𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊...

By AureumV

112K 14.2K 2.8K

To my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30 (Final)
For Physical Book📖
Book 📜
Can order now🥀

Part 11

2.9K 443 162
By AureumV

Unicode~

နာတာလူးရာသီ ​အေး​အေးချမ်းချမ်းကာလမှာ နှင်းဆီနဲ့ ကိုယ် နှစ်ဦးသ​ဘောတူတွဲခဲ့ကြသည်။
ရိုးရိုးရှင်းရှင်းနဲ့ အိပ်မက်ဆန်တဲ့ ဆက်ဆံ​ရေးအစက ​ဆောင်းရာသီရဲ့ မိုးသည်းညထဲမှာမို့ ထိုအ​ကြောင်းကို ​ပြောဖြစ်ရင် ကိုယ်တို့နှစ်​ယောက်လုံး ပြုံးမိကြသည်။

ချာတိတ်မှာ အပြုံး​လှလှ​လေး​တွေ ရှိသည်။ သူဒါကို အကြာကြီး ဖုံးကွယ်ထားရတာ သိပ်ပင်ပန်းခဲ့မှာပဲ။

နာတာလူးပွဲ​တော်ပြီး ​နောက်၅​ရက် ချာတိတ်​မွေး​နေ့မှာလည်း အတူတူရှိခဲ့ကြသည်။
နှစ်တစ်နှစ်ရဲ့ အဆုံးသတ်မှာ ​မွေးဖွားသူ​လေး Kim Taehyung.
ထို​နေ့က ည​နေခင်း​လေညှင်းခံဖို့ ဘာဂီအတူတူစီးခဲ့ကြ​သေးသည်။

စိမ်းပြာ​ရောင်မျက်လုံး​တွေရယ်၊ ​ရွှေ​ရောင်ဆံပင်​တွေရယ် ပိုင်ဆိုင်ထားသူ။
အတ္တလန်တာရဲ့ အချစ်​တော်​ နှင်းဆီ​မြိုင်သခင်လေးရယ်။

"မင်္ဂလာနံနက်ခင်းပါ ကိုယ့်နှင်းဆီလေး"

"အင်း ခင်ဗျား​ရော"

ကြက်​​သွေး​ရောင်​မွေ့ရာထဲ မြှုပ်​နေသူ​လေး။ အိပ်ရာထပြီး အ​ညောင်းအညာ​တွေ​ဆန့်​နေသည်။
ချာတိတ်​စိတ်အ​ခြေအ​နေက အများကြီး တိုးတက်လာသည်။

ချာတိတ်ကို မသိ​စေချင်တာထက် စိတ်မထိခိုက်​စေချင်တာ​ကြောင့် ​ဆေးကို ဒီတိုင်းသမားရိုးကျ တိုက်လိုက်လို့မဖြစ်။ ချာတိတ်​သောက်မယ့် စွတ်ပြုတ်၊ ​​ကော်ဖီ​တွေထဲ မသိမသာ အမှုန့်ကြိတ်တိုက်ရသည်။

​​ဆေး​ကြောင့်လား ဘာ​ကြောင့်လဲ​တော့ မ​ပြောတတ်​ပေမယ့် ချာတိတ်အ​ခြေအ​နေက တိုးတက်လာတာကို ပီတိဖြစ်ရသည်။

"ခင်ဗျား ဘာလို့ ကျုပ်အခန်းထဲ ​နေ့တိုင်း​ရောက်​နေတာလဲ"

"ကိုယ်က ချာတိတ်ရဲ့ ချစ်သူမို့​ပေါ့"

အိပ်ရာနိုးနိုးချင်း မျက်နှာတစ်ခုလုံးပူပြင်း​နေတာဟာ ​ဆောင်းရာသီရဲ့ မနက်​နေ​ရောင်ခြည်​ကြောင့် ဖြစ်ပါလိမ့်မည်။

"ကျုပ် ဒီ​နေ့ ခင်ဗျားနဲ့ လိုက်ခဲ့မှာ​နော်"

"ဘာလို့လဲ ချာတိတ်ရဲ့ ကိုယ်​စော​စော ပြန်လာမှာပါ"

"ဘာလဲ ခင်ဗျားကြီး ဘယ်မိန်းမနဲ့ ​တွေ့ဖို့ရှိလို့လဲ"

ချာတိတ်မှာ အဲ့ဒီပြဿနာတစ်ခုရှိသည်။ အရာရာကို အစိုးရိမ်လွန် အ​တွေးလွန်ပြီး ပူပန်​နေခြင်း။
ချာတိတ်က ​ယောကျ်ားရင့်မာကြီး တစ်​​ယောက်မို့ ချွဲချွဲနွဲ့နွဲ့ပုံစံ​တွေ မလုပ်​ပေမယ့် မူလီထက်ပင် ရစ်တတ်​သေးသည်။

"မ​တွေ့ပါဘူး။ ချာတိတ်လိုက်ချင်လိုက်ခဲ့​လေ အ​နွေးထည်ထူထူ​တော့ ဝတ်ခဲ့ရမယ်​​နော်"

စိမ်းဖန့်ဖန့် ​သိုး​မွေးခြုံထည်က ချာတိတ်မျက်ဝန်း​တွေနဲ့ လိုက်ဖက်သည်။
စိမ်းပြာ​ရောင်မျက်ဆံ​ပေါ် အရိပ်ကျ​နေသလိုမျိုး ချာတိတ်နဲ့ ပနံရသည်။

ချာတိတ်နဲ့ ကိုယ် ကုန်​လှောင်ရုံ သွားကြမယ်ဆို​တော့ အိမ်က ကပ္ပလီကျွန်​တွေမှာ တအံ့တဩ။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်​လေးကိုယ်တိုင် Mr. Jeonကို အိမ်က​နေ နှင်ထုတ်ခဲ့တာ​လေ။

Suzanနဲ့ Joannaသာ ရှိရင် ဘယ်လိုတုံ့ပြန်မလဲမသိ​တော့။

"ဒါချာတိတ်ရဲ့ ကုန်​လှောင်ရုံ​လေ။ ပထမဆုံး ​ရောက်ဖူးတာမလား"

ငါး​မြှောင့်ဆိုင်လမ်းဆုံက ကုန်​လှောင်ရုံက သူပိုင်သမျှထဲတွင် အကြီးဆုံးလို့ သိထားသည်။
ဂျုံ၊ ​ပြောင်း၊ အာလူး စသဖြင့် ​ရေရှည်စား​သောက်ကုန်​တွေ သို​လှောင်ဖို့ ဒီ​နေရာကို လ​ပေးငှားကြသည်။
အချို့ကျ တစ်ပတ်တစ်ခါ ​ငွေရှင်းကြသည်။

တခြားကုန်​လှောင်ရုံ​တွေထက် Taehyungရဲ့ ကုန်​လှောင်ရုံ​တွေက အငှားများသည်။
အုတ်နဲ့ ကာပြီး အုတ်ကျွတ်မိုးထားတာမို့ ​ဘာမှမ​သေချာ မ​ရေရာ​သော ​ခေတ်ကြီးမှာ သင့်​တော်သည်။
မ​တော်တဆ မီး​လောင်တာ၊ မီးရှို့တာ ခံရရင်​​တောင် မီးစွဲဖို့ရာမလွယ်။

"ကျုပ်ဟာကျုပ် ဒီ​လောက်ကြီးတဲ့ ကုန်​လှောင်ရုံပိုင်တာ အခုမှသိ​တော့တယ်"

"ချာတိတ်က ဒါ​တွေမှ စိတ်မဝင်စားဘဲကို"

ကုန်​​​လှောင်ရုံကို ချာတိတ်ကို​​ခေါ်လာမိတာ မှား​​ကြောင်း တ​ဖြေး​ဖြေးသ​ဘော​ပေါက်လာရသည်။
ချာတိတ်ဟာ အခုမှ ၁၆နှစ်ပြည့်ပြီးစ... ဘာကိုမှ ရင့်ရင့်ကျက်ကျက်မ​တွေးနိုင်သလို အလုပ်သ​ဘောအရ ဆိုတာ​တွေကိုလည်း နားမလည်​သေး။

"ချာတိတ်ရာ ဘာမဟုတ်တာ​လေးကို..."

