Unicode~
မေလရဲ့ နွေးနွေးထွေးထွေး မနက်ခင်းလေးမှာ Jeon JungKook တစ်ယောက် သိပ်အလုပ်ရှုပ်နေသည်။
မျက်နှာချင်းဆိုင်အခန်းက ချာတိတ်မှာ မနိုးလာသေး။ ချာတိတ်မနိုးခင် သူအိမ်ကနေ ထွက်ရမည်။
သွားစရာ၊ စုံစမ်းစရာ တသီတသန်းကြီး၊ မရရတဲ့ အချိန်လေးမှာ ခိုးကြောင်ခိုးဝှက်သွားရမှာမို့ လွဲချော်လို့မဖြစ်။
"Mr. Jeon ဒီနေ့ စောလှချည်လား"
"အလုပ်လေးတွေ များနေလို့။ ချာတိတ်နိုးလာလည်း အဲ့လိုပဲပြောလိုက်ပါနော်"
ပြောင်းဆန်ပေါင်မုန့်ကို သကြားမပါတဲ့ ကော်ဖီနဲ့ မြိုချလိုက်ပြီး စားတော်ပဲစွပ်ပြုတ်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
သူ့မှာ အရသာခံဖို့ အချိန်တွေပိုမနေ။
အိမ်ရှေ့ ခြံတိုင်မှာအဆင်သင့်တွဲချည်ထားသော မြင်းညိုကြီးပေါ် တက်ပြီး မြင်းရဲ့ ဝမ်းဗိုက်ကို အသာလေး ကန်လိုက်တော့ မြင်းက ပြေးရှာသည်။
မြို့ထဲက ပျော်ပွဲစားရုံကို မြင်းညိုကြီးက ဒုန်းစိုင်းနှင်နေသည်။
စားနပ်ရိက္ခါရှားပါးနေတာမို့ လူတွေက ဇွဲကောင်းကြသည်။ မနက်စောစောမှာတင် သွားလာလှုပ်ရှားသူတွေက အပြည့်။
ကုန်တိုက်မှာပင် ဝယ်ယူကြသူတွေက တန်းစီလျက်။
၁၅မိနစ်လောက်ကြာတော့ နာမည်ကြီးသည်ဆိုသော ပျော်ပွဲစားရုံကို ရောက်နေသည်။
Kofiဆိုသော ကပ္ပလီကြီးက ဒီမှာအလုပ်လုပ်နေတာဖြစ်ရမည်။
ဒီမှာကျွန်ဖြစ်နေဖို့ဆို တစ်ယောက်ယောက်က ရောင်းသွားလို့ပင်ဖြစ်ရမည်...ကျွန်ရောင်းကျွန်၀ယ်လုပ်တယ်ဆိုတာ တောင်ပိုင်းလူကုံထံတွေအတွက် မထူးဆန်းတဲ့ကိစ္စ။
"ဘာမှာမလဲ Mr. မနက်စောစောဆိုတော့ ဟင်းအမယ်တော့ မစုံသေးဘူးခင်ဗျ"
လာဧည့်ခံနေတဲ့ စားပွဲထိုးလေးက ကပ္ပလီကျွန်ပေါက်စလေး။
ဆိုင်မှာရတဲ့ အစားအစာတွေကို ကြက်တူရွေးစာအန်သလို တတွတ်တွတ်ရွတ်ပြနေသည်။
Jeon JungKookသည် နားထဲကြားမိတဲ့ အစားအစာ၂မျိုး ၃မျိုးလောက်ကိုသာ မှာလိုက်သည်။
ဆိုင်အခင်းအကျင်းက သပ်သပ်ရပ်ရပ်၊ အစားအသောက်ကို အဓိကထားရောင်းပြီး ညဘက်ဆို စင်တင်တေးဂီတတွေရှိဖူးပေမယ့် ပြည်တွင်းစစ်ကြောင့် မရှိတာကြာပြီဟု ဆိုသည်။
"မှာထားတာတွေ ရပါပြီဗျ"
"ဒါနဲ့ ဒီမှာ Kofiဆိုတဲ့ ကပ္ပလီကြီးရှိလား။ လူကောင်ထွားထွားနဲ့ မင်းသိမှာပါ"
"ဪ...ကျွန်တော်တို့ ကျွန်ခေါင်းကို ပြောတာထင်တယ်။ ကျွန်တော်ခေါ်ပေးရမလား"
"အေး လုပ်ပါကွာ။ ဒီမှာ မင်းအတွက်..."
ပြည်နယ်ငွေစက္ကူအနည်းငယ်ထုတ်ပေးတော့ စားပွဲထိုးလေးက ကျေနပ်သွားသည်။
မကြာခင်မှာပဲ Kofiဆိုတဲ့လူ ထွက်လာသည်။
တမြန်နေ့တုန်းကပုံစံအတိုင်း ဘာမှမပြောင်းလဲ။ အသားမည်းမည်း နှုတ်ခမ်းထူထူနဲ့ မျက်လုံးပြူးပြူး။
"Kofi ထိုင်ဦးလေ"
"ကျွန်တော်တို့ ထိုင်လို့မရဘူးဗျ"
တောင်ပိုင်းလူနေမှုစနစ်က တစ်ခါတရံ ဂွကျလွန်းသည်။
လူမှုအဆင့်အတန်းခွဲခြားရေးမှာ သူအားနည်းသည်။
"ငါထိုင်ဆို ထိုင်စမ်းပါကွာ"
"ကျွန်တော့်ကို ခေါ်တယ်ဆိုလို့"
ကပ္ပလီကျွန်တွေက သဒ္ဒါမှန်အောင်မပြောတတ်သလို စကားလုံးတွေက ခပ်ကြမ်းကြမ်းခပ်ရိုင်းရိုင်း။
"ငါ့ကို မှတ်မိတယ်မလား။ တမြန်နေ့က တွေ့သေးတယ်လေ"
"သခင်လေးရဲ့လူပဲ ကျွန်တော်သိပါတယ်"
"မင်းကို အကူအညီတောင်းဖို့ ရောက်လာတာဆိုပါတော့"
"ကျွန်တော့်လိုကျွန်က အစ်ကိုလေးတို့ကို ကူညီနိုင်တာ ရှိလို့လား"
"ရိုးရှင်းပါတယ်။ ငါက မင်းသခင်လေးရဲ့ ငယ်ဘဝအကြောင်းပဲ သိချင်တာ"
Kofiမျက်နှာမှာ ၂စက္ကန့်လောက် အံ့ဩရိပ်သန်းသွားပြီး ပျောက်သွားသည်။
သူ့မျက်နှာအနေအထားကို ပြင်လိုက်တာပင်။
"သခင်လေးငယ်ငယ်က အတ္တလန်တာရဲ့ အချစ်တော်လေးပါပဲ။
ကျွန်တော်က နှင်းဆီမြိုင်က အိမ်စေကျွန်ဗျ။
သခင်ကြီး Levan၀ယ်ခဲ့တဲ့ကျွန်ယုံပေါ့ဗျာ"
သူ့မျက်ခုံးတွေ မြှင့်တက်သွားရသည်။ Kofiက အတ္တလန်တာက အိမ်စေမဟုတ်။
နှင်းဆီမြိုင်က အိမ်စေဖြစ်ပြီး ချာတိတ်အဖေရဲ့လူ။
ဒီလိုဆို ချာတိတ်အဖေနဲ့ အန်ကယ်Aidenကြား အဆင်မပြေဖို့က ဖြစ်နိုင်များနေလေပြီ။
"ငါသိသလောက် ချာတိတ်က အတ္တလန်တာမှာ ကြီးလာတာမလား။
သူ့မိဘတွေဆုံးပြီးမှ အန်ကယ်Aidenနဲ့အတူ နှင်းဆီမြိုင်ကို လိုက်လာတယ်လို့ သိထားခဲ့တာ"
"ချာတိတ်ဆိုတာ သခင်လေးကိုပြောတာထင်တယ်။
ဟုတ်တယ် အစ်ကိုလေးပြောသလိုပဲ။ ဒါပေမယ့် သခင်မကြီး ဒုတိယကိုယ်ဝန်တုန်းက ကျွန်တော့်ကို သခင်ကြီးက အတ္တလန်တာ ခေါ်ထားတာဗျ။
ခေါ်ထားဆို ကျွန်တော့်အမေက ဝမ်းဆွဲသည်ကိုး..."
