TYGW's Mr.Lucky (BL) [Myanmar...

De Comet222

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... Mai multe

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2

2.7K 528 10
De Comet222

Zawgyi



ခါမြန္က သူ႔မ်က္ခံုးကို အနည္းငယ္ ပင့္လိုက္ၿပီးေတာ့ နံရံေပၚကအခ်ိန္ကို ၾကည့္လိုက္မိတယ္။ သူယြီဂ်င္လီရဲ႕အခန္းထဲကေန ထြက္သြားၿပီးတဲ့ေနာက္မွာဆိုရင္ အခုခ်ိန္က ဆယ္မိနစ္ေလာက္သာ ႐ွိေသးတာျဖစ္တယ္။ ဒီကေလးက အမွန္တကယ္ကို စြမ္းအင္ကတ္တစ္ကတ္ကို ျပဳလုပ္ဖန္တီးႏိုင္ခဲ့တယ္တဲ့လား?

ဆရာခါမြန္ေတာင္မွ မတတ္ႏိုင္ပဲ ေ႐ွာ့ခ္ရသြားမိတယ္။

ဒါက F-level စြမ္းအင္ကတ္တစ္ကတ္မွ်သာ ျဖစ္ေသာ္ျငားလည္းပဲ ဒါကိုျပဳလုပ္ဖို႔အတြက္ဆိုရင္ ကြၽမ္းက်င္အဆင့္ လက္မႈပညာသည္တစ္ေယာက္အေနနဲ႔ေတာင္ အနည္းဆံုး အခ်ိန္ဆယ္မိနစ္ယူရတာ ျဖစ္ၿပီးေတာ့ လက္မႈပညာသည္တစ္ေယာက္ရဲ႕အဆင့္က နိမ့္လာေလေလ အခ်ိန္ပိုယူရေလေလျဖစ္တယ္။ ရလဒ္အေနနဲ႔ ယြီဂ်င္လီကေတာ့ ဒါကိုဖန္တီးဖို႔အတြက္ အမွန္တကယ္ အခ်ိန္ဆယ္မိနစ္တိတိကိုပဲ ယူခဲ့တယ္ေပါ့။

သူ႔ရဲ႕စိတ္စြမ္းအားက အမွန္တကယ္ပဲ D-level ေလာက္ပဲလား? ဆရာခါမြန္တစ္ေယာက္ ပထမဆံုးအႀကိမ္အျဖစ္ သူ႔ကိုယ္သူ သံသယဝင္သြားမိတယ္။

သူသံသယ႐ွိေသာ္ျငားလည္းပဲ ဆရာခါမြန္က သူ႔မ်က္ႏွာေပၚမွာေတာ့ ဘာအမူအရာကိုမွ မျပသပါဘူး။ သူယြီဂ်င္လီရဲ႕အေ႐ွ႕ကို လက္လွမ္းလိုက္ၿပီးေတာ့ ဂ႐ုတစိုက္ စစ္ေဆးၾကည့္ဖို႔အတြက္ ၿပီးျပည့္စံုေနတဲ့ စြမ္းအင္ကတ္ကို ယူလိုက္တယ္။ ကတ္က ၿပီးေျမာက္မႈ ျမန္ဆန္ရံုတင္မကပဲနဲ႔ အရည္အေသြးလည္း ျမင့္မားတယ္ဆိုတာကို သူေတြ႔လိုက္ရၿပီးေတာ့ ယြီဂ်င္လီကို ပိုၿပီးစိတ္ေက်နပ္မႈ ႐ွိလာခဲ့တယ္။

"ဟုတ္ၿပီ။ ဒါက မင္းရဲ႕ ကတ္လက္မႈ အသက္ေမြးဝမ္းေက်ာင္းပညာရပ္ရဲ႕ စမွတ္ေလးပဲ ႐ွိေသးတယ္ ဆိုေပမဲ့လည္း မင္းကို အခု ကတ္လက္မႈပညာသည္တစ္ေယာက္ ျဖစ္ၿပီလို႔ သတ္မွတ္လို႔ရၿပီ။ ဂုဏ္ယူၿပီး ကိုယ့္ကိုယ္ကို ေက်နပ္အားရမေနနဲ႔အံုး။ မင္းထက္ ပိုေတာ္ ပိုေကာင္းတဲ့ လက္မႈပညာသည္ေတြက ေနရာတိုင္းမွာ ႐ွိတယ္ဆိုတာကို မင္းသိထားရမယ္။ နားလည္လား?" ဆရာခါမြန္က တိုက္တြန္းႏႈိးေဆာ္လိုက္တယ္။ သူ႔ရဲ႕စကားလံုးေတြက အရမ္းမခ်ဳိသာဘူး ဆိုေသာ္ျငားလည္းပဲ ဒါေတြက အမွန္တရားေတြပါ။

"ဟုတ္ကဲ့။ ကြၽန္ေတာ္သိပါၿပီ။" ယြီဂ်င္လီက အျပံဳးေလးနဲ႔ ျပန္ေျပာလိုက္ၿပီးေတာ့ ေဝဖန္ခံေနရတာကို စိတ္ထဲမထားပါဘူး။

"ျပန္သြားၿပီး ပိုႀကိဳးစား။ တစ္ႀကိမ္ေလာက္ ေအာင္ျမင္သြားတာက ေနာက္တစ္ႀကိမ္ ထပ္ေအာင္ျမင္လိမ့္မယ္လို႔ မဆိုလိုဘူး။ ေအာင္ျမင္မႈႏႈန္း ပိုတိုးလာလာေအာင္ ေလ့က်င့္။" ဆရာခါမြန္က စကားအနည္းငယ္ ထပ္ပိုေျပာလိုက္တယ္။

တကယ္လို႔ ဒါက တျခားတစ္စံုတစ္ေယာက္သာ ျဖစ္မယ္ဆိုရင္ ဆရာခါမြန္က တံေတြးအကုန္ခံ ​ေလအကုန္ခံၿပီး ေျပာေနမွာမဟုတ္ပါဘူး။ ဒါေပမဲ့ ဒီအရည္အခ်င္း႐ွိၿပီး အလုပ္ႀကိဳးစားတဲ့ ဆယ္ေက်ာ္သက္ေလးကိုေတာ့ သူစကားအပို အနည္းငယ္ေျပာဖို႔ လိုလားတယ္။