"ခင်ဗျားကြီးကို အဲ့မိန်းမက အထာ​တွေ​ပေး​နေတာ ကျုပ်မသိဘူးထင်​နေလား။ ခင်ဗျားကြီးကလည်း ပြန်​ပြော​နေတာများ ပြုံးဖြီးလို့"

ချာတိတ်က ​ယောကျ်ားရင့်မာတစ်​ယောက်မို့ မိန်းမပျို​တွေနဲ့ အီစီကလီလုပ်သလို နွဲ့နွဲ့​နှောင်း​နှောင်းအ​ဆူခံရမည်မဟုတ်​ကြောင်းကို​တော့ ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။
သို့​ပေသည့်တိုင် ချာတိတ်က မူလီလို ရစ်တတ်သူပင်။

"ကဲ...အဲ့တာဆို ကိုယ်က ​ဖောက်သည်ကို ဆူပုတ်ပြီး​ပြောရမှာလား ​အော်​ငေါက်ရမှာလား"

"ခင်ဗျားကြီးက အခု ကျုပ်ကို ​ငေါက်​နေတာလား"

"ကိုယ်ဘာမဟုတ်တာ​လေးနဲ့ ရန်မဖြစ်ချင်ဘူး"

"ရတယ် ရန်လည်းမဖြစ်နဲ့ စကားလည်း မ​ပြောနဲ့"

​ထို​နေ့က ချာတိတ်ကို ​ဆက်စကားမ​ပြောဖြစ်။
အလုပ်​တွေ များ​​နေတာရယ်၊ စစ်​​ဆေးစရာစာရင်း​တွေများ​နေတာရယ်​ကြောင့် အာရုံမထားဖြစ်​တော့။

ည​နေပြန်ရမယ့်အချိန်မှာ အိမ်အတူပြန်လာသည်။
လမ်းတ​လျှောက်လုံး နှစ်​ယောက်သား တိတ်ဆိတ်လျက်။
ချာတိတ်တစ်ခုခုဖြစ်​နေတယ်ဆိုတာ မရိပ်မိတာမဟုတ်... အလုပ်​ပင်ပန်းတဲ့အရှိန်​ကြောင့်သာ တ​မေ့တ​လျော့ ပစ်ထားမိတာဖြစ်သည်။

'ဒုန်း!'

"ချာတိတ်!"

သူ့အခန်းကို လိုက်ဝင်လို့မရ​အောင် တံခါးကို ​ဆောင့်ပိတ်ပြီး ဂျက်ချသံပါ ကြားလိုက်ရသည်။

'​​ဒေါက် ​ဒေါက်!'

"မလာနဲ့ ထွက်သွား!"

"ဘာမဟုတ်တာ​လေးနဲ့ အဲ့လိုဖြစ်စရာမှ မလိုဘဲ ချာတိတ်ရာ"

"ခင်ဗျားကြီး ကျုပ်ကို ​​သောက်​ရေးမစိုက်တာ ခင်ဗျားရဲ့​သောက်​​ကောင်မ​တွေ​ရှေ့မှာ!"

"ဟုတ်ပြီ ကိုယ်ပဲ​​တောင်းပန်တယ် ဟုတ်ပြီလား။ ကိုယ့်နှင်းဆီလေးကို ပစ်ထားသလိုဖြစ်သွားတာ ကိုယ့်အမှားပဲ"

"သိရင်လည်း ထွက်သွား​​တော့ ​သောက်ရမ်းကြားပျင်း​နေပြီ"

Jeonမှာ သူ့အခန်းထဲသို့ သက်ပြင်းရှိုက်သံ​တွေနဲ့ ပြန်ခဲ့ရုံမှတစ်ပါး အခြားမရှိ။
____

"ဟွန့်! အလကား လူလိမ် ကဲဟယ် ကဲဟယ်"

Jeon၀ယ်​ပေးခဲ့​​သော နယူး​အော်လီယန်က သိုး​မွေးထည်​လေးကို Jeonလို့ မြင်​ယောင်ပြီး တစ်စစီ ဖြဲဆုတ်မိ​နေ​တော့သည်။
သိုး​မွေးစ​တွေက တလွှင့်လွှင့်... အခန်းတစ်ခုလုံး ရှုပ်ပွကုန်သည်။

အ​နွေးထည်ရှားပါးတဲ့ ​ခေတ်မှာ ဒီလိုအ​နွေး​ထည်​ကောင်းရဖို့က ခဲရာခဲဆစ်။
အဲ့တာကို Taehyung ဂရုမစိုက်နိုင်... အခုချိန်မှာ Jeon JungKookကို တစ်ခုခုမှမလုပ်ရရင် ​သေ​တော့မည်။

"​နောက်ခါများ​တော့ ခင်ဗျားကြီးကို ဘယ်​တော့မှ တစ်​ယောက်တည်း မလွှတ်​တော့ဘူး။
အ​ရေးထဲ ဟိုမိန်းမ​တွေက ပြန်လာပြန်​​တော့မယ် ​သောက်ဂွပဲ"

Taehyung တစ်​ယောက်တည်း ကျိန်ဆဲပြီးရင်း ကျိန်ဆဲသည်။ စိတ်မ​ပြေမချင်း အ​နွေးထည်ကို တစ်စစီလုပ်ပစ်သည်။
Jeonကသာ ဘာမှမဟုတ်ဘူး​ပြော​ပေမယ့် တဒီးဒီးဝင်လာတဲ့ မိန်းမ​တွေက ညုတုတုရယ်။

​ယောကျ်ားသားချင်း ချစ်ကြိုက်ရတဲ့ဘဝမှာ ​ပေါ်​ပေါ်တင်တင်လည်း မနားမကပ်ရသလို သဝန်လည်းတိုပြလို့မရ။ ​တောင်ပိုင်းသူ ​တောင်ပိုင်းသား​တွေအမြင်မှာ လိင်တူချစ်သူဆိုတာက မအပ်မစပ်...လက်လည်း မခံနိုင်ကြ။

အဲ့တာကို ချစ်သူကပါ အ​ရေးမစိုက်ဘဲ စီးပွား​ရေး​သောင်းကျန်း​နေ​တော့ ရင်ထဲလှိုက်ခနဲ ဝမ်းနည်းလာသည်။ စိတ်လည်းဆိုးသည်။
Jeon JungKookကို ဒီတစ်ခါ​တော့ အပီအပြင် စိတ်ဆိုးပစ်ဦးမည်။

'​ဒေါက် ​ဒေါက်!'

"ထွက်သွားပါဆို!"

"ဟို...ဟိုသခင်​လေး ညစာအဆင်သင့်ဖြစ်ပြီလို့ ​ပြောမလို့ပါ"

Jeon ထင်လို့ ​အော်လိုက်​ပေမယ့် ကပ္ပလီအ​ဒေါ်ကြီးအသံကို ပြန်ကြားလိုက်ရသည်။
ဒီလူက ထမင်းစားဖို့​လေး​တောင် လာမ​ခေါ်နိုင်ဘူး​ပေါ့​လေ.. ခင်ဗျားက ကျုပ်ကို စိန်​ခေါ်​နေ​တော့တာပဲ။

"​အေး ​အေး လာခဲ့မယ်"

အ​ဒေါ်ကြီးခမျာ နဂိုတည်းကမှ မထင်ရင် မထင်သလို စိတ်​ဖောက်တတ်တဲ့ သခင်​လေးကို ​ကြောက်ရတဲ့ကြားက ​အော်သံကြီးကိုပါရလိုက်တာ​ကြောင့်​ ​သွေးလန့်​နေပြီ။
သခင်​လေးမထွက်လာခင် သူ့​ခြေ​ထောက်တုတ်တုတ်​လေး​တွေက အိမ်​​အောက်ထပ်ကို အ​ပြေးအလွှားဆင်း​တော့သည်။

"အ​ဒေါ်ကြီး လှိမ့်ကျဦးမယ်... ဘယ်လိုလုပ် ဒီ​လောက်​လော​နေရတာတုန်း"

"သခင်​လေးက 'ထွက်သွား!'ဆိုပြီး ​အော်ခဲ့တာ Mr. Jeon. သခင်​လေးအ​ကြောင်းလည်း သိရဲ့သားနဲ့ စိတ်​ဖောက်ရင်..."

"​စကားတတ်တိုင်း ​​လျှောက်​ပြောသင့်တဲ့အ​ကြောင်းမဟုတ်ဘူး​နော်"

"အို...​ပြောပါ​​စေ Suzanလည်း သိချင်တယ်"

Suzanက သရုပ်​ဆောင်​ကောင်းသည်။ ရိုးရိုးသားသား စပ်စုလိုစိတ်နဲ့ သိချင်သလို ဖြူဖြူစင်စင်မျက်နှာထား​လေး အစွမ်းကုန်ပြင်ဆင်ထားသည်။

အခုတ​လော Jeonအနား တကပ်ကပ်ဖြစ်​နေ​သော အဲ့​ကောင်​လေးကို စိတ်မကြည်ချင်။ Jeonကလည်း ​ယောကျ်ားတစ်​ယောက်ကိုမှ အရိပ်တကြည့်ကြည့်ဖြစ်​နေတာများ လူမြင်လို့မှမ​ကောင်း။

"Suzan ကို ​ပြောရတာ​တော့ အားနာပါတယ်..."

"အဲ့တာက ဘာဖြစ်​နေကြတာလဲ!"

သပွတ်အူလိုရှုပ်​နေရတဲ့အထဲ ဒီအချိန်မှ တိုက်တိုက်ဆိုင်ဆိုင် ​လှေကား​ပေါ်က ဆင်းလာသူ Taehyung.
သွားပြီ...Jeon JungKook ဘဝ​တော့ ဒီ​နေ့ အဆုံးသတ်​တော့မည်။
ချာတိတ်က Suzanနဲ့ ရင်းရင်းနှီးနှီး​နေတာ မကြိုက်​လေဘူးမလား။

"ညစာစားဖို့ ဆင်းလာတာလား ချာတိတ်"

"ကျုပ်အိမ်ကျုပ် ဆင်းချင်သလို ဆင်းမယ် အဲ့တာ ကျုပ်ကိစ္စ"

"​အေးပါကွာ... မင်းကိစ္စပါ။ ကျွန်​တော်မျိုးနှုတ်ဆိတ်​နေပါ့မယ်"

Jeon ရွှတ်​နောက်​နောက်​ပြော​နေတာ ချာတိတ်ကို စိတ်ကြည်သွား​အောင်ရည်ရွယ်တယ်ဆို​ပေမယ့် ​ဘေးက Suzanက တခစ်ခစ်​ရယ်​နေတာ​ကြောင့် ချာတိတ်ခမျာ စိတ်မကြည်တဲ့အပြင် တစ်​ခေါင်းလုံး ​​နောက်ကျိသွားရ​တော့သည်။

'​တောက်!'

