" အွန်း..... "
" ဟုကဲ့..... သခင်လေး..... "
" ကျေးဇူးပါ သားရယ်..... "
" ဟုကဲ့ အန်တီ..... အင့်..... "
°
°
°
°
°
ဒါ ဒါ....... သခင်လေး သခင်လေး......
" ဘာ......!!!! "
" ဟုကဲ့ Boss..... "
°
°
°
°
°
" ဟုကဲ့ အမိန့်ရှိပါ...... "
" အေး ဟုတယ် ပြော..... "
" ဟိုလေ သခင်လေး သခင်လေး...... "
" ကျွန်တော် D Group မှာ..... "
ငါ ဘယ်ရောက်နေတာလဲ......
Han Yura.....
" မင်းကဘာလို့...... "
" အင့်......!!!! "
ဟင့်အင်း ဟင့်အင်း......
VICTORIA 👑
[ UNICODE ]
ဆေးရုံ၀မှထွက်လာလာချင်း စိုးရိမ်တကြီးစောင့်နေသော Yoon Lay အားမြင်လိုက်ရသည်.....
သူ့အားမြင်သောအခါ အနားသို့ အပြေးရောက်လာသော သူ.....
" သခင်လေး အဆင်ပြေရဲ့လား ဆရာ၀န်က ဘာပြောလဲဟင်..... "
" အင်းမ် ဟို ဘာမှမဖြစ်ပါဘူးလို့ပဲပြောလိုက်တယ် စိတ်ဖိစီးမှုများနေလို့တဲ့...... အဲ့တာပါပဲ..... "
" ဪ တော်သေးတာပေါ့ ကျွန်တော်က စိုးရိမ်နေတာ.... အာ့ဆို ပြန်ကြမယ်လေ သခင်လေး ကားပေါ်တတ်ပါ.... "
" အွန်း..... "
အွန်း တစ်လုံးသာဆိုလျက် Taehyung နောက်ခန်းသို့ စွေ့ခနဲ၀င်ထိုင်လိုက်သည်......
ရင်ထဲတွင်လည်း တစ်စုံတစ်ခုအား စိုးထိတ်နေရသလို စိတ်လေးနေမိ၏။
တကယ်ဆို ပျော်သင့်တယ်မလားဟင်.....
ကလေးငယ်တစ်ယောက် လူ့ဘ၀ကိုရောက်လာတော့မယ့်အကြောင်းမို့.....
Yoon Lay အား အကြောင်းစုံပြောပြချင်ပေမယ့် အကျယ်ကျယ်ဖြစ်နေမည်မို့ မပြောမိခဲ့.....
ကားထွက်ခါနီး အပြင်ဘက်သို့ အကြည့် လဲကျနေသော အမျိုးသမီးတစ်ယောက်ကြောင့် Yoon Lay အား ကားခေတ္တရပ်ခိုင်းကာ Taehyung ဆင်းလျှောက်လာခဲ့သည်......
သည်အမျိုးသမီးကို သူတွေ့ဖူးနေသလို.....
အနီးနားရောက်မှ သေချာကြည့်မိတော့ Yoongi Hyung ရဲ့ဒေါ်လေး Hi Hyung ဖြစ်နေမှန်းသိလိုက်ရသည်.....
" ဟာ အန်တီ အန်တီ အဆင်ပြေရဲ့လားဟင်..... လာ လာ ကျွန်တော် ထူပေးမယ်..... "
" အင်းမ် ကျေးဇူးပါ Taehyung ရယ် အန်တီခေါင်းထဲ မိုက်ခနဲဖြစ်ဖြစ်သွားလို့...... "
" အန်တီ တစ်ယောက်တည်းလာတာလား...... Hyung ရော ပါမလာဘူးလားဟင်.... "
" ဪ နင့်အကိုက အလုပ်တွေနဲ့ အားမှမအားတာကွယ် အန်တီတစိယောက်ပဲလာရမှာပေါ့ သူ့တပည့်တွေကလည်း ကိစ္စရှိလို့ အပြင်သွားကြတယ်ဆိုလား..... နေ နေပါစေတော့ ခုအန်တီသက်သာနေပါပီ..... "
" ဟာ ဖြစ်ပါ့မလားဗျာ လာ လာ ကျွန်တော် အန်တီ့ကားဆီ လိုက်ပို့ပေးမယ် Yoon Lay ငါပြန်လာခဲ့မယ် စောင့်နေနော်...... "
" သခင်လေး ကျွန်တော်ပို့ပေးလ်ုက်မယ်လေ..... "
" ရတယ် ရတယ် မင်းသာဒီမှာနေခဲ့ ငါချက်ချင်းပြန်လာခဲ့မှာ..... "
" ဟုကဲ့..... သခင်လေး..... "
အတင်းလိုက်ပို့ဟန်ပြင်နေသော သခင်လေးဖြစ်သူကြောင့် Yoon Lay ဘာမှဆက်မပြောတော့ဘဲ ရပ်နေမိသည်......