"ဟုတ္ကဲ့!" ယြီဂ်င္လီက ျပန္ေျဖလိုက္ၿပီးေတာ့ စြမ္းအင္ကတ္နဲ႔အတူ သူ႔အတြက္ စီစဥ္ေပးထားတဲ့အခန္းဆီ ျပန္သြားလိုက္တယ္။ သူေလ့က်င့္ေရးဘုတ္ျပားကို ယူထုတ္လိုက္ၿပီးေတာ့ ေနာက္အပင္တစ္ပင္ကို ဆြဲဖို႔ ျပင္ဆင္လိုက္တယ္။

အသည္းႏွလံုးပံုသ႑ာန္ျမက္ပင္ စြမ္းအင္ကတ္ ျပဳလုပ္ရာမွာ သူေအာင္ျမင္ခဲ့ၿပီးေတာ့ အဲ့အပင္ကိုဆြဲရာမွာ ကြၽမ္းက်င္ေနၿပီ ဆိုေသာ္ျငားလည္းပဲ သူက တျခားအပင္ေတြအတြက္ေတာ့ အေတာ္ကေလး အသစ္အဆန္းျဖစ္ေနေသးၿပီးေတာ့ သူတို႔ရဲ႕ကတ္ေတြကို ျပဳလုပ္ဖို႔ မႀကိဳးပမ္းရေသးခင္မွာ သူစြမ္းအင္ဘုတ္ျပားေပၚမွာ ေလ့က်င့္ဖို႔ လိုအပ္ေနေသးတယ္။

ညေနခင္းတြင္ ယြီဂ်င္လီကို လာႀကိဳဖို႔အတြက္ ေ႐ွာင္မုလန္တစ္ေယာက္ ေရာက္မလာခဲ့ပဲ က်န္းေမာ့႐ွန္း ေရာက္လာခဲ့တယ္။

သူ sport ကားေပၚ ေရာက္တာနဲ႔ခ်က္ခ်င္း ယြီဂ်င္လီတစ္ေယာက္ သူ႔ဘာသာသူ ျပဳလုပ္ထားတဲ့ အသည္းႏွလံုးပံုသ႑ာန္ျမက္ပင္ စြမ္းအင္ကတ္ကို ျပသဖို႔ ေစာင့္မေနႏိုင္ေတာ့ပါဘူး။ "အား႐ွန္း ၾကည့္ၾကည့္။"

က်န္းေမာ့႐ွန္းတစ္ေယာက္ သူ႔လက္ထဲက ေတာက္ပေနတဲ့ အသည္းႏွလံုးပံုသ႑ာန္ျမက္ပင္ စြမ္းအင္ကတ္ကို ၾကည့္လိုက္ၿပီးေတာ့ အနည္းငယ္ အံ့အားသင့္သြားမိေပမဲ့ သူယြီဂ်င္လီရဲ႕ေခါင္းငယ္ေလးကို ထိလိုက္ၿပီးေတာ့ ခ်ီးက်ဴးလိုက္တယ္။ "ဒါကို သစ္အယ္သီးေလးက လုပ္ခဲ့တာလား? သစ္အယ္သီးေလးက ေသခ်ာေပါက္ကို အရမ္းအံ့ျသစရာေကာင္းတာပဲ!"

"ေဟး ဒါက ကြၽန္ေတာ္ျပဳလုပ္ဖူးတဲ့ ပထမဦးဆံုးေသာ စြမ္းအင္ကတ္ပဲ။ ဒါက အား႐ွန္းအတြက္။ အနာဂတ္မွာ ပိုၿပီးေကာင္းမြန္တဲ့ စြမ္းအင္ကတ္ေတြကို ကြၽန္ေတာ္ေသခ်ာေပါက္ ျပဳလုပ္မယ္။ ကြၽန္ေတာ္လုပ္တဲ့ စြမ္းအင္ကတ္ေတြအားလံုးကို အား႐ွန္းက အသံုးျပဳရမယ္ေနာ္။" ယြီဂ်င္လီက စြမ္းအင္ကတ္ကို က်န္းေမာ့႐ွန္းလက္ထဲကို ဝမ္းသာအားရ ထိုးထည့္ေပးလိုက္ၿပီးေတာ့ အျပံဳးေလးနဲ႔ ေျပာလိုက္တယ္။

က်န္းေမာ့႐ွန္းတစ္ေယာက္ ဒီစကားလံုးေတြကို ၾကားလိုက္ရတဲ့အခ်ိန္မွာ သူ႔ရဲ႕ႏွလံုးသားဆီကေန အေႏြးစီးေၾကာင္းေလးတစ္ခုက သူ႔ရဲ႕ခႏၶာကိုယ္တစ္ခုလံုးကို ျဖတ္သန္းစီးဆင္းသြားၿပီးေတာ့ သူ႔ရဲ႕ႏွလံုးသားမွာ လူကို ကုတ္ျခစ္ခ်င္စိတ္ေပါက္သြားေစတဲ့ ယားယံမႈေလးတစ္ခုကို ခံစားလိုက္ရတယ္။

"ေက်းဇူးေနာ္။ သစ္အယ္သီးေလး အဲ့ဒါဆိုရင္ ကိုယ္သစ္အယ္သီးေလးရဲ႕ စြမ္းအင္ကတ္ေတြကို ေစာင့္ေမွ်ာ္ေနမယ္ေနာ္။" က်န္းေမာ့႐ွန္းက ျပံဳးလိုက္ရင္း အရမ္းစိတ္ေက်နပ္သြားမိတယ္။

ခ်စ္ရသူရဲ႕အာရံုစိုက္မႈကို ခံရတာက ခံစားရအရမ္းေကာင္းတာပဲ။ အနာဂတ္မွာ သစ္အယ္သီးေလးက သူအသံုးျပဳမဲ့ စြမ္းအင္ကတ္ေတြကို ျပဳလုပ္မွာျဖစ္ၿပီးေတာ့ ႏွစ္ေယာက္သား တစ္ေယာက္နဲ႔တစ္ေယာက္ ေသခ်ာေပါက္ ေကာင္းေကာင္းမြန္မြန္ ပူးေပါင္းေဆာင္ရြက္သြားႏိုင္ၾကမွာျဖစ္တယ္။

