'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆ...

By Kyar_nge

28.5K 2K 59

_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်‌ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄) [final]

အပိုင်း(၃)

1.5K 157 1
By Kyar_nge

Uni

______________

" ငါကြောက်တယ်"

"လာပါထွေးရာ "

ပြိုတော့မယ့် မိုးလို ရုပ်လေးနဲ့ ထွေးမှာ ထို အမျိုးသမီးနောက် ခေါ်ရာ တအိအိပါသွားရတော့သည်။
အဝေ၏ တစ်ဝက်စည်းထားသော ဆံပင်တွင် ရှိနေသော ကန့်ကော်ပန်းများမှာ ထွေး၏ လက်ချက်ပင်

"ပန်း ပန်တာ သဘောမတွေ့ပါဘူး "

" ကျစ် ပန်ထားစမ်းပါ ယွန်းရယ် လှပါတယ်ဆို"

လက်မှတ်တန်းစီနေတုန်း ပန်းပန်ဖို့ ပြဿနာဖြစ်နေတဲ့ နှစ်ယောက်ကိုကြည့်ကာ အဝေခိုးရယ်လိုက်မိသည်။
မအီမလည်ရုပ်လေးနဲ့ ပန်းကို နားကြားပန်ညှပ်သွားရှာတဲ့ ယွန်းဟာ ထွေးကို ခိုးကြည့်နေလိုက်သေး ထို အမျိုးသမီးသည် ပြုံးနေတာ သေချာမှ သက်ပြင်းချနိုင်တော့သည်။

" ကဲရပြီလား မယ်‌မင်း ရယ် "

"ရပါပြီ ရှင့် လှသွားပြီ ဟီး "

"အဟင်း ထွေးတို့ကျေနပ်ရင်ပြီးတာပါဘဲ"

အပြင်ခိုးထွက်လာရလို့ ထွေး၏ လက်ကလေးများဟာ အေးစက်လို့နေသည်။
သို့သော် ဆုပ်ကိုင်ပေးထားတဲ့ အမျိုးသမီးနှစ်ယောက်ဆီက အနွေးဓာတ်က အပြည့်မို့ အလွန်တရာမှခုန်မြည်နေတဲ့ နှလုံးသားလေးက ပုံမှန် ပြန်လည် လည်ပတ်လာသည်။

မင်းသား နေအောင်နဲ့ မင်းသမီး မေသန်းနု
တို့ရိုက်ထားတဲ့ သက်ြန်မိုး ဟာ လူတိုင်းရင်ထဲမှာစွဲနေမည့်ကားမျိူးဖြစ်သည်။
စိတ်ဝင်တစား ကြည့်နေတဲ့ အမျိုးသမီးနှစ်ယောက်ကို ပြသနေတဲ့ဇာတ်ကားထက် ထွေး ပိုစိတ်ဝင်စားမိပါသည်။
အမှောင်ရိပ်ထဲမှာ ပြုံးနေတဲ့ ထွေးရဲ့ မျက်နှာပေါ်တွင် ဇာတ်ကား၏ ပုံရိပ်များ ထင်ဟပ်လျက်ရှိသည်။
လာမယ့် အတိတ်တွေကိုလည်း လှပတဲ့ အမှတ်တရတွေနဲ့သာ ရေးခြယ်ချင်မိပါသည်။

" ထွေး နင်သိရော သိလိုက်လား "

"ဘာ ဘာကိုလဲဟင် "

မြင်လား ကြောင်တောင်တောင်လုပ်နေတာကိုက အသဲယားစရာကောင်းနေတာ
ယွန်းသည် ထွေးကို ကြည့်ကာရယ်ချင်သည်အား ထိန်းလိုက်ရသည်။ အဝေကတော့ဘာမှနားမလည် နဘေးနားကနေနေကြာစေ့ထားရင်း ရပ်ကြည့်နေသည်။

"ခုန အထဲမှာလေ ဇာတ်ကားကိုကြည့်တာ နည်းနည်း ဆောင်းနဲ့ငါ့ကိုဘဲ လှည့်လှည့်ကြည့်နေတာက ခပ်များများ "

"အာ...."

