လူသားသစ္စာ [1101 -1230] Final

By kilulayuu121

77.8K 15.6K 650

Translation of immortal mortal .... More

အခန်း (1101)
အခန်း (1102)
အခန်း (1103)
အခန်း (1104) book 80
အခန်း (1105)
အခန်း (1106)
အခန်း (1107)
အခန်း (1108)
အခန်း (1109)
အခန်း (1110)
အခန်း (1111)
အခန်း (1112)
အခန်း (1113)
အခန်း (1114)
အခန်း (1115)
အခန်း (1116)
အခန်း (1117)
အခန်း (1118)
အခန်း (1119)
အခန်း (1120)
အခန်း (1121)
အခန်း (1122)
အခန်း (1123)
အခန်း (1124)
အခန်း (1125)
အခန်း (1126)
အခန်း (1127)
အခန်း (1128)
အခန်း (1129)
အခန်း (1130)
အခန်း (1131)
အခန်း (1132)
အခန်း (1133)
အခန်း (1134)
အခန်း (1135)
အခန်း (1136)
အခန်း (1137)
အခန်း (1138)
အခန်း (1139)
အခန်း (1140)
အခန်း (1141)
အခန်း (1142)
အခန်း (1143)
အခန်း (1144)
အခန်း (1145)
အခန်း (1146)
အခန်း (1147)
အခန်း (1148)
အခန်း (1149)
အခန်း (1150)
အခန်း (1151)
အခန်း (1152)
အခန်း (1153)
အခန်း (1154)
အခန်း (1155)
အခန်း (1156)
အခန်း (1157)
အခန်း (1158)
အခန်း (1159)
အခန်း (1160)
အခန်း (1161)
အခန်း (1162)
အခန်း (1163)
အခန်း (1164)
အခန်း (1165)
အခန်း (1166)
အခန်း (1167)
အခန်း (1168)
အခန်း (1169)
အခန်း (1170)
အခန်း (1171)
1172
အခန်း (1173)
အခန်း (1174)
အခန်း (1175)
အခန်း (1176)
အခန်း (1177)
အခန်း (1178)
အခန်း (1179)
အခန်း (1180)
အခန်း (1181)
အခန်း (1182)
အခန်း (1183)
အခန်း (1184)
အခန်း (1185)
အခန်း (1186)
အခန်း (1187)
အခန်း (1188)
အခန်း (1189)
အခန်း (1190)
အခန်း (1191)
အခန်း (1192)
အခန်း (1193)
အခန်း (1194)
အခန်း (1195)
အခန်း (1196)
အခန်း (1198)
အခန်း (1199)
အခန်း (1200)
အခန်း (1201)
အခန်း (1202)
အခန်း (1203)
အခန်း (1204)
အခန်း (1205)
အခန်း (1206)
အခန်း (1207)
အခန်း (1208)
အခန်း (1209)
အခန်း (1210)
အခန်း (1211)
အခန်း (1212)
အခန်း (1213)
အခန်း (1214)
အခန်း (1215)
အခန်း (1216)
အခန်း (1217)
အခန်း (1218)
အခန်း (1219)
အခန်း (1220)
အခန်း (1221)
အခန်း (1222)
အခန်း (1223)
အခန်း (1224)
အခန်း (1225)
အခန်း (1226)
အခန်း (1227)
အခန်း (1228)
အခန်း (1229)
အခန်း (1230)
နှုတ်ဆက်စကား

အခန်း (1197)

558 113 5
By kilulayuu121

အခန်း (၁၁၉၇) : ကူချိုက်၏ ရည်မှန်းချက်

“အစ်ကိုကြီးမို… သူမက ကျွန်မရဲ့ကူမျိုးနွယ်က တပည့်တွေကို သတ်ပစ်ခဲ့တယ်”

ကူချိုက်က စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီးမှ ပြောလိုက်သည်။

မိုဝူကျိက ခေါင်းငြိမ့်ကာ

“ကျုပ် သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က သိုက်နန်ကျန်းနဲ့ မိတ်ဆွေဖြစ်နေလို့ပဲ။ သူမနဲ့ ကူမျိုးနွယ်ကြားက ပတ်သက်မှုက နည်းနည်း ရှုပ်ထွေးတယ်ဆိုတာကိုလည်း ကျုပ် သိထားပြီးသား။ နန်ကျန်း… ကူချိုက်ကို အရင်က ဘာဖြစ်ခဲ့လဲဆိုတာ ရှင်းပြလိုက်ပါဦး”

“ဟုတ်ကဲ့”

ကူချိုက်၏ အင်အားကို မြင်ပြီးနောက် သိုက်နန်ကျန်းသည် သူမအစ်ကိုအတွက် လက်တုံ့ပြန်ဖို့ရာမှာ မဖြစ်နိုင်တော့မှန်း သိလိုက်သည်။ သိသာစွာပင် ကူချိုက်က သူမထက် အဆပေါင်းများစွာ ပိုအားကောင်းလေသည်။

သိုက်နန်ကျန်းက သူမ အစ်ကိုအကြောင်းနှင့် ကူချူက သူမဆီမှ မည်သို့မည်ပုံ လိမ်ညာ၍ သစ်နက်အပိုင်းအစ ယူသွားခဲ့ပုံတို့အား ပြန်ပြောပြလိုက်သည်။ သိသာစွာပင် သူမနှင့် သူမ အစ်ကိုတို့သည် ပြဿနာ၏ မြေဇာပင် ဖြစ်ခဲ့ရလေသည်။ ကူမျိုးနွယ်က သူမအစ်ကိုကို ဦးဆောင်သတ်ဖြတ်ခဲ့ပြီး သူမကိုလည်း အမှောင်ထု မူလခန်းမ၏ အပြင်ဘက်နံရံတွင် ကပ်ထားကြသည်။

ဇာတ်ကြောင်းစုံကို နားထောင်ပြီးသည့်နောက်၌ ကူချိုက်က တည်တည်ငြိမ်ငြိမ်ပဲ ရှိနေကာ မျက်နှာတွင်လည်း မည်သည့် အမူအယာမှ မရှိချေ။ သူမက ဤအကြောင်းများကို သိပြီးနှင့်သည်မှာ ကြာလှပြီ ဖြစ်သည်။ သူမက ကူမျိုးနွယ်ဆီတွင် သစ်နက်အပိုင်းအစကို လာရှာခြင်း ဖြစ်သည်။ သေချာစုံစမ်းကြည့်လိုက်သောအခါ ကူချူက သစ်နက်အပိုင်းအစကို အမှန်တကယ် ယူသွားခဲ့ကြောင်း သိလိုက်ရသည်။ သို့သော် ကူချူက သစ်နက်နှင့်အတူ ထွက်ပြေးသွားကာ နတ်ဘုရားနယ်မြေကို ရောက်သွားခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ကူချူက သူမ၏ ဘိုးဘွားဖြစ်လေရာ ဘိုးဘေးမကောင်းကြောင်းကိုတော့ သူမ ပြောမည် မဟုတ်ပေ။ ကူချိုက်သည် ပြန်ရောက်လာသည့်အချိန်၌ သူမ၏ အင်အားကြောင့် မျိုးနွယ်၏ နံပါတ်တစ် အဆင့်မြင့်ကျင့်ကြံသူ ဖြစ်လာခဲ့သည်။

ကူချိုက်၏ မျက်လုံးထဲတွင် အပျော်တို့ မရှိတော့သည်ကို ခံစားမိသောအခါ မိုဝူကျိက သက်ပြင်း ကျိတ်ချလိုက်သည်။ ကူမျိုးနွယ်၏ လုပ်ရပ်များကို သူက တော်တော်လေး သဘောမတွေ့လှချေ။ သို့သော် ကူချိုက်မှာ ကူမျိုးနွယ်၏ မျိူးဆက်ဖြစ်လေရာ သူတို့ဘက်မှ စဉ်းစားပေးပေလိမ့်မည်။ ဤကိစ္စနှင့်ပတ်သက်ပြီး မိုဝူကျိက ဘာမှဝင်မပြောနိုင်ပေ။

