မိုးရေထဲ အချိန်ကြာကြာနေမိတာကြောင့် လက်ထိပ်ဖျားတွေကပါ ဖြူဖျော့တွန့်ဆုတ်နေပြီး အေးစိမ့်အောင်ခံစားနေရပါသော်လည်း လက်မလျော့ချင်တဲ့ စိတ်နဲ့ လက်စွပ်လေးကို Yoongi ရှာဖွေရင်း ရှာဖွေနေမိသည်
"ဒီနေရာလောက်မှာပါ...ဟုတ်တယ် ဒီနေရာလောက်မှာပဲ"
ရမ်းသမ်းပန်းသမ်းလိုက်ရှာနေတာကြောင့် ဟိုနေရာ တလက်လက်တွေ့ရင်လည်း ပြေးကြည့် ဒီနေရာတလက်လက်တွေ့လည်းပြေးကြည့်နဲ့ သူ့ကိုယ်က တုန်ယင်နေသော်လည်း လက်မလျော့ပါ
နှင်းဆီပန်းခြုံထဲ တိုးဝင်ကာရှာတော့ နှင်းဆီဆူးတွေက အတားဆီးတွေလို သူ့အသားကို ဖြတ်ရှစေသည်
မိုးတွေကလည်း သန်းထန်းစွာရွာနေပေမဲ့ နေ့ဘက်အလင်းရောင်နဲ့မို့ ရှင်းရှင်းလင်းလင်းတော့မြင်ရသေးသည်
"ငါဒီနားမှာ ကျသွားတာကိုတွေ့လိုက်တာပါ"
ဝင်္ကပါထဲမှာ နေရာတွေဆင်တူနေတော့ Yoongi မျက်စိလည်နေတော့သည်
>>>>
Jungkook အလုပ်သာလုပ်နေပေမဲ့ စိတ်က ခြံထဲက ကောင်လေးဆီသာရောက်နေတာမို့ ကွန်ပျူတာကို ဘမ်းခနဲ ကောက်ပိတ်လိုက်လေသည်
မပြတ်မသားစိတ်နဲ့ သူ့ကိုယ်သူကိုလည်း စိတ်ပျက်ဒေါသထွက်မိတာတော့အမှန်ပင်
~အဲ့တာ မင်းကြောင့်ပဲ Yoongi မင်းကို မေ့ပစ်ဖို့ ရှောင်တာကိုမှ မင်းက ငါ့ရှေ့ကို ပေါ်ပေါ်လာတယ်...ငါမင်းကို မုန်းလိုက်တာ~
ခြိမ်း ⚡
လျှပ်စီးတွေလက်သည်အထိ ရင်တုန်လောက်အောင်ကြားလိုက်ရတဲ့ မိုးခြိမ်းသံကြောင့် Jungkook ထိုင်ခုံပေါ်ကနေ ဝုန်းခနဲ ထပြီး အမိုးအကာမရှိတဲ့ အလုပ်ခန်းအပြင် ဝရံတာဘက်ကို ထွက်ကာ ပြေးကြည့်မိသည်
Yoongi ဆီသာ စိတ်ရောက်နေသည့် Jungkook က သူမိုးစိုနေတာကိုပင် သတိမထားမိ
Yoongi ဆိုတဲ့ ကောင်လေးက မိုးခြိမ်းရင် အရမ်းကြောက်တတ်တာ သူအသိဆုံးပင်
အပေါ်စီးကနေမြင်ရတဲ့ အောက်ထပ်က နှင်းဆီ ဝင်္ကပါထဲမှာ ဆောင့်ကြောင့်လေးထိုင်ရင်း နားပိတ်ထားသည့် ကောင်လေးကို တွေ့တော့
သူမနေနိုင်စွာပင် အလုပ်ခန်းထဲ ပြန်လာပြီး Bodyguard တွေကို ဖုန်းခေါ်ကာ ဝင်္ကပါထဲက Yoongi ကိုရှာပြီး အိမ်ထဲ ပြန်ခေါ်ခိုင်းလိုက်သည်
>>>>
"သခင်လေး... ပြန်ကြရအောင်မိုးတွေအရမ်းသဲနေပြီ"
မိုးသဲသဲထဲ ထီးမပါဘာမပါနဲ့ ရောက်လာတဲ့ Bodyguard တွေကို Yoongi ခေါင်းခါပြရင်း ဆက်ရှာတော့ Bodyguard တွေက အတင်းဝိုင်းဆွဲကြလေသည်
ထိုအချိန်မှာ နှင်းဆီဆူးတွေအောက်က အရောင်တစ်ဖျတ်ဖျတ်လက်နေသည့် သေးငယ်သည့်အရာလေးကို တွေ့လိုက်တော့ တားမရအောင်ကို Yoongi က ကိုယ်လွတ်ရုန်းပြီး ပြေးကောက်တော့သည်
နှင်းဆီခြုံအောက်လက်လျှိုရင်း ပါလာတဲ့အရာလေးကို ကြည့်လိုက်တော့ သူအသည်းခိုက်အောင်အေးနေရတာတောင် ရှာနေခဲ့ရသည့် လက်စွပ်လေးပင်
"နောက်ဆုံးတော့ တွေ့ပြီ"
Yoongi မျက်ရည်တွေပင်စီးကျလာပြီး ပျော်ရွှင်စွာဆိုမိသည်လေ
ဘောင်းဘီ အိတ်ကပ်ထဲ သေချာထည့်လိုက်ပြီး Yoongi စောင့်နေတဲ့ Bodyguard တွေဆီ လျှောက်လှမ်းလိုက်တော့ ခြေလှမ်းတွေက ယိုင်ခနဲ
မိုးရေတွေထဲ အမြင်အာရုံတွေဝေဝါးလာပြီး ရှေ့ဆက်မလျှောက်နိုင်တဲ့ ခြေလှမ်းတွေကို စုံရပ်နေရင်းမှ ဒူးတွေခွေကျသွားတဲ့ Yoongi ကို Bodyguard တွေထဲက ခေါင်းဆောင် က ပြေးပွေ့လိုက်လေသည်
နှုတ်ခမ်းတွေပင်ပြာနေသည့် Yoongi ကိုကြည့်ပြီး ပွေ့ချီကာ ဝင်္ကပါလမ်းသိသည့် သူတို့ အိမ်ဆီကို ပြေးကြလေသည်
အိမ်ရှေ့ရောက်တော့ ရပ်စောင့်နေသည့် Jungkook ကိုရှေ့ရပ်လိုက်ရင်း အကုန် ဦးညွှတ်အရိုသေပေးလိုက်ကြလေသည်
Jungkook က ဘာမှမပြောပဲ Bodyguard ခေါင်းဆောင်လက်ထဲက Yoongi ကို လက်လွှဲပွေ့ချီလိုက်ကာ အိမ်ထဲသို့ပြေးလေသည်
အနီးဆုံး ဧည့်ခန်းတစ်ခန်းဆီပြေးလိုက်ပြီး Jungkook ရေစိုနေသည့် Yoongi ကို ကုတင်ပေါ်တင်လိုက်လေသည်
"ဘာရပ်ကြည့်နေကြတာလဲ Family dr ခေါ်ကြလေ!"
