(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

By Xiao_Yiii

684K 119K 3.3K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... More

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(11) - ဓား
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(13) - မြန်မြန်လေး
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-1) - မျှခြေ
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-1) - ယွီယွီ
Chapter(40-2) - ယွီယွီ
Chapter(41-1) - ပြန်လာခြင်း
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(48-2) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(66-2) - အဝတ်အစားချွတ်ခြင်း
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(69) - ကျေနပ်အားရခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(75) - မျက်ရည်နတ်ဆိုး
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Chapter(79) - နှစ်တိုင်း နှစ်တိုင်း
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(56) - လျှို့ဝှက်ချက်

4.1K 732 7
By Xiao_Yiii

Unicode

အခန်း(၅၆) - လျှို့ဝှက်ချက်

ပထမအကြိမ် အနေနဲ့ ရှန်ကျစ်ရှန်းသည် ရန်ကျင်းမှာ သေးငယ်တဲ့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေကြောင်း လေးလေးနက်နက်ခံစားလိုက်ရသည်။

သူကူးပြောင်းလာပြီး ကတည်းက ရန်ကျင်းကို ဘယ်သောအခါမှ ကန့်သတ်ချုပ်ချယ်ထားခြင်း မရှိသလို မူရင်း ရှန်ကျစ်ရှန်းက လုပ်ခဲ့တယ် ဆိုတာမျိုးကိုညွှန်ပြနိုင်တဲ့ မှတ်ဉာဏ်မျိုးလည်းဒီခန္တာကိုယ်ထဲမှာ ရှိမနေ။

ရှန်ကျစ်ရှန်းက တိတ်ဆိတ်နေပြီး အဓိပ္ပါယ်မဲ့သော အတွေးတစ်ခု တိတ်တိတ်ဆိတ်ဆိတ် ထွက်ပေါ်လာခဲ့သည်—သူနဲ့ ရန်ကျင်းတို့က ဆရာနဲ့ တပည့်အဖြစ် မတွေ့ခင်ကတည်းက တစ်ယောက်ကိုတစ်ယောက် သိခဲ့ကြတာ ဖြစ်လိမ့်မယ်

ဟိုးတုန်းက ဒီလို မရေရာတဲ့ အမှတ်တရတွေထဲမှာ သူတို့... မဟုတ်ဘူး၊ ရန်ကျင်းနဲ့ တစ်နည်းနည်းနဲ့ တွေ့ဆုံဖူးတာ ဒါမှမဟုတ် လမ်းခွဲခဲ့တဲ့သူက မူလပိုင်ရှင် ဖြစ်လိမ့်မယ်

ရှန်ကျစ်ရှန်း၏ နှလုံးသားသည် အလွန်အမင်း မပျော်မရွှင် ဖြစ်သည့် ခံစားချက်များဖြင့် ပြည့်နှက်သွားရသည်။

ရန်ကျင်း တစ်ခါတုန်းက ပြောခဲ့ဘူးသည့် 'အရမ်းကောင်းတဲ့သူ' ဆိုတဲ့ စကားအား မစဉ်းစားပဲ မနေနိုင်တော့ပေ။

ရှန်ကျစ်ရှန်းက အတိတ်မှာ ပျော်ရွှင်နေတတ်တဲ့သူ မဟုတ်သလို တစ်ခြားသူတွေရဲ့ အတိတ်နဲ့ ပတ်သတ်လို့လည်း အာဃာတ လိုက်ထားနေတတ်တဲ့သူမျိုး မဟုတ်ဘူး။ အဲ့ဒါကြောင့်လည်း ရန်ကျင်းရဲ့ ကိစ္စဟောင်းတွေနဲ့ ပတ်သတ်ပြီး အရမ်းစိတ်ထဲ မထည့်မိဖို့ သူ့ကိုယ်သူ ပြောနေခဲ့ရတာ။ ရန်ကျင်းက ကလေးဘဝတုန်းက ခက်ခဲခဲ့တယ် ဆိုတာကိုပဲ သူသိတာမို့လို့ အနာဂတ်မှာ သူ့ကို ကောင်းကောင်း ဆက်ဆံပေးဖို့နဲ့ သူ့ကိုပျော်ရွှင်အောင် လုပ်ပေးဖို့ပဲ ဆုံးဖြတ်ထားတာ။

ဒါပေမဲ့ အခုတော့ သူ့နှလုံးသားထဲကို ဆူးလေးတစ်ချောင်း စိုက်ဝင်သွားသလိုမျိုး ခံစားရပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်လေ။

သူနည်းနည်း မနာလိုနေတာ ဖြစ်လိမ့်မယ်။ သူနဲ့ ရန်ကျင်းတို့က အခုမှ တရားဝင် ဆက်ဆံရေးတစ်ခု ထူထောင်ထားကြတာကို သံပရာသီးကြီးကြီး အနည်းငယ်လောက်နဲ့ ရောနှောထားတဲ့ ရှာလကာရည်ရဲ့ ချဉ်စူးစူး အရသာကို မြည်းစမ်းဘူးသွားပြီ

