𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊...

By AureumV

113K 14.2K 2.8K

To my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30 (Final)
For Physical Book📖
Book 📜
Can order now🥀

Part 17

2.3K 405 65
By AureumV

Unicode~

"ဘယ်သူလဲလို့ ငါ​မေး​နေတယ် Joanna!"

Taehyung အသံက မြင့်လာသည်။ အိမ်ကကြီးလွန်းလို့သာ ဘယ်သူမှ မကြားရခြင်း။

အနီးနားကပ်လာ​သော ကိုကို​လေး​ကြောင့် Joannaမှာ တက်မတတ်ချက်မတတ်ဖြစ်​နေသည်။
မကြာခင် ​သေရ​တော့မည်လို့ ခံစားရကာ ကိုယ့်ကိုယ်ကိုယ် ကြိုတင်အမျှ​ဝေထားမိ​တော့သည်။

"ကိုကို​လေး...ငါ့အနားမကပ်လာနဲ့​နော်"

"ဘာလို့လဲ ​ကြောက်လို့လား။ မြန်မြန်​ပြောစမ်း ငါ့မှာ အချိန်​တွေပိုမ​နေဘူး Joanna"

"ဟင့်အင်း...ငါတကယ်မသိတာ"

"အသက်စွန့်ပြီးကို ကာကွယ်​ပေး​နေတာလား။ ဒါမှမဟုတ် မင်းကိုယ်တိုင် စ​ပြောခဲ့တာလား"

Taehyung၏ လက်သွယ်သွယ်ရှည်ရှည်​တွေက Joannaရဲ့ လည်ပင်းကို ဆုပ်ကိုင်ထားသည်။

"ငါ့အသက်​တော့ချမ်းသာ​ပေးပါ ကိုကို​လေးရယ်"

"​ပြော​လေ အဲ့တာဆို"

"Suzan...!Suzan ပါ သူ​ဆေးရုံက ​ဒေါ်​ဒေါ်ကို စ​ပြောတာက စတာပါ"

Joannaမှာ Taehyungကို ရွဲ့ချင်ခနဲ့ချင်လို့ ​ပြောမိတဲ့ ကိစ္စကို ​နောင်တရ​နေမိသည်။
Taehyung အရှက်ကွဲမှာ သိက္ခါကျမှာက​နောက်၊ အခု​လော​လောဆယ် သူက အသက်အန္တရာယ်ပြုခံ​နေရပြီ။

"Suzan... မင်း ​သေချာလား"

"​သေ..​​သေချာပါတယ်။ ငါ့ကိုလွှတ်​ပေးပါ​နော်"

Taehyung လက်ကို လွှတ်ချလိုက်​​တော့ Joanna ခမျာ ​ပျော့​ခွေပြီး ကြမ်းပြင်​ပေါ်ပုံခနဲ။
မာန်မ​လျှော့​သေးဘဲ စူးစူးရဲရဲ Taehyungကို ကြည့်သည်။ Taehyungကို အထိနာ​အောင် တစ်ခုခု​တော့ ​ပြောလိုက်ရမှ ​ကျေနပ်မည်။

"Kim Taehyung မင်း! မင်းက​လေ ​သောက်ကျင့်​လေး တစ်စက်မှ မ​ပြောင်းသွားဘူး။ မင်းငါတို့မိသားစုအ​ပေါ် ဘာလုပ်ခဲ့လဲဆိုတာ မှတ်မိလား ဂြိုဟ်​ကောင်ရဲ့!"

Joannaဟာ သူ့ဘဝမှာ ပထမဆုံးအ​နေနဲ့ သူ့အစ်ကိုကို နာမည်ရင်း​ခေါ်မိခြင်းပင်။
သူ့မျက်လုံးထဲ အဲ့ဒီ​နေ့​တွေကို မ​မေ့နိုင်။

Taehyung​ပြောတဲ့ အပြန်အလှန်သ​​ဘောတရားဖြစ်ပါ​စေဦး၊ သူ့မိသားစုက ပိုနစ်နာရသည်။
Taehyungက သူ့အတွက်​တော့ ဂြိုဟ်ဆိုးတစ်​ကောင်လိုပင်။
____

"Kim Taehyung မင်း! မင်းက​လေ ​သောက်ကျင့်​လေး တစ်စက်မှ မ​ပြောင်းသွားဘူး။ မင်းငါတို့မိသားစုအ​ပေါ် ဘာလုပ်ခဲ့လဲဆိုတာ မှတ်မိလား ဂြိုဟ်​ကောင်ရဲ့!"

​တံခါးလိုက်ကိုင်ကို ကိုင်ထားပြီးသားလက်လည်း ရပ်တန့်သွားသလို အိမ်ထဲဝင်မယ့် ​ခြေလှမ်း​တွေပါ ရပ်တန့်သွားရသည်။
Joannaက ​ဒေါသတကြီး စူးစူးဝါးဝါး​အော်​နေတာပင်။

​ဆေးရုံက ဆရာဝန်တစ်​ယောက်က အကူ​လာခေါ်တာမို့ လိုက်သွားပြီး ပြန်လာတာ ဒီလိုအသံ​တွေကြားရမယ်​တော့ မထင်ခဲ့။
ထို​နေရာမှာ ရပ်​နေပြီး အထဲက အသံကို နားစွင့်​နေလိုက်သည်။

"မ​မေ့ရပါဘူး။ ​မေ့လို့လည်း ရမှာမဟုတ်ဘူး။ မင်းတို့ မိသားစုအ​ပေါ် ဟုတ်လား။ ကိုယ့်ဟာကိုယ် ဘာ​တွေလုပ်ခဲ့လဲ ပြန်စဥ်းစားကြည့်ပါဦး ဟားဟားဟား"

တံခါးအပြင်က​နေပြီး Suzan အရမ်းကို စိတ်လှုပ်ရှား​နေသည်။ ကံ​​ကောင်းလျှင် သူသိပ်သိချင်​နေတဲ့ Kim Taehyung အ​ကြောင်းကိုပါ သိခွင့်ရ​တော့မည်။

"မင်း​တို့​ကြောင့် ငါ့မိဘ​တွေ​သေရတာ!"

Taehyungနဲ့ Joannaတို့ အမုန်းအရှိန်က ပြင်းသည်။
Taehyungရဲ့ အမုန်းတရားက သူခံခဲ့ရတာနဲ့ အမျှပြင်းထန်သည်။

"ငါမျက်စိ​ရှေ့မှာတင် ရက်ရက်စက်စက်သတ်ခဲ့ကြတာ ဒါကို ​မင်း​ရော ငါ​ရောသိတယ်!"

Joanna အရူးတစ်​ယောက်လိုရယ်သည်။
မိဘတစ်​ယောက်လုံး မျက်စိ​ရှေ့တင်​သေရတာကို မြင်ရတဲ့သားတစ်​ယောက်အတွက် ကရုဏာတရား​​တွေ သူ့မှာမရှိ​။
​​ဆေးရုံက စစ်သား​တွေအ​ပေါ်ထားတဲ့ သနားကြင်နာမှုမျိုးလည်းမရှိ။
Taehyung မိဘ​တွေ ​သေဆုံးခြင်းအ​ပေါ် သူ​ရော သူ့မိသားစု​ရော ​နောင်တလည်းမရကြ၊ အပြစ်ရှိသည်ဟုလည်း မခံစားမိကြ။

"မင်းတို့​ကြောင့် ငါ့မိဘ​တွေ​ရော မ​မွေးရ​သေးတဲ့က​​လေး​ရော ​သေရတာ!"

"ဟက်! ဒီအတိုင်းဆိုရင်​ရော မင်းအ​မေက ​မွေးနိုင်မှာတဲ့လား။ နဂိုတည်းက မင်းအ​မေက ရှူနာရှိုက်ကုန်းဖြစ်​နေတာ! အခု​တော့ ၃​ယောက်လုံးတပြိုင်နက် ဝဋ်ကျွတ်တာပဲ မင်း​ကျေးဇူးတင်"

"ကဲဟာ...!"

'ဖြန်း!'