"​​ပြောင်​နေလိုက် ခင်ဗျား။ Suzan ခင်ဗျားလည်း ​ဆေးရုံက ပြန်လာရင် ကိုယ်လက်​လေးအရင်သန့်စင်ဦး.
စားခါနီး ​သောက်ခါနီး မြင်ရတဲ့ မြင်ကွင်းက ​အော့!"

ပျို့အန်ချင်သလိုပုံစံလုပ်ပြ​တော့ Suzanမှာ ​ဒေါသတဆက်ဆက်ထွက်ကာ လက်သီးကို ကျစ်ကျစ်ပါ​အောင် ဆုပ်ထားမိ​တော့သည်။
သူ့အိမ်မှာ​နေ၍ သူ​ကျွေးတာ စား​နေရသည်မို့ ဘာမှလည်း ပြန်မ​ပြောသာ။

အဆိုးဆုံးက Jeonမှာ သူ့ဘက်က​နေ နာမယ်မရှိ၊ Kim Taehyung ​ဒေါသထွက်​နေတဲ့ကိစ္စကိုသာ ပျာပျာသလဲအာရုံစိုက်​နေသည်။

"ချာတိတ်ကလည်း ကိုယ်က ​ပျော်​စေချင်လို့ စတာ"

"​ပျော်​နေလိုက် ခင်ဗျားပဲ။ ကျုပ်​​တော့ နည်းနည်းမှ အဆင်​ပြေမ​နေဘူး မြင်​​နေရ ​တွေ့​နေရတာ​တွေက"

"​နေပါဦး ဒီလာဦး..."

လက်​ကောက်ဝတ်က​နေ အတင်းဆွဲပြီး စတိုခန်းထဲ ​ခေါ်သွားသူရယ်။
စတိုခန်းဆို​ပေမယ့် လူမ​နေတဲ့ အခန်းကျယ်ကြီးဆို ပိုမှန်​ပေလိမ့်မည်။ အိမ်မှာ မသုံးဖြစ်တဲ့ ပရိ​ဘောဂပစ္စည်း​တွေကို ဒီအခန်းထဲ စုပြုံထည့်ထားခြင်းပင်။

"ဖယ်! ဘယ်လိုဖြစ်​နေတာလဲ"

"ချာတိတ်ကကွာ အဲ့​လောက်ထိ ကိုယ့်ကို စိတ်မ​ကောက်ပါနဲ့"

"ကျုပ်အဲ့လို က​လေးဆန်ဆန်ကိစ္စ​တွေလုပ်မယ်ထင်​နေတာလား"

"ကဲ ကဲ..ကိုယ်ချာတိတ်ကို က​​လေးဆန်တယ်လို့ ​ပြော​နေတာမဟုတ်ပါဘူးကွာ။ ကိုယ်တို့တွဲတာမှ တစ်ပတ်​လောက်ရှိ​သေးတာ ချာတိတ်က ကိုယ့်ကို ခုလို​ဆက်ဆံ​နေ​တော့ ကိုယ်ဘယ်စိတ်​ကောင်းပါ့မလဲ"

အဲ့လိုမျက်နှာငယ်​လေးနဲ့ ​ပြောလာ​​တော့လည်း ကိုယ့်စိတ်ကမခိုင်ချင်။
ခင်ဗျားကြီးက တတ်လည်း တတ်နိုင်လွန်းသည်။

"ဟွန့် လဲ​သေလိုက်ပါလား။ Suzan Clarkနဲ့ အတူတူ"

"​​ဟောဗျာ ကိုယ်ကဘာလို့ သူနဲ့​အတူတူ​သေရမှာလဲ။ ဒီက နှင်းဆီလေးနဲ့ အဘိုးကြီးဖြစ်တဲ့အထိ ​နေရဦးမှာကို..."

"​တော်စမ်းပါဗျာ.. ဗရမ်းဗတာ​တွေ"

"စိတ်​ဆိုး​ပြေပြီမလား..ဟင် လို့"

ရုပ်ကြမ်းကြီးမှအားမနာ မျက်နှာ​လေးငယ်ထားရတာမို့ ရယ်လည်းရယ်ချင်လာသည်။ သနားလည်း သနားသည်။

"ပြီး​ရောဗျာ ပြီး​ရော"

"ပြီးရင် နမ်းလို့ရပြီမလား"

"မရဘူး...ခင်ဗျား​နော်.."

စကားပင်​သေချာ မဆုံးလိုက် အတင်းတိုးကပ်ပြီး နမ်းရှုံ့လာသည်။ ရိတ်ထား​သော နှုတ်ခမ်း​မွေး၊ မှုတ်ဆိတ်​မွေး​​တွေကိုလည်း ခံစားကြည့်လို့ရသည်။
နှုတ်ခမ်းပါး​တွေရဲ့ စိုစွတ်စွတ်အထိအ​တွေ့​တွေရယ်၊ လျှာဖျားခြင်းရစ်ပတ်ကျီစယ်​နေမှုရယ်​။

အနမ်း​တွေက ပထမဆုံးအကြိမ် မိုး​ရေထဲ နမ်းခဲ့ကြစဥ်ကလိုပင် ​လူတစ်ကိုယ်လုံးဆီက အား​တွေကို စုပ်ယူနမ်းရှိုက်ပစ်သလို ဖြစ်​နေဆဲ။

"ခင်ဗျားဟာက နမ်းတာလား မျိုနေတာလား"

"ဖြစ်နိုင်ရင် နှစ်ခုလုံးလုပ်ပစ်ချင်တာ ကိုယ့်ချာတိတ်ကို"

သူ့​ရှေ့တင် စတိုခန်းထဲ ဝင်သွားကြ​သော နှစ်​ယောက်က Suzanအတွက် ထူးဆန်း​နေခဲ့သည်။
ဘာရယ်မဟုတ် ​ချောင်း​မြောင်းဖို့ စိတ်​လေး ဝင်လာခဲ့​ပေမယ့် ဂျက်ချထား​သော တံခါး​ကြောင့် ဘာမှလုပ်လို့မရခဲ့။
____

"ဒီ​နေ့ ဘယ်သွားချင်လဲ ချာတိတ်"

"​​ချောင်းစပ်ပဲသွားမယ်..."

"တခြား​နေရာသွားရ​အောင်ပါ... ​ချောင်းစပ်က လုံခြုံမှုမရှိဘူး ည​နေလည်း​ရောက်​နေပြီ"

ချာတိတ်က ည​နေဘက်​တွေ ဘာဂီစီးရတာ သ​ဘောကျသည်။ အတ္တလန်တာရဲ့ ည​နေခင်း​​တွေက ​​လေ​အေး တဖြူးဖြူးတိုက်သည်။
ဘာဂီကို ခပ်ပြင်းပြင်း​မောင်းလျှင် ဆံပင်​တွေ လွှင့်ပျံကုန်သည်။

"ချာတိတ်က ​ဘာဂီစီးရတာ ငယ်တည်းက ကြိုက်တာပဲလား"

"အင်း..."

ငယ်တုန်းက အ​ကြောင်း​တွေကို တီး​​ခေါက်ကြည့်မိလျှင် ချာတိတ်မျက်နှာက သိသိသာသာမှိုင်းကျသွားတတ်သည်။
အဲ့လိုဆို အတင်းအကြပ်မ​မေးမြန်းချင်​တော့တာနဲ့ပဲ လက်​လျှော့လိုက်ရသည့် အကြိမ်အ​ရေအတွက်က များများ။

"ချာတိတ်က ငယ်တုန်းကအ​ကြောင်း​တွေ ကိုယ့်ကိုယ် မ​ပြောပြချင်ဘူးပဲ"

"သိရင်လည်း ဘာထူးမှာမို့လဲ"

"ကိုယ်ဆို ကိုယ့်အ​ကြောင်း​တွေ ချာတိတ်ကို အကုန်​ပြောပြသားပဲ။
ချာလက်စတန်က​နေ ဟိုး​မြောက်ပိုင်းအထိ..."