ဒီလိုအနာဂတ္မ်ဳိးကို စဥ္းစားၾကည့္လိုက္မိရံုနဲ႔တင္ က်န္းေမာ့႐ွန္းရဲ႕ေသြးေတြကို ဆူပြက္လာေအာင္ ျပဳလုပ္ၿပီးေနၿပီျဖစ္တယ္။ အဆိပ္ကို ေျဖႏိုင္ေအာင္နဲ႔ သူ႔ရဲ႕စြမ္းအားဗဟိုခ်က္ကို ကုသႏိုင္ေအာင္ သူျမန္ျမန္သြက္သြက္လက္လက္ က်င့္ၾကံမွျဖစ္မယ္။ အဲ့ဒါမွ သစ္အယ္သီးေလးရဲ႕ စြမ္းအင္ကတ္ေတြကို သူပို​ေကာင္းေကာင္းအသံုးျပဳႏိုင္မွာ ျဖစ္တယ္။ အဲ့ကတ္ေတြက ကမာၻေပၚမွာ အေကာင္းဆံုးစြမ္းအင္ကတ္ေတြ ျဖစ္လာလိမ့္မယ္လို႔ သူယံုၾကည္တယ္။

အခုခ်ိန္မွာ က်န္းေမာ့႐ွန္းတစ္ေယာက္ ဒီအေတြးေတြက ဘယ္ေလာက္အထိ မွန္ကန္သြားသလဲဆိုတာကို သူမသိခဲ့တာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ သူက ယြီဂ်င္လီရဲ႕စြမ္းအင္ကတ္ကို "ခ်စ္ရသူတစ္ေယာက္ရဲ႕ မ်က္လံုးအတြင္းမွာ ျမင္ရတဲ့ လွပမႈ" မ်ဳိးဆိုတဲ့ မွန္ဘီလူးအတြင္းမွတဆင့္ ၾကည့္ခဲ့ရံုမွ်သာ ျဖစ္ၿပီးေတာ့ အနာဂတ္အေၾကာင္း ထင္ျမင္ယူဆခ်က္အခ်ိဳ႕ကို ျပဳလုပ္ခဲ့ရံုမွ်သာ ျဖစ္တယ္။

"အင္း။ ဒါေတြအားလံုးက အား႐ွန္းအတြက္ပဲ။" ယြီဂ်င္လီက ေပ်ာ္ရႊင္ေနတဲ့အျပံဳးေလးနဲ႔ ေျပာလိုက္တယ္။

Hehe ငါက အရင္တုန္းက အျမဲတမ္း ေရႊေရာင္ေပါင္လံုးႀကီးရဲ႕အကူအညီကို လက္ခံေနခဲ့ရၿပီး အခုခ်ိန္မွာ ငါေနာက္ဆံုးမွာေတာ့ ေရႊေရာင္ေပါင္လံုးႀကီးကို ျပန္ေပးဆပ္ႏိုင္ခဲ့ၿပီလို႔ ယြီဂ်င္လီတစ္ေယာက္ သူ႔စိတ္ထဲမွာ ေက်နပ္အားရစြာ ေတြးေတာလိုက္မိတယ္။

ယြီဂ်င္လီက ေန႔အခ်ိန္တြင္ ဆရာခါမြန္ဆီမွာ စြမ္းအင္ကတ္ေတြအေၾကာင္းကို သင္ယူၿပီးေတာ့ ညအခ်ိန္တြင္ အိမ္ျပန္ၿပီး သူ႔ရဲ႕ livestream ကို လႊင့္ေတာ့တယ္။ သူ႔ရဲ႕အိပ္ခ်ိန္ကို က်င့္ၾကံေရးအတြက္ အသံုးျပဳတယ္။ ဒီနည္းလမ္းမ်ဳိးနဲ႔ပဲ သူေကာင္းမြန္စြာ က်င့္ၾကံႏိုင္မွာျဖစ္တယ္။

ယြီဂ်င္လီကို သြားႀကိဳခ်ိန္မွလြဲ၍ က်န္းေမာ့႐ွန္းက သူ႔ရဲ႕အခ်ိန္ေတြအားလံုးကို က်င့္ၾကံရင္းနဲ႔ပဲ ကုန္ဆံုးခဲ့တယ္။ ယံုၾကည္မႈစြမ္းအားက က်င့္ၾကံေရးအတြက္ လိုအပ္တယ္ဆိုတာကို သိၿပီးတဲ့ေနာက္မွာ သူအနာဂတ္မွာ ဖန္အခ်ိဳ႕ကို စုေတာင္းဖို႔အတြက္ Star Net ကို တစ္ခါတစ္ရံ လႈံ႔ေဆာ္ေပးဖို႔ကိုလည္း စီစဥ္ထားလိုက္တယ္။

အဲ့ဒါက ဒီအတိုင္း Star Net စတင္ျဖန္႔ခ်ီကတည္းက Star Net ကို အသံုးမျပဳဖူးတဲ့ post ေလးတစ္ခုကိုေတာင္ မတင္ဖူးတဲ့ က်န္းေမာ့႐ွန္းတစ္ေယာက္ ဘာ post တင္ရမလဲဆိုတာကို မသိ႐ွာဘူးျဖစ္ေနတယ္။

လဝက္က ဒီလိုမ်ဳိးနဲ႔ပဲ လ်င္ျမန္စြာ ကုန္ဆံုးသြားခဲ့တယ္။

ယြီဂ်င္လီက F-level စြမ္းအင္ကတ္ ငါးကတ္ကို ဖန္တီးႏိုင္ခဲ့ၿပီးေတာ့ က်န္းေမာ့႐ွန္းရဲ႕ က်င့္ၾကံေရးအဆင့္ကလည္း ခ်ီသန္႔စင္ျခင္းအဆင့္ရဲ႕ စတုတၳအဆင့္ကို ေရာက္႐ွိေနၿပီ ျဖစ္တယ္။ တစ္ခ်ိန္တည္းမွာပဲ ျပည္ေထာင္စုတစ္ခုလံုးမွာ အဓိကအက်ဆံုး ပြဲေတာ္ေတြထဲကတစ္ခုျဖစ္တဲ့ ဆယ္ႏွစ္တစ္ႀကိမ္က်င္းပတဲ့ အေထြေထြေရြးေကာက္ပြဲကလည္း ေနာက္ဆံုးမွာေတာ့ စတင္လာခဲ့ၿပီျဖစ္တယ္။

