ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီ...

By Berry_Xin

791K 142K 7.6K

This is not my own story. It is my second translation work. All Credits to original author. Associated name-你... More

Description
Chapter-{1}
Chapter-{2}
Chapter-{3}
Chapter-{4}
ပူတူးတို့အားအသိပေးခြင်း
Chapter-{5}
Chapter-{6}
Chapter-{7}
Chapter-{8}
Chapter-{9}
Chapter-{10}
Chapter-{11}
Chapter-{12}
Chapter-{13.1}
Chapter-{13.2}
Chapter-{14}
Chapter-{15}
Chapter-{16}
Chapter-{17}
Chapter-{18}
Not update‼️
Chapter-{19}
Chapter-{20}
Chapter-{21.1}
Chapter-{21.2}
Chapter-{22.1}
Chapter-{22.2}
Chapter-{23.1}
Chapter-{23.2}
Chapter-{24.1}
Chapter-{24.2}
Chapter-{24.3}
Chapter-{24.4}
Chapter-{25.1}
Chapter-{25.2}
Chapter-{26.1}
Chapter-{26.2}
Chapter-{27.1}
Chapter-{27.2}
Chapter-{28.1}
Chapter-{28.2}
Chapter-{28.3}
Chapter-{29.1}
Chapter-{29.2}
Chapter-{30.1}
Chapter-{30.2}
Chapter-{31}
Chapter-{32}
Chapter-{33.1}
Chapter-{33.2}
Chapter-{34}
Chapter-{35.2}
Chapter-{36}
Chapter-{37}
Chapter-{38}
Chapter-{39}
Chapter-{40}
Chapter-{41}
Chapter-{42}
Chapter-{43}
Chapter-{44}
Chapter-{45.1}
Chapter-{45.2}
Chapter-{46}
Chapter-{47}

Chapter-{35.1}

10.5K 2K 220
By Berry_Xin

Unicode

မင်းရဲ့လူက အိပ်ရာပေါ်မှာမစွမ်းဆောင်နိုင်ဘူး
 
တိတ်ဆိတ်မှုတို့ကြီးစိုးနေတဲ့ ရေချိုးခန်းထဲတွင်ရေချိုးဇလုံထဲမှရေသံကလွဲရင် မည်သည့်လှုပ်ရှားမှုမှမရှိပေ။
စုန့်ဟွိုင်က စိတ်လှုပ်ရှားနေပြီးသူ့ရဲ့အင်္ကျီတစ်ထည်လုံးလည်းရေတွေရွှဲနေကာ သူ့ရဲ့ခန္ဓာကိုယ်မှာကပ်နေသည်။
စုန့်ဟွိုင်က ရေချိုးဇလုံဇောင်းပေါ်တွင်ခေါင်းလေးတင်ကာ ငိုသံလေးနဲ့
"တုတု တုတုရဲ့အမြီးလေးကိုထိကြည့်ချင်လားဟင်"

လုမျန်ကမျက်လွှာချကာ ရေချိုးဇလုံရှေ့မှာဒူးထောက်လိုက်ပြီး ဆန္ဒတွေတောက်လောင်ကာအက်ရှနေတဲ့ခပ်သြသြလေသံနဲ့
"ဘယ်လိုထိရမှာလဲ..."
စုန့်ဟွိုင်ကရှက်သွေးဖြာနေရင်း လုမျန်ရဲ့လက်ကိုဆွဲကာသူ့အမြီးပေါ်မှာတင်ပေးလိုက်ပြီး
"အဲ့လို...အဲ့လိုမျိုးထိရင်ရပြီ"
လေထုက ချိုမြိန်ပြီး၀ိုးတ၀ါးအနေအထားဖြစ်နေသည်။
လုမျန်က အမြီးဆီမှကြေးခွံလေးတွေကို ညင်သာစွာပွတ်သပ်နေသည်။

ဒါက စုန့်ဟွိုင်အနေနဲ့အခြားလူတစ်ယောက်မှသူ့အမြီးကိုပထမဆုံးအကြိမ် ပွတ်သပ်ခြင်းခံရတာပင်။
ထိုပွတ်သပ်နေမှုကထူးဆန်းပြီးသက်တောင့်သက်သာဖြစ်စေကာ လုမျန်လက်ချောင်းတွေရဲ့အထိအတွေ့ကြောင့်တုန်ယင်နေမိသည်။
စုန့်ဟွိုင်ရဲ့ကျေနပ်နေတဲ့အမူအရာတွေကြောင့် လုမျန်က နက်ရှိုင်းတဲ့အသံနဲ့
"အဲ့လောက်ဆိုရင် ရပြီလား"
စုန့်ဟွိုင်ကပိုပို၍ရဲတင်းလာပြီး
"ဟင့်အင်း မရသေးဘူး"

စုန့်ဟွိုင်ကလက်ကိုဆန့်ကာလုမျန်ရဲ့လည်ပင်းကိုဖက်လိုက်ပြီး သူ့ရဲ့ပါးပြင်လေးနဲ့လုမျန်ရဲ့လည်တိုင်ကိုပွတ်သပ်နေသည်။
ထို့နောက် လုမျန်နားဆီကပ်ကာခပ်တိုးတိုးလေသံနဲ့
"မာမား မာမားပြောဖူးတယ်....heatကာလရောက်ရင် အဲ့လောက်နဲ့မလုံလောက်ဘူးတဲ့"
အခုထိရိုးသားနေသေးတဲ့ကောင်လေးရဲ့အကြည့်တွေကြောင့်သာမဟုတ်ရင် လုမျန်ကတော့ ကောင်လေးသူ့ကိုတမင်မြူဆွယ်နေတာလားလို့တောင်ယူဆမိလိမ့်မည်။
လုမျန်ရဲ့လက်ချောင်းတွေက ကောင်လေးရဲ့အမြီးကိုတုန်ယင်စွာဆက်လက်ပွတ်သပ်ပေးနေပေမယ့် မျက်လုံးမှိတ်ပြီးကောင်လေးရဲ့စကားသံတိုးတိုးလေးတွေကို လျစ်လျူရှုနိုင်အောင်ကြိုးစားနေရသည်။