Maid တွေကလည်း ပြာပြာယာယာနှင့် တစ်အိမ်လုံး ဆူညံံယောက်ရက်ခက်သွားကြလေသည်
>>>>
"အဆုတ်အအေးပတ်ပြီး အားနည်းသွားတာကြောင့် မေ့သွားတာပဲ သခင်ကြီး Jeon... နွေးနွေးထွေးထွေးလေးထားပေးမယ်ဆို အမြန်ဆုံးနေကောင်းသွားမှာပါ...ဆေးလည်းပေးခဲ့ပါမယ်"
Yoongi ကို စမ်းသပ်ပေးပြီးတဲ့ ဆရာဝန်နဲ့ ရပ်စကားပြောပြီး ဆရာဝန်ပြန်သွားတော့ Jungkook, Yoongi နားမှာ ပြန်ထိုင်ပြီး အေးစက်နေတဲ့ လက်လေးတွေကို ဆုပ်ကိုင်ပေးထားလိုက်သည်
"သခင်ကြီး"
ဘေးက ခေါ်လာတဲ့ maid တစ်ယောက်ရဲ့အသံကြောင့် Jungkook လှည့်ကြည့်လိုက်တော့
"အင်း..ဘာပြောဖို့လဲ"
"အဝတ်လျှော်ဖို့ အင်္ကျီတွေစစ်နေရင်းနဲ့ သခင်လေးရဲ့ ဘောင်းဘီအိတ်ကပ်ထဲက လက်စွပ်လေးတွေ့လို့ပါ"
Jungkook maid ရဲ့လက်ထဲက လက်စွပ်လေးကို ယူလိုက်ပြီး Yoongi ကိုကြည့်လိုက်သည်
အသက်ကို ဖြေးညှင်းစွာရှုရင်း ဖြူလျော့နေတဲ့ကောင်လေးကို ကြည့်ရတာ အားမရပါ
~ဒါအတွက်နဲ့ မင်းဒီလောက်ထိ အပင်ပန်းခံစရာလိုလို့လား~
"အင်းဟင်းးး ထွက်မသွားပါနဲ့... ဦး..မရှိရင် ကျွန်တော်သေသွားလိမ့်မယ်"
အဖျားတွေတက်နေတာကြောင့် ကယောင်ကမ်းလိုက်ပြောနေတဲ့ Yoongi လှဲရာ ကုတင်ပေါ်ကို သူဖြေးညှင်းစွာတက်လိုက်ရင်း တုန်ယင်နေတဲ့ စောင်ပတ်ထားသည့် ကိုယ်လေးကို ဘေးစောင်းမှ ထွေးပွေ့လိုက်လေသည်
"ထွက်မသွားဘူး ဒီမှာ ရှိနေတယ်"
သူပြောလိုက်တော့ ပူကျစ်နေသည့် နှဖူးလေးက သူ့ရင်ခွင်ကို ထိကပ်လာလေသည်
ခေါင်းတိုးဝေ့လာသည့် ကောင်လေးကို သူမငြင်းတော့ပဲ တင်းကြပ်စွာပြန်ဖက်ထားလိုက်လေသည်
ခနအကြာတော့ Yoongi သက်သာစေဖို့ သူနည်းလမ်းတစ်ခုကို တွေးမိတတယ်
ရင်ခွင်ထဲက ကောင်လေးရဲ့ မေးဖျားလေးကို ကိုင်ကာ သူ့မျက်နာနဲ့ နီးကပ်အောင် မော့လိုက်ပြီး ဖြူဖျော့နေသည့် နှုတ်ခမ်းပါးလေးကို သူ့နှုတ်ခမ်းနဲ့ ထိကပ်စေလိုက်သည်
အဖျားကြောင့် ပူနေတဲ့ နှုတ်ခမ်းလေးထဲ နက်နက်ရှိုင်းရှိုင်းနမ်းရှိုက်လိုက်ကာ ခနကြာမှ နှုတ်ခမ်းတို့ကို ခွာလိုက်သည်
အဖျားတက်နေချိန်နမ်းရင် အဖျားကူးတတ်တယ်လို့ ကြားဖူးတာကြောင့် အဖျားကို သူလွှဲယူလိုက်ခြင်းပေ
အလုပ်ဖြစ်ဖို့တော့ မျှော်လင့်ရင်း တစ်ညလုံး ရင်ခွင်ထဲက ကောင်လေးငယ်ကို သူထွေးပွေ့ထားမိလေသည်
>>>>
