Unicode
ငါ ငယ်ငယ်က ကျောင်းမိသားစုဆီကို ခဏလောက် ရောက်သွားတော့ ကျောင်းကုန်းဇီ ဖုန်းကို ရိုက်ခွဲလိုက်တာကို မြင်ခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက သူ ဖုန်းတွေကို ရိုက်ခွဲရတာကို အမြဲသဘောကျခဲ့တာ။
တစ်ခါတုန်းက သခင်ကြီးကျောင်းစီဟာ ညီအကိုမောင်နှမတွေနဲ့ သူ့ရဲ့ဇနီးတွေကို ပင်မအိမ်ကြီးကနေ သုံးရက်တာအပန်းဖြေခရီး ခေါ်ဆောင်သွားခဲ့တယ်။ ငါက အအေးမိနေတာမို့ အိမ်ကို ကြည့်ရှုစောင့်ရှောက်ဖို့အတွက် ကျန်ရစ်ခဲ့တယ်။ ငါ ဆေးသောက်ပြီးတော့ ဟင်းချိုပူပူလေးသောက်ပြီး အိပ်ပျော်သွားတယ်။ တစ်ညတာကုန်လွန်သွားပြီးတဲ့နောက် ငါ သက်သာသွားတာမို့ ပန်းခြံထဲမှာ စာအုပ်ဖတ်ရင်း သက်တောင့်သက်သာထိုင်ကာ နေရောင်ခြည်ကို ခံစားလိုက်တယ်။ တကယ်တော့ ဒီလိုလွတ်လပ်မှုမျိုးက ရှားတယ်လေ။
ဒါပေမယ့် စိတ်ရှုပ်စရာကောင်းတဲ့ကျောင်းကုန်းဇီကြောင့် ဒီလွတ်လပ်မှုက ပြီးဆုံးသွားခဲ့တယ်။
သူက အဝေးကနေ ငါ့ကို လှမ်းအော်တယ်, "ဘာလို့ ဖုန်းမကိုင်တာလဲ?!"
အဲ့ဒါက ငါ့ကို အရမ်းကြောက်သွားစေတဲ့အတွက် ငါ သူ့ဥယျာဉ်ဧည့်ခန်းကနေ အမြန်ထပြီး ပြောလိုက်တယ်, "ဖုန်းမမြည်ဘူးလေ"
သူက ငါ့ကို အော်တယ်, "လောင်ဇီ တစ်ညလုံး ဖုန်းခေါ်နေတာ!"
ဒါပေမယ့် ငါ တကယ် မကြားမိဘူး။
သူ့နောက်က လိုက်လာတဲ့ ဦးလေးတာ့လီက ငါ့ကို တော်တော်လေးမကြည်တဲ့ပုံစံနဲ့ ကြည့်ပြီး ပြောတယ်, "သူ တကယ်ကို တစ်ညလုံး ဖုန်းခေါ်နေတာ"
ငါက ပိုလို့တောင် အခက်တွေ့နေသေးတယ်။ ငါက ကျောင်းမိသားစုက မွေးစားထားတဲ့ မိဘမဲ့ကလေးတစ်ယောက်လေ။ ဒါပေမယ့် ငါ အိမ်ကို ကြည့်ရှုစောင့်ရှောက်နေတုန်း ဖုန်းကိုတောင် မကိုင်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် သူတို့တွေ ငါ့ကို ပြန်ရောင်းစားသွားနိုင်တယ်။
ငါ အလျင်အမြန်တောင်းပန်လိုက်ပြီး ကျောင်းမိသားစုဆီက နှင်ထုတ်ခံရခြင်းရှိ,မရှိ စမ်းသပ်စစ်ဆေးဖို့အတွက် ငါက ဘယ်လိုမျိုးကိုင်တွယ်ရမယ့် ကြီးကြီးမားမားကိစ္စတွေဖြစ်စေခဲ့သလဲဆိုတာကို မေးမြန်းလိုက်တယ်။
ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "ဘာမှမဖြစ်ပါဘူး"
ငါ သူ့ကိုမယုံခဲ့ဘူး။ ငါ တစ်ခုခုတော့ လုပ်ထားခဲ့တာဖြစ်မယ်။ အဲ့ဒါကြောင့် သူ ပြောပြဖို့တောင် ကြောက်နေတာလေ။
ကျောင်းကုန်းဇီက စိတ်မရှည်စွာနဲ့ ပြောတယ်, "ဘာမှမဖြစ်ဘူးလို့ ငါပြောတယ်လေ!"
အခု ဒီအခြေအနေအထိ ရောက်လာပြီဖြစ်တဲ့အတွက် ဖြူစင်တဲ့မုသားတွေ မပြောပါနဲ့တော့။
ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "မင်းမှာ ပြဿနာရှိနေလား! ဘာမှမဖြစ်ပါဘူးလို့ ငါပြောပြီးပြီနော်!"