ခဏကြာတော့ရေချိုးခန်းထဲမှာ စုန့်ဟွိုင်ရဲ့ရှိုက်သံလေးတစ်ချက်ထွက်လာပြီးနောက် သူ့ရဲ့အမြီးတွေကခြေထောက်အဖြစ်ပြန်ပြောင်းသွားသည်။
လုမျန်ကကောင်လေးရဲ့ခန္ဓာကိုယ်ကိုရေသေချာသုတ်ပေးပြီး ဆံပင်တွေကိုလည်းdryerနဲ့သေချာမှုတ်ပေးကာအိပ်ရာပေါ်သို့ချီလာသည်။
စုန့်ဟွိုင်ရဲ့မျက်နှာလေးကရဲနေကာ မျက်၀န်းနက်နက်လေးတွေက လုမျန်ကိုစိုက်ကြည့်နေသည်။
အိပ်ရာဘေးမှ နာရီအလန်းမ်သံမြည်လာလို့ကြည့်လိုက်တော့ မနက်၇နာရီထိုးနေပြီဖြစ်သည်။

ပုံမှန်နေ့တွေဆိုရင် ဒီအချိန်ကသူတို့၂ယောက်မနက်စာစားပြီး ကျောင်းသွားဖို့ပြင်နေတဲ့အချိန်ပင်။
လုမျန်ကအတွင်းရေးမှူးပို့လိုက်တဲ့စာကိုဖတ်ပြီးနောက် ကောင်လေးကိုပြန်ကြည့်လိုက်သည်။
ကောင်လေးကအိပ်ရာပေါ်မှာလဲပြီး သူ့ကိုဖြူစင်တဲ့အကြည့်လေးနဲ့ကြည့်နေတော့ လုမျန်က
"ကိုယ် မင်းအတွက်ကျောင်းမှာခွင့်တိုင်ပေးမယ်...ဒီနေ့အိမ်မှာပဲအနားယူနေနော်...ကိုယ်လည်းအိမ်စောစောပြန်ခဲ့မယ်...ဟုတ်ပြီလား"

heatကာလအတွင်းမှာ ခန္ဓာကိုယ်ကအတော်လေးအားနည်းနေသည်။
စုန့်ဟွိုင်ကလုမျန်ကို သူ့အနားမှာပဲနေစေချင်သော်လည်း သူကတစ်ပါးသူကိုအနှောင့်အယှက်ပေးရလောက်တဲ့အထိ မိုက်မဲသူမဟုတ်ပေ။
ထို့ကြောင့် သူနာခံစွာပဲခေါင်းငြိမ့်လိုက်သည်။
လုမျန်ကအခန်းထဲမှထွက်သွားဖို့ပြင်ပြီးမှ ရုတ်တရက်ရပ်လိုက်ကာ စုန့်ဟွိုင်ရှိရာဆီလှည့်ပြီးပြန်လျှောက်လာကာကိုယ်ကိုကိုင်းလိုက်ပြီး စုန့်ဟွိုင်ရဲ့နဖူးလေးကိုနမ်းလိုက်သည်။

သူ့ရဲ့အကြည့်တွေက တစ်စုံတစ်ခုကိုထိန်းချုပ်နေရသလိုဖြစ်နေပေမယ့် အလွန်ကြင်နာနူးညံ့တဲ့လေသံနဲ့
"ကိုယ် မကြာခင်ပြန်လာခဲ့မယ်နော်"
လုမျန်အခန်းထဲမှထွက်သွားတော့ စုန့်ဟွိုင်ရဲ့ချစ်ဖို့ကောင်းတဲ့မျက်နှာလေးက မကျေမနပ်ဖြစ်သွားကာနှုတ်ခမ်းလေးစူပြီး လိုင်းပေါ်တက်လိုက်သည်။

[အရေးပေါ်-ငါအ၀တ်တွေအားလုံးချွတ်ချထားပြီး တစ်ကိုယ်လုံးပြောင်သလင်းခါနေတာတောင်ငါ့ခင်ပွန်းလောင်းကငါနဲ့မအိပ်ဘူး...ဘယ်လိုလုပ်ရမလဲ]
 ·

ကားထဲတွင်တော့
"ဗိုလ်ချုပ်ကြီး စစ်ဌာနချုပ်ကအမိန့်ကျလာပြီးပြီ...ကျောင်းကိုဆက်သွားနေဦးမှာလား"
လုမျန်ကခဏတွေးနေလိုက်ပြီး
"သွားရမှာပေါ့"

"ပြီးတော့မနေ့ညကဗိုလ်ချုပ်ကြီးပြောလို့ ကျွန်တော်ဆိုင်ကcctvတွေစစ်ပြီးပြီ...မူမမှန်တာဘာမှမတွေ့ပါဘူး...ပြီးတော့ ဗိုလ်ချုပ်ကတော်စားခဲ့တဲ့စားစရာတွေ သောက်စရာတွေအကုန်ကျွမ်းကျင်သူနဲ့စစ်ဆေးခဲ့ပြီးပါပြီ...အားလုံးကပုံမှန်ပါပဲ"
 
မနေ့ညက စုန့်ဟွိုင်ရဲ့ပုံစံကိုမြင်သူတိုင်းစုန့်ဟွိုင်ဆေးမိနေတယ်လို့ပဲထင်ကြပေမယ့် လုမျန်တစ်ယောက်တည်းကသာ စုန့်ဟွိုင်ကရေသူလေးဖြစ်နေကြောင်းသိသည်။
 
"ထပ်ပြီးစုံစမ်းစရာမလိုတော့ဘူး"
အတွင်းရေးမှူးက ကားနောက်ကြည့်မှန်မှတစ်ဆင့်ကြည့်ချင်ပေမယ့် ကားထဲမှကန့်လန့်ကာကြောင့် ဘာမှမမြင်ရပေ။
အချိန်တစ်ခုလောက်စောင့်နေသေးပေမယ့် လုမျန်ကဘာမှဆက်ပြောလာမယ့်ပုံမပေါ်တာကြောင့် အတွင်းရေးမှူးလည်းဘာမှဆက်မမေးတော့ပေ။
ထိုအချိန်တွင် လုမျန်က
"မနေ့ကဆိုင်ထဲမှာဖြစ်ခဲ့တဲ့ကိစ္စ မှတ်တမ်းတင်ထားတွေအကုန်ဖျက်ခိုင်းလိုက်"
 
"ဟုတ်ကဲ့"
အတွင်းရေးမှူးကတော့ စိတ်ထဲ၌
မနေ့က သူဆိုင်မှcctvတွေသွားစစ်တော့ သူ့ဘော့စ်တစ်ယောက်ဇနီးလေးကိုပွေ့ပြီးထွက်လာတာမြင်လိုက်ရသည်။
လုမျန်က သူ့ဇနီးသေးသေးလေးကိုကုတ်အင်္ကျီနဲ့လုံအောင်ခြုံပေးထားပြီးတင်းတင်းကျပ်ကျပ်ပွေ့ချီထားသည်လေ...
အခုကျတော့ အဲ့မှတ်တမ်းတွေအကုန်ဖျက်လိုက်တဲ့လား...
အိုး ဟိုး သူ့ဘော့စ်ကြီးကအတော်လေးပိုင်ဆိုင်လိုမှုကြီးတာပဲ...