Taehyung မှ ထူတွဲကာ Hi Hyung အား လမ်းဖြေးဖြေးချင်းလျှောက်စေခဲ့သည်.....
ထိုအချိန် Min Hi Hyung ဆိုသော မိန်းမ၏ မျက်နှာထက်တွင် ယုတ်မာသည့်အပြုံးတစ်ချို့ တွယ်ငြိသွားခဲ့သည်ကိုတော့.......
" အန်တီ ကားက ဘယ်နားမှာလဲဟင်...... "
" ဟို နားလေးမှာ Taehyung ဖြစ်ရဲ့လား အန်တီ့ဘာသာသွားနိုင်ပါတယ် အားနာစရာကြီး..... "
" ရပါတယ်ဗျာ Hyung ရဲ့ဒေါ်လေးက ကျွန်တော့်ရဲ့ဒေါ်လေးပဲပေါ့..... ဒီလောက် ကူညီတာလေးက ပြောမပလောက်ပါဘူး...... "
" ကျေးဇူးပါ သားရယ်..... "
၀မ်းသာသည့် မျက်၀န်းတို့ဖြင့် သားဟု ခေါ်လိုက်သော သူကြောင့် Taehyung ရင်ထဲ အမျိုးအမည်မသိသော ခံစားမှုတစ်ချို့ ဖြတ်ပြေးသွား၏။
Omma ကို သတိရမိသလိုမျိုး.....
အင်းမ်လေ သားလို့ ရင်းရင်းနှီးနှီးအခေါ်မခံရတာ ဘယ်လောက်တောင် ကြာခဲ့ပီလဲဆိုတာ......
Jungkook အဖေကလည်း သားလို့ခေါ်ပေမယ့် သူခံစားမိတာက အပြစ်ရှိတဲ့သူအခေါ်ခံနေရသလိုမျိုးကြီး.....
အင်းမ်လေ ထားပါ ဒါတွေတွေးနေလို့လည်း......
အတွေးတို့အား လက်စသတ်ကာ ကြည့်မိတော့ ကားအနားသို့ပင် ရောက်နေပီ.....
" ရောက်ပီနော် အန်တီ.... ကားလည်း သေချာမောင်းပါ.... ဒါမှမဟုတ် အဆင်မပြေရင် ကျွန်တော်နဲ့ တူတူပြန်မလားဟင်..... "
" အာ နေပါစေတော့.... ကဲ နှုတ်ဆက်ပါတယ်နော် နောက်မှတွေ့ကြတာပေါ့..... "
" ဟုကဲ့ အန်တီ..... အင့်..... "
အန်တီ Hi Hyung အား နှုတ်ဆက်နေစဉ် အနောက်မှ လာရိုက်သော အရာကြောင့် Taehyung အမှောင်ကမ္ဘာထဲ ခေတ္တ၀င်ရောက်သွား၏။
လဲကျနေသော ကောင်လေးအား မဲ့ပြုံးတစ်ချက်ပြုံးလျက် Hi Hyung အရသာခံစွာကြည့်နေမိသည်.....
သူ့ရှေ့တွင် ရပ်ကာ တုတ်ကိုင်ထားသူက Han Yura......