အစကေတာ့ ေရြးေကာက္ပြဲတြင္ ယြီမိသားစုက က်န္းမိသားစုကို ဖိႏွိပ္ဖို႔အတြက္ ဒါကို အခြင့္အေရးတစ္ခုအေနနဲ႔ယူဖို႔ ရည္ရြယ္ထားခဲ့တာျဖစ္တယ္။ ဒါက သူတို႔မိသားစုရဲ႕အဆင့္အတန္းကို ျမင့္မားလာေစႏိုင္ရံုတင္မကပဲနဲ႔ သူတို႔ကိုယ္ပိုင္အုပ္စုေတြရဲ႕ ဗိုလ္ခ်ဳပ္ေတြကို မာ႐ွယ္ေတြအျဖစ္ ေရြးေကာက္တင္ေျမႇာက္ႏိုင္ဖို႔အတြက္ လမ္းပြင့္လာေစႏိုင္တဲ့အျပင္ အဲ့ဒါက ယြီမိသားစုရဲ႕အ႐ွိန္အဝါကိုလည္း က်ယ္ျပန္႔လာေစႏိုင္မွာ ျဖစ္တယ္။

သို႔ေသာ္လည္း က်န္းေမာ့႐ွန္း ျပန္လည္သက္သာလာၿပီးတဲ့ေနာက္မွာ ဒီအစီအစဥ္ေတြအားလံုးက ပူေဖာင္းေတြအျဖစ္ ေျပာင္းလဲသြားၿပီးေတာ့ လံုးဝကို ၿပိဳကြဲပ်က္စီးသြားေတာ့တယ္။ ယြီေဟာင္ေရြ႕တစ္ေယာက္ အရမ္းေဒါသထြက္ေနမိတာမို႔ သူစြမ္းအင္ေတြျပည့္လွ်ံေနတဲ့ က်န္းဇန္ေထာင္ကို ျမင္လိုက္ရတဲ့အခ်ိန္တိုင္း သူ႔သြားေတြက မုန္းတီးမႈေၾကာင့္ တရြရြျဖစ္လာခဲ့တယ္။

"ျပန္လည္ေရြးေကာက္ခံရတဲ့အတြက္ မာ႐ွယ္က်န္းကို ဂုဏ္ယူပါတယ္။" ယြီေဟာင္ေရြ႕က အျပံဳးေလးနဲ႔ ဂုဏ္ျပဳလိုက္တယ္။

"မာ႐ွယ္ယြီလည္း အတူတူပါပဲ။" က်န္းဇန္ေထာင္ကလည္း အျပံဳးနဲ႔ ျပန္ေျပာလိုက္တယ္။

အေထြေထြေရြးေကာက္ပြဲတြင္ သာမန္ျပည္သူ​ေတြရဲ႕မဲဆႏၵနဲ႔ 80% ထက္ပိုတဲ့ တပ္မေတာ္သားေတြရဲ႕ ပူးေပါင္းပါဝင္ ေထာက္ခံမႈေအာက္တြင္ မာ႐ွယ္သံုးေယာက္က ဆက္လက္ ျပန္လည္ေရြးေကာက္တင္ေျမႇာက္ ခံခဲ့ရၿပီးေတာ့ တစ္ေယာက္ကမွ အစားထိုးမခံခဲ့ရပါဘူး။ ဒါက မဲအေရအတြက္ အမ်ားဆံုးရ႐ွိထားတဲ့ က်န္းဇန္ေထာင္အတြက္ေတာ့ အထူးမွန္ကန္ၿပီးေတာ့ ဘယ္သူကမွ ျပႆနာ႐ွာဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။

အျမဲတမ္း ျပန္လည္ေရြးေကာက္ခံရႏိုင္ေခ် အနည္းဆံုး႐ွိတဲ့ ျပည္ေထာင္စုအႀကီးအကဲေနရာ အတြက္ကေတာ့ သူလည္း ဒီအေထြေထြေရြးေကာက္ပြဲမွာ အေလွ်ာ့မေပးပဲ တင္းခံႏိုင္ခဲ့ၿပီးေတာ့ ဆက္လက္ ျပန္လည္ေရြးေကာက္ တင္ေျမႇာက္ခံခဲ့ရကာ ျပည္ေထာင္စုသမိုင္းတစ္ေလွ်ာက္မွာ ျပန္လည္ေရြးေကာက္ တင္ေျမႇာက္ခံခဲ့ရတဲ့ ျပည္ေထာင္စုအႀကီးအကဲ အနည္းအက်ဥ္းေတြထဲက တစ္ေယာက္ ျဖစ္လာခဲ့တယ္။

သို႔ေသာ္လည္း ျပာ္ေထာင္စုအႀကီးအကဲက ျပည္သူလူထုရဲ႕ေထာက္ခံမႈကို ရ႐ွိခဲ့ၿပီးေတာ့ ဘာလို႔ ျပန္လည္ေရြးေကာက္ တင္ေျမႇာက္ခံခဲ့ရသလဲဆိုတာရဲ႕ အေၾကာင္းအရင္းအမွန္ကေတာ့ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းမွာတုန္းက သုေတသနနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးတြင္ သူေထာက္ခံခ်က္ေပးခဲ့တဲ့ စြမ္းအားျမႇင့္ကိရိယာတစ္ခုေၾကာင့္ ျဖစ္တယ္။ ဒီစြမ္းအားျမႇင့္ကိရိယာက စြမ္းရည္အသံုးျပဳသူတစ္ေယာက္ရဲ႕ level ကို ျမန္ျမန္နဲ႔ သန္သန္မာမာျဖစ္ေအာင္ ျမင့္တင္ေပးႏိုင္တာေၾကာင့္ က်ယ္က်ယ္ျပန္႔ျပန္႔ ခ်ီးမြမ္းျခင္းခံခဲ့ရတယ္။ ထို႔ေၾကာင့္ ျပည္ေထာင္စုဆီ ပိုၿပီးႀကီးမားတဲ့လံုျခံဳမႈကို သယ္ေဆာင္လာႏိုင္ခဲ့တယ္။