Joannaရဲ့​ခေါင်း တစ်ပတ်လည်​သွားသည်အထိ Taehyungရိုက်ချက်က ပြင်းသည်။

Taehyung မျက်စိထဲ ​ဖေ​ဖေနဲ့​​မေ​မေ ​သေဆုံးခဲ့ရပုံကို ပုံ​ဖော်ကြည့်မိ​​​နေ​တော့သည်။
​ခေါင်း​တွေလည်း တရိပ်ရိပ်မူးလာသည်၊ သူဒီတစ်သက် အဲ့ဖြစ်ရပ်ဆိုးကြီးက​နေ ရုန်းထွက်နိုင်​တော့မည်မဟုတ်။

စိတ်ဒဏ်ရာက ရပြီးရင်းရ​နေ​တော့မည်။

တုန်ရီ​နေ​သော ​ခြေလှမ်းများဖြင့် ​လှေကားထစ်တွေကို တစ်ထစ်ချင်းတက်​တော့ Joanna ရဲ့ အသံတိုးတိုးကို ကြားလိုက်ရသည်။

"မင်းလည်း လူတစ်​ယောက်သတ်ဖူးတယ်ဆိုတာ မ​မေ့နဲ့ Kim Taehyung"

တစ်​ယောက်မက​ကြောင်းများသိရင် Joanna တစ်​ယောက် မည်မျှမဏ္ဍပ်တိုင်တက်လိမ့်မည်လဲ။
____

"ကျုပ်ကို ဘာလို့မ​ပြောရတာလဲ ခင်ဗျားရယ်"

အားအင်ချိနဲ့​နေ​သော ​ခြေလှမ်းများနဲ့ အခန်းထဲဝင်​တော့ အသင့်ကြို​နေတဲ့ ရင်ခွင်ထဲ ​တန်းတန်းမတ်မတ် ခိုနားမိသည်။

တကယ်တမ်းမှာ သူ Jeonကို စိတ်​ကောက်ချင်​သေးသည်။ ဘာလို့များ သူ့ကိုဖုံးပြီး တစ်​ယောက်တည်း အထိအခိုက်ခံ​နေရတာလဲ ခင်ဗျားရယ်။
ကျုပ်လို အိမ်တွင်း​အောင်း​နေရတဲ့ ​အရူးတစ်​ယောက်ထက် ခင်ဗျားသိက္ခါက ပိုအ​​ရေးကြီးတာ မသိ​လေဘူးလား။

"ဘာ​ပြောရမှာလဲ ကိုယ်က"

"ကဲဟယ်..ကဲဟယ်! ဟန်​​ဆောင်ချင်ဦး၊ မ​ပြောဘဲ ​နေချင်ဦး၊ လိမ်ထားချင်ဦး"

ဆိုပြီး ကြွက်သားအပြည့်နဲ့ ရင်အုံကြီးကို တဘုန်းဘုန်းထုပစ်မိ​တော့သည်။

"ကျုပ်တို့အ​ကြောင်း အကုန်သိကုန်ပြီ​ဆို၊ ခင်ဗျား အဲ့တာ​ကြောင့် အိမ်​စော​စောပြန်လာတာမလား၊ ​တောက်တဲ့လို ကပ်​နေတာမလား"

"ချာတိတ်ဘယ်လို..."

"Joannaက မ​ပြောဘဲ​နေမယ်ထင်လို့လား"

"ချာတိတ်ပင်ပန်း​​နေမှာပဲ။ ပင်ပန်းမှာစိုးရိမ်ခဲ့တာ၊ ကိုယ်သာ တွဲဖို့မ​ဖွင့်​ပြောခဲ့ရင်..."

"ကျုပ်ကိုယ်တိုင် ဆန္ဒမရှိဘဲ ခင်ဗျားကို တွဲပါ့မလား"

သူ့ရင်ခွင်ထဲ ​ခေါင်းအပ်ထားရင် တအီအီငိုချမိ​တော့သည်။
Joanna နဲ့ ​ပြောခဲ့သမျှကို ​တွေးမိ​နေသည်။ သူ့မိဘ​တွေ ​ဆုံးတဲ့​နေ့ကို ပြန်မြင်​ယောင်​နေမိသည်။
ဒီစိတ်ဒဏ်ရာကို Joannaက တမင်ကို အစ​ဖော်​ပေးခဲ့တာပင်။

"မငိုပါနဲ့ နှင်းဆီရယ်"

မိဘ​တွေ​သေဆုံးခြင်းနဲ့ ပတ်သက်ပြီး Taehyungမှာ တစ်ခါမှ ဝမ်းနည်းပူ​ဆွေးမှုကို ပြခွင့်မရခဲ့။
ဒီကိစ္စ​ကြောင့် ပထမဆုံးငို​​ကြွေးဖူးခြင်းလို့ပင်ဆိုရမလား။ ရှိုက်ကြီးတငင်ကို ငို​နေမိသည်။

'​ဖေ​ဖေနဲ့ ​မေ​မေသာရှိရင်' ဆိုတဲ့ အ​တွေးက လူကို ပိုပြီး အားအင်ချည့်နဲ့​စေသည်။

"ပင်ပန်း​နေပြီ... အရမ်းပင်ပန်း​နေပြီ"

"အင်း ကိုယ်သိတယ်။ ကိုယ်နားလည်တယ်"

"ခင်ဗျား ဘာမှလည်း မသိဘဲ"

"မသိဘဲလည်း နားလည်​ပေးနိုင်ပါတယ်။ ကိုယ် ချာတိတ်ကို အမြဲနားလည်နိုင်တယ်"

Jeon ရင်ခွင်ကို မှီရင်း အဲ့​နေ့က အ​​ကြောင်းအရာ​​တွေက ရုပ်ရှင်ပြကွက်လို မြင်လွှာအာရုံထဲ ​ပေါ်လာသည်။
မျက်ရည်​တွေက ပါး​ပေါ်တ​တောက်​တောက် စီးကျ​တော့သည်။

အတ္တလန်တာက စံအိမ်ကြီးအတွင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်​နေသည်။
ဒီအချိန်ဆို က​လေး​တွေက ကပ္ပလီကျွန်​တွေနဲ့အတူ ဘုရား​ကျောင်းမှာ ရှိ​နေလိမ့်မည်။

"ဒီမှာ လက်မှတ်ထိုးလိုက်အစ်ကို"

"မထိုးနိုင်ဘူး။ မင်းလည်း ပြန်​တော့ Aiden.. ဒီမှာ ငါ့မိန်းမလည်း ကိုယ်ဝန်အရင့်အမာကြီးနဲ့ ခုလို စိတ်ဒုက္ခ​ပေးဖို့​တော့ မ​ကောင်းပါဘူး"

"ဘာလို့လဲ။ အတ္တလန်တာက လုပ်ငန်း​တွေအများကြီး ပိုင်​နေတာပဲမလား နှင်းဆီမြိုင်​တော့ ကျွန်​တော့်ကို ​ပေးသင့်တယ်​လေ။ ဘာလို့ အဲ့​လောက်​လောဘကြီး​နေရတာလဲ"

"အစ်ကိုတို့မိဘ​တွေကို ပြန်ကြည့်ပါဦး။ နှင်းဆီမြိုင်ဆိုတာ အစ်ကိုတို့မိဘ​တွေ​ ပျိုး​ထောင်ခဲ့တဲ့ ဝါခင်းကြီးပါ။ အခုလည်း မင်းပိုင်သလိုပဲမလား။
အစ်ကိုပိုင်တယ်ဆိုတာ စာရွက်​ပေါ်မှာပဲ ရှိတာပါ။
မင်းလည်း သားသမီးနှစ်​ယောက်အ​ဖေပဲဟာ နားလည်မှာ​ပေါ့"

"အစ်ကိုတို့ မိဘလို့ မသုံးဘဲ အစ်ကို့မိဘလို့ပဲ သုံးလိုက်ပါလား။ ​မွေးစားတယ်ဆိုတာဘာလဲ ဝါခင်းမှာ ယာထွန်ခိုင်းဖို့လား"

Levan​ရော သူ့ဇနီး​ရော စိတ်ညစ်လှပြီ။
သခင်မကြီးက ကိုယ်​လေးလက်ဝန်...ဒီချိန်မှာ ဧည့်လာ​​ဆောင်လာ​တွေကို ​တွေ့ဖို့မ​ကောင်း​​တော့။
သို့​သော် ဆိုက်ဆိုက်မြိုက်မြိုက်​ရောက်လာ​သော ခင်ပွန်းသည်ရဲ့ ​မွေးစားညီ​ကြောင့် စိတ်အာရုံမှာ ​နှောက်ကျိ​နေရသည်။

"ပြန်ပါ​တော့ ငါ့​မောင်ရယ်။ အ​ဖေနဲ့အ​​မေတို့ စာရွက်စာတမ်းအရသာ အစ်မတို့ပိုင်​နေတာပါ။ တကယ်တမ်းက ငါ့​မောင်တို့ပဲ အကုန်ပိုင်တာပါ"

Aiden စိတ်ရှုပ်လာသည်။ နှင်းဆီမြိုင်က အကျိုးအမြတ်​တွေ သူအကုန်ရတယ်ဆို​သော်ငြား လယ်အငှားလုပ်​နေသလိုသာ ခံစားရသည်။
သူဟာ စာရွက်စာတမ်းနဲ့တကွပိုင်ဆိုင်ချင်သည်။ ဖြစ်​အောင်လည်း လုပ်လိမ့်မည်။

"ကျွန်​တော် ​သေ​အောင်လုပ်လည်း နှင်းဆီမြိုင်သခင်ကြီးက ခင်ဗျားဖြစ်​နေတာ တရားရဲ့လား Levan!"

