Purple Dream [Complete]

By Sakawar-Hlaing

79.6K 6.6K 1.1K

အချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်... More

ခရမ်းရောင်အိမ်မက်
အလှဆုံးရွေးယူလာသောပန်းလေးတစ်ပွင့်
ဂျွန်နဲ့သူ့ကောင်မလေးတွေ
ခရမ်းရောင်လီလီနှင့်တူသောဂျွန်
ကျွန်တော်မမှတ်မိသောသူမ
ညစျေးအမှတ်တရ
နာကျင်မူကိုသဘောကျမိခြင်း
အနည်းငယ်သော ဂရုစိုက်မူလေး
ပြုစားနိုင်လွန်းတဲ့ဂျွန်
တစ်ရက်တာကမ်းခြေသို့
အမှတ်တရသစ်ပင်ငယ်
မုန်းတယ်ဂျွန် ဒါပေမဲ့..ဒီနေ့တစ်ရက်တည်း
ရက်စက်လွန်းပါတယ်ဂျွန်....
အရောင်နုနုအတ္တဖြင့်သာ
ချစ်ခြင်းနှင့်သံယောဇဥ်အားပြိုင်ရန်
ယောင်းကငါ့အပိုင်
ခိုးယူပိုင်ဆိုင်ခြင်း
မုန်း၍မရနိုင်သောဂျွန်...
လိမ္မော်ခင်းကြီးထဲကကုကီ
စကားတစ်ခွန်းတွင်ပြိုလဲခဲ့ရခြင်း....
မြတ်နိုးရလွန်းတဲ့ထယ်....
ပထမဆုံးသောနောင်တ
ငါ့ကိုဂရုမစိုက်နဲ့ယောင်း.....
ဝဋ်ကြွေးလှလှလေး
မရည်ရွယ်ပါပဲ ရယူမိခြင်း...
အနီရောင်နွေဦးပန်းတို့ကြားဝယ်....
ပြောင်းလဲဖြစ်ပျက်သွားခဲ့သော
ချစ်ခြင်း၏အရောင်နုသောအတ္တ
ခရမ်းရောင်လီလီတို့၏အတိတ်
နှင်းမြူများကြားဝယ်...
အကြင်သူဖြင့်ပြန်လည်တွေ့ဆုံခြင်း
အကြင်သူ၏ခေါ်သံ...
အကြင်သူ၏‌တောင်းပန်စကား
ကံကြမ္မာလှည့်ကွက်...
ရှုပ်ထွေးခြင်းများကြား...
ကြေမွနေသောနှလုံးသားများ...
ခရမ်းလီလီ၏ နောင်တ...
ပြသာနာတို့ပြီးဆုံးချိန် ...
အဆုံးသတ်....
အမေး/အဖြေ

ထားရက်ခဲ့လေသောဂျွန်....

1.5K 238 29
By Sakawar-Hlaing

Unicode

"ဘာလုပ်နေတာလဲယောင်း ... မအိပ်သေးဘူးလား"

ဝရံတာတွင်ရပ်ကာ ငေးနေသောtaehyungအား jungkookမေးလိုက်ခြင်းဖြစ်သည်။ ငေးနေသောtaehyungမှာလည်း အသံကြားမှလှည့်ကြည့်လာ၏။
ညမီးရောင်အောက် taehyungပုံစံလေးမှာနွမ်းလျဖျော့တော့စွာပင်။

"ငါခဏနေအိပ်တော့မှာဂျွန်... မင်းကောမအိပ်သေးဘူးလား။နောက်ကျနေပြီလေ...  "

"အိပ်တော့မှာ။ ဒီမှာဒေါ်ကြီးကိုချက်ခိုင်းထားခိုင်းလိုက်တဲနွားနို့ မင်းအတွက်ယူလာပေးတာ။ မင်းအိပ်တော့မယ်ထင်လို့ ငါအခုပြန်နွေးပြီးယူလာခဲ့တာယောင်း.... "

"ကျေးဇူးပါပဲဂျွန်...."

နွားနို့ခွက်အားကမ်းပေးရင်းပြောလာသောjungkookမှာ စကားပြောနေသည့်တိုင်taehyungမျက်နှာအားသေချာကြည့်ခြင်းမရှိ။ အကြည့်ချင်းမဆုံအောင် တစ်မင်ရှောင်လွဲနေသည်ဟု ဆိုလျှင်ပိုမှန်လိမ့်မည်။

နွားနို့ကုန်အောင်သောက်ပြီးသွားတဲ့အထိထိုအနားမှာပင်ရပ်နေသောjungkookအား taehyungငဲ့ကြည့်လာသည်။

"ပြောစရာရှိလို့လားဂျွန်..."

"မဟုတ်ဘူး။ မင်းနေမကောင်းတော့အိပ်သင့်ပြီထင်တယ်ယောင်း... အခုကအိပ်ချိန်ထက်ကိုတော်တော်နောက်ကျနေပြီမလား"

ထိုစကားကြောင့်taehyungမှာခပ်ဖွဖွလေးပြုံး၏။ လရောင်နှင့်မီးရောင်မှိုင်းပြပြအောင် ထိုအပြုံးက ဝမ်းနည်းခြင်းကြောင့်လား... ဝမ်းသာခြင်းကြောင့်လား.... ခေါင်းစဉ်တတ်ဖို့ခက်ခဲလွန်းသည့်အပြုံးပင်။

" ငါအဆင်ပြေပါတယ်ဂျွန်...စိတ်မပူပါနဲ့"

ငါ့အတွက်အဆင်ပြေပါတယ်ဂျွန်...
မင်းအိမ်ပြန်နောက်ကျတဲ့ညတိုင်း ငါမအိပ်ပဲစောင့်နေ​ကျ​ပဲမလား...။
မင်းတော့သိမှာမဟုတ်ဘူးပေါ့။ မင်းအိမ်ပြန်ကျတဲ့နေ့တွေဆို ငါမင်းပြန်ရောက်တဲ့အထိမအိပ်ပဲစောင့်နေခဲ့မိတာကိုလေ...။
မအိပ်ပဲစောင့်တယ်ဆိုတာထက် အိပ်မပျော်နိုင်ဘူးဆိုပိုမှန်လေမလား...။
ငါမင်းကိုစိတ်ပူတယ်ဂျွန်...
မင်းရဲ့ကားအိမ်ထဲဝင်လာတော့မှ ငါစိတ်အေးရပြီး ကုတင်ပေါ်တက်အိပ်ပျော်ချင်ယောင်ဆောင်ရတာလည်း ငါ့အလုပ်တစ်ခုလိုပါပဲ။ အခုတော့ ညနက်မှအိပ်ရာဝင်ရတာကို ငါကျင့်သားရနေခဲ့ပါပြီဂျွန်...။

"ဂျွန်...."

" အင်း "

"ငါ..."

ပြောနေရင်းမှယောင်းအသံကတိမ်ဝင်သွားခဲ့သည်။ သူယောင်းမျက်နှာအားကြည့်လိုက်မိတော့ အရည်ကြည်များပြည့်လုလုမျက်ဝန်းများနှင့်ဆုံ၏။
ထိုအရည်ကြည်တို့ကယောင်းမျက်ဝန်း၌မည်သည့်အချိန်ကပင် နေရာယူနေခဲ့လည်းသူယောင်းမျက်ဝန်းအားရှောင်နေခဲ့မိသည်ကြောင့် မသိ။ အခုနကမှလား... ဒါမှမဟုတ်သူမလာခင်တည်းကလား....။

"ငါအဲဒီခံစားချက်ကိုတစ်ကယ်မခံစားနိုင်တော့လို့မင်းကိုပြောပြချင်တယ်ဂျွန်....
အဲဒါကြောင့် ငါ.... အိပ်လို့လည်းမရဘူး။
မင်းနားထောင်ပေးမလားဟင်... တစ်ယောက်တည်းတွေးပြီးတစ်ကယ်မွန်းကြပ်လွန်းနေပြီမို့လို့"

တိုးလျသောစကားသံနဲ့အတူ ယောင်းမျက်ဝန်းများတွင် နာကျင်မွန်းကြပ်မူများနှင့် ဝမ်းနည်းထိန့်လန့်ခြင်းတို့ကိုအတိုင်းမြင်နေရသည်။ ယင်းမျက်ဝန်းများအား သူခဏမျှသာစိုက်ကြည့်နိုင်ပြီး အကြည့်လွဲလိုက်မိ၏။
ထိုသည်က မထိုက်တန်ဘူးဟုဦးနှောက်အသိညဏ်တို့က သတိပေးခြင်းကြောင့်ဖြစ်သည်။
သူက ဖြူစင်လွန်းသောယောင်း၏မျက်ဝန်းကိုပင်ကြည့်ဖို့မထိုက်တန်....။ ယောင်း၏မျက်ဝန်းများထဲမှ သူ့အတွက်ချစ်ခြင်းမေတ္တာနှင့်အလေးထားမူတွေကိုမြင်ရတိုင်း ရှက်စိတ်ဖြစ်ရသည်။ ယူကြုံးမရစိတ်နှင့်အတူ ထပ်မံပူလောင်နာကျင်ရသည်။

"မင်းဘာတွေလျှောက်တွေးနေတာလဲယောင်း"

"ငါတစ်ကယ်.. တစ်ကယ်အဲလိုခံစားနေမိတာ။ မင်းကိုဆုံးရှုံးရတော့မယ်ဆိုပြီး ခံစားနေမိတာဂျွန်... ဘာလို့လဲမသိပေမဲ့ ငါ့စိတ်ထဲ....မင်းငါ့အနားကထွက်သွားတော့မယ်လို့ထင်နေမိတာ... အဲစိတ်ကဘယ်လိုဖျောက်ဖျောက် ဖျောက်ပစ်လို့မရဘူးဖြစ်နေတယ်။
ငါ... ငါတစ်ကယ်အရမ်းကြောက်တယ်ဂျွန်...
မင်းကိုဆုံးရှုံးလိုက်ရမှာ ငါကြောက်တယ်..."

ပါးပြင်ထက်စီးကျလာသောမျက်ရည်များအား လက်ဖြင့်ဖိသုတ်ပြီးပြောလာသောယောင်းက တစ်ကယ်ပင်ထိန့်လန့်နေဟန်။ မျက်ရည်များကြားမှပင် သူ့မျက်နှာကိုအမိအရကြည့်နေသေးသည်။
လက်များကိုဆုတ်ကိုင်လိုက်တော့ ရင်ခွင်ထဲတိုးဝင်လာ၏။ သူ့ခါးပေါ်ဖက်တွယ်လာသောသွယ်လျနူးညံ့သောလက်တို့ဟာလည်း တင်းတင်းကျပ်ကျပ်။

"စိတ်လျော့အုံးယောင်း... အဲဒါကမင်းဟိုပန်းတွေရဲ့အဓိပ္ပါယ်ကြောင့်လျှောက်တွေးပြီး ကြောက်စိတ်ဝင်နေတာ။ အဲပန်းကိစ္စကိုမေ့လိုက်တော့ယောင်း.... ဘာမဟုတ်တာနဲ့မင်းကိုထိခိုက်နေပြီဆိုတာသိရဲ့လား "

"ဟင့်အင်း မဟုတ်ဘူးဂျွန်... အဲပန်းကြောင့်ပိုပြီး ကြောက်သွားမိသွားတာမှန်ပေမဲ့ ငါအဲပန်းတွေဆီမရောက်ခင်တည်းကအဲလိုထင်နေတာ... ငါ့စိတ်တွေလေးနေခဲ့တာ။ 
မင်းကိုဖက်ထားတဲ့ဒီလက်တွေလွှတ်ချလိုက်တာနဲ့... ငါမျက်တောင်တွေ....တစ်ချက်ခပ်လိုက်မိတာနဲ့... မင်းငါ့အနားကထွက်သွားတော့မှာလို့ ငါထင်နေတာ..."

"ယောင်းရာ..."

"ဂျွန် မင်းငါ့ကိုမထားခဲ့ဘူးမလားဟင်... ငါ့ကိုထားပြီးထွက်မသွားဘူးမလားလို့....ဟမ်..ငါ့ကိုဖြေပေးပါဂျွန်"

"မင်းအရမ်းပင်ပန်းနေပြီယောင်း... ငါပြောတာကိုနားလည်တယ်မလား... အသက်ဝဝရူပြီးစိတ်အေးအေးထား။ ငါအခုမင်းအနားမှာရှိနေတယ်...မင်းလည်းငါ့အနားမှာရှိနေတယ်ယောင်း.... ။ ဒါကြောင့်ဘာမှလျှောက်မတွေးနဲ့တော့"

ရင်ခွင်မှထဲမှယောင်းမှာ သူပြောတော့လည်းစိတ်ထိန်းနေသည့်ဟန်ဖြင့်မျက်လုံးများအားပိတ်ကာငြိမ်သွားခဲ့သည်။
သို့ပေမဲ့မျက်ရည်များကစီးကျနေဆဲဖြစ်သလိုဖက်ထားသောလက်တွေကအနည်းငယ်မှ အားလျော့မသွားပဲတင်းကျပ်နေတုန်းပင်။
ထို့အတူသူ့ရင်ဖတ်မှာလည်း ဖျစ်ညစ်ခံထားရသလိုတင်းကျပ်နာကျင်လို့...။

"ဂျွန်... ငါဒီညမင်းရင်ခွင်မှာပဲအိပ်လို့ရမလားဟင်"

ထိန့်လန့်နေသောယောင်းအား အတတ်နိုင်ဆုံးနှစ်သိမ့်ပေးကာအိပ်ဖို့ခေါ်လာခဲ့တော့ယောင်းကခပ်တိုးတိုးတောင်းဆိုလာခဲ့သည်။
ယောင်းစကားအား သူမငြင်းမိတော့။
သူခေါင်းညိတ်ပြလိုက်တော့ သူ့ရင်ခွင်ထဲရောက်လာတဲ့ယောင်းဟာ သူ့ခါးတွေကိုပါဖက်လျက်သား။

"ကျေးဇူးတင်ပါတယ်ဂျွန်... ငါမင်းကိုသာမဖက်ထားရင်အိပ်ပျော်မှာမဟုတ်ဘူး။ မျက်လုံးမှိတ်လိုက်ရမှာကိုတောင် ကြောက်နေတော့မှာ"

"အခုလျှောက်မတွေးပဲအိပ်တော့ယောင်း... အရမ်းနောက်ကျနေပြီ မင်းလည်းအိပ်ချင်နေပြီမလား... ဘာမှတွေးမနေပဲစိတ်ချပြီးအိပ်တော့ ငါမင်းဘေးမှာရှိနေတယ်"

စိုးရိမ်စိတ်တို့လုံးဝအရှင်းပျောက်မသွားခဲ့ပေမဲ့ ဂျွန့်ရင်ခွင်ထဲတိုးဝင်ရင်းဂျွန့်ခါးကိုပါဖတ်ထားရသည်​ကြောင့် နည်းနည်းတော့သူစိတ်အေးရပါသည်။
တစ်ကယ်ဆို သူနွားနို့သောက်ပြီးတည်းကမျက်ခွံ့တွေလေးလံကာ အရမ်းအိပ်ချင်နေတာခဲ့ဖြစ်သလို ဂျွန့်ကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်တို့ကြောင့်တင်းခံထားခြင်းပင်.....။
အခုထိုတင်းခံထားသောစိတ်တို့ကိုလွှတ်ချကာ ဂျွန့်အားတင်းတင်းကျပ်ကျပ်ဖက်၍အိပ်ပစ်လိုက်တော့သည်။
ထိုသို့အိပ်လိုက်ခြင်းနောက်ကွယ်က ဆုံးရှုံးရခြင်းရှိနေမည်မှန်းသိခဲ့လျှင်တော့ သူအခုလိုအိပ်ပျော်သွားခံမည်မဟုတ်ပါ....။

တွေ့ဆုံ ကြုံကွဲဖြစ်မြဲဓမ္မာတာတဲ့....
မင်းနဲ့ပတ်သက်ရင်တော့ငါဒီဆိုရိုးစကားကိုရူးရူးမိုက်မိုက်ငြင်းပစ်လိုက်ချင်တယ်ဂျွန်....
ငါကမင်းနဲ့အတူဟိုး.... သံတရာအဆက်ဆက်ထိတွဲလက်တွေမြဲသွားချင်ခဲ့တာ.....။

jiminယနေ့တွင်တော့ စိတ်တို့ကြည်လင်စွာနိုးလာခဲ့သည်။ ထယ့်ကို ကျောင်းအတူသွားဖို့သွားခေါ်ရမည်။ ထယ်နဲ့အတူကျောင်းမသွားဖြစ်တာဘယ်လောက်ကြာပြီမို့လို့လဲ....။

အတွေးတို့ဖြင့်စိတ်ရွှင်နေသည်ကြောင့် နူတ်ခမ်းတို့ကလည်းတစ်ခါတစ်ခါအလိုအလျောက်ကွေးညွန့်သွားကြ၏။
မနက်စားမြန်စားကာ ထပ်ရပ်လိုက်တော့အမေ့ကစကားဆိုလာခဲ့သည်။

"ဒီနေ့အစောကြီးရှိသေးတာကို ဘာလို့လောနေတာလဲသား... "

"အာ အဲဒါက... ကျွန်တော်ထယ့်ကိုသွားခေါ်ရမှာ​မို့မေမေ ။ ကျွန်တော်ထယ့်ကိုလာ ခေါ်မယ်ပြောထားခဲ့တာ။ ထယ်အကြာကြီးစောင့်နေရမှာစိုးလို့ "

"taehyungကသူ့ယောကျ်ားနဲ့အတူမသွားဘူးလား။ ဘာလို့အမေ့သားက သွားခေါ်ရမှာလဲ"

မျက်နှာတည်ဖြင့်ပြောလာသော အမေ့စကားအားနားမလည်နိုင်။ ဘာကိုရည်ရွယ်ပြောချင်နေသည်လည်း သူသေချာမသိ။
အဖေဘက်ကိုကြည့်မိတော့လည်း အဖေကဘာမှမပြောပဲ အမေဘာပြောမလဲဆိုတာကိုသာစောင့်ကြည့်နေသည့်ဟန်ဖြင့် မေမေ့ကိုသာကြည့်နေသည်။

"မေမေဘာကိုပြောချင်တာလဲ ကျွန်တော်နားမလည်ဘူး။ jungkookကဒီနှစ်ကျောင်းနားလိုက်လို့ကျောင်းသွားနေရတာက ထယ်တစ်ယောက်တည်းပဲမေမေ... နောက်ပြီး ကျွန်တော်အရင်ကလည်း ထယ့်ကိုဒီလိုပဲသွားခေါ်နေကြပဲမလား..."

"အခုနဲ့အရင်နဲ့ကမတူတာသိတယ်မလားသား။ အမေကဘာမှမသိတာမဟုတ်ဘူးနော်.. လူငယ်တွေကိစ္စထဲဝင်မပါသင့်ဘူးထင်လို့အမေဘာမှမပြောခဲ့တာ။
အမြဲတမ်းပေးဆပ်နေရတဲ့အပြင် အပြစ်တင်ခံလည်းခံရမယ်ဆိုရင်တော့ အဲဒါကောင်းတဲ့ရွေးချယ်မူဟုတ်၊ မဟုတ် သားစဉ်းစားသင့်ပြီမလား... အမေကတော့ သားကိုထပ်ပြီးထိခိုက်မှာတွေကိုမမြင်ချင်တော့ဘူး"

အမေ့စကားအားသူဘာပြန်ပြောရမလဲမသိဖြစ်နေတုန်း သူ့ကိုသွားဖို့လမ်းကြောင်းဖွင့်ပေးလာသည့်အဖေ့ကိုကျေးဇူးတင်ရမည်။

"အဟမ်း! သား... မင်းနောက်ကျတော့မယ်ဆို... သွားစရာရှိတာသွားတော့။ မင်းအမေပြောတာတွေလည်းမှတ်ထားပေါ့"

"ဟုတ်ကဲ့ကျွန်တော်မှတ်ထားပါ့မယ်... ဒါဆို ကျွန်တော့်ကိုသွားခွင့်ပြုပါအုံးဖေဖေနဲ့မေမေ"

အဖေနဲ့အမေကိုနူတ်ဆက်ပြီး သူထွက်လာခဲ့လိုက်တော့သည်။ အနည်းပင်နောက်ကျနေပြီမို့ ထယ့်ကိုကြိုဖုန်းဆက်ထားဖို့တွေးကာဖုန်းထုပ်ယူလိုက်၏။ အိပ်ပုတ်လေးက အခုထိအိပ်နေသေးရင်ဒုက္ခ။ ထိုကြောင့်အခုတည်းကသူဖုန်းဆက်ထားမှ ထိုအိပ်ပုတ်လေးပြင်ဆင်ပြီးချိန်နှင့်သူရောက်တဲ့အချိနိကွက်တိကျလိမ့်မည်။

ဖုန်းအားဖွင့်လိုက်သည်နှင့်ထူးထူးဆန်းဆန်းပင်jungkookဆီကပို့ထားအသံmsgတစ်ခုကစီးကြိုနေခဲ့၏။
ဘာများလဲ ဒီကောင်က...

"jimin ကျေးဇူးပြုပြီးယောင်းဆီသွားပေးလို့ရမလား... ဒီအခြေအနေကိုယောင်းတစ်ယောက်တည်းရင်ဆိုင်နိုင်မယ်မထင်ဘူး။ဘယ်လောက်ပဲတွေးတွေးအဖြေက ထွက်သွားဖို့ပဲဖြစ်နေခဲ့တာ... ငါမင်းတို့နဲ့အဝေးကိုထွက်သွားလိုက်ပြီjimin....
ယောင်းကိုမင်းကောင်းကောင်းဂရုစိုက်နိုင်မယ်ဆိုတာငါသိတယ်"

အသံmsgကထိုမျှနှင့်ပြီးသွားခဲ့သည်။
ရုတ်တရက်ဆန်လွန်းတဲ့အဖြစ်အပျက်ကြောင့် သူမနည်းနားလည်ဖို့ကြိုးစားလိုက်ရ၏။
သေချာနားလည်ပြီးချိန် ဒေါသတွေနဲ့အတူထယ့်ကိုစိတ်ပူခြင်းတွေကရင်ထဲမီးတောင်ချိုရည်တွေအလားပူလောင်စွာ ရင်ထဲစီးဝင်လာကြတော့သည်။ 

"တောက်!! ဟာကွာ... ဒီခွေးကောင်ကဘာတွေလျှောက်လုပ်ပြန်တာလဲ။ ထယ်ကအရုပ်လား ထယ့်ခံစားချက်တွေကိုထည့်မတွေးတော့ဘူးလား"

ကားအားအရှိုန်တင်မောင်းကာ ထယ့်ဆီတစ်စက္ကန့်ပဲဖြစ်ဖြစ်ပိုမြန်ဖို့ကြိုးစားရတော့သည်။ ထားသွားခဲ့သူက ထားသွားနိုင်ခဲ့သလောက်သူကတော့ စိုးရိမ်ခြင်းတို့၏အရှိုန်အဟုန်ပြင်းပြင်းစွာရိုက်ခပ်မူတို့ကို ပူလောင်စွာခံယူရတော့သည်။ ထိုသို့လျှင် ထားသွားခံလိုက်ရသောထယ်ဆိုလျှင်ကား....

................................

အချိန်မနည်းပြီမို့ နေရောင်နုနုတို့အစား အပူဒဏ်ပြင်းပြင်းတို့သူ့မျက်နှာအားလာရောက် ထိတွေ့မှ သူနိုးလာခဲ့သည်။ နိုးလာချင်းချင်းမှာပဲ သတိရလိုက်မိသူကဂျွန်... ။
မနေ့ညကဂျွန်က သူ့အနားမှာဆိုတဲ့စိတ်ကြောင့် ကောင်းကောင်းအိပ်ပျော်သွားခဲ့ခြင်းပင်။
အမြန်ပင်ဂျွန့်အားရှာမိတော့ မတွေ့။
စိတ်ထဲထိန့်ခနဲ့ဖြစ်သွားခဲ့ကာ ဦးနှောက်သွေးကြိုးများကလည်းအရှိုန်ဖြင့်ဆောင့်တက်သွားခဲ့သည်။ လူဟာလည်းအိပ်ရာထက်မှချက်ချင်းထရပ်မိလျက်သား...။
ဂျွန် ဘယ်မှာလဲ....

"ဂျွန်... ဂျွန်မင်းဘယ်မှာလဲ!"

ရေချိုးခန်း၊ အိမ်သာအကုန်ပတ်ရှာကြည့်ပေမဲ့အတွေ့။ ရင်ဘတ်ထဲထိန့်လန့်မောဟိုက်လာကာ မျက်ရည်များလည်းချက်ချင်းဝေ့သီလာခဲ့သည်။
ဟင့်အင်း ဘာလို့ငိုရမှာလဲ။
မငိုဘူး... ငါမငိုဘူး။ ဂျွန်ကအပြင်သွားတာ...ဟုတ်တယ်ဂျွန်ကအပြင်သွားတာ....

စိတ်ကိုတင်းကာပင်းသက်ရှို၍ ကြွေကျလုလုဖြစ်လာသောမျက်ရည်တွေအား ခေါင်းမော့ကာ သုတ်ပစ်လိုက်သည်။
သို့ပေမဲ့ ကုတင်ဘေးရှိစားပွဲခုံတွင်ရှိနေသောတစ်စုံတစ်ရာအားမြင်မိချိန် ထိုနေရာသို့အပြေးသွားမိ၏။ စာရွက်ခေါက်တစ်ခုလေးနဲ့အတူ စာချုပ်တစ်ခု...။
ထိုစာရွက်ခေါက်လေးအား ဖွင့်ကြည့်မိသည်။

ယောင်း... ငါတောင်းပန်ပါတယ်။
ငါ့ကြောင့်မင်းအများကြီးထိခိုက်ခဲ့ရပြီးပြီ။
မရည်ရွယ်ခဲ့ပေမဲ့ ငါကိုယ်တိုင်အစပြုခဲ့တာတွေချည်းပဲမို့လို့.....ငါမင်းအနားမှာမရှိတာက မင်းအတွက်အကောင်းဆုံးဖြစ်မှာပါ။
အချိန်လိုမယ်ဆိုပေမဲ့မင်းငါမရှိပဲနေနိုင်သွားမှာပါယောင်း.... ငါနူတ်ဆက်ခဲ့ပါတယ် ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ...

                                                      JJK

အနည်းငယ်မျှသောစာတန်းများအားဖတ်ပြီး စာရွက်အားကိုင်ထားသောလက်တွေတဆတ်ဆတ်ရီလာသည်။
နှုတ်ခမ်းများမှာလည်းတုန်ရီစပြုလာခဲ့သည်ကြောင့် ခပ်တင်းတင်းဖိပိတ်ထားမိရင်း ရှိုက်သံများထွက်မလာစေရန် အံတင်းတင်းကြိတ်ထားမိ၏။ မျက်ရည်များ ပါးပြင်ထက်မှနေ တစ်လိမ့်လိမ့်စီးဆင်းသွားကြသည်ကိုတော့ သူမထိန်းချုပ်နိုင်ခြင်းမရှိတော့။

ထိုမျှနှင့်ပင်လက်ခံဖို့ခက်ခဲလွန်းစွာ ခေါင်းကိုခါယမ်းမိရင်းစီးကျနေသောမျက်ရည်များအား သူခပ်ကြမ်းကြမ်းဖိသုတ်ပစ်လိုက်သည်။ နောက်ထပ်ရှိနေသော စာချုပ်အားတုန်ရီနေသောလက်များဖြင့်ပင်ကောက်ယူကြည့်မိတော့ ကမ္ဘာကြီးပင်ရှာရှာလည်သွားခဲ့သလို။  နှလုံးခုန်နှုန်းတွေဟာလည်းတဒိန်းဒိန်းဖြင့်အရှိုန်မြန်လွန်းကာ အသက်ရှုဖို့ပင်ခက်ခဲလွန်း၏။ ထိုစာချုပ်မှာ ဂျွန်ကိုယ်တိုင်လက်မှတ်ထိုးထားပြီးသားကွာရှင်းစာချုပ်တစ်ခုဖြစ်သည်။

ဂျွန်ဟာ သူစိတ်ထင်နေတဲ့အတိုင်းသူ့အားတစ်ကယ်ပင်ထားရစ်ခဲ့ပြီ.... ဂျွန်ကိုဆုံးရှုံးလိုက်ရပြီ....

အရာအားလုံးအား ဆုံးရှုံးလိုက်ရသည့်ခံစားချက်နဲ့အတူ စိတ်တွေအကုန်လွတ်ထွက်သွားခဲ့သည်။ အမြင်အာရုံဟာလည်းအမှောင်အတိဖြင့် ထိုစာချုပ်ကိုပင်ဆက်ကိုင်ထားဖို့ခွန်အားမဲ့စွာလက်ထဲမှလွတ်ကျသွားခဲ့၏။
အင်အားမဲ့သွားသောခန္ဒာကိုယ်ဟာလည်း ထိုနေရာမှာပင် ပြိုလဲကျသွားတော့သည်။

"ထယ်!!"

ထိုအချိန်အင်အားမဲ့စွာပြိုလဲကျသွားသောခန္ဒာငယ်အား ထွေးပွေ့လာသောနွေးထွေးသောရင်ခွင်တစ်ခု။ တယုတယဖြင့်ထွေးပွေ့လာသောရင်ခွင်ထဲမှ ထိုခန္ဒာငယ်မှာဝေဒနာများအားခံစားနိုင်တော့သည့်အလား ငြိမ်သက်လို့သွားခဲ့သည်။ လှုပ်ရှားမူအတိမဲ့သွားသော်လည်း ထိုခန္ဒာငယ်ပိုင်ရှင်၏မျက်ဝန်းအိမ်မှမျက်ရည်များမှာတော့ ကြွေဆင်းနေတုန်းပင်။

    Purple Dream

Updated 08.05.2022
Sakawar

ဘာလို့လဲဟင်အသဲတို့... voteပေးဖို့ကတောင်းမှပေးခကြတာလားဟင်... voteပေးဖို့တောင်းဆိုလိုက်တဲ့အပိုင်းမှာကျvote 80ကျော်လောက်ရခဲ့ပေမဲ့ ပြီးခဲ့တဲ့အပိုင်းတင်တုန်းကဆို vote50တောင်မပြည့်နိုင်ဘူး။ voteနဲ့fbကတစ်ပိုင်းတည်းအတွက်တောင်းတာမဟုတ်ပါဘူးနော်။
အပိုင်းတိုင်းအတွက် တောင်းဆိုတာပါ။
အဲဒါလေးတွေရှိမှလည်း စာရေးရတာအားရှိတာမို့။နောက်ပြီး silentတွေမလုပ်ကြပါနဲ့။ voteတစ်ခုနှိပ်လိုက်တာကအသဲတို့အတွက် ဘာမှမဖြစ်ပေမဲ့ စာရေးရတဲ့စကားဝါတို့အတွက်တော့အားဆေးတစ်ခွက်ရလိုက်သလိုပါပဲ။ တစ်ကယ်ဒီPurple Dreamလေးက reviewမရ၊ဘာမရနဲ့ဖတ်သူလည်းနည်းလွန်းပါတယ်။ ဒါကြောင့်ဖတ်ကြတဲ့အသဲတို့က စာရေးတဲ့စကားဝါတို့ကိုကြည့်ပေးဖို့တောင်းဆိုပါတယ်။

စကားဝါက စကားဝါနဲ့အတူဒီဇာတ်လမ်းထဲကခံစားချက်တွေကိုလိုက်ပါစီးမျောရင်း အသဲတို့ခံစားချက်တွေကိုသိချင်တာပါ။
FBပေးကြတဲ့တစ်ယောက်၊နှစ်ယောက်သောအသဲတို့ကိုလည်းတစ်ကယ်စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။ ဒီဇာတ်လမ်း၊ဒီအပိုင်းပတ်သက်ပြီးနားမလည်တာရှိရင် စိတ်ကြိုက်မေးလို့ရပါတယ်။ တစ်ကယ်အခုလိုကြီးကပင်ပန်းလွန်းတာမို့ ထုပ်ပြောတာပါ။ စိတ်အဆင်မပြေလွန်းလို့ စကားဝါ Facebookတောင်မသုံးပဲနားထားတာပါ။ Wattpadဆိုတဲ့ကမ္ဘာလေးမှာတော့တစ်ကယ်ပျော်ချင်မိပါတယ်....။ ဒါကvoteနဲ့fbကိစ္စအတွက်နောကိဆုံးတောင်းဆိုခြင်းပါ။

Zawgyi

"ဘာလုပ္ေနတာလဲေယာင္း ... မအိပ္ေသးဘူးလား"

ဝရံတာတြင္ရပ္ကာ ေငးေနေသာtaehyungအား jungkookေမးလိုက္ျခင္းျဖစ္သည္။ ေငးေနေသာtaehyungမွာလည္း အသံၾကားမွလွည့္ၾကည့္လာ၏။
ညမီးေရာင္ေအာက္ taehyungပုံစံေလးမွာႏြမ္းလ်ေဖ်ာ့ေတာ့စြာပင္။

"ငါခဏေနအိပ္ေတာ့မွာဂြၽန္... မင္းေကာမအိပ္ေသးဘူးလား။ေနာက္က်ေနၿပီေလ... "

"အိပ္ေတာ့မွာ။ ဒီမွာေဒၚႀကီးကိုခ်က္ခိုင္းထားခိုင္းလိုက္တဲႏြားနို႔ မင္းအတြက္ယူလာေပးတာ။ မင္းအိပ္ေတာ့မယ္ထင္လို႔ ငါအခုျပန္ႏြေးၿပီးယူလာခဲ့တာေယာင္း.... "

"ေက်းဇူးပါပဲဂြၽန္...."

ႏြားနို႔ခြက္အားကမ္းေပးရင္းေျပာလာေသာjungkookမြာ စကားေျပာေနသည့္တိုင္taehyungမ်က္ႏွာအားေသခ်ာၾကည့္ျခင္းမရွိ။ အၾကည့္ခ်င္းမဆုံေအာင္ တစ္မင္ေရွာင္လြဲေနသည္ဟု ဆိုလွ်င္ပိုမွန္လိမ့္မည္။

ႏြားနို႔ကုန္ေအာင္ေသာက္ၿပီးသြားတဲ့အထိထိုအနားမွာပင္ရပ္ေနေသာjungkookအား taehyungငဲ့ၾကည့္လာသည္။

"ေျပာစရာရွိလို႔လားဂြၽန္..."

"မဟုတၻဴး။ မင္းေနမေကာင္းေတာ့အိပ္သင့္ၿပီထင္တယ္ေယာင္း... အခုကအိပ္ခ်ိန္ထက္ကိုေတာ္ေတာ္ေနာက္က်ေနၿပီမလား"

ထိုစကားေၾကာင့္taehyungမွာခပ္ဖြဖြေလးၿပဳံး၏။ လေရာင္ႏွင့္မီးေရာင္မွိုင္းျပျပေအာင္ ထိုအၿပဳံးက ဝမ္းနည္းျခင္းေၾကာင့္လား... ဝမ္းသာျခင္းေၾကာင့္လား.... ေခါင္းစဥ္တတ္ဖို႔ခက္ခဲလြန္းသည့္အၿပဳံးပင္။

" ငါအဆင္ေျပပါတယ္ဂြၽန္...စိတ္မပူပါနဲ႕"

ငါ့အတြက္အဆင္ေျပပါတယ္ဂြၽန္...
မင္းအိမ္ျပန္ေနာက္က်တဲ့ညတိုင္း ငါမအိပ္ပဲေစာင့္ေနက်ပဲမလား...။
မင္းေတာ့သိမွာမဟုတ္ဘူးေပါ့။ မင္းအိမ္ျပန္က်တဲ့ေန႕ေတြဆို ငါမင္းျပန္ေရာက္တဲ့အထိမအိပ္ပဲေစာင့္ေနခဲ့မိတာကိုေလ...။
မအိပ္ပဲေစာင့္တယ္ဆိုတာထက္ အိပ္မေပ်ာ္နိုင္ဘူးဆိုပိုမွန္ေလမလား...။
ငါမင္းကိုစိတ္ပူတယ္ဂြၽန္...
မင္းရဲ႕ကားအိမ္ထဲဝင္လာေတာ့မွ ငါစိတ္ေအးရၿပီး ကုတင္ေပၚတက္အိပ္ေပ်ာ္ခ်င္ေယာင္ေဆာင္ရတာလည္း ငါ့အလုပၱစၡဳလိုပါပဲ။ အခုေတာ့ ညနက္မွအိပ္ရာဝင္ရတာကို ငါက်င့္သားရေနခဲ့ပါၿပီဂြၽန္...။

"ဂြၽန္...."

" အင္း "

"ငါ..."

ေျပာေနရင္းမွေယာင္းအသံကတိမ္ဝင္သြားခဲ့သည္။ သူေယာင္းမ်က္ႏွာအားၾကည့္လိုက္မိေတာ့ အရည္ၾကည္မ်ားျပည့္လုလုမ်က္ဝန္းမ်ားႏွင့္ဆုံ၏။
ထိုအရည္ၾကည္တို႔ကေယာင္းမ်က္ဝန္း၌မည္သည့္အခ်ိန္ကပင္ ေနရာယူေနခဲ့လည္းသူေယာင္းမ်က္ဝန္းအားေရွာင္ေနခဲ့မိသည္ေၾကာင့္ မသိ။ အခုနကမြလား... ဒါမွမဟုတ္သူမလာခင္တည္းကလား....။

"ငါအဲဒီခံစားခ်က္ကိုတစ္ကယ္မခံစားနိုင္ေတာ့လို႔မင္းကိုေျပာျပခ်င္တယ္ဂြၽန္....
အဲဒါေၾကာင့္ ငါ.... အိပ္လို႔လည္းမရဘူး။
မင္းနားေထာင္ေပးမလားဟင္... တစ္ေယာက္တည္းေတြးၿပီးတစ္ကယ္မြန္းၾကပ္လြန္းေနၿပီမို႔လို႔"

တိုးလ်ေသာစကားသံနဲ႕အတူ ေယာင္းမ်က္ဝန္းမ်ားတြင္ နာက်င္မြန္းၾကပ္မူမ်ားႏွင့္ ဝမ္းနည္းထိန႔္လန႔္ျခင္းတို႔ကိုအတိုင္းျမင္ေနရသည္။ ယင္းမ်က္ဝန္းမ်ားအား သူခဏမွ်သာစိုက္ၾကည့္နိုင္ၿပီး အၾကည့္လြဲလိုက္မိ၏။
ထိုသည္က မထိုက္တန္ဘူးဟုဦးႏွောက္အသိညဏ္တို႔က သတိေပးျခင္းေၾကာင့္ျဖစ္သည္။
သူက ျဖဴစင္လြန္းေသာေယာင္း၏မ်က္ဝန္းကိုပင္ၾကည့္ဖို႔မထိုက္တန္....။ ေယာင္း၏မ်က္ဝန္းမ်ားထဲမွ သူ႕အတြက္ခ်စ္ျခင္းေမတၱာႏွင့္အေလးထားမူေတြကိုျမင္ရတိုင္း ရွက္စိတ္ျဖစ္ရသည္။ ယူႀကဳံးမရစိတ္ႏွင့္အတူ ထပ္မံပူေလာင္နာက်င္ရသည္။

"မင္းဘာေတြေလွ်ာက္ေတြးေနတာလဲေယာင္း"

"ငါတစ္ကယ္.. တစ္ကယ္အဲလိုခံစားေနမိတာ။ မင္းကိုဆုံးရႈံးရေတာ့မယ္ဆိုၿပီး ခံစားေနမိတာဂြၽန္... ဘာလို႔လဲမသိေပမဲ့ ငါ့စိတ္ထဲ....မင္းငါ့အနားကထြက္သြားေတာ့မယ္လို႔ထင္ေနမိတာ... အဲစိတ္ကဘယ္လိုေဖ်ာက္ေဖ်ာက္ ေဖ်ာက္ပစ္လို႔မရဘူးျဖစ္ေနတယ္။
ငါ... ငါတစ္ကယ္အရမ္းေၾကာက္တယ္ဂြၽန္...
မင္းကိုဆုံးရႈံးလိုက္ရမွာ ငါေၾကာက္တယ္..."

ပါးျပင္ထက္စီးက်လာေသာမ်က္ရည္မ်ားအား လက္ျဖင့္ဖိသုတ္ၿပီးေျပာလာေသာေယာင္းက တစ္ကယ္ပင္ထိန႔္လန႔္ေနဟန္။ မ်က္ရည္မ်ားၾကားမွပင္ သူ႕မ်က္ႏွာကိုအမိအရၾကည့္ေနေသးသည္။
လက္မ်ားကိုဆုတ္ကိုင္လိုက္ေတာ့ ရင္ခြင္ထဲတိုးဝင္လာ၏။ သူ႕ခါးေပၚဖက္တြယ္လာေသာသြယ္လ်ႏူးညံ့ေသာလက္တို႔ဟာလည္း တင္းတင္းက်ပ္က်ပ္။

"စိတ္ေလ်ာ့အုံးေယာင္း... အဲဒါကမင်းဟိုပန်းတွေရဲ႕အဓိပ္ပါယ်ေကြာင့်ၾလႇောက်ေတွးပြီး ေၾကာက္စိတ္ဝင္ေနတာ။ အဲပန္းကိစၥကိုေမ့လိုက္ေတာ့ေယာင္း.... ဘာမဟုတ္တာနဲ႕မင္းကိုထိခိုက္ေနၿပီဆိုတာသိရဲ႕လား "

"ဟင့္အင္း မဟုတ္ဘူးဂြၽန္... အဲပန္းေၾကာင့္ပိုၿပီး ေၾကာက္သြားမိသြားတာမွန္ေပမဲ့ ငါအဲပန္းေတြဆီမေရာက္ခင္တည္းကအဲလိုထင္ေနတာ... ငါ့စိတ္ေတြေလးေနခဲ့တာ။
မင္းကိုဖက္ထားတဲ့ဒီလက္ေတြလႊတ္ခ်လိဳက္တာနဲ႕... ငါမ်က္ေတာင္ေတြ....တစ္ခ်က္ခပ္လိုက္မိတာနဲ႕... မင္းငါ့အနားကထြက္သြားေတာ့မွာလို႔ ငါထင္ေနတာ..."

"ေယာင္းရာ..."

"ဂြၽန္ မင္းငါ့ကိုမထားခဲ့ဘူးမလားဟင္... ငါ့ကိုထားၿပီးထြက္မသြားဘူးမလားလို႔....ဟမ္..ငါ့ကိုေျဖေပးပါဂြၽန္"

"မင္းအရမ္းပင္ပန္းေနၿပီေယာင္း... ငါေျပာတာကိုနားလည္တယ္မလား... အသက္ဝဝ႐ူၿပီးစိတ္ေအးေအးထား။ ငါအခုမင္းအနားမွာရွိေနတယ္...မင္းလည္းငါ့အနားမွာရွိေနတယ္ေယာင္း.... ။ ဒါေၾကာင့္ဘာမွေလွ်ာက္မေတြးနဲ႕ေတာ့"

ရင္ခြင္မွထဲမွေယာင္းမွာ သူေျပာေတာ့လည္းစိတ္ထိန္းေနသည့္ဟန္ျဖင့္မ်က္လုံးမ်ားအားပိတ္ကာၿငိမ္သြားခဲ့သည္။
သို႔ေပမဲ့မ်က္ရည္မ်ားကစီးက်ေနဆဲျဖစ္သလိုဖက္ထားေသာလက္ေတြကအနည္းငယ္မွ အားေလ်ာ့မသြားပဲတင္းက်ပ္ေနတုန္းပင္။
ထို႔အတူသူ႕ရင္ဖတ္မွာလည္း ဖ်စ္ညစ္ခံထားရသလိုတင္းက်ပ္နာက်င္လို႔...။

"ဂြၽန္... ငါဒီညမင္းရင္ခြင္မွာပဲအိပ္လို႔ရမလားဟင္"

ထိန႔္လန႔္ေနေသာေယာင္းအား အတတ္နိုင္ဆုံးႏွစ္သိမ့္ေပးကာအိပ္ဖို႔ေခၚလာခဲ့ေတာ့ေယာင္းကခပ္တိုးတိုးေတာင္းဆိုလာခဲ့သည္။
ေယာင္းစကားအား သူမျငင္းမိေတာ့။
သူေခါင္းညိတ္ျပလိုက္ေတာ့ သူ႕ရင္ခြင္ထဲေရာက္လာတဲ့ေယာင္းဟာ သူ႕ခါးေတြကိုပါဖက္လ်က္သား။

"ေက်းဇူးတင္ပါတယ္ဂြၽန္... ငါမင္းကိုသာမဖက္ထားရင္အိပ္ေပ်ာ္မွာမဟုတ္ဘူး။ မ်က္လုံးမွိတ္လိုက္ရမွာကိုေတာင္ ေၾကာက္ေနေတာ့မွာ"

"အခုေလွ်ာက္မေတြးပဲအိပ္ေတာ့ေယာင္း... အရမ္းေနာက္က်ေနၿပီ မင္းလည္းအိပ္ခ်င္ေနၿပီမလား... ဘာမွေတြးမေနပဲစိတ္ခ်ၿပီးအိပ္ေတာ့ ငါမင္းေဘးမွာရွိေနတယ္"

စိုးရိမ္စိတ္တို႔လုံးဝအရွင္းေပ်ာက္မသြားခဲ့ေပမဲ့ ဂြၽန႔္ရင္ခြင္ထဲတိုးဝင္ရင္းဂြၽန႔္ခါးကိုပါဖတ္ထားရသည္ေၾကာင့္ နည္းနည္းေတာ့သူစိတ္ေအးရပါသည္။
တစၠယ္ဆို သူႏြားနို႔ေသာက္ၿပီးတည္းကမ်က္ခြံ႕ေတြေလးလံကာ အရမ္းအိပ္ခ်င္ေနတာခဲ့ျဖစ္သလို ဂြၽန႔္ကိုဆုံးရႈံးရမွာေၾကာက္တဲ့စိတ္တို႔ေၾကာင့္တင္းခံထားျခင္းပင္.....။
အခုထိုတင္းခံထားေသာစိတ္တို႔ကိုလႊတ္ခ်ကာ ဂြၽန႔္အားတင္းတင္းက်ပ္က်ပ္ဖက္၍အိပ္ပစ္လိုက္ေတာ့သည္။
ထိုသို႔အိပ္လိုက္ျခင္းေနာက္ကြယ္က ဆုံးရႈံးရျခင္းရွိေနမည္မွန္းသိခဲ့လွ်င္ေတာ့ သူအခုလိုအိပ္ေပ်ာ္သြားခံမည္မဟုတ္ပါ....။

ေတြ႕ဆုံ ႀကဳံကြဲျဖစ္ၿမဲဓမၼာတာတဲ့....
မင္းနဲ႕ပတ္သက္ရင္ေတာ့ငါဒီဆိုရိုးစကားကို႐ူး႐ူးမိုက္မိုက္ျငင္းပစ္လိုက္ခ်င္တယ္ဂြၽန္....
ငါကမင္းနဲ႕အတူဟိုး.... သံတရာအဆက္ဆက္ထိတြဲလက္ေတြၿမဲသြားခ်င္ခဲ့တာ.....။

jiminယေန႕တြင္ေတာ့ စိတ္တို႔ၾကည္လင္စြာနိုးလာခဲ့သည္။ ထယ့္ကို ေက်ာင္းအတူသြားဖို႔သြားေခၚရမည္။ ထယ္နဲ႕အတူေက်ာင္းမသြားျဖစ္တာဘယ္ေလာက္ၾကာၿပီမို႔လို႔လဲ....။

အေတြးတို႔ျဖင့္စိတ္႐ႊင္ေနသည္ေၾကာင့္ ႏူတ္ခမ္းတို႔ကလည္းတစ္ခါတစ္ခါအလိုအေလ်ာက္ေကြးၫြန႔္သြားၾက၏။
မနက္စားျမန္စားကာ ထပ္ရပ္လိုက္ေတာ့အေမ့ကစကားဆိုလာခဲ့သည္။

"ဒီေန႕အေစာႀကီးရွိေသးတာကို ဘာလို႔ေလာေနတာလဲသား... "

"အာ အဲဒါက... ကြၽန္ေတာ္ထယ့္ကိုသြားေခၚရမွာမို႔ေမေမ ။ ကြၽန္ေတာ္ထယ့္ကိုလာ ေခၚမယ္ေျပာထားခဲ့တာ။ ထယ္အၾကာႀကီးေစာင့္ေနရမွာစိုးလို႔ "

"taehyungကသူ႕ေယာက်္ားနဲ႕အတူမသြားဘူးလား။ ဘာလို႔အေမ့သားက သြားေခၚရမွာလဲ"

မ်က္ႏွာတည္ျဖင့္ေျပာလာေသာ အေမ့စကားအားနားမလည္နိုင္။ ဘာကိုရည္႐ြယ္ေျပာခ်င္ေနသည္လည္း သူေသခ်ာမသိ။
အေဖဘက္ကိုၾကည့္မိေတာ့လည္း အေဖကဘာမွမေျပာပဲ အေမဘာေျပာမလဲဆိုတာကိုသာေစာင့္ၾကည့္ေနသည့္ဟန္ျဖင့္ ေမေမ့ကိုသာၾကည့္ေနသည္။

"ေမေမဘာကိုေျပာခ်င္တာလဲ ကြၽန္ေတာ္နားမလည္ဘူး။ jungkookကဒီႏွစ္ေက်ာင္းနားလိုက္လို႔ေက်ာင္းသြားေနရတာက ထယ္တစ္ေယာက္တည္းပဲေမေမ... ေနာက္ၿပီး ကြၽန္ေတာ္အရင္ကလည္း ထယ့္ကိုဒီလိုပဲသြားေခၚေနၾကပဲမလား..."

"အခုနဲ႕အရင္နဲ႕ကမတူတာသိတယ္မလားသား။ အေမကဘာမွမသိတာမဟုတ္ဘူးေနာ္.. လူငယ္ေတြကိစၥထဲဝင္မပါသင့္ဘူးထင္လို႔အေမဘာမွမေျပာခဲ့တာ။
အၿမဲတမ္းေပးဆပ္ေနရတဲ့အျပင္ အျပစ္တင္ခံလည္းခံရမယ္ဆိုရင္ေတာ့ အဲဒါေကာင္းတဲ့ေ႐ြးခ်ယ္မူဟုတ္၊ မဟုတ္ သားစဥ္းစားသင့္ၿပီမလား... ေအမေကတာ့ သားကိုထပ္ၿပီးထိခိုက္မွာေတြကိုမျမင္ခ်င္ေတာ့ဘူး"

အေမ့စကားအားသူဘာျပန္ေျပာရမလဲမသိျဖစ္ေနတုန္း သူ႕ကိုသြားဖို႔လမ္းေၾကာင္းဖြင့္ေပးလာသည့္အေဖ့ကိုေက်းဇူးတင္ရမည္။

"အဟမ္း! သား... မင္းေနာက္က်ေတာ့မယ္ဆို... သြားစရာရွိတာသြားေတာ့။ မင္းအေမေျပာတာေတြလည္းမွတ္ထားေပါ့"

"ဟုတ္ကဲ့ကြၽန္ေတာ္မွတ္ထားပါ့မယ္... ဒါဆို ကြၽန္ေတာ့္ကိုသြားခြင့္ျပဳပါအုံးေဖေဖနဲ႕ေမေမ"

အေဖနဲ႕အေမကိုႏူတ္ဆက္ၿပီး သူထြက္လာခဲ့လိုက္ေတာ့သည္။ အနည္းပင္ေနာက္က်ေနၿပီမို႔ ထယ့္ကိုႀကိဳဖုန္းဆက္ထားဖို႔ေတြးကာဖုန္းထုပ္ယူလိုက္၏။ အိပ္ပုတ္ေလးက အခုထိအိပ္ေနေသးရင္ဒုကၡ။ ထိုေၾကာင့္အခုတည္းကသူဖုန္းဆက္ထားမွ ထိုအိပ္ပုတ္ေလးျပင္ဆင္ၿပီးခ်ိန္ႏွင့္သူေရာက္တဲ့အခ်ိနိကြက္တိက်လိမ့္မည္။

ဖုန္းအားဖြင့္လိုက္သည္ႏွင့္ထူးထူးဆန္းဆန္းပင္jungkookဆီကပို႔ထားအသံmsgတစ္ခုကစီးႀကိဳေနခဲ့၏။
ဘာမ္ားလဲ ဒီေကာင္က...

"jimin ေက်းဇူးျပဳၿပီးေယာင္းဆီသြားေပးလို႔ရမလား... ဒီအေျခအေနကိုေယာင္းတစ္ေယာက္တည္းရင္ဆိုင္နိုင္မယ္မထင္ဘူး။ဘယ္ေလာက္ပဲေတြးေတြးအေျဖက ထြက္သြားဖို႔ပဲျဖစ္ေနခဲ့တာ... ငါမင္းတို႔နဲ႕အေဝးကိုထြက္သြားလိုက္ၿပီjimin....
ေယာင္းကိုမင္းေကာင္းေကာင္းဂ႐ုစိုက္နိုင္မယ္ဆိုတာငါသိတယ္"

အသံmsgကထိုမွ်ႏွင့္ၿပီးသြားခဲ့သည္။
႐ုတ္တရက္ဆန္လြန္းတဲ့အျဖစ္အပ်က္ေၾကာင့္ သူမနည္းနားလည္ဖို႔ႀကိဳးစားလိုက္ရ၏။
ေသခ်ာနားလည္ၿပီးခ်ိန္ ေဒါသေတြနဲ႕အတူထယ့္ကိုစိတ္ပူျခင္းေတြကရင္ထဲမီးေတာင္ခ်ိဳရည္ေတြအလားပူေလာင္စြာ ရင္ထဲစီးဝင္လာၾကေတာ့သည္။

"ေတာက္!! ဟာၾကာ... ဒီေခြးေကာင္ကဘာေတြေလွ်ာက္လုပ္ျပန္တာလဲ။ ထယ္ကအ႐ုပ္လား ထယ့္ခံစားခ်က္ေတြကိုထည့္မေတြးေတာ့ဘူးလား"

ကားအားအရွိုန္တင္ေမာင္းကာ ထယ့္ဆီတစ္စကၠန႔္ပဲျဖစ္ျဖစ္ပိုျမန္ဖို႔ႀကိဳးစားရေတာ့သည္။ ထားၾသားခဲ့သူက ထားသြားနိုင္ခဲ့သေလာက္သူကေတာ့ စိုးရိမ္ျခင္းတို႔၏အရွိုန္အဟုန္ျပင္းျပင္းစြာရိုက္ခပ္မူတို႔ကို ပူေလာင္စြာခံယူရေတာ့သည္။ ထိုသို႔လွ်င္ ထားသြားခံလိုက္ရေသာထယ္ဆိုလွ်င္ကား....

................................

အခ်ိန္မနည္းၿပီမို႔ ေနေရာင္ႏုႏုတို႔အစား အပူဒဏ္ျပင္းျပင္းတို႔သူ႕မ်က္ႏွာအားလာေရာက္ ထိေတြ႕မွ သူနိုးလာခဲ့သည္။ နိုးလာခ်င္းခ်င္းမွာပဲ သတိရလိုက္မိသူကဂြၽန္... ။
မေန႕ညကဂြၽန္က သူ႕အနားမွာဆိုတဲ့စိတ္ေၾကာင့္ ေကာင္းေကာင္းအိပ္ေပ်ာ္သြားခဲ့ျခင္းပင္။
အျမန္ပင္ဂြၽန႔္အားရွာမိေတာ့ မေတြ႕။
စိတ္ထဲထိန႔္ခနဲ႕ျဖစ္သြားခဲ့ကာ ဦးႏွောက္ေသြးႀကိဳးမ်ားကလည္းအရွိုန္ျဖင့္ေဆာင့္တက္သြားခဲ့သည္။ လူဟာလည္းအိပ္ရာထက္မွခ်က္ခ်င္းထရပ္မိလ်က္သား...။
ဂြၽန္ ဘယ္မွာလဲ....

"ဂြၽန္... ဂြၽန္မင္းဘယ္မွာလဲ!"

ေရခ်ိဳးခန္း၊ အိမ္သာအကုန္ပတ္ရွာၾကည့္ေပမဲ့အေတြ႕။ ရင္ဘတ္ထဲထိန႔္လန႔္ေမာဟိုက္လာကာ မ်က္ရည္မ်ားလည္းခ်က္ခ်င္းေဝ့သီလာခဲ့သည္။
ဟင့္အင္း ဘာလို႔ငိုရမွာလဲ။
မငိုဘူး... ငါမငိုဘူး။ ဂြၽန္ကအျပင္သြားတာ...ဟုတ္တယ္ဂြၽန္ကအျပင္သြားတာ....

စိတ္ကိုတင္းကာပင္းသက္ရွို၍ ေႂကြက်လဳလုျဖစ္လာေသာမ်က္ရည္ေတြအား ေခါင္းေမာ့ကာ သုတ္ပစ္လိုက္သည္။
သို႔ေပမဲ့ ကုတင္ေဘးရွိစားပြဲခုံတြင္ရွိေနေသာတစ္စုံတစ္ရာအားျမင္မိခ်ိန္ ထိုေနရာသို႔အေျပးသြားမိ၏။ စာ႐ြက္ေခါက္တစ္ခုေလးနဲ႕အတူ စာခ်ဳပ္တစ္ခု...။
ထိုစာ႐ြက္ေခါက္ေလးအား ဖြင့္ၾကည့္မိသည္။

ေယာင္း... ငါေတာင္းပန္ပါတယ္။
ငါ့ေၾကာင့္မင္းအမ်ားႀကီးထိခိုက္ခဲ့ရၿပီးၿပီ။
မရည္႐ြယ္ခဲ့ေပမဲ့ ငါကိုယ္တိုင္အစျပဳခဲ့တာေတြခ်ည္းပဲမို႔လို႔.....ငါမင္းအနားမွာမရွိတာက မင္းအတြက္အေကာင္းဆုံးျဖစ္မွာပါ။
အခ်ိန္လိုမယ္ဆိုေပမဲ့မင္းငါမရွိပဲေနနိုင္သြားမွာပါေယာင္း.... ငါႏူတ္ဆက္ခဲ့ပါတယ္ ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ပါ...

                           JJK

အနည္းငယ္မွ်ေသာစာတန္းမ်ားအားဖတ္ၿပီး စာ႐ြက္အားကိုင္ထားေသာလက္ေတြတဆတ္ဆတ္ရီလာသည္။
ႏႈတ္ခမ္းမ်ားမွာလည္းတုန္ရီစျပဳလာခဲ့သည္ေၾကာင့္ ခပ္တင္းတင္းဖိပိတ္ထားမိရင္း ရွိုက္သံမ်ားထြက္မလာေစရန္ အံတင္းတင္းႀကိတ္ထားမိ၏။ မ်က္ရည္မ်ား ပါးျပင္ထက္မွေန တစ္လိမ့္လိမ့္စီးဆင္းသြားၾကသည္ကိုေတာ့ သူမထိန္းခ်ဳပ္နိုင္ျခင္းမရွိေတာ့။

ထိုမွ်ႏွင့္ပင္လက္ခံဖို႔ခက္ခဲလြန္းစြာ ေခါင္းကိုခါယမ္းမိရင္းစီးက်ေနေသာမ်က္ရည္မ်ားအား သူခပ္ၾကမ္းၾကမ္းဖိသုတ္ပစ္လိုက္သည္။ ေနာက္ထပ္ရွိေနေသာ စာခ်ဳပ္အားတုန္ရီေနေသာလက္မ်ားျဖင့္ပင္ေကာက္ယူၾကည့္မိေတာ့ ကမ္ဘာႀကီးပင္ရွာရွာလည္သြားခဲ့သလို။  ႏွလုံးခုန္ႏႈန္းေတြဟာလည္းတဒိန္းဒိန္းျဖင့္အရွိုန္ျမန္လြန္းကာ အသက္ရႈဖို႔ပင္ခက္ခဲလြန္း၏။ ထိုစာခ်ဳပ္မွာ ဂြၽန္ကိုယ္တိုင္လက္မွတ္ထိုးထားၿပီးသားကြာရွင္းစာခ်ဳပ္တစ္ခုျဖစ္သည္။

ဂြၽန္ဟာ သူစိတ္ထင္ေနတဲ့အတိုင္းသူ႕အားတစ္ကယ္ပင္ထားရစ္ခဲ့ၿပီ.... ဂြၽန္ကိုဆုံးရႈံးလိုက္ရၿပီ....

အရာအားလုံးအား ဆုံးရႈံးလိုက္ရသည့္ခံစားခ်က္နဲ႕အတူ စိတ္ေတြအကုန္လြတ္ထြက္သြားခဲ့သည္။ အျမင္အာ႐ုံဟာလည္းအေမွာင္အတိျဖင့္ ထိုစာခ်ဳပ္ကိုပင္ဆက္ကိုင္ထားဖို႔ခြန္အားမဲ့စြာလက္ထဲမွလြတ္က်သြားခဲ့၏။
အင္အားမဲ့သြားေသာခႏၵာကိုယ္ဟာလည္း ထိုေနရာမွာပင္ ၿပိဳလဲက်သြားေတာ့သည္။

"ထယ္!!"

ထိုအခ်ိန္အင္အားမဲ့စြာၿပိဳလဲက်သြားေသာခႏၵာငယ္အား ေထြးေပြ႕လာေသာႏြေးေထြးေသာရင္ခြင္တစ္ခု။ တယုတယျဖင့္ေထြးေပြ႕လာေသာရင္ခြင္ထဲမွ ထိုခႏၵာငယ္မွာေဝဒနာမ်ားအားခံစားနိုင္ေတာ့သည့္အလား ၿငိမ္သက္လို႔သြားခဲ့သည္။ လႈပ္ရွားမူအတိမဲ့သြားေသာ္လည္း ထိုခႏၵာငယ္ပိုင္ရွင္၏မ်က္ဝန္းအိမ္မွမ်က္ရည္မ်ားမွာေတာ့ ေႂကြဆင္းေနတုန္းပင္။

                       Purple Dream

Updated 08.05.2022
Sakawar

ဘာလို႔လဲဟင္အသဲတို႔... voteေပးဖို႔ကေတာင္းမွေပးခၾကတာလားဟင္...voteေပးဖို႔ေတာင္းဆိုလိုက္တဲ့အပိုင္းမွာက်vote 80ေက်ာ္ေလာက္ရခဲ့ေပမဲ့ ၿပီးခဲ့တဲ့အပိုင္းတင္တုန္းကဆို vote50ေတာင္မျပည့္နိုင္ဘူး။ voteနဲ႕fbကတစ္ပိုင္းတည္းအတြက္ေတာင္းတာမဟုတ္ပါဘူးေနာ္။
အပိုင္းတိုင္းအတြက္ ေတာင္းဆိုတာပါ။
အဲဒါေလးေတြရွိမွလည္း စာေရးရတာအားရွိတာမို႔။ေနာက္ၿပီး silentေတြမလုပ္ၾကပါနဲ႕။ voteတစ္ခုႏွိပ္လိုက္တာကအသဲတို႔အတြက္ ဘာမွမျဖစ္ေပမဲ့ စာေရးရတဲ့စကားဝါတို႔အတြက္ေတာ့အားေဆးတစ္ခြက္ရလိုက္သလိုပါပဲ။ တစၠယၵီPurple Dreamေလးက reviewမရ၊ဘာမရနဲ႕ဖတ္သူလည္းနည္းလြန္းပါတယ္။ ဒါေၾကာင့္ဖတ္ၾကတဲ့အသဲတို႔က စာေရးတဲ့စကားဝါတို႔ကိုၾကည့္ေပးဖို႔ေတာင္းဆိုပါတယ္။

စကားဝါက စကားဝါနဲ႕အတူဒီဇာတ္လမ္းထဲကခံစားခ်က္ေတြကိုလိုက္ပါစီးေမ်ာရင္း အသဲတို႔ခံစားခ်က္ေတြကိုသိခ်င္တာပါ။
FBေပးၾကတဲ့တစ္ေယာက္၊ႏွစ္ေယာက္ေသာအသဲတို႔ကိုလည္းတစ္ကယ္စိတ္ရင္းနဲ႕ေက်းဇူးတင္ပါတယ္။ ဒီဇာတ္လမ္း၊ဒီအပိုင္းပတ္သက္ၿပီးနားမလည္တာရွိရင္ စိတ္ႀကိဳက္ေမးလို႔ရပါတယ္။ တစ္ကယ္အခုလိုႀကီးကပင္ပန္းလြန္းတာမို႔ ထုပ္ေျပာတာပါ။ စိတ္အဆင္မေျပလြန္းလို႔ စကားဝါ Facebookေတာင္မသုံးပဲနားထားတာပါ။ Wattpadဆိုတဲ့ကမ္ဘာေလးမွာေတာ့တစ္ကယ္ေပ်ာ္ခ်င္မိပါတယ္....။ ဒါကvoteနဲ႕fbကိစၥအတြက္ေနာကိဆုံးေတာင္းဆိုျခင္းပါ။

Continue Reading

You'll Also Like

136K 11.1K 15
{ Zawgyi + Unicode } မင္းသာလ်ွင္ ကိုယ့္အတြက္ တစ္ဦးတည္းေသာခ်စ္ရသူ... Only You~~~ 🐯🐰 မင်းသာလျှင် ကိုယ့်အတွက် တစ္ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰
2.1M 109K 62
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
1.3K 73 5
*မောင်မင်းကိုချစ်တာထက်မောင်မင်းကိုမြတ်နိုးတာပါ Tae* * မောင့်ကိုလေ Tae က သိပ်ချစ်တာ မောင်ရဲ့*
88.6K 1.1K 22
Ryu Suzuki the first piece Rias ever had but they were never really close. Rias preferred to spend more time with her queen the second piece she rein...