ဒုတိယကိုယ်ဝန်ဆိုတာ ချာတိတ်ပြောဖူးတဲ့ မမွေးနိုင်လိုက်တဲ့ ကလေးလေးဖြစ်လိမ့်မည်။
ချာတိတ်က အဲ့ကိစ္စနဲ့ပတ်သက်ပြီး အခဲမကြေဖြစ်နေတတ်သည်လေ။
"မင်းအမေကရော..."
"ဟိုတလောကပဲ အဆုတ်ရောဂါနဲ့ ဆုံးသွားပါပြီ"
"ငါသိသလောက် သခင်မကြီးကိုယ်ဝန်က မမွေးလိုက်ရဘူးနော်"
အကင်းပါးသူပီပီ Kofiမျက်နှာပျက်သွားတာကို ချက်ချင်းသိလိုက်သည်။
သွေးရိုးသားရိုးမဖြစ်နိုင်တော့၊ ချာတိတ်ပြောတဲ့ အကြောင်းနဲ့ဆက်စပ်ကြည့်မယ်ဆိုလျှင်...
ဖြစ်နိုင်ချေတွေ တန်းစီပြီး ခေါင်းထဲဝင်လာသည်။
- အကြောင်းတစ်ခုခုကြောင့် ကလေးပျက်တာဖြစ်နိုင်သည်။
- ကလေးနဲ့ အမေ သေဆုံးချိန်သာတူခဲ့လျှင် အမေ့သားအိမ်ကျန်းမာရေးကြောင့် မီးတွင်းထဲဆုံးတာ ဖြစ်နိုင်သည်။
- နောက်ဆုံးအနေနဲ့ လုပ်ကြံခံရတာ... ဒီအချက်က သိပ်မရိုးရှင်း။
ချာတိတ်မိဘတွေ သေဆုံးချိန်နဲ့ ပတ်သက်ပြီး သူတစ်ခုမှ ဂဃနဏမသိထား။
"သခင်ကြီးနဲ့ သခင်မကြီးက ဘယ်လို..."
"ကျွန်တော် အလုပ်တွေရှိသေးတယ် အစ်ကိုလေး..."
Kofiက ဆက်ဖြေတော့မှာမဟုတ်။ ခပ်ထူထူနှုတ်ခမ်းကြီးတွေက ထော်နေပြီ။
ကပ္ပလီတွေ စိတ်မရှည်ရင် သိပ်သိသာလွန်းပါသည်။
"ငါနောက်နေ့ ပြန်လာမယ် Kofi"
____
"ခင်ဗျား ဘယ်သွားနေတာလဲ ဟမ်"
ကုန်လှောင်ရုံကို ရောက်ရောက်ချင်း Taehyungကို တွေ့လိုက်ရတာကြောင့် လန့်သွားသည်။
မနက်စောစော အလုပ်ရှိလို့ဆိုပြီး ထွက်လာခဲ့တယ်မလား။
ချာတိတ်ပုံစံက တကယ်ကိုစိတ်ရှုပ်ပြီး ဒေါသထွက်နေပုံ။
"ကိုယ် ဒီနားမှာ စီးပွားရေးကိစ္စလေး ရှိလို့ပါ"
"အဲ့တာ ကျုပ်ကိုနှိုးပြီး ပြောသွားပါလား။ ကျုပ်စိတ်ပူနေလား မပူလား ခင်ဗျားမစဥ်းစားမိဘူးလား"
လက်သီးသေးသေးလေးတွေနဲ့ ရင်ဘက်ကို တဘုန်းဘုန်း လာထုနေသည်။
ကုန်လှောင်ရုံက လူရှင်းနေသည်။
ချာတိတ်မေးဖျားလေးကို ဆွဲယူပြီး နှုတ်ခမ်းဖျားကို ထိကပ်လိုက်သည်။
"ခင်ဗျားကလည်း လူကြားထဲမှာ"
"ဘယ်သူမှ မရှိလို့လေ ချာတိတ်ရဲ့"
"ဟင်း...ဒါစိတ်ဆိုးပြေသေးတာတော့ မဟုတ်ဘူးရယ်"
"ပြောပါဦး...ဒေါသထွက်နေတဲ့အကြောင်းလေး"
"ခင်ဗျားက ကျုပ်ကိုမတွေ့ဘဲသွားတော့ ကျုပ်က ခင်ဗျားထားသွားပြီထင်တာဗျ"
"ဪ...ဖြစ်ရလေ ချာတိတ်ရယ်..ထားသွားစရာလား"
ကုန်လှောင်ရုံရဲ့ ချောင်ကျကျနေရာက ခုံတန်းရှည်ကို ကြည့်လျှင် Mr. Jeonရဲ့ ပေါင်ပေါ်ထိုင်နေသော နှင်းဆီမြိုင်သခင်လေးကို မြင်ရပေလိမ့်မည်။
"ဖေဖေနဲ့ မေမေလည်း ထားသွားကြတာ"
"ချာတိတ်မိဘတွေက ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတာ ထင်တယ်နော်"
"ဟင့်အင်း...တပြိုင်နက် ဆုံးသွားကြတာ"
ချာတိတ်မျက်လုံးတွေက နာကျည်းရိပ်သန်းနေသည်။ မတွေးကောင်း တွေးကောင်း ဆိုပေမယ့် ဒါဟာ အသတ်ခံရတာများလားလို့ တွေးမိလိုက်သည်။
အသတ်ခံရတာ ဆိုရင်ရော ဘယ်သူကလဲ.. ဘယ်သူက သတ်လောက်တဲ့အထိ ရန်စရှိနိုင်မလဲ။
အန်ကယ် Aidenလား... မတွေးကောင်းတာတွေ တွေးပြီး ညီအစ်ကိုအရင်းချင်းသတ်မယ်လို့ သံသယမဝင်သင့်။
ဒါပေမယ့် အဲ့သံသယကို ဖျောက်ပစ်လို့မရ။
"ခင်ဗျား ဘာတွေတွေးနေတာလဲ။ ခုနတည်းက အတွေးများနေပုံပဲ"
"ကိုယ်အလုပ်ကိစ္စတွေးနေတာပါ"
"ဆင်ခြေတွေ မပေးနဲ့နော်။ ခင်ဗျားသာ မရှိရင် ကျုပ်တော့ရူးလိမ့်မယ်ထင်တယ် ဒီတစ်ခါဆို တကယ်ရူးတော့မှာ"
"မဖြစ်နိုင်တာတွေ မပြောပါနဲ့ကွာ။ ကိုယ်နဲ့မင်း အကြာကြီး အတူတူနေရဦးမှာ"
"အကြာကြီးက မလုံလောက်ဘူး ခင်ဗျားကြီးရဲ့။ ထာဝရလောက်မှ တော်ကာကျလိမ့်မယ်"
အသည်းယားစရာကောင်းအောင် ပြောတတ်သော ချာတိတ်ကို နှုတ်ခမ်းပေါက်ထွက်မတတ် နမ်းရှိုက်ပစ်တော့တာ။
နှင်းဆီက အရိုင်းဆန်တဲ့ ကဗျာတစ်ပုဒ်လို သိမ်မွေ့သည်။ အကြမ်းထည်ပေမယ့် မာကျောတဲ့ စိန်ပွင့်လို ကိုယ့်အတွက် တန်ဖိုးရှိသည်။
နှင်းဆီရဲ့ စိတ်ဒဏ်ရာတွေကို ဖြေဖျောက်ပေးချင်သည်... ထိုသို့ဖြစ်ဖို့ရာ နှင်းဆီရဲ့ အတိတ်ကို တိတိကျကျ သိရမှ ဖြစ်လိမ့်မည်။
"ချာတိတ်က ဒီကို ဘာနဲ့လာခဲ့တာတုန်း"
"မြင်းနဲ့... ကျုပ်မြင်းစီးတတ်တာ ခင်ဗျားမေ့နေတာလား"
"မေ့စရာလား။ စစတွေ့ချင်း မြင်းတစ်ကောင်နဲ့ ဝင်တိုက်ပြီး မတောင်းပန်သွားတာ ဘယ်သူမို့လဲ"
"ခင်ဗျားကြီးက အခုတောင်းပန်ခံချင်နေတာလား။ ချစ်သူတွေချင်း ဒီအပြစ်လောက်ကို လျှော်ပေးသင့်တာနော်"
နှစ်ယောက်သား စကားကောင်းနေတုန်း ဖောက်သည်လူကြီးတွေ ရောက်လာသည်။
ဒီတစ်ခေါက်ဖောက်သည်တွေက ယောကျ်ားကြီးတွေမို့ စိတ်ချသွားသည်။
Jeonနဲ့ သူတို့ ပြောနေတဲ့ ကုန်ဈေးနှုန်းအကြောင်း၊ နိုင်ငံရေးအကြောင်းတွေ ကိုယ်နားမလည်၊ စိတ်လည်း မဝင်စား။
ကျုပ်နားလည်တာက ခင်ဗျားတစ်ယောက်တည်းရယ်။
"ချာတိတ် ပျင်းနေပြီလား။ ကိုယ်အလုပ်နည်းနည်းများသွားတယ်"
"မပျင်းပါဘူး ခင်ဗျားရှိနေတာပဲ"
"ချာတိတ် ဒီနေ့ ကိုယ့်ကို အရမ်းချုပ်နေတာပဲ။ ပြောပါဦး ဘာလိုချင်နေတာလဲလို့"
"ကျုပ်နိုးလာတော့ ခင်ဗျားမရှိဘူးဆိုတာသိပြီး အရမ်းစိတ်ပူသွားတာ၊ ကြောက်လည်းကြောက်တယ်။
ခင်ဗျားမသိပါဘူး ကျုပ်ခင်ဗျားမရှိမှာကို ဘယ်လောက်ကြောက်တယ်ဆိုတာ"