ရန့်ရှန်၏ ပေါက်ကွဲ ထွက်မှုကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးက မိစ္ဆာများအတွက် ထူးခြားသည့် ညှီနံ့များ ရှိနေသည်။ အနံ့က ရွံ့ရှာစရာပင်။ ရှန်ကျစ်ရှန်းက သူ့မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်အေးလက်အေး ဖြစ်ချင်ယောင် ဆောင်ကာ ပြောလာသည်။

"ဒီနေရာမှာ အနံ့ဆိုးတယ်, နေရာပြောင်းကြရအောင်"

ရန်ကျင်းက တိတ်တဆိတ်သာ ပြန်ဖြေလာသည်။

"အင်း"

သူတို့က ဦးတည်ရာလမ်းကြောင်းကို တမင်တကာ ရွေးချယ် မနေပဲ လျှောက်လှမ်းရမည့်လမ်းကို ကျပန်းရွေးချယ်ခဲ့ကြသည်။ ခဏလောက် လမ်းလျှောက်ပြီးနောက်မှာတော့ တောင်ကုန်းလေးတခုကို ရောက်သွားကြ၏။

တောင်ကုန်းပေါ်ရှိ အမြင့်ဆုံးနေရာ၌ ရှန်ကျစ်ရှန်းသည် တင်ပျဉ်ခွေထိုင်လိုက်သည်။ 

"ဒီမှာ ရပ်ရအောင်"

ညခြမ်း အချိန်အခါက တော်တော်လေး သာယာလှသည်။ ကောင်းကင်ပေါ်မှာ လဝန်းက တောက်ပနေပြီး ကြယ်လေးများက တစ်လက်လက်နဲ့ တောက်ပကာ လေနုအေးလေးများ တိုက်ခတ်နေသည်မှာ တောင်ကုန်းပေါ်က မြက်ခင်းပြင်များအား ယိမ်းနွဲ့နေစေသည်ပင်

ရန်ကျင်းက ရှန်ကျစ်ရှန်း နံဘေးတွင် တိတ်တဆိတ်ထိုင်လိုက်သည်။

ရှန်ကျစ်ရှန်းက စကားစလိုက်၏။

"တကယ်တော့ ချင်းယွင်ဂိုဏ်းမှာကတည်းက ဒီလိုမျိုး ချောက်ကမ်းပါးနားမှာ ထိုင်ချင်ခဲ့တာ"

သူက နူးညံ့သိမ်မွေ့စွာ ပြုံးပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်

 " ကံမကောင်းစွာပဲ၊ အောက်ခြေမရှိတဲ့ ချောက်ကမ်းပါးကို ငုံ့ကြည့်မိတိုင်း ငိုရလောက်အောင် ကြောက်လန့်နေခဲ့တယ်။ ဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးမှာ ကြောက်လို့ မင်းကို မခေါ်ရဲခဲ့ဘူး"

ရန်ကျင်းက နှုတ်ခမ်း သပ်မိသည်။

တကယ်တော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ သူက ရှန်ကျစ်ရှန်းရဲ့ ပဉ္စမတောင်ကုန်းပေါ် လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ တစ်ဦးတည်းသော တပည့်ဖြစ်တာမို့လို့ ရှန်ကျစ်ရှန်းရဲ့ အမျိုးမျိုးသော ပျင်းရိမှုတွေကို သူမြင်ဘူးပြီးသား။ ဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာက အစောကတည်းက မရှိတော့တာ.....

သို့ပေသိ သူက အမှန်တရားကို ထုတ်မပြောရဲပဲ တစ်ခြားစကားသာ ပြောလိုက်သည်။

"အကယ်၍ ဆရာလိုချင်တယ်ဆိုရင် နောက်ကျ..."

ကျွန်တော်တို့ ချင်းယွင်ဂိုဏ်း ပြန်ရောက်ရင် လိုက်ပြီး အဖော်ပြုပေးပါ့မယ်

သူကရပ်တန့်သွားပြီး ကျန်တဲ့တစ်ဝက်ကို ဆက်မပြောတော့။ သူ့ရင်ထဲမှာ ခါးသီးသော စိုးရိမ်စိတ်တစ်ခု ရှိနေသည်။

အနာဂတ်မှာ......အနာဂတ်ဆိုတာ ရှိလာပါ့မလား?

