးထဲ၌ ဖြည်းဖြည်းချင်း သူ ယိုယွင်းလာမည် မဟုတ်ပါလော။
“ စကြဝဠာ တာအိုစည်းမျည်းလား ” မိုဝူကျိ၏ မျက်ဝန်းများက တောက်ပလာသည်။ သူက စကြဝဠာ တာအိုစည်းမျည်း သုံးခုကို စုဆောင်းခဲ့သော်လည်း များများ စုဆောင်းထားခြင်းက ပိုကောင်းကြောင်း သိပေသည်။
ထန်းဟန်က အနည်းငယ် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် “ သိပ်တော့ မသေချာပေမဲ့ ခရမ်းရောင် တာအိုစည်းမျည်း မှိန်ဖျဖျ ပေါ်လာတာ ”
“ မသေချာမှတော့ ဘာလို့ သွားမကြည့်တာလဲ ” မိုဝူကျိက မေးလိုက်သည်။
ထန်းဟန်က အလေးအနက် ပြောလိုက်သည် “ ကျုပ်ကို ခေါ်သွားပေးတဲ့သူက အင်မတန် ဉာဏ်များပြီး ကောက်ကျစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကျုပ် သတိလွတ်လိုက်မိတာနဲ့ သူမအကွက်ထဲ ရောက်သွားပြီး သေမလို ဖြစ်သွားသေးတယ်။ ဒါပေမဲ့ ကျုပ် ပြန်ထိန်းပြီးတော့ သူမကို ဒဏ်ရာပေးလိုက်နိုင်တယ်။ အဲဒီတုန်းက တည်နေရာကို မှတ်ထားလိုက်တယ်။ တကယ်လို့ စီနီယာ သွားကြည့်ချင်ရင် ဒီဂျုနီယာလေးက ဦးဆောင်လမ်းပြပါ့မယ်။ တကယ်လို့ တာအိုစည်းမျည်း မရှိရင်တော့ ဒီဂျူနီယာလေးကိုသာ သတ်လိုက်ပါ ”
မိုဝူကျိက ထန်းဟန်သည် လိမ်ညာနေခြင်း မဟုတ်ကြောင်း ပြောနိုင်ပေသည်။ သူက ခေါင်းညိတ်ကာ ထန်းဟန်၏ ဝိညာဉ်အမျှင်လေးကို လက်ခံကာ အမှတ်အသားပြုလိုက်၏ “ ဒီလိုဆိုမှတော့ လက်ခံလိုက်မယ်။ ကျုပ်က မိုဝူကျိ …. ကျုပ် အမုန်းဆုံးက ကြောင်သူတော်လို ဟန်ဆောင်နေတဲ့သူတွေပဲ။ ခင်ဗျားရဲ့ ရန်ကြွေးကိုလည်း ကူဆပ်ပေးမယ် ”
ထန်းဟန်၏ ရန်သူတော်များမှာ လော့ရှုတို့ ဖြစ်ကြသည်။ မိုဝူကျိက ထိုအချက်ကို သိပြီးသား ဖြစ်၏။ သူက လော့ရှုတို့အား သတ်ပစ်ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ရာ ထိုစကားများကို မစဉ်းစားဘဲ ပြောလိုက်ခြင်း မဟုတ်ပေ။
ထန်းဟန်က စိတ်ပေါ့ပါးသွားကာ မြန်မြန် ပြောလိုက်သည် “ ဒီဂျူနီယာလေးက စီနီယာကို သစ္စာဖောက်ခဲ့ရင် ကပ်ဘေးအတွင်း အမှုန့်ဖြစ်သွားပြီး ဘယ်သောအခါမှ ပြန်လည်ဝင်စားခွင့် မရပါစေနဲ့လို့ ကျိန်ဆိုပါတယ် ”
“ ကောင်းပြီ ” မိုဝူကျိက ခေါင်းညိတ်ပြကာ မိုးမြေ မီးပြင်းဖိုကို ထန်းဟန်ဆီ ပေးလိုက်သည် “ ဒီမီးပြင်းဖိုကို သုံးပြီး ဝိဇ္ဖာ ဖြစ်လာချည် …. နောင်ကျ ခင်ဗျားက ကျုပ်အတွက် အင်အားအရင်းအမြစ် တစ်ခု ဖြစ်လာလိမ့်မယ် ”
“ အာ ….” ထန်းဟန်က မိုဝူကျိ၏ အပြုအမူများကြောင့် ကြောင်အမ်းသွားလေ၏။ သူ့အိပ်မက်ထဲတွင်ပင် မိုးမြေ မီးပြင်းဖိုကို လိုချင်မိသည်။ သူက နှစ်များစွာ အားထုတ်ခဲ့ပြီး နိဗာန တိတ်ဆိတ်မှုပင်လယ်အောက်ခြေ၌လည်း နှစ်မြောက်များစွာ လဲလျောင်းနေခဲ့ရသော်လည်း မိုးမြေ မီးပြင်းဖိုနှင့် မနီးစပ်ခဲ့ပေ။
