'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆ...

By Kyar_nge

29.1K 2K 61

_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်‌ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄) [final]

အပိုင်း(၅)

1.3K 130 4
By Kyar_nge

Uni

__________

" ‌ရတနာ နင်ရည်းစားတွေဘာတွေရနေတာတော့မဟုတ်ဘူးလား "

"ကြံကြီးစည်ရာ မမရာ "

ကော်ဖီလာပို့တဲ့ ထွေးဟာ မမ စကားကြောင့် ရင်ဘက်ကို လက်နဲ့ဖိကာ အလန့်တကြား ငြင်းလာသည်။ ဒါကို မမဟာ မယုံသက်ာနဲ့ စာရင်းတွေတွက်နေရင်းမှ ကြည့်နေသေးတာ

"ကဲပါမမရယ် တစ်ကယ်မရှိပါဘူးဆို"

"အေးနော် နင်မူပျက်နေတာ"

"ဟင်း ခက်လိုက်တာ မမတို့နဲ့ "

"သူကများပြောရတယ်ရှိသေး "

‌မျက်စောင်းထိုးရင်း လုံချည်အစကို အနည်းငယ်မကာ ထွက်သွားသော ထွေးကိုကြည့်ရင်းပြောလိုက်ခြင်းသာ
အမြဲအခန်းထဲအောင်းပြီး စာတိုက်ကိုဘဲ ချောင်းပေါက်မတတ်သွားနေတာ အိမ်ကလူတွေ မဟုတ်တရုတ် မထင်ဘဲနေပါ့

" ပိတ်ရက်လေးတောင်ပြည့်အောင်မနေချင်ပါ့လား သမီးရယ် "

" မေမေရယ် ကျောင်းတက်တုန်းလေးပါ "

ထိုးမုန့် ဆိုင်မှာ အလိုကျလိုက်ဝယ်ပေးနေတဲ့ မေမေက စိတ်မကောင်းဟန် ဆိုလာလေတော့ မေမေ့ လက်မောင်းများခိုချိတ်က ထွေးသည် ကလေးတစ်ယောက်လို ချွဲနွဲတော့သည်။
သို့သော် ကျောင်းများပြီးသည့်အခါတွင်လည်း ထို အမျိုးသမီးနှစ်ယောက်အနားသာ ရှိနိုင်မည့်အကြောင်းတော့ ထွေး ထည့်မပြောဖြစ်ပါ

" ဆောင်းဝင်တော့မှာ အေးတယ် ဂရုစိုက်အုံး
စာလည်း အမြဲပို့ "

"ဟုတ်ကဲ့ပါမေမေ သမီးအမြဲမေမေ့စကားနားထောင်နေကြပါ "

"တော်တော်လေး နားထောင်ရှာပါတယ် "

"ဟီး မေမေကလည်း "

မေမေက မျက်စောင်းထိုးရင်းဆိုတော့ ထွေးဟာ သူ(မ)သွား‌ဖြူဖြူပေါ်အောင်ဟီးခနဲ မျက်နှာချိုသွေးလာသည်။ကားဂိတ်မှာ မပြီးနိုင်မစီးနိုင်မှာနေတဲ့ မေမေဟာ
ရက်မပြည့်ဘဲ အဆောင်ပြန်လို့ ထွေးကို အနည်းငယ်လည်း စိတ်ကောင်ချင်နေပါသည်။ ‌အဝေနဲ့ယွန်းက ပိတ်ရက်မှာတွေ့လို့ရပေမယ့် ထွေးကတော့စာနဲ့ဘဲ အဆက်အသွယ်လုပ်နေရတာ ဖြစ်နေ၍ မေမေ့နား ကပ်ချင်သေးပေမယ့် ထို အမျိုးသမီးနှစ်ယောက်ကိုလည်း တွေ့ချင်လှပြီဖြစ်သည်။

" ဟူး "

အဆောင်ထဲ ခြေချလိုက်တာနဲ့ နှစ်စရဲ့ လွမ်းဆွတ်‌ဖွယ် အငွေ့အသက်တွေက အလုံးလိုက်အရင်းလိုက်နှလုံးသားထဲ ဝင်ရောက်လာတော့သည်။ မေမေကသာ ဆောင်းဝင်တော့မယ် ပြောနေတာ စိန်ပန်းတွေက အခုမှ အလုအယှက်ပွင့်နေတုန်းပင်ရှိပါသေးသည်။

" အယ် ‌စောတာလား "

"ဟုတ်တယ်အဒေါ် "