ဘာဂီ​မောင်း​နေသူကို ​ဘေးတိုက်ကြည့်ရတာ ဘယ်​တုန်းက ခု​လောက်ထိ ​ကြည်နူးစရာ​ကောင်းသွားတာပါလိမ့်။
ဟုတ်တယ်... ခင်ဗျားကြီးက ကျုပ်ကိုဆို ဘာမှထိန်ချန်ထားတယ်ရယ်လို့မှမရှိဘဲ။

ကျုပ်ဆန္ဒအရသက်သက်ဆို ကျုပ်လည်း ခင်ဗျားကို အစစအရာရာဖွင့်​ပြောလိုက်ချင် ရင်ဖွင့်လိုက်ချင်တာ​ပေါ့။
ကျုပ်ရဲ့ မသိစိတ်က ခွင့်မပြုတာကို ကျုပ်ဘယ်လိုလုပ်ရမလဲ... ကျုပ်စိတ်ကိုယ်ကျုပ်ထိန်းနိုင်တဲ့ တစ်​နေ့ကျ ခင်ဗျားကို အရင်ဆုံး​ပြောပြမယ်ဆိုတာကို​တော့ သိထား​ပေးပါ ခင်ဗျားရယ်။

"ချာတိတ်ငယ်ငယ်က ဘာဂီစီးရလို့ ​ပျော်​နေတဲ့ပုံစံက ​တွေးကြည့်တာနဲ့တင် ချစ်စရာ​ကောင်း​နေတာပဲ"

ဝါရှင်တန်လမ်းက​နေ ​ချောင်းစပ်အထိ ဘာဂီစီးတာက သူတို့မိသားစုရဲ့ အကျင့်​လေးတစ်ခု။
​လေ​​ပြေ​လေညှင်းတဖြူးဖြူးနဲ့ ည​နေခင်း​တွေဆို နှင်းဆီမြိုင်သခင်ကြီးတို့ မိသားစုကို ဘာဂီ​လေးတစ်စီးနဲ့ အမြဲလိုလို ​တွေ့ရတတ်သည်။

တခစ်ခစ်ရယ်ပြီး အ​ဖေရယ်အ​မေရယ်ကြား ထိုင်​နေတဲ့ က​လေး​လေးကို လမ်းမှာ​တွေ့သူတိုင်း ချစ်ကြသည်။
ယုတ်စွအဆုံး တစ်မြို့လုံးကို အရွဲ့တိုက်ပြီး​နေတဲ့ မိန်းမပျက်​တွေ၊ လမ်းသရဲလူရမ်းကား​တွေ​တောင် ဒီက​လေး​လေးကိုမြင်ရင် ​မေတ္တာစိတ်​လေးဝင်ကြသည်။

"ကဲ ဘာဂီစီးသွားကြမလား။ လာ...သားငယ်နဲ့ Joanna အလယ်မှာထိုင်"

"Joanna အလယ်မှာ မထိုင်ချင်ဘူး အန်တီ​လေးအ​ပေါ်မှာ ထိုင်မယ်"

"မရဘူး! ​မေ​မေ့ဗိုက်ထဲ အငယ်​လေး​ရောက်​နေတယ်"

မျက်လုံး​လေးကလယ်ကလယ်နဲ့ Taehyungက တားရှာသည်။
ထုံးစံအတိုင်း Joannaက မဲ့ရွဲ့ပြသည်။
Joannaက က​​လေး​ဆို​ပေမယ့် ပြုမူပုံ​တွေက ဖြူစင်တဲ့ က​လေးတစ်​ယောက်ရဲ့ ပုံစံမရှိ။

အိမ်မှာစာလာသင်သည့် ဆရာမကိုယ်တိုင်က ဒါကိုသိသိသာသာ​ပြောဆို​လေ့ရှိသည်။ နှင်းဆီမြိုင်သခင်ကြီးနဲ့ သခင်မကြီးမှာ ၅နှစ်အရွယ်က​လေးမ​လေးကို အပြစ်မဆိုသာ။
မိမိရဲ့ ညီငယ်ဖြစ်သူ Aidenကိုယ်တိုင်က သားငယ်နှင့်အတူ စာသင်ဖို့ သူတို့ဆီအပ်ထားခဲ့သည် မဟုတ်ပါ​လော။

အခုလည်း Joannaမှာ သခင်မကြီး​ပေါင်​ပေါ်မရရ​အောင် တင်ထိုင်သည်။
သခင်မကြီးမှာ ​သွေးနုသားနု.. သားအိမ်နံရံပါးတာ​ကြောင့် အရာရာကို မထိမခိုက်​အောင် ဂရုစိုက်ရမည်လို့ ဆရာဝန်ကလည်း မှာထားသည်။
ဒါကို Joannaက ဇွတ်အတင်းဖိထိုင်သည်။

"​မေ​မေနာနာ...Joanna မထိုင်နဲ့ ဆင်း!"

"ဖယ်စမ်း ကိုကို​လေး"

"ဗြဲ...အီး...သားကို တွန်းချတယ်!"

Taehyungက သူ့လက်ကိုအတင်းဆွဲပြီးဆင်း​ခိုင်း​နေသည်မို့ Joannaက အတင်းရုန်းသည်မှာ အရှိန်လွန်ပြီး Taehyung​လေး ​မြေကြီး​ပေါ်ကျ​တော့သည်။
သခင်မကြီးရဲ့ သားအိမ်ကိုလည်း ဖိမိသလိုဖြစ်ကာ မျက်နှာရှုံ့မဲ့သွားရသည်။

​ဘေးကဖြတ်သွားတဲ့ ဇိမ်မယ်တစ်​ယောက်ဆို လှည့်ကြည့်လှည့်ကြည့်နဲ့ Joannaဆိုတဲ့ က​လေးမကို ရိုက်ပစ်ချင်လာသည်အထိ။

"သားငယ် ထထ! သမီးက ဘာလို့ ကိုကို​လေးကို တွန်းရတာတုန်း"

"ဦးကြီးLevanက အခု Joannaကို အပြစ်​ပြော​နေတာလား"

Joanna...Joanna ဆိုတဲ့ သူ။ Taehyungအတွက် ကံဆိုးခြင်းများကိုသာ သယ်​ဆောင်လာသူ။
ထို​နေ့ကစပြီး Taehyung ဘာဂီမစီးဖြစ်​​တော့။
အတ္တလန်တာ​ရောက်ပြီး Jeonနဲ့ စီးတာက ထိုအဖြစ်အပျက်ပြီး​နောက် ပထမဆုံး ဘာဂီပြန်စီးခြင်း။

ထိုအ​ကြောင်းကို ​ပြန်​တွေးမိတိုင်း ရင်တဆတ်ဆတ်နာသည်။
​ချွေးစီးတပြိုက်ပြိုက်ကျသည်။
​ခေါင်းတစ်ခုလုံး မူး​ဝေ​နောက်ကျိပြီး ရှုခင်း​တွေကိုပင် မမြင်ရ​တော့။
ပျို့အန်ချင်လာသည်။

သူ့ခမျာ အထပ်ထပ်အခါခါ ​မေ​မေခံခဲ့ရတဲ့ အဖြစ်အပျက်များ​ကြောင့် ​ယောကျ်ား​လေးလား မိန်းက​လေးလား မသဲကွဲတဲ့ သူ့အငယ်​လေးကို မ​တွေ့ခဲ့ရ။

​လောကကြီးနဲ့​တောင် ​ထိ​တွေ့ခွင့်မရတဲ့အငယ်​လေးရယ်... မင်းအတွက် ဒီအစ်ကိုဝမ်းနည်းရပါတယ်...။

​လေအ​ဝှေ့တစ်ချက်များ ပါးပြင်ထက် မျက်ရည်စီး​ကြောင်းတစ်ခု ဖြစ်သွားခဲ့ရသည်။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

နာတာလူးရာသီ ​ေအး​ေအးခ်မ္းခ်မ္းကာလမွာ ႏွင္းဆီနဲ႔ ကိုယ္ ႏွစ္ဦးသ​ေဘာတူတြဲခဲ့ၾကသည္။
႐ိုး႐ိုးရွင္းရွင္းနဲ႔ အိပ္မက္ဆန္တဲ့ ဆက္ဆံ​ေရးအစက ​ေဆာင္းရာသီရဲ႕ မိုးသည္းညထဲမွာမို႔ ထိုအ​ေၾကာင္းကို ​ေျပာျဖစ္ရင္ ကိုယ္တို႔ႏွစ္​ေယာက္လုံး ၿပဳံးမိၾကသည္။

ခ်ာတိတ္မွာ အၿပဳံး​လွလွ​ေလး​ေတြ ရွိသည္။ သူဒါကို အၾကာႀကီး ဖုံးကြယ္ထားရတာ သိပ္ပင္ပန္းခဲ့မွာပဲ။

နာတာလူးပြဲ​ေတာ္ၿပီး ​ေနာက္၅​ရက္ ခ်ာတိတ္​ေမြး​ေန႔မွာလည္း အတူတူရွိခဲ့ၾကသည္။
ႏွစ္တစ္ႏွစ္ရဲ႕ အဆုံးသတ္မွာ ​ေမြးဖြားသူ​ေလး Kim Taehyung.
ထို​ေန႔က ည​ေနခင္း​ေလညႇင္းခံဖို႔ ဘာဂီအတူတူစီးခဲ့ၾက​ေသးသည္။

စိမ္းျပာ​ေရာင္မ်က္လုံး​ေတြရယ္၊ ​ေ႐ႊ​ေရာင္ဆံပင္​ေတြရယ္ ပိုင္ဆိုင္ထားသူ။
အတၱလန္တာရဲ႕ အခ်စ္​ေတာ္​ ႏွင္းဆီ​ၿမိဳင္သခင္ေလးရယ္။

"မဂၤလာနံနက္ခင္းပါ ကိုယ့္ႏွင္းဆီေလး"

"အင္း ခင္ဗ်ား​ေရာ"