Aiden ခါးကြားထဲက ဓါး​မြှောင်ကို ဆွဲထုတ်လိုက်သည်။ သခင်မကြီးက လန့်ပြီး စကားမ​ပြောနိုင်​တော့။
သူ့က​လေး​လေးရှိတဲ့ ဝမ်းဗိုက်ကို လက်ဖြင့် ကာထားသည်။

"Aiden... မလုပ်နဲ့​နော်။ မင်းမှာလည်း ရက်သား​လေးရှိ​သေးတဲ့ က​လေးနဲ့ပါ။ ကိုယ်ချင်းစာပါကွာ"

Aiden တစ်ချက်​တော့ ​တွေ​ဝေသွားသည်။ နှင်းဆီမြိုင်မှာ မိခင်နို့ကို ​သောက်ရင်း ကျန်ခဲ့တဲ့ သား​လေး။
မီးထွက်တာ​တောင်မကြာ​သေး။
မကြာခင် သူ့အစ်ကိုရဲ့ရင်​သွေး​လေးလည်း ​လောကကြီးထဲ ​ရောက်လာ​တော့မည်။

ထိုသို့ စိတ်​ကောင်းဝင်လိုက်တာက ခဏတာ။
သူ့စိတ်ထဲ အဆုံးမရှိတဲ့ ဝါခင်းကြီးကို မြင်​ယောင်မိလာသည်။
အခုအ​ခြေ​အ​နေမှာ သူဘယ်​လောက်ပဲ ​ငွေသုံးရသုံးရ သူ့အစ်ကိုရဲ့ ​ပေးစာကမ်းစာ စားရတာနဲ့မခြား။
သူ့က​လေးနှစ်​ယောက်ကို​တော့ အဲ့လိုဘဝမှာ ဆက်မ​နေခိုင်းရက်။

'ဇွပ်!'

'အာ့...!'

ဘယ်ဘက်ရင်ဘတ်က နှလုံးကို ရုတ်ချည်းဝင်လာ​သော ဓါးချက်နဲ့အတူ Levan ပါးစပ်က ​သွေးများအန်ကျကာ ပွဲချင်းပြီး အသက်မဲ့သွားသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရ​သော သခင်မကြီးမှာလည်း ​ကြောင်အမ်းလျက်.. ​ကြောက်ရွံ့တုန်လှုပ်လျက်။
ထွက်​ပြေးရ​​ကောင်းမှန်း ရုန်းရ​ကောင်းမှန်း မသိ။

ခန္ဓါကိုယ် ​အောက်ပိုင်းက ​သွေး​တွေ စီးကျလာသည်။
ပြစ်ချွဲ​နေ​သော ​​သွေးစ​သွေးန ​သွေးခဲများ မိန်းမကိုယ်ထဲက တာကျိုးသလိုပင် စီးကျလာသည်။

သတိရ​သော အခါတွင် အရာရာဟာ ​နောက်ကျသွားပြီ။

သူ့အမျိုးသား​နောက်ကို သူဟာ ​ကောက်​​ကောက်ပါ​အောင် လိုက်သွားရ​တော့သည်။
သူမျက်လုံးများမပိတ်ရ​သေးခင် တံခါးရွက်ကို အသာဟထား​သော အပြင်ဘက်က က​လေးနှစ်​ယောက်နှင့် ကပ္ပလီတစ်​ယောက်ကိုပါ မြင်လိုက်ရ​သေးသည်။

သူချစ်လှစွာ​သော သား​လေးရယ်၊ ​​သေအံ့ဆဲဆဲမှာမှ သူမုန်းမိသွားတဲ့ က​လေးမရယ်။
က​လေး​မွေးဖို့​ခေါ်ထားတဲ့ ဝမ်းဆွဲသည်ကပ္ပလီမကြီးရဲ့ သားရယ်။

"ဟင်း...သတ်လိုက်ရင် လိုချင်တာ ရ​ရောပဲ။ စာရွက်စာတမ်း​တွေမလိုပါဘူး။ ၇နှစ်က​လေးက ဘာလုပ်တတ်မှာမို့လဲ။ နှင်းဆီမြိုင်က ငါ့အပိုင်ဖြစ်ပြီ​ပေါ့"

Aidenဟာ ဓါး​မြှောင်က ​သွေးစ​သွေးန​တွေကို သုတ်​နေ​ရင်း တစ်​ယောက်တည်း ​ရေရွတ်​နေခဲ့သည်။
တံခါးတစ်ဖက်က က​လေးနှစ်​ယောက်ကို သတိမထားမိလိုက်။

"​ဖေ​ဖေ...​မေ​မေ...အာ့!"

အသံကုန်​အော်ပစ်ချင်​​ပေမယ့် လက်​သေး​သေး​လေး တစ်ဖက်က သူ့ကို ပိတ်ပြီး တစ်​နေရာ ဆွဲ​ခေါ်သွားသည်။
အတူပါလာတဲ့ ကပ္ပလီ​ကျွန်​လေးကို​တော့ သူတို့​​မေ့​နေခဲ့ကြသည်။

သူနဲ့ Joanna ဘုရား​ကျောင်းက ​ရောက်ပြီး ဒီ​နေရာမှာ ရပ်​နေခဲ့တာ အတန်ပင်ကြာပြီ။
ဦး​လေး Aidenက ​​ဘိုးဘွား​တွေရဲ့ ​မွေးစားသားဆိုတာရယ်၊ နှင်းဆီမြိုင်ကို လု​နေတဲ့ အ​ကြောင်းရယ်ကို ကြားခဲ့ရသည်။

ဦး​လေး Aiden ဓါး​မြှောင်ထုတ်လိုက်ချိန်ကစပြီး သူကြက်​သေ​သေ​နေမိသည်။
မလှုပ်မယှက်၊ မျက်​တောင်မခတ်စတမ်း။

သူ့မြင်ကွင်းဟာ သူ့အသိစိတ်ထဲ စွဲထင်​နေခဲ့ပြီး 'သတ်လိုက်ရင် လိုချင်တာ ရ​ရောပဲ' ဆိုတဲ့ တီးတိုးစကားက သူနားထဲ အကြိမ်ကြိမ်ကြား​နေရသည်။

"Joanna... မင်းမြင်လိုက်တယ်မလား"

"မမြင်ဘူး ငါဘာမှမသိဘူး ကိုကို​လေး"

အရွယ်နဲ့ မလိုက်​အောင် Joannaဟာ ​ကောက်ကျစ်ခဲ့သည်။
သူ့အ​ဖေလုပ်သမျှဟာ သူတို့​မောင်နှမအတွက်ဆိုပြီး ယုံခဲ့သည်။
နှစ်နှစ်လုံးလုံး ​စောင့်​ရှောက်​ပေး၊ ပညာ​သင်​ပေးခဲ့တဲ့ သခင်ကြီးနဲ့ သခင်မကြီးတို့ ​ကျေးဇူးတရားကိုလည်း နည်းနည်းမှ မ​ထောက်ခဲ့။

"ဟင့်အင်း... မရဘူး မဖြစ်ဘူး"

Taehyungငယ်​လေးသည် Joanna ​ခေါ်လာတဲ့ အခန်းထဲက ထွက်ပြီး သက်ဆိုင်ရာကို တိုင်ဖို့ လုပ်သည်။
ဒီအိမ်မှာ သူနဲ့ Joannaတို့ သားအဖသာ ရှိသည်။ သူဘယ်သူ့ကို တိုင်လို့တိုင်ရမယ်မှန်းမသိ။
က​လေးပီပီ ​ကြောက်​နေတာကလွဲရင် မခံစားတတ်။

'ဖြန်း!'

"မင်း​ရော မ​​သေချင်ရင် ​သောက်ပါးစပ်ပိတ်ထား ကိုကို​လေး"

Joanna ကို Taehyung ​ကြောက်လာသည်။
ဘာမှမလုပ်ရဲဘဲ အခန်း​ထောင့်မှာ ဒူးတုတ်ထိုင်ရင်း တအီအီငိုရုံသာ တတ်နိုင်ခဲ့သည်။
သူ့မျက်လုံးထဲ ​သွေး​​တွေကိုသာ မြင်​နေရသည်။

ထိုအဖြစ်အပျက်က သူ့ကို​ခြောက်အိပ်မက်သဖွယ် ညစဥ်ညတိုင်း​ခြောက်လှန့်​နေခဲ့သည်။
ညအိပ်မက်တိုင်းမှာ ​သွေးစွန်းအဝတ်အစား​​တွေနဲ့ ​​​ဖေ​ဖေရယ် ​မေ​မေရယ်ကို မြင်ရသည်။
​မေ​မေ့လက်ထဲမှာ ​သွေးစွန်းအနှီးထုပ်နဲ့ က​လေး​လေး တဝါးဝါးငို​နေသည်။

အိပ်မက်ထဲမှာ ​ဖေ​​ဖေက 'နှင်းဆီမြိုင်က သားအပိုင်' ဆိုပြီး ​ပြော​နေတတ်သလို ​မေ​​မေက 'အငယ်​လေး ​မရှိ​တော့ဘူး' ဆိုပြီး ငို​နေတတ်သည်။

ကြာ​တော့ Taehyung​လေး ​သွေးစက်​တွေကို မြင်ရတာ အသားကျလာသည်။ ​သွေးစက်​တွေကြားထဲ သူ့မိဘ​တွေရှိသည်ဟု ထင်လာသည်။
အိပ်မက်ထဲ မမြင်ရလျှင် အပြင်မှာ မြင်ရ​အောင် ဖန်တီး​တော့သည်။

အပြစ်မရှိတဲ့ သတ္တဝါ​လေး​တွေရဲ့ ​သွေးကိုမြင်ရင် ​ပျော်​နေတတ်သည်။ အိပ်မက်ထဲက သူ့အငယ်​လေးလို့ မြင်လာပြီး ​ဝမ်းသာ​နေတတ်သည်။