"အေးပါ သွားသွား သမီး အခန်းဖော်တွေရော ဒီနေ့ရောက်တာ ထင်တာပါဘဲ "

"ဟုတ်ကဲ့ ကျေးဇူးဘဲနော်အဒေါ်"

ထွေး အဆောင်မှုးကို နှုတ်ဆက်ရင်း
အပေါ်ထပ်တက်လာလိုက်သည်။
အခန်းတံခါး ဖွင့်ကာ မဝင်ခင် ပြတင်းပေါက်က ချောင်းကြည့်တော့ တွေ့ပါပြီ သူ့ မြတ်နိုးရာ‌နှစ်ယောက် တစ်ခုခုကိုလုရင်း ရန်ဖြစ်နေကြတာ ကြောင့် ထွေးတစ်ယောက် ခေါင်းသာရမ်းနိုင်တော့သည်။

"ကျွီ~~"

"ရား !!ပေး ဆောင်း နင်နော် "

"အော် ခုတော့ ဒီ စာလေး တစ်စောင်အတွက် ကျုပ်ကို အော်ရက်ပြီပေါ့်လေ ရပါတယ်ရပါတယ် "

"ဆောင်းကလည်း နင်ဖတ်ချင်ရင်ဖတ်လေဟာ နော်နော် စိတ်မဆိုးပါနဲ့ "

အပေါက်ဝက ထွေးအား မမြင်နိုင် ရန်ပွဲပြင်းထန်နေသည်မှာ ထွေးသည်ခုဘဲ ဝင်ရမလား ပြန်ထွက်ပြီး အပြင်က စောင့်နေရမလား
လမ်းစတွေပါ ပြောက်သွားရတော့သည်။

" အဟမ်း !"

"ထွေးငယ်...!!"

"ထွေး "

" အင့် !!"

နောက်ဆုံးတော့ ချောင်းဟန့်ကာ အသံပေးကာမှ တအံ့တဩ ဖြစ်သွားတဲ့ အမျိုးသမီးနှစ်ယောက်ဟာ ပြေးကာ လာဖက်တာကြောင့် ထွေးမှာ အင့်ခနဲ ဖြစ်သွားရတော့သည်။
အခုမှ အဆောင်အခန်းငယ်ဟာ နွေးထွေးမှုတွေနဲ့ပြန်လည်နေသားကျသွားတော့သည်။

" အာရား လွတ်ပါအုံး ငါချွေးတွေနဲ့ "

"ဘာဖြစ်လဲ ထွေးငယ်ရာ "

"အေးလေ "

အဝေ့နောက်ကနေ လိုက်ထောက်ခံ ပေးနေတဲ့ယွန်းကြောင့် နှစ်ယောက်လုံးကို လက်မြှောက် အရှုံးပေးထားလိုက်ရတော့သည်။
အတော်ကြာမှ လွတ်ပေးလာတာကြောင့် အဝတ်တွေ အရင်နေရာချရင်း ဝယ်လာတဲ့မုန့်တွေ ကြောင်အိမ်ထဲ ထည့်ထားလိုက်သည်။

" ထွေး ရေသွားချိုးမလို့ အဝေနဲ့အယွန်း မုန့်စားချင်ရင်ယူစားလိုက်တော့ "

"ထွေးငယ်က မှတ်မိနေတာဘဲ"

"ဒါပေါ့ရှင် ဒီ ချစ် သူငယ်ချင်း နှစ်ယောက်မှာထားတာကို ထွေးက မေ့စရာလား "

ထွေးသည် အဝေ၏ နှာခေါင်းကို ဆွဲကာ ပြုံးပြုံးကလေး ပြောလို့ ထွက်သွားတာကြောင့် ‌အဝေ့မှာ ကြောင်အကာသာကျန်ခဲ့ရသည်။
ထွေးထွက်သွားမှလက်ထဲက စာကို သတိရကာ ဖွင့်ကြည့်မယ်လုပ်တော့ ယွန်းကို အရင်အကဲ ခတ်ရသေး
အမယ် သူက ပြုံးတုံးတုံးနဲ့

"ဘာ!!!!ယွန်းရတနာခိုင် နင် နင်!!!"

"ဖြည်းဖြည်းပြောစမ်းပါ ဆောင်းရာ ငါ့နားတွေပင်းကုန်တာ့မယ် "

လက်ထဲက ပန်းရောင်စာ ရွက်မွှေးပ‌ျံ့ပျံ့လေးကို လုံးချေလိုက်တဲ့ အဝေ့၏ မျက်နှာနုနုလေးဟာ ပန်းဆီရောင်ယှက်ပြေးနေသည်။
နားကို လက်နဲ့ပိတ်ထားသော ယွန်းဟာ အဝေ စိတ်ဆိုးသွားမလား အကဲ ခတ်ရသေး

" ဆောင်း နင် ငါ့ ငါ့ကို ဟို "

" ဘယ် ကတည်းကလဲ"

" ဟမ် ?"

အဝေ အူတူတူနဲ့ယွန်းအား ထပြီး
ပိတ်ခေါက်ချင်စိတ်တွေ မနည်း မနည်း ချုပ်တည်းထားရသည်ဆိုတာ
မျက်စောင်း တစ်ချက် ပစ်ကြွေးလိုက်မှ အသိပြန်ရသွားပုံပေါ်တဲ့ ယွန်းဟာ အော်ခနဲ စကားတစ်ခွန်း ခပ်တိုးတိုးဆိုလာတာကြောင့် အဝေ့၏ နားရွက်လေးများပါ အရောင်ပြောင်းလာရတော့သည်။

အဝေ၏ လုံးချေထားသော လက်ထဲကစာရွက်ကလေးကို လွှင့်ပစ်လိုက်မယ်ဟုပြောထားသော်လည်း တစ်ကယ်တော့ အဝေဟာ အဝတ်တွေနဲ့ကြားခံကာ ပြန့်သွားအောင် မီးပူထိုးရင်း တယုတယ သိမ်းထားရှာပါသည်။

" အဆောင်အောက်သွား မလို့ လိုက်ကြအုံးမလား "

"အင်း "

ပြန်ဖြေလာသည်မှာ ယွန်းဖြစ်ပြီး အဝေဟာတော့ ခေါင်းလေးသာ ငြိမ့်ပြလာသည်။ ပုံမှန်ထက် တိတ်ဆိတ်နေတဲ့ အဝေ့ကို ထွေးသတိထားမိပေမယ့် ဘာမှမပြောတော့ဘဲ လုပ်စရာ ရှိတာတွေ အရင်လုပ်နေလိုက်တော့သည်။

" လိုက်တယ် "

"ဟင် ...."

"သနပ်ခါးနဲ့လေ ထွေးငယ် သနပ်ခါးလိမ်းထားရင် အဝေ သဘောကျတယ် "

" အမြဲ တမ်းလိမ်းထားမယ် "

ပြုံးပြုံးကလေး ဆိုလာတဲ့ အမျိုးသမီးငယ် ထွေး သည် ပါးကွက်ကြား အမြဲ လိမ်းဖို့ ဆုံးဖြတ်လိုက်ပုံပါ
ညောင်ပင်အောက်က ခုံတန်းပေါ်မှာ အမျိုးသမီးသုံးယောက်ဟာ ပူးကပ်လျက်ရှိသည်။လေ ဝှေ့လိုက်တိုင်း ညောင်ရွက်တွေရဲ့ ပြင်းထန်စွာ တိုက်ခက်သံ တို့ ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်မှာလည်းဆွေးမြေ့စရာ

အဝေ၏ လက်များကြားတွင် ထွေး၏ လက်ဖြူဖြူများ နစ်ဝင်နေသည်။
အဝေ့၏ ပုခုံးများ ထက်တွင်တော့ ယွန်း၏ ခေါင်းကလေး နေရာယူနေသလို ထွေး၏ပုခုံးထက်မှာလည်း အဝေ့၏ ခေါင်းကလေး....

" ဂီတာ မယူခဲ့ဘူးလား ထွေး "

"အာ ဖေဖေက မမပေးလိုက်ပြီ "

ယွန်းပြောမှ ထွေးဟာ သတိရသွားဟန် အာခနဲ
အသံပြုလာသည်။
ဂီတာ မရှိလည်း သီချင်းဆိုပြလို့ရသေးတာကြောင့် သုံးယောက်သား ထပ်မံ တိတ်ဆိတ်သွားရသည်။
ကောင်းကင်က နေရောင်ဖျော့ဖျော့ကို ကာထားတဲ့ အုပ်အုပ်စိုးစိုး ညောင်ရွက်တွေကို ထွေးမော့ငေးနေတုန်း
အဝေတစ်ယောက် တော့ ပါးပြင်လေးထက် ယွန်း၏ နှုတ်ခမ်းများ အသားယူခြင်း ခံလိုက်တော့သည်။

" ငါတို့ ပိတ်ရက်က သုံးရက်တောင် ကျန်သေးတာ ဘယ်သွားကြမလည်း "

"ည‌ဈေးတန်းတွေ လျှောက်ပတ်ကြမယ်လေ မကောင်းဘူးလား အယွန်း "

"အင်း ကောင်းတယ် ညကြသွားကြမယ်"

သူတို့ သုံးယောက် အဆောင်မှုးကို ခွင့်တောင်းရင်း နီးစပ်ရာ ညဈေးထဲ ယောင်လည်လည်နဲ့ရောက်သွားတော့သည်။
တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ထားပုံက မသိရင် ကလေးသုံးယောက်ကွဲသွားမှာ ဆိုးနေသည့်အလား

အစားအသောက်ခင်မင်သူကြီးသုံးယောက်
ဈေးတန်းထဲ ရောက်သွားတော့ မြင်မြင်သမျှ
မုန့်တွေလာထား အာဝါး အမုန်းဆွဲနေတော့သည်။မိန်းမငယ်လေး သုံးယောက်တည်း ရယ်ရယ်မောမောနဲ့ လျှောက်သွားနေတဲ့ မြင်ကွင်းက ထူးဆန်းသော်ငြား
နွေးထွေးပါသည်။

တွေ့တဲ့အရပ်မှာ စာအုပ်လိုက်ဝယ်တတ်တဲ့ ထွေး ကြောင့် အဝေတို့ မှာ မတ်တပ်ရပ်ပြီး လိုက်စောင့်ပေးနေရသည်။
ထို့အပြင် အိပ်ချင်ပါပြီဆိုတဲ့မမယွန်း၏ ချစ်စရာ ဂျီကျမှုကြောင့် ခပ်သုပ်သုပ်ကလေး အဆောင်ပြန်ခဲ့ရတော့သည်။
အဆောင်မှူး အတွက် လက်ဖက်ရည််လေးတော့ အဆစ်ဝယ်ခဲ့ပါသေးသည်။

" နင့်အတွက်ထွေး ငါနဲ့ဆောင်း ကောက်ပေးထားတာ  နင်ခနခန အဲ့အပင်ကြည့်နေတာမြင်လို့"

"ကျေးဇူး "

"အဲ့စကားလိုလို့လား ထွေးငယ်"

"ဟီး မလိုပါဘူး အဝေရဲ့"

ထွေးသည်ယွန်းလက်ထဲက စိန်ပန်းပွင့်နီနီများ လွဲပြောင်းယူရင်း ကျေးဇူးစကားဆိုတော့
အဝေ၏ မျက်စောင်းကလေး လက်ဆောင်ရလိုက်သည်။
ထွေးသည်လက်ထဲက ပန်းပွင့်များကို စာအုပ်ခပ်ထူထူရဲ့ကြားထဲ ညှပ်ထားလိုက်တော့သည်။

အိပ်ချင်ပါတဲ့ဆိုတဲ့ယွန်းဟာ ခုတော့ စကားတွေ ဖောင်ဖွဲ့ပြောနေကြတာ သုံးယောက်သား ညဉ့်နက်မှသာ အိပ်သွားကြသည်။
အဝေကတော့ တစ်ခုခုကို ပူပန်နေဟန်ပါ အိပ်နေတဲ့ ထွေးကို ကြည့်လိုက် ယွန်းအားကြည့်လိုက်ဖြင့် သက်ပြင်းအသာချကာ အိပ်မပျော်နိုင်
နွေလယ်ညဟာ သူ့အတွက်တော့ပူလောင်လွန်းတယ်

____________

Words- 1538
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge

____________

Zawgyi

_____________

" ‌ရတနာ နင္ရည္းစားေတြဘာေတြရေနတာေတာ့မဟုတ္ဘူးလား "

"ႀကံႀကီးစည္ရာ မမရာ "

ေကာ္ဖီလာပို႔တဲ့ ေထြးဟာ မမ စကားေၾကာင့္ ရင္ဘက္ကို လက္နဲ႕ဖိကာ အလန႔္တၾကား ျငင္းလာသည္။ ဒါကို မမဟာ မယုံသက္ာနဲ႕ စာရင္းေတြတြက္ေနရင္းမွ ၾကည့္ေနေသးတာ

"ကဲပါမမရယ္ တစ္ကယ္မရွိပါဘူးဆို"

"ေအးေနာ္ နင္မူပ်က္ေနတာ"

"ဟင္း ခက္လိုက္တာ မမတို႔နဲ႕ "

"သူကမ်ားေျပာရတယ္ရွိေသး "

‌မ်က္ေစာင္းထိုးရင္း လုံခ်ည္အစကို အနည္းငယ္မကာ ထြက္သြားေသာ ေထြးကိုၾကည့္ရင္းေျပာလိုက္ျခင္းသာ
အၿမဲအခန္းထဲေအာင္းၿပီး စာတိုက္ကိုဘဲ ေခ်ာင္းေပါက္မတတ္သြားေနတာ အိမ္ကလူေတြ မဟုတ္တ႐ုတ္ မထင္ဘဲေနပါ့

" ပိတ္ရက္ေလးေတာင္ျပည့္ေအာင္မေနခ်င္ပါ့လား သမီးရယ္ "

" ေမေမရယ္ ေက်ာင္းတက္တုန္းေလးပါ "

ထိုးမုန႔္ ဆိုင္မွာ အလိုက်လိဳက္ဝယ္ေပးေနတဲ့ ေမေမက စိတ္မေကာင္းဟန္ ဆိုလာေလေတာ့ ေမေမ့ လက္ေမာင္းမ်ားခိုခ်ိတ္က ေထြးသည္ ကေလးတစ္ေယာက္လို ခြၽဲႏြဲေတာ့သည္။
သို႔ေသာ္ ေက်ာင္းမ်ားၿပီးသည့္အခါတြင္လည္း ထို အမ်ိဳးသမီးႏွစ္ေယာက္အနားသာ ရွိနိုင္မည့္အေၾကာင္းေတာ့ ေထြး ထည့္မေျပာျဖစ္ပါ

" ေဆာင္းဝင္ေတာ့မွာ ေအးတယ္ ဂ႐ုစိုက္အုံး
စာလည္း အၿမဲပို႔ "

"ဟုတ္ကဲ့ပါေမေမ သမီးအၿမဲေမေမ့စကားနားေထာင္ေနၾကပါ "

"ေတာ္ေတာ္ေလး နားေထာင္ရွာပါတယ္ "

"ဟီး ေမေမကလည္း "

ေမေမက မ်က္ေစာင္းထိုးရင္းဆိုေတာ့ ေထြးဟာ သူ(မ)သြား‌ျဖဴျဖဴေပၚေအာင္ဟီးခနဲ မ်က္ႏွာခ်ိဳေသြးလာသည္။ကားဂိတ္မွာ မၿပီးနိုင္မစီးနိုင္မွာေနတဲ့ ေမေမဟာ
ရက္မျပည့္ဘဲ အေဆာင္ျပန္လို႔ ေထြးကို အနည္းငယ္လည္း စိတ္ေကာင္ခ်င္ေနပါသည္။ ‌အေဝနဲ႕ယြန္းက ပိတ္ရက္မွာေတြ႕လို႔ရေပမယ့္ ေထြးကေတာ့စာနဲ႕ဘဲ အဆက္အသြယ္လုပ္ေနရတာ ျဖစ္ေန၍ ေမေမ့နား ကပ္ခ်င္ေသးေပမယ့္ ထို အမ်ိဳးသမီးႏွစ္ေယာက္ကိုလည္း ေတြ႕ခ်င္လွၿပီျဖစ္သည္။

" ဟူး "

အေဆာင္ထဲ ေျခခ်လိဳက္တာနဲ႕ ႏွစ္စရဲ႕ လြမ္းဆြတ္‌ဖြယ္ အေငြ႕အသက္ေတြက အလုံးလိုက္အရင္းလိုက္ႏွလုံးသားထဲ ဝင္ေရာက္လာေတာ့သည္။ ေမေမကသာ ေဆာင္းဝင္ေတာ့မယ္ ေျပာေနတာ စိန္ပန္းေတြက အခုမွ အလုအယွက္ပြင့္ေနတုန္းပင္ရွိပါေသးသည္။

" အယ္ ‌ေစာတာလား "

"ဟုတ္တယ္အေဒၚ "

"ေအးပါ သြားသြား သမီး အခန္းေဖာ္ေတြေရာ ဒီေန႕ေရာက္တာ ထင္တာပါဘဲ "

"ဟုတ္ကဲ့ ေက်းဇူးဘဲေနာ္အေဒၚ"

ေထြး အေဆာင္မႈးကို ႏႈတ္ဆက္ရင္း
အေပၚထပ္တက္လာလိုက္သည္။
အခန္းတံခါး ဖြင့္ကာ မဝင္ခင္ ျပတင္းေပါက္က ေခ်ာင္းၾကည့္ေတာ့ ေတြ႕ပါၿပီ သူ႕ ျမတ္နိုးရာ‌ႏွစ္ေယာက္ တစ္ခုခုကိုလုရင္း ရန္ျဖစ္ေနၾကတာ ေၾကာင့္ ေထြးတစ္ေယာက္ ေခါင္းသာရမ္းနိုင္ေတာ့သည္။

"ကြၽီ~~"

"ရား !!ေပး ေဆာင္း နင္ေနာ္ "

"ေအာ္ ခုေတာ့ ဒီ စာေလး တစ္ေစာင္အတြက္ က်ဳပ္ကို ေအာ္ရက္ၿပီေပါ့္ေလ ရပါတယ္ရပါတယ္ "

"ေဆာင္းကလည္း နင္ဖတ္ခ်င္ရင္ဖတ္ေလဟာ ေနာ္ေနာ္ စိတ္မဆိုးပါနဲ႕ "

အေပါက္ဝက ေထြးအား မျမင္နိုင္ ရန္ပြဲျပင္းထန္ေနသည္မွာ ေထြးသည္ခုဘဲ ဝင္ရမလား ျပန္ထြက္ၿပီး အျပင္က ေစာင့္ေနရမလား
လမ္းစေတြပါ ေျပာက္သြားရေတာ့သည္။

" အဟမ္း !"

"ေထြးငယ္...!!"

"ေထြး "

" အင့္ !!"

ေနာက္ဆုံးေတာ့ ေခ်ာင္းဟန႔္ကာ အသံေပးကာမွ တအံ့တဩ ျဖစ္သြားတဲ့ အမ်ိဳးသမီးႏွစ္ေယာက္ဟာ ေျပးကာ လာဖက္တာေၾကာင့္ ေထြးမွာ အင့္ခနဲ ျဖစ္သြားရေတာ့သည္။
အခုမွ အေဆာင္အခန္းငယ္ဟာ ေႏြးေထြးမႈေတြနဲ႕ျပန္လည္ေနသားက်သြားေတာ့သည္။

" အာရား လြတ္ပါအုံး ငါေခြၽးေတြနဲ႕ "

"ဘာျဖစ္လဲ ေထြးငယ္ရာ "

"ေအးေလ "

အေဝ့ေနာက္ကေန လိုက္ေထာက္ခံ ေပးေနတဲ့ယြန္းေၾကာင့္ ႏွစ္ေယာက္လုံးကို လက္ျမႇောက္ အရႈံးေပးထားလိုက္ရေတာ့သည္။
အေတာ္ၾကာမွ လြတ္ေပးလာတာေၾကာင့္ အဝတ္ေတြ အရင္ေနရာခ်ရင္း ဝယ္လာတဲ့မုန႔္ေတြ ေၾကာင္အိမ္ထဲ ထည့္ထားလိုက္သည္။

" ေထြး ေရသြားခ်ိဳးမလို႔ အေဝနဲ႕အယြန္း မုန႔္စားခ်င္ရင္ယူစားလိုက္ေတာ့ "

"ေထြးငယ္က မွတ္မိေနတာဘဲ"

"ဒါေပါ့ရွင္ ဒီ ခ်စ္ သူငယ္ခ်င္း ႏွစ္ေယာက္မွာထားတာကို ေထြးက ေမ့စရာလား "

ေထြးသည္ အေဝ၏ ႏွာေခါင္းကို ဆြဲကာ ၿပဳံးၿပဳံးကေလး ေျပာလို႔ ထြက္သြားတာေၾကာင့္ ‌အေဝ့မွာ ေၾကာင္အကာသာက်န္ခဲ့ရသည္။
ေထြးထြက္သြားမွလက္ထဲက စာကို သတိရကာ ဖြင့္ၾကည့္မယ္လုပ္ေတာ့ ယြန္းကို အရင္အကဲ ခတ္ရေသး
အမယ္ သူက ၿပဳံးတုံးတုံးနဲ႕

"ဘာ!!!!ယြန္းရတနာခိုင္ နင္ နင္!!!"

"ျဖည္းျဖည္းေျပာစမ္းပါ ေဆာင္းရာ ငါ့နားေတြပင္းကုန္တာ့မယ္ "

လက္ထဲက ပန္းေရာင္စာ ႐ြက္ေမႊးပ‌်ံ့ပ်ံ့ေလးကို လုံးေခ်လိဳက္တဲ့ အေဝ့၏ မ်က္ႏွာႏုႏုေလးဟာ ပန္းဆီေရာင္ယွက္ေျပးေနသည္။
နားကို လက္နဲ႕ပိတ္ထားေသာ ယြန္းဟာ အေဝ စိတ္ဆိုးသြားမလား အကဲ ခတ္ရေသး

" ေဆာင္း နင္ ငါ့ ငါ့ကို ဟို "

" ဘယ္ ကတည္းကလဲ"

" ဟမ္ ?"

အေဝ အူတူတူနဲ႕ယြန္းအား ထၿပီး
ပိတ္ေခါက္ခ်င္စိတ္ေတြ မနည္း မနည္း ခ်ဳပ္တည္းထားရသည္ဆိုတာ
မ်က္ေစာင္း တစ္ခ်က္ ပစ္ေႂကြးလိုက္မွ အသိျပန္ရသြားပုံေပၚတဲ့ ယြန္းဟာ ေအာ္ခနဲ စကားတစ္ခြန္း ခပ္တိုးတိုးဆိုလာတာေၾကာင့္ အေဝ့၏ နား႐ြက္ေလးမ်ားပါ အေရာင္ေျပာင္းလာရေတာ့သည္။

အေဝ၏ လုံးေခ်ထားေသာ လက္ထဲကစာ႐ြက္ကေလးကို လႊင့္ပစ္လိုက္မယ္ဟုေျပာထားေသာ္လည္း တစ္ကယ္ေတာ့ အေဝဟာ အဝတ္ေတြနဲ႕ၾကားခံကာ ျပန႔္သြားေအာင္ မီးပူထိုးရင္း တယုတယ သိမ္းထားရွာပါသည္။

" အေဆာင္ေအာက္သြား မလို႔ လိုက္ၾကအုံးမလား "

"အင္း "

ျပန္ေျဖလာသည္မွာ ယြန္းျဖစ္ၿပီး အေဝဟာေတာ့ ေခါင္းေလးသာ ၿငိမ့္ျပလာသည္။ ပုံမွန္ထက္ တိတ္ဆိတ္ေနတဲ့ အေဝ့ကို ေထြးသတိထားမိေပမယ့္ ဘာမွမေျပာေတာ့ဘဲ လုပ္စရာ ရွိတာေတြ အရင္လုပ္ေနလိုက္ေတာ့သည္။

" လိုက္တယ္ "

"ဟင္ ...."

"သနပ္ခါးနဲ႕ေလ ေထြးငယ္ သနပ္ခါးလိမ္းထားရင္ အေဝ သေဘာက်တယ္ "

" အၿမဲ တမ္းလိမ္းထားမယ္ "

ၿပဳံးၿပဳံးကေလး ဆိုလာတဲ့ အမ်ိဳးသမီးငယ္ ေထြး သည္ ပါးကြက္ၾကား အၿမဲ လိမ္းဖို႔ ဆုံးျဖတ္လိုက္ပုံပါ
ေညာင္ပင္ေအာက္က ခုံတန္းေပၚမွာ အမ်ိဳးသမီးသုံးေယာက္ဟာ ပူးကပ္လ်က္ရွိသည္။ေလ ေဝွ႕လိုက္တိုင္း ေညာင္႐ြက္ေတြရဲ႕ ျပင္းထန္စြာ တိုက္ခက္သံ တို႔ ၿငိမ့္ေညာင္းစြာ ထြက္ေပၚလာသည္မွာလည္းေဆြးေျမ့စရာ

အေဝ၏ လက္မ်ားၾကားတြင္ ေထြး၏ လက္ျဖဴျဖဴမ်ား နစ္ဝင္ေနသည္။
အေဝ့၏ ပုခုံးမ်ား ထက္တြင္ေတာ့ ယြန္း၏ ေခါင္းကေလး ေနရာယူေနသလို ေထြး၏ပုခုံးထက္မွာလည္း အေဝ့၏ ေခါင္းကေလး....

" ဂီတာ မယူခဲ့ဘူးလား ေထြး "

"အာ ေဖေဖက မမေပးလိုက္ၿပီ "

ယြန္းေျပာမွ ေထြးဟာ သတိရသြားဟန္ အာခနဲ
အသံျပဳလာသည္။
ဂီတာ မရွိလည္း သီခ်င္းဆိုျပလို႔ရေသးတာေၾကာင့္ သုံးေယာက္သား ထပ္မံ တိတ္ဆိတ္သြားရသည္။
ေကာင္းကင္က ေနေရာင္ေဖ်ာ့ေဖ်ာ့ကို ကာထားတဲ့ အုပ္အုပ္စိုးစိုး ေညာင္႐ြက္ေတြကို ေထြးေမာ့ေငးေနတုန္း
အေဝတစ္ေယာက္ ေတာ့ ပါးျပင္ေလးထက္ ယြန္း၏ ႏႈတ္ခမ္းမ်ား အသားယူျခင္း ခံလိုက္ေတာ့သည္။

" ငါတို႔ ပိတ္ရက္က သုံးရက္ေတာင္ က်န္ေသးတာ ဘယ္သြားၾကမလည္း "

"ည‌ေဈးတန္းေတြ ေလွ်ာက္ပတ္ၾကမယ္ေလ မေကာင္းဘူးလား အယြန္း "

"အင္း ေကာင္းတယ္ ညၾကသြားၾကမယ္"

သူတို႔ သုံးေယာက္ အေဆာင္မႈးကို ခြင့္ေတာင္းရင္း နီးစပ္ရာ ညေဈးထဲ ေယာင္လည္လည္နဲ႕ေရာက္သြားေတာ့သည္။
တစ္ေယာက္လက္တစ္ေယာက္ ဆုပ္ကိုင္ထားပုံက မသိရင္ ကေလးသုံးေယာက္ကြဲသြားမွာ ဆိုးေနသည့္အလား

အစားအေသာက္ခင္မင္သူႀကီးသုံးေယာက္
ေဈးတန္းထဲ ေရာက္သြားေတာ့ ျမင္ျမင္သမွ်
မုန႔္ေတြလာထား အာဝါး အမုန္းဆြဲေနေတာ့သည္။မိန္းမငယ္ေလး သုံးေယာက္တည္း ရယ္ရယ္ေမာေမာနဲ႕ ေလွ်ာက္သြားေနတဲ့ ျမင္ကြင္းက ထူးဆန္းေသာ္ျငား
ေႏြးေထြးပါသည္။

ေတြ႕တဲ့အရပ္မွာ စာအုပ္လိုက္ဝယ္တတ္တဲ့ ေထြး ေၾကာင့္ အေဝတို႔ မွာ မတ္တပ္ရပ္ၿပီး လိုက္ေစာင့္ေပးေနရသည္။
ထို႔အျပင္ အိပ္ခ်င္ပါၿပီဆိုတဲ့မမယြန္း၏ ခ်စ္စရာ ဂ်ီက်မႈေၾကာင့္ ခပ္သုပ္သုပ္ကေလး အေဆာင္ျပန္ခဲ့ရေတာ့သည္။
အေဆာင္မႉး အတြက္ လက္ဖက္ရည္္ေလးေတာ့ အဆစ္ဝယ္ခဲ့ပါေသးသည္။

" နင့္အတြက္ေထြး ငါနဲ႕ေဆာင္း ေကာက္ေပးထားတာ  နင္ခနခန အဲ့အပင္ၾကည့္ေနတာျမင္လို႔"

"ေက်းဇူး "

"အဲ့စကားလိုလို႔လား ေထြးငယ္"

"ဟီး မလိုပါဘူး အေဝရဲ႕"

ေထြးသည္ယြန္းလက္ထဲက စိန္ပန္းပြင့္နီနီမ်ား လြဲေျပာင္းယူရင္း ေက်းဇူးစကားဆိုေတာ့
အေဝ၏ မ်က္ေစာင္းကေလး လက္ေဆာင္ရလိုက္သည္။
ေထြးသည္လက္ထဲက ပန္းပြင့္မ်ားကို စာအုပ္ခပ္ထူထူရဲ႕ၾကားထဲ ညွပ္ထားလိုက္ေတာ့သည္။

အိပ္ခ်င္ပါတဲ့ဆိုတဲ့ယြန္းဟာ ခုေတာ့ စကားေတြ ေဖာင္ဖြဲ႕ေျပာေနၾကတာ သုံးေယာက္သား ညဉ့္နက္မွသာ အိပ္သြားၾကသည္။
အေဝကေတာ့ တစ္ခုခုကို ပူပန္ေနဟန္ပါ အိပ္ေနတဲ့ ေထြးကို ၾကည့္လိုက္ ယြန္းအားၾကည့္လိုက္ျဖင့္ သက္ျပင္းအသာခ်ကာ အိပ္မေပ်ာ္နိုင္
ေႏြလယ္ညဟာ သူ႕အတြက္ေတာ့ပူေလာင္လြန္းတယ္

____________

Words- 1538
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge

Continue Reading

You'll Also Like

293K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
420K 30.4K 33
PDF file available! including Extra 1+2 စိန်ပန်းတွေပွင့်တဲ့ နွေတစ်နေ့မှာ နှလုံးသားထဲ မြတ်နိုးမှုတို့ စတင်အမြစ်တွယ်ခဲ့ကြတယ်... အချစ်အကြောင်း‌ကောင်းကော...
331K 19.6K 40
ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီ...