'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆ...

By Kyar_nge

29.6K 2K 62

_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်‌ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄) [final]

အပိုင်း(၇)

1.4K 141 2
By Kyar_nge

Uni

_____________

" ထွေး နင် "

"တားဖို့လား ဒါဆိုရင်လည်း မပြောပါနဲ့တော့ ထွေးကတော့ ဆက်ဆိုးနေအုံးမှာဘဲ "

"ကျစ်!ခက်လိုက်တာ ထွေးရာ "

"ဒါပေါ့ ဒါပေါ့ "

ဓားခုတ်ကေလိုမျိုး တိုနှံ့နှံ့ ဆံပင်လေး ဖြစ်သွားတဲ့ ထွေးဟာ သူ(မ)နားကြားက နှင်းဆီပန်း နီစွေးစွေးကို ကိုင်ရင်း မထီသလို ပြောနေသည်မှာ
မထိတထိ နိုင်လွန်းလှပါသည်။
ယွန်း၏ အပျော်ဆုံးနေ့ရက်မှာ စိန်ပန်းပင်ကြီးအောက်မှာ အဝေဆီက ချစ်စကား ကြားခဲ့ရသော နေ့ဖြစ်ပြီး ဝမ်းအနည်းဆုံးနေ့ကတော့ ‌မတူညီသော ယောင်္ကျားပျိုတို့နားတွင် ထွေးကို မြင်နေ‌ရသော အခါ ဖြစ်ပါလိမ့်မည်။

" ထွေး နင်ဘယ်တုန်းက သိသွားခဲ့တာလဲ "

"အို အယွန်းရယ် ဒီ ကျောင်းဝိုင်း ကျဉ်းကျဉ်းလေးထဲမှာ သတင်းအချို့ကို ဖုံးကွယ်နိုင်လိမ့်မယ်လို့များ ထင်နေရော့သလား "

"...."

ယွန်းဆီက တိတ်ဆိတ်မှုတွေ အဖြေပြန်ရလိုက်တဲ့အခါ ထွေးဟာ သူ(မ)လက်ကြားထဲက စီးကရပ်တိုတိုကို မီးသတ် ရင်း ခပ်ကျယ်ကျယ် လှောင်ထေ့လာတော့သည်။
မရေရာတဲ့ သတင်းသံခပ်ယဲ့ယဲ့ကိုမယုံကြည်သေးသော ထွေးသည် အဝေ၏ အဝတ်ခေါက်များကြားက ချစ်ကြောင်းဖွင့်ဟထားသောယွန်း၏ လက်ရေးလှလှများကို တွေ့ခဲ့ပါသည်။

ဘာကို ဝမ်းနည်း ဘာကို ဒေါသ ထွက်မှန်း မသိသော်ညား အဝေ နမ်းရှိုက်ခဲ့သည်အားလည်း သိသော်ငြား မထခဲ့သလို ဆွဲထားဖို့ရာလက်တွေဟာ မာနတွေကြောင့်ခဲဆွဲထားသလို လေးပင်နေခဲ့သည်။

" အဲ့တာတွေ ဘယ်ကရတာလဲ
မသောက်ရဘူး "

"နင်က စိတ်သဘောထားသေးသိမ်လိုက်တာ အယွန်းရာ "

"မေးတာသာ ဖြေစမ်းပါဘယ်ကရတာလဲ"

"အာကာ မှာပေးတာ ရပြီလား "

ဝိုင်ပုလင်း ကို ဆုပ်ကိုင်ထားသော ယွန်းရတနာခိုင်၏ လက်များဟာ တုန်ရီလာသည်။
စီးကရပ်အသစ်တစ်လိပ်ကို မီးညှိနေသော ထွေးသည်စိတ်မရှည်ဟန် ဖြေလာသော စကားကြောင့်ပင်
ဒီ အမျိုးသမီးအား မည်သို့ထိန်းရမလည်း ‌ယွန်းမတွေးတောတတ်ပါ
အဝေအား လှမ်းပြောရအောင်လည်း မြေခြားက ချစ်ရသူကို လှမ်းပြီး စိတ်ပူအောင်အပူမပေးချင်
ယွန်းသိတာ တစ်ခုက ထိုင်ငို ချင်လိုက်တာပင် ဖြစ်သည်။

" နင်သိလား ယွန်းရတနာ ခိုင် "

" ....."