 ·

ဗီလာထဲတွင် စုန့်ဟွိုင်ကသူ့မေးခွန်းကိုပြန်ဖြေထားတဲ့အဖြေတွေဖတ်ကြည့်နေသည်။

[ကိုယ့်လူရေ...သူအလုပ်ပင်ပန်းလွန်းလို့နေမှာပေါ့ကွာ]

[မင်းတို့၂ယောက် တရား၀င်လက်မထပ်ရသေးလို့ သူ့ဘက်ကတာ၀န်မယူချင်လို့များလား]

[သူက ကိလေသာကုန်ခမ်းနေလို့များလား]

[မဟုတ်မှ သူကငပွေငရှုပ်ကောင်မို့ အပြင်မှာအ၀ပျော်လာတော့အိမ်ကမင်းကို တုံးလုံးကြီးမြင်ရတာတောင် စိတ်မ၀င်စားတော့တာနေမှာပေါ့]

[မင်းကိုယ်တုံးလုံးဖြစ်နေတာတောင် အဲ့လူမတုံ့ပြန်ဘူးဆိုတော့ ဧကန္တပန်းသေနေလို့များလား...မဟုတ်လည်း အပေါ်ကပြောသလိုသူကငပွေကောင်ဖြစ်ရင်ဖြစ်၊ဒါမှမဟုတ် မင်းကဆွဲဆောင်မှုမရှိရင်လည်းဖြစ်မှာပေါ့ကွာ]

မင်းပဲငပွေကောင်ဖြစ်မှာ...
မန့်တွေကိုကြည့်ပြီး သူငြိမ်မနေနိုင်တော့ပေ။
 
[လုမျန်ရဲ့ပူတူတူးလေး-ငါတို့ကစေ့စပ်ထားပြီးသား...မကြာခင်လည်းလက်ထပ်တော့မှာ...သူကတာ၀န်မယူတတ်တဲ့သူမျိုး မဟုတ်သလိုငပွေကောင်လည်းမဟုတ်ဘူး...ပြီးတော့ မနေ့ကလည်းအဲ့ဒီအိပ်တဲ့အဆင့်ကလွဲရင် အကုန်လုပ်တယ်ကွ]

လုမျန်ကအရမ်းအလုပ်များတာ...
ပြီးတော့ လုမျန်ဆက်သွယ်တဲ့လူတွေ လုမျန်လုပ်ရပ်တွေကို အတွင်းရေးမှူးကသူ့ဆီပြန်ပြောနေကျ...
လုမျန်ကဘယ်အချိန်သွားပွေရမှာလဲ...
စုန့်ဟွိုင်က လိုင်းပေါ်မှာမန့်လိုက်ပြီးနောက်သူ့ကိုယ်သူပြန်ကြည့်ကာ သူ့ရဲ့မက်မွန်သီးလုံးလုံးလေးတွေကိုတောင် ပုတ်လိုက်သေးသည်။

မနေ့ညက လုမျန်ကအရမ်းကြောက်ဖို့ကောင်းသည်။
သူ့တစ်ကိုယ်လုံးကိုမွစာကြဲအောင်နမ်းနေပြီး အခုထိအမှတ်အသားတွေကမပျောက်သေးပေ။
ပြီးတော့ လုမျန်ကသူ့အမြီးလေးကိုလည်းပွတ်သပ်ပေးသေးသည်။
သူ့အမြီးကိုတောင်ပွတ်ပေးသေးတာ...သူ့ကိုယ်လုံးကိုမကြိုက်တာတော့မဖြစ်နိုင်ပေ။

[သူတို့ကလက်လည်းထပ်တော့မယ်...သူ့လူကလည်းတာ၀န်မယူတဲ့သူမဟုတ်ဘူး...နောက်ဆုံးအဆင့်ကလွဲရင် အကုန်လည်းလုပ်ပြီးပြီဆိုတော့ကာ မဟုတ်မှ ပန်းသေနေတာများလား]

[အပေါ်ထပ်က အမှန်တရားတွေပြောနေပြီဟေ့]

[ငါသာဆိုရင် ငါ့ကောင်မလေးကအိပ်ရာထဲမှာကိုယ်တုံးလုံးနဲ့စောင့်နေရင် စိတ်ထိန်းနိုင်မှာမဟုတ်ဘူးကွ]
  
ထိုသို့မန့်တွေကပိုမိုများပြားလာတာကြောင့် စုန့်ဟွိုင်ခမျာသူ့လူဘက်မှငြင်းခုန်ရပြန်သည်။

[လုမျန်ရဲ့ပူတူတူးလေး-သောက်ပေါက်ကရတွေ...သူကအရမ်းသန်မာတယ်ကွ..အင်အားလည်းအပြည့်ပဲ]

[အင်အားတွေပြည့်နေပေမယ့် မင်းနဲ့မအိပ်ဘူးမလား...တော်စမ်းပါ]
 
လူတွေကပိုမိုငြင်းခုန်လာတာကြောင့် စုန့်ဟွိုင်တစ်ယောက်တည်းသူတို့နဲ့ပြိုင်ငြင်းမနိုင်တော့ပေ။

[မင်းရဲ့လူက မစွမ်းဆောင်နိုင်ဘူး]

[မင်းရဲ့လူက မစွမ်းဆောင်နိုင်ဘူး]

[မင်းရဲ့လူက မစွမ်းဆောင်နိုင်ဘူး]

[မင်းရဲ့လူက မစွမ်းဆောင်နိုင်ဘူး]

လူတွေကပိုလှောင်ပြောင်လာပြီးစုန့်ဟွိုင်မငြင်းနိုင်တော့၍ ဆက်သွယ်ရေးကိရိယာကိုသာပိတ်လိုက်တော့သည်။
သူ လုမျန်ရဲ့တောင့်တင်းရဲ့ကြွက်သားတွေ၊သန်မာတဲ့ကောက်ကြောင်းတွေကိုမျက်မြင်တွေ့ရပြီး မနေ့ညကတောင် လျက်လိုက်ရသေးသည်။
အဲ့လိုလျက်လိုက်လို့လုမျန်ကသူ့ကိုအိပ်ရာပေါ်မှာပိုမိုဖိထားတယ်လေ။
ပြောရရင်ကွာ လုမျန်ကသန်မာတယ်...စွမ်းလည်းစွမ်းဆောင်နိုင်တယ်ကွ...

