Uni
အုံ့မှိုင်းနေတဲ့ကောင်းကင်ကိုကြည့်ကာ Taehyung တစ်ယောက် သက်ပျင်းချမိသည်။ မကြာခင်မိုးရွာလာမည့်အခြေအနေ သူမိုးရာသီကိုမနှစ်သက်ပါ။ မိုးရွာလာလျှင် အငွေ့ပျံလာတဲ့အစိုဓာတ်လေးကြောင့် အေးလာ၍ကော်ဖီလေးတစ်ခွက်ဖျော်ကာ ဇိမ်ကျနေမည့်အခြားသူတွေလိုမဟုတ်။ Taehyungသည် အခြားသူများနှင့်မတူစွာ မိုးရာသီကိုသဘောမကျပေ။
မိုးရွာလာလျှင် အလုပ်ကိုသွားသည့်နေရာအား ထီးဆောင်းပြီးသွားသော်လည်း မိုးစက်တို့က တစ်စနှစ်စလာစင်သည်မို့ ပို၍တောင်မကြိုက် ရေစိုခံရသည်အားမုန်းသည်။
ဒီနေ့ကတော့ အလုပ်ပိတ်ရက်မို့ မိုးရေတွေကြားထဲ အလုပ်သွားစရာမလိုတော့။
စောစောထတတ်သူမို့ မနက်စောစော6နာရီထကာ လမ်းထွက်လျှောက်ပြီးမှသာ မနက်စာစားတတ်သည်။
လမ်းလျှောက်သွားတုန်းကတော့ ရာသီဉတုက သာသာယာယာပင် သို့သော် လမ်းလျှောက်ပြန်လာမှမိုးလေးက တဖွဲဖွဲနှင့်ကျလာတော့၏။
မနက်စာစားနေရင်းပင် ဖွင့်ထားသည့် ပြတင်းပြေကါမှ မိုးစက်တို့ကလာစင်သည်မို့ ထကာပြတင်းပေါက်အားပိတ်မည်အပြု မထင်မှတ်ဘဲ လမ်းပေါ်သို့အကြည့်ကရောက်သွားသည်။
ကောင်လေးတစ်ယောက်က မိုးကာအဝါရောင်လေးအား ဝတ်ထားပြီး မကြီးမငယ်နှင့် မူလတန်းအရွယ်ကလေးများကြား ဘောလုံးကန်နေသည့်မြင်ကွင်းအား ရပ်ကာကြည့်နေမိသည်။
ကလေးတစ်ယောက်က သူ့မျက်နှာအားတစ်ခုခုလုပ်လိုက်သည်ထင် တခြားကလေးများက ထိုကောင်ကလေးအား ကြည့်အားဝိုင်းရယ်နေကြသည်။
သို့သော် ထိုကောင်ကလေးမှာ Taehyungရဲ့ ဆန့်ကျင်ဘက်အား မျက်နှာလှည့်ထားသည်မို့ ဘာကြောင့်ရယ်နေကြသည်ကိုတော့ သေချာမသိရ။ ခနအကြာတွင်တော့ မိုးများလဲစဲသွားကာ ထိုကလေးများသည်လဲ ထိုနေရာမှထွက်သွားကြသည်။
ထိုကောင်လေးလဲပြန်တော့မည်ထင် ကြည့်နေရင်းပင် ထိုကောင်လေးက သူ့ဘက်လှည့်လာတာမို့ သူ့မျက်နှာအား သေချာတွေ့လိုက်ရပါပြီ။
ခွီး.. မျက်နှာမှာ အိုးမဲတွေနဲ့
ထိုကောင်လေးက သူ့အားကြည့်ရယ်နေတာကိုတွေ့တော့ ကိုယ်ရဲ့ပြတင်းပေါက်နားရောက်လာကာ သူ့ကိုရယ်ရကောင်းလားလို့ဆိုပြီးရန်လာတွေ့နေပြန်တယ်။
" ဒီမှာ.. ခင်ဗျား ဘာရယ်တာလဲ.."
" မင်းမျက်နှာက.. ရယ်စရာကောင်းလို့လေ ခွီး "
" ဘာဗျ.. ကျွန်တော့်မျက်နှာက ဘယ်လောက်ဘဲရယ်စရာကောင်းကောင်း ခင်ဗျားမရယ်နဲ့.."
ဟင် ဘယ်လိုဟာလေးလဲ ရယ်စရာကောင်းလို့မှရယ်ပါတယ်ဆို မရယ်နဲ့ဆိုပါလား
" မင်းပါးစပ်နဲ့ရယ်တာမှမဟုတ်တာ.. ကိုယ့်ပါးစပ်နဲ့ကိုယ်ရယ်တာ.. ငါရယ်ချင်ရယ်မှာပေါ့.."
