GL အပိုင်းတိုများ

By Kuroburakku

31.2K 958 19

မိမိစိတ်ကူးထဲမှအကြောင်းအရာများကိုပုံဖော်ထားတာကြောင့် လက်တွေ့ဆန်မှဆန်ချင်မှာပါ။ အရေးအသားကလဲမကောင်းတာကြောင့်သည်... More

ချစ်ခြင်းကမ္ဘာ#1
ချစ်ခြင်းကမ္ဘာ#2
ဒါရာ၏တေး#1
ဒါရာ၏တေး#2
ဒါရာ၏တေး#3
I should love her
I'm back ...FOR YOU#1

I'm back...FOR YOU#2

1.5K 78 4
By Kuroburakku

ယနေ့သည် Hexအခန်းကိုXoeyသန့်ရှင်းရေးတာဝန်စကျသောနေ့။သည်အိမ်ကိုသန့်ရှင်းရေးလုပ်ဖို့ရောက်လာသည်မဟုတ်သော်လည်း Hex၏စိန်ခေါ်မှုကြောင့်ယခုတွင်တော့ သန့်ရှင်းရေးသမလုံးလုံးကိုဖြစ်လို့။လိုအပ်သောပစ္စည်းများကိုသယ်ယူရင်းမနေ့ညကမျက်ပြူး၏စကားကိုသွားသတိရမိသည်။
>>>>
''ဟင်!သခင်မက Xoeyလေးကိုအခန်းထဲဝင်တာကိုဘာမှပြန်မလုပ်ဘဲသန့်ရှင်းရေးတောင်လုပ်ခိုင်းတယ်ဟုတ်လား?''

ပြူးနှင့်နေပြီးသားမျက်လုံးကိုထပ်ပြူးကာအံ့အားသင့်နေသောမျက်ပြူးကြောင့်Xoeyအနည်းငယ်ကြောင်အသွားသည်။

''ဘာလို့လဲ အဲ့တာကဘာများထူးနေလို့လဲဟင်.?''

''Xoeyလေးမသိဘူးလား။သခင်မက သူ့အခန်းကိုဘယ်သူ့ကိုမှဝင်ခွင့်ပြုတာမဟုတ်ဘူး အသက်ရှိစဥ်ကရော အခုရော''

''ဒါဆို ဘယ်သူမှသူ့အခန်းထဲကိုမဝင်ဖူးကြဘူးပေါ့''

''အဲ့ဒီလိုလဲမဟုတ်ဘူးရယ် အထိန်းတော်ကြီးရယ်၊နောက်တစ်ယောက်ရယ်ကိုတော့ဝင်ဖို့ခွင့်ပြုထားတယ်''

''နောက်တစ်ယောက်...နောက်တစ်ယောက်ကဘယ်သူလဲ''

''သူ့နာမည်ကိုတော့ကျွန်မတို့ပြောပိုင်ခွင့်မရှိဘူး သခင်မကပြောခွင့်မပြောဘူး အထိန်းတော်ကြီးကိုတော့Xoeyလေးသိပါတယ် ဒုတိယလာခြောက်တဲ့ဂျိုတစ်ချောင်းလေ''

ဟုပြောပြီးရုတ်တရက်ပျောက်သွားသော မျက်ပြူးကြောင့် Xoeyတစ်ယောက်စကားနှိုက်မေးမရတော့သောကြောင့်မကျမနပ်သိချင်စိတ်များပြည့်၍ကျန်နေခဲ့သည်။

<<<<<<
(အဲ့နောက်တစ်ယောက်ကဘယ်သူမို့လို့လဲ...ပန်းချီကားချပ်ထဲကမိန်းက​လေးနဲ့များပတ်သက်နေမလား)

Xoeyတစ်ယောက်တွေးရင်းလှုပ်ရှားလာလိုက်ရာHex၏အခန်းရှေ့တွင်ရပ်မိလျက်သားဖြစ်သွားသည်။ထို့​ကြောင့်

''အခန်းထဲလူဝင်တာမကြိုက်ဘဲ ငါ့ကိုကျသန့်ရှင်းရေးလုပ်ခိုင်းတယ် ဒီသရဲမဘာတွေကြံစည်နေပြန်ပြီလဲမသိဘူး ''

~~ဒေါက်..ဒေါက်~~
အခန်းတံခါးကိုနှစ်ချက်​ခေါက်ကာအခန်းထဲတုန့်ဆိုင်းခြင်းမရှိဘဲဝင်သွားလေသည်။