နောက်ပြောနေတာမဟုတ်၊ အပိုပြောနေတာမဟုတ်။ ချာတိတ်ရဲ့ စိတ်လေးက သူမြတ်နိုးတာတွေ ပျောက်ဆုံးသွားမှာ သိပ်ကြောက်တဲ့စိတ်လေး။
ပိုင်ဆိုင်လိုစိတ်များတဲ့စိတ်လေး။
ကျွန်တော်နဲ့တွေ့ပြီး အတည်တကျဖြစ်လာတဲ့ စိတ်လေးကို ထပ်ပြီးမနှောက်ကျိစေချင်။
"ကိုယ်က ချာတိတ်ဆီက ထွက်သွားစရာအကြောင်းမှ မရှိတာပဲ။ တစ်ခုတော့ရှိတယ်...ချာတိတ်ကိုယ်တိုင် မောင်းထုတ်တဲ့နေ့ဆိုရင်တော့ တစ်မျိုးပေါ့"
"မရဘူး ကျုပ်မောင်းထုတ်လည်း မသွားရဘူး။ အဲ့လို မောင်းထုတ်တယ်ဆိုလည်း ကျုပ်စိတ်မမှန်တဲ့အချိန်မို့ပဲ ဖြစ်ရမယ်"
"ဟုတ်ပါပြီကွာ...ကိုယ် မထွက်သွားဘူး ကျေနပ်ပြီလား"
ပြုံးတယ်ဆိုရုံလေးပြုံးပြပြီး ခေါင်းညိတ်ပြသည်။
အလုပ်ပြီးလို့ ပြန်တော့ မြင်းနှစ်ကောင်ကို ကုန်လှောင်ရုံမှာ အသင့်ထားတဲ့ ဘာဂီရှေ့ ချည်ကာ ဆွဲခိုင်းရသည်။
မြင်းနှစ်ကောင်ရော ဘာဂီရော ရှုပ်ယှက်ခတ်နေတော့သည်။
"Jeon ပြန်လာပြီလား။ ဒီနေ့ Suzan ဆေးရုံက စောပြန်ရောက်နေတာနဲ့ ဟင်းနည်းနည်းလောက် လက်စွမ်းပြထားတယ်"
"ပြန်လာတာက နှစ်ယောက်နော်။ ဒီက အိမ်ပိုင်ရှင်ကြီးကို မမြင်ရင်လည်း ဒီအိမ်မှာ မနေနဲ့"
"ဪ... Taehyung ရော ပါလာတာကိုး။ မမြင်မိလို့ Sorry ပါနော်"
Suzanက ပေါ်ပေါ်တင်တင် Taehyungကို ရန်စနေတာပင်။
အခုမှမဟုတ် Jeonနဲ့ တပူးပူးတတွဲတွဲနေချိန်ကစပြီး Taehyungအပေါ်ထားတဲ့ Suzanအမုန်းတွေက ပိုလို့ ကြီးထွားလာတာဖြစ်သည်။
"Suzanက အိမ်ရဲ့သခင်လေး တစ်ယောက်လုံးကို ခုလို လုပ်ဖို့တော့ မကောင်းဘူး"
"အို...Suzanက ဘာများလုပ်မိလို့လဲ Jeonရယ်။ သူ့ကို မမြင်မိရုံလေးပါ"
Taehyung ဒေါသတွေ အလိပ်လိုက်ထွက်လာသည်။
Jeonကြောင့်သာ မဟုတ်ရင် အရင်တည်းက ဒီမိန်းမကို သတ်ခဲ့မိရောပေါ့။
မသတ်မိတာတောင် သိပ်နောင်တရမိရောပဲ။
"ကျွန်တော်နဲ့ ချာတိတ်က အတူတူပြန်လာတာကို မမြင်မိဘူးဆိုတာတော့ မဖြစ်သင့်ဘူးလို့ ထင်တာပဲဗျ။
ရိုင်းပြသွားရင်လည်း ခွင့်လွှတ်ပါ Suzan"
Taehyungကို လက်ဆွဲပြီး ခေါ်သွားတော့ Suzan တစ်ယောက်တည်း ကြိတ်မနိုင်ခဲမရ ကျန်ခဲ့သည်။
Jeonက သိသိသာသာ Taehyungဘက်ပါနေတာက သူ့အတွက် စိတ်မချမ်းသာစရာ။
အခုတလော Taehyungနဲ့ Jeon တတွဲတွဲဖြစ်နေတာကိုလည်း မသင်္ကာ၊ ကြည်လည်းမကြည်ဖြူနိုင်။
မမြင်ချင်လွန်းလို့ သစ်ကတိုးစုကို ချက်ချင်း ပြန်သွားချင်ပေမယ့် အဲ့လိုလုပ်လို့မဖြစ်။
သူသာ သစ်ကတိုးစုပြန်သွားခဲ့ရင် Jeonက Taehyungနဲ့ ကျန်ခဲ့လိမ့်မည်။
ယောကျ်ားသားချင်း သဝန်ကြောင်မိနေတဲ့ ကိုယ့်စိတ်ကိုယ်လည်း နားမလည်နိုင်။
Taehyungနဲ့ Jeon ပတ်သက်မှုကို လက်မခံနိုင်၊ ရိုးသားတယ်လို့လည်း မထင်နိုင်တာ ကိုယ့်ကိုယ်ကိုယ်သာသိသည်။
ထမင်းစားချိန်ရောက်တော့လည်း Taehyungအပေါ် Jeonက သိသိသာသာပိုကဲပြသည်။
သူကိုယ်တိုင် Jeonအတွက် ချက်ထားတဲ့ ကြက်ဆင်သားကင်ကို မစားနိုင်တော့။
ကြက်ဆင်သားစားရဖို့ဆိုတာ ဒီကာလကြီးမှာရှားသည်။
Jeonကို စားစေချင်လို့သာ ရှာချက်ထားတာပင်။
"ချာတိတ် ထည့်စား။ အာဟာရပြည့်အောင် စားစမ်းပါကွာ..ချာတိတ်က တအားပိန်နေရောပဲ"
"Jeonက ကိုကိုလေးကို သိပ်ဂရုစိုက်တာပဲနော်"
"အဲ့တာ ဆန်းလို့လား။ ဂရုစိုက်သင့်တာပဲကို"
Joannaက Taehyungကို ကြည့်ပြီး မဲ့ပြုံးရွဲ့ပြုံး ပြုံးပြနေတော့သည်။
Joanna ရဲ့ အကြည့်တွေထဲ Taehyungအပေါ် အထင်သေးသည့်အငွေ့အသက်၊ အားနည်းချက်ကြီး တစ်ခုလုံးကို သိထားသည့် အရိပ်အယောင်ကို အမြဲတွေ့ရသည်။
အကင်းပါးသူ Suzanအတွက် အကွက်ရွှေ့စရာ ပေါ်လာချေပြီ။
____
နွေညက အိုက်စပ်စပ်နဲ့ လူတိုင်းကို မောဟိုက်စေသည်။
ညသန်းခေါင်က လူတိုင်း အိပ်မောကျချိန်။
သို့သော် စစ်တွင်းကာလမို့ ရင်တထိတ်ထိတ်နဲ့ အိပ်မောမကျနိုင်သူများလည်း ရှိလိမ့်မည်။
ဝါရှင်တန်လမ်းမထက်က အိမ်ကြီးရဲ့ အပေါ်ထပ်မှာ လူနှစ်ယောက်သာ နေသည်။
ကပ္ပလီကျွန်တွေက အလုပ်သမားတန်းလျားမှာအိပ်သည်။
အမျိုးသမီးနှစ်ယောက်ကတော့ အိမ်အောက်ထပ်က ဧည့်သည်တွေအတွက်အခန်းမှာ နေကြသည်။
အမျိုးသမီးတစ်ယောက်မှာ တိုးတိတ်ညင်သာသော ခြေလှမ်းများဖြင့် အိမ်ပေါ်ထပ်သို့ တက်ခဲ့သည်။
ပိုးသားညဝတ်ဂါဝန်၏ တရှပ်ရှပ်မြည်သံကို ဘယ်သူ့ကိုမှ မကြားစေလိုသဖြင့် ဂါဝန်ကို လက်တစ်ဖက်ဖြင့် မ ကာ လက်တစ်ဖက် ရေနံဆီမီးအိမ်အလင်းမှိန်မှိန်ကို ကိုင်တွယ်ထားသည်။
အိမ်ပေါ်ထပ်ရောက်တာနဲ့ ရေနံဆီမီးကို ငြိမ်းစေလိုက်ပြီး အခန်းတစ်ခန်းကို အသာလေး ဖွင့်ကြည့်သည်။
ထိုအခန်းထဲ Jeon ရှိမနေ။
သူ့ရင်ထဲ တင်းကြပ်မှုတစ်ခုဖြစ်သွားသည်။
သူထင်သလို ဖြစ်လာခဲ့သည်ရှိသော် သူပြင်ဆင်ထားသည်။
သို့သည့်တိုင် သူအရင် ရင်ကွဲရချေမည်။
Jeonက သူ့အခန်းမှာသူရှိမနေ။ ညကြီးအချိန်မတော် အပြင်ရောက်နေတာလည်း မဖြစ်နိုင်။
ရှိသမျှဘုရားအဆူဆူကို တ သည်။
တံခါးကို အသာလေး ဖွင့်သည်။ ကံကောင်းစွာဖြင့်လား ကံဆိုးစွာဖြင့်လားမသိ.. တံခါးဂျက်မချထား။
"ဘုရားသခင်..."