" မရဘူး.. မရယ်နဲ့ဆိုမရယ်နဲ့.."
" ရယ်မှာဘဲ.."
" ခင်ဗျား.. ပြောလေဆိုးလေပါလား.. ဟမ်.. ကျွန်တော့်ကိုဘာမှတ်နေလဲ.. ဂျောင်ဟိုဆော့တဲ့ ၁ဆော့ဘဲ ရှိတယ် .. ၂ဆော့ရှိရင် အသားနဲ့ တို့စားပစ်မယ်.."
" ဘာလဲ.. မင်း တို့စားဖို့အသားတောင် ငါကဝယ်ပေးရမှာလား.."
" ကျွန်တော့်ကိုရယ်တဲ့အတွက် ခင်ဗျားအသားပြန်ဝယ်ကျွေးရမယ်.."
" ဟင်း.. ဘာမှလဲမဆိုင်ဘူး.."
" မရဘူး.. ကျွန်တော်ဆိုင်ဆို ဆိုင်လိုက်ပေါ့ .. ဒါဘဲ.. မနက်ဖြန် ကျွန်တော့်ကိုရယ်မိတဲ့အတွက် အသားပြန်ဝယ်ကျွေးရမယ်.. မနက်ဖြန် ညနေလာစားမှာနော် .. ပြင်ထားလိုက်.."
ပြောချင်ရာပြောပြီးပြေးထွက်သွားတဲ့ ထိုကလေးအား အသားဝယ်ကျွေးရတော့မယ် အဖြစ်။
သူနဲ့လဲ တစ်ခါမှမသိပါဘဲ ပြောသွားတဲ့ပုံကိုက ထုပစ်ချင်စရာ။
ခံလိုက်တော့ ဂင်မ်ထယ်ယောင်းရေ မင်းရယ်မိတာနဲ့အသားဖိုးထွက်တော့မယ်ဟ။
စားလက်စစားစရာတွေကလဲ အားသွားပြီမို့ မစားချင်တော့သဖြင့် အကြွင်းအကျန်များအား ပစ်မယ့်အိတ်ထဲထည့်ကာ ပန်းကန်တွေကိုတော့
ဘေစင်ထဲသာ ထည့်ထားလိုက်သည်။
ဟိုကလေးအား ရယ်မိလို့အသားဝယ်ကျွေးရမယ့်အဖြစ်အားပြန်တွေးကာ ထပ်ရယ်မိသေးပြန်သည်။ ဟုတ်တယ်လေ သူ့မျက်နှာမှာ ပေနေတဲ့အိုးမဲတွေနဲ့ဆိုတော့ ဘယ်သူမဆိုတွေ့ရင်ရယ်မိမှာဘဲဟာ သူ့ဟာသူဘယ်ချိန်ကတည်းက စားချင်နေမှန်းမသိတဲ့အသားကို ရယ်မိတာနဲ့ဘဲ ဝယ်ကျွေးရမယ်တဲ့ တော်တော် တရားကျဖို့ကောင်းတဲ့ ကလေးစုတ်ကလေး။
Taehyungလဲ သိပ်နှမြောတွန့်တိုတက်တဲ့သူ မဟုတ်တာသူမို့ ထိုကလေးအားကျွေးဖို့ အသားအားဖုန်းထဲကနေလှမ်းမှာလိုက်သည်။
ဒီနေ့လဲမိုးကတော့ခါတိုင်းလိုပင် ကျနေပြန်၏။ မနေ့ကလို ဖွဲဖွဲလေးမဟုတ်ဘဲ သဲကြီးမဲကြီးရွာချနေတဲ့မိုးကြောင့် ထိုကလေးစုတ်ကလေး လာမှလာပါ့မလာဘဲ။ မလာရင်တော့ အသားတွေအများကြီး ကိုယ်တစ်ယောက်ထဲကုန်မည်မထင် ၂ပိဿာဆိုတာ နည်းနည်နောနောမဟုတ်တာကြောင့် လာရင်တောင်ကုန်လောက်မည်မထင်။ မကုန်လဲ ဘာခက်တာမှတ်လို့ ဟို၂ကောင်အားခေါ်ကျွေးလိုက်မည်လေ။ ဟို၂ကောင်ကလဲ အသားဆိုတဲ့အသံကြားရင်ကိုပြေးလာကြမယ့် ကောင်တွေ။
မနက်စာကိုခါတိုင်းလို ပြတင်းပေါက်ဘေးက စားပွဲပေါ်တွင်မစားတော့ဘဲ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင်သာ TVကြည့်ရင်း စားရန်ဆုံးဖြတ်လိုက်သည်။
TVက လာနေသည့်ဇာတ်လမ်းမှာ
" Hwarang " ဟုခေါ်သည့် နန်းတွင်း Drama ကားသာ။ တခြားလိုင်းတွေကို ပြောင်းကြည့်တော့ စိတ်ဝင်စားစရာကောင်းတာ မတွေ့သည်မို့ ထိုနန်းတွင်းကားသာ ကြည့်နေလိုက်သည်။
ထိုင်ပြီး ၅မိနစ်တောင်မကြာသေး အိမ်ရှေ့မှ လူခေါ်ဘဲလ်သံကြားရသည်မို့ စားလက်စကိုခနရပ်ကာ တံခါးဆီသို့..။
တံခါးဖွင့်ကြည့်တော့ ကိုယ်တစ်ခါမှမတွေ့ဘူးတဲ့ ကောင်လေးတစ်ယောက်
အင်္ကျီအဖြူရောင်လေးအပေါ်မှ အစိမ်းရောင်ဆွယ်တာလေးအားဝတ်ဆင်ထားပြီး ချစ်စရာကောင်းလှသည်။
" ဘယ်သူလဲ.. မသိဘူး.."
" ခင်ဗျား အသားကျွေးရမှာမို့.. မသိချင်ယောင်ဆောင်တာလား..ပြော.."
ဟမ်.. ဒီကောင်လေးက မနေ့ကတွေ့တဲ့ အိုးမဲတွေနဲ့ကောင်လေးလား အခုကျတော့လဲ ချစ်စရာလေး မနေ့ကတော့ ရယ်စရာလေးနဲ့
" အော်.. မင်းလား.. မနေ့ကတွေ့တဲ့..အိုးမဲတွေနဲ့ကလေး.."
" ဘာ အိုးမဲတွေနဲ့ကလေးလဲ.. နာမည်ရှိတယ်.. ကျွန်တော်နာမည် ဂျောင်ဟိုဆော့ အိုးမဲတွေနဲ့ ကလေးမဟုတ်ဘူးဗျ.."
" ဟုတ်ပါပြီ.. အခုကဘာလာလုပ်တာလဲ.."
" အသားလာစားတာလေ.."
" မင်းပြောတော့ ညနေမှဆို.. အခုက မနက်7နာရီဘဲရှိသေးတယ်လေ.."
" သိတယ်.. တမင်လာတာ.. အိမ်ထဲမဝင်ခိုင်းတော့ဘူးလား.."
" အော် အင်း.. ဝင်လေ.."
ဆိုဖာပေါ်ဝင်ထိုင်ရင်း ကိုယ်စားနေတဲ့မုန့်များအားမြင်တော့။
" ခင်ဗျားအခု မနက်စာစားနေတာလား.. အတော်ဘဲ ကျွန်တော်ဘာမှမစားရသေးဘူး.. ကျွန်တော့်ကို ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်လေးတစ်ချပ်လောက် ကျွေးလို့ရမလားဟင်.."
အခုကျတော့လည်း သနားခံနေတာ သူမဟုတ်တဲ့အတိုင်း။ ကိုယ်ကလဲ သနားတက်တဲ့စိတ်အခံလေးကရှိတာဆိုတော့ အဲ့လို သနားစရာကောင်းတဲ့ပုံကိုမြင်ရင် မနေနိုင်ဘူး။
ဒါနဲ့ဘဲ မီးဖိုချောင်ဆီကိုသွားပြီး ကော်ဖီနဲ့ ရေခဲသေတ္တာထဲက ပေါင်မုန့်တွေကို ထုတ်လာပြီး သူ့ရှေ့ကိုချပေးလိုက်တော့ ဘယ်ချိန်ကတည်းကဆာနေတယ်မသိဘူး ခေါင်းကိုမော့မလာတော့တာ စားပြီးသွားတော့ ကိုယ့်ဘက်လှည့်လာကာ..။
" ဟို မီးဖိုချောင်ကရော.. ဘယ်နားလေးလဲ.. "
" ခုနဝင်ပေါက်ရဲ့ညာဘက်ကိုချိုးလိုက်.. အဲ့တာ မီးဖိုချောင်ဘဲ.. နေပါအုံး.. မင်းကဘာလုပ်မလို့လဲ.."
" ခွက်တွေသွားဆေးမလို့လေဗျာ.. ပေး ခင်ဗျားခွက်တွေပါ.. ကျွန်တော်ဆေးပေးမယ်.."
" ရတယ်.. ကိုယ့်ဘာသာဆေးလိုက်မယ်.."
" ခင်ဗျားက ကျွန်တော့်ကို မနက်စာလဲကျွေးတယ် ပြီး အသားလဲကျွေးအုံးမှာကို ဒီလောက်ကတော့ ကျွန်တော်ကပြန်လုပ်ပေးသင့်တယ်မလား.. "
ပြောပြီးကိုယ်စားထားတဲ့ခွက်တွေပါတခါတည်းယူသွားတဲ့ကောင်လေးကိုကြည့်ရင်းပြုံးမိသေးသည် ဂျစ်ကန်ကန်လေးလို့ထင်ထားတာကို အခုလိုကျတော့လဲလိမ္မာပြီး အလိုက်သိသားဘဲ။
" တီးတောင်..တီးတောင်.."
ထပြီးတံခါးသွားဖွင့်မယ်အပြု မီဖိုးခန်းထဲကထွက်လာပြီးတံခါးသွားဖွင့်ပေးနေတာက မသိတဲ့လူဆိုရင် သူ့အိမ်လို့ထင်ချင်စရာ။
" ဟျောင့် ထယ်ယောင်း.. ဟင်.. မင်းကဘယ်သူလဲ.. ထယ်ယောင်းကရော.."
" ဟို.. ကျွန်တော်က--.."
ဟုဆိုကာအိမ်ထဲဝင်လာတဲ့ ကျွန်တော့်ရဲ့အချစ်ဆုံး သူငယ်ချင်းကြီး ဂျီမင်နဲ့ ဂျောင်ဂု
" ငါသိပြီ ဟိုကောင် ငါတို့မသိအောင် ချစ်သူတွေဘာတွေ ရနေတာနေမှာ.."
" ထယ်ယောင်း.. မင်းငါတို့ကိုတောင် ချစ်သူရနေတာမပြောဘူး.. မင်းနော်.. အချင်းချင်းကိုလျိုထားတယ်.. မင်းကောင်လေးနဲ့မိတ်ဆက်ပေးအုံးလေ.."
ပြောရင်းနဲ့ကိုယ်ထိုင်နေတဲ့ ဆိုဖာပေါ်ဝင်ထိုင်ရင်း ပြောလာတဲ့ ဂျီမင်နဲ့ဂျောင်ဂုပါဘဲ..။ သူတို့နောက်ကပပါလာတဲ့ ဟိုကောင်လေးတော့ အကုန်ကြားသွားတယ်ထင် မျက်နှာလေးတစ်ခုလဲနီရဲလို့..။
" မင်းတို့ထင်နေသလိုမဟုတ်ဘူး.. ဘာတွေလျှောက်ပြောနေကြတာလဲ.."
" အဲ့တာဆို ဘာလို့ ဒီကလေးကမင်းရဲ့အိမ်ကိုရောက်နေတာလဲ.."
" သူ့ကိုငါက အသားကျွေးမယ်ပြောထားလို့.. လာတာ.."
" ဟို.. အစ်ကိုတို့ မသိလို့ပြောမိတာ တောင်းပန်ပါတယ်နော်.. ဒီက.."
" ဂျောင်ဟိုဆော့ပါ.."
" အစ်ကိုက ပတ်ဂျီမင်.. သူက ဂျောန်ဂျောင်ဂုတဲ့.. ထယ်ယောင်းကိုတော့သိတယ်မလား.."
" အဲ့လူ နာမည်က ထယ်ယောင်းလား.."
ထိုကလေးပြောလိုက်တဲ့စကားကြောင့်ကြောင်အစွာကြည့်နေကြသူတို့မှာ ဂျီမင်နဲ့ ဂျောင်ဂုသာ..။
ရေးချင်စိတ်ပေါက်တာနဲ့ ကောက်ရေးလိုက်ပါပြီ ဒါလေးက အစက one shot လေးရေးမလို့ပါ ရေးရင်းနဲ့ ရှည်သွားလို့ Two shot ဖြစ်သွားပါတယ်။
@ DearJung_94
6.5.2022
Zawgyi
အံု႔မိႈင္းေနတဲ့ေကာင္းကင္ကိုၾကၫ့္ကာ Taehyung တစ္ေယာက္ သက္ပ်င္းခ်မိသည္။ မၾကာခင္မိုးရြာလာမၫ့္အေျခအေန သူမိုးရာသီကိုမႏွစ္သက္ပါ။ မိုးရြာလာလ်ွင္ အေငြ့ပ်ံလာတဲ့အစိုဓာတ္ေလးေၾကာင့္ ေအးလာ၍ေကာ္ဖီေလးတစ္ခြက္ေဖ်ာ္ကာ ဇိမ္က်ေနမၫ့္အျခားသူေတြလိုမဟုတ္။ Taehyungသည္ အျခားသူမ်ားႏွင့္မတူစြာ မိုးရာသီကိုသေဘာမက်ေပ။
မိုးရြာလာလ်ွင္ အလုပ္ကိုသြားသၫ့္ေနရာအား ထီးေဆာင္းၿပီးသြားေသာ္လည္း မိုးစက္တို႔က တစ္စႏွစ္စလာစင္သည္မို႔ ပို၍ေတာင္မႀကိဳက္ ေရစိုခံရသည္အားမုန္းသည္။
ဒီေန့ကေတာ့ အလုပ္ပိတ္ရက္မို႔ မိုးေရေတြၾကားထဲ အလုပ္သြားစရာမလိုေတာ့။
ေစာေစာထတတ္သူမို႔ မနက္ေစာေစာ6နာရီထကာ လမ္းထြက္ေလ်ွာက္ၿပီးမွသာ မနက္စာစားတတ္သည္။
လမ္းေလ်ွာက္သြားတုန္းကေတာ့ ရာသီဉတုက သာသာယာယာပင္ သို႔ေသာ္ လမ္းေလ်ွာက္ျပန္လာမွမိုးေလးက တဖြဲဖြဲႏွင့္က်လာေတာ့၏။
မနက္စာစားေနရင္းပင္ ဖြင့္ထားသၫ့္ ျပတင္းေျပကါမွ မိုးစက္တို႔ကလာစင္သည္မို႔ ထကာျပတင္းေပါက္အားပိတ္မည္အျပဳ မထင္မွတ္ဘဲ လမ္းေပၚသို႔အၾကၫ့္ကေရာက္သြားသည္။
ေကာင္ေလးတစ္ေယာက္က မိုးကာအဝါေရာင္ေလးအား ဝတ္ထားၿပီး မႀကီးမငယ္ႏွင့္ မူလတန္းအရြယ္ကေလးမ်ားၾကား ေဘာလံုးကန္ေနသၫ့္ျမင္ကြင္းအား ရပ္ကာၾကၫ့္ေနမိသည္။
ကေလးတစ္ေယာက္က သူ႔မ်က္ႏွာအားတစ္ခုခုလုပ္လိုက္သည္ထင္ တျခားကေလးမ်ားက ထိုေကာင္ကေလးအား ၾကၫ့္အားဝိုင္းရယ္ေနၾကသည္။
သို႔ေသာ္ ထိုေကာင္ကေလးမွာ Taehyungရဲ့ ဆန႔္က်င္ဘက္အား မ်က္ႏွာလွၫ့္ထားသည္မို႔ ဘာေၾကာင့္ရယ္ေနၾကသည္ကိုေတာ့ ေသခ်ာမသိရ။ ခနအၾကာတြင္ေတာ့ မိုးမ်ားလဲစဲသြားကာ ထိုကေလးမ်ားသည္လဲ ထိုေနရာမွထြက္သြားၾကသည္။
ထိုေကာင္ေလးလဲျပန္ေတာ့မည္ထင္ ၾကၫ့္ေနရင္းပင္ ထိုေကာင္ေလးက သူ႔ဘက္လွၫ့္လာတာမို႔ သူ႔မ်က္ႏွာအား ေသခ်ာေတြ့လိုက္ရပါၿပီ။
ခြီး.. မ်က္ႏွာမွာ အိုးမဲေတြနဲ႔
ထိုေကာင္ေလးက သူ႔အားၾကၫ့္ရယ္ေနတာကိုေတြ့ေတာ့ ကိုယ္ရဲ့ျပတင္းေပါက္နားေရာက္လာကာ သူ႔ကိုရယ္ရေကာင္းလားလို႔ဆိုၿပီးရန္လာေတြ့ေနျပန္တယ္။
" ဒီမွာ.. ခင္ဗ်ား ဘာရယ္တာလဲ.."
" မင္းမ်က္ႏွာက.. ရယ္စရာေကာင္းလို႔ေလ ခြီး "
" ဘာဗ်.. ကြၽန္ေတာ့္မ်က္ႏွာက ဘယ္ေလာက္ဘဲရယ္စရာေကာင္းေကာင္း ခင္ဗ်ားမရယ္နဲ႔.."
ဟင္ ဘယ္လိုဟာေလးလဲ ရယ္စရာေကာင္းလို႔မွရယ္ပါတယ္ဆို မရယ္နဲ႔ဆိုပါလား
" မင္းပါးစပ္နဲ႔ရယ္တာမွမဟုတ္တာ.. ကိုယ့္ပါးစပ္နဲ႔ကိုယ္ရယ္တာ.. ငါရယ္ခ်င္ရယ္မွာေပါ့.."
" မရဘူး.. မရယ္နဲ႔ဆိုမရယ္နဲ႔.."
" ရယ္မွာဘဲ.."
" ခင္ဗ်ား.. ေျပာေလဆိုးေလပါလား.. ဟမ္.. ကြၽန္ေတာ့္ကိုဘာမွတ္ေနလဲ.. ေဂ်ာင္ဟိုေဆာ့တဲ့ ၁ေဆာ့ဘဲ ရိွတယ္ .. ၂ေဆာ့ရိွရင္ အသားနဲ႔ တို႔စားပစ္မယ္.."
" ဘာလဲ.. မင္း တို႔စားဖို႔အသားေတာင္ ငါကဝယ္ေပးရမွာလား.."
" ကြၽန္ေတာ့္ကိုရယ္တဲ့အတြက္ ခင္ဗ်ားအသားျပန္ဝယ္ေကြၽးရမယ္.."
" ဟင္း.. ဘာမွလဲမဆိုင္ဘူး.."
" မရဘူး.. ကြၽန္ေတာ္ဆိုင္ဆို ဆိုင္လိုက္ေပါ့ .. ဒါဘဲ.. မနက္ျဖန္ ကြၽန္ေတာ့္ကိုရယ္မိတဲ့အတြက္ အသားျပန္ဝယ္ေကြၽးရမယ္.. မနက္ျဖန္ ညေနလာစားမွာေနာ္ .. ျပင္ထားလိုက္.."
ေျပာခ်င္ရာေျပာၿပီးေျပးထြက္သြားတဲ့ ထိုကေလးအား အသားဝယ္ေကြၽးရေတာ့မယ္ အျဖစ္။
သူနဲ႔လဲ တစ္ခါမွမသိပါဘဲ ေျပာသြားတဲ့ပံုကိုက ထုပစ္ခ်င္စရာ။
ခံလိုက္ေတာ့ ဂင္မ္ထယ္ေယာင္းေရ မင္းရယ္မိတာနဲ႔အသားဖိုးထြက္ေတာ့မယ္ဟ။
စားလက္စစားစရာေတြကလဲ အားသြားၿပီမို႔ မစားခ်င္ေတာ့သျဖင့္ အႂကြင္းအက်န္မ်ားအား ပစ္မယ့္အိတ္ထဲထၫ့္ကာ ပန္းကန္ေတြကိုေတာ့
ေဘစင္ထဲသာ ထၫ့္ထားလိုက္သည္။
ဟိုကေလးအား ရယ္မိလို႔အသားဝယ္ေကြၽးရမယ့္အျဖစ္အားျပန္ေတြးကာ ထပ္ရယ္မိေသးျပန္သည္။ ဟုတ္တယ္ေလ သူ႔မ်က္ႏွာမွာ ေပေနတဲ့အိုးမဲေတြနဲ႔ဆိုေတာ့ ဘယ္သူမဆိုေတြ့ရင္ရယ္မိမွာဘဲဟာ သူ႔ဟာသူဘယ္ခ်ိန္ကတည္းက စားခ်င္ေနမွန္းမသိတဲ့အသားကို ရယ္မိတာနဲ႔ဘဲ ဝယ္ေကြၽးရမယ္တဲ့ ေတာ္ေတာ္ တရားက်ဖို႔ေကာင္းတဲ့ ကေလးစုတ္ကေလး။
Taehyungလဲ သိပ္ႏွေျမာတြန႔္တိုတက္တဲ့သူ မဟုတ္တာသူမို႔ ထိုကေလးအားေကြၽးဖို႔ အသားအားဖုန္းထဲကေနလွမ္းမွာလိုက္သည္။
ဒီေန့လဲမိုးကေတာ့ခါတိုင္းလိုပင္ က်ေနျပန္၏။ မေန့ကလို ဖြဲဖြဲေလးမဟုတ္ဘဲ သဲႀကီးမဲႀကီးရြာခ်ေနတဲ့မိုးေၾကာင့္ ထိုကေလးစုတ္ကေလး လာမွလာပါ့မလာဘဲ။ မလာရင္ေတာ့ အသားေတြအမ်ားႀကီး ကိုယ္တစ္ေယာက္ထဲကုန္မည္မထင္ ၂ပိႆာဆိုတာ နည္းနည္ေနာေနာမဟုတ္တာေၾကာင့္ လာရင္ေတာင္ကုန္ေလာက္မည္မထင္။ မကုန္လဲ ဘာခက္တာမွတ္လို႔ ဟို၂ေကာင္အားေခၚေကြၽးလိုက္မည္ေလ။ ဟို၂ေကာင္ကလဲ အသားဆိုတဲ့အသံၾကားရင္ကိုေျပးလာၾကမယ့္ ေကာင္ေတြ။
မနက္စာကိုခါတိုင္းလို ျပတင္းေပါက္ေဘးက စားပြဲေပၚတြင္မစားေတာ့ဘဲ ဧၫ့္ခန္းရိွ ဆိုဖာေပၚတြင္သာ TVၾကည့္ရင္း စားရန္ဆံုးျဖတ္လိုက္သည္။
TVက လာေနသၫ့္ဇာတ္လမ္းမွာ
" Hwarang " ဟုေခၚသၫ့္ နန္းတြင္း Drama ကားသာ။ တျခားလိုင္းေတြကို ေျပာင္းၾကၫ့္ေတာ့ စိတ္ဝင္စားစရာေကာင္းတာ မေတြ့သည္မို႔ ထိုနန္းတြင္းကားသာ ၾကၫ့္ေနလိုက္သည္။
ထိုင္ၿပီး ၅မိနစ္ေတာင္မၾကာေသး အိမ္ေရ႔ွမွ လူေခၚဘဲလ္သံၾကားရသည္မို႔ စားလက္စကိုခနရပ္ကာ တံခါးဆီသို႔..။
တံခါးဖြင့္ၾကၫ့္ေတာ့ ကိုယ္တစ္ခါမွမေတြ့ဘူးတဲ့ ေကာင္ေလးတစ္ေယာက္
အက်ႌအျဖဴေရာင္ေလးအေပၚမွ အစိမ္းေရာင္ဆြယ္တာေလးအားဝတ္ဆင္ထားၿပီး ခ်စ္စရာေကာင္းလွသည္။
" ဘယ္သူလဲ.. မသိဘူး.."
" ခင္ဗ်ား အသားေကြၽးရမွာမို႔.. မသိခ်င္ေယာင္ေဆာင္တာလား..ေျပာ.."
ဟမ္.. ဒီေကာင္ေလးက မေန့ကေတြ့တဲ့ အိုးမဲေတြနဲ႔ေကာင္ေလးလား အခုက်ေတာ့လဲ ခ်စ္စရာေလး မေန့ကေတာ့ ရယ္စရာေလးနဲ႔
" ေအာ္.. မင္းလား.. မေန့ကေတြ့တဲ့..အိုးမဲေတြနဲ႔ကေလး.."
" ဘာ အိုးမဲေတြနဲ႔ကေလးလဲ.. နာမည္ရိွတယ္.. ကြၽန္ေတာ္နာမည္ ေဂ်ာင္ဟိုေဆာ့ အိုးမဲေတြနဲ႔ ကေလးမဟုတ္ဘူးဗ်.."
" ဟုတ္ပါၿပီ.. အခုကဘာလာလုပ္တာလဲ.."
" အသားလာစားတာေလ.."
" မင္းေျပာေတာ့ ညေနမွဆို.. အခုက မနက္7နာရီဘဲရိွေသးတယ္ေလ.."
" သိတယ္.. တမင္လာတာ.. အိမ္ထဲမဝင္ခိုင္းေတာ့ဘူးလား.."
" ေအာ္ အင္း.. ဝင္ေလ.."
ဆိုဖာေပၚဝင္ထိုင္ရင္း ကိုယ္စားေနတဲ့မုန႔္မ်ားအားျမင္ေတာ့။
" ခင္ဗ်ားအခု မနက္စာစားေနတာလား.. အေတာ္ဘဲ ကြၽန္ေတာ္ဘာမွမစားရေသးဘူး.. ကြၽန္ေတာ့္ကို ေကာ္ဖီတစ္ခြက္နဲ႔ ေပါင္မုန႔္ေလးတစ္ခ်ပ္ေလာက္ ေကြၽးလို႔ရမလားဟင္.."
အခုက်ေတာ့လည္း သနားခံေနတာ သူမဟုတ္တဲ့အတိုင္း။ ကိုယ္ကလဲ သနားတက္တဲ့စိတ္အခံေလးကရိွတာဆိုေတာ့ အဲ့လို သနားစရာေကာင္းတဲ့ပံုကိုျမင္ရင္ မေနႏိုင္ဘူး။
ဒါနဲ႔ဘဲ မီးဖိုေခ်ာင္ဆီကိုသြားၿပီး ေကာ္ဖီနဲ႔ ေရခဲေသတၲာထဲက ေပါင္မုန႔္ေတြကို ထုတ္လာၿပီး သူ႔ေရ႔ွကိုခ်ေပးလိုက္ေတာ့ ဘယ္ခ်ိန္ကတည္းကဆာေနတယ္မသိဘူး ေခါင္းကိုေမာ့မလာေတာ့တာ စားၿပီးသြားေတာ့ ကိုယ့္ဘက္လွၫ့္လာကာ..။
" ဟို မီးဖိုေခ်ာင္ကေရာ.. ဘယ္နားေလးလဲ.. "
" ခုနဝင္ေပါက္ရဲ့ညာဘက္ကိုခ်ိဳးလိုက္.. အဲ့တာ မီးဖိုေခ်ာင္ဘဲ.. ေနပါအံုး.. မင္းကဘာလုပ္မလို႔လဲ.."
" ခြက္ေတြသြားေဆးမလို႔ေလဗ်ာ.. ေပး ခင္ဗ်ားခြက္ေတြပါ.. ကြၽန္ေတာ္ေဆးေပးမယ္.."
" ရတယ္.. ကိုယ့္ဘာသာေဆးလိုက္မယ္.."
" ခင္ဗ်ားက ကြၽန္ေတာ့္ကို မနက္စာလဲေကြၽးတယ္ ၿပီး အသားလဲေကြၽးအံုးမွာကို ဒီေလာက္ကေတာ့ ကြၽန္ေတာ္ကျပန္လုပ္ေပးသင့္တယ္မလား.. "
ေျပာၿပီးကိုယ္စားထားတဲ့ခြက္ေတြပါတခါတည္းယူသြားတဲ့ေကာင္ေလးကိုၾကၫ့္ရင္းၿပံဳးမိေသးသည္ ဂ်စ္ကန္ကန္ေလးလို႔ထင္ထားတာကို အခုလိုက်ေတာ့လဲလိမၼာၿပီး အလိုက္သိသားဘဲ။
" တီးေတာင္..တီးေတာင္.."
ထၿပီးတံခါးသြားဖြင့္မယ္အျပဳ မီဖိုးခန္းထဲကထြက္လာၿပီးတံခါးသြားဖြင့္ေပးေနတာက မသိတဲ့လူဆိုရင္ သူ႔အိမ္လို႔ထင္ခ်င္စရာ။
" ေဟ်ာင့္ ထယ္ေယာင္း.. ဟင္.. မင္းကဘယ္သူလဲ.. ထယ္ေယာင္းကေရာ.."
" ဟို.. ကြၽန္ေတာ္က--.."
ဟုဆိုကာအိမ္ထဲဝင္လာတဲ့ ကြၽန္ေတာ့္ရဲ့အခ်စ္ဆံုး သူငယ္ခ်င္းႀကီး ဂ်ီမင္နဲ႔ ေဂ်ာင္ဂု
" ငါသိၿပီ ဟိုေကာင္ ငါတို႔မသိေအာင္ ခ်စ္သူေတြဘာေတြ ရေနတာေနမွာ.."
" ထယ္ေယာင္း.. မင္းငါတို႔ကိုေတာင္ ခ်စ္သူရေနတာမေျပာဘူး.. မင္းေနာ္.. အခ်င္းခ်င္းကိုလ်ိဳထားတယ္.. မင္းေကာင္ေလးနဲ႔မိတ္ဆက္ေပးအံုးေလ.."
ေျပာရင္းနဲ႔ကိုယ္ထိုင္ေနတဲ့ ဆိုဖာေပၚဝင္ထိုင္ရင္း ေျပာလာတဲ့ ဂ်ီမင္နဲ႔ေဂ်ာင္ဂုပါဘဲ..။ သူတို႔ေနာက္ကပပါလာတဲ့ ဟိုေကာင္ေလးေတာ့ အကုန္ၾကားသြားတယ္ထင္ မ်က္ႏွာေလးတစ္ခုလဲနီရဲလို႔..။
" မင္းတို႔ထင္ေနသလိုမဟုတ္ဘူး.. ဘာေတြေလ်ွာက္ေျပာေနၾကတာလဲ.."
" အဲ့တာဆို ဘာလို႔ ဒီကေလးကမင္းရဲ့အိမ္ကိုေရာက္ေနတာလဲ.."
" သူ႔ကိုငါက အသားေကြၽးမယ္ေျပာထားလို႔.. လာတာ.."
" ဟို.. အစ္ကိုတို႔ မသိလို႔ေျပာမိတာ ေတာင္းပန္ပါတယ္ေနာ္.. ဒီက.."
" ေဂ်ာင္ဟိုေဆာ့ပါ.."
" အစ္ကိုက ပတ္ဂ်ီမင္.. သူက ေဂ်ာန္ေဂ်ာင္ဂုတဲ့.. ထယ္ေယာင္းကိုေတာ့သိတယ္မလား.."
" အဲ့လူ နာမည္က ထယ္ေယာင္းလား.."
ထိုကေလးေျပာလိုက္တဲ့စကားေၾကာင့္ေၾကာင္အစြာၾကၫ့္ေနၾကသူတို႔မွာ ဂ်ီမင္နဲ႔ ေဂ်ာင္ဂုသာ..။
ေရးခ်င္စိတ္ေပါက္တာနဲ႔ ေကာက္ေရးလိုက္ပါၿပီ ဒါေလးက အစက one shot ေလးေရးမလို႔ပါ ေရးရင္းနဲ႔ ရွည္သြားလို႔ Two shot ျဖစ္သြားပါတယ္။
@ DearJung_94
6.5.2022