ယုတ်စွအဆုံး လူ့အသက်တစ်​ချောင်း သတ်ဖို့ရာ​တောင် ဝန်မ​လေးနိုင်​တော့။

မျက်ရည်​တွေကို အမုန်းတရား​တွေ၊ နာကျည်းခြင်း​တွေက အစားထိုးလာတဲ့အခါ သူကိုယ်တိုင် 'သတ်လိုက်ရင် လိုချင်တာရတယ်' ဆိုတဲ့ ဝါဒကြီးကို စွဲ​နေမိသည်။

သို့​လောသို့​လော ​ကောလ​ဟာလ​တွေနဲ့ ပြီးသွားတဲ့ မိဘ​တွေရဲ့ ဈာပနပွဲအပြီး သူဟာ သူ့ဦး​လေးမိသားစုနဲ့အတူ နှင်းဆီမြိုင်မှာ ​နေရသည်။
လူကြား​ကောင်း​အောင် လူမြင်တင့်​အောင် သူ့ကို ​တာဝန်​ကျေရုံ စောင့်​ရှောက်​ပေးခဲ့တာ ဖြစ်သည်။

နှင်းဆီမြိုင်ကို သူပိုင်သည်၊ သို့​သော် သူကြည့်​နေရုံကလွဲရင် မတတ်နိုင်ခဲ့။
နှင်းဆီမြိုင်မှာ ​ဖေ​ဖေ၀ယ်ထားတဲ့ ကျွန်​တွေမရှိ​တော့၊ ​အေးစက်စက်နဲ့ ​ဖေ​ဖေ့ကိုမသိတဲ့ ကျွန်သစ်​တွေနဲ့ ပြည့်​နေသည်။

လူ​တွေကို မုန်းလိုက်တာ​လေ မပတ်သက်ချင်​​တော့​အောင် ရွံမုန်း​နေမိ​တော့တာ။

လူတိုင်းကို သူ့မှာရှိသမျှ အဆိပ်ဆူး​တွေနဲ့ ထိုးဆွချင်တဲ့ နှင်းဆီတစ်ပွင့်... သိပ်ကို ထိရှလွယ်ပြီး ဒဏ်ရာအပြည့်နဲ့ တစ်ပွင့်တည်း​သော နှင်းဆီရယ်..။

တ​လျှောက်လုံး မုန်းလာတဲ့ လူ​တွေထဲက ပထမဆုံး တွယ်တာမိသူက​တော့ Jeon JungKookဆိုသူ​ပေါ့။

မ​​မျှော်လင့်ထားချိန် သူ့​ရှေ့မှာ​ပေါ်လာတဲ့ Jeon JungKook.
သူ့အ​ကြောင်းကို သိပြီး သူ့ကို နားလည်​ပေးတဲ့ Jeon JungKook.

ဒီလူဟာ ဦး​လေး Aiden ​​ခေါ်လာတဲ့လူမှန်း သိသိရက်နဲ့​တောင် ကိုယ်က မျက်စိစုံမိတ်ယုံစားခဲ့တာ။
​ယောကျ်ား​လေးနှစ်​ယောက်အတွက် မဖြစ်သင့်တာမို့ ​နောက်ဆုတ်ဖို့ ကြိုးစားရင်း ဒီလူဆီ တစ်လှမ်းချင်း တိုးဝင်​နေမိတာ။

ခင်ဗျားက​တော့ ကျုပ်အပိုင်စား ဟုတ်ပါရဲ့​နော်။
ခင်ဗျားကို​တော့ ပိုင်ဆိုင်ရမှ ဖြစ်လိမ့်မယ်...။

Jeonပုခုံး​ပေါ် မှီထိုင်​နေရင်းက Jeonကို ​မော့ကြည့်သည်။
ခင်ဗျား ကျုပ်​ဘေးနားရှိ​နေလို့ ​တော်​သေးတာ​ပေါ့။
အင်း...တကယ်လို့များ ခင်ဗျားသာ တခြားမိန်းက​လေးကို ​ရွေးချယ်လိုက်တယ်ဆို ကျုပ်​တော့ ​သေမှာပဲ။

အဲ့လိုစိတ်နဲ့ ကျုပ်မိန်းက​လေးတစ်​ယောက်ကို သတ်ခဲ့မိတာပဲ။
Ms. Hutchဆိုတဲ့ မိန်းက​လေးနဲ့ Jeonနဲ့ စကား​ပြော​နေတာကို မြင်ရရင်း ရင်ထဲပူ​လောင်​​သောက​ရောက်​နေခဲ့သည်။
ဒီလိုနဲ့ Jeonသာ တကယ်ကြီး စိတ်ပါသွားခဲ့ရင်ဆိုတဲ့ အ​တွေး​ကြောင့် ​ရှေ့​နောက်မစဥ်းစားဖြစ်ခဲ့။

"ခင်ဗျား​တော့ ကျုပ်အပိုင်ပါ​နော်"

"ကိုယ့်ကိုမယုံ​သေးဘူးလား။ ကိုယ်တို့အတူရှိ​နေတာ ကြာ​နေပြီ​လေ ချစ်သဲရယ်"

​ရွှေ​ရောင်ဆံနွယ်​တွေကို Jeonက ပွတ်သပ်​နေသည်။
ဒီလူ့​ရှေ့မှာဆို သူဟာ ​ယောကျ်ားမာန်မာနကို မရှိ​တော့တာ။

"ဘာမှ​တွေးမပူဘဲ အိပ်လိုက်။ ကိုယ်​ချော့သိပ်မယ်"

Jeon က သီချင်းတစ်ပုဒ်ဆိုညည်းသည်။
အသံက ချိုအီပြီး နားထဲသကာရည်​လောင်းထည့်သလို။
ပြည်တွင်းစစ်ကာလ​ခေတ်စား​နေတဲ့ ​ရှေ့တန်းသို့ လွမ်းချင်း သီချင်း​တွေ မဆိုလို့ Jeonကို ​ကျေးဇူးတင်မိသည်။

ဆို​နေတာက အဲ့ဒီ​ခေတ်အခါက ​​နာမည်ကြီးတဲ့ 'ညအိပ်မက်' ဆိုတဲ့အချစ်သီချင်း။
ညဘက်လူပျိုလှည့်ရင် ​​အမျိုသား​တွေက ဘင်ဂျို​လေးတီးပြီး အဲ့သီချင်းကို ဆို​လေ့ရှိသည်။
ထိုအချိန်ဆို မိန်းမပျို​လေး​တွေက ရှက်ပြုံးပြုံးပြီး နား​​ထောင်တတ်ကြသည်။

ကိုယ်သည်လည်း Jeonအနားဆို မိန်းမပျို​လေးလို ရှက်​သွေးကြွယ်ပြီး သီချင်းစာသားတိုင်းမှာ ရင်ခုန်​နေမိတာ။

ချစ်သူ​လေး ညဘက်အိပ်မက်လှလှမက်ဖို့ သီဖွဲ့ထားတဲ့ သီချင်း​စာသား​လေး​တွေ။
ကြား​နေရရင်း သူ့မျက်ခွံ​တွေ ​လေးလံလာသည်။

ထိုညက သူ့အိပ်မက်​လေး တကယ်လှ​နေခဲ့သည်။

TBC~

ဒီအပိုင်း​ရေးရတာ သနားပြီး ရင်​မောလိုက်တာ..

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

"ဘယ္သူလဲလို႔ ငါ​ေမး​ေနတယ္ Joanna!"

Taehyung အသံက ျမင့္လာသည္။ အိမ္ကႀကီးလြန္းလို႔သာ ဘယ္သူမွ မၾကားရျခင္း။

အနီးနားကပ္လာ​ေသာ ကိုကို​ေလး​ေၾကာင့္ Joannaမွာ တက္မတတ္ခ်က္မတတ္ျဖစ္​ေနသည္။
မၾကာခင္ ​ေသရ​ေတာ့မည္လို႔ ခံစားရကာ ကိုယ့္ကိုယ္ကိုယ္ ႀကိဳတင္အမွ်​ေဝထားမိ​ေတာ့သည္။

"ကိုကို​ေလး...ငါ့အနားမကပ္လာနဲ႔​ေနာ္"

"ဘာလို႔လဲ ​ေၾကာက္လို႔လား။ ျမန္ျမန္​ေျပာစမ္း ငါ့မွာ အခ်ိန္​ေတြပိုမ​ေနဘူး Joanna"

"ဟင့္အင္း...ငါတကယ္မသိတာ"

"အသက္စြန္႔ၿပီးကို ကာကြယ္​ေပး​ေနတာလား။ ဒါမွမဟုတ္ မင္းကိုယ္တိုင္ စ​ေျပာခဲ့တာလား"

Taehyung၏ လက္သြယ္သြယ္ရွည္ရွည္​ေတြက Joannaရဲ႕ လည္ပင္းကို ဆုပ္ကိုင္ထားသည္။

"ငါ့အသက္​ေတာ့ခ်မ္းသာ​ေပးပါ ကိုကို​ေလးရယ္"

"​ေျပာ​ေလ အဲ့တာဆို"

"Suzan...!Suzan ပါ သူ​ေဆး႐ုံက ​ေဒၚ​ေဒၚကို စ​ေျပာတာက စတာပါ"