Yoongi မနက်ပိုင်း ခေါင်းနည်းနည်းမူးနေပေမဲ့ မျက်လုံးတွေကို အားယူကာ ဖွင့်ကြည့်မိတယ်
စတိုခန်းမဟုတ်ပဲ ကုတင်ကောင်းကောင်းတစ်ခုပေါ်ရောက်နေတာကြောင့် သူကောက်ထမိလေသည်
"ဒုက္ခပါပဲ.. ငါဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ ဦး သိရင်သေတော့မှာပဲ...ဟင်..လက်စွပ်...ဟုတ်သား လက်စွပ်"
Yoongi မေ့နေတာကို သတိရပြီး သူ့ကိုယ်သူပြန်စမ်းကြည့်တော့ အင်္ကျီတွေက မနေ့က အင်္ကျီတွေမဟုတ်ပဲ လဲပြီးသားတွေပင်
Yoongi ကုတင်ဘေးက ဗီဒိုပုလုံးလေးဆီကြည့်လိုက်မှ ငွေရောင်တောက်တောက်နဲ့ လက်စွပ်လေးကို တွေ့လိုက်တာမို့ လှမ်းယူလိုက်ကာ မျက်ရည်တို့ ဝဲလျက် ကြည့်နေမိသည်
သူရှာတွေ့ခဲ့ပြီ နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ
"ဦး...ဦး...ဘယ်မှာလဲ... ကျွန်တော်တွေ့ပြီဆိုတာကို ပြရမယ်...ဦးကို ပြန်ဝတ်ခိုင်းမယ်"
Yoongi စိတ်ထဲကအတိုင်း ပါးစပ်ကပြောရင်း ကုတင်ပေါ်က ပြေးထလေသည်
"အစ်မ Lia... ဦး..ဘယ်မှာလဲဟင်.."
"ဟင် Yoon လေး..နေကောင်းပြီမို့လား ဘာလို့ထ လာတာလဲ"
"ဦး...ဦး..ဘယ်မှာလဲလို့"
"သခင်ကြီးက ရုံးသွားတော့မို့ အိမ်အပြင်တောင်ရောက်နေလောက်ရောပေါ့"
"ဟုတ် ကျေးဇူးနော် အစ်မ"
"Yoonie...မင်းနေလို့ကောင်းရဲ့လား!"
အိမ်ထဲ အလုပ်လုပ်နေတဲ့ အစ်မတွေကို တွေ့တော့ ဦးရှိလားဆိုတဲ့ စကားကိုပဲ ထပ်ခါထပ်ခါမေးပြီး Yoongi ခြေဗလာဖြင့် အိမ်အပြင်သို့ပြေးထွက်ခဲ့လေသည်
အိမ်အပြင်လှေကားအောက်က ကားထဲဝင်တော့မည့် Suit နဲ့ ကျောပြင်ကျယ်ကြီးကို မြင်တော့ Yoongi အော်ကာတားမိသည်
"ဦး...ခနနေပါဦး..."
ဖြေးညှင်းစွာလှည့်ကြည့်လာသူရှေ့ သူရပ်လိုက်ရင်း လက်စွပ်လေးကို ထောင်ပြလိုက်သည်
"ကျွန်တော်ပြန်ရှာတွေ့ပြီ ဦး"
"ငါကဘာလုပ်ရမှာလဲ"
"ဦး ပြန်ဝတ်လေ"
"ငါပြန်ဝတ်မယ် ပြောမိလို့လား ပေး အဲ့ဒီလက်စွပ်"
လက်ထဲက လက်စွပ်ကိုယူပြီး မြေကြီးပေါ်လွှင့်ပစ်လိုက်သည့် ဦး ကြောင့် မြေပြင်ပေါ် တလိမ့်လိမ့်ကျသွားတဲ့ လက်စွပ်ကွင်းလေးကို ညှိုးငယ်သောမျက်ဝန်းများဖြင့် Yoongi ကြည့်မိလေသည်
"ဦးသိလား အဲ့ဒီ လက်စွပ်ကို လွှင့်ပစ်လိုက်တာ ဘာနဲ့တူလဲဆိုတာကို..."
"......."
"ကျွန်တော့် အချစ်တွေ လွှင့်ပစ်ခံလိုက်ရတာနဲ့ အတူတူပဲ!"
ခွပ်!
