NotWithStanding...(မည်သို့ပင်...

By Suu_KaNyar

544K 29.6K 1.5K

ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 ... More

မိတ်ဆက်စာ 👨‍🏫
Khoon🖤 & Tain Tyke 💛
Intro & Request
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54 🔞
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60 🔞
Episode - 61
Episode - 62
Episode - 63 🔞
Episode - 64
Episode - 65
Episode - 66
Episode - 67
Episode - 68
Episode - 69
Episode - 70
Episode - 71 ( Ending)
ကျေးဇူးတင်လွှာ 💛💛
Extra - 2
Extra - 3 (End)
Extra - 4 (V day Special )
Extra ( 5)
Book Announcement 🌈☁️
Extra - 1

Episode - 30

5.7K 321 14
By Suu_KaNyar


'' မောင်လိုက်ပို့မယ်လို့ ''

'' မရဘူး မောင်ရာ တိုက်ခန်းပြန်တော့ ဆရာတစ်ယောက်တည်းလေ ''

မနက်စောစော ကျောင်းသွားဖို့ အင်္ကျီ လဲဖို့ လုပ်နေတုန်း အတင်းလိုက်ပို့မယ်လုပ်နေသော ခွန်းကို တိုက်ခန်းဆီပြန်ဖို့ ပြောနေရသည်။ အခန်းမှာ ဆရာတစ်ယောက်တည်းကျန်ခဲ့တာလေ...။

'' အဲ့တာဆို ကျောင်းမသွားနဲ့တော့... အိမ်မှာပဲနေ ''

'' နေကောင်းနေပါပြီ မောင်ရဲ့..ပြီးတော့ Practical က ပျက်လို့မရဘူးဗျ ''

'' ကိုယ်နွေးနေသေးတယ်လေကွာ ''

'' မောင်ကလည်း မသေနိုင်သေးပါဘူး ''

'' တိမ်တိုက် !! အဲ့လိုမပြောဖို့ မှာထားတယ်လေ ''

'' ဟာဗျာ ...ကိုယ်လေးနွေးတာကို မောင်ကိုက ပိုလွန်းတယ်.... ဒါ ဘယ်သူ့ကြောင့်လဲ... ''

တိမ်တိုက်လည်းပြောပြီးတော့ ခွန်း ငြိမ်သွားသည်။ တိမ်တိုက် လွယ်အိတ်ထဲ စာအုပ်တွေ ထည့်နေရင်း အသံတိတ်သွားသော ခွန်းကြောင့် အနောက်ကိုလှည့်ကြည့်တော့ ကုတင်စောင်းတွင် ထိုင်ကာ ခေါင်းကြီးငုံ့ပြီး မျက်နှာညှိုးနေသည်။

တိမ်တိုက် လွယ်အိတ်ကို ဘေးနားအသာချကာ ခွန်းပေါင်ပေါ် ဘေးတစောင်းဝင်ထိုင်လိုက်ပြီးလက်နှစ်ဖက်ကိုလည်း ခွန်း လည်ပင်းတို့၌ တွဲချိတ်ထားစေသည်။
ဝင်ထိုင် လိုက်သော တိမ်တိုက်ကို ခါးလေးမှ ကိုင်ထားကာ ခွန်းကအသာထိန်းပေးထားသည်။

နောက်တော့ တိမ်တိုက်က ခွန်း၏ အညိုရောင် ညာဘက် ပါးတစ်ဖက် တစ်ချက်ဖိနမ်းလိုက်ပြီး

'' ကျောင်းက မသွားလို့မရဘူးမောင်ရဲ့ ခနခနပျက်ရင် အမှတ်လျော့တယ်။ ဒီလိုလုပ်မလား.... တစ်နာရီတစ်ခါ ကျွန်တော်
မက်ဆေ့ချ်ပို့မယ်လေ ဘာမှမဖြစ်စေရဘူး စိတ်ချနော်။ အခု တိုက်ခန်းကို ပြန်ပြီး ဆရာနဲ့နေလိုက်ပါဦး။ ဘာပဲပြောပြော ဆရာက တစ်ခါတလေ လာတာပဲဟာ ။ နော်..... မောင်က လိမ္မာပါတယ် ''

''......''

'' နော်..လို့ နော် နော်...''

အမေလး ချွဲနေပုံများ......

'' ပြီးရောကွာ....''

'' ဟဲဟဲ ဒီလိုမှပါ့ မွ ''

ပါးကို ဖျတ်ခနဲ နမ်းပြီး ပေါင်ပေါ်ကဆင်းကာ ထည့်လက်စ စာအုပ်တွေ သွားထည့်နေသည်။ ခွန်းကတော့ လက်ထဲက လွှတ်ထွက်သွားသော ကိုယ်သေးသေးလေးကို နှမြောတသစွာ လိုက်ကြည့်နေတုန်း။

လိုချင်တာလည်းရရောတန်းကိုထသွားတော့တာပဲ ကတောက်စ်

တိမ်တိုက်ကြိုး တကယ်ချွဲရင် ခွန်းမာနမောင် ကြီး မနေနိုင်ပါ။ ဘာကြီးပဲဖြစ်နေပါစေ ခွန်း လိုက်လျောရတာချည်းပါပဲ။ သို့သော် တိမ်တိုက်က ချွဲ ခဲသည်။
အရမ်းကြီး ချွဲနွဲ့နေတာမျိူးတွေ သိပ်မလုပ်ပဲ သူ့ဘာသာ နေသာသလိုသာ လုပ်သည်။

ခွန်းက တီတီတာတာလေးတွေ သဘောကျတတ်သော်လည်း တိမ်တိုက်ကတော့ တစ်ခုခု လိုမှသာ ဒါမှမဟုတ် ခွန်း စိတ်ဆိုးနေသည့်အချိန်များတွင်သာ ဒါမျိုးတွေ လုပ်သည်။ ချွဲတာက တိမ်တိုက်၏ နောက်ဆုံးအဆင့်ဖြစ်ပြီး ပထမအဆင့် လက်နက်ကတော့ သွားတက်ပေါ်အောင်ရီပြခြင်းပေါ့

မျက်လုံးဝိုင်းဝိုင်းကြီးများပိတ်ကျသွားသည့်အထိရီကာ သွားတက် လေးပေါ်လာသည့်အခိုက်အတန့်များသည် ခွန်းအတွက် မဟာကျရှုံး ခန်းများဖြစ်သည်။

ခွန်းကို ကားဂိတ်တွင် ချပေးခဲ့ပြီး တိမ်တိုက်ကို ဒေါ်ယုယမြိုင် က ကျောင်းထိလိုက်ပို့ပေးသည်။

'' သား...တိမ်တိုက် မေမေ့ကို ပြောစရာမရှိဘူးလား..''

'' ဟမ် ဘာကိုလဲ ခွန်မယ့် ''

'' ဘာမှ မဟုတ်တော့ပါဘူးကွယ် ထားလိုက်တော့ ''

ကားကိုကွေ့ချလိုက်ပြီး ရူပဗေဒအဆောင်ရှေ့မှာ ရပ်ပေးလိုက်တော့ ဒေါ်ယုယမြိုင် ပါးတစ်ဖက်ကို ရွှတ်ခနဲ လှမ်းနမ်းလိုက်ပြီး ကားပေါ်ကဆင်းသွားသည်။
ဒေါ်ယုယမြိုင်ကတော့ တိမ်တိုက်ကျောပြင်ကိုကြည့်ကာ တစ်ခုခုကိုလေးလေးနက်နက်တွေးနေသည်။

'' သားဘာတွေ လုပ်နေတာလဲကွယ်...''

သက်ပြင်းတစ်ချက်ချကာ ကားထဲ တစ်ယောက်တည်း ပြောနေမိသည်။

.................

တစ်ဖက်တွင် ခွန်းကတော့ တိုက်ခန်း ပေါ်ကို မဝံ့မရဲခြေလှမ်းများကို အားပြုရင်း တက်လာခဲ့သည်။ အခန်းထဲရောက်တော့ ထွဋ်ခေါင်က မင်္ဂလာဆောင်သွားရန် အဝတ်အစားလဲနေသည်။ မျက်နှာမှာလည်း ဝမ်းနည်း ရိပ်တွေဖြတ်သန်းနေသလို ညိုးနေသည်။

ညက အလုပ်ကိစ္စကြောင့် အပြင်မှာအိပ်ရမည်ဟုသာ ခွန်းက ပြောသည်။ ဘာအလုပ်ကိစ္စလဲဆိုတာတော့ ထွဋ်ခေါင်ခုထိမသိသေးချေ။

'' ဆရာ သွားတော့မှာလား ကျွန်တော် လိုက်ပို့ရမလား ''

'' အင်း ညီလိုက်ခဲ့ရင်တော့ အဖော်ရတာပေါ့ ။ အားမှ လိုက်ခဲ့ပါ မအားရင် ကို့ဘာသာပဲသွားလိုက်မယ် ''

ထွဋ်ခေါင်စကားကို စောင်းသလိုလို ရွဲ့သလိုလိုလုပ်ပြောနေသည်။

တစ်ခါတလေ မှလာတဲ့ သူ့လိုလူကို ပစ်ထားရလောက်အောင် ဘာအလုပ်ကိစ္စက ဒီလောက်အရေးကြီးနေမှန်းသိချင်သည်။

'' ကျွန်တော်လိုက်ခဲ့မယ် ဆရာ။ ဒါဆိုရေချိူးလိုက်ဦးမယ် ''

ခွန်းရေချိူးပြီး ပြန်ထွက်လာတော့ ကုတင်ပေါ်တွင် အင်္ကျီ နှင့် ပုဆိုးက အဆင်သင့်ရှိနေသည်။

'' ကိုယ်ယူလာတာ ညီ လိုက်ရင် ဝတ်လို့ရအောင် ''

အရောင် ခပ်ဆင်ဆင် ပုဆိုးကြောင့် ခွန်းနည်းနည်း စိတ်မသက်သာသော်လည်း ထွဋ်ခေါင်ဖြစ်နေသည်မို့ ဒီတိုင်းပဲ ကောက်လဲလိုက်တော့သည်။

အစကတည်းက ခေါ်သွားရန်ရည်ရွယ်ပြီး ယူလာခဲ့တာဖြစ်လိမ့်မည်။ဘာလို့ဆို အင်္ကျီ ဆိုဒ်က ခွန်းနဲ့ ကွက်တိကိုး။

'' ညီ့အလုပ်က ဘာအလုပ်လဲ...ဟိုတခါက အလုပ်ကိစ္စဆိုတာကလည်းဒီတခါဟာနဲ့ အတူတူပဲလား... ''

'' ဟို အင်း...ဟုတ်တယ်...private ကျောင်းတစ်ခုမှာ ညဘက် ဆယ်တန်း တွေကို ဂိုက်ဝင်ပေးနေတာ အာ့ကြောင့် မနေ့က နောက်ကျသွားတာနဲ့ အဲ့မှာပဲ အိပ်လိုက်တာ ''

'' ကိုယ်ပေးတဲ့အသုံးစရိတ်မလောက်လို့လား...ညီ ''

'' မဟုတ်ဘူးဆရာ.. လောက်ပါတယ် .ကျွန်တော် အတွေ့အကြုံလိုချင်လို့ပါ ''

'' အင်းပါ အင်းပါ ညီပြီးရင်သွားရအောင်လေ ''

ထိုမှ နှစ်ယောက်သား တက္စ်စီငှားကာ မင်္ဂလာ ခန်းမရှိရာသို့ထွက်ခဲ့ကြသည်။ ကားပေါ်တွင် နှစ်ယောက်စလုံး စကားမပြောဖြစ်ကြပေ။

ထွဋ်ခေါင်ကိုဖွင့်ပြောရန် စီစဉ်ထားသော်လည်း ယခုအချိန်က အချိန်ကောင်းမဟုတ်သေး ဘူး ဆိုတာ ခွန်းကောင်းကောင်းသိသည်။ မပြောပြပဲတော့ နေမည်မဟုတ် ပြောကိုပြောပြရလိမ့်မည်။ ဘာလို့ဆို ထွဋ်ခေါင် ဆိုတာ သူ့ရဲ့ ဆရာလည်းဖြစ်သလို အကိုလိုရော အဖေ လိုပါ ဖြစ်နေသော သူတစ်ယောက်ဖြစ်သည့်အတွက် သူနဲ့ပတ်သက်သည့်ကိစ္စအားလုံးကို သိထားသင့်သည်။

တိမ်တိုက်ကတော့ ပြောစကား အတိုင်းပင် တစ်နာရီ တစ်ခါ သူအဆင်ပြေကြောင်း မက်ဆေ့ချ်ပို့သည်။ အသည်းယားစရာ အီမိုဂျီ လေးတွေကြောင့် ခွန်းမှာ ပြုံးရပြန်သည်။

ဒီတိမ်တိုက်လေးများ ကြည်လင်နေရင် သူ့ရာသီဥတုလေးမှာ...သာယာ....လို့....

နာရီခြားကာ ဖုန်းကြည့်ရင်း ပြုံးပြုံးနေသော ခွန်းကို ထွဋ်ခေါင်သေချာစူးစမ်းနေသည်။ အရယ်အပြုံး သိပ်မရှိလေသော ခွန်းမှာ ဘာတွေများပြောင်းလဲနေလို့ အပြုံးတွေဖောဖောသီသီ ဖြစ်နေရတာလဲ....

ဘာကြောင့်မှန်းမသိပေမယ့်လည်း ဒီလို အမြဲပြုံးနေတာတွေ့ရတော့လည်း တစ်မျိူးစိတ်ချမ်းသာရပြန်သည်။ သူ့ကြောင့်ပြုံးနေတာမျိူးမဟုတ်သည့်တိုင်ပေါ့။

လွန်ခဲ့သည့် ၇နှစ်တုန်းက ခွန်းကို ပြန်မြင်ယောင်ရင်း ဒီလိုမြင်ရပြန်တော့လည်း အတော်လေးစိတ်သက်သာရာရသည်။ အရွယ်နှင့်မလိုက်အောင်ရခဲ့သော စိတ်ဒဏ်ရာမှာ သေးသေးလေးမဟုတ်ခဲ့ပေ။

'' ညီ ဟိုဟာက ပျောက်သွားပြီလား ဆက်ဖြစ်နေတုန်းလား ''

မင်္ဂလာ ဆောင်မှပြန်လာသည့်လမ်းတွင် ထွဋ်ခေါင် မေးသည်။ ခွန်း၏ trauma အကြောင်းမေးခြင်းပင်။ အချိန်ကြာရင် ပျောက်သွားလိမ့်မည်ဟုထင်ထားသော်လည်း ထင်ထားသလိုဖြစ်မလာခဲ့ပေ။

'' မပျောက်သေးဘူးဆရာ အရင်တိုင်းပဲ.. ''

'' ကိုယ်တို့ နောက်တစ်ခေါက် လောက် ဆေးခန်းထပ်သွားပြကြည့်မလား ''

'' ရပါတယ်ဆရာ..ဒီ ဒဏ်ရာ က သေရာပါ သွားပြီ ထင်ပါရဲ့... ''

ကားပြတင်းမှန်ကို ဖြတ်ကာ အပြင်က ပျော်ရွှင်စွာသွားလာနေသော မိသားစုတစ်စုကို ကြည့်ရင်း ပြောသည်။

လွန်ခဲ့သည့် ၇နှစ် ကခွန်းလေးတစ်ယောက် မိဘတွေစွန့်ပစ်သွားပြီးနောက်တွင် ထွဋ်ခေါင်အိမ်သို့ရောက်လာခဲ့သည်။ နေသားတကျဖြစ်ချိန်တွင် ကျောင်းပြန်တက်စေသည့် ပထမဆုံးနေ့မှာပင်... စပ်စု​သလို နှင့် တစ်ယောက်တစ်ခွန်းလာမေးသော ကျောင်းသားများကြားတွင် ခွန်းတစ်ယောက် ချွေးစေးများပြန်ကာမေ့လဲကျသွားသည်။ အချိန်မှီဆေးရုံတင်နိုင်ခဲ့၍ ကံကောင်းခဲ့ပေသည်။

ဒုတိယတစ်ခါ....... ထွဋ်ခေါင်၏ ကျူရှင်ဝိုင်းတွင်ဖြစ်သည်။
ထွဋ်ခေါင်ရှိနေ၍ လာမေမးရဲကြသော ကျောင်းသားများသည် ခွန်းကိုကြည့်ကာ သူတို့အချင်းချင်းတီးတိုးပြောဆိုနေသည့်အလယ်တွင် ခွန်းတစ်ယောက် မေ့မြောသွားပြန်သည်။

တတိယတစ်ခါ...... စာမေးပွဲပြီးတော့ ခွန်းနှင့်စိုင်းမင်းနွယ်တို့ကို ထွဋ်ခေါင်က ကစားကွင်းလိုက်ပို့ပေးသည်။ ကစားကွင်းကအပြန် လူရှုပ်နေသော ကားဂိတ်သို့ လမ်းဖြတ်ကူးရာတွင် ခွန်းတစ်ယောက်တည်း အနောက်မှာပြတ်ကျန်ခဲ့ကာ အရှိန်နှင့်မောင်းလာသော ကားတစ်စီးနှင့် ခွန်း တိုက်မိမလိုဖြစ်သွားတာကြောင့် လူတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။ ကားကြောင့် လန့်သွားရုံသာရှိသော ခွန်းကို ထွဋ်ခေါင်သွားခေါ်လာသောအခါ ကားဂိတ်တွင်လူများက ခွန်းအားကြည့်ကာ အတင်းပြောနေကြပြန်သည်။ ထိုအခါ၌လည်း ပတ်ဝန်းကျင် ၏အာရုံစိုက်မှုဒဏ်မခံနိုင်သော ခွန်းမှာ ကားဂိတ်တွင် ထပ်မံ လဲကျသွားပြန်သည်။

