'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆ...
Oleh Kyar_nge
29.6K 2K 62
_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်‌ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အ... Lebih Banyak
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄) [final]
အပိုင်း (၄)
1.5K 147 0
Oleh Kyar_nge
Uni
______________________
" ဟဲ့ မိထွေးနဲ့ မိဆောင်း !!!!"
"ဟဲဟဲ အယွန်းလာလေ "
"ဒီမှာနင်ဖို့ငါတို့လက်ဖက်သုပ်သုပ်ထားတာ "
အခန်းထဲ ဒေါနဲ့ မောနဲ့ ဝင်လာတဲ့ယွန်းရတနာခိုင် ခင်ဗျာ မျက်နှာဖြီးနဲ့ လာချော့နေသော နှစ်ယောက်ကြောင့် ပြုံးချင်နေပြီဖြစ်သည်။
ထွေးနဲ့ အဝေမှာ တစ်ယောက်နဲ့ တစ်ယောက် မျက်စ ပစ်ကာ အခြေအနေကောင်းကြောင်း
အရိပ်အခြေ ကြည့်နေကြသည်။
ထို့နောက် ထွေးဟာ စားပွဲပေါ်က လက်ဖက်သုပ် ပန်းကန်ကို အပြေးကလေး ယူရင်း
"ဘာဘဲဖြစ်ဖြစ် ငါစိတ်မပြေသေးဘူးနော်"
" ယွန်း နင်စိတ်ကောက်မလို့လား ငါတို့က လေချစ်လို့စတာပါ "
" အေးလေ အယွန်းရယ် နင်စိတ်ကောက်ပြီးမစားဘူးဆို ကြည့်ပါအုံး ငါတို့က စေသနာတွေအပြည့် နဲ့သုတ်ထားတာနော် "
ပုဇွန်ခြောက်နှမ်းချင်းနဲ့ ဆီတဝင်းဝင်း လက်ဖက်ကလေးကြောင့် ယွန်း သရေကျလေပြီဖြစ်သည်။ထွေးလက်ထဲက ပန်းကန်ကို ဇက်ကနဲယူလိုက်ရင်း
" ကောင်းပြီ ဟွန့် ငါဘဲစားမှာနော်လာမနှိုက်ကြနဲ့ "
"အေး အေးပါ "
ခေါင်းကုတ်ကာ မျက်နှာလေး မဲ့ရွဲ့သွားသော နှစ်ယောက်ကိုကြည့်ကာယွန်းခိုးရယ်လိုက်တယ် မှတ်ပလား !
နောက်တွင်တော့ မီးဝါကျင့်ကျင့်လေးသာ ရှိတဲ့ အခန်းငယ်ထဲ ချောက်ဆိုတဲ့ အသံနဲ့အတူ
ပွင့်ဟလာတဲ့ ရေဒီယိုက ထွေးရဲ့လက်ချက်ပင်
မေဆွိ၏ ဂျက်စင်ထိပ်က လရိပ်ပြာသီချင်းကို ဝတ္ထုဖတ်ရင်း တိုးတိုးကလေး လိုက်ညီးနေသည့် ထွေးကို ‌ယွန်းနဲ့အဝေ ငေးကြည့်နေမိတော့သည်။ဒါကိုစာဖတ်နေသော အမျိုးသမီးတော့မသိပါချေ
"နေဝင်ပြီဆို ကိုယ်လေငိုချင်တယ်
ရင်မှာ နာကျင်စွာ ဆွေးတယ်
အဆောင်မှာ မှောင်ရိပ် ဝိုးတဝါးနဲ့
နံရံတွေပေါ်မှာ ပုံရိပ်ကလေးရယ်
နှလုံးသားက အစွဲအလွမ်းများလည်း မီးလိုလောင်ကျွမ်းဆဲ လွမ်းမိတယ်...