အဲ့ဒီနောက်ပိုင်း ငါ ဘာမှမပြောရဲတော့ဘူး။ ဘာကိစ္စပဲဖြစ်ဖြစ် အဲ့ဒါက ကောင်းကင်ဘုံရဲ့အလိုတော်အတိုင်းပါပဲ။
သူ ဒေါသတကြီးနဲ့ သူ့အခန်းထဲ ဝင်သွားပြီးတဲ့နောက် ဦးလေးတာ့လီက ငါ့ကို အေးစက်စွာ ပြောလာတယ်, "မင်း တစ်ညလုံး ဖုန်းမကိုင်လို့ အအေးမိပြီး မူးလဲသွားတယ်လို့ သူက ထင်နေတာ, အဲ့ဒါကြောင့် သူက ပြန်လာဖို့အတွက် အတင်းတိုက်တွန်းခဲ့တာ"
ငါ : "..."
ဦးလေးတာ့လီက ပြောတယ်, "နောက်တစ်ခါ သိပ်ဒုက္ခမပေးနဲ့"
ငါက ပြန်ဖြေလိုက်တယ်, "အင်း"
ငါ ကျောင်းကုန်းဇီကို ရှာဖို့အတွက် အပေါ်ထပ်ကို တက်သွားလိုက်တယ်။ သူက အေးစက်စက်နဲ့ ငါ့ကိုကြည့်တယ်, "ဘာလဲ?"
"ဦးလေးတာ့လီက မင်း ငါ့ကို ဖျားပြီးတော့ အားနည်းနေမှာကို စိုးရိမ်နေတာလို့ ပြောတယ်, ကျေးဇူးတင်ပါတယ်"
ကျောင်းကုန်းဇီက အေးစက်စွာပဲ ဟန့်တားလိုက်တယ်။
"ဒါပေမယ့် ငါ အခုပဲ စစ်ကြည့်လိုက်တော့ မင်း မထွက်သွားခင် ဖုန်းကို ရိုက်ခွဲလိုက်တာ ကွဲသွားပုံရတယ်"
ကျောင်းကုန်းဇီက ရှက်ရွံ့စိတ်နဲ့ ဒေါသတကြီး ပြေးလာပြီး ငါ့ကို အော်တယ်, "ထွက်သွား!"
ငါ ထွက်မသွားခင်မှာ ပြောချင်တာကို ပြီးအောင်ပြောဖို့အတွက် ဆုံးဖြတ်ထားတယ်, "နောက်ပြီးတော့ မင်း အန်တီဝမ်ကို ဖုန်းဆက်ပြီးတော့ ဒီကို လာကြည့်ဖို့ ပြောခိုင်းလို့ရတယ်လေ"
ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "ထွက်သွား!"
သူ့မှာ ညစ်ညမ်းတဲ့ ပါးစပ်ရှိတယ်။ ဒါပေမယ့် အဲ့ဒါက သူ့ကိစ္စပဲလေ။ ငါကတော့ ကိုယ့်ကိစ္စတွေကို ပြီးအောင်လုပ်ရမယ်။ ဒါနဲ့ ငါ သတ္တိတွေ စုဆောင်းပြီးတော့ သူ့ဆီ သွားပြီး ပွေ့ဖက်ကာ ပြောလိုက်တယ်, "ကျေးဇူးတင်ပါတယ်"
ကျောင်းကုန်းဇီက ငါ့နားကို ကပ်ပြီး အော်တယ်, "ခွေးကောင်, ထွက်သွားတော့!"