ရန်ကျင်းက ဆွေ့ရှန်းလို့ နာမည်မခေါ်တော့တာ တော်တော်လေး ကြာခဲ့ပြီဖြစ်ပြီး ဒီနာမည်ကို ပြောလိုက်တာနဲ့ ရှန်ကျစ်ရှန်းတစ်ခုခုကို မှတ်မိသွားမှာအား စိုးရိမ်နေသလိုပင်။ ရှန်ကျစ်ရှန်းက ရန်ကျင်း၏ စိုးရိမ်ပူပန်မှုကို သတိမထားမိသကဲ့သို့ မျက်တောင်ခတ်ကာ ပေါ့ပေါ့ပါးပါး လေသံဖြင့် ဆက်ပြောပေးလိုက်သည်။

"ကောင်းပြီ၊ နောက်ကျမှ ငါ့ကို အဖော်ပြုပေး"

ရန်ကျင်း၏ မျက်လုံးများ တောက်ပလာပြီး သူ့ကျောရိုးက အနည်းငယ် မတ်သွားသည် ။

ရှန်ကျစ်ရှန်းက ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး သူ့ဘေးနားက ပန်းပွင့်လေးကို ကြည့်လိုက်သည်။ သူက လေသံတိုးတိုးဖြင့် ဆက်မေးလိုက်၏။

 "မင်း ချင်းယွင်ဂိုဏ်းကို မရောက်ခင် ငါတို့တွေ့ဖူးကြလား?"

လေထုထဲတွင် ကြောက်စရာကောင်းသော တိတ်ဆိတ်မှုတစ်ခု ရှိနေသည်။ ခဏအကြာမှာ ရန်ကျင်းက ခက်ခဲမှု တစ်ချို့နဲ့ ပြန်ဖြေလာ၏။

"ဟုတ်"

သူက ခဏရပ်သွားပြီးမှ ရုတ်တရက် ရှန်ကျစ်ရှန်းအား လှည့်ကြည့်လိုက်သည်။

"ဆရာ, မမှတ်မိဘူးမှတ်လား ဟုတ်တယ်မှတ်လား?"

၎င်းသည် မေးခွန်းတစ်ခုနဲ့ တူပေမယ့် သူ့လေသံကတော့ ရှင်းလင်းနေသည်။ ရှန်ကျစ်ရှန်းက အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း သူ့မျက်နှာကို တည်ငြိမ်အောင် ထိန်းထားရသည်။

 "နှလုံးရောဂါမဖြစ်ခင်က ဖြစ်ကောင်းဖြစ်လိမ့်မယ်... အဲဒီအချိန်ကာလကို ကောင်းကောင်းမမှတ်မိဘူး"

ငါမှတ်မိရင်တောင်မှ အဲဒီလူက ငါမဟုတ်ဘူး... ရှန်ကျစ်ရှန်းက သူ့နှလုံးသားထဲမှာ တိတ်တိတ်လေး ထပ်ပေါင်းထည့်လိုက်သည်။

နောက် ... ပြီးတော့။

ရှန်ကျစ်ရှန်းသည် မူလပိုင်ရှင် အတွေ့အကြုံယူဖို့ ထွက်သွားတဲ့အချိန်မှာ 'ဆွေ့ရှန်း' ဆိုသည့် နာမည်ကို အသုံးပြုခဲ့သည်အား ပြန်အမှတ်ရသွားမိသည်။ ရန်ကျင်းကလည်း သူငယ်ငယ်တုန်းက 'ဆွေ့ရှန်း' လို့ခေါ်တဲ့ သူတစ်ယောက်နဲ့ သိခဲ့တာ။ ရန်ကျင်းက သူတို့တွေ တွေ့ဘူးကြတယ်လို့ ပြောတယ်ဆိုတော့ ရန်ကျင်း အရင်က သိခဲ့တဲ့ 'ဆွေ့ရှန်း' ဆိုတာက မူရင်းပိုင်ရှင်များ ဖြစ်နေမလား?

ရှန်ကျစ်ရှန်း၏ ခေါင်းထဲတွင် ရှုပ်ထွေးနေသော အတွေးမျိုးစုံ ဝင်လာသည်။ သူက ရန်ကျင်းကို ဆက်ပြောရန် အချက်ပြလိုက်၏။

ရန်ကျင်းက သူ့ကိုယ်သူ ပြင်ဆင်လိုက်ကာ စကားဆက်သည်။

"အဲ့ဒီအချိန်တုန်းက ကျွန်တော်က သေးငယ်ပိန်ပါးပြီး အရမ်းအားနည်းတဲ့အပြင် လူတွေဆီက မကြာခဏ အနိုင်ကျင့်ခံရတယ်....."

ရန်ကျင်းက ရွာငယ်ဇနပုဒ်လေး တစ်ခုမှာ မွေးဖွားခဲ့ခြင်းပင်။ သူ့ရဲ့ ငယ်ဘဝက နာကျင်စရာများနဲ့သာ ပြည့်နှက်နေခဲ့သည်။ သူပြန်မှတ်မိနိုင်တဲ့ အချိန်ကာလ တစ်ခုထိ တွေ့ဘူးတဲ့သူတိုင်းအား မုန်းတီးနေခဲ့ရခြင်းများဖြင့်သာ။ စိတ်ရှုပ်ထွေးနေခဲ့သည့် ရန်ကျင်းအငယ်လေးသည် လူအများက သူ့အားဘာလို့ ရန်လိုသည့် စကားများသာ ပြောနေခဲ့ရလဲ ဆိုတာအား ဝေတေဝါးတားသာ နားလည်နိုင်ခဲ့သည်။

