another short stories of TaeT...

De forever10vely

473 17 2

တစ်ခန်းရပ်များ Mais

but not your lips
but not your lips **
but not your lips ***

🌹

167 10 0
De forever10vely

အထက်‌တန်းကျောင်းတစ်ခု၏အရှေ့တွင်ရှိသော အရိပ်ရသစ်ပင်ကြီးအောက်ကနေ ဆိုင်ကယ်ပေါ်ကမဆင်းဘဲ တစ်ယောက်သောသူထွက်လာမယ့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။
အင်း... တစ်ယောက်သောသူဆိုတာ ဒီအနုပညာကျောင်းက အထက်တန်းကျောင်းသားလေးတစ်ယောက်ကိုပေါ့။
ကျွန်တော်ကတော့ ဒီတိုင်း သင်ချင်ရာတွေအကုန်ပတ်သင်နေတဲ့ အထက်တန်းကျောင်းသားပါပဲ။

သီချင်းဆိုတတ်ချင်လို့ အဆိုသင်တန်းတက်တယ်။ အကသင်တန်းလည်းတက်တယ်။ ကော်ဖီကို ကိုယ်တိုင်ကိုယ်ကျဖျော်တတ်ချင်လို့ အသိအမှတ်ပြုလက်မှတ်ရအောင်ယူခဲ့သလို ကိတ်မုန့်ဖုတ်တတ်ချင်လို့ မုန့်ဖုတ်သင်တန်းလည်း တက်ခဲ့တယ်။ ပုံတွေဆွဲတတ်ဖို့ ပန်းချီသင်တန်းလည်းတတ်တယ်၊ ဓာတ်ပုံရိုက်တဲ့နည်းပညာကိုလည်းလေ့လာတယ်။
ဒီလိုပဲ ကျွန်တော်ကဖြစ်ချင်တဲ့အရာ လုပ်ချင်တဲ့အရာဆို ချက်ချင်းထလုပ်ပြီး မြန်မြန်အတတ်လွယ်တဲ့သူ‌လို့ပြောရမယ်။

အနုပညာကျောင်းကိုတက်နေတဲ့ အထက်တန်းကျောင်းသားလေးနဲ့တော့ ကျွန်တော့်အခြေ‌အနေက နည်းနည်းကွာခြားတာပေါ့။ သူ့မှာ အနုပညာကျောင်းတက်ရတယ် ဆိုတာလည်း သူတို့ကုမ္ပဏီကကျောင်းဖြစ်လို့ တက်လို့ရနေတာ။ အနုပညာကျောင်းက အထက်တန်းကျောင်းသားလေးလို့ သိခဲ့ပေမယ့် သူကနာမည်ကြီးကုမ္ပဏီက အနုပညာသင်တန်းသားတစ်‌ယောက်ဖြစ်နေခဲ့တာတဲ့လေ။

အဲ့ကျောင်းသားလေးက....

" heyyyyyyy..... "

ကျောင်းထဲက ထွက်လာသူကိုမြင်တော့ လှမ်းခေါ်လိုက်ခြင်းပင်။ ပြုံးရွှင်နေတဲ့မျက်နှာထားနဲ့ပြေးလာနေတဲ့ပုံကိုကြည့်ရတာ ဒီနေ့ စာသင်ခန်းထဲ အိပ်ရေးဝလာတယ်ထင်ပါရဲ့။ သူကနောက်ဆုံးစာသင်ချိန်ကို အိပ်ရင်းဖြတ်သန်းခဲ့ပေမယ့် ကျွန်တော်ကတော့ အရေးကြီးတဲ့အကြောင်းအရာသင်မယ့် နောက်ဆုံးစာသင်ချိန်ကို အခုလိုမျိုးသူ့ကိုစောင့်မနေနိုင်မှာကြောက်တဲ့စိတ်နဲ့ ဖျက်ခဲ့ရပါတယ်။

" ရော့ "

အနားကိုရောက်ရောက်ချင်း ထိုးပေးလိုက်တာက နီရဲနေတဲ့နှင်းဆီနီနီတွေပြည့်နေတဲ့ပန်းစည်းပင်။ လက်ခနဲဖြစ်သွားတဲ့မျက်လုံးလေးတွေကို မြင်လိုက်ရတော့ အဆူးတွေကြောင့် လက်တွေပေါက်ပြဲပြီး အနာခံအလှဆင်ထားရသည်ကိုတောင်မေ့ချင်သွားရသည်။ ဒါကလည်း သူ့ကိုကိုယ်ကိုယ်တိုင် ကိုယ့်လက်ကိုယ်ခြေနဲ့ဖြစ်တဲ့ပန်းစည်းပေးချင်လို့ ပန်းအလှဆင်တတ်ဖို့သင်တန်းတက်ခဲ့ရသေးသည်။