ပါးတွေ နီမြန်းသွားတဲ့ အမျိုးသမီးဟာ
ချိုချဉ်ခိုးစားတာ မိသွားတဲ့ကလေးလေးလိုမျိုး။ အဝေသည် ခုမှ သဘောပေါက်သွားဟန် ပါးတွေမို့တက်အောင်ပြုံးလာသည်။
ဘယ်သူတွေ ငေးကြည့်ကြည့် မကြည့်ကြည့် အရေးမပါပေမယ့် အဲ့ အမျိုးသမီးနှစ်ယောက်က ငေးကြည့်တာမျိုးတော့ လိုချင်တာ အမှန်ပါ

" အဲ့ အဲ့လိုကြီး မကြည့်ကြနဲ့လေ "

"အယ် အယ် ကောင်မလေး တစ်ယောက်ရှက်သွားရှာပြီ"

"တော်ပြီနေခဲ့ကြတော့ ဟွန့် "

"ဟိတ် ထွေးငယ် အဟက် စောင့်အုံးလေ "

မျက်စောင်းထိုးကာ ကောက်စိန်လုပ်သွားသော ထွေးနောက် ယွန်းနဲ့အဝေမှာ ပြေးလိုက်ရလေပြီ မြန်လိုက်တာဒီကောင်မလေးက ကားမှတ်တိုင်နားမှာ ဆူပုပ်ပုပ်နဲ့ရပ်စောင့်နေတဲ့ အမျိုးသမီးဟာ ဘယ်တော့မှ ထို အမျိုးသမီးနှစ်ယောက်ကို သက်သက်ထားသွားလိမ့်မည် မဟုတ်ပါ

"မြန်မြန်လာ လိပ်ကတောင် အဘွားခေါ်ရတော့မယ် "

"ဟိတ်! အမေလောက်တော့လုပ် "

အဝေ့၏ စကားကို ထွေးက လျှာထုပ်ပြောင်ကာ လိုင်းကားပေါ် တက်သွားတော့သည်။
ထွေး ခေါင်းလေး လှုပ်တဲ့အခါ ခွဲစီးထားတဲ့ဆံပင် နှစ်ခုဟာ လှုပ်သွားသည်ကို အဝေအူယားနေသည်တော့ ထွေး မသိခဲ့ပါ။
စာတိုက်ကို စာပို့ပြီးတော့စာချစ်သူ မမကြီး ထွေး၏ ပူဆာမှုနဲ့ စာအုပ်ဆိုင် ဂွေလိမ့် လာကြရတော့သည်။

" ကဲ ရောက်ပါပြီ ကြိုက်တာ ဝယ်တော်မူပါဗျ"

"သူဝယ်ပေးမှာလဲ မဟုတ်ဘဲနဲ့ "

" နင် သွားပြီ  ထွေးရာ "

" နင်ရင်ရေသောက်ပေါ့ အယွန်းရယ် "

" အေးပါကွာ မိထွေးမရာ နင်ကလေ အေးသလိုနဲ့ ခုကြ ငါ့ကို ရန်လုပ်နေတာ နှုတ်ခမ်းကြီးက လာထိုးမိတော့မယ် "

"ထိုး ! ထိုး !ထိုးတော့ဘာဖြစ်လဲ ဟမ်"

" အဟင်း"

"အား အယွန်း!!!!!"

‌ထွေးတို့ နှစ်ယောက်ရန်ပွဲကို စာအုပ်စင်မှီရင်း
လက်ပိုက်ကြည့်နေတာက အဝေပင်
ထွေး၏ အရပ်သည်ယွန်း၏ ရင်ဘက်နားလောက်တွင်သာမို့ ရန်လုပ်တာတောင်ထို အမျိုးသမီးဟာ မော့မော့ပြီး ပြောနေသည်မှာ ချစ်စရာ
ယွန်းသည် လည်း အသဲယားစွာ ပါးဖောင်းဖောင်းကြီးနှစ်ဖက်ကိုအားရပါးရ ဆွဲဖဲ့တော့ ထွေး၏ အသံစူးစူးလေးမှာ ဆိုင်ငယ်လေးထဲ စိုးမိုးသွားတော့သည်။

" ဟင့် နာသွားပြီ အယွန်းစုတ် မခေါ်တော့ဘူး"

"အာရား အူယားလို့ပါကွာနော်နော်စိတ်မဆိုးပါနဲ့ နင်ကြိုက်တဲ့စာအုပ်ဝယ်ပေးမယ်လေ "

"တစ်ကယ်လား "

"အင်း တစ်အုပ်တည်းနော်"

"ကပ်စီးကုပ်တာ!"