Joannaမွာ Taehyungကို ႐ြဲ႕ခ်င္ခနဲ႔ခ်င္လို႔ ​ေျပာမိတဲ့ ကိစၥကို ​ေနာင္တရ​ေနမိသည္။
Taehyung အရွက္ကြဲမွာ သိကၡါက်မွာက​ေနာက္၊ အခု​ေလာ​ေလာဆယ္ သူက အသက္အႏၲရာယ္ျပဳခံ​ေနရၿပီ။

"Suzan... မင္း ​ေသခ်ာလား"

"​ေသ..​​ေသခ်ာပါတယ္။ ငါ့ကိုလႊတ္​ေပးပါ​ေနာ္"

Taehyung လက္ကို လႊတ္ခ်လိုက္​​ေတာ့ Joanna ခမ်ာ ​ေပ်ာ့​ေခြၿပီး ၾကမ္းျပင္​ေပၚပုံခနဲ။
မာန္မ​ေလွ်ာ့​ေသးဘဲ စူးစူးရဲရဲ Taehyungကို ၾကည့္သည္။ Taehyungကို အထိနာ​ေအာင္ တစ္ခုခု​ေတာ့ ​ေျပာလိုက္ရမွ ​ေက်နပ္မည္။

"Kim Taehyung မင္း! မင္းက​ေလ ​ေသာက္က်င့္​ေလး တစ္စက္မွ မ​ေျပာင္းသြားဘူး။ မင္းငါတို႔မိသားစုအ​ေပၚ ဘာလုပ္ခဲ့လဲဆိုတာ မွတ္မိလား ၿဂိဳဟ္​ေကာင္ရဲ႕!"

Joannaဟာ သူ႔ဘဝမွာ ပထမဆုံးအ​ေနနဲ႔ သူ႔အစ္ကိုကို နာမည္ရင္း​ေခၚမိျခင္းပင္။
သူ႔မ်က္လုံးထဲ အဲ့ဒီ​ေန႔​ေတြကို မ​ေမ့ႏိုင္။

Taehyung​ေျပာတဲ့ အျပန္အလွန္သ​​ေဘာတရားျဖစ္ပါ​ေစဦး၊ သူ႔မိသားစုက ပိုနစ္နာရသည္။
Taehyungက သူ႔အတြက္​ေတာ့ ၿဂိဳဟ္ဆိုးတစ္​ေကာင္လိုပင္။
____

"Kim Taehyung မင္း! မင္းက​ေလ ​ေသာက္က်င့္​ေလး တစ္စက္မွ မ​ေျပာင္းသြားဘူး။ မင္းငါတို႔မိသားစုအ​ေပၚ ဘာလုပ္ခဲ့လဲဆိုတာ မွတ္မိလား ၿဂိဳဟ္​ေကာင္ရဲ႕!"

​တံခါးလိုက္ကိုင္ကို ကိုင္ထားၿပီးသားလက္လည္း ရပ္တန္႔သြားသလို အိမ္ထဲဝင္မယ့္ ​ေျခလွမ္း​ေတြပါ ရပ္တန္႔သြားရသည္။
Joannaက ​ေဒါသတႀကီး စူးစူးဝါးဝါး​ေအာ္​ေနတာပင္။

​ေဆး႐ုံက ဆရာဝန္တစ္​ေယာက္က အကူ​လာေခၚတာမို႔ လိုက္သြားၿပီး ျပန္လာတာ ဒီလိုအသံ​ေတြၾကားရမယ္​ေတာ့ မထင္ခဲ့။
ထို​ေနရာမွာ ရပ္​ေနၿပီး အထဲက အသံကို နားစြင့္​ေနလိုက္သည္။

"မ​ေမ့ရပါဘူး။ ​ေမ့လို႔လည္း ရမွာမဟုတ္ဘူး။ မင္းတို႔ မိသားစုအ​ေပၚ ဟုတ္လား။ ကိုယ့္ဟာကိုယ္ ဘာ​ေတြလုပ္ခဲ့လဲ ျပန္စဥ္းစားၾကည့္ပါဦး ဟားဟားဟား"

တံခါးအျပင္က​ေနၿပီး Suzan အရမ္းကို စိတ္လႈပ္ရွား​ေနသည္။ ကံ​​ေကာင္းလွ်င္ သူသိပ္သိခ်င္​ေနတဲ့ Kim Taehyung အ​ေၾကာင္းကိုပါ သိခြင့္ရ​ေတာ့မည္။

"မင္း​တို႔​ေၾကာင့္ ငါ့မိဘ​ေတြ​ေသရတာ!"

Taehyungနဲ႔ Joannaတို႔ အမုန္းအရွိန္က ျပင္းသည္။
Taehyungရဲ႕ အမုန္းတရားက သူခံခဲ့ရတာနဲ႔ အမွ်ျပင္းထန္သည္။

"ငါမ်က္စိ​ေရွ႕မွာတင္ ရက္ရက္စက္စက္သတ္ခဲ့ၾကတာ ဒါကို ​မင္း​ေရာ ငါ​ေရာသိတယ္!"

Joanna အ႐ူးတစ္​ေယာက္လိုရယ္သည္။
မိဘတစ္​ေယာက္လုံး မ်က္စိ​ေရွ႕တင္​ေသရတာကို ျမင္ရတဲ့သားတစ္​ေယာက္အတြက္ က႐ုဏာတရား​​ေတြ သူ႔မွာမရွိ​။
​​ေဆး႐ုံက စစ္သား​ေတြအ​ေပၚထားတဲ့ သနားၾကင္နာမႈမ်ိဳးလည္းမရွိ။
Taehyung မိဘ​ေတြ ​ေသဆုံးျခင္းအ​ေပၚ သူ​ေရာ သူ႔မိသားစု​ေရာ ​ေနာင္တလည္းမရၾက၊ အျပစ္ရွိသည္ဟုလည္း မခံစားမိၾက။

"မင္းတို႔​ေၾကာင့္ ငါ့မိဘ​ေတြ​ေရာ မ​ေမြးရ​ေသးတဲ့က​​ေလး​ေရာ ​ေသရတာ!"

"ဟက္! ဒီအတိုင္းဆိုရင္​ေရာ မင္းအ​ေမက ​ေမြးႏိုင္မွာတဲ့လား။ နဂိုတည္းက မင္းအ​ေမက ရႉနာရႈိက္ကုန္းျဖစ္​ေနတာ! အခု​ေတာ့ ၃​ေယာက္လုံးတၿပိဳင္နက္ ဝဋ္ကြၽတ္တာပဲ မင္း​ေက်းဇူးတင္"

"ကဲဟာ...!"

'ျဖန္း!'

Joannaရဲ႕​ေခါင္း တစ္ပတ္လည္​သြားသည္အထိ Taehyung႐ိုက္ခ်က္က ျပင္းသည္။

Taehyung မ်က္စိထဲ ​ေဖ​ေဖနဲ႔​​ေမ​ေမ ​ေသဆုံးခဲ့ရပုံကို ပုံ​ေဖာ္ၾကည့္မိ​​​ေန​ေတာ့သည္။
​ေခါင္း​ေတြလည္း တရိပ္ရိပ္မူးလာသည္၊ သူဒီတစ္သက္ အဲ့ျဖစ္ရပ္ဆိုးႀကီးက​ေန ႐ုန္းထြက္ႏိုင္​ေတာ့မည္မဟုတ္။

စိတ္ဒဏ္ရာက ရၿပီးရင္းရ​ေန​ေတာ့မည္။

တုန္ရီ​ေန​ေသာ ​ေျခလွမ္းမ်ားျဖင့္ ​ေလွကားထစ္ေတြကို တစ္ထစ္ခ်င္းတက္​ေတာ့ Joanna ရဲ႕ အသံတိုးတိုးကို ၾကားလိုက္ရသည္။

"မင္းလည္း လူတစ္​ေယာက္သတ္ဖူးတယ္ဆိုတာ မ​ေမ့နဲ႔ Kim Taehyung"

တစ္​ေယာက္မက​ေၾကာင္းမ်ားသိရင္ Joanna တစ္​ေယာက္ မည္မွ်မ႑ပ္တိုင္တက္လိမ့္မည္လဲ။
____

"က်ဳပ္ကို ဘာလို႔မ​ေျပာရတာလဲ ခင္ဗ်ားရယ္"

အားအင္ခ်ိနဲ႔​ေန​ေသာ ​ေျခလွမ္းမ်ားနဲ႔ အခန္းထဲဝင္​ေတာ့ အသင့္ႀကိဳ​ေနတဲ့ ရင္ခြင္ထဲ ​တန္းတန္းမတ္မတ္ ခိုနားမိသည္။

တကယ္တမ္းမွာ သူ Jeonကို စိတ္​ေကာက္ခ်င္​ေသးသည္။ ဘာလို႔မ်ား သူ႔ကိုဖုံးၿပီး တစ္​ေယာက္တည္း အထိအခိုက္ခံ​ေနရတာလဲ ခင္ဗ်ားရယ္။
က်ဳပ္လို အိမ္တြင္း​ေအာင္း​ေနရတဲ့ ​အ႐ူးတစ္​ေယာက္ထက္ ခင္ဗ်ားသိကၡါက ပိုအ​​ေရးႀကီးတာ မသိ​ေလဘူးလား။

"ဘာ​ေျပာရမွာလဲ ကိုယ္က"

"ကဲဟယ္..ကဲဟယ္! ဟန္​​ေဆာင္ခ်င္ဦး၊ မ​ေျပာဘဲ ​ေနခ်င္ဦး၊ လိမ္ထားခ်င္ဦး"

ဆိုၿပီး ႂကြက္သားအျပည့္နဲ႔ ရင္အုံႀကီးကို တဘုန္းဘုန္းထုပစ္မိ​ေတာ့သည္။

"က်ဳပ္တို႔အ​ေၾကာင္း အကုန္သိကုန္ၿပီ​ဆို၊ ခင္ဗ်ား အဲ့တာ​ေၾကာင့္ အိမ္​ေစာ​ေစာျပန္လာတာမလား၊ ​ေတာက္တဲ့လို ကပ္​ေနတာမလား"

"ခ်ာတိတ္ဘယ္လို..."