စုန့်ဟွိုင်ကစောင်ထဲမှာကွေးနေပြီး သူပိုပြီးစဥ်းစားလေ ပိုပြီးယုံကြည်မှုလျော့နည်းလေဖြစ်လာသည်။
လုမျန်က အဲ့လောက်စွမ်းအားပြည့်နေရင် သူနဲ့ဘာလို့မအိပ်တာလဲ...

နောက်ဆုံးသူ့ရဲ့သိချင်စိတ်ကြောင့် မနေနိုင်တော့ဘဲဆက်သွယ်ရေးကိရိယာအားပြန်ဖွင့်ကာ မန့်တွေပြန်ဖတ်လိုက်သည်။
ထိုအမျိုးမျိုးသောမန့်တွေကြားမှာ သေချာစိစစ်ခွဲခြားတဲ့အတွေးအခေါ်နဲ့မန့်တစ်ခုကို စုန့်ဟွိုင်မြင်လိုက်ရသည်။

[နောက်ဆုံးအဆင့်ကလွဲရင် အားလုံးလုပ်ခဲ့တယ်...ဒါနဲ့ အဲ့အချိန်တုန်းက မင်းပါတနာရဲ့ညီလေးနိုးကြားနေတာခံစားမိလိုက်လား...အဲ့ဟာနိုးထနေရင်တော့ ပြဿနာမရှိဘူး...မဟုတ်ရင်တော့ မင်းငါနဲ့လာတိုင်ပင်ပေါ့ကွာ]

အဲ့အချိန်တုန်းက နိုးနေလား မနိုးဘူးလား...
 
စုန့်ဟွိုင်ထိုမန့်ကြောင့်ပြန်တွေးကြည့်တော့ အဲ့အချိန်ကလုမျန်မာနေလားဆိုတာ သူသတိမထားမိပေ။
အာ ဟိုတခေါက်တွေ့ရသလောက်တော့ လုမျန်ရဲ့ပစ္စည်းကတော်တော်လေးကြီးမားသည်။
ဒါပေမယ့် မနေ့ညကကျသူဘာလို့အဲ့တာကိုသတိမထားမိပါလိမ့်...
မဟုတ်မှ လုမျန်ကတကယ်ကြီးမစွမ်းဆောင်နိုင်တာလား...

စုန့်ဟွိုင်ကမျက်မှောင်ကျုံ့ကာ အဆုံးတွင်တော့ထိုမန့်ပိုင်ရှင်ရဲ့ chatနေရာကိုနှိပ်လိုက်သည်။
 
[လုမျန်ရဲ့ပူတူတူးလေး-ဟဲလို]

သူစာပို့လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲတစ်ဖက်လူကစာ၂စောင်ပို့လာသည်။

[ဒေါက်တာ ထုန်ကျီလီ-ယောကျာ်းလေးတစ်ယောက် မစွမ်းဆောင်နိုင်ပါက စိတ်ချယုံကြည်ရတဲ့ ဟောဒီကလိင်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ဒေါက်တာရှိပါတယ်ခင်ဗျာ]

စုန့်ဟွိုင်- (‘◉⌓◉’)
နောက်ထပ်စာတစ်စောင်ကတော့ ထိုဒေါက်တာရဲ့လိပ်စာကတ်ဖြစ်သည်။
 
ထုန်ကျီ လိင်ပိုင်းဆိုင်ရာအထူးသီးသန့်ဆေးရုံ••••
၄၉နှစ်တာအတွေ့အကြုံသက်တမ်းရှိပြီး တရုတ်ရိုးရာနဲ့အနောက်တိုင်းဆေးပညာပေါင်းစပ်ကာ သဘာ၀ရဲ့ဓာတ်ကြီးလေးပါးနဲ့ကုသပေးခြင်း...
ကုသမှုကလည်းအချိန်တိုတိုအတွင်းထိရောက်ပြီး ခဏလေးအတွင်းမှာသင့်ရဲ့လျော့နည်းနေတဲ့ယုံကြည်မှုတွေ ပြန်လည်ပိုင်ဆိုင်နိုင်စေရပါမည်...
၂၄နာရီလုံးလုံး ပိတ်ရက်မရှိ၀န်ဆောင်မှုအပြည့်!!!
ဆက်သွယ်ရန်ဖုန်း-×××××××
 
စုန့်ဟွိုင်ခမျာကြက်သေသေသွားရှာသည်။
တကယ်တော့ သူ့စိတ်ထဲကလုမျန်ကိုယုံကြည်ပေမယ့် စစ်ပွဲမှာအတော်လေးတိုက်ခိုက်ဒဏ်ရာရခဲ့တဲ့လုမျန်ရဲ့ခန္ဓာကိုယ်က တစ်ခုခုချို့ယွင်းချင်ယွင်းနေနိုင်သည်လေ။

သူ လုမျန်ကိုမယုံတာမဟုတ်ဘူး...ဒီတိုင်းသိချင်လို့မေးကြည့်ရုံပဲ...အင်း မေးကြည့်ရုံပဲ...
စုန့်ဟွိုင်သူ့ကိုယ်သူဖျောင်းဖျပြီးနောက် ဒေါက်တာလီရဲ့we chatကိုaddလိုက်တော့သည်။
-----------------------
ကိုလုမျန်ရေ ရှင်ဥပုသ်စောင့်တာများသွားလို့ ရှင့်ကလေးက ပန်းသေနေတယ်လို့ထင်သွားပြီ🤣
ငါ့နှယ် ပြိုင်ကားလားဘာလားပေါ့ ကိုလုမျန်ကတကိုယ်လုံးနမ်းရုံပဲနမ်းလိုက်တာ
ဘာမှမဘာဘူးတဲ့လား😂
ရှင့်ဖန်တွေလည်း ရှင့်ကိုပြောကြတော့မှာမြင်ယောင်နေတယ်😂