သူတိုးတိုးတိတ်တိတ်ရေရွတ်မိပြီး တံခါးကိုရော ပါးစပ်ကိုရောပိတ်လိုက်သည်။
သူမြင်ခဲ့ရတာကို သူမယုံနိုင်။ သူ့မျက်စိသည် သူ့အမြင်အာရုံသည် သူ့ကို လိမ်နေတာပဲ ဖြစ်ရမည်။
သူ့ဘဝမှာ တစ်ခါမှ လိင်တူယောကျ်ားသားနှစ်ယောက် ဤမျှပတ်သက်နေတာကို မမြင်ဖူးမကြားဖူးခဲ့။
သံသယဝင်ခဲ့သည်ထား...မဟုတ်ကြဖို့သာ မျှော်လင့်ခဲ့တာ၊ ဆုတောင်းခဲ့တာ။
အဝတ်ဗလာနဲ့ ယောကျ်ားသားနှစ်ယောက် လေဝင်လို့မရအောင် ပူးကပ်ပြီး အိပ်နေကြသည်မှာ အဘယ်သို့ သွေးရိုးသားရိုးဖြစ်နိုင်ပါတော့မလဲ။
သွေးသားစပ်ယှက်ထားမှန်း သိသာနေတဲ့ မြင်ကွင်းကြောင့် Suzanမှာ ဒူးတွေပင် ချောင်လာသည်။
"မဖြစ်နိုင်တာ...Jeonက တကယ်ကြီး..."
တောင်ပိုင်းသူ တောင်ပိုင်းသားတို့သည် ဒီလိုကိစ္စမှာ အမြင်မကျယ်သလို အထင်လည်း သေးတတ်ကြသည်။
Suzanစိတ်ထဲမှာ အထင်သေးစိတ်ထက် အံ့ဩစိတ်က သာနေသည်။
သူသဘောကျခဲ့သူ၊ ယောကျ်ားအပီသဆုံးလို့ ထင်ခဲ့သူက အမျိုးသမီးတွေကို စိတ်မဝင်စားဆိုတာကို မယုံကြည်နိုင်သေး။
အဲ့ဒီလူကို သူနမ်းပင်နမ်းခဲ့ဖူးသည် မဟုတ်ပါလား။
နှလုံးသားလည်း တစ်စစီမွကြေရသလို တစ်ဆက်တည်းမှာပင် ရွံရှာစက်ဆုပ်လာသည်။
ဒီလိုလူကိုမှ သဘောကျမိတဲ့ကိုယ့်အဖြစ်ကိုယ် ရှက်မိသလို ယောကျ်ားချင်း မြူစွယ်တတ်တဲ့ Kim Taehyungကို ပိုလို့ပင် ရွံရှာသည်။
"ညကြီး ဘယ်က ပြန်လာတာလဲ Suzan"
မအိပ်သေးတဲ့ Joannaကြောင့် Suzan လန့်သွားသည်။
အခန်းထဲဝင်ကာ ရင်စည်းတွေကို ဖြေချလိုက်မှ သူအသက်ဝဝရှူနိုင်တော့သည်။
"မင်းကြည့်ရတာ မောဟိုက်နေသလိုပဲ။ ဘယ်မှာ ဘာဖြစ်လာလို့လဲ"
"အင်း...ကိုယ်မောနေတာ Joanna. ကိုယ့်ကို ရေယူပေးပါဦး"
Joannaက ရေတကောင်းထဲက ရေထည့်ပြီး ယူပေးတော့ Suzanတစ်ကျိုက်တည်း မော့သောက်ပစ်သည်။
Suzan အခုမှ သတိရတော့သည်။ သူ့မှာ Joanna ရှိသေးသည်။
အကွက်ရွှေ့ဖို့ ပြင်ဆင်ထားတယ်ဆိုပြီး သူဒါကို မေ့နေခဲ့တာပင်။
သူထင်တာမမှားဘူးဆို Joannaမှာ Taehyungရဲ့ ပျော့ကွက်ရှိသည်။
သို့တည်းမဟုတ်...တစ်ယောက်ပျော့ကွက် တစ်ယောက်သိနေတာလည်း ဖြစ်လောက်သည်။
Joannaကို သူအသုံးချလို့ ရကောင်းရလိမ့်မည်။
ဒီကစားပွဲမှာ သူ Taehyungကို မနိုင်။
ဒါကို သူလက်ခံလိုက်ရသည့်တိုင် ကျေနပ်စွာ မဟုတ်။
'ကိုယ်မနိုင်ရင် မင်းလည်း မပျော်ရဘူး Taehyung'
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
ေမလရဲ႕ ေႏြးေႏြးေထြးေထြး မနက္ခင္းေလးမွာ Jeon JungKook တစ္ေယာက္ သိပ္အလုပ္ရႈပ္ေနသည္။
မ်က္ႏွာခ်င္းဆိုင္အခန္းက ခ်ာတိတ္မွာ မႏိုးလာေသး။ ခ်ာတိတ္မႏိုးခင္ သူအိမ္ကေန ထြက္ရမည္။
သြားစရာ၊ စုံစမ္းစရာ တသီတသန္းႀကီး၊ မရရတဲ့ အခ်ိန္ေလးမွာ ခိုးေၾကာင္ခိုးဝွက္သြားရမွာမို႔ လြဲေခ်ာ္လို႔မျဖစ္။
"Mr. Jeon ဒီေန႔ ေစာလွခ်ည္လား"
"အလုပ္ေလးေတြ မ်ားေနလို႔။ ခ်ာတိတ္ႏိုးလာလည္း အဲ့လိုပဲေျပာလိုက္ပါေနာ္"
ေျပာင္းဆန္ေပါင္မုန္႔ကို သၾကားမပါတဲ့ ေကာ္ဖီနဲ႔ ၿမိဳခ်လိုက္ၿပီး စားေတာ္ပဲစြပ္ျပဳတ္ကို တစ္က်ိဳက္တည္း ေမာ့ေသာက္လိုက္သည္။
သူ႔မွာ အရသာခံဖို႔ အခ်ိန္ေတြပိုမေန။
အိမ္ေရွ႕ ၿခံတိုင္မွာအဆင္သင့္တြဲခ်ည္ထားေသာ ျမင္းညိဳႀကီးေပၚ တက္ၿပီး ျမင္းရဲ႕ ဝမ္းဗိုက္ကို အသာေလး ကန္လိုက္ေတာ့ ျမင္းက ေျပးရွာသည္။
ၿမိဳ႕ထဲက ေပ်ာ္ပြဲစား႐ုံကို ျမင္းညိဳႀကီးက ဒုန္းစိုင္းႏွင္ေနသည္။
စားနပ္ရိကၡါရွားပါးေနတာမို႔ လူေတြက ဇြဲေကာင္းၾကသည္။ မနက္ေစာေစာမွာတင္ သြားလာလႈပ္ရွားသူေတြက အျပည့္။
ကုန္တိုက္မွာပင္ ဝယ္ယူၾကသူေတြက တန္းစီလ်က္။