သို့သော် ကူချိုက်က သိုက်နန်ကျန်းအား သတ်မည်ကိုလည်း မိုဝူကျိက ခွင့်ပြုမည် မဟုတ်ပေ။

“အစ်ကိုကြီးမို… အစ်ကို့မျက်နှာကို ထောက်ပြီး ကျွန်မ သူမကို ဒီနေ့ မသတ်တော့ပါဘူး”

ခဏကြာပြီးနောက် ကူချိုက်က စကားပြန်စလိုက်သည်။

မိုဝူကျိက ခေါင်းအသာငြိမ့်လိုက်သည်။ သူ၏ ရင်ထဲတွင်လည်း ကူချိုက်နှင့် ပြန်တွေ့ရသဖြင့် ဖြစ်ပေါ်လာသော အပျော်များ မရှိတော့ချေ။ သူက သိုက်နန်ကျန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“နန်ကျန်း… သွားကြစို့”

“ဟုတ်ကဲ့… စီနီယာအစ်ကိုမို”

သိုက်နန်ကျန်းက ယနေ့အဖို့ သူမအစ်ကိုအတွက် လက်တုံ့မပြန်နိုင်တော့မှန်း သိသည်။ ထိုမျှသာမက ရှေ့လျှောက် ကူချိုက်၏ လိုက်လံဖမ်းဆီးမှုကိုပါ ခံရတော့မည် ဖြစ်သည်။ စောစောတုန်းက ကူချိုက်သည် မိုဝူကျိ၏ မျက်နှာကြောင့် သူမကို ယနေ့ မသတ်တော့ဟုသာ ပြောခဲ့သည်။ အနာဂတ်တွင် မသတ်တော့ပါဟု ပြောခဲ့သည် မဟုတ်ပေ။

“အစ်ကိုကြီးမို… ကျွန်မမှာ အစ်ကို့ကို အကူအညီတောင်းစရာ တစ်ခုရှိတယ်”

သိုက်နန်ကျန်းကို လွှတ်ပေးလိုက်ပြီးနောက် ကူချိုက်သည် နောက်ဆုံးတွင် စိတ်ငြိမ်သွားပြီ ဖြစ်သည်။ သူမက စကားပြောနေရင်းဖြင့်ပင် မိုဝူကျိအား ဦးညွှတ်လိုက်လေ၏။

မိုဝူကျိက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

“ပြောကြည့်ပါဦး။ ကျုပ်ရဲ့ခံယူချက်ကိုလည်း မဆန့်ကျင်နေဘူး၊ ကျုပ်လည်း ကူညီပေးနိုင်တယ် ဆိုရင်ပေါ့”

ကူချိုက်က တစ်ခါထပ်မံ ဦးညွှတ်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အစ်ကိုကြီးမိုကြောင့်သာ မဟုတ်ရင် ကျွန်မ ဒီနေ့အထိ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။ ပုံမှန်အတိုင်းဆို ဒီလိုကိစ္စမျိုး မပြောသင့်မှန်း သိပေမဲ့ အမှောင်ထု သဘာဝအမြုတေက ကျွန်မအတွက် အရမ်းကို အရေးပါနေလို့ပါ။ အစ်ကိုကြီးမို ကျွန်မကို အဲ့ဒီဟာ ပေးငှားဖို့ ကျွန်မ တကယ်မျှော်လင့်မိပါတယ်”

မိုဝူကျိက ကူချိုက်ကို စိုက်ပဲကြည့်နေပြီး အချိန်တော်တော်ကြာသည်အထိ ဘာစကားမှမပြောချေ။

ကူချိုက် စကားများ၏ ဆိုလိုရင်းကို သူနားလည်သည်။ သူမက သူမ၏ အင်အားသည် သူ့ကို အပုံကြီး ကျော်လွန်သွားပြီဖြစ်ကြောင်း ပြောပြနေခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ လက်သုံးပြီး ဖြေရှင်းမည်ဆိုပါက သူမက သူ့ဆီမှ ထိုအမြုတေကို လုယူနိုင်လိမ့်ဦးမည် ဖြစ်သည်။ မိုဝူကျိအပေါ် တင်နေသည့် ကျေးဇူးတရားကြောင့် သူမက ငှားပါဆိုသည့် အသုံးကို သုံးလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမအား ငှားလိုက်ခြင်းက ပြန်ပေးလိုက်ခြင်းနှင့် တူညီနေမှန်း မိုဝူကျိ သိသည်။

မိုဝူကျိ ဘာမှမပြောသည်ကို သတိပြုမိသောအခါ၌ ကူချိုက်က ဆက်ပြောလိုက်သည်။

“အစ်ကိုကြီးမို… ကျွန်မ ကံကောင်းလို့ ကျွန်မမှာ အစ်ကိုကြီးမိုထက် နည်းနည်းလေး ပိုမြင့်တဲ့ ကျင့်ကြံဆင့် ရှိနိုင်ခဲ့တာ။ တကယ်လို့ အစ်ကိုကြီးမိုမှာ အခက်အခဲ ရှိနေရင် ကျွန်မ ဒီကိစ္စကို နောင်ဘယ်တော့မှ ထပ်မပြောတော့ပါဘူး”

ကူချိုက်က ခဏလောက် စဉ်းစားတွေဝေနေပြီးမှ ထပ်မံ ရှင်းပြလိုက်သည်။

“အစ်ကိုကြီးမို… စကြဝဠာထဲမှာ ပြောင်းလဲကြီးတစ်ခု ဖြစ်ပေါ်တော့မယ်ပုံပဲ။ အင်မတန် အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေ အများကြီးက ဒီကာလတွေအတွင်းမှာ ပေါ်လာကြလိမ့်မယ်။ ကျွန်မ ကျင့်ကြံတာ အမှောင်ကျင့်စဉ်လေ။

ဒါကြောင့် အမှောင်ထု သဘာဝအမြုတေ မရှိရင် ကျွန်မအတွက် ရှေ့တက်လှမ်းဖို့ တကယ်ကို ခက်ခဲနေလို့ပါ။ အရင်တုန်းက ကျွန်မက အရမ်းကိုအားနည်းနေခဲ့လို့ အမှောင်ထု သဘာဝအမြုတေက ကျွန်မအတွက် ဘယ်လောက်တောင် အရေးပါသလဲဆိုတာ ကျွန်မ မသိခဲ့မိဘူး”

မိုဝူကျိက နှုတ်ဆိတ်မြဲသာ နှုတ်ဆိတ်နေသည်။ သူ့ကြောင့်သာ မဟုတ်ပါက ကူချိုက်သည် အသစ်ထွက်ပေါ်ကာစ နတ်ဘုရားသိုက်မြုံထဲသို့ပင် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ အမှောင်ထု မူလခန်းမကိုဆိုလျှင် ပိုတောင်ဝေးသေးသည်။ ကူချိုက်၏ တစ်ခုတည်းသော ပန်းတိုင်မှာ အမှောင်ထု မူလခန်းမဆီမှ ထွက်ပေါ်နေသော အမှောင်ထု စည်းမျဉ်းများ၏ ဦးတည်ရာကို သူ့အား ကူရှာပေးရန် ဖြစ်သည်။

ထို့နောက် ကူချိုက်အား အမှောင်ထု မူလခန်းမထဲသို့ ခေါ်ဆောင်သွားခဲ့သူမှာ သူ ဖြစ်သည်။ ကူချိုက် ကျင့်ကြံရန်အတွက် အမှောင်ထု မူလသလင်းကျောက်ကို ပေးခဲ့သူမှာလည်း သူသာလျှင် ဖြစ်သည်။ အမှောင်ထု သဘာဝအမြုတေကိုလည်း သူသာ ရှာတွေ့ပြီး သိမ်းထားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အမှောင်ထု သဘာဝအမြုတေမှာ သူ့အတွက် အသုံးဝင်သောကြောင့်သာ သူ သိမ်းထားခြင်းဖြစ်ကြောင်း သူက ကူချိုက်အား ရှင်းပြခဲ့သည်။ သူ ထိုသို့ရှင်းပြခဲ့ရသည့် အကြောင်းအရင်းမှာ အမြုတေကို ရှာတွေ့ခဲ့သူမှာ ကူချိုက် ဖြစ်သောကြောင့် မဟုတ်ပေ။ ကူချိုက်အား အလေးထားသောကြောင့်သာ ရှင်းပြခဲ့ခြင်းသာ ဖြစ်သည်။ သူက သူမအား အားနည်းသူ တစ်ယောက်အဖြစ် မသတ်မှတ်လိုသောကြောင့် ဖြစ်သည်။