အခန်းထဲရောက်ရောက်ခြင်းပင်ညစ်ပေရှုပ်ပွနေသောအခန်းကျယ်ကြီးကိုစတင်ကာသန့်ရှင်းလေသည်။Hexကိုတော့မမြင်ရ။Xoeyတစ်ယောက်၄နာရီမျှအားသွန်ခွန်စိုက်သန့်ရှင်းရေးလုပ်ပြီးချိန်တွင် တောက်ပြောင်‌သွားသောအခန်းကြီးသည်တစ်ဖန်ပြန်လည်ညစ်ပေသွားသည်။ ထိုအခါမှ Hexဘာတွေကြံစည်နေမှန်းXoeyတွေးမိသွားသည်။ မိမိလုပ်သမျှအရာတိုင်းအထမမြောက်သောကြောင့် မိမိကိုလက်လျှော့စေလိုခြင်း။
Xoeyမျက်မှောင်ကျုံ့ကာ လက်ထဲမှရေစိုအ၀တ်စကိုပစ်ချလြိက်ကာအခန်းထံသို့ဝေ့ဝှိုက်ကြည့်လိုက်သည်။

"ဒီမှာ!!ရှင်ပုန်းမနေနဲ့ ထွက်လာခဲ့!"

"ဘာလဲ ...မင်းကကိုယ့်အခန်းထဲ၀င်ပြီးကိုယ့်ကိုဘယ်လိုနေရမယ် ဘယ်မှာနေရမယ်အမိန့်ပေးချင်သေးတာလား?"

ရုတ်တရက်မိမိနားနှင့်အနီးကပ်ကြားလိုက်ရသော‌ေနာက်‌ေကျာဘက်မှအသံကြောင့်Xoeyတစ်ချက်လန့်သွားကာကိုယ်လုံးလေးမှာတွန့်သွားသည်။ထို့နောက် နောက်ရှေ့သို့တစ်လှမ်းတိုးကာနောက်လှည့်လိုက်၍

"ရှင့်...ရှင့်ဘာသာရှင်ဘယ်မှာနေနေ ဘယ်လိုနေနေကျွန်မနဲ့ဘာဆိုင်လို့လဲ အခုကရှင်အကျင့်ယုတ်တာကိုရှင်းမလို့ခေါ်တာ"

Xoey၏အပြောကြားသောအခါ Hexတစ်ယောက်မျက်ခုံးတစ်ဖက်ကိုပင့်ကာXoeyကိုစိုက်ကြည့်လိုက်သည်။

"ကိုယ်ဘယ်မှာအကျင့်ပုတ်မိလို့လဲ"

"ကျွန်မသန့်ရှင်းပြီးသားနေရာတွေကိုပြန်ညစ်ပေအောင်ရှင်လုပ်နေတာလေ အဲ့တာအကျင့်ပုတ်တာမဟုတ်လို့ဘာလဲ"

"ဒါကိုယ့်အခန်းလေ ကိုယ်ကြိုက်သလိုလုပ်မှာပေါ့ "

"ရှင်အဲ့လိုလုပ်နေရင် ဘယ်တော့မှပြီးတော့မှာလဲ !!!!"

"ကိုယ်ပြောပြီးပြီလေ ဒါကိုယ့်အခန်းပါလို့ ကိုယ်ကြိုက်သလိုလုပ်မှာပေါ့ ပြီးတော့မနေ့ကလဲ ဒီလိုမလုပ်ရဘူးလို့မင်းမှမပြောထားတာ ကိုယ့်ကိုဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ပြောကအောင် မင်းကကိုယ့်ရဲ့အိမ်ထောင်ရှင်မ,လား?"

ပုံမှန်ဆိုလျှင်အနေတည်လွန်းလှသောHexမှာ ဘာကြောင့်မှန်းရယ်မသိ၊ယခုဤလူသားမိန်းကလေးကိုစနောက်ရသည်ကိုပျော်နေလေသည်။နှုတ်ခမ်းစူကာရန်တွေ့နေပုံမှာ Hexအတွက်အသည်းယားစရာကောင်းလွန်းနေသည်ဟုတွေးနေမိလေသည်။ယခုလည်း အနည်းငယ်ကျီဆယ်မိတော့သူမ၏ပါးနှစ်ဖက်တွင်ပန်းနုရောင်သန်းလာလေသည်။