" ငါ နင့် ကို ချစ်တယ် အယွန်း "

နောက်ပြီး အဝေ့ကိုရော
ညီအမလိုမဟုတ်ဘူး သူငယ်ချင်းလို မဟုတ်ဘူး သမီးရည်းစားလိုမျိုး
ပြူးကျယ်သွားတဲ့ ယွန်း၏ မျက်ဝန်းတွေဟာ သူသာ အဝေ့ကိုရောချစ်နေပါတယ်လို့ ဖွင့်ဟခဲ့သည်ရှိသော်ရွံစရာလို့ အမြင်ခံလိုက်ရမလား
ထွေး မသိချင်ခဲ့ပါ
ထွေး၏ နှလုံးသားမှာ ဒဏ်ရာတွေလက်ခံဖို့ရာ အားနည်းလွန်းတာကြောင့် ထွေး မသိချင်ပါ

" ထွေး ငါ "

"ဟင့်အင်း မပြောနဲ့ ငါက ဒီတိုင်းပြောထားရုံပါ"

ငူငူငိုင်ငိုင်ဖြစ်သွားတဲ့ ယွန်းကို ကြည့်လာတဲ့ ထွေး မျက်ဝန်းများဟာလည်း အသက်မဲ့နေခဲ့သည်။ ဒီ ဇာတ်ရှုပ်တစ်ခုက မစတင်ခင်ကတည်းက လွဲမှားနေခဲ့တာများလား အမျိုးသမီးရယ်။
ယွန်း၏ မျက်ဝန်းများထဲ ပုလဲရေကြည်တွေ ကိန်းအောင်းလာတဲ့အခါ ထွေးဟာ မျက်နှာလွဲသွားတော့သည်။ခနခန မငိုပါနဲ့လား အဝေသိရင် ထွေးကို အပြစ်‌တင်နေပါအုံးမယ် ယွန်းရယ်

" ငါ့ကိုယ်ငါ မုန်းလိုက်တာ !"

မျက်ရည်ကြည်တွေ ဟာ ထွေး၏ ပါးပြင်မို့မို့တွင် အကျည်းတန်စွာ နေရာယူသွားတော့သည်။ ထွေးသည် ဘေးတစ်စောင်း အနေထား ဖြင့် ပြတင်းပေါက်နားတွင် ထိုင်ကာစီးကရပ်ဖွာနေခဲ့သည်။လေပြေတွေဟာ ထွေး၏ ခပ်တိုတိုဆံသားများကို ဆော့ကစားရတာ သိပ်သဘောကျပုံပါ

ထွေးပါးပြင်ပေါ်က မျက်ရည်တွေ သုတ်ပေးချင်ပါသည်။
ထွေး၏ပါးပြင်ပေါ်တွင် မျက်နှာချေတွေအစား ပါးကွက်ကြားလေးသာ ရှိခဲ့သင့်တာပါ
လူတွေ ပြောနေကြသလို ထွေးဟာ အဲ့လိုမိန်းမ တစ်ယောက် မဟုတ်ကြောင်း ယွန်း အော်ပြောချင်ပေမယ့်လည်း ထွေးဟာ ညနေစောင်းလျှင် အဲ့ ယောင်္ကျားပျိုများရဲ့ စက်ဘီးတွေနောက်က ပါသွားစမြဲ