မိုဝူကျိက မိတ်ဆွေ သံယောဇဉ်ကို အလေးအထားဆုံး ဖြစ်သည်။ ထို့အပြင် သူကျင့်ကြံသည်မှာ လူသားတာအိုဖြစ်လေရာ မိတ်ဆွေနှင့် ချစ်ရသူများက သူ့အတွက် အလွန်အရေးပါလေသည်။ အကယ်၍ သူ့ဆီတွင် အမှောင်ထု သဘာဝအမြုတေ ရှိနေသေးပါက လမ်းခွဲနှုတ်ဆက်စကား မဆိုခင် ကူချိုက်အား လက်ဆောင်အဖြစ် လက်မတွန့်ဘဲ ပေးလိုက်မည် ဖြစ်သည်။

သည်နှစ်များအတွင်း ကူချိုက်တစ်ယောက် မည်သည့်အရာများ ကြုံတွေ့ခဲ့ရသနည်းအား မိုဝူကျိ မသိပေ။ စွမ်းအားနှင့် မဟာတာအိုတို့၏ရှေ့တွင် သူမက မိတ်ဆွေသံယောဇဉ်ကို ဖြတ်တောက်ဖို့ ရွေးချယ်ခဲ့လေသည်။

သူ သေမည်ထက် သူမဘာသာ အသေခံလိုက်မည်ဖြစ်သော ဟန်ချင်းရုအကြောင်း တွေးမိသောအခါ မိုဝူကျိက သက်ပြင်းချလိုက်သည်။ သူမ အသက်နှင့် ရင်းပြီး မိုချင်းချယ်အား အဝေးသို့ ခေါ်သွားပေးခဲ့သော ယန်လီအကြောင်းကို တွေးမိသည်။ သူနှင့်အတူ အားကုန်သုံး၍ တိုက်ခိုက်လိမ့်မည်ဖြစ်သော ယွမ်ကျန်းရီနှင့် ဒေါ်လေး ဆယ့်တစ်တို့အကြောင်းအား တွေးမိသည်။

မိတ်ဆွေတိုင်းက ပြောင်းလဲသွားသည်တော့ မဟုတ်ချေ။ တကယ်တမ်းတွင် မိတ်ဆွေသံယောဇဉ် အများစုသည် အချိန်ကြာလာသည်နှင့်အမျှ ပိုပိုပြီး အဖိုးတန်လာကြလေသည်။

မိုဝူကျိက အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ကူချိုက်အား ပြောလိုက်သည်။။

“တကယ်ကို စိတ်မကောင်းပါဘူး… ကျုပ် အမှောင်ထု သဘာဝအမြုတေကို ထုတ်မပေးနိုင်ဘူး”

ကူချိုက်က အနည်းငယ် အံ့သြသွားသည်။ သူမမျက်လုံးထဲတွင် မိုဝူကျိသည် အင်မတန် ရက်ရောသူ တစ်ယောက် ဖြစ်သည်။ သူမ ပြောပြလိုက်လျှင် မိုဝူကျိက သေချာပေါက် သူမအား ပေးလိမ့်မည်ဟု ကူချိုက်က တွေးထားသည်။ ထို့နောက်မှ ဖြစ်နိုင်သည်မှာ မိုဝူကျိကလည်း သူမ၏ အမှောင်ကျင့်စဉ်ကို ကျင့်ကြံလောက်သည်ဟု သူမက နားလည်သွားသည်။ ထို့သို့ဆိုလျှင် အမှောင်ထု သဘာဝအမြုတေက သူ့အတွက်လည်း ထပ်တူထပ်မျှ အရေးပါနေပေလိမ့်မည်။

မည်သူကများ ဝိဇ္ဇာအဆင့်သို့ မရောက်ချင်ဘဲ နေပါ့မည်နည်း။ သူမက ဝိဇ္ဇာတစ်ယောက် ဖြစ်ချင်သလို မိုဝူကျိလည်းပဲ ဖြစ်ချင်ပေလိမ့်မည်။

ဤသို့တွေးမိကာ ကူချိုက်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

“ဒီလိုဆိုမှတော့ ကူချိုက် အစ်ကိုကြီးမိုကို အခက်တွေ့အောင် မလုပ်တော့ပါဘူး။ ကူချိုက်နဲ့ အစ်ကိုကြီးမိုနဲ့ မတွေ့တာ ကြာမြင့်လှပြီ။ အခု အစ်ကိုကြီးမိုက ထျန်းကူမြို့ကို ရောက်နေပြီဆိုမှတော့ ကျွန်မတို့မြို့မှာ ရက်အနည်းငယ်လောက် လာနေပါ့လားရှင်”

မိုဝူကျိက အသာတုံ့ပြန်လိုက်သည်။

“နေပါစေ။ ကျုပ် သွားမှရတော့မယ်။ ပြီးတော့ ကျုပ်တို့တွေ ပြန်ဆုံကြဦးမှာပါ”

မိုဝူကျိ ထွက်သွားတော့မည်ကို သတိပြုမိသောအခါ သိုက်နန်ကျန်းက အမြန် သတိပေးလိုက်သည်။

“စီနီယာအစ်ကိုမို… ကူမျိုးနွယ်ဆီမှာ ကျွန်မအစ်ကိုရဲ့ပစ္စည်း ရှိသေးတယ်လေ”

သူမက ကမ္ဘာဦးမိခင်သံမဏိကို မိုဝူကျိအား လက်ဆောင်ပေးရန် စိတ်စောနေသည်။ သူမ မျက်လုံးထဲတွင် မိုဝူကျိက ကူချိုက်အောက် နည်းနည်းလေးမှ အားမနည်းနေပေ။

“မလိုတော့ဘူး။ အရင်ဆုံး ပြန်ကြရအောင်ပါ”

သိုက်နန်ကျန်းက ကမ္ဘာဦး မိခင်သံမဏိအကြောင်းကို ပြောနေမှန်း မိုဝူကျိ သိသည်။ သိုက်နန်ကျန်း ရထားသည့်သတင်းမှာ မှားနေသည်ဟု သူက သံသယဝင်မိသည်။ သံမဏိကို မော့နီမြို့အောက်တွင် ရှာတွေ့ခဲ့ပြီးလေပြီ။ သံမဏိမှာ နဂိုကတည်းက ကူမျိုးနွယ်အပိုင် ဖြစ်နိုင်ချေ များလေသည်။

“အစ်ကိုတို့ ရှာနေတာ ကမ္ဘာဦး မိခင်သံမဏိလား”

ကူချိုက်က ရုတ်တရက် လက်သီးအရွယ် သံမဏိပိုင်းကို ထုတ်ပြလိုက်သည်။

မိုဝူကျိက လက်သီးအရွယ် သံမဏိပိုင်းကို မြင်သောအခါ ထိုအရာမှာ ကမ္ဘာဦး မိခင်သံမဏိမှန်း သိလိုက်သည်။ ဤအပိုင်းအစမှာ သူရှာတွေ့ခဲ့သော ဆယ်ပေကျော် ကမ္ဘာဦး မိခင်သံမဏိချောင်းမှ ထုယူထားမှန်း  သေချာသွားသည်။ သို့သော် ထိုအပိုင်းကို သိုက်ဖန်းက ထုယူခဲ့သလား သို့မဟုတ် ကူမျိုးနွယ်က ထုယူခဲ့သလား ဆိုသည်ကား သူမသိပေ။

“အဲ့ဒါက ကျွန်မအစ်ကို သိုက်ဖန်း ပိုင်တဲ့ဟာ”

သိုက်နန်ကျန်း၏ လေသံက ရေခဲပမာ အေးခဲသွားသည်။ ကူမျိုးနွယ်သည် သူမအစ်ကိုကို သတ်ခဲ့သည်။ သို့တိုင် သူတို့က သူမအစ်ကို၏ ပစ္စည်းကို သူမရှေ့တွင် ထုတ်ပြရဲသည်။