ဂီတာသံတွေရယ် သူသီဆိုနေမယ်
ရင်ကို ခုန်စေတဲ့ သီချင်းရယ်
အမှောင်မှာသာယာ နားစွင့်ခဲ့ ကိုယ်ကခင်တွယ်နေသူပါဘဲကွယ်~~"
" ဒီမှာတော့ ဂီတာ တီးမယ့်လူ မရှိဘူးနော် ထွေး"
"အဟွန်း ဒီတစ်ခါ ပိတ်ရက် အိမ်ပြန်ရရင် ဂီတာ ယူခဲ့မယ် "
"ထွေးငယ်က တီးတတ်တယ်လား "
" ဖေဖေ သင်ပေးထားတာလေဟီး ငါကနင်တို့ရဲ့ သံစဉ်တွေတီးမယ့်လူပေါ့ဟ ဂီတာပိုင်ရှင်အခြား မလိုတော့ဘူးမလား "
အမှောင်ရိပ်ထဲမှာ အမျိုးသမီးသုံးယောက်၏ အပြုံးများဟာတော့ တောက်ပနေခဲ့သည်။
ကောင်းကင်ယံက လမင်းဖွေးဖွေးဟာလည်း န‌ဘေးက ကြယ်ရောင်စုံများနဲ့ ဝင့်ဝင့်ကြွားကြွား
အဆောင်အခန်းလေးထဲ ပျံ့လွင့်နေတဲ့ ရေဒီယိုက အသံထက် မတရားစွာဘဲ အဝေနဲ့ ယွန်းမှာတော့ ထွေးဆိုသည့် အမျိုးသမီး၏ ခပ်တိုးတိုးအသံလေးကိုသာ သီးသန့် ကြားပါသည်တဲ့
" မနက်ကြ ကံ့ကော်ပန်းတွေ ဝယ်လို့ ရရင်ကောင်းမှာဘဲ "
"ပန်ချင်လို့လား "
"အင်း "
ခေါင်းလေး အသာငြိမ့်ပြလာတဲ့ ထွေးရဲ့ ခေါင်းတွင်လည်း မဖြုတ်ရသေးသော ပန်းခပ်ညိုးညိုးတို့နေရာယူထားသည်။
ထို အမျိုးသမီး၏ ဆံသားတွေထက်တွင် ပန်းတွေကတော့ တစ်နေ့ တစ်မျိုး မရိုးရအောင်နေရာယူလျက်ရှိသည်။
အဝေက ယွန်းထဲက လက်ဖက်သုပ် ခိုးစားလိုက်ရင်း
" ထွေးငယ်က ပန်းတွေ ကြိုက်တယ်နော် "
"ဒီကမ္ဘာမှာ ဘယ်အရာကို အကြိုက်ဆုံးလဲလို့ ထွေးကိုမေးလာရင်တော့ ထွေးက ပန်းတွေလို့ဘဲ ဖြေလိုက်မယ် "
အခုချိန်လာမေးရင်တော့ မျက်စိရှေ့က အမျိုးသမီးနှစ်ယောက်ကိုသာ ထွေး လက်ညိုးထိုးပြမိမှာပါ
ဒီနွေဦးလေးတွေ သူ့ဘဝထဲရှိနေမှသူ့ရင်ထဲက ပန်းတွေလည်းလှလှပပ ပွင့်လာ နိုင်မည်မလား အခွင့်အခါ မသင့်သေးသည့်အတွက်တော့ ထိုခံစားချက်များကို ရင်ထဲ၌သာ သိမ်းထားအုံးမည်ဖြစ်သည်။
ထွေးသည် အမျိုးသမီးနှစ်ယောက်ကိုစာဖတ်နေရင်းမှ မျက်လုံးလေးလှန်ကာ ခိုးကြည့်တော့ ထို‌နှစ်ယောက်သည် တစ်ယောက်ပုခုံး တစ်ယောက်မှီကာ အိပ်နေကြပြီဖြစ်သည်။
ခေါင်းရမ်းကာ ပြုံးလိုက်ပြီးအသာထလိုက်သည်။
ထို့နောက် အသေအချာ အိပ်ယာမှာနေရာချပေးကာ ခြင်ထောင်ပါ ထောင်ပေးလိုက်သည်။ ကျန်နေတဲ့လက်ဖက်တွေ တစ်တို့ နှစ်တို့ယူစားကာ မီးရောင် သေးသေးလေး အားကိုးရင်း ထွေးတစ်ယောက်စာဖတ်နေတုန်းပင်
ဒီ အမျိုးသမီးနှစ်ယောက်အနား ရှိနေသ၍ သေချာတာကတော့ မနက်ဖြန်တိုင်းက လှပနေအုံးမည်ပင်
" ဒါဘာစာတွေလဲ ထွေးငယ် !!!"