သူမွေးဖွားလာပြီးနောက်မှာ မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့ကြသည်။ သူ့မိခင်က သူ့ကိုမီးဖွားရင်း ဆုံးသွားခဲ့ခြင်းဖြစ်ကာ သူ့ဖခင်ကတော့ ရေသွားခပ်ရင်း ရေကန်ထဲ ခြေချော်ကျကာ သေဆုံးခဲ့သည်။နောက်ပိုင်းမှာ သူ့ကို ဘယ်သူက ပြုစုစောင့်ရှောက်ပြီး အသက်ကို ကယ်ခဲ့တာလဲတော့ သူမသိပေ။ သို့ပေမယ့် ရွာသူရွာသားများကတော့ သူက ခိုက်တတ်တယ်ဟု ပြောကြသည်။ သူ့လက်တွေက လူပေါင်းမြောက်မြားစွာရဲ့ သွေးတွေ စွန်းထင်းနေပြီး သူက ဘေးဒုက္ခတွေကို ဆောင်ကြဉ်းပေးမယ့် လူတစ်ယောက်တဲ့

နောက်ပိုင်းမှာတော့ သူက ရွာကနေ မောင်းထုတ်ခံလိုက်ရသည်လေ။ အိမ်ခြေရာမဲ့ အလေအလွင့်လေး တစ်ယောက်အနေနဲ့ တစ်ကိုယ်တည်း အထီးကျန်စွာ နေရာအနှံ့ လျှောက်သွားနေခဲ့သည်။ သို့ပေမယ့် အာဟာရ ချို့တဲ့မှုကြောင့် သူက အရမ်းပိန်ပါးလွန်းပြီး ဘယ်သွားသွား မကြာခဏ အနိုင်ကျင့်ခံခဲ့ရ၏။ တစ်နေ့မှာတော့ ဆွေ့ရှန်းက သူ့ကို ကယ်တင်ခဲ့လေသည်။

သူက သူ့ငယ်စဉ်ကလေးဘဝက ခက်ခဲမှုတေနဲ့ အမျိုးစုံကျော်ဖြတ်ခဲ့သည့် အရာများစွာကို အရေးမကြီးတော့တဲ့ အရာတွေလိုမျိုး ပြောပြနေခဲ့ပေမယ့်လည်း ရှန်ကျစ်ရှန်းကတော့ အဲ့ဒီအချိန်တုန်းက သူဘယ်လောက်တောင် နာကျင်ခံစားခဲ့ရမလဲ ဆိုတာကို ခန့်မှန်းနိုင်ပြီး နှစ်သိမ့်မှု ပေးနိုင်ဖို့ သူ့နောက်ကျောကို ဖွဖွလေး ပုတ်ပေးမိသည်။

"...နောက်တော့ မြို့ငယ်လေးတစ်မြို့ကို ဖြတ်သွားရင်း တစ်စုံတစ်ခု ဖြစ်သွားခဲ့တော့ ဟိုကလူတွေက ကျွန်တော့်အပေါ် ရန်လိုမုန်းတီးမှုတွေ ဖြစ်ကုန်ကြတယ်, အဲ့ဒီအချိန်တုန်းက ဆရာက ကျွန်တော့်ကို ခေါ်သွားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး, သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ လမ်းခွဲခဲ့ကြတာ"

သူ ရပ်တန့်သွားပြီး သူ့အတွေးတွေက အတိတ်ကို ပြန်ပြောင်းသွားလေ၏။

အဲ့ဒီတုန်းက မြို့ငယ်လေးထဲမှာ ကလေးနှစ်ယောက် ရန်ဖြစ်ခဲ့ကြတာ။ သူတို့နှစ်ယောက်လုံးက အပြင်းအထန်ကို ရန်သတ်နေခဲ့ကြတယ်။ ပိုဝတစ်တဲ့ ကလေးလေးက ဂရုမစိုက်ပဲ တစ်ဖက်ကလေးကို မတော်တဆ တွန်းချလိုက်တယ်။ ကလေးရဲ့ ခေါင်းက လမ်းတစ်ဖက်က လမ်းမပေါ် ပစ်ကျသွားခဲ့ရတယ်လေ

သူတို့က လမ်းကြားလေးတစ်ခုရဲ့ အစွန်အဖျား ထောင့်တစ်နေရာမှာ ဖြစ်နေခဲ့ကြတာ။ ဖြတ်သွားတဲ့သူလည်း ဘယ်သူမှ မရှိဘူး။ တစ်ဖက်ကလေးကို တွန်းလိုက်တဲ့ ကလေးလေးက မြေပြင်ပေါ်မှာ သွေးတွေမြင်လိုက်ရတော့ ထိတ်လန့်သွားတယ်လေ။ သူက အချိန်အကြာကြီး တောင့်ခဲစွာ ရပ်နေပြီးတာတောင် မတည်ငြိမ်နိုင်ခဲ့ဘူး။ နောက်ဆုံးမှာတော့ အားလျော့စွာ ငိုကြွေးရင်းနဲ့ လူကြီးတစ်ယောက်ကို ရှာဖွေနိုင်ဖို့ တတ်နိုင်သမျှ အမြန်ဆုံး ပြေးထွက်သွားခဲ့တယ်