ကူချိုက်က တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြန်သည်။

“ဒါကို ဘယ်သူပိုင်သလဲ ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မ ရှင့်ကို တစ်ခုမေးချင်တယ်။ ရှင့်အစ်ကိုက ဒီကမ္ဘာဦး မိခင်သံမဏိကို ဘယ်ကနေ ရလာခဲ့တာလဲ”

မိုဝူကျိ၏ မျက်နှာမှာ သုန်မှုန်သွားသည်။ ကူချိုက်၏ လေသံမှာ အရမ်းကို အထက်စီးဆန်လွန်းနေ၏။ မိုဝူကျိက ကူချိုက်အား တောက်လျှောက် ကူညီခဲ့သည်။ သူမ၏ အမှောင်ကျင့်စဉ်ကို မိုဝူကျိအား တစ်ခေါက်ပေးကြည့်သည်မှလွဲ၍ ကူချိုက်က မိုဝူကျိအား တခြားဘာမှ မည်မည်ရရ ကျေးဇူးပြန်ဆပ်ထားခြင်းမျိုး မရှိချေ။ ထို့အပြင် ကူချိုက်၏ စကားတို့မှ ထိုသံမဏိပိုင်းကို သိုက်ဖန်း ပိုင်ဆိုင်မှန်း မိုဝူကျိက ပြောနိုင်လေသည်။

“စီနီယာအစ်ကိုမို… ကျွန်မတို့ သွားကြရအောင်”

သိုက်နန်ကျန်းက ထိုမေးခွန်းကို ပြောဖြေရန်ပင် ဂရုစိုက်မနေတော့ဘဲ မိုဝူကျိဘက်သို့ လှည့်ပြောလိုက်သည်။

စကားအနည်းငယ် ပြောပြချင်သော မိုဝူကျိသည်လည်း တခြားပြဿနာတွေ ထပ်မရှာချင်တော့ပေ။ သူက လက်ကိုဝေ့လိုက်ပြီး သိုက်နန်ကျန်းကို သူ၏ အချိန်စက်ဝန်းပြားပေါ်သို့ ခေါ်ဆောင်လိုက်သည်။ ချက်ချင်းပင် သူတို့က ထျန်းကူမြို့မှ ပျောက်ကွယ်သွားလေသည်။

ကံကြမ္မာ ထိပ်သီးရတနာ အချိန်စက်ဝန်းပြားပါလား…

မိုဝူကျိ၏ အချိန်စက်ဝန်းပြားကို မြင်သောအခါ ကူချိုက်၏ မျက်လုံးများက တွန့်ချိုးသွားသည်။ သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးမှ အမှာစကား ပို့လွှတ်လိုက်သည်။ ထို့နောက် သူမက တခြားသူတွေ အားလုံးဘက်သို့ လှည့်ကာ

“ကူရှဲ့ကလွဲပြီး ကျန်တဲ့လူတွေအကုန်လုံး ပြန်လို့ ရပြီ”

အမွှေးတိုင် တစ်ဝက်စာပင် မရှိသေးခင် ပိန်ပိန်ရှည်ရှည်နှင့်လူတစ်ယောက်က ကူချိုက်၏ အရှေ့သို့ ရောက်ရှိလာသည်။

“ဝိဇ္ဇာသခင်ကို ဂါရဝပြုပါတယ်”

ကူချိုက်က ကျောက်စိမ်းပြားတစ်ပြားကို ထိုသူ့ဆီ ပေးကာ

“ဒီစိတ်ဝိညာဉ်အမှတ်အသားအတိုင်း လိုက်သွားပြီး အဲ့ဒီ့မိန်းမကို ပြန်ခေါ်လာခဲ့။ မှတ်ထား… နောက်တစ်ယောက်က ငါ့ရဲ့မိတ်ဆွေ။ သူ့ကိုမသတ်နဲ့။ အသက်ရှင်ခွင့် ပေးလိုက်။ ဒါပေမဲ့ သူရဲ့သိုလှောင်လက်စွပ်နဲ့ ယာဉ်ပျံရတနာကိုတော့ ပြန်ယူလာခဲ့”

“ဟုတ်ကဲ့”

ပိန်ပိန်ရှည်ရှည်နှင့်လူက ဦးညွှတ်ကာ ဖြေကြားလိုက်သည်။

ပိန်ပိန်ရှည်ရှည်နှင့်လူ ထွက်သွားပြီးသည့်နောက်တွင် ကူချိုက်က ကူရှဲ့အတွက် အဆောင်တစ်ခု ထုတ်ယူလိုက်ကာ

“ဒီအဆောင်ကို အသက်သွင်းလိုက်။ မင်း ပြန်ရောက်ရင် အခြေအနေအသေးစိတ်ကို ငါ့ကို ပြန်ပြောပြ”

ကူရှဲ့က အဆောင်ကို အမြန်ယူလိုက်သည်။ သူက သူ၏ အဖြတ်ခံထားရသောလက်ကို ကောက်ယူပြီးနောက် အမြန်ထွက်သွားလိုက်သည်။

……………………………..

“စီနီယာအစ်ကိုမို… တောင်းပန်ပါတယ်။ အစ်ကိုနဲ့ ကူမျိုးနွယ်က ကူချိုက်နဲ့ သိနေလိမ့်မယ်လို့ မသိလို့ပါ”

မြို့မှ ထွက်လာခဲ့ပြီးနောက် သိုက်နန်ကျန်းက ရှင်းပြလိုက်သည်။

မိုဝူကျိနှင့် ကူချိုက်တို့ကြားမှ ပတ်သက်မှုသည် သူမကြောင့် ခွာပြဲသွားရမှန်း သူမ ပြောနိုင်လေသည်။

မိုဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ

“မင်းနဲ့မဆိုင်ပါဘူး။ မင်းရဲ့ပြဿနာ မရှိခဲ့ရင်တောင်မှ ကျုပ်တို့ရဲ့ပတ်သက်မှုက ဆက်ရှေ့ဆက်လို့ မဖြစ်ဘူး”

ကူချိုက်က သူ့ဆီမှ အမှောင်ထု သဘာဝအမြုတေကို တောင်းကတည်းက မိုဝူကျိက နားလည်သွားခဲ့သည်။ မိုဝူကျိနှင့်သူမ ယနေ့တွင် မတွေ့ခဲ့လျှင်တောင်မှ ကူချိုက်က နောင်အနာဂတ်တွင် အမြုတေကို လာတောင်းလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ ကူချိုက်က ရည်မှန်းချက် အသစ်တစ်ခုကို ရှာတွေ့သွားသောကြောင့် ဖြစ်သည်။ သူမက ဝိဇ္ဇာတစ်ယောက် အရမ်းကို ဖြစ်ချင်နေသည်။ အမှောင်ထု သဘာဝအမြုတေ သို့မဟုတ် သစ်နက် မရှိပါဘဲနှင့် သူမအတွက် ဝိဇ္ဇာတစ်ယောက် ဖြစ်လာဖို့မှာလည်း အင်မတန် ခက်ခဲပေလိမ့်မည်။

သိုက်နန်ကျန်းက တစ်ခုခု ပြောချင်နေသည်ကို မြင်သောအခါ မိုဝူကျိက သူ၏ နှုတ်ခမ်းကို လက်ညိုးနှင့်ထိကာ စကားဆက်မပြောရန် အချက်ပြလိုက်သည်။ သူက အချိန်စက်ဝန်းပြားကို ရပ်လိုက်ပြီး ပြောလိုက်သည်မှာ

“ကျုပ်တို့နောက်ကို လိုက်လာနေတဲ့လူ ရှိတယ်”

****

အခန္း (၁၁၉၇) : ကူခ်ိဳက္၏ ရည္မွန္းခ်က္

“အစ္ကိုႀကီးမို… သူမက ကြၽန္မရဲ႕ကူမ်ိဳးႏြယ္က တပည့္ေတြကို သတ္ပစ္ခဲ့တယ္”

ကူခ်ိဳက္က စိတ္တည္ၿငိမ္ေအာင္ လုပ္လိုက္ၿပီးမွ ေျပာလိုက္သည္။

မိုဝူက်ိက ေခါင္းၿငိမ့္ကာ

“က်ဳပ္ သိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ဳပ္က သိုက္နန္က်န္းနဲ႔ မိတ္ေဆြျဖစ္ေနလို႔ပဲ။ သူမနဲ႔ ကူမ်ိဳးႏြယ္ၾကားက ပတ္သက္မႈက နည္းနည္း ရႈပ္ေထြးတယ္ဆိုတာကိုလည္း က်ဳပ္ သိထားၿပီးသား။ နန္က်န္း… ကူခ်ိဳက္ကို အရင္က ဘာျဖစ္ခဲ့လဲဆိုတာ ရွင္းျပလိုက္ပါဦး”