"တစ်စုံတစ်ယောက်က ငါ့ကို ဂရုစိုက်တာ ဒါ ပထမဆုံးပဲ, ကျေးဇူးတင်ပါတယ်"
သူက ခဏလောက် ငြိမ်ကျသွားပြီး ပြောတယ်, "ဖယ်စမ်း"
သူ အရမ်းခေါင်းမာနေတာကိုမြင်တော့ ငါ့မှာ ထွက်သွားရုံသာ တတ်နိုင်ခဲ့တယ်လေ။
ငါ အတိတ်ကို ပြန်တွေးရင်း တစ်စုံတစ်ခုကို ရုတ်တရက် ရိပ်မိသွားတယ်။
သခင်ကြီးကျောင်းစီက အဖြစ်အပျက်ရဲ့တစ်ဝက်ကို မှန်ကန်စွာ ခန့်မှန်းခဲ့တယ်ဆိုရင်ကော? ကျောင်းလောင်, သူ ထွက်ပြေးသွားပြီ။ ငါ့ကို မပြောဘဲ သူ တစ်ယောက်တည်း တိတ်တိတ်လေး ထွက်ပြေးသွားပြီ။ သခင်ကြီးကျောင်းစီကို လှည့်ဖြားဖို့အတွက် ငါ့ကို ဓားစာခံအဖြစ် ဒီနေရာမှာ ထားခဲ့ပြီး လွတ်လပ်မှုကို ရှာဖွေဖို့အတွက် သူ တစ်ယောက်တည်း ထွက်ပြေးခဲ့တာ။ ကျောင်းလောင်က အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ်။ သူ အဲ့လိုမျိုး လုပ်နိုင်တာ သေချာတယ်။
ဒါက မတရားဘူး။ ငါ မြို့တော်မှာ သူ့ကို ချက်ချင်းသွားရှာပြီး ပြန်လာဖို့အတွက် ဆူပူကြိမ်းမောင်းရမယ်။ ပြီးတော့ ဆုငွေရရှိဖို့ နည်းလမ်းတစ်ခုအနေနဲ့ ငါ သူ့ကို သခင်ကြီးကျောင်းစီထံ လွှဲပေးလိုက်ပြီး ငါ့ရဲ့ဆုလာဘ်အဖြစ် တစ်ယောက်တည်း ထွက်သွားလိုက်မယ်လေ။
ငါ ပိုက်ဆံအိတ်ကို ယူပြီး ဘူတာရုံကို ထွက်ခွာဖို့ ပြင်ဆင်လိုက်တယ်။ ငါ ဖိနပ်စီးနေတဲ့အချိန်မှာပဲ ဖုန်းမြည်သံကြားလိုက်ရတယ်။ အစ်ကို(၃)က ပြောတယ်, "အာ, ရိရှင်, ငါ ရှောင်းလောင်ကို တွေ့ပြီ, စိတ်မပူနဲ့တော့"
အစ်ကို(၃)နဲ့ သခင်ကြီးကျောင်းစီတို့ သဘောတူညီမှု ရရှိသွားတာဖြစ်မယ်။ အစ်ကို(၃)က ငါ စိတ်အေးလက်အေးနဲ့ ထွက်ခွာသွားမှာကို တားဆီးလိုက်ပြီး သူကတော့ အလုပ်ကောင်းကောင်းလုပ်လိုက်နိူင်တဲ့အတွက် ဆုအဖြစ် သခင်ကြီးကျောင်းစီဆီက ပိုက်ဆံယူလိုက်တယ်ပေါ့။ ဒါကြောင့် ငါ အေးအေးဆေးဆေး မေးလိုက်တယ်, "သူ ဘယ်မှာလဲ?"
အစ်ကို(၃)က ပြောတယ်, "ရှောင်းလောင်, ရိရှင်က မင်းနဲ့ စကားပြောချင်နေတယ်"
ကျောင်းကုန်းဇီက ပြောတယ်, "ဘာလဲ?"
ငါ သတိထားပြီး မေးလိုက်တယ်, "နောက်ဆုံးမှာ ကတ်ကြေးက ဘယ်နေရာကို ထောင်ထားတာလဲ?"
ကျောင်းကုန်းဇီက ခဏတာလောက် တိတ်ဆိတ်သွားတယ်။ "မင်းက လောင်ဇီနဲ့ ငြင်းခုံဖို့အတွက် ဖုန်းကို အကြိမ်ရေအများကြီး ခေါ်ခဲ့တာလား?! မင်း တစ်ခုခု မှားနေပြီလား?! ဟမ်?! လောင်ဇီ ပြန်ရောက်တာနဲ့ မင်းရဲ့ ပန်းအိုးတွေအားလုံးကို လွှင့်ပစ်မယ်!"
ကောင်းပြီ, တစ်စုံတစ်ယောက်က အစ်ကို(၃)ကို ဟန်ဆောင်ခိုင်းခဲ့တာမဟုတ်ဘူး။ ကျောင်းလောင်ရဲ့စိတ်ရှုပ်စေမှု ၁၀ ပုံ ၁ ပုံကို ဘယ်သူကမှ လိုက်မလုပ်နိုင်ဘူးလေ။ ဖုန်းလိုင်းက ခြားနေတာတောင် လူတွေကို သူ့ကို ရိုက်ချင်လာအောင် လုပ်နိုင်တယ်။
ငါက မေးလိုက်တယ်, "မင်းက ဘယ်လို ပျောက်သွားရတာလဲ?"
ကျောင်းကုန်းဇီက ပြောတယ်, "ချီးကို ပျောက်သွားလိုက်, ငါနဲ့ပါလာတဲ့ကောင်ကို ငါ တစ်နေ့လုံး ဟိုတယ်ကို ပြန်မလာဘူးလို့ ပြောခဲ့တယ်, သူက အဲ့အချိန်တုန်းက မူးနေပြီး တရေးနိုးလာတော့ အားလုံးကို မေ့သွားတယ်လို့ ပြောတယ်လေ, သူက တာ့ထောင်ရဲ့ တစ်ဝက်လောက်တောင် မလုပ်နိူင်ဘူး"
"အိုး"
ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "မင်းအပြစ်ပဲ, ငါပြန်လာရင် ငါ့အဖေက ထပ်ပြီး ဆုံးမဦးမယ်, မင်းလုပ်သမျှက ငါ့ကို ဒုက္ခရောက်စေတာပဲ!"