"မ..မဟုတ်တာ‌တွေမပြောနဲ့ ဘယ်...ဘယ်သူကဂရုစိုက်နေမှာလဲ ရှင့်ဘာသာရှင်လုပ်ချင်ရာလုပ်တော့နောက‌်နေ့မှလာသန့်ရှင်းမယ် ခု..တော့နားတော့မယ် "
Xoeyသည်ထိုသို့ပြောပြီးပြီးခြင်း နောက်ကိုတောင်လှည့်မကြည့်ပဲ အခန်းထဲသို့အမြန်ပြေးလေတော့သည်။
အခန်းထဲရောက်ရောက်ခြင်းတံခါးကိုပိတ်ကာ တံခါးချပ်ကိုကျောမှီ၍
(ငါ့ရင်‌တွေဘာလို့အရမ်းခုန်နေတာလဲ....ထူးဆန်းလိုက်တာ)
ဟုတွေးကာ သူမ၏ရင်ဘတ်ကိုလက်တစ်ဖက်နှင့်ဖိထားလိုက်သည်။

တစ်ဖက်အခန်းထဲတွင်ကျန်‌ခဲ့သောHexမှာတော့

"ဒီခံစားချက်ကြီးထပ်ဖြစ်လာပြန်ပြီ...ရှေ့လျှောက်ရှောင်မှပါလေ..." ဟူ၍တစ်ကိုယ်တီးတိုးရည်ရွတ်နေတော့သည်။

နောက်ရက်Xoeyသန့်ရှင်းရေး၀င်လုပ်အချိန်များတွင် Hexသည် Xoeyနှင့်စကားပြော စနောက်ခြင်းမရှိတော့သော်လည်း သန့်ရှင်းပြီးသည့်အချိန်တိုင်းတွင်တော့ နှောင့်ယှက်မြဲနှောင့်ယှက်နေလေသည်။ဤသို့ဖြင့်လေးရက်မြောက်နေ့တွင်...

"အား!!!!!"

ခုံပေါ်တက်ကာမျက်နှာကျက်ကိုသန့်ရှင်းနေသောXoeyသည် ဘာကြောင့်မှန်းမသိ ခုံမှာအရမ်းတုန်ခါလှုပ်သွားသောကြောင့်ခုံပေါ်မှပြုတ်ကျခြင်းဖြစ်သည်။Xoeyတစ်ယောက်အထိနာပြီဟုတွေးကာမျက်လုံးအစုံမှိတ်ထားသော်လည်း တော်တော်ကြာသည်အထိ နာကျင်မှုကိုမခံစားရသေး။
(အယ်..ဘာလို့မနာတာလဲဟ သရဲမကြီးရဲ့ကြမ်းပြင်ကပျော့ပျော့အိအိလေးလား )
ဟုတွေးကာ မျက်လုံးမဖွင့်သေးပဲ ထိုပျော့အိနေသောနေရာကိုလ်တစ်ဖက်နှင့်တို့ကြည့်လေသည်။

"သရဲရဲ့ရင်အစုံကိုတောင်မရှောင်ဘူးဟုတ်လား"

Hex၏အသံကိုကြားတော့Xoeyသည်မျက်လုံးကိုပြူးနေအောင်ဆတ်ကနဲဖွင့်လိုက်သည်။မိမိကိုငုံ့မိုးကာကြည့်နေသောHexကြောင့်လန့်သွားပြီး
Hex၏ရင်ခွင်ထဲမှရုန်းထွက်ကာ မတ်မတ်ရပ်လိုက်လေသည်။

"မဟုတ်ပါဘူး! ဒါနဲ့ကျေးဇူးပဲ"

"အင်း..."

အင်းဟုတစ်လုံးထဲပြောကာထွက်သွားဟန်ပြုနေသော Hex၏အပြုအမူကိုXoeyသဘောမကျ။ မိမိကိုတမင်ရှောင်ျနသောဟန်။ဘာကြောင့်မှန်းရယ်မသိသော်လည်း Xoeyနေမတတ်။

"ဒီမှာ!!ရှင်ကျွန်မကိုတမင်ရှောင်နေတာလား?"

"မဟုတ်ဘူး!"

ပြတ်လွန်းလှသည့်အသံကြောင့်Xoeyဒေါသပိုထွက်လာခဲ့သည်။

"မညာနဲ့ ရှင်ကျွန်မကိုရှောင်နေတာအသိသာကြီး၊မမြင်ချင်လဲပြောပေါ့!!ရှေ့ရက်ကပဲရှင်ပဲကျွန်မကိုစနောက်နေ‌ပြီးတော့ နောက်ရက်ကျတော့ ကျွန်မနဲ့မပြောဆိုမဆက်ဆံပဲနေနေပြန်တယ် ရှင်ဘာဖြစ်ချင်နေမှန်းကျွန်မတစ်ကယ်မသိတော့ဘူး!!"