ၾကက္​​ေသြး​ေရာင္​ေမြ႕ရာထဲ ျမႇဳပ္​ေနသူ​ေလး။ အိပ္ရာထၿပီး အ​ေညာင္းအညာ​ေတြ​ဆန္႔​ေနသည္။
ခ်ာတိတ္​စိတ္အ​ေျခအ​ေနက အမ်ားႀကီး တိုးတက္လာသည္။

ခ်ာတိတ္ကို မသိ​ေစခ်င္တာထက္ စိတ္မထိခိုက္​ေစခ်င္တာ​ေၾကာင့္ ​ေဆးကို ဒီတိုင္းသမား႐ိုးက် တိုက္လိုက္လို႔မျဖစ္။ ခ်ာတိတ္​ေသာက္မယ့္ စြတ္ျပဳတ္၊ ​​ေကာ္ဖီ​ေတြထဲ မသိမသာ အမႈန္႔ႀကိတ္တိုက္ရသည္။

​​ေဆး​ေၾကာင့္လား ဘာ​ေၾကာင့္လဲ​ေတာ့ မ​ေျပာတတ္​ေပမယ့္ ခ်ာတိတ္အ​ေျခအ​ေနက တိုးတက္လာတာကို ပီတိျဖစ္ရသည္။

"ခင္ဗ်ား ဘာလို႔ က်ဳပ္အခန္းထဲ ​ေန႔တိုင္း​ေရာက္​ေနတာလဲ"

"ကိုယ္က ခ်ာတိတ္ရဲ႕ ခ်စ္သူမို႔​ေပါ့"

အိပ္ရာႏိုးႏိုးခ်င္း မ်က္ႏွာတစ္ခုလုံးပူျပင္း​ေနတာဟာ ​ေဆာင္းရာသီရဲ႕ မနက္​ေန​ေရာင္ျခည္​ေၾကာင့္ ျဖစ္ပါလိမ့္မည္။

"က်ဳပ္ ဒီ​ေန႔ ခင္ဗ်ားနဲ႔ လိုက္ခဲ့မွာ​ေနာ္"

"ဘာလို႔လဲ ခ်ာတိတ္ရဲ႕ ကိုယ္​ေစာ​ေစာ ျပန္လာမွာပါ"

"ဘာလဲ ခင္ဗ်ားႀကီး ဘယ္မိန္းမနဲ႔ ​ေတြ႕ဖို႔ရွိလို႔လဲ"

ခ်ာတိတ္မွာ အဲ့ဒီျပႆနာတစ္ခုရွိသည္။ အရာရာကို အစိုးရိမ္လြန္ အ​ေတြးလြန္ၿပီး ပူပန္​ေနျခင္း။
ခ်ာတိတ္က ​ေယာက်္ားရင့္မာႀကီး တစ္​​ေယာက္မို႔ ခြၽဲခြၽဲႏြဲ႕ႏြဲ႕ပုံစံ​ေတြ မလုပ္​ေပမယ့္ မူလီထက္ပင္ ရစ္တတ္​ေသးသည္။

"မ​ေတြ႕ပါဘူး။ ခ်ာတိတ္လိုက္ခ်င္လိုက္ခဲ့​ေလ အ​ေႏြးထည္ထူထူ​ေတာ့ ဝတ္ခဲ့ရမယ္​​ေနာ္"

စိမ္းဖန္႔ဖန္႔ ​သိုး​ေမြးၿခဳံထည္က ခ်ာတိတ္မ်က္ဝန္း​ေတြနဲ႔ လိုက္ဖက္သည္။
စိမ္းျပာ​ေရာင္မ်က္ဆံ​ေပၚ အရိပ္က်​ေနသလိုမ်ိဳး ခ်ာတိတ္နဲ႔ ပနံရသည္။

ခ်ာတိတ္နဲ႔ ကိုယ္ ကုန္​ေလွာင္႐ုံ သြားၾကမယ္ဆို​ေတာ့ အိမ္က ကပၸလီကြၽန္​ေတြမွာ တအံ့တဩ။
လြန္ခဲ့တဲ့ ရက္အနည္းငယ္က သခင္​ေလးကိုယ္တိုင္ Mr. Jeonကို အိမ္က​ေန ႏွင္ထုတ္ခဲ့တာ​ေလ။

Suzanနဲ႔ Joannaသာ ရွိရင္ ဘယ္လိုတုံ႔ျပန္မလဲမသိ​ေတာ့။

"ဒါခ်ာတိတ္ရဲ႕ ကုန္​ေလွာင္႐ုံ​ေလ။ ပထမဆုံး ​ေရာက္ဖူးတာမလား"

ငါး​ေျမႇာင့္ဆိုင္လမ္းဆုံက ကုန္​ေလွာင္႐ုံက သူပိုင္သမွ်ထဲတြင္ အႀကီးဆုံးလို႔ သိထားသည္။
ဂ်ဳံ၊ ​ေျပာင္း၊ အာလူး စသျဖင့္ ​ေရရွည္စား​ေသာက္ကုန္​ေတြ သို​ေလွာင္ဖို႔ ဒီ​ေနရာကို လ​ေပးငွားၾကသည္။
အခ်ိဳ႕က် တစ္ပတ္တစ္ခါ ​ေငြရွင္းၾကသည္။

တျခားကုန္​ေလွာင္႐ုံ​ေတြထက္ Taehyungရဲ႕ ကုန္​ေလွာင္႐ုံ​ေတြက အငွားမ်ားသည္။
အုတ္နဲ႔ ကာၿပီး အုတ္ကြၽတ္မိုးထားတာမို႔ ​ဘာမွမ​ေသခ်ာ မ​ေရရာ​ေသာ ​ေခတ္ႀကီးမွာ သင့္​ေတာ္သည္။
မ​ေတာ္တဆ မီး​ေလာင္တာ၊ မီးရႈိ႕တာ ခံရရင္​​ေတာင္ မီးစြဲဖို႔ရာမလြယ္။

"က်ဳပ္ဟာက်ဳပ္ ဒီ​ေလာက္ႀကီးတဲ့ ကုန္​ေလွာင္႐ုံပိုင္တာ အခုမွသိ​ေတာ့တယ္"

"ခ်ာတိတ္က ဒါ​ေတြမွ စိတ္မဝင္စားဘဲကို"

ကုန္​​​ေလွာင္႐ုံကို ခ်ာတိတ္ကို​​ေခၚလာမိတာ မွား​​ေၾကာင္း တ​ေျဖး​ေျဖးသ​ေဘာ​ေပါက္လာရသည္။
ခ်ာတိတ္ဟာ အခုမွ ၁၆ႏွစ္ျပည့္ၿပီးစ... ဘာကိုမွ ရင့္ရင့္က်က္က်က္မ​ေတြးႏိုင္သလို အလုပ္သ​ေဘာအရ ဆိုတာ​ေတြကိုလည္း နားမလည္​ေသး။

"ခ်ာတိတ္ရာ ဘာမဟုတ္တာ​ေလးကို..."

"ခင္ဗ်ားႀကီးကို အဲ့မိန္းမက အထာ​ေတြ​ေပး​ေနတာ က်ဳပ္မသိဘူးထင္​ေနလား။ ခင္ဗ်ားႀကီးကလည္း ျပန္​ေျပာ​ေနတာမ်ား ၿပဳံးၿဖီးလို႔"

ခ်ာတိတ္က ​ေယာက်္ားရင့္မာတစ္​ေယာက္မို႔ မိန္းမပ်ိဳ​ေတြနဲ႔ အီစီကလီလုပ္သလို ႏြဲ႕ႏြဲ႕​ေႏွာင္း​ေႏွာင္းအ​ဆူခံရမည္မဟုတ္​ေၾကာင္းကို​ေတာ့ ႀကိဳတင္တြက္ဆထားၿပီး ျဖစ္သည္။
သို႔​ေပသည့္တိုင္ ခ်ာတိတ္က မူလီလို ရစ္တတ္သူပင္။

"ကဲ...အဲ့တာဆို ကိုယ္က ​ေဖာက္သည္ကို ဆူပုတ္ၿပီး​ေျပာရမွာလား ​ေအာ္​ေငါက္ရမွာလား"

"ခင္ဗ်ားႀကီးက အခု က်ဳပ္ကို ​ေငါက္​ေနတာလား"

"ကိုယ္ဘာမဟုတ္တာ​ေလးနဲ႔ ရန္မျဖစ္ခ်င္ဘူး"

"ရတယ္ ရန္လည္းမျဖစ္နဲ႔ စကားလည္း မ​ေျပာနဲ႔"

​ထို​ေန႔က ခ်ာတိတ္ကို ​ဆက္စကားမ​ေျပာျဖစ္။
အလုပ္​ေတြ မ်ား​​ေနတာရယ္၊ စစ္​​ေဆးစရာစာရင္း​ေတြမ်ား​ေနတာရယ္​ေၾကာင့္ အာ႐ုံမထားျဖစ္​ေတာ့။

ည​ေနျပန္ရမယ့္အခ်ိန္မွာ အိမ္အတူျပန္လာသည္။
လမ္းတ​ေလွ်ာက္လုံး ႏွစ္​ေယာက္သား တိတ္ဆိတ္လ်က္။
ခ်ာတိတ္တစ္ခုခုျဖစ္​ေနတယ္ဆိုတာ မရိပ္မိတာမဟုတ္... အလုပ္​ပင္ပန္းတဲ့အရွိန္​ေၾကာင့္သာ တ​ေမ့တ​ေလ်ာ့ ပစ္ထားမိတာျဖစ္သည္။

'ဒုန္း!'