ဒီအေထြေထြေရြးေကာက္ပြဲတြင္ ထိပ္ပိုင္းေခါင္းေဆာင္ရာထူးေတြက အေျခခံအားျဖင့္ မေျပာင္းမလဲ တည္႐ွိေနတယ္လို႔ ေျပာလို႔ရတယ္။ အလယ္အလတ္အဆင့္ ရာထူးေတြမွာ အေျပာင္းအလဲအေျမာက္အျမား ႐ွိေသာ္ျငားလည္းပဲ ျပည္ေထာင္စုအေပၚမွာေတာ့ အက်ဳိးသက္ေရာက္မႈ နည္းပါးတယ္။

ေလးလံလွတဲ့ အေထြေထြေရြးေကာက္ပြဲႀကီးက ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ၿပီးဆံုးသြားခဲ့ၿပီျဖစ္တယ္။

ဒီၿငိမ္းခ်မ္းေရးက သီးသန္႔တည္႐ွိ​ေနတာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ တစ္စံုတစ္ေယာက္က စိတ္ဆိုးေဒါသထြက္ေနတာပဲျဖစ္ျဖစ္ ဘယ္လိုထြက္ေပါက္ေပးရမလဲဆိုတာကို မသိတာေၾကာင့္ ဒါက မေသခ်ာမ႐ွင္းလင္းေပ။









Unicode

Chapter(81):အားရှန်းအတွက် အထူးသီးသန့်-2

ခါမွန်က သူ့မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီးတော့ နံရံပေါ်ကအချိန်ကို ကြည့်လိုက်မိတယ်။ သူယွီဂျင်လီရဲ့အခန်းထဲကနေ ထွက်သွားပြီးတဲ့နောက်မှာဆိုရင် အခုချိန်က ဆယ်မိနစ်လောက်သာ ရှိသေးတာဖြစ်တယ်။ ဒီကလေးက အမှန်တကယ်ကို စွမ်းအင်ကတ်တစ်ကတ်ကို ပြုလုပ်ဖန်တီးနိုင်ခဲ့တယ်တဲ့လား?

ဆရာခါမွန်တောင်မှ မတတ်နိုင်ပဲ ရှော့ခ်ရသွားမိတယ်။

ဒါက F-level စွမ်းအင်ကတ်တစ်ကတ်မျှသာ ဖြစ်သော်ငြားလည်းပဲ ဒါကိုပြုလုပ်ဖို့အတွက်ဆိုရင် ကျွမ်းကျင်အဆင့် လက်မှုပညာသည်တစ်ယောက်အနေနဲ့တောင် အနည်းဆုံး အချိန်ဆယ်မိနစ်ယူရတာ ဖြစ်ပြီးတော့ လက်မှုပညာသည်တစ်ယောက်ရဲ့အဆင့်က နိမ့်လာလေလေ အချိန်ပိုယူရလေလေဖြစ်တယ်။ ရလဒ်အနေနဲ့ ယွီဂျင်လီကတော့ ဒါကိုဖန်တီးဖို့အတွက် အမှန်တကယ် အချိန်ဆယ်မိနစ်တိတိကိုပဲ ယူခဲ့တယ်ပေါ့။

သူ့ရဲ့စိတ်စွမ်းအားက အမှန်တကယ်ပဲ D-level လောက်ပဲလား? ဆရာခါမွန်တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ သံသယဝင်သွားမိတယ်။

သူသံသယရှိသော်ငြားလည်းပဲ ဆရာခါမွန်က သူ့မျက်နှာပေါ်မှာတော့ ဘာအမူအရာကိုမှ မပြသပါဘူး။ သူယွီဂျင်လီရဲ့အရှေ့ကို လက်လှမ်းလိုက်ပြီးတော့ ဂရုတစိုက် စစ်ဆေးကြည့်ဖို့အတွက် ပြီးပြည့်စုံနေတဲ့ စွမ်းအင်ကတ်ကို ယူလိုက်တယ်။ ကတ်က ပြီးမြောက်မှု မြန်ဆန်ရုံတင်မကပဲနဲ့ အရည်အသွေးလည်း မြင့်မားတယ်ဆိုတာကို သူတွေ့လိုက်ရပြီးတော့ ယွီဂျင်လီကို ပိုပြီးစိတ်ကျေနပ်မှု ရှိလာခဲ့တယ်။

"ဟုတ်ပြီ။ ဒါက မင်းရဲ့ ကတ်လက်မှု အသက်မွေးဝမ်းကျောင်းပညာရပ်ရဲ့ စမှတ်လေးပဲ ရှိသေးတယ် ဆိုပေမဲ့လည်း မင်းကို အခု ကတ်လက်မှုပညာသည်တစ်ယောက် ဖြစ်ပြီလို့ သတ်မှတ်လို့ရပြီ။ ဂုဏ်ယူပြီး ကိုယ့်ကိုယ်ကို ကျေနပ်အားရမနေနဲ့အုံး။ မင်းထက် ပိုတော် ပိုကောင်းတဲ့ လက်မှုပညာသည်တွေက နေရာတိုင်းမှာ ရှိတယ်ဆိုတာကို မင်းသိထားရမယ်။ နားလည်လား?" ဆရာခါမွန်က တိုက်တွန်းနှိုးဆော်လိုက်တယ်။ သူ့ရဲ့စကားလုံးတွေက အရမ်းမချိုသာဘူး ဆိုသော်ငြားလည်းပဲ ဒါတွေက အမှန်တရားတွေပါ။

"ဟုတ်ကဲ့။ ကျွန်တော်သိပါပြီ။" ယွီဂျင်လီက အပြုံးလေးနဲ့ ပြန်ပြောလိုက်ပြီးတော့ ဝေဖန်ခံနေရတာကို စိတ်ထဲမထားပါဘူး။

"ပြန်သွားပြီး ပိုကြိုးစား။ တစ်ကြိမ်လောက် အောင်မြင်သွားတာက နောက်တစ်ကြိမ် ထပ်အောင်မြင်လိမ့်မယ်လို့ မဆိုလိုဘူး။ အောင်မြင်မှုနှုန်း ပိုတိုးလာလာအောင် လေ့ကျင့်။" ဆရာခါမွန်က စကားအနည်းငယ် ထပ်ပိုပြောလိုက်တယ်။

တကယ်လို့ ဒါက တခြားတစ်စုံတစ်ယောက်သာ ဖြစ်မယ်ဆိုရင် ဆရာခါမွန်က တံတွေးအကုန်ခံ ​လေအကုန်ခံပြီး ပြောနေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအရည်အချင်းရှိပြီး အလုပ်ကြိုးစားတဲ့ ဆယ်ကျော်သက်လေးကိုတော့ သူစကားအပို အနည်းငယ်ပြောဖို့ လိုလားတယ်။

"ဟုတ်ကဲ့!" ယွီဂျင်လီက ပြန်ဖြေလိုက်ပြီးတော့ စွမ်းအင်ကတ်နဲ့အတူ သူ့အတွက် စီစဉ်ပေးထားတဲ့အခန်းဆီ ပြန်သွားလိုက်တယ်။ သူလေ့ကျင့်ရေးဘုတ်ပြားကို ယူထုတ်လိုက်ပြီးတော့ နောက်အပင်တစ်ပင်ကို ဆွဲဖို့ ပြင်ဆင်လိုက်တယ်။

အသည်းနှလုံးပုံသဏ္႑ာန်မြက်ပင် စွမ်းအင်ကတ် ပြုလုပ်ရာမှာ သူအောင်မြင်ခဲ့ပြီးတော့ အဲ့အပင်ကိုဆွဲရာမှာ ကျွမ်းကျင်နေပြီ ဆိုသော်ငြားလည်းပဲ သူက တခြားအပင်တွေအတွက်တော့ အတော်ကလေး အသစ်အဆန်းဖြစ်နေသေးပြီးတော့ သူတို့ရဲ့ကတ်တွေကို ပြုလုပ်ဖို့ မကြိုးပမ်းရသေးခင်မှာ သူစွမ်းအင်ဘုတ်ပြားပေါ်မှာ လေ့ကျင့်ဖို့ လိုအပ်နေသေးတယ်။

ညနေခင်းတွင် ယွီဂျင်လီကို လာကြိုဖို့အတွက် ရှောင်မုလန်တစ်ယောက် ရောက်မလာခဲ့ပဲ ကျန်းမော့ရှန်း ရောက်လာခဲ့တယ်။

သူ sport ကားပေါ် ရောက်တာနဲ့ချက်ချင်း ယွီဂျင်လီတစ်ယောက် သူ့ဘာသာသူ ပြုလုပ်ထားတဲ့ အသည်းနှလုံးပုံသဏ္႑ာန်မြက်ပင် စွမ်းအင်ကတ်ကို ပြသဖို့ စောင့်မနေနိုင်တော့ပါဘူး။ "အားရှန်း ကြည့်ကြည့်။"

ကျန်းမော့ရှန်းတစ်ယောက် သူ့လက်ထဲက တောက်ပနေတဲ့ အသည်းနှလုံးပုံသဏ္႑ာန်မြက်ပင် စွမ်းအင်ကတ်ကို ကြည့်လိုက်ပြီးတော့ အနည်းငယ် အံ့အားသင့်သွားမိပေမဲ့ သူယွီဂျင်လီရဲ့ခေါင်းငယ်လေးကို ထိလိုက်ပြီးတော့ ချီးကျူးလိုက်တယ်။ "ဒါကို သစ်အယ်သီးလေးက လုပ်ခဲ့တာလား? သစ်အယ်သီးလေးက သေချာပေါက်ကို အရမ်းအံ့သြစရာကောင်းတာပဲ!"

"ဟေး ဒါက ကျွန်တော်ပြုလုပ်ဖူးတဲ့ ပထမဦးဆုံးသော စွမ်းအင်ကတ်ပဲ။ ဒါက အားရှန်းအတွက်။ အနာဂတ်မှာ ပိုပြီးကောင်းမွန်တဲ့ စွမ်းအင်ကတ်တွေကို ကျွန်တော်သေချာပေါက် ပြုလုပ်မယ်။ ကျွန်တော်လုပ်တဲ့ စွမ်းအင်ကတ်တွေအားလုံးကို အားရှန်းက အသုံးပြုရမယ်နော်။" ယွီဂျင်လီက စွမ်းအင်ကတ်ကို ကျန်းမော့ရှန်းလက်ထဲကို ဝမ်းသာအားရ ထိုးထည့်ပေးလိုက်ပြီးတော့ အပြုံးလေးနဲ့ ပြောလိုက်တယ်။

ကျန်းမော့ရှန်းတစ်ယောက် ဒီစကားလုံးတွေကို ကြားလိုက်ရတဲ့အချိန်မှာ သူ့ရဲ့နှလုံးသားဆီကနေ အနွေးစီးကြောင်းလေးတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းသွားပြီးတော့ သူ့ရဲ့နှလုံးသားမှာ လူကို ကုတ်ခြစ်ချင်စိတ်ပေါက်သွားစေတဲ့ ယားယံမှုလေးတစ်ခုကို ခံစားလိုက်ရတယ်။

"ကျေးဇူးနော်။ သစ်အယ်သီးလေး အဲ့ဒါဆိုရင် ကိုယ်သစ်အယ်သီးလေးရဲ့ စွမ်းအင်ကတ်တွေကို စောင့်မျှော်နေမယ်နော်။" ကျန်းမော့ရှန်းက ပြုံးလိုက်ရင်း အရမ်းစိတ်ကျေနပ်သွားမိတယ်။

ချစ်ရသူရဲ့အာရုံစိုက်မှုကို ခံရတာက ခံစားရအရမ်းကောင်းတာပဲ။ အနာဂတ်မှာ သစ်အယ်သီးလေးက သူအသုံးပြုမဲ့ စွမ်းအင်ကတ်တွေကို ပြုလုပ်မှာဖြစ်ပြီးတော့ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် သေချာပေါက် ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်သွားနိုင်ကြမှာဖြစ်တယ်။

ဒီလိုအနာဂတ်မျိုးကို စဉ်းစားကြည့်လိုက်မိရုံနဲ့တင် ကျန်းမော့ရှန်းရဲ့သွေးတွေကို ဆူပွက်လာအောင် ပြုလုပ်ပြီးနေပြီဖြစ်တယ်။ အဆိပ်ကို ဖြေနိုင်အောင်နဲ့ သူ့ရဲ့စွမ်းအားဗဟိုချက်ကို ကုသနိုင်အောင် သူမြန်မြန်သွက်သွက်လက်လက် ကျင့်ကြံမှဖြစ်မယ်။ အဲ့ဒါမှ သစ်အယ်သီးလေးရဲ့ စွမ်းအင်ကတ်တွေကို သူပို​ကောင်းကောင်းအသုံးပြုနိုင်မှာ ဖြစ်တယ်။ အဲ့ကတ်တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးစွမ်းအင်ကတ်တွေ ဖြစ်လာလိမ့်မယ်လို့ သူယုံကြည်တယ်။

အခုချိန်မှာ ကျန်းမော့ရှန်းတစ်ယောက် ဒီအတွေးတွေက ဘယ်လောက်အထိ မှန်ကန်သွားသလဲဆိုတာကို သူမသိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူက ယွီဂျင်လီရဲ့စွမ်းအင်ကတ်ကို "ချစ်ရသူတစ်ယောက်ရဲ့ မျက်လုံးအတွင်းမှာ မြင်ရတဲ့ လှပမှု" မျိုးဆိုတဲ့ မှန်ဘီလူးအတွင်းမှတဆင့် ကြည့်ခဲ့ရုံမျှသာ ဖြစ်ပြီးတော့ အနာဂတ်အကြောင်း ထင်မြင်ယူဆချက်အချို့ကို ပြုလုပ်ခဲ့ရုံမျှသာ ဖြစ်တယ်။

"အင်း။ ဒါတွေအားလုံးက အားရှန်းအတွက်ပဲ။" ယွီဂျင်လီက ပျော်ရွှင်နေတဲ့အပြုံးလေးနဲ့ ပြောလိုက်တယ်။

Hehe ငါက အရင်တုန်းက အမြဲတမ်း ရွှေရောင်ပေါင်လုံးကြီးရဲ့အကူအညီကို လက်ခံနေခဲ့ရပြီး အခုချိန်မှာ ငါနောက်ဆုံးမှာတော့ ရွှေရောင်ပေါင်လုံးကြီးကို ပြန်ပေးဆပ်နိုင်ခဲ့ပြီလို့ ယွီဂျင်လီတစ်ယောက် သူ့စိတ်ထဲမှာ ကျေနပ်အားရစွာ တွေးတောလိုက်မိတယ်။

ယွီဂျင်လီက နေ့အချိန်တွင် ဆရာခါမွန်ဆီမှာ စွမ်းအင်ကတ်တွေအကြောင်းကို သင်ယူပြီးတော့ ညအချိန်တွင် အိမ်ပြန်ပြီး သူ့ရဲ့ livestream ကို လွှင့်တော့တယ်။ သူ့ရဲ့အိပ်ချိန်ကို ကျင့်ကြံရေးအတွက် အသုံးပြုတယ်။ ဒီနည်းလမ်းမျိုးနဲ့ပဲ သူကောင်းမွန်စွာ ကျင့်ကြံနိုင်မှာဖြစ်တယ်။

ယွီဂျင်လီကို သွားကြိုချိန်မှလွဲ၍ ကျန်းမော့ရှန်းက သူ့ရဲ့အချိန်တွေအားလုံးကို ကျင့်ကြံရင်းနဲ့ပဲ ကုန်ဆုံးခဲ့တယ်။ ယုံကြည်မှုစွမ်းအားက ကျင့်ကြံရေးအတွက် လိုအပ်တယ်ဆိုတာကို သိပြီးတဲ့နောက်မှာ သူအနာဂတ်မှာ ဖန်အချို့ကို စုတောင်းဖို့အတွက် Star Net ကို တစ်ခါတစ်ရံ လှုံ့ဆော်ပေးဖို့ကိုလည်း စီစဉ်ထားလိုက်တယ်။

အဲ့ဒါက ဒီအတိုင်း Star Net စတင်ဖြန့်ချီကတည်းက Star Net ကို အသုံးမပြုဖူးတဲ့ post လေးတစ်ခုကိုတောင် မတင်ဖူးတဲ့ ကျန်းမော့ရှန်းတစ်ယောက် ဘာ post တင်ရမလဲဆိုတာကို မသိရှာဘူးဖြစ်နေတယ်။

လဝက်က ဒီလိုမျိုးနဲ့ပဲ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်။

ယွီဂျင်လီက F-level စွမ်းအင်ကတ် ငါးကတ်ကို ဖန်တီးနိုင်ခဲ့ပြီးတော့ ကျန်းမော့ရှန်းရဲ့ ကျင့်ကြံရေးအဆင့်ကလည်း ချီသန့်စင်ခြင်းအဆင့်ရဲ့ စတုတၳအဆင့်ကို ရောက်ရှိနေပြီ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ပြည်ထောင်စုတစ်ခုလုံးမှာ အဓိကအကျဆုံး ပွဲတော်တွေထဲကတစ်ခုဖြစ်တဲ့ ဆယ်နှစ်တစ်ကြိမ်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲကလည်း နောက်ဆုံးမှာတော့ စတင်လာခဲ့ပြီဖြစ်တယ်။