သို့သော် မီးပြင်းဖိုသည် သူ့မျက်စိရှေ့ ရောက်လာပြီ ဖြစ်၏။ ဤသို့သော ရုတ်ချည်းဆန်ဆန် အဖြစ်အပျက်က သူ့အား မယုံကြည်နိုင်ဖွယ် ဖြစ်သွားစေသည်။ သူက မိုဝူကျိအပေါ် လက်လျော့လိုက်စဉ်အခါက မိုးမြေ မီးပြင်းဖိုကို ရရှိဖို့ ကိစ္စကိုပါ လက်လျော့လိုက်ပေသည်။ သူ့အနေနှင့် မိုဝူကျိသည် ဤသို့ရတနာမျိုးကို သူ့ဆီ ပြန်ပေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤသည်မှာ ကမ္ဘာမြေ တုန်လုမတတ် အံ့အားသင့်စရာမျိုး ဖြစ်၏။
ကံကောင်းစွာဖြင့် သူက မြန်မြန် အသိကပ်လာသည်။ သူက မြန်မြန် ဒူးထောက်ကာ “ သခင်ကြီး စိတ်ချနေပါ။ ထန်းဟန်က သခင်ကြီးရဲ့ ဓား ဖြစ်လာရစေမယ်။ ဘယ်ကိုပဲ ညွှန်ပြပြ ထန်းဟန်က တုံ့ဆိုင်းမနေဘဲ ရှင်းထုတ်ပေးပါ့မယ်။ သခင်ကြီးအတွက် သေရမယ်ဆိုရင်တောင် မမှုပါဘူး ”
မိုဝူကျိက ခေါင်းညိတ်လိုက်သည်။ သူက စိတ်ထဲ မထားပေ။ သူ့လက်အောက်၌ ဝိဇ္ဇာမှာ ထန်းဟန် တစ်ယောက်တည်း မကပေ။ ဟွမ်တိလည်း ရှိနေသေး၏။ တစ်ချိန်တည်းဆိုသလို ထုံမင်ပင် သူ့အား အစ်ကိုကြီးအဖြစ် ခေါ်ဝေါ်ပေသည်။
မိုဝူကျိ ခေါင်းညိတ်ပြလိုက်သည်ကို မြင်ကာ ထန်းဟန်က တုံ့ဆိုင်းမနေတော့ပေ။ သူက မိုးမြေ မီးပြင်းဖိုကို ယူကာ သူ့တာအိုကို စိမ့်ဝင်စေလိုက်သည်။
မိုးမြေ မီးပြင်းဖိုသည် သူ့ရတနာ ဖြစ်၏။ အချိန်တိုလေးအတွင်း မီးပြင်းဖိုနှင့် သူက ဆက်နွယ်မိသွားသည်။
ထန်းဟန်၏ တာအိုအငွေ့အသက်များက သိသိသာသာ မြင့်တက်လာ၏။ ရက်ပိုင်းလေးအတွင်း သူ့ကျင့်ကြံဆင့်မှာ ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့်အထိ ချိုးဖောက်သွားပြီး သူ့ဆီမှ ဝိဇ္ဇာအရှိန်အဝါများ ထွက်ပေါ်လာသည်။
သူက ဟွမ်တိနှင့် မတူပေ။ သူ့ခန္ဓာကိုယ်မှာ အမြဲတမ်း ပြီးပြည့်စုံခဲ့၏။ သူက ဝိဇ္ဇာအဆင့် ပြန်လည် ရောက်ရှိဖို့ မိုးမြေ မီးပြင်းဖို လိုအပ်နေခဲ့ရုံမျှသာ ဖြစ်ပေသည်။ ယခု သူ့တွင် မိုးမြေ မီးပြင်းဖို ရလာပြီ ဖြစ်ရာ ဝိဇ္ဇာအဆင့်သို့ ပြန်လည် ရောက်ရှိသွားသည်မှာ ပုံမှန်သာ ဖြစ်၏။
ထန်းဟန်၏ ဝိဇ္ဇာတာအိုမှာ မိုဝူကျိနှင့် မတူပေ။ မိုဝူကျိ၏ ဝိဇ္ဇာတာအိုမှာ အရိပ်အယောင်မဲ့ကာ သူ့အား သာမာန် သေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်စေသည်။ ထန်းဟန်အတွက်မူ ဝိဇ္ဇာအဆင့် ပြန်ရောက်သွားသည်နှင့် သူ့ဝိဇ္ဇာအရှိန်အဝါများက လှိုင်းလုံးများအလား ချက်ချင်း ပြန့်နှံ့သွားလေ၏။
****
အခန္း (၁၂၁၁) : တာအို စိတ္ျပင္းျပမႈ
အကယ္၍ မိုဝူက်ိသာ ဝိဇၨာ မဟုတ္လွ်င္ သူမက ယခင္ခ်စ္ျခင္းေမတၱာကို ေထာက္ထား၍ သက္ညႇာေပးရန္ ေတာင္းဆိုမိေပလိမ့္မည္။ သို႔ေသာ္လည္း ဝိဇၨာတစ္ပါးႏွင့္ ရင္ဆိုင္ၿပီး မဟုတ္တမ္း အလိမ္အညာကို မေျပာႏိုင္ေပ။ တစ္ခ်က္ၾကည့္႐ုံျဖင့္ တန္းသိနိင္၍ ျဖစ္သည္။
သို႔ေသာ္လည္း သူက ဝမ္ေရွာင္ခ်ီဆိုတာ ဘယ္လိုလုပ္ သိသြားတာလဲ ….