သိပ်မပြင်းလှတဲ့ ခပ်နာနာ လက်သီးကြောင့် မျက်နှာက ဘေးစောင်းသွားပြီး Yoongi မှိန်သေသေသာ ရပ်နေမိသည်
"မင်းကို ငါဘာပြောထားလဲ... ငါ့ကို ဦးလို့မခေါ်နဲ့လို့ ငါမပြောထားဘူးလား... ငါ့မှာ ချစ်သူရှိတာကို သိရက်နဲ့ ငါ့ကိုလိုက်ကပ်နေတာကို..ငါရွံတယ်...မင်းလိုအောက်တန်းစားက ငါ့ကိုချစ်နေတယ်လို့ တွေးရတာနဲ့ တင် အော့အန်ချင်စိတ်တောင်ပေါက်တယ်"
ဦးစကားကြောင့် Yoongi မျက်ရည်တို့ဖြင့် ကြည်လဲ့နေသည့် မျက်ဝန်းလေးက မယုံနိုင်ခြင်းများစွာဖြင့်
Bodyguard တွေတံခါးဖွင့်ပေးထားတဲ့ ပြောင်လက်လက်အနက်ရောင် ကားနောက်ခန်း ထဲဝင်သွားပြီး တံခါးပိတ်ပေးတာကိုတောင်မစောင့်ပဲ သူ့ဘာသာ တံခါးကို ဆောင့်ပိတ်သွားသည့် ဦးက တော်တော်ဒေါသထွက်နေမှန်းသိသာလေသည်
Yoongi လည်း တမံသလင်းပေါ်မှာကျနေတဲ့ လက်စွပ်လေးကို ပြေးကောက်လိုက်ပြီး ထွက်ခွာသွားပြီဖြစ်တဲ့ အနက်ရောင်ကားကို အနောက်ကနေရပ်ကြည့်ရင်းကျန်ခဲ့လေသည်
ဝမ်းနည်းမှုကြောင့် ငိုချင်နေသည့် မျက်ဝန်းတွေနဲ့ နှုတ်ခမ်းပါးတွေက တဆတ်ဆတ်တုန်ယင်နေတော့သည်
>>>>
Yoongi စတိုခန်းထဲက သူ့မွေ့ရာပေါ်မှာ လက်စွပ်လေးကို ကြည့်နေပေမဲ့ မျက်လုံးတွေက ဦးရဲ့ မနက်က နေမကောင်းပုံပေါက်နေတဲ့ ဖြူဖျော့သည့် မျက်နှာကိုသာ ပြန်မြင်ယောင်နေမိသည်
အမှန်တကယ်ဆို နေမကောင်းတဲ့ ဖြူဖျော့ဖျော့ရုပ်ပေါက်နေရမှာ သူလေ ဘာလို့ ဦးက နေမကောင်းတဲ့လူလို ဖြစ်နေရတာလဲ မနေ့ညက သေမလို ခံစားရအောင်ဖျားသွားပေမဲ့ မနက်ကြ တော်တော်သက်သာသွားတာ ဘာ့ကြောင့်များလဲ သူကပဲ ကိုယ်ခံအားတော်တော်ကောင်းနေလို့များလား
Yoongi သတိတရနဲ့ ကုတင်ဘေးက သူ့ပစ္စည်းတွေထည့်ထားတဲ့ ပုံးထဲက Jungkook ပေးထားတဲ့ birth control pills ဆေးဘူးလေးကို ဖွင့်ကာ ဆေးတစ်လုံးယူပြီးသောက်ဖို့ပြင်ပေမဲ့
လက်တွေက တုန့်ခနဲနဲ့ ခေါင်းထဲ ဝင်လာတဲ့ အတွေးကြောင့် ခနတာ ရပ်တန့်သွားပြီး ဆေးဘူးထဲ ဆေးကို ပြန်ထည့်လိုက်ရင်း ဆေးဘူးအဖုံးကို ပြန်ပိတ်လိုက်လေသည်
မကောင်းတဲ့ အကြံမှန်းသိလျက် လက်မလွှတ်နိုင်တဲ့ စိတ်ကြောင့် မှားနေလဲ ရှေ့ဆက်တိုးတော့မည်
~ဦး ခွင့်လွှတ်ဖို့လဲမလိုတော့ဘူး....ကျွန်တော်ကတော့ ဦးရဲ့ ဘေးနား နေနိုင်ခွင့်ရအောင် တတ်နိုင်သမျှလုပ်သွားမှာပဲ~
ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် အံကိုကြိတ် နှုတ်ခမ်းကို တင်းတင်းစေ့လျက်သာ မျက်ရည်တို့ကို လက်ဖနှောင့်ဖြင့်ဖိသုတ်ပြီး
မီးရောင်မွဲမွဲနဲ့ စတိုခန်းထဲကနေထွက်လိုက်ကာ မီးဖိုခန်းထဲက အမှိုက်ပုံးထဲ ဆေးဘူးကို လွှင့်ပစ်လိုက်လေသည်
____________A FAKE MARRIAGE___________
ကလေးလေး ဗီလိန်ပေါက်စလေး ဖြစ်သွားရင်ရော ခင်ဗျားငယ်တို့ ဆက်ချစ်ဦးမှာလား
ကိုယ် မ Up ပေးတာက တကယ်ကို မအားဖြစ်နေလို့ပါ အားရင် Yunki ကစာပဲရေးနေတာမို့ ခင်ဗျားငယ်တို့ နားလည်မယ်လို့ ယုံပါတယ် ❤
မိုးေရထဲ အခ်ိန္ၾကာၾကာေနမိတာေၾကာင့္ လက္ထိပ္ဖ်ားေတြကပါ ျဖဴေဖ်ာ့တြန့္ဆုတ္ေနၿပီး ေအးစိမ့္ေအာင္ခံစားေနရပါေသာ္လည္း လက္မေလ်ာ့ခ်င္တဲ့ စိတ္နဲ႕ လက္စြပ္ေလးကို Yoongi ရွာေဖြရင္း ရွာေဖြေနမိသည္
"ဒီေနရာေလာက္မွာပါ...ဟုတ္တယ္ ဒီေနရာေလာက္မွာပဲ"