သည်လိုဖြစ်သည်မှာ တစ်ကြိမ်နှစ်ကြိမ် မကဖြစ်လာသောအခါ ခွန်းကို ဆေးရုံပြဖို့လိုလာသည်မို့ ပြခဲ့ရသည်။ သို့သော် ဘာချိူ့ယွင်းချက်မှ ရှိမနေပဲ အကုန်ပုံမှန်ဖြစ်နေသည်။ ထို့နောက် ဆရာဝန်၏ အကြံပေးချက်အတိုင်း စိတ်အထူးကု
နှင့် ပြကြည့်ရန် စီစဉ်သည်။

သီးသန့်ဖွင့်ထားသော ဆေးခန်းမို့ privacyမှာ စိတ်ချရသည်။ စိတ်အထူးကုဆေးခန်းမှန်းမသိသော ခွန်းမှာ ဆရာဝန်နှင့်တွေ့မှ သူဘာဆေးခန်းရောက်နေသည်ဆိုတာကိုရိပ်မိပြီး ထသောင်းကျန်းသေးသည်။

ထို့နောက် မနည်းချော့မော့ပြောတော့မှ ဆရာဝန်နှင့် သေသေချာချာ ကုရန် သဘောတူညီမှုရခဲ့သည်။

မိဘတွေစွန့်ပစ်သွားသည့်နေ့မှစကာ အရယ်အပြုံးလုံးလုံး မရှိတော့သည့်အပြင် ဒေါသကြီးကာ စိတ်မရှည်ပဲ စိတ်ဆတ်လွယ်လာသည်။ ဤသည်မှာ တစ်ရက်နှစ်ရက်မဟုတ်ပဲ တစ်လနှစ်လသို့ ရက်ရှည်စွာဖြစ်နေသည်။ ထိုလက္ခဏာ ကိုသုံးသပ်ပြီးချိန်တွင် ဆရာဝန်က ခွန်းဟာ Delight Deficiency Disorders (ပျော်ရွှင်မှုချိူ့တဲ့သည့်ရောဂါ ) ခံစားနေရသည်ဟုပြောလာသည်။ ခွန်း၏ ပြောပြသော သူ့ရဲ့ ခံစားချက်များအရ ခွန်းဟာ ပတ်ဝန်းကျင်၏ အာရုံစိုက်မှုဒဏ်ကိုမခံနိုင်သော စိတ်ဒဏ်ရာ ရခဲ့သည်။

တူညီသော အခြေအနေနှင့် အနေအထားများကြုံလာခဲ့လျှင် ခွန်းကို အတိတ်က ဖြစ်ရပ်တို့က ပြန်ဆွဲခေါ် သွားကာ နာကျင်စေသည်။

စိတ်ကျရောဂါဖြစ်နိုင်ချေအများကြီးကြားတွင် ထွဋ်ခေါင်၏ ပြန်လည်ဖေးမမှုများကြောင့် ခွန်း သက်သာခဲ့ရသည်။ ရောဂါတွေအများကြီးကြားတွင် ကုရအခက်အခဲဆုံးမှာ စိတ်ရောဂါလည်း အပါအဝင်မလား။

စိတ်ရောဂါအများစုမှာ အရှင်းပျောက်သွားသည်ဆိုတာ မရှိပဲ ဆရာဝန် နှင့် သောက်ဆေးအကူအညီနဲ့ပဲ ထိန်းထားလို့ရသည်။ အပတ်တိုင်း ခွန်း ဆေးခန်းပြကာ ဆရာဝန်နှင့် သေချာဆွေးနွေးတိုင်ပင်ခဲ့သည်။

ကျောင်းကိုလည်း တခြားကျောင်းသို့ပြောင်းထားခဲ့သည်။ ဆရာဝန်ညွှန်ကြားသည်များကို သေချာလိုက်နာရင်း လအနည်းငယ်ကြာတွင် ခွန်း အတော်လေး သက်သာလာပြီဖြစ်သည်။ အရင်ကလောက် ဒေါသမကြီးတော့သလို စိတ်လည်းနည်းနည်းရှည်လာသည်။လူများကြားအာရုံစိုက်ခံရလျှင်လည်း အရင်လို မေ့လဲတာမျိူးမဖြစ်တော့ပဲ ချွေးစေးပြန်ကာ နေရထိုင်ရခက်တာလောက်ပဲဖြစ်တော့သည်။

ထွဋ်ခေါင်၏ သေချာ ပြုစုဂရုစိုက်မှုများကြောင့် ကျောင်းစာကိုလည်းခွန်း သာမန်လူတွေထက် လိုက်နိုင်လာကာ ထူးချွန်လာခဲ့သည်။ ဆယ်တန်းပြီးသည့်အချိန်တွင် စိတ်ဆေးတွေမလိုတော့လောက်အောင်ခွန်းဟာ ပုံမှန်ဖြစ်လာခဲ့သည်။

သို့သော် ပတ်ဝန်းကျင် ၏ အာရုံစိုက်မှုကိုတော့ လုံးဝမခံနိုင်သေးချေ။
ဒါ့ကြောင့် သူငယ်ချင်း လည်းမထားပဲ ခွန်းဟာ တစ်သီးတသန့်နေခဲ့တာဖြစ်သည်။တက္ကသိုလ်ပထမနှစ်စတက်ချိန်တွင်လည်း ထူးခြားသော သူ၏ ရုပ်ရည် သွင်ပြင်ကြောင့် လူများအာရုံစိုက်တာခံခဲ့ရပြန်သည်။

ဆရာမများနှင့်အတန်းဖော်တို့၏ ဖိအားများကြောင့် King Selection ထဲတွင်ပါဝင်ခဲ့ပြီး The Whole King ရခဲ့သည်။ ထိုအချိန်များသည် ခွန်း၏ ခက်ခဲခဲ့သောကာလများဖြစ်သည်။ ထိုခက်ခဲသော အချိန်များတွင် ခွန်းအနား ရှိနေပေးသူက ဆူးအမရာနွယ် ဟုခေါ်သော မိန်းမပျိူလေး တစ်ဦးသာ။ ထိုအမျိူးသမီးက သူ့အား ပတ်ဝန်းကျင်၏ အာရုံစိုက်မှုဒဏ်မှ သက်သာအောင် ကူညီပေးခဲ့သော တစ်ဦးတည်းသောသူဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း ခွန်းဟာ အမရာ့ကို သေမလောက် စွဲလမ်းခဲ့ရတာလည်းဖြစ်နိုင်သည်။

ဆေးသောက်စရာမလိုတော့လောက်အောင် အမရာ့အကူအညီနှင့် ခွန်းဟာ သာမန်လူလိုဖြစ်လာခဲ့ရသည်။ သို့သော် သိပ်မကြာလိုက်ပေ။ အမရာ ထွက်သွားချိန်တွင် တည်ငြိမ်နေသော ခွန်းမှာ ငြိမ်သက်နေသော ရေပြင်ပေါ် ခဲလုံးတစ်လုံးပစ်ချလိုက်သလို အရာရာဟာ ရှုပ်ထွေးလှုပ်ခတ်ကုန်သည်။

ထို့ကြောင့်ထိုနှစ်က ခွန်းကို ဆေးရုံထပ်ပြခဲ့ရပြန်သည်။ နှစ်လလောက်ပြပြီးသည့်အခါတွင်တော့ ခွန်းဟာ အရင်ကထက်ပိုတည်ငြိမ်ကာ ရင့်ကျက်လာခဲ့ရာမှ ဒုတိယနှစ် Second sem မှစ၍ ခွန်းဟာ စိတ်ဆေးတွေကို လုံးဝဖြတ်ချလိုက်ပြီး သူ့ဘာသာ အဆင်ပြေအောင် ကြိုးစားပြီး ခုထိ နေထိုင်ခဲ့သည်။

လူအများအာရုံစိုက်ခံရမည့်အလုပ်တွေဆို သူရှောင်ကာ  သူ့ဘာသာ သူနေဖြစ်သည်။
လိုအပ်မှသာ ပြုံးဖြစ်တာမို့ ခွန်းအပြုံးဟာ ရွှေထက်ရှားခဲ့သည်။

အခုတော့ သူ့ဘဝထဲ တိမ်တိုက်ကြိုးလေး ဝင်လာသည့်အချိန်မှစကာ ခွန်း၏အပြုံးတို့ တဖန် ထပ်မံတောက်ပလာခဲ့ပြန်သည်။ အရာရာကိုမေ့ထားနိုင်လောက်အောင် တိမ်တိုက်က ဆွဲဆောင်နိုင်လွန်းခဲ့သည်။ အထူးသဖြင့် သူ့ရဲ့ အသက် သွားတက်လေးတွေနဲ့ပေါ့။

ဒီသွားတက်လေးတွေက သူ့ရဲ့ စိတ်ဖြေဆေးတစ်ခုလိုပင်။

ချစ်ခြင်းတရားတွေကြောင့်ဖြစ်ပါလိမ့်မယ်...
မင်းအပြုံးတွေက ခွန်အားတွေဖြစ်လာခဲ့တယ်....
အ​ေမှာင်ကောင်းကင်ယံမှာ မင်းဟာ မောင့်ရဲ့တစ်ခုတည်းသော သီးသန့်တိမ်တိုက်လေးပါ....

.......................

တိမ်တွေမရှိတဲ့ ဒီကောင်းကင်ကြီးက ဒီနေ့မှ ပိုကျယ်နေသည်။ အရာရာဟာ အပြာရောင် မျက်စိတစ်ဆုံး။

အပြာရောင်ကောင်းကင်ကြီးအောက်တွင် စူပုတ်နေသော ကောင်လေးတစ်ယောက်ရှိနေသေးသည်။ ကျယ်ဝန်းလှသော
ဒဂုံကျောင်းဝင်းထဲတွင် အဆောင်နှင့် ကန်တင်းသာသွားတတ်သူမို့ သူ့မှာ ထွေထွေထူးထူးသွားစရာနေရာ ရှိမနေ။

ချစ်တယ်ပြောပြီး ကိုယ်မကြိုက်တာတွေပဲလုပ်နေသော လူသားကြောင့် ကြာရင် အသက်တိုရလိမ့်မည်။

စိတ်ဆိုးဆိုးနှင့် ထွက်သွားပါသည်ဆိုမှ ရှမ်းပြည်ထိ လိုက်လာသောရှန်မင်းခက်။ ရှေ့တိုးမသာ နောက်ဆုတ်ရခက်အခြေအနေတွင် မိဘတွေနဲ့ပါ သူက ဝင်လုံးသွားသေးသည်။

ရန်ကုန်ပြန်ရောက်တော့လည်း ပုန်းစရာနေရာမရှိအောင်ကို အမြဲရှာနေတတ်ပြန် သည်။ အနားတွင်လည်းတောက်တဲ့လိုကပ်ကာ တောင်းပန်သည့်စကားကို ဘယ်နှခါတောင် နားထောင်လိုက်ရလဲမသိတော့ပေ။

အချိန်မှန်မှန် ဖုန်းဆက်ကာ အချိန်မှန်မှန် လာတွေ့တတ်သေးသည်။ ဆိုင်က အဒေါ်နဲ့တောင် အတော်လေး ရင်းနှီးနေပြီး ကိုယ်က တူအရင်းလား သူက တူအရင်းလာတောင် မသိတော့ပေ။

အရင်ကလိုတော့ မသွားချင်သည့်နေရာတွေကို အတင်းမခေါ်တော့ပေ။ တစ်ခုခုဆို အမြဲအလျော့ပေးလာသည်။ သည်းခံပေးလာသည်။ အရင်က ရှန်မင်းခက်နဲ့ နည်းနည်းကွာခြားလာသည်ကို ကိုကိုတစ်ယောက် သေချာလေး သတိပြုမိသည်။

အရှုပ်အရှင်းတွေလည်းဘာမှမကြားရတော့ပဲ။ ရှန်မင်းတစ်ယောက် ကိုကို့ဆီမှာ ခြေငြိမ်နေကာ ကိုကို့ဆီက အမှတ်ပြည့်ရအောင် ကြိုးစားနေသည်။

ကိုကိုကလည်း ပထမက ယတိပြတ်ငြင်းနေသော်လည်း ဇွဲမလျော့သော ရှန်မင်းကြောင့် တဖြည်းဖြည်း စိတ်ကပျော့လာကာ လေ့လာနေရသည်။

မျက်စိမှိတ်ယုံလိုက်ဖို့ကောင်းသည့်လူထဲတွင် ရှန်မင်းခက်မပါဘူး မဟုတ်လား။

အခုတော့ ပလေးဘွိုင်း ကြီးကို ကိုကိုတစ်ယောက် ပြန်ပလေးနေရှာပြီမို့  ရှန်မင်းကတော့ အလူးလူးအလဲလဲ ပင်။

စိတ်ကောက်သည်ဟုဆိုကာ ညလုံးပေါက်အိပ်မရအောင် တနုံ့နုံ့ခံစားခိုင်းသည်။ တခါတလေ တစ်ရက်လုံး အတွေ့မခံပဲ ရှောင်ပြေးနေတတ်သည်။ ပြီးတော့ အတိတ်က အကြောင်းတို့ကိုပါ ပြန်ပြန်ဖော်ပြီး စကားနာလည်းထိုးတတ်ပါသေးသည်။

ရှန်မင်းတစ်ယောက် သူလုပ်ခဲ့သမျှ အတိုင်း ကိုကို့ဆီတွင် ရှယ်ပလန်နဲ့ကို ဝဋ်ကြွေး​ပြန် ဆပ်နေရလေပြီ။

သို့သော် စောမဟာသွေးကတော့ခုထိ မီးစိမ်းမပြသေးချေ။

ဟိုတနေ့ညကလည်း Lap top ဖြင့် Video call ပြောနေရင်း ဖုန်းလာ၍ ခနဟုပြောကာ ကိုကို့ရှေ့တွင် ဖုန်းပြောပြီးပြီးချင်း ကိုကို့ကို တစ်ခွန်းတစ်ပါဒ မှ မပြောပဲ ဒီတိုင်းထွက်သွားသည်။ ကိုကို့မှာ ဘာလုပ်ရမှန်းမသိ သူ့ကိုပဲစောင့်ရမလို ပိတ်ပဲပိတ်လိုက်ရမလိုဖြစ်နေသည်။ ထိုညက ကိုကို့ ကို ဂီတာတီး ကာသီချင်းဆိုပြမည်ဟုကတိပေးခဲ့ ခြင်းဖြစ်သည်။

နာရီ ဝက်လောက်စောင့်ပြီးချိန်တွင် ပြန်မလာသဖြင့် ပိတ်ကာ အိပ်လိုက်သည်။ မနက်ကျတော့ ဆေးရုံတက်နေရသော အဒေါ့်သူငယ်ချင်း လူနာသတင်းသွားမေးတာကို အဖော်လိုက်သွားပေးရင်း ဆေးရုံ ကောင်တာနားတွင် အဲ့သည့်က reception ကောင်မလေးတွေနှင့် ရယ်ကာပြုံးကာဖြင့် ပလူးပလဲ လုပ်နေသော ရှန်မင်းကို သေချာတွေ့လိုက်ရသည်။

ထပ်မရှုပ်ဖို့သေချာမှာထားသည်ကို ဒင်းက ဆေးရုံက ဝန်ထမ်းတောင်မချန် ဖွန်ကြောင်နေသည်။ ကိုကိုတစ်ယောက် ဒေါသတွေ တလိပ်လိပ်တက်ကာ စိတ်ဆိုးလွန်း၍ ကျောင်းတောင်မသွားဖြစ်ပေ။ သို့သော် နေ့လည်အထိ ရှန်မင်းဆီမှ ဘာဖုန်းမှ မလာသေးပေ။ ထွက်နေသောဒေါသတို့က တော်တော်နှင့်ပြန်ဝင်နိုင်ချေမရှိတော့။

ချစ်တယ်ပြောကာ ကတိတွေအထပ်ထပ်ပေးရင်း လူကို ပစ်ထားသည်။ လုံးဝသည်းမခံနိုင်တော့သည်မို့ ဖုန်းဆက်ကာ ရန်တွေ့ဖို့ဆုံးဖြတ်လိုက်သည်။ သို့သော် ဖုန်းက ဝင်သည်မကိုင်ပေ။ တစ်ခါ နှစ်ခါ မက ခေါ်သည် မဝင်။ ထို့ကြောင့် စိတ်ဆိုးနေရင်းနဲ့ပဲ ဝမ်းနည်းစိတ်တွေဝင်လာပြန်သည်။

ဘာကြောင့်လဲ... သူ့ကိုဘာလို့တန်ဖိုးမထားရတာလဲ ဟုဆိုကာ တွေးရင်း မျက်ရည်တွေကျသည်အထိ ဝမ်းနည်းခဲ့ရသည်။

သူ့ကြောင့်ပြောင်းလဲနေသော ရှန်မင်းကို အရင်ကထက် အချစ်ပိုနေမိသော်လည်း ဘယ်သောအခါမှ ထုတ်မပြခဲ့ပေ။ တိတိကျကျ ပြောရမည်ဆိုလျှင် ရှန်မင်းကို ချစ်သည် သို့သော် ယုံကြည်ပေးဖို့ရာ မတတ်နိုင်သေးသော အခြေအနေဖြစ်သည်။ ဘဝတွင် ပထမဦးဆုံး ကြုံဖူးသည့်အချစ်မို့ နာကျင်ရမှာလည်းကြောက်နေမိသည်။

ညနေစောင်းတော့ ရှန်မင်းဖုန်းပြန်ဆက်သည်။ သို့သော် မကိုင်လိုက်။ အဲ့သည့်အချိန်ကိုင်လိုက်လျှင် ငိုသံကြီးနှင့်စကားပြောရမည်ဖြစ်သည်။ စိတ်ထိခိုက်လွယ်နေချိန်တွင် ရှန်မင်းအသံကြားရလျှင် ပိုငိုမိမှာမို့ပင်။ ရှန်မင်းကတော့ မကိုင်မချင်းကိုခေါ် နေခဲ့တာပင်။

ညရောက်သည်အထိမနား။ တဖြည်းဖြည်း သနားလာ၍ နောက်ဆုံးကိုင်လိုက်တော့

'' ဘာကိစ္စလဲ ''

'' စိတ်ဆိုးနေတာလားဟင် ညက အ​ရေး​ကြီးသွားလို့ပါ ကျွန်တော်တောင်းပန်ပါတယ်နော် ဖုန်းကလည်း ကျန်ခဲ့တာ။ ''

'' အဲ့တော့....''