အစကတော့ ရွေးကောက်ပွဲတွင် ယွီမိသားစုက ကျန်းမိသားစုကို ဖိနှိပ်ဖို့အတွက် ဒါကို အခွင့်အရေးတစ်ခုအနေနဲ့ယူဖို့ ရည်ရွယ်ထားခဲ့တာဖြစ်တယ်။ ဒါက သူတို့မိသားစုရဲ့အဆင့်အတန်းကို မြင့်မားလာစေနိုင်ရုံတင်မကပဲနဲ့ သူတို့ကိုယ်ပိုင်အုပ်စုတွေရဲ့ ဗိုလ်ချုပ်တွေကို မာရှယ်တွေအဖြစ် ရွေးကောက်တင်မြှောက်နိုင်ဖို့အတွက် လမ်းပွင့်လာစေနိုင်တဲ့အပြင် အဲ့ဒါက ယွီမိသားစုရဲ့အရှိန်အဝါကိုလည်း ကျယ်ပြန့်လာစေနိုင်မှာ ဖြစ်တယ်။

သို့သော်လည်း ကျန်းမော့ရှန်း ပြန်လည်သက်သာလာပြီးတဲ့နောက်မှာ ဒီအစီအစဉ်တွေအားလုံးက ပူဖောင်းတွေအဖြစ် ပြောင်းလဲသွားပြီးတော့ လုံးဝကို ပြိုကွဲပျက်စီးသွားတော့တယ်။ ယွီဟောင်ရွေ့တစ်ယောက် အရမ်းဒေါသထွက်နေမိတာမို့ သူစွမ်းအင်တွေပြည့်လျှံနေတဲ့ ကျန်းဇန်ထောင်ကို မြင်လိုက်ရတဲ့အချိန်တိုင်း သူ့သွားတွေက မုန်းတီးမှုကြောင့် တရွရွဖြစ်လာခဲ့တယ်။

"ပြန်လည်ရွေးကောက်ခံရတဲ့အတွက် မာရှယ်ကျန်းကို ဂုဏ်ယူပါတယ်။" ယွီဟောင်ရွေ့က အပြုံးလေးနဲ့ ဂုဏ်ပြုလိုက်တယ်။

"မာရှယ်ယွီလည်း အတူတူပါပဲ။" ကျန်းဇန်ထောင်ကလည်း အပြုံးနဲ့ ပြန်ပြောလိုက်တယ်။

အထွေထွေရွေးကောက်ပွဲတွင် သာမန်ပြည်သူ​တွေရဲ့မဲဆန္ဒနဲ့ 80% ထက်ပိုတဲ့ တပ်မတော်သားတွေရဲ့ ပူးပေါင်းပါဝင် ထောက်ခံမှုအောက်တွင် မာရှယ်သုံးယောက်က ဆက်လက် ပြန်လည်ရွေးကောက်တင်မြှောက် ခံခဲ့ရပြီးတော့ တစ်ယောက်ကမှ အစားထိုးမခံခဲ့ရပါဘူး။ ဒါက မဲအရေအတွက် အများဆုံးရရှိထားတဲ့ ကျန်းဇန်ထောင်အတွက်တော့ အထူးမှန်ကန်ပြီးတော့ ဘယ်သူကမှ ပြဿနာရှာဖို့ မဖြစ်နိုင်တော့ပါဘူး။

အမြဲတမ်း ပြန်လည်ရွေးကောက်ခံရနိုင်ချေ အနည်းဆုံးရှိတဲ့ ပြည်ထောင်စုအကြီးအကဲနေရာ အတွက်ကတော့ သူလည်း ဒီအထွေထွေရွေးကောက်ပွဲမှာ အလျှော့မပေးပဲ တင်းခံနိုင်ခဲ့ပြီးတော့ ဆက်လက် ပြန်လည်ရွေးကောက် တင်မြှောက်ခံခဲ့ရကာ ပြည်ထောင်စုသမိုင်းတစ်လျှောက်မှာ ပြန်လည်ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ ပြည်ထောင်စုအကြီးအကဲ အနည်းအကျဉ်းတွေထဲက တစ်ယောက် ဖြစ်လာခဲ့တယ်။

သို့သော်လည်း ပြာ်ထောင်စုအကြီးအကဲက ပြည်သူလူထုရဲ့ထောက်ခံမှုကို ရရှိခဲ့ပြီးတော့ ဘာလို့ ပြန်လည်ရွေးကောက် တင်မြှောက်ခံခဲ့ရသလဲဆိုတာရဲ့ အကြောင်းအရင်းအမှန်ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတုန်းက သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွင် သူထောက်ခံချက်ပေးခဲ့တဲ့ စွမ်းအားမြှင့်ကိရိယာတစ်ခုကြောင့် ဖြစ်တယ်။ ဒီစွမ်းအားမြှင့်ကိရိယာက စွမ်းရည်အသုံးပြုသူတစ်ယောက်ရဲ့ level ကို မြန်မြန်နဲ့ သန်သန်မာမာဖြစ်အောင် မြင့်တင်ပေးနိုင်တာကြောင့် ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းခြင်းခံခဲ့ရတယ်။ ထို့ကြောင့် ပြည်ထောင်စုဆီ ပိုပြီးကြီးမားတဲ့လုံခြုံမှုကို သယ်ဆောင်လာနိုင်ခဲ့တယ်။

ဒီအထွေထွေရွေးကောက်ပွဲတွင် ထိပ်ပိုင်းခေါင်းဆောင်ရာထူးတွေက အခြေခံအားဖြင့် မပြောင်းမလဲ တည်ရှိနေတယ်လို့ ပြောလို့ရတယ်။ အလယ်အလတ်အဆင့် ရာထူးတွေမှာ အပြောင်းအလဲအမြောက်အမြား ရှိသော်ငြားလည်းပဲ ပြည်ထောင်စုအပေါ်မှာတော့ အကျိုးသက်ရောက်မှု နည်းပါးတယ်။

လေးလံလှတဲ့ အထွေထွေရွေးကောက်ပွဲကြီးက ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားခဲ့ပြီဖြစ်တယ်။

ဒီငြိမ်းချမ်းရေးက သီးသန့်တည်ရှိ​နေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်စုံတစ်ယောက်က စိတ်ဆိုးဒေါသထွက်နေတာပဲဖြစ်ဖြစ် ဘယ်လိုထွက်ပေါက်ပေးရမလဲဆိုတာကို မသိတာကြောင့် ဒါက မသေချာမရှင်းလင်းပေ။





Continuă lectura

O să-ți placă și

254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
442K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1.2M 90.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
267K 7.1K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."