သူမ နားလည္ထားသေလာက္ ဝမ္ေရွာင္ခ်ီ မဟုတ္ခဲ့ေပ။
အာကာျပင္မွာ ခ်က္ခ်င္း ေလးလံလာကာ ေသျခင္းတရား အေငြ႕အသက္တို႔ ေရာက္ရွိလာသည္။ ရွား႐ိုယင္က ႐ုန္းကန္ၿပီး သက္ညႇာေပးရန္ ေတာင္းဆိုလိုမိ၏။ သို႔ေသာ္လည္း ထိုအခိုက္အတန႔္၌ သူမက ဘာမွမေျပာႏိုင္ေတာ့ေပ။ သူမစိတ္ထဲ၌ အေတြးတစ္ခုသာ က်န္ရွိေနေတာ့သည္။ အကယ္၍ သူမသာ ယခင္က မိုဝူက်ိကို မသတ္ခဲ့လွ်င္ ကိစၥမ်ားက မည္သို႔ ျဖစ္ေနမည္နည္း။
ကံဆိုးစြာျဖင့္ သူမအေပၚ ဖိအား က်ေရာက္လာသည္။ သူမက ဘာမွဆက္မေတြးႏိုင္ေတာ့ေပ။
ပ်က္စီးမႈတာအိုလႈိင္းတစ္ခုက သူမအား ရစ္ပတ္သြားေလ၏။ ထိုစဥ္ သူမ အသက္ဓာတ္ ေပ်ာက္ကြယ္သြားေလသည္။ ထို႔ေနာက္ မီးေတာက္တစ္ခု ျပန႔္လႊင့္လာၿပီး သူမတစ္ကိုယ္လုံးကို ဗလာနတၳိအျဖစ္ ေလာင္ကြၽမ္းပစ္လိုက္သည္။
သူမ လက္စြပ္ပင္ အားေကာင္းလွသည့္ တာအိုလႈိင္းေအာက္ ဖ်က္စီးခံလိုက္ရသည္။ မိုဝူက်ိက သူမ ပစၥည္းမ်ားကို မက်န္ရွိေစသည္မွာ သိသာလွ၏။
……………..…
မိုဝူက်ိ၏ စိတ္စြမ္းအားက အာကာသထဲ ျပန္လည္ ေရာက္ရွိသြားသည္။ သူက ထန္းဟန္ကို သတိထားလိုက္မိ၏။ ယခင္ သူ စၾကဝဠာ တာအိုစည္းမ်ည္းကို လုယူခဲ့စဥ္အခါက ထန္းဟန္၏ အသိစိတ္မီးေတာက္ ေလာင္ကြၽမ္းျခင္းကို ခံထားရေပသည္။ ယခုအခ်ိန္အထိ ထန္းဟန္ကို ထိုကိစၥအတြက္ ျပန္မေပးဆပ္ခိုင္းရေသးေပ။
မိုဝူက်ိက ၾကယ္တာရာအစုအေဝးမ်ားကိုပါ ျဖတ္သန္းသြားလိုက္သည္။ သူက ထန္းဟန္ ရွိရာဆီ ေရာက္သည့္အခါ ထန္းဟန္၏ စိတ္စြမ္းအားကလည္း မိုဝူက်ိအား အာ႐ုံခံလိုက္မိေပသည္။
မိုဝူက်ိအျမင္အရ ထိုလူသည္ ေသခ်ာေပါက္ ထြက္ေျပးဖို႔ ႀကိဳးစားလိမ့္မည္ ျဖစ္၏။ သို႔ေသာ္လည္း သူ ေမွ်ာ္လင့္မထားမိသည္က ထိုလူက သူ႔ဆီ ပ်ံသန္းလာျခင္း ျဖစ္၏။
အျမင္ႏွင့္တင္ မိုးေျမ မီးျပင္းဖိုက သူ႔အား ႐ူးသြပ္သြားေစဟန္ ေပၚသည္။ အကယ္၍ သူ႔အေနႏွင့္ လူတစ္ေယာက္က ဝိဇၨာငါးပါးႏွင့္ ရင္ဆိုင္ၿပီး အသက္ရွင္လ်က္ ထြက္ေျပးသြားႏိုင္သည္ကို ျမင္ထားလွ်င္ ေသခ်ာေပါက္ လာရဲမည္ မဟုတ္ေပ။
“ ခင္ဗ်ားက မိုးေျမ မီးျပင္းဖိုကို လာလုခ်င္တာလား ” မိုဝူက်ိက သူ႔ေရွ႕ေရာက္လာသည့္ ထန္းဟန္ကို ၾကည့္ကာ မိုးေျမ မီးျပင္းဖိုကို ထုတ္ယူလိုက္သည္။
မိုဝူက်ိအား အံ့ဩသြားေစသည္က ထန္းဟန္သည္ သူ႔ဝိညာဥ္အမွ်င္ေလးကို ထုတ္လိုက္ရင္း ေျမျပင္ေပၚ ဒူးေထာက္ခ်လိုက္ျခင္း ျဖစ္၏ “ စီနီယာက ဝိဇၨာအဆင့္ ေရာက္သြားၿပီဆိုတာကို သိပါတယ္။ က်ဳပ္ စီနီယာေနာက္ လိုက္ခ်င္တယ္။ စီနီယာ ထန္းဟန္ကို လက္ခံေပးပါ …. မိုးေျမ မီးျပင္းဖိုကိုေတာ့ ဒီဂ်ဴနီယာေလး မလိုခ်င္ရဲေတာ့ပါဘူး ”
မိုဝူက်ိက ေျပာစရာပင္ ေပ်ာက္ဆုံးသြားေခ်သည္။ သူက ထန္းဟန္အား စိုက္ၾကည့္လိုက္သည္။
တစ္ခုခုေတာ့ လြဲမွားေနေခ်ၿပီ ….