"အိုး"
"ငါ ဖုန်းချလိုက်တော့မယ်! သေစမ်း!"
အစ်ကို(၃)က ဖုန်းကို သူ့ဆီကနေ လုယူလိုက်တယ်, "မင်း ဒီဟာကို ရိုက်ခွဲလို့ မရဘူး, ငါတို့က အဲ့ဒါအတွက် ပေးထားရတာ __ အာ, ရိရှင်, အားလုံး အဆင်ပြေနေပြီနော်, စိတ်မပူနဲ့တော့, သူလည်း အဆင်ပြေပါတယ်, သူက ဝယ်စရာတွေ ရှာဖို့အတွက် မြို့တော်ရဲ့ ရှေးဟောင်းဈေးကို သွားလိုက်တာ, နေရာက နည်းနည်းဝေးပြီး နောက်လည်း နောက်ကျသွားတယ်, အဲ့ဒါကြောင့် သူ အဲ့မှာ တစ်ညလောက်နေဖို့ ဆုံးဖြတ်ခဲ့တာ"
သေချာတာပေါ့။ သူ ထပ်ပြီး အလိမ်ခံလိုက်ရတာ သေချာတယ်။
ငါက မေးလိုက်တယ်, "ဒါဆို အစ်ကိုက ဘာလို့ ရုတ်တရက် တစ်ခုခုကို တွေးမိပြီးတော့ ထိတ်လန့်သွားရတာလဲ?"
အစ်ကို(၃)က ပြန်ဖြေတယ်, "ငါ မင်းကို ဖုန်းခေါ်တုန်းက ပရော်ဖက်ဆာချန်းက ငါ့ဘေးကနေ ဖြတ်သွားပြီး မှတ်စုတချို့ ပြုတ်ကျခဲ့တယ်လေ, အဲ့ဒါကြောင့် ငါ ကမန်းကတန်း သူ့နောက် လိုက်သွားပြီး ပြန်ပေးခဲ့တာ"
"အိုး"
အစ်ကို(၃)က မေးတယ်, "မင်း ပရော်ဖက်ဆာချန်းကို သိတယ် မဟုတ်လား?"
"ကျွန်တော် သိပါတယ်"
"ဒါဆို ငါနဲ့အတူ ကျောင်းသွားဖို့အတွက် မင်းကို စောင့်နေမယ်နော်!"
"ကျွန်တော် လာဖို့အခွင့်အရေး ရှာလိုက်ပါ့မယ်"
အစ်ကို(၃)က ပြောတယ်, "ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်"
ကျောင်းကုန်းဇီက အော်တယ်, "မကောင်းပါဘူး, မင်း မသွားရဘူး!"
သူက အမှန်တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်။
ကျောင်းကုန်းဇီရဲ့ စိတ်ထဲမှာတွေးနေတာကတော့ -
ကျူးရိရှင်ကြောင့်သာ မဟုတ်ရင် သူ့အတွက် ရှားပါးတဲ့ ရှေးဟောင်းစာအုပ်တချို့ ရနိုင်မှာ။
[ **မူရင်းသာသာပြောထားတာလေး -
ဟုတ်တာပေါ့, မှန်တယ်, ကျောင်းကုန်းဇီက ထပ်ပြီးတော့ ပိုက်ဆံညာယူခံလိုက်ရပြီလေ =_= ]
Zawgyi
ငါ ငယ္ငယ္က ေက်ာင္းမိသားစုဆီကို ခဏေလာက္ ေရာက္သြားေတာ့ ေက်ာင္းကုန္းဇီ ဖုန္းကို ႐ိုက္ခြဲလိုက္တာကို ျမင္ခဲ့ရတယ္။ အဲ့ဒီအခ်ိန္တုန္းက သူ ဖုန္းေတြကို ႐ိုက္ခြဲရတာကို အၿမဲသေဘာက်ခဲ့တာ။
တစ္ခါတုန္းက သခင္ႀကီးေက်ာင္းစီဟာ ညီအကိုေမာင္ႏွမေတြနဲ႔ သူ႕ရဲ႕ဇနီးေတြကို ပင္မအိမ္ႀကီးကေန သုံးရက္တာအပန္းေျဖခရီး ေခၚေဆာင္သြားခဲ့တယ္။ ငါက အေအးမိေနတာမို႔ အိမ္ကို ၾကည့္႐ႈေစာင့္ေ႐ွာက္ဖို႔အတြက္ က်န္ရစ္ခဲ့တယ္။ ငါ ေဆးေသာက္ၿပီးေတာ့ ဟင္းခ်ိဳပူပူေလးေသာက္ၿပီး အိပ္ေပ်ာ္သြားတယ္။ တစ္ညတာကုန္လြန္သြားၿပီးတဲ့ေနာက္ ငါ သက္သာသြားတာမို႔ ပန္းျခံထဲမွာ စာအုပ္ဖတ္ရင္း သက္ေတာင့္သက္သာထိုင္ကာ ေနေရာင္ျခည္ကို ခံစားလိုက္တယ္။ တကယ္ေတာ့ ဒီလိုလြတ္လပ္မႈမ်ိဳးက ႐ွားတယ္ေလ။
ဒါေပမယ့္ စိတ္႐ႈပ္စရာေကာင္းတဲ့ေက်ာင္းကုန္းဇီေၾကာင့္ ဒီလြတ္လပ္မႈက ၿပီးဆုံးသြားခဲ့တယ္။
သူက အေဝးကေန ငါ့ကို လွမ္းေအာ္တယ္, "ဘာလို႔ ဖုန္းမကိုင္တာလဲ?!"
