"ကျစ် ! ဘာကောင်လေးလဲ မင်း"
"ဗျာ Boss"
"မင်းကိုပြောတာ မဟုတ်ဘူး နွားရဲ့"
"Boss အဆင်ပြေရဲ့လား"
"မင်းကဘယ်နေရာကြည့်ပြီး ငါ့ကိုအဲ့လိုပြောတာလဲ"
"Boss ထူးဆန်းနေလို့ပါ"
"အေ သိတယ်ငါလဲသိတယ်"
"စံအိမ်ကိုမြန်မြန်မောင်း ငါနားချင်ပြီ"
"ဟုတ်ကဲ့ Boss"
သွေးဆိုသည်မှာ ညတိုင်းသူများတွေလို အိပ်ကောင်းခြင်းမအိပ်ရပဲ အိပ်မက်ဆိုးတွေမက်တာတောင် တစ်ညမှအိပ်ရေးပျက်မခံပဲ အိပ်တတ်သည်။
အဟက် !! အိပ်ရေးဝအောင်တော့အိပ်ရမှာပဲလေ အိပ်မက်ဆိုးမက်တော့ ဘာအရေးလဲ မနက်ဖြန်ပေါင်းများစွာက ငါ့အတွက် သာယာနေမှာပဲ။
ထိုကဲ့သို့သော သွေး။
ဒီညတော့အိပ်မရပေ။
"ကျစ်"
သွေးစုတ်တစ်ချက်သပ်လိုက်ပြီး အပေါ်ပိုင်းအဝတ်ဗလာဖြင့်ဝရံတာထွက်ခါ စီကရက်ကို လက်၌ ကျစ်ကျစ်ဆုပ် ကိုင်လျှက်။
"နွေး ဘာလေးလဲကွ မင်းက"
ရုတ်တရက် အောက်ကကောင်ကြောင့်
"နေစမ်းပါဦး မင်းကကောဘာထဖြစ်တာတုန်း"
"ကျစ် ! စောက်တလွဲတွေပါကွာ"
──────⊹⊱✫⊰⊹──────
"Boss ! Boss !"
"မိုးတောင်မလင်းသေးဘူး ဘာလဲကွာ"
နက်ရှိုင်းတစ်ယောက် Boss ပုံမှန်ထပ် အိပ်ရာထ နောက်ကျနေတာကြောင့် လက်ထဲက Master key ဖြင့် သွေး အခန်းထဲ ဝင်လာခဲ့သည်။
Boss က တစ်ခါတစ်လေ အိပ်ရာနိုးနိုးချင်း နံရံကိုလက်သီးဖြင့်ထိုးကာ အလွန်ဒေါသထွက်နေတတ်သည်။တစ်လမှတစ်ခါလောက်ဖြစ်တတ်သည်မို့ နက်ရှိုင်းလဲ Boss ကိုကြောက်ရတာမို့မမေးရဲ။ထိုသို့သောနေ့များတွင်လဲ Boss ကသူမဟုတ်သလိုပင် အလုပ်လုပ်ကာ တည်ငြိမ်လွန်းနေပြန်သည်။
"အိပ်နေတာလား Boss"
"အိပ်ရာပေါ်မှာငါကမအိပ်နေလို့ ဖင်ထောင်ပြီးနေရမှာလား"
"မထင်ပါဘူး Boss"
"နေပါဦး မင်းကရာရာစစ ငါ့အခန်းထဲဘယ်လိုရောက်"
ထို့နောက် နက်ရှိုင်းလက်ထဲမှ Master keyကိုတွေ့ခါ
"မိန်းမမင်းအနေအထိုင်ဆင်ခြင်နော် လူကို အရမ်းပိုင်စိုးပိုင်နင်းလုပ်တာပဲ"
"Boss !!"
"..........."