"ခ်ာတိတ္!"

သူ႔အခန္းကို လိုက္ဝင္လို႔မရ​ေအာင္ တံခါးကို ​ေဆာင့္ပိတ္ၿပီး ဂ်က္ခ်သံပါ ၾကားလိုက္ရသည္။

'​​ေဒါက္ ​ေဒါက္!'

"မလာနဲ႔ ထြက္သြား!"

"ဘာမဟုတ္တာ​ေလးနဲ႔ အဲ့လိုျဖစ္စရာမွ မလိုဘဲ ခ်ာတိတ္ရာ"

"ခင္ဗ်ားႀကီး က်ဳပ္ကို ​​ေသာက္​ေရးမစိုက္တာ ခင္ဗ်ားရဲ႕​ေသာက္​​ေကာင္မ​ေတြ​ေရွ႕မွာ!"

"ဟုတ္ၿပီ ကိုယ္ပဲ​​ေတာင္းပန္တယ္ ဟုတ္ၿပီလား။ ကိုယ့္ခ်ာတိတ္​ေလးကို ပစ္ထားသလိုျဖစ္သြားတာ ကိုယ့္အမွားပဲ"

"သိရင္လည္း ထြက္သြား​​ေတာ့ ​ေသာက္ရမ္းၾကားပ်င္း​ေနၿပီ"

Jeonမွာ သူ႔အခန္းထဲသို႔ သက္ျပင္းရႈိက္သံ​ေတြနဲ႔ ျပန္ခဲ့႐ုံမွတစ္ပါး အျခားမရွိ။
____

"ဟြန္႔! အလကား လူလိမ္ ကဲဟယ္ ကဲဟယ္"

Jeon၀ယ္​ေပးခဲ့​​ေသာ နယူး​ေအာ္လီယန္က သိုး​ေမြးထည္​ေလးကို Jeonလို႔ ျမင္​ေယာင္ၿပီး တစ္စစီ ၿဖဲဆုတ္မိ​ေန​ေတာ့သည္။
သိုး​ေမြးစ​ေတြက တလႊင့္လႊင့္... အခန္းတစ္ခုလုံး ရႈပ္ပြကုန္သည္။

အ​ေႏြးထည္ရွားပါးတဲ့ ​ေခတ္မွာ ဒီလိုအ​ေႏြး​ထည္​ေကာင္းရဖို႔က ခဲရာခဲဆစ္။
အဲ့တာကို Taehyung ဂ႐ုမစိုက္ႏိုင္... အခုခ်ိန္မွာ Jeon JungKookကို တစ္ခုခုမွမလုပ္ရရင္ ​ေသ​ေတာ့မည္။

"​ေနာက္ခါမ်ား​ေတာ့ ခင္ဗ်ားႀကီးကို ဘယ္​ေတာ့မွ တစ္​ေယာက္တည္း မလႊတ္​ေတာ့ဘူး။
အ​ေရးထဲ ဟိုမိန္းမ​ေတြက ျပန္လာျပန္​​ေတာ့မယ္ ​ေသာက္ဂြပဲ"

Taehyung တစ္​ေယာက္တည္း က်ိန္ဆဲၿပီးရင္း က်ိန္ဆဲသည္။ စိတ္မ​ေျပမခ်င္း အ​ေႏြးထည္ကို တစ္စစီလုပ္ပစ္သည္။
Jeonကသာ ဘာမွမဟုတ္ဘူး​ေျပာ​ေပမယ့္ တဒီးဒီးဝင္လာတဲ့ မိန္းမ​ေတြက ညဳတုတုရယ္။

​ေယာက်္ားသားခ်င္း ခ်စ္ႀကိဳက္ရတဲ့ဘဝမွာ ​ေပၚ​ေပၚတင္တင္လည္း မနားမကပ္ရသလို သဝန္လည္းတိုျပလို႔မရ။ ​ေတာင္ပိုင္းသူ ​ေတာင္ပိုင္းသား​ေတြအျမင္မွာ လိင္တူခ်စ္သူဆိုတာက မအပ္မစပ္...လက္လည္း မခံႏိုင္ၾက။

အဲ့တာကို ခ်စ္သူကပါ အ​ေရးမစိုက္ဘဲ စီးပြား​ေရး​ေသာင္းက်န္း​ေန​ေတာ့ ရင္ထဲလႈိက္ခနဲ ဝမ္းနည္းလာသည္။ စိတ္လည္းဆိုးသည္။
Jeon JungKookကို ဒီတစ္ခါ​ေတာ့ အပီအျပင္ စိတ္ဆိုးပစ္ဦးမည္။

'​ေဒါက္ ​ေဒါက္!'

"ထြက္သြားပါဆို!"

"ဟို...ဟိုသခင္​ေလး ညစာအဆင္သင့္ျဖစ္ၿပီလို႔ ​ေျပာမလို႔ပါ"

Jeon ထင္လို႔ ​ေအာ္လိုက္​ေပမယ့္ ကပၸလီအ​ေဒၚႀကီးအသံကို ျပန္ၾကားလိုက္ရသည္။
ဒီလူက ထမင္းစားဖို႔​ေလး​ေတာင္ လာမ​ေခၚႏိုင္ဘူး​ေပါ့​ေလ.. ခင္ဗ်ားက က်ဳပ္ကို စိန္​ေခၚ​ေန​ေတာ့တာပဲ။

"​ေအး ​ေအး လာခဲ့မယ္"

အ​ေဒၚႀကီးခမ်ာ နဂိုတည္းကမွ မထင္ရင္ မထင္သလို စိတ္​ေဖာက္တတ္တဲ့ သခင္​ေလးကို ​ေၾကာက္ရတဲ့ၾကားက ​ေအာ္သံႀကီးကိုပါရလိုက္တာ​ေၾကာင့္​ ​ေသြးလန္႔​ေနၿပီ။
သခင္​ေလးမထြက္လာခင္ သူ႔​ေျခ​ေထာက္တုတ္တုတ္​ေလး​ေတြက အိမ္​​ေအာက္ထပ္ကို အ​ေျပးအလႊားဆင္း​ေတာ့သည္။

အ​ေဒၚႀကီး လွိမ့္က်ဦးမယ္... ဘယ္လိုလုပ္ ဒီ​ေလာက္​ေလာ​ေနရတာတုန္း။

"သခင္​ေလးက 'ထြက္သြား!'ဆိုၿပီး ​ေအာ္ခဲ့တာ Mr. Jeon. သခင္​ေလးအ​ေၾကာင္းလည္း သိရဲ႕သားနဲ႔ စိတ္​ေဖာက္ရင္..."

"​စကားတတ္တိုင္း ​​ေလွ်ာက္​ေျပာသင့္တဲ့အ​ေၾကာင္းမဟုတ္ဘူး​ေနာ္"

"အို...​ေျပာပါ​​ေစ Suzanလည္း သိခ်င္တယ္"

Suzanက သ႐ုပ္​ေဆာင္​ေကာင္းသည္။ ႐ိုး႐ိုးသားသား စပ္စုလိုစိတ္နဲ႔ သိခ်င္သလို ျဖဴျဖဴစင္စင္မ်က္ႏွာထား​ေလး အစြမ္းကုန္ျပင္ဆင္ထားသည္။

အခုတ​ေလာ Jeonအနား တကပ္ကပ္ျဖစ္​ေန​ေသာ အဲ့​ေကာင္​ေလးကို စိတ္မၾကည္ခ်င္။ Jeonကလည္း ​ေယာက်္ားတစ္​ေယာက္ကိုမွ အရိပ္တၾကည့္ၾကည့္ျဖစ္​ေနတာမ်ား လူျမင္လို႔မွမ​ေကာင္း။

"Suzan ကို ​ေျပာရတာ​ေတာ့ အားနာပါတယ္..."

"အဲ့တာက ဘာျဖစ္​ေနၾကတာလဲ!"

သပြတ္အူလိုရႈပ္​ေနရတဲ့အထဲ ဒီအခ်ိန္မွ တိုက္တိုက္ဆိုင္ဆိုင္ ​ေလွကား​ေပၚက ဆင္းလာသူ Taehyung.
သြားၿပီ...Jeon JungKook ဘဝ​ေတာ့ ဒီ​ေန႔ အဆုံးသတ္​ေတာ့မည္။
ခ်ာတိတ္က Suzanနဲ႔ ရင္းရင္းႏွီးႏွီး​ေနတာ မႀကိဳက္​ေလဘူးမလား။

"ညစာစားဖို႔ ဆင္းလာတာလား ခ်ာတိတ္"

"က်ဳပ္အိမ္က်ဳပ္ ဆင္းခ်င္သလို ဆင္းမယ္ အဲ့တာ က်ဳပ္ကိစၥ"

"​ေအးပါကြာ... မင္းကိစၥပါ။ ကြၽန္​ေတာ္မ်ိဳးႏႈတ္ဆိတ္​ေနပါ့မယ္"

Jeon ႐ႊတ္​ေနာက္​ေနာက္​ေျပာ​ေနတာ ခ်ာတိတ္ကို စိတ္ၾကည္သြား​ေအာင္ရည္႐ြယ္တယ္ဆို​ေပမယ့္ ​ေဘးက Suzanက တခစ္ခစ္​ရယ္​ေနတာ​ေၾကာင့္ ခ်ာတိတ္ခမ်ာ စိတ္မၾကည္တဲ့အျပင္ တစ္​ေခါင္းလုံး ​​ေနာက္က်ိသြားရ​ေတာ့သည္။

'​ေတာက္!'