" Happy Birthday ငါ့ရဲ့နှင်းဆီနီလေး "

" ကျေးဇူး "

ပါးစုံလေးတွေကရဲမို့တက်လာတာကိုမသိချင်ယောင်ဆောင်နေပြီး မျက်လွှာချရင်း၊ နှင်းဆီတွေကိုသာငုံ့ကြည့်ရင်း ဆိုလာသည်။

" မင်းကိုနမ်းချင်တာ ထိန်းမရတော့ပေမယ့် လူမြင်ကွင်းဆိုတော့လည်း ထိန်းရတာပါပဲ "

" ခိ "

" ကြည့် ရယ်နေ ရယ်နေ ဒီကကောင်ကို အသည်းယားအောင်ပြုမူပြီး နမ်းမရအောင် လုပ်နေတာ "

" ချစ်စရာလေး "

" ငါ့ကိုချစ်စရာလေး‌လို့ပြောနေတဲ့မင်းက တကယ့်ကို ကိုက်စားပစ်ချင်စရာပဲ Taeyong "

ကျွန်တော့်စကားကို တခစ်ခစ်နဲ့ထပ်ရယ်နေပြန်တဲ့ Taeyong က ကျွန်တော့်ထက် တစ်တန်းကြီးတဲ့အနုပညာအထက်တန်းကျောင်းက နောက်ဆုံးနှစ်ကျောင်းသားလေးပေါ့။ သူငယ်ချင်းလိုပြောဆိုနေမိတာကတော့ အသက်တွေကို မသိခင်ကတည်းက ကျွန်တော်က တစ်ဖက်သတ်သူငယ်ချင်းလုပ်ထားတာမလို့ပင်။ 7လပဲကွာပြီးနှစ်ကွာတာနဲ့တင် သူ့ကိုလေးစားသမှုပြုပြီး အစ်ကိုထည့်ခေါ်ရမှာက အောင့်သက်သက်မို့ ဒီတိုင်းပဲပြောဆိုခဲ့တာဖြစ်သည်။

" ဦးထုပ်မဆောင်းပြန်ဘူးလား ကလေးငယ် "

" ဘာကလေးငယ်လဲ "

" အင်းပါကလေးကြီးရယ် "

" ဟ... လာစမ်းနေတာပဲ "

" အင်း စမ်းတယ် ဟောဒီခါးကိုလေ " ဟုဆိုရင်း Taeyong က ကျွန်တော့်ခါးကို ကလိလာထိုးသဖြင့် တွန့်လိမ်ပြီးအော်ရယ်နေရသည်။ အဲ့လိုပဲ Taeyong ကျွန်တော့်ကိုစကားမပြောစေချင်ရင် ကလိလာထိုးတော့တာပဲ။

" တော်ပြီ " အော်ပြောလိုက်တော့ ရယ်ရင်းကနေရပ်လိုက်သည်။

" လာဦးထုပ်ဆောင်းပေးမယ် " လို့ဆိုတော့ ရှေ့တည့်တည့်လာရပ်ပြီး ခေါင်းကိုထိုးပေးသည်။
မေးသိုင်းကြိုးတပ်ပေးရင်းကနေ ပါးလေးကိုပါ ဖွဖွကိုင်လိုက်ပြီး

" ဒီနေ့ကိုယ်က Taeyong ကို ပေးစရာလက်ဆောင်ရှိသေးတယ်
ပန်းစည်းကတော့ ဦးဦးဖျားဖျား
နှင်းဆီတွေကို အထူးတလည်ကြိုက်တဲ့သူမို့ ပျော်အောင်လို့ "