ထန္းဟန္သည္ ဝိဇၨာတစ္ပါး ျဖစ္ခဲ့ဖူးသည္ မဟုတ္ပါေလာ။
သူက ဘယ္လိုလုပ္ အားနည္းလာရတာလဲ ….
မိုဝူက်ိက သူ႔အား သတ္လွ်င္ပင္ ထန္းဟန္က မိုးေျမမီးျပင္းဖိုအတြက္ တိုက္ပြဲကို လက္ေလ်ာ့မည္ မဟုတ္ျခင္းကသာ ပုံမွန္ ျဖစ္၏။ သို႔ေသာ္ ယခုတြင္ ထန္းဟန္က ေျမျပင္ေပၚ ဒူးေထာက္ကာ မိုဝူက်ိဆီ သူ႔ဝိညာဥ္ကိုပင္ ေပးအပ္ေနေပသည္။ ဤသည္မွာ အေတာ္ေလး ထူးဆန္းလွ၏။
မိုဝူက်ိက ဘာမွားေနမွန္း သိသြားေလသည္။ တာအိုအေပၚ ထားရွိသည့္ ထန္းဟန္၏ မာန္မာႏွင့္ လိုအင္ဆႏၵတို႔ ေပ်ာက္ကြယ္သြားေလၿပီ။ ယခင္ သူ ေသမ်ိဳးၿဂိဳလ္ေပၚဆီ စေရာက္ခါစက ဘယ္ေသာအခါမွ ထြက္မသြားႏိုင္ေတာ့ေၾကာင္း ေတြးမိစဥ္ကဲ့သို႔ ျဖစ္ေနသည္။
“ တာအိုအတြက္ စိတ္အားထက္သန္မႈ ေပ်ာက္ဆုံးသြားၿပီလား ” မိုဝူက်ိက ဒူးေထာက္ေနသည့္ ထန္းဟန္အား ေမးလိုက္သည္။ သူက ထန္းဟန္၏ ဝိညာဥ္အမွ်င္ေလးကို လက္မခံေသးေပ။
သူ႔အတြက္ တာအိုအတြက္ ျပင္းျပသည့္ စိတ္ဆႏၵမရွိသူ တစ္ဦးသည္ ေရာက္လာမည့္ ကမာၻပ်က္ကပ္ေဘးႀကီးအတြက္ မ်ားစြာ အသုံးတည့္မည္ မဟုတ္ေခ်။
ထန္းဟန္က သက္ျပင္းခ်လိုက္၏။ သူက သူ႔ေရွ႕မွ လူသည္ သူ႔အေပၚ စိတ္မဝင္စားေၾကာင္း သိလိုက္သည္။
သူက တာအိုအတြက္ စိတ္ျပင္းျပမႈ အမွန္တကယ္ ေပ်ာက္ဆုံးသြားေလၿပီ။ သူ႔စိတ္ဝိညာဥ္က လိန္ဟုန္က်ီႏွင့္ ရွား႐ိုယင္တို႔ေၾကာင့္ ခံစားခဲ့ရေသာ္လည္း အားေကာင္းလ်က္ ရွိေနေသး၏။ သူက ဝိဇၨာတာအိုကို ျပန္ေရာက္ဖို႔ စိတ္အားထက္သန္ေနေသးသည္။
သို႔ေသာ္ ဝိဇၨာငါးပါးႏွင့္ မိုဝူက်ိတို႔ တိုက္ပြဲကို ျမင္လိုက္ၿပီးေနာက္ သူ႔တာအိုစိတ္ဝိညာဥ္သည္ လုံးဝ ပ်က္စီးသြားရေတာ့သည္။
မိုဝူက်ိက အသိစိတ္မီးေတာက္ကို ေတာင့္ခံၿပီး ေဘးကင္းကင္း ထြက္သြားႏိုင္ခဲ့သည္။ ထိုမွ်တင္ မကေသးဘဲ မိုဝူက်ိက ဝိဇၨာငါးပါးဆီကေန စၾကဝဠာ တာအိုစည္းမ်ည္းကို လုယူႏိုင္ခဲ့ေသး၏။
ဤသည္က သူ႔အား အံ့ဩေစဆုံး မဟုတ္ေသးေပ။ အံ့အားအသင့္ေစဆုံး ကိစၥရပ္မွာ မိုဝူက်ိက ဝိဇၨာေလးပါးႏွင့္ ေလာ့တို႔ ဝိုင္းထားလ်က္ႏွင့္ ဝိဇၨာသုံးပါးကို ဒဏ္ရာရေစကာ ေလာ့ကိုလည္း ဒဏ္ရာအျပင္းအထန္ ျဖစ္ေစခဲ့ၿပီး ထြက္ေျပးသြားႏိုင္ျခင္း ျဖစ္၏။