"အဟက် "

ငိုမဲ့မဲ့လေး ပြောနေတဲ့ အမျိုးသမီးကြောင့် ချော့ရလေပြီ
အဝေမှာတော့ခေါင်းတရမ်းရမ်း
ယွန်းသည် လက်ကမြင်းသော ကောင်းမှုနဲ့စာအုပ်တစ်အုပ်ဝယ်ပေးလိုက်ရတော့သည်။

" ဘာတွေဝယ်တာလဲ ထွေးငယ် "

"ဒီမယ်လေ နှစ်အုပ် "

ဆရာ လယ်တွင်းသားစောချစ်ရေးသော
ပန်းမြိုင်လယ်က ဥယျာဉ်မှူးစာအုပ်နဲ့
ဆရာမ မစန္ဒာရေးသော အရိပ်ဆိုသည့် စာအုပ်လေး နှစ်အုပ်ကို ပြုံးပြုံးလေးထောင်ပြသည်။ ထွေးဆိုသော အမျိုးသမီးသည် ဘယ်လောက်ဘဲ ဝမ်းနည်းနေပါစေစိတ်ကောက်နေပါစေ သူ ဝါသနာပါတာတွေလုပ်နေရရင်တော့ ချက်ခြင်းပြုံးတတ်သော အမျိုးသမီးသာ

" ပေးဖတ်နော် "

"‌ကြိုက်တဲ့ချိန်ယူဖတ် ဟုတ်ပြီလားအဝေ "

" မွခ်ျ "

" အို အဝေကလည်း လူတွေ ရှိနေတာကို "

ထွေး၏ ပါးပြင် ပေါ်ကျရောက်လာတဲ့ နှုတ်ခမ်းအိအိလေးဟာ ပါးဖောင်းဖောင်းတွေကြား နစ်ဝင်သွားတော့ နားလေးတွေ အရောင်ပြောင်းသွားတဲ့ထွေးဆီက ခပ်တိုးတိုး စကားသံလေးတွေ ထွက်လာသည်။

" ငါရော~~"

" အာ ...."

"ရွှတ် "

မျက်နှာမဲ့မဲ့လေးနဲ့ ဆိုလာတဲ့ ယွန်းဟာ ကလေးလေး တစ်ယောက်မုန့်ပူဆာသလို မျက်နှာပေးလေးလုပ်နေသည်။
ထွေးသည်အာခနဲ မျက်နှာလေးနီရဲလာပြီးနောက်ပါးပြင်အသာ ထိုးပေးလာသည်။
ယွန်း၏ နှာခေါင်းချွန်ချွန်ကလေးမှာ ထွေး၏ ပါးပြင်ထဲ နစ်ဝင်ကျသွားတော့သည်။
‌အရပ်ရှည်ကြတဲ့ အမျိုးသမီးနှစ်ယောက်ကြားမှာထွေးတစ်ယောက်က ညှပ်စိကလေး

"ခုလိုချင်တာတွေလဲ ဝယ်ပြီးပြီဆိုတော့ဘယ်သွားချင်ပါသေးသလဲ ခင်ဗျာ "

" ဟီး အဆောင်ဘဲ ပြန်တော့မယ် "

စနှောက်သလို ပြောလာတဲ့ အဝေ့စကားကြောင့် ထွေးက ရယ်ရင်းပြန်ဖြေသည်။
အဆောင်ရောက်တာနဲ့ ထွေးမှာ စာထိုင်ဖတ်နေသလို အိပ်ယာချစ်ခင်သူကြီး မယွန်းမှာတော့ အိပ်ရှာလေပြီဖြစ်သည်။
ဆင်နင်းရ‌င်တောင်နိုးမည့် မပေါ်ပါ

" ထွေးငယ် "

"ဟင်"

"မပျင်းဘူးလား "

"မပျင်းပါဘူး စာဖတ်နေတာလေ"

ထွေးစကားကြောင့် အဝေကိုယ့် နဖူးကိုယ်ရိုက်ပလိုက်သည်။ကောင်းရော တစ်ယောက်ကလည်း အိပ်ယာမြင်တာနဲ့လူကို ရှိတယ်လို့ မထင်တာ တစ်ယောက်ကလည်း ဝတ္ထုစာအုပ်လေးတွေများရှိရင် တစ်ယောက်တည်း တစ်ကမ္ဘာတည်လို့
သနားစရာ ငါလေးဘဝ
ထို့နောက် အဝေဟာ အိပ်ပျော်နေသောယွန်းကိုကြည့်ကာ အကြံတစ်ခုရသွားပြီး နှုတ်ခမ်းတွေကော့တက်လာအောင်ပြုံးသွားသည်။

"ထွေးငယ် "

"ဟမ် ဟမ်"

"ထွေးငယ်လို့ "

"ဘာလဲ အဝေရာ ဒီမှာစာဖတ်နေတာကို"

ဘဲ နှုတ်သီးလေးလို ဆူချိတ်ပြီးပြောလာတဲ့ထွေး၏ မျက်နှာလေးဟာ အလိုမကျသလို့ ခပ်မဲ့မဲ့လေး အဝေ သွားဖွေးဖွေးအောင်ရယ်ပြကာ မျက်နှာချို အရင်သွေးလိုက်ရင်း ဘေးဆုံးကုတင်မှာ အိပ်နေတဲ့ ယွန်းကို မျက်စ ပစ်ပြလာသည်။

" ဘာလို့လဲ ယွန်းအိပ်နေတာလေ"

" အဟွန်း ငါတို့ သဘာဝကျကျလေး ပန်းချီဆွဲရအောင် "

"အယ်...."