ထွေးဟာ သူ့ကို ချစ်ပါသည်တဲ့
ယွန်း အမြဲထင်ခဲ့တာ ထွေးဟာ အဝေ့ကို ချစ်နေပါသည်လို့ သို့သော်ကံကြမ္မာဇာတ်ဆရာဟာ ယွန်းတို့ကို လှည့်စားခဲ့ပုံပါ
အယွန်းလို့ တနူးတညံ့ခေါ်တတ်တဲ့ ထို နှုတ်ခမ်းပါးများဟာ အရင်လို ပန်းနုရောင်သန်းသေးရဲ့လား မဝံ့မရဲသိချင်ပါသည်။
အဲ့ အမျိုးသမီး၏ ပါးပြင်တွင်ယောင်္ကျားပျိုတွေရဲ့ အနမ်းတွေစွဲထင်ခဲ့ပါသေးလား စိုးရွံ့စွာ မေးကြည့်ချင်ပါသည်။သို့သော် မဝံ့ရဲခြင်းပေါင်းများစွာနဲ့ထိုအရာများမှာ အတွေးတွေသက်သက်သာ ဖြစ်ခဲ့ရပါသည်။

" ငါ ဒီည အဆောင်ပြန်မအိပ်တော့ဘူး "

"မရပါဘူး !"

" အယွန်းလက်ကိုလွှတ်"

ငူငိုင်ကာရပ်နေတဲ့ ယွန်းဟာ ထွေး၏ စကားကြောင့်ပြာပြာသလဲ တားလာသည်။
ထွေးသည် ခပ်တိုးတိုးကလေး ဆိုလာသည်မှာ ကလေး တစ်ယောက်ကို ချော့နေသလို
ဟင့်အင်း မရပါဘူး မြတ်နိုးရတဲ့ အမျိုးသမီးကို ယောင်္ကျားပျို တစ်ယောက်နဲ့တညတာ စိတ်ချစရာလား

" မရဘူး ထွေးရယ် ငါ့ကို အကျပ်ရိုက်အောင်မလုပ်စမ်းပါနဲ့ ဒီလောက်ဆိုးရ တော်ပြီပေါ့"

"ဒါက ငါ့ရဲ့ပုံစံဘဲ "

"မယုံဘူး !!ငါသိတဲ့ ထွေးက ဒီလိုမဟုတ်ဘူး"

"ဒါဆိုလည်း အတိတ်က ထွေးကိုဘဲချစ်ပြီး အခုလက်ရှိ ထွေးကိုတော့ ဖြစ်ချင်ရာဖြစ် ပစ်ထားလိုက်စမ်းပါ "

ယွန်းထွက်‌ေပါက်ရာမဲ့စိတ်ညစ်လာသည်။
ထွေးအားဖက်ထားကာ ထွက်မသွားအောင်ငိုချင်ပါသည်။ ထို မျက်နှာနုနုက မျက်နှာချေတွေ ဖျက်ပြီး သနပ်ခါး လေး လိမ်းလို့
ထို အမျိုးသမီးနားကြားတွင် နှင်းဆီပန်းနီနီတွေအစား စံပယ်ဖွေးဖွေးတွေသာ ရှိသင့်ခဲ့တာ မဟုတ်ရင်လည်း ဘယ်သူမှပန့်လေ့မရှိတဲ့စိန်ပန်းပွင့်နီနီတွေပေါ့

" အဲ့ အမျိုးသားနဲ့လိုက်သွားရင် လူတွေက ထွေးကိုဘယ်လို မြင်ကြမလည်း ထွေး တွေးရော ထွေးမိရဲ့လား "

" လူတွေဟာ ထွေးကို ဘယ်တုန်းကများ အကောင်း မြင်ခဲ့ဖူးလို့လဲ အယွန်းရယ် "

ဒါဟာ ထွေးလုပ်ရပ်တွေကြောင့် ဆိုတာ ယွန်းဘယ်လို အင်အားတွေနဲ့ ရှင်းပြရပါ့မလည်း
ဒီတစ်ခါတော့ ထွေးအား ယွန်း မလိုက်လျောနိုင်တော့ပါ
ပြတင်းပေါက်ကနေ အဆောင်အောက်က အာကာဆိုသော ယောင်္ကျားပျိုကိုကြည့်တော့ နှင်းဆီပန်းနီနီ တစ်ပွင့်ကိုင်ထားတာ တွေ့လိုက်ရသည်။ ထွေးဟာ နှင်းဆီပန်းများနှင့်တူပါပေသည်။ ဆူးတွေနဲ့ နီရဲနေသော ပန်းလှလှလေးပေါ့ မာယာများပြီး အဆိပ်ပြင်းတဲ့ ထွေးဟာ ဆူးနှင်းဆီ တစ်ပွင့်သာ ဖြစ်တော့သည်။

" လွှတ်အယွန်း "

"ဒုန်း !!!နင်မသွားရဘူး ထွေး !!!"