၁၅မိနစ္ေလာက္ၾကာေတာ့ နာမည္ႀကီးသည္ဆိုေသာ ေပ်ာ္ပြဲစား႐ုံကို ေရာက္ေနသည္။
Kofiဆိုေသာ ကပၸလီႀကီးက ဒီမွာအလုပ္လုပ္ေနတာျဖစ္ရမည္။
ဒီမွာကြၽန္ျဖစ္ေနဖို႔ဆို တစ္ေယာက္ေယာက္က ေရာင္းသြားလို႔ပင္ျဖစ္ရမည္...ကြၽန္ေရာင္းကြၽန္၀ယ္လုပ္တယ္ဆိုတာ ေတာင္ပိုင္းလူကုံထံေတြအတြက္ မထူးဆန္းတဲ့ကိစၥ။
"ဘာမွာမလဲ Mr. မနက္ေစာေစာဆိုေတာ့ ဟင္းအမယ္ေတာ့ မစုံေသးဘူးခင္ဗ်"
လာဧည့္ခံေနတဲ့ စားပြဲထိုးေလးက ကပၸလီကြၽန္ေပါက္စေလး။
ဆိုင္မွာရတဲ့ အစားအစာေတြကို ၾကက္တူေ႐ြးစာအန္သလို တတြတ္တြတ္႐ြတ္ျပေနသည္။
Jeon JungKookသည္ နားထဲၾကားမိတဲ့ အစားအစာ၂မ်ိဳး ၃မ်ိဳးေလာက္ကိုသာ မွာလိုက္သည္။
ဆိုင္အခင္းအက်င္းက သပ္သပ္ရပ္ရပ္၊ အစားအေသာက္ကို အဓိကထားေရာင္းၿပီး ညဘက္ဆို စင္တင္ေတးဂီတေတြရွိဖူးေပမယ့္ ျပည္တြင္းစစ္ေၾကာင့္ မရွိတာၾကာၿပီဟု ဆိုသည္။
"မွာထားတာေတြ ရပါၿပီဗ်"
"ဒါနဲ႔ ဒီမွာ Kofiဆိုတဲ့ ကပၸလီႀကီးရွိလား။ လူေကာင္ထြားထြားနဲ႔ မင္းသိမွာပါ"
"ဪ...ကြၽန္ေတာ္တို႔ ကြၽန္ေခါင္းကို ေျပာတာထင္တယ္။ ကြၽန္ေတာ္ေခၚေပးရမလား"
"ေအး လုပ္ပါကြာ။ ဒီမွာ မင္းအတြက္..."
ျပည္နယ္ေငြစကၠဴအနည္းငယ္ထုတ္ေပးေတာ့ စားပြဲထိုးေလးက ေက်နပ္သြားသည္။
မၾကာခင္မွာပဲ Kofiဆိုတဲ့လူ ထြက္လာသည္။
တျမန္ေန႔တုန္းကပုံစံအတိုင္း ဘာမွမေျပာင္းလဲ။ အသားမည္းမည္း ႏႈတ္ခမ္းထူထူနဲ႔ မ်က္လုံးျပဴးျပဴး။
"Kofi ထိုင္ဦးေလ"
"ကြၽန္ေတာ္တို႔ ထိုင္လို႔မရဘူးဗ်"
ေတာင္ပိုင္းလူေနမႈစနစ္က တစ္ခါတရံ ဂြက်လြန္းသည္။
လူမႈအဆင့္အတန္းခြဲျခားေရးမွာ သူအားနည္းသည္။
"ငါထိုင္ဆို ထိုင္စမ္းပါကြာ"
"ကြၽန္ေတာ့္ကို ေခၚတယ္ဆိုလို႔"
ကပၸလီကြၽန္ေတြက သဒၵါမွန္ေအာင္မေျပာတတ္သလို စကားလုံးေတြက ခပ္ၾကမ္းၾကမ္းခပ္႐ိုင္း႐ိုင္း။
"ငါ့ကို မွတ္မိတယ္မလား။ တျမန္ေန႔က ေတြ႕ေသးတယ္ေလ"
"သခင္ေလးရဲ႕လူပဲ ကြၽန္ေတာ္သိပါတယ္"
"မင္းကို အကူအညီေတာင္းဖို႔ ေရာက္လာတာဆိုပါေတာ့"
"ကြၽန္ေတာ့္လိုကြၽန္က အစ္ကိုေလးတို႔ကို ကူညီႏိုင္တာ ရွိလို႔လား"
"႐ိုးရွင္းပါတယ္။ ငါက မင္းသခင္ေလးရဲ႕ ငယ္ဘဝအေၾကာင္းပဲ သိခ်င္တာ"
Kofiမ်က္ႏွာမွာ ၂စကၠန္႔ေလာက္ အံ့ဩရိပ္သန္းသြားၿပီး ေပ်ာက္သြားသည္။
သူ႔မ်က္ႏွာအေနအထားကို ျပင္လိုက္တာပင္။
"သခင္ေလးငယ္ငယ္က အတၱလန္တာရဲ႕ အခ်စ္ေတာ္ေလးပါပဲ။
ကြၽန္ေတာ္က ႏွင္းဆီၿမိဳင္က အိမ္ေစကြၽန္ဗ်။
သခင္ႀကီး Levan၀ယ္ခဲ့တဲ့ကြၽန္ယုံေပါ့ဗ်ာ"
သူ႔မ်က္ခုံးေတြ ျမႇင့္တက္သြားရသည္။ Kofiက အတၱလန္တာက အိမ္ေစမဟုတ္။
ႏွင္းဆီၿမိဳင္က အိမ္ေစျဖစ္ၿပီး ခ်ာတိတ္အေဖရဲ႕လူ။
ဒီလိုဆို ခ်ာတိတ္အေဖနဲ႔ အန္ကယ္Aidenၾကား အဆင္မေျပဖို႔က ျဖစ္ႏိုင္မ်ားေနေလၿပီ။
"ငါသိသေလာက္ ခ်ာတိတ္က အတၱလန္တာမွာ ႀကီးလာတာမလား။
သူ႔မိဘေတြဆုံးၿပီးမွ အန္ကယ္Aidenနဲ႔အတူ ႏွင္းဆီၿမိဳင္ကို လိုက္လာတယ္လို႔ သိထားခဲ့တာ"
"ခ်ာတိတ္ဆိုတာ သခင္ေလးကိုေျပာတာထင္တယ္။
ဟုတ္တယ္ အစ္ကိုေလးေျပာသလိုပဲ။ ဒါေပမယ့္ သခင္မႀကီး ဒုတိယကိုယ္ဝန္တုန္းက ကြၽန္ေတာ့္ကို သခင္ႀကီးက အတၱလန္တာ ေခၚထားတာဗ်။
ေခၚထားဆို ကြၽန္ေတာ့္အေမက ဝမ္းဆြဲသည္ကိုး..."
ဒုတိယကိုယ္ဝန္ဆိုတာ ခ်ာတိတ္ေျပာဖူးတဲ့ မေမြးႏိုင္လိုက္တဲ့ ကေလးေလးျဖစ္လိမ့္မည္။
ခ်ာတိတ္က အဲ့ကိစၥနဲ႔ပတ္သက္ၿပီး အခဲမေၾကျဖစ္ေနတတ္သည္ေလ။
"မင္းအေမကေရာ..."
"ဟိုတေလာကပဲ အဆုတ္ေရာဂါနဲ႔ ဆုံးသြားပါၿပီ"
"ငါသိသေလာက္ သခင္မႀကီးကိုယ္ဝန္က မေမြးလိုက္ရဘူးေနာ္"
အကင္းပါးသူပီပီ Kofiမ်က္ႏွာပ်က္သြားတာကို ခ်က္ခ်င္းသိလိုက္သည္။
ေသြး႐ိုးသား႐ိုးမျဖစ္ႏိုင္ေတာ့၊ ခ်ာတိတ္ေျပာတဲ့ အေၾကာင္းနဲ႔ဆက္စပ္ၾကည့္မယ္ဆိုလွ်င္...