ယခင္ သူက မိုဝူက်ိေတာ့ အၿပီးသတ္ၿပီဟု ထင္မွတ္မိခဲ့သည္။ ေဘးမွ ၾကည့္ရႈသူတစ္ဦးအေနႏွင့္ မိုဝူက်ိ၏ တာအိုအုတ္ျမစ္ ပ်က္စီးသြားေၾကာင္း ေျပာႏိုင္ေပသည္။
ႏွစ္တစ္ေထာင္ေလးအတြင္း ဤလူငယ္ေလးက ျပန္လည္ ေကာင္းမြန္လာ႐ုံသာမက ဝိဇၨာအဆင့္အထိ တက္လွမ္းႏိုင္ခဲ့လိမ့္မည္ဟု မထင္ထားခဲ့ေပ။
ထိုႏွစ္မ်ားတုန္းက ဝိဇၨာငါးပါးႏွင့္ ရင္ဆိုင္စဥ္ ထိုလူက ဝိဇၨာတစ္ပိုင္းအဆင့္သာ ရွိေသး၏။ ယခု သူက ဝိဇၨာအဆင့္ ေရာက္ရွိသြားၿပီ ျဖစ္ရာ ဝိဇၨာငါးပါး အဝိုင္းခံရျခင္းက မိုဝူက်ိအတြက္ ျပႆနာ မဟုတ္ေလာက္ေတာ့ေပ။
သူ႔အတြက္ သူ႔တာအို စိတ္ျပင္းျပမႈ ဆုံးရႈံးသြားသည္မွာ မိုဝူက်ိက ဝိဇၨာငါးပါး တိုက္ခိုက္မႈကို ရင္ဆိုင္ၿပီး ထြက္ေျပးသြားႏိုင္၍ မဟုတ္ေခ်။ ထို႔အစား ေလာ့ႏွင့္ မိုဝူက်ိတို႔ ထြက္ေျပးသြားၿပီးေနာက္ သူ႔ရန္သူေတာ္ႀကီးမ်ားျဖစ္သည့္ ေလာ့ရႈတို႔က သူ႔အား မရွိသကဲ့သို႔ ဆက္ဆံကာ ထိုက္လြန္ေနာက္ ဆက္လိုက္သြားၾက၍ ျဖစ္သည္။
အကယ္၍ ေလာ့ရႈတို႔သာ ထိုက္လြန္ေနာက္ လိုက္မသြားခင္ သူ႔အား သတ္ဖို႔ ဆုံးျဖတ္ခဲ့လွ်င္ နဂိုမာန္မာနတို႔ က်န္ရွိေနေလာက္ေသး၏။ သူ ထန္းဟန္က ဝိဇၨာတစ္ပါး ျဖစ္ခဲ့ေသးသည္ မဟုတ္ပါေလာ။ သို႔ေသာ္ ယခုတြင္ လ်စ္လ်ဴရႈခံလိုက္ရေပသည္။ သူတို႔က သူ႔အား သတ္ဖို႔ အခ်ိန္မရွိေလာက္သည့္အထိ လ်စ္လ်ဴရႈသြားျခင္း ျဖစ္၏။
ေလာ့ရႈတို႔ႏွင့္ ရန္ေႂကြးမွာ ပင္လယ္ႀကီးေလာက္ နက္ရႈိင္းေပသည္။ သို႔ေသာ္လည္း ေလာ့ရႈတို႔က သူ႔အား လ်စ္လ်ဴရႈပစ္ခဲ့သည္။ ဘဝတစ္ေလွ်ာက္ အျပင္းထန္ဆုံး ေဝဒနာမ်ားအနက္ ဤထက္ ဆိုးသည့္အရာ ရွိဦးမည္လား။
ယေန႔ ေလာ့ရႈတို႔အား လက္စားေခ်ဖို႔အေၾကာင္းကို ထည့္ေျပာေနဖို႔ပင္ မလိုေတာ့ေပ။ သူက လက္စားေခ်ဖို႔ သတၱိပင္ မရွိေတာ့ေပ။
သူ႔အား အကြက္ခ်ႀကံစည္ခဲ့သည့္ လူမ်ားကို လက္စားျပန္ေခ်ဖို႔ သတၱိမရွိသည့္ ဝိဇၨာတစ္ပါး ျဖစ္ေနေလရာ သူ႔ဘဝ၌ မည္သည့္ အဓိပၸါယ္ ဆက္ရွိဦးမည္နည္း။
သူ႔တာအိုအတြက္ ရည္မွန္းခ်က္ ရွိဦးမည္လား…..