'' ညက တိမ်တိုက်ကြိုး ရေချိူးခန်း ထဲမှာ မေ့လဲကျပြီးသေမလိုဖြစ်နေတာ သူ့အမေ တစ်ယောက်တည်း မနိုင်လို့ ကျွန်တော့်ကိုလှမ်းခေါ်တာ။ သူတို့က သားအမိနှစ်ယောက် တည်းနေတာလေ။ သူ့သားက ခေါ်မရတော့ သူလည်းတော်တော်ပြာသွားတာ ။ ကျွန်တော်ဟိုရောက်တော့ ဟိုကောင်က သေတော့မယ့်မသာလိုပဲ...သူ့အမေကလည်း သားဇော်နဲ့ဘာမှကို မမြင်ပဲ အဝတ်အစားတွေတောင်လဲပေးနေတာ ။ သနားပါတယ်ကိုကိုရယ် သိလား။ သူ့မှာ အားကိုးစရာဆိုလို့အနီးအနားမှာ ကျွန်​တော်ပဲရှိတာ။ အာ့နဲ့ ​ဆေးရုံကိုလိုက်ပို့ပေးပြီး ညနေကမှ ဆေးရုံကနေပြန်လာတာ ရောက်ရောက်ချင်း ကိုကို့ကို ဖုန်းခေါ် တယ် မကိုင်ဘူး ''

ရှန်မင်းတစ်ယောက် ကရားရေလွှတ် သလို ဆက်တိုက်ရှင်းပြနေသည်။

'' ဪ တိမ်တိုက် ကို ဆေးရုံလိုက်ပို့တာလား ငါက reception ကကောင်မလေးတွေနဲ့ ဇာတ်လမ်းများသွားဆင်သလားလို့လေ ''

'' ဗျာ ဘာကို..''

'' မသိဘူးလေ မင်းက သူငယ်ချင်း ကို ဆေးရုံလိုက်ပို့တဲ့ရုပ်မပေါက်ပဲ ကောင်မလေးတွေ တရုန်းရုန်း နဲ့ ရီလိုက်မောလိုက်ဖြစ်နေတာပဲ ငါတွေ့တယ် ''

'' ဟမ် ကိုကို ဆေးရုံလာသေးတာလား ''

'' အဲ့တာငါ့ကိစ္စပါ ။ မင်းသာ ဘုရားလည်းဖူး လိပ်ဥလည်းတူးလုပ်နေတာ။ ငါကတော့ မင်းပြောင်းလဲသွားပြီထင်နေတာ မင်းကတော့ ဒုံရင်းကဒုံရင်းပဲ ရောက်လေရာ အရပ်ဖွန်ကြောင်တယ်။ ဟိုဟာမလေးတွေကလည်း မိန်းကလေးတွေဖြစ်ပြီး လူမြင်ကွင်းမှာ ယောကျာ်း လေးတစ်ယောက်ကို ရိုက်လားပုတ်လားနဲ့..''

ကိုကို စိတ်ဆိုးဆိုးနဲ့ ရှန်မင်းကို ရန်တွေ့နေသည်။ ကိုကိုရန်တွေ့နေပုံမှ မကျေနပ်လို့မဟုတ်ပဲ ရစ်ကာ သက်သက် ကောက်ချင်လို့ ရန်တွေ့နေပုံပေါက်နေသည်။

'' ခနလေး ကိုကို ကျွန်တော့်ကို သဝန်တိုနေတာလား...''

'' ချီးမို့ သဝန်တိုရမှာလား။ တော်တော်ရှန်ခက် မင်းကို ငါငြင်းတယ် ။ငါ့ကို လိုက်မနှောင့်ယှက်ပဲ ကိုယ့်ဘာသာနေတော့ ဒါပဲ ''

ဒီလတွေ အတွင်း ကိုကို့ ဆီမှ ' မင်းကို ငြင်းတယ် ' ဆိုသည့်စကားကို အခါပေါင်းများစွာ ကြားခဲ့ရသည်။ သိပ်ကို ငြင်းငြင်းနိုင်လွန်းသော ကိုကိုပေါက်စလေးဖြစ်သည်။ ငြင်းတိုင်းသာ ပြန်လှည့်ရကြေးဆို ဒီအခြေအနေအထိ ရောက်လာမှာ မဟုတ်ပေ။

ကိုကို ချစ်သည်ကို သိသည်။..ခံစားမိသည်။ တစ်ခါတခါ သူကိုယ်တိုင်တောင် သတိမထားမိပဲ ကိုကို့အချစ်တွေက ရှန်မင်းအပေါ် သက်ရောက်စေခဲ့သည်။ သို့သော် ကိုကိုကြောက်နေတာကိုလည်း သတိထားမိပါသည်။ မတတ်နိုင်ပေ ကိုယ့်ကြောင့်ဖြစ်ပေါ်လာသော အကြောက်တရားကို ကိုယ်ကိုယ်တိုင်ကပဲ ပြန်ချေဖျက်ပေးရလိမ့်မည်။

စိတ်ကောက်သွားသည့် မတော်ရသေးသော ချစ်သူလေးကို ချော့ရန် အသန့်ပြန့်ဆုံးနှင့် စတိုင်လ်အရှိဆုံးဖြစ်အောင် ရှန်မင်းပြင်ဆင်သည်။ ကိုကို့အကြိုက် အဖြူရောင်ရှပ်ပွလေးကို မီးခိုရောင် စတိုင်ပန် ထဲထည့်ကာ ခပ်လျော့လျော့လေး ဝတ်ထားသည်။ ငွေရောင်ဆံပင်တို့ကိုလည်း သေချာအလယ်ခွဲကာ တော်တော်လေး ခန့်ညားနေတော့သည်။

သိပ်မကြာခင်ကမှ ဝယ်ထားသော အနက်ရောင်ဂီတာလေးကို အိတ်ထဲပြန်ထည့်ကာ ကားပေါ်တင်လိုက်သည်။ တိမ်တိုက်က သူ့အမေ လိုက်ပို့သည်မို့ သူတစ်ယောက်တည်း ဒဂုံကျောင်းထဲသို့ခြေဆန့်ခဲ့တော့သည်။

ရှန်မင်း၏ သိပ်မကြာခင်က သူ့ဖာသာကြီး လဲပေးထားသော ငွေရောင် ကားလေးက အဆောင်နံပါတ် ၃၇ ရှေ့တွင်ရပ်သွားပြီး ပါကင်သေချာထိုးလိုက်သည်။ နေ့လည်စာစားချိန်တောင် ရောက်နေပြီမို့ တော်တော်များများက ကန်တင်းနှင့် အပြင်မှာ ရောက်နေကြသည်။

ကားပေါ်က စတိုင်လ်နှင့်ဆင်းလာသော ရှန်မင်းကို တော်တော်များများက သတိပြုမိကြသည်။ ငွေရောင်ဆံပင်တို့က ရှန်မင်းကို လူပုံလယ်၌ ပိုထင်လင်းစေနေတာပင်။

မိန်းကလေးအများစု၏ အာရုံစိုက်မှုကလည်း ထိုငွေရောင်နတ်သားလေးဆီရောက်သွားကြတော့သည်။ ဘေးမှ ကောင်လေးငုတ်တုတ် ရှိနေသူတွေတောင်မှပေါ့။

အဲ့ထဲတွင် အဆိုးဆုံးကတော့ အဆုမတို့ အုပ်စုဖြစ်သည်။ အဆင်မြင်ငမ်းချင်သော ဝါသနာကြောင့် သူများတွေလို အဝေးကနေ မသိမသာ ငမ်းတာမျိူး မဟုတ်ပဲ ကားနားထိသွားကာ ပေါ်တင်ငမ်းနေခြင်းဖြစ်သည်။

အကေ - ဟဲ့ ဟဲ့ ဟိုတစ်ယောက်မလား အဖြူဆင် အိုက်စ်...

အပြည့် - အေး ဟုတ်တယ် ငါကြွေနေပါပြီဟယ်...

အဆု - ဆောရီး ငါကတော့ အညိုစင် Team ပါ..

ပါးစပ်ကသာပြောနေတာပါ အဆုမ မျက်လုံးက ရှန်မင်းကိုကြည့်နေကာ မျက်တောင်တစ်ချက်တောင် မခတ်သေးပေ။

ဘယ်မှ လျှောက်မသွားရဘူးဟု အမှာတော်ပါးလိုက်သော ခွန်းကြောင့် တိမ်တိုက်ကလည်း အပြင်မထွက်ချေ။ ကိုကိုတို့အမွှာနှစ်ယောက်ကလည်း အပြင်ထွက်ရတာသိပ်မကြိုက်။ အပြင်ထွက်ရတာကြိုက်သော အဇူးကလည်း စိုင်းမင်းနွယ် ကြောင့် ခြေငြိမ်နေသည်။ ထို့ကြောင့် ပျင်းပျင်းနဲ့ တိမ်တိုက်တို့ အုပ်စုအခန်းထဲမှာပဲ UNO ဆော့နေကြသည်။ ထိုထဲတွင် အနိုင်ဆုံးကတော့ အဇူးမဖြစ်နေသည် ။ဘာလို့ဆို စိုင်းမင်းနွယ် ကဘေးကနေ သူ့ကောင်မလေးကို supporting ပေးနေသောကြောင့်ဖြစ်သည်။

အပြင်မှာ ရုတ်ရုတ်သဲသဲသံ ကြားသည်။ ဖြစ်နေကျမို့ အထူးတလည်လုပ်ပြီး ဘယ်သူမှ ထွက်မတွေ့ဖြစ်ပေ။ အတန်းထဲပြန်ဝင်လာကြသူတွေကလည်း နဂိုကတည်းက အတန်းထဲ ကျန်နေသော လူတို့အား စောက်ရမ်းချောသောအဆင် အဆောင်ရှေ့ရောက်နေကြောင်းကို ပြောပြကာ ဆွဲခေါ်သွားကြသည်။

တစ်ယောက်ပြီး တစ်ယောက်ပါသွားချိန်တွင် အတန်းထဲတွင် ကိုကိုတို့ ငါးယောက်သာကျန်ခဲ့တော့သည်။

'' ဘာဖြစ်နေကြတာလဲ မသိဘူးနော် ''

'' အဲ့တာ မေ့ ကိစ္စလား ။ ထွက်ငမ်းဖို့မကြံနဲ့နော် ကို ဒီမှာရှိနေသေးတယ် ''

အဇူးအကြောင်းသိရှာသော စိုင်းမင်းနွယ်က အပြင်ထွက်ဖို့ဉာဏ်ဆင်နေသော အဇူးကို ကြိုတားထားလိုက်သည်။ ထိုအခါမှ ငြိမ်ငြိမ်လေးပြန်ဆော့တော့သည်။

ရှန်မင်းကတော့ သူ့ကို ကြည့်နေသည့် လူတွေအများကြီးကြားထဲတွင် ကိုကို့ ကို ပြူးပြဲရှာနေသည်။ လူပြည့်နေသော အဆောင်ဝရံတာဘက်ကြည့်သော်လည်း
မတွေ့။ နောက်ဆုံး ကိုကို့ ကို မက်ဆေ့ချ် တစ်ကြောင်းပို့လိုက်သည်။

💬 အဆောင်ရှေ့ ခနထွက်ခဲ့ပါဦး လက်ဆောင်ယူလာတယ်...

ပို့ထားလိုက်ပြီး ကားပေါ်မှ ဂီတာကို ထုတ်ကာ သစ်သားဝိုင်းလေးတစ်ခုမှာ သွားထိုင်လိုက်သည်။ ခြေကိုချိတ်ကာ ဂီတာကို ပေါင်ပေါ်တင်ကာ ကြိုး ညှိနေလိုက်သည်။

လူတွေဝိုင်းအုံကြည့်စေရန်မရည်ရွယ်သော်လည်း မထင်မှတ်ပဲ ဖြစ်သွားသည်။
လာတုန်းက ရိုးရိုးလေးသာ အဆောင်ရှေ့ ဂီတာတီးပြီး သီချင်းဆိုပြကာ ချော့မည်ပေါ့။ အခုတော့ တစ်ဆောင်လုံး သိတော့မည့်အနေအထားဖြစ်သည်။
သို့သော်ရှန်မင်းခက်ဆိုတာ ပတ်ဝန်းကျင် ကို ဂရုစိုက် သည့်အထဲတွင်မပါပေ။

ဝင်လာသော မက်ဆေ့ချ်ကို ဖတ်ကာ ဒီတိုင်းပြန်ပိတ်ထားလိုက်သည်။ စိတ်ဆိုးပြေရမည့်အချိန်မရောက်သေးပေ။

ထိုအချိန်တွင် ရှန်မင်း ဂီတာကို ကြိုးညှိပြီးတော့ ဂီတာကို တစ်ချက်တီးလိုက်သည်။ ပတ်ဝန်းကျင် တွင် အကုန်တိတ်သွားသည်။ နောက်တစ်ချက်တီးသည်။ ရှန်မင်းဂီတာသံတစ်သံသာ ရှင်းရှင်းလင်းလင်း ကြားရတော့သည်။

နောက်တော့ ဂီတာသံ အေးအေးလေးက ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုအသံကို အခန်းထဲက ကိုကို တို့ငါးယောက် ကောင်းကောင်းကြားရသည်။ဆူညံနေသည့်အသံတွေတိတ်သွားပြီး ဂီတာသံ ထွက်လာသည်။

ကိုကို့ စိတ်ထဲတွင် ရှန်မင်းများလား ဟုထင်မိလိုက်သည်။

'' အာ မဖြစ်နိုင်တာ ''

ကိုကို ရုတ်တရက် ပါးစပ်က လွှတ်ခနဲထွက်သွားသည်။

'' ကိုကို ဘာပြောလိုက်တာလဲ ''

ဘေးကတိမ်တိုက်က ဝင်မေးတော့ ခေါင်းလေးခါပြသည်။

ထိုစဥ်....ရှန်မင်း၏ သူမတူသော Vocal power ထွက်ပေါ်လာသည်။ စကားပြောသံနဲ့ ထူးထူးခြားခြား ကွဲပြားနေသော ရှန်မင်း၏ သီချင်းဆိုသံဖြစ်သည်။

ပထမအကြောင်းနားထောင်ပြီးချိန်တွင် ရှန်မင်းအသံကို တိမ်တိုက်အရင်ဆုံး မှတ်မိသည်။

'' ဟင် ရှန်မင်း အသံပဲ..''

တိမ်တိုက်ပြောသံလည်းကြားရော ကိုကိုတစ်ယောက် နေရာက ဝုန်းကနဲထကာ ဝရံတာဘက်သို့ လျှောက်သွားကာ လူတိုးလိုက်တော့ ရှေ့ရောက်သွားသည်။

သီချင်းသံထွက်လာရာကို သေချာကြည့်တော့ ငွေရောင်ဆံပင်တွေက လေပြည်အဝှေ့မှာ အနည်းငယ်လှုပ်ခတ်နေကာ ရှည်သွယ်နေသော အဖြူရောင်လက်ချောင်းတို့က ဂီတာ ​ကြိုးမျှင်လေးတွေပေါ်တွင် လှပစွာ ခုန်ပေါက်နေသည်။

နားထောင်လို့ကောင်းသော သီချင်းသံတို့ထုတ်လွှတ်ရာ ရှန်မင်းနှုတ်ခမ်းတို့ကို ကိုကိုတစ်ယောက် အာရုံစိုက်ကြည့်နေမိသည်။

🎸🎼
မပြေလည်နိုင်အောင် သူက ကြံရွယ်တယ်..ရင်မှာ ချစ်အားလေး ညှိုးငယ်ရပါတယ်.......