" ကဲ ပထမဦးဆုံး Plan ကတော့ လွယ်လွယ်ကူကူနဲ့ပီးသွားပီ..... Yura မင်း သူ့ကို ကားပေါ်တင်လိုက်....... နောက်ထပ် Plan လေးကို မြန်မြန်အကောင်အထည်ဖော်လိုက်ရအောင်..... "
" ကောင်းတာပေါ့ အန်တီရယ်..... တော်တော်ကို စိတ်လှုပ်ရှားနေပီ..... "
" သွားကြတာပေါ့ အချိန်မရှိဘူး သူ့နောက်လိုက်ရောက်လာရင် ကွိုင်တတ်သွားနိုင်တယ် မြန်မြန်လုပ်..... "
မေ့လဲနေသော Taehyung ကိုယ်လေးအား မနိုင့်တနိုင်မကာ ကားနောက်ဖုံးထဲသို့ ထိုးထည့်လိုက်သော သူမ......
နင်နဲ့ငါ ပီးမှ ရှင်းကြတာပေါ့ Kim Taehyung ရယ် ခု နင်ပြေးမလွတ်တော့ပါဘူး..... ဟား ဟား ဟား......
တကယ်တော့ ဒီလိုလုပ်ဖို့ သူတို့မှာ အစီအစဉ်မရှိခဲ့.....
နေ့တိုင်း ရုံးမှအိမ် အိမ်မှရုံးသို့သာ သွားနေသော Taehyung ကြောင့် သူတို့ စိတ်ပျက်နေမိသည်ကအမှန်......
သို့ပေသည့် ဒီနေ့တော့ ထူးထူးခြားခြားဆေးရုံသို့သွားသည်ဆိုခြင်းကြောင့် နောက်ယောင်ခံလိုက်လာခဲ့ခြင်းသာ......
ထိုကောင်လေး အကွက်ထဲ၀င်လာရန်အတွက်လည်း Hi Hyung ကိုယ်တိုင်နေမကောင်းဖြစ်ဟန်ဆောင်၍ ခေါ်ထုတ်ရန် ကြိုးစားရပြန်သည်.....
တော်သေးသည် နုံအလှသော ကောင်လေးက သူတို့အကွက်ထဲကိုမှ လှလှပပကြီး၀င်ရောက်လာသည်မို့.....
ဟက် ငါ့ဘ၀ကြီးကို စုတ်ပြတ်သက်အောင် လုပ်ခဲ့တဲ့ မင်းကို ဒီလောကကြီးကနေ ဖယ်ထုတ်ပစ်မယ် Kim Taehyung......
ကားနောက်ခန်းထဲတွင်တော့ ဦးခေါင်းတွင်ယိုစီးနေသော သွေးများနှင့် မေ့မျောနေဆဲ သူ.....
°
°
°
°
°
လိုက်ပို့သည်ဆိုသော သခင်လေးဖြစ်သူက ဆယ့်ငါးမိနစ်ကြာတာတောင် ရောက်မလာသေးသဖြင့် Yoon Lay အတန်ငယ်စိတ်ပူလာမိသည်......
တကယ်ပဲ ဘာများဖြစ်နေပါလိမ့်....
ပီးတော့ ဟိုမိန်းမ Min Yoongi ၏ အဒေါ်ဖြစ်သူဆိုသူကို စစတွေ့တည်းက Yoon Lay သဘောမတွေ့ခဲ့သည်ကအမှန်.....
သူ သခင်လေးကို ကြည့်တဲ့အကြည့်တွေက ထူးဆန်းလွန်းတယ် ဘယ်လိုပြောရမလဲ စိတ်ဖောက်ပြန်နေတဲ့ အကြည့်လိုမျိုးလား......
နောက်တော့ စိုးရိမ်လာမှုနှင့်အတူ Yoon Lay, Car-Parking ဆီသို့ ထွက်လာခဲ့သည်......
တစ်နေရာလုံးကို လှည့်ပတ်ရှာပါသော်လည်း အရိပ်အယောင်ပင်မတွေ့ရ......
ဟို အဒေါ်ကြီးနဲ့များ လိုက်သွားတာလား.....
မဖြစ်နိုင်ပါဘူး လိုက်သွားတယ်ဆို ငါ့ကို အရင်အသိပေးမှာပေါ့......