ထိုအခါ Hexသည် သက်ပြင်းရှည်ကြီးကိုချလိုက်ကာ
"ကိုယ်မင်းကိုဖစ်ရပ်မှန်လေးတစ်ခုပြောပြမယ်။''

"လွန်ခဲ့တဲ့နှစ်ပေါင်း၇၀လောက်က အခုဒီအိမ်ကြီးထဲမှာ ကလေးမလေးတစ်ယောက်ရယ် သူ့မိဘတွေရယ် အစေခံအများကြီးရယ်နဲ့နေထိုင်ခဲ့ကြတယ်။တစ်ရက်တော့ အဲ့ဒီကလေးမလေးရဲ့အဖေက တခြားကောင်မလေးတစ်ယောက်ရယ် ၊ကောင်လေးတစ်ယောက်ရယ်ကိုခေါ်လာခဲ့တယ်။ သူတို့နှစ်ယောက်ကမောင်နှမတွေမဟုတ်ကြပေမယ့်သူတို့နှစ်ယောက်စီရဲ့မိဘတွေကအသတ်ခံလိုက်ရလို့သနားပီးအတူတူမွေးစားဖို့ခေါ်လာခဲ့တာတဲ့။ သူ့ကိုလဲ အခုချိန်ကစပြီးဒီကလေးနှစ်ယောက်ကသမီးရဲ့မောင်လေးနဲ့ညီမလေးမို့ စောင့်ရှောက်ရမယ်နော်တဲ့။
အဲ့နေ့ကစပြီးအဲ့ဒီနှစ်ယောက်ထဲကမှ တစ်ယောက်ကမိန်းကလေးလည်းဖြစ်တော့ သမီးအရင်းနဲ့ပိုပြီးရင်းနှီးလာခဲ့ကြတယ်။သေခဲ့ရင်တောင်တစ်ယောက်အတွက်ပြန်လည်မွေးဖွားပြန်လာရှာပါ့မယ်လို့ကတိသစ္စာထားခဲ့ကြရလောက်အောင်ရင်းနှီးခဲ့ကြတယ်။အချိန်တွေကြာလာလို့မိဘတွေကွယ်လွန်သွားကြတော့ သမီးအရင်းလဲတစ်ဖြစ်၊အမကြီးအမိရာတစ်ဖြစ်နဲ့သည်အိမ်ကြီးဦးစီးခဲ့တယ်။တစ်နေ့အစ်မကြီးကခြံထဲလမ်းလျှောက်ထွက်နေတုန်း အစေခံအမျိုးသားတစ်ယောက်ကအစေခံအမျိုးသမီးတစ်ယောက်ကိုထိကပါးရိကပါးစော်ကားနေတာကြောင့် အစ်မကြီးကစိတ်အရမ်းဆိုးပြိးအိမ်တော်မှာရှိသမျှယောက်ျားသားအလုပ်သမားတွေကို‌မောင်းထုတ်ခဲ့တယ်။သူ့မောင်လေးကလွဲပြီးပေါအိမ်တော်ကြီးထဲမှာအမျိုးသမီးတွေပြကျန်ခဲ့ပြီးလစ်ဟင်းသွားတဲ့အမျိုးသားတွေရဲ့အလုပ်နေရာကိုအဲ့ဒီအမျိုးသမီးတွေကပဲဖြည့်စွက်လုပ်ကိုင်ခဲ့ကြတယ်။
ညီမငယ်လေးကိုအစ်မကြီးကအရမ်းချစ်ပြီးအလိုလိုက်ကြတာတစ်အိမ်လုံးသိကြပေမယ့် အစ်မကြီးက ညီမလေးတစ်ယောက်လိုချစ်မြတ်နိုးတာမဟုတ်ဘူးဆိုတာကိုတော့အိမ်တော်ထိန်းတစ်ယောက်ပဲသိခဲ့တယ်။တစ်နေ့တော့ အစ်မကြီးသိခဲ့ရတာက သူမရဲ့မောင်လေးနဲ့သူမရဲ့ညီမလေးကရည်ငံနေကြပြီဆိုတာကိုပေါ့။ညီမလေးကိုချစ်မြတ်နိုးလွန်းပြီးအတ္တကြီးလွန်းတဲ့အစ်မကြီးဟာ‌ သူမမောင်လေးကိုစည်းစိမ်တစ်ချို့ကိုပေးပြီးအိမ်တော်ကနေမောင်းထုတ်လိုက်ပေမယ့် မောင်ငယ်ကဘာမှမယူပဲထွက်သွားတယ်တဲ့။အဲ့သည်ညရောက်တော့သူမရဲ့ညီမငယ်ဟာပျောက်သွားပြီးလို့ခဏအကြာမှာပဲ ကျန်ခဲ့တဲ့သူတို့တစ်အိမ်လုံးကအသတ်ခံခဲ့ရတယ်။အကုန်လုံးကအစိမ်းသေခဲ့ကြရတာမို့ သရဲတွေဖြစ်လာကြတဲ့အချိန်နားလည်ခဲ့ရတာက သူမမောင်လေးကတစ်ခြားသူတွေနဲ့ပေါင်းပြီးသူမကိုမကျေနပ်လို့ပြန်လာသတ်ခဲ့တာပဲ။ဒါကြောင့်သူချစ်တဲ့မိန်းကလေးကိုအရင်ခေါ်ထုတ်သွားတာပေါ့။ဒါကြောင့်ရန်ငြိုးကြီးတဲ့အမကြီးဟာသူ့မောင်ကိုပြန်လက်စားချေနိုင်ဖို့အတွက်ပရလောကရဲ့အမြင့်ဆုံးအဆင့်ထိရောက်အောင်ကျင့်ကြံခဲ့တယ်။
မင်းဘာလို့ဒီကိုရောက်လာလဲငါသိပါတယ် ငါတို့လိုအဆင့်မြင့်သရဲတွေကိုမင်းတို့လို ပြန်လည်မွေးဖွားစေသူတွေကပဲ လူ၀င်စားအောင်ပြုလုပ်နိုင်ကြတာလေ။မင်းအသက်အရမ်းငယ်နေလို့ကုိယ်မင်းကိုအထင်မသေးပါဘူး ကိုယ်ကိုယ်တိုင်ကလည်းနှစ်အနည်းငယ်အတွင်းမှာအခက်ဆုံးအဆင့်တွေကိုဖြတ်ကျော်နိုင်ခဲ့တာပဲ..ပြီးတော့ဒီအိမ်တော်ကိုရောက်လာတယ်ဆိုထဲကမင်းအဆင့်ကအနိမ့်အပါးကမဟုတ်မှန်းလည်းကိုယ်သိတယ်"