🎸🎼
ပြေလည်အောင် ဖြေရှင်းပါမယ်လေ..အယူခံဒီစကားလေး ပြောပြတော့မယ်

🎸🎼
အကြင်နာဆုံး မောင့်ရဲ့ အချစ်ဆုံးလေး ...နေပါဦး မုန်းလိုက်တော့မှာလားလေကွယ်

🎸🎼
ကြင်နာတဲ့သူလေးရှောင်ပြေးလေတော့ မောင်တစ်ယောက်တည်း ခုတော့ကြေကွဲပြီ

ပထမအပိုဒ်အပြီးတွင် အနောက်က တိမ်တိုက်တို့ အုပ်စုရောက်လာကြသည်။ တကယ်တမ်း ကိုကိုနှင့်ရှန်မင်းကိစ္စကို ဘယ်သူမှ မသိသေးချေ။ တိမ်တိုက်တစ်ယောက်သာ သိထားတာဖြစ်သည်။ အဇူးကတော့ တိမ်တိုက်ကို ရည်ရွယ်ပြီးလာဆိုနေသည်ဟုပဲထင်နေသည်။

ရှန်မင်း၏ ရုပ်ရည်နဲ့ အသံအောက်တွင် တော်တော်များများကြွေဆင်းကုန်ကြသည်။ အဲ့သည့်အထဲတွင် စောမဟာသွေးလည်း ပါကောင်းပါလိမ့်မည်။

နောက်တစ်ပိုဒ်မဆိုခင် အလယ်က တီးလုံးသံတွေ တီးရင်း ရှန်မင်း ကိုကို့ ကိုနောက်တစ်ခါ ရှာသည်။ ထိုအခါတွင်တော့ တွေ့ပါပြီ ဝရံတာ တွင်...သူ၏ ချစ်သော ကိုကို။ ခဲရောင် ရှပ်လေးနှင့် အနက်ရောင် ပုဆိုးလေးဝတ်ထားသည်။ လူအများကြားတွင် ဒီရှမ်းတရုတ်ကပြားလေးကို ရှာရသည်က သိပ်မခက်ပေ။ ဘာလို့ဆို ကိုကိုက သူ့မျက်စိထဲတွင် အမြဲထင်းနေတာကြောင့်ဖြစ်သည်။

နောက် တစ်ပိုဒ်ပြန်စချိန်တွင် ရှန်မင်း၏ အကြည့်အလုံးစုံသည် ကိုကို့ဆီရောက်လာခဲ့တော့သည်။

🎸🎼
ကိုကို..ရေ...မောင်တစ်ယောက်တည်း ဆွေးပြီ...အချစ်ကြီးချစ်ခဲ့မိလို့ အမုန်းကြီးမုန်းပြီလား...

🎸🎼
တစ်ယူသန်ပဲ ဆုံးဖြတ်လိုက်မှာလား ကို..ရယ်...အကျိူးအကြောင်းလေး မောင်ပြောပြမယ်...

🎸🎼
ကိုကိုရေ ခေါ်သံလေးကြားရင်.. အချစ်ဟောင်းလေးကို ခနလောက်လှည့်လို့ကြည့်ပါဦး...

🎸🎼
ပြန်လည်လို့ ချစ်ခွင့်ပေးပါဦးလား..နောက်တစ်ယောက်တော့ မချစ်လိုက်နဲ့ကွယ်

တစ်နေရာတည်းကိုကြည့်ကာပြုံးရင်းဆိုနေသော ရှန်မင်းကြောင့် လူအားလုံးကလည်း ရှန်မင်းကြည့်သည့်နေရာကို လိုက်ကြည့်ကြသည်။ ထိုအခါတွင် ဝရံတာမှ အရပ်ရှည်ရှည် အသားဖြူဖြူကောင်လေးမှာ အောက်ကလူတွေသတိထားမိသည်အထိ မျက်နှာကြီးနီနေသည်။

ကိုကိုရေ..ဟုဆိုသွားသောကြောင့် ကိုကို့အတန်းထဲမှ သူများကတော့ ရှန်မင်း ရည်ရွယ်ဆိုနေတာ စောမဟာသွေးဆိုတာ သိနေကြပြီးဖြစ်ပြီး တစ်ချိူ့ကတော့ ယောင်ဝါးဝါးဖြစ်နေသည်။

အဆုမတို့ အုပ်စုကလည်း တိမ်တိုက်ကို လာဆိုပြသည်ဟုထင်လိုက်သော်လည်း ရှန်မင်းကြည့်နေသော နေရာတွင် တိမ်တိုက်က မရှိတော့ပေ။ ဘယ်အချိန်က ဘယ်အပေါက် ကထွက်သွားသလဲ မသိပေ။ စောစောကလေးတင် သူ့ကလေးကို တွေ့လိုက်မိသည်ဆိုတာ အဆုမ သေချာနေသည်။

🎸🎼
အချိန်တွေကြာကြာ မေ့ထားနိုင်သူရယ် ဒိုင်ယာရီအဟောင်းလေးအလွမ်းတွေပြည့်ပြီကွယ်...

🎸🎼
အနိုင်ယူပါကွယ် တောင်းပန်ပါတယ်... ကိုရယ်...မောင်အရှုံးလေး ပေးပေးလိုက်မယ်...

🎸🎼
ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့....အကြင်နာလေးများလည်းပေးသနားပါဦးကွယ်.

🎸🎼
ကျေပါတော့ အချစ်ဆုံး ရန်ငြိုးတွေရယ်..ဒီအယူခံတေးလေးနဲ့ မောင်ချော့မယ်

သူ့ကိုစိုက်ကြည့်ကာ ဆိုနေတာမို့ ကိုကိုတစ်ယောက် မနေတတ်တော့ပေ။ အောက်ကလူတွေကလည်း သူ့အားကြည့်နေကြပြီဖြစ်သည်။

ရှန်မင်းမှာ ဆိုနေရင်းနဲ့ သူ့ကို ခေါင်းငြိမ့်ကာ လာဖို့ခေါ်နေသေးသည်။ ကိုကိုကတော့ ခေါင်းလေး ခါရုံသာတတ်နိုင်သည်။

သို့သော်မရပါ ဆက်ခေါ်နေသည်မို့ ဘေးက အုပ်စုကလည်း သူ့ကို အတင်းနှင်လွှတ်နေသည်။ အထူးသဖြင့် သူ့ညီမ နန်းမဟာသွေးဖြစ်သည်။

'' ကိုကို နင့်ကိုခေါ်နေတာ သွားလေ ''

'' ဟာ နန်းကလည်း.. ''

'' သွားပါ ကိုကိုရယ် နင်မသွားရင် ဟိုက ဂွမ်းမှာဟ
အကိုရှန်မင်း သနားပါတယ်ဟယ်.. သွားသွား ''

နေရာတွင်တောင့်တောင့်ကြီးသာရပ်နေတာမို့ အဇူးနှင့် နန်းက တစ်ယောက်တစ်ဖက် ဆွဲကာ အောက်ထပ်ကိုခေါ်ချသွားသည်။ အဇူးကတော့ ခုထိ နားမလည်သေးချေ။ မေးဖို့ရာ တိမ်တိုက်ကလည်း သီချင်းပထမအပိုဒ်အပြီးတွင် ဘယ်ပျောက်သွားမှန်းမသိလိုက်။ အကုန်လုံးက ရှန်မင်းဆီအာရုံရောက်နေသည်မို့ သူ့ကို ဘယ်သူမှ သတိမထားမိတော့ပေ။

နန်း ကောင်းမှုနဲ့ အောက်ရောက်လာခဲ့သော်လည်း...ရှန်မင်းဆီ သွားဖို့ရာ ခြေလှမ်းတို့က ရပ်နေစဲဖြစ်သည်။

မကြာခင် ရှန်မင်း သီချင်းက အဆုံးသတ်တော့မှာဖြစ်သည်မို့ နန်းက သူ့အကို ကို တဖြည်းဖြည်း ရှေ့တိုးခိုင်းသည်။ သို့သော် အနောက်သို့ပြန်ပြန်ပြေးပြီး ကျောင်းနံရံကို သွားသွားကပ်နေသည်။

ဒီလူအုပ်ကြီးအလယ်ကိုသွားဖို့ရာ ကိုကိုဘယ်လိုမှ သတ္တိမရှိပေ။

နောက်ဆုံး ရှန်မင်း သီချင်းအဆုံးသတ်သွားသည်။ ဂီတာကို ဘေးချကာ လက်ယက်ခေါ်သည်။ ကိုကို ခေါင်းခါပြသည်။ နောက်တော့ ရှန်မင်းပဲ နေရာက ထကာ ကိုကို့ဆီလျှောက်သွားလိုက်သည်။

ထိုစဥ် မိန်းကလေးအများစု၏ ပုံမှန်မဟုတ်သော အသည်းယားနေသည့်အသံပေါင်းစုံထွက်လာ​တော့သည်။

တဖြည်းဖြည်း လျှောက်လာနေသော ရှန်မင်းကြောင့် ကိုကို ပြေးပေါက်ပိတ်နေသည်။ ရှန်မင်း ကိုကို့ရှေ့တွင် တည့်တည့်ပိတ်ရပ်​ကာ ကိုကို့ကို သေချာစိုက်ကြည့်ပြန်သည်။

'' စိတ်ဆိုးပြေ ပြီလား လာချော့တာလေ ''

နှစ်ကိုယ်တည်းကြားရုံမေးသော်လည်း နားကောင်းလွန်းသောအနားကလူများကတော့ကြားရ​ပေလိမ့် သည်။

'' မင်းချော့တာကြီးကလည်း တစ်ကျောင်းလုံးသိတော့မယ်...တော်​တော်ဖြစ်နေလားဟမ် ''

'' ပိုတောင်ကောင်းသေးတယ် ''

ပြောရင်း ကိုကို့အရှေ့ကို နည်းနည်းထပ်တိုးလိုက်တော့ နှစ်ယောက်သား အတော်လေး နီးနေပြီဖြစ်ကာ ကိုကို့လက်တို့က
ရှန်မင်းရင်ဘတ်တို့ကို တွန်းကန်ထားသည်။

'' မင်း ဘယ်လိုဖြစ်နေတာလဲ လူတွေကြည့်နေတယ်လေ ''

'' ကြည့်ကြည့်ပေါ့ မျက်စိပါလို့ကြည့်တာပဲဟာ ''

တစ်ခွန်းပြောတိုင်းထပ်တိုးလာသည်။

'' ရှန်ခက်..မင်း..မင်း..မရှက်ဘူးလား ''

'' ဘာလို့ရှက်ရမှာလဲ မောင်ဂရုစိုက်တာ ကိုကို့တစ်ယောက်တည်း ''

မောင်လို့ သူ့ကိုယ်သူ သုံးလိုက်သော ရှန်မင်းကြောင့် ကိုကို နေရာမှာတင် အရည်ပျော်ကျသွားချင်စိတ်တွေဖြစ်လာသည်။ ရှက်လွန်းလို့ ပါးကြီးမှာလည်း နီရဲကာ ပေါက်ထွက်တော့မည်။

ခေါင်းကြီးငုံ့ကာ ရှက် နေသူကြောင့် ရှန်မင်း အနောက်ပြန်ဆုတ်လိုက်ကာ ကိုကို့လက်နှစ်ဖက်ကို ဆွဲယူပြီး သူ့လက်တွေနဲ့ ဆုပ်ကိုင်လိုက်သည်။ အခုတော့ အဖြူရောင်ရှည်ရှည်သွယ်သွယ် လက်ချောင်းတို့ အချင်းချင်း ထပ်နေကြသည်။

ထိုအခါ ကိုကိုက ရှန်မင်းမျက်လုံးတွေရှေ့တည့်တည့်ကြည့်ကာ အံ့ဩနေသည်။ လူကြားထဲ သူ့လက်ကို ကိုင်လိုက်တာကြောင့်ဖြစ်သည်။

နောက် ကိုကို့မျက်ဝန်းတွေထဲ လေးလေးနက်နက်ကြည့်ကာ
ရှန်မင်း​က အသံကို လူတော်တော်များများကြားနိုင်သည့် မတိုးမကျယ်လေသံဖြင့်

'' ကိုကို့ ကိုချစ်တယ်... မောင့်ကို လက်ခံပေးပါနော် ''

အံ့ဩနေသော မျက်လုံးလေးမှာပိုပြူးသွားပြီး ပါးစပ်လေးတောင် အနည်းငယ်ဟသွားသည်။ လူကြားထဲ ရည်းစားစကားအပြောခံရလိမ့်မည်လို့တော့ မထင်ခဲ့တာအမှန်ပင်။

ကြောင်အနေသော ကိုကို့ အနားနားကပ်ကာ လေသံတိုးတိုးလေးနှင့် ရှန်မင်းထပ်ပြောသည်....

'' ကိုကိုငြင်းရင် မောင် အရှက်ကွဲပြီနော် ''

'' ခြိမ်းခြောက်နေတာလား ''

'' မဟုတ်ဘူးလေ ကိုကိုရာ ပြောပြတာပါ...''

''.....''

'' လက်ခံလိုက်ပါ​တော့ ကိုကိုရယ် မောင် တကယ်ချစ်တာ မယုံဘူးလားဟင် မောင်တကယ်လိမ္မာနေပါပြီ ''

အရှေ့တည့်တည့်ကလူကလည်းအကြပ်ကိုင်ကာ တိုက်တွန်းနေသလို အနောက်က လူအုပ်ထဲမှလည်း လက်ခံလိုက်ဆိုတာတွေ ပလုံစီကာ ထွက်လာသည်။

ငြင်းများအငြင်းခံလိုက်ရင် ရှန်မင်းခက်တို့....... အို...ကွယ်...

( ယူ တို့ဆိုရင်ရော လက်ခံမှာလား...)

10.5.2022

(Zawgyi)

'' ေမာင္လိုက္ပို႔မယ္လို႔ ''

'' မရဘူး ေမာင္ရာ တိုက္ခန္းျပန္ေတာ့ ဆရာတစ္ေယာက္တည္းေလ ''

မနက္ေစာေစာ ေက်ာင္းသြားဖို႔ အကၤ်ီ လဲဖို႔ လုပ္ေနတုန္း အတင္းလိုက္ပို႔မယ္လုပ္ေနေသာ ခြန္းကို တိုက္ခန္းဆီျပန္ဖို႔ ေျပာေနရသည္။ အခန္းမွာ ဆရာတစ္ေယာက္တည္းက်န္ခဲ့တာေလ...။

'' အဲ့တာဆို ေက်ာင္းမသြားနဲ႕ေတာ့... အိမ္မွာပဲေန ''

'' ေနေကာင္းေနပါၿပီ ေမာင္ရဲ႕..ၿပီးေတာ့ Practical က ပ်က္လို႔မရဘူးဗ် ''

'' ကိုယ္ႏြေးေနေသးတယ္ေလကြာ ''

'' ေမာင္ကလည္း မေသနိုင္ေသးပါဘူး ''

'' တိမ္တိုက္ !! အဲ့လိုမေျပာဖို႔ မွာထားတယ္ေလ ''

'' ဟာဗ်ာ ...ကိုယ္ေလးႏြေးတာကို ေမာင္ကိုက ပိုလြန္းတယ္.... ဒါ ဘယ္သူ႕ေၾကာင့္လဲ... ''

တိမ္တိုက္လည္းေျပာၿပီးေတာ့ ခြန္း ၿငိမ္သြားသည္။ တိမ္တိုက္ လြယ္အိတ္ထဲ စာအုပ္ေတြ ထည့္ေနရင္း အသံတိတ္သြားေသာ ခြန္းေၾကာင့္ အေနာက္ကိုလွည့္ၾကည့္ေတာ့ ကုတင္ေစာင္းတြင္ ထိုင္ကာ ေခါင္းႀကီးငုံ႕ၿပီး မ်က္ႏွာညွိုးေနသည္။

တိမ္တိုက္ လြယ္အိတ္ကို ေဘးနားအသာခ်ကာ ခြန္းေပါင္ေပၚ ေဘးတေစာင္းဝင္ထိုင္လိုက္ၿပီးလက္ႏွစ္ဖက္ကိုလည္း ခြန္း လည္ပင္းတို႔၌ တြဲခ်ိတ္ထားေစသည္။
ဝင္ထိုင္ လိုက္ေသာ တိမ္တိုက္ကို ခါးေလးမွ ကိုင္ထားကာ ခြန္းကအသာထိန္းေပးထားသည္။

ေနာက္ေတာ့ တိမ္တိုက္က ခြန္း၏ အညိုေရာင္ ညာဘက္ ပါးတစ္ဖက္ တစ္ခ်က္ဖိနမ္းလိုက္ၿပီး

'' ေက်ာင္းက မသြားလို႔မရဘူးေမာင္ရဲ႕ ခနခနပ်က္ရင္ အမွတ္ေလ်ာ့တယ္။ ဒီလိုလုပ္မလား.... တစ္နာရီတစ္ခါ ကြၽန္ေတာ္
မက္ေဆ့ခ်္ပို႔မယ္ေလ ဘာမွမျဖစ္ေစရဘူး စိတ္ခ်ေနာ္။ အခု တိုက္ခန္းကို ျပန္ၿပီး ဆရာနဲ႕ေနလိုက္ပါဦး။ ဘာပဲေျပာေျပာ ဆရာက တစ္ခါတေလ လာတာပဲဟာ ။ ေနာ္..... ေမာင္က လိမၼာပါတယ္ ''

''......''