လူကြီးတွေရောက်လာတော့ ပြုတ်ကျတဲ့ကလေးက အသက်ရှုမဝတော့ဘူး။ သူက နောက်ဆုံးထွက်သက်ကို တစ်ချက် တစ်ချက်ပဲ ရှိုက်နေပြီး ဘာမှကို မပြောနိုင်တော့တာ။ သူ့ကို ဆရာဝန်ဆီ အမြန်ပို့ခဲ့ပေမယ့် နာရီဝက်အတွင်းမှာပဲ သေဆုံးသွားခဲ့တယ်။

သူ့မိဘတွေက အရမ်းဒေါသထွက်ပြီး ပူပန်စိတ်တွေ များနေခဲ့ကြတာ။ ဘယ်သူလုပ်တာလဲ မေးတဲ့အခါမှာတော့ အဲ့ဒီကလေးက သူ့အပြစ်ကို ဝန်မခံနိုင်ခဲ့ဘူး။ ခဏလောက် စကားပြောပြီးတဲ့ အချိန်မှာ ဆေးဆိုင်နေရာကနေ လမ်းတစ်ဖက်က ခေါက်ဆွဲဆိုင်လေးဆီကို လက်ညှိုးထိုးပြခဲ့တယ် အဲ့ဒီမှာက ခေါက်ဆွဲထိုင်စားနေတဲ့ ကလေးတစ်ယောက် ရှိနေခဲ့တာ

"အဲ့ဒါသူပဲ, သူတို့နှစ်ယောက် ရန်ဖြစ်နေတာကို သားမြင်ခဲ့တယ်!"

ရှင်းပြမရနိုင်စွာပဲ အိုးကိုထမ်းရတော့မယ့် ရန်ကျင်းသေးသေးလေးက ပါးစပ်အပြည့် ခေါက်ဆွဲများကို မျိုချလိုက်ပြီး ဘာပြောရမှန်း မသိရှာခဲ့ဘူးလေ။ သူ့ကို တည့်တည့် ညွှန်ပြနေတဲ့ အဲ့ဒီကလေးကိုပဲ ကြောင်ငေးငေးလေး ကြည့်နေခဲ့မိတာ

"အဲ့ဒါသူပဲ! သူက အပြင်က ကလေးတစ်ယောက်! တဟုန်ကို သူသတ်လိုက်တာ!"

တဟုန်က သေဆုံးသွားတဲ့ ကလေးလေး

လူတိုင်းရဲ့ အကြည့်က ရန်ကျင်း အသေးလေးဆီကို ရောက်ရှိလာပြီး ရန်လိုမှုတွေ ပြည့်နှက်နေခဲ့တယ်

ဒီမြို့ငယ်လေးက အရမ်းကို သေးငယ်ပြီး ခေါင်သီလွန်းလှတယ်။ မိသားစုတိုင်းမှာလည်း မြို့ပြင်မှာ ကိုယ်ပိုင်မြေကွက်လေးတွေ ရှိကြသေးတာ။ သူတို့က အရမ်းကို ဖူလုံကြတာကြောင့် အဝေးကိုလည်း ခရီးထွက်ခဲလှတယ်လေ။ ဒါ့အပြင် အပြင်လူတွေ ဖြတ်သန်းသွားလာတာလည်း အလွန့်ကို နည်းပါးလှသေး။ ဒီလိုမျိုး ပိန်းပိတ်လွန်းတဲ့ ပတ်ဝန်းကျင်မျိုးကြောင့် မြို့ကလူတွေက အပြင်လူတွေကို ပိုပိုပြီး မလိုမုန်းထား ဖြစ်လာကြတော့တယ်။ တစ်ခုခု ဖြစ်တာနဲ့ သူတို့က အရမ်းကို ဘက်လိုက်ကုန်ကြတော့တာပဲ

ဒီအချိန်မျိုးမှာ သူတို့သိတဲ့ကလေးက သူတို့မသိတဲ့ ရန်ကျင်းမှာ အပြစ်ရှိတယ်လို့ ထုတ်ပြောတာကို နားထောင်ပြီးတာနဲ့ မြို့သူမြို့သားတွေက သံသယဝင်ဖို့ကိုတောင် မစဉ်းစားတော့ဘူး။ သူတို့က ရန်ကျင်းအသေးလေးကို ပြင်းပြင်းထန်ထန် ရန်ငြှိုးဖွဲ့ကုန်ကြတော့တာပဲ