"Joannaက မ​ေျပာဘဲ​ေနမယ္ထင္လို႔လား"

"ခ်ာတိတ္ပင္ပန္း​​ေနမွာပဲ။ ပင္ပန္းမွာစိုးရိမ္ခဲ့တာ၊ ကိုယ္သာ တြဲဖို႔မ​ဖြင့္​ေျပာခဲ့ရင္..."

"က်ဳပ္ကိုယ္တိုင္ ဆႏၵမရွိဘဲ ခင္ဗ်ားကို တြဲပါ့မလား"

သူ႔ရင္ခြင္ထဲ ​ေခါင္းအပ္ထားရင္ တအီအီငိုခ်မိ​ေတာ့သည္။
Joanna နဲ႔ ​ေျပာခဲ့သမွ်ကို ​ေတြးမိ​ေနသည္။ သူ႔မိဘ​ေတြ ​ဆုံးတဲ့​ေန႔ကို ျပန္ျမင္​ေယာင္​ေနမိသည္။
ဒီစိတ္ဒဏ္ရာကို Joannaက တမင္ကို အစ​ေဖာ္​ေပးခဲ့တာပင္။

"မငိုပါနဲ႔ ႏွင္းဆီရယ္"

မိဘ​ေတြ​ေသဆုံးျခင္းနဲ႔ ပတ္သက္ၿပီး Taehyungမွာ တစ္ခါမွ ဝမ္းနည္းပူ​ေဆြးမႈကို ျပခြင့္မရခဲ့။
ဒီကိစၥ​ေၾကာင့္ ပထမဆုံးငို​​ေႂကြးဖူးျခင္းလို႔ပင္ဆိုရမလား။ ရႈိက္ႀကီးတငင္ကို ငို​ေနမိသည္။

'​ေဖ​ေဖနဲ႔ ​ေမ​ေမသာရွိရင္' ဆိုတဲ့ အ​ေတြးက လူကို ပိုၿပီး အားအင္ခ်ည့္နဲ႔​ေစသည္။

"ပင္ပန္း​ေနၿပီ... အရမ္းပင္ပန္း​ေနၿပီ"

"အင္း ကိုယ္သိတယ္။ ကိုယ္နားလည္တယ္"

"ခင္ဗ်ား ဘာမွလည္း မသိဘဲ"

"မသိဘဲလည္း နားလည္​ေပးႏိုင္ပါတယ္။ ကိုယ္ ခ်ာတိတ္ကို အၿမဲနားလည္ႏိုင္တယ္"

Jeon ရင္ခြင္ကို မွီရင္း အဲ့​ေန႔က အ​​ေၾကာင္းအရာ​​ေတြက ႐ုပ္ရွင္ျပကြက္လို ျမင္လႊာအာ႐ုံထဲ ​ေပၚလာသည္။
မ်က္ရည္​ေတြက ပါး​ေပၚတ​ေတာက္​ေတာက္ စီးက်​ေတာ့သည္။

အတၱလန္တာက စံအိမ္ႀကီးအတြင္းမွာ ႐ုန္းရင္းဆန္ခတ္ျဖစ္​ေနသည္။
ဒီအခ်ိန္ဆို က​ေလး​ေတြက ကပၸလီကြၽန္​ေတြနဲ႔အတူ ဘုရား​ေက်ာင္းမွာ ရွိ​ေနလိမ့္မည္။

"ဒီမွာ လက္မွတ္ထိုးလိုက္အစ္ကို"

"မထိုးႏိုင္ဘူး။ မင္းလည္း ျပန္​ေတာ့ Aiden.. ဒီမွာ ငါ့မိန္းမလည္း ကိုယ္ဝန္အရင့္အမာႀကီးနဲ႔ ခုလို စိတ္ဒုကၡ​ေပးဖို႔​ေတာ့ မ​ေကာင္းပါဘူး"

"ဘာလို႔လဲ။ အတၱလန္တာက လုပ္ငန္း​ေတြအမ်ားႀကီး ပိုင္​ေနတာပဲမလား ႏွင္းဆီၿမိဳင္​ေတာ့ ကြၽန္​ေတာ့္ကို ​ေပးသင့္တယ္​ေလ။ ဘာလို႔ အဲ့​ေလာက္​ေလာဘႀကီး​ေနရတာလဲ"

"အစ္ကိုတို႔မိဘ​ေတြကို ျပန္ၾကည့္ပါဦး။ ႏွင္းဆီၿမိဳင္ဆိုတာ အစ္ကိုတို႔မိဘ​ေတြ​ ပ်ိဳး​ေထာင္ခဲ့တဲ့ ဝါခင္းႀကီးပါ။ အခုလည္း မင္းပိုင္သလိုပဲမလား။
အစ္ကိုပိုင္တယ္ဆိုတာ စာ႐ြက္​ေပၚမွာပဲ ရွိတာပါ။
မင္းလည္း သားသမီးႏွစ္​ေယာက္အ​ေဖပဲဟာ နားလည္မွာ​ေပါ့"

"အစ္ကိုတို႔ မိဘလို႔ မသုံးဘဲ အစ္ကို႔မိဘလို႔ပဲ သုံးလိုက္ပါလား။ ​ေမြးစားတယ္ဆိုတာဘာလဲ ဝါခင္းမွာ ယာထြန္ခိုင္းဖို႔လား"

Levan​ေရာ သူ႔ဇနီး​ေရာ စိတ္ညစ္လွၿပီ။
သခင္မႀကီးက ကိုယ္​ေလးလက္ဝန္...ဒီခ်ိန္မွာ ဧည့္လာ​​ေဆာင္လာ​ေတြကို ​ေတြ႕ဖို႔မ​ေကာင္း​​ေတာ့။
သို႔​ေသာ္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္​ေရာက္လာ​ေသာ ခင္ပြန္းသည္ရဲ႕ ​ေမြးစားညီ​ေၾကာင့္ စိတ္အာ႐ုံမွာ ​ေႏွာက္က်ိ​ေနရသည္။

"ျပန္ပါ​ေတာ့ ငါ့​ေမာင္ရယ္။ အ​ေဖနဲ႔အ​​ေမတို႔ စာ႐ြက္စာတမ္းအရသာ အစ္မတို႔ပိုင္​ေနတာပါ။ တကယ္တမ္းက ငါ့​ေမာင္တို႔ပဲ အကုန္ပိုင္တာပါ"

Aiden စိတ္ရႈပ္လာသည္။ ႏွင္းဆီၿမိဳင္က အက်ိဳးအျမတ္​ေတြ သူအကုန္ရတယ္ဆို​ေသာ္ျငား လယ္အငွားလုပ္​ေနသလိုသာ ခံစားရသည္။
သူဟာ စာ႐ြက္စာတမ္းနဲ႔တကြပိုင္ဆိုင္ခ်င္သည္။ ျဖစ္​ေအာင္လည္း လုပ္လိမ့္မည္။

"ကြၽန္​ေတာ္ ​ေသ​ေအာင္လုပ္လည္း ႏွင္းဆီၿမိဳင္သခင္ႀကီးက ခင္ဗ်ားျဖစ္​ေနတာ တရားရဲ႕လား Levan!"

Aiden ခါးၾကားထဲက ဓါး​ေျမႇာင္ကို ဆြဲထုတ္လိုက္သည္။ သခင္မႀကီးက လန္႔ၿပီး စကားမ​ေျပာႏိုင္​ေတာ့။
သူ႔က​ေလး​ေလးရွိတဲ့ ဝမ္းဗိုက္ကို လက္ျဖင့္ ကာထားသည္။

"Aiden... မလုပ္နဲ႔​ေနာ္။ မင္းမွာလည္း ရက္သား​ေလးရွိ​ေသးတဲ့ က​ေလးနဲ႔ပါ။ ကိုယ္ခ်င္းစာပါကြာ"

Aiden တစ္ခ်က္​ေတာ့ ​ေတြ​ေဝသြားသည္။ ႏွင္းဆီၿမိဳင္မွာ မိခင္ႏို႔ကို ​ေသာက္ရင္း က်န္ခဲ့တဲ့ သား​ေလး။
မီးထြက္တာ​ေတာင္မၾကာ​ေသး။
မၾကာခင္ သူ႔အစ္ကိုရဲ႕ရင္​ေသြး​ေလးလည္း ​ေလာကႀကီးထဲ ​ေရာက္လာ​ေတာ့မည္။

ထိုသို႔ စိတ္​ေကာင္းဝင္လိုက္တာက ခဏတာ။
သူ႔စိတ္ထဲ အဆုံးမရွိတဲ့ ဝါခင္းႀကီးကို ျမင္​ေယာင္မိလာသည္။
အခုအ​ေျခ​အ​ေနမွာ သူဘယ္​ေလာက္ပဲ ​ေငြသုံးရသုံးရ သူ႔အစ္ကိုရဲ႕ ​ေပးစာကမ္းစာ စားရတာနဲ႔မျခား။
သူ႔က​ေလးႏွစ္​ေယာက္ကို​ေတာ့ အဲ့လိုဘဝမွာ ဆက္မ​ေနခိုင္းရက္။

'ဇြပ္!'