စိုးရိမ်မှုဒီဂရီ မြင့်တတ်လာသည်နှင့်အမျှ Yoon Lay ခြေများပင်မခိုင်ချင်တော့.....
ဘုရား ဘုရား ငါထင်သလိုမဖြစ်ပါစေနဲ့......
မည်မျှပင်ဆုတောင်းနေပါစေ သူ့ဆုတောင်းများမပြည့်ခဲ့.....
ချောင်ကျလွန်းသော ကားရပ်သည့်နေရာတွင် အနည်းငယ်ပေကျံနေသော သွေးကွက်တစ်ချို့......
ဒါ ဒါ....... သခင်လေး သခင်လေး......
အနည်းငယ်စွန်းထင်းနေသော သွေးစများအား လက်နှင့်ကိုင်ကြည့်ကာ အရူးတစ်ယောက်လို အော်ငိုနေမိပြန်သည်......
ငါ ဘာလုပ်ရမလဲ ငါ ဘာလုပ်ရမလဲ.......
ဖျတ်ခနဲ၀င်လာသော အကြံနှင့်အတူ ထိုနေရာမှ ဒရောသောပါး ပြေးထွက်လာခဲ့သည်......
ခု သူသွားမည့်နေရာက D Group ဆီ......
" ဟို ဟို Min Yoongi Min Yoongi Min Yoongi ရှိလား..... သူ့ကိုခေါ်ပေးပါ..... Min Yoongi..... Min Yoongi...... "
" ဟေ့လူ ခင်ဗျားကဘာလို့ ငါတို့ Boss ရဲ့ နာမည်ကို လက်လွတ်စပယ်ခေါ်ရဲတာလဲ..... ထွက်သွားစမ်း..... Boss အလုပ်ရှုပ်နေတယ်..... "
" မရဘူး မရဘူး မင်းတို့ ဘာမှလာမတားနဲ့ ငါ Min Yoongi နဲ့ရှင်းမှဖြစ်မယ် Yarrrr Min Yoongi ထွက်ခဲ့စမ်း..... "
" ဟေ့လူ ခင်ဗျား မရဘူးလို့ပြောနေတာ မကြားဖူးလား နားကန်းနေလားကွ ခွပ်..... "
" ဘာ ရာရာစစ မင်းကများ ငါ့ကို ခွပ်..... "
ရုံးခန်းရှေ့တွင် အပြန်အလှန်ထိုးကြိတ်နေကြသော Yoon Lay နှင့် Yoongi ၏လူများ......
စာရင်းများတိုက်နေရာမှ Min Yoongi ဆိုသည့်နာမည်ခေါ်သံကို Yoongi ကြားလိုက်ရသည်.....
ဘယ်ကလူမှန်းမသိဟူသော အတွေးဖြင့် စာရင်းကိုသာ ပြန်အာရုံစိုက်နေမိ၏။
သို့သော် အတန်ကြာသည်အထိ မပီးနိုင်သေးသော ရန်ပွဲကြောင့် သူမပါလို့မဖြစ်တော့......
" Boss တခြားလာရန်ရှာတဲ့သူနေမှာပါ ထွက်မတွေ့ပါနဲ့ ကျွန်တော့်လူတွေ ခိုင်းလိုက်ပါ့မယ်..... "
" နေ နေ Woo Bin ဘယ်သူလဲဆိုတာ ငါသိချင်လို့ ဘယ်သူကမှ ငါ့နာမည်ကို အဲ့လိုခေါ်ဖူးတာ မရှိခဲ့ဖူးဘူး...... "
မထွက်ရန်တားနေသော Woo Bin အား လက်ကာပြကာ Yoongi ရုံးခန်းရှေ့သို့ ထွက်လာခဲ့သည်......
ရှေ့တွင်တော့ သွေးအလူးလူးနှင့် ထိုးကြိတ်နေကြသော သူများ.....
ခုနှစ်ယောက်အားနှင့် တစ်ယောက်အားမို့ မမျှမတဖြစ်နေသော်လည်း ထိုလူကဂရုမစိုက်ဘဲ ဆက်ထိုးနေဆဲ.....