Hex၏စကားများကိုငြိမ်သက်စွာနားထောင်နေစောXoeyက

"နံရံပေါ်ပန်းချီကားထဲက မိန်းကလေးက ရှင့်ညီမလေးမလား"

ဟူ၍မေးတော့ Hexသည်ခေါင်းငြိမ့်လေသည်။ Xoeyမျက်နှာအနည်းငယ်ပျက်သွားကာ
"အခုထိပုံတွေကိုအမြတ်တနိုးချိတ်ထားတော့ ရှင်သူ့ကိုချစ်နေသေးတာလား..."

"အဲ့ဒီအချစ်တွေကသေသွားခဲ့တာကြာပါပြီ ဆက်ချိတ်ထားတာက ကတိတစ်ခုကြောင့်ပါ ဒီပန်းချီတွေကိုဆွဲပြီးတဲ့အချိန်တုန်းက ကိုယ်သည်ပုံတွေကိုပွားပြီး အခန်းထဲအနှံ့ချိတ်ထားမယ်လို့ကတိပေးထားမိခဲ့လို့လေ"

"ကျွန်မကိုရှောင်တာကရော..ကျွန်မက ပြန်လည်မွေးဖွားစေသူဖြစ်တာကြောင့်လား?"

Hexသည် ခေါင်းကိုဖြည်းညင်းစွာခါလိုက်ရင်း

"ကိုယ်ကိုယ်တိုင်လည်းဒီခံစားချက်ကိုသေချာအတည်မပြုရသေးပေမယ့် မင်းနဲ့တွေ့တော့ အရင်တုန်းကခံစားချက်အတိုင်းပြန်ခံစားမိလာတယ်..အချစ်လို့လူတွေအမည်တပ်ထားတဲ့ခံစားချက်ပေါ့ ကိုယ်တို့နှစ်ယောက်ကလဲတစ်ယောက်တစ်လမ်းဆီကသူမို့ မဖြစ်သင့်တာမဖြစ်ရအောင်ကာကွယ်တဲ့အနေနဲ့ ရှောင်နေခဲ့တာ"