တဟုန်ရဲ့ အဖေက ကြီးမားခိုင်ခံ့လွန်းတဲ့ လူထွားကြီးတစ်ယောက်။ ရန်ကျင်းအသေးလေးနားကို နီးနီးကပ်ပြီးသွားတာနဲ့ သူ့အကျီၤကို ဆွဲဆုပ်ကိုင်ပစ်လိုက်တာ

မျက်နှာအနည်းငယ် မှောင်မိုက်သွားတဲ့ ဆွေ့ရှန်းက သူ့တူကို လှည့်လိုက်ပြီး အဲ့ဒီလူရဲ့ လက်ကိုတားမြစ်လို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေခဲ့တယ်

"သူ့စကားကိုပဲ အခြေခံယုံလေးနဲ့ ဒါက ကျုပ်တို့အမှားပါလို့ ဘယ်လိုမျိုး ဆုံးဖြတ်နိုင်မှာလဲ?"

ဒီလူကို လူတိုင်းစတင် ယုံကြည်လာတာကို အဲ့ဒီကလေးက မြင်လိုက်ရတယ်လေ။ သူ့မျက်လုံးတွေက လှုပ်ရှားသွားခဲ့ပြီး ထအော်တော့တာပဲ

"သူတို့က ကြံရာပါပဲ! သူတို့က ကြံရာပါတွေ! သူတို့က တဟုန်ကို အတူတူ သတ်ပစ်လိုက်ကြတာ!"

နောက်ပိုင်းမှာတော့ ကိစ္စတွေက ရှင်းမရတော့

ဆွေ့ရှန်းက ဘယ်လောက်ပဲ ငြင်းခုံနေပါစေ လူတွေက သူ့စကားတွေကို နားမထောင်ကြတော့ဘူး။ သူတို့သိတာက ဒီ အပြင်လူနှစ်ယောက်က တဟုန်ကို သတ်ပစ်လိုက်တယ် ဆိုတာပဲ။ တဟုန်ရဲ့ အမေက ငိုကြွေးပြီး အော်ဟစ်လာလေတယ်

"ဘုရားရေ, သောက်ကျိုးနည်း!ငါတို့မှာ ဒီကလေးတစ်ယောက်ပဲရှိတာ! အစကတည်းက ငါတို့သူ့ကို ကောင်းကောင်း ပြုစုပျိုးထောင်ခဲ့တာ, ဒါက နင်တို့ အပြင်လူတွေရဲ့ အမှားပဲ, နင်က ဘေးဥပါဒ်တွေကို ယူဆောင်လာလို့ ဒီလိုဖြစ်သွားရတာ!"

ထိုဆူညံ ပွက်လောရိုက်မှုတွေကြောင့် လူတစ်စု ရောက်လာခဲ့ပြီး သူတို့ကိုဝန်းရံလာခဲ့တယ်လေ။ ဆွေ့ရှန်းက ဒါကိုမြင်တော့ ငြင်းခုံနေတာကို ရပ်တန့်ပစ်လိုက်တယ်။ သူက တစ်ခြားစကား ထပ်မပြောတော့ပဲ ရန်ကျင်းအသေးလေးကို ခေါ်ပြီး ထွက်ခွာလာခဲ့တော့တာ

သူတို့က စကားမပြောတဲ့အပြင် လူတိုင်းကလည်း သူတို့ကို လွှတ်ပေးဖို့ ငြင်းဆန်တယ်လေ။ တစ်ချို့လူတွေက လမ်းတစ်ဖက်ကနေ တုတ်တွေနဲ့ ရိုက်ကြတယ်။ အဲ့ဒီအချိန်မှာ တစ်ခြားသူတွေကတော့ သူတို့ကို ကျောက်တုန်းတွေနဲ့ ပစ်ပေါက်ကြတယ်။ ဆွေ့ရှန်းက သူ့လက်မောင်းထဲမှာ ပွေ့ပိုက်ထားတဲ့ ရန်ကျင်းအသေးလေးကို ကာကွယ်ဖို့ အသည်းအသန် ကြိုးစားခဲ့ရပြီး မြို့ထဲမှ လွတ်မြောက်ခဲ့ရခြင်းသာ။

ရန်ကျင်းအသေးလေးက ဆွေ့ရှန်းဆီက လုံလုံခြုံခြုံ ကာကွယ်ခံထားခဲ့ရတာကြောင့် လုံးဝကို ထိခိုက်မှု မရှိခဲ့ဘူး။ ဒါပေမဲ့လည်း ဆွေ့ရှန်းကို ပစ္စည်းတွေ ထိမှန်လာတဲ့ အသံကိုတော့ သူကြားနေရတာပဲလေ။ သူ့လက်သေးသေးလေးတွေက ဆွေ့ရှန်းရဲ့ အင်္ကျီလက်စကို တင်းတင်းဆုပ်ကိုင်လို့ ပထမဆုံးအကြိမ်အနေနဲ့ သူ့ရဲ့ ကိုယ်ပိုင် အားနည်းမှုကို မုန်းတီးခဲ့မိတယ်