'' ေနာ္..လို႔ ေနာ္ ေနာ္...''

အေမလး ခြၽဲေနပုံမ်ား......

'' ၿပီးေရာကြာ....''

'' ဟဲဟဲ ဒီလိုမွပါ့ မြ ''

ပါးကို ဖ်တ္ခနဲ နမ္းၿပီး ေပါင္ေပၚကဆင္းကာ ထည့္လက္စ စာအုပ္ေတြ သြားထည့္ေနသည္။ ခြန္းကေတာ့ လက္ထဲက လႊတ္ထြက္သြားေသာ ကိုယ္ေသးေသးေလးကို ႏွေျမာတသစြာ လိုက္ၾကည့္ေနတုန္း။

လိုခ်င္တာလည္းရေရာတန္းကိုထသြားေတာ့တာပဲ ကေတာက္စ္

တိမ္တိုက္ႀကိဳး တကယ္ခြၽဲရင္ ခြန္းမာနေမာင္ ႀကီး မေနနိုင္ပါ။ ဘာႀကီးပဲျဖစ္ေနပါေစ ခြန္း လိုက္ေလ်ာရတာခ်ည္းပါပဲ။ သို႔ေသာ္ တိမ္တိုက္က ခြၽဲ ခဲသည္။
အရမ္းႀကီး ခြၽဲႏြဲ႕ေနတာမ်ိဴးေတြ သိပ္မလုပ္ပဲ သူ႕ဘာသာ ေနသာသလိုသာ လုပ္သည္။

ခြန္းက တီတီတာတာေလးေတြ သေဘာက်တတ္ေသာ္လည္း တိမ္တိုက္ကေတာ့ တစ္ခုခု လိုမွသာ ဒါမွမဟုတ္ ခြန္း စိတ္ဆိုးေနသည့္အခ်ိန္မ်ားတြင္သာ ဒါမ်ိဳးေတြ လုပ္သည္။ ခြၽဲတာက တိမ္တိုက္၏ ေနာက္ဆုံးအဆင့္ျဖစ္ၿပီး ပထမအဆင့္ လက္နက္ကေတာ့ သြားတက္ေပၚေအာင္ရီျပျခင္းေပါ့

မ်က္လုံးဝိုင္းဝိုင္းႀကီးမ်ားပိတ္က်သြားသည့္အထိရီကာ သြားတက္ ေလးေပၚလာသည့္အခိုက္အတန႔္မ်ားသည္ ခြန္းအတြက္ မဟာက်ရႈံး ခန္းမ်ားျဖစ္သည္။

ခြန္းကို ကားဂိတ္တြင္ ခ်ေပးခဲ့ၿပီး တိမ္တိုက္ကို ေဒၚယုယၿမိဳင္ က ေက်ာင္းထိလိုက္ပို႔ေပးသည္။

'' သား...တိမ္တိုက္ ေမေမ့ကို ေျပာစရာမရွိဘူးလား..''

'' ဟမ္ ဘာကိုလဲ ခြန္မယ့္ ''

'' ဘာမွ မဟုတ္ေတာ့ပါဘူးကြယ္ ထားလိုက္ေတာ့ ''

ကားကိုေကြ႕ခ်လိဳက္ၿပီး ႐ူပေဗဒအေဆာင္ေရွ႕မွာ ရပ္ေပးလိုက္ေတာ့ ေဒၚယုယၿမိဳင္ ပါးတစ္ဖက္ကို ႐ႊတ္ခနဲ လွမ္းနမ္းလိုက္ၿပီး ကားေပၚကဆင္းသြားသည္။
ေဒၚယုယၿမိဳင္ကေတာ့ တိမ္တိုက္ေက်ာျပင္ကိုၾကည့္ကာ တစ္ခုခုကိုေလးေလးနက္နက္ေတြးေနသည္။

'' သားဘာေတြ လုပ္ေနတာလဲကြယ္...''

သက္ျပင္းတစ္ခ်က္ခ်ကာ ကားထဲ တစ္ေယာက္တည္း ေျပာေနမိသည္။

.................

တစ္ဖက္တြင္ ခြန္းကေတာ့ တိုက္ခန္း ေပၚကို မဝံ့မရဲေျခလွမ္းမ်ားကို အားျပဳရင္း တက္လာခဲ့သည္။ အခန္းထဲေရာက္ေတာ့ ထြဋ္ေခါင္က မဂၤလာေဆာင္သြားရန္ အဝတ္အစားလဲေနသည္။ မ်က္ႏွာမွာလည္း ဝမ္းနည္း ရိပ္ေတြျဖတ္သန္းေနသလို ညိုးေနသည္။

ညက အလုပ္ကိစၥေၾကာင့္ အျပင္မွာအိပ္ရမည္ဟုသာ ခြန္းက ေျပာသည္။ ဘာအလုပ္ကိစၥလဲဆိုတာေတာ့ ထြဋ္ေခါင္ခုထိမသိေသးေခ်။

'' ဆရာ သြားေတာ့မွာလား ကြၽန္ေတာ္ လိုက္ပို႔ရမလား ''

'' အင္း ညီလိုက္ခဲ့ရင္ေတာ့ အေဖာ္ရတာေပါ့ ။ အားမွ လိုက္ခဲ့ပါ မအားရင္ ကို႔ဘာသာပဲသြားလိုက္မယ္ ''

ထြဋ္ေခါင္စကားကို ေစာင္းသလိုလို ႐ြဲ႕သလိုလိုလုပ္ေျပာေနသည္။

တစ္ခါတေလ မွလာတဲ့ သူ႕လိုလူကို ပစ္ထားရေလာက္ေအာင္ ဘာအလုပ္ကိစၥက ဒီေလာက္အေရးႀကီးေနမွန္းသိခ်င္သည္။

'' ကြၽန္ေတာ္လိုက္ခဲ့မယ္ ဆရာ။ ဒါဆိုေရခ်ိဴးလိုက္ဦးမယ္ ''

ခြန္းေရခ်ိဴးၿပီး ျပန္ထြက္လာေတာ့ ကုတင္ေပၚတြင္ အကၤ်ီ ႏွင့္ ပုဆိုးက အဆင္သင့္ရွိေနသည္။

'' ကိုယ္ယူလာတာ ညီ လိုက္ရင္ ဝတ္လို႔ရေအာင္ ''

အေရာင္ ခပ္ဆင္ဆင္ ပုဆိုးေၾကာင့္ ခြန္းနည္းနည္း စိတ္မသက္သာေသာ္လည္း ထြဋ္ေခါင္ျဖစ္ေနသည္မို႔ ဒီတိုင္းပဲ ေကာက္လဲလိုက္ေတာ့သည္။

အစကတည္းက ေခၚသြားရန္ရည္႐ြယ္ၿပီး ယူလာခဲ့တာျဖစ္လိမ့္မည္။ဘာလို႔ဆို အကၤ်ီ ဆိုဒ္က ခြန္းနဲ႕ ကြက္တိကိုး။

'' ညီ့အလုပ္က ဘာအလုပ္လဲ...ဟိုတခါက အလုပ္ကိစၥဆိုတာကလည္းဒီတခါဟာနဲ႕ အတူတူပဲလား... ''

'' ဟို အင္း...ဟုတ္တယ္...private ေက်ာင္းတစ္ခုမွာ ညဘက္ ဆယ္တန္း ေတြကို ဂိုက္ဝင္ေပးေနတာ အာ့ေၾကာင့္ မေန႕က ေနာက္က်သြားတာနဲ႕ အဲ့မွာပဲ အိပ္လိုက္တာ ''

'' ကိုယ္ေပးတဲ့အသုံးစရိတ္မေလာက္လို႔လား...ညီ ''

'' မဟုတ္ဘူးဆရာ.. ေလာက္ပါတယ္ .ကြၽန္ေတာ္ အေတြ႕အႀကဳံလိုခ်င္လို႔ပါ ''

'' အင္းပါ အင္းပါ ညီၿပီးရင္သြားရေအာင္ေလ ''

ထိုမွ ႏွစ္ေယာက္သား တကၥ္စီငွားကာ မဂၤလာ ခန္းမရွိရာသို႔ထြက္ခဲ့ၾကသည္။ ကားေပၚတြင္ ႏွစ္ေယာက္စလုံး စကားမေျပာျဖစ္ၾကေပ။

ထြဋ္ေခါင္ကိုဖြင့္ေျပာရန္ စီစဥ္ထားေသာ္လည္း ယခုအခ်ိန္က အခ်ိန္ေကာင္းမဟုတ္ေသး ဘူး ဆိုတာ ခြန္းေကာင္းေကာင္းသိသည္။ မေျပာျပပဲေတာ့ ေနမည္မဟုတ္ ေျပာကိုေျပာျပရလိမ့္မည္။ ဘာလို႔ဆို ထြဋ္ေခါင္ ဆိုတာ သူ႕ရဲ႕ ဆရာလည္းျဖစ္သလို အကိုလိုေရာ အေဖ လိုပါ ျဖစ္ေနေသာ သူတစ္ေယာက္ျဖစ္သည့္အတြက္ သူနဲ႕ပတ္သက္သည့္ကိစၥအားလုံးကို သိထားသင့္သည္။

တိမ္တိုက္ကေတာ့ ေျပာစကား အတိုင္းပင္ တစ္နာရီ တစ္ခါ သူအဆင္ေျပေၾကာင္း မက္ေဆ့ခ်္ပို႔သည္။ အသည္းယားစရာ အီမိုဂ်ီ ေလးေတြေၾကာင့္ ခြန္းမွာ ၿပဳံးရျပန္သည္။

ဒီတိမ္တိုက္ေလးမ်ား ၾကည္လင္ေနရင္ သူ႕ရာသီဥတုေလးမွာ...သာယာ....လို႔....

နာရီျခားကာ ဖုန္းၾကည့္ရင္း ၿပဳံးၿပဳံးေနေသာ ခြန္းကို ထြဋ္ေခါင္ေသခ်ာစူးစမ္းေနသည္။ အရယ္အၿပဳံး သိပ္မရွိေလေသာ ခြန္းမွာ ဘာေတြမ်ားေျပာင္းလဲေနလို႔ အၿပဳံးေတြေဖာေဖာသီသီ ျဖစ္ေနရတာလဲ....

ဘာေၾကာင့္မွန္းမသိေပမယ့္လည္း ဒီလို အၿမဲၿပဳံးေနတာေတြ႕ရေတာ့လည္း တစ္မ်ိဴးစိတ္ခ်မ္းသာရျပန္သည္။ သူ႕ေၾကာင့္ၿပဳံးေနတာမ်ိဴးမဟုတ္သည့္တိုင္ေပါ့။

လြန္ခဲ့သည့္ ၇နှစ်တုန်းက ခြန္းကို ျပန္ျမင္ေယာင္ရင္း ဒီလိုျမင္ရျပန္ေတာ့လည္း အေတာ္ေလးစိတ္သက္သာရာရသည္။ အ႐ြယ္ႏွင့္မလိုက္ေအာင္ရခဲ့ေသာ စိတ္ဒဏ္ရာမွာ ေသးေသးေလးမဟုတ္ခဲ့ေပ။

'' ညီ ဟိုဟာက ေပ်ာက္သြားၿပီလား ဆက္ျဖစ္ေနတုန္းလား ''

မဂၤလာ ေဆာင္မွျပန္လာသည့္လမ္းတြင္ ထြဋ္ေခါင္ ေမးသည္။ ခြန္း၏ trauma အေၾကာင္းေမးျခင္းပင္။ အခ်ိန္ၾကာရင္ ေပ်ာက္သြားလိမ့္မည္ဟုထင္ထားေသာ္လည္း ထင္ထားသလိုျဖစ္မလာခဲ့ေပ။

'' မေပ်ာက္ေသးဘူးဆရာ အရင္တိုင္းပဲ.. ''

'' ကိုယ္တို႔ ေနာက္တစ္ေခါက္ ေလာက္ ေဆးခန္းထပ္သြားျပၾကည့္မလား ''

'' ရပါတယ္ဆရာ..ဒီ ဒဏ္ရာ က ေသရာပါ သြားၿပီ ထင္ပါရဲ႕... ''

ကားျပတင္းမွန္ကို ျဖတ္ကာ အျပင္က ေပ်ာ္႐ႊင္စြာသြားလာေနေသာ မိသားစုတစ္စုကို ၾကည့္ရင္း ေျပာသည္။

လြန္ခဲ့သည့္ ၇နှစ် ကခြန္းေလးတစ္ေယာက္ မိဘေတြစြန႔္ပစ္သြားၿပီးေနာက္တြင္ ထြဋ္ေခါင္အိမ္သို႔ေရာက္လာခဲ့သည္။ ေနသားတက်ျဖစ္ခ်ိန္တြင္ ေက်ာင္းျပန္တက္ေစသည့္ ပထမဆုံးေန႕မွာပင္... စပ္စုသလို ႏွင့္ တစ္ေယာက္တစ္ခြန္းလာေမးေသာ ေက်ာင္းသားမ်ားၾကားတြင္ ခြန္းတစ္ေယာက္ ေခြၽးေစးမ်ားျပန္ကာေမ့လဲက်သြားသည္။ အခ်ိန္မွီေဆး႐ုံတင္နိုင္ခဲ့၍ ကံေကာင္းခဲ့ေပသည္။

ဒုတိယတစ္ခါ....... ထြဋ္ေခါင္၏ က်ဴရွင္ဝိုင္းတြင္ျဖစ္သည္။
ထြဋ္ေခါင္ရွိေန၍ လာေမမးရဲၾကေသာ ေက်ာင္းသားမ်ားသည္ ခြန္းကိုၾကည့္ကာ သူတို႔အခ်င္းခ်င္းတီးတိုးေျပာဆိုေနသည့္အလယ္တြင္ ခြန္းတစ္ေယာက္ ေမ့ေျမာသြားျပန္သည္။

တတိယတစ္ခါ...... စာေမးပြဲၿပီးေတာ့ ခြန္းႏွင့္စိုင္းမင္းႏြယ္တို႔ကို ထြဋ္ေခါင္က ကစားကြင္းလိုက္ပို႔ေပးသည္။ ကစားကြင္းကအျပန္ လူရႈပ္ေနေသာ ကားဂိတ္သို႔ လမ္းျဖတ္ကူးရာတြင္ ခြန္းတစ္ေယာက္တည္း အေနာက္မွာျပတ္က်န္ခဲ့ကာ အရွိန္ႏွင့္ေမာင္းလာေသာ ကားတစ္စီးႏွင့္ ခြန္း တိုက္မိမလိုျဖစ္သြားတာေၾကာင့္ လူေတြ လႈပ္လႈပ္႐ြ႐ြ ျဖစ္ကုန္သည္။ ကားေၾကာင့္ လန႔္သြား႐ုံသာရွိေသာ ခြန္းကို ထြဋ္ေခါင္သြားေခၚလာေသာအခါ ကားဂိတ္တြင္လူမ်ားက ခြန္းအားၾကည့္ကာ အတင္းေျပာေနၾကျပန္သည္။ ထိုအခါ၌လည္း ပတ္ဝန္းက်င္ ၏အာ႐ုံစိုက္မႈဒဏ္မခံနိုင္ေသာ ခြန္းမွာ ကားဂိတ္တြင္ ထပ္မံ လဲက်သြားျပန္သည္။

သည္လိုျဖစ္သည္မွာ တစ္ႀကိမ္ႏွစ္ႀကိမ္ မကျဖစ္လာေသာအခါ ခြန္းကို ေဆး႐ုံျပဖို႔လိုလာသည္မို႔ ျပခဲ့ရသည္။ သို႔ေသာ္ ဘာခ်ိဴ႕ယြင္းခ်က္မွ ရွိမေနပဲ အကုန္ပုံမွန္ျဖစ္ေနသည္။ ထို႔ေနာက္ ဆရာဝန္၏ အႀကံေပးခ်က္အတိုင္း စိတ္အထူးကု
ႏွင့္ ျပၾကည့္ရန္ စီစဥ္သည္။

သီးသန႔္ဖြင့္ထားေသာ ေဆးခန္းမို႔ privacyမွာ စိတ္ခ်ရသည္။ စိတ္အထူးကုေဆးခန္းမွန္းမသိေသာ ခြန္းမွာ ဆရာဝန္ႏွင့္ေတြ႕မွ သူဘာေဆးခန္းေရာက္ေနသည္ဆိုတာကိုရိပ္မိၿပီး ထေသာင္းက်န္းေသးသည္။

ထို႔ေနာက္ မနည္းေခ်ာ့ေမာ့ေျပာေတာ့မွ ဆရာဝန္ႏွင့္ ေသေသခ်ာခ်ာ ကုရန္ သေဘာတူညီမႈရခဲ့သည္။