"တစ်ကယ်တော့လေ.. ရှင်တို့အိမ်တော်အတွင်းကသူတွေကိုသတ်ခဲ့တဲ့သူကရှင့်ရဲ့မောင်လေးမဟုတ်ပါဘူး ရှင်နှင်ထုတ်ခဲ့တဲ့ယောက်ျားလေးအစေခံတွေထဲကလူတစ်ချို့က ဓားပြတွေနဲ့ပေါင်းပြီးရှင်တို့ကိုသတ်ခဲ့ကြတာပါ ရှင့်မောင်လေးကရှင့်ညီမလေးနဲ့မခွဲနိုင်တော့ အဲ့ဒီညမှာ‌ပဲလာခိုးပြီးနှစ်ယောက်သားထွက်ပြေးခဲ့ကြတာ လူသတ်သမားတွေရန်ကကပ်သီးလေးလွတ်ခဲ့ကြပြီးတစ်ခြားအရပ်ကိုပြောင်းနေခဲ့ကြတယ် ။နောက်ဒီမြို့ကိုပြန်လာတော့ ရှင်တို့အိမ်တော်ကြီးကသရဲခြောက်နေတယ်ဆိုတဲ့သတင်းကိုကြားပြီးရှင့်မောင်လေးက ဆရာကြီး‌ေတွဆီမှာပညာယူခဲ့ပြီး ပြန်လည်မွေးဖွားစေသူလုပ်ခဲ့တယ်"

"မင်းကဘယ်သူမို့လို့ဒီလိုဖန်တီးပြောနိုင်ရဲရတာလဲ!!!!ငါဖြစ်ခဲ့တဲ့ကိစ္စ ငါဆိုတဲ့သူကသေချာမသိရင် မင်းဆိုတဲ့သူစိမ်းကသိနေစရာအကြောင်းကိုမရှိဘူး!!!!"

ပြောင်းလဲလာသောမျက်နှာထားနှင့်ဩလာသောအသံတို့ကြောင့် Hexတစ်ယောက်မကောင်းဆိုးဝါးသဏ္ဌာန်ပြောင်းတော့မည်ကို Xoey သိနေလေပြီ။ သို့သော်လည်းပြောစရာရှိသည်ကိုပြောရမည်ဟူသောဆုံးဖြတ်ချက်ဖြင့်

"ဟုတ်ပါတယ် ကာယကံရှင်ကပဲသေချာသိမှာလေ ရှင့်မောင်လုပ်ခဲ့လားမလုပ်ခဲ့လားရှင့်မောင်ပဲသိမှာပေါ့ ပြီးတော့ကျွန်မဘာလို့သိနေရတာလဲဆိုတော့ ရှင့်မောင်ဆိုတဲ့သူကကျွန်မရဲ့ဆရာဖြစ်နေလို့ပဲ"

"ဘာ!!!!"
နီရဲလွန်းလှသောမျက်လုံးကြီးများနှင့် အရောင်ပြောင်း‌လာသောအသားအရည်ကိုလျစ်လျူရှုကာXoeyသည်ဆက်ပြောလေသည်။

"ရှင်လဲရှင့်အဆင့်တွေကိုတက်နေတဲ့ကာလအတွင်းမှာဆရာကလည်းသူ့အဆင့်တွေကိုကြိုးစားတက်နေခဲ့တယ် ဒါပေမယ့် ဆရာကတော်ဆုံးသွားတဲ့နှစ်မှာတော့ ဆရာကစိတ်ဓာတ်တွေကျဆင်းသွားပြီး ကျွန်မကိုပညာတွေလွဲအပ်ပြီးလို့ ဖြစ်ပျက်ခဲ့တာတွေကိုပြောပြပြီးနောက်ရက်ဘယ်ဆီကိုမှန်းမသိပျောက်သွားခဲ့တယ် ဆရာပျောက်ပြီးနောက်တစ်နှစ်ကြာတော့ရှင့်ဆီကိုကျွန်မထွက်လာခဲ့တာပဲ"

"တော်တော့!!!!!!မင်းး!!!မင်း ထွက်သွား!!".

"ရှင်စိတ်အေးအေးထားပြီးတွေးကြည့်ပါ ကျွန်မပြောပြခဲ့တာတွေကအမှန်တွေပါ နောက်နှစ်ရက်နေရင် ရှင့်အချိန်ကျပြီ လွဲမှားနေတဲ့ရန်ငြိုးတွေကိုလွှတ်ချပြီး လူ၀င်စားဖို့တွေးပါတော့ ရှင့်အတွက်ရှင်မကြည့်တောင် ဒီအိမ်ကြီးကလူတွေအတွက်ရှင်တွေးပေးသင့်တယ် "
ဟုပြောကာ Hex၏အခန်းထဲမှ Xoeyထွက်လာခဲ့လေသည်။

"တောက်!!!ဟာကွာ!!!"