"​​ေျပာင္​ေနလိုက္ ခင္ဗ်ား။ Suzan ခင္ဗ်ားလည္း ​ေဆး႐ုံက ျပန္လာရင္ ကိုယ္လက္​ေလးအရင္သန္႔စင္ဦး.
စားခါနီး ​ေသာက္ခါနီး ျမင္ရတဲ့ ျမင္ကြင္းက ​ေအာ့!"

ပ်ိဳ႕အန္ခ်င္သလိုပုံစံလုပ္ျပ​ေတာ့ Suzanမွာ ​ေဒါသတဆက္ဆက္ထြက္ကာ လက္သီးကို က်စ္က်စ္ပါ​ေအာင္ ဆုပ္ထားမိ​ေတာ့သည္။
သူ႔အိမ္မွာ​ေန၍ သူ​ေကြၽးတာ စား​ေနရသည္မို႔ ဘာမွလည္း ျပန္မ​ေျပာသာ။

အဆိုးဆုံးက Jeonမွာ သူ႔ဘက္က​ေန နာမယ္မရွိ၊ Kim Taehyung ​ေဒါသထြက္​ေနတဲ့ကိစၥကိုသာ ပ်ာပ်ာသလဲအာ႐ုံစိုက္​ေနသည္။

"ခ်ာတိတ္ကလည္း ကိုယ္က ​ေပ်ာ္​ေစခ်င္လို႔ စတာ"

"​ေပ်ာ္​ေနလိုက္ ခင္ဗ်ားပဲ။ က်ဳပ္​​ေတာ့ နည္းနည္းမွ အဆင္​ေျပမ​ေနဘူး ျမင္​​ေနရ ​ေတြ႕​ေနရတာ​ေတြက"

"​ေနပါဦး ဒီလာဦး..."

လက္​ေကာက္ဝတ္က​ေန အတင္းဆြဲၿပီး စတိုခန္းထဲ ​ေခၚသြားသူရယ္။
စတိုခန္းဆို​ေပမယ့္ လူမ​ေနတဲ့ အခန္းက်ယ္ႀကီးဆို ပိုမွန္​ေပလိမ့္မည္။ အိမ္မွာ မသုံးျဖစ္တဲ့ ပရိ​ေဘာဂပစၥည္း​ေတြကို ဒီအခန္းထဲ စုၿပဳံထည့္ထားျခင္းပင္။

"ဖယ္! ဘယ္လိုျဖစ္​ေနတာလဲ"

"ခ်ာတိတ္ကကြာ အဲ့​ေလာက္ထိ ကိုယ့္ကို စိတ္မ​ေကာက္ပါနဲ႔"

"က်ဳပ္အဲ့လို က​ေလးဆန္ဆန္ကိစၥ​ေတြလုပ္မယ္ထင္​ေနတာလား"

"ကဲ ကဲ..ကိုယ္ခ်ာတိတ္ကို က​​ေလးဆန္တယ္လို႔ ​ေျပာ​ေနတာမဟုတ္ပါဘူးကြာ။ ကိုယ္တို႔တြဲတာမွ တစ္ပတ္​ေလာက္ရွိ​ေသးတာ ခ်ာတိတ္က ကိုယ့္ကို ခုလို​ဆက္ဆံ​ေန​ေတာ့ ကိုယ္ဘယ္စိတ္​ေကာင္းပါ့မလဲ"

အဲ့လိုမ်က္ႏွာငယ္​ေလးနဲ႔ ​ေျပာလာ​​ေတာ့လည္း ကိုယ့္စိတ္ကမခိုင္ခ်င္။
ခင္ဗ်ားႀကီးက တတ္လည္း တတ္ႏိုင္လြန္းသည္။

"ဟြန္႔ လဲ​ေသလိုက္ပါလား။ Suzan Clarkနဲ႔ အတူတူ"

"​​ေဟာဗ်ာ ကိုယ္ကဘာလို႔ သူနဲ႔​အတူတူ​ေသရမွာလဲ။ ဒီက ႏွင္းဆီေလးနဲ႔ အဘိုးႀကီးျဖစ္တဲ့အထိ ​ေနရဦးမွာကို..."

"​ေတာ္စမ္းပါဗ်ာ.. ဗရမ္းဗတာ​ေတြ"

"စိတ္​ဆိုး​ေျပၿပီမလား..ဟင္ လို႔"

႐ုပ္ၾကမ္းႀကီးမွအားမနာ မ်က္ႏွာ​ေလးငယ္ထားရတာမို႔ ရယ္လည္းရယ္ခ်င္လာသည္။ သနားလည္း သနားသည္။

"ၿပီး​ေရာဗ်ာ ၿပီး​ေရာ"

"ၿပီးရင္ နမ္းလို႔ရၿပီမလား"

"မရဘူး...ခင္ဗ်ား​ေနာ္.."

စကားပင္​ေသခ်ာ မဆုံးလိုက္ အတင္းတိုးကပ္ၿပီး နမ္းရႈံ႕လာသည္။ ရိတ္ထား​ေသာ ႏႈတ္ခမ္း​ေမြး၊ မႈတ္ဆိတ္​ေမြး​​ေတြကိုလည္း ခံစားၾကည့္လို႔ရသည္။
ႏႈတ္ခမ္းပါး​ေတြရဲ႕ စိုစြတ္စြတ္အထိအ​ေတြ႕​ေတြရယ္၊ လွ်ာဖ်ားျခင္းရစ္ပတ္က်ီစယ္​ေနမႈရယ္​။

အနမ္း​ေတြက ပထမဆုံးအႀကိမ္ မိုး​ေရထဲ နမ္းခဲ့ၾကစဥ္ကလိုပင္ ​လူတစ္ကိုယ္လုံးဆီက အား​ေတြကို စုပ္ယူနမ္းရႈိက္ပစ္သလို ျဖစ္​ေနဆဲ။

"ခင္ဗ်ားဟာက နမ္းတာလား မ်ိဳေနတာလား"

"ျဖစ္ႏိုင္ရင္ ႏွစ္ခုလုံးလုပ္ပစ္ခ်င္တာ ကိုယ့္ခ်ာတိတ္ကို"

သူ႔​ေရွ႕တင္ စတိုခန္းထဲ ဝင္သြားၾက​ေသာ ႏွစ္​ေယာက္က Suzanအတြက္ ထူးဆန္း​ေနခဲ့သည္။
ဘာရယ္မဟုတ္ ​ေခ်ာင္း​ေျမာင္းဖို႔ စိတ္​ေလး ဝင္လာခဲ့​ေပမယ့္ ဂ်က္ခ်ထား​ေသာ တံခါး​ေၾကာင့္ ဘာမွလုပ္လို႔မရခဲ့။
____

"ဒီ​ေန႔ ဘယ္သြားခ်င္လဲ ခ်ာတိတ္"

"​​ေခ်ာင္းစပ္ပဲသြားမယ္..."

"တျခား​ေနရာသြားရ​ေအာင္ပါ... ​ေခ်ာင္းစပ္က လုံၿခဳံမႈမရွိဘူး ည​ေနလည္း​ေရာက္​ေနၿပီ"

ခ်ာတိတ္က ည​ေနဘက္​ေတြ ဘာဂီစီးရတာ သ​ေဘာက်သည္။ အတၱလန္တာရဲ႕ ည​ေနခင္း​​ေတြက ​​ေလ​ေအး တျဖဴးျဖဴးတိုက္သည္။
ဘာဂီကို ခပ္ျပင္းျပင္း​ေမာင္းလွ်င္ ဆံပင္​ေတြ လႊင့္ပ်ံကုန္သည္။

"ခ်ာတိတ္က ​ဘာဂီစီးရတာ ငယ္တည္းက ႀကိဳက္တာပဲလား"

"အင္း..."

ငယ္တုန္းက အ​ေၾကာင္း​ေတြကို တီး​​ေခါက္ၾကည့္မိလွ်င္ ခ်ာတိတ္မ်က္ႏွာက သိသိသာသာမႈိင္းက်သြားတတ္သည္။
အဲ့လိုဆို အတင္းအၾကပ္မ​ေမးျမန္းခ်င္​ေတာ့တာနဲ႔ပဲ လက္​ေလွ်ာ့လိုက္ရသည့္ အႀကိမ္အ​ေရအတြက္က မ်ားမ်ား။

"ခ်ာတိတ္က ငယ္တုန္းကအ​ေၾကာင္း​ေတြ ကိုယ့္ကိုယ္ မ​ေျပာျပခ်င္ဘူးပဲ"

"သိရင္လည္း ဘာထူးမွာမို႔လဲ"

"ကိုယ္ဆို ကိုယ့္အ​ေၾကာင္း​ေတြ ခ်ာတိတ္ကို အကုန္​ေျပာျပသားပဲ။
ခ်ာလက္စတန္က​ေန ဟိုး​ေျမာက္ပိုင္းအထိ..."

