ကူးပြောင်းလာပြီးနောက် ငါလေးက...

By eett97

3.1K 216 47

မီးခလုတ်အား ခြေထောက်မှာ ရှုပ်သည်ဟုဆိုကာ ခြေထောက်နဲ့ကန်လိုက်မိလို့ ဓာတ်လိုက်သေသွားတယ်။ သူမလေး သေပြီး mary s... More

Chapter 1 Z
Chapter 1 U
Chapter 2 U
Chapter 3 U
Chapter 3 Z

Chapter 2 Z

255 16 1
By eett97


Zawgyi

" ပိုင်အာ ခြေထောက်က တပတ်တော့နားရမယ်တဲ့...ဆေးပုံမှန်ထည့်ပြီးသေချာဂရုစိုက်ရင်မကြာခင်ပြန်ထောက်နိုင်မှာပါတဲ့... သမီး ဒီရက်ပိုင်းတော့ ကျောင်းမသွားနဲ့တော့နော်...မေမေ သမီးကိုစိတ်မချဘူး..."

" ဟုတ်  မေမေ သမီး အိမ်မှာပဲနားနေပါ့မယ်.."

ယွဲ့ယင်းဝေ သမီးဖြစ်သူရဲ့စကားကြောင့် အနည်းငယ်အံ့အားသင့်သွားပေမဲ့ ရှင်းဝေ့ပိုင်ရဲ့ခေါင်းကို ပုတ်ကာ..

" ဒါဆိုလဲ နားတော့နော်...ထမင်းစားခါနီးကျရင် မေမေပြင်ဆင်ပြီးလာခေါ်မယ်..."

" ဟုတ် မေမေ.."

ယွဲ့ယင်းဝေ  အခန်းတံခါးအား ပိတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။  ရှင်းကျန့် သမီးဖြစ်သူဒဏ်ရာရကြောင်းသိရသဖြင့် ကုမ္ပဏီမှ ချက်ချင်းပြန်လာခဲ့သည်။လှေကားမှ တိတ်တဆိတ်ဆင်းလာသောဇနီးသည်ကိုမြင်လိုက်သည်။

" မိန်းမ..  ပိုင်အာ ဘယ်လိုနေသေးလဲ?.. အတော်ထိခိုက်သွားလား?..ဆေးရုံကိုမသွားဘူးလား?..မိသားစုဆရာဝန်ကဘာပြောလဲ?.."
" ....."
" မိန်းမ.."

ရှင်းကျန့်  ယွဲ့ယင်းဝေရဲ့လက်မောင်းကို လှုပ်ကိုင်ကာ မေးလိုက်သည်။ထိုအခါမှ  သတိပြန်ဝင်လာသောဇနီးသည်က...

" ပိုင်အာ  ခြေထောက်အဆစ်လွဲသွားတာ..တပတ်လောက်နားရမယ်...ဒီရက်ပိုင်း အိမ်မှာပဲနေဖို့ပြောထားတယ်.."

" အော် တော်သေးတာပေါ့.. ဒါနဲ့ မင်းကဘာဖြစ်နေတာလဲ.. အသိစိတ်လွတ်နေတဲ့လူလိုပဲ.."

" ပိုင်အာက ကျမကို ဟုတ်ကဲ့မေမေတဲ့သမီးအိမ်မှာပဲနားနေပါ့မယ်တဲ့.."

" မိန်းမ  သမီးလေး ခြေထောက်ပဲထိတာသေချာလား?..ခေါင်းရောမထိသွားဘူးလား?..စစ်ဆေးကြည့်ရဲ့လား?..."

"....."
ထိုအချိန်   ရှင်းဖေးပိုင် ကျောင်းမှ ပြန်လာကာ မိခင်ဖြစ်သူအား ညီမဖြစ်သူရဲ့သတင်းကိုမေးလေသည်။ ယွဲ့ယင်းဝေက ရှင်းကျန့်ကိုပြောပြခဲ့သလို ရှင်းဖေးပိုင်ကို ပြန်ပြောပြသည်။

ရှင်းဖေးပိုင် တခဏမျှတိတ်ဆိတ်နေပြီးနောက်..
"   ညီမလေးကို  ဆေးရုံမှာ သေချာစစ်ဆေးသင့်တာ သေချာတယ် မေမေ.."
(W/လိုက်လဲလိုက်တဲ့မိသားစု😂)
-----------------
အိမ်အောက်ထပ်မှာကမ္ဘာပျက်နေတာမသိတဲ့ရှင်းဝေ့ပိုင်ကတော့ ကုတင်ပေါ်မှာ ကွန်ပျူတာတလုံးကိုကိုင်ကာ ဇာတ်လိုက်နဲ့ပက်သက်တာတွေကိုရှာနေသည်။ကျောင်းဖိုရမ်ထဲတွင် ဇာတ်လိုက်ရဲ့အကြောင်းတွေဟာ မသိချင်မှအဆုံးပလူပျံနေလေသည်။နတ်ဘုရားကုကဘယ်လိုချောတာ၊နတ်ဘုရားကုကစာအရမ်းတော်တာ၊နတ်ဘုရားကုကဘက်စုံအားကစားမှာဘယ်လိုထူးချွန်တာစသည့်ဖြင့်....များပြားလှသောအချက်အလက်တွေရလိုက်သည်။

ဇာတ်လိုက်ကုကျန်းယန်သည် ကျောင်းမှာထိပ်တန်းအဆင့်ပထမဖြစ်သလို ရှင်းဝေ့ပိုင်ကလဲ အညံ့ကြီးတော့မဟုတ်ပါ။ သူမလေးရဲ့အခန်းမှာ အဆင့်တဆယ်အတွင်းဝင်ပြီး အနည်းငယ်ထူးချွန်သောလူနည်းစုထဲတွင်ပါဝင်လေသည်။သူမတို့တက်​နေတဲ့အထက်တန်းကျောင်းဟာ Yမြို့တော်မှာ အထူးချွန်ဆုံးကျောင်းသားတွေသာဝင်ခွင့်ရှိသောကျောင်းဖြစ်သည်။ ဒါပေမဲ့ မိသားစုနောက်ခံကလဲ မပါမဖြစ်အရေးကြီးသေးသည်။

ဇာတ်လိုက်မလင်ရှိုးယွမ်ကတော့ စကော်လာရှစ်နဲ့ထောက်ပံ့ကြေးယူကာ ကျောင်းလာတက်တဲ့ရိုးသားဖြူစင်ပြီးဆင်းရဲတဲ့ကောင်မလေးဖြစ်တယ်။ ဒါပေါ့... ဒါမှ ဇာတ်လိုက်တွေက မဟားတရားသနားပြီး ကူညီဖေးမချစ်ကျွမ်းဝင်ကုန်ကြမှာလေ။ (W//ကမ္ဘာနွားကြီးများအဖွဲ့ဖြစ်လာတော့ပေါ့ကွယ်💁🏻)

ဇာတ်လိုက်နဲ့ဇာတ်လိုက်မက အခုချိန်မှာ သာမန်အတန်းဖော်အဆင့်သာရှိသေးသည်။ ဒါပေမဲ့ မကြာခင်ကျင်းပမဲ့ကျောင်းတွင်းအားကစားပြိုင်ပွဲမှာ ပြသာနာကစတက်မှာဖြစ်သည်။ မူလဇာတ်ကြောင်းတွင် အမြှောက်စာလေးရှင်းဝေ့ပိုင်က နတ်ဘုရားကုကို  ရေဘူးပေးရန် တခြားကောင်မလေးတွေနဲ့အတူရပ်နေရင်း တစုံတယောက်ရဲ့တွန်းလိုက်မှုကြောင့် ဇာတ်လိုက်မလင်ရှိုးယွမ်ကို  ဝင်တိုက်လိုက်မိသည်။

ဇာတ်လိုက်မရဲ့သရုပ်ဆောင်မှုအောက်မှာ ရှင်းဝေ့ပိုင်က  မနာလိုစိတ်ကြီးမားတဲ့မိန်းမတယောက်ဖြစ်သွားပြီး   ဇာတ်လိုက်မကို လာကူညီတဲ့ဇာတ်လိုက်သုံးယောက်ရဲ့မျက်စောင်းထိုးမှုကိုအစစ်ရလိုက်သည်။ဲရှင်းဝေ့ပိုင် ဇာတ်ကြောင်းကိုတွေးရင်း အနည်းငယ်စိတ်သက်သာရာရသွားသည်။ တော်သေးပါရဲ့  ဘုရားသိကြားမပြီး ဇာတ်လိုက်မကို အနိုင်မကျင့်ထားရသေးလို့။

သူမ ကူးပြောင်းလာချိန်က အလယ်အလတ်အချိန်ကောင်းလို့ပြောရပေမည်။ ပုံမှန်စာအုပ်တွင် အပိုင်း၁၀၀ရှိတဲ့နေရာမှာ  လေးပိုင်းလောက်သာသာမှာပြောင်းလာတာလေ။ (W/အေးလေ အဲ့မှာတန်းသေပြီး နောက်ပိုင်းနင်မှမပါတော့တာ🙂)
----------------
ကွန်ပြူတာအားပိတ်ကာ အိပ်ရာပေါ်မှာသက်သက်သာသာပြန်လှဲအိပ်နေလိုက်သည်။ညနေစာစားချိန်တွင် ယွဲ့ယင်းဝေသည် ရှင်းဝေ့ပိုင်အား နှိုးရန် အခန်းထဲသို့ ဝင်လာခဲ့သည်။

ကုတင်ပေါ်တွင် နှစ်ခြိုက်စွာအိပ်ပျော်နေသောသမီးငယ်လေးအား ကြည့်ကာ  မနှိုးရက်တော့ပဲ အခန်းထဲက ပြန်ထွက်ရန် ပြင်လိုက်သည်။
အခန်းထဲကို လူဝင်လာကထဲက အသိစိတ်ဝင်ကာနှိုးနေသောရှင်းဝေ့ပိုင် ရုတ်တရက်ထကာ ခေါ်လိုက်သည်။

"မေမေ..."

" သမီး ပိုင်အာ နိုးပြီလား..အိပ်ရေးဝရဲ့လား..မေမေဝင်လာလို့လား.. မေမေက အောက်မှာ ထမင်းစားဖို့ လာခေါ်တာပါ..သမီးမစားချင်ရင်  အခန်းထဲကိုပြင်လာပေးမယ်လေ.."

မူလပိုင်ရှင်သည် မိသားစုနဲ့တခါမှနွေးနွေးထွေးထွေး မနေပေ။ သူမဘာသာတသီးတသန့်နေလေ့ရှိသည်။ လိုချင်တာရှိရင် ပြောရုံကလွဲ၍ ကျန်တာဘာမှစိတ်မဝင်စားချေ။ မိသားစုနဲ့အတူရှိဖို့ပြောတိုင်း ဒေါသတကြီးအမြဲဖြစ်တတ်သဖြင့် တအိမ်လုံးက သူမစိတ်တိုင်းကျသာ အမြဲလုပ်ပေးလေ့ရှိသည်။
ပြီးတော့  သူမအခန်းထဲကို  ဘယ်သူမှဝင်တာမကြိုက်ပေ။ အခန်းသန့်ရှင်းရေးလုပ်တဲ့အချိန်ကလွဲရင် ဘယ်သူမှမဝင်ရဲ။ အဝတ်အစားလျှော်ဖို့တောင် ခြင်းတောင်းဖြင့်အပြင်မှာထုတ်ထားပေးသည်။

ဒါကြောင့် ယွဲ့ယင်းဝေ  သတိထားကာ မေးလိုက်ခြင်းဖြစ်သည်။ ဒဏ်ရာကြောင့် စိတ်ပူရပေမဲ့  သူမ့သမီးရဲ့စိတ်အခြေအနေက ပိုအရေးကြီးလေသည်။သမီးဖြစ်သူ၏အနက်ရောင်ဆံနွယ်လေးက သူမရဲ့မျက်နှာပေါ်မှာ ကပိုကရိုကျနေပုံမှာ ချစ်စရာကောင်းလှသည်။ သပ်တင်ပေးချင်ပေမဲ့ ရှင်းဝေ့ပိုင်က  သူမကို ထိတာလုံးဝမကြိုက်ချေ။

" သမီး  မေမေတိုနဲ့ ထမင်းအတူစားမယ်..."

"ဟင်...  တကယ်လားသမီး...  ဒါဆို မျက်နှာလေးသစ်ပြီး ဆင်းလာခဲ့နော်... အမေ သမီးကြိုက်တာလေးတွေထပ်ချက်ဖို့ အန်တီဝမ်ကိုပြောလိုက်မယ်.."

ယွဲ့ယင်းဝေ သမီးဖြစ်သူ၏စကားကြောင့် အပျော်လုံးဆို့ကာ  အခန်းထဲမှ ထွက်လာခဲ့သည်။  ​လှေကားရင်းတွင် စိုးရိမ်တကြီးစောင့်နေသောခင်ပွန်းဖြစ်သူနဲ့သားဖြစ်သူသည်  ယွဲ့ယင်းဝေ ပျော်လာတာကိုတွေ့ပြီး  အလောတကြီးမေးလိုက်သည်။

"မိန်းမ.. ဘာဖြစ်လို့လဲ..ပိုင်အာကဘာပြောလိုက်လဲ?.."

" ပိုင်အာက ကျမတို့နဲ့အတူထမင်းစားမယ်တဲ့...ကျမ သူကြိုက်တာလေးထပ်ချက်ဖို့ အန်တီဝမ်ကိုပြောလိုက်ဦးမယ်.."

ရှင်းကျန့်နဲ့ရှင်းဖေးပိုင်တို့ အနည်းငယ်ဆွံ့အသွားသည်။  သူတို့ရဲ့ရေခဲမီးတောက်လေးက  တကယ်ကြီး ပြောလိုက်တာလား?..။
(W/ဝေ့ပိုင်က ရေခဲလိုအေးစက်ပြီးမီးတောက်လိုဒေါသကြီးပူလောင်တတ်လို့ပါ..မမလေးရဲ့ဂုဏ်ပုဒ်တွေ🥴)

ရှင်း​ဝေ့ပိုင် ယွဲ့ယင်းဝေအခန်းထဲက ထွက်သွားပြီးနောက် ကုတင်ပေါ်မှထကာ ရေချိုးခန်းထဲဝင်သွားလိုက်သည်။ ဘေစင်မှန်မှာ မြင်လိုက်ရတဲ့သူမရဲ့ပုံစံကြောင့်  အကြီးအကျယ်ရှော့ရသွားသည်။ အနက်ရောင်ဆံပင်ကို အကြေကောက်ပုံစံတဝက်ကောက်ကာ မျက်လုံးကိုလဲ အမဲရောင်တောက်ပနေပြီး နှုတ်ခမ်းနီကိုရဲနေအောင်ဆိုးထားသည်။ (W/အရမ်းတွေကိုလှနေတာပါ😆)

မျက်နှာအားပြောင်စင်အောင်သစ်ပလိုက်ပြီးတော့  အောက်ထပ်သို့ဆင်းလာခဲ့သည်။
ထမင်းစားဝိုင်းတွင် သူမကို စောင့်ဆိုင်းနေသော မိသားစုဝင်များကိုတွေ့ရသည်။ သက်လတ်ပိုင်းလူကြီးတယောက်နဲ့အတူ ယွဲ့ယင်းဝေက စားပွဲတဖက်ခြမ်းမှာ အတူထိုင်နေသည်။ အသက် ၂၀ ကျော်ခန့်လူငယ်တယောက်က မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ထိုင်နေသည်။
သူမကို မြင်လိုက်တော့ လူငယ်က ချက်ချင်းထလာကာ ကူတွဲလေသည်။ သူမရဲ့အသိဉာဏ်အရ ယွဲ့ယင်းဝေဘေးကလူမှာ သူမရဲ့ဖခင်ရှင်းကျန့်ဟုသိလိုက်ပြီး လူငယ်မှာ သူမ့အကို ရှင်းဖေးပိုင် ဆိုတာ သိလိုက်သည်။

#ဖတ်လို့ကောင်းကြရဲ့လား...နားမလည်တာမျိုးရှိရင်ပြောပါနော်.. ကိုယ် တတ်နိုင်သလောက် ပိုပြီးမြင်သာအောင်ရေးပေးပါ့မယ်.. ဖတ်ပေးကြတဲ့သဲလေးတို့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်.အိုက်နီပါ❤🙆🏻

အများကြီးကြိုးစားရဦးမည့်
   #DZ
10.5.2022(2:21pm)

Continue Reading

You'll Also Like

418K 16.1K 68
Isabelle loves reading books, especially novels. One time, she read a famous novel called 'Grow Old with You'. Isabelle was betrayed by her sister f...
61.7K 5.4K 38
What if Arnav gets a chance to rectify all his mistakes? What if he gets a chance to avoid such situations? What if he gets to know Khushi is his wou...
31.7K 233 6
မင်းကို အမျိုးသား တစ်ယောက်အဖြစ် စားသုံးပေးရမလား။ အမျိုးသမီးတစ်ယောက်လို သာယာမှုတွေ ပေးရမလား။ ရွေးချယ်လိုက်။ - နတ်သခင်မ လီယွဲ့ (Gender fluid - စိတ်ကြိ...
439K 14.3K 139
Genre: Space, Doting, Farming, Time travel, Healing Synopsis: Xu Linyue from the 21st century crossing over with the heavenly space soul penetration...