သူက သူ့ကိုယ်သူတောင် မကာကွယ်နိုင်ခဲ့သလို

သူတန်ဖိုးထားတဲ့လူကိုလည်း မကာကွယ်နိုင်ခဲ့ဘူး။

သူ့နှလုံးသားအောက်ခြေမှာ မြှုပ်ထားတဲ့ ဆူးပင်က သူ့အသားထဲမှာ အမြစ်တွယ်သွားတယ်။ ရံဖန်ရံခါဆိုရင် သည်းမခံနိုင်တဲ့ ဝေဒနာကို ဖြစ်ပေါ်စေတတ်ခဲ့တယ်

ဒီကိစ္စက အစပဲရှိသေးတာ။ လမ်းတစ်လျှောက်မှာလည်း သူတို့၏ခရီးစဉ်က လုံးဝမချောမွေ့ခဲ့ဘဲ အမြဲလိုလို မတော်တဆမှု အမျိုးမျိုးနှင့် ကြုံတွေ့ရပုံပေါ်ပြီး အချို့ဆိုရင် တော်တော်လေးကို ခက်ခဲကြမ်းတမ်းလှတာ

ဆွေ့ရှန်းက ရန်ကျင်းအသေးလေးကို နောက်ထပ် အကြိမ်ပေါင်းများစွာ ကာကွယ်ခဲ့ရတာမို့ ဒဏ်ရာတွေ ပိုပြီးရလာခဲ့ရသည်ပဲ

ရန်ကျင်းအသေးလေးကတော့ ရွာကလူတွေ သူ့ကိုပြောခဲ့တဲ့ ဘေးဒုက္ခဆိုးကောင် ဆိုတဲ့စကားကိုပဲ တိတ်တိတ်လေး အမှတ်ရနေခဲ့မိလေရဲ့

သူဝန်မခံချင်ပေမယ့်လည်း သူက ဆွေ့ရှန်းရဲ့ ဝန်ထုတ်ဝန်ပိုးတစ်ခုဆိုတာကို ငြင်းမရနိုင်တော့ဘူးလေ

ရန်ကျင်း အသေးလေးရဲ့ အတွင်းအကျဆုံး နှလုံးသားက နာကျင်မှု ဝေဒနာတွေကို ထမ်းပိုးပြီး နင့်နေအောင် နာကျင်နေရတယ်။ ဆွေ့ရှန်းက သူ့ကိုပိုပြီး ကောင်းကောင်းဆက်ဆံလေလေ သူပိုပြီး ခံစားရလေလေပဲ။ အဲ့ဒီနောက်မှာ သူကြုံတွေ့ခဲ့ရတဲ့ အရာက....

"အားကျင်း? အားကျင်း?"

ရှန်ကျစ်ရှန်းရဲ့ နူးညံ့တဲ့အသံက သူ့အား အမှတ်တရများဆီမှ ပြန်ခေါ်ဆောင်လာခဲ့သည်။ လက်ရှိကို ပြန်ရောက်တာနဲ့ ရန်ကျင်းက ဆွေ့ရှန်းအား ရုတ်တရက် ကြည့်ကာ ကျယ်လောင်စွာ အော်ခေါ်လာလေသည်။

"ဆရာ"

ရှန်ကျစ်ရှန်းက လေးလေးနက်နက် တောင်းပန်၏။

"ငါတောင်းပန်ပါတယ်.....အဲဒီကိစ္စတွေကို.....ငါတကယ် မမှတ်မိဘူး"

သူမှတ်မိနေရင်တောင် အဲဒီအတိတ်က မူလပိုင်ရှင်နဲ့ပဲ သက်ဆိုင်တာ။ ရန်ကျင်းအပေါ် စေတနာကောင်းရှိခဲ့တဲ့သူက မူလပိုင်ရှင်ဖြစ်ပြီး ရန်ကျင်းရဲ့ စိတ်ထဲမှာ အမြဲရှိနေတဲ့သူကလည်း မူလပိုင်ရှင်ပဲ။ သူကတော့ အမည်မသိ အကြောင်းပြချက်တွေနဲ့ ဒီလောကသို့ မတော်တဆ ကူးပြောင်းလာပြီး ဒီခန္ဓာကိုယ်နဲ့ သူ့အထောက်အထားတွေကို သိမ်းပိုက်ထားတဲ့ အပြင်လူတစ်ယောက် မျှသာပဲ

ဒါကို ရန်ကျင်းဆီမှာ ဖုန်းကွယ် မထားသင့်ပေမယ့်လည်း ဒီစကားမျိုးတွေက ပြောဖို့ ခက်ခဲလွန်းတာကြောင့် သူ့ကို စကားမပြောနိုင် ဖြစ်စေသည်လေ။

ရန်ကျင်းကတော့ အသံတိုးတိုးဖြင့်သာ ပြန်ပြောလာသည်။

"ကိစ္စမရှိပါဘူး, ကျွန်တော် မှတ်မိနေသ၍ အဆင်ပြေတယ်"