"Boss နိုးနေကြအချိန်ထပ် နောက်ကျနေတာမို့ ကျွန်တော်က ဟိုတစ်ခါလိုများ......နေပါဦး Bossss !! "
"ကြားတယ်လို့ နွားသားရဲ့ မင်းငါ့ကို ဘယ်နှစ်ခါတောင် အော်နေတာလဲ"
"တောင်းပန်ပါတယ် Boss ဟိုလေ Boss မျက်လုံးက....အိပ်မပျော်လို့လား Boss မျက်ကွင်းတွေ သိသိသာသာ ညိုနေလို့ပါ ကျွန်တော် Boss ရဲ့ personal doctor နား အိပ်ဆေးတောင်းလိုက်ရမလား"
သွေးတစ်ယောက်
မရတော့ဘူး ၊ မရတော့ဘူး ဒီနွားကိုတော်တော် အမြင်ကပ်နေပြီ။ ညက ဖွားဖက်တော်လေးကြောင့် တော်တော်နှင့်မအိပ်ရ။ ဒါကို အဲ့ကောင်က အိပ်မရလို့လားဆိုပြီး.....
"ကျစ် ငါ့ဟာငါ ဘာဖြစ်ဖြစ် ၊ ငါ့ရဲ့သာမာန်နိုးချိန်ထက်နောက်ကျတယ်ပြောရအောင်ကလည်း ငါနိုးနေကျကတာ၈နာရီ ခုက၈နာရီ၅မိနစ်နော်မင်း မိန်းမလို့ခေါ်တော့လဲမကြိုက်"
"Boss ဟို ဆရာဝန်နဲ့တွေ့ဖို့မလိုတာ သေချာရဲ့လား အကယ်၍ အဆင်မပြေရင် ကျွန်တော်ကြိုပြီး appointment...."
"တော်ပြီ နက်ရှိုင်း မင်းအားနေ အဲ့ကောင်နားပဲအရောက်ပို့နေတာပဲ သိတဲ့အတိုင်း ငါနဲ့အကြောကတည့်တာ မဟုတ်ဘူး မင်းသွားလိုက်တော့ ခနနေ ဆင်းလာခဲ့မယ်"
"ဟုတ် ဟုတ်ကဲ့ Boss"
သွေး သူ့ကို တစ်ချိန်လုံးစိတ်ရောဂါသည်လိုဆက်ဆံပြီး အားနေ ဆရာဝန်နားသွားခိုင်းနေသည့် နက်ရှိုင်းကိုတော်တော် ကြည့်မရတော့။
ဟိုဆရာဝန်ဆိုတဲ့ကာင်ကလဲ သွေးနှင့်ငယ်သူငယ်ချင်း နေရာတကာဆရာကြီး လုပ်လွန်းလို့ ကို တမင်ရှောင်နေတာ။
သူ့ကို ကိုယ့် personal doctorလုပ်ခိုင်းလိုက်မှ သွေးကိုရောဂါသည်လို ဆက်ဆံလာတာကြောင့် ပို၍ပင် အကြောမတည့်တော့။
"ကျစ်"
သွေးတကယ်သူ့ကိုယ်သူတောင်နားလည်ရခက်နေသည်။
သေသွားပြီလို့တောင်ထင်မိသည်အထိ ငြိမ်လွန်းနေတဲ့
အောက်ကကောင်ကရုတ်တရက်နိုးလာတာကြောင့် ညကတော်တော်နောက်ကျသွားသည်။
ရုတ်တရက် သွေးရဲ့ အတွေးထဲ နွေးဆိုတဲ့ကောင်လေးရဲ့ ခြေထောက်က သွေးစတစ်ချို့ကိုပြန်မြင်လာတာကြောင့်
ကျစ် ဟာကွာ !!
ပြန်မြင်ယောင်မိတာတောင် ရင်ထဲကနာကျင်ရပြန်သည်။
"တစ်မိုးအောက်က သွေးဆိုတဲ့ကောင် ငါတကယ် ဘာတွေဖြစ်နေတာလဲ !!"