ရမ္းသမ္းပန္းသမ္းလိုက္ရွာေနတာေၾကာင့္ ဟိုေနရာ တလက္လက္ေတြ႕ရင္လည္း ေျပးၾကည့္ ဒီေနရာတလက္လက္ေတြ႕လည္းေျပးၾကည့္နဲ႕ သူ႕ကိုယ္က တုန္ယင္ေနေသာ္လည္း လက္မေလ်ာ့ပါ
ႏွင္းဆီပန္းၿခဳံထဲ တိုးဝင္ကာရွာေတာ့ ႏွင္းဆီဆူးေတြက အတားဆီးေတြလို သူ႕အသားကို ျဖတ္ရွေစသည္
မိုးေတြကလည္း သန္းထန္းစြာ႐ြာေနေပမဲ့ ေန႕ဘက္အလင္းေရာင္နဲ႕မို႔ ရွင္းရွင္းလင္းလင္းေတာ့ျမင္ရေသးသည္
"ငါဒီနားမွာ က်သြားတာကိုေတြ႕လိုက္တာပါ"
ဝကၤပါထဲမွာ ေနရာေတြဆင္တူေနေတာ့ Yoongi မ်က္စိလည္ေနေတာ့သည္
>>>>
Jungkook အလုပ္သာလုပ္ေနေပမဲ့ စိတ္က ၿခံထဲက ေကာင္ေလးဆီသာေရာက္ေနတာမို႔ ကြန္ပ်ဴတာကို ဘမ္းခနဲ ေကာက္ပိတ္လိုက္ေလသည္
မျပတ္မသားစိတ္နဲ႕ သူ႕ကိုယ္သူကိုလည္း စိတ္ပ်က္ေဒါသထြက္မိတာေတာ့အမွန္ပင္
~အဲ့တာ မင္းေၾကာင့္ပဲ Yoongi မင္းကို ေမ့ပစ္ဖို႔ ေရွာင္တာကိုမွ မင္းက ငါ့ေရွ႕ကို ေပၚေပၚလာတယ္...ငါမင္းကို မုန္းလိုက္တာ~
ၿခိမ္း
လွ်ပ္စီးေတြလက္သည္အထိ ရင္တုန္ေလာက္ေအာင္ၾကားလိုက္ရတဲ့ မိုးၿခိမ္းသံေၾကာင့္ Jungkook ထိုင္ခုံေပၚကေန ဝုန္းခနဲ ထၿပီး အမိုးအကာမရွိတဲ့ အလုပ္ခန္းအျပင္ ဝရံတာဘက္ကို ထြက္ကာ ေျပးၾကည့္မိသည္
Yoongi ဆီသာ စိတ္ေရာက္ေနသည့္ Jungkook က သူမိုးစိုေနတာကိုပင္ သတိမထားမိ
Yoongi ဆိုတဲ့ ေကာင္ေလးက မိုးၿခိမ္းရင္ အရမ္းေၾကာက္တတ္တာ သူအသိဆုံးပင္
အေပၚစီးကေနျမင္ရတဲ့ ေအာက္ထပ္က ႏွင္းဆီ ဝကၤပါထဲမွာ ေဆာင့္ေၾကာင့္ေလးထိုင္ရင္း နားပိတ္ထားသည့္ ေကာင္ေလးကို ေတြ႕ေတာ့
သူမေနနိုင္စြာပင္ အလုပ္ခန္းထဲ ျပန္လာၿပီး Bodyguard ေတြကို ဖုန္းေခၚကာ ဝကၤပါထဲက Yoongi ကိုရွာၿပီး အိမ္ထဲ ျပန္ေခၚခိုင္းလိုက္သည္
>>>>
"သခင္ေလး... ျပန္ၾကရေအာင္မိုးေတြအရမ္းသဲေနၿပီ"
မိုးသဲသဲထဲ ထီးမပါဘာမပါနဲ႕ ေရာက္လာတဲ့ Bodyguard ေတြကို Yoongi ေခါင္းခါျပရင္း ဆက္ရွာေတာ့ Bodyguard ေတြက အတင္းဝိုင္းဆြဲၾကေလသည္
ထိုအခ်ိန္မွာ ႏွင္းဆီဆူးေတြေအာက္က အေရာင္တစ္ဖ်တ္ဖ်တ္လက္ေနသည့္ ေသးငယ္သည့္အရာေလးကို ေတြ႕လိုက္ေတာ့ တားမရေအာင္ကို Yoongi က ကိုယ္လြတ္႐ုန္းၿပီး ေျပးေကာက္ေတာ့သည္
ႏွင္းဆီၿခဳံေအာက္လက္လွ်ိုရင္း ပါလာတဲ့အရာေလးကို ၾကည့္လိုက္ေတာ့ သူအသည္းခိုက္ေအာင္ေအးေနရတာေတာင္ ရွာေနခဲ့ရသည့္ လက္စြပ္ေလးပင္
"ေနာက္ဆုံးေတာ့ ေတြ႕ၿပီ"
Yoongi မ်က္ရည္ေတြပင္စီးက်လာၿပီး ေပ်ာ္႐ႊင္စြာဆိုမိသည္ေလ
ေဘာင္းဘီ အိတ္ကပ္ထဲ ေသခ်ာထည့္လိုက္ၿပီး Yoongi ေစာင့္ေနတဲ့ Bodyguard ေတြဆီ ေလွ်ာက္လွမ္းလိုက္ေတာ့ ေျခလွမ္းေတြက ယိုင္ခနဲ
မိုးေရေတြထဲ အျမင္အာ႐ုံေတြေဝဝါးလာၿပီး ေရွ႕ဆက္မေလွ်ာက္နိုင္တဲ့ ေျခလွမ္းေတြကို စုံရပ္ေနရင္းမွ ဒူးေတြေခြက်သြားတဲ့ Yoongi ကို Bodyguard ေတြထဲက ေခါင္းေဆာင္ က ေျပးေပြ႕လိုက္ေလသည္
ႏႈတ္ခမ္းေတြပင္ျပာေနသည့္ Yoongi ကိုၾကည့္ၿပီး ေပြ႕ခ်ီကာ ဝကၤပါလမ္းသိသည့္ သူတို႔ အိမ္ဆီကို ေျပးၾကေလသည္
အိမ္ေရွ႕ေရာက္ေတာ့ ရပ္ေစာင့္ေနသည့္ Jungkook ကိုေရွ႕ရပ္လိုက္ရင္း အကုန္ ဦးၫႊတ္အရိုေသေပးလိုက္ၾကေလသည္
Jungkook က ဘာမွမေျပာပဲ Bodyguard ေခါင္းေဆာင္လက္ထဲက Yoongi ကို လက္လႊဲေပြ႕ခ်ီလိုက္ကာ အိမ္ထဲသို႔ေျပးေလသည္
အနီးဆုံး ဧည့္ခန္းတစ္ခန္းဆီေျပးလိုက္ၿပီး Jungkook ေရစိုေနသည့္ Yoongi ကို ကုတင္ေပၚတင္လိုက္ေလသည္
"ဘာရပ္ၾကည့္ေနၾကတာလဲ Family dr ေခၚၾကေလ!"