Take care&Love you all ( ˘ ³˘)♥

Zawgyi

မင္းရဲ့လူက အိပ္ရာေပၚမွာမစြမ္းေဆာင္ႏိုင္ဘူး
 
တိတ္ဆိတ္မႈတို႔ႀကီးစိုးေနတဲ့ ေရခ်ိဳးခန္းထဲတြင္ေရခ်ိဳးဇလံုထဲမွေရသံကလြဲရင္ မည္သည့္လႈပ္ရွားမႈမွမရိွေပ။
စုန္႔ဟြိုင္က စိတ္လႈပ္ရွားေနၿပီးသူ႔ရဲ့အက်ႌတစ္ထည္လံုးလည္းေရေတြရႊဲေနကာ သူ႔ရဲ့ခႏၶာကိုယ္မွာကပ္ေနသည္။
စုန္႔ဟြိုင္က ေရခ်ိဳးဇလံုေဇာင္းေပၚတြင္ေခါင္းေလးတင္ကာ ငိုသံေလးနဲ႔
"တုတု တုတုရဲ့အၿမီးေလးကိုထိၾကည့္ခ်င္လားဟင္"

လုမ်န္ကမ်က္လႊာခ်ကာ ေရခ်ိဳးဇလံုေရ႔ွမွာဒူးေထာက္လိုက္ၿပီး ဆႏၵေတြေတာက္ေလာင္ကာအက္ရွေနတဲ့ခပ္ၾသၾသေလသံနဲ႔
"ဘယ္လိုထိရမွာလဲ..."
စုန္႔ဟြိုင္ကရွက္ေသြးျဖာေနရင္း လုမ်န္ရဲ့လက္ကိုဆြဲကာသူ႔အၿမီးေပၚမွာတင္ေပးလိုက္ၿပီး
"အဲ့လို...အဲ့လိုမ်ိဳးထိရင္ရၿပီ"
ေလထုက ခ်ိဳၿမိန္ၿပီးဝိုးတဝါးအေနအထားျဖစ္ေနသည္။
လုမ်န္က အၿမီးဆီမွေၾကးခြံေလးေတြကို ညင္သာစြာပြတ္သပ္ေနသည္။

ဒါက စုန္႔ဟြိုင္အေနနဲ႔အျခားလူတစ္ေယာက္မွသူ႔အၿမီးကိုပထမဆံုးအႀကိမ္ ပြတ္သပ္ျခင္းခံရတာပင္။
ထိုပြတ္သပ္ေနမႈကထူးဆန္းၿပီးသက္ေတာင့္သက္သာျဖစ္ေစကာ လုမ်န္လက္ေခ်ာင္းေတြရဲ့အထိအေတြ့ေၾကာင့္တုန္ယင္ေနမိသည္။
စုန္႔ဟြိုင္ရဲ့ေက်နပ္ေနတဲ့အမူအရာေတြေၾကာင့္ လုမ်န္က နက္ရိႈင္းတဲ့အသံနဲ႔
"အဲ့ေလာက္ဆိုရင္ ရၿပီလား"
စုန္႔ဟြိုင္ကပိုပို၍ရဲတင္းလာၿပီး
"ဟင့္အင္း မရေသးဘူး"

စုန္႔ဟြိုင္ကလက္ကိုဆန္႔ကာလုမ်န္ရဲ့လည္ပင္းကိုဖက္လိုက္ၿပီး သူ႔ရဲ့ပါးျပင္ေလးနဲ႔လုမ်န္ရဲ့လည္တိုင္ကိုပြတ္သပ္ေနသည္။
ထို႔ေနာက္ လုမ်န္နားဆီကပ္ကာခပ္တိုးတိုးေလသံနဲ႔
"မာမား မာမားေျပာဖူးတယ္....heatကာလေရာက္ရင္ အဲ့ေလာက္နဲ႔မလံုေလာက္ဘူးတဲ့"
အခုထိရိုးသားေနေသးတဲ့ေကာင္ေလးရဲ့အၾကည့္ေတြေၾကာင့္သာမဟုတ္ရင္ လုမ်န္ကေတာ့ ေကာင္ေလးသူ႔ကိုတမင္ျမဴဆြယ္ေနတာလားလို႔ေတာင္ယူဆမိလိမ့္မည္။
လုမ်န္ရဲ့လက္ေခ်ာင္းေတြက ေကာင္ေလးရဲ့အၿမီးကိုတုန္ယင္စြာဆက္လက္ပြတ္သပ္ေပးေနေပမယ့္ မ်က္လံုးမိွတ္ၿပီးေကာင္ေလးရဲ့စကားသံတိုးတိုးေလးေတြကို လ်စ္လ်ူရႈႏိုင္ေအာင္ႀကိဳးစားေနရသည္။

ခဏၾကာေတာ့ေရခ်ိဳးခန္းထဲမွာ စုန္႔ဟြိုင္ရဲ့ရိႈက္သံေလးတစ္ခ်က္ထြက္လာၿပီးေနာက္ သူ႔ရဲ့အၿမီးေတြကေျခေထာက္အျဖစ္ျပန္ေျပာင္းသြားသည္။
လုမ်န္ကေကာင္ေလးရဲ့ခႏၶာကိုယ္ကိုေရေသခ်ာသုတ္ေပးၿပီး ဆံပင္ေတြကိုလည္းdryerနဲ႔ေသခ်ာမႈတ္ေပးကာအိပ္ရာေပၚသို႔ခ်ီလာသည္။
စုန္႔ဟြိုင္ရဲ့မ်က္ႏွာေလးကရဲေနကာ မ်က္၀န္းနက္နက္ေလးေတြက လုမ်န္ကိုစိုက္ၾကည့္ေနသည္။
အိပ္ရာေဘးမွ နာရီအလန္းမ္သံျမည္လာလို႔ၾကည့္လိုက္ေတာ့ မနက္၇နာရီထိုးေနၿပီျဖစ္သည္။

ပံုမွန္ေန့ေတြဆိုရင္ ဒီအခ်ိန္ကသူတို႔၂ေယာက္မနက္စာစားၿပီး ေက်ာင္းသြားဖို႔ျပင္ေနတဲ့အခ်ိန္ပင္။
လုမ်န္ကအတြင္းေရးမွဴးပို႔လိုက္တဲ့စာကိုဖတ္ၿပီးေနာက္ ေကာင္ေလးကိုျပန္ၾကည့္လိုက္သည္။
ေကာင္ေလးကအိပ္ရာေပၚမွာလဲၿပီး သူ႔ကိုျဖဴစင္တဲ့အၾကည့္ေလးနဲ႔ၾကည့္ေနေတာ့ လုမ်န္က
"ကိုယ္ မင္းအတြက္ေက်ာင္းမွာခြင့္တိုင္ေပးမယ္...ဒီေန့အိမ္မွာပဲအနားယူေနေနာ္...ကိုယ္လည္းအိမ္ေစာေစာျပန္ခဲ့မယ္...ဟုတ္ၿပီလား"

heatကာလအတြင္းမွာ ခႏၶာကိုယ္ကအေတာ္ေလးအားနည္းေနသည္။
စုန္႔ဟြိုင္ကလုမ်န္ကို သူ႔အနားမွာပဲေနေစခ်င္ေသာ္လည္း သူကတစ္ပါးသူကိုအေနွာင့္အယွက္ေပးရေလာက္တဲ့အထိ မိုက္မဲသူမဟုတ္ေပ။
ထို႔ေၾကာင့္ သူနာခံစြာပဲေခါင္းၿငိမ့္လိုက္သည္။
လုမ်န္ကအခန္းထဲမွထြက္သြားဖို႔ျပင္ၿပီးမွ ရုတ္တရက္ရပ္လိုက္ကာ စုန္႔ဟြိုင္ရိွရာဆီလွည့္ၿပီးျပန္ေလ်ွာက္လာကာကိုယ္ကိုကိုင္းလိုက္ၿပီး စုန္႔ဟြိုင္ရဲ့နဖူးေလးကိုနမ္းလိုက္သည္။

