NotWithStanding...(မည်သို့ပင်...

By Suu_KaNyar

550K 29.8K 1.5K

ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 ... More

မိတ်ဆက်စာ 👨‍🏫
Khoon🖤 & Tain Tyke 💛
Intro & Request
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54 🔞
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60 🔞
Episode - 61
Episode - 62
Episode - 63 🔞
Episode - 64
Episode - 65
Episode - 66
Episode - 67
Episode - 68
Episode - 69
Episode - 70
Episode - 71 ( Ending)
ကျေးဇူးတင်လွှာ 💛💛
Extra - 2
Extra - 3 (End)
Extra - 4 (V day Special )
Extra ( 5)
Book Announcement 🌈☁️
Extra - 1

Episode - 28

5K 321 18
By Suu_KaNyar

မိုးများသည်းကြီးမဲကြီးရွာနေသော ညရဲ့လမ်းမကြီးဘေးတစ်နေရာတွင် တစ်ကိုယ်လုံးစိုရွှဲနေကာ ကားတားနေသောကောင်လေးတစ်ယောက်ရှိသည်။ နောက်ကျနေပြီမို့ လိုင်းကားများက မသေချာတော့။ အိမ်အမြန်ပြန်ရောက်ဖို့က ထိုကောင်လေးအတွက် အရေးကြီးနေသည်။

သည်နေ့ညမှ ကားများမှာအလာကျဲနေပြီး လာသော ကားများမှာလည်း နောက်ကျနေပြီမို့ မင်္ဂလာဒုံထိ ဘယ်ကားမှ မလိုက်။ ထို့ပြင် တစ်ကိုယ်လုံး မိုးရေရွှဲနေသော သူ့ကို ဘယ်ကားသမားမှလည်း ကားပေါ်မတင်ချင်ကြပေ။

ဒီကြားထဲ အေးလွန်း၍လည်း နှုတ်ခမ်းများတောင် တုန်ခိုက်နေပြီး အစာမရှိသော အစာအိမ်မှာလည်း တဖြည်းဖြည်း နာလာသလိုရှိနေသည်။

လွယ်အိတ်တွေပါ ရေစိုကုန်ပြီဖြစ်သောကြောင့် အိတ်ထဲမှ ဖုန်းကတော့ ပြင်ဆိုင်ထပ်ရောက်တော့မည်။ သည်မိုးရာသီအတွင်း ထီးမပါလာ၍ ဖုန်းရေစိုပြီး ပြင်ဆိုင်ခနခနရောက်သည်။

အရှိန်နှင့်ကျလာသော မိုးရေစက်များကြောင့် မျက်နှာတို့ပါ စပ်လာသည့်အပြင် ငိုထားသောမျက်လုံးများကလည်း ကျိန်းစပ်နေပြီ။ နောက်ဆုံး မရသည့်အဆုံး ကားတစ်စီးကို ပိုက်ဆံပိုပေးပါ့မသည်ဟု အတင်းတောင်းပန်ကာ တက်စီးလာလိုက်သည်။

အိမ်ရောက်တော့ လွယ်အိတ်ထဲတွင် နေ့လည်က ဝယ်ခြမ်းလို့ပိုသော ပိုက်ဆံအကုန်လုံးကို ကားသမားကိုပေးခဲ့ပြီး အိမ်ထဲအမြန်ဝင်လာလိုက်သည်။

'' ဟယ် သားရယ် ဘယ်လိုဖြစ်လာတာလဲ တစ်ကိုယ်လုံးလည်းအေးစက်နေတာပဲ ''

တစ်ကိုယ်လုံးတုန်ယင်ကာ အိမ်ထဲပြေးဝင်လာသော တိမ်တိုက်ကို ဒေါ်ယုယမြိုင် ကရုဏာမျက်လုံးများနှင့် ကြည့်ကာမေးရှာသည်။ ပန်းရောင်သန်းနေကျနှုတ်ခမ်းတို့မှာ အပြာရောင် ဖျော့ဖျော့ ဖြစ်နေပြီ။ ချမ်းလွန်းလို့ထင်ပါသည် တိမ်တိုက်ခမျာ စကားတောင် ပြန်မပြောနိုင်ပဲဖြစ်နေသည်။

နောက်ဆုံးပြောဖို့ ကြိုးစားရင်းထွက်လာသည့်စကားက...

'' ကို...ကို..ခွန်း..ကို ပြန်ရောက်...ပြော..ပေး..ပါ ''

ချမ်းလွန်းတာကြောင့် စကားများမှာ တုန်ယင်နေပြီ ထစ်နေသည်။ လက်နှစ်ဖက်ကိုလည်း ကျစ်နေအောင်ဖက်ထားပုံမှာ သူဘယ်လောက်ချမ်းနေသလဲဆိုတာ ခန့်မှန်းနိုင်သည်။

'' အေး..အေး..ပါကွယ် အင်္ကျီ မြန်မြန်သွားလဲတော့ တအားချမ်းနေပြီမလား ''

တိမ်တိုက် ခေါင်းလေးငြိမ့်ပြီး သူ့အခန်းထဲ အမြန် ဝင်သွားသည်။ ဒေါ်ယုယမြိုင်မှာ လည်း မျက်လုံးများနီရဲနေကာ မို့ဖောင်းနေသော မျက်ခမ်းစပ်များက တိမ်တိုက် ငိုလာမှန်း ရိပ်မိနေသည်။

ခွန်းတိုက်ခန်းမှာ အိပ်မည်ဆိုပြီး မနက်ကတည်းက မှိုရတဲ့မျက်နှာထားနှင့် တက်တက်ကြွကြွ အိမ်ကထွက်သွားသူမှာ
ညဥ့်နက်နေမှ မိုးရေထဲ ပြန်လာသည်။ တစ်ယောက်ကလည်း တိမ်တိုက်ပြန်ရောက်ရင် မက်ဆေ့ချ်ပို့ပေးဖို့ ပြောသည်။ ဒီကလေးနှစ်ယောက် ပြသာနာ တက်ကြပြန်ပြီဟု ရိုးရိုးလေးသာတွေးလိုက်မိသည်။

တိမ်တိုက်အတွက် နွားနို့ကို နွှေးရင်း ထမင်းစားခန်းထဲကနေ ဒေါ်ယုယမြိုင် စောင့်နေသည်။ တော်တော်ကြာတဲ့အထိ တိမ်တိုက်မှာ အခန်းထဲက မထွက်လာပေ။

ဒေါ်ယုယမြိုင် တဖြည်းဖြည်းစိတ်ပူလာပြီး တိမ်တိုက်အခန်းတံခါးကိုသွားခေါက်သည်။

'' ဒေါက် ဒေါက် တိမ်တိုက်ကြိုး...သား...ကြာနေပြီ မပြီးသေးဘူးလား ''

''.....''

'' သား....ဒေါက်...ဒေါက်....သား..''

ခေါ်မရသည့်အဆုံး တံခါးကိုဖွင့်ပြီးဝင်ချသွားလိုက်သည်။ အိပ်ယာပေါ်မှာ မတွေ့။ ရေချိုးခန်းထဲဝင်ကြည့်တော့ အဝတ်အစားမလဲရသေးသည့်အတိုင်း ကြမ်းပြင်ပေါ်မှာ ခွေခွေလေးလဲကျနေသည်။

ဒေါ်ယုယမြိုင် ရင်ထဲစို့သွားပြီးတိမ်တိုက်ဆီ အပြေးသွားကာ ခေါ်ကြည့်သည်။

'' ဟဲ့..သား..တိမ်တိုက်...ဘာဖြစ်တာလဲ...သတိထားဦးလေ...သား ''

တိမ်တိုက်ကို လှုပ်နှိုးရင်း အသံတွေတုန်ကာ ငိုသံပါ ပါလာသော ဒေါ်ယုယမြိုင်။
သူမ ပိုင်ဆိုင်တာဆို၍ သည်သားတစ်ယောက်သာရှိသည်။ တစ်ခုခုများဖြစ်သွားခဲ့လျှင်.....ဆိုပြီး ဒေါ်ယုယမြိုင် ကြောက်ရွံ့စွာ တုန်လှုပ်နေသည်။

ချူချာသော တိမ်တိုက်ကြိုးလေးက သူမကို အသက်ဆက်စေခဲ့သော အသက်ဆက်ကြိုးလေးတစ်ချောင်းဖြစ်သည်။ သူမ ရှင်သန်နေရသည့်အကြောင်း အရင်း မှာ ဒီသားလေးတစ်ယောက် ကြောင့်သာဖြစ်သည်။

စိတ်ကိုအေးအေးထားကာ တိမ်တိုက်ကိုကြည့်တော့ ပုံမှန်နှလုံးဖောက်ပြီး မေ့လဲသွားတာမျိူးမဟုတ်ပေ။ ရုတ်တရက်နှလုံး ရပ်သွားတတ်သည်ဟု ဆရာဝန်များက မှာထားသဖြင့် နှလုံးခုန်နှုန်းကို စမ်းကြည့်လိုက်တော့ နှလုံးခုန်နေသေးသည်။

အရင်ဆုံးတိမ်တိုက်ကို ရေချိူးခန်းထဲကထုတ်ရမည်။ ကျနေဆဲမျက်ရည်တွေကိုသုတ်လိုက်ပြီး ဒေါ်ယုယမြိုင် တစ်ယောက်
ရှိသမျှအားကုန်ထုတ်ကာ တိမ်တိုက်ကို ရေချိူးခန်းထဲမှ အိပ်ယာပေါ်ထိ မထုတ်လာသည်။

တစ်ယောက်တည်းအားနဲ့ ဆေးရုံသွားဖို့မဖြစ်နိုင်သည်မို့
ရှန်မင်းခက်ကို ဖုန်းလှမ်းဆက်ဖို့လုပ်သည်။ ဖုန်းကိုခေါ်ကာ စပီကာဖွင့်ထားလိုက်ပြီး အေးစက်နေသော တိမ်တိုက်အား ရေစိုဝတ်တွေကို လဲပေးရန် လုပ်နေသည်။

ရေစို၍ ကပ်နေသော ရှပ်အင်္ကျီကိုမနည်းဆွဲချွတ်ကာ ဗီရိုထဲက ဟူးဒီးတစ်ထည်ကို ရအောင် ဝတ်ပေးနေသည်။ ရှန်မင်း ကိုလည်း မကိုင်မချင်း ခေါ်နေလိုက်သည်။

'' ဟယ်လို အန်တီ ''

'' ရှန်မင်းရယ် လုပ်ပါဦး...သား..မေ့လဲသွားလို့ ဒီဘက်ကိုခနလာခဲ့ပါဦးကွယ် ''

'' ဗျာ ဟုတ် ဟုတ် လာပြီ ''

ဒေါ်ယုယမြိုင် ဟူးဒီလက်တစ်ဖက်ကို ဝင်အောင်ထည့်နေသည်။ အေးစက် တောင့်တင်းနေသော ကိုယ်ကြောင့် ဝတ်ပေးရခက်နေသည်။ နောက်ဆုံး နှစ်ဖက်လုံး ဝင်သွားသည်။ ထို့နောက် အောက်ပိုင်း ကိုလည်း လဲပေးရမည်။

အသက်ပြည့်ပြီးသား ယောကျာ်း လေးတစ်ယောက်ဆိုတာကို မေ့ပြီး သားသမီးဇောဖြစ်သာ ဒေါ်ယုယမြိုင် ပုဆိုးကို လဲပေးဖို့ လုပ်နေသည်။

သည်နေရာတွင် ဘာသတ်မှတ်ချက်မှ မရှိတော့ပဲ သူမဟာ မိခင်တစ်ယောက်ဖြစ်ပြီး တိမ်တိုက်ကြိုးဆိုတာ နေမကောင်းဖြစ်နေသော သူမ၏ရင်သွေးသာဖြစ်သည်။ ဒါကြောင့် သူမဟာ ဘာကိုမှ မမြင်တော့ချေ။ တိမ်တိုက်အဆင်ပြေဖို့သာတွေးနေပြီး အေးနေသော တိမ်တိုက်အားနွေးစေချင်ရုံသာ သူတွေးနေမိသည်။

လဲပေးနေရင်း ကျလာသော မျက်ရည်တစ်စကိုလက်ဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး ပုဆိုးဆီလက်လှမ်းလိုက်သည်။ ခါတိုင်းဂျင်းဘောင်းဘီဆိုလျှင် ချွတ်ရခက်ဦးမည်။ ယခုအခါ ပုဆိုးဖြစ်သည်မို့ ခါးပုံစအား ဖြည်ချကာ ပုဆိုးကို ခြေရင်းထိဆွဲချလိုက်ပြီး ကုတင်အောင်သို့ပစ်ချလိုက်သည်။

မေ့မျောနေသော တိမ်တိုက် အောက်ပိုင်းတွင် boxer တစ်ထည်သာကျန်တော့သည်။ ထို boxer ကို ချွတ်ဖို့ လက်လှမ်းနေတုန်း အခန်းထဲသို့ ရှန်မင်းခက် ဝုန်းခနဲ ပြေးဝင်လာ၍ ဒေါ်ယုယမြိုင် လက်တို့ရပ်တန့်သွားသည်။

ရှန်မင်းတစ်ယောက်အခန်းထဲဝင်ဝင်ချင်း ပထမဆုံးမြင်လိုက်ရသည်ကို လန့်သွားသော်လည်း လျင်လျင်မြန်မြန်ပင် အခန်းတစ်ခုလုံးကိုဝေ့ကြည့်ကာ အခြေအနေတို့ကို သုံးသပ်လိုက်သည်။

ရေချိူးခန်းတံခါးမှာပွင့်နေပြီး ကြမ်းပြင်မှာ နေရာအနှံ့ ရေများအိုင်နေသည်။ ကုတင်အောက်တွင်လည်းရေစိုနေသော ပုဆိုးနှင့် အင်္ကျီ က အပုံသားကျနေသည်။ အန်တီယုယကို
ကြည့်တော့လည်း မျက်ရည်တွေနှင့်ဖြစ်သည်။ တိမ်တိုက်ကို အင်္ကျီ လဲပေးနေပုံရသည်။

'' ပေး ပေး အန်တီ သားလဲထားပေးလိုက်မယ် အန်တီ ကားထုတ်ထားလိုက်နော် ''

ဒေါ်ယုယမြိုင် ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး အခန်းထဲကထွက်သွားသည်။ သည်တော့မှ စိုနေသော တိမ်တိုက် boxer ကိုဆွဲချွတ်ကာ ဘေးတွင်ချထားသော ဘောင်းဘီရှည်တစ်ထည်ကို ဝတ်ပေးလိုက်သည်။ ဆံပင်တို့မှာလည်း စိုရွှဲနေသေးသည်။

'' ဘာတွေဖြစ်လာပြန်တာလဲ တိမ်တိုက်ရာ....''

တန်းပေါ်က သဘက်တစ်ထည်ကိုကောက်ယူပြီး ပုခုံးပေါ်တင်ကာ တိမ်တိုက်ကို ပွေ့ချီပြီး ကားနောက်ခန်းက ဒေါ်ယုယမြိုင် ဆီပို့ပေးလိုက်သည်။ ပြီးတော့ သဘက်ကိုပါတိမ်တိုက်ခေါင်းသုတ်ဖို့ပေးလိုက်သည်။ သူကတော့ အရှေ့ကတက်ကာ ကားကို အရှိန်နဲ့မောင်းထွက်လာလိုက်သည်။ ၂၄ နာရီဆေးခန်းတွေက ရှားတာမို့ ရှာမနေတော့ပဲ ပို့နေကျဆေးရုံကိုသာ အမြန်မောင်းသွားလိုက်သည်။

'' သား ရှန်မင်း အရမ်းမမောင်းနဲ့ မိုးရွာထားလို့ လမ်းတွေက ချောနေလိမ့်မယ် ''

တိမ်တိုက်ကို ရင်ခွင်ထဲထည့်ကာခေါင်းသုတ်ပေးနေရင်း အန်တီယုယ က လှမ်းပြောသည်။ မောင်းနေကျလမ်းတွေမို့ ရှန်မင်းအတွက် ပြသာနာမဟုတ်ပေမယ့် အပူမိနေသော သားသည်အမေ စိတ်ကျေနပ်အောင် အရှိန်ကိုနည်းနည်းလေးလျော့လိုက်သည်။

'' ဘယ်လိုဖြစ်တာလဲ အန်တီ မနက်က အကောင်းကြီး ပါ ''

'' အန်တီလည်းမသိတော့ပါဘူးသားရယ် မနက်ကတော့ ပျော်ပျော်ရွှင်ရွှင် ပဲထွက်သွားတာ ခွန်းဆီမှာ အိပ်မယ်လို့တောင်ပြောသွားသေးတယ် ။အဲ့ဒါကို အခုညဥ့်နက်မှမိုးရွာထဲ တက်စီနဲ့ပြန်ချလာတယ်။ တစ်ကိုယ်လုံး စိုရွှဲပြီးအေးစက်နေတာနဲ့ အန်တီက အင်္ကျီ သွားလဲခိုင်းတာ တော်တော်နဲ့ ပြန်ထွက်မလာလို့ ဝင်ကြည့်တော့ ရေစိုဝတ်တွေနဲ့ ရေချိူးခန်းထဲ လဲကျနေတာ... ''

'' တောက်စ်...အဲ့ဒါ ဟိုကောင် ခွန်းမာနမောင်ကြောင့်ပဲနေမှာ.. ''

ရှန်မင်း စတီယာတိုင်ကို လက်နဲ့ရိုက်ချလိုက်ကာ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောသည်။
ဒေါ်ယုယမြိုင် တောင် အနည်းငယ်လန့်သွားသည်။

ထိုအခါ ရင်ခွင်ထဲမှ တိမ်တိုက်လေးမှာ သတိပြန်ဝင်လာပုံရသည်။ အနည်းငယ်လှုပ်လာသည်။

'' မောင့်...ကို သွား....မပြောပါနဲ့ ''

တိမ်တိုက်အသံတိုးတိုးလေးထွက်လာသည်။
ဒေါ်ယုယမြိုင် သာကြားလိုက်ပြီး ရှန်မင်းကတော့မကြားလိုက်ပေ။

တိမ်တိုက် အပေါ် ခွန်းမာနမောင် ရဲ့စိုးမိုးနိုင်မှုကြီးဆိုတာ
မေ့မျောနေတာတောင် နာမည်ကြားတာနဲ့ သတိပြန်ဝင်လာတာမျိူး...

'' အန်တီ သူဘာပြောတာလဲ ''

'' မောင့်ကို သွားမပြောနဲ့ဆိုလားပဲ..မောင်က ဘယ်သူလဲ..''

ဒေါ်ယုယ မေးပါပြီ။ မောင်ဆိုသော သူကို သူမ မသိပါ။
ရှန်မင်းကတော့ ဒေါ်ယုယမြိုင် ပြောတာကြားပြီးပိုဒေါသထွက်သွားပါသည်။

ဒီလောက်ဖြစ်နေတာတောင် လင်ကိုစိတ်ပူနေတုန်း...

....................

နောက်တစ်နေ့ မနက်ရောက်တော့ ခွန်း ထွဋ်ခေါင်ကိုလှည့်ပတ်ပြောပြီး တိမ်တိုက်တို့ကျောင်းကိုထွက်လာခဲ့သည်။ ညကတည်းက ဖုန်းက ခေါ်မရတော့။ အန်တီယုယဆီဖုန်းဆက်တော့လည်း ဖုန်းဝင်သည် သို့သော်မကိုင်။

ဒါ့ကြောင့် ကျောင်းသို့လာစောင့်နေလိုက်သည်။ သည်အပတ် တိမ်တိုက်တို့ကျောင်းတက်ရသည့်အပတ်ဖြစ်သည်။ ညကတစ်ရေးမှ မအိပ်ရသေးတာကြောင့် ညိုနေသော မျက်ခမ်းစပ်တို့မှာအနည်းငယ်မဲချင်နေသည်။

ထုံးစံအတိုင်း အမဲရောင် မြန်မာဝတ်စုံဖြင့် တိမ်တိုက်တို့ Physics ဆောင်ရှေ့တွင် စောင့်နေလိုက်သည်။ ကျောင်းသားကျောင်းသူများ တစ်ယောက်ပြီးတစ်ယောက် ဝင်လာလိုက် ထွက်သွားလိုက်ဖြင့်အလုပ်ရှုပ်နေသော်လည်း တိမ်တိုက်နှင့်တူသောအရိပ်ယောင် သေးသေးလေးတောင်မတွေ့ရသေး ပါ။

နေ့လည် ထမင်းစားချိန်ထိ နေရာမှာပဲ တုတ်တုတ်မျှမလှုပ်ပဲ ရပ်စောင့်နေသူကို တစ်ဆောင်လုံးက သတိထားမိလာကြသည်။ ဖြတ်သွားသမျှ လူတိုင်းက သူ့ကိုလှည့်ကြည့်လှည့်ကြည့်လုပ်သွားကြသည်။ ထို့ပြင် တစ်ချိူ့တွေဆို သူ့ကိုကြည့်ကာ တီးတိုးပြောနေကြသည်။

မေ့ထားလေသော အတိတ်တို့ မှ ဒဏ်ရာက ထပ်နာလာပြန်သည်။ သည်လိုပုံစံ သည်လို အနေအထားမျိူး ကို သူခံနိုင်ရည်မရှိပါ။ တဖြည်းဖြည်း သူ့ကို တုန်လှုပ်လာစေသည်။

သူ့နားထဲတွင် တီးတိုးစကားသံများ အထပ်ထပ်ကြားယောင်လာသည်။

'' ဟယ် ခွန်းလေးကျန်ခဲ့တာလား....သနားပါတယ်ဟယ်.. ကလေးကို..တစ်ယောက်တည်း ထားခဲ့တာလား...သနား..ပါတယ်...သနားပါတယ်...ခွန်းလေး...တစ်ယောက်တည်း...''

နားထဲသို့ ထပ်နေသောစကားလုံးများစုပြုံတိုးလာသည်။ ခွန်းရပ်နေသော ခြေတို့တောင် မခိုင်တော့.... လဲကျချင်နေပြီဖြစ်သည်။ အုံ့နေသော မိုးသားတိမ်စိုင်တို့အောက်တွင် ခွန်းတစ်ယောက် ချွေးစေးများ လည်ပင်းတလျှောက် ပြန်လာသည်။

ထိုစဥ် ကန်တင်းထဲမှနေ၍ အဇူး ကြည့်နေတာကြာပြီ ဖြစ်သည်။ တိမ်တိုက် နေမကောင်း၍ ကျောင်းမလာသည့်အကြောင်းကို ရှန်မင်းက လှမ်းပြောပြသဖြင့် သိသည်။

ဒါကို ခွန်းက မသိ​သေး ဘူးလား..ဟု အဇူးတွေးကာ သွားပြောပြဖို့လုပ်တော့ ဘေးတွင်ထိုင်နေသော စိုင်းမင်းနွယ် က မသွားခိုင်းသဖြင့် ငြိမ်ငြိမ်လေးပြန်ထိုင်လိုက်ရသည်။

'' သူများကိစ္စ စိတ်မဝင်စားစမ်းပါနဲ့ကွာ။ ဟိုနေ့က ကိစ္စ ကို့ကို ရှင်း ပြပါဦး ''

အဇူးဟိုတနေ့က စိုင်းမင်းနွယ်နဲ့ ဖုန်းပြောရမည့်အချိန်နှင့် Idol ၏ Live concept နှင့် အချိန်တိုက်နေ၍ စိုင်းမင်းနွယ် ဖုန်းကို မကိုင်ဖြစ်ပေ။

'' ဟမ် ဪ အဲ့ဒါတာက မေ အဲ့နေ့အတွက် အွန်လိုင်း လက်မှတ်က ဝယ်ထားပြီးသားဖြစ်နေလို့ ကိုရဲ့။ နောက်တစ်ခါမဖြစ်စေရဘူးနော် ''

'' ဟင်းးဟင်းး မေ နော်...ကိုနဲ့ idol ဘယ်သူ့ကိုပိုချစ်လဲ ''

မေးခွန်းက အဲ့မှာ စသတ်ပါပြီ။ Fan girl ကိုရည်းစားတော်ထားပြီး idol နဲ့သဝန်လိုက်တိုနေသည်တဲ့။

'' ဟာ ကို ကလည်းကွာ မဆိုင်တာတွေ။ လာပါ ကိုခွန်းဆီသွားရအောင်.. ဟိုမှာကိုခွန်းဘာဖြစ်နေတာလဲမသိဘူး ပုံမှန်မဟုတ်သလိုပဲ..''

ပြောပြောဆိုဆိုနှင့် အဇူး စိုင်းမင်းနွယ် လက်ကိုဆွဲကာ ထသွားလိုက်တော့သည်။

စိုင်းမင်းနွယ် သိသည်။ ခွန်း ဘာဖြစ်နေသည်ကိုသူသိသည်။ငယ်ငယ်ကတည်းက ခွန်းရဲ့အားနည်းချက်တိုင်းကို အသေးစိတ်​လေ့လာထားတာကြောင့် လူအများကြီးကြားထဲ သူ့ကို လူတွေ ကြည့်ကာ တီးတိုးပြောနေကြသည်ကို ခွန်းမခံနိုင်မှန်း သိသည်။ ဒါ့ကြောင့်လည်း နည်းနည်းလွှတ်ထားပေးခြင်းဖြစ်သည်။

အဇူးပြန်ပြောပြချက်အရ သူရွာပြန်သွားသောအပတ်တွင် တိမ်တိုက်က သူ့ကောင်လေးကို မိတ်ဆက်ပေးသည် ဟု​ပြောသည်။ ထိုသူက ခွန်းဖြစ်ကြောင်းလည်းပြောပြကြသည်။ သူတို့မသိကြသည်က ခွန်းနဲ့သူဟာ သွေးသားမတော်စပ်သည့်ညီအကိုတွေဆိုတာပင်။

ခွန်း လက်မောင်းအား တစ်ယောက်ယောက်က ရုတ်တရက်လှမ်းကိုင်လိုက်တာကြောင့် ခွန်းလန့်သွားသည်။

'' ကိုခွန်း! ! ''

မလှုပ်မယှက် ရပ်နေသော ခွန်းကို အဇူး က လက်မောင်းကိုလှုပ်ကာ သတိပေးလိုက်သည်။

'' ဘာလုပ်နေတာလဲ တိမ်တိုက်ကိုစောင့်နေတာလား... ''

'' အင်း ဟုတ်တယ် ''

ခွန်း အဇူးနောက်က စိုင်းမင်းနွယ် ကို တစ်ချက်ကြည့်လိုက်ပြီးဖြေ သည်။

'' အာ ကိုခွန်းမသိဘူးလား... တိမ်တိုက်နေမကောင်းလို့ ကျောင်းမလာဘူးလေ ''

'' ဟင် ''

ဘယ်လိုဖြစ်တာပါလိမ့် ဒီအတွဲ ရန်ဖြစ်ထားတာလားဟု အဇူးတွေးလိုက်မိသည်။ ရပ်စောင့်စရာမလိုပဲ ဖုန်းဆက်လည်း ရသားနဲ့ကို....

'' ဖုန်းမဆက်ကြည့်ဘူးလား.....''

'' သူ့ဖုန်းကိုခေါ်မရလို့.''

'' အာ ရန်ဖြစ်ထားကြတယ်ထင်တယ် ခစ်ခစ် ''

ဘာမှမသိသောအဇူးတစ်ယောက်ကတော့ သူ့အတွေးနဲ့သူ ကြိတ်သဘောကျနေသည်။

'' မေ သူများကိုယ်ရေးကိုယ်တာတွေဘာလို့လျှောက်မေးနေတာလဲ... အတန်းတက်တော့မယ် အပေါ်တက်တော့ ''

'' အင်းပါ ဒါဆို ကိုခွန်း သွားပြီနော် သေချာချော့လိုက်ဦး ...လာလေ ကို သွားမယ် ''

'' တက်နှင့် ကို... ကိုခွန်းနဲ့ပြောစရာလေးရှိလို့ ''

နောက်တော့ အဇူး တစ်ယောက်တည်းအပေါ်အရင်တက်သွားသည်။ ခွန်းနှင့်စိုင်းမင်းနွယ်တို့ နှစ်ယောက်တည်းကျန်ခဲ့တော့သည်။

'' တကယ်ပါဗျာ ဖြောင့်ပါတယ်ဆိုတဲ့ မာနခဲကြီးကလည်း တိမ်တိုက်ကြိုးနဲ့ကျ ကွေးသွားရော တဲ့ ''

စိုင်းမင်းနွယ် တစ်ယောက် ခွန်းကို မျက်နှာတွင်
လုပ်ပြုံးကြီးနှင့် ခနဲ့သည်။ ခွန်းကတော့ နည်းနည်း အံ့ဩ သွားပုံရသည်။ တိမ်တိုက် နှင့် စိုင်းမင်းနွယ် တို့က တစ်ဖွဲ့တည်းဆိုတာ သူမသိချေ။ တိမ်တိုက်မိတ်ဆက်ပေးသည့်အပတ်တုန်းကလည်း သူမပါချေ။ ပြန်တွေးကြည့်တော့မှ အဲ့အပတ်က စိုင်းမင်းနွယ်ရွာကိုပြန်သွားသည့်အပတ်ဖြစ်နေသည်။

အခြေအနေ တွေကို သုံးသပ်ကာ မျက်နှာကို ပုံမှန်အနေအထားရောက်အောင် ပြန်လုပ်ယူလိုက်သည်။

'' အမ်..အခြေအနေကိုကြည့်ရတာ ကိုကြီး ကဘာမှ မသိသေးဘူးထင်တယ်နော်...သူ့ညီလေး ကွေးသွားတာရော...ကျောင်းမှာ နာမည်ကြီးသွားတဲ့ကိစ္စကိုရော... ''

ထွဋ်ခေါင်တကယ်လည်းဘာမှမသိသေးချေ။ စိုင်းမင်းနွယ် က အကုန်လုံးကိုသိထားသော်လည်း ခုထိ ထွဋ်ခေါင်ကို မပြောပြပဲနေသည်က အကြောင်းတစ်ခုခုရှိလိမ့်မည်။

'' သူ့အချစ်ရဆုံးညီလေးသာ သူ့ကိုလိမ်ထားတာ သိရင်များ အို..အို့.. အိုး..
ငါ့အကိုတစ်ယောက်တော့ ...ကျွတ်..ကျွတ်..ကျွတ်...''

စိုင်းမင်းနွယ် ခေါင်းလေးတရမ်းရမ်းဖြင့် ထွဋ်ခေါင်ကို သနားသလိုလေး ရွဲ့ပြောနေသည်။ ခွန်းကတော့ ဘာတစ်ခွန်းမှ မတုန့်ပြန်သလို ဘာတစ်ခုမှလည်းပြန်မပြောချေ။

အခု သူ့အတွေးထဲတွင် တိမ်တိုက်နေမကောင်းဘူးဆိုတာပဲသိသည်။ တိမ်တိုက်၏ နေမကောင်းရခြင်း၏ တရားခံသည် ကျိန်းသေပေါက်သူကိုယ်တိုင်ဖြစ်မှန်းလည်းသိသည်။
ဒါကြောင့် တိမ်တိုက်ဆီ အမြန်သွားရဖို့အရေး စိုင်းမင်းနွယ်ပြောသမျှကိုအမြန်ပြီးအောင် နားထောင်နေလိုက်သည်။

'' မင်းသဘောပဲ ကိုစိုင်း...ပြောချင်လည်းပြောပြလိုက် ''

'' အာ ကိုခွန်းကလည်း ကျွန်တော်ပြောပြလိုက်ရင် ဘယ်စိတ်ဝင်စားစရာကောင်းပါ့မလဲ...ရုပ်ရှင်တကားဆိုတာ သူများပြောပြရုံနဲ့ ဘယ်လောက်ကောင်းလဲ ဘယ်သိနိုင်မှာလဲ ကိုယ်တိုင်သွားကြည့်မှ.. တကယ့်အနှစ်အရသာကိုသိမှာ မဟုတ်ဘူးလား...ဟင်းးဟင်းး ''

'' မင်းပြောလို့ပြီးပြီလား ငါသွားပြီ ''

ပြောပြီးပြီးချင်း ထိုနေရာကနေ ခွန်းအမြန်ထွက်လာပြီး ကားဂိတ်ဆီအမြန်လျှောက်သွားသည်။ အနောက်က စိုင်းမင်းနွယ်ကတော့ ခွန်းကိုလှောင်ရီရင်း ကျန်ခဲ့သည်။

...................

အမှန်ဆို ခွန်းစိတ်တွေ အရမ်းလေးလံ ရှုပ်ထွေးနေသည်။ ဘာလို့သူမှ ဒီလိုဖြစ်နေရတာလဲ ဆိုတာ စဥ်းစားမရ။ တစ်စုံတစ်ယောက်ကို လွတ်လွတ်လပ်လပ်
ချစ်နိုင်ဖို့ရာ ဘာတွေလိုအပ်နေတာလဲ။

ကိုယ်တားတဲ့စည်းတွေနဲ့ပဲ ခြားနေရတာ သိသည်။ ဒီစည်းတွေကို ကျော်နိုင်ဖို့ အင်အားများကို ဘယ်အရပ်ဆီမှာ သွားရှာရမလဲ။

ဒီကလေးကို အပြည့်အဝချစ်ပေးချင်သည်။ ဂရုစိုက်ပေးချင်သည်။ တခါတလေ ကိုယ့်အတ္တတွေကြောင့် ဒီကလေးနာကျင်နေရတာကိုလည်း သိသည်။

ကိုယ်တောင်မသိလိုက်တဲ့ အပြုအမူ တွေကြောင့် တစ်ခါတလေ ကိုယ့်ကိုကိုယ် အရမ်းစိတ်ပျက်မိရသည်။

စိတ်ဆိုးသွားလျှင် ချက်ချင်းလိုက်ချော့ရမည်ကို လက်မခံနိုင်သော ကိုယ့်မာနကိုယ်မုန်းသည်။ သူ့အချစ်လောက် ကိုယ့်အချစ်က မပိုပေးနိုင်သည့်အခါ အကြိမ်ကြိမ် စိတ်ပျက်ရသည်။

ဒါတွေကိုနားလည်ပေးနေတဲ့ သူ့ကို ထပ်နာကျင်စေလို့လည်း ကိုယ့်ကိုယ်ကို သတ်ပစ်ချင်လောက်အောင်ကို မုန်းနေသည်။

မောင် မင်းကိုချစ်တယ် တိမ်တိုက်....
ပြောပြမတတ်အောင်လည်းချစ်တယ်...
ရင်ထဲအသည်းထဲကနေ စိမ့်နေအောင်လည်းချစ်တယ်...
မောင့်ရဲ့တိမ်တိုက်ကို မောင်အသက်မက ချစ်မြတ်နိုးရပါတယ်...
ဒါပေမယ့်လေ မောင် ဒါတွေကို မင်းသိအောင် မထုတ်ပြတတ်ဘူး တိမ်တိုက်....

မောင်ပေးလိုက်တဲ့အချစ်တွေက မင်းဆီရောက်သွားတဲ့အခါ အဆိပ်တွေဖြစ်ဖြစ်သွားတတ်တာ ဘာလို့လဲ ဆိုတာ မောင်ကိုယ်တိုင်တောင် နားမလည်တော့ဘူး။

....................

'' အမလေးဗျာ တိမ်တိုက်ကြိုးတို့က မိုးရာသီလည်းရောက်လာတာပဲနော် ''

'' ကျွန်တော်က ဒေါက်တာ့ကိုသတိရလို့ လာတွေ့တာပါ ဟဲ ဟဲ ''

လူနာကုတင်ပေါ် တပလ္လင်ခွေ လေးထိုင်ကာ ဒေါက်တာထင်လင်း ကို စပ်ဖြဲဖြဲ နဲ့ပြောနေသည်။ မသိလျှင် ဆရာဝန်ကို သူ့သူငယ်ချင်း ကျနေတာပင်။

'' ဆရာ့ဖောက်သည်ရောက်နေတယ်ပြောလို့ လာကြည့်တာကွ မင်းက ဘယ်လိုဖြစ်ရပြန်တာလဲ ''

'' ရိုးရိုးပဲဖျားတာပါဗျာ စိတ်ပူစရာမရှိပါဘူး ''

ဪ အေးအေး ရိုးရိုး ပဲဖျားတာ မသေရုံတစ်မယ်လေးပဲ....

နောက်တော့ ဒေါက်တာ ထင်လင်းပြန်ထွက်သွားသည်။အခန်းထဲတွင် ရှန်မင်း နဲ့ ဒေါ်ယုယမြိုင် တို့သာကျန်ခဲ့သည်။ မနေ့ညကတည်းက သတိမေ့ပြီးအိပ်လိုက်တဲ့အအိပ် အခုနေ့လည်ရောက်မှ နိုးသည်။ ဗိုက်ထဲအစာမရှိတာ ၂၄ နာရီလောက်ရှိပြီမို့ နိုးနိုးချင်းဗိုက်ကဆာသည်။

မနေ့ကကိစ္စကြောင့် စိတ်မကောင်း သော်လည်းအစာတော့စားရမည်။ သူ့ဗိုက်လေးကိုတော့ပစ်ထားလို့မဖြစ်။

'' မနေ့က တစ်နေကုန်ဘာမှ မစားပဲ ဘာလုပ်နေတာလဲ ''

ပြင်ပေးသော ဆန်ပြုတ်သောက်နေရင်း ရှန်မင်းက အားကြီးနဲ့မေးသည်။ ဒေါ်ယုယမြိုင်ကတော့ သူ့သားကိုသာ အဆင်ပြေလား ကြည့်နေသည်။ တခြားဘာမှ မတွေးနိုင်သေး။

'' စားပါတယ်ကွ ''

'' ချီးစကားမပြောနဲ့ မိုးရွာထဲ ဗိုက်ဟောင်းလောင်းနဲ့ လျှောက်သွားနေရအောင် မင်းကိုမင်း သိပ်ကျန်းမာနေတယ်ထင်နေလား ''

'' လမ်းမလျှောက်ပါဘူး ငါတက်စီစီးလာတာပါကွာ ''

'' အကောင်းပြောနေတာကို သောက်ခွက်မပြောင် နဲ့တိမ်တိုက်ကြိုး ''

'' အစားလေးတော့ ကောင်းကောင်းပေးစားစမ်းပါရှန်မင်းရာ။ ပြီးတော့ မင်းပုံမင်းလည်းပြန်ကြည့်ဦး ''

'' အဲ့တာ မင်းကြောင့်လေ မသာရဲ့...''

အခုရှန်မင်းပုံစံမှာ အပေါ်က စွပ်ကျယ်အဖြူနှင့် အောက်က pajama အပြာရင့်ရောင်ကို ဝတ်ထားသည်။ ကမန်းကတန်းထွက်လာရသဖြင့် အင်္ကျီ လဲဖို့​တောင်မေ့ခဲ့သည်။ ဆံပင်မှာလည်း စုတ်တီးစုတ်ဖွားနှင့်ဖြစ်နေသေး သည်။

'' မဆိုင်တာတွေကွာ...''

မနေ့ညက ဖြစ်ပျက်နေသည်မှာ သူမဟုတ်သည့်အတိုင်း ကပ်ကပ်လန်အောင် ရန်ပြန်တွေ့နေသော တိမ်တိုက်ကို တကယ်လက်လန်သည်။ ဒေါ်ယုယမြိုင် ကတော့ သူ့သား ပုံမှန်လို ပြန်ဖြစ်မှပဲ သက်ပြင်းလေးချနိုင်တော့သည်။

မနေ့ညက အိမ်ထဲဝင်လာသည့် တိမ်တိုက်ပုံစံကို အခုထိမျက်လုံးထဲကမထွက်သေးပေ။

စိတ်ဓာတ်လုံးလုံးကျနေသော တိမ်တိုက်၏ မိုးရေစိုနေသော ပုံစံ ၊ အသက်မပါသော မျက်ဝန်းအိမ်များ၊ ခိုက်တုန်နေသော အသံတွေ၊ ရေချိူးခန်းထဲ အာဟာရပြတ်ပြီး လဲနေတဲ့ပုံစံ ။ ဒါတွေ အားလုံးဟာ သူမပထမဆုံးမြင်ဖူးသော တိမ်တိုက်၏ပုံစံများဖြစ်သည်။

အမေတစ်ယောက်အနေဖြင့် သူမ မသိသေးတာ ဘယ်လောက်များများရှိနေတာလဲ....

'' မေမေ ဒေါက်တာ့ဆီ ခနသွားလိုက်ဦးမယ် ''

ဒေါ်ယုယမြိုင် ထွက်သွားသည်။ နောက်တော့ ရှန်မင်း တိမ်တိုက်နားကပ်လာကာ စတင်စစ်ဆေးမေးမြန်းတော့သည်။

'' ဟိုလူနဲ့ ဘာဖြစ်လာတာလဲ ငါ့ကိုပြော သူဘာလုပ်လိုက်တာလဲ ''

'' ဘယ်လူလဲ ''

တိမ်တိုက် ပလုတ်ပလောင်းနဲ့မေးသည်။

'' ဘယ်လူရှိရမှာလဲကွ မင်းလင်ပေါ့ မင်းကို ဒီလိုဖြစ်အောင်လုပ်နိုင်တာဆိုလို့ မင်းလင်ပဲရှိတာလေ ''

'' ဟာ ငါဘာဖြစ်လို့လဲ ဘာမှ မဖြစ်ပါဘူးကွ ''

ဘာဖြစ်လို့လဲမေးသော ပါးစပ်ကို အပ်ကြီးနဲ့ပဲတစ်ရာ့ရှစ်ဆယ့်သုံးခေါက်လောက်ထိုးပလိုက်ချင်သည်။

'' ဪ အေး ဟုတ်လား မနေ့ညက ပုံကို ငါဓာတ်ပုံရိုက်ထားဖို့မေ့သွားတာ မသာလိုဖြူဖတ်နေတဲ့စောက်ခွက်နဲ့ တစ်ကိုယ်လုံး လည်းစိုရွှဲနေတာ မင်းကလင်ပူမိတာမဟုတ်ပဲ လင်အေးမိတာဖြစ်နေပြီ ''

'' ဟုတ်လား ''

'' အရူးကွက်လာနင်းမနေနဲ့ ဟျောင့် ဒီမှာ ငါအတည်ပြောမယ် ။ တကယ်လို မင်းတစ်ခုခုဖြစ်လာတယ်ဆိုလည်း ငါ့ဆီလာပါလားကွာ အန်တီ့ကို သက်သက် မနှိပ်စက်စမ်းပါနဲ့ မနေ့ညကဆို အန်တီ့ကို ကြည့်ပြီး ငါ တောင် ပြာယာခတ်သွားတယ် ''

'' မေမေ ကဘာဖြစ်လို့လဲ ''

'' ဘာဖြစ်ရမှာလဲ သူ့သားနွေးအောင် သူကိုယ်တိုင် မင်းအဝတ်တွေကို ချွတ်လဲပေးနေတာလေ ငါဖြင့်မျက်လုံးပြူးသွားတာပဲ ငါအချိန်မှီရောက်သွားလို့ပေါ့ ''

'' ဟင် ဒါဆို ဒီဘောင်းဘီက ''

'' ဟုတ်တယ်လေ ငါလဲပေးထားတာပေါ့ကွ ဘာလဲ အတွင်းခံအစိုကြီးနဲ့မင်းကို ဆေးရုံပို့ရမှာလား ''

ရှန်မင်းပြောတော့ သူ့ အဓိကနေရာလေးကို လက်လေးနှစ်ဖက်ဖြင့် အုပ်ကာ စမ်းလိုက်တော့ ဘာအောက်ခံမှ ရှိမနေချေ။

''လုပ်မနေနဲ့ ငါအကုန်မြင်ပြီးပြီ အင်း....မင်းက မုန့်လက်ဆောင်းတော့မဟုတ်ဘူးကွ အာတာလွတ်ဥလောက်တော့ ရှိတယ် ဟားး ''

နောက်တော့ ဒေါ်ယုယမြိုင် ပြန်ဝင်လာနဲ့ နှစ်ယောက်လုံး မျက်နှာပိုးသတ်လိုက်တော့သည်။

'' ညနေကျရင် ဆင်းလို့ရပြီတဲ့ သားရှန်မင်း ပြန်နားလိုက်ပါလားကွယ် သားလည်းညက ပင်ပန်းရော့ပေါ့ ''

''ရပါတယ် အန်တီရယ် ညနေမှပဲ အတူတူပြန်ကြတာပေါ့ ''

တိမ်တိုက် စားသောက်ပြီးတော့ သူနာပြုလေးက ဆေးတစ်လုံးလာချိတ်ပေးသွားသည်။ နောက်တော့ မနေ့ညက မိုးက ဆက်ရွာသည်။ သို့သော် သည်းကြီးမဲကြီး မဟုတ်ပဲ တစိမ့်စိမ့် နှင့်အကြာကြီးရွာမည့်မိုးဖြစ်သည်။ ညက အိပ်ရေပျက်ထားကြသည်မို့ ဆေးရုံတွင် သုံးယောက်သားမိုးအေးအေးနှင့် အိပ်ပျော်သွားကြသည်။

တစ်ဖက်တွင်တော့ ခွန်းမှာ တိမ်တိုက်အိမ်ရှေ့ရောက်နေပြီဖြစ်သည်။ အိမ်တံခါးများသော့ခတ်ထားသဖြင့် ခြံဝဘေးလေးတွင် ရပ်ကာ တိမ်တိုက်တို့ပြန်အလာကို စောင့်နေသည်။ မိုးရွာချတော့လည်း ခိုစရာနေရာမရှိပေ။ စိုမည့်အတူတူတော့ မိုးရေထဲမှာပဲ ခွန်းရပ်စောင့်နေလိုက်တော့သည်။ ဒီနေ့အဖို့ တိမ်တိုက်ကို သူတွေ့ရမှ ဖြစ်မည်။

သို့ပေမယ့် မိုးကလည်းတော်တော်နှင့်ပြန်မတိတ်သလို တိမ်တိုက်တို့ကလည်း ခုထိ ပြန်ရောက်မလာသေးပေ။ နာရီကိုကြည့်တော့ ၅နာရီတောင်ထိုးတော့မည် ဖြစ်သည်။

တိမ်တိုက်တို့လည်း အိပ်ကောင်းကောင်းနှင့်အိပ်ပျော်သွားကြတာ ညနေစောင်းတဲ့အထိ မနိုးကြသေးပေ။ ဆေးအာနိသင်ကြောင့် နည်းနည်း အားပြန်ပြည့်လာသော တိမ်တိုက်က အရင်နိုးလာသည်။ သူ့ဘေးတွင် ကုတင်ပေါ် လက်တင်ကာ မှောက်အိပ်နေသော ဒေါ်ယုယမြိုင် ကိုတွေ့သည်။

ဘယ်လောက်တောင်စိတ်ပူနေလဲမသိ တစ်ရက်တည်းနှင့်မျက်နှာလေးတောင်ချောင်ကျသွားသည်။

အားလည်းနာရသလို ကျေးဇူးလည်းတင်မိသည်။ ထို့ပြင် လိမ်ထားရသည့်အတွက်လည်း အပြစ်မကင်းပေ။

'' သား တောင်းပန်ပါတယ် မေမေရယ် သားကြောင့် ပင်ပန်းနေရပြီ...''

ဒေါ်ယုယမြိုင် လက်လေးကို အသာထိကာ တိမ်တိုက်တိုးတိုးလေးပြောသည်။

'' သားက Gay တစ်ယောက်ဆိုရင်ရော မေမေ လက်ခံနိုင်ပါ့မလားဟင် ''

တိမ်တိုက်သက်ပြင်းလေးချလိုက်သည်။ မေမေ့တွင် သူတစ်ယောက်တည်းရှိတာမို့ တစ်ယောက်တည်းသော သားက gay ဆိုရင် မေမေလက်ခံနိုင်ပါ့မလား ကြောက်မိသည်။ ရှန်မင်းဆီက ခက်ခက်ခဲခဲ ခွင့်ပြုချက်ရခဲ့သော်လည်းမေမေ့ကို​တော့ ခုထိ ဖွင့်မပြောရဲသေးပေ။

ပြီးတော့ ခုထိလည်းဖွင့်မပြောချင်သေးပေ။ ဒီလိုတွေဖြစ်နေတာ ခွန်းကြောင့်မှန်းသိသွားလျှင် မေမေ ခွန်းကို မုန်းနေလိမ့်မည်။

တစ်​ယောက်တည်း တွေးနေရင်း အနောက်က ရှန်မင်းနိုးလာသည်။ နောက်တော့ ဒေါ်ယုယမြိုင် ပါနိုးလာသည်။ နာရီကိုကြည့်တော့ ၅နာရီတောင်ထိုးနေပြီမို့ သိမ်းစရာရှိတာသိမ်းကာ ဆေးရုံကနေ ၃ယောက်သားထွက်လာပြီး မိုးခပ်အေးအေးလေးထဲ အိမ်ပြန်လာကြသည်။

ရှန်မင်းကအရှေ့မှာ ကားမောင်းပြီး တိမ်တိုက်တို့သားအမိက အနောက်မှာဖြစ်သည်။ နေမကောင်းသူပီပီ ထုံးစံအတိုင်း တိမ်တိုက် သူ့အမေကို မှီကာ ချွဲနေတော့သည်။

'' ပြသာနာရှိရင် မေမေနဲ့ တိုင်ပင်ပါလား သားရယ် အခုလိုတွေမလုပ်ပါနဲ့လား မေမေစိတ်ပူလို့ပါကွယ် ''

ရင်ခွင်ထဲက တိမ်တိုက်ခေါင်းလေးကို အသာသပ်ပေးရင်း ပြောသည်။

'' သားတောင်းပန်ပါတယ် မေမေရယ် နောက်မဖြစ်စေရဘူးနော် ကတိပေးတယ် ''

လက်သန်းလေးတောင်ယူပြီး ချိတ်လိုက်သေးသည်။ ပြီးတော့ သွားတက်လေးပေါ်အောင်က ရီပြလိုက်သေးသည်။ တိမ်တိုက်ကြိုးဟာ ဘယ်သူ့ပဲဖြစ်ဖြစ် သည်သွားတက်တစ်ခုနှင့် လုပ်စားနေသည်။

'' အဲ့တော့ ဘာဖြစ်တာလဲဆိုတာ မေမေ့ကို ပြောပြလို့ရပြီလား ''

'' ကြီးကြီးမားမားကြီးမဟုတ်ပါဘူး မေမေရဲ့ အရေးမကြီးဘူး ခေါင်းထဲမထားနဲ့နော် ''

ခေါင်းထဲမထားနဲ့တဲ့လားသားရယ်...မင်းကိုအမေ မွေးထားတာပါ မင်းဘာဖြစ်နေလဲ မင်းမပြောလည်း အမေသိပါတယ်ကွယ်......

တလှိမ့်လှိမ့်နှင့် ကားလေးက တိမ်တိုက်တို့အိမ်နားရောက်လာသည်။ ခြံဘေးနံရံတွင် လူတစ်ယောက် မိုးရွာထဲတွင် ရပ်နေသည်ကို ရှန်မင်းတွေ့သည်။

'' အန်တီ ဟိုဟာ အန်တီ့ ဧည့်သည်လား''

ရှန်မင်း အဝေးက ခွန်းကို မမှတ်မိပါ ။ ရှန်မင်းပြော၍ တိမ်တိုက်တို့သားအမိ လှမ်းကြည့်လိုက်တော့...

'' မဟုတ်ဘူး ကွဲ့ ''

'' မောင်..''

သားအမိနှစ်ယောက် အသံတစ်ပြိုင်တည်းထွက်လာသည်။
ချစ်ရပါသော လူသားကို ဘယ်နေရာ တွင် ဘယ်ပုံစံနှင့်တွေ့တွေ့ မှတ်မိပါသည်။

တိမ်တိုက်က မောင် ဟုပြောလိုက်သောကြောင့် ဒေါ်ယုယမြိုင် က နားမလည်သလိုကြည့်ကာ ရှန်မင်းကတော့ မျက်မှောင်ကြုံ့သွားသည်။ လူကိုသေမလိုဖြစ်အောင်လုပ်ထားပြီး အခုမှ မိုးရေထဲလာရပ်နေပြီး ပန်းနုသွေးဇာတ်ခင်းနေသည်။

ဘာဖြစ်ကြမှန်းမသိပေမယ့် တိမ်တိုက်၏ မနေ့ညက ပုံစံကြောင့် သေးသေးမွှားမွှား တော့မဖြစ်နိုင်ချေ။

ငိုအောင်မလုပ်ပါနဲ့ဟု အတန်တန်ပြောထားသည့်ကြားက သကောင့်သား​က ပေးလိုက်လျှင် နာကျင်စရာတွေချည်းပင်။

တွေးရင်းတွေးရင် ရှန်မင်းဒေါသတွေထွက်လာကာ

'' အန်တီခနနော် ''

ဟုပြောကာ ကားပေါ်ကနေမိုးရေထဲဆင်း သွားသည်။

မိုးရေများ​ကြောင့် ကြွက်စုတ်ဖြစ်နေသော ခွန်းဆီလျှောက်သွားလိုက်ပြီ ရှပ်အင်္ကျီ ကော်လံစကို လက်နှစ်ဖက်ဖြင့် ဆောင့်ဆွဲကာ..

'' သူ့ကိုငိုအောင်လုပ်ဖို့ ခင်ဗျားလက်ထဲ ထည့်ပေးလိုက်တာမဟုတ်ဘူးနော် ''

ရှန်မင်း အံကြိတ်ကာ ခွန်းကိုပြောသည်။ ခန္ဓာ ကိုယ်ချင်းကွာသော်လည်း အရပ်က​တောသိပ်မကွာသည်မို့ မိုးရွာထဲတွင် စတိုင်ကျကျ ရန်ဖြစ်နေသော ဆယ်မဲနှစ်ယောက်ဖြစ်သည်။

ရေစိုနေသော အဝတ်အစားများကြောင့် ခန္ဓာကိုယ်ရှိ ကောက်ကြောင်းများကို သေချာမြင်ရသည်။ ကျယ်ပြန့်သော ရင်အုပ်တွေအောက်တွင် အဖုအထစ်တွေနှင် ဝမ်းဗိုက်သားတို့မှာ ထင်ရှားသည်။ သန်မာသောလက်မောင်းများက အားကိုးချင်စရာ အတိ။ စွပ်ကျယ်နှင့်ရှန်မင်းခက်မှာလည်း ခွန်းလောက် မထွားသော်လည်း ရှိသင့်သလောက် အဖုအထစ်တို့ရှိကာ အသားဖြူ၍ တစ်မျိူးကြည့်ကောင်းပြန်သည်။

'' ခင်ဗျားဇာတ်ကို ခင်ဗျားမနိုင်ရင် ဒီနေရာမှာတင်ရပ်တော့ ထပ်ပြီး မျှော်လင့်ချက်မပေးနဲ့။ ခင်ဗျားလိုကောင်က ရည်းစားထားလို့ရတဲ့ကောင်မဟုတ်ဘူး ။ ထားသမျှ ရည်းစားတိုင်းကို နာကျင်အောင်လုပ်တတ်တဲ့ လူစားမျိုး ဆိုတာ ခင်ဗျားကိုယ် ခင်ဗျားသိလား ''

'' ကိုယ် တိမ်တိုက်နဲ့တွေ့ချင်တယ် ''

'' ခင်ဗျားပြန်တော့ ဒီအချိန်မှာ သူကောင်းကောင်း အနားယူဖို့လိုတယ် စိတ်ညစ်အောင်ထပ်မလုပ်နဲ့ပြန်တော့ ''

'' ခနလေးပါကွာ ''

ဖြစ်ပုံက ယောက္ခမနဲ့ သားမက်တို့ ရန်ဖြစ်နေကြသည့် ပုံစံဖြစ်နေသည်။ ကားပေါ်မှနေ၍ တိမ်တိုက်ကတော့ မျက်စိပျက်မျက်နှာပျက်ဖြစ်နေသည်။ ဆင်းမည်လုပ်တော့လည်း မိုးရွာနေသဖြင့်မေမေက မဆင်းခိုင်း ။

ဒေါ်ယုယမြိုင်မှာ အခုထိ ရှန်မင်းနှင့်ရန်ဖြစ်နေသည်မှာ ခွန်းမှန်းမသိသေးချေ။ ရှန်မင်း သူ့သူငယ်ချင်း နှင့်ရန်ဖြစ်နေသည်ဟုပဲထင်နေခဲ့တာဖြစ်သည်။

နောက်တော့ကြည့်နေရင်းနဲ့ အခြေအနေမကောင်းတော့ပေ။
မကြာခင် ထ ထိုးကြ​တော့မည့်အရိပ်အယောင်ပေါ်နေသည်။ ဒါကြောင့် ကားပေါ်ကနေ အတင်းဆင်း ကာ အမြန်ပြေးသွားသည်။

'' တော်ကြတော့ အနောက်မှ မေမေကြည့်နေတယ် ''

တိမ်တိုက် မိုးသံတွေထဲ သူ့အားမရှိလေသော အသံသေးသေးလေးထွက်လာသည်။

'' မိုးရွာနေတယ်လေ ချီးမို့ ဆင်းလာတာလား ''

ပြောပြီးပြီးချင်း ခွန်းနှင့်ရှန်မင်းတို့ လက်တွေဖြန့်ကာ တပြိုင်နက်တည်း တိမ်တိုက်ခေါင်းပေါ် လာအုပ်မိုးကြသည်။ ခေါင်းရေစိုမှာ စိုးသည့်သဘော။

လက်တွေကို ရှေ့ဆင့်နောက်ဆင့် အုပ်ပေးထားကြသည်။ သို့သော် ရန်ဖြစ်နေကြသည်မှာ ရပ်မသွား။ တစ်ယောက်တစ်ခွန်း ပြောရင်းဖြစ်နေကြသည်။ ခါတိုင်းစကားအများကြီးပြောလေ့မရှိသော ခွန်းကလည်း ဒီနေ့မှ ရှန်မင်းကို တစ်ခွန်းမကျန် ပြန်တုန့်ပြန်ပြောနေသည်။

မိုးရေထဲတွင် အလယ်က ကောင်လေးပုပုခေါင်းပေါ်ကို ဘေးမှ အညိုနှင့်အဖြူလက်တစ်စုံက အုပ်မိုးထားပေးသည်။

ဤ သည်ကို ကားထဲမှ နေ၍ ဒေါ်ယုယမြိုင် တစ်ယောက် အံ့ဩတကြီး ကြည့်နေသည်။ နောက်တော့ နေတောင်မကောင်းသေးသော သူ့သားပြန်ဖျားမည်စိုး၍ ကားထဲက ထီးကိုရှာကာ ထွက်သွားလိုက်သည်။ အနီးနားရောက်မှ ခွန်းဖြစ်နေမှန်းသိတော့သည်။

'' တော်ကြပါ​တော့ကွယ် ငါ့သားလေးပြန်ဖျားပါဦးမယ် အိမ်ထဲရောက်မှ ဆက်ဖြစ်ကြ ''

သူ့သားကို ထီးမိုးပေးကာ ခြံတံခါးဖွင့်ပြီး ဝင်သွားလိုက်တော့ အနောက်က နှစ်ယောက်ကလည်း ရန်ဖြစ်တာရပ်ပြီးလိုက်လာကြသည်။

အိမ်ထဲရောက်ပြီး ခနနေတော့ တိမ်တိုက်က သဘက်လေးခေါင်းပေါ်တင်ကာ အင်္ကျီ လဲပြီးပြန်ထွက်လာသည်။ ခွန်းနှင့်ရှန်မင်းတို့က​တော့ ရေစိုလျက်အတိုင်းလေးပင်။ မိုးရေထဲအကြာကြီးနေ​ေသာ ခွန်းက​တော့ ချမ်းနေသည်ကို အတင်းဖုံးဖိနေပုံပေါ်သည်။

နောက်တော့ ကော်ဖီ နှစ်ခွက်ဖျော်ပြီး ဒေါ်ယုယမြိုင် ပြန်ထွက်လာသည်။ ခွန်းတို့ရှေ့တစ်ယောက်တစ်ခွက်ချပေးကာ

'' ကလေးတွေလည်းမဟုတ်ဘူးကွယ် မိုးရွာထဲရန်ဖြစ်နေရတယ်လို့ ''

ရှန်မင်းကတော့ စပ်ဖြဲဖြဲ လေးရီပြသည်။ ခွန်းကတော့ အေးအေးဆေးဆေးပင်။
နောက် ရှန်မင်းအမေ ရောက်လာပြီး တိမ်တိုက်ကိုသတင်းမေးကာ သူ့သားကိုဖုန်းလာပေးသည်။ ညကတည်းက အိမ်မှာဖုန်းကျန်ခဲ့သည်။ ရှန်မင်းဖွင့်ကြည့်တော့..စောမဟာသွေး ဆီမှ missed call ၅ခါဝင်ထားသည်။ ရှန်မင်းမျက်လုံးပြူးကာ အိမ်အမြန်ပြန်ရတော့သည်။ အခုထိ ကိုကို့ ကိုချော့ဆဲကာလပဲရှိသေးတာမို့ ကိုကို ငြိုငြင်အောင်လုပ်လို့မဖြစ်။

ဘာမှမတွေးတော့ပဲအိမ်ကိုတစ်ချိူးတည်းပြန်ပြေး တော့သည်။ စောစောကလေးတင် ရန်ဖြစ်နေတာ သူမဟုတ်သလိုပင်။

'' သားခွန်းက ဘယ်လိုရောက်လာတာလဲ ''

'' တိမ်တိုက် နေမကောင်းဘူးဆိုလို့ လာကြည့်တာ အန်တီ ။ တံခါးပိတ်ထားတာနဲ့ အရှေ့ကပဲစောင့်နေလိုက်တာ ''

'' ဪ သားရယ်ဖုန်းဆက်လိုက်တာမဟုတ်ဘူး ''

'' ဆက်တယ်အန်တီ မကိုင်တာ ''

'' ဪ ဟုတ်သားပဲ မနေ့ညက မင်းညီ အသည်းအသန် ဖြစ်တာနဲ့ ဖုန်းယူဖို့မေ့သွားတာ ''

ဘယ်လိုပဲနေနေ ဒေါ်ယုယမြိုင်ကတော့ ခွန်းမာနမောင် ဆိုလျှင် ချိူချိူသာသာကိုပြောသည်။ စောစောကကရန်ဖြစ်သည့်အကြောင်းတောင်မမေးတော့။

'' အာ အမေကလည်း ဘာအသည်းအသန်လဲ ရိုးရိုးဖျားတာပါ ''

တိမ်တိုက် အသည်းအသန် ဝင်ငြင်းသည်။ ခွန်းကို စိတ်မပူစေချင်။

'' ဘာရိုးရိုးလဲ မနေ့ညက မင်းပြန်လာ...''

'' ဪ ကိုခွန်းအေးနေပြီထင်တယ် မေမေရဲ့ အဝတ်လဲဖို့ ခေါ်သွားလိုက်တော့မယ်နော် လာ ကိုခွန်းလာ ''

တိမ်တိုက် စကားကို အမြန် ဖြတ်ပြောသွားပြီး ခွန်းကိုခေါ်ထုတ်သွားသည်။

အခန်းထဲရောက်တော့ တိမ်တိုက် ခွန်းကို ပုဆိုးတစ်ထည်နှင့် သူ့တီရှပ်အပွကြီးတစ်ထည်ထုတ်ပေးသည်။ ဒီတီရှပ်က သူ့တွင်ရှိသော အကြီးဆုံးဆိုဒ်ဖြစ်သည် ပုဆိုးကတော့ ပုဆိုး ဝတ်တာလေ့ကျင့်တုန်းက ဝယ်ထားတာဖြစ်သည်။ အနံကြီးကွင်းဖြစ်နေ၍ တော်သေးသည်။

တိမ်တိုက်လုပ်သမျှကိုသာ ခွန်းလိုက်ကြည့်နေမိသည်။ တစ်ရက်တည်းနဲ့ ပိန်ကျသွားသလို ခံစားရသည်။

'' အမြန်လဲလိုက်တော့ အအေးပတ်မယ် ပြီးရင်ထွက်ခဲ့လိုက် ''

ခွန်းဘာမှ ပြန်မပြောခင် အခန်းထဲက ထွက်လာလိုက်သည်။ ပြီးတော့ မီးဖိုချောင်ကိုဝင်ကာ ခွန်းစားဖို့တစ်ခုခုလုပ်ရန်ရှာသည်။ ဤ သည်ကို ဒေါ်ယုယမြိုင် ဝင်လာပြီး

'' ဗိုက်ဆာလို့လား သား မေမေဘာလုပ်ပေးရမလဲ ''

'' မဟုတ်ဘူး မေမေ ကိုခွန်းအတွက် တစ်ခုခုများရှိမလားလို့ရှာနေတာ ''

'' မေမေ ထမင်းအိုးတည်ထားတယ် ခနနေ ထမင်းကြော်ပေးမယ်လေ ရလား ''

'' အဲ့တာကြောင့် မေမေ့ကိုချစ်နေရတာ မွ ''

ဒေါ်ယုယမြိုင် ကိုခါးကနေသိုင်းဖက်လိုက်ပြီး ခေါင်းလေးတိုးကာ တိမ်တိုက်တစ်ယောက်ချွဲနေတော့သည်။

ဒါကို မီးဖိုချောင်အပေါက်ဝမှနေ၍ ခွန်းတစ်ယောက် ကြည့်ကာ ဝမ်းနည်း စွာ ပြုံးနေသည်။ သူ့မှာရော အမေတစ်ယောက်​ကို သည်လိုချွဲနိုင်ဖို့ အခွင့်အရေးမရှိဘူးလား။

အမေဆိုတာ နာမ်စားသက်သက်ပဲ ရင်းနှီးခဲ့ဖူးတာဖြစ်သည်။

4.5.2022

A/N - အခါးတွေများနေမှာစိုးလို့ သဘက်ခါ ထပ် up ပေးပါ့မယ်နော်။
ဒီအပိုင်းကို အောက်ပိုင်းနည်းနည်း မု ပျက်သွားလို့ သည်းခံဖတ်ပေးကြပါနော်။

(Zawgyi. )

မိုးေတြသည္းႀကီးမဲႀကီး႐ြာေနေသာ ညရဲ႕လမ္းမႀကီးေဘးတစ္ေနရာတြင္ တစ္ကိုယ္လုံးစို႐ႊဲေနကာ ကားတားေနေသာေကာင္ေလးတစ္ေယာက္ရွိသည္။ ေနာက္က်ေနၿပီမို႔ လိုင္းကားမ်ားက မေသခ်ာေတာ့။ အိမ္အျမန္ျပန္ေရာက္ဖို႔က ထိုေကာင္ေလးအတြက္ အေရးႀကီးေနသည္။

သည္ေန႕ညမွ ကားမ်ားမွာအလာက်ဲေနၿပီး လာေသာ ကားမ်ားမွာလည္း ေနာက္က်ေနၿပီမို႔ မဂၤလာဒုံထိ ဘယ္ကားမွ မလိုက္။ ထို႔ျပင္ တစ္ကိုယ္လုံး မိုးေရ႐ႊဲေနေသာ သူ႕ကို ဘယ္ကားသမားမွလည္း ကားေပၚမတင္ခ်င္ၾကေပ။

ဒီၾကားထဲ ေအးလြန္း၍လည္း ႏႈတ္ခမ္းမ်ားေတာင္ တုန္ခိုက္ေနၿပီး အစာမရွိေသာ အစာအိမ္မွာလည္း တျဖည္းျဖည္း နာလာသလိုရွိေနသည္။

လြယ္အိတ္ေတြပါ ေရစိုကုန္ၿပီျဖစ္ေသာေၾကာင့္ အိတ္ထဲမွ ဖုန္းကေတာ့ ျပင္ဆိုင္ထပ္ေရာက္ေတာ့မည္။ သည္မိုးရာသီအတြင္း ထီးမပါလာ၍ ဖုန္းေရစိုၿပီး ျပင္ဆိုင္ခနခနေရာက္သည္။

အရွိန္ႏွင့္က်လာေသာ မိုးေရစက္မ်ားေၾကာင့္ မ်က္ႏွာတို႔ပါ စပ္လာသည့္အျပင္ ငိုထားေသာမ်က္လုံးမ်ားကလည္း က်ိန္းစပ္ေနၿပီ။ ေနာက္ဆုံး မရသည့္အဆုံး ကားတစ္စီးကို ပိုက္ဆံပိုေပးပါ့မသည္ဟု အတင္းေတာင္းပန္ကာ တက္စီးလာလိုက္သည္။

အိမ္ေရာက္ေတာ့ လြယ္အိတ္ထဲတြင္ ေန႕လည္က ဝယ္ျခမ္းလို႔ပိုေသာ ပိုက္ဆံအကုန္လုံးကို ကားသမားကိုေပးခဲ့ၿပီး အိမ္ထဲအျမန္ဝင္လာလိုက္သည္။

'' ဟယ္ သားရယ္ ဘယ္လိုျဖစ္လာတာလဲ တစ္ကိုယ္လုံးလည္းေအးစက္ေနတာပဲ ''

တစ္ကိုယ္လုံးတုန္ယင္ကာ အိမ္ထဲေျပးဝင္လာေသာ တိမ္တိုက္ကို ေဒၚယုယၿမိဳင္ က႐ုဏာမ်က္လုံးမ်ားႏွင့္ ၾကည့္ကာေမးရွာသည္။ ပန္းေရာင္သန္းေနက်ႏႈတ္ခမ္းတို႔မွာ အျပာေရာင္ ေဖ်ာ့ေဖ်ာ့ ျဖစ္ေနၿပီ။ ခ်မ္းလြန္းလို႔ထင္ပါသည္ တိမ္တိုက္ခမ်ာ စကားေတာင္ ျပန္မေျပာနိုင္ပဲျဖစ္ေနသည္။

ေနာက္ဆုံးေျပာဖို႔ ႀကိဳးစားရင္းထြက္လာသည့္စကားက...

'' ကို...ကို..ခြန္း..ကို ျပန္ေရာက္...ေျပာ..ေပး..ပါ ''

ခ်မ္းလြန္းတာေၾကာင့္ စကားမ်ားမွာ တုန္ယင္ေနၿပီ ထစ္ေနသည္။ လက္ႏွစ္ဖက္ကိုလည္း က်စ္ေနေအာင္ဖက္ထားပုံမွာ သူဘယ္ေလာက္ခ်မ္းေနသလဲဆိုတာ ခန့္မွန္းနိုင္သည္။

'' ေအး..ေအး..ပါကြယ္ အကၤ်ီ ျမန္ျမန္သြားလဲေတာ့ တအားခ်မ္းေနၿပီမလား ''

တိမ္တိုက္ ေခါင္းေလးၿငိမ့္ၿပီး သူ႕အခန္းထဲ အျမန္ ဝင္သြားသည္။ ေဒၚယုယၿမိဳင္မွာ လည္း မ်က္လုံးမ်ားနီရဲေနကာ မို႔ေဖာင္းေနေသာ မ်က္ခမ္းစပ္မ်ားက တိမ္တိုက္ ငိုလာမွန္း ရိပ္မိေနသည္။

ခြန္းတိုက္ခန္းမွာ အိပ္မည္ဆိုၿပီး မနက္ကတည္းက မွိုရတဲ့မ်က္ႏွာထားႏွင့္ တက္တက္ႂကြႂကြ အိမ္ကထြက္သြားသူမွာ
ညဥ့္နက္ေနမွ မိုးေရထဲ ျပန္လာသည္။ တစ္ေယာက္ကလည္း တိမ္တိုက္ျပန္ေရာက္ရင္ မက္ေဆ့ခ်္ပို႔ေပးဖို႔ ေျပာသည္။ ဒီကေလးႏွစ္ေယာက္ ျပသာနာ တက္ၾကျပန္ၿပီဟု ရိုးရိုးေလးသာေတြးလိုက္မိသည္။

တိမ္တိုက္အတြက္ ႏြားနို႔ကို ႏႊေးရင္း ထမင္းစားခန္းထဲကေန ေဒၚယုယၿမိဳင္ ေစာင့္ေနသည္။ ေတာ္ေတာ္ၾကာတဲ့အထိ တိမ္တိုက္မွာ အခန္းထဲက မထြက္လာေပ။

ေဒၚယုယၿမိဳင္ တျဖည္းျဖည္းစိတ္ပူလာၿပီး တိမ္တိုက္အခန္းတံခါးကိုသြားေခါက္သည္။

'' ေဒါက္ ေဒါက္ တိမ္တိုက္ႀကိဳး...သား...ၾကာေနၿပီ မၿပီးေသးဘူးလား ''

''.....''

'' သား....ေဒါက္...ေဒါက္....သား..''

ေခၚမရသည့္အဆုံး တံခါးကိုဖြင့္ၿပီးဝင္ခ်သြားလိုက္သည္။ အိပ္ယာေပၚမွာ မေတြ႕။ ေရခ်ိဳးခန္းထဲဝင္ၾကည့္ေတာ့ အဝတ္အစားမလဲရေသးသည့္အတိုင္း ၾကမ္းျပင္ေပၚမွာ ေခြေခြေလးလဲက်ေနသည္။

ေဒၚယုယၿမိဳင္ ရင္ထဲစို႔သြားၿပီးတိမ္တိုက္ဆီ အေျပးသြားကာ ေခၚၾကည့္သည္။

'' ဟဲ့..သား..တိမ္တိုက္...ဘာျဖစ္တာလဲ...သတိထားဦးေလ...သား ''

တိမ္တိုက္ကို လႈပ္ႏွိုးရင္း အသံေတြတုန္ကာ ငိုသံပါ ပါလာေသာ ေဒၚယုယၿမိဳင္။
သူမ ပိုင္ဆိုင္တာဆို၍ သည္သားတစ္ေယာက္သာရွိသည္။ တစ္ခုခုမ်ားျဖစ္သြားခဲ့လွ်င္.....ဆိုၿပီး ေဒၚယုယၿမိဳင္ ေၾကာက္႐ြံ႕စြာ တုန္လႈပ္ေနသည္။

ခ်ဴခ်ာေသာ တိမ္တိုက္ႀကိဳးေလးက သူမကို အသက္ဆက္ေစခဲ့ေသာ အသက္ဆက္ႀကိဳးေလးတစ္ေခ်ာင္းျဖစ္သည္။ သူမ ရွင္သန္ေနရသည့္အေၾကာင္း အရင္း မွာ ဒီသားေလးတစ္ေယာက္ ေၾကာင့္သာျဖစ္သည္။

စိတ္ကိုေအးေအးထားကာ တိမ္တိုက္ကိုၾကည့္ေတာ့ ပုံမွန္ႏွလုံးေဖာက္ၿပီး ေမ့လဲသြားတာမ်ိဴးမဟုတ္ေပ။ ႐ုတ္တရက္ႏွလုံး ရပ္သြားတတ္သည္ဟု ဆရာဝန္မ်ားက မွာထားသျဖင့္ ႏွလုံးခုန္ႏႈန္းကို စမ္းၾကည့္လိုက္ေတာ့ ႏွလုံးခုန္ေနေသးသည္။

အရင္ဆုံးတိမ္တိုက္ကို ေရခ်ိဴးခန္းထဲကထုတ္ရမည္။ က်ေနဆဲမ်က္ရည္ေတြကိုသုတ္လိုက္ၿပီး ေဒၚယုယၿမိဳင္ တစ္ေယာက္
ရွိသမွ်အားကုန္ထုတ္ကာ တိမ္တိုက္ကို ေရခ်ိဴးခန္းထဲမွ အိပ္ယာေပၚထိ မထုတ္လာသည္။

တစ္ေယာက္တည္းအားနဲ႕ ေဆး႐ုံသြားဖို႔မျဖစ္နိုင္သည္မို႔
ရွန္မင္းခက္ကို ဖုန္းလွမ္းဆက္ဖို႔လုပ္သည္။ ဖုန္းကိုေခၚကာ စပီကာဖြင့္ထားလိုက္ၿပီး ေအးစက္ေနေသာ တိမ္တိုက္အား ေရစိုဝတ္ေတြကို လဲေပးရန္ လုပ္ေနသည္။

ေရစို၍ ကပ္ေနေသာ ရွပ္အကၤ်ီကိုမနည္းဆြဲခြၽတ္ကာ ဗီရိုထဲက ဟူးဒီးတစ္ထည္ကို ရေအာင္ ဝတ္ေပးေနသည္။ ရွန္မင္း ကိုလည္း မကိုင္မခ်င္း ေခၚေနလိုက္သည္။

'' ဟယ္လို အန္တီ ''

'' ရွန္မင္းရယ္ လုပ္ပါဦး...သား..ေမ့လဲသြားလို႔ ဒီဘက္ကိုခနလာခဲ့ပါဦးကြယ္ ''

'' ဗ်ာ ဟုတ္ ဟုတ္ လာၿပီ ''

ေဒၚယုယၿမိဳင္ ဟူးဒီလက္တစ္ဖက္ကို ဝင္ေအာင္ထည့္ေနသည္။ ေအးစက္ ေတာင့္တင္းေနေသာ ကိုယ္ေၾကာင့္ ဝတ္ေပးရခက္ေနသည္။ ေနာက္ဆုံး ႏွစ္ဖက္လုံး ဝင္သြားသည္။ ထို႔ေနာက္ ေအာက္ပိုင္း ကိုလည္း လဲေပးရမည္။

အသက္ျပည့္ၿပီးသား ေယာက်ာ္း ေလးတစ္ေယာက္ဆိုတာကို ေမ့ၿပီး သားသမီးေဇာျဖစ္သာ ေဒၚယုယၿမိဳင္ ပုဆိုးကို လဲေပးဖို႔ လုပ္ေနသည္။

သည္ေနရာတြင္ ဘာသတ္မွတ္ခ်က္မွ မရွိေတာ့ပဲ သူမဟာ မိခင္တစ္ေယာက္ျဖစ္ၿပီး တိမ္တိုက္ႀကိဳးဆိုတာ ေနမေကာင္းျဖစ္ေနေသာ သူမ၏ရင္ေသြးသာျဖစ္သည္။ ဒါေၾကာင့္ သူမဟာ ဘာကိုမွ မျမင္ေတာ့ေခ်။ တိမ္တိုက္အဆင္ေျပဖို႔သာေတြးေနၿပီး ေအးေနေသာ တိမ္တိုက္အားႏြေးေစခ်င္႐ုံသာ သူေတြးေနမိသည္။

လဲေပးေနရင္း က်လာေသာ မ်က္ရည္တစ္စကိုလက္ျဖင့္ ခပ္ၾကမ္းၾကမ္းသုတ္ပစ္လိုက္ၿပီး ပုဆိုးဆီလက္လွမ္းလိုက္သည္။ ခါတိုင္းဂ်င္းေဘာင္းဘီဆိုလွ်င္ ခြၽတ္ရခက္ဦးမည္။ ယခုအခါ ပုဆိုးျဖစ္သည္မို႔ ခါးပုံစအား ျဖည္ခ်ကာ ပုဆိုးကို ေျခရင္းထိဆြဲခ်လိဳက္ၿပီး ကုတင္ေအာင္သို႔ပစ္ခ်လိဳက္သည္။

ေမ့ေမ်ာေနေသာ တိမ္တိုက္ ေအာက္ပိုင္းတြင္ boxer တစ္ထည္သာက်န္ေတာ့သည္။ ထို boxer ကို ခြၽတ္ဖို႔ လက္လွမ္းေနတုန္း အခန္းထဲသို႔ ရွန္မင္းခက္ ဝုန္းခနဲ ေျပးဝင္လာ၍ ေဒၚယုယၿမိဳင္ လက္တို႔ရပ္တန့္သြားသည္။

ရွန္မင္းတစ္ေယာက္အခန္းထဲဝင္ဝင္ခ်င္း ပထမဆုံးျမင္လိုက္ရသည္ကို လန့္သြားေသာ္လည္း လ်င္လ်င္ျမန္ျမန္ပင္ အခန္းတစ္ခုလုံးကိုေဝ့ၾကည့္ကာ အေျခအေနတို႔ကို သုံးသပ္လိုက္သည္။

ေရခ်ိဴးခန္းတံခါးမွာပြင့္ေနၿပီး ၾကမ္းျပင္မွာ ေနရာအႏွံ႕ ေရမ်ားအိုင္ေနသည္။ ကုတင္ေအာက္တြင္လည္းေရစိုေနေသာ ပုဆိုးႏွင့္ အကၤ်ီ က အပုံသားက်ေနသည္။ အန္တီယုယကို
ၾကည့္ေတာ့လည္း မ်က္ရည္ေတြႏွင့္ျဖစ္သည္။ တိမ္တိုက္ကို အကၤ်ီ လဲေပးေနပုံရသည္။

'' ေပး ေပး အန္တီ သားလဲထားေပးလိုက္မယ္ အန္တီ ကားထုတ္ထားလိုက္ေနာ္ ''

ေဒၚယုယၿမိဳင္ ေခါင္းတဆတ္ဆတ္ၿငိမ့္ၿပီး အခန္းထဲကထြက္သြားသည္။ သည္ေတာ့မွ စိုေနေသာ တိမ္တိုက္ boxer ကိုဆြဲခြၽတ္ကာ ေဘးတြင္ခ်ထားေသာ ေဘာင္းဘီရွည္တစ္ထည္ကို ဝတ္ေပးလိုက္သည္။ ဆံပင္တို႔မွာလည္း စို႐ႊဲေနေသးသည္။

'' ဘာေတြျဖစ္လာျပန္တာလဲ တိမ္တိုက္ရာ....''

တန္းေပၚက သဘက္တစ္ထည္ကိုေကာက္ယူၿပီး ပုခုံးေပၚတင္ကာ တိမ္တိုက္ကို ေပြ႕ခ်ီၿပီး ကားေနာက္ခန္းက ေဒၚယုယၿမိဳင္ ဆီပို႔ေပးလိုက္သည္။ ၿပီးေတာ့ သဘက္ကိုပါတိမ္တိုက္ေခါင္းသုတ္ဖို႔ေပးလိုက္သည္။ သူကေတာ့ အေရွ႕ကတက္ကာ ကားကို အရွိန္နဲ႕ေမာင္းထြက္လာလိုက္သည္။ ၂၄ နာရီေဆးခန္းေတြက ရွားတာမို႔ ရွာမေနေတာ့ပဲ ပို႔ေနက်ေဆး႐ုံကိုသာ အျမန္ေမာင္းသြားလိုက္သည္။

'' သား ရွန္မင္း အရမ္းမေမာင္းနဲ႕ မိုး႐ြာထားလို႔ လမ္းေတြက ေခ်ာေနလိမ့္မယ္ ''

တိမ္တိုက္ကို ရင္ခြင္ထဲထည့္ကာေခါင္းသုတ္ေပးေနရင္း အန္တီယုယ က လွမ္းေျပာသည္။ ေမာင္းေနက်လမ္းေတြမို႔ ရွန္မင္းအတြက္ ျပသာနာမဟုတ္ေပမယ့္ အပူမိေနေသာ သားသည္အေမ စိတ္ေက်နပ္ေအာင္ အရွိန္ကိုနည္းနည္းေလးေလ်ာ့လိုက္သည္။

'' ဘယ္လိုျဖစ္တာလဲ အန္တီ မနက္က အေကာင္းႀကီး ပါ ''

'' အန္တီလည္းမသိေတာ့ပါဘူးသားရယ္ မနက္ကေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ပဲထြက္သြားတာ ခြန္းဆီမွာ အိပ္မယ္လို႔ေတာင္ေျပာသြားေသးတယ္ ။အဲ့ဒါကို အခုညဥ့္နက္မွမိုး႐ြာထဲ တက္စီနဲ႕ျပန္ခ်လာတယ္။ တစ္ကိုယ္လုံး စို႐ႊဲၿပီးေအးစက္ေနတာနဲ႕ အန္တီက အကၤ်ီ သြားလဲခိုင္းတာ ေတာ္ေတာ္နဲ႕ ျပန္ထြက္မလာလို႔ ဝင္ၾကည့္ေတာ့ ေရစိုဝတ္ေတြနဲ႕ ေရခ်ိဴးခန္းထဲ လဲက်ေနတာ... ''

'' ေတာက္စ္...အဲ့ဒါ ဟိုေကာင္ ခြန္းမာနေမာင္ေၾကာင့္ပဲေနမွာ.. ''

ရွန္မင္း စတီယာတိုင္ကို လက္နဲ႕ရိုက္ခ်လိဳက္ကာ စိတ္ဆိုးမာန္ဆိုးနဲ႕ ေျပာသည္။
ေဒၚယုယၿမိဳင္ ေတာင္ အနည္းငယ္လန့္သြားသည္။

ထိုအခါ ရင္ခြင္ထဲမွ တိမ္တိုက္ေလးမွာ သတိျပန္ဝင္လာပုံရသည္။ အနည္းငယ္လႈပ္လာသည္။

'' ေမာင့္...ကို သြား....မေျပာပါနဲ႕ ''

တိမ္တိုက္အသံတိုးတိုးေလးထြက္လာသည္။
ေဒၚယုယၿမိဳင္ သာၾကားလိုက္ၿပီး ရွန္မင္းကေတာ့မၾကားလိုက္ေပ။

တိမ္တိုက္ အေပၚ ခြန္းမာနေမာင္ ရဲ႕စိုးမိုးနိုင္မႈႀကီးဆိုတာ
ေမ့ေမ်ာေနတာေတာင္ နာမည္ၾကားတာနဲ႕ သတိျပန္ဝင္လာတာမ်ိဴး...

'' အန္တီ သူဘာေျပာတာလဲ ''

'' ေမာင့္ကို သြားမေျပာနဲ႕ဆိုလားပဲ..ေမာင္က ဘယ္သူလဲ..''

ေဒၚယုယ ေမးပါၿပီ။ ေမာင္ဆိုေသာ သူကို သူမ မသိပါ။
ရွန္မင္းကေတာ့ ေဒၚယုယၿမိဳင္ ေျပာတာၾကားၿပီးပိုေဒါသထြက္သြားပါသည္။

ဒီေလာက္ျဖစ္ေနတာေတာင္ လင္ကိုစိတ္ပူေနတုန္း...

....................

ေနာက္တစ္ေန႕ မနက္ေရာက္ေတာ့ ခြန္း ထြဋ္ေခါင္ကိုလွည့္ပတ္ေျပာၿပီး တိမ္တိုက္တို႔ေက်ာင္းကိုထြက္လာခဲ့သည္။ ညကတည္းက ဖုန္းက ေခၚမရေတာ့။ အန္တီယုယဆီဖုန္းဆက္ေတာ့လည္း ဖုန္းဝင္သည္ သို႔ေသာ္မကိုင္။

ဒါ့ေၾကာင့္ ေက်ာင္းသို႔လာေစာင့္ေနလိုက္သည္။ သည္အပတ္ တိမ္တိုက္တို႔ေက်ာင္းတက္ရသည့္အပတ္ျဖစ္သည္။ ညကတစ္ေရးမွ မအိပ္ရေသးတာေၾကာင့္ ညိုေနေသာ မ်က္ခမ္းစပ္တို႔မွာအနည္းငယ္မဲခ်င္ေနသည္။

ထုံးစံအတိုင္း အမဲေရာင္ ျမန္မာဝတ္စုံျဖင့္ တိမ္တိုက္တို႔ Physics ေဆာင္ေရွ႕တြင္ ေစာင့္ေနလိုက္သည္။ ေက်ာင္းသားေက်ာင္းသူမ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ဝင္လာလိုက္ ထြက္သြားလိုက္ျဖင့္အလုပ္ရႈပ္ေနေသာ္လည္း တိမ္တိုက္ႏွင့္တူေသာအရိပ္ေယာင္ ေသးေသးေလးေတာင္မေတြ႕ရေသး ပါ။

ေန႕လည္ ထမင္းစားခ်ိန္ထိ ေနရာမွာပဲ တုတ္တုတ္မွ်မလႈပ္ပဲ ရပ္ေစာင့္ေနသူကို တစ္ေဆာင္လုံးက သတိထားမိလာၾကသည္။ ျဖတ္သြားသမွ် လူတိုင္းက သူ႕ကိုလွည့္ၾကည့္လွည့္ၾကည့္လုပ္သြားၾကသည္။ ထို႔ျပင္ တစ္ခ်ိဴ႕ေတြဆို သူ႕ကိုၾကည့္ကာ တီးတိုးေျပာေနၾကသည္။

ေမ့ထားေလေသာ အတိတ္တို႔ မွ ဒဏ္ရာက ထပ္နာလာျပန္သည္။ သည္လိုပုံစံ သည္လို အေနအထားမ်ိဴး ကို သူခံနိုင္ရည္မရွိပါ။ တျဖည္းျဖည္း သူ႕ကို တုန္လႈပ္လာေစသည္။

သူ႕နားထဲတြင္ တီးတိုးစကားသံမ်ား အထပ္ထပ္ၾကားေယာင္လာသည္။

'' ဟယ္ ခြန္းေလးက်န္ခဲ့တာလား....သနားပါတယ္ဟယ္.. ကေလးကို..တစ္ေယာက္တည္း ထားခဲ့တာလား...သနား..ပါတယ္...သနားပါတယ္...ခြန္းေလး...တစ္ေယာက္တည္း...''

နားထဲသို႔ ထပ္ေနေသာစကားလုံးမ်ားစုၿပဳံတိုးလာသည္။ ခြန္းရပ္ေနေသာ ေျခတို႔ေတာင္ မခိုင္ေတာ့.... လဲက်ခ်င္ေနၿပီျဖစ္သည္။ အုံ႕ေနေသာ မိုးသားတိမ္စိုင္တို႔ေအာက္တြင္ ခြန္းတစ္ေယာက္ ေခြၽးေစးမ်ား လည္ပင္းတေလွ်ာက္ ျပန္လာသည္။

ထိုစဥ္ ကန္တင္းထဲမွေန၍ အဇူး ၾကည့္ေနတာၾကာၿပီ ျဖစ္သည္။ တိမ္တိုက္ ေနမေကာင္း၍ ေက်ာင္းမလာသည့္အေၾကာင္းကို ရွန္မင္းက လွမ္းေျပာျပသျဖင့္ သိသည္။

ဒါကို ခြန္းက မသိေသး ဘူးလား..ဟု အဇူးေတြးကာ သြားေျပာျပဖို႔လုပ္ေတာ့ ေဘးတြင္ထိုင္ေနေသာ စိုင္းမင္းႏြယ္ က မသြားခိုင္းသျဖင့္ ၿငိမ္ၿငိမ္ေလးျပန္ထိုင္လိုက္ရသည္။

'' သူမ်ားကိစၥ စိတ္မဝင္စားစမ္းပါနဲ႕ကြာ။ ဟိုေန႕က ကိစၥ ကို႔ကို ရွင္း ျပပါဦး ''

အဇူးဟိုတေန႕က စိုင္းမင္းႏြယ္နဲ႕ ဖုန္းေျပာရမည့္အခ်ိန္ႏွင့္ Idol ၏ Live concept ႏွင့္ အခ်ိန္တိုက္ေန၍ စိုင္းမင္းႏြယ္ ဖုန္းကို မကိုင္ျဖစ္ေပ။

'' ဟမ္ ဪ အဲ့ဒါတာက ေမ အဲ့ေန႕အတြက္ အြန္လိုင္း လက္မွတ္က ဝယ္ထားၿပီးသားျဖစ္ေနလို႔ ကိုရဲ႕။ ေနာက္တစ္ခါမျဖစ္ေစရဘူးေနာ္ ''

'' ဟင္းးဟင္းး ေမ ေနာ္...ကိုနဲ႕ idol ဘယ္သူ႕ကိုပိုခ်စ္လဲ ''

ေမးခြန္းက အဲ့မွာ စသတ္ပါၿပီ။ Fan girl ကိုရည္းစားေတာ္ထားၿပီး idol နဲ႕သဝန္လိုက္တိုေနသည္တဲ့။

'' ဟာ ကို ကလည္းကြာ မဆိုင္တာေတြ။ လာပါ ကိုခြန္းဆီသြားရေအာင္.. ဟိုမွာကိုခြန္းဘာျဖစ္ေနတာလဲမသိဘူး ပုံမွန္မဟုတ္သလိုပဲ..''

ေျပာေျပာဆိုဆိုႏွင့္ အဇူး စိုင္းမင္းႏြယ္ လက္ကိုဆြဲကာ ထသြားလိုက္ေတာ့သည္။

စိုင္းမင္းႏြယ္ သိသည္။ ခြန္း ဘာျဖစ္ေနသည္ကိုသူသိသည္။ငယ္ငယ္ကတည္းက ခြန္းရဲ႕အားနည္းခ်က္တိုင္းကို အေသးစိတ္ေလ့လာထားတာေၾကာင့္ လူအမ်ားႀကီးၾကားထဲ သူ႕ကို လူေတြ ၾကည့္ကာ တီးတိုးေျပာေနၾကသည္ကို ခြန္းမခံနိုင္မွန္း သိသည္။ ဒါ့ေၾကာင့္လည္း နည္းနည္းလႊတ္ထားေပးျခင္းျဖစ္သည္။

အဇူးျပန္ေျပာျပခ်က္အရ သူ႐ြာျပန္သြားေသာအပတ္တြင္ တိမ္တိုက္က သူ႕ေကာင္ေလးကို မိတ္ဆက္ေပးသည္ ဟုေျပာသည္။ ထိုသူက ခြန္းျဖစ္ေၾကာင္းလည္းေျပာျပၾကသည္။ သူတို႔မသိၾကသည္က ခြန္းနဲ႕သူဟာ ေသြးသားမေတာ္စပ္သည့္ညီအကိုေတြဆိုတာပင္။

ခြန္း လက္ေမာင္းအား တစ္ေယာက္ေယာက္က ႐ုတ္တရက္လွမ္းကိုင္လိုက္တာေၾကာင့္ ခြန္းလန့္သြားသည္။

'' ကိုခြန္း! ! ''

မလႈပ္မယွက္ ရပ္ေနေသာ ခြန္းကို အဇူး က လက္ေမာင္းကိုလႈပ္ကာ သတိေပးလိုက္သည္။

'' ဘာလုပ္ေနတာလဲ တိမ္တိုက္ကိုေစာင့္ေနတာလား... ''

'' အင္း ဟုတ္တယ္ ''

ခြန္း အဇူးေနာက္က စိုင္းမင္းႏြယ္ ကို တစ္ခ်က္ၾကည့္လိုက္ၿပီးေျဖ သည္။

'' အာ ကိုခြန္းမသိဘူးလား... တိမ္တိုက္ေနမေကာင္းလို႔ ေက်ာင္းမလာဘူးေလ ''

'' ဟင္ ''

ဘယ္လိုျဖစ္တာပါလိမ့္ ဒီအတြဲ ရန္ျဖစ္ထားတာလားဟု အဇူးေတြးလိုက္မိသည္။ ရပ္ေစာင့္စရာမလိုပဲ ဖုန္းဆက္လည္း ရသားနဲ႕ကို....

'' ဖုန္းမဆက္ၾကည့္ဘူးလား.....''

'' သူ႕ဖုန္းကိုေခၚမရလို႔.''

'' အာ ရန္ျဖစ္ထားၾကတယ္ထင္တယ္ ခစ္ခစ္ ''

ဘာမွမသိေသာအဇူးတစ္ေယာက္ကေတာ့ သူ႕အေတြးနဲ႕သူ ႀကိတ္သေဘာက်ေနသည္။

'' ေမ သူမ်ားကိုယ္ေရးကိုယ္တာေတြဘာလို႔ေလွ်ာက္ေမးေနတာလဲ... အတန္းတက္ေတာ့မယ္ အေပၚတက္ေတာ့ ''

'' အင္းပါ ဒါဆို ကိုခြန္း သြားၿပီေနာ္ ေသခ်ာေခ်ာ့လိုက္ဦး ...လာေလ ကို သြားမယ္ ''

'' တက္ႏွင့္ ကို... ကိုခြန္းနဲ႕ေျပာစရာေလးရွိလို႔ ''

ေနာက္ေတာ့ အဇူး တစ္ေယာက္တည္းအေပၚအရင္တက္သြားသည္။ ခြန္းႏွင့္စိုင္းမင္းႏြယ္တို႔ ႏွစ္ေယာက္တည္းက်န္ခဲ့ေတာ့သည္။

'' တကယ္ပါဗ်ာ ေျဖာင့္ပါတယ္ဆိုတဲ့ မာနခဲႀကီးကလည္း တိမ္တိုက္ႀကိဳးနဲ႕က် ေကြးသြားေရာ တဲ့ ''

စိုင္းမင္းႏြယ္ တစ္ေယာက္ ခြန္းကို မ်က္ႏွာတြင္
လုပ္ၿပဳံးႀကီးႏွင့္ ခနဲ႕သည္။ ခြန္းကေတာ့ နည္းနည္း အံ့ဩ သြားပုံရသည္။ တိမ္တိုက္ ႏွင့္ စိုင္းမင္းႏြယ္ တို႔က တစ္ဖြဲ႕တည္းဆိုတာ သူမသိေခ်။ တိမ္တိုက္မိတ္ဆက္ေပးသည့္အပတ္တုန္းကလည္း သူမပါေခ်။ ျပန္ေတြးၾကည့္ေတာ့မွ အဲ့အပတ္က စိုင္းမင္းႏြယ္႐ြာကိုျပန္သြားသည့္အပတ္ျဖစ္ေနသည္။

အေျခအေန ေတြကို သုံးသပ္ကာ မ်က္ႏွာကို ပုံမွန္အေနအထားေရာက္ေအာင္ ျပန္လုပ္ယူလိုက္သည္။

'' အမ္..အေျခအေနကိုၾကည့္ရတာ ကိုႀကီး ကဘာမွ မသိေသးဘူးထင္တယ္ေနာ္...သူ႕ညီေလး ေကြးသြားတာေရာ...ေက်ာင္းမွာ နာမည္ႀကီးသြားတဲ့ကိစၥကိုေရာ... ''

ထြဋ္ေခါင္တကယ္လည္းဘာမွမသိေသးေခ်။ စိုင္းမင္းႏြယ္ က အကုန္လုံးကိုသိထားေသာ္လည္း ခုထိ ထြဋ္ေခါင္ကို မေျပာျပပဲေနသည္က အေၾကာင္းတစ္ခုခုရွိလိမ့္မည္။

'' သူ႕အခ်စ္ရဆုံးညီေလးသာ သူ႕ကိုလိမ္ထားတာ သိရင္မ်ား အို..အို႔.. အိုး..
ငါ့အကိုတစ္ေယာက္ေတာ့ ...ကြၽတ္..ကြၽတ္..ကြၽတ္...''

စိုင္းမင္းႏြယ္ ေခါင္းေလးတရမ္းရမ္းျဖင့္ ထြဋ္ေခါင္ကို သနားသလိုေလး ႐ြဲ႕ေျပာေနသည္။ ခြန္းကေတာ့ ဘာတစ္ခြန္းမွ မတုန့္ျပန္သလို ဘာတစ္ခုမွလည္းျပန္မေျပာေခ်။

အခု သူ႕အေတြးထဲတြင္ တိမ္တိုက္ေနမေကာင္းဘူးဆိုတာပဲသိသည္။ တိမ္တိုက္၏ ေနမေကာင္းရျခင္း၏ တရားခံသည္ က်ိန္းေသေပါက္သူကိုယ္တိုင္ျဖစ္မွန္းလည္းသိသည္။
ဒါေၾကာင့္ တိမ္တိုက္ဆီ အျမန္သြားရဖို႔အေရး စိုင္းမင္းႏြယ္ေျပာသမွ်ကိုအျမန္ၿပီးေအာင္ နားေထာင္ေနလိုက္သည္။

'' မင္းသေဘာပဲ ကိုစိုင္း...ေျပာခ်င္လည္းေျပာျပလိုက္ ''

'' အာ ကိုခြန္းကလည္း ကြၽန္ေတာ္ေျပာျပလိုက္ရင္ ဘယ္စိတ္ဝင္စားစရာေကာင္းပါ့မလဲ...႐ုပ္ရွင္တကားဆိုတာ သူမ်ားေျပာျပ႐ုံနဲ႕ ဘယ္ေလာက္ေကာင္းလဲ ဘယ္သိနိုင္မွာလဲ ကိုယ္တိုင္သြားၾကည့္မွ.. တကယ့္အႏွစ္အရသာကိုသိမွာ မဟုတ္ဘူးလား...ဟင္းးဟင္းး ''

'' မင္းေျပာလို႔ၿပီးၿပီလား ငါသြားၿပီ ''

ေျပာၿပီးၿပီးခ်င္း ထိုေနရာကေန ခြန္းအျမန္ထြက္လာၿပီး ကားဂိတ္ဆီအျမန္ေလွ်ာက္သြားသည္။ အေနာက္က စိုင္းမင္းႏြယ္ကေတာ့ ခြန္းကိုေလွာင္ရီရင္း က်န္ခဲ့သည္။

...................

အမွန္ဆို ခြန္းစိတ္ေတြ အရမ္းေလးလံ ရႈပ္ေထြးေနသည္။ ဘာလို႔သူမွ ဒီလိုျဖစ္ေနရတာလဲ ဆိုတာ စဥ္းစားမရ။ တစ္စုံတစ္ေယာက္ကို လြတ္လြတ္လပ္လပ္
ခ်စ္နိုင္ဖို႔ရာ ဘာေတြလိုအပ္ေနတာလဲ။

ကိုယ္တားတဲ့စည္းေတြနဲ႕ပဲ ျခားေနရတာ သိသည္။ ဒီစည္းေတြကို ေက်ာ္နိုင္ဖို႔ အင္အားမ်ားကို ဘယ္အရပ္ဆီမွာ သြားရွာရမလဲ။

ဒီကေလးကို အျပည့္အဝခ်စ္ေပးခ်င္သည္။ ဂ႐ုစိုက္ေပးခ်င္သည္။ တခါတေလ ကိုယ့္အတၱေတြေၾကာင့္ ဒီကေလးနာက်င္ေနရတာကိုလည္း သိသည္။

ကိုယ္ေတာင္မသိလိုက္တဲ့ အျပဳအမူ ေတြေၾကာင့္ တစ္ခါတေလ ကိုယ့္ကိုကိုယ္ အရမ္းစိတ္ပ်က္မိရသည္။

စိတ္ဆိုးသြားလွ်င္ ခ်က္ခ်င္းလိုက္ေခ်ာ့ရမည္ကို လက္မခံနိုင္ေသာ ကိုယ့္မာနကိုယ္မုန္းသည္။ သူ႕အခ်စ္ေလာက္ ကိုယ့္အခ်စ္က မပိုေပးနိုင္သည့္အခါ အႀကိမ္ႀကိမ္ စိတ္ပ်က္ရသည္။

ဒါေတြကိုနားလည္ေပးေနတဲ့ သူ႕ကို ထပ္နာက်င္ေစလို႔လည္း ကိုယ့္ကိုယ္ကို သတ္ပစ္ခ်င္ေလာက္ေအာင္ကို မုန္းေနသည္။

ေမာင္ မင္းကိုခ်စ္တယ္ တိမ္တိုက္....
ေျပာျပမတတ္ေအာင္လည္းခ်စ္တယ္...
ရင္ထဲအသည္းထဲကေန စိမ့္ေနေအာင္လည္းခ်စ္တယ္...
ေမာင့္ရဲ႕တိမ္တိုက္ကို ေမာင္အသက္မက ခ်စ္ျမတ္နိုးရပါတယ္...
ဒါေပမယ့္ေလ ေမာင္ ဒါေတြကို မင္းသိေအာင္ မထုတ္ျပတတ္ဘူး တိမ္တိုက္....

ေမာင္ေပးလိုက္တဲ့အခ်စ္ေတြက မင္းဆီေရာက္သြားတဲ့အခါ အဆိပ္ေတြျဖစ္ျဖစ္သြားတတ္တာ ဘာလို႔လဲ ဆိုတာ ေမာင္ကိုယ္တိုင္ေတာင္ နားမလည္ေတာ့ဘူး။

....................

'' အမေလးဗ်ာ တိမ္တိုက္ႀကိဳးတို႔က မိုးရာသီလည္းေရာက္လာတာပဲေနာ္ ''

'' ကြၽန္ေတာ္က ေဒါက္တာ့ကိုသတိရလို႔ လာေတြ႕တာပါ ဟဲ ဟဲ ''

လူနာကုတင္ေပၚ တပလႅင္ေခြ ေလးထိုင္ကာ ေဒါက္တာထင္လင္း ကို စပ္ၿဖဲၿဖဲ နဲ႕ေျပာေနသည္။ မသိလွ်င္ ဆရာဝန္ကို သူ႕သူငယ္ခ်င္း က်ေနတာပင္။

'' ဆရာ့ေဖာက္သည္ေရာက္ေနတယ္ေျပာလို႔ လာၾကည့္တာကြ မင္းက ဘယ္လိုျဖစ္ရျပန္တာလဲ ''

'' ရိုးရိုးပဲဖ်ားတာပါဗ်ာ စိတ္ပူစရာမရွိပါဘူး ''

ဪ ေအးေအး ရိုးရိုး ပဲဖ်ားတာ မေသ႐ုံတစ္မယ္ေလးပဲ....

ေနာက္ေတာ့ ေဒါက္တာ ထင္လင္းျပန္ထြက္သြားသည္။အခန္းထဲတြင္ ရွန္မင္း နဲ႕ ေဒၚယုယၿမိဳင္ တို႔သာက်န္ခဲ့သည္။ မေန႕ညကတည္းက သတိေမ့ၿပီးအိပ္လိုက္တဲ့အအိပ္ အခုေန႕လည္ေရာက္မွ နိုးသည္။ ဗိုက္ထဲအစာမရွိတာ ၂၄ နာရီေလာက္ရွိၿပီမို႔ နိုးနိုးခ်င္းဗိုက္ကဆာသည္။

မေန႕ကကိစၥေၾကာင့္ စိတ္မေကာင္း ေသာ္လည္းအစာေတာ့စားရမည္။ သူ႕ဗိုက္ေလးကိုေတာ့ပစ္ထားလို႔မျဖစ္။

'' မေန႕က တစ္ေနကုန္ဘာမွ မစားပဲ ဘာလုပ္ေနတာလဲ ''

ျပင္ေပးေသာ ဆန္ျပဳတ္ေသာက္ေနရင္း ရွန္မင္းက အားႀကီးနဲ႕ေမးသည္။ ေဒၚယုယၿမိဳင္ကေတာ့ သူ႕သားကိုသာ အဆင္ေျပလား ၾကည့္ေနသည္။ တျခားဘာမွ မေတြးနိုင္ေသး။

'' စားပါတယ္ကြ ''

'' ခ်ီးစကားမေျပာနဲ႕ မိုး႐ြာထဲ ဗိုက္ေဟာင္းေလာင္းနဲ႕ ေလွ်ာက္သြားေနရေအာင္ မင္းကိုမင္း သိပ္က်န္းမာေနတယ္ထင္ေနလား ''

'' လမ္းမေလွ်ာက္ပါဘူး ငါတက္စီစီးလာတာပါကြာ ''

'' အေကာင္းေျပာေနတာကို ေသာက္ခြက္မေျပာင္ နဲ႕တိမ္တိုက္ႀကိဳး ''

'' အစားေလးေတာ့ ေကာင္းေကာင္းေပးစားစမ္းပါရွန္မင္းရာ။ ၿပီးေတာ့ မင္းပုံမင္းလည္းျပန္ၾကည့္ဦး ''

'' အဲ့တာ မင္းေၾကာင့္ေလ မသာရဲ႕...''

အခုရွန္မင္းပုံစံမွာ အေပၚက စြပ္က်ယ္အျဖဴႏွင့္ ေအာက္က pajama အျပာရင့္ေရာင္ကို ဝတ္ထားသည္။ ကမန္းကတန္းထြက္လာရသျဖင့္ အကၤ်ီ လဲဖို႔ေတာင္ေမ့ခဲ့သည္။ ဆံပင္မွာလည္း စုတ္တီးစုတ္ဖြားႏွင့္ျဖစ္ေနေသး သည္။

'' မဆိုင္တာေတြကြာ...''

မေန႕ညက ျဖစ္ပ်က္ေနသည္မွာ သူမဟုတ္သည့္အတိုင္း ကပ္ကပ္လန္ေအာင္ ရန္ျပန္ေတြ႕ေနေသာ တိမ္တိုက္ကို တကယ္လက္လန္သည္။ ေဒၚယုယၿမိဳင္ ကေတာ့ သူ႕သား ပုံမွန္လို ျပန္ျဖစ္မွပဲ သက္ျပင္းေလးခ်နိဳင္ေတာ့သည္။

မေန႕ညက အိမ္ထဲဝင္လာသည့္ တိမ္တိုက္ပုံစံကို အခုထိမ်က္လုံးထဲကမထြက္ေသးေပ။

စိတ္ဓာတ္လုံးလုံးက်ေနေသာ တိမ္တိုက္၏ မိုးေရစိုေနေသာ ပုံစံ ၊ အသက္မပါေသာ မ်က္ဝန္းအိမ္မ်ား၊ ခိုက္တုန္ေနေသာ အသံေတြ၊ ေရခ်ိဴးခန္းထဲ အာဟာရျပတ္ၿပီး လဲေနတဲ့ပုံစံ ။ ဒါေတြ အားလုံးဟာ သူမပထမဆုံးျမင္ဖူးေသာ တိမ္တိုက္၏ပုံစံမ်ားျဖစ္သည္။

အေမတစ္ေယာက္အေနျဖင့္ သူမ မသိေသးတာ ဘယ္ေလာက္မ်ားမ်ားရွိေနတာလဲ....

'' ေမေမ ေဒါက္တာ့ဆီ ခနသြားလိုက္ဦးမယ္ ''

ေဒၚယုယၿမိဳင္ ထြက္သြားသည္။ ေနာက္ေတာ့ ရွန္မင္း တိမ္တိုက္နားကပ္လာကာ စတင္စစ္ေဆးေမးျမန္းေတာ့သည္။

'' ဟိုလူနဲ႕ ဘာျဖစ္လာတာလဲ ငါ့ကိုေျပာ သူဘာလုပ္လိုက္တာလဲ ''

'' ဘယ္လူလဲ ''

တိမ္တိုက္ ပလုတ္ပေလာင္းနဲ႕ေမးသည္။

'' ဘယ္လူရွိရမွာလဲကြ မင္းလင္ေပါ့ မင္းကို ဒီလိုျဖစ္ေအာင္လုပ္နိုင္တာဆိုလို႔ မင္းလင္ပဲရွိတာေလ ''

'' ဟာ ငါဘာျဖစ္လို႔လဲ ဘာမွ မျဖစ္ပါဘူးကြ ''

ဘာျဖစ္လို႔လဲေမးေသာ ပါးစပ္ကို အပ္ႀကီးနဲ႕ပဲတစ္ရာ့ရွစ္ဆယ့္သုံးေခါက္ေလာက္ထိုးပလိုက္ခ်င္သည္။

'' ဪ ေအး ဟုတ္လား မေန႕ညက ပုံကို ငါဓာတ္ပုံရိုက္ထားဖို႔ေမ့သြားတာ မသာလိုျဖဴဖတ္ေနတဲ့ေစာက္ခြက္နဲ႕ တစ္ကိုယ္လုံး လည္းစို႐ႊဲေနတာ မင္းကလင္ပူမိတာမဟုတ္ပဲ လင္ေအးမိတာျဖစ္ေနၿပီ ''

'' ဟုတ္လား ''

'' အ႐ူးကြက္လာနင္းမေနနဲ႕ ေဟ်ာင့္ ဒီမွာ ငါအတည္ေျပာမယ္ ။ တကယ္လို မင္းတစ္ခုခုျဖစ္လာတယ္ဆိုလည္း ငါ့ဆီလာပါလားကြာ အန္တီ့ကို သက္သက္ မႏွိပ္စက္စမ္းပါနဲ႕ မေန႕ညကဆို အန္တီ့ကို ၾကည့္ၿပီး ငါ ေတာင္ ျပာယာခတ္သြားတယ္ ''

'' ေမေမ ကဘာျဖစ္လို႔လဲ ''

'' ဘာျဖစ္ရမွာလဲ သူ႕သားႏြေးေအာင္ သူကိုယ္တိုင္ မင္းအဝတ္ေတြကို ခြၽတ္လဲေပးေနတာေလ ငါျဖင့္မ်က္လုံးျပဴးသြားတာပဲ ငါအခ်ိန္မွီေရာက္သြားလို႔ေပါ့ ''

'' ဟင္ ဒါဆို ဒီေဘာင္းဘီက ''

'' ဟုတ္တယ္ေလ ငါလဲေပးထားတာေပါ့ကြ ဘာလဲ အတြင္းခံအစိုႀကီးနဲ႕မင္းကို ေဆး႐ုံပို႔ရမွာလား ''

ရွန္မင္းေျပာေတာ့ သူ႕ အဓိကေနရာေလးကို လက္ေလးႏွစ္ဖက္ျဖင့္ အုပ္ကာ စမ္းလိုက္ေတာ့ ဘာေအာက္ခံမွ ရွိမေနေခ်။

''လုပ္မေနနဲ႕ ငါအကုန္ျမင္ၿပီးၿပီ အင္း....မင္းက မုန့္လက္ေဆာင္းေတာ့မဟုတ္ဘူးကြ အာတာလြတ္ဥေလာက္ေတာ့ ရွိတယ္ ဟားး ''

ေနာက္ေတာ့ ေဒၚယုယၿမိဳင္ ျပန္ဝင္လာနဲ႕ ႏွစ္ေယာက္လုံး မ်က္ႏွာပိုးသတ္လိုက္ေတာ့သည္။

'' ညေနက်ရင္ ဆင္းလို႔ရၿပီတဲ့ သားရွန္မင္း ျပန္နားလိုက္ပါလားကြယ္ သားလည္းညက ပင္ပန္းေရာ့ေပါ့ ''

''ရပါတယ္ အန္တီရယ္ ညေနမွပဲ အတူတူျပန္ၾကတာေပါ့ ''

တိမ္တိုက္ စားေသာက္ၿပီးေတာ့ သူနာျပဳေလးက ေဆးတစ္လုံးလာခ်ိတ္ေပးသြားသည္။ ေနာက္ေတာ့ မေန႕ညက မိုးက ဆက္႐ြာသည္။ သို႔ေသာ္ သည္းႀကီးမဲႀကီး မဟုတ္ပဲ တစိမ့္စိမ့္ ႏွင့္အၾကာႀကီး႐ြာမည့္မိုးျဖစ္သည္။ ညက အိပ္ေရပ်က္ထားၾကသည္မို႔ ေဆး႐ုံတြင္ သုံးေယာက္သားမိုးေအးေအးႏွင့္ အိပ္ေပ်ာ္သြားၾကသည္။

တစ္ဖက္တြင္ေတာ့ ခြန္းမွာ တိမ္တိုက္အိမ္ေရွ႕ေရာက္ေနၿပီျဖစ္သည္။ အိမ္တံခါးမ်ားေသာ့ခတ္ထားသျဖင့္ ၿခံဝေဘးေလးတြင္ ရပ္ကာ တိမ္တိုက္တို႔ျပန္အလာကို ေစာင့္ေနသည္။ မိုး႐ြာခ်ေတာ့လည္း ခိုစရာေနရာမရွိေပ။ စိုမည့္အတူတူေတာ့ မိုးေရထဲမွာပဲ ခြန္းရပ္ေစာင့္ေနလိုက္ေတာ့သည္။ ဒီေန႕အဖို႔ တိမ္တိုက္ကို သူေတြ႕ရမွ ျဖစ္မည္။

သို႔ေပမယ့္ မိုးကလည္းေတာ္ေတာ္ႏွင့္ျပန္မတိတ္သလို တိမ္တိုက္တို႔ကလည္း ခုထိ ျပန္ေရာက္မလာေသးေပ။ နာရီကိုၾကည့္ေတာ့ ၅နာရီေတာင္ထိုးေတာ့မည္ ျဖစ္သည္။

တိမ္တိုက္တို႔လည္း အိပ္ေကာင္းေကာင္းႏွင့္အိပ္ေပ်ာ္သြားၾကတာ ညေနေစာင္းတဲ့အထိ မနိုးၾကေသးေပ။ ေဆးအာနိသင္ေၾကာင့္ နည္းနည္း အားျပန္ျပည့္လာေသာ တိမ္တိုက္က အရင္နိုးလာသည္။ သူ႕ေဘးတြင္ ကုတင္ေပၚ လက္တင္ကာ ေမွာက္အိပ္ေနေသာ ေဒၚယုယၿမိဳင္ ကိုေတြ႕သည္။

ဘယ္ေလာက္ေတာင္စိတ္ပူေနလဲမသိ တစ္ရက္တည္းႏွင့္မ်က္ႏွာေလးေတာင္ေခ်ာင္က်သြားသည္။

အားလည္းနာရသလို ေက်းဇူးလည္းတင္မိသည္။ ထို႔ျပင္ လိမ္ထားရသည့္အတြက္လည္း အျပစ္မကင္းေပ။

'' သား ေတာင္းပန္ပါတယ္ ေမေမရယ္ သားေၾကာင့္ ပင္ပန္းေနရၿပီ...''

ေဒၚယုယၿမိဳင္ လက္ေလးကို အသာထိကာ တိမ္တိုက္တိုးတိုးေလးေျပာသည္။

'' သားက Gay တစ္ေယာက္ဆိုရင္ေရာ ေမေမ လက္ခံနိုင္ပါ့မလားဟင္ ''

တိမ္တိုက္သက္ျပင္းေလးခ်လိဳက္သည္။ ေမေမ့တြင္ သူတစ္ေယာက္တည္းရွိတာမို႔ တစ္ေယာက္တည္းေသာ သားက gay ဆိုရင္ ေမေမလက္ခံနိုင္ပါ့မလား ေၾကာက္မိသည္။ ရွန္မင္းဆီက ခက္ခက္ခဲခဲ ခြင့္ျပဳခ်က္ရခဲ့ေသာ္လည္းေမေမ့ကိုေတာ့ ခုထိ ဖြင့္မေျပာရဲေသးေပ။

ၿပီးေတာ့ ခုထိလည္းဖြင့္မေျပာခ်င္ေသးေပ။ ဒီလိုေတြျဖစ္ေနတာ ခြန္းေၾကာင့္မွန္းသိသြားလွ်င္ ေမေမ ခြန္းကို မုန္းေနလိမ့္မည္။

တစ္ေယာက္တည္း ေတြးေနရင္း အေနာက္က ရွန္မင္းနိုးလာသည္။ ေနာက္ေတာ့ ေဒၚယုယၿမိဳင္ ပါနိုးလာသည္။ နာရီကိုၾကည့္ေတာ့ ၅နာရီေတာင္ထိုးေနၿပီမို႔ သိမ္းစရာရွိတာသိမ္းကာ ေဆး႐ုံကေန ၃ေယာက္သားထြက္လာၿပီး မိုးခပ္ေအးေအးေလးထဲ အိမ္ျပန္လာၾကသည္။

ရွန္မင္းကအေရွ႕မွာ ကားေမာင္းၿပီး တိမ္တိုက္တို႔သားအမိက အေနာက္မွာျဖစ္သည္။ ေနမေကာင္းသူပီပီ ထုံးစံအတိုင္း တိမ္တိုက္ သူ႕အေမကို မွီကာ ခြၽဲေနေတာ့သည္။

'' ျပသာနာရွိရင္ ေမေမနဲ႕ တိုင္ပင္ပါလား သားရယ္ အခုလိုေတြမလုပ္ပါနဲ႕လား ေမေမစိတ္ပူလို႔ပါကြယ္ ''

ရင္ခြင္ထဲက တိမ္တိုက္ေခါင္းေလးကို အသာသပ္ေပးရင္း ေျပာသည္။

'' သားေတာင္းပန္ပါတယ္ ေမေမရယ္ ေနာက္မျဖစ္ေစရဘူးေနာ္ ကတိေပးတယ္ ''

လက္သန္းေလးေတာင္ယူၿပီး ခ်ိတ္လိုက္ေသးသည္။ ၿပီးေတာ့ သြားတက္ေလးေပၚေအာင္က ရီျပလိုက္ေသးသည္။ တိမ္တိုက္ႀကိဳးဟာ ဘယ္သူ႕ပဲျဖစ္ျဖစ္ သည္သြားတက္တစ္ခုႏွင့္ လုပ္စားေနသည္။

'' အဲ့ေတာ့ ဘာျဖစ္တာလဲဆိုတာ ေမေမ့ကို ေျပာျပလို႔ရၿပီလား ''

'' ႀကီးႀကီးမားမားႀကီးမဟုတ္ပါဘူး ေမေမရဲ႕ အေရးမႀကီးဘူး ေခါင္းထဲမထားနဲ႕ေနာ္ ''

ေခါင္းထဲမထားနဲ႕တဲ့လားသားရယ္...မင္းကိုအေမ ေမြးထားတာပါ မင္းဘာျဖစ္ေနလဲ မင္းမေျပာလည္း အေမသိပါတယ္ကြယ္......

တလွိမ့္လွိမ့္ႏွင့္ ကားေလးက တိမ္တိုက္တို႔အိမ္နားေရာက္လာသည္။ ၿခံေဘးနံရံတြင္ လူတစ္ေယာက္ မိုး႐ြာထဲတြင္ ရပ္ေနသည္ကို ရွန္မင္းေတြ႕သည္။

'' အန္တီ ဟိုဟာ အန္တီ့ ဧည့္သည္လား''

ရွန္မင္း အေဝးက ခြန္းကို မမွတ္မိပါ ။ ရွန္မင္းေျပာ၍ တိမ္တိုက္တို႔သားအမိ လွမ္းၾကည့္လိုက္ေတာ့...

'' မဟုတ္ဘူး ကြဲ႕ ''

'' ေမာင္..''

သားအမိႏွစ္ေယာက္ အသံတစ္ၿပိဳင္တည္းထြက္လာသည္။
ခ်စ္ရပါေသာ လူသားကို ဘယ္ေနရာ တြင္ ဘယ္ပုံစံႏွင့္ေတြ႕ေတြ႕ မွတ္မိပါသည္။

တိမ္တိုက္က ေမာင္ ဟုေျပာလိုက္ေသာေၾကာင့္ ေဒၚယုယၿမိဳင္ က နားမလည္သလိုၾကည့္ကာ ရွန္မင္းကေတာ့ မ်က္ေမွာင္ႀကဳံ႕သြားသည္။ လူကိုေသမလိုျဖစ္ေအာင္လုပ္ထားၿပီး အခုမွ မိုးေရထဲလာရပ္ေနၿပီး ပန္းႏုေသြးဇာတ္ခင္းေနသည္။

ဘာျဖစ္ၾကမွန္းမသိေပမယ့္ တိမ္တိုက္၏ မေန႕ညက ပုံစံေၾကာင့္ ေသးေသးမႊားမႊား ေတာ့မျဖစ္နိုင္ေခ်။

ငိုေအာင္မလုပ္ပါနဲ႕ဟု အတန္တန္ေျပာထားသည့္ၾကားက သေကာင့္သားက ေပးလိုက္လွ်င္ နာက်င္စရာေတြခ်ည္းပင္။

ေတြးရင္းေတြးရင္ ရွန္မင္းေဒါသေတြထြက္လာကာ

'' အန္တီခနေနာ္ ''

ဟုေျပာကာ ကားေပၚကေနမိုးေရထဲဆင္း သြားသည္။

မိုးေရမ်ားေၾကာင့္ ႂကြက္စုတ္ျဖစ္ေနေသာ ခြန္းဆီေလွ်ာက္သြားလိုက္ၿပီ ရွပ္အကၤ်ီ ေကာ္လံစကို လက္ႏွစ္ဖက္ျဖင့္ ေဆာင့္ဆြဲကာ..

'' သူ႕ကိုငိုေအာင္လုပ္ဖို႔ ခင္ဗ်ားလက္ထဲ ထည့္ေပးလိုက္တာမဟုတ္ဘူးေနာ္ ''

ရွန္မင္း အံႀကိတ္ကာ ခြန္းကိုေျပာသည္။ ခႏၶာ ကိုယ္ခ်င္းကြာေသာ္လည္း အရပ္ကေတာသိပ္မကြာသည္မို႔ မိုး႐ြာထဲတြင္ စတိုင္က်က် ရန္ျဖစ္ေနေသာ ဆယ္မဲႏွစ္ေယာက္ျဖစ္သည္။

ေရစိုေနေသာ အဝတ္အစားမ်ားေၾကာင့္ ခႏၶာကိုယ္ရွိ ေကာက္ေၾကာင္းမ်ားကို ေသခ်ာျမင္ရသည္။ က်ယ္ျပန့္ေသာ ရင္အုပ္ေတြေအာက္တြင္ အဖုအထစ္ေတြႏွင္ ဝမ္းဗိုက္သားတို႔မွာ ထင္ရွားသည္။ သန္မာေသာလက္ေမာင္းမ်ားက အားကိုးခ်င္စရာ အတိ။ စြပ္က်ယ္ႏွင့္ရွန္မင္းခက္မွာလည္း ခြန္းေလာက္ မထြားေသာ္လည္း ရွိသင့္သေလာက္ အဖုအထစ္တို႔ရွိကာ အသားျဖဴ၍ တစ္မ်ိဴးၾကည့္ေကာင္းျပန္သည္။

'' ခင္ဗ်ားဇာတ္ကို ခင္ဗ်ားမနိုင္ရင္ ဒီေနရာမွာတင္ရပ္ေတာ့ ထပ္ၿပီး ေမွ်ာ္လင့္ခ်က္မေပးနဲ႕။ ခင္ဗ်ားလိုေကာင္က ရည္းစားထားလို႔ရတဲ့ေကာင္မဟုတ္ဘူး ။ ထားသမွ် ရည္းစားတိုင္းကို နာက်င္ေအာင္လုပ္တတ္တဲ့ လူစားမ်ိဳး ဆိုတာ ခင္ဗ်ားကိုယ္ ခင္ဗ်ားသိလား ''

'' ကိုယ္ တိမ္တိုက္နဲ႕ေတြ႕ခ်င္တယ္ ''

'' ခင္ဗ်ားျပန္ေတာ့ ဒီအခ်ိန္မွာ သူေကာင္းေကာင္း အနားယူဖို႔လိုတယ္ စိတ္ညစ္ေအာင္ထပ္မလုပ္နဲ႕ျပန္ေတာ့ ''

'' ခနေလးပါကြာ ''

ျဖစ္ပုံက ေယာကၡမနဲ႕ သားမက္တို႔ ရန္ျဖစ္ေနၾကသည့္ ပုံစံျဖစ္ေနသည္။ ကားေပၚမွေန၍ တိမ္တိုက္ကေတာ့ မ်က္စိပ်က္မ်က္ႏွာပ်က္ျဖစ္ေနသည္။ ဆင္းမည္လုပ္ေတာ့လည္း မိုး႐ြာေနသျဖင့္ေမေမက မဆင္းခိုင္း ။

ေဒၚယုယၿမိဳင္မွာ အခုထိ ရွန္မင္းႏွင့္ရန္ျဖစ္ေနသည္မွာ ခြန္းမွန္းမသိေသးေခ်။ ရွန္မင္း သူ႕သူငယ္ခ်င္း ႏွင့္ရန္ျဖစ္ေနသည္ဟုပဲထင္ေနခဲ့တာျဖစ္သည္။

ေနာက္ေတာ့ၾကည့္ေနရင္းနဲ႕ အေျခအေနမေကာင္းေတာ့ေပ။
မၾကာခင္ ထ ထိုးၾကေတာ့မည့္အရိပ္အေယာင္ေပၚေနသည္။ ဒါေၾကာင့္ ကားေပၚကေန အတင္းဆင္း ကာ အျမန္ေျပးသြားသည္။

'' ေတာ္ၾကေတာ့ အေနာက္မွ ေမေမၾကည့္ေနတယ္ ''

တိမ္တိုက္ မိုးသံေတြထဲ သူ႕အားမရွိေလေသာ အသံေသးေသးေလးထြက္လာသည္။

'' မိုး႐ြာေနတယ္ေလ ခ်ီးမို႔ ဆင္းလာတာလား ''

ေျပာၿပီးၿပီးခ်င္း ခြန္းႏွင့္ရွန္မင္းတို႔ လက္ေတြျဖန့္ကာ တၿပိဳင္နက္တည္း တိမ္တိုက္ေခါင္းေပၚ လာအုပ္မိုးၾကသည္။ ေခါင္းေရစိုမွာ စိုးသည့္သေဘာ။

လက္ေတြကို ေရွ႕ဆင့္ေနာက္ဆင့္ အုပ္ေပးထားၾကသည္။ သို႔ေသာ္ ရန္ျဖစ္ေနၾကသည္မွာ ရပ္မသြား။ တစ္ေယာက္တစ္ခြန္း ေျပာရင္းျဖစ္ေနၾကသည္။ ခါတိုင္းစကားအမ်ားႀကီးေျပာေလ့မရွိေသာ ခြန္းကလည္း ဒီေန႕မွ ရွန္မင္းကို တစ္ခြန္းမက်န္ ျပန္တုန့္ျပန္ေျပာေနသည္။

မိုးေရထဲတြင္ အလယ္က ေကာင္ေလးပုပုေခါင္းေပၚကို ေဘးမွ အညိုႏွင့္အျဖဴလက္တစ္စုံက အုပ္မိုးထားေပးသည္။

ဤ သည္ကို ကားထဲမွ ေန၍ ေဒၚယုယၿမိဳင္ တစ္ေယာက္ အံ့ဩတႀကီး ၾကည့္ေနသည္။ ေနာက္ေတာ့ ေနေတာင္မေကာင္းေသးေသာ သူ႕သားျပန္ဖ်ားမည္စိုး၍ ကားထဲက ထီးကိုရွာကာ ထြက္သြားလိုက္သည္။ အနီးနားေရာက္မွ ခြန္းျဖစ္ေနမွန္းသိေတာ့သည္။

'' ေတာ္ၾကပါေတာ့ကြယ္ ငါ့သားေလးျပန္ဖ်ားပါဦးမယ္ အိမ္ထဲေရာက္မွ ဆက္ျဖစ္ၾက ''

သူ႕သားကို ထီးမိုးေပးကာ ၿခံတံခါးဖြင့္ၿပီး ဝင္သြားလိုက္ေတာ့ အေနာက္က ႏွစ္ေယာက္ကလည္း ရန္ျဖစ္တာရပ္ၿပီးလိုက္လာၾကသည္။

အိမ္ထဲေရာက္ၿပီး ခနေနေတာ့ တိမ္တိုက္က သဘက္ေလးေခါင္းေပၚတင္ကာ အကၤ်ီ လဲၿပီးျပန္ထြက္လာသည္။ ခြန္းႏွင့္ရွန္မင္းတို႔ကေတာ့ ေရစိုလ်က္အတိုင္းေလးပင္။ မိုးေရထဲအၾကာႀကီးေနေသာ ခြန္းကေတာ့ ခ်မ္းေနသည္ကို အတင္းဖုံးဖိေနပုံေပၚသည္။

ေနာက္ေတာ့ ေကာ္ဖီ ႏွစ္ခြက္ေဖ်ာ္ၿပီး ေဒၚယုယၿမိဳင္ ျပန္ထြက္လာသည္။ ခြန္းတို႔ေရွ႕တစ္ေယာက္တစ္ခြက္ခ်ေပးကာ

'' ကေလးေတြလည္းမဟုတ္ဘူးကြယ္ မိုး႐ြာထဲရန္ျဖစ္ေနရတယ္လို႔ ''

ရွန္မင္းကေတာ့ စပ္ၿဖဲၿဖဲ ေလးရီျပသည္။ ခြန္းကေတာ့ ေအးေအးေဆးေဆးပင္။
ေနာက္ ရွန္မင္းအေမ ေရာက္လာၿပီး တိမ္တိုက္ကိုသတင္းေမးကာ သူ႕သားကိုဖုန္းလာေပးသည္။ ညကတည္းက အိမ္မွာဖုန္းက်န္ခဲ့သည္။ ရွန္မင္းဖြင့္ၾကည့္ေတာ့..ေစာမဟာေသြး ဆီမွ missed call ၅ခါဝင္ထားသည္။ ရွန္မင္းမ်က္လုံးျပဴးကာ အိမ္အျမန္ျပန္ရေတာ့သည္။ အခုထိ ကိုကို႔ ကိုေခ်ာ့ဆဲကာလပဲရွိေသးတာမို႔ ကိုကို ၿငိဳျငင္ေအာင္လုပ္လို႔မျဖစ္။

ဘာမွမေတြးေတာ့ပဲအိမ္ကိုတစ္ခ်ိဴးတည္းျပန္ေျပး ေတာ့သည္။ ေစာေစာကေလးတင္ ရန္ျဖစ္ေနတာ သူမဟုတ္သလိုပင္။

'' သားခြန္းက ဘယ္လိုေရာက္လာတာလဲ ''

'' တိမ္တိုက္ ေနမေကာင္းဘူးဆိုလို႔ လာၾကည့္တာ အန္တီ ။ တံခါးပိတ္ထားတာနဲ႕ အေရွ႕ကပဲေစာင့္ေနလိုက္တာ ''

'' ဪ သားရယ္ဖုန္းဆက္လိုက္တာမဟုတ္ဘူး ''

'' ဆက္တယ္အန္တီ မကိုင္တာ ''

'' ဪ ဟုတ္သားပဲ မေန႕ညက မင္းညီ အသည္းအသန္ ျဖစ္တာနဲ႕ ဖုန္းယူဖို႔ေမ့သြားတာ ''

ဘယ္လိုပဲေနေန ေဒၚယုယၿမိဳင္ကေတာ့ ခြန္းမာနေမာင္ ဆိုလွ်င္ ခ်ိဴခ်ိဴသာသာကိုေျပာသည္။ ေစာေစာကကရန္ျဖစ္သည့္အေၾကာင္းေတာင္မေမးေတာ့။

'' အာ အေမကလည္း ဘာအသည္းအသန္လဲ ရိုးရိုးဖ်ားတာပါ ''

တိမ္တိုက္ အသည္းအသန္ ဝင္ျငင္းသည္။ ခြန္းကို စိတ္မပူေစခ်င္။

'' ဘာရိုးရိုးလဲ မေန႕ညက မင္းျပန္လာ...''

'' ဪ ကိုခြန္းေအးေနၿပီထင္တယ္ ေမေမရဲ႕ အဝတ္လဲဖို႔ ေခၚသြားလိုက္ေတာ့မယ္ေနာ္ လာ ကိုခြန္းလာ ''

တိမ္တိုက္ စကားကို အျမန္ ျဖတ္ေျပာသြားၿပီး ခြန္းကိုေခၚထုတ္သြားသည္။

အခန္းထဲေရာက္ေတာ့ တိမ္တိုက္ ခြန္းကို ပုဆိုးတစ္ထည္ႏွင့္ သူ႕တီရွပ္အပြႀကီးတစ္ထည္ထုတ္ေပးသည္။ ဒီတီရွပ္က သူ႕တြင္ရွိေသာ အႀကီးဆုံးဆိုဒ္ျဖစ္သည္ ပုဆိုးကေတာ့ ပုဆိုး ဝတ္တာေလ့က်င့္တုန္းက ဝယ္ထားတာျဖစ္သည္။ အနံႀကီးကြင္းျဖစ္ေန၍ ေတာ္ေသးသည္။

တိမ္တိုက္လုပ္သမွ်ကိုသာ ခြန္းလိုက္ၾကည့္ေနမိသည္။ တစ္ရက္တည္းနဲ႕ ပိန္က်သြားသလို ခံစားရသည္။

'' အျမန္လဲလိုက္ေတာ့ အေအးပတ္မယ္ ၿပီးရင္ထြက္ခဲ့လိုက္ ''

ခြန္းဘာမွ ျပန္မေျပာခင္ အခန္းထဲက ထြက္လာလိုက္သည္။ ၿပီးေတာ့ မီးဖိုေခ်ာင္ကိုဝင္ကာ ခြန္းစားဖို႔တစ္ခုခုလုပ္ရန္ရွာသည္။ ဤ သည္ကို ေဒၚယုယၿမိဳင္ ဝင္လာၿပီး

'' ဗိုက္ဆာလို႔လား သား ေမေမဘာလုပ္ေပးရမလဲ ''

'' မဟုတ္ဘူး ေမေမ ကိုခြန္းအတြက္ တစ္ခုခုမ်ားရွိမလားလို႔ရွာေနတာ ''

'' ေမေမ ထမင္းအိုးတည္ထားတယ္ ခနေန ထမင္းေၾကာ္ေပးမယ္ေလ ရလား ''

'' အဲ့တာေၾကာင့္ ေမေမ့ကိုခ်စ္ေနရတာ မြ ''

ေဒၚယုယၿမိဳင္ ကိုခါးကေနသိုင္းဖက္လိုက္ၿပီး ေခါင္းေလးတိုးကာ တိမ္တိုက္တစ္ေယာက္ခြၽဲေနေတာ့သည္။

ဒါကို မီးဖိုေခ်ာင္အေပါက္ဝမွေန၍ ခြန္းတစ္ေယာက္ ၾကည့္ကာ ဝမ္းနည္း စြာ ၿပဳံးေနသည္။ သူ႕မွာေရာ အေမတစ္ေယာက္ကို သည္လိုခြၽဲနိုင္ဖို႔ အခြင့္အေရးမရွိဘူးလား။

အေမဆိုတာ နာမ္စားသက္သက္ပဲ ရင္းႏွီးခဲ့ဖူးတာျဖစ္သည္။

4.5.2022

A/N - အခါးေတြမ်ားေနမွာစိုးလို႔ သဘက္ခါ ထပ္ up ေပးပါ့မယ္ေနာ္။
ဒီအပိုင္းကို ေအာက္ပိုင္းနည္းနည္း မု ပ်က္သြားလို႔ သည္းခံဖတ္ေပးၾကပါေနာ္။

Continue Reading

You'll Also Like

100K 12.6K 106
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
466K 18.9K 58
Season (1) BL M-preg အာဏာစက်သျှား×ဒီပါလွှမ်းခေတ် "မောင်က ဒုက္ခခံစားနေရချိန် ကိုယ်ကတော့သုခဘုံမှာစံမြန်းမနေချင်ဘူး မောင်ရယ်။ငရဲလားရင်တောင်အတူလိုက်ခဲ့မယ...
550K 29.7K 81
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
483K 33.4K 31
story description>>>>> start-5/10/2021 end-1/1/2022