လွယ်အိတ်ထဲက ဆော့ပင်တွေထုတ်ရင်း ပြောလာတဲ့ အဝေ့စကားကြောင့် သဘောပေါက်သွားဟန်ထွေး မျက်နှာကပါ ပြုံးစိစိ ဖြစ်သွားသည်။ထို့နောက်ဖတ်လက်စ စာအုပ်ကို ဘေးချရင်း ကုတင်ပေါ်က ကုန်းရုံးထကာ အဝေ့လက်ထဲက ဆော့ပင်တစ်‌ေချာင်းယူလိုက်သည်။

" အဟီး လှနေပြီ "

" ကြောင် မလေး အတိုင်းဘဲကွာ ဟီး "

အဝေနဲ့ထွေးမှာ ယွန်း မျက်နှာပေါ် ပန်းချီဆွဲရင်းတခ်ခ်နဲ့အူမြူးလျက်ရှိသည်။
ယွန်းသည် ဘယ်လောက်တောင် အအိပ်မက်လည်းဆိုရင် သူ့ကို လုပ်ချင်တာတွေလုပ်နေတာတောင် တုတ်တုတ်မှမလှုပ်သည့် ဖြစ်ခြင်းပင်
ထွေးနဲ့အဝေမှာတော့ ရယ်ရလွန်းလို့ ဗိုက်တွေပါအောင့်သွားသည်ထိအားလုံးပြီးတော့ ကိုယ်မဟုတ်တဲ့အတိုင်း ခပ်တည်တည်နဲ့တစ်ယောက် စာအုပ်တစ်အုပ်စီ ကောက်ဖတ်လိုက်ကြသည်။

"ဝှါး...ညနေတောင်ရောက်နေပြီ ငါ ရေသွားချိုးမလို့ လိုက်ကြအုံးမလား"

"တော်ပြီ ဟီး "

" နေပေါ့ "

မျက်စောင်းလေးဝင့်ကာထွက်သွားသောယွန်းသည် ဝတ္ထုစာအုပ်ကို ဇောက်ထိုးကြီး ကိုင်ဖတ်နေတဲ့အမျိုးသမီးနှစ်ယောက်ကိုတော့ သေချာသတိမထားမိလိုက်ပါချေ
ရေချိုးဆောင်သွားတဲ့လမ်းတစ်လျှောက် အဆောင်သူတွေက လှည့်ကြည့်လှည့်ကြည့်နဲ့ ရယ်နေကြတာမို့ ယွန်းမှာစိတ်ထဲ ကလိကလိ ဖြစ်လာတော့သည်။
ထို့နောက် သနပ်ခါးလိမ်းဖို့ထားထားတဲ့ ကျောက်ပြင်ကြီးနားက မှန်ရှေ့သွားရပ်လိုက်တော့သည်။

" သီရိရတနာထွေး!!!!!ဆောင်းနှင်းဝေ!!!"


______________

Words- 1545
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge

______________

Zawgyi


________________

" ငါေၾကာက္တယ္"

"လာပါေထြးရာ "

ၿပိဳေတာ့မယ့္ မိုးလို ႐ုပ္ေလးနဲ႕ ေထြးမွာ ထို အမ်ိဳးသမီးေနာက္ ေခၚရာ တအိအိပါသြားရေတာ့သည္။
အေဝ၏ တစ္ဝက္စည္းထားေသာ ဆံပင္တြင္ ရွိေနေသာ ကန႔္ေကာ္ပန္းမ်ားမွာ ေထြး၏ လက္ခ်က္ပင္

"ပန္း ပန္တာ သေဘာမေတြ႕ပါဘူး "

" က်စ္ ပန္ထားစမ္းပါ ယြန္းရယ္ လွပါတယ္ဆို"