အခန်းတွင်းတွင်တော့ Hexတစ်ယောက်မကောင်းဆိုးဝါးသဏ္ဌာန်လုံးလုံးပြောင်းကာ အခန်းထဲရှိအရာမှန်သမျှကိုဖျက်ဆီးပစ်နေလေပြီ။
_______
ကောင်းကင်ကြီးရှင်းလင်းနေသောရက်။ဤရက်တွင် အိမ်ကြီးရှိသရဲများအလုပ်ရှုပ်နေကြသည်။ အိမ်ကြီးရှိသခင်မ၏တစ်ချက်လွှတ်အမိန့်ကြောင့် ခေါင်းမာသော ဂျိုတစ်ချောင်းနှင့်လျှာနီကြီးမှလွဲ၍ကျန်သည့်သရဲ သဘက်များအားလုံးလူ၀င်စားတော့မည်ဖြစ်သည်။ သရဲများကအဆင်သင့်ဖြစ်‌ေန‌ေသာ်လည်းသရဲများ၀ိုင်းဖွဲ့ကာထိုင်နေသောအလည်၌ရှိနေသော ပြန်လည်မွေးဖွားစေသူတစ်ဖြစ်လံ Xoeyတစ်ယောက်မှာတော့ အခမ်းအနားကိုမစတင်သေး။

"Xoeyလေး မစသေးဘူးလားဟင်"

"ခဏလေးပါနော် တစ်ကယ်ခဏလေးပါ"

"အခုချိန်မစရင် နောက်ကျသွားလိမ့်မယ်နော်"

သရဲတစ်ကောင်၏အမေးကိုလည်တစ်‌ဆန့်ဆန့်လုပ်ကာXoeyပြန်ဖြေနေစဉ်ရုတ်တရက်ထွက်ပေါ်လာသောအသံ။ထိုအသံပိုင်ရှင်ကိုကြည့်စရာမလိုပဲXoeyသိပါသည်။သူမမျှော်နေသောအသံပင်မဟုတ်ပါလား။

"Hex!!"

Hex၏နာမည်ကိုခေါ်ကာသူမအနားသို့အပြေးသွားသည်။

"အင်း ဟုတ်တယ်ကိုယ်"

"ဆုံးဖြတ်ချက်ကရော"

မျှော်လင့်ခြင်းမျက်၀န်းများနှင့်ကြည့်နေသောXoeyကို Hexနူးညံ့စွာပြုံးပြလိုက်ကာ

"မိသားစုအသစ်ကဘယ်လိုနေမလဲတွေးမိနေပြီ"

ပါးစပ်အဟောင်းသားဖြစ်ကာအံ့ဩသောမျက်၀န်းအစုံနှင့်Xoeyသည် Hex၏ပါးကိုလှမ်းထိလိုက်သည်။သို့သော်လည်းလေကိုသာကိုင်မိခြင်း။

"လူ၀င်စားဖို့ဆုံးဖြတ်ပြီးသား သရဲကိုထိလို့မရတော့ဘူးလေ ပြန်လည်မွေးဖွားစေသူကြီးရဲ့"

"ဟီးး သိပါတယ်နော်မယုံနိုင်သေးလို့ထိကြည့်တာ ဪဒါနဲ့..."

"အွန်းပြောလေ"

ပြောမည့်စကားကိုဆက်မပြောသေးဘဲ အနောက်မှလျှာနီတို့ကိုXoeyလှမ်းကြည့်လိုက်သောကြောင့်လျှာနီတို့ကလည်း

"အဟမ်း.!လာလာဂျို‌တစ်ချောင်းငါတို့သွားထိုင်ရအောင်"
ဟူ၍အနားမှထွက်သွားသည်။ ထိုအခါမှ

"ရှင့်လိုအဆင့်မြင့်ကိုရောက်ပြီး တစ်ပါးသူကိုသက်သက်မဲ့ဒုက္ခမပေးတဲ့သူတွေက အခုဘ၀ရဲ့မှတ်ညာဏ်တစ်ချို့ကိုသယ်ဆောင်သွားလို့ရတယ်ဆိုတာသိပါတယ်နော်"

"အွန်း ကိုယ်သိတယ်လေ"

"I mean....you can come back for me"

"ဒါကတော့.. ကိုယ့်ရွေးချယ်မှုပဲလေနော် ကိုယ်.."

"အခမ်းနားစမယ်!!"

Xoeyသည်စကားကိုဆုံးအောင်နားမထောင်တော့ပဲသရဲများ၏အလည်တွင်တင်ပလ္လင်ခွေထိုင်ချလိုက်လေသည်။Hexလည်းသူမအတွက်ဖယ်ထားပေးသောနေရာတွင်ထိုင်ချလိုက်ကာမျက်လုံးမှိတ်ထားလိုက်သည်။
အဆင်သင့်ဖြစ်သည်နှင့်Xoeyသည် မန္တာန်ကိုစရွတ်လေသည်။မန္တာန်ရွတ်သံသည်တိုးနေရာမှကျယ်လာသကဲ့သို့ ဘေးနားပတ်လည်တွင်ထိုင်နေသောသရဲသဘက်များ၏ကိုယ်၌လည်းအလင်းရောင်များဖြာထွက်လာကာ တစ်ကောင်ပြီးတစ်ကောင်ပျောက်‌ကွယ်သွားလေသည်။နောက်ဆုံးကျန်‌ေသာHexအလှည့်တွင် Xoeyနှင့်Hexတို့သည်သူတို့နှစ်ဦးသာနားလည်နိုင်သောအကြည့်များနှင့်စကားလုံးဖလှယ်ပြီးနောက်Hexတစ်ယောက်ပျောက်ကွယ်သွားလေတော့သည်။