Maid ေတြကလည္း ျပာျပာယာယာႏွင့္ တစ္အိမ္လုံး ဆူညံံေယာက္ရက္ခက္သြားၾကေလသည္
>>>>
"အဆုတ္အေအးပတ္ၿပီး အားနည္းသြားတာေၾကာင့္ ေမ့သြားတာပဲ သခင္ႀကီး Jeon... ႏြေးႏြေးေထြးေထြးေလးထားေပးမယ္ဆို အျမန္ဆုံးေနေကာင္းသြားမွာပါ...ေဆးလည္းေပးခဲ့ပါမယ္"
Yoongi ကို စမ္းသပ္ေပးၿပီးတဲ့ ဆရာဝန္နဲ႕ ရပ္စကားေျပာၿပီး ဆရာဝန္ျပန္သြားေတာ့ Jungkook, Yoongi နားမွာ ျပန္ထိုင္ၿပီး ေအးစက္ေနတဲ့ လက္ေလးေတြကို ဆုပ္ကိုင္ေပးထားလိုက္သည္
"သခင္ႀကီး"
ေဘးက ေခၚလာတဲ့ maid တစ္ေယာက္ရဲ႕အသံေၾကာင့္ Jungkook လွည့္ၾကည့္လိုက္ေတာ့
"အင္း..ဘာေျပာဖို႔လဲ"
"အဝတ္ေလွ်ာ္ဖို႔ အကၤ်ီေတြစစ္ေနရင္းနဲ႕ သခင္ေလးရဲ႕ ေဘာင္းဘီအိတ္ကပ္ထဲက လက္စြပ္ေလးေတြ႕လို႔ပါ"
Jungkook maid ရဲ႕လက္ထဲက လက္စြပ္ေလးကို ယူလိုက္ၿပီး Yoongi ကိုၾကည့္လိုက္သည္
အသက္ကို ေျဖးညွင္းစြာရႈရင္း ျဖဴေလ်ာ့ေနတဲ့ေကာင္ေလးကို ၾကည့္ရတာ အားမရပါ
~ဒါအတြက္နဲ႕ မင္းဒီေလာက္ထိ အပင္ပန္းခံစရာလိုလို႔လား~
"အင္းဟင္းးး ထြက္မသြားပါနဲ႕... ဦး..မရွိရင္ ကြၽန္ေတာ္ေသသြားလိမ့္မယ္"
အဖ်ားေတြတက္ေနတာေၾကာင့္ ကေယာင္ကမ္းလိုက္ေျပာေနတဲ့ Yoongi လွဲရာ ကုတင္ေပၚကို သူေျဖးညွင္းစြာတက္လိုက္ရင္း တုန္ယင္ေနတဲ့ ေစာင္ပတ္ထားသည့္ ကိုယ္ေလးကို ေဘးေစာင္းမွ ေထြးေပြ႕လိုက္ေလသည္
"ထြက္မသြားဘူး ဒီမွာ ရွိေနတယ္"
သူေျပာလိုက္ေတာ့ ပူက်စ္ေနသည့္ ႏွဖူးေလးက သူ႕ရင္ခြင္ကို ထိကပ္လာေလသည္
ေခါင္းတိုးေဝ့လာသည့္ ေကာင္ေလးကို သူမျငင္းေတာ့ပဲ တင္းၾကပ္စြာျပန္ဖက္ထားလိုက္ေလသည္
ခနအၾကာေတာ့ Yoongi သက္သာေစဖို႔ သူနည္းလမ္းတစ္ခုကို ေတြးမိတတယ္
ရင္ခြင္ထဲက ေကာင္ေလးရဲ႕ ေမးဖ်ားေလးကို ကိုင္ကာ သူ႕မ်က္နာနဲ႕ နီးကပ္ေအာင္ ေမာ့လိုက္ၿပီး ျဖဴေဖ်ာ့ေနသည့္ ႏႈတ္ခမ္းပါးေလးကို သူ႕ႏႈတ္ခမ္းနဲ႕ ထိကပ္ေစလိုက္သည္
အဖ်ားေၾကာင့္ ပူေနတဲ့ ႏႈတ္ခမ္းေလးထဲ နက္နက္ရွိုင္းရွိုင္းနမ္းရွိုက္လိုက္ကာ ခနၾကာမွ ႏႈတ္ခမ္းတို႔ကို ခြာလိုက္သည္
အဖ်ားတက္ေနခ်ိန္နမ္းရင္ အဖ်ားကူးတတ္တယ္လို႔ ၾကားဖူးတာေၾကာင့္ အဖ်ားကို သူလႊဲယူလိုက္ျခင္းေပ
အလုပ္ျဖစ္ဖို႔ေတာ့ ေမွ်ာ္လင့္ရင္း တစ္ညလုံး ရင္ခြင္ထဲက ေကာင္ေလးငယ္ကို သူေထြးေပြ႕ထားမိေလသည္