လက္မွတ္တန္းစီေနတုန္း ပန္းပန္ဖို႔ ျပႆနာျဖစ္ေနတဲ့ ႏွစ္ေယာက္ကိုၾကည့္ကာ အေဝခိုးရယ္လိုက္မိသည္။
မအီမလည္႐ုပ္ေလးနဲ႕ ပန္းကို နားၾကားပန္ညွပ္သြားရွာတဲ့ ယြန္းဟာ ေထြးကို ခိုးၾကည့္ေနလိုက္ေသး ထို အမ်ိဳးသမီးသည္ ၿပဳံးေနတာ ေသခ်ာမွ သက္ျပင္းခ်နိဳင္ေတာ့သည္။

" ကဲရၿပီလား မယ္‌မင္း ရယ္ "

"ရပါၿပီ ရွင့္ လွသြားၿပီ ဟီး "

"အဟင္း ေထြးတို႔ေက်နပ္ရင္ၿပီးတာပါဘဲ"

အျပင္ခိုးထြက္လာရလို႔ ေထြး၏ လက္ကေလးမ်ားဟာ ေအးစက္လို႔ေနသည္။
သို႔ေသာ္ ဆုပ္ကိုင္ေပးထားတဲ့ အမ်ိဳးသမီးႏွစ္ေယာက္ဆီက အေႏြးဓာတ္က အျပည့္မို႔ အလြန္တရာမွခုန္ျမည္ေနတဲ့ ႏွလုံးသားေလးက ပုံမွန္ ျပန္လည္ လည္ပတ္လာသည္။

မင္းသား ေနေအာင္နဲ႕ မင္းသမီး ေမသန္းႏု
တို႔ရိုက္ထားတဲ့ သက္ျန္မိုး ဟာ လူတိုင္းရင္ထဲမွာစြဲေနမည့္ကားမ်ိဴးျဖစ္သည္။
စိတ္ဝင္တစား ၾကည့္ေနတဲ့ အမ်ိဳးသမီးႏွစ္ေယာက္ကို ျပသေနတဲ့ဇာတ္ကားထက္ ေထြး ပိုစိတ္ဝင္စားမိပါသည္။
အေမွာင္ရိပ္ထဲမွာ ၿပဳံးေနတဲ့ ေထြးရဲ႕ မ်က္ႏွာေပၚတြင္ ဇာတ္ကား၏ ပုံရိပ္မ်ား ထင္ဟပ္လ်က္ရွိသည္။
လာမယ့္ အတိတ္ေတြကိုလည္း လွပတဲ့ အမွတ္တရေတြနဲ႕သာ ေရးျခယ္ခ်င္မိပါသည္။

" ေထြး နင္သိေရာ သိလိုက္လား "

"ဘာ ဘာကိုလဲဟင္ "

ျမင္လား ေၾကာင္ေတာင္ေတာင္လုပ္ေနတာကိုက အသဲယားစရာေကာင္းေနတာ
ယြန္းသည္ ေထြးကို ၾကည့္ကာရယ္ခ်င္သည္အား ထိန္းလိုက္ရသည္။ အေဝကေတာ့ဘာမွနားမလည္ နေဘးနားကေနေနၾကာေစ့ထားရင္း ရပ္ၾကည့္ေနသည္။

"ခုန အထဲမွာေလ ဇာတ္ကားကိုၾကည့္တာ နည္းနည္း ေဆာင္းနဲ႕ငါ့ကိုဘဲ လွည့္လွည့္ၾကည့္ေနတာက ခပ္မ်ားမ်ား "

"အာ...."

ပါးေတြ နီျမန္းသြားတဲ့ အမ်ိဳးသမီးဟာ
ခ်ိဳခ်ဥ္ခိုးစားတာ မိသြားတဲ့ကေလးေလးလိုမ်ိဳး။ အေဝသည္ ခုမွ သေဘာေပါက္သြားဟန္ ပါးေတြမို႔တက္ေအာင္ၿပဳံးလာသည္။
ဘယ္သူေတြ ေငးၾကည့္ၾကည့္ မၾကည့္ၾကည့္ အေရးမပါေပမယ့္ အဲ့ အမ်ိဳးသမီးႏွစ္ေယာက္က ေငးၾကည့္တာမ်ိဳးေတာ့ လိုခ်င္တာ အမွန္ပါ

" အဲ့ အဲ့လိုႀကီး မၾကည့္ၾကနဲ႕ေလ "

"အယ္ အယ္ ေကာင္မေလး တစ္ေယာက္ရွက္သြားရွာၿပီ"

"ေတာ္ၿပီေနခဲ့ၾကေတာ့ ဟြန႔္ "

"ဟိတ္ ေထြးငယ္ အဟက္ ေစာင့္အုံးေလ "