“ဟုတ္ကဲ့”

ကူခ်ိဳက္၏ အင္အားကို ျမင္ၿပီးေနာက္ သိုက္နန္က်န္းသည္ သူမအစ္ကိုအတြက္ လက္တုံ႔ျပန္ဖို႔ရာမွာ မျဖစ္ႏိုင္ေတာ့မွန္း သိလိုက္သည္။ သိသာစြာပင္ ကူခ်ိဳက္က သူမထက္ အဆေပါင္းမ်ားစြာ ပိုအားေကာင္းေလသည္။

သိုက္နန္က်န္းက သူမ အစ္ကိုအေၾကာင္းႏွင့္ ကူခ်ဴက သူမဆီမွ မည္သို႔မည္ပုံ လိမ္ညာ၍ သစ္နက္အပိုင္းအစ ယူသြားခဲ့ပုံတို႔အား ျပန္ေျပာျပလိုက္သည္။ သိသာစြာပင္ သူမႏွင့္ သူမ အစ္ကိုတို႔သည္ ျပႆနာ၏ ေျမဇာပင္ ျဖစ္ခဲ့ရေလသည္။ ကူမ်ိဳးႏြယ္က သူမအစ္ကိုကို ဦးေဆာင္သတ္ျဖတ္ခဲ့ၿပီး သူမကိုလည္း အေမွာင္ထု မူလခန္းမ၏ အျပင္ဘက္နံရံတြင္ ကပ္ထားၾကသည္။

ဇာတ္ေၾကာင္းစုံကို နားေထာင္ၿပီးသည့္ေနာက္၌ ကူခ်ိဳက္က တည္တည္ၿငိမ္ၿငိမ္ပဲ ရွိေနကာ မ်က္ႏွာတြင္လည္း မည္သည့္ အမူအယာမွ မရွိေခ်။ သူမက ဤအေၾကာင္းမ်ားကို သိၿပီးႏွင့္သည္မွာ ၾကာလွၿပီ ျဖစ္သည္။ သူမက ကူမ်ိဳးႏြယ္ဆီတြင္ သစ္နက္အပိုင္းအစကို လာရွာျခင္း ျဖစ္သည္။ ေသခ်ာစုံစမ္းၾကည့္လိုက္ေသာအခါ ကူခ်ဴက သစ္နက္အပိုင္းအစကို အမွန္တကယ္ ယူသြားခဲ့ေၾကာင္း သိလိုက္ရသည္။ သို႔ေသာ္ ကူခ်ဴက သစ္နက္ႏွင့္အတူ ထြက္ေျပးသြားကာ နတ္ဘုရားနယ္ေျမကို ေရာက္သြားခဲ့သည္။

မည္သို႔ပင္ ဆိုေစကာမူ ကူခ်ဴက သူမ၏ ဘိုးဘြားျဖစ္ေလရာ ဘိုးေဘးမေကာင္းေၾကာင္းကိုေတာ့ သူမ ေျပာမည္ မဟုတ္ေပ။ ကူခ်ိဳက္သည္ ျပန္ေရာက္လာသည့္အခ်ိန္၌ သူမ၏ အင္အားေၾကာင့္ မ်ိဳးႏြယ္၏ နံပါတ္တစ္ အဆင့္ျမင့္က်င့္ႀကံသူ ျဖစ္လာခဲ့သည္။

ကူခ်ိဳက္၏ မ်က္လုံးထဲတြင္ အေပ်ာ္တို႔ မရွိေတာ့သည္ကို ခံစားမိေသာအခါ မိုဝူက်ိက သက္ျပင္း က်ိတ္ခ်လိုက္သည္။ ကူမ်ိဳးႏြယ္၏ လုပ္ရပ္မ်ားကို သူက ေတာ္ေတာ္ေလး သေဘာမေတြ႕လွေခ်။ သို႔ေသာ္ ကူခ်ိဳက္မွာ ကူမ်ိဳးႏြယ္၏ မ်ိဴးဆက္ျဖစ္ေလရာ သူတို႔ဘက္မွ စဥ္းစားေပးေပလိမ့္မည္။ ဤကိစၥႏွင့္ပတ္သက္ၿပီး မိုဝူက်ိက ဘာမွဝင္မေျပာႏိုင္ေပ။

သို႔ေသာ္ ကူခ်ိဳက္က သိုက္နန္က်န္းအား သတ္မည္ကိုလည္း မိုဝူက်ိက ခြင့္ျပဳမည္ မဟုတ္ေပ။

“အစ္ကိုႀကီးမို… အစ္ကို႔မ်က္ႏွာကို ေထာက္ၿပီး ကြၽန္မ သူမကို ဒီေန႔ မသတ္ေတာ့ပါဘူး”

ခဏၾကာၿပီးေနာက္ ကူခ်ိဳက္က စကားျပန္စလိုက္သည္။

မိုဝူက်ိက ေခါင္းအသာၿငိမ့္လိုက္သည္။ သူ၏ ရင္ထဲတြင္လည္း ကူခ်ိဳက္ႏွင့္ ျပန္ေတြ႕ရသျဖင့္ ျဖစ္ေပၚလာေသာ အေပ်ာ္မ်ား မရွိေတာ့ေခ်။ သူက သိုက္နန္က်န္းဘက္သို႔ လွည့္ကာ ေျပာလိုက္သည္။

“နန္က်န္း… သြားၾကစို႔”

“ဟုတ္ကဲ့… စီနီယာအစ္ကိုမို”

သိုက္နန္က်န္းက ယေန႔အဖို႔ သူမအစ္ကိုအတြက္ လက္တုံ႔မျပန္ႏိုင္ေတာ့မွန္း သိသည္။ ထိုမွ်သာမက ေရွ႕ေလွ်ာက္ ကူခ်ိဳက္၏ လိုက္လံဖမ္းဆီးမႈကိုပါ ခံရေတာ့မည္ ျဖစ္သည္။ ေစာေစာတုန္းက ကူခ်ိဳက္သည္ မိုဝူက်ိ၏ မ်က္ႏွာေၾကာင့္ သူမကို ယေန႔ မသတ္ေတာ့ဟုသာ ေျပာခဲ့သည္။ အနာဂတ္တြင္ မသတ္ေတာ့ပါဟု ေျပာခဲ့သည္ မဟုတ္ေပ။

“အစ္ကိုႀကီးမို… ကြၽန္မမွာ အစ္ကို႔ကို အကူအညီေတာင္းစရာ တစ္ခုရွိတယ္”

သိုက္နန္က်န္းကို လႊတ္ေပးလိုက္ၿပီးေနာက္ ကူခ်ိဳက္သည္ ေနာက္ဆုံးတြင္ စိတ္ၿငိမ္သြားၿပီ ျဖစ္သည္။ သူမက စကားေျပာေနရင္းျဖင့္ပင္ မိုဝူက်ိအား ဦးၫႊတ္လိုက္ေလ၏။

မိုဝူက်ိက တည္ၿငိမ္စြာ တုံ႔ျပန္လိုက္သည္။

“ေျပာၾကည့္ပါဦး။ က်ဳပ္ရဲ႕ခံယူခ်က္ကိုလည္း မဆန႔္က်င္ေနဘူး၊ က်ဳပ္လည္း ကူညီေပးႏိုင္တယ္ ဆိုရင္ေပါ့”

ကူခ်ိဳက္က တစ္ခါထပ္မံ ဦးၫႊတ္လိုက္ၿပီးမွ ျဖည္းျဖည္းခ်င္း ေျပာလိုက္သည္။

“အစ္ကိုႀကီးမိုေၾကာင့္သာ မဟုတ္ရင္ ကြၽန္မ ဒီေန႔အထိ အသက္ရွင္ႏိုင္မွာ မဟုတ္ပါဘူး။ ပုံမွန္အတိုင္းဆို ဒီလိုကိစၥမ်ိဳး မေျပာသင့္မွန္း သိေပမဲ့ အေမွာင္ထု သဘာဝအျမဳေတက ကြၽန္မအတြက္ အရမ္းကို အေရးပါေနလို႔ပါ။ အစ္ကိုႀကီးမို ကြၽန္မကို အဲ့ဒီဟာ ေပးငွားဖို႔ ကြၽန္မ တကယ္ေမွ်ာ္လင့္မိပါတယ္”