အဝေ၏ အော်သံကြောင့် ခေါင်းဖြီးနေတဲ့ ထွေးမှာ လန့်သွားရသလို မျက်နှာချေ လိမ်းနေသော ယွန်းမှာလည်း လန့်ကာ တုန်သွားရသည်။ ဒေါသထွက်နေသော မျက်နှာရဲရဲလေးနဲ့ အဝေလက်ထဲတွင် ပန်းနုရောင် ရေမွှေးစာရွက်တွေက သုံးလေးဆောင်
မီးလောင်ရာ လေပင့်ချင်သော ယွန်းဟာ နှုတ်ခမ်းနီ ဆိုးလိုက်ရင်းမှ
" အဲ့တာရည်းစားစာတွေလေ ဆောင်းရယ် ဒါလေးတောင်မသိဘူးလား "
"အေး သိလို့ခုလို ဖြစ်နေတာလဲ !!"
"အဝေ~~ဘာလို့အော်နေရတာလဲ စောစောစီးစီးကို ပေးအဲ့စာတွေ ထွေးသွားပစ်လိုက်မယ် "
ထွေး၏ ပျော့ပျောင်းသော လေသံတိုးတိုးလေးနဲ့ချော့မော့မှုကြောင့် အဝေ၏ မျက်နှာဟာ တင်းမာမနေတော့တာကို ယွန်း အံ့ဩ တကြီး တွေ့လိုက်ရသည်။
သူနဲ့အမြဲ သတ်မလို ဖြတ်မလို လုပ်နေတဲ့ မမဆောင်းက ထွေးပြောတာကြ ချက်ချင်းနားထောင်ပါတယ်တဲ့လား အံ့ဩစရာ
ထိုသို့တွေးမိတော့ ယွန်း၏ နှုတ်ခမ်းတွေ မဲ့ရွဲ့သွားတော့သည်။
ဘယ်မလည်း ငါ့အတွက်တရားမျှတမှု
" ဘာလို့လက်ခံရတာလည်း ထွေးငယ် အဲ့တာတွေကြောင့် စိတ်မချတာ "
" ထွေးယူတာ မဟုတ်ပါဘူး အဝေ အိတ်ထဲ ထည့်ထားကြတာ ထွေးတောင်အခုအဝေ ထုတ်ပြမှသိတာ "
အမှန်တကယ်ပင် ထွေး မသိခဲ့တာ အမှန်
ဒီမနက်တောင် အဝေ့ကို စာအုပ်စစ်ခိုင်းရင်း ထွက်လာတာပေ
အနည်းငယ် စိတ်လျှော့လိုက်ဟန် အဝေဟာ လက်ထဲက စာတွေကိုလုံးချေရင်း အမှိုက်တောင်းထဲ ဆောင့်အောင့်ကာ ထည့်လိုက်တော့သည်။
"ကြည့်ပါအုံး ဆူပုတ်နေတာ ကလေးလေးလိုဘဲ"
"နောက်တစ်ခါ သေချာဂရုစိုက် "
"ဟုတ်ကဲ့ပါရှင် နောက်မဖြစ်စေရပါဘူး
ထွေးရဲ့ အဝေရယ် "
အဝေ၏ ပါး နှစ်ဖက်ကို ဆွဲဖဲ့ကာ ပြုံးပြုံးကလေး ပြောနေသည့် ထွေးဟာ သူ့ကိုယ်သူ ကလေး တစ်ယောက်ကို ချော့မြူနေသည်ဟုများ ထင်နေသလား မသိ
ထွေး ပြုံးတဲ့အခါ အဝေ၏ နှုတ်ခမ်းများပါ အလို အလျှောက်ပြုံးလာသလို ထို့အတူ ယွန်းသည်လည်း အဝေပြုံးသည်နှင့် ပြုံးလာသည်မှာ နှစ်နှစ်ခြိုက်ခြိုက်
‌နေ့ရက်တွေ လတွေ ကျော်လွန်လာတာနဲ့အမျှ ဒီမေတ္တာကြိုးတွေက ခိုင်မာလာသည်။