>>>>
Yoongi မနက္ပိုင္း ေခါင္းနည္းနည္းမူးေနေပမဲ့ မ်က္လုံးေတြကို အားယူကာ ဖြင့္ၾကည့္မိတယ္
စတိုခန္းမဟုတ္ပဲ ကုတင္ေကာင္းေကာင္းတစ္ခုေပၚေရာက္ေနတာေၾကာင့္ သူေကာက္ထမိေလသည္
"ဒုကၡပါပဲ.. ငါဘယ္လိုလုပ္ဒီကိုေရာက္ေနတာလဲ ဦး သိရင္ေသေတာ့မွာပဲ...ဟင္..လက္စြပ္...ဟုတ္သား လက္စြပ္"
Yoongi ေမ့ေနတာကို သတိရၿပီး သူ႕ကိုယ္သူျပန္စမ္းၾကည့္ေတာ့ အကၤ်ီေတြက မေန႕က အကၤ်ီေတြမဟုတ္ပဲ လဲၿပီးသားေတြပင္
Yoongi ကုတင္ေဘးက ဗီဒိုပုလုံးေလးဆီၾကည့္လိုက္မွ ေငြေရာင္ေတာက္ေတာက္နဲ႕ လက္စြပ္ေလးကို ေတြ႕လိုက္တာမို႔ လွမ္းယူလိုက္ကာ မ်က္ရည္တို႔ ဝဲလ်က္ ၾကည့္ေနမိသည္
သူရွာေတြ႕ခဲ့ၿပီ ေနာက္ဆုံးေတာ့ ရွာေတြ႕ခဲ့ၿပီ
"ဦး...ဦး...ဘယ္မွာလဲ... ကြၽန္ေတာ္ေတြ႕ၿပီဆိုတာကို ျပရမယ္...ဦးကို ျပန္ဝတ္ခိုင္းမယ္"
Yoongi စိတ္ထဲကအတိုင္း ပါးစပ္ကေျပာရင္း ကုတင္ေပၚက ေျပးထေလသည္
"အစ္မ Lia... ဦး..ဘယ္မွာလဲဟင္.."
"ဟင္ Yoon ေလး..ေနေကာင္းၿပီမို႔လား ဘာလို႔ထ လာတာလဲ"
"ဦး...ဦး..ဘယ္မွာလဲလို႔"
"သခင္ႀကီးက ႐ုံးသြားေတာ့မို႔ အိမ္အျပင္ေတာင္ေရာက္ေနေလာက္ေရာေပါ့"
"ဟုတ္ ေက်းဇူးေနာ္ အစ္မ"
"Yoonie...မင္းေနလို႔ေကာင္းရဲ႕လား!"
အိမ္ထဲ အလုပ္လုပ္ေနတဲ့ အစ္မေတြကို ေတြ႕ေတာ့ ဦးရွိလားဆိုတဲ့ စကားကိုပဲ ထပ္ခါထပ္ခါေမးၿပီး Yoongi ေျခဗလာျဖင့္ အိမ္အျပင္သို႔ေျပးထြက္ခဲ့ေလသည္
အိမ္အျပင္ေလွကားေအာက္က ကားထဲဝင္ေတာ့မည့္ Suit နဲ႕ ေက်ာျပင္က်ယ္ႀကီးကို ျမင္ေတာ့ Yoongi ေအာ္ကာတားမိသည္
"ဦး...ခနေနပါဦး..."
ေျဖးညွင္းစြာလွည့္ၾကည့္လာသူေရွ႕ သူရပ္လိုက္ရင္း လက္စြပ္ေလးကို ေထာင္ျပလိုက္သည္
"ကြၽန္ေတာ္ျပန္ရွာေတြ႕ၿပီ ဦး"
"ငါကဘာလုပ္ရမွာလဲ"
"ဦး ျပန္ဝတ္ေလ"
"ငါျပန္ဝတ္မယ္ ေျပာမိလို႔လား ေပး အဲ့ဒီလက္စြပ္"
လက္ထဲက လက္စြပ္ကိုယူၿပီး ေျမႀကီးေပၚလႊင့္ပစ္လိုက္သည့္ ဦး ေၾကာင့္ ေျမျပင္ေပၚ တလိမ့္လိမ့္က်သြားတဲ့ လက္စြပ္ကြင္းေလးကို ညွိုးငယ္ေသာမ်က္ဝန္းမ်ားျဖင့္ Yoongi ၾကည့္မိေလသည္
"ဦးသိလား အဲ့ဒီ လက္စြပ္ကို လႊင့္ပစ္လိုက္တာ ဘာနဲ႕တူလဲဆိုတာကို..."
"......."
"ကြၽန္ေတာ့္ အခ်စ္ေတြ လႊင့္ပစ္ခံလိုက္ရတာနဲ႕ အတူတူပဲ!"
ခြပ္!