မိုဝူက်ိက ကူခ်ိဳက္ကို စိုက္ပဲၾကည့္ေနၿပီး အခ်ိန္ေတာ္ေတာ္ၾကာသည္အထိ ဘာစကားမွမေျပာေခ်။

ကူခ်ိဳက္ စကားမ်ား၏ ဆိုလိုရင္းကို သူနားလည္သည္။ သူမက သူမ၏ အင္အားသည္ သူ႔ကို အပုံႀကီး ေက်ာ္လြန္သြားၿပီျဖစ္ေၾကာင္း ေျပာျပေနျခင္း ျဖစ္သည္။ အကယ္၍ သူတို႔သာ လက္သုံးၿပီး ေျဖရွင္းမည္ဆိုပါက သူမက သူ႔ဆီမွ ထိုအျမဳေတကို လုယူႏိုင္လိမ့္ဦးမည္ ျဖစ္သည္။ မိုဝူက်ိအေပၚ တင္ေနသည့္ ေက်းဇူးတရားေၾကာင့္ သူမက ငွားပါဆိုသည့္ အသုံးကို သုံးလိုက္ျခင္း ျဖစ္သည္။ သို႔ေသာ္ သူမအား ငွားလိုက္ျခင္းက ျပန္ေပးလိုက္ျခင္းႏွင့္ တူညီေနမွန္း မိုဝူက်ိ သိသည္။

မိုဝူက်ိ ဘာမွမေျပာသည္ကို သတိျပဳမိေသာအခါ၌ ကူခ်ိဳက္က ဆက္ေျပာလိုက္သည္။

“အစ္ကိုႀကီးမို… ကြၽန္မ ကံေကာင္းလို႔ ကြၽန္မမွာ အစ္ကိုႀကီးမိုထက္ နည္းနည္းေလး ပိုျမင့္တဲ့ က်င့္ႀကံဆင့္ ရွိႏိုင္ခဲ့တာ။ တကယ္လို႔ အစ္ကိုႀကီးမိုမွာ အခက္အခဲ ရွိေနရင္ ကြၽန္မ ဒီကိစၥကို ေနာင္ဘယ္ေတာ့မွ ထပ္မေျပာေတာ့ပါဘူး”

ကူခ်ိဳက္က ခဏေလာက္ စဥ္းစားေတြေဝေနၿပီးမွ ထပ္မံ ရွင္းျပလိုက္သည္။

“အစ္ကိုႀကီးမို… စၾကဝဠာထဲမွာ ေျပာင္းလဲႀကီးတစ္ခု ျဖစ္ေပၚေတာ့မယ္ပုံပဲ။ အင္မတန္ အဆင့္ျမင့္တဲ့ က်င့္ႀကံသူေတြ အမ်ားႀကီးက ဒီကာလေတြအတြင္းမွာ ေပၚလာၾကလိမ့္မယ္။ ကြၽန္မ က်င့္ႀကံတာ အေမွာင္က်င့္စဥ္ေလ။

ဒါေၾကာင့္ အေမွာင္ထု သဘာဝအျမဳေတ မရွိရင္ ကြၽန္မအတြက္ ေရွ႕တက္လွမ္းဖို႔ တကယ္ကို ခက္ခဲေနလို႔ပါ။ အရင္တုန္းက ကြၽန္မက အရမ္းကိုအားနည္းေနခဲ့လို႔ အေမွာင္ထု သဘာဝအျမဳေတက ကြၽန္မအတြက္ ဘယ္ေလာက္ေတာင္ အေရးပါသလဲဆိုတာ ကြၽန္မ မသိခဲ့မိဘူး”

မိုဝူက်ိက ႏႈတ္ဆိတ္ၿမဲသာ ႏႈတ္ဆိတ္ေနသည္။ သူ႔ေၾကာင့္သာ မဟုတ္ပါက ကူခ်ိဳက္သည္ အသစ္ထြက္ေပၚကာစ နတ္ဘုရားသိုက္ၿမဳံထဲသို႔ပင္ ဝင္ေရာက္ႏိုင္လိမ့္မည္ မဟုတ္ေပ။ အေမွာင္ထု မူလခန္းမကိုဆိုလွ်င္ ပိုေတာင္ေဝးေသးသည္။ ကူခ်ိဳက္၏ တစ္ခုတည္းေသာ ပန္းတိုင္မွာ အေမွာင္ထု မူလခန္းမဆီမွ ထြက္ေပၚေနေသာ အေမွာင္ထု စည္းမ်ဥ္းမ်ား၏ ဦးတည္ရာကို သူ႔အား ကူရွာေပးရန္ ျဖစ္သည္။

ထို႔ေနာက္ ကူခ်ိဳက္အား အေမွာင္ထု မူလခန္းမထဲသို႔ ေခၚေဆာင္သြားခဲ့သူမွာ သူ ျဖစ္သည္။ ကူခ်ိဳက္ က်င့္ႀကံရန္အတြက္ အေမွာင္ထု မူလသလင္းေက်ာက္ကို ေပးခဲ့သူမွာလည္း သူသာလွ်င္ ျဖစ္သည္။ အေမွာင္ထု သဘာဝအျမဳေတကိုလည္း သူသာ ရွာေတြ႕ၿပီး သိမ္းထားခဲ့ျခင္း ျဖစ္သည္။ ထိုစဥ္က အေမွာင္ထု သဘာဝအျမဳေတမွာ သူ႔အတြက္ အသုံးဝင္ေသာေၾကာင့္သာ သူ သိမ္းထားျခင္းျဖစ္ေၾကာင္း သူက ကူခ်ိဳက္အား ရွင္းျပခဲ့သည္။ သူ ထိုသို႔ရွင္းျပခဲ့ရသည့္ အေၾကာင္းအရင္းမွာ အျမဳေတကို ရွာေတြ႕ခဲ့သူမွာ ကူခ်ိဳက္ ျဖစ္ေသာေၾကာင့္ မဟုတ္ေပ။ ကူခ်ိဳက္အား အေလးထားေသာေၾကာင့္သာ ရွင္းျပခဲ့ျခင္းသာ ျဖစ္သည္။ သူက သူမအား အားနည္းသူ တစ္ေယာက္အျဖစ္ မသတ္မွတ္လိုေသာေၾကာင့္ ျဖစ္သည္။

မိုဝူက်ိက မိတ္ေဆြ သံေယာဇဥ္ကို အေလးအထားဆုံး ျဖစ္သည္။ ထို႔အျပင္ သူက်င့္ႀကံသည္မွာ လူသားတာအိုျဖစ္ေလရာ မိတ္ေဆြႏွင့္ ခ်စ္ရသူမ်ားက သူ႔အတြက္ အလြန္အေရးပါေလသည္။ အကယ္၍ သူ႔ဆီတြင္ အေမွာင္ထု သဘာဝအျမဳေတ ရွိေနေသးပါက လမ္းခြဲႏႈတ္ဆက္စကား မဆိုခင္ ကူခ်ိဳက္အား လက္ေဆာင္အျဖစ္ လက္မတြန႔္ဘဲ ေပးလိုက္မည္ ျဖစ္သည္။

သည္ႏွစ္မ်ားအတြင္း ကူခ်ိဳက္တစ္ေယာက္ မည္သည့္အရာမ်ား ႀကဳံေတြ႕ခဲ့ရသနည္းအား မိုဝူက်ိ မသိေပ။ စြမ္းအားႏွင့္ မဟာတာအိုတို႔၏ေရွ႕တြင္ သူမက မိတ္ေဆြသံေယာဇဥ္ကို ျဖတ္ေတာက္ဖို႔ ေ႐ြးခ်ယ္ခဲ့ေလသည္။