သွေးအလူးလူးဖြင့် ကွဲပြဲနေသော ထိုလူအား သေချာကြည့်မိမှ Yoongi မှတ်မိသွားသည်......
Yoon Lay ဘယ်လိုဖြစ်လို့......
" ဟေ့ကောင်တွေ ရပ်လိုက်ကြစမ်း...... မင်းတို့ ဘာလို့အဲ့လောက်ထိ လုပ်နေကြတာလဲ သူက ငါ့အသိကွ..... "
" ဟို ဟို တောင်းပန်ပါတယ် Boss သူက Boss နာမည်ကို အော်ခေါ်နေတာနဲ့...... ကျွန်တော်တို့လည်း..... "
" မင်းတို့ကကွာ သွားတော့ နောက်မှ ငါနဲ့ရှင်းမယ်..... Yoon Lay လာ လာ ကို့လူတွေလုပ်ရပ်အတွက် တောင်းပန်ပါတယ်ကွာ..... "
ယိုင်တိယိုင်တိုင်ဖြင့် မတ်တပ်ရပ်နေသော သူအား Yoongi ပုခုံးလေးအား အသာဆုပ်ကိုင်ကာ တောင်းပန်စကားဆိုမိသည်.....
သို့သော် သူလုပ်လိုက်သည်က Yoongi ၏လက်အား ဆွဲခွာလိုက်ခြင်း......
ကို တောင်းပန်သည်ကို လက်မခံဘဲ ချက်ချင်းဆွဲခွာလိုက်သော သူကြောင့် Yoongi အနည်းငယ်စိတ်တိုသွားမိသည်ကအမှန်......
သို့ပေမယ့် ဒေါသအား ထိန်းကာ ဆက်၍မေးလိုက်သည်.....
ဘာပဲဖြစ်ဖြစ် Yoon Lay က Tae အားကိုးရတဲ့သူ မဟုတ်ပေလား....
" ဘာဖြစ်လာတာလဲ Yoon Lay, Tae ရော..... "
" ခင်ဗျား ခင်ဗျား အဲ့မေးခွန်းက ခင်ဗျားကို မေးရမှာသိလား..... လူယုတ်မာကောင်ရဲ့..... "
" ဘာ......!!!! "
အော်ကြီးဟစ်ကျယ်ပြောလာသော Yoon Lay စကားများကြောင့် Yoongi အံ့ဩမှုတို့ဖြင့် အကြောင်သားငေးနေမိသည်.....
ပီးတော့ လူယုတ်မာတဲ့ ဟုလား ငါကဘာကို......
အနောက်တွင်ရပ်နေသော Woo Bin က အသေသတ်ရန် ဓားမြှောင်ဆွဲထုတ်ထားပီးဖြစ်သော်လည်း လက်ကိုင်ကာ လှမ်းတားသော Boss ဖြစ်သူကြောင့် မကျေနပ်ပေမယ့် အသာငြိမ်နေလိုက်ရသည်.......
" ဘာပြောတယ် လူယုတ်မာ ဟုလား ငါက ဘာလို့..... "
" ခင်ဗျား ခင်ဗျားအဒေါ်ကလေ သခင်လေးကို တစ်နေရာခေါ်သွားတယ်....... ပီးတော့ သခင်လေးကို တစ်ခုခုလုပ်လိုက်တာလားမသိဘူး သွေးစက်တွေ တွေ့ခဲ့တယ် အဲ့တာ ခင်ဗျား ရှာပေးပါ..... ခင်ဗျား သခင်လေးကို မကယ်နိုင်ရင် ကျုပ်ကိုယ်တိုင် ခင်ဗျားကို သတ်မှာ သိလား...... "
" ဘာ..... ဒေါ်လေးက ဒေါ်လေးက...... ဘာလို့ Tae ကို...... "