ျဖစ္ႏိုင္ေခ်ေတြ တန္းစီၿပီး ေခါင္းထဲဝင္လာသည္။
- အေၾကာင္းတစ္ခုခုေၾကာင့္ ကေလးပ်က္တာျဖစ္ႏိုင္သည္။
- ကေလးနဲ႔ အေမ ေသဆုံးခ်ိန္သာတူခဲ့လွ်င္ အေမ့သားအိမ္က်န္းမာေရးေၾကာင့္ မီးတြင္းထဲဆုံးတာ ျဖစ္ႏိုင္သည္။
- ေနာက္ဆုံးအေနနဲ႔ လုပ္ႀကံခံရတာ... ဒီအခ်က္က သိပ္မ႐ိုးရွင္း။
ခ်ာတိတ္မိဘေတြ ေသဆုံးခ်ိန္နဲ႔ ပတ္သက္ၿပီး သူတစ္ခုမွ ဂဃနဏမသိထား။
"သခင္ႀကီးနဲ႔ သခင္မႀကီးက ဘယ္လို..."
"ကြၽန္ေတာ္ အလုပ္ေတြရွိေသးတယ္ အစ္ကိုေလး..."
Kofiက ဆက္ေျဖေတာ့မွာမဟုတ္။ ခပ္ထူထူႏႈတ္ခမ္းႀကီးေတြက ေထာ္ေနၿပီ။
ကပၸလီေတြ စိတ္မရွည္ရင္ သိပ္သိသာလြန္းပါသည္။
"ငါေနာက္ေန႔ ျပန္လာမယ္ Kofi"
____
"ခင္ဗ်ား ဘယ္သြားေနတာလဲ ဟမ္"
ကုန္ေလွာင္႐ုံကို ေရာက္ေရာက္ခ်င္း Taehyungကို ေတြ႕လိုက္ရတာေၾကာင့္ လန္႔သြားသည္။
မနက္ေစာေစာ အလုပ္ရွိလို႔ဆိုၿပီး ထြက္လာခဲ့တယ္မလား။
ခ်ာတိတ္ပုံစံက တကယ္ကိုစိတ္ရႈပ္ၿပီး ေဒါသထြက္ေနပုံ။
"ကိုယ္ ဒီနားမွာ စီးပြားေရးကိစၥေလး ရွိလို႔ပါ"
"အဲ့တာ က်ဳပ္ကိုႏႈိးၿပီး ေျပာသြားပါလား။ က်ဳပ္စိတ္ပူေနလား မပူလား ခင္ဗ်ားမစဥ္းစားမိဘူးလား"
လက္သီးေသးေသးေလးေတြနဲ႔ ရင္ဘက္ကို တဘုန္းဘုန္း လာထုေနသည္။
ကုန္ေလွာင္႐ုံက လူရွင္းေနသည္။
ခ်ာတိတ္ေမးဖ်ားေလးကို ဆြဲယူၿပီး ႏႈတ္ခမ္းဖ်ားကို ထိကပ္လိုက္သည္။
"ခင္ဗ်ားကလည္း လူၾကားထဲမွာ"
"ဘယ္သူမွ မရွိလို႔ေလ ခ်ာတိတ္ရဲ႕"
"ဟင္း...ဒါစိတ္ဆိုးေျပေသးတာေတာ့ မဟုတ္ဘူးရယ္"
"ေျပာပါဦး...ေဒါသထြက္ေနတဲ့အေၾကာင္းေလး"
"ခင္ဗ်ားက က်ဳပ္ကိုမေတြ႕ဘဲသြားေတာ့ က်ဳပ္က ခင္ဗ်ားထားသြားၿပီထင္တာဗ်"
"ဪ...ျဖစ္ရေလ ခ်ာတိတ္ရယ္..ထားသြားစရာလား"
ကုန္ေလွာင္႐ုံရဲ႕ ေခ်ာင္က်က်ေနရာက ခုံတန္းရွည္ကို ၾကည့္လွ်င္ Mr. Jeonရဲ႕ ေပါင္ေပၚထိုင္ေနေသာ ႏွင္းဆီၿမိဳင္သခင္ေလးကို ျမင္ရေပလိမ့္မည္။
"ေဖေဖနဲ႔ ေမေမလည္း ထားသြားၾကတာ"
"ခ်ာတိတ္မိဘေတြက ေရွ႕ဆင့္ေနာက္ဆင့္ဆုံးသြားၾကတာ ထင္တယ္ေနာ္"
"ဟင့္အင္း...တၿပိဳင္နက္ ဆုံးသြားၾကတာ"
ခ်ာတိတ္မ်က္လုံးေတြက နာက်ည္းရိပ္သန္းေနသည္။ မေတြးေကာင္း ေတြးေကာင္း ဆိုေပမယ့္ ဒါဟာ အသတ္ခံရတာမ်ားလားလို႔ ေတြးမိလိုက္သည္။
အသတ္ခံရတာ ဆိုရင္ေရာ ဘယ္သူကလဲ.. ဘယ္သူက သတ္ေလာက္တဲ့အထိ ရန္စရွိႏိုင္မလဲ။
အန္ကယ္ Aidenလား... မေတြးေကာင္းတာေတြ ေတြးၿပီး ညီအစ္ကိုအရင္းခ်င္းသတ္မယ္လို႔ သံသယမဝင္သင့္။
ဒါေပမယ့္ အဲ့သံသယကို ေဖ်ာက္ပစ္လို႔မရ။
"ခင္ဗ်ား ဘာေတြေတြးေနတာလဲ။ ခုနတည္းက အေတြးမ်ားေနပုံပဲ"
"ကိုယ္အလုပ္ကိစၥေတြးေနတာပါ"
"ဆင္ေျခေတြ မေပးနဲ႔ေနာ္။ ခင္ဗ်ားသာ မရွိရင္ က်ဳပ္ေတာ့႐ူးလိမ့္မယ္ထင္တယ္ ဒီတစ္ခါဆို တကယ္႐ူးေတာ့မွာ"
"မျဖစ္ႏိုင္တာေတြ မေျပာပါနဲ႔ကြာ။ ကိုယ္နဲ႔မင္း အၾကာႀကီး အတူတူေနရဦးမွာ"
"အၾကာႀကီးက မလုံေလာက္ဘူး ခင္ဗ်ားႀကီးရဲ႕။ ထာဝရေလာက္မွ ေတာ္ကာက်လိမ့္မယ္"
အသည္းယားစရာေကာင္းေအာင္ ေျပာတတ္ေသာ ခ်ာတိတ္ကို ႏႈတ္ခမ္းေပါက္ထြက္မတတ္ နမ္းရႈိက္ပစ္ေတာ့တာ။
ႏွက္းဆီက အ႐ိုင္းဆန္တဲ့ ကဗ်ာတစ္ပုဒ္လို သိမ္ေမြ႕သည္။ အၾကမ္းထည္ေပမယ့္ မာေက်ာတဲ့ စိန္ပြင့္လို ကိုယ့္အတြက္ တန္ဖိုးရွိသည္။
ႏွင္းဆီရဲ႕ စိတ္ဒဏ္ရာေတြကို ေျဖေဖ်ာက္ေပးခ်င္သည္... ထိုသို႔ျဖစ္ဖို႔ရာ ႏွင္းဆီရဲ႕ အတိတ္ကို တိတိက်က် သိရမွ ျဖစ္လိမ့္မည္။
"ခ်ာတိတ္က ဒီကို ဘာနဲ႔လာခဲ့တာတုန္း"
"ျမင္းနဲ႔... က်ဳပ္ျမင္းစီးတတ္တာ ခင္ဗ်ားေမ့ေနတာလား"
"ေမ့စရာလား။ စစေတြ႕ခ်င္း ျမင္းတစ္ေကာင္နဲ႔ ဝင္တိုက္ၿပီး မေတာင္းပန္သြားတာ ဘယ္သူမို႔လဲ"
"ခင္ဗ်ားႀကီးက အခုေတာင္းပန္ခံခ်င္ေနတာလား။ ခ်စ္သူေတြခ်င္း ဒီအျပစ္ေလာက္ကို ေလွ်ာ္ေပးသင့္တာေနာ္"
ႏွစ္ေယာက္သား စကားေကာင္းေနတုန္း ေဖာက္သည္လူႀကီးေတြ ေရာက္လာသည္။
ဒီတစ္ေခါက္ေဖာက္သည္ေတြက ေယာက်္ားႀကီးေတြမို႔ စိတ္ခ်သြားသည္။
Jeonနဲ႔ သူတို႔ ေျပာေနတဲ့ ကုန္ေဈးႏႈန္းအေၾကာင္း၊ ႏိုင္ငံေရးအေၾကာင္းေတြ ကိုယ္နားမလည္၊ စိတ္လည္း မဝင္စား။