'အာ့...!'

ဘယ္ဘက္ရင္ဘတ္က ႏွလုံးကို ႐ုတ္ခ်ည္းဝင္လာ​ေသာ ဓါးခ်က္နဲ႔အတူ Levan ပါးစပ္က ​ေသြးမ်ားအန္က်ကာ ပြဲခ်င္းၿပီး အသက္မဲ့သြားသည္။
ဒီျမင္ကြင္းကို ျမင္လိုက္ရ​ေသာ သခင္မႀကီးမွာလည္း ​ေၾကာင္အမ္းလ်က္.. ​ေၾကာက္႐ြံ႕တုန္လႈပ္လ်က္။
ထြက္​ေျပးရ​​ေကာင္းမွန္း ႐ုန္းရ​ေကာင္းမွန္း မသိ။

ခႏၶါကိုယ္ ​ေအာက္ပိုင္းက ​ေသြး​ေတြ စီးက်လာသည္။
ျပစ္ခြၽဲ​ေန​ေသာ ​​ေသြးစ​ေသြးန ​ေသြးခဲမ်ား မိန္းမကိုယ္ထဲက တာက်ိဳးသလိုပင္ စီးက်လာသည္။

သတိရ​ေသာ အခါတြင္ အရာရာဟာ ​ေနာက္က်သြားၿပီ။

သူ႔အမ်ိဳးသား​ေနာက္ကို သူဟာ ​ေကာက္​​ေကာက္ပါ​ေအာင္ လိုက္သြားရ​ေတာ့သည္။
သူမ်က္လုံးမ်ားမပိတ္ရ​ေသးခင္ တံခါး႐ြက္ကို အသာဟထား​ေသာ အျပင္ဘက္က က​ေလးႏွစ္​ေယာက္ႏွင့္ ကပၸလီတစ္​ေယာက္ကိုပါ ျမင္လိုက္ရ​ေသးသည္။

သူခ်စ္လွစြာ​ေသာ သား​ေလးရယ္၊ ​​ေသအံ့ဆဲဆဲမွာမွ သူမုန္းမိသြားတဲ့ က​ေလးမရယ္။
က​ေလး​ေမြးဖို႔​ေခၚထားတဲ့ ဝမ္းဆြဲသည္ကပၸလီမႀကီးရဲ႕ သားရယ္။

"ဟင္း...သတ္လိုက္ရင္ လိုခ်င္တာ ရ​ေရာပဲ။ စာ႐ြက္စာတမ္း​ေတြမလိုပါဘူး။ ၇ႏွစ္က​ေလးက ဘာလုပ္တတ္မွာမို႔လဲ။ ႏွင္းဆီၿမိဳင္က ငါ့အပိုင္ျဖစ္ၿပီ​ေပါ့"

Aidenဟာ ဓါး​ေျမႇာင္က ​ေသြးစ​ေသြးန​ေတြကို သုတ္​ေန​ရင္း တစ္​ေယာက္တည္း ​ေရ႐ြတ္​ေနခဲ့သည္။
တံခါးတစ္ဖက္က က​ေလးႏွစ္​ေယာက္ကို သတိမထားမိလိုက္။

"​ေဖ​ေဖ...​ေမ​ေမ...အာ့!"

အသံကုန္​ေအာ္ပစ္ခ်င္​​ေပမယ့္ လက္​ေသး​ေသး​ေလး တစ္ဖက္က သူ႔ကို ပိတ္ၿပီး တစ္​ေနရာ ဆြဲ​ေခၚသြားသည္။
အတူပါလာတဲ့ ကပၸလီ​ကြၽန္​ေလးကို​ေတာ့ သူတို႔​​ေမ့​ေနခဲ့ၾကသည္။

သူနဲ႔ Joanna ဘုရား​ေက်ာင္းက ​ေရာက္ၿပီး ဒီ​ေနရာမွာ ရပ္​ေနခဲ့တာ အတန္ပင္ၾကာၿပီ။
ဦး​ေလး Aidenက ​​ဘိုးဘြား​ေတြရဲ႕ ​ေမြးစားသားဆိုတာရယ္၊ ႏွင္းဆီၿမိဳင္ကို လု​ေနတဲ့ အ​ေၾကာင္းရယ္ကို ၾကားခဲ့ရသည္။

ဦး​ေလး Aiden ဓါး​ေျမႇာင္ထုတ္လိုက္ခ်ိန္ကစၿပီး သူၾကက္​ေသ​ေသ​ေနမိသည္။
မလႈပ္မယွက္၊ မ်က္​ေတာင္မခတ္စတမ္း။

သူ႔ျမင္ကြင္းဟာ သူ႔အသိစိတ္ထဲ စြဲထင္​ေနခဲ့ၿပီး 'သတ္လိုက္ရင္ လိုခ်င္တာ ရ​ေရာပဲ' ဆိုတဲ့ တီးတိုးစကားက သူနားထဲ အႀကိမ္ႀကိမ္ၾကား​ေနရသည္။

"Joanna... မင္းျမင္လိုက္တယ္မလား"

"မျမင္ဘူး ငါဘာမွမသိဘူး ကိုကို​ေလး"

အ႐ြယ္နဲ႔ မလိုက္​ေအာင္ Joannaဟာ ​ေကာက္က်စ္ခဲ့သည္။
သူ႔အ​ေဖလုပ္သမွ်ဟာ သူတို႔​ေမာင္ႏွမအတြက္ဆိုၿပီး ယုံခဲ့သည္။
ႏွစ္ႏွစ္လုံးလုံး ​ေစာင့္​ေရွာက္​ေပး၊ ပညာ​သင္​ေပးခဲ့တဲ့ သခင္ႀကီးနဲ႔ သခင္မႀကီးတို႔ ​ေက်းဇူးတရားကိုလည္း နည္းနည္းမွ မ​ေထာက္ခဲ့။

"ဟင့္အင္း... မရဘူး မျဖစ္ဘူး"

Taehyungငယ္​ေလးသည္ Joanna ​ေခၚလာတဲ့ အခန္းထဲက ထြက္ၿပီး သက္ဆိုင္ရာကို တိုင္ဖို႔ လုပ္သည္။
ဒီအိမ္မွာ သူနဲ႔ Joannaတို႔ သားအဖသာ ရွိသည္။ သူဘယ္သူ႔ကို တိုင္လို႔တိုင္ရမယ္မွန္းမသိ။
က​ေလးပီပီ ​ေၾကာက္​ေနတာကလြဲရင္ မခံစားတတ္။

'ျဖန္း!'

"မင္း​ေရာ မ​​ေသခ်င္ရင္ ​ေသာက္ပါးစပ္ပိတ္ထား ကိုကို​ေလး"

Joanna ကို Taehyung ​ေၾကာက္လာသည္။
ဘာမွမလုပ္ရဲဘဲ အခန္း​ေထာင့္မွာ ဒူးတုတ္ထိုင္ရင္း တအီအီငို႐ုံသာ တတ္ႏိုင္ခဲ့သည္။
သူ႔မ်က္လုံးထဲ ​ေသြး​​ေတြကိုသာ ျမင္​ေနရသည္။

ထိုအျဖစ္အပ်က္က သူ႔ကို​ေျခာက္အိပ္မက္သဖြယ္ ညစဥ္ညတိုင္း​ေျခာက္လွန္႔​ေနခဲ့သည္။
ညအိပ္မက္တိုင္းမွာ ​ေသြးစြန္းအဝတ္အစား​​ေတြနဲ႔ ​​​ေဖ​ေဖရယ္ ​ေမ​ေမရယ္ကို ျမင္ရသည္။
​ေမ​ေမ့လက္ထဲမွာ ​ေသြးစြန္းအႏွီးထုပ္နဲ႔ က​ေလး​ေလး တဝါးဝါးငို​ေနသည္။

အိပ္မက္ထဲမွာ ​ေဖ​​ေဖက 'ႏွင္းဆီၿမိဳင္က သားအပိုင္' ဆိုၿပီး ​ေျပာ​ေနတတ္သလို ​ေမ​​ေမက 'အငယ္​ေလး ​မရွိ​ေတာ့ဘူး' ဆိုၿပီး ငို​ေနတတ္သည္။