မ်က္ေစာင္းထိုးကာ ေကာက္စိန္လုပ္သြားေသာ ေထြးေနာက္ ယြန္းနဲ႕အေဝမွာ ေျပးလိုက္ရေလၿပီ ျမန္လိုက္တာဒီေကာင္မေလးက ကားမွတ္တိုင္နားမွာ ဆူပုပ္ပုပ္နဲ႕ရပ္ေစာင့္ေနတဲ့ အမ်ိဳးသမီးဟာ ဘယ္ေတာ့မွ ထို အမ်ိဳးသမီးႏွစ္ေယာက္ကို သက္သက္ထားသြားလိမ့္မည္ မဟုတ္ပါ

"ျမန္ျမန္လာ လိပ္ကေတာင္ အဘြားေခၚရေတာ့မယ္ "

"ဟိတ္! အေမေလာက္ေတာ့လုပ္ "

အေဝ့၏ စကားကို ေထြးက လွ်ာထုပ္ေျပာင္ကာ လိုင္းကားေပၚ တက္သြားေတာ့သည္။
ေထြး ေခါင္းေလး လႈပ္တဲ့အခါ ခြဲစီးထားတဲ့ဆံပင္ ႏွစ္ခုဟာ လႈပ္သြားသည္ကို အေဝအူယားေနသည္ေတာ့ ေထြး မသိခဲ့ပါ။
စာတိုက္ကို စာပို႔ၿပီးေတာ့စာခ်စ္သူ မမႀကီး ေထြး၏ ပူဆာမႈနဲ႕ စာအုပ္ဆိုင္ ေဂြလိမ့္ လာၾကရေတာ့သည္။

" ကဲ ေရာက္ပါၿပီ ႀကိဳက္တာ ဝယ္ေတာ္မူပါဗ်"

"သူဝယ္ေပးမွာလဲ မဟုတ္ဘဲနဲ႕ "

" နင္ သြားၿပီ  ေထြးရာ "

" နင္ရင္ေရေသာက္ေပါ့ အယြန္းရယ္ "

" ေအးပါကြာ မိေထြးမရာ နင္ကေလ ေအးသလိုနဲ႕ ခုၾက ငါ့ကို ရန္လုပ္ေနတာ ႏႈတ္ခမ္းႀကီးက လာထိုးမိေတာ့မယ္ "

"ထိုး ! ထိုး !ထိုးေတာ့ဘာျဖစ္လဲ ဟမ္"

" အဟင္း"

"အား အယြန္း!!!!!"

‌ေထြးတို႔ ႏွစ္ေယာက္ရန္ပြဲကို စာအုပ္စင္မွီရင္း
လက္ပိုက္ၾကည့္ေနတာက အေဝပင္
ေထြး၏ အရပ္သည္ယြန္း၏ ရင္ဘက္နားေလာက္တြင္သာမို႔ ရန္လုပ္တာေတာင္ထို အမ်ိဳးသမီးဟာ ေမာ့ေမာ့ၿပီး ေျပာေနသည္မွာ ခ်စ္စရာ
ယြန္းသည္ လည္း အသဲယားစြာ ပါးေဖာင္းေဖာင္းႀကီးႏွစ္ဖက္ကိုအားရပါးရ ဆြဲဖဲ့ေတာ့ ေထြး၏ အသံစူးစူးေလးမွာ ဆိုင္ငယ္ေလးထဲ စိုးမိုးသြားေတာ့သည္။

" ဟင့္ နာသြားၿပီ အယြန္းစုတ္ မေခၚေတာ့ဘူး"

"အာရား အူယားလို႔ပါကြာေနာ္ေနာ္စိတ္မဆိုးပါနဲ႕ နင္ႀကိဳက္တဲ့စာအုပ္ဝယ္ေပးမယ္ေလ "

"တစ္ကယ္လား "

"အင္း တစ္အုပ္တည္းေနာ္"

"ကပ္စီးကုပ္တာ!"