က်ဳပ္နားလည္တာက ခင္ဗ်ားတစ္ေယာက္တည္းရယ္။
"ခ်ာတိတ္ ပ်င္းေနၿပီလား။ ကိုယ္အလုပ္နည္းနည္းမ်ားသြားတယ္"
"မပ်င္းပါဘူး ခင္ဗ်ားရွိေနတာပဲ"
"ခ်ာတိတ္ ဒီေန႔ ကိုယ့္ကို အရမ္းခ်ဳပ္ေနတာပဲ။ ေျပာပါဦး ဘာလိုခ်င္ေနတာလဲလို႔"
"က်ဳပ္ႏိုးလာေတာ့ ခင္ဗ်ားမရွိဘူးဆိုတာသိၿပီး အရမ္းစိတ္ပူသြားတာ၊ ေၾကာက္လည္းေၾကာက္တယ္။
ခင္ဗ်ားမသိပါဘူး က်ဳပ္ခင္ဗ်ားမရွိမွာကို ဘယ္ေလာက္ေၾကာက္တယ္ဆိုတာ"
ေနာက္ေျပာေနတာမဟုတ္၊ အပိုေျပာေနတာမဟုတ္။ ခ်ာတိတ္ရဲ႕ စိတ္ေလးက သူျမတ္ႏိုးတာေတြ ေပ်ာက္ဆုံးသြားမွာ သိပ္ေၾကာက္တဲ့စိတ္ေလး။
ပိုင္ဆိုင္လိုစိတ္မ်ားတဲ့စိတ္ေလး။
ကြၽန္ေတာ္နဲ႔ေတြ႕ၿပီး အတည္တက်ျဖစ္လာတဲ့ စိတ္ေလးကို ထပ္ၿပီးမေႏွာက္က်ိေစခ်င္။
"ကိုယ္က ခ်ာတိတ္ဆီက ထြက္သြားစရာအေၾကာင္းမွ မရွိတာပဲ။ တစ္ခုေတာ့ရွိတယ္...ခ်ာတိတ္ကိုယ္တိုင္ ေမာင္းထုတ္တဲ့ေန႔ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့"
"မရဘူး က်ဳပ္ေမာင္းထုတ္လည္း မသြားရဘူး။ အဲ့လို ေမာင္းထုတ္တယ္ဆိုလည္း က်ဳပ္စိတ္မမွန္တဲ့အခ်ိန္မို႔ပဲ ျဖစ္ရမယ္"
"ဟုတ္ပါၿပီကြာ...ကိုယ္ မထြက္သြားဘူး ေက်နပ္ၿပီလား"
ၿပဳံးတယ္ဆို႐ုံေလးၿပဳံးျပၿပီး ေခါင္းညိတ္ျပသည္။
အလုပ္ၿပီးလို႔ ျပန္ေတာ့ ျမင္းႏွစ္ေကာင္ကို ကုန္ေလွာင္႐ုံမွာ အသင့္ထားတဲ့ ဘာဂီေရွ႕ ခ်ည္ကာ ဆြဲခိုင္းရသည္။
ျမင္းႏွစ္ေကာင္ေရာ ဘာဂီေရာ ရႈပ္ယွက္ခတ္ေနေတာ့သည္။
"Jeon ျပန္လာၿပီလား။ ဒီေန႔ Suzan ေဆး႐ုံက ေစာျပန္ေရာက္ေနတာနဲ႔ ဟင္းနည္းနည္းေလာက္ လက္စြမ္းျပထားတယ္"
"ျပန္လာတာက ႏွစ္ေယာက္ေနာ္။ ဒီက အိမ္ပိုင္ရွင္ႀကီးကို မျမင္ရင္လည္း ဒီအိမ္မွာ မေနနဲ႔"
"ဪ... Taehyung ေရာ ပါလာတာကိုး။ မျမင္မိလို႔ Sorry ပါေနာ္"
Suzanက ေပၚေပၚတင္တင္ Taehyungကို ရန္စေနတာပင္။
အခုမွမဟုတ္ Jeonနဲ႔ တပူးပူးတတြဲတြဲေနခ်ိန္ကစၿပီး Taehyungအေပၚထားတဲ့ Suzanအမုန္းေတြက ပိုလို႔ ႀကီးထြားလာတာျဖစ္သည္။
"Suzanက အိမ္ရဲ႕သခင္ေလး တစ္ေယာက္လုံးကို ခုလို လုပ္ဖို႔ေတာ့ မေကာင္းဘူး"
"အို...Suzanက ဘာမ်ားလုပ္မိလို႔လဲ Jeonရယ္။ သူ႔ကို မျမင္မိ႐ုံေလးပါ"
Taehyung ေဒါသေတြ အလိပ္လိုက္ထြက္လာသည္။
Jeonေၾကာင့္သာ မဟုတ္ရင္ အရင္တည္းက ဒီမိန္းမကို သတ္ခဲ့မိေရာေပါ့။
မသတ္မိတာေတာင္ သိပ္ေနာင္တရမိေရာပဲ။
"ကြၽန္ေတာ္နဲ႔ ခ်ာတိတ္က အတူတူျပန္လာတာကို မျမင္မိဘူးဆိုတာေတာ့ မျဖစ္သင့္ဘူးလို႔ ထင္တာပဲဗ်။
႐ိုင္းျပသြားရင္လည္း ခြင့္လႊတ္ပါ Suzan"
Taehyungကို လက္ဆြဲၿပီး ေခၚသြားေတာ့ Suzan တစ္ေယာက္တည္း ႀကိတ္မႏိုင္ခဲမရ က်န္ခဲ့သည္။
Jeonက သိသိသာသာ Taehyungဘက္ပါေနတာက သူ႔အတြက္ စိတ္မခ်မ္းသာစရာ။
အခုတေလာ Taehyungနဲ႔ Jeon တတြဲတြဲျဖစ္ေနတာကိုလည္း မသကၤာ၊ ၾကည္လည္းမၾကည္ျဖဴႏိုင္။
မျမင္ခ်င္လြန္းလို႔ သစ္ကတိုးစုကို ခ်က္ခ်င္း ျပန္သြားခ်င္ေပမယ့္ အဲ့လိုလုပ္လို႔မျဖစ္။
သူသာ သစ္ကတိုးစုျပန္သြားခဲ့ရင္ Jeonက Taehyungနဲ႔ က်န္ခဲ့လိမ့္မည္။
ေယာက်္ားသားခ်င္း သဝန္ေၾကာင္မိေနတဲ့ ကိုယ့္စိတ္ကိုယ္လည္း နားမလည္ႏိုင္။
Taehyungနဲ႔ Jeon ပတ္သက္မႈကို လက္မခံႏိုင္၊ ႐ိုးသားတယ္လို႔လည္း မထင္ႏိုင္တာ ကိုယ့္ကိုယ္ကိုယ္သာသိသည္။
ထမင္းစားခ်ိန္ေရာက္ေတာ့လည္း Taehyungအေပၚ Jeonက သိသိသာသာပိုကဲျပသည္။
သူကိုယ္တိုင္ Jeonအတြက္ ခ်က္ထားတဲ့ ၾကက္ဆင္သားကင္ကို မစားႏိုင္ေတာ့။
ၾကက္ဆင္သားစားရဖို႔ဆိုတာ ဒီကာလႀကီးမွာရွားသည္။
Jeonကို စားေစခ်င္လို႔သာ ရွာခ်က္ထားတာပင္။
"ခ်ာတိတ္ ထည့္စား။ အာဟာရျပည့္ေအာင္ စားစမ္းပါကြာ..ခ်ာတိတ္က တအားပိန္ေနေရာပဲ"
"Jeonက ကိုကိုေလးကို သိပ္ဂ႐ုစိုက္တာပဲေနာ္"
"အဲ့တာ ဆန္းလို႔လား။ ဂ႐ုစိုက္သင့္တာပဲကို"
Joannaက Taehyungကို ၾကည့္ၿပီး မဲ့ၿပဳံး႐ြဲ႕ၿပဳံး ၿပဳံးျပေနေတာ့သည္။