ထွေးလက်ကို လွတ်လိုက်သော ယွန်းဟာ ပြေးကာ အခန်းကို တံခါးပိတ်လို့ သော့ပါ ခတ်လိုက်သည်။
ထွေးသည် စိတ်ရှုပ်စွာ သူ(မ)၏ တိုနံ့နံ့ဆံပင်တွေကို လက်နှစ်ဖက်နဲ့အားရပါးရ ဆွဲဆောင့်တဲ့အခါ နားကြားက အပြစ်မရှိရှာသော နှင်းဆီပန်းလေးဟာ ကြမ်းပြင်ထက် ကျသွားရှာ

" အဲ့တံခါးရှေ့က ခုဖယ် အယွန်း "

" မရဘူး နင် ဘယ်ကိုမှသွားခွင့် မရှိဘူး "

"ငါ့ကိုလာ မချုပ်နှောင်နဲ့ ငါက
ငှက်တစ်‌ေကာင်မဟုတ်ဘူး
ယွန်းရတနာ ခိုင်!!!"

ထွေး၏ စကားလုံးများဟာ ဆူးများသဖွယ် ယွန်း၏ ရင်ထဲ အနက်ရှိုင်းဆုံးထိဖောက်ထိုးလို့ ဝင်သွားသည်။ ကျဆင်းလာသော မျက်ရည်များဟာ ထို အမျိုးသမီးနှစ်ယောက်နှင့် ပတ်သတ်လျှင် ဘယ်တော့မှ မထိန်းချုပ်နိုင်ခဲ့သော အားနည်းချက်များသာ
မင်းက ငှက်ကလေးမှ မဟုတ်တာထွေးရယ်
မင်းက ကိုယ်တို့ အဖိုးမဖြတ်နိုင်တဲ့ ပန်းကလေး တစ်ပွင့်ဘဲဟာ

" တစ်ညဘဲဟာ ‌ယွန်းရာ ထွေးက အဝေမှမဟုတ်ဘဲ တားမနေပါနဲ့ "

"ဟင့်အင်း အဝေလည်း မရသလို ထွေးလည်း မရဘူး မသိဘူးလား အမျိုးသမီးရဲ့ အန္တရာယ်များလွန်းတာကို"

" အို အယွန်းရယ် ပျက်စီးသွားရင်လည်း ဘဝတစ်ခုဘဲဟာ ဘာတွေများ မှုရပါ့ "

"သီရိရတနာထွေး !!"

ထွေးက မသိတာ မဟုတ်ဘူး သိတယ်
သိရဲ့သားနဲ့ အသေအချာ လုပ်နေတာ
ဘယ်ကျားက သူ့အစာကို ဥပုဒ်စောင့်ပြီး လွတ်ပေးတာ မြင်ဖူးလို့လည်း
လွန်တယ် ထွေးကလွန်တယ်
ဒီတစ်ခါတော့ဖြင့် ထွေး၏ အရာရာအား ယွန်းတစ်ယောက်မလိုက်လျောနိုင်တော့ပါ

" အယွန်း ထွေးကို မအော်ပါနဲ့ဆို အွင့်!!!!!!"