"အဟက္ "

ငိုမဲ့မဲ့ေလး ေျပာေနတဲ့ အမ်ိဳးသမီးေၾကာင့္ ေခ်ာ့ရေလၿပီ
အေဝမွာေတာ့ေခါင္းတရမ္းရမ္း
ယြန္းသည္ လက္ကျမင္းေသာ ေကာင္းမႈနဲ႕စာအုပ္တစ္အုပ္ဝယ္ေပးလိုက္ရေတာ့သည္။

" ဘာေတြဝယ္တာလဲ ေထြးငယ္ "

"ဒီမယ္ေလ ႏွစ္အုပ္ "

ဆရာ လယ္တြင္းသားေစာခ်စ္ေရးေသာ
ပန္းၿမိဳင္လယ္က ဥယ်ာဥ္မႉးစာအုပ္နဲ႕
ဆရာမ မစႏၵာေရးေသာ အရိပ္ဆိုသည့္ စာအုပ္ေလး ႏွစ္အုပ္ကို ၿပဳံးၿပဳံးေလးေထာင္ျပသည္။ ေထြးဆိုေသာ အမ်ိဳးသမီးသည္ ဘယ္ေလာက္ဘဲ ဝမ္းနည္းေနပါေစစိတ္ေကာက္ေနပါေစ သူ ဝါသနာပါတာေတြလုပ္ေနရရင္ေတာ့ ခ်က္ျခင္းၿပဳံးတတ္ေသာ အမ်ိဳးသမီးသာ

" ေပးဖတ္ေနာ္ "

"‌ႀကိဳက္တဲ့ခ်ိန္ယူဖတ္ ဟုတ္ၿပီလားအေဝ "

" မြခ္် "

" အို အေဝကလည္း လူေတြ ရွိေနတာကို "

ေထြး၏ ပါးျပင္ ေပၚက်ေရာက္လာတဲ့ ႏႈတ္ခမ္းအိအိေလးဟာ ပါးေဖာင္းေဖာင္းေတြၾကား နစ္ဝင္သြားေတာ့ နားေလးေတြ အေရာင္ေျပာင္းသြားတဲ့ေထြးဆီက ခပ္တိုးတိုး စကားသံေလးေတြ ထြက္လာသည္။

" ငါေရာ~~"

" အာ ...."

"႐ႊတ္ "

မ်က္ႏွာမဲ့မဲ့ေလးနဲ႕ ဆိုလာတဲ့ ယြန္းဟာ ကေလးေလး တစ္ေယာက္မုန႔္ပူဆာသလို မ်က္ႏွာေပးေလးလုပ္ေနသည္။
ေထြးသည္အာခနဲ မ်က္ႏွာေလးနီရဲလာၿပီးေနာက္ပါးျပင္အသာ ထိုးေပးလာသည္။
ယြန္း၏ ႏွာေခါင္းခြၽန္ခြၽန္ကေလးမွာ ေထြး၏ ပါးျပင္ထဲ နစ္ဝင္က်သြားေတာ့သည္။
‌အရပ္ရွည္ၾကတဲ့ အမ်ိဳးသမီးႏွစ္ေယာက္ၾကားမွာေထြးတစ္ေယာက္က ညွပ္စိကေလး

"ခုလိုခ်င္တာေတြလဲ ဝယ္ၿပီးၿပီဆိုေတာ့ဘယ္သြားခ်င္ပါေသးသလဲ ခင္ဗ်ာ "

" ဟီး အေဆာင္ဘဲ ျပန္ေတာ့မယ္ "

စေႏွာက္သလို ေျပာလာတဲ့ အေဝ့စကားေၾကာင့္ ေထြးက ရယ္ရင္းျပန္ေျဖသည္။
အေဆာင္ေရာက္တာနဲ႕ ေထြးမွာ စာထိုင္ဖတ္ေနသလို အိပ္ယာခ်စ္ခင္သူႀကီး မယြန္းမွာေတာ့ အိပ္ရွာေလၿပီျဖစ္သည္။
ဆင္နင္းရ‌င္ေတာင္နိုးမည့္ မေပၚပါ

" ေထြးငယ္ "

"ဟင္"

"မပ်င္းဘူးလား "

"မပ်င္းပါဘူး စာဖတ္ေနတာေလ"

ေထြးစကားေၾကာင့္ အေဝကိုယ့္ နဖူးကိုယ္ရိုက္ပလိုက္သည္။ေကာင္းေရာ တစ္ေယာက္ကလည္း အိပ္ယာျမင္တာနဲ႕လူကို ရွိတယ္လို႔ မထင္တာ တစ္ေယာက္ကလည္း ဝတၳဳစာအုပ္ေလးေတြမ်ားရွိရင္ တစ္ေယာက္တည္း တစ္ကမာၻတည္လို႔
သနားစရာ ငါေလးဘဝ
ထို႔ေနာက္ အေဝဟာ အိပ္ေပ်ာ္ေနေသာယြန္းကိုၾကည့္ကာ အႀကံတစ္ခုရသြားၿပီး ႏႈတ္ခမ္းေတြေကာ့တက္လာေအာင္ၿပဳံးသြားသည္။

"ေထြးငယ္ "

"ဟမ္ ဟမ္"

"ေထြးငယ္လို႔ "