(ရှင်ဘယ်သူ့အတွက်များပြန်လည်မွေးဖွားလာမလဲ...)

{၁၆နှစ်ကြာသော်}

"Xoey.."

ခြံရှေ့ရှိပန်းပင်များကိုရေလောင်းနေစဉ် ကြားလိုက်ရသောခေါ်သံကြောင့်Xoey၏အကြည့်များသည်ခြံတံခါး၀နားသို့ရောက်သွားသည်။Xoey၏ခြံတံခါးမှာခြံတံခါးပုလေးဖြစ်သောကြောင့် တစ်ဖက်လူ၏ကိုယ်တစ်ပိုင်းကိုမြင်ရသည်။
ထို့နောက်တံခါးနားထိသွားကာရပ်လိုက်ပြီး

"မင်းက...?"

ထိုချိန်တွင်၁၅နှစ်အရွယ်ကလေးမလေးသည် Xoeyကိုနူးညံ့စွာပြုံးပြလိုက်သည်။

"နေအုံးငါဒီအပြုံးကိုမှတ်မိတယ် မင်း..မင်းက"

မျက်လုံးများပြူးကာတစ်အံ့တစ်ဩနှင့်အသံကတုန်ကယင်ဖြင့်မေးနေသောXoey ကိုထိုမိန်းကလေးကခေါင်းငြိမ့်ပြကာ

"I'm back for you"

ထိုသို့ပြောပြီးသည်နှင့်Xoeyသည် ခြံတစ်ခါး၏တစ်ဖက်ရှိမိန်းကလေး၏နဖူးထံသို့အနမ်းခြွေလိုက်လေသည်။
ထို့နောက်Xoeyသည်
" Thanks" ဟုပြောကာ နှစ်ယောက်သားအကြည့်ချင်းစုံ၍ပြုံးနေကြလေသည်။

မွှေးပျံ့သောပန်းရနံ့၊လှပကောင်အပြာရောင်ကောင်းကင်ကြီးအောက်၌ ချစ်ရည်ရွှန်းသောမျက်၀န်းများဖြင့်ရင်တွင်းစကားများကိုဖလှယ်နေကြသော သည်အမျိုးသမီးနှင့်မိန်းမ‌ငယ်လေးတို့မှာ မည်မျှပျော်ရွှင်နေကြသည်ကို အဝေးမှကြည့်ရုံနှင့်ပင်သိနိုင်ပါသည်။

############
Xoey

ကျေးဇူးပါ....
ပြန်လာခဲ့ပေးလို့။
___________________
Hex

ကျေးဇူးပါ...
အဟောင်းကိုလွှတ်ချစေခဲ့ပြီး အသစ်ဖြစ်တဲ့ကိုယ့်ဘ၀၍ပျော်ရွှင်ခြင်းဆိုတဲ့မင်းအနားလာဖို့ဖိတ်ခေါ်ပေးခဲ့လို့။

{ပါ၀င်သောအချို့အကြောင်းအရာများသည်စာရေးသူ၏ဖန်တီးမှုများသည်ဖြစ်သည်}

###########End#############
May19

Continue Reading

You'll Also Like

52.3K 133 16
My wlw thoughts Men DNI 🚫 If you don't like these stories just block don't report
2.2K 58 11
#mini story #BL #24.July.2020 (Zawgyi) မင်းပြောတဲ့ သူငယ်ချင်းဆိုတဲ့ စကားတစ်ခွန်းက ငါတို့နှလုံးသားထဲကအချစ်တွေကို ချိတ်ပိတ်ထားတာဘဲ... ဒီနေ့ရော ငါက မင်း...
5.2M 45.9K 56
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...
11K 593 16
It's just imaginary..... စိတ်​ကူးယဉ်​သက်​သက်​သာဖြစ်​ပါသည်​။ အ​ကြောင်းအရာ​တွေအားလုံး စိတ်​ကူးယဉ်​ပြီး​ရေးထားတာပါ ပထမဆုံးအကြိမ်​​ရေးသားခြင်းမို့ အ​ရေ...