သူ ေသမည္ထက္ သူမဘာသာ အေသခံလိုက္မည္ျဖစ္ေသာ ဟန္ခ်င္း႐ုအေၾကာင္း ေတြးမိေသာအခါ မိုဝူက်ိက သက္ျပင္းခ်လိုက္သည္။ သူမ အသက္ႏွင့္ ရင္းၿပီး မိုခ်င္းခ်ယ္အား အေဝးသို႔ ေခၚသြားေပးခဲ့ေသာ ယန္လီအေၾကာင္းကို ေတြးမိသည္။ သူႏွင့္အတူ အားကုန္သုံး၍ တိုက္ခိုက္လိမ့္မည္ျဖစ္ေသာ ယြမ္က်န္းရီႏွင့္ ေဒၚေလး ဆယ့္တစ္တို႔အေၾကာင္းအား ေတြးမိသည္။

မိတ္ေဆြတိုင္းက ေျပာင္းလဲသြားသည္ေတာ့ မဟုတ္ေခ်။ တကယ္တမ္းတြင္ မိတ္ေဆြသံေယာဇဥ္ အမ်ားစုသည္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ပိုပိုၿပီး အဖိုးတန္လာၾကေလသည္။

မိုဝူက်ိက အသက္ျပင္းျပင္း တစ္ခ်က္ရႈလိုက္ၿပီး ကူခ်ိဳက္အား ေျပာလိုက္သည္။။

“တကယ္ကို စိတ္မေကာင္းပါဘူး… က်ဳပ္ အေမွာင္ထု သဘာဝအျမဳေတကို ထုတ္မေပးႏိုင္ဘူး”

ကူခ်ိဳက္က အနည္းငယ္ အံ့ၾသသြားသည္။ သူမမ်က္လုံးထဲတြင္ မိုဝူက်ိသည္ အင္မတန္ ရက္ေရာသူ တစ္ေယာက္ ျဖစ္သည္။ သူမ ေျပာျပလိုက္လွ်င္ မိုဝူက်ိက ေသခ်ာေပါက္ သူမအား ေပးလိမ့္မည္ဟု ကူခ်ိဳက္က ေတြးထားသည္။ ထို႔ေနာက္မွ ျဖစ္ႏိုင္သည္မွာ မိုဝူက်ိကလည္း သူမ၏ အေမွာင္က်င့္စဥ္ကို က်င့္ႀကံေလာက္သည္ဟု သူမက နားလည္သြားသည္။ ထို႔သို႔ဆိုလွ်င္ အေမွာင္ထု သဘာဝအျမဳေတက သူ႔အတြက္လည္း ထပ္တူထပ္မွ် အေရးပါေနေပလိမ့္မည္။

မည္သူကမ်ား ဝိဇၨာအဆင့္သို႔ မေရာက္ခ်င္ဘဲ ေနပါ့မည္နည္း။ သူမက ဝိဇၨာတစ္ေယာက္ ျဖစ္ခ်င္သလို မိုဝူက်ိလည္းပဲ ျဖစ္ခ်င္ေပလိမ့္မည္။

ဤသို႔ေတြးမိကာ ကူခ်ိဳက္က တည္ၿငိမ္စြာ တုံ႔ျပန္လိုက္သည္။

“ဒီလိုဆိုမွေတာ့ ကူခ်ိဳက္ အစ္ကိုႀကီးမိုကို အခက္ေတြ႕ေအာင္ မလုပ္ေတာ့ပါဘူး။ ကူခ်ိဳက္နဲ႔ အစ္ကိုႀကီးမိုနဲ႔ မေတြ႕တာ ၾကာျမင့္လွၿပီ။ အခု အစ္ကိုႀကီးမိုက ထ်န္းကူၿမိဳ႕ကို ေရာက္ေနၿပီဆိုမွေတာ့ ကြၽန္မတို႔ၿမိဳ႕မွာ ရက္အနည္းငယ္ေလာက္ လာေနပါ့လားရွင္”

မိုဝူက်ိက အသာတုံ႔ျပန္လိုက္သည္။

“ေနပါေစ။ က်ဳပ္ သြားမွရေတာ့မယ္။ ၿပီးေတာ့ က်ဳပ္တို႔ေတြ ျပန္ဆုံၾကဦးမွာပါ”

မိုဝူက်ိ ထြက္သြားေတာ့မည္ကို သတိျပဳမိေသာအခါ သိုက္နန္က်န္းက အျမန္ သတိေပးလိုက္သည္။

“စီနီယာအစ္ကိုမို… ကူမ်ိဳးႏြယ္ဆီမွာ ကြၽန္မအစ္ကိုရဲ႕ပစၥည္း ရွိေသးတယ္ေလ”

သူမက ကမာၻဦးမိခင္သံမဏိကို မိုဝူက်ိအား လက္ေဆာင္ေပးရန္ စိတ္ေစာေနသည္။ သူမ မ်က္လုံးထဲတြင္ မိုဝူက်ိက ကူခ်ိဳက္ေအာက္ နည္းနည္းေလးမွ အားမနည္းေနေပ။

“မလိုေတာ့ဘူး။ အရင္ဆုံး ျပန္ၾကရေအာင္ပါ”

သိုက္နန္က်န္းက ကမာၻဦး မိခင္သံမဏိအေၾကာင္းကို ေျပာေနမွန္း မိုဝူက်ိ သိသည္။ သိုက္နန္က်န္း ရထားသည့္သတင္းမွာ မွားေနသည္ဟု သူက သံသယဝင္မိသည္။ သံမဏိကို ေမာ့နီၿမိဳ႕ေအာက္တြင္ ရွာေတြ႕ခဲ့ၿပီးေလၿပီ။ သံမဏိမွာ နဂိုကတည္းက ကူမ်ိဳးႏြယ္အပိုင္ ျဖစ္ႏိုင္ေခ် မ်ားေလသည္။

“အစ္ကိုတို႔ ရွာေနတာ ကမာၻဦး မိခင္သံမဏိလား”

ကူခ်ိဳက္က ႐ုတ္တရက္ လက္သီးအ႐ြယ္ သံမဏိပိုင္းကို ထုတ္ျပလိုက္သည္။

မိုဝူက်ိက လက္သီးအ႐ြယ္ သံမဏိပိုင္းကို ျမင္ေသာအခါ ထိုအရာမွာ ကမာၻဦး မိခင္သံမဏိမွန္း သိလိုက္သည္။ ဤအပိုင္းအစမွာ သူရွာေတြ႕ခဲ့ေသာ ဆယ္ေပေက်ာ္ ကမာၻဦး မိခင္သံမဏိေခ်ာင္းမွ ထုယူထားမွန္း  ေသခ်ာသြားသည္။ သို႔ေသာ္ ထိုအပိုင္းကို သိုက္ဖန္းက ထုယူခဲ့သလား သို႔မဟုတ္ ကူမ်ိဳးႏြယ္က ထုယူခဲ့သလား ဆိုသည္ကား သူမသိေပ။

“အဲ့ဒါက ကြၽန္မအစ္ကို သိုက္ဖန္း ပိုင္တဲ့ဟာ”

သိုက္နန္က်န္း၏ ေလသံက ေရခဲပမာ ေအးခဲသြားသည္။ ကူမ်ိဳးႏြယ္သည္ သူမအစ္ကိုကို သတ္ခဲ့သည္။ သို႔တိုင္ သူတို႔က သူမအစ္ကို၏ ပစၥည္းကို သူမေရွ႕တြင္ ထုတ္ျပရဲသည္။

ကူခ်ိဳက္က တည္ၿငိမ္စြာ တုံ႔ျပန္လိုက္ျပန္သည္။

“ဒါကို ဘယ္သူပိုင္သလဲ ကြၽန္မ မသိဘူး။ ဒါေပမဲ့ ကြၽန္မ ရွင့္ကို တစ္ခုေမးခ်င္တယ္။ ရွင့္အစ္ကိုက ဒီကမာၻဦး မိခင္သံမဏိကို ဘယ္ကေန ရလာခဲ့တာလဲ”

မိုဝူက်ိ၏ မ်က္ႏွာမွာ သုန္မႈန္သြားသည္။ ကူခ်ိဳက္၏ ေလသံမွာ အရမ္းကို အထက္စီးဆန္လြန္းေန၏။ မိုဝူက်ိက ကူခ်ိဳက္အား ေတာက္ေလွ်ာက္ ကူညီခဲ့သည္။ သူမ၏ အေမွာင္က်င့္စဥ္ကို မိုဝူက်ိအား တစ္ေခါက္ေပးၾကည့္သည္မွလြဲ၍ ကူခ်ိဳက္က မိုဝူက်ိအား တျခားဘာမွ မည္မည္ရရ ေက်းဇူးျပန္ဆပ္ထားျခင္းမ်ိဳး မရွိေခ်။ ထို႔အျပင္ ကူခ်ိဳက္၏ စကားတို႔မွ ထိုသံမဏိပိုင္းကို သိုက္ဖန္း ပိုင္ဆိုင္မွန္း မိုဝူက်ိက ေျပာႏိုင္ေလသည္။

“စီနီယာအစ္ကိုမို… ကြၽန္မတို႔ သြားၾကရေအာင္”

သိုက္နန္က်န္းက ထိုေမးခြန္းကို ေျပာေျဖရန္ပင္ ဂ႐ုစိုက္မေနေတာ့ဘဲ မိုဝူက်ိဘက္သို႔ လွည့္ေျပာလိုက္သည္။

စကားအနည္းငယ္ ေျပာျပခ်င္ေသာ မိုဝူက်ိသည္လည္း တျခားျပႆနာေတြ ထပ္မရွာခ်င္ေတာ့ေပ။ သူက လက္ကိုေဝ့လိုက္ၿပီး သိုက္နန္က်န္းကို သူ၏ အခ်ိန္စက္ဝန္းျပားေပၚသို႔ ေခၚေဆာင္လိုက္သည္။ ခ်က္ခ်င္းပင္ သူတို႔က ထ်န္းကူၿမိဳ႕မွ ေပ်ာက္ကြယ္သြားေလသည္။

ကံၾကမၼာ ထိပ္သီးရတနာ အခ်ိန္စက္ဝန္းျပားပါလား…

မိုဝူက်ိ၏ အခ်ိန္စက္ဝန္းျပားကို ျမင္ေသာအခါ ကူခ်ိဳက္၏ မ်က္လုံးမ်ားက တြန႔္ခ်ိဳးသြားသည္။ သူမက အသက္ျပင္းျပင္း တစ္ခ်က္ရႉလိုက္ၿပီးမွ အမွာစကား ပို႔လႊတ္လိုက္သည္။ ထို႔ေနာက္ သူမက တျခားသူေတြ အားလုံးဘက္သို႔ လွည့္ကာ

“ကူရွဲ႕ကလြဲၿပီး က်န္တဲ့လူေတြအကုန္လုံး ျပန္လို႔ ရၿပီ”

အေမႊးတိုင္ တစ္ဝက္စာပင္ မရွိေသးခင္ ပိန္ပိန္ရွည္ရွည္ႏွင့္လူတစ္ေယာက္က ကူခ်ိဳက္၏ အေရွ႕သို႔ ေရာက္ရွိလာသည္။

“ဝိဇၨာသခင္ကို ဂါရဝျပဳပါတယ္”

ကူခ်ိဳက္က ေက်ာက္စိမ္းျပားတစ္ျပားကို ထိုသူ႔ဆီ ေပးကာ

“ဒီစိတ္ဝိညာဥ္အမွတ္အသားအတိုင္း လိုက္သြားၿပီး အဲ့ဒီ့မိန္းမကို ျပန္ေခၚလာခဲ့။ မွတ္ထား… ေနာက္တစ္ေယာက္က ငါ့ရဲ႕မိတ္ေဆြ။ သူ႔ကိုမသတ္နဲ႔။ အသက္ရွင္ခြင့္ ေပးလိုက္။ ဒါေပမဲ့ သူရဲ႕သိုေလွာင္လက္စြပ္နဲ႔ ယာဥ္ပ်ံရတနာကိုေတာ့ ျပန္ယူလာခဲ့”

“ဟုတ္ကဲ့”

ပိန္ပိန္ရွည္ရွည္ႏွင့္လူက ဦးၫႊတ္ကာ ေျဖၾကားလိုက္သည္။

ပိန္ပိန္ရွည္ရွည္ႏွင့္လူ ထြက္သြားၿပီးသည့္ေနာက္တြင္ ကူခ်ိဳက္က ကူရွဲ႕အတြက္ အေဆာင္တစ္ခု ထုတ္ယူလိုက္ကာ

“ဒီအေဆာင္ကို အသက္သြင္းလိုက္။ မင္း ျပန္ေရာက္ရင္ အေျခအေနအေသးစိတ္ကို ငါ့ကို ျပန္ေျပာျပ”

ကူရွဲ႕က အေဆာင္ကို အျမန္ယူလိုက္သည္။ သူက သူ၏ အျဖတ္ခံထားရေသာလက္ကို ေကာက္ယူၿပီးေနာက္ အျမန္ထြက္သြားလိုက္သည္။

……………………………..

“စီနီယာအစ္ကိုမို… ေတာင္းပန္ပါတယ္။ အစ္ကိုနဲ႔ ကူမ်ိဳးႏြယ္က ကူခ်ိဳက္နဲ႔ သိေနလိမ့္မယ္လို႔ မသိလို႔ပါ”

ၿမိဳ႕မွ ထြက္လာခဲ့ၿပီးေနာက္ သိုက္နန္က်န္းက ရွင္းျပလိုက္သည္။

မိုဝူက်ိႏွင့္ ကူခ်ိဳက္တို႔ၾကားမွ ပတ္သက္မႈသည္ သူမေၾကာင့္ ခြာၿပဲသြားရမွန္း သူမ ေျပာႏိုင္ေလသည္။

မိုဝူက်ိက ခပ္ယဲ့ယဲ့ ၿပဳံးကာ

“မင္းနဲ႔မဆိုင္ပါဘူး။ မင္းရဲ႕ျပႆနာ မရွိခဲ့ရင္ေတာင္မွ က်ဳပ္တို႔ရဲ႕ပတ္သက္မႈက ဆက္ေရွ႕ဆက္လို႔ မျဖစ္ဘူး”

ကူခ်ိဳက္က သူ႔ဆီမွ အေမွာင္ထု သဘာဝအျမဳေတကို ေတာင္းကတည္းက မိုဝူက်ိက နားလည္သြားခဲ့သည္။ မိုဝူက်ိႏွင့္သူမ ယေန႔တြင္ မေတြ႕ခဲ့လွ်င္ေတာင္မွ ကူခ်ိဳက္က ေနာင္အနာဂတ္တြင္ အျမဳေတကို လာေတာင္းလိမ့္မည္ ျဖစ္သည္။ အေၾကာင္းမွာ ကူခ်ိဳက္က ရည္မွန္းခ်က္ အသစ္တစ္ခုကို ရွာေတြ႕သြားေသာေၾကာင့္ ျဖစ္သည္။ သူမက ဝိဇၨာတစ္ေယာက္ အရမ္းကို ျဖစ္ခ်င္ေနသည္။ အေမွာင္ထု သဘာဝအျမဳေတ သို႔မဟုတ္ သစ္နက္ မရွိပါဘဲႏွင့္ သူမအတြက္ ဝိဇၨာတစ္ေယာက္ ျဖစ္လာဖို႔မွာလည္း အင္မတန္ ခက္ခဲေပလိမ့္မည္။

သိုက္နန္က်န္းက တစ္ခုခု ေျပာခ်င္ေနသည္ကို ျမင္ေသာအခါ မိုဝူက်ိက သူ၏ ႏႈတ္ခမ္းကို လက္ညိဳးႏွင့္ထိကာ စကားဆက္မေျပာရန္ အခ်က္ျပလိုက္သည္။ သူက အခ်ိန္စက္ဝန္းျပားကို ရပ္လိုက္ၿပီး ေျပာလိုက္သည္မွာ

“က်ဳပ္တို႔ေနာက္ကို လိုက္လာေနတဲ့လူ ရွိတယ္”

Continue Reading

You'll Also Like

655K 88.4K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
24.9K 2.5K 200
ချင်ယန်ဇီဟာ သစ္စာဖောက်တွေလက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံး ပြီးဆုံးသွားပြီလို့ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။သူဟာ ယီယွမ်လို့ခေါ်တဲ...
751K 30.2K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....