Joanna ရဲ႕ အၾကည့္ေတြထဲ Taehyungအေပၚ အထင္ေသးသည့္အေငြ႕အသက္၊ အားနည္းခ်က္ႀကီး တစ္ခုလုံးကို သိထားသည့္ အရိပ္အေယာင္ကို အၿမဲေတြ႕ရသည္။
အကင္းပါးသူ Suzanအတြက္ အကြက္ေ႐ႊ႕စရာ ေပၚလာေခ်ၿပီ။
____
ေႏြညက အိုက္စပ္စပ္နဲ႔ လူတိုင္းကို ေမာဟိုက္ေစသည္။
ညသန္းေခါင္က လူတိုင္း အိပ္ေမာက်ခ်ိန္။
သို႔ေသာ္ စစ္တြင္းကာလမို႔ ရင္တထိတ္ထိတ္နဲ႔ အိပ္ေမာမက်ႏိုင္သူမ်ားလည္း ရွိလိမ့္မည္။
ဝါရွင္တန္လမ္းမထက္က အိမ္ႀကီးရဲ႕ အေပၚထပ္မွာ လူႏွစ္ေယာက္သာ ေနသည္။
ကပၸလီကြၽန္ေတြက အလုပ္သမားတန္းလ်ားမွာအိပ္သည္။
အမ်ိဳးသမီးႏွစ္ေယာက္ကေတာ့ အိမ္ေအာက္ထပ္က ဧည့္သည္ေတြအတြက္အခန္းမွာ ေနၾကသည္။
အမ်ိဳးသမီးတစ္ေယာက္မွာ တိုးတိတ္ညင္သာေသာ ေျခလွမ္းမ်ားျဖင့္ အိမ္ေပၚထပ္သို႔ တက္ခဲ့သည္။
ပိုးသားညဝတ္ဂါဝန္၏ တရွပ္ရွပ္ျမည္သံကို ဘယ္သူ႔ကိုမွ မၾကားေစလိုသျဖင့္ ဂါဝန္ကို လက္တစ္ဖက္ျဖင့္ မ ကာ လက္တစ္ဖက္ ေရနံဆီမီးအိမ္အလင္းမွိန္မွိန္ကို ကိုင္တြယ္ထားသည္။
အိမ္ေပၚထပ္ေရာက္တာနဲ႔ ေရနံဆီမီးကို ၿငိမ္းေစလိုက္ၿပီး အခန္းတစ္ခန္းကို အသာေလး ဖြင့္ၾကည့္သည္။
ထိုအခန္းထဲ Jeon ရွိမေန။
သူ႔ရင္ထဲ တင္းၾကပ္မႈတစ္ခုျဖစ္သြားသည္။
သူထင္သလို ျဖစ္လာခဲ့သည္ရွိေသာ္ သူျပင္ဆင္ထားသည္။
သို႔သည့္တိုင္ သူအရင္ ရင္ကြဲရေခ်မည္။
Jeonက သူ႔အခန္းမွာသူရွိမေန။ ညႀကီးအခ်ိန္မေတာ္ အျပင္ေရာက္ေနတာလည္း မျဖစ္ႏိုင္။
ရွိသမွ်ဘုရားအဆူဆူကို တ သည္။
တံခါးကို အသာေလး ဖြင့္သည္။ ကံေကာင္းစြာျဖင့္လား ကံဆိုးစြာျဖင့္လားမသိ.. တံခါးဂ်က္မခ်ထား။
"ဘုရားသခင္..."
သူတိုးတိုးတိတ္တိတ္ေရ႐ြတ္မိၿပီး တံခါးကိုေရာ ပါးစပ္ကိုေရာပိတ္လိုက္သည္။
သူျမင္ခဲ့ရတာကို သူမယုံႏိုင္။ သူ႔မ်က္စိသည္ သူ႔အျမင္အာ႐ုံသည္ သူ႔ကို လိမ္ေနတာပဲ ျဖစ္ရမည္။
သူ႔ဘဝမွာ တစ္ခါမွ လိင္တူေယာက်္ားသားႏွစ္ေယာက္ ဤမွ်ပတ္သက္ေနတာကို မျမင္ဖူးမၾကားဖူးခဲ့။
သံသယဝင္ခဲ့သည္ထား...မဟုတ္ၾကဖို႔သာ ေမွ်ာ္လင့္ခဲ့တာ၊ ဆုေတာင္းခဲ့တာ။
အဝတ္ဗလာနဲ႔ ေယာက်္ားသားႏွစ္ေယာက္ ေလဝင္လို႔မရေအာင္ ပူးကပ္ၿပီး အိပ္ေနၾကသည္မွာ အဘယ္သို႔ ေသြး႐ိုးသား႐ိုးျဖစ္ႏိုင္ပါေတာ့မလဲ။
ေသြးသားစပ္ယွက္ထားမွန္း သိသာေနတဲ့ ျမင္ကြင္းေၾကာင့္ Suzanမွာ ဒူးေတြပင္ ေခ်ာင္လာသည္။
"မျဖစ္ႏိုင္တာ...Jeonက တကယ္ႀကီး..."
ေတာင္ပိုင္းသူ ေတာင္ပိုင္းသားတို႔သည္ ဒီလိုကိစၥမွာ အျမင္မက်ယ္သလို အထင္လည္း ေသးတတ္ၾကသည္။
Suzanစိတ္ထဲမွာ အထင္ေသးစိတ္ထက္ အံ့ဩစိတ္က သာေနသည္။
သူသေဘာက်ခဲ့သူ၊ ေယာက်္ားအပီသဆုံးလို႔ ထင္ခဲ့သူက အမ်ိဳးသမီးေတြကို စိတ္မဝင္စားဆိုတာကို မယုံၾကည္ႏိုင္ေသး။
အဲ့ဒီလူကို သူနမ္းပင္နမ္းခဲ့ဖူးသည္ မဟုတ္ပါလား။
ႏွလုံးသားလည္း တစ္စစီမြေၾကရသလို တစ္ဆက္တည္းမွာပင္ ႐ြံရွာစက္ဆုပ္လာသည္။
ဒီလိုလူကိုမွ သေဘာက်မိတဲ့ကိုယ့္အျဖစ္ကိုယ္ ရွက္မိသလို ေယာက်္ားခ်င္း ျမဴစြယ္တတ္တဲ့ Kim Taehyungကို ပိုလို႔ပင္ ႐ြံရွာသည္။
"ညႀကီး ဘယ္က ျပန္လာတာလဲ Suzan"
မအိပ္ေသးတဲ့ Joannaေၾကာင့္ Suzan လန္႔သြားသည္။
အခန္းထဲဝင္ကာ ရင္စည္းေတြကို ေျဖခ်လိုက္မွ သူအသက္ဝဝရႉႏိုင္ေတာ့သည္။
"မင္းၾကည့္ရတာ ေမာဟိုက္ေနသလိုပဲ။ ဘယ္မွာ ဘာျဖစ္လာလို႔လဲ"
"အင္း...ကိုယ္ေမာေနတာ Joanna. ကိုယ့္ကို ေရယူေပးပါဦး"
Joannaက ေရတေကာင္းထဲက ေရထည့္ၿပီး ယူေပးေတာ့ Suzanတစ္က်ိဳက္တည္း ေမာ့ေသာက္ပစ္သည္။
Suzan အခုမွ သတိရေတာ့သည္။ သူ႔မွာ Joanna ရွိေသးသည္။
အကြက္ေ႐ႊ႕ဖို႔ ျပင္ဆင္ထားတယ္ဆိုၿပီး သူဒါကို ေမ့ေနခဲ့တာပင္။
သူထင္တာမမွားဘူးဆို Joannaမွာ Taehyungရဲ႕ ေပ်ာ့ကြက္ရွိသည္။
သို႔တည္းမဟုတ္...တစ္ေယာက္ေပ်ာ့ကြက္ တစ္ေယာက္သိေနတာလည္း ျဖစ္ေလာက္သည္။
Joannaကို သူအသုံးခ်လို႔ ရေကာင္းရလိမ့္မည္။
ဒီကစားပြဲမွာ သူ Taehyungကို မႏိုင္။
ဒါကို သူလက္ခံလိုက္ရသည့္တိုင္ ေက်နပ္စြာ မဟုတ္။
'ကိုယ္မႏိုင္ရင္ မင္းလည္း မေပ်ာ္ရဘူး Taehyung'
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