ရှန်ကျစ်ရှန်းက တိတ်တဆိတ် သက်ပြင်းချမိသည်။

အဲဒီညက နှစ်ယောက်သား အချိန်အကြာကြီးထိုင်ပြီး စကားတွေ အများကြီးပြောဖြစ်ကြတယ်။

ရှန်ကျစ်ရှန်းကတော့ ကိစ္စတွေက ပိုပိုပြီး လျှို့ဝှက်ဆန်းကြယ်လာသည်ဟု ခံစားလာရသည်။ ရန်ကျင်းကိုယ်ထဲက ချုပ်ကိုင်ထားမှုက ဘယ်လိုဖြစ်လာတယ် ဆိုတာကိုလည်း သူမသိရဘူး။ သူမေးလိုက်တော့လည်း ရန်ကျင်းက ခေါင်းသာခါပြလာသည်။ ဒီကန့်သတ် ချုပ်ကိုင်ထားမှုကို သူကိုယ်တိုင် လေ့လာမှပဲ ရတော့မှာ

ရှန်ကျစ်ရှန်းက ယောင်ဝါးဝါးနဲ့ မေးမိသည်။

"အကယ်၍ ငါသာ အရင်ကနဲ့ လုံးဝမတူတော့ဘူးဆိုရင်ရော မင်းနောင်တရမှာလား?"

ရန်ကျင်းက သူ့ကို ငေးကြည့်လာပြီး ဖြည်းညှင်းသော်လည်း တည်မြဲလှစွာ ခေါင်းခါပြလာ၏။

ရှန်ကျစ်ရှန်းရဲ့ ခံစားချက်တွေကတော့ တော်တော်လေးကို ရှုပ်ထွေးနေခဲ့ရတော့သည်ပင်။

ဖြစ်ပျက်နေတဲ့ အရာအားလုံးကို သူရုတ်တရက် လစ်လျူရှုချင်လာတယ်။ စိတ်ဝိညာဉ်ခြေရာခံမြက်ရှိတဲ့ Undead City ကို ချက်ချင်းရှာပြီး ငါးအကြေးခွံနဲ့ ပေါင်းစပ်လို့ သူ့နှလုံးရောဂါကို လုံးဝအပြီးပြတ် ပျောက်ကင်းသွားစေချင်တယ်။ ပြီးရင် မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကို ပြန်ပြီးရယူချင်တယ်။ မူလပိုင်ရှင်က ဘယ်လိုလူမျိုးမို့လို့ ရန်ကျင်းက နှစ်ပေါင်းများစွာ ကြာပြီးတာတောင် သူ့ကို မေ့မရနိုင်အောင် လုပ်ထားနိုင်ရတာလဲ

ရန်ကျင်းရဲ့ အတွေးတွေကလည်း သူနဲ့တိုက်ဆိုင်နေသည်။ မနေ့ညကတည်းက ရန်ကျင်းက သူ့ကို ဆွေ့ရှန်းလို့ မခေါ်တော့ပဲ ဆရာဟုသာ ဆက်ခေါ်သည်လေ။ သူ့အမူအယာက အလွန်ကို ပြတ်သားလွန်းနေသည်။

"ဆရာ Undead City ကိုပဲ အရင်သွားရအောင်နော် ဟုတ်ပြီလား?"

ထိုလေသံက မေးခွန်းတစ်ခုလို့ ထင်ရပေမယ့်လည်း ရန်ကျင်းက အခိုင်အမာ ထပ်ပေါင်းပြောလာခဲ့သည်။

"ဆရာ့ရဲ့ နှလုံးရောဂါက အကြာကြီး အချိန်ဆွဲထားလို့ မဖြစ်ဘူး"

"စုန့်မင်းအပြင် ရန့်ရှန်ရဲ့နောက်မှာ တစ်ခြားသူတွေ အများကြီး ရှိဦးမယ်ထင်တယ်, ငါစိတ်ထဲတော့ သူက အဲ့ဒီတုန်းက ငါတို့နဲ့ တိုက်ခိုက်ခဲ့တဲ့ ဘီလူးနဲ့ ပေါင်းထားတယ်ထင်တာပဲ.....ဓားပြိုင်ပွဲမှာ ရန့်ရှန်နဲ့ ပူးပေါင်းခဲ့တဲ့ မိစ္ဆာအတတ် ကျင့်ကြံသူကို မှတ်မိတယ်မှတ်လား? အဲ့ဒီအချိန်တုန်းက ရန့်ရှန်က တစ်ခုခုနဲ့ ဆုံတွေ့ဘူးခဲ့တာဖြစ်လိမ့်မယ်....."

"ဆရာ" ရန်ကျင်းက သူ့ကိုငေးကြည့်ပြီး ကြားဖြတ်လိုက်သည်။

ရှန်ကျစ်ရှန်းက သူ့အတွက် ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးစားနေ၏။

"ဒါပေမဲ့, ဒီကိစ္စကို အကြာကြီးဆွဲထားနိုင်