──────⊹⊱✫⊰⊹──────
နွေး မနက်စောစော အိပ်ရာနိုးလာသည်။ အချိန်ကိုကြည့်တော့စောလွန်းနေတာကြောင့် ပြန်အိပ်ဖို့ကြိုးစားပြန်လည်းမရ။
ထိုကြောင့် စောစောထကာ ရေမိုးချိုးပြင်ဆင်ပြီး အောက်ဆင်းမည်အလုပ် နွေး၏ခြေဖမိုးမှ ဖန်ကွဲရှရာသေးသေးလေးကြောင့်
"ဒယ်ဒီတွေ့ရင် ခက်ဦးမယ်" ဟုဆိုကာ အိတ်ဆောင်ပလာစတာလေးအားထုတ်၍ ခြေဖမိုးတွင်ကပ်လိုက်သည်။
"ကြီးကြီး နွေးနိုးပြီ"
"ဟော သားလေး နွေး အစောကြီးနိုးနေပါလား"
"ဟုတ်တယ်ကြီးကြီး နွေးဘာကူပေးရမလဲဟင်"
"ရတယ် သားနွေး ခနထိုင်ဦးနော် ကြီးကြီး ကော်ဖီ ဖျော်ပေးမယ်"
"နွားနို့ပဲချပေးပါ ကြီးကြီး မေမေက နွေးကော်ဖီသောက်တာ မကြိုက်ဘူး"
"သားနွေးရယ်"
ဒီနေ့က သခင်မကြီး ဆုံးတာ ၁၀နှစ်ပြည့်ပြီလေ။သားနွေးက နွားနို့မသောက်နိုင်ဘူး။သောက်တိုင်းပြန်ပြန်အန်ထွက်သည်။အရင်ကသခင်မကြီး နွေးကို နွားနို့တိုက်တိုင်း ခိုးခိုးသွန်နေကြ။
"ဒယ်ဒီ မနိုးသေးဘူးလား"
"မနိုးသေးဘူးထင်တယ် နွေးရဲ့"
ဒယ်ဒီမှတ်မိပါ့မလား ဒီနေ့က မေမေဆုံးတာ ၁၀ နှစ်ပြည့် ပြီဆိုတာ။
"နွေး အစောကြီးနိုးနေတာလား"
"ဒယ်ဒီ"
ရုတ်တရက်နွေးနေရာမှထကာ ဒယ်ဒီထိုင်မှပြန်ထိုင်လိုက်သည်။
"ဟုတ် ဒယ်ဒီ နွေးအိပ်လို့မရတော့တာနဲ့ ထလာလိုက်တာ"
"အင်း သားမာမီကိုလွမ်းနေတာလား"
"ဗျာ ဟုတ်"
"ဒီနှစ်တော့ဒယ်ဒီပဲသွားလိုက်မယ် သားမနေ့က Night duty ချိန်းခဲ့ရတယ်ဆို ဒယ်ဒီ့ ဆေးရုံဆိုပေမဲ့ အလုပ်ပျက်ကွက်တာ မကောင်းဘူးနွေး သားရောဒယ်ဒီရော အားတဲ့နေ့ကျမှ သားမာမီနားထပ်သွားကြမယ်နော်"
"ဟုတ်ကဲ့ ဒယ်ဒီ"
"ဆေးရုံမှာအဆင်ပြေရဲ့လား ဒယ်ဒီပြောထားတာရော စဉ်းစားပြီးပြီလား"
"ဟုတ်အဆင်ပြေပါတယ်ဒယ်ဒီ ပြီးတော့ နွေးစဉ်းစားပါရစေဦး"
မေမေကနွေးကိုဆရာဝန်ဖြစ်စေချင်တာကြောင့် နွေးအစွမ်းကုန်ကြိုးစားခဲ့သည်။မေမေက ကျန်းမာရေးခြူခြာတော့ နွေးကြီးလာရင် သူ့ကိုကုပေးနိုင်တဲ့ဆရာဝန်ဖြစ်အောင်လုပ်ပါတဲ့။နွေးမေမေ့ ဆန္ဒကိုဖြည့်စည်းပေးနိုင်ခဲ့ပါတယ် အခုနောက်ပိုင်း မေမေမရှိတော့တာကလွဲရင်ပေါ့။
ဒယ်ဒီကကျတော့ သူ့လို စီပွားရေးလုပ်ငန်းရှင်ကြီးဖြစ်စေချင်တာ။ မေမေလဲမရှိတော့ ဆရာဝန်လုပ်တာဘာအရေးလဲဆိုပြီး သူ့အလုပ်တွေ လက်လွဲချင်နေပြီလေ။
"ဟုတ်ပြီ မကြာစေနဲ့ ခြေထောက်ကဘာဖြစ်တာလဲ"
သွားပြီ။ မြင်ဖြစ်အောင်မြင်သွားသေးသည်။ ဒယ်ဒီဆိုသည်မှာ နွေးအပေါ်အေးစက်သည်ဟုထင်ရသလောက် နွေးဘာဖြစ်နေသည် ၊ ဘာလုပ်နေသည်ကို
အစ အလုံးစုံသိနေတာမျိုး။
"မတော်တဆပါ ဒယ်ဒီ နွေးအဆင်ပြေပါတယ်"
"ဟုတ်ပြီ"
ဟုဆိုကာ ဒယ်ဒီ Company သွားတော့သည်။
တော်ပါသေးတယ် ဒီလောက်နဲ့ပြီးသွားလို့ နွေးစားစရာရှိတာဆက်စားရင်းနေရာမှထလိုက်သည်။နွားနို့မကြိုက်တာကြောင့် ခေါင်းကခပ်မူးမူး နားထင်ကိုလက်ဖြင့်ဖိကာ
"ကြီးကြီး နွေးဆေးရုံသွားတော့မယ်ဗျ"
"နွေး ဂရုစိုက်နော် စိတ်ညစ်စရာတွေမတွေးနဲ့ သခင်မကြီးက နွေးပြုံးတာ အရမ်းသဘောကျတာ"
ကြီးကြီးစကားကြောင့် ထိန်းထားသောစိတ်များ ရုတ်တရတ် လွှတ်ကျသွားကာ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာရသည်။
"မေမေ မေမေ ကြီးကြီး နွေး မေမေ့ကိုလွမ်းတယ်"
"သားနွေးရယ် လာလာ"
နွေး ကြီးကြီးကို အလိုက်သင့်ပြန်ဖတ်လိုက်ပြီး စိတ်လွှတ်လက်လွှတ်ငိုမိသည်။
"အူးဝါးးးး"
အော်ဒီကလေးနှယ် ၊ တကယ့်ကို ကလေးလေးလိုပင် သခင်မကြီးဆုံးတာ ၁၀ နှစ်ရှိသည့်တိုင် နှစ်တိုင်း ဒီလိုငိုတုန်း။
နွေး၏ ဒီလိုပုံစံကို ကြီးကြီးနှင့် ဒယ်ဒီမှအပ ဘယ်သူမှမသိနိုင်။ သူ၏တစ်ဦးတည်းသော သူငယ်ချင်း ရောင်နီငယ်တောင်မှပေါ့။
"ဘုရားစူး ၂၆ နှစ်ရယ်ပါ လူတကာက ဆရာဆရာနဲ့ခေါ်ပြီးလေးစားရတဲ့ ဒေါက်တာလေးက သူ့မေမေကိုလွမ်းလို့ ငိုနေတာတဲ့ရှင်"
"ကြီးကြီးနော်"
"ကဲ နွေး နောက်ကျနေတော့မယ် သွားတော့နော်"
"ရွှတ်"
"ဟုတ်ကဲ့ ကြီးကြီး"
အိမ်တော်ထိန်းက ထွက်သွားတဲ့ ကျောပြင်လေးကို ကြည့်ပြီး တွေးမိလိုက်သည်။ ခုတော့လည်း ခုနကငိုတာ သူမဟုတ်သလို လူကြီးလေးလိုပါပဲလား........
──────⊹⊱✫⊰⊹──────
Vote, comment and advices are always welcome pr ♡