" အဲ့တာတော့ ကျွန်တော် ဘယ်သိမှာလဲ သခင်လေးနေမကောင်းလို့ ဆေးရုံသွားပြရင်း ဆေးရုံမှာ ခင်ဗျားအဒေါ်နဲ့တွေ့တယ် ခင်ဗျားအဒေါ်က နေမကောင်းလို့ ကားဆီလိုက်ပို့ပေးမယ်ဆိုပီး ပျောက်သွားတာ..... ခင်ဗျား အဒေါ် တစ်ခုခုလုပ်လိုက်ပီလားမသိဘူး ကျွန်တော်ထင်နေတယ် ခင်ဗျား အဒေါ် သခင်လေးကို ကြည့်တဲ့အကြည့်တွေက ထူးခြားနေတယ်ဆိုတာ တစ်ခုခုကို ကြံစည်နေတဲ့အကြည့်မျိုး...... ခင်ဗျား သခင်လေးကို ရအောင် ကယ်ပေးပါ ကယ်ပေးပါ သခင်လေးသာ တစ်ခုခုဖြစ်သွားခဲ့ရင် ခင်ဗျားတို့အားလုံးကို အကုန်သတ်ပစ်မယ်သိလား...... "
" နေ နေပါဦး မင်းစိတ်ကို အေးအေးထား ဟုပီလား ငါရအောင် ကယ်ပေးမှာ Tae မှည့်တစ်ပေါက်တောင် မစွန်းစေရဘူး ဟုပီလား..... Woo Bin မင်းကို ဒေါ်လေးရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခိုင်းထားတယ်လေ ခု ဘယ်လိုဖြစ်လို့...... "
" ကျွန်တော်လည်း တကယ်မသိဘူး Boss ဒီတစ်လောအတွင်း အိမ်မှာပဲနေနေတယ်ဆိုပီး အန်တီကို မစောင်ါကြည့်ခဲ့မိဘူး တောင်းပန်ပါတယ် Boss ကျွန်တော့်အမှားပါ...... "
" ဟာကွာ ခုမှ အမှားတွေ ဘာတွေလုပ်မနေနဲ့ ချက်ချင်းစုံစမ်းပါ ခု Tae ကို ဘယ်နေရာခေါ်သွားလဲဆိုတာ သူသွားတတ်တဲ့နေရာတွေ ငါတို့သွားနေကြ နေရာတွေ တစ်ခုမကျန်စစ်ဆေး..... သွားတော့...... "
" ဟုကဲ့ Boss..... "
အပြေးအလွှားထွက်သွားသော Woo Bin အား ကြည့်ရင်း Yoongi ကြမ်းပြင်ပေါ်တွင် အရုပ်ကျိုးပြတ်ထိုင်ချမိ၏။
Yoon Lay ကတော့ ထိုနေရာပင် အံကြီးကြိတ်လျက် မတ်တပ်ရပ်နေဆဲ......
ဖုန်းအားကိုင်ကာ အဒေါ်ဖြစ်သူဆီ ဆက်တော့ ဆက်သွယ်၍မရပါဟုသာ သိရသည်......
ဒေါ်လေး ဘာတွေလုပ်နေတာလဲဗျာ......
°
°
°
°
°
ပန်းခြံလေးထဲတွင် Jungkook, Lavender ပန်းလေးများအား ရေလောင်းနေမိသည်......
ခုဆို သူပုံမှန်ရေလောင်းပေးသဖြင့် ပန်းတွေလှလှပပဖူးပွင့်နေသည်မှာ တကယ်ကြည်နူးစရာ.....
အလုပ်လုပ်ရင်းမှ ပင်ပန်းလာလျှင် ပန်းခြံလေးဆီသွားကာ အပန်းဖြေမိသည်က သူ့အတွက် အကျင့်တစ်ခုဖြစ်လို့နေပီ.......
ရေလောင်းနေရင်းမှ အတွေးရောက်သွားသည်က ကောင်လေးဆီ......
မနက်က နေမကောင်းဘူးဟု ပြောသွားသည် ခုရော သက်သာပါ့မလား......
စိုးရိမ်သော အတွေးတို့တွေးနေစဉ် ၀င်လာသော ဖုန်းကြောင့် အလန့်တကြားဖြစ်မိသွား၏။
Contact Name ကိုကြည့်မိတော့ နံပါတ်စိမ်းဖြစ်လို့နေသည်......