ၾကာ​ေတာ့ Taehyung​ေလး ​ေသြးစက္​ေတြကို ျမင္ရတာ အသားက်လာသည္။ ​ေသြးစက္​ေတြၾကားထဲ သူ႔မိဘ​ေတြရွိသည္ဟု ထင္လာသည္။
အိပ္မက္ထဲ မျမင္ရလွ်င္ အျပင္မွာ ျမင္ရ​ေအာင္ ဖန္တီး​ေတာ့သည္။

အျပစ္မရွိတဲ့ သတၱဝါ​ေလး​ေတြရဲ႕ ​ေသြးကိုျမင္ရင္ ​ေပ်ာ္​ေနတတ္သည္။ အိပ္မက္ထဲက သူ႔အငယ္​ေလးလို႔ ျမင္လာၿပီး ​ဝမ္းသာ​ေနတတ္သည္။

ယုတ္စြအဆုံး လူ႔အသက္တစ္​ေခ်ာင္း သတ္ဖို႔ရာ​ေတာင္ ဝန္မ​ေလးႏိုင္​ေတာ့။

မ်က္ရည္​ေတြကို အမုန္းတရား​ေတြ၊ နာက်ည္းျခင္း​ေတြက အစားထိုးလာတဲ့အခါ သူကိုယ္တိုင္ 'သတ္လိုက္ရင္ လိုခ်င္တာရတယ္' ဆိုတဲ့ ဝါဒႀကီးကို စြဲ​ေနမိသည္။

သို႔​ေလာသို႔​ေလာ ​ေကာလ​ဟာလ​ေတြနဲ႔ ၿပီးသြားတဲ့ မိဘ​ေတြရဲ႕ ဈာပနပြဲအၿပီး သူဟာ သူ႔ဦး​ေလးမိသားစုနဲ႔အတူ ႏွင္းဆီၿမိဳင္မွာ ​ေနရသည္။
လူၾကား​ေကာင္း​ေအာင္ လူျမင္တင့္​ေအာင္ သူ႔ကို ​တာဝန္​ေက်႐ုံ ေစာင့္​ေရွာက္​ေပးခဲ့တာ ျဖစ္သည္။

ႏွင္းဆီၿမိဳင္ကို သူပိုင္သည္၊ သို႔​ေသာ္ သူၾကည့္​ေန႐ုံကလြဲရင္ မတတ္ႏိုင္ခဲ့။
ႏွင္းဆီၿမိဳင္မွာ ​ေဖ​ေဖ၀ယ္ထားတဲ့ ကြၽန္​ေတြမရွိ​ေတာ့၊ ​ေအးစက္စက္နဲ႔ ​ေဖ​ေဖ့ကိုမသိတဲ့ ကြၽန္သစ္​ေတြနဲ႔ ျပည့္​ေနသည္။

လူ​ေတြကို မုန္းလိုက္တာ​ေလ မပတ္သက္ခ်င္​​ေတာ့​ေအာင္ ႐ြံမုန္း​ေနမိ​ေတာ့တာ။

တ​ေလွ်ာက္လုံး မုန္းလာတဲ့ လူ​ေတြထဲက ပထမဆုံး တြယ္တာမိသူက​ေတာ့ Jeon JungKookဆိုသူ​ေပါ့။

လူတိုင္းကို သူ႔မွာရွိသမွ် အဆိပ္ဆူး​ေတြနဲ႔ ထိုးဆြခ်င္တဲ့ ႏွင္းဆီတစ္ပြင့္... သိပ္ကို ထိရွလြယ္ၿပီး ဒဏ္ရာအျပည့္နဲ႔ တစ္ပြင့္တည္း​ေသာ ႏွင္းဆီရယ္..။

မ​​ေမွ်ာ္လင့္ထားခ်ိန္ သူ႔​ေရွ႕မွာ​ေပၚလာတဲ့ Jeon JungKook.
သူ႔အ​ေၾကာင္းကို သိၿပီး သူ႔ကို နားလည္​ေပးတဲ့ Jeon JungKook.

ဒီလူဟာ ဦး​ေလး Aiden ​​ေခၚလာတဲ့လူမွန္း သိသိရက္နဲ႔​ေတာင္ ကိုယ္က မ်က္စိစုံမိတ္ယုံစားခဲ့တာ။
​ေယာက်္ား​ေလးႏွစ္​ေယာက္အတြက္ မျဖစ္သင့္တာမို႔ ​ေနာက္ဆုတ္ဖို႔ ႀကိဳးစားရင္း ဒီလူဆီ တစ္လွမ္းခ်င္း တိုးဝင္​ေနမိတာ။

ခင္ဗ်ားက​ေတာ့ က်ဳပ္အပိုင္စား ဟုတ္ပါရဲ႕​ေနာ္။
ခင္ဗ်ားကို​ေတာ့ ပိုင္ဆိုင္ရမွ ျဖစ္လိမ့္မယ္...။

Jeonပုခုံး​ေပၚ မွီထိုင္​ေနရင္းက Jeonကို ​ေမာ့ၾကည့္သည္။
ခင္ဗ်ား က်ဳပ္​ေဘးနားရွိ​ေနလို႔ ​ေတာ္​ေသးတာ​ေပါ့။
အင္း...တကယ္လို႔မ်ား ခင္ဗ်ားသာ တျခားမိန္းက​ေလးကို ​ေ႐ြးခ်ယ္လိုက္တယ္ဆို က်ဳပ္​ေတာ့ ​ေသမွာပဲ။

အဲ့လိုစိတ္နဲ႔ က်ဳပ္မိန္းက​ေလးတစ္​ေယာက္ကို သတ္ခဲ့မိတာပဲ။
Ms. Hutchဆိုတဲ့ မိန္းက​ေလးနဲ႔ Jeonနဲ႔ စကား​ေျပာ​ေနတာကို ျမင္ရရင္း ရင္ထဲပူ​ေလာင္​​ေသာက​ေရာက္​ေနခဲ့သည္။
ဒီလိုနဲ႔ Jeonသာ တကယ္ႀကီး စိတ္ပါသြားခဲ့ရင္ဆိုတဲ့ အ​ေတြး​ေၾကာင့္ ​ေရွ႕​ေနာက္မစဥ္းစားျဖစ္ခဲ့။

"ခင္ဗ်ား​ေတာ့ က်ဳပ္အပိုင္ပါ​ေနာ္"

"ကိုယ့္ကိုမယုံ​ေသးဘူးလား။ ကိုယ္တို႔အတူရွိ​ေနတာ ၾကာ​ေနၿပီ​ေလ ခ်စ္သဲရယ္"

​ေ႐ႊ​ေရာင္ဆံႏြယ္​ေတြကို Jeonက ပြတ္သပ္​ေနသည္။
ဒီလူ႔​ေရွ႕မွာဆို သူဟာ ​ေယာက်္ားမာန္မာနကို မရွိ​ေတာ့တာ။

"ဘာမွ​ေတြးမပူဘဲ အိပ္လိုက္။ ကိုယ္​ေခ်ာ့သိပ္မယ္"

Jeon က သီခ်င္းတစ္ပုဒ္ဆိုညည္းသည္။
အသံက ခ်ိဳအီၿပီး နားထဲသကာရည္​ေလာင္းထည့္သလို။
ျပည္တြင္းစစ္ကာလ​ေခတ္စား​ေနတဲ့ ​ေရွ႕တန္းသို႔ လြမ္းခ်င္း သီခ်င္း​ေတြ မဆိုလို႔ Jeonကို ​ေက်းဇူးတင္မိသည္။

ဆို​ေနတာက အဲ့ဒီ​ေခတ္အခါက ​​နာမည္ႀကီးတဲ့ 'ညအိပ္မက္' ဆိုတဲ့အခ်စ္သီခ်င္း။
ညဘက္လူပ်ိဳလွည့္ရင္ ​​အမ်ိဳသား​ေတြက ဘင္ဂ်ိဳ​ေလးတီးၿပီး အဲ့သီခ်င္းကို ဆို​ေလ့ရွိသည္။
ထိုအခ်ိန္ဆို မိန္းမပ်ိဳ​ေလး​ေတြက ရွက္ၿပဳံးၿပဳံးၿပီး နား​​ေထာင္တတ္ၾကသည္။

ကိုယ္သည္လည္း Jeonအနားဆို မိန္းမပ်ိဳ​ေလးလို ရွက္​ေသြးႂကြယ္ၿပီး သီခ်င္းစာသားတိုင္းမွာ ရင္ခုန္​ေနမိတာ။

ခ်စ္သူ​ေလး ညဘက္အိပ္မက္လွလွမက္ဖို႔ သီဖြဲ႕ထားတဲ့ သီခ်င္း​စာသား​ေလး​ေတြ။
ၾကား​ေနရရင္း သူ႔မ်က္ခြံ​ေတြ ​ေလးလံလာသည္။

ထိုညက သူ႔အိပ္မက္​ေလး တကယ္လွ​ေနခဲ့သည္။

TBC~

ဒီအပိုင္း​ေရးရတာ သနားၿပီး ရင္​ေမာလိုက္တာ..

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

1.1M 38.1K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
3.6M 232K 73
• Wattpad Offical Fanfic • Featured in the "K-pop & J-pop - Asian Waves" reading list on the official wattpad fanfic account since the 30th of march...
192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...