အဲ့ဒါက ငါ့ကို အရမ္းေၾကာက္သြားေစတဲ့အတြက္ ငါ သူ႕ဥယ်ာဥ္ဧည့္ခန္းကေန အျမန္ထၿပီး ေျပာလိုက္တယ္, "ဖုန္းမျမည္ဘူးေလ"
သူက ငါ့ကို ေအာ္တယ္, "ေလာင္ဇီ တစ္ညလုံး ဖုန္းေခၚေနတာ!"
ဒါေပမယ့္ ငါ တကယ္ မၾကားမိဘူး။
သူ႕ေနာက္က လိုက္လာတဲ့ ဦးေလးတာ့လီက ငါ့ကို ေတာ္ေတာ္ေလးမၾကည္တဲ့ပုံစံနဲ႔ ၾကည့္ၿပီး ေျပာတယ္, "သူ တကယ္ကို တစ္ညလုံး ဖုန္းေခၚေနတာ"
ငါက ပိုလို႔ေတာင္ အခက္ေတြ႕ေနေသးတယ္။ ငါက ေက်ာင္းမိသားစုက ေမြးစားထားတဲ့ မိဘမဲ့ကေလးတစ္ေယာက္ေလ။ ဒါေပမယ့္ ငါ အိမ္ကို ၾကည့္႐ႈေစာင့္ေ႐ွာက္ေနတုန္း ဖုန္းကိုေတာင္ မကိုင္ႏိုင္ခဲ့ဘူး။ အဲ့ဒါေၾကာင့္ သူတို႔ေတြ ငါ့ကို ျပန္ေရာင္းစားသြားႏိုင္တယ္။
ငါ အလ်င္အျမန္ေတာင္းပန္လိုက္ၿပီး ေက်ာင္းမိသားစုဆီက ႏွင္ထုတ္ခံရျခင္း႐ွိ,မ႐ွိ စမ္းသပ္စစ္ေဆးဖို႔အတြက္ ငါက ဘယ္လိုမ်ိဳးကိုင္တြယ္ရမယ့္ ႀကီးႀကီးမားမားကိစၥေတြျဖစ္ေစခဲ့သလဲဆိုတာကို ေမးျမန္းလိုက္တယ္။
ေက်ာင္းကုန္းဇီက ေအးစက္စြာေျပာတယ္, "ဘာမွမျဖစ္ပါဘူး"
ငါ သူ႕ကိုမယုံခဲ့ဘူး။ ငါ တစ္ခုခုေတာ့ လုပ္ထားခဲ့တာျဖစ္မယ္။ အဲ့ဒါေၾကာင့္ သူ ေျပာျပဖို႔ေတာင္ ေၾကာက္ေနတာေလ။
ေက်ာင္းကုန္းဇီက စိတ္မ႐ွည္စြာနဲ႔ ေျပာတယ္, "ဘာမွမျဖစ္ဘူးလို႔ ငါေျပာတယ္ေလ!"
အခု ဒီအေျခအေနအထိ ေရာက္လာၿပီျဖစ္တဲ့အတြက္ ျဖဴစင္တဲ့မုသားေတြ မေျပာပါနဲ႔ေတာ့။
ေက်ာင္းကုန္းဇီက ငါ့ကို က်ိန္ဆဲတယ္, "မင္းမွာ ျပႆနာ႐ွိေနလား! ဘာမွမျဖစ္ပါဘူးလို႔ ငါေျပာၿပီးၿပီေနာ္!"