မည်သူလဲဟူသော သိချင်စိတ်တို့ဖြင့် ကောက်ကိုင်မိလိုက်၏။
" ဟုကဲ့ အမိန့်ရှိပါ...... "
" Jungkook Jungkook လား..... ကျွန်တော် Yoon Lay ပါ...... "
" အေး ဟုတယ် ပြော..... "
တစ်ဖက်မှ မသိမသာတုန်ယင်နေသော အသံကြောင့် Jungkook ရင်ထဲ အနည်းငယ်စိုးထိတ်မိသွားသည်....
" ဟိုလေ သခင်လေး သခင်လေး...... "
" အေး မင်း သခင်လေး ဘာဖြစ်လို့လဲ နေမကောင်းလို့လား ဒါမှမဟုတ် တစ်ခုခု...... "
" ဟင့်အင်း သခင်လေး သခင်လေးကိုလေ Min Yoongi အဒေါ်ကခေါ်သွားတယ် ဘယ်ကို ခေါ်သွားမှန်းလည်းမသိဘူး..... အခု အခု ရှာနေကြပီလို့ပြောတာပဲ Jungkook သိသင့်တယ်ထင်လို့..... "
" ဘာ...... Min Hi Hyung က ဟုလား...... မင်း အခုဘယ်မှာလဲ Yoon Lay..... "
" ကျွန်တော် D Group မှာ..... "
" အေး စောင့်နေ ငါလာခဲ့မယ်..... "
ဖုန်းအားချကာ အပြေးတစ်ပိုင်းဖြင့် ကားဆီသို့ ပြေးထွက်လာခဲ့သည်......
တကယ်ပဲ အဲ့မိန်းမကြီး ရူးနေတယ်နဲ့တူတယ် ကိုယ့်သွေးသားအရင်းကိုတောင်မှ သတ်ရတဲ့အထိလေ......
မောင် မင်းကို လာကယ်မယ် Tae.......
မူးနှောက်နှောက်အသိတို့နှင့်အတူ Taehyung သတိရလာခဲ့သည်......
ပတ်၀န်းကျင်ကိုကြည့်တော့လည်း အလင်းရောင်ပင်မမြင်ရဘဲ မည်းမည်းမှောင်နေလျက်......
ကုန်းရုန်းထပေမယ့် လက်ပြန်ကြိုးတုတ်ထားသည်မို့ ထလို့မရချေ......
နောက်စေ့မှာလည်း တစ်ခုခုနှင့် ထိထားသလို စိုရွှဲကာ စပ်ဖျင်းဖျင်းခံစားနေရ၏။
ငါ ဘယ်ရောက်နေတာလဲ......
ဟိုဟိုဒီဒီလျှောက်ကြည့်မိတော့ ဂိုထောင်ပုံစံအခင်းအကျင်းများကို သာသတိထားမိလိုက်သည်......
ဒါ ဂိုထောင်ပျက်တစ်လုံးလား.....?
" ဖျောင်း ဖျောင်း ဖျောင်း..... !!!!! "
အမှောင်ထဲမှ လက်ခုပ်တီးသံကြားလိုက်ရသဖြင့် Taehyung အသဲအသန်လိုက်ကြည့်မိသည်......
ဖျတ်ခနဲလင်းလာသော ဝါကျင်ကျင်မီးရောင်အောက်တွင် တွေ့လိုက်ရသော မျက်နှာ......
Han Yura.....