" အင်း နားလည်တယ် " လို့ ဆိုပြီး ဆိုင်ကယ်နောက်ကိုတက်လိုက်သည်။ လက်တစ်ဖက်က ပန်းစည်းကိုကိုင်ထားပြီးတစ်ဖက်ကတော့ ကျွန်တော့်ခါးပေါ်ကိုရောက်ရှိနေသည်။
အဝါရောင်ယူနီဖောင်းရဲ့အစွန်အဖျားကနေ ထွက်နေတဲ့ ယောက်ျားဆန်ဆန်လက်ချောင်းသွယ်သွယ်တွေက အနီရောင်သမ်းတဲ့အထိကိုရဲတွတ်နေရှာပါသည်။ ကျွန်တော့်လက်တစ်ဖက်နဲ့ထပ်ဆွဲလိုက်တော့ လက်‌တွေကပိုတင်းတင်းဖိကပ်လာပြီး လက်တွေရဲ့အေးစက်မှုကိုပါခံစားနေရသည်။ ဒါတွေဟာ ကျွန်တော်သိပြီးသား Taeyongရဲ့ စိတ်လှုပ်ရှားတဲ့အချိန် လက်‌တွေရဲကာအေးလာတတ်တဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုတစ်ခုပါပဲ။

.................................................................................

Taeyong ကို ခေါ်သွားမိတာက ကျွန်တော့်ရဲ့အိမ်ကိုပါ။ ဒါဟာ ပထမဆုံးသူစိမ်းတစ်ယောက်ကို ကျွန်တော့်အိမ်ရိပ်ကို ဆွဲခေါ်ခြင်းလို့ ဆိုလို့ရမယ်။ တိုက်ခန်းကို ခေါ်သွားလည်းရပေမယ့် တိုက်ခန်းကလူနေများတဲ့ပတ်ဝန်းကျင်ဖြစ်တာမို့ ကျွန်တော့်ရဲ့ Taeyongလေးက အာရုံစိုက်နေရမှာလေ။

ချစ်ဖို့ကောင်းတဲ့သူက လူတွေရဲ့အမြင်ကို ဂရုစိုက်တတ်တဲ့အကျင့်ရှိနေတော့ ကျွန်တော်ကနည်းနည်းသိတတ်ရတော့တာပေါ့။

" ဒီတိုင်းဆိုင်တစ်ခုခုကို သွားမယ်ထင်နေတာ "

" အိမ်ကပိုလုံခြုံတယ်လေ ဟုတ်တယ်မလား "

ဆင်ဝင်အောက်မှာ ဆိုင်ကယ်ကိုရပ်ရင်း ဆိုလိုက်သည်။ နှစ်ယောက်လုံးဆိုင်ကယ်ဦးထုပ်တွေချွတ်လိုက်တော့ နာရီဝက်ကျော်ကြာ ဦးထုပ်ဆောင်းခဲ့ရလို့ ဖိကပ်နေတဲ့ သူ့ဆံပင်တွေကို ဆွဲဖွမိသည်။

" လုပ်ပြန်ပြီ "

" ကျွန်တော်ဖွပေးလိုက်မှ ကြည့်ကောင်းသွားတာလေ " လို့ ပြုံးစစနဲ့ပြောတော့ သူကခပ်ဖွဖွရယ်နေပြန်ရော။
အိမ်ထဲအတူဝင်လိုက်တော့ အဖေကအိမ်ရှေ့ခန်းမှာပင် ရှိနေသေးသည်။

" ဟ နေအနောက်ဘက်က ထွက်တော့မယ်ထင်ပါရဲ့ "

ခနဲ့တဲ့တဲ့စကားဆိုပေမယ့် ကျွန်တော်စိတ်ဆိုးဒေါသထွက်တာမျိုးမဖြစ်မိပါ၊ ဘာလို့လည်းဆိုတော့ ကျွန်တော်အိမ်ကိုရောက်လာရင် ဘယ်တော့မှ အစောလာလေ့မရှိဘဲ ညဉ့်နက်မှချည်းရောက်လာတတ်သည်ကိုး။

" မွေးနေ့ရှိတယ်လို့ ကျွန်တော်ပြောထားသားပဲ "

" ဟုတ်ကဲ့ ကျွန်တော်မျိုးသိပါတယ်ခင်ဗျ "

အဖေက ကျွန်တော့်ကို စနောက်လာပြန်သည်။ ဘေးက Taeyongကို နေရကြပ်မလားလို့ ကြည့်လိုက်တော့ ခပ်ပြုံးပြုံးလေးပင်ဖြစ်နေလို့ တော်ပါသေးသည်။

" မာမားရော ? "

" အပေါ်မှာ တက်သွားလိုက်တော့ "

" အဖေတက်မလာနဲ့နော် "

" လာမယ်များပြောမိလို့လား "