အဲ့ဒီေနာက္ပိုင္း ငါ ဘာမွမေျပာရဲေတာ့ဘူး။ ဘာကိစၥပဲျဖစ္ျဖစ္ အဲ့ဒါက ေကာင္းကင္ဘုံရဲ႕အလိုေတာ္အတိုင္းပါပဲ။
သူ ေဒါသတႀကီးနဲ႔ သူ႕အခန္းထဲ ဝင္သြားၿပီးတဲ့ေနာက္ ဦးေလးတာ့လီက ငါ့ကို ေအးစက္စြာ ေျပာလာတယ္, "မင္း တစ္ညလုံး ဖုန္းမကိုင္လို႔ အေအးမိၿပီး မူးလဲသြားတယ္လို႔ သူက ထင္ေနတာ, အဲ့ဒါေၾကာင့္ သူက ျပန္လာဖို႔အတြက္ အတင္းတိုက္တြန္းခဲ့တာ"
ငါ : "..."
ဦးေလးတာ့လီက ေျပာတယ္, "ေနာက္တစ္ခါ သိပ္ဒုကၡမေပးနဲ႔"
ငါက ျပန္ေျဖလိုက္တယ္, "အင္း"
ငါ ေက်ာင္းကုန္းဇီကို ႐ွာဖို႔အတြက္ အေပၚထပ္ကို တက္သြားလိုက္တယ္။ သူက ေအးစက္စက္နဲ႔ ငါ့ကိုၾကည့္တယ္, "ဘာလဲ?"
"ဦးေလးတာ့လီက မင္း ငါ့ကို ဖ်ားၿပီးေတာ့ အားနည္းေနမွာကို စိုးရိမ္ေနတာလို႔ ေျပာတယ္, ေက်းဇူးတင္ပါတယ္"
ေက်ာင္းကုန္းဇီက ေအးစက္စြာပဲ ဟန္႔တားလိုက္တယ္။
"ဒါေပမယ့္ ငါ အခုပဲ စစ္ၾကည့္လိုက္ေတာ့ မင္း မထြက္သြားခင္ ဖုန္းကို ႐ိုက္ခြဲလိုက္တာ ကြဲသြားပုံရတယ္"
ေက်ာင္းကုန္းဇီက ႐ွက္႐ြံ႕စိတ္နဲ႔ ေဒါသတႀကီး ေျပးလာၿပီး ငါ့ကို ေအာ္တယ္, "ထြက္သြား!"
ငါ ထြက္မသြားခင္မွာ ေျပာခ်င္တာကို ၿပီးေအာင္ေျပာဖို႔အတြက္ ဆုံးျဖတ္ထားတယ္, "ေနာက္ၿပီးေတာ့ မင္း အန္တီဝမ္ကို ဖုန္းဆက္ၿပီးေတာ့ ဒီကို လာၾကည့္ဖို႔ ေျပာခိုင္းလို႔ရတယ္ေလ"
ေက်ာင္းကုန္းဇီက ငါ့ကို က်ိန္ဆဲတယ္, "ထြက္သြား!"
သူ႕မွာ ညစ္ညမ္းတဲ့ ပါးစပ္႐ွိတယ္။ ဒါေပမယ့္ အဲ့ဒါက သူ႕ကိစၥပဲေလ။ ငါကေတာ့ ကိုယ့္ကိစၥေတြကို ၿပီးေအာင္လုပ္ရမယ္။ ဒါနဲ႔ ငါ သတၱိေတြ စုေဆာင္းၿပီးေတာ့ သူ႕ဆီ သြားၿပီး ေပြ႕ဖက္ကာ ေျပာလိုက္တယ္, "ေက်းဇူးတင္ပါတယ္"
ေက်ာင္းကုန္းဇီက ငါ့နားကို ကပ္ၿပီး ေအာ္တယ္, "ေခြးေကာင္, ထြက္သြားေတာ့!"