မိဘေတြစြန႔္ပစ္သြားသည့္ေန႕မွစကာ အရယ္အၿပဳံးလုံးလုံး မရွိေတာ့သည့္အျပင္ ေဒါသႀကီးကာ စိတ္မရွည္ပဲ စိတ္ဆတ္လြယ္လာသည္။ ဤသည္မွာ တစ္ရက္ႏွစ္ရက္မဟုတ္ပဲ တစ္လႏွစ္လသို႔ ရက္ရွည္စြာျဖစ္ေနသည္။ ထိုလကၡဏာ ကိုသုံးသပ္ၿပီးခ်ိန္တြင္ ဆရာဝန္က ခြန္းဟာ Delight Deficiency Disorders (ေပ်ာ္႐ႊင္မႈခ်ိဴ႕တဲ့သည့္ေရာဂါ ) ခံစားေနရသည္ဟုေျပာလာသည္။ ခြန္း၏ ေျပာျပေသာ သူ႕ရဲ႕ ခံစားခ်က္မ်ားအရ ခြန္းဟာ ပတ္ဝန္းက်င္၏ အာ႐ုံစိုက္မႈဒဏ္ကိုမခံနိုင္ေသာ စိတ္ဒဏ္ရာ ရခဲ့သည္။

တူညီေသာ အေျခအေနႏွင့္ အေနအထားမ်ားႀကဳံလာခဲ့လွ်င္ ခြန္းကို အတိတ္က ျဖစ္ရပ္တို႔က ျပန္ဆြဲေခၚ သြားကာ နာက်င္ေစသည္။

စိတ္က်ေရာဂါျဖစ္နိုင္ေခ်အမ်ားႀကီးၾကားတြင္ ထြဋ္ေခါင္၏ ျပန္လည္ေဖးမမႈမ်ားေၾကာင့္ ခြန္း သက္သာခဲ့ရသည္။ ေရာဂါေတြအမ်ားႀကီးၾကားတြင္ ကုရအခက္အခဲဆုံးမွာ စိတ္ေရာဂါလည္း အပါအဝင္မလား။

စိတ္ေရာဂါအမ်ားစုမွာ အရွင္းေပ်ာက္သြားသည္ဆိုတာ မရွိပဲ ဆရာဝန္ ႏွင့္ ေသာက္ေဆးအကူအညီနဲ႕ပဲ ထိန္းထားလို႔ရသည္။ အပတ္တိုင္း ခြန္း ေဆးခန္းျပကာ ဆရာဝန္ႏွင့္ ေသခ်ာေဆြးႏြေးတိုင္ပင္ခဲ့သည္။

ေက်ာင္းကိုလည္း တျခားေက်ာင္းသို႔ေျပာင္းထားခဲ့သည္။ ဆရာဝန္ၫႊန္ၾကားသည္မ်ားကို ေသခ်ာလိုက္နာရင္း လအနည္းငယ္ၾကာတြင္ ခြန္း အေတာ္ေလး သက္သာလာၿပီျဖစ္သည္။ အရင္ကေလာက္ ေဒါသမႀကီးေတာ့သလို စိတ္လည္းနည္းနည္းရွည္လာသည္။လူမ်ားၾကားအာ႐ုံစိုက္ခံရလွ်င္လည္း အရင္လို ေမ့လဲတာမ်ိဴးမျဖစ္ေတာ့ပဲ ေခြၽးေစးျပန္ကာ ေနရထိုင္ရခက္တာေလာက္ပဲျဖစ္ေတာ့သည္။

ထြဋ္ေခါင္၏ ေသခ်ာ ျပဳစုဂ႐ုစိုက္မႈမ်ားေၾကာင့္ ေက်ာင္းစာကိုလည္းခြန္း သာမန္လူေတြထက္ လိုက္နိုင္လာကာ ထူးခြၽန္လာခဲ့သည္။ ဆယ္တန္းၿပီးသည့္အခ်ိန္တြင္ စိတ္ေဆးေတြမလိုေတာ့ေလာက္ေအာင္ခြန္းဟာ ပုံမွန္ျဖစ္လာခဲ့သည္။

သို႔ေသာ္ ပတ္ဝန္းက်င္ ၏ အာ႐ုံစိုက္မႈကိုေတာ့ လုံးဝမခံနိုင္ေသးေခ်။
ဒါ့ေၾကာင့္ သူငယ္ခ်င္း လည္းမထားပဲ ခြန္းဟာ တစ္သီးတသန့္ေနခဲ့တာျဖစ္သည္။တကၠသိုလ္ပထမႏွစ္စတက္ခ်ိန္တြင္လည္း ထူးျခားေသာ သူ၏ ႐ုပ္ရည္ သြင္ျပင္ေၾကာင့္ လူမ်ားအာ႐ုံစိုက္တာခံခဲ့ရျပန္သည္။

ဆရာမမ်ားႏွင့္အတန္းေဖာ္တို႔၏ ဖိအားမ်ားေၾကာင့္ King Selection ထဲတြင္ပါဝင္ခဲ့ၿပီး The Whole King ရခဲ့သည္။ ထိုအခ်ိန္မ်ားသည္ ခြန္း၏ ခက္ခဲခဲ့ေသာကာလမ်ားျဖစ္သည္။ ထိုခက္ခဲေသာ အခ်ိန္မ်ားတြင္ ခြန္းအနား ရွိေနေပးသူက ဆူးအမရာႏြယ္ ဟုေခၚေသာ မိန္းမပ်ိဴေလး တစ္ဦးသာ။ ထိုအမ်ိဴးသမီးက သူ႕အား ပတ္ဝန္းက်င္၏ အာ႐ုံစိုက္မႈဒဏ္မွ သက္သာေအာင္ ကူညီေပးခဲ့ေသာ တစ္ဦးတည္းေသာသူျဖစ္ခဲ့သည္။ ထို႔ေၾကာင့္လည္း ခြန္းဟာ အမရာ့ကို ေသမေလာက္ စြဲလမ္းခဲ့ရတာလည္းျဖစ္နိုင္သည္။

ေဆးေသာက္စရာမလိုေတာ့ေလာက္ေအာင္ အမရာ့အကူအညီႏွင့္ ခြန္းဟာ သာမန္လူလိုျဖစ္လာခဲ့ရသည္။ သို႔ေသာ္ သိပ္မၾကာလိုက္ေပ။ အမရာ ထြက္သြားခ်ိန္တြင္ တည္ၿငိမ္ေနေသာ ခြန္းမွာ ၿငိမ္သက္ေနေသာ ေရျပင္ေပၚ ခဲလုံးတစ္လုံးပစ္ခ်လိဳက္သလို အရာရာဟာ ရႈပ္ေထြးလႈပ္ခတ္ကုန္သည္။

ထို႔ေၾကာင့္ထိုႏွစ္က ခြန္းကို ေဆး႐ုံထပ္ျပခဲ့ရျပန္သည္။ ႏွစ္လေလာက္ျပၿပီးသည့္အခါတြင္ေတာ့ ခြန္းဟာ အရင္ကထက္ပိုတည္ၿငိမ္ကာ ရင့္က်က္လာခဲ့ရာမွ ဒုတိယႏွစ္ Second sem မွစ၍ ခြန္းဟာ စိတ္ေဆးေတြကို လုံးဝျဖတ္ခ်လိဳက္ၿပီး သူ႕ဘာသာ အဆင္ေျပေအာင္ ႀကိဳးစားၿပီး ခုထိ ေနထိုင္ခဲ့သည္။

လူအမ်ားအာ႐ုံစိုက္ခံရမည့္အလုပ္ေတြဆို သူေရွာင္ကာ  သူ႕ဘာသာ သူေနျဖစ္သည္။
လိုအပ္မွသာ ၿပဳံးျဖစ္တာမို႔ ခြန္းအၿပဳံးဟာ ေ႐ႊထက္ရွားခဲ့သည္။

အခုေတာ့ သူ႕ဘဝထဲ တိမ္တိုက္ႀကိဳးေလး ဝင္လာသည့္အခ်ိန္မွစကာ ခြန္း၏အၿပဳံးတို႔ တဖန္ ထပ္မံေတာက္ပလာခဲ့ျပန္သည္။ အရာရာကိုေမ့ထားနိုင္ေလာက္ေအာင္ တိမ္တိုက္က ဆြဲေဆာင္နိုင္လြန္းခဲ့သည္။ အထူးသျဖင့္ သူ႕ရဲ႕ အသက္ သြားတက္ေလးေတြနဲ႕ေပါ့။

ဒီသြားတက္ေလးေတြက သူ႕ရဲ႕ စိတ္ေျဖေဆးတစ္ခုလိုပင္။

ခ်စ္ျခင္းတရားေတြေၾကာင့္ျဖစ္ပါလိမ့္မယ္...
မင္းအၿပဳံးေတြက ခြန္အားေတြျဖစ္လာခဲ့တယ္....
အေမှာင်ကောင်းကင်ယံမှာ မင္းဟာ ေမာင့္ရဲ႕တစ္ခုတည္းေသာ သီးသန့္တိမ္တိုက္ေလးပါ....

.......................

တိမ္ေတြမရွိတဲ့ ဒီေကာင္းကင္ႀကီးက ဒီေန႕မွ ပိုက်ယ္ေနသည္။ အရာရာဟာ အျပာေရာင္ မ်က္စိတစ္ဆုံး။

အျပာေရာင္ေကာင္းကင္ႀကီးေအာက္တြင္ စူပုတ္ေနေသာ ေကာင္ေလးတစ္ေယာက္ရွိေနေသးသည္။ က်ယ္ဝန္းလွေသာ
ဒဂုံေက်ာင္းဝင္းထဲတြင္ အေဆာင္ႏွင့္ ကန္တင္းသာသြားတတ္သူမို႔ သူ႕မွာ ေထြေထြထူးထူးသြားစရာေနရာ ရွိမေန။

ခ်စ္တယ္ေျပာၿပီး ကိုယ္မႀကိဳက္တာေတြပဲလုပ္ေနေသာ လူသားေၾကာင့္ ၾကာရင္ အသက္တိုရလိမ့္မည္။

စိတ္ဆိုးဆိုးႏွင့္ ထြက္သြားပါသည္ဆိုမွ ရွမ္းျပည္ထိ လိုက္လာေသာရွန္မင္းခက္။ ေရွ႕တိုးမသာ ေနာက္ဆုတ္ရခက္အေျခအေနတြင္ မိဘေတြနဲ႕ပါ သူက ဝင္လုံးသြားေသးသည္။

ရန္ကုန္ျပန္ေရာက္ေတာ့လည္း ပုန္းစရာေနရာမရွိေအာင္ကို အၿမဲရွာေနတတ္ျပန္ သည္။ အနားတြင္လည္းေတာက္တဲ့လိုကပ္ကာ ေတာင္းပန္သည့္စကားကို ဘယ္ႏွခါေတာင္ နားေထာင္လိုက္ရလဲမသိေတာ့ေပ။

အခ်ိန္မွန္မွန္ ဖုန္းဆက္ကာ အခ်ိန္မွန္မွန္ လာေတြ႕တတ္ေသးသည္။ ဆိုင္က အေဒၚနဲ႕ေတာင္ အေတာ္ေလး ရင္းႏွီးေနၿပီး ကိုယ္က တူအရင္းလား သူက တူအရင္းလာေတာင္ မသိေတာ့ေပ။

အရင္ကလိုေတာ့ မသြားခ်င္သည့္ေနရာေတြကို အတင္းမေခၚေတာ့ေပ။ တစ္ခုခုဆို အၿမဲအေလ်ာ့ေပးလာသည္။ သည္းခံေပးလာသည္။ အရင္က ရွန္မင္းခက္နဲ႕ နည္းနည္းကြာျခားလာသည္ကို ကိုကိုတစ္ေယာက္ ေသခ်ာေလး သတိျပဳမိသည္။

အရႈပ္အရွင္းေတြလည္းဘာမွမၾကားရေတာ့ပဲ။ ရွန္မင္းတစ္ေယာက္ ကိုကို႔ဆီမွာ ေျခၿငိမ္ေနကာ ကိုကို႔ဆီက အမွတ္ျပည့္ရေအာင္ ႀကိဳးစားေနသည္။

ကိုကိုကလည္း ပထမက ယတိျပတ္ျငင္းေနေသာ္လည္း ဇြဲမေလ်ာ့ေသာ ရွန္မင္းေၾကာင့္ တျဖည္းျဖည္း စိတ္ကေပ်ာ့လာကာ ေလ့လာေနရသည္။

မ်က္စိမွိတ္ယုံလိုက္ဖို႔ေကာင္းသည့္လူထဲတြင္ ရွန္မင္းခက္မပါဘူး မဟုတ္လား။

အခုေတာ့ ပေလးဘြိုင္း ႀကီးကို ကိုကိုတစ္ေယာက္ ျပန္ပေလးေနရွာၿပီမို႔  ရွန္မင္းကေတာ့ အလူးလူးအလဲလဲ ပင္။

စိတ္ေကာက္သည္ဟုဆိုကာ ညလုံးေပါက္အိပ္မရေအာင္ တႏုံ႕ႏုံ႕ခံစားခိုင္းသည္။ တခါတေလ တစ္ရက္လုံး အေတြ႕မခံပဲ ေရွာင္ေျပးေနတတ္သည္။ ၿပီးေတာ့ အတိတ္က အေၾကာင္းတို႔ကိုပါ ျပန္ျပန္ေဖာ္ၿပီး စကားနာလည္းထိုးတတ္ပါေသးသည္။

ရွန္မင္းတစ္ေယာက္ သူလုပ္ခဲ့သမွ် အတိုင္း ကိုကို႔ဆီတြင္ ရွယ္ပလန္နဲ႕ကို ဝဋ္ေႂကြးျပန္ ဆပ္ေနရေလၿပီ။

သို႔ေသာ္ ေစာမဟာေသြးကေတာ့ခုထိ မီးစိမ္းမျပေသးေခ်။

ဟိုတေန႕ညကလည္း Lap top ျဖင့္ Video call ေျပာေနရင္း ဖုန္းလာ၍ ခနဟုေျပာကာ ကိုကို႔ေရွ႕တြင္ ဖုန္းေျပာၿပီးၿပီးခ်င္း ကိုကို႔ကို တစ္ခြန္းတစ္ပါဒ မွ မေျပာပဲ ဒီတိုင္းထြက္သြားသည္။ ကိုကို႔မွာ ဘာလုပ္ရမွန္းမသိ သူ႕ကိုပဲေစာင့္ရမလို ပိတ္ပဲပိတ္လိုက္ရမလိုျဖစ္ေနသည္။ ထိုညက ကိုကို႔ ကို ဂီတာတီး ကာသီခ်င္းဆိုျပမည္ဟုကတိေပးခဲ့ ျခင္းျဖစ္သည္။

နာရီ ဝက္ေလာက္ေစာင့္ၿပီးခ်ိန္တြင္ ျပန္မလာသျဖင့္ ပိတ္ကာ အိပ္လိုက္သည္။ မနက္က်ေတာ့ ေဆး႐ုံတက္ေနရေသာ အေဒၚ့သူငယ္ခ်င္း လူနာသတင္းသြားေမးတာကို အေဖာ္လိုက္သြားေပးရင္း ေဆး႐ုံ ေကာင္တာနားတြင္ အဲ့သည့္က reception ေကာင္မေလးေတြႏွင့္ ရယ္ကာၿပဳံးကာျဖင့္ ပလူးပလဲ လုပ္ေနေသာ ရွန္မင္းကို ေသခ်ာေတြ႕လိုက္ရသည္။

ထပ္မရႈပ္ဖို႔ေသခ်ာမွာထားသည္ကို ဒင္းက ေဆး႐ုံက ဝန္ထမ္းေတာင္မခ်န္ ဖြန္ေၾကာင္ေနသည္။ ကိုကိုတစ္ေယာက္ ေဒါသေတြ တလိပ္လိပ္တက္ကာ စိတ္ဆိုးလြန္း၍ ေက်ာင္းေတာင္မသြားျဖစ္ေပ။ သို႔ေသာ္ ေန႕လည္အထိ ရွန္မင္းဆီမွ ဘာဖုန္းမွ မလာေသးေပ။ ထြက္ေနေသာေဒါသတို႔က ေတာ္ေတာ္ႏွင့္ျပန္ဝင္နိုင္ေခ်မရွိေတာ့။

ခ်စ္တယ္ေျပာကာ ကတိေတြအထပ္ထပ္ေပးရင္း လူကို ပစ္ထားသည္။ လုံးဝသည္းမခံနိုင္ေတာ့သည္မို႔ ဖုန္းဆက္ကာ ရန္ေတြ႕ဖို႔ဆုံးျဖတ္လိုက္သည္။ သို႔ေသာ္ ဖုန္းက ဝင္သည္မကိုင္ေပ။ တစ္ခါ ႏွစ္ခါ မက ေခၚသည္ မဝင္။ ထို႔ေၾကာင့္ စိတ္ဆိုးေနရင္းနဲ႕ပဲ ဝမ္းနည္းစိတ္ေတြဝင္လာျပန္သည္။

ဘာေၾကာင့္လဲ... သူ႕ကိုဘာလို႔တန္ဖိုးမထားရတာလဲ ဟုဆိုကာ ေတြးရင္း မ်က္ရည္ေတြက်သည္အထိ ဝမ္းနည္းခဲ့ရသည္။

သူ႕ေၾကာင့္ေျပာင္းလဲေနေသာ ရွန္မင္းကို အရင္ကထက္ အခ်စ္ပိုေနမိေသာ္လည္း ဘယ္ေသာအခါမွ ထုတ္မျပခဲ့ေပ။ တိတိက်က် ေျပာရမည္ဆိုလွ်င္ ရွန္မင္းကို ခ်စ္သည္ သို႔ေသာ္ ယုံၾကည္ေပးဖို႔ရာ မတတ္နိုင္ေသးေသာ အေျခအေနျဖစ္သည္။ ဘဝတြင္ ပထမဦးဆုံး ႀကဳံဖူးသည့္အခ်စ္မို႔ နာက်င္ရမွာလည္းေၾကာက္ေနမိသည္။

ညေနေစာင္းေတာ့ ရွန္မင္းဖုန္းျပန္ဆက္သည္။ သို႔ေသာ္ မကိုင္လိုက္။ အဲ့သည့္အခ်ိန္ကိုင္လိုက္လွ်င္ ငိုသံႀကီးႏွင့္စကားေျပာရမည္ျဖစ္သည္။ စိတ္ထိခိုက္လြယ္ေနခ်ိန္တြင္ ရွန္မင္းအသံၾကားရလွ်င္ ပိုငိုမိမွာမို႔ပင္။ ရွန္မင္းကေတာ့ မကိုင္မခ်င္းကိုေခၚ ေနခဲ့တာပင္။

ညေရာက္သည္အထိမနား။ တျဖည္းျဖည္း သနားလာ၍ ေနာက္ဆုံးကိုင္လိုက္ေတာ့

'' ဘာကိစၥလဲ ''

'' စိတ္ဆိုးေနတာလားဟင္ ညက အေရးႀကီးသြားလို႔ပါ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ေနာ္ ဖုန္းကလည္း က်န္ခဲ့တာ။ ''

'' အဲ့ေတာ့....''