" ပြီးတာပဲ "

" Happy Birthday Taeyong ရေ
Ten နဲ့ ငြင်းနေရတာနဲ့ သားကိုနှုတ်ဆက်ဖို့မေ့သွားတော့မလို့
ရောက်တုန်းရောက်ခိုက် လွတ်လွတ်လပ်လပ်နေကွာ "

" ဟုတ်ကဲ့ပါဗျ ကျေးဇူးတင်ပါတယ် "

" မလိုပါဘူးကွာ
သားအကြောင်းကတော့ တစ်ခါတစ်လေ Ten ပြောပြထားတာမို့ ဦးလည်းသိသင့်သလောက်သိထားပါတယ် "

" ဟုတ်ကဲ့ပါဗျ " Taeyong က ခပ်ပြုံးပြုံးပင်။ နေရခက်တာမျိုးမဖြစ်တာက Ten ကိုယ်တိုင် Taeyongကို သူ့မိဘတွေအကြောင်းကို မကြာမကြာထည့်ပြောတတ်တာမို့ပင်။ Taeyong နဲ့ပတ်သတ်ပြီး အိမ်ပြန်ချိန်နောက်ကျတတ်တာတွေ သင်တန်းပေါင်းစုံတွေလျှောက်ပတ်တတ်လာတာ‌တွေကြောင့် အမြဲသူအငေါက်ခံရတတ်ကြောင်းတွေကို Taeyong ဆီဆို စီကာပတ်ကုံးပြန်ပြောတတ်သည်။

အပေါ်ထပ်ရောက်တော့ မာမားကကျွန်တော့်အခန်းထဲကထွက်လာသည်မို့

" ကျွန်တော့်အခန်းနော် မာမား "

" အမလေးတော် ကျုပ်ကရှင့်အခန်းကို အားအားယားယားဝင်စရာလား ရှင်လေးရဲ့ပစ္စည်းရောက်တယ်ဆိုလို့ ဝင်ထားပေးတာ "

ကျွန်တော်က "ဟုတ်ရဲ့လားမာမား" ဆိုတဲ့အကြည့်မျိုးနဲ့ကြည့်တော့ " မွေးရကျိုးနပ်ပါပေ့ " ဆိုပြီး ကျွန်တော့်ကိုခေါင်းခေါက်သွားပြီးတဲ့နောက် Taeyong ဆီက

" Ten က နဂိုကတည်း ခပ်ဆိုးဆိုးလေးပဲ "  ဆိုတဲ့ စကားသံတိုးတိုးကိုပါကြားလိုက်ရသည်။


.................................................................................

အရင်ဟာတွေတောင်မပြီးသေးဘဲ အသစ်စတယ်ဆိုတာက ခဏတာဖျပ်ခနဲ ပေါ်လာတဲ့စိတ်ကူးတွေကို ချရေးရာကနေဖြစ်ဖြစ်လာတဲ့ တားမရဆီးမရ ခံစားချက်တွေကြောင့်ပါ။
ခေါင်းစဉ်အတိအကျမရှိဘဲ ရေးချင်သလိုရေးမှာဖြစ်သလို update ကလည်း အများကြီး ကြာကြာသွားမှာ အာမခံပါတယ်🤭

15.5.2022(SUN)

Continue lendo

Você também vai gostar

427K 13.9K 74
Quinn Taylor has made a career out of looking calm. On the ice, she's America's favorite kind of pressure-proof-bright smile, steady answers, the ska...
528K 22.8K 54
#𝐓𝐨𝐩 𝟓 𝐢𝐧 𝐈𝐧𝐝𝐢𝐚 - 18/06/2026 #𝐓𝐨𝐩 𝟑 𝐢𝐧 𝐈𝐧𝐝𝐢𝐚 - 20/06/2026 #𝐓𝐨𝐩 𝟏𝟎 𝐢𝐧 𝐈𝐧𝐝𝐢𝐚 - 05/07/2026 𝐁𝐎𝐎𝐊 2 𝐎𝐅 : 𝐀 𝐑𝐎𝐘...
1M 16.6K 176
This story is a fan interpretation inspired by the upcoming GL series Pls Love starring Lena and Miu. While waiting for their series to begin filming...
1.9M 71.6K 58
Vivien never thought her favorite mafia novel would become her prison-until she woke up inside it, trapped as the villainess fiancée who was supposed...
Wattpad App - Desbloqueie funcionalidades exclusivas