ဘာဂီ​ေမာင္း​ေနသူကို ​ေဘးတိုက္ၾကည့္ရတာ ဘယ္​တုန္းက ခု​ေလာက္ထိ ​ၾကည္ႏူးစရာ​ေကာင္းသြားတာပါလိမ့္။
ဟုတ္တယ္... ခင္ဗ်ားႀကီးက က်ဳပ္ကိုဆို ဘာမွထိန္ခ်န္ထားတယ္ရယ္လို႔မွမရွိဘဲ။

က်ဳပ္ဆႏၵအရသက္သက္ဆို က်ဳပ္လည္း ခင္ဗ်ားကို အစစအရာရာဖြင့္​ေျပာလိုက္ခ်င္ ရင္ဖြင့္လိုက္ခ်င္တာ​ေပါ့။
က်ဳပ္ရဲ႕ မသိစိတ္က ခြင့္မျပဳတာကို က်ဳပ္ဘယ္လိုလုပ္ရမလဲ... က်ဳပ္စိတ္ကိုယ္က်ဳပ္ထိန္းႏိုင္တဲ့ တစ္​ေန႔က် ခင္ဗ်ားကို အရင္ဆုံး​ေျပာျပမယ္ဆိုတာကို​ေတာ့ သိထား​ေပးပါ ခင္ဗ်ားရယ္။

"ခ်ာတိတ္ငယ္ငယ္က ဘာဂီစီးရလို႔ ​ေပ်ာ္​ေနတဲ့ပုံစံက ​ေတြးၾကည့္တာနဲ႔တင္ ခ်စ္စရာ​ေကာင္း​ေနတာပဲ"

ဝါရွင္တန္လမ္းက​ေန ​ေခ်ာင္းစပ္အထိ ဘာဂီစီးတာက သူတို႔မိသားစုရဲ႕ အက်င့္​ေလးတစ္ခု။
​ေလ​​ေျပ​ေလညႇင္းတျဖဴးျဖဴးနဲ႔ ည​ေနခင္း​ေတြဆို ႏွင္းဆီၿမိဳင္သခင္ႀကီးတို႔ မိသားစုကို ဘာဂီ​ေလးတစ္စီးနဲ႔ အၿမဲလိုလို ​ေတြ႕ရတတ္သည္။

တခစ္ခစ္ရယ္ၿပီး အ​ေဖရယ္အ​ေမရယ္ၾကား ထိုင္​ေနတဲ့ က​ေလး​ေလးကို လမ္းမွာ​ေတြ႕သူတိုင္း ခ်စ္ၾကသည္။
ယုတ္စြအဆုံး တစ္ၿမိဳ႕လုံးကို အ႐ြဲ႕တိုက္ၿပီး​ေနတဲ့ မိန္းမပ်က္​ေတြ၊ လမ္းသရဲလူရမ္းကား​ေတြ​ေတာင္ ဒီက​ေလး​ေလးကိုျမင္ရင္ ​ေမတၱာစိတ္​ေလးဝင္ၾကသည္။

"ကဲ ဘာဂီစီးသြားၾကမလား။ လာ...သားငယ္နဲ႔ Joanna အလယ္မွာထိုင္"

"Joanna အလယ္မွာ မထိုင္ခ်င္ဘူး အန္တီ​ေလးအ​ေပၚမွာ ထိုင္မယ္"

"မရဘူး! ​ေမ​ေမ့ဗိုက္ထဲ အငယ္​ေလး​ေရာက္​ေနတယ္"

မ်က္လုံး​ေလးကလယ္ကလယ္နဲ႔ Taehyungက တားရွာသည္။
ထုံးစံအတိုင္း Joannaက မဲ့႐ြဲ႕ျပသည္။
Joannaက က​​ေလး​ဆို​ေပမယ့္ ျပဳမူပုံ​ေတြက ျဖဴစင္တဲ့ က​ေလးတစ္​ေယာက္ရဲ႕ ပုံစံမရွိ။

အိမ္မွာစာလာသင္သည့္ ဆရာမကိုယ္တိုင္က ဒါကိုသိသိသာသာ​ေျပာဆို​ေလ့ရွိသည္။ ႏွင္းဆီၿမိဳင္သခင္ႀကီးနဲ႔ သခင္မႀကီးမွာ ၅ႏွစ္အ႐ြယ္က​ေလးမ​ေလးကို အျပစ္မဆိုသာ။
မိမိရဲ႕ ညီငယ္ျဖစ္သူ Aidenကိုယ္တိုင္က သားငယ္ႏွင့္အတူ စာသင္ဖို႔ သူတို႔ဆီအပ္ထားခဲ့သည္ မဟုတ္ပါ​ေလာ။

အခုလည္း Joannaမွာ သခင္မႀကီး​ေပါင္​ေပၚမရရ​ေအာင္ တင္ထိုင္သည္။
သခင္မႀကီးမွာ ​ေသြးႏုသားႏု.. သားအိမ္နံရံပါးတာ​ေၾကာင့္ အရာရာကို မထိမခိုက္​ေအာင္ ဂ႐ုစိုက္ရမည္လို႔ ဆရာဝန္ကလည္း မွာထားသည္။
ဒါကို Joannaက ဇြတ္အတင္းဖိထိုင္သည္။

"​ေမ​ေမနာနာ...Joanna မထိုင္နဲ႔ ဆင္း!"

"ဖယ္စမ္း ကိုကို​ေလး"

"ၿဗဲ...အီး...သားကို တြန္းခ်တယ္!"

Taehyungက သူ႔လက္ကိုအတင္းဆြဲၿပီးဆင္း​ခိုင္း​ေနသည္မို႔ Joannaက အတင္း႐ုန္းသည္မွာ အရွိန္လြန္ၿပီး Taehyung​ေလး ​ေျမႀကီး​ေပၚက်​ေတာ့သည္။
သခင္မႀကီးရဲ႕ သားအိမ္ကိုလည္း ဖိမိသလိုျဖစ္ကာ မ်က္ႏွာရႈံ႕မဲ့သြားရသည္။

​ေဘးကျဖတ္သြားတဲ့ ဇိမ္မယ္တစ္​ေယာက္ဆို လွည့္ၾကည့္လွည့္ၾကည့္နဲ႔ Joannaဆိုတဲ့ က​ေလးမကို ႐ိုက္ပစ္ခ်င္လာသည္အထိ။

"သားငယ္ ထထ! သမီးက ဘာလို႔ ကိုကို​ေလးကို တြန္းရတာတုန္း"

"ဦးႀကီးLevanက အခု Joannaကို အျပစ္​ေျပာ​ေနတာလား"

Joanna...Joanna ဆိုတဲ့ သူ။ Taehyungအတြက္ ကံဆိုးျခင္းမ်ားကိုသာ သယ္​ေဆာင္လာသူ။
ထို​ေန႔ကစၿပီး Taehyung ဘာဂီမစီးျဖစ္​​ေတာ့။
အတၱလန္တာ​ေရာက္ၿပီး Jeonနဲ႔ စီးတာက ထိုအျဖစ္အပ်က္ၿပီး​ေနာက္ ပထမဆုံး ဘာဂီျပန္စီးျခင္း။

ထိုအ​ေၾကာင္းကို ​ျပန္​ေတြးမိတိုင္း ရင္တဆတ္ဆတ္နာသည္။
​ေခြၽးစီးတၿပိဳက္ၿပိဳက္က်သည္။
​ေခါင္းတစ္ခုလုံး မူး​ေဝ​ေနာက္က်ိၿပီး ရႈခင္း​ေတြကိုပင္ မျမင္ရ​ေတာ့။
ပ်ိဳ႕အန္ခ်င္လာသည္။

သူ႔ခမ်ာ အထပ္ထပ္အခါခါ ​ေမ​ေမခံခဲ့ရတဲ့ အျဖစ္အပ်က္မ်ား​ေၾကာင့္ ​ေယာက်္ား​ေလးလား မိန္းက​ေလးလား မသဲကြဲတဲ့ သူ႔အငယ္​ေလးကို မ​ေတြ႕ခဲ့ရ။

​ေလာကႀကီးနဲ႔​ေတာင္ ​ထိ​ေတြ႕ခြင့္မရတဲ့အငယ္​ေလးရယ္... မင္းအတြက္ ဒီအစ္ကိုဝမ္းနည္းရပါတယ္...။

​ေလအ​ေဝွ႔တစ္ခ်က္မ်ား ပါးျပင္ထက္ မ်က္ရည္စီး​ေၾကာင္းတစ္ခု ျဖစ္သြားခဲ့ရသည္။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

26.9K 1.7K 21
Taehyung×jungkook start date-28. 11.2023 end date-1.1.2024
923K 56.4K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
429K 6.6K 80
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
3.5K 220 10
သဲငယ်တို့ရေ🥺ဒုတိယficလေးပါ💜💜💜 Vampireပုံစံကိုမှ..နှစ်ဘဝပုံစံလေးပါနော်🥺🥺 ရေးရမလား💕💕 သဲငယ်တို့ရဲ့ Hnin~~💙💜💙💜