သူ႔ရဲ့အၾကည့္ေတြက တစ္စံုတစ္ခုကိုထိန္းခ်ဳပ္ေနရသလိုျဖစ္ေနေပမယ့္ အလြန္ၾကင္နာႏူးညံ့တဲ့ေလသံနဲ႔
"ကိုယ္ မၾကာခင္ျပန္လာခဲ့မယ္ေနာ္"
လုမ်န္အခန္းထဲမွထြက္သြားေတာ့ စုန္႔ဟြိုင္ရဲ့ခ်စ္ဖို႔ေကာင္းတဲ့မ်က္ႏွာေလးက မေက်မနပ္ျဖစ္သြားကာႏႈတ္ခမ္းေလးစူၿပီး လိုင္းေပၚတက္လိုက္သည္။

[အေရးေပၚ-ငါအ၀တ္ေတြအားလံုးခြၽတ္ခ်ထားၿပီး တစ္ကိုယ္လံုးေျပာင္သလင္းခါေနတာေတာင္ငါ့ခင္ပြန္းေလာင္းကငါနဲ႔မအိပ္ဘူး...ဘယ္လိုလုပ္ရမလဲ]
 ·

ကားထဲတြင္ေတာ့
"ဗိုလ္ခ်ဳပ္ႀကီး စစ္ဌာနခ်ဳပ္ကအမိန္႔က်လာၿပီးၿပီ...ေက်ာင္းကိုဆက္သြားေနၪီးမွာလား"
လုမ်န္ကခဏေတြးေနလိုက္ၿပီး
"သြားရမွာေပါ့"

"ၿပီးေတာ့မေန့ညကဗိုလ္ခ်ဳပ္ႀကီးေျပာလို႔ ကြၽန္ေတာ္ဆိုင္ကcctvေတြစစ္ၿပီးၿပီ...မူမမွန္တာဘာမွမေတြ့ပါဘူး...ၿပီးေတာ့ ဗိုလ္ခ်ဳပ္ကေတာ္စားခဲ့တဲ့စားစရာေတြ ေသာက္စရာေတြအကုန္ကြၽမ္းက်င္သူနဲ႔စစ္ေဆးခဲ့ၿပီးပါၿပီ...အားလံုးကပံုမွန္ပါပဲ"
 
မေန့ညက စုန္႔ဟြိုင္ရဲ့ပံုစံကိုျမင္သူတိုင္းစုန္႔ဟြိုင္ေဆးမိေနတယ္လို႔ပဲထင္ၾကေပမယ့္ လုမ်န္တစ္ေယာက္တည္းကသာ စုန္႔ဟြိုင္ကေရသူေလးျဖစ္ေနေၾကာင္းသိသည္။
 
"ထပ္ၿပီးစံုစမ္းစရာမလိုေတာ့ဘူး"
အတြင္းေရးမွဴးက ကားေနာက္ၾကည့္မွန္မွတစ္ဆင့္ၾကည့္ခ်င္ေပမယ့္ ကားထဲမွကန္႔လန္႔ကာေၾကာင့္ ဘာမွမျမင္ရေပ။
အခ်ိန္တစ္ခုေလာက္ေစာင့္ေနေသးေပမယ့္ လုမ်န္ကဘာမွဆက္ေျပာလာမယ့္ပံုမေပၚတာေၾကာင့္ အတြင္းေရးမွဴးလည္းဘာမွဆက္မေမးေတာ့ေပ။
ထိုအခ်ိန္တြင္ လုမ်န္က
"မေန့ကဆိုင္ထဲမွာျဖစ္ခဲ့တဲ့ကိစၥ မွတ္တမ္းတင္ထားေတြအကုန္ဖ်က္ခိုင္းလိုက္"
 
"ဟုတ္ကဲ့"
အတြင္းေရးမွဴးကေတာ့ စိတ္ထဲ၌
မေန့က သူဆိုင္မွcctvေတြသြားစစ္ေတာ့ သူ႔ေဘာ့စ္တစ္ေယာက္ဇနီးေလးကိုေပြ့ၿပီးထြက္လာတာျမင္လိုက္ရသည္။
လုမ်န္က သူ႔ဇနီးေသးေသးေလးကိုကုတ္အက်ႌနဲ႔လံုေအာင္ၿခံဳေပးထားၿပီးတင္းတင္းက်ပ္က်ပ္ေပြ့ခ်ီထားသည္ေလ...
အခုက်ေတာ့ အဲ့မွတ္တမ္းေတြအကုန္ဖ်က္လိုက္တဲ့လား...
အိုး ဟိုး သူ႔ေဘာ့စ္ႀကီးကအေတာ္ေလးပိုင္ဆိုင္လိုမႈႀကီးတာပဲ...