လက္ရွိ မိုဝူက်ိ ထြက္ေပၚလာမႈသည္ သူ႔အား ေမွ်ာ္လင့္ခ်က္ေလး ေပး၏။ သူက မိုဝူက်ိသည္ အလြန္အံ့ဩဖို႔ ေကာင္းေၾကာင္း သိထားေပသည္။ မိုဝူက်ိသည္ အလြန္အားေကာင္း႐ုံသာမက ဉာဏ္လည္း ေကာင္းလွသည္။ သူက ထြက္ေျပးႏိုင္မည့္ အခြင့္အေရး ရေစရန္ ေလာ့ရႈ၊ ခ်င္းယြမ္ႏွင့္ ဖိုတိတို႔အား ထိုက္လြန္ေနာက္ လိုက္သြားေစခဲ့သည္။
ယေန႔ သူက မိုဝူက်ိႏွင့္ ျပန္လည္ ဆုံေတြ႕လိုက္ရသည့္အခါ မိုဝူက်ိက ေနာက္တဆင့္ ျမင့္တက္သြားေလၿပီ။ အကယ္၍ ဤစၾကဝဠာႀကီးထဲ၌ သူ ထန္းဟန္အား လက္စားေခ်ဖို႔ အကူအညီေပးႏိုင္သူ ရွိလွ်င္ သူ႔ေရွ႕မွ လူငယ္ေလးသာ ျဖစ္လိမ့္မည္။ မိုဝူက်ိက သူႏွင့္ ရန္ၿငိဳးႀကီးႀကီးမားမား မရွိေပ။ တစ္ခ်ိန္တည္းဆိုသလို မိုဝူက်ိက ေလာ့ရႈႏွင့္ ရန္ၿငိဳး ရွိထားေလ၏။
သို႔ေသာ္ ယခုတြင္ သူက မိုဝူက်ိထံ သူ႔ဝိညာဥ္ ေပးအပ္ခဲ့ေသာ္လည္း မိုဝူက်ိက စိတ္ဝင္စားဟန္ မေပၚေပ။ ဤသည္က ထန္းဟန္အား စိတ္ပ်က္သြားေစသည္။ သူက လက္စားမေခ်ႏိုင္ေတာ့ေၾကာင္း သိလိုက္မိသည္။
“ ခင္ဗ်ားက က်ဳပ္အတြက္ အသုံးမဝင္ဘူး ” မိုဝူက်ိက မေျပာင္းမလဲ ေျပာလိုက္သည္။
“ စီနီယာ …. ဒီဂ်ဴနီယာေလးက စၾကဝဠာ တာအိုစည္းမ်ည္းရွိတဲ့ ေနရာတစ္ခု သိထားပါတယ္ ” ထန္းဟန္က အံ့ႀကိတ္ကာ ေျပာလိုက္သည္။ ဤသည္မွာ မွန္းဆခ်က္တစ္ခုမွ်သာ ျဖစ္ေသာ္လည္း သူက ေျပာျပဖို႔ ဆုံးျဖတ္လိုက္သည္။
မိုဝူက်ိက သူ အကူအညီေတာင္းႏိုင္သည့္ တစ္ဦးတည္းေသာသူ ျဖစ္၏။ အကယ္၍ မိုဝူက်ိ အကူအညီသာ မရွိလွ်င္ ဤစၾကဝဠာႀကီးထဲ၌ ျဖည္းျဖည္းခ်င္း သူ ယိုယြင္းလာမည္ မဟုတ္ပါေလာ။
“ စၾကဝဠာ တာအိုစည္းမ်ည္းလား ” မိုဝူက်ိ၏ မ်က္ဝန္းမ်ားက ေတာက္ပလာသည္။ သူက စၾကဝဠာ တာအိုစည္းမ်ည္း သုံးခုကို စုေဆာင္းခဲ့ေသာ္လည္း မ်ားမ်ား စုေဆာင္းထားျခင္းက ပိုေကာင္းေၾကာင္း သိေပသည္။
ထန္းဟန္က အနည္းငယ္ တုံ႔ဆိုင္းတုံ႔ဆိုင္းျဖင့္ “ သိပ္ေတာ့ မေသခ်ာေပမဲ့ ခရမ္းေရာင္ တာအိုစည္းမ်ည္း မွိန္ဖ်ဖ် ေပၚလာတာ ”
“ မေသခ်ာမွေတာ့ ဘာလို႔ သြားမၾကည့္တာလဲ ” မိုဝူက်ိက ေမးလိုက္သည္။