"တစ္စုံတစ္ေယာက္က ငါ့ကို ဂ႐ုစိုက္တာ ဒါ ပထမဆုံးပဲ, ေက်းဇူးတင္ပါတယ္"
သူက ခဏေလာက္ ၿငိမ္က်သြားၿပီး ေျပာတယ္, "ဖယ္စမ္း"
သူ အရမ္းေခါင္းမာေနတာကိုျမင္ေတာ့ ငါ့မွာ ထြက္သြား႐ုံသာ တတ္ႏိုင္ခဲ့တယ္ေလ။
ငါ အတိတ္ကို ျပန္ေတြးရင္း တစ္စုံတစ္ခုကို ႐ုတ္တရက္ ရိပ္မိသြားတယ္။
သခင္ႀကီးေက်ာင္းစီက အျဖစ္အပ်က္ရဲ႕တစ္ဝက္ကို မွန္ကန္စြာ ခန္႔မွန္းခဲ့တယ္ဆိုရင္ေကာ? ေက်ာင္းေလာင္, သူ ထြက္ေျပးသြားၿပီ။ ငါ့ကို မေျပာဘဲ သူ တစ္ေယာက္တည္း တိတ္တိတ္ေလး ထြက္ေျပးသြားၿပီ။ သခင္ႀကီးေက်ာင္းစီကို လွည့္ျဖားဖို႔အတြက္ ငါ့ကို ဓားစာခံအျဖစ္ ဒီေနရာမွာ ထားခဲ့ၿပီး လြတ္လပ္မႈကို ႐ွာေဖြဖို႔အတြက္ သူ တစ္ေယာက္တည္း ထြက္ေျပးခဲ့တာ။ ေက်ာင္းေလာင္က အရမ္းကို စိတ္အေႏွာင့္အယွက္ျဖစ္ဖို႔ေကာင္းတယ္။ သူ အဲ့လိုမ်ိဳး လုပ္ႏိုင္တာ ေသခ်ာတယ္။
ဒါက မတရားဘူး။ ငါ ၿမိဳ႕ေတာ္မွာ သူ႕ကို ခ်က္ခ်င္းသြား႐ွာၿပီး ျပန္လာဖို႔အတြက္ ဆူပူႀကိမ္းေမာင္းရမယ္။ ၿပီးေတာ့ ဆုေငြရ႐ွိဖို႔ နည္းလမ္းတစ္ခုအေနနဲ႔ ငါ သူ႕ကို သခင္ႀကီးေက်ာင္းစီထံ လႊဲေပးလိုက္ၿပီး ငါ့ရဲ႕ဆုလာဘ္အျဖစ္ တစ္ေယာက္တည္း ထြက္သြားလိုက္မယ္ေလ။
ငါ ပိုက္ဆံအိတ္ကို ယူၿပီး ဘူတာ႐ုံကို ထြက္ခြာဖို႔ ျပင္ဆင္လိုက္တယ္။ ငါ ဖိနပ္စီးေနတဲ့အခ်ိန္မွာပဲ ဖုန္းျမည္သံၾကားလိုက္ရတယ္။ အစ္ကို(၃)က ေျပာတယ္, "အာ, ရိ႐ွင္, ငါ ေ႐ွာင္းေလာင္ကို ေတြ႕ၿပီ, စိတ္မပူနဲ႔ေတာ့"
အစ္ကို(၃)နဲ႔ သခင္ႀကီးေက်ာင္းစီတို႔ သေဘာတူညီမႈ ရ႐ွိသြားတာျဖစ္မယ္။ အစ္ကို(၃)က ငါ စိတ္ေအးလက္ေအးနဲ႔ ထြက္ခြာသြားမွာကို တားဆီးလိုက္ၿပီး သူကေတာ့ အလုပ္ေကာင္းေကာင္းလုပ္လိုက္ႏိူင္တဲ့အတြက္ ဆုအျဖစ္ သခင္ႀကီးေက်ာင္းစီဆီက ပိုက္ဆံယူလိုက္တယ္ေပါ့။ ဒါေၾကာင့္ ငါ ေအးေအးေဆးေဆး ေမးလိုက္တယ္, "သူ ဘယ္မွာလဲ?"
အစ္ကို(၃)က ေျပာတယ္, "ေ႐ွာင္းေလာင္, ရိ႐ွင္က မင္းနဲ႔ စကားေျပာခ်င္ေနတယ္"
ေက်ာင္းကုန္းဇီက ေျပာတယ္, "ဘာလဲ?"
ငါ သတိထားၿပီး ေမးလိုက္တယ္, "ေနာက္ဆုံးမွာ ကတ္ေၾကးက ဘယ္ေနရာကို ေထာင္ထားတာလဲ?"
ေက်ာင္းကုန္းဇီက ခဏတာေလာက္ တိတ္ဆိတ္သြားတယ္။ "မင္းက ေလာင္ဇီနဲ႔ ျငင္းခုံဖို႔အတြက္ ဖုန္းကို အႀကိမ္ေရအမ်ားႀကီး ေခၚခဲ့တာလား?! မင္း တစ္ခုခု မွားေနၿပီလား?! ဟမ္?! ေလာင္ဇီ ျပန္ေရာက္တာနဲ႔ မင္းရဲ႕ ပန္းအိုးေတြအားလုံးကို လႊင့္ပစ္မယ္!"
ေကာင္းၿပီ, တစ္စုံတစ္ေယာက္က အစ္ကို(၃)ကို ဟန္ေဆာင္ခိုင္းခဲ့တာမဟုတ္ဘူး။ ေက်ာင္းေလာင္ရဲ႕စိတ္႐ႈပ္ေစမႈ ၁၀ ပုံ ၁ ပုံကို ဘယ္သူကမွ လိုက္မလုပ္ႏိုင္ဘူးေလ။ ဖုန္းလိုင္းက ျခားေနတာေတာင္ လူေတြကို သူ႕ကို ႐ိုက္ခ်င္လာေအာင္ လုပ္ႏိုင္တယ္။
ငါက ေမးလိုက္တယ္, "မင္းက ဘယ္လို ေပ်ာက္သြားရတာလဲ?"