ပြူးကျယ်သွားသော မျက်ဝန်းတွေ
ဖွင့်ဟထားသော ပြတင်းပေါက်က လိုက်ကာဟာ ယွန်း လက်ချက်ဖြင့် ပိတ်ကျသွားသည်။
စကားများကာ ဆိုးလွန်းသော ထွေး၏ နှုတ်ခမ်းများဟာ ယွန်း၏ အနမ်းများဖြင့် ချိတ်ပိတ်ခြင်းခံလိုက်ရတော့သည်။
ဝရုန်းသုန်းကားနဲ့ မီးအိမ်တွေရောအကုန်မှောက်ကျကာ ‌မီးသတ်ပြီးသား စီးကရပ်တွေ ပျံ့ကျဲသွားသည့်တိုင် ခါးသိမ်သိမ်ပေါ်က ယွန်း၏ လက်တွေ လွတ်မသွားသလို
ထိကပ်ထားသော နှုတ်ခမ်းတွေဟာလည်း ရပ်တန့်မသွားခဲ့ပါ

မှေးစင်းသွားသော မျက်တောင်ရှည်ရှည်များ ဝန်းရံထားတဲ့ မျက်လုံးလှလှကလေးကို ယွန့်တစ်ယောက် ‌တမေ့တမော့ ငေးကြည့်မိသည်။
ငြိမ်ကျသွားတဲ့ ကိုယ်လေးဟာ ရင်ခွင်ထဲ ပြိုအိကျလာတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိသေး
လိမ္မာရဲ့သားနဲ့ဆိုးချင်ယောင်ဆောင်နေတာ ပြောသားဘဲ အဲ့တာ မင်းရဲ့ ပုံစံ အစစ်အမှန် မဟုတ်ပါဘူး ဆို

ကြမ်းပြင်မှာ ချနင်းခံလိုက်ရတဲ့ နှင်းဆီပန်းနီနီ ထိုနေ့က အဆောင်ခန်းငယ်ထဲ မီးအလင်းရောင်ကင်းမဲ့နေသည်
ထွေး၏ ရှိုက်သံ တိုးတိုးနဲ့အတူ ပန်းနုရောင်အသံတွေ ခပ်သာသာ ပျံ့လွှင့်ခဲ့သည်။
ထွေး၏ ခန္ဓာကိုယ်ဖွေးဖွေးလေးတွင် ယွန်း၏ နှုတ်ခမ်းများဖြင့် နူးညံ့စွာဆေးခြယ်ခဲ့သည်မှာ
နဖူးပြင်ကအစ ခြေဖဝါးလေး အဆုံး

ယွန်း၏ ကျောပြင်သိမ်သိမ်တွင်ထွေး၏ လက်သည်း ရှည်ရှည်များစိုက်ဝင်ခဲ့သလို
အိပ်ယာခင်း ဖြူဖြူမှာလည်း အရောင်တွေပြောင်းခဲ့ရသည်။ ထွေးငိုနေတဲ့အခါ ပုံမှန်ထက်ပိုလှကြောင်း ထိုနေ့ညက ယွန်းသိခွင့်ရခဲ့ပါသည်။

__________________

Words- 1720
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge

_____________________

Zawgyi

____________________

" ထွေး နင် "



"ဒါပေါ့ ဒါပေါ့ "




"...."



" အဲ့တာတွေ ဘယ်ကရတာလဲ
မသောက်ရဘူး "



"အာကာ မှာပေးတာ ရပြီလား "



" ....."


နောက်ပြီး အဝေ့ကိုရော
ထွေး မသိချင်ခဲ့ပါ

" ထွေး ငါ "








"မရပါဘူး !"

" အယွန်းလက်ကိုလွှတ်"



"ဒါက ငါ့ရဲ့ပုံစံဘဲ "



ယွန်းထွက်‌ပေါက်ရာမဲ့စိတ်ညစ်လာသည်။




" လွှတ်အယွန်း "





ငှက်တစ်‌ကောင်မဟုတ်ဘူး
ယွန်းရတနာ ခိုင်!!!"





"သီရိရတနာထွေး !!"

လွန်တယ် ထွေးကလွန်တယ်






__________________

Words- 1720
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge

Continue Reading

You'll Also Like

333K 19.6K 40
ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီ...
262K 41.6K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
226K 16K 28
နှင်းဆီနီတွေကြိုက်တတ်တဲ့ မမနီ ဆိုတဲ့အမျိုးသမီးဟာ ကျွန်မအတွက် မြတ်နိုးစရာ🌹♥ Start Date**12-2-2022 End Date***26-5-2022
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်