အချို့ကတော့ပြောကြတယ်ကြာလာတဲ့ ဆက်ဆံရေးတွေက အေးစက်သွားကြပြီး နောက်ဆုံးမှာ ပြတ်တောက်သွားကြမယ်တဲ့
ဟင့်အင်း ထွေး ငြင်းမယ် ဒါဟာ အမှန်မဟုတ်ဘူးဆိုတာ မြတ် နိုးရတဲ့ အမျိုးသမီးနှစ် ယောက်ကို လက်ညိုးထိုးပြရင်း သက်သေပြမယ်
" ဆယ်ရက်ကြီးများတောင် အို အဝေတော့ မခွဲချင်ပါဘူး "
ကုတင်ပေါ် တက်ကာ ကောက်‌သွားသော အဝေ့ကို ထွေးနဲ့ယွန်းမှာ ချော့ရလေအုံးမယ်
အဝေ၏ မျက်ဝန်းများထဲ မျက်ရည်တွေရစ်ဝိုင်းနေတာ တွေ့တော့လည်းစိတ်က မကောင်းပေ 
ပိတ်ရက်ပြီးရင် ပြန်တွေ့ရမှာဘဲဟာ
အဝေ့ကို နားလည်ပေမယ့်လဲ မိသားစုဆိုတဲ့ငဲ့စရာများ‌ရှိနေလေသည်။ အထူးသဖြင့် ရုပ်သေးရုပ်လေး ထွေး
" အဝေ... အချိန်တွေဆိုတာ ခနလေး ကုန်သွားမှာပါ အဝေလည်းသိတာဘဲ "
"အေးလေ ဆောင်းကလဲ ငါတို့က တစ်သက်လုံး မတွေ့မှာမှ မဟုတ်တာ နောက်ပြီး ကျောင်းက အပြီးပိတ်တာလည် မဟုတ်ဘုးလေ"
ဘာမှပြန်မပြောတဲ့ အမျိုးသမီးဟာ တစ်ဖက်ကို လှည့်သွားပြီး အဝတ်အစားတွေ သိမ်းနေသည်။ အဝေက ကလေးလေးလိုဘဲ
ယွန်းကပါ သက်ပြင်း ချပြီး လုပ်စရာရှိတာလုပ်နေတော့ ထွေးမှာ ကြားညှပ်သွားတော့သည်။ အဝေ့ ကုတင်ပေါ်မှာ ပုံ့ပုံ့ကလေး ထိုင်ကာ ငြိမ်နေတော့သည်။
" အဝေ့ဖို့ ထိုးမုန့်ဝယ်ခဲ့ရမှာနော် "
"ဝယ်ခဲ့ရမှာပေါ့ အဝေရယ် "
လှည့် ကာဆူပုပ်ပုပ်လေးနဲ့စကားပြောလာတဲ့ အဝေကြောင့် ထွေးရောယွန်းပါ ပြုံးလာသည်။
အဝေဟာ သူ(မ)လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရင်း မှ ပြုံးကာ
"လာပါအုံး ဒီ အမျိုးသမီးနှစ်ယောက်လုံး ဖက်ချင်လို့ "
"ဟီး "
အဝေ့ ရင်ခွင်ထဲ မြုပ်နေသော ထွေးနဲ့အတူ သူ့ခြေတံရှည်ကြီးတွေ ကွေးကာ ဝင်နေသောယွန်းတို့ ရှိလေသည်။
နွေးထွေးလွန်းတယ်ဆိုတဲ့အသိဟာ နှလုံးသားထဲထိ စီးဝင်သွားသည်။
အဝေဟာ ဘဝမှာ ဘာလိုချင်လည်း မေးလာခဲ့ရင် ဒီ အမျိုးသမီး နှစ်‌ေယာက်ကို ထာဝရ ဖက်တွယ်ခွင့်သာ လိုအပ်ပါသည်။
" လွမ်းနေရတော့မှာဘဲ *sob*"