'' ညက တိမ္တိုက္ႀကိဳး ေရခ်ိဴးခန္း ထဲမွာ ေမ့လဲက်ၿပီးေသမလိုျဖစ္ေနတာ သူ႕အေမ တစ္ေယာက္တည္း မနိုင္လို႔ ကြၽန္ေတာ့္ကိုလွမ္းေခၚတာ။ သူတို႔က သားအမိႏွစ္ေယာက္ တည္းေနတာေလ။ သူ႕သားက ေခၚမရေတာ့ သူလည္းေတာ္ေတာ္ျပာသြားတာ ။ ကြၽန္ေတာ္ဟိုေရာက္ေတာ့ ဟိုေကာင္က ေသေတာ့မယ့္မသာလိုပဲ...သူ႕အေမကလည္း သားေဇာ္နဲ႕ဘာမွကို မျမင္ပဲ အဝတ္အစားေတြေတာင္လဲေပးေနတာ ။ သနားပါတယ္ကိုကိုရယ္ သိလား။ သူ႕မွာ အားကိုးစရာဆိုလို႔အနီးအနားမွာ ကြၽန္ေတာ္ပဲရွိတာ။ အာ့နဲ႕ ေဆး႐ုံကိုလိုက္ပို႔ေပးၿပီး ညေနကမွ ေဆး႐ုံကေနျပန္လာတာ ေရာက္ေရာက္ခ်င္း ကိုကို႔ကို ဖုန္းေခၚ တယ္ မကိုင္ဘူး ''

ရွန္မင္းတစ္ေယာက္ ကရားေရလႊတ္ သလို ဆက္တိုက္ရွင္းျပေနသည္။

'' ဪ တိမ္တိုက္ ကို ေဆး႐ုံလိုက္ပို႔တာလား ငါက reception ကေကာင္မေလးေတြနဲ႕ ဇာတ္လမ္းမ်ားသြားဆင္သလားလို႔ေလ ''

'' ဗ်ာ ဘာကို..''

'' မသိဘူးေလ မင္းက သူငယ္ခ်င္း ကို ေဆး႐ုံလိုက္ပို႔တဲ့႐ုပ္မေပါက္ပဲ ေကာင္မေလးေတြ တ႐ုန္း႐ုန္း နဲ႕ ရီလိုက္ေမာလိုက္ျဖစ္ေနတာပဲ ငါေတြ႕တယ္ ''

'' ဟမ္ ကိုကို ေဆး႐ုံလာေသးတာလား ''

'' အဲ့တာငါ့ကိစၥပါ ။ မင္းသာ ဘုရားလည္းဖူး လိပ္ဥလည္းတူးလုပ္ေနတာ။ ငါကေတာ့ မင္းေျပာင္းလဲသြားၿပီထင္ေနတာ မင္းကေတာ့ ဒုံရင္းကဒုံရင္းပဲ ေရာက္ေလရာ အရပ္ဖြန္ေၾကာင္တယ္။ ဟိုဟာမေလးေတြကလည္း မိန္းကေလးေတြျဖစ္ၿပီး လူျမင္ကြင္းမွာ ေယာက်ာ္း ေလးတစ္ေယာက္ကို ရိုက္လားပုတ္လားနဲ႕..''

ကိုကို စိတ္ဆိုးဆိုးနဲ႕ ရွန္မင္းကို ရန္ေတြ႕ေနသည္။ ကိုကိုရန္ေတြ႕ေနပုံမွ မေက်နပ္လို႔မဟုတ္ပဲ ရစ္ကာ သက္သက္ ေကာက္ခ်င္လို႔ ရန္ေတြ႕ေနပုံေပါက္ေနသည္။

'' ခနေလး ကိုကို ကြၽန္ေတာ့္ကို သဝန္တိုေနတာလား...''

'' ခ်ီးမို႔ သဝန္တိုရမွာလား။ ေတာ္ေတာ္ရွန္ခက္ မင္းကို ငါျငင္းတယ္ ။ငါ့ကို လိုက္မႏွောင့္ယွက္ပဲ ကိုယ့္ဘာသာေနေတာ့ ဒါပဲ ''

ဒီလေတြ အတြင္း ကိုကို႔ ဆီမွ ' မင္းကို ျငင္းတယ္ ' ဆိုသည့္စကားကို အခါေပါင္းမ်ားစြာ ၾကားခဲ့ရသည္။ သိပ္ကို ျငင္းျငင္းနိုင္လြန္းေသာ ကိုကိုေပါက္စေလးျဖစ္သည္။ ျငင္းတိုင္းသာ ျပန္လွည့္ရေၾကးဆို ဒီအေျခအေနအထိ ေရာက္လာမွာ မဟုတ္ေပ။

ကိုကို ခ်စ္သည္ကို သိသည္။..ခံစားမိသည္။ တစ္ခါတခါ သူကိုယ္တိုင္ေတာင္ သတိမထားမိပဲ ကိုကို႔အခ်စ္ေတြက ရွန္မင္းအေပၚ သက္ေရာက္ေစခဲ့သည္။ သို႔ေသာ္ ကိုကိုေၾကာက္ေနတာကိုလည္း သတိထားမိပါသည္။ မတတ္နိုင္ေပ ကိုယ့္ေၾကာင့္ျဖစ္ေပၚလာေသာ အေၾကာက္တရားကို ကိုယ္ကိုယ္တိုင္ကပဲ ျပန္ေခ်ဖ်က္ေပးရလိမ့္မည္။

စိတ္ေကာက္သြားသည့္ မေတာ္ရေသးေသာ ခ်စ္သူေလးကို ေခ်ာ့ရန္ အသန့္ျပန့္ဆုံးႏွင့္ စတိုင္လ္အရွိဆုံးျဖစ္ေအာင္ ရွန္မင္းျပင္ဆင္သည္။ ကိုကို႔အႀကိဳက္ အျဖဴေရာင္ရွပ္ပြေလးကို မီးခိုေရာင္ စတိုင္ပန္ ထဲထည့္ကာ ခပ္ေလ်ာ့ေလ်ာ့ေလး ဝတ္ထားသည္။ ေငြေရာင္ဆံပင္တို႔ကိုလည္း ေသခ်ာအလယ္ခြဲကာ ေတာ္ေတာ္ေလး ခန့္ညားေနေတာ့သည္။

သိပ္မၾကာခင္ကမွ ဝယ္ထားေသာ အနက္ေရာင္ဂီတာေလးကို အိတ္ထဲျပန္ထည့္ကာ ကားေပၚတင္လိုက္သည္။ တိမ္တိုက္က သူ႕အေမ လိုက္ပို႔သည္မို႔ သူတစ္ေယာက္တည္း ဒဂုံေက်ာင္းထဲသို႔ေျခဆန့္ခဲ့ေတာ့သည္။

ရွန္မင္း၏ သိပ္မၾကာခင္က သူ႕ဖာသာႀကီး လဲေပးထားေသာ ေငြေရာင္ ကားေလးက အေဆာင္နံပါတ္ ၃၇ ေရွ႕တြင္ရပ္သြားၿပီး ပါကင္ေသခ်ာထိုးလိုက္သည္။ ေန႕လည္စာစားခ်ိန္ေတာင္ ေရာက္ေနၿပီမို႔ ေတာ္ေတာ္မ်ားမ်ားက ကန္တင္းႏွင့္ အျပင္မွာ ေရာက္ေနၾကသည္။

ကားေပၚက စတိုင္လ္ႏွင့္ဆင္းလာေသာ ရွန္မင္းကို ေတာ္ေတာ္မ်ားမ်ားက သတိျပဳမိၾကသည္။ ေငြေရာင္ဆံပင္တို႔က ရွန္မင္းကို လူပုံလယ္၌ ပိုထင္လင္းေစေနတာပင္။

မိန္းကေလးအမ်ားစု၏ အာ႐ုံစိုက္မႈကလည္း ထိုေငြေရာင္နတ္သားေလးဆီေရာက္သြားၾကေတာ့သည္။ ေဘးမွ ေကာင္ေလးငုတ္တုတ္ ရွိေနသူေတြေတာင္မွေပါ့။

အဲ့ထဲတြင္ အဆိုးဆုံးကေတာ့ အဆုမတို႔ အုပ္စုျဖစ္သည္။ အဆင္ျမင္ငမ္းခ်င္ေသာ ဝါသနာေၾကာင့္ သူမ်ားေတြလို အေဝးကေန မသိမသာ ငမ္းတာမ်ိဴး မဟုတ္ပဲ ကားနားထိသြားကာ ေပၚတင္ငမ္းေနျခင္းျဖစ္သည္။

အေက - ဟဲ့ ဟဲ့ ဟိုတစ္ေယာက္မလား အျဖဴဆင္ အိုက္စ္...

အျပည့္ - ေအး ဟုတ္တယ္ ငါေႂကြေနပါၿပီဟယ္...

အဆု - ေဆာရီး ငါကေတာ့ အညိုစင္ Team ပါ..

ပါးစပ္ကသာေျပာေနတာပါ အဆုမ မ်က္လုံးက ရွန္မင္းကိုၾကည့္ေနကာ မ်က္ေတာင္တစ္ခ်က္ေတာင္ မခတ္ေသးေပ။

ဘယ္မွ ေလွ်ာက္မသြားရဘူးဟု အမွာေတာ္ပါးလိုက္ေသာ ခြန္းေၾကာင့္ တိမ္တိုက္ကလည္း အျပင္မထြက္ေခ်။ ကိုကိုတို႔အမႊာႏွစ္ေယာက္ကလည္း အျပင္ထြက္ရတာသိပ္မႀကိဳက္။ အျပင္ထြက္ရတာႀကိဳက္ေသာ အဇူးကလည္း စိုင္းမင္းႏြယ္ ေၾကာင့္ ေျခၿငိမ္ေနသည္။ ထို႔ေၾကာင့္ ပ်င္းပ်င္းနဲ႕ တိမ္တိုက္တို႔ အုပ္စုအခန္းထဲမွာပဲ UNO ေဆာ့ေနၾကသည္။ ထိုထဲတြင္ အနိုင္ဆုံးကေတာ့ အဇူးမျဖစ္ေနသည္ ။ဘာလို႔ဆို စိုင္းမင္းႏြယ္ ကေဘးကေန သူ႕ေကာင္မေလးကို supporting ေပးေနေသာေၾကာင့္ျဖစ္သည္။

အျပင္မွာ ႐ုတ္႐ုတ္သဲသဲသံ ၾကားသည္။ ျဖစ္ေနက်မိဳ႕ အထူးတလည္လုပ္ၿပီး ဘယ္သူမွ ထြက္မေတြ႕ျဖစ္ေပ။ အတန္းထဲျပန္ဝင္လာၾကသူေတြကလည္း နဂိုကတည္းက အတန္းထဲ က်န္ေနေသာ လူတို႔အား ေစာက္ရမ္းေခ်ာေသာအဆင္ အေဆာင္ေရွ႕ေရာက္ေနေၾကာင္းကို ေျပာျပကာ ဆြဲေခၚသြားၾကသည္။

တစ္ေယာက္ၿပီး တစ္ေယာက္ပါသြားခ်ိန္တြင္ အတန္းထဲတြင္ ကိုကိုတို႔ ငါးေယာက္သာက်န္ခဲ့ေတာ့သည္။

'' ဘာျဖစ္ေနၾကတာလဲ မသိဘူးေနာ္ ''

'' အဲ့တာ ေမ့ ကိစၥလား ။ ထြက္ငမ္းဖို႔မႀကံနဲ႕ေနာ္ ကို ဒီမွာရွိေနေသးတယ္ ''

အဇူးအေၾကာင္းသိရွာေသာ စိုင္းမင္းႏြယ္က အျပင္ထြက္ဖို႔ဉာဏ္ဆင္ေနေသာ အဇူးကို ႀကိဳတားထားလိုက္သည္။ ထိုအခါမွ ၿငိမ္ၿငိမ္ေလးျပန္ေဆာ့ေတာ့သည္။

ရွန္မင္းကေတာ့ သူ႕ကို ၾကည့္ေနသည့္ လူေတြအမ်ားႀကီးၾကားထဲတြင္ ကိုကို႔ ကို ျပဴးၿပဲရွာေနသည္။ လူျပည့္ေနေသာ အေဆာင္ဝရံတာဘက္ၾကည့္ေသာ္လည္း
မေတြ႕။ ေနာက္ဆုံး ကိုကို႔ ကို မက္ေဆ့ခ်္ တစ္ေၾကာင္းပို႔လိုက္သည္။

အေဆာင္ေရွ႕ ခနထြက္ခဲ့ပါဦး လက္ေဆာင္ယူလာတယ္...

ပို႔ထားလိုက္ၿပီး ကားေပၚမွ ဂီတာကို ထုတ္ကာ သစ္သားဝိုင္းေလးတစ္ခုမွာ သြားထိုင္လိုက္သည္။ ေျခကိုခ်ိတ္ကာ ဂီတာကို ေပါင္ေပၚတင္ကာ ႀကိဳး ညွိေနလိုက္သည္။

လူေတြဝိုင္းအုံၾကည့္ေစရန္မရည္႐ြယ္ေသာ္လည္း မထင္မွတ္ပဲ ျဖစ္သြားသည္။
လာတုန္းက ရိုးရိုးေလးသာ အေဆာင္ေရွ႕ ဂီတာတီးၿပီး သီခ်င္းဆိုျပကာ ေခ်ာ့မည္ေပါ့။ အခုေတာ့ တစ္ေဆာင္လုံး သိေတာ့မည့္အေနအထားျဖစ္သည္။
သို႔ေသာ္ရွန္မင္းခက္ဆိုတာ ပတ္ဝန္းက်င္ ကို ဂ႐ုစိုက္ သည့္အထဲတြင္မပါေပ။

ဝင္လာေသာ မက္ေဆ့ခ်္ကို ဖတ္ကာ ဒီတိုင္းျပန္ပိတ္ထားလိုက္သည္။ စိတ္ဆိုးေျပရမည့္အခ်ိန္မေရာက္ေသးေပ။

ထိုအခ်ိန္တြင္ ရွန္မင္း ဂီတာကို ႀကိဳးညွိၿပီးေတာ့ ဂီတာကို တစ္ခ်က္တီးလိုက္သည္။ ပတ္ဝန္းက်င္ တြင္ အကုန္တိတ္သြားသည္။ ေနာက္တစ္ခ်က္တီးသည္။ ရွန္မင္းဂီတာသံတစ္သံသာ ရွင္းရွင္းလင္းလင္း ၾကားရေတာ့သည္။

ေနာက္ေတာ့ ဂီတာသံ ေအးေအးေလးက ဆက္တိုက္ထြက္ေပၚလာသည္။ ထိုအသံကို အခန္းထဲက ကိုကို တို႔ငါးေယာက္ ေကာင္းေကာင္းၾကားရသည္။ဆူညံေနသည့္အသံေတြတိတ္သြားၿပီး ဂီတာသံ ထြက္လာသည္။

ကိုကို႔ စိတ္ထဲတြင္ ရွန္မင္းမ်ားလား ဟုထင္မိလိုက္သည္။

'' အာ မျဖစ္နိုင္တာ ''

ကိုကို ႐ုတ္တရက္ ပါးစပ္က လႊတ္ခနဲထြက္သြားသည္။

'' ကိုကို ဘာေျပာလိုက္တာလဲ ''

ေဘးကတိမ္တိုက္က ဝင္ေမးေတာ့ ေခါင္းေလးခါျပသည္။

ထိုစဥ္....ရွန္မင္း၏ သူမတူေသာ Vocal power ထြက္ေပၚလာသည္။ စကားေျပာသံနဲ႕ ထူးထူးျခားျခား ကြဲျပားေနေသာ ရွန္မင္း၏ သီခ်င္းဆိုသံျဖစ္သည္။

ပထမအေၾကာင္းနားေထာင္ၿပီးခ်ိန္တြင္ ရွန္မင္းအသံကို တိမ္တိုက္အရင္ဆုံး မွတ္မိသည္။

'' ဟင္ ရွန္မင္း အသံပဲ..''