"ဘာလဲ အေဝရာ ဒီမွာစာဖတ္ေနတာကို"

ဘဲ ႏႈတ္သီးေလးလို ဆူခ်ိတ္ၿပီးေျပာလာတဲ့ေထြး၏ မ်က္ႏွာေလးဟာ အလိုမက်သလို႔ ခပ္မဲ့မဲ့ေလး အေဝ သြားေဖြးေဖြးေအာင္ရယ္ျပကာ မ်က္ႏွာခ်ိဳ အရင္ေသြးလိုက္ရင္း ေဘးဆုံးကုတင္မွာ အိပ္ေနတဲ့ ယြန္းကို မ်က္စ ပစ္ျပလာသည္။

" ဘာလို႔လဲ ယြန္းအိပ္ေနတာေလ"

" အဟြန္း ငါတို႔ သဘာဝက်က်ေလး ပန္းခ်ီဆြဲရေအာင္ "

"အယ္...."

လြယ္အိတ္ထဲက ေဆာ့ပင္ေတြထုတ္ရင္း ေျပာလာတဲ့ အေဝ့စကားေၾကာင့္ သေဘာေပါက္သြားဟန္ေထြး မ်က္ႏွာကပါ ၿပဳံးစိစိ ျဖစ္သြားသည္။ထို႔ေနာက္ဖတ္လက္စ စာအုပ္ကို ေဘးခ်ရင္း ကုတင္ေပၚက ကုန္း႐ုံးထကာ အေဝ့လက္ထဲက ေဆာ့ပင္တစ္‌ေခ်ာင္းယူလိုက္သည္။

" အဟီး လွေနၿပီ "

" ေၾကာင္ မေလး အတိုင္းဘဲကြာ ဟီး "

အေဝနဲ႕ေထြးမွာ ယြန္း မ်က္ႏွာေပၚ ပန္းခ်ီဆြဲရင္းတခ္ခ္နဲ႕အူျမဴးလ်က္ရွိသည္။
ယြန္းသည္ ဘယ္ေလာက္ေတာင္ အအိပ္မက္လည္းဆိုရင္ သူ႕ကို လုပ္ခ်င္တာေတြလုပ္ေနတာေတာင္ တုတ္တုတ္မွမလႈပ္သည့္ ျဖစ္ျခင္းပင္
ေထြးနဲ႕အေဝမွာေတာ့ ရယ္ရလြန္းလို႔ ဗိုက္ေတြပါေအာင့္သြားသည္ထိအားလုံးၿပီးေတာ့ ကိုယ္မဟုတ္တဲ့အတိုင္း ခပ္တည္တည္နဲ႕တစ္ေယာက္ စာအုပ္တစ္အုပ္စီ ေကာက္ဖတ္လိုက္ၾကသည္။

"ဝွါး...ညေနေတာင္ေရာက္ေနၿပီ ငါ ေရသြားခ်ိဳးမလို႔ လိုက္ၾကအုံးမလား"

"ေတာ္ၿပီ ဟီး "

" ေနေပါ့ "

မ်က္ေစာင္းေလးဝင့္ကာထြက္သြားေသာယြန္းသည္ ဝတၳဳစာအုပ္ကို ေဇာက္ထိုးႀကီး ကိုင္ဖတ္ေနတဲ့အမ်ိဳးသမီးႏွစ္ေယာက္ကိုေတာ့ ေသခ်ာသတိမထားမိလိုက္ပါေခ်
ေရခ်ိဳးေဆာင္သြားတဲ့လမ္းတစ္ေလွ်ာက္ အေဆာင္သူေတြက လွည့္ၾကည့္လွည့္ၾကည့္နဲ႕ ရယ္ေနၾကတာမို႔ ယြန္းမွာစိတ္ထဲ ကလိကလိ ျဖစ္လာေတာ့သည္။
ထို႔ေနာက္ သနပ္ခါးလိမ္းဖို႔ထားထားတဲ့ ေက်ာက္ျပင္ႀကီးနားက မွန္ေရွ႕သြားရပ္လိုက္ေတာ့သည္။

" သီရိရတနာေထြး!!!!!ေဆာင္းႏွင္းေဝ!!!"


______________

Words- 1545
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge

______________

Continue Reading

You'll Also Like

343K 20.5K 28
"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"
237K 35.7K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
275K 14.2K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
334K 8.9K 19
"𝗜𝗧'𝗦 𝗔 𝗦𝗖𝗥𝗘𝗔𝗠, 𝗕𝗔𝗕𝗬!" the story of cherry valentine and the killers of woodsboro.