 ·

ဗီလာထဲတြင္ စုန္႔ဟြိုင္ကသူ႔ေမးခြန္းကိုျပန္ေျဖထားတဲ့အေျဖေတြဖတ္ၾကည့္ေနသည္။

[ကိုယ့္လူေရ...သူအလုပ္ပင္ပန္းလြန္းလို႔ေနမွာေပါ့ကြာ]

[မင္းတို႔၂ေယာက္ တရား၀င္လက္မထပ္ရေသးလို႔ သူ႔ဘက္ကတာ၀န္မယူခ်င္လို႔မ်ားလား]

[သူက ကိေလသာကုန္ခမ္းေနလို႔မ်ားလား]

[မဟုတ္မွ သူကငေပြငရႈပ္ေကာင္မို႔ အျပင္မွာအ၀ေပ်ာ္လာေတာ့အိမ္ကမင္းကို တံုးလံုးႀကီးျမင္ရတာေတာင္ စိတ္မ၀င္စားေတာ့တာေနမွာေပါ့]

[မင္းကိုယ္တံုးလံုးျဖစ္ေနတာေတာင္ အဲ့လူမတံု႔ျပန္ဘူးဆိုေတာ့ ဧကႏၲပန္းေသေနလို႔မ်ားလား...မဟုတ္လည္း အေပၚကေျပာသလိုသူကငေပြေကာင္ျဖစ္ရင္ျဖစ္၊ဒါမွမဟုတ္ မင္းကဆြဲေဆာင္မႈမရိွရင္လည္းျဖစ္မွာေပါ့ကြာ]

မင္းပဲငေပြေကာင္ျဖစ္မွာ...
မန္႔ေတြကိုၾကည့္ၿပီး သူၿငိမ္မေနႏိုင္ေတာ့ေပ။
 
[လုမ်န္ရဲ့ပူတူတူးေလး-ငါတို႔ကေစ့စပ္ထားၿပီးသား...မၾကာခင္လည္းလက္ထပ္ေတာ့မွာ...သူကတာ၀န္မယူတတ္တဲ့သူမ်ိဳး မဟုတ္သလိုငေပြေကာင္လည္းမဟုတ္ဘူး...ၿပီးေတာ့ မေန့ကလည္းအဲ့ဒီအိပ္တဲ့အဆင့္ကလြဲရင္ အကုန္လုပ္တယ္ကြ]

လုမ်န္ကအရမ္းအလုပ္မ်ားတာ...
ၿပီးေတာ့ လုမ်န္ဆက္သြယ္တဲ့လူေတြ လုမ်န္လုပ္ရပ္ေတြကို အတြင္းေရးမွဴးကသူ႔ဆီျပန္ေျပာေနက်...
လုမ်န္ကဘယ္အခ်ိန္သြားေပြရမွာလဲ...
စုန္႔ဟြိုင္က လိုင္းေပၚမွာမန္႔လိုက္ၿပီးေနာက္သူ႔ကိုယ္သူျပန္ၾကည့္ကာ သူ႔ရဲ့မက္မြန္သီးလံုးလံုးေလးေတြကိုေတာင္ ပုတ္လိုက္ေသးသည္။

မေန့ညက လုမ်န္ကအရမ္းေၾကာက္ဖို႔ေကာင္းသည္။
သူ႔တစ္ကိုယ္လံုးကိုမြစာႀကဲေအာင္နမ္းေနၿပီး အခုထိအမွတ္အသားေတြကမေပ်ာက္ေသးေပ။
ၿပီးေတာ့ လုမ်န္ကသူ႔အၿမီးေလးကိုလည္းပြတ္သပ္ေပးေသးသည္။
သူ႔အၿမီးကိုေတာင္ပြတ္ေပးေသးတာ...သူ႔ကိုယ္လံုးကိုမႀကိဳက္တာေတာ့မျဖစ္ႏိုင္ေပ။

[သူတို႔ကလက္လည္းထပ္ေတာ့မယ္...သူ႔လူကလည္းတာ၀န္မယူတဲ့သူမဟုတ္ဘူး...ေနာက္ဆံုးအဆင့္ကလြဲရင္ အကုန္လည္းလုပ္ၿပီးၿပီဆိုေတာ့ကာ မဟုတ္မွ ပန္းေသေနတာမ်ားလား]

[အေပၚထပ္က အမွန္တရားေတြေျပာေနၿပီေဟ့]

[ငါသာဆိုရင္ ငါ့ေကာင္မေလးကအိပ္ရာထဲမွာကိုယ္တံုးလံုးနဲ႔ေစာင့္ေနရင္ စိတ္ထိန္းႏိုင္မွာမဟုတ္ဘူးကြ]
  
ထိုသို႔မန္႔ေတြကပိုမိုမ်ားျပားလာတာေၾကာင့္ စုန္႔ဟြိုင္ခမ်ာသူ႔လူဘက္မျွငင္းခုန္ရျပန္သည္။

[လုမ်န္ရဲ့ပူတူတူးေလး-ေသာက္ေပါက္ကရေတြ...သူကအရမ္းသန္မာတယ္ကြ..အင္အားလည္းအျပည့္ပဲ]

[အင္အားေတျြပည့္ေနေပမယ့္ မင္းနဲ႔မအိပ္ဘူးမလား...ေတာ္စမ္းပါ]
 
လူေတြကပိုမိုျငင္းခုန္လာတာေၾကာင့္ စုန္႔ဟြိုင္တစ္ေယာက္တည္းသူတို႔နဲ႔ၿပိဳင္ျငင္းမႏိုင္ေတာ့ေပ။

[မင္းရဲ့လူက မစြမ္းေဆာင္ႏိုင္ဘူး]

[မင္းရဲ့လူက မစြမ္းေဆာင္ႏိုင္ဘူး]

[မင္းရဲ့လူက မစြမ္းေဆာင္ႏိုင္ဘူး]

[မင္းရဲ့လူက မစြမ္းေဆာင္ႏိုင္ဘူး]

လူေတြကပိုေလွာင္ေျပာင္လာၿပီးစုန္႔ဟြိုင္မျငင္းႏိုင္ေတာ့၍ ဆက္သြယ္ေရးကိရိယာကိုသာပိတ္လိုက္ေတာ့သည္။
သူ လုမ်န္ရဲ့ေတာင့္တင္းရဲ့ႂကြက္သားေတြ၊သန္မာတဲ့ေကာက္ေၾကာင္းေတြကိုမ်က္ျမင္ေတြ့ရၿပီး မေန့ညကေတာင္ လ်က္လိုက္ရေသးသည္။
အဲ့လိုလ်က္လိုက္လို႔လုမ်န္ကသူ႔ကိုအိပ္ရာေပၚမွာပိုမိုဖိထားတယ္ေလ။
ေျပာရရင္ကြာ လုမ်န္ကသန္မာတယ္...စြမ္းလည္းစြမ္းေဆာင္ႏိုင္တယ္ကြ...

စုန္႔ဟြိုင္ကေစာင္ထဲမွာေကြးေနၿပီး သူပိုၿပီးစဥ္းစားေလ ပိုၿပီးယံုၾကည္မႈေလ်ာ့နည္းေလျဖစ္လာသည္
လုမ်န္က အဲ့ေလာက္စြမ္းအားျပည့္ေနရင္ သူနဲ႔ဘာလို႔မအိပ္တာလဲ...