ေက်ာင္းကုန္းဇီက ေျပာတယ္, "ခ်ီးကို ေပ်ာက္သြားလိုက္, ငါနဲ႔ပါလာတဲ့ေကာင္ကို ငါ တစ္ေန႔လုံး ဟိုတယ္ကို ျပန္မလာဘူးလို႔ ေျပာခဲ့တယ္, သူက အဲ့အခ်ိန္တုန္းက မူးေနၿပီး တေရးႏိုးလာေတာ့ အားလုံးကို ေမ့သြားတယ္လို႔ ေျပာတယ္ေလ, သူက တာ့ေထာင္ရဲ႕ တစ္ဝက္ေလာက္ေတာင္ မလုပ္ႏိူင္ဘူး"
"အိုး"
ေက်ာင္းကုန္းဇီက ငါ့ကို က်ိန္ဆဲတယ္, "မင္းအျပစ္ပဲ, ငါျပန္လာရင္ ငါ့အေဖက ထပ္ၿပီး ဆုံးမဦးမယ္, မင္းလုပ္သမွ်က ငါ့ကို ဒုကၡေရာက္ေစတာပဲ!"
"အိုး"
"ငါ ဖုန္းခ်လိုက္ေတာ့မယ္! ေသစမ္း!"
အစ္ကို(၃)က ဖုန္းကို သူ႕ဆီကေန လုယူလိုက္တယ္, "မင္း ဒီဟာကို ႐ိုက္ခြဲလို႔ မရဘူး, ငါတို႔က အဲ့ဒါအတြက္ ေပးထားရတာ __ အာ, ရိ႐ွင္, အားလုံး အဆင္ေျပေနၿပီေနာ္, စိတ္မပူနဲ႔ေတာ့, သူလည္း အဆင္ေျပပါတယ္, သူက ဝယ္စရာေတြ ႐ွာဖို႔အတြက္ ၿမိဳ႕ေတာ္ရဲ႕ ေ႐ွးေဟာင္းေဈးကို သြားလိုက္တာ, ေနရာက နည္းနည္းေဝးၿပီး ေနာက္လည္း ေနာက္က်သြားတယ္, အဲ့ဒါေၾကာင့္ သူ အဲ့မွာ တစ္ညေလာက္ေနဖို႔ ဆုံးျဖတ္ခဲ့တာ"
ေသခ်ာတာေပါ့။ သူ ထပ္ၿပီး အလိမ္ခံလိုက္ရတာ ေသခ်ာတယ္။
ငါက ေမးလိုက္တယ္, "ဒါဆို အစ္ကိုက ဘာလို႔ ႐ုတ္တရက္ တစ္ခုခုကို ေတြးမိၿပီးေတာ့ ထိတ္လန္႔သြားရတာလဲ?"
အစ္ကို(၃)က ျပန္ေျဖတယ္, "ငါ မင္းကို ဖုန္းေခၚတုန္းက ပေရာ္ဖက္ဆာခ်န္းက ငါ့ေဘးကေန ျဖတ္သြားၿပီး မွတ္စုတခ်ိဳ႕ ျပဳတ္က်ခဲ့တယ္ေလ, အဲ့ဒါေၾကာင့္ ငါ ကမန္းကတန္း သူ႕ေနာက္ လိုက္သြားၿပီး ျပန္ေပးခဲ့တာ"
"အိုး"
အစ္ကို(၃)က ေမးတယ္, "မင္း ပေရာ္ဖက္ဆာခ်န္းကို သိတယ္ မဟုတ္လား?"
"ကြၽန္ေတာ္ သိပါတယ္"
"ဒါဆို ငါနဲ႔အတူ ေက်ာင္းသြားဖို႔အတြက္ မင္းကို ေစာင့္ေနမယ္ေနာ္!"
"ကြၽန္ေတာ္ လာဖို႔အခြင့္အေရး ႐ွာလိုက္ပါ့မယ္"
အစ္ကို(၃)က ေျပာတယ္, "ေကာင္းတယ္, ေကာင္းတယ္, ေကာင္းတယ္"
ေက်ာင္းကုန္းဇီက ေအာ္တယ္, "မေကာင္းပါဘူး, မင္း မသြားရဘူး!"
သူက အမွန္တကယ္ကို စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းတယ္။
ေက်ာင္းကုန္းဇီရဲ႕ စိတ္ထဲမွာေတြးေနတာကေတာ့ -
က်ဴးရိ႐ွင္ေၾကာင့္သာ မဟုတ္ရင္ သူ႕အတြက္ ႐ွားပါးတဲ့ ေ႐ွးေဟာင္းစာအုပ္တခ်ိဳ႕ ရႏိုင္မွာ။
[ **မူရင္းသာသာေျပာထားတာေလး -
ဟုတ္တာေပါ့, မွန္တယ္, ေက်ာင္းကုန္းဇီက ထပ္ၿပီးေတာ့ ပိုက္ဆံညာယူခံလိုက္ရၿပီေလ =_= ]