သိပ္မျပင္းလွတဲ့ ခပ္နာနာ လက္သီးေၾကာင့္ မ်က္ႏွာက ေဘးေစာင္းသြားၿပီး Yoongi မွိန္ေသေသသာ ရပ္ေနမိသည္
"မင္းကို ငါဘာေျပာထားလဲ... ငါ့ကို ဦးလို႔မေခၚနဲ႕လို႔ ငါမေျပာထားဘူးလား... ငါ့မွာ ခ်စ္သူရွိတာကို သိရက္နဲ႕ ငါ့ကိုလိုက္ကပ္ေနတာကို..ငါ႐ြံတယ္...မင္းလိုေအာက္တန္းစားက ငါ့ကိုခ်စ္ေနတယ္လို႔ ေတြးရတာနဲ႕ တင္ ေအာ့အန္ခ်င္စိတ္ေတာင္ေပါက္တယ္"
ဦးစကားေၾကာင့္ Yoongi မ်က္ရည္တို႔ျဖင့္ ၾကည္လဲ့ေနသည့္ မ်က္ဝန္းေလးက မယုံနိုင္ျခင္းမ်ားစြာျဖင့္
Bodyguard ေတြတံခါးဖြင့္ေပးထားတဲ့ ေျပာင္လက္လက္အနက္ေရာင္ ကားေနာက္ခန္း ထဲဝင္သြားၿပီး တံခါးပိတ္ေပးတာကိုေတာင္မေစာင့္ပဲ သူ႕ဘာသာ တံခါးကို ေဆာင့္ပိတ္သြားသည့္ ဦးက ေတာ္ေတာ္ေဒါသထြက္ေနမွန္းသိသာေလသည္
Yoongi လည္း တမံသလင္းေပၚမွာက်ေနတဲ့ လက္စြပ္ေလးကို ေျပးေကာက္လိုက္ၿပီး ထြက္ခြာသြားၿပီျဖစ္တဲ့ အနက္ေရာင္ကားကို အေနာက္ကေနရပ္ၾကည့္ရင္းက်န္ခဲ့ေလသည္
ဝမ္းနည္းမႈေၾကာင့္ ငိုခ်င္ေနသည့္ မ်က္ဝန္းေတြနဲ႕ ႏႈတ္ခမ္းပါးေတြက တဆတ္ဆတ္တုန္ယင္ေနေတာ့သည္
>>>>
Yoongi စတိုခန္းထဲက သူ႕ေမြ႕ရာေပၚမွာ လက္စြပ္ေလးကို ၾကည့္ေနေပမဲ့ မ်က္လုံးေတြက ဦးရဲ႕ မနက္က ေနမေကာင္းပုံေပါက္ေနတဲ့ ျဖဴေဖ်ာ့သည့္ မ်က္ႏွာကိုသာ ျပန္ျမင္ေယာင္ေနမိသည္
အမွန္တကယ္ဆို ေနမေကာင္းတဲ့ ျဖဴေဖ်ာ့ေဖ်ာ့႐ုပ္ေပါက္ေနရမွာ သူေလ ဘာလို႔ ဦးက ေနမေကာင္းတဲ့လူလို ျဖစ္ေနရတာလဲ မေန႕ညက ေသမလို ခံစားရေအာင္ဖ်ားသြားေပမဲ့ မနက္ၾက ေတာ္ေတာ္သက္သာသြားတာ ဘာ့ေၾကာင့္မ်ားလဲ သူကပဲ ကိုယ္ခံအားေတာ္ေတာ္ေကာင္းေနလို႔မ်ားလား
Yoongi သတိတရနဲ႕ ကုတင္ေဘးက သူ႕ပစၥည္းေတြထည့္ထားတဲ့ ပုံးထဲက Jungkook ေပးထားတဲ့ birth control pills ေဆးဘူးေလးကို ဖြင့္ကာ ေဆးတစ္လုံးယူၿပီးေသာက္ဖို႔ျပင္ေပမဲ့
လက္ေတြက တုန့္ခနဲနဲ႕ ေခါင္းထဲ ဝင္လာတဲ့ အေတြးေၾကာင့္ ခနတာ ရပ္တန့္သြားၿပီး ေဆးဘူးထဲ ေဆးကို ျပန္ထည့္လိုက္ရင္း ေဆးဘူးအဖုံးကို ျပန္ပိတ္လိုက္ေလသည္
မေကာင္းတဲ့ အႀကံမွန္းသိလ်က္ လက္မလႊတ္နိုင္တဲ့ စိတ္ေၾကာင့္ မွားေနလဲ ေရွ႕ဆက္တိုးေတာ့မည္
~ဦး ခြင့္လႊတ္ဖို႔လဲမလိုေတာ့ဘူး....ကြၽန္ေတာ္ကေတာ့ ဦးရဲ႕ ေဘးနား ေနနိုင္ခြင့္ရေအာင္ တတ္နိုင္သမွ်လုပ္သြားမွာပဲ~
ဆုံးျဖတ္ခ်က္ ခိုင္မာစြာျဖင့္ အံကိုႀကိတ္ ႏႈတ္ခမ္းကို တင္းတင္းေစ့လ်က္သာ မ်က္ရည္တို႔ကို လက္ဖႏွောင့္ျဖင့္ဖိသုတ္ၿပီး
မီးေရာင္မြဲမြဲနဲ႕ စတိုခန္းထဲကေနထြက္လိုက္ကာ မီးဖိုခန္းထဲက အမွိုက္ပုံးထဲ ေဆးဘူးကို လႊင့္ပစ္လိုက္ေလသည္
____________A FAKE MARRIAGE___________
ကေလးေလး ဗီလိန္ေပါက္စေလး ျဖစ္သြားရင္ေရာ ခင္ဗ်ားငယ္တို႔ ဆက္ခ်စ္ဦးမွာလား
ကိုယ္ မ Up ေပးတာက တကယ္ကို မအားျဖစ္ေနလို႔ပါ အားရင္ Yunki ကစာပဲေရးေနတာမို႔ ခင္ဗ်ားငယ္တို႔ နားလည္မယ္လို႔ ယုံပါတယ္ ❤