တိမ္တိုက္ေျပာသံလည္းၾကားေရာ ကိုကိုတစ္ေယာက္ ေနရာက ဝုန္းကနဲထကာ ဝရံတာဘက္သို႔ ေလွ်ာက္သြားကာ လူတိုးလိုက္ေတာ့ ေရွ႕ေရာက္သြားသည္။

သီခ်င္းသံထြက္လာရာကို ေသခ်ာၾကည့္ေတာ့ ေငြေရာင္ဆံပင္ေတြက ေလျပည္အေဝွ႕မွာ အနည္းငယ္လႈပ္ခတ္ေနကာ ရွည္သြယ္ေနေသာ အျဖဴေရာင္လက္ေခ်ာင္းတို႔က ဂီတာ ႀကိဳးမွ်င္ေလးေတြေပၚတြင္ လွပစြာ ခုန္ေပါက္ေနသည္။

နားေထာင္လို႔ေကာင္းေသာ သီခ်င္းသံတို႔ထုတ္လႊတ္ရာ ရွန္မင္းႏႈတ္ခမ္းတို႔ကို ကိုကိုတစ္ေယာက္ အာ႐ုံစိုက္ၾကည့္ေနမိသည္။

မေျပလည္နိုင္ေအာင္ သူက ႀကံ႐ြယ္တယ္..ရင္မွာ ခ်စ္အားေလး ညွိုးငယ္ရပါတယ္.......

ေျပလည္ေအာင္ ေျဖရွင္းပါမယ္ေလ..အယူခံဒီစကားေလး ေျပာျပေတာ့မယ္

အၾကင္နာဆုံး ေမာင့္ရဲ႕ အခ်စ္ဆုံးေလး ...ေနပါဦး မုန္းလိုက္ေတာ့မွာလားေလကြယ္

ၾကင္နာတဲ့သူေလးေရွာင္ေျပးေလေတာ့ ေမာင္တစ္ေယာက္တည္း ခုေတာ့ေၾကကြဲၿပီ

ပထမအပိုဒ္အၿပီးတြင္ အေနာက္က တိမ္တိုက္တို႔ အုပ္စုေရာက္လာၾကသည္။ တကယ္တမ္း ကိုကိုႏွင့္ရွန္မင္းကိစၥကို ဘယ္သူမွ မသိေသးေခ်။ တိမ္တိုက္တစ္ေယာက္သာ သိထားတာျဖစ္သည္။ အဇူးကေတာ့ တိမ္တိုက္ကို ရည္႐ြယ္ၿပီးလာဆိုေနသည္ဟုပဲထင္ေနသည္။

ရွန္မင္း၏ ႐ုပ္ရည္နဲ႕ အသံေအာက္တြင္ ေတာ္ေတာ္မ်ားမ်ားေႂကြဆင္းကုန္ၾကသည္။ အဲ့သည့္အထဲတြင္ ေစာမဟာေသြးလည္း ပါေကာင္းပါလိမ့္မည္။

ေနာက္တစ္ပိုဒ္မဆိုခင္ အလယ္က တီးလုံးသံေတြ တီးရင္း ရွန္မင္း ကိုကို႔ ကိုေနာက္တစ္ခါ ရွာသည္။ ထိုအခါတြင္ေတာ့ ေတြ႕ပါၿပီ ဝရံတာ တြင္...သူ၏ ခ်စ္ေသာ ကိုကို။ ခဲေရာင္ ရွပ္ေလးႏွင့္ အနက္ေရာင္ ပုဆိုးေလးဝတ္ထားသည္။ လူအမ်ားၾကားတြင္ ဒီရွမ္းတ႐ုတ္ကျပားေလးကို ရွာရသည္က သိပ္မခက္ေပ။ ဘာလို႔ဆို ကိုကိုက သူ႕မ်က္စိထဲတြင္ အၿမဲထင္းေနတာေၾကာင့္ျဖစ္သည္။

ေနာက္ တစ္ပိုဒ္ျပန္စခ်ိန္တြင္ ရွန္မင္း၏ အၾကည့္အလုံးစုံသည္ ကိုကို႔ဆီေရာက္လာခဲ့ေတာ့သည္။

ကိုကို..ေရ...ေမာင္တစ္ေယာက္တည္း ေဆြးၿပီ...အခ်စ္ႀကီးခ်စ္ခဲ့မိလို႔ အမုန္းႀကီးမုန္းၿပီလား...

တစ္ယူသန္ပဲ ဆုံးျဖတ္လိုက္မွာလား ကို..ရယ္...အက်ိဴးအေၾကာင္းေလး ေမာင္ေျပာျပမယ္...

ကိုကိုေရ ေခၚသံေလးၾကားရင္.. အခ်စ္ေဟာင္းေလးကို ခနေလာက္လွည့္လို႔ၾကည့္ပါဦး...

ျပန္လည္လို႔ ခ်စ္ခြင့္ေပးပါဦးလား..ေနာက္တစ္ေယာက္ေတာ့ မခ်စ္လိုက္နဲ႕ကြယ္

တစ္ေနရာတည္းကိုၾကည့္ကာၿပဳံးရင္းဆိုေနေသာ ရွန္မင္းေၾကာင့္ လူအားလုံးကလည္း ရွန္မင္းၾကည့္သည့္ေနရာကို လိုက္ၾကည့္ၾကသည္။ ထိုအခါတြင္ ဝရံတာမွ အရပ္ရွည္ရွည္ အသားျဖဴျဖဴေကာင္ေလးမွာ ေအာက္ကလူေတြသတိထားမိသည္အထိ မ်က္ႏွာႀကီးနီေနသည္။

ကိုကိုေရ..ဟုဆိုသြားေသာေၾကာင့္ ကိုကို႔အတန္းထဲမွ သူမ်ားကေတာ့ ရွန္မင္း ရည္႐ြယ္ဆိုေနတာ ေစာမဟာေသြးဆိုတာ သိေနၾကၿပီးျဖစ္ၿပီး တစ္ခ်ိဴ႕ကေတာ့ ေယာင္ဝါးဝါးျဖစ္ေနသည္။

အဆုမတို႔ အုပ္စုကလည္း တိမ္တိုက္ကို လာဆိုျပသည္ဟုထင္လိုက္ေသာ္လည္း ရွန္မင္းၾကည့္ေနေသာ ေနရာတြင္ တိမ္တိုက္က မရွိေတာ့ေပ။ ဘယ္အခ်ိန္က ဘယ္အေပါက္ ကထြက္သြားသလဲ မသိေပ။ ေစာေစာကေလးတင္ သူ႕ကေလးကို ေတြ႕လိုက္မိသည္ဆိုတာ အဆုမ ေသခ်ာေနသည္။

အခ်ိန္ေတြၾကာၾကာ ေမ့ထားနိုင္သူရယ္ ဒိုင္ယာရီအေဟာင္းေလးအလြမ္းေတြျပည့္ၿပီကြယ္...

အနိုင္ယူပါကြယ္ ေတာင္းပန္ပါတယ္... ကိုရယ္...ေမာင္အရႈံးေလး ေပးေပးလိုက္မယ္...

ေရွာင္ဖယ္ကာ စိမ္းကားမွာလားလို႔....အၾကင္နာေလးမ်ားလည္းေပးသနားပါဦးကြယ္.

ေက်ပါေတာ့ အခ်စ္ဆုံး ရန္ၿငိဳးေတြရယ္..ဒီအယူခံေတးေလးနဲ႕ ေမာင္ေခ်ာ့မယ္

သူ႕ကိုစိုက္ၾကည့္ကာ ဆိုေနတာမို႔ ကိုကိုတစ္ေယာက္ မေနတတ္ေတာ့ေပ။ ေအာက္ကလူေတြကလည္း သူ႕အားၾကည့္ေနၾကၿပီျဖစ္သည္။

ရွန္မင္းမွာ ဆိုေနရင္းနဲ႕ သူ႕ကို ေခါင္းၿငိမ့္ကာ လာဖို႔ေခၚေနေသးသည္။ ကိုကိုကေတာ့ ေခါင္းေလး ခါ႐ုံသာတတ္နိုင္သည္။

သို႔ေသာ္မရပါ ဆက္ေခၚေနသည္မို႔ ေဘးက အုပ္စုကလည္း သူ႕ကို အတင္းႏွင္လႊတ္ေနသည္။ အထူးသျဖင့္ သူ႕ညီမ နန္းမဟာေသြးျဖစ္သည္။

'' ကိုကို နင့္ကိုေခၚေနတာ သြားေလ ''

'' ဟာ နန္းကလည္း.. ''

'' သြားပါ ကိုကိုရယ္ နင္မသြားရင္ ဟိုက ဂြမ္းမွာဟ
အကိုရွန္မင္း သနားပါတယ္ဟယ္.. သြားသြား ''

ေနရာတြင္ေတာင့္ေတာင့္ႀကီးသာရပ္ေနတာမို႔ အဇူးႏွင့္ နန္းက တစ္ေယာက္တစ္ဖက္ ဆြဲကာ ေအာက္ထပ္ကိုေခၚခ်သြားသည္။ အဇူးကေတာ့ ခုထိ နားမလည္ေသးေခ်။ ေမးဖို႔ရာ တိမ္တိုက္ကလည္း သီခ်င္းပထမအပိုဒ္အၿပီးတြင္ ဘယ္ေပ်ာက္သြားမွန္းမသိလိုက္။ အကုန္လုံးက ရွန္မင္းဆီအာ႐ုံေရာက္ေနသည္မို႔ သူ႕ကို ဘယ္သူမွ သတိမထားမိေတာ့ေပ။

နန္း ေကာင္းမႈနဲ႕ ေအာက္ေရာက္လာခဲ့ေသာ္လည္း...ရွန္မင္းဆီ သြားဖို႔ရာ ေျခလွမ္းတို႔က ရပ္ေနစဲျဖစ္သည္။

မၾကာခင္ ရွန္မင္း သီခ်င္းက အဆုံးသတ္ေတာ့မွာျဖစ္သည္မို႔ နန္းက သူ႕အကို ကို တျဖည္းျဖည္း ေရွ႕တိုးခိုင္းသည္။ သို႔ေသာ္ အေနာက္သို႔ျပန္ျပန္ေျပးၿပီး ေက်ာင္းနံရံကို သြားသြားကပ္ေနသည္။

ဒီလူအုပ္ႀကီးအလယ္ကိုသြားဖို႔ရာ ကိုကိုဘယ္လိုမွ သတၱိမရွိေပ။

ေနာက္ဆုံး ရွန္မင္း သီခ်င္းအဆုံးသတ္သြားသည္။ ဂီတာကို ေဘးခ်ကာ လက္ယက္ေခၚသည္။ ကိုကို ေခါင္းခါျပသည္။ ေနာက္ေတာ့ ရွန္မင္းပဲ ေနရာက ထကာ ကိုကို႔ဆီေလွ်ာက္သြားလိုက္သည္။

ထိုစဥ္ မိန္းကေလးအမ်ားစု၏ ပုံမွန္မဟုတ္ေသာ အသည္းယားေနသည့္အသံေပါင္းစုံထြက္လာေတာ့သည္။

တျဖည္းျဖည္း ေလွ်ာက္လာေနေသာ ရွန္မင္းေၾကာင့္ ကိုကို ေျပးေပါက္ပိတ္ေနသည္။ ရွန္မင္း ကိုကို႔ေရွ႕တြင္ တည့္တည့္ပိတ္ရပ္ကာ ကိုကို႔ကို ေသခ်ာစိုက္ၾကည့္ျပန္သည္။

'' စိတ္ဆိုးေျပ ၿပီလား လာေခ်ာ့တာေလ ''

ႏွစ္ကိုယ္တည္းၾကား႐ုံေမးေသာ္လည္း နားေကာင္းလြန္းေသာအနားကလူမ်ားကေတာ့ၾကားရေပလိမ့္ သည္။

'' မင္းေခ်ာ့တာႀကီးကလည္း တစ္ေက်ာင္းလုံးသိေတာ့မယ္...ေတာ္ေတာ္ျဖစ္ေနလားဟမ္ ''

'' ပိုေတာင္ေကာင္းေသးတယ္ ''

ေျပာရင္း ကိုကို႔အေရွ႕ကို နည္းနည္းထပ္တိုးလိုက္ေတာ့ ႏွစ္ေယာက္သား အေတာ္ေလး နီးေနၿပီျဖစ္ကာ ကိုကို႔လက္တို႔က
ရွန္မင္းရင္ဘတ္တို႔ကို တြန္းကန္ထားသည္။

'' မင္း ဘယ္လိုျဖစ္ေနတာလဲ လူေတြၾကည့္ေနတယ္ေလ ''

'' ၾကည့္ၾကည့္ေပါ့ မ်က္စိပါလို႔ၾကည့္တာပဲဟာ ''

တစ္ခြန္းေျပာတိုင္းထပ္တိုးလာသည္။

'' ရွန္ခက္..မင္း..မင္း..မရွက္ဘူးလား ''

'' ဘာလို႔ရွက္ရမွာလဲ ေမာင္ဂ႐ုစိုက္တာ ကိုကို႔တစ္ေယာက္တည္း ''

ေမာင္လို႔ သူ႕ကိုယ္သူ သုံးလိုက္ေသာ ရွန္မင္းေၾကာင့္ ကိုကို ေနရာမွာတင္ အရည္ေပ်ာ္က်သြားခ်င္စိတ္ေတြျဖစ္လာသည္။ ရွက္လြန္းလို႔ ပါးႀကီးမွာလည္း နီရဲကာ ေပါက္ထြက္ေတာ့မည္။

ေခါင္းႀကီးငုံ႕ကာ ရွက္ ေနသူေၾကာင့္ ရွန္မင္း အေနာက္ျပန္ဆုတ္လိုက္ကာ ကိုကို႔လက္ႏွစ္ဖက္ကို ဆြဲယူၿပီး သူ႕လက္ေတြနဲ႕ ဆုပ္ကိုင္လိုက္သည္။ အခုေတာ့ အျဖဴေရာင္ရွည္ရွည္သြယ္သြယ္ လက္ေခ်ာင္းတို႔ အခ်င္းခ်င္း ထပ္ေနၾကသည္။

ထိုအခါ ကိုကိုက ရွန္မင္းမ်က္လုံးေတြေရွ႕တည့္တည့္ၾကည့္ကာ အံ့ဩေနသည္။ လူၾကားထဲ သူ႕လက္ကို ကိုင္လိုက္တာေၾကာင့္ျဖစ္သည္။

ေနာက္ ကိုကို႔မ်က္ဝန္းေတြထဲ ေလးေလးနက္နက္ၾကည့္ကာ
ရွန္မင္းက အသံကို လူေတာ္ေတာ္မ်ားမ်ားၾကားနိုင္သည့္ မတိုးမက်ယ္ေလသံျဖင့္

'' ကိုကို႔ ကိုခ်စ္တယ္... ေမာင့္ကို လက္ခံေပးပါေနာ္ ''

အံ့ဩေနေသာ မ်က္လုံးေလးမွာပိုျပဴးသြားၿပီး ပါးစပ္ေလးေတာင္ အနည္းငယ္ဟသြားသည္။ လူၾကားထဲ ရည္းစားစကားအေျပာခံရလိမ့္မည္လို႔ေတာ့ မထင္ခဲ့တာအမွန္ပင္။

ေၾကာင္အေနေသာ ကိုကို႔ အနားနားကပ္ကာ ေလသံတိုးတိုးေလးႏွင့္ ရွန္မင္းထပ္ေျပာသည္....

'' ကိုကိုျငင္းရင္ ေမာင္ အရွက္ကြဲၿပီေနာ္ ''

'' ၿခိမ္းေျခာက္ေနတာလား ''

'' မဟုတ္ဘူးေလ ကိုကိုရာ ေျပာျပတာပါ...''

''.....''

'' လက္ခံလိုက္ပါေတာ့ ကိုကိုရယ္ ေမာင္ တကယ္ခ်စ္တာ မယုံဘူးလားဟင္ ေမာင္တကယ္လိမၼာေနပါၿပီ ''

အေရွ႕တည့္တည့္ကလူကလည္းအၾကပ္ကိုင္ကာ တိုက္တြန္းေနသလို အေနာက္က လူအုပ္ထဲမွလည္း လက္ခံလိုက္ဆိုတာေတြ ပလုံစီကာ ထြက္လာသည္။

ျငင္းမ်ားအျငင္းခံလိုက္ရင္ ရွန္မင္းခက္တို႔....... အို...ကြယ္...

( ယူ တို႔ဆိုရင္ေရာ လက္ခံမွာလား...)

10.5.2022

Continue Reading

You'll Also Like

544K 29.6K 81
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
64.9K 4.4K 54
႐ြာ၂႐ြာၾကား ေခ်ာင္းကေလးကစည္းျခားထားသလို ကြၽန္ေတာ္တို႔၂ေယာက္ၾကားမွာလည္းစည္းတခ်ိဳ႕ကျခားထားသည္ေလ.... ဒါေပမယ့္ ႐ြာ၂႐ြာကိုဆက္သြယ္ဖို႔တံတားေလးတည္ေဆာက္ထားလိ...
482K 33.4K 31
story description>>>>> start-5/10/2021 end-1/1/2022