" မင်းကဘာလို့...... "
" အိုး သိချင်စိတ်တွေ များလွနခးမနေဘူးလား Kim Taehyung ရယ် Relax...... "
" မင်း ဘာမှလာပြောမနေနဲ့ ငါ့ကို ဘာလို့ဖမ်းထားရတာလဲ..... "
" သိချင်လား..... Ok သိချင်ရင် ပြောပြပေးရမှာပေါ့..... နင့်ကို သတ်ဖို့ဖမ်းထားတာ..... နင် ငါ့ဆီက Jeon ကို လုယူခဲ့ပီး အေးအေးဆေးဆေးနေနိုင်ခဲ့တယ်နော်...... ငါ့မှာတော့ ငါချစ်ရတဲ့ အဖေကိုပါ ဆုံးရှုံးပီး ကုသရေးစင်တာမှာ အချိန်ကုန်ဆုံးခဲ့ရတယ် ငါချစ်ရတဲ့ Jeon ကလည်း ငါ့ကို လှည့်တောင်မကြည့်တော့ဘူး အဲ့တာတွေအားလုံးရဲ့ တရားခံက ဘယ်သူလဲသိလား...... အဲ့တာ နင်ပဲ Kim Taehyung ဆိုတဲ့ကောင်...... ဒီနေ့ နင်ငါ့ကို လုပ်ခဲ့တာတွေ အားလုံးအတွက် ပြန်ပေးဆပ်ရမယ်ဆိုတာသိထားလိုက်...... ဟား ဟား...... "
" နင်က ငါ့ကို တရားခံလို့ပြောတယ်နော် အဲ့တာမှားတယ်သိလား နင်ကသာ အဓိကတရားခံပဲ နင်သာ ကိုယ်၀န်အတုနဲ့ မလိမ်ညာခဲ့ရင်..... ဒီလိုမျိုး ဖြစ်လာမှာမဟုဘူးဆိုတာရောစဉ်းစားမိရဲ့လား..... Han Yura...... "
" ဘာပြောတယ် နင်တော်တော်အပြောကြီးတာပဲ Kim Taehyung...... "
" ဟက် ငါအပြောကြီးတာ မဟုပါဘူး ဒါပေမယ့် နင့်ကို ကျေးဇူးတင်ပါတယ် နင့်ကြောင့်ပဲ ငါနဲ့ မောင်နဲ့ ပြန်အဆင်ပြေခဲ့တာလေ..... တကယ်ကို..... "
လင်တရူးရူးနေသော ထိုမိန်းမအား စိတ်ပျက်လာသဖြင့် Taehyung အမြင်ကတ်ကာ ပိုရွဲ့ပြောလိုက်မိသည်.....
" ဟာ နင် နင်ကလေ တကယ်အရှက်မရှိတဲ့အကောင်...... "
" အင့်......!!!! "
Taehyung ၏ခနဲ့တဲ့တဲ့အပြောစကားများကြောင့် Yura ချက်ချင်လုပ်မိသည်က လက်ထဲတွင် အသင့်ပါလာသော ဓားမြှောင်လေးဖြင့် ဗိုက်အားထိုးချလိုက်ခြင်းပင်.....
ရုတ်တရက်မို့ Taehyung ကြောင်သလိုဖြစ်သွားသော်လည်း ချက်ချင်းသတိရမိသွားက ကလေး.....
ကလေး ငါ့ကလေး..... ဟင့်အင်း ကလေး ဘာမှမဖြစ်ရဘူး ငါ့ကလေးလေး......
ဟင့်အင်း ဟင့်အင်း......
သွေးရူးသွေးတန်း ခံစားချက်တို့နှင့်အတူ အတင်းရုန်းကန်နေမိ၏။
မဖြစ်ဘူး ကလေးလေး ငါ့ကလေးလေး......
ရှေ့မှ ရပ်နေသော သူမကတော့ ကြောက်စရာအပြုံးဖြင့် ခွက်ထိုးခွက်လန်ရယ်မောနေဆဲ......
" အေး ငါနင့်ကို သေအောင်သတ်ပြမယ် Han Yura ငါ့ကလေးကို နင်သတ်တယ်နော် နင့်ကိုလည်း အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်မယ်...... "
ဗိုက်တွင် သွေးများတစက်စက်ယိုစီးနေသည့်ကြားမှ Han Yura အား မျက်လုံးသေကြီးများဖြင့် စိုက်ကြည့်နေသူတစ်ဦး........
" နင့်ကို Victoria က ဘယ်လိုလူမျိုးလဲဆိုတာ မြင်အောင်ပြပေးမယ်....... "
VICTORIA 👑
A/N ဒီတစ်ပိုင်းနဲ့တင် အပီးရေးဖို့စဉ်းစားထားပေမယ့် သာသာ လက်တုံ့နေမိတယ်
Victoria လေးကို မနှုတ်ဆက်ချင်သေးတာလည်းပါပါတယ်
နောက်တစ်ပိုင်းကျရင်တော့......
ဖတ်ရှုပေးသူတစ်ဦးချင်းဆီကို အထူးကျေးဇူးတင်လျက် ~ 🌸