VNITY : The First Step

Par yingyingbabyy

12.3K 1.8K 570

[DISCONTINUED] The original light novel of VNITY, first virtual Idol Group of Myanmar [By KAOS Studio] This i... Plus

Preface
Step 0.1
Step 0.2
Step 0.3
Step 0.4
Step 0.6
Step 0.7
Step 0.8
Step 0.9
Step 1.0
Step 1.1
SPECIAL CHAPTER
(PIT-A-PAT)ยน
Step 1.2
Step 1.3
Step 1.4
Step 1.5
Step 1.6

Step 0.5

483 105 47
Par yingyingbabyy

(Unicode)

Step 0.5 : The start of long journey

လောကတွင် လူနှစ်မျိုးရှိသည်။ တကယ်တမ်း လူနှစ်မျိုးတည်း ရှိတာ ဟုတ်ချင်မှ ဟုတ်မည်ဆိုသော်လည်း Mistအတွက်ကတော့ လူနှစ်မျိုးသာရှိတာဖြစ်၏။

သူ့ကို ဘယ်သောအခါမှ ချက်ချင်းသတိမထားမိပဲ မြင်လိုက်ပါမှ သရဲသဘက်တွေ့သလို ထအော်တတ်သူများနှင့် လူ၅၀လောက်ညှပ်နေသည့် လူအုပ်ထဲမှာပင် သူ့ကိုတန်း၍ရှာတွေ့သူများဖြစ်၏။ ကျိန်းသေပေါက် သူတွေ့ဖူးသမျှလူတိုင်း၏ ၉၀%က‌တော့ ရှေ့အုပ်စုကချည်းသာဖြစ်သည်ပေါ့။ ဘာကြောင့်လဲတော့ သူလဲမသိ။

လွန်ခဲ့သော ၃-၄ရက်အထိတော့ ဒုတိယအုပ်စုတွင် ရှိသူမှာ လက်တစ်ဖက်မပြည့်လောက်သော အနေအထားတွင်ရှိခဲ့သော်လည်း အခုတော့ လူသစ်တစ်ယောက်က ရုတ်တရက်ပေါ်ထွက်လာခဲ့လေသည်။

"Mist .... နိုးနေပြီလား အစောကြီး"

အပြင်ကပြန်လာပုံရသော လင်းက အစားအသောက်ဖြစ်ဟန်တူသော အထုပ်တချို့ကို ကိုင်ထားသည်။ ပုံမှန်လို နှုတ်ဆက်ခံရခြင်းနှင့် အသားမကျသော Mistမှာ ရုတ်တရက် မည်သို့ပြန်နှုတ်ဆက်ရမှန်းမသိတာကြောင့် ခေါင်းသာညိတ်ပြမိ၏။

"ရော့ ဒါက မုန့်ဟင်းခါး... Mist စားနေကျဆိုင်ဆိုတာနဲ့ ကိုယ်လဲ ဝယ်လာသေးတယ် တူတူစားကြတာပေါ့။ အဲ့တာနဲ့လေ ...."

လင်းက စကားတပြောပြောနှင့်ပင် ဝယ်လာသော မုန့်ဟင်းခါးကို ပန်းကန်ထဲထည့်နေသည်။

အနှီသူမှာ လွန်ခဲ့သောရက်ပိုင်းကမှ ကုမ္ပဏီသို့ရောက်လာခဲ့တာဖြစ်သော်လည်း Mistကိုမြင်လိုက်သည်နှင့် ချက်ချင်းသတိထားမိသည့်အပြင် ဖက်လှဲတကင်းပင် နှုတ်ဆက်သေး၏။ ပုံမှန်ဆိုချင်တော့ Mist မှာ ထိုသို့သော တက်ကြွလွန်နေသူများကိုမြင်လျင် ဝေးဝေးကရှောင်ပြေးမည်ဖြစ်သော်ငြား လင်းအပေါ်တော့ ထိုသို့ မခံစားရပေ။ လင်းထံက ခံစားရသည့် ခံစားချက်မှာ စကားလုံးဖြင့် ဖော်ပြ၍တော့ မတတ်သော်ငြား သူ့အိပ်ရာလို၊ သူ့game consoleလို သက်သောင့်သက်သာ ခံစားချက်မျိုးပင်ဖြစ်၏။

"ဒါနဲ့ Mist က ကုမ္ပဏီရောက်လာတာ ဘယ်လောက်ကြာပြီလဲ"

"၆လ"

"ဒါဆို အများကြီး train ထားပြီးသားပေါ့။ အဆိုနဲ့ အကနဲ့ ဘယ်ဟာက ပိုခက်တယ် ခံစားရလဲ"

"၂ခုလုံး"

"အဲ့တာဆို ပြောင်းမေးမယ်။ ဘယ်ဟာပိုကြိုက်လဲ"

"၂ခုလုံး"

လင်းမှာ ရယ်မိရတော့သည်။ ဤMistဆိုသည့်ကောင်လေးမှာ တကယ်ကို ကလေးငယ်လေးနှင့်တူသည့်အပြင် အမြဲလိုလို စိတ်ဝင်စားစရာကောင်းသော စကားများကို ပြောတတ်၏။ သူ့ကိုစောင့်ကြည့်ရသည်မှာ စကားတတ်ကာစ၊ လမ်းလျှောက်တတ်ကာစ ကလေးလေးတစ်ယောက်ကို စောင့်ရှောက်နေရသလိုကိုခံစားရတာကြောင့် ကလေးချစ်တတ်သောလင်းမှာ သဘောအကျကြီးကို ကျနေမိတော့လေသည်။

"အင်း ဒီမုန့်ဟင်းခါး စားကောင်းသားပဲ။ Mist က မုန့်ဟင်းခါးကြိုက် .... ဟာ ဘာလို့ ငရုတ်သီးကို အဲ့လောက်အများကြီးထည့်တာလဲ?! ဗိုက်နာမှာပေါ့!!"

ပြောရင်းဆိုရင်း Mist၏ မုန့်ဟင်းခါးပန်းကန်ကို ကြည့်မိခိုက် လင်းမှာ အလွန်တရာမှပင် ထိတ်လန့်သွားရလေသည်။ ဘယ်အချိန်က ဘယ်လောက်တောင် ငရုတ်သီးတွေထည့်ချလိုက်သည်မသိ၊ တစ်ပန်းကန်လုံးမှာ ငရုတ်သီးစွပ်ပြုတ်ကြီးအလား မှတ်ရအောင်ပင် နီရဲတောက်ပနေကာ လင်းပင် မစားရပဲ စပ်လာသလို ခံစားသွားရလေသည်။

"စားနေကျပဲ။ ငရုတ်သီး ကြိုက်တယ်"

Mist က တည်ငြိမ်စွာ ဖြေရင်း မုန့်ဟင်းခါးကို အေးဆေးစွာပင် ချွေးတစ်စက်မစို့ပဲ ဆက်၍စားနေသည်။ လင်းမှာတော့ သူ့ပန်းကန်ကိုကြည့်ရင်းနှင့်ပင် ချွေးအပြိုက်ပြိုက်ပြန်ကာ ရင်တုန်ပန်းတုန်ရှိနေရလေသည်။ လင်းသည် ညနေကျလျင် အစာအိမ်ဆေးတော့ ဝယ်ထားဦးမှဟု တေးထားလိုက်ဖြစ်၏။

၁၀နာရီခန့်တွင်‌တော့ Vocal trainerက ရောက်ရှိလာလေသည်။ လင်းမှာ ဘယ်တုန်းကမှ သီချင်းဆိုခြင်းကို အသားပေးလေ့ကျင့်ခဲ့ဖူးသူမဟုတ်တာကြောင့် အခုမှ အဆိုလေ့ကျင့်ခန်းများကို အစမှ စ၍လေ့ကျင့်နေရသည်။ ဆရာကတော့ အရည်အချင်းရှိတာမို့ အနည်းငယ်ကြိုးစားလိုက်လျင်ကို တိုးတက်နိုင်သည်ဟု အားပေးသော်လည်း လင်းကတော့ အများကြီးပိုကြိုးစားသင့်သည်ဟု ခံစားရ၏။ ဤနယ်ပယ်တွင်တော့ သူက အစိမ်းသက်သက်ဖြစ်သည့်အပြင် ပါရမီရှင်ဆိုသည်မျိုးက မရှိတာကြောင့် အရာအားလုံးမှာ ကြိုးစားခြင်းကိုသာ အရင်းခံကာ ဖန်တီးယူရမည့်အရာမျိုးဖြစ်၏။ ဂီတနှင့်ပတ်သတ်သော အရာအားလုံးကို  အတော်ကြာအောင် ရပ်တန့်ထားပြီးမှ ပြန်စရသည့်အပြင် အသစ်အဆန်းတစ်ခုကို စတင်နေရ၍လည်း ဖြစ်မည်ထင်သည် ... လင်း၏စိတ်မှာ အတော်လေးကို တက်ကြွလို့နေကာ အရာအားလုံးကို လုပ်နိုင်သည်ဟု ခံစားနေရသည်။

မကြာမီမှာပင် လှပသော အသံတစ်သံက အခန်းထောင့်တစ်နေရာမှ ပျံ့လွင့်လို့လာလေသည်။ လှပသည် ဆိုသော စကားလုံးကို အများအားဖြင့် မျက်စိနှင့်မြင်နိုင်၊ ထိတွေ့၍ရနိုင်သည့် အရာမျိုးနှင့်သာ တွဲ၍အသုံးများသောငြား သူကြားလိုက်ရသည့် ဤအသံမှာတော့ လှပခြင်းဆိုသည်မှတစ်ပါး အခြားစကားလုံးမျိုး မရှိလောက်အောင် ပကတိ အလှတရားပင်ဖြစ်လေသည်။ ဘာကြောင့်မှန်းမသိ နားထောင်သူ၏ နှလုံးသားထဲထိပင် ထိုးဖောက်နိုင်လောက်သော အသံမျိုးပင်ဖြစ်၏။ လင်းသည်ပင်လျင် ရုတ်တရက် မျက်ရည်ကျမိတော့မတတ် ခံစားသွားရ၏။

"ကျွန်တော်လည်း သူ့အသံကိုစစကြားချင်းတုန်းက အဲ့လိုပဲ"

Vocal trainier နေသန်က ဆိုသည်။

"ဒါပေမဲ့ ဒါသူ့potential အကုန်မဟုတ်သေးဘူး။ Mistက လူစိမ်းတွေရှေ့ သီချင်းဆိုရတာမကြိုက်တော့ လူတွေရှိနေရင်ကို အသံက ပွင့်သင့်သလောက်မပွင့်တော့ဘူးဖြစ်နေတာ။ တစ်ခုခုကို ထိန်းချုပ်ထားသလိုမျိုးလေ သိလား"

လင်းမှာ ထိုအခါမှ သေချာပြန်စဉ်းစားရမိ၏။ တကယ်ကိုပင် သူ့အသံမှာ လှပလွန်းသည်မှန်သော်လည်း အပြည့်အဝမလွတ်လပ်သလို ခံစားချက်မျိုးရှိနေသေးတာဖြစ်သည်။

"ဒါပေမဲ့ ကိုလင်းကိုတော့ သူသဘောကျပုံပဲဗျ။ ကျွန်တော်တောင် လနဲ့ချီပြီး ရင်းနှီးအောင်လုပ်ယူပြီးမှ သီချင်းကို မနည်းဆိုခိုင်းရတာဗျာ။ ဒါတောင် ဒီလောက်အသံကြားရဖို့ အတော်စောင့်လိုက်ရသေးတာ။ ကိုလင်းနဲ့ကျ ရက်ပိုင်းနဲ့တင် ဒီလောက်အသံမျိုး ထွက်လာတယ်ဆိုတော့ အံဖွယ်သုတပဲဗျ။ အပြန် ထီထိုးသွားမှပဲ ဟားဟား"

နေသန်က သူ့စကားသူ သဘောကျကာ ရယ်သည်။ လင်းမှာ သူ့စကားကြောင့် ဂုဏ်ပဲယူသလိုလို အနည်းငယ်ပျော်သလိုလေး ခံစားသွားရ၏။

"ဒါဆိုရင် ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျ။ ကိုလင်းက tone ကို ငြိမ်အောင် ဆက်ကျင့်ထားပေးရင်ရပါတယ်။ Mist လည်း ကိုလင်းနဲ့ တူတူကျင့်နေပေးနော်။ အလေ့အကျင့်ဖြစ်အောင်... ဟုတ်ပြီလား"

Mistက ထုံးစံအတိုင်း ခေါင်းကိုသာ မလှုပ်တလှုပ်ညိတ်၏။ လင်းမှာတော့ သူ့အသံကို ထပ်ကြားရမည့်အရေးကို တွေးရင်းသာ စိတ်လှုပ်ရှားနေမိတော့၏။

×××

"ကိုလင်း! Mist! စားပြီးကြပြီလားဗျ?'

နေ့လည်မှ မောကြီးပန်းကြီးနှင့် ချွေးသံရွှဲရွှဲရောက်လာသူကတော့ သီခဖြစ်သည်။ လင်းမှာ ထိုကလေးကိုကြည့်တိုင်း အမြဲကို သူ့အစားပင်ပန်းရ၏။

"သီခရော? ရော့ ရော့ ရေသောက်ဦး"

"စားတော့ပြီးပြီ ဒါပေမဲ့ .... သေတော့မယ် "

သီခသည် လင်း ကမ်းပေးသည့် ရေတစ်ခွက်ကို သောက်ပြီးနောက်တွင် နံရံကိုမှီကာ ကြမ်းပေါ်သာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

"အိမ်က အဝေးကြီးလား"

"အင်း ၁နာရီလောက်လာရတာ ကားပိတ်ရင်တော့ တမေ့ပေါ့ဗျာ"

"ဒါဆိုလည်း အဆောင်ပဲ နေလိုက်ပါတော့လား ဒီတိုင်းဆက်သွားရင် မကြာခင်သေမှာပဲ"

လင်းကပြောသည့်အခါ သီခက သူ့ကိုကြည့်ကာ ချိနဲ့စွာ ရယ်၏။

"ကျွန်တော် တကယ်တော့လေ ... အိမ်ကိုပြောမပြရသေးဘူးဗျ"

"ဟမ်?"

"Typical ဗမာအိမ်လေဗျာ။ Idolလုပ်မယ်ပြောရင် အိမ်က ရိုက်သတ်မလား မသိတာနဲ့ ပြောမပြရသေးတာ။ ဆိုတော့ အခုက ခိုးလုပ်နေရတာဗျ"

လင်းမှာ ခေါင်းနပန်းများ ၂ဆကြီးသွားရ၏။

"ဟင် အဲ့တာဆို ဘယ်တော့မှ ပြောပြမှာလဲ? သီခ ဒီတိုင်းဆို ကြာကြာမခံဘူးနော်"

"ကျွန်တော်လဲ သိတော့သိပါတယ်ဗျာ။ ပြောတော့ပြောမှာပါ။ first sem ဖြေပြီးရင် ပြောမလားလို့ပဲဗျ။ စာမေးပွဲက နီးပြီဆိုတော့"

"စာမေးပွဲနီးလို့ ပိုပြောသင့်တာ မဟုတ်ဘူးလား? စာမေးပွဲနီးရတဲ့အထဲ အိမ်ရယ် ကျောင်းရယ် ကုမ္ပဏီရယ် လျှောက်ပြေးနေရင် သေမှာပေါ့ .... "

"ကျွန်တော် .... အမလေး ဗုဒ္ဓဘုရား!"

သီခသည် လင်းကို ပြန်ဖြေရန် ပြင်နေစဉ်မှာပင် အနားကိုရောက်လာသည့် ခပ်အေးအေး တစ်စုံတစ်ခုကြောင့် လန့်ဖျပ်ကာ တုန်သွားရ၏။ သူလှည့်ကြည့်လိုက်သည့်အခါတွင်တော့ အနားတွင် မျက်နှာတည်နှင့် ငုတ်တုတ်ထိုင်‌နေရင်း အအေးဘူးလေးတစ်ဘူးကို ကမ်းပေးနေသည့် Mistကို တွေ့လိုက်ရသည်။

"မသေပါနဲ့"

သီခမှာ အအေးဘူးနှင့် အားပေးနေသော Mistနှင့် သေမှာနော်ဆိုသည်ကိုသာ အတည်ပေါက် ပြောနေသော လင်းကိုကြည့်ကာ ရယ်ရမလို ငိုရမလို ခံစားနေရလေ၏။

"တစ်ခုခုတော့ လုပ်မှာပါ။ အဲ့တာကြောင့် အဲ့သေမယ်နော်ဆိုတာကြီးတော့ တော်ပါတော့ဗျာ"

သီခသည် ငို၍မဖြစ်သည့်အဆုံးတော့ ရယ်ရင်းသာ ဆိုမိရတော့သည်။

တစ်ခဏအကြာတွင်တော့ အကနည်းပြ ရောက်ရှိလာတာကြောင့် သုံးဦးသားမှာ အကလေ့ကျင့်ခန်းများကို စတင်ကြတော့သည်။

လင်းမှာ သည်တစ်ခါတော့ ရယ်ချင်စိတ်သာဖြစ်နေရ၏။ သူနှင့် သီခ၏ အကပါရမီက သူမသာကိုယ်မသာနှင့်မို့ ဆရာမောင်းသမျှကို ဟပ်ထိုးလဲကာ လိုက်နေရသည်မှာ ရယ်စရာကောင်း၏။ ၆လခန့် လေ့ကျင့်ထားသည့် Mistကတော့ သူတို့ထက် ကျိန်းသေပေါက် ပို၍သာသည်ဆိုသော်ငြား တစ်ခုခုကတော့ လိုနေသေးတာ ကျိန်းသေဖြစ်၏။

ခဏနားသည့်အခါတွင်မူ ဆရာဝီလီက ရှုတည်တည်နှင့် လင်းကိုကြည့်ကာ တစ်စုံတစ်ခုကို မေးလာ၏။

"လင်းက အားကစားတစ်ခုခုများ လုပ်လား"

"မနက်လမ်းလျှောက်တာ ပြေးတာလောက်ပါပဲ"

"အဲ့တာဆို martial artsတစ်ခုခုရော?"

"ကျောင်းတုန်းကတော့ ကာရာတေးသင်ဖူးတယ်ဗျ..."

"အဲ့တာကြောင့်ကိုး"

လင်းမှာ သူ့ဆိုလိုရင်းကို သဘောမပေါက်သေးတာကြောင့် အူတူတူသာ ဖြစ်နေရသည်။

"ကိုယ်ပြောမယ် .... လင်းကလေ လှုပ်ရှားတဲ့အခါ နည်းနည်းနူးညံ့အောင် ကျင့်ယူရလိမ့်မယ်။ လူရိုက်တာမဟုတ်ဘူးလေနော် ကတာ ကတာ ... ဟုတ်ပြီလား အကမှာ beauty က အဓိကပဲ။ movement သွက်တာက တမျိုးတော့ ကောင်းပေမဲ့ ဆတ်ကနဲ ဆတ်ကနဲကျ လူရိုက်တော့မလို feelingပဲဖြစ်နေတာ။ အဲ့တော့ လူမရိုက်ကြရအောင်ကွာ ဟုတ်လား..."

ဝီလီမှာ နေသန်ထက်စာလျင်တော့ ပို၍တင်းကြပ်သော ဆရာဖြစ်၏။ အကအတွေ့အကြုံ သုညဖြစ်သော လင်းမှာ ရှေ့ဆက်လျှောက်ရမည့် ခရီးရှည်ကြီးအတွက် သူ့ကိုယ်သူသာ အားပေးနေရတော့သည်။

"သီခကတော့ practice နည်းနေတာ အဓိကပဲ။ အရင်အပတ်က ခွေလဲ ပေးခဲ့တယ်မလား? Practiceမလုပ်ဘူးလား?"

"လုပ်ပါတယ် ဆရာ ... ဒါပေမဲ့...."

"လုပ်တယ်ဆိုရင် ဒါပေမဲ့ ဆိုတာက မလိုတော့ဘူးလေ။ ဒီတိုင်းဆို မဖြစ်ဘူးနော် သီခ။ ကိုယ့်အခြေအနေကို သိတယ်မလား"

"Mistက အဆင်ပြေတယ်။ ဒါပေမဲ့ ကတဲ့အခါ ခေါင်းကိုစိုက်ပြီး မနေရင် ပိုအဆင်ပြေမယ်။ ဘာလို့ဆို ကတဲ့အခါ ကိုယ်တစ်ယောက်ထဲကရမှာမဟုတ်ဘူးလေ။ audienceက ရှိနေမှာ ဟုတ်လား...ပြီးရင် တခြားသူတွေနဲ့လည်း sync ဖို့က လိုသေးတာ"

ဝီလီ့ ‌‌ဝေဖန်ချက်များက အနည်းငယ် ဒဲ့တိုးဆန်သော်လည်း အပိုအလိုမရှိ ကွက်တိပင်ဖြစ်သည်။ သုံးဦးသားမှာလည်း သူ့စကားအားလုံးက အမှန်ဆိုတာကို သိနေတာကြောင့် စကားမဆိုသာပဲ ဖိ၍သာ လေ့ကျင့်‌မိရတော့သည်။

၂နာရီခန့်ကြာအောင်လေ့ကျင့်ပြီးသည့်သကာလတွင်တော့ သုံးဦးစလုံးမှာ လှုပ်ရှားရန်အားအင်ပင် တစ်စက်မှ မကျန်တော့ပဲ ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် အတုံးအရုံး ပက်လက်လန်ကုန်ကြလေတော့၏။

"အိမ်မပြန်နိုင်တော့ဘူး တစ်ယောက်ယောက် ထမ်းစင်လေးနဲ့ဖြစ်ဖြစ် ထမ်းခေါ်ပေးသွားရင်ကောင်းမယ်"

"ညနေ ကိုယ်ကားနဲ့လိုက်ပို့မယ်လေ။ ဘတ်စ်ကားမစီးနဲ့တော့"

"ဖြစ်ရဲ့လားဗျ? ကိုလင်းလဲ ပင်ပန်းနေမှာကို"

"ရပါတယ် ခဏနားပြီး ရေမိုးချိုးပြီးရင် ပြန်ကြတာပေါ့"

×××

"ဒါနဲ့ ဗိုက်မဆာကြဘူးလား"

လင်းသည် သီခကိုပါ ခေါ်လာကာ အဆောင်တွင် ခဏနားနေရင်း ဗိုက်ဆာသလိုရှိလာတာကြောင့် မီးဖိုချောင်ထဲ ဟိုမွှေသည်မွှေလုပ်လိုက်ရင်း ကျန်နှစ်ယောက်ကို လှမ်းမေးလိုက်၏။

"အာ ကိုလင်း ကျွန်တော် အိမ်က ထမနဲ ယူလာတယ်ဗျ"

သီခက အိတ်ထဲက ဖော့ဘူးကို ထုတ်လာကာ စားပွဲပေါ်တင်လိုက်သည့်အခါ နိုင်ငံခြားသားနှစ်ယောက်သည် ထမနဲဘူးကို  တောက်ပသော မျက်လုံးကလေးများနှင့် ရတနာသေတ္တာသဖွယ်ကြည့်ကြလေသည်။

လင်းသည် ငယ်ငယ်ကတောာ့ မြန်မာပြည် အလည်လာသည့်အခါ ထမနဲကို ရံဖန်ရံခါစားရဖူးသော်လည်း မစားရတာ ကြာပြီဖြစ်တာကြောင့် စိတ်လှုပ်ရှားနေမိ၏။ ထမနဲဟုဆိုလိုက်သည်နှင့် ငယ်ငယ်က အဘိုးအဘွားများနှင့်အတူ ပွဲဈေးသို့ခေါ်သွားခံရသည့် အမှတ်တရများကိုပါ တဆက်တည်း သတိရမိတာကြောင့် သူအင်မတန်ပင် သဘောကျ၏။

Mist အတွက်ကတော့ ငယ်ငယ်က မြန်မာပြည်ကိုရောက်ဖူးစဥ်ကတည်းက တစ်ခါတစ်ရံဆိုသလို မြင်ဖူးကြားဖူးနေသော်လည်း ပွဲတော်ရက်နှင့် မကြုံတာကြောင့် တစ်ခါမှ စားရကံမကြုံခဲ့။ လူကြီးဖြစ်လာပြီး မြန်မာပြည် ပြန်ရောက်လာချိန်ကျ ပွဲတော်ရက်နှင့် တစ်ခါကြုံပါသော်လည်း လူများသည့်နေရာများတွင်သာ ရောင်းသောမုန့်ဖြစ်တာကြောင့် လူမတိုးနိုင်သည့် Mistခမျာ မစားခဲ့ရပြန်တာဖြစ်၏။ ထို့ကြောင့် ထမနဲမှာ သူ့အတွက်တော့ လွန်စွာရှားပါးသော ရတနာသဖွယ်ကိုဖြစ်၏။

သီခမှာ စင်စစ်တော့ ယူသာယူခဲ့ရသော်လည်း ကြိုက်ကြမည်မထင်ခဲ့မိတာဖြစ်၏။ ယခုတော့ ထိုနှစ်ဦးသား၏ အမူအရာများကို ကြည့်ကာ နှစ်ဘူးယူခဲ့ရ ကောင်းသားဟုသာ တွေးနေမိရ၏။

"လာပါ Valentineမရှိကြတဲ့သူချင်း ထမနဲပဲ ပျော်ပျော်ကြီးစားကြတာပေါ့"

သီခကပြောတော့ လင်းက သူ့ကို ပေကလပ် ပေကလပ် ကြည့်သည်။

"ဟင် ဒီနေ့ Valentine's dayလား"

"ဟာ မသိဘူးလား? ကိုလင်းဆို ချောကလက်တွေ တပုံကြီးရမယ်ထင်တာကို"

"အင်း သိပ်ပြီး ထူးထူးခြားခြားမရှိတော့ သတိမထားလိုက်မိဘူး ဟီး"

သီခမှာ ဘဝတူချင်းဖြစ်သည့်အပြင် ဤနေ့ကို သူနှင့်သက်ဆိုင်သည်ဟုပင် မထင်ရှာတော့သော ဝါရင့်တစ်ကိုယ်တည်းသမားကို ကြည့်ရင်း သနားလာတာ‌ကြောင့် ထမနဲပန်းကန်လေးကိုသာ ရှေ့တိုး‌‌ပေးကာ နှစ်သိမ့်မိရတော့သည်။

"အင်းနော် မဆိုင်ပါဘူးလေ။ ရော့ ရော့ ထမနဲပဲ များများစားနော် ကိုလင်း "

တိတ်ဆိတ်စွာဖြင့် ထမနဲကိုသာ မြုံ့နေသော Mistမှာတော့ ကျန်နှစ်ဦး၏ Valentine ချောကလက်ဆွေးနွေးခန်းများကို နားထောင်ရင်း ပဟေဠိပွားနေရ၏။ ဘာကြောင့် ဤချောကလက် ရမရက အရေးကြီးသည်လဲ မသိသော်ငြား နောက်မှ သူနေ့လည်မုန့်သွားစားစဉ်က ကုမ္ပဏီအောက်ထပ်က စတိုးဆိုင်၊ ညာဖက်မျက်စောင်းထိုးက အအေးဆိုင်၊ ဘယ်ဖက်ကပ်လျက်က အကြော်ဆိုင်က ကောင်မလေးများထံက ရခဲ့သော ချောကလက်များကို ပြန်မျှပေးဦးမှဟုသာ တွေးနေမိတော့၏။

5/5/22
7:00pm

(ZawGyi)

Step 0.5 : The start of long journey

ေလာကတြင္ လူႏွစ္မ်ိဳးရွိသည္။ တကယ္တမ္း လူႏွစ္မ်ိဳးတည္း ရွိတာ ဟုတ္ခ်င္မွ ဟုတ္မည္ဆိုေသာ္လည္း Mistအတြက္ကေတာ့ လူႏွစ္မ်ိဳးသာရွိတာျဖစ္၏။

သူ႔ကို ဘယ္ေသာအခါမွ ခ်က္ခ်င္းသတိမထားမိပဲ ျမင္လိုက္ပါမွ သရဲသဘက္ေတြ႕သလို ထေအာ္တတ္သူမ်ားႏွင့္ လူ၅၀ေလာက္ညႇပ္ေနသည့္ လူအုပ္ထဲမွာပင္ သူ႔ကိုတန္း၍ရွာေတြ႕သူမ်ားျဖစ္၏။ က်ိန္းေသေပါက္ သူေတြ႕ဖူးသမွ်လူတိုင္း၏ ၉၀%က‌ေတာ့ ေရွ႕အုပ္စုကခ်ည္းသာျဖစ္သည္ေပါ့။ ဘာေၾကာင့္လဲေတာ့ သူလဲမသိ။

လြန္ခဲ့ေသာ ၃-၄ရက္အထိေတာ့ ဒုတိယအုပ္စုတြင္ ရွိသူမွာ လက္တစ္ဖက္မျပည့္ေလာက္ေသာ အေနအထားတြင္ရွိခဲ့ေသာ္လည္း အခုေတာ့ လူသစ္တစ္ေယာက္က ႐ုတ္တရက္ေပၚထြက္လာခဲ့ေလသည္။

"Mist .... ႏိုးေနၿပီလား အေစာႀကီး"

အျပင္ကျပန္လာပုံရေသာ လင္းက အစားအေသာက္ျဖစ္ဟန္တူေသာ အထုပ္တခ်ိဳ႕ကို ကိုင္ထားသည္။ ပုံမွန္လို ႏႈတ္ဆက္ခံရျခင္းႏွင့္ အသားမက်ေသာ Mistမွာ ႐ုတ္တရက္ မည္သို႔ျပန္ႏႈတ္ဆက္ရမွန္းမသိတာေၾကာင့္ ေခါင္းသာညိတ္ျပမိ၏။

"ေရာ့ ဒါက မုန႔္ဟင္းခါး... Mist စားေနက်ဆိုင္ဆိုတာနဲ႔ ကိုယ္လဲ ဝယ္လာေသးတယ္ တူတူစားၾကတာေပါ့။ အဲ့တာနဲ႔ေလ ...."

လင္းက စကားတေျပာေျပာႏွင့္ပင္ ဝယ္လာေသာ မုန္႔ဟင္းခါးကို ပန္းကန္ထဲထည့္ေနသည္။

အႏွီသူမွာ လြန္ခဲ့ေသာရက္ပိုင္းကမွ ကုမၸဏီသို႔ေရာက္လာခဲ့တာျဖစ္ေသာ္လည္း Mistကိုျမင္လိုက္သည္ႏွင့္ ခ်က္ခ်င္းသတိထားမိသည့္အျပင္ ဖက္လွဲတကင္းပင္ ႏႈတ္ဆက္ေသး၏။ ပုံမွန္ဆိုခ်င္ေတာ့ Mist မွာ ထိုသို႔ေသာ တက္ႂကြလြန္ေနသူမ်ားကိုျမင္လ်င္ ေဝးေဝးကေရွာင္ေျပးမည္ျဖစ္ေသာ္ျငား လင္းအေပၚေတာ့ ထိုသို႔ မခံစားရေပ။ လင္းထံက ခံစားရသည့္ ခံစားခ်က္မွာ စကားလုံးျဖင့္ ေဖာ္ျပ၍ေတာ့ မတတ္ေသာ္ျငား သူ႔အိပ္ရာလို၊ သူ႔game consoleလို သက္ေသာင့္သက္သာ ခံစားခ်က္မ်ိဳးပင္ျဖစ္၏။

"ဒါနဲ႔ Mist က ကုမၸဏီေရာက္လာတာ ဘယ္ေလာက္ၾကာၿပီလဲ"

"၆လ"

"ဒါဆို အမ်ားႀကီး train ထားၿပီးသားေပါ့။ အဆိုနဲ႔ အကနဲ႔ ဘယ္ဟာက ပိုခက္တယ္ ခံစားရလဲ"

"၂ခုလုံး"

"အဲ့တာဆို ေျပာင္းေမးမယ္။ ဘယ္ဟာပိုႀကိဳက္လဲ"

"၂ခုလုံး"

လင္းမွာ ရယ္မိရေတာ့သည္။ ဤMistဆိုသည့္ေကာင္ေလးမွာ တကယ္ကို ကေလးငယ္ေလးႏွင့္တူသည့္အျပင္ အၿမဲလိုလို စိတ္ဝင္စားစရာေကာင္းေသာ စကားမ်ားကို ေျပာတတ္၏။ သူ႔ကိုေစာင့္ၾကည့္ရသည္မွာ စကားတတ္ကာစ၊ လမ္းေလွ်ာက္တတ္ကာစ ကေလးေလးတစ္ေယာက္ကို ေစာင့္ေရွာက္ေနရသလိုကိုခံစားရတာေၾကာင့္ ကေလးခ်စ္တတ္ေသာလင္းမွာ သေဘာအက်ႀကီးကို က်ေနမိေတာ့ေလသည္။

"အင္း ဒီမုန႔္ဟင္းခါး စားေကာင္းသားပဲ။ Mist က မုန႔္ဟင္းခါးႀကိဳက္ .... ဟာ ဘာလို႔ င႐ုတ္သီးကို အဲ့ေလာက္အမ်ားႀကီးထည့္တာလဲ?! ဗိုက္နာမွာေပါ့!!"

ေျပာရင္းဆိုရင္း Mist၏ မုန႔္ဟင္းခါးပန္းကန္ကို ၾကည့္မိခိုက္ လင္းမွာ အလြန္တရာမွပင္ ထိတ္လန႔္သြားရေလသည္။ ဘယ္အခ်ိန္က ဘယ္ေလာက္ေတာင္ င႐ုတ္သီးေတြထည့္ခ်လိုက္သည္မသိ၊ တစ္ပန္းကန္လုံးမွာ င႐ုတ္သီးစြပ္ျပဳတ္ႀကီးအလား မွတ္ရေအာင္ပင္ နီရဲေတာက္ပေနကာ လင္းပင္ မစားရပဲ စပ္လာသလို ခံစားသြားရေလသည္။

"စားေနက်ပဲ။ င႐ုတ္သီး ႀကိဳက္တယ္"

Mist က တည္ၿငိမ္စြာ ေျဖရင္း မုန႔္ဟင္းခါးကို ေအးေဆးစြာပင္ ေခြၽးတစ္စက္မစို႔ပဲ ဆက္၍စားေနသည္။ လင္းမွာေတာ့ သူ႔ပန္းကန္ကိုၾကည့္ရင္းႏွင့္ပင္ ေခြၽးအၿပိဳက္ၿပိဳက္ျပန္ကာ ရင္တုန္ပန္းတုန္ရွိေနရေလသည္။ လင္းသည္ ညေနက်လ်င္ အစာအိမ္ေဆးေတာ့ ဝယ္ထားဦးမွဟု ေတးထားလိုက္ျဖစ္၏။

၁၀နာရီခန႔္တြင္‌ေတာ့ Vocal trainerက ေရာက္ရွိလာေလသည္။ လင္းမွာ ဘယ္တုန္းကမွ သီခ်င္းဆိုျခင္းကို အသားေပးေလ့က်င့္ခဲ့ဖူးသူမဟုတ္တာေၾကာင့္ အခုမွ အဆိုေလ့က်င့္ခန္းမ်ားကို အစမွ စ၍ေလ့က်င့္ေနရသည္။ ဆရာကေတာ့ အရည္အခ်င္းရွိတာမို႔ အနည္းငယ္ႀကိဳးစားလိုက္လ်င္ကို တိုးတက္ႏိုင္သည္ဟု အားေပးေသာ္လည္း လင္းကေတာ့ အမ်ားႀကီးပိုႀကိဳးစားသင့္သည္ဟု ခံစားရ၏။ ဤနယ္ပယ္တြင္ေတာ့ သူက အစိမ္းသက္သက္ျဖစ္သည့္အျပင္ ပါရမီရွင္ဆိုသည္မ်ိဳးက မရွိတာေၾကာင့္ အရာအားလုံးမွာ ႀကိဳးစားျခင္းကိုသာ အရင္းခံကာ ဖန္တီးယူရမည့္အရာမ်ိဳးျဖစ္၏။ ဂီတႏွင့္ပတ္သတ္ေသာ အရာအားလုံးကို  အေတာ္ၾကာေအာင္ ရပ္တန႔္ထားၿပီးမွ ျပန္စရသည့္အျပင္ အသစ္အဆန္းတစ္ခုကို စတင္ေနရ၍လည္း ျဖစ္မည္ထင္သည္ ... လင္း၏စိတ္မွာ အေတာ္ေလးကို တက္ႂကြလို႔ေနကာ အရာအားလုံးကို လုပ္ႏိုင္သည္ဟု ခံစားေနရသည္။

မၾကာမီမွာပင္ လွပေသာ အသံတစ္သံက အခန္းေထာင့္တစ္ေနရာမွ ပ်ံ႕လြင့္လို႔လာေလသည္။ လွပသည္ ဆိုေသာ စကားလုံးကို အမ်ားအားျဖင့္ မ်က္စိႏွင့္ျမင္ႏိုင္၊ ထိေတြ႕၍ရႏိုင္သည့္ အရာမ်ိဳးႏွင့္သာ တြဲ၍အသုံးမ်ားေသာျငား သူၾကားလိုက္ရသည့္ ဤအသံမွာေတာ့ လွပျခင္းဆိုသည္မွတစ္ပါး အျခားစကားလုံးမ်ိဳး မရွိေလာက္ေအာင္ ပကတိ အလွတရားပင္ျဖစ္ေလသည္။ ဘာေၾကာင့္မွန္းမသိ နားေထာင္သူ၏ ႏွလုံးသားထဲထိပင္ ထိုးေဖာက္ႏိုင္ေလာက္ေသာ အသံမ်ိဳးပင္ျဖစ္၏။ လင္းသည္ပင္လ်င္ ႐ုတ္တရက္ မ်က္ရည္က်မိေတာ့မတတ္ ခံစားသြားရ၏။

"ကြၽန္ေတာ္လည္း သူ႔အသံကိုစစၾကားခ်င္းတုန္းက အဲ့လိုပဲ"

Vocal trainier ေနသန္က ဆိုသည္။

"ဒါေပမဲ့ ဒါသူ႔potential အကုန္မဟုတ္ေသးဘူး။ Mistက လူစိမ္းေတြေရွ႕ သီခ်င္းဆိုရတာမႀကိဳက္ေတာ့ လူေတြရွိေနရင္ကို အသံက ပြင့္သင့္သေလာက္မပြင့္ေတာ့ဘူးျဖစ္ေနတာ။ တစ္ခုခုကို ထိန္းခ်ဳပ္ထားသလိုမ်ိဳးေလ သိလား"

လင္းမွာ ထိုအခါမွ ေသခ်ာျပန္စဥ္းစားရမိ၏။ တကယ္ကိုပင္ သူ႔အသံမွာ လွပလြန္းသည္မွန္ေသာ္လည္း အျပည့္အဝမလြတ္လပ္သလို ခံစားခ်က္မ်ိဳးရွိေနေသးတာျဖစ္သည္။

"ဒါေပမဲ့ ကိုလင္းကိုေတာ့ သူသေဘာက်ပုံပဲဗ်။ ကြၽန္ေတာ္ေတာင္ လနဲ႔ခ်ီၿပီး ရင္းႏွီးေအာင္လုပ္ယူၿပီးမွ သီခ်င္းကို မနည္းဆိုခိုင္းရတာဗ်ာ။ ဒါေတာင္ ဒီေလာက္အသံၾကားရဖို႔ အေတာ္ေစာင့္လိုက္ရေသးတာ။ ကိုလင္းနဲ႔က် ရက္ပိုင္းနဲ႔တင္ ဒီေလာက္အသံမ်ိဳး ထြက္လာတယ္ဆိုေတာ့ အံဖြယ္သုတပဲဗ်။ အျပန္ ထီထိုးသြားမွပဲ ဟားဟား"

ေနသန္က သူ႔စကားသူ သေဘာက်ကာ ရယ္သည္။ လင္းမွာ သူ႔စကားေၾကာင့္ ဂုဏ္ပဲယူသလိုလို အနည္းငယ္ေပ်ာ္သလိုေလး ခံစားသြားရ၏။

"ဒါဆိုရင္ ဒီေန႔အတြက္ကေတာ့ ဒီေလာက္ပါပဲဗ်။ ကိုလင္းက tone ကို ၿငိမ္ေအာင္ ဆက္က်င့္ထားေပးရင္ရပါတယ္။ Mist လည္း ကိုလင္းနဲ႔ တူတူက်င့္ေနေပးေနာ္။ အေလ့အက်င့္ျဖစ္ေအာင္... ဟုတ္ၿပီလား"

Mistက ထုံးစံအတိုင္း ေခါင္းကိုသာ မလႈပ္တလႈပ္ညိတ္၏။ လင္းမွာေတာ့ သူ႔အသံကို ထပ္ၾကားရမည့္အေရးကို ေတြးရင္းသာ စိတ္လႈပ္ရွားေနမိေတာ့၏။

×××

"ကိုလင္း! Mist! စားၿပီးၾကၿပီလားဗ်?'

ေန႔လည္မွ ေမာႀကီးပန္းႀကီးႏွင့္ ေခြၽးသံ႐ႊဲ႐ႊဲေရာက္လာသူကေတာ့ သီချဖစ္သည္။ လင္းမွာ ထိုကေလးကိုၾကည့္တိုင္း အၿမဲကို သူ႔အစားပင္ပန္းရ၏။

"သီခေရာ? ေရာ့ ေရာ့ ေရေသာက္ဦး"

"စားေတာ့ၿပီးၿပီ ဒါေပမဲ့ .... ေသေတာ့မယ္ "

သီခသည္ လင္း ကမ္းေပးသည့္ ေရတစ္ခြက္ကို ေသာက္ၿပီးေနာက္တြင္ နံရံကိုမွီကာ ၾကမ္းေပၚသာ ေျခပစ္လက္ပစ္ ထိုင္ခ်လိုက္သည္။

"အိမ္က အေဝးႀကီးလား"

"အင္း ၁နာရီေလာက္လာရတာ ကားပိတ္ရင္ေတာ့ တေမ့ေပါ့ဗ်ာ"

"ဒါဆိုလည္း အေဆာင္ပဲ ေနလိုက္ပါေတာ့လား ဒီတိုင္းဆက္သြားရင္ မၾကာခင္ေသမွာပဲ"

လင္းကေျပာသည့္အခါ သီခက သူ႔ကိုၾကည့္ကာ ခ်ိနဲ႔စြာ ရယ္၏။

"ကြၽန္ေတာ္ တကယ္ေတာ့ေလ ... အိမ္ကိုေျပာမျပရေသးဘူးဗ်"

"ဟမ္?"

"Typical ဗမာအိမ္ေလဗ်ာ။ Idolလုပ္မယ္ေျပာရင္ အိမ္က ႐ိုက္သတ္မလား မသိတာနဲ႔ ေျပာမျပရေသးတာ။ ဆိုေတာ့ အခုက ခိုးလုပ္ေနရတာဗ်"

လင္းမွာ ေခါင္းနပန္းမ်ား ၂ဆႀကီးသြားရ၏။

"ဟင္ အဲ့တာဆို ဘယ္ေတာ့မွ ေျပာျပမွာလဲ? သီခ ဒီတိုင္းဆို ၾကာၾကာမခံဘူးေနာ္"

"ကြၽန္ေတာ္လဲ သိေတာ့သိပါတယ္ဗ်ာ။ ေျပာေတာ့ေျပာမွာပါ။ first sem ေျဖၿပီးရင္ ေျပာမလားလို႔ပဲဗ်။ စာေမးပြဲက နီးၿပီဆိုေတာ့"

"စာေမးပြဲနီးလို႔ ပိုေျပာသင့္တာ မဟုတ္ဘူးလား? စာေမးပြဲနီးရတဲ့အထဲ အိမ္ရယ္ ေက်ာင္းရယ္ ကုမၸဏီရယ္ ေလွ်ာက္ေျပးေနရင္ ေသမွာေပါ့ .... "

"ကြၽန္ေတာ္ .... အမေလး ဗုဒၶဘုရား!"

သီခသည္ လင္းကို ျပန္ေျဖရန္ ျပင္ေနစဥ္မွာပင္ အနားကိုေရာက္လာသည့္ ခပ္ေအးေအး တစ္စုံတစ္ခုေၾကာင့္ လန႔္ဖ်ပ္ကာ တုန္သြားရ၏။ သူလွည့္ၾကည့္လိုက္သည့္အခါတြင္ေတာ့ အနားတြင္ မ်က္ႏွာတည္ႏွင့္ ငုတ္တုတ္ထိုင္‌ေနရင္း အေအးဘူးေလးတစ္ဘူးကို ကမ္းေပးေနသည့္ Mistကို ေတြ႕လိုက္ရသည္။

"မေသပါနဲ႔"

သီခမွာ အေအးဘူးႏွင့္ အားေပးေနေသာ Mistႏွင့္ ေသမွာေနာ္ဆိုသည္ကိုသာ အတည္ေပါက္ ေျပာေနေသာ လင္းကိုၾကည့္ကာ ရယ္ရမလို ငိုရမလို ခံစားေနရေလ၏။

"တစ္ခုခုေတာ့ လုပ္မွာပါ။ အဲ့တာေၾကာင့္ အဲ့ေသမယ္ေနာ္ဆိုတာႀကီးေတာ့ ေတာ္ပါေတာ့ဗ်ာ"

သီခသည္ ငို၍မျဖစ္သည့္အဆုံးေတာ့ ရယ္ရင္းသာ ဆိုမိရေတာ့သည္။

တစ္ခဏအၾကာတြင္ေတာ့ အကနည္းျပ ေရာက္ရွိလာတာေၾကာင့္ သုံးဦးသားမွာ အကေလ့က်င့္ခန္းမ်ားကို စတင္ၾကေတာ့သည္။

လင္းမွာ သည္တစ္ခါေတာ့ ရယ္ခ်င္စိတ္သာျဖစ္ေနရ၏။ သူႏွင့္ သီခ၏ အကပါရမီက သူမသာကိုယ္မသာႏွင့္မို႔ ဆရာေမာင္းသမွ်ကို ဟပ္ထိုးလဲကာ လိုက္ေနရသည္မွာ ရယ္စရာေကာင္း၏။ ၆လခန႔္ ေလ့က်င့္ထားသည့္ Mistကေတာ့ သူတို႔ထက္ က်ိန္းေသေပါက္ ပို၍သာသည္ဆိုေသာ္ျငား တစ္ခုခုကေတာ့ လိုေနေသးတာ က်ိန္းေသျဖစ္၏။

ခဏနားသည့္အခါတြင္မူ ဆရာဝီလီက ရႈတည္တည္ႏွင့္ လင္းကိုၾကည့္ကာ တစ္စုံတစ္ခုကို ေမးလာ၏။

"လင္းက အားကစားတစ္ခုခုမ်ား လုပ္လား"

"မနက္လမ္းေလွ်ာက္တာ ေျပးတာေလာက္ပါပဲ"

"အဲ့တာဆို martial artsတစ္ခုခုေရာ?"

"ေက်ာင္းတုန္းကေတာ့ ကာရာေတးသင္ဖူးတယ္ဗ်..."

"အဲ့တာေၾကာင့္ကိုး"

လင္းမွာ သူ႔ဆိုလိုရင္းကို သေဘာမေပါက္ေသးတာေၾကာင့္ အူတူတူသာ ျဖစ္ေနရသည္။

"ကိုယ္ေျပာမယ္ .... လင္းကေလ လႈပ္ရွားတဲ့အခါ နည္းနည္းႏူးညံ့ေအာင္ က်င့္ယူရလိမ့္မယ္။ လူ႐ိုက္တာမဟုတ္ဘူးေလေနာ္ ကတာ ကတာ ... ဟုတ္ၿပီလား အကမွာ beauty က အဓိကပဲ။ movement သြက္တာက တမ်ိဳးေတာ့ ေကာင္းေပမဲ့ ဆတ္ကနဲ ဆတ္ကနဲက် လူ႐ိုက္ေတာ့မလို feelingပဲျဖစ္ေနတာ။ အဲ့ေတာ့ လူမ႐ိုက္ၾကရေအာင္ကြာ ဟုတ္လား..."

ဝီလီမွာ ေနသန္ထက္စာလ်င္ေတာ့ ပို၍တင္းၾကပ္ေသာ ဆရာျဖစ္၏။ အကအေတြ႕အႀကဳံ သုညျဖစ္ေသာ လင္းမွာ ေရွ႕ဆက္ေလွ်ာက္ရမည့္ ခရီးရွည္ႀကီးအတြက္ သူ႔ကိုယ္သူသာ အားေပးေနရေတာ့သည္။

"သီခကေတာ့ practice နည္းေနတာ အဓိကပဲ။ အရင္အပတ္က ေခြလဲ ေပးခဲ့တယ္မလား? Practiceမလုပ္ဘူးလား?"

"လုပ္ပါတယ္ ဆရာ ... ဒါေပမဲ့...."

"လုပ္တယ္ဆိုရင္ ဒါေပမဲ့ ဆိုတာက မလိုေတာ့ဘူးေလ။ ဒီတိုင္းဆို မျဖစ္ဘူးေနာ္ သီခ။ ကိုယ့္အေျခအေနကို သိတယ္မလား"

"Mistက အဆင္ေျပတယ္။ ဒါေပမဲ့ ကတဲ့အခါ ေခါင္းကိုစိုက္ၿပီး မေနရင္ ပိုအဆင္ေျပမယ္။ ဘာလို႔ဆို ကတဲ့အခါ ကိုယ္တစ္ေယာက္ထဲကရမွာမဟုတ္ဘူးေလ။ audienceက ရွိေနမွာ ဟုတ္လား...ၿပီးရင္ တျခားသူေတြနဲ႔လည္း sync ဖို႔က လိုေသးတာ"

ဝီလီ့ ‌‌ေဝဖန္ခ်က္မ်ားက အနည္းငယ္ ဒဲ့တိုးဆန္ေသာ္လည္း အပိုအလိုမရွိ ကြက္တိပင္ျဖစ္သည္။ သုံးဦးသားမွာလည္း သူ႔စကားအားလုံးက အမွန္ဆိုတာကို သိေနတာေၾကာင့္ စကားမဆိုသာပဲ ဖိ၍သာ ေလ့က်င့္‌မိရေတာ့သည္။

၂နာရီခန႔္ၾကာေအာင္ေလ့က်င့္ၿပီးသည့္သကာလတြင္ေတာ့ သုံးဦးစလုံးမွာ လႈပ္ရွားရန္အားအင္ပင္ တစ္စက္မွ မက်န္ေတာ့ပဲ ၾကမ္းျပင္ေပၚ ေျခပစ္လက္ပစ္ အတုံးအ႐ုံး ပက္လက္လန္ကုန္ၾကေလေတာ့၏။

"အိမ္မျပန္ႏိုင္ေတာ့ဘူး တစ္ေယာက္ေယာက္ ထမ္းစင္ေလးနဲ႔ျဖစ္ျဖစ္ ထမ္းေခၚေပးသြားရင္ေကာင္းမယ္"

"ညေန ကိုယ္ကားနဲ႔လိုက္ပို႔မယ္ေလ။ ဘတ္စ္ကားမစီးနဲ႔ေတာ့"

"ျဖစ္ရဲ႕လားဗ်? ကိုလင္းလဲ ပင္ပန္းေနမွာကို"

"ရပါတယ္ ခဏနားၿပီး ေရမိုးခ်ိဳးၿပီးရင္ ျပန္ၾကတာေပါ့"

×××

"ဒါနဲ႔ ဗိုက္မဆာၾကဘူးလား"

လင္းသည္ သီခကိုပါ ေခၚလာကာ အေဆာင္တြင္ ခဏနားေနရင္း ဗိုက္ဆာသလိုရွိလာတာေၾကာင့္ မီးဖိုေခ်ာင္ထဲ ဟိုေမႊသည္ေမႊလုပ္လိုက္ရင္း က်န္ႏွစ္ေယာက္ကို လွမ္းေမးလိုက္၏။

"အာ ကိုလင္း ကြၽန္ေတာ္ အိမ္က ထမနဲ ယူလာတယ္ဗ်"

သီခက အိတ္ထဲက ေဖာ့ဘူးကို ထုတ္လာကာ စားပြဲေပၚတင္လိုက္သည့္အခါ ႏိုင္ငံျခားသားႏွစ္ေယာက္သည္ ထမနဲဘူးကို  ေတာက္ပေသာ မ်က္လုံးကေလးမ်ားႏွင့္ ရတနာေသတၱာသဖြယ္ၾကည့္ၾကေလသည္။

လင္းသည္ ငယ္ငယ္ကေတာာ့ ျမန္မာျပည္ အလည္လာသည့္အခါ ထမနဲကို ရံဖန္ရံခါစားရဖူးေသာ္လည္း မစားရတာ ၾကာၿပီျဖစ္တာေၾကာင့္ စိတ္လႈပ္ရွားေနမိ၏။ ထမနဲဟုဆိုလိုက္သည္ႏွင့္ ငယ္ငယ္က အဘိုးအဘြားမ်ားႏွင့္အတူ ပြဲေဈးသို႔ေခၚသြားခံရသည့္ အမွတ္တရမ်ားကိုပါ တဆက္တည္း သတိရမိတာေၾကာင့္ သူအင္မတန္ပင္ သေဘာက်၏။

Mist အတြက္ကေတာ့ ငယ္ငယ္က ျမန္မာျပည္ကိုေရာက္ဖူးစဥ္ကတည္းက တစ္ခါတစ္ရံဆိုသလို ျမင္ဖူးၾကားဖူးေနေသာ္လည္း ပြဲေတာ္ရက္ႏွင့္ မႀကဳံတာေၾကာင့္ တစ္ခါမွ စားရကံမႀကဳံခဲ့။ လူႀကီးျဖစ္လာၿပီး ျမန္မာျပည္ ျပန္ေရာက္လာခ်ိန္က် ပြဲေတာ္ရက္ႏွင့္ တစ္ခါႀကဳံပါေသာ္လည္း လူမ်ားသည့္ေနရာမ်ားတြင္သာ ေရာင္းေသာမုန႔္ျဖစ္တာေၾကာင့္ လူမတိုးႏိုင္သည့္ Mistခမ်ာ မစားခဲ့ရျပန္တာျဖစ္၏။ ထို႔ေၾကာင့္ ထမနဲမွာ သူ႔အတြက္ေတာ့ လြန္စြာရွားပါးေသာ ရတနာသဖြယ္ကိုျဖစ္၏။

သီခမွာ စင္စစ္ေတာ့ ယူသာယူခဲ့ရေသာ္လည္း ႀကိဳက္ၾကမည္မထင္ခဲ့မိတာျဖစ္၏။ ယခုေတာ့ ထိုႏွစ္ဦးသား၏ အမူအရာမ်ားကို ၾကည့္ကာ ႏွစ္ဘူးယူခဲ့ရ ေကာင္းသားဟုသာ ေတြးေနမိရ၏။

"လာပါ Valentineမရွိၾကတဲ့သူခ်င္း ထမနဲပဲ ေပ်ာ္ေပ်ာ္ႀကီးစားၾကတာေပါ့"

သီခကေျပာေတာ့ လင္းက သူ႔ကို ေပကလပ္ ေပကလပ္ ၾကည့္သည္။

"ဟင္ ဒီေန႔ Valentine's dayလား"

"ဟာ မသိဘူးလား? ကိုလင္းဆို ေခ်ာကလက္ေတြ တပုံႀကီးရမယ္ထင္တာကို"

"အင္း သိပ္ၿပီး ထူးထူးျခားျခားမရွိေတာ့ သတိမထားလိုက္မိဘူး ဟီး"

သီခမွာ ဘဝတူခ်င္းျဖစ္သည့္အျပင္ ဤေန႔ကို သူႏွင့္သက္ဆိုင္သည္ဟုပင္ မထင္ရွာေတာ့ေသာ ဝါရင့္တစ္ကိုယ္တည္းသမားကို ၾကည့္ရင္း သနားလာတာ‌ေၾကာင့္ ထမနဲပန္းကန္ေလးကိုသာ ေရွ႕တိုး‌‌ေပးကာ ႏွစ္သိမ့္မိရေတာ့သည္။

"အင္းေနာ္ မဆိုင္ပါဘူးေလ။ ေရာ့ ေရာ့ ထမနဲပဲ မ်ားမ်ားစားေနာ္ ကိုလင္း "

တိတ္ဆိတ္စြာျဖင့္ ထမနဲကိုသာ ၿမဳံ႕ေနေသာ Mistမွာေတာ့ က်န္ႏွစ္ဦး၏ Valentine ေခ်ာကလက္ေဆြးေႏြးခန္းမ်ားကို နားေထာင္ရင္း ပေဟဠိပြားေနရ၏။ ဘာေၾကာင့္ ဤေခ်ာကလက္ ရမရက အေရးႀကီးသည္လဲ မသိေသာ္ျငား ေနာက္မွ သူေန႔လည္မုန႔္သြားစားစဥ္က ကုမၸဏီေအာက္ထပ္က စတိုးဆိုင္၊ ညာဖက္မ်က္ေစာင္းထိုးက အေအးဆိုင္၊ ဘယ္ဖက္ကပ္လ်က္က အေၾကာ္ဆိုင္က ေကာင္မေလးမ်ားထံက ရခဲ့ေသာ ေခ်ာကလက္မ်ားကို ျပန္မွ်ေပးဦးမွဟုသာ ေတြးေနမိေတာ့၏။

5/5/22
7:00pm

Continuer la Lecture

Vous Aimerez Aussi

558 75 8
โ—ฆโ€ขโ—โ—‰๐š‚๐š˜ ๐š‘๐š’ ๐š๐š›๐š’๐šŽ๐š—๐š๐šœ.... ๐™ฐ๐š•๐š–๐š˜๐šœ๐š ๐šŽ๐šŸ๐šŽ๐š›๐šข ๐š ๐š›๐š’๐š๐šŽ๐š› ๐š ๐š›๐š’๐š๐šŽ๐šœ ๐šŠ๐š‹๐š˜๐šž๐š ๐šŠ๐š—๐šž๐šœ๐šŽ๐šŽ๐š—๐šŠ/๐š–๐šŠ๐š๐š๐šŠ๐š–๐šœ๐š’๐š› ๐š‹๐šž๐š ๐š‘๐šŠ๐šŸ๐šŽ ๐šข๏ฟฝ...
3.3M 176K 43
[FIRST BOOK IN THE 'HIS' SERIES] [2017] "Hi." Kyla smiles nervously. "Hi." Cole greets back, just as nervously. The boys and I share a roll of the ey...
3.9K 189 66
โ˜† - Whatever tf happens in my life. Save so you never miss an update !! โ˜† - None of the art I repost are never mine , lmaoo !!
300K 8.8K 109
Carmen Sandiego memes from my camera roll. Highest Rank so far: #2 in #carmensandiego