ထန္းဟန္က အေလးအနက္ ေျပာလိုက္သည္ “ က်ဳပ္ကို ေခၚသြားေပးတဲ့သူက အင္မတန္ ဉာဏ္မ်ားၿပီး ေကာက္က်စ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ပါ။ က်ဳပ္ သတိလြတ္လိုက္မိတာနဲ႔ သူမအကြက္ထဲ ေရာက္သြားၿပီး ေသမလို ျဖစ္သြားေသးတယ္။ ဒါေပမဲ့ က်ဳပ္ ျပန္ထိန္းၿပီးေတာ့ သူမကို ဒဏ္ရာေပးလိုက္ႏိုင္တယ္။ အဲဒီတုန္းက တည္ေနရာကို မွတ္ထားလိုက္တယ္။ တကယ္လို႔ စီနီယာ သြားၾကည့္ခ်င္ရင္ ဒီဂ်ဳနီယာေလးက ဦးေဆာင္လမ္းျပပါ့မယ္။ တကယ္လို႔ တာအိုစည္းမ်ည္း မရွိရင္ေတာ့ ဒီဂ်ဴနီယာေလးကိုသာ သတ္လိုက္ပါ ”
မိုဝူက်ိက ထန္းဟန္သည္ လိမ္ညာေနျခင္း မဟုတ္ေၾကာင္း ေျပာႏိုင္ေပသည္။ သူက ေခါင္းညိတ္ကာ ထန္းဟန္၏ ဝိညာဥ္အမွ်င္ေလးကို လက္ခံကာ အမွတ္အသားျပဳလိုက္၏ “ ဒီလိုဆိုမွေတာ့ လက္ခံလိုက္မယ္။ က်ဳပ္က မိုဝူက်ိ …. က်ဳပ္ အမုန္းဆုံးက ေၾကာင္သူေတာ္လို ဟန္ေဆာင္ေနတဲ့သူေတြပဲ။ ခင္ဗ်ားရဲ႕ ရန္ေႂကြးကိုလည္း ကူဆပ္ေပးမယ္ ”
ထန္းဟန္၏ ရန္သူေတာ္မ်ားမွာ ေလာ့ရႈတို႔ ျဖစ္ၾကသည္။ မိုဝူက်ိက ထိုအခ်က္ကို သိၿပီးသား ျဖစ္၏။ သူက ေလာ့ရႈတို႔အား သတ္ပစ္ဖို႔ ဆုံးျဖတ္ထားၿပီးသား ျဖစ္ရာ ထိုစကားမ်ားကို မစဥ္းစားဘဲ ေျပာလိုက္ျခင္း မဟုတ္ေပ။
ထန္းဟန္က စိတ္ေပါ့ပါးသြားကာ ျမန္ျမန္ ေျပာလိုက္သည္ “ ဒီဂ်ဴနီယာေလးက စီနီယာကို သစၥာေဖာက္ခဲ့ရင္ ကပ္ေဘးအတြင္း အမႈန႔္ျဖစ္သြားၿပီး ဘယ္ေသာအခါမွ ျပန္လည္ဝင္စားခြင့္ မရပါေစနဲ႔လို႔ က်ိန္ဆိုပါတယ္ ”
“ ေကာင္းၿပီ ” မိုဝူက်ိက ေခါင္းညိတ္ျပကာ မိုးေျမ မီးျပင္းဖိုကို ထန္းဟန္ဆီ ေပးလိုက္သည္ “ ဒီမီးျပင္းဖိုကို သုံးၿပီး ဝိဇၹာ ျဖစ္လာခ်ည္ …. ေနာင္က် ခင္ဗ်ားက က်ဳပ္အတြက္ အင္အားအရင္းအျမစ္ တစ္ခု ျဖစ္လာလိမ့္မယ္ ”
“ အာ ….” ထန္းဟန္က မိုဝူက်ိ၏ အျပဳအမူမ်ားေၾကာင့္ ေၾကာင္အမ္းသြားေလ၏။ သူ႔အိပ္မက္ထဲတြင္ပင္ မိုးေျမ မီးျပင္းဖိုကို လိုခ်င္မိသည္။ သူက ႏွစ္မ်ားစြာ အားထုတ္ခဲ့ၿပီး နိဗာန တိတ္ဆိတ္မႈပင္လယ္ေအာက္ေျခ၌လည္း ႏွစ္ေျမာက္မ်ားစြာ လဲေလ်ာင္းေနခဲ့ရေသာ္လည္း မိုးေျမ မီးျပင္းဖိုႏွင့္ မနီးစပ္ခဲ့ေပ။
သို႔ေသာ္ မီးျပင္းဖိုသည္ သူ႔မ်က္စိေရွ႕ ေရာက္လာၿပီ ျဖစ္၏။ ဤသို႔ေသာ ႐ုတ္ခ်ည္းဆန္ဆန္ အျဖစ္အပ်က္က သူ႔အား မယုံၾကည္ႏိုင္ဖြယ္ ျဖစ္သြားေစသည္။ သူက မိုဝူက်ိအေပၚ လက္ေလ်ာ့လိုက္စဥ္အခါက မိုးေျမ မီးျပင္းဖိုကို ရရွိဖို႔ ကိစၥကိုပါ လက္ေလ်ာ့လိုက္ေပသည္။ သူ႔အေနႏွင့္ မိုဝူက်ိသည္ ဤသို႔ရတနာမ်ိဳးကို သူ႔ဆီ ျပန္ေပးလာလိမ့္မည္ဟု မထင္ထားခဲ့ေပ။
ဤသည္မွာ ကမာၻေျမ တုန္လုမတတ္ အံ့အားသင့္စရာမ်ိဳး ျဖစ္၏။
ကံေကာင္းစြာျဖင့္ သူက ျမန္ျမန္ အသိကပ္လာသည္။ သူက ျမန္ျမန္ ဒူးေထာက္ကာ “ သခင္ႀကီး စိတ္ခ်ေနပါ။ ထန္းဟန္က သခင္ႀကီးရဲ႕ ဓား ျဖစ္လာရေစမယ္။ ဘယ္ကိုပဲ ၫႊန္ျပျပ ထန္းဟန္က တုံ႔ဆိုင္းမေနဘဲ ရွင္းထုတ္ေပးပါ့မယ္။ သခင္ႀကီးအတြက္ ေသရမယ္ဆိုရင္ေတာင္ မမႈပါဘူး ”
မိုဝူက်ိက ေခါင္းညိတ္လိုက္သည္။ သူက စိတ္ထဲ မထားေပ။ သူ႔လက္ေအာက္၌ ဝိဇၨာမွာ ထန္းဟန္ တစ္ေယာက္တည္း မကေပ။ ဟြမ္တိလည္း ရွိေနေသး၏။ တစ္ခ်ိန္တည္းဆိုသလို ထုံမင္ပင္ သူ႔အား အစ္ကိုႀကီးအျဖစ္ ေခၚေဝၚေပသည္။
မိုဝူက်ိ ေခါင္းညိတ္ျပလိုက္သည္ကို ျမင္ကာ ထန္းဟန္က တုံ႔ဆိုင္းမေနေတာ့ေပ။ သူက မိုးေျမ မီးျပင္းဖိုကို ယူကာ သူ႔တာအိုကို စိမ့္ဝင္ေစလိုက္သည္။
မိုးေျမ မီးျပင္းဖိုသည္ သူ႔ရတနာ ျဖစ္၏။ အခ်ိန္တိုေလးအတြင္း မီးျပင္းဖိုႏွင့္ သူက ဆက္ႏြယ္မိသြားသည္။
ထန္းဟန္၏ တာအိုအေငြ႕အသက္မ်ားက သိသိသာသာ ျမင့္တက္လာ၏။ ရက္ပိုင္းေလးအတြင္း သူ႔က်င့္ႀကံဆင့္မွာ ဝိဇၨာတပိုင္း ၿပီးျပည့္စုံျခင္းအဆင့္အထိ ခ်ိဳးေဖာက္သြားၿပီး သူ႔ဆီမွ ဝိဇၨာအရွိန္အဝါမ်ား ထြက္ေပၚလာသည္။
သူက ဟြမ္တိႏွင့္ မတူေပ။ သူ႔ခႏၶာကိုယ္မွာ အၿမဲတမ္း ၿပီးျပည့္စုံခဲ့၏။ သူက ဝိဇၨာအဆင့္ ျပန္လည္ ေရာက္ရွိဖို႔ မိုးေျမ မီးျပင္းဖို လိုအပ္ေနခဲ့႐ုံမွ်သာ ျဖစ္ေပသည္။ ယခု သူ႔တြင္ မိုးေျမ မီးျပင္းဖို ရလာၿပီ ျဖစ္ရာ ဝိဇၨာအဆင့္သို႔ ျပန္လည္ ေရာက္ရွိသြားသည္မွာ ပုံမွန္သာ ျဖစ္၏။
ထန္းဟန္၏ ဝိဇၨာတာအိုမွာ မိုဝူက်ိႏွင့္ မတူေပ။ မိုဝူက်ိ၏ ဝိဇၨာတာအိုမွာ အရိပ္အေယာင္မဲ့ကာ သူ႔အား သာမာန္ ေသမ်ိဳးတစ္ေယာက္ကဲ့သို႔ ျဖစ္ေစသည္။ ထန္းဟန္အတြက္မူ ဝိဇၨာအဆင့္ ျပန္ေရာက္သြားသည္ႏွင့္ သူ႔ဝိဇၨာအရွိန္အဝါမ်ားက လႈိင္းလုံးမ်ားအလား ခ်က္ခ်င္း ျပန႔္ႏွံ႔သြားေလ၏။