ေနာက္ဆံုးသူ႔ရဲ့သိခ်င္စိတ္ေၾကာင့္ မေနႏိုင္ေတာ့ဘဲဆက္သြယ္ေရးကိရိယာအားျပန္ဖြင့္ကာ မန္႔ေတျြပန္ဖတ္လိုက္သည္။
ထိုအမ်ိဳးမ်ိဳးေသာမန္႔ေတြၾကားမွာ ေသခ်ာစိစစ္ခြဲျခားတဲ့အေတြးအေခၚနဲ႔မန္႔တစ္ခုကို စုန္႔ဟြိုင္ျမင္လိုက္ရသည္။

[ေနာက္ဆံုးအဆင့္ကလြဲရင္ အားလံုးလုပ္ခဲ့တယ္...ဒါနဲ႔ အဲ့အခ်ိန္တုန္းက မင္းပါတနာရဲ့ညီေလးႏိုးၾကားေနတာခံစားမိလိုက္လား...အဲ့ဟာႏိုးထေနရင္ေတာ့ ျပႆနာမရိွဘူး...မဟုတ္ရင္ေတာ့ မင္းငါနဲ႔လာတိုင္ပင္ေပါ့ကြာ]

အဲ့အခ်ိန္တုန္းက ႏိုးေနလား မႏိုးဘူးလား...
 
စုန္႔ဟြိုင္ထိုမန္႔ေၾကာင့္ျပန္ေတြးၾကည့္ေတာ့ အဲ့အခ်ိန္ကလုမ်န္မာေနလားဆိုတာ သူသတိမထားမိေပ။
အာ ဟိုတေခါက္ေတြ့ရသေလာက္ေတာ့ လုမ်န္ရဲ့ပစၥည္းကေတာ္ေတာ္ေလးႀကီးမားသည္။
ဒါေပမယ့္ မေန့ညကက်သူဘာလို႔အဲ့တာကိုသတိမထားမိပါလိမ့္...
မဟုတ္မွ လုမ်န္ကတကယ္ႀကီးမစြမ္းေဆာင္ႏိုင္တာလား...

စုန္႔ဟြိုင္ကမ်က္ေမွာင္က်ံဳ႔ကာ အဆံုးတြင္ေတာ့ထိုမန္႔ပိုင္ရွင္ရဲ့ chatေနရာကိုႏိွပ္လိုက္သည္။
 
[လုမ်န္ရဲ့ပူတူတူးေလး-ဟဲလို]

သူစာပို႔လိုက္တာနဲ႔ စကၠန္႔ပိုင္းအတြင္းမွာပဲတစ္ဖက္လူကစာ၂ေစာင္ပို႔လာသည္။

[ေဒါက္တာ ထုန္က်ီလီ-ေယာက်ာ္းေလးတစ္ေယာက္ မစြမ္းေဆာင္ႏိုင္ပါက စိတ္ခ်ယံုၾကည္ရတဲ့ ေဟာဒီကလိင္ပိုင္းဆိုင္ရာကြၽမ္းက်င္တဲ့ေဒါက္တာရိွပါတယ္ခင္ဗ်ာ]

စုန္႔ဟြိုင္- (‘◉⌓◉’)
ေနာက္ထပ္စာတစ္ေစာင္ကေတာ့ ထိုေဒါက္တာရဲ့လိပ္စာကတ္ျဖစ္သည္။
 
ထုန္က်ီ လိင္ပိုင္းဆိုင္ရာအထူးသီးသန္႔ေဆးရံု••••
၄၉ႏွစ္တာအေတြ့အႀကံဳသက္တမ္းရိွၿပီး တရုတ္ရိုးရာနဲ႔အေနာက္တိုင္းေဆးပညာေပါင္းစပ္ကာ သဘာ၀ရဲ့ဓာတ္ႀကီးေလးပါးနဲ႔ကုသေပးျခင္း...
ကုသမႈကလည္းအခ်ိန္တိုတိုအတြင္းထိေရာက္ၿပီး ခဏေလးအတြင္းမွာသင့္ရဲ့ေလ်ာ့နည္းေနတဲ့ယံုၾကည္မႈေတြ ျပန္လည္ပိုင္ဆိုင္ႏိုင္ေစရပါမည္...
၂၄နာရီလံုးလံုး ပိတ္ရက္မရိွ၀န္ေဆာင္မႈအျပည့္!!!
ဆက္သြယ္ရန္ဖုန္း-×××××××
 
စုန္႔ဟြိုင္ခမ်ာၾကက္ေသေသသြားရွာသည္။
တကယ္ေတာ့ သူ႔စိတ္ထဲကလုမ်န္ကိုယံုၾကည္ေပမယ့္ စစ္ပြဲမွာအေတာ္ေလးတိုက္ခိုက္ဒဏ္ရာရခဲ့တဲ့လုမ်န္ရဲ့ခႏၶာကိုယ္က တစ္ခုခုခ်ိဳ႕ယြင္းခ်င္ယြင္းေနႏိုင္သည္ေလ။

သူ လုမ်န္ကိုမယံုတာမဟုတ္ဘူး...ဒီတိုင္းသိခ်င္လို႔ေမးၾကည့္ရံုပဲ...အင္း ေမးၾကည့္ရံုပဲ...
စုန္႔ဟြိုင္သူ႔ကိုယ္သူေဖ်ာင္းဖ်ၿပီးေနာက္ ေဒါက္တာလီရဲ့we chatကိုaddလိုက္ေတာ့သည္။
-----------------------
ကိုလုမ်န္ေရ ရွင္ဥပုသ္ေစာင့္တာမ်ားသြားလို႔ ရွင့္ကေလးက ပန္းေသေနတယ္လို႔ထင္သြားၿပီ🤣
ငါ့ႏွယ္ ၿပိဳင္ကားလားဘာလားေပါ့ ကိုလုမ်န္ကတကိုယ္လံုးနမ္းရံုပဲနမ္းလိုက္တာ
ဘာမွမဘာဘူးတဲ့လား😂
ရွင့္ဖန္ေတြလည္း ရွင့္ကိုေျပာၾကေတာ့မွာျမင္ေယာင္ေနတယ္😂

Take care&Love you all ( ˘ ³˘)♥

Continue Reading

You'll Also Like

88K 12.9K 61
'' အကောင်ပေါက်လေး ဒီကိုလာ ပြီးတော့ မင်းရဲ့ချစ်စရာ ကောင်းမှု တွေကို ပြသ ပေး!'' English title ' Little orc comes hear , show off your cuteness! '' Titl...
220K 25.6K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
747K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
246K 20.8K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024