" စာအမြဲ ပို့ပေးမယ် နော် မငိုနဲ့တော့ "
အဝေအားမငိုနဲ့တော့ ဆိုပြီး မျက်ရည်တွေကျနေတဲ့ ထွေးဟာ အရူးမလေး ပင်
ယွန်း ထွေးရဲ့ ဆံပင်ပွယောင်းယောင်းလေးကို အူယားစွာ ထိုးဖွတော့ ထွေးဟာ ခွေးပေါက်လေး တစ်ကောင်လို့ သဘောတကျပြုံးလာသည်မှာ မျက်လုံးတွေ မှိတ်ကျသွားသည်ထိ
ဒီ ခံစားချက်တွေ နွေးထွေးမှုတွေ လွမ်းခြုံထားတဲ့ ခံစားချက်အား မည်သို့ ခေါင်းစဉ်တပ်ရမည်မှန်း အမျိုးသမီး သုံးယောက်လုံး မသိခဲ့ပါ သေချာတာကတော့ နွေးထွေးလွန်းတယ်..
ပိတ်ရက်အတွင်း စာတွေ မလပ် ပို့ရင်း အလုပ်ရှုပ်နေကြသည်ဆိုတာ
တစ်ခါတစ်လေတော့ ပန်းတွေ မြင်တိုင်း ထွေးကိုလွမ်းသလို မှိုင်းပြပြ ကောင်းကင် ‌ကြီးကိုကြည့်ရင်း ထွေးတစ်ယောက်ဟာလည်း အမျိုးသမီး နှစ်ယောက်အား လွမ်းဆွတ်လို့နေပြီဖြစ်သည်။
ပြန်တွေ့ကြတဲ့အခါ အပြောင်းအလဲတွေ မရှိဖို့ မျှော်လင့်ပါသည်ပေါ့ ခင်ဗျားတို့ရယ်
_________________
Words-1672
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge
______________
Zawgyi
___________
"ဟဲဟဲ အယွန်းလာလေ "
"အေး အေးပါ "
"ပန်ချင်လို့လား "
"အင်း "
" ဒါဘာစာတွေလဲ ထွေးငယ် !!!"
ထွေးရဲ့ အဝေရယ် "
"ဟီး "
အဝေဟာ ဘဝမှာ ဘာလိုချင်လည်း မေးလာခဲ့ရင် ဒီ အမျိုးသမီး နှစ်‌ယောက်ကို ထာဝရ ဖက်တွယ်ခွင့်သာ လိုအပ်ပါသည်။
_________________
Words-1672
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge
Lanjutkan Membaca
Kamu Akan Menyukai Ini
480K 40.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
232K 13.4K 65
ကျွန်မခန္ဓာကိုယ်ရဲ့ဘယ်ဘက်ရင်အုံမှာရှိတဲ့နှလုံးသားကတစ်ချက်ခုန်တိုင်း "အန်တီ" လို့မြည်နေတာပါ...။ Start date_21.5.2022 End date_30.4.2023
289K 20.1K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
339K 35.3K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...