𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊...

By AureumV

113K 14.2K 2.8K

To my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30 (Final)
For Physical Book📖
Book 📜
Can order now🥀

Part 18

2.4K 384 68
By AureumV

Unicode~

"Joanna! အဲ့တာက ဘာစကားလဲ။ ဦး​လေး Aiden တို့က Kim Taehyungမိဘ​တွေကို သတ်တယ်ဆိုတာ"

ရုတ်တရက်ဝင်လာ​သော Suzan​ကြောင့် Joanna လန့်သွားမိသည်။
Suzan အကုန်ကြားသွားပြီမို့ လက်ကျန်မာယာ​လေးကို ထုတ်သုံးရန်အပြင် မရှိ​တော့။

"ဟင့်...Suzanရယ် သူ့လို အရူးစကားကိုမှ ယုံရလား။ ကိုယ်ဘာမှ​တောင် မသိရပါဘူး"

မရှိရှိ​သော မျက်ရည်​တွေကို ညစ်ထုတ်ငို​နေသည့် Joanna ပါရယ်။ Suzan ​သေချာ​ပေါက်သိ​နေသည်.. Joanna လိမ်​ပြော​နေတာသိ​​ပေမယ့် Taehyung အ​​ပေါ် သူ့ရဲ့အမုန်းပမာဏနဲ့စာရင်​တော့ ဘာမှမ​ပြောပ​လောက်။

"မင်းတို့ မိသားစု၂ခု အဆင်မ​ပြေတာ ကိုယ်သိပါတယ်။ ကိုယ့်ကိုမလိမ်ဘဲ ​ပြောစမ်းပါ"

"Taehyungက ငါ့​မောင်​လေးကို သတ်ခဲ့တာပါ။ လူမမည်က​လေးကို..."

Joanna မျက်ရည်​တွေနဲ့ Suzanရင်ခွင်ထဲ တိုး​ဝှေ့​နေသည်။ Suzanလည်း Joannaရဲ့ ​ကျောပြင်ကို တဖွဖွပွတ်သပ်​ပေးရုံအပြင် မတတ်နိုင်ခဲ့။

"ကိုယ်တိုင်မြင်ခဲ့ရတာမို့ မျက်စိထဲကကို မထွက်နိုင်ဘူး Suzanရယ်"

"အင်း... မငိုနဲ့ တိတ်​တော့"

"အဲ့လို​တွေဖြစ်ခဲ့တာ​တောင် Taehyungက ကိုယ့်ထက် အစစအရာရာသာ​နေတုန်းပဲ"

"မင်းထင်လို့ပါ။ မင်းအဲ့လိုမထင်ရ​အောင် ကိုယ်လုပ်​ပေးမယ်"

Suzan အမုန်း​အာဃာတ​တွေ ကြီးမားချက်က အမှားအမှန် ခွဲခြားသိနိုင်ရက်​တောင် အမှန်ဘက်မှာ မရှိနိုင်သည်အထိ။
____

ညသန်း​ခေါင်မှာ Taehyung တစ်​ရေးနိုးလာခဲ့သည်။ ဘုရားစူး သူအိပ်မက်လှလှမက်​နေခဲ့တာပါ။
နှင်းဆီမြိုင်ထဲမှာ ​ဖေ​ဖေရယ် ​မေ​မေရယ် Jeonရယ် ညီလား ညီမလား မသဲကွဲတဲ့ သူ့အငယ်​လေးရယ်။

ရုတ်တရက် အိပ်မက်က လန့်နိုးလာပြီး ရင်တလှပ်လှပ်ဖြစ်​နေတာ​ကြောင့် ​ရေတ​ကောင်းထဲက ​ရေကို ခပ်ယူ​သောက်လိုက်ရသည်။

ကုတင်​ပေါ်မှာ Jeonက နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်​နေဆဲ။ အ​ပေါ်ပိုင်းအဝတ်ဗလာနဲ့ Jeonက ကြွက်သား​တွေ အထင်းသား​ပေါ်​နေသည်။
​တောင့်တင်း​နေ​သော လက်​မောင်းကြွက်သား​တွေကို ​ခေါင်းအုံးမိသည်။

ညဦးပိုင်းက အဖြစ်အပျက်​တွေက အိပ်မက်လိုလို လက်​တွေ့လိုလို။
သူ​တွေးခဲ့မိသမျှကလည်း တကယ်ကြုံဖူးသလိုလို မကြုံဖူးသလိုလို။

သူ့စိတ်​တွေ တည်ငြိမ်​​နေသည်မှာ အ​တော်​လေး ကြာခဲ့ပြီ... အတ္တလန်တာမှာ ​နေတာ ကြာလာသည်နှင့်အမျှ ​သွေးစက်​တွေကို စွဲလမ်းဖူးသည်ကိုပင် ​မေ့​လျော့လာသည်။

ဒီ​နေ့ည​​တော့ အဲ့အဖြစ်အပျက်​တွေကို ​တွေး​နေမိသည်။

Suzan ဒုက္ခိတဖြစ်ဖို့ တိတ်တဆိတ်လုပ်ခဲ့သည်မှာ တစ်နှစ်​ပင်မရှိ​သေး။
Ms. Hutchကို စိတ်လိုလက်ရ သတ်ခဲ့ဖူးသည်။

နှင်းဆီမြိုင်တုန်းက ယုန်ဖြူ​လေးရယ်၊ မြင်းနီကြီးရယ်။
အို...ပြန်စဥ်းစားကြည့်​တော့ ဒါ​​တွေကို သူ့ချစ်သူက အားလုံးသိ​နေခဲ့တာ။

Jeonက သူ့ရဲ့ အ​​မှောင်ဘက်ခြမ်းကို နားလည်​ပေးသူ​ဆိုလည်း မမှား။
ဒါ​တွေအကုန်လုံးကို သူတ​လျှောက်လုံး နားလည်ခွင့်လွှတ်​ပေး​နေခဲ့တာ။

ဒီ​လောက်​တောင်နားလည်​ပေးပြီး ​ဆွေမျိုးရင်းချာတစ်​ယောက်ကို သတ်ဖူးတယ်ဆိုတာကို နားမလည်​ပေးနိုင်ရင်​ရော။

Jeonကို ​​မော့ကြည့်​တော့ အသက်​ဖြေး​ဖြေးမှန်မှန်ရှူရင်း အိပ်စက်​နေတဲ့ Jeonက ​အေးချမ်း​နေသည်။
အရာရာကို နားလည်ခွင့်လွှတ်​ပေးမယ့် အ​ငွေ့အသက်​တွေကိုပါ ခံစားမိသည်။

အင်း... သူတစ်ရက်ရက်​​တော့ ဖြစ်ပျက်သမျှ​တွေကို Jeonကို ​ပြောရလိမ့်မည်။
တစ်သက်လုံး​တော့ ဖုံးကွယ်ထားလို့မဖြစ်... ထူးထူးခြားခြား ဒီညမှ ဒါ​တွေ​​တွေးမိ​နေပြီး လိပ်ပြာမလုံ ဖြစ်​နေမိသည်။

​​ဖေ​ဖေနဲ့ ​မေ​မေ ဈာပနပြီး သူနှင်းဆီမြိုင်ကို ​ရောက်ခဲ့သည်။
ဦး​​လေး Aidenက သူ့အ​ပေါ် ဟန်မပျက် ​ကောင်းပြသည်၊ သူ့ရဲ့ ဒုတိယသား​လေးကို ပြ​ပေးသည်။

Taehyung တစ်​ယောက် ရက်သား​လေးရှိ​သေးသည့် က​လေးကိုမြင်တိုင်း ​မေ​​မေ့ဗိုက်ထဲက က​လေးအ​ကြောင်းကို ​တွေးမိသည်။
အပြစ်မရှိတဲ့ က​လေးအ​ပေါ် အငြိုးအာဃာတ​တွေ တိုးသထက် တိုးလာ​တော့တာ။

​​နေသာသာ​နေ့တစ်​​နေ့မှာပဲ ထိုက​လေး​လေးလည်ပင်းကို တင်းတင်းညစ်ခဲ့မိတာ။
က​လေးမျက်နှာတစ်ခုလုံး ပြာနှမ်းပြီး နှာ​ခေါင်းနဲ့ ပါးစပ်က​နေ ​သွေး​တွေ ယိုစိမ့်ထွက်လာသည်။

​မွေးကင်းစက​လေးတစ်​ယောက်​သေဖို့ ၇နှစ်အရွယ် ​ကောင်​လေးမှာ အားများများ မထည့်လိုက်ရ။

"ကိုကို​လေး...သူ့ကို သတ်လိုက်တာလား။ ငါ့​မောင်ကို သတ်လိုက်တာလား"

"​အေး... မျက်စိ​ရှေ့တင် ကိုယ်ချစ်ရတဲ့သူ​​တွေ အသတ်ခံရတဲ့ ခံစားချက်က ဘာလဲ သိပြီမလား"

"မင်းကို ​ဖေ​ဖေနဲ့ တိုင်မယ်"

"တိုင်​​လေ... မင်းအ​ဖေက က​​လေးအသက်ထက် စာချုပ်တစ်​စောင်ကို မက်​နေတာ​ရော သိရဲ့လား"

တကယ်လည်း ဦး​လေးက စာချုပ်တစ်​စောင်ကို ပိုမက်​မောခဲ့သည်။
နှင်းဆီမြိုင်စာချုပ်ကို သူTaehyungဆီက ရဖို့ အကြိမ်ကြိမ် နှစ်ရှည်လများ ကြိုးစား​နေခဲ့သည်။

Taehyungဆီမှာ နှင်းဆီမြိုင်ကို ချစ်​သောစိတ် တွယ်တာ​​သောစိတ်​တွေ ကိန်းဝပ်​နေလျက်သား။
နှင်းဆီမြိုင်ကို ဘယ်သူ့လက်ထဲမှ ထည့်မ​ပေးနိုင်။
တစ်​နေ့​​နေ့ကျ နှင်းဆီမြိုင်ရဲ့ အလုံးစုံကို သူပိုင်ဖို့ ကြိုးစားရဦးမည်။

​လော​လောဆယ်တွင်​တော့ သူဟာ နှင်းဆီမြိုင်ကျွန်အသိုင်းအဝိုင်းမှာ အရူးသာသာ လူတစ်​ယောက်သာ။

ထိုအ​တွေးများနဲ့ ဘယ်အချိန် မျက်လုံးမှိတ်ပြီး အိပ်စက်မိ​လေလဲ မ​ပြောတတ်​တော့။

မနက်​စော​စော Jeon JungKook နိုးလာချိန်မှာ ထုံစံအတိုင်း ချာတိတ်က အိပ်​မောကျ​နေဆဲ။
ဆံပင်​လေး​​တွေ သပ်တင်ပြီး နားသယ်စပ်နား​လေးကို ရှိုက်နမ်းမိသည်။
____

သူ့အခန်းပြန်ပြီး လုပ်ငန်းအတွက် စာရွက်စာတမ်းတချို့ကို စိတ်မပါတပါဖြင့် ​ရေး​​နေသည်။
တချို့​နေရာမှာ ခဲတံဖြင့် ပုံဆွဲထားတာ​တွေရှိသည်။
ဝါညစ်ညစ် စက္ကူကြမ်း​ပေါ်မှာ ဦး​နှောက်အစိတ်အပိုင်းတစ်စစီကို ရှု​ထောင့်အမျိုးမျိုးမှ ​သေ​သေသပ်သပ်ဆွဲထားသည်။

စာ​တွေကို​တော့ ​ဖောင်တိန်အနက်​​ရောင်မင်ရည်ဖြင့် ​ရေးထားသည်။
ခပ်​သော့​သော့လက်​ရေး​​တွေကို ကြည့်ခြင်းအားဖြင့် အ​ချောထည် စာမူမဟုတ်​ကြောင်း သိနိုင်သည်။
မင်ရည်​တွေကလည်း ဟိုတစ်စက် ဒီတစ်စက်​ပေပွ​နေပြီး သပ်သပ်ရပ်ရပ်မရှိ။

"ခင်ဗျားက ​နေ့တိုင်းအ​စောကြီးနိုး​နေတာပဲ"

Jeon စာရွက်စာတမ်းကိစ္စ​တွေပြီး​​တော့ အံဆွဲထဲထည့်ပြီး ​သော့ခတ်လိုက်ချိန် Taehyung ​ရောက်လာသည်။

ညအိတ်ထားတဲ့ ချည်သားရှပ်အဖြူက ဖရိုဖရဲဖြစ်​နေကာ ပုခုံးသား​တွေ ညှပ်ရိုး​တွေ အတိုင်းသား​ပေါ်​နေသည်အထိ။
အဲ့ဒီမြင်ကွင်းမှာ Jeon JungKook တံ​တွေးမြိုချမိ​တော့သည်။

မဖီးသင်းရ​သေးတဲ့ ​ရွှေ​ရောင်ဆံပင်​လေး​တွေနဲ့ ​လျော့တိ​လျော့ရဲ့ အလှတရား​​လေးက လက်​တွေ့ဘဝကို ​မေ့သွား​စေသည့်အထိ စွမ်းလွန်းပါသည်။

"ဘာကြည့်​နေတာလဲ အဲ့​လောက်ကြီး"

"အရမ်းလှလို့..."

"ရူး​နေတာလား။ ကျုပ်က ​ယောကျ်ား​လေးဗျ"

တံခါး​ပေါက်ကို မှီရပ်​​နေ​​သော ချာတိတ်ဆီ တစ်လှမ်းချင်း​လျှောက်သွားသည်။
အနီးကပ်လာ​လေ​​လေ ချာတိတ်မျက်ဝန်း​တွေက အသက်ဝင်​လေ​​လေ။

စိမ်းပြာ​ရောင်အလှတရား​လေးရယ်။

"ဒီ​နေ့ ကိုယ့်ချာတိတ်က အ​စောကြီးနိုးလာတာပဲ"

"အင်း..အိပ်လို့မရ​တော့လို့"

"ကိုယ်ဘာလုပ်​​ပေးရမလဲ... ဖက်ထား​ပေးရမလား"

"အင်း..."

မနက်ခင်း​စော​စောမှာ သူတို့အ​ကြောင်းကို ​ဝေဖန်​ပြောဆို​နေတဲ့ ပတ်ဝန်းကျင်ကလူ​တွေရှိလိမ့်မည်။

သူတို့ကိုယ်ပိုင်ကမ္ဘာ​လေးမှာ​တော့ ဒီလူ​တွေရဲ့ ​ပြစ်တင်​ပြောဆိုသံ​တွေကို ဂရုစိုက်စရာမလို၊ မကြားသလို မသိသလို မရှိသလို ​နေနိုင်သည်။

"ခင်​ဗျား အလုပ်သွားလို့ ဖြစ်ရဲ့လား"

"ဘာလို့မဖြစ်ရမှာလဲ"

"ခင်ဗျားကို လူ​တွေက ​ပြောကြမှာ​ပေါ့။ ဒီကလူ​တွေအ​ကြောင်း ခင်ဗျားလည်း သိသားပဲ"

"ဂရုစိုက်မ​နေပါနဲ့ကွာ။ သူတို့ကိုယ့်ကိုမကြိုက်​တော့​ရော ကိုယ်နဲ့ ကင်းနိုင်လို့လား။ ကိုယ့်ဆီ ပစ္စည်းမထားရင် ဘယ်မှာထားကြမလဲ"

ကုန်​လှောင်ရုံအတွက် တချို့​ဖောက်သည်​တွေ ​လျော့သွားနိုင်​ကြောင်း ရိပ်စားမိသည်။
​တောင်ပိုင်းသားစစ်စစ် အယူသည်း​သော အိမ်များက ပစ္စည်းအတွက်နဲ့​တော့ ဒီလိုလူကို မဆက်ဆံနိုင်ပါဘူးဆိုပြီး ဖြစ်​သွား​လောက်သည်။

ဘယ်လိုပင်ဖြစ်​စေ ချာတိတ်ကို​တော့ စိတ်မဆင်းရဲ​အောင် ​ပြောရမည်သာ။

"​ငွေကို ဘီလူးသရဲစီးသလို ရှာ​နေ​တော့တာပဲ​​နော်"

"ချာတိတ်ကို စစ်​ကြောင့်ဖြစ်တဲ့ ဆင်းရဲဒုက္ခ​တွေ မခံရ​စေချင်ဘူး။ ​
ခေတ်ပျက်ချိန်နဲ့ ​ခေတ်တစ်ခုစတဲ့အချိန် ​ငွေရှာလို့အ​ကောင်းဆုံးတဲ့.. အခု​​ခေတ်ပျက်​​နေတာပဲ ချာတိတ်ရဲ့"

"ဒီလို​ခေတ်ပျက်ကြီးမှာ ဂုဏ်သိက္ခါ​တွေငဲ့ ဘဝ​လေဟပ်ပြီး ဒုက္ခခံ​နေတဲ့လူ​တွေက​တော့ အံ့​ဩစရာပါ"

​ရေချိုးသန့်စင်ပြီး မနက်စာအတွက် လက်ဆုံစားချိန်မှာ​တော့ Taehyung အကြည့်​တွေက Suzan Clark ဆီမှာ။

ဒီမိန်းမ ဘယ်က​နေ ဘယ်လို သူတို့အ​ကြောင်း သိတာက သူ့ကိစ္စမဟုတ်။
ပါးစပ်ဖွာပြီး ​လျှောက်​ပြောတာက​တော့ သူတို့နှစ်​ယောက်ကို သက်သက်မဲ့ သိက္ခါချချင်တာမှန်း သိသာလွန်းသည်။

Suzan Clarkက Jeonကို စိတ်ဝင်စား​နေမှန်း အသိသာကြီး။
ဒါက 'မစားရတဲ့အမဲ သဲနဲ့ပက်တယ်'လို့​ပြောသင့်တဲ့ လုပ်ရပ်ပင်။

"Ms. Clark နဲ့ ကျုပ် စကား​​​ပြောစရာနည်းနည်းရှိတယ်"

Joanna အမူအရာက မလုံမလဲ။ သူကိုယ်တိုင် ​ဖောက်သည်ချထားတဲ့ ကိစ္စမို့ Suzanကိုလည်း အားနာ​နေပုံရသည်။

"​ပြော​လေ.."

"ဒီမှာပဲ ​ပြောရမယ်ဆိုရင်လည်း ရတယ်​​လေ ​ပြောတာ​ပေါ့"

Taehyung ခပ်တည်တည်နဲ့ ပန်းကန်​ပေါ်က အသားတုံးကို ဓါးဖြင့် လှီး​နေသည်။

"Suzan Clark အ​နေနဲ့ ​ဆေးရုံက အ​ပျိုကြီးအိမ်မှာ ​နေရင်​နေ မ​နေရင် သစ်ကတိုးစုကို ပြန်ဖို့ ကိစ္စပါ။
ရပ်​ဆွေရပ်မျိုး​တွေမို့ အိမ်မှာ​ခေါ်ထား​ပေး​ပေမယ့် Suzanက ​ကောင်း​ကောင်းမ​နေချင်ဘူးနဲ့တူတယ်​"

"ဘာ! ရှင်က Suzanကို နှင်ထုတ်​နေတာလား"

"ကျုပ် Mr. Clarkကို ​ကြေးနန်းရုံးက​နေ စာပို့လိုက်မယ်"

ဒီစကားကို ​အေး​အေး​​ဆေး​ဆေး အ​ရေးမပါတဲ့ကိစ္စလို ​ပြော​နေတာ​​ကြောင့် Taehyungကို အားလုံး အံ့အားသင့်​နေကြသည်။
ထမင်းချက်အ​ဒေါ်ကြီးနှင့် အိမ်​စေ​ကောင်မ​လေးကအစ ထမင်းဝိုင်းကစကား​တွေကို စိတ်ဝင်တစားဖြစ်​နေသည်။

"ပြဿနာ ရှိ​နေလို့လား ချာတိတ်"

"ဟွန်း...ပြဿနာဆိုတာထက် အမှိုက်ရှင်းချင်တဲ့ သ​ဘောပါ"

'ဒုန်း!'

Suzan ရုတ်တရက်ထလိုက်တာမို့ ကုလားထိုင်က​နေ အသံကျယ်ကျယ်ထွက်လာသည်။

"သွားမှာပါ! Suzanကလည်း ရှင့်အိမ်မှာ ​နောက်တစ်ရက်​လေး​တောင် ထပ်မ​နေချင်ပါဘူး"

"ဪ.. အဲ့တာဆိုလည်း အဆင်​ပြေသွားတာ​ပေါ့"

​​အေးတိ​အေးစက် Taehyungက Suzan ​ဒေါသကို ပိုဆွ​ပေး​နေသကဲ့သို့။

"​ဖေ​ဖေနဲ့ အန်ကယ်Aidenကသာ မတိုက်တွန်းရင် ရှင့်အိမ်ကို အစတည်းက လာဖို့စိတ်ကူးမရှိတာ"

"ဘယ်သူ့​ကြောင့် လာတယ်မလာဘူးဆိုတာ မင်းရဲ့ ကိုယ်​ရေးကိုယ်တာ ကိစ္စပါ Suzan. ဘယ်သူမှလည်း သိချင်မ​နေပါဘူး။
မင်းဟာမင်း ဘယ်လိုပဲ ဒီအိမ်ကို​ရောက်လာပါ​စေ အိမ်ရှင်ကို ​လေးစားရမယ်ဆိုတဲ့ အ​ခြေခံလူ့ကျင့်ဝတ်​တော့ သိထားသင့်ပါတယ်"

Taehyungစကားကို ​အော်​ပြော​နေတာမဟုတ်။
အသံ​နေ အသံထား ဌာန်ကရိုဏ်းကျကျဖြင့် တည်တည်ငြိမ်ငြိမ်​ပြော​နေသလို အစားလည်းမပျက်။

"Suzanက ရှင့်ကို ဘာလုပ်​နေလို့ ​လေးစားမှု​တွေ ဘာ​တွေ​ပြော​နေရတာလဲ"

"Suzanရဲ့ သရုပ်​ဆောင် စွမ်းရည်ကို​တော့ ချီးကျူးပါရဲ့။ ဒါ​ပေမယ့် မပီပြင်ဘူးဖြစ်​နေ​​တော့ ဘယ်လိုလုပ်ရမလဲ"

ကျန်တဲ့လူ​တွေ တိတ်တိတ်ဆိတ်ဆိတ် အ​ခြေအ​နေကို အကဲခတ်လျက်ရှိကြသည်။
​Taehyung နဲ့ Suzanကြားက အ​ခြေအ​နေက မီးဖို​ပေါ်က ချကာစ စွပ်ပြုတ်အိုးတစ်အိုးလို ဆူပွက်​နေသည်။

"ဟင်း... ထွက်သွားမှာပါ။ ရှင်​စော်ကား​မော်ကား​ပြော​နေတာ​တွေကိုလည်း Suzanဆက်ပြီး သည်းမခံနိုင်ပါဘူး"

"ဪ.. ထွက်သွားဖို့ပဲ ​ပြော​နေပါတယ်ဆိုဗျာ"

အ​ရှေ့မှာ ချထားတဲ့ စွပ်ပြုတ်ပန်းကန်လုံးကြီးနဲ့သာ Taehyungကို ​ကောက်ပက်ချင်လိုက်​တော့သည်။

"​တောက်ခ်! နည်းနည်း​လေးမှကို ကျက်သ​ရေရှိမ​နေဘူး"

Suzan ထွက်သွား​တော့ ထမင်းဝိုင်းမှာသူတို့ နှစ်​ယောက်တည်းသာ ကျန်ခဲ့သည်။
Taehyungမျက်နှာအမူအရာက ​အေး​​အေး​ဆေး​ဆေးမှန်း ​သေချာမှ Jeon စကားစ​ပြောသည်။

"တကယ်ပဲ Suzan စ​ပြောခဲ့တာလား"

"အင်း... သူပဲ"

"တကယ်ကို မ​ကောင်းဆိုးဝါးမ​ပဲ"

"အဲ့တာ ခင်ဗျား​ကြောင့်"

"အလိုဗျာ... ဘယ်လိုလုပ် ကိုယ့်​ကြောင့် ဖြစ်ရပြန်တာတုန်း"

"သူခင်ဗျားကို ချိန်​နေတာသိရက်နဲ့ ကင်းကင်းရှင်းရှင်းမှ မ​နေတာ။ နာတာလူးပွဲ​တော်တုန်းက အတူ​တောင် ကလိုက်ကြ​သေးတယ်"

အဲ့​နေ့က ကပွဲက​နေ ရုတ်တရက်​ပျောက်သွားတဲ့ ချာတိတ်ကို ​ပြေးမြင်မိသည်။
ဘယ်​လောက်ထိ​တောင် အ​တွေးလွန်ပြီး ခံစားလိုက်တယ်မသိ၊ ချက်ချင်း​ပျောက်သွားတာများ ဒီလူမှာ စိတ်မပါတပါ ကရင်း ရင်​တွေပူကျန်ခဲ့တာ။

"လူကြီး​တွေက တိုက်တိုက်တွန်းတွန်းလုပ်​နေ​တော့ ငြင်းလိုက်ရင် သူ့သိက္ခါကို မငဲ့ဘူးထင်ကြမှာ စိုးလို့ပါကွာ"

"ဟင်း..ဆင်​ခြေ​ဆင်လက်က​တော့ အပြည့်ပဲ။ မျက်လုံးရွဲကြီး​တွေနဲ့ ကြည့်​နေတာ သူမဟုတ်တာကျလို့"

"မကြည့်ပါဘူးကွာ။ ကြည့်မှကြည့် ​ကိုယ့်ချာတိတ်ကိုပဲ ကြည့်မှာ​ပေါ့ မဟုတ်ဘူးလား"

Taehyung နားကို ခုံ​ရွှေ့လိုက်ပြီး နှာ​ခေါင်းနစ်ဝင်​အောင် ပါး​မို့မို့​လေးကို ​မွှေးကြူ​တော့သည်။

"အရှက်မရှိဘူးလား။ ထမင်းစားခန်းမှာကြီး"

"မရှိနိုင်​​တော့ဘူး ကိုယ့်နှင်းဆီရယ်၊ လူ​တွေလည်း အကုန်သိ​နေပြီပဲ ဒီထက်သိစရာမရှိ​တော့ပါဘူး"

"ကဲကို ကဲလွန်းပါတယ်"

​ထို​နေ့က ​ကြေးနန်းရိုက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး Taehyung အပြင်ထွက်ရသည်။
Jeonက စာတိုက်ရုံးအထိ ပို့​ပေးရှာသည်။

စာတိုက်ရုံးက ထုံးစံအတိုင်း လူ​တွေကြိတ်ကြိတ်တိုးလျက်။
အထူးသဖြင့် မိန်းမကြီးများ၊ မိန်းမပျိုများက စာတိုက်​ရှေ့မှာ ပူ​ဆွေး​သောက​ရောက်​နေတဲ့ မျက်နှာထား​တွေနဲ့။
​ရှေ့တန်းက သူတို့ လင်သား​မောင်​တွေရဲ့ ​သတင်းကို တ​မျှော်​မျှော်။

"ဂျုန်းဘာရို​ကြေးနန်းရုံးကို ​ကြေးနန်းရိုက်ချင်တာပါ"

သစ်ကတိုးစုနဲ့ နှင်းဆီမြိုင်တို့လို ယာ​​တော​တွေက ဂျုန်းဘာရိုမြို့အပိုင်ထဲတွင်ပါသည်။
​ချောစာပို့ရတာက ဒီ​ခေတ်ကြီးမှာ မလွယ်၊ ရထားခရီးလမ်းက ​နှောင့်​နှေး​နေတာမို့ အတ္တလန်တာက​နေ ဂျုန်းဘာရိုလို ခရီးတို​လေး​တောင် ဒီ​နေ့စာပို့ရင် သုံး​လေးရက်ကြာမှာ ​ရောက်သည်။
သစ်ကတိုးစုထိဆို တစ်ပတ်​လောက် အချိန်ယူရလိမ့်မည်။

စာတိုက်စာ​ရေး​လေးထံမှာ ​ကြေးနန်းလှိမ့်မူပြီး ထွက်လာ​​တော့ မိန်းမ​တွေက သူတို့ကို ကြည့်၍ တီးတိုး​ပြောဆို​နေကြတာကို ​တွေ့ရသည်။

"လာ ချာတိတ်... ကိုယ်အိမ်ပြန်ပို့​ပေး​မယ်"

Jeonက သူ့ရဲ့ ပုခုံးကို ​ဆွဲဖက်ပြီး မြင်းရထားဆီ ​ခေါ်သွားသည်။
​နွေး​ထွေးခြင်း၊ လုံခြုံခြင်း စသည်တို့မှာ Jeon​ကြောင့် ဖြစ်​ပေါ်လာခြင်း ဖြစ်သည်။

အင်း... သူတို့နှစ်​ယောက်ဆက်ဆံ​ရေးကို ဘယ်လို သမုတ်ကျပါ​စေ သူတို့မှာ ဆက်ဖုံးကွယ်စရာ​အ​ကြောင်း မရှိ​တော့။
ဒီလူ့ကို ​ပေါ်​ပေါ်ထင်ထင် ချစ်ရမည်၊ သဝန်တိုရမည်၊ ဆိုးနွဲ့ရမည်။

Suzan ထင်သလို​တော့ သူတို့နှစ်​ယောက်ကမ္ဘာကြီးက ပျက်စီးသွားမှာ မဟုတ်။
____

အိမ်ကထွက်လာတည်းက Suzan စိတ်ညစ်​နေသည်၊ ဒီပုံအတိုင်းဆို Kim Taehyungက ​​ဖေ​ဖေ့ဆီ ​ကြေးနန်းရိုက်လိမ့်မည်။

​ပြေ​​ပြေပြစ်ပြစ်​ကြေးနန်းရိုက်ရင်က ကိစ္စမရှိ၊ သူ့သိက္ခါကို ညှိုးနွမ်း​စေတဲ့ အ​ရေးအသား​တွေသာ ​​ဖေ​ဖေ့ဆီ​ရေးလိုက်ရင် ​​ဖေ​ဖေက ​သေချာ​ပေါက် သစ်ကတိုးစုကို ပြန်​ခေါ်လိမ့်မည်။
​မေ​မေက သာ၍ပင်ဆိုးသည်။

Kim Taehyungကို သတ်လို့ရရင် သတ်ပစ်ချင်လိုက်တာ။
Kim Taehyungကို​ရော Jeonကိုပါ အခုချိန်မှာ သူမုန်း​နေမိသည်။

"​စိတ်ထိန်းပါ Suzanရယ်။ ​ဒေါ်​ဒေါ်အိမ်မှာ လိုက်​နေရင်လည်း ကိုယ်လာ​တွေ့ပါ့မယ်"

Joanna ဘာ​တွေ ​ပေါက်​ပေါက်​ဖောက်​နေလဲ သူမကြားရ။ သူ့စိတ်ထဲ ​ဒေါသပြီးရင် ​ဒေါသသာဖြစ်​နေသည်။
ဒီတိုင်း​တော့ ​ဒေါ်​ဒေါ်အိမ်မှာ လိုက်မ​နေနိုင်သလို သစ်ကတိုးစုကိုလည်း မပြန်နိုင်။

Kim Taehyungကို ဒီတိုင်း​တော့ မထားလိုက်နိုင်။
အဆင့်နိမ့်ကပ္ပလီကျွန်​တွေ​ရှေ့​တောင်မ​ရှောင်ဘဲ သူ့ကို နှင်ထုတ်ရဲ​သော Kim Taehyungကို ပညာ​တော့ ပြရမှ ​ကျေနပ်နိုင်မည်။

"ကိုယ့်ကို တစ်ခုခု​ပြောပါ Suzan. မင်းဒီအတိုင်းဆို ​ပေါက်ကွဲခါနီး ဗုံးတစ်လုံးနဲ့ တူ​နေတာပဲ"

"အင်း...ကိုယ်တကယ်​​ပေါက်ကွဲမိ​တော့မယ်ထင်တယ်"

"မင်းဘာ​တွေ လုပ်ဦးမလို့လဲ"

​ဆေးရုံသွားတဲ့ လမ်းက​နေ Suzan တခြား​နေရာသွားဖို့ လုပ်​သည်။
Joannaက လက်​ကောက်ဝတ်ကို ဆွဲထားပြီး..

"မင်း ဘယ်သွားမလို့လဲ။ လူနာ​တွေ​စောင့်​နေကြပြီ​လေ"

"ကိုယ်အ​ရေးတကြီး သွားစရာ​ပေါ်လာလို့"

"မင်းလုပ်ချင်သလိုလုပ်ပါ။ ဒါ​ပေမယ့် ကိုကို​လေးကို သတိထား။ သူက မင်းထင်သ​လောက် မလွယ်ဘူး"

သရက်ထည်ဂါဝန်ကြီးကို မ,ကာ Suzan ခပ်သွက်သွက် လမ်း​လျှောက်သည်။
အိုက်စက်​နေ​သော ရာသီဥတုနဲ့ သရက်ထည်ဂါဝန်က နည်းနည်းမှမလိုက်ဖက်။

​ဆေးရုံရှိရာနဲ့ ဆန့်ကျင်ဘက်လားရာကို သွား​နေရတာမို့ ​တော်​တော်နဲ့ မ​ရောက်နိုင်​သေး။
လမ်းကြုံ​ခေါ်​ပေးမယ့် ဘာဂီတစ်စီးများ ​တွေ့ရင် ​ကောင်း​လေစွ။

ကံဆိုးစွာပင် ထို​နေ့က ဘာဂီဆို၍ ဇိမ်မယ်​ခေါင်း၏ ဘာဂီကိုသာ ​တွေ့သည်။

သူတစ်​ယောက်တည်း ​မောဟိုက်စွာ ​လျှောက်ရင်း တစ်​နေရာကို ​​ရောက်လာသည်။
ထို​နေရာ​ရောက်မှ သက်ပြင်းချနိုင်​တော့သည်။

ရင်စည်းတင်းတင်း​ကြောင့် အသက်ရှူရပင် ခက်​နေ​သေးသည်။

​ပြေကျလုဆဲဆဲ ဆံပင်​တွေကို သပ်သပ်ရပ်ရပ်ဖြစ်​အောင် ပြင်လိုက်ပြီ အထဲဝင်လာသည်။

"Jeon...စကား​နည်းနည်း​ပြောလို့ရမလား"

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

"Joanna! အဲ့တာက ဘာစကားလဲ။ ဦး​ေလး Aiden တို႔က Kim Taehyungမိဘ​ေတြကို သတ္တယ္ဆိုတာ"

႐ုတ္တရက္ဝင္လာ​ေသာ Suzan​ေၾကာင့္ Joanna လန္႔သြားမိသည္။
Suzan အကုန္ၾကားသြားၿပီမို႔ လက္က်န္မာယာ​ေလးကို ထုတ္သုံးရန္အျပင္ မရွိ​ေတာ့။

"ဟင့္...Suzanရယ္ သူ႔လို အ႐ူးစကားကိုမွ ယုံရလား။ ကိုယ္ဘာမွ​ေတာင္ မသိရပါဘူး"

မရွိရွိ​ေသာ မ်က္ရည္​ေတြကို ညစ္ထုတ္ငို​ေနသည့္ Joanna ပါရယ္။ Suzan ​ေသခ်ာ​ေပါက္သိ​ေနသည္.. Joanna လိမ္​ေျပာ​ေနတာသိ​​ေပမယ့္ Taehyung အ​​ေပၚ သူ႔ရဲ႕အမုန္းပမာဏနဲ႔စာရင္​ေတာ့ ဘာမွမ​ေျပာပ​ေလာက္။

"မင္းတို႔ မိသားစု၂ခု အဆင္မ​ေျပတာ ကိုယ္သိပါတယ္။ ကိုယ့္ကိုမလိမ္ဘဲ ​ေျပာစမ္းပါ"

"Taehyungက ငါ့​ေမာင္​ေလးကို သတ္ခဲ့တာပါ။ လူမမည္က​ေလးကို..."

Joanna မ်က္ရည္​ေတြနဲ႔ Suzanရင္ခြင္ထဲ တိုး​ေဝွ႔​ေနသည္။ Suzanလည္း Joannaရဲ႕ ​ေက်ာျပင္ကို တဖြဖြပြတ္သပ္​ေပး႐ုံအျပင္ မတတ္ႏိုင္ခဲ့။

"ကိုယ္တိုင္ျမင္ခဲ့ရတာမို႔ မ်က္စိထဲကကို မထြက္ႏိုင္ဘူး Suzanရယ္"

"အင္း... မငိုနဲ႔ တိတ္​ေတာ့"

"အဲ့လို​ေတြျဖစ္ခဲ့တာ​ေတာင္ Taehyungက ကိုယ့္ထက္ အစစအရာရာသာ​ေနတုန္းပဲ"

"မင္းထင္လို႔ပါ။ မင္းအဲ့လိုမထင္ရ​ေအာင္ ကိုယ္လုပ္​ေပးမယ္"

Suzan အမုန္း​အာဃာတ​ေတြ ႀကီးမားခ်က္က အမွားအမွန္ ခြဲျခားသိႏိုင္ရက္​ေတာင္ အမွန္ဘက္မွာ မရွိႏိုင္သည္အထိ။
____

ညသန္း​ေခါင္မွာ Taehyung တစ္​ေရးႏိုးလာခဲ့သည္။ ဘုရားစူး သူအိပ္မက္လွလွမက္​ေနခဲ့တာပါ။
ႏွင္းဆီၿမိဳင္ထဲမွာ ​ေဖ​ေဖရယ္ ​ေမ​ေမရယ္ Jeonရယ္ ညီလား ညီမလား မသဲကြဲတဲ့ သူ႔အငယ္​ေလးရယ္။

႐ုတ္တရက္ အိပ္မက္က လန္႔ႏိုးလာၿပီး ရင္တလွပ္လွပ္ျဖစ္​ေနတာ​ေၾကာင့္ ​ေရတ​ေကာင္းထဲက ​ေရကို ခပ္ယူ​ေသာက္လိုက္ရသည္။

ကုတင္​ေပၚမွာ Jeonက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္​ေပ်ာ္​ေနဆဲ။ အ​ေပၚပိုင္းအဝတ္ဗလာနဲ႔ Jeonက ႂကြက္သား​ေတြ အထင္းသား​ေပၚ​ေနသည္။
​ေတာင့္တင္း​ေန​ေသာ လက္​ေမာင္းႂကြက္သား​ေတြကို ​ေခါင္းအုံးမိသည္။

ညဦးပိုင္းက အျဖစ္အပ်က္​ေတြက အိပ္မက္လိုလို လက္​ေတြ႕လိုလို။
သူ​ေတြးခဲ့မိသမွ်ကလည္း တကယ္ႀကဳံဖူးသလိုလို မႀကဳံဖူးသလိုလို။

သူ႔စိတ္​ေတြ တည္ၿငိမ္​​ေနသည္မွာ အ​ေတာ္​ေလး ၾကာခဲ့ၿပီ... အတၱလန္တာမွာ ​ေနတာ ၾကာလာသည္ႏွင့္အမွ် ​ေသြးစက္​ေတြကို စြဲလမ္းဖူးသည္ကိုပင္ ​ေမ့​ေလ်ာ့လာသည္။

ဒီ​ေန႔ည​​ေတာ့ အဲ့အျဖစ္အပ်က္​ေတြကို ​ေတြး​ေနမိသည္။

Suzan ဒုကၡိတျဖစ္ဖို႔ တိတ္တဆိတ္လုပ္ခဲ့သည္မွာ တစ္ႏွစ္​ပင္မရွိ​ေသး။
Ms. Hutchကို စိတ္လိုလက္ရ သတ္ခဲ့ဖူးသည္။

ႏွင္းဆီၿမိဳင္တုန္းက ယုန္ျဖဴ​ေလးရယ္၊ ျမင္းနီႀကီးရယ္။
အို...ျပန္စဥ္းစားၾကည့္​ေတာ့ ဒါ​​ေတြကို သူ႔ခ်စ္သူက အားလုံးသိ​ေနခဲ့တာ။

Jeonက သူ႔ရဲ႕ အ​​ေမွာင္ဘက္ျခမ္းကို နားလည္​ေပးသူ​ဆိုလည္း မမွား။
ဒါ​ေတြအကုန္လုံးကို သူတ​ေလွ်ာက္လုံး နားလည္ခြင့္လႊတ္​ေပး​ေနခဲ့တာ။

ဒီ​ေလာက္​ေတာင္နားလည္​ေပးၿပီး ​ေဆြမ်ိဳးရင္းခ်ာတစ္​ေယာက္ကို သတ္ဖူးတယ္ဆိုတာကို နားမလည္​ေပးႏိုင္ရင္​ေရာ။

Jeonကို ​​ေမာ့ၾကည့္​ေတာ့ အသက္​ေျဖး​ေျဖးမွန္မွန္ရႉရင္း အိပ္စက္​ေနတဲ့ Jeonက ​ေအးခ်မ္း​ေနသည္။
အရာရာကို နားလည္ခြင့္လႊတ္​ေပးမယ့္ အ​ေငြ႕အသက္​ေတြကိုပါ ခံစားမိသည္။

အင္း... သူတစ္ရက္ရက္​​ေတာ့ ျဖစ္ပ်က္သမွ်​ေတြကို Jeonကို ​ေျပာရလိမ့္မည္။
တစ္သက္လုံး​ေတာ့ ဖုံးကြယ္ထားလို႔မျဖစ္... ထူးထူးျခားျခား ဒီညမွ ဒါ​ေတြ​​ေတြးမိ​ေနၿပီး လိပ္ျပာမလုံ ျဖစ္​ေနမိသည္။

​​ေဖ​ေဖနဲ႔ ​ေမ​ေမ ဈာပနၿပီး သူႏွင္းဆီၿမိဳင္ကို ​ေရာက္ခဲ့သည္။
ဦး​​ေလး Aidenက သူ႔အ​ေပၚ ဟန္မပ်က္ ​ေကာင္းျပသည္၊ သူ႔ရဲ႕ ဒုတိယသား​ေလးကို ျပ​ေပးသည္။

Taehyung တစ္​ေယာက္ ရက္သား​ေလးရွိ​ေသးသည့္ က​ေလးကိုျမင္တိုင္း ​ေမ​​ေမ့ဗိုက္ထဲက က​ေလးအ​ေၾကာင္းကို ​ေတြးမိသည္။
အျပစ္မရွိတဲ့ က​ေလးအ​ေပၚ အၿငိဳးအာဃာတ​ေတြ တိုးသထက္ တိုးလာ​ေတာ့တာ။

​​ေနသာသာ​ေန႔တစ္​​ေန႔မွာပဲ ထိုက​ေလး​ေလးလည္ပင္းကို တင္းတင္းညစ္ခဲ့မိတာ။
က​ေလးမ်က္ႏွာတစ္ခုလုံး ျပာႏွမ္းၿပီး ႏွာ​ေခါင္းနဲ႔ ပါးစပ္က​ေန ​ေသြး​ေတြ ယိုစိမ့္ထြက္လာသည္။

​ေမြးကင္းစက​ေလးတစ္​ေယာက္​ေသဖို႔ ၇ႏွစ္အ႐ြယ္ ​ေကာင္​ေလးမွာ အားမ်ားမ်ား မထည့္လိုက္ရ။

"ကိုကို​ေလး...သူ႔ကို သတ္လိုက္တာလား။ ငါ့​ေမာင္ကို သတ္လိုက္တာလား"

"​ေအး... မ်က္စိ​ေရွ႕တင္ ကိုယ္ခ်စ္ရတဲ့သူ​​ေတြ အသတ္ခံရတဲ့ ခံစားခ်က္က ဘာလဲ သိၿပီမလား"

"မင္းကို ​ေဖ​ေဖနဲ႔ တိုင္မယ္"

"တိုင္​​ေလ... မင္းအ​ေဖက က​​ေလးအသက္ထက္ စာခ်ဳပ္တစ္​ေစာင္ကို မက္​ေနတာ​ေရာ သိရဲ႕လား"

တကယ္လည္း ဦး​ေလးက စာခ်ဳပ္တစ္​ေစာင္ကို ပိုမက္​ေမာခဲ့သည္။
ႏွင္းဆီၿမိဳင္စာခ်ဳပ္ကို သူTaehyungဆီက ရဖို႔ အႀကိမ္ႀကိမ္ ႏွစ္ရွည္လမ်ား ႀကိဳးစား​ေနခဲ့သည္။

Taehyungဆီမွာ ႏွင္းဆီၿမိဳင္ကို ခ်စ္​ေသာစိတ္ တြယ္တာ​​ေသာစိတ္​ေတြ ကိန္းဝပ္​ေနလ်က္သား။
ႏွင္းဆီၿမိဳင္ကို ဘယ္သူ႔လက္ထဲမွ ထည့္မ​ေပးႏိုင္။
တစ္​ေန႔​​ေန႔က် ႏွင္းဆီၿမိဳင္ရဲ႕ အလုံးစုံကို သူပိုင္ဖို႔ ႀကိဳးစားရဦးမည္။

​ေလာ​ေလာဆယ္တြင္​ေတာ့ သူဟာ ႏွင္းဆီၿမိဳင္ကြၽန္အသိုင္းအဝိုင္းမွာ အ႐ူးသာသာ လူတစ္​ေယာက္သာ။

ထိုအ​ေတြးမ်ားနဲ႔ ဘယ္အခ်ိန္ မ်က္လုံးမွိတ္ၿပီး အိပ္စက္မိ​ေလလဲ မ​ေျပာတတ္​ေတာ့။

မနက္​ေစာ​ေစာ Jeon JungKook ႏိုးလာခ်ိန္မွာ ထုံစံအတိုင္း ခ်ာတိတ္က အိပ္​ေမာက်​ေနဆဲ။
ဆံပင္​ေလး​​ေတြ သပ္တင္ၿပီး နားသယ္စပ္နား​ေလးကို ရႈိက္နမ္းမိသည္။
____

သူ႔အခန္းျပန္ၿပီး လုပ္ငန္းအတြက္ စာ႐ြက္စာတမ္းတခ်ိဳ႕ကို စိတ္မပါတပါျဖင့္ ​ေရး​​ေနသည္။
တခ်ိဳ႕​ေနရာမွာ ခဲတံျဖင့္ ပုံဆြဲထားတာ​ေတြရွိသည္။
ဝါညစ္ညစ္ စကၠဴၾကမ္း​ေပၚမွာ ဦး​ေႏွာက္အစိတ္အပိုင္းတစ္စစီကို ရႈ​ေထာင့္အမ်ိဳးမ်ိဳးမွ ​ေသ​ေသသပ္သပ္ဆြဲထားသည္။

စာ​ေတြကို​ေတာ့ ​ေဖာင္တိန္အနက္​​ေရာင္မင္ရည္ျဖင့္ ​ေရးထားသည္။
ခပ္​ေသာ့​ေသာ့လက္​ေရး​​ေတြကို ၾကည့္ျခင္းအားျဖင့္ အ​ေခ်ာထည္ စာမူမဟုတ္​ေၾကာင္း သိႏိုင္သည္။
မင္ရည္​ေတြကလည္း ဟိုတစ္စက္ ဒီတစ္စက္​ေပပြ​ေနၿပီး သပ္သပ္ရပ္ရပ္မရွိ။

"ခင္ဗ်ားက ​ေန႔တိုင္းအ​ေစာႀကီးႏိုး​ေနတာပဲ"

Jeon စာ႐ြက္စာတမ္းကိစၥ​ေတြၿပီး​​ေတာ့ အံဆြဲထဲထည့္ၿပီး ​ေသာ့ခတ္လိုက္ခ်ိန္ Taehyung ​ေရာက္လာသည္။

ညအိတ္ထားတဲ့ ခ်ည္သားရွပ္အျဖဴက ဖ႐ိုဖရဲျဖစ္​ေနကာ ပုခုံးသား​ေတြ ညႇပ္႐ိုး​ေတြ အတိုင္းသား​ေပၚ​ေနသည္အထိ။
အဲ့ဒီျမင္ကြင္းမွာ Jeon JungKook တံ​ေတြးၿမိဳခ်မိ​ေတာ့သည္။

မဖီးသင္းရ​ေသးတဲ့ ​ေ႐ႊ​ေရာင္ဆံပင္​ေလး​ေတြနဲ႔ ​ေလ်ာ့တိ​ေလ်ာ့ရဲ႕ အလွတရား​​ေလးက လက္​ေတြ႕ဘဝကို ​ေမ့သြား​ေစသည့္အထိ စြမ္းလြန္းပါသည္။

"ဘာၾကည့္​ေနတာလဲ အဲ့​ေလာက္ႀကီး"

"အရမ္းလွလို႔..."

"႐ူး​ေနတာလား။ က်ဳပ္က ​ေယာက်္ား​ေလးဗ်"

တံခါး​ေပါက္ကို မွီရပ္​​ေန​​ေသာ ခ်ာတိတ္ဆီ တစ္လွမ္းခ်င္း​ေလွ်ာက္သြားသည္။
အနီးကပ္လာ​ေလ​​ေလ ခ်ာတိတ္မ်က္ဝန္း​ေတြက အသက္ဝင္​ေလ​​ေလ။

စိမ္းျပာ​ေရာင္အလွတရား​ေလးရယ္။

"ဒီ​ေန႔ ကိုယ့္ခ်ာတိတ္က အ​ေစာႀကီးႏိုးလာတာပဲ"

"အင္း..အိပ္လို႔မရ​ေတာ့လို႔"

"ကိုယ္ဘာလုပ္​​ေပးရမလဲ... ဖက္ထား​ေပးရမလား"

"အင္း..."

မနက္ခင္း​ေစာ​ေစာမွာ သူတို႔အ​ေၾကာင္းကို ​ေဝဖန္​ေျပာဆို​ေနတဲ့ ပတ္ဝန္းက်င္ကလူ​ေတြရွိလိမ့္မည္။

သူတို႔ကိုယ္ပိုင္ကမာၻ​ေလးမွာ​ေတာ့ ဒီလူ​ေတြရဲ႕ ​ျပစ္တင္​ေျပာဆိုသံ​ေတြကို ဂ႐ုစိုက္စရာမလို၊ မၾကားသလို မသိသလို မရွိသလို ​ေနႏိုင္သည္။

"ခင္​ဗ်ား အလုပ္သြားလို႔ ျဖစ္ရဲ႕လား"

"ဘာလို႔မျဖစ္ရမွာလဲ"

"ခင္ဗ်ားကို လူ​ေတြက ​ေျပာၾကမွာ​ေပါ့။ ဒီကလူ​ေတြအ​ေၾကာင္း ခင္ဗ်ားလည္း သိသားပဲ"

"ဂ႐ုစိုက္မ​ေနပါနဲ႔ကြာ။ သူတို႔ကိုယ့္ကိုမႀကိဳက္​ေတာ့​ေရာ ကိုယ္နဲ႔ ကင္းႏိုင္လို႔လား။ ကိုယ့္ဆီ ပစၥည္းမထားရင္ ဘယ္မွာထားၾကမလဲ"

ကုန္​ေလွာင္႐ုံအတြက္ တခ်ိဳ႕​ေဖာက္သည္​ေတြ ​ေလ်ာ့သြားႏိုင္​ေၾကာင္း ရိပ္စားမိသည္။
​ေတာင္ပိုင္းသားစစ္စစ္ အယူသည္း​ေသာ အိမ္မ်ားက ပစၥည္းအတြက္နဲ႔​ေတာ့ ဒီလိုလူကို မဆက္ဆံႏိုင္ပါဘူးဆိုၿပီး ျဖစ္​သြား​ေလာက္သည္။

ဘယ္လိုပင္ျဖစ္​ေစ ခ်ာတိတ္ကို​ေတာ့ စိတ္မဆင္းရဲ​ေအာင္ ​ေျပာရမည္သာ။

"​ေငြကို ဘီလူးသရဲစီးသလို ရွာ​ေန​ေတာ့တာပဲ​​ေနာ္"

"ခ်ာတိတ္ကို စစ္​ေၾကာင့္ျဖစ္တဲ့ ဆင္းရဲဒုကၡ​ေတြ မခံရ​ေစခ်င္ဘူး။ ​
ေခတ္ပ်က္ခ်ိန္နဲ႔ ​ေခတ္တစ္ခုစတဲ့အခ်ိန္ ​ေငြရွာလို႔အ​ေကာင္းဆုံးတဲ့.. အခု​​ေခတ္ပ်က္​​ေနတာပဲ ခ်ာတိတ္ရဲ႕"

"ဒီလို​ေခတ္ပ်က္ႀကီးမွာ ဂုဏ္သိကၡါ​ေတြငဲ့ ဘဝ​ေလဟပ္ၿပီး ဒုကၡခံ​ေနတဲ့လူ​ေတြက​ေတာ့ အံ့​ဩစရာပါ"

​ေရခ်ိဳးသန္႔စင္ၿပီး မနက္စာအတြက္ လက္ဆုံစားခ်ိန္မွာ​ေတာ့ Taehyung အၾကည့္​ေတြက Suzan Clark ဆီမွာ။

ဒီမိန္းမ ဘယ္က​ေန ဘယ္လို သူတို႔အ​ေၾကာင္း သိတာက သူ႔ကိစၥမဟုတ္။
ပါးစပ္ဖြာၿပီး ​ေလွ်ာက္​ေျပာတာက​ေတာ့ သူတို႔ႏွစ္​ေယာက္ကို သက္သက္မဲ့ သိကၡါခ်ခ်င္တာမွန္း သိသာလြန္းသည္။

Suzan Clarkက Jeonကို စိတ္ဝင္စား​ေနမွန္း အသိသာႀကီး။
ဒါက 'မစားရတဲ့အမဲ သဲနဲ႔ပက္တယ္'လို႔​ေျပာသင့္တဲ့ လုပ္ရပ္ပင္။

"Ms. Clark နဲ႔ က်ဳပ္ စကား​​​ေျပာစရာနည္းနည္းရွိတယ္"

Joanna အမူအရာက မလုံမလဲ။ သူကိုယ္တိုင္ ​ေဖာက္သည္ခ်ထားတဲ့ ကိစၥမို႔ Suzanကိုလည္း အားနာ​ေနပုံရသည္။

"​ေျပာ​ေလ.."

"ဒီမွာပဲ ​ေျပာရမယ္ဆိုရင္လည္း ရတယ္​​ေလ ​ေျပာတာ​ေပါ့"

Taehyung ခပ္တည္တည္နဲ႔ ပန္းကန္​ေပၚက အသားတုံးကို ဓါးျဖင့္ လွီး​ေနသည္။

"Suzan Clark အ​ေနနဲ႔ ​ေဆး႐ုံက အ​ပ်ိဳႀကီးအိမ္မွာ ​ေနရင္​ေန မ​ေနရင္ သစ္ကတိုးစုကို ျပန္ဖို႔ ကိစၥပါ။
ရပ္​ေဆြရပ္မ်ိဳး​ေတြမို႔ အိမ္မွာ​ေခၚထား​ေပး​ေပမယ့္ Suzanက ​ေကာင္း​ေကာင္းမ​ေနခ်င္ဘူးနဲ႔တူတယ္​"

"ဘာ! ရွင္က Suzanကို ႏွင္ထုတ္​ေနတာလား"

"က်ဳပ္ Mr. Clarkကို ​ေၾကးနန္း႐ုံးက​ေန စာပို႔လိုက္မယ္"

ဒီစကားကို ​ေအး​ေအး​​ေဆး​ေဆး အ​ေရးမပါတဲ့ကိစၥလို ​ေျပာ​ေနတာ​​ေၾကာင့္ Taehyungကို အားလုံး အံ့အားသင့္​ေနၾကသည္။
ထမင္းခ်က္အ​ေဒၚႀကီးႏွင့္ အိမ္​ေစ​ေကာင္မ​ေလးကအစ ထမင္းဝိုင္းကစကား​ေတြကို စိတ္ဝင္တစားျဖစ္​ေနသည္။

"ျပႆနာ ရွိ​ေနလို႔လား ခ်ာတိတ္"

"ဟြန္း...ျပႆနာဆိုတာထက္ အမႈိက္ရွင္းခ်င္တဲ့ သ​ေဘာပါ"

'ဒုန္း!'

Suzan ႐ုတ္တရက္ထလိုက္တာမို႔ ကုလားထိုင္က​ေန အသံက်ယ္က်ယ္ထြက္လာသည္။

"သြားမွာပါ! Suzanကလည္း ရွင့္အိမ္မွာ ​ေနာက္တစ္ရက္​ေလး​ေတာင္ ထပ္မ​ေနခ်င္ပါဘူး"

"ဪ.. အဲ့တာဆိုလည္း အဆင္​ေျပသြားတာ​ေပါ့"

​​ေအးတိ​ေအးစက္ Taehyungက Suzan ​ေဒါသကို ပိုဆြ​ေပး​ေနသကဲ့သို႔။

"​ေဖ​ေဖနဲ႔ အန္ကယ္Aidenကသာ မတိုက္တြန္းရင္ ရွင့္အိမ္ကို အစတည္းက လာဖို႔စိတ္ကူးမရွိတာ"

"ဘယ္သူ႔​ေၾကာင့္ လာတယ္မလာဘူးဆိုတာ မင္းရဲ႕ ကိုယ္​ေရးကိုယ္တာ ကိစၥပါ Suzan. ဘယ္သူမွလည္း သိခ်င္မ​ေနပါဘူး။
မင္းဟာမင္း ဘယ္လိုပဲ ဒီအိမ္ကို​ေရာက္လာပါ​ေစ အိမ္ရွင္ကို ​ေလးစားရမယ္ဆိုတဲ့ အ​ေျခခံလူ႔က်င့္ဝတ္​ေတာ့ သိထားသင့္ပါတယ္"

Taehyungစကားကို ​ေအာ္​ေျပာ​ေနတာမဟုတ္။
အသံ​ေန အသံထား ဌာန္က႐ိုဏ္းက်က်ျဖင့္ တည္တည္ၿငိမ္ၿငိမ္​ေျပာ​ေနသလို အစားလည္းမပ်က္။

"Suzanက ရွင့္ကို ဘာလုပ္​ေနလို႔ ​ေလးစားမႈ​ေတြ ဘာ​ေတြ​ေျပာ​ေနရတာလဲ"

"Suzanရဲ႕ သ႐ုပ္​ေဆာင္ စြမ္းရည္ကို​ေတာ့ ခ်ီးက်ဴးပါရဲ႕။ ဒါ​ေပမယ့္ မပီျပင္ဘူးျဖစ္​ေန​​ေတာ့ ဘယ္လိုလုပ္ရမလဲ"

က်န္တဲ့လူ​ေတြ တိတ္တိတ္ဆိတ္ဆိတ္ အ​ေျခအ​ေနကို အကဲခတ္လ်က္ရွိၾကသည္။
​Taehyung နဲ႔ Suzanၾကားက အ​ေျခအ​ေနက မီးဖို​ေပၚက ခ်ကာစ စြပ္ျပဳတ္အိုးတစ္အိုးလို ဆူပြက္​ေနသည္။

"ဟင္း... ထြက္သြားမွာပါ။ ရွင္​ေစာ္ကား​ေမာ္ကား​ေျပာ​ေနတာ​ေတြကိုလည္း Suzanဆက္ၿပီး သည္းမခံႏိုင္ပါဘူး"

"ဪ.. ထြက္သြားဖို႔ပဲ ​ေျပာ​ေနပါတယ္ဆိုဗ်ာ"

အ​ေရွ႕မွာ ခ်ထားတဲ့ စြပ္ျပဳတ္ပန္းကန္လုံးႀကီးနဲ႔သာ Taehyungကို ​ေကာက္ပက္ခ်င္လိုက္​ေတာ့သည္။

"​ေတာက္ခ္! နည္းနည္း​ေလးမွကို က်က္သ​ေရရွိမ​ေနဘူး"

Suzan ထြက္သြား​ေတာ့ ထမင္းဝိုင္းမွာသူတို႔ ႏွစ္​ေယာက္တည္းသာ က်န္ခဲ့သည္။
Taehyungမ်က္ႏွာအမူအရာက ​ေအး​​ေအး​ေဆး​ေဆးမွန္း ​ေသခ်ာမွ Jeon စကားစ​ေျပာသည္။

"တကယ္ပဲ Suzan စ​ေျပာခဲ့တာလား"

"အင္း... သူပဲ"

"တကယ္ကို မ​ေကာင္းဆိုးဝါးမ​ပဲ"

"အဲ့တာ ခင္ဗ်ား​ေၾကာင့္"

"အလိုဗ်ာ... ဘယ္လိုလုပ္ ကိုယ့္​ေၾကာင့္ ျဖစ္ရျပန္တာတုန္း"

"သူခင္ဗ်ားကို ခ်ိန္​ေနတာသိရက္နဲ႔ ကင္းကင္းရွင္းရွင္းမွ မ​ေနတာ။ နာတာလူးပြဲ​ေတာ္တုန္းက အတူ​ေတာင္ ကလိုက္ၾက​ေသးတယ္"

အဲ့​ေန႔က ကပြဲက​ေန ႐ုတ္တရက္​ေပ်ာက္သြားတဲ့ ခ်ာတိတ္ကို ​ေျပးျမင္မိသည္။
ဘယ္​ေလာက္ထိ​ေတာင္ အ​ေတြးလြန္ၿပီး ခံစားလိုက္တယ္မသိ၊ ခ်က္ခ်င္း​ေပ်ာက္သြားတာမ်ား ဒီလူမွာ စိတ္မပါတပါ ကရင္း ရင္​ေတြပူက်န္ခဲ့တာ။

"လူႀကီး​ေတြက တိုက္တိုက္တြန္းတြန္းလုပ္​ေန​ေတာ့ ျငင္းလိုက္ရင္ သူ႔သိကၡါကို မငဲ့ဘူးထင္ၾကမွာ စိုးလို႔ပါကြာ"

"ဟင္း..ဆင္​ေျခ​ဆင္လက္က​ေတာ့ အျပည့္ပဲ။ မ်က္လုံး႐ြဲႀကီး​ေတြနဲ႔ ၾကည့္​ေနတာ သူမဟုတ္တာက်လို႔"

"မၾကည့္ပါဘူးကြာ။ ၾကည့္မွၾကည့္ ​ကိုယ့္ခ်ာတိတ္ကိုပဲ ၾကည့္မွာ​ေပါ့ မဟုတ္ဘူးလား"

Taehyung နားကို ခုံ​ေ႐ႊ႕လိုက္ၿပီး ႏွာ​ေခါင္းနစ္ဝင္​ေအာင္ ပါး​မို႔မို႔​ေလးကို ​ေမႊးၾကဴ​ေတာ့သည္။

"အရွက္မရွိဘူးလား။ ထမင္းစားခန္းမွာႀကီး"

"မရွိႏိုင္​​ေတာ့ဘူး ကိုယ့္ႏွင္းဆီရယ္၊ လူ​ေတြလည္း အကုန္သိ​ေနၿပီပဲ ဒီထက္သိစရာမရွိ​ေတာ့ပါဘူး"

"ကဲကို ကဲလြန္းပါတယ္"

​ထို​ေန႔က ​ေၾကးနန္း႐ိုက္ဖို႔ ကိစၥနဲ႔ပတ္သက္ၿပီး Taehyung အျပင္ထြက္ရသည္။
Jeonက စာတိုက္႐ုံးအထိ ပို႔​ေပးရွာသည္။

စာတိုက္႐ုံးက ထုံးစံအတိုင္း လူ​ေတြႀကိတ္ႀကိတ္တိုးလ်က္။
အထူးသျဖင့္ မိန္းမႀကီးမ်ား၊ မိန္းမပ်ိဳမ်ားက စာတိုက္​ေရွ႕မွာ ပူ​ေဆြး​ေသာက​ေရာက္​ေနတဲ့ မ်က္ႏွာထား​ေတြနဲ႔။
​ေရွ႕တန္းက သူတို႔ လင္သား​ေမာင္​ေတြရဲ႕ ​သတင္းကို တ​ေမွ်ာ္​ေမွ်ာ္။

"ဂ်ဳန္းဘာ႐ို​ေၾကးနန္း႐ုံးကို ​ေၾကးနန္း႐ိုက္ခ်င္တာပါ"

သစ္ကတိုးစုနဲ႔ ႏွင္းဆီၿမိဳင္တို႔လို ယာ​​ေတာ​ေတြက ဂ်ဳန္းဘာ႐ိုၿမိဳ႕အပိုင္ထဲတြင္ပါသည္။
​ေခ်ာစာပို႔ရတာက ဒီ​ေခတ္ႀကီးမွာ မလြယ္၊ ရထားခရီးလမ္းက ​ေႏွာင့္​ေႏွး​ေနတာမို႔ အတၱလန္တာက​ေန ဂ်ဳန္းဘာ႐ိုလို ခရီးတို​ေလး​ေတာင္ ဒီ​ေန႔စာပို႔ရင္ သုံး​ေလးရက္ၾကာမွာ ​ေရာက္သည္။
သစ္ကတိုးစုထိဆို တစ္ပတ္​ေလာက္ အခ်ိန္ယူရလိမ့္မည္။

စာတိုက္စာ​ေရး​ေလးထံမွာ ​ေၾကးနန္းလွိမ့္မူၿပီး ထြက္လာ​​ေတာ့ မိန္းမ​ေတြက သူတို႔ကို ၾကည့္၍ တီးတိုး​ေျပာဆို​ေနၾကတာကို ​ေတြ႕ရသည္။

"လာ ခ်ာတိတ္... ကိုယ္အိမ္ျပန္ပို႔​ေပး​မယ္"

Jeonက သူ႔ရဲ႕ ပုခုံးကို ​ဆြဲဖက္ၿပီး ျမင္းရထားဆီ ​ေခၚသြားသည္။
​ေႏြး​ေထြးျခင္း၊ လုံၿခဳံျခင္း စသည္တို႔မွာ Jeon​ေၾကာင့္ ျဖစ္​ေပၚလာျခင္း ျဖစ္သည္။

အင္း... သူတို႔ႏွစ္​ေယာက္ဆက္ဆံ​ေရးကို ဘယ္လို သမုတ္က်ပါ​ေစ သူတို႔မွာ ဆက္ဖုံးကြယ္စရာ​အ​ေၾကာင္း မရွိ​ေတာ့။
ဒီလူ႔ကို ​ေပၚ​ေပၚထင္ထင္ ခ်စ္ရမည္၊ သဝန္တိုရမည္၊ ဆိုးႏြဲ႕ရမည္။

Suzan ထင္သလို​ေတာ့ သူတို႔ႏွစ္​ေယာက္ကမာၻႀကီးက ပ်က္စီးသြားမွာ မဟုတ္။
____

အိမ္ကထြက္လာတည္းက Suzan စိတ္ညစ္​ေနသည္၊ ဒီပုံအတိုင္းဆို Kim Taehyungက ​​ေဖ​ေဖ့ဆီ ​ေၾကးနန္း႐ိုက္လိမ့္မည္။

​ေျပ​​ေျပျပစ္ျပစ္​ေၾကးနန္း႐ိုက္ရင္က ကိစၥမရွိ၊ သူ႔သိကၡါကို ညႇိဳးႏြမ္း​ေစတဲ့ အ​ေရးအသား​ေတြသာ ​​ေဖ​ေဖ့ဆီ​ေရးလိုက္ရင္ ​​ေဖ​ေဖက ​ေသခ်ာ​ေပါက္ သစ္ကတိုးစုကို ျပန္​ေခၚလိမ့္မည္။
​ေမ​ေမက သာ၍ပင္ဆိုးသည္။

Kim Taehyungကို သတ္လို႔ရရင္ သတ္ပစ္ခ်င္လိုက္တာ။
Kim Taehyungကို​ေရာ Jeonကိုပါ အခုခ်ိန္မွာ သူမုန္း​ေနမိသည္။

"​စိတ္ထိန္းပါ Suzanရယ္။ ​ေဒၚ​ေဒၚအိမ္မွာ လိုက္​ေနရင္လည္း ကိုယ္လာ​ေတြ႕ပါ့မယ္"

Joanna ဘာ​ေတြ ​ေပါက္​ေပါက္​ေဖာက္​ေနလဲ သူမၾကားရ။ သူ႔စိတ္ထဲ ​ေဒါသၿပီးရင္ ​ေဒါသသာျဖစ္​ေနသည္။
ဒီတိုင္း​ေတာ့ ​ေဒၚ​ေဒၚအိမ္မွာ လိုက္မ​ေနႏိုင္သလို သစ္ကတိုးစုကိုလည္း မျပန္ႏိုင္။

Kim Taehyungကို ဒီတိုင္း​ေတာ့ မထားလိုက္ႏိုင္။
အဆင့္နိမ့္ကပၸလီကြၽန္​ေတြ​ေရွ႕​ေတာင္မ​ေရွာင္ဘဲ သူ႔ကို ႏွင္ထုတ္ရဲ​ေသာ Kim Taehyungကို ပညာ​ေတာ့ ျပရမွ ​ေက်နပ္ႏိုင္မည္။

"ကိုယ့္ကို တစ္ခုခု​ေျပာပါ Suzan. မင္းဒီအတိုင္းဆို ​ေပါက္ကြဲခါနီး ဗုံးတစ္လုံးနဲ႔ တူ​ေနတာပဲ"

"အင္း...ကိုယ္တကယ္​​ေပါက္ကြဲမိ​ေတာ့မယ္ထင္တယ္"

"မင္းဘာ​ေတြ လုပ္ဦးမလို႔လဲ"

​ေဆး႐ုံသြားတဲ့ လမ္းက​ေန Suzan တျခား​ေနရာသြားဖို႔ လုပ္​သည္။
Joannaက လက္​ေကာက္ဝတ္ကို ဆြဲထားၿပီး..

"မင္း ဘယ္သြားမလို႔လဲ။ လူနာ​ေတြ​ေစာင့္​ေနၾကၿပီ​ေလ"

"ကိုယ္အ​ေရးတႀကီး သြားစရာ​ေပၚလာလို႔"

"မင္းလုပ္ခ်င္သလိုလုပ္ပါ။ ဒါ​ေပမယ့္ ကိုကို​ေလးကို သတိထား။ သူက မင္းထင္သ​ေလာက္ မလြယ္ဘူး"

သရက္ထည္ဂါဝန္ႀကီးကို မ,ကာ Suzan ခပ္သြက္သြက္ လမ္း​ေလွ်ာက္သည္။
အိုက္စက္​ေန​ေသာ ရာသီဥတုနဲ႔ သရက္ထည္ဂါဝန္က နည္းနည္းမွမလိုက္ဖက္။

​ေဆး႐ုံရွိရာနဲ႔ ဆန္႔က်င္ဘက္လားရာကို သြား​ေနရတာမို႔ ​ေတာ္​ေတာ္နဲ႔ မ​ေရာက္ႏိုင္​ေသး။
လမ္းႀကဳံ​ေခၚ​ေပးမယ့္ ဘာဂီတစ္စီးမ်ား ​ေတြ႕ရင္ ​ေကာင္း​ေလစြ။

ကံဆိုးစြာပင္ ထို​ေန႔က ဘာဂီဆို၍ ဇိမ္မယ္​ေခါင္း၏ ဘာဂီကိုသာ ​ေတြ႕သည္။

သူတစ္​ေယာက္တည္း ​ေမာဟိုက္စြာ ​ေလွ်ာက္ရင္း တစ္​ေနရာကို ​​ေရာက္လာသည္။
ထို​ေနရာ​ေရာက္မွ သက္ျပင္းခ်ႏိုင္​ေတာ့သည္။

ရင္စည္းတင္းတင္း​ေၾကာင့္ အသက္ရႉရပင္ ခက္​ေန​ေသးသည္။

​ေျပက်လုဆဲဆဲ ဆံပင္​ေတြကို သပ္သပ္ရပ္ရပ္ျဖစ္​ေအာင္ ျပင္လိုက္ၿပီ အထဲဝင္လာသည္။

"Jeon...စကား​နည္းနည္း​ေျပာလို႔ရမလား"

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

673K 33.8K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
202K 19.4K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
10.1M 322K 57
[edited version of Doctor for the Mafia] Ila Archer was a doctor working at one of the best hospitals in New York. She loses her license and ability...
15.5K 321 41
⋅•⋅⊰∙∘☽༓☾∘∙⊱⋅•⋅ A book about a band from the strip, slowly rising to fame while accidentally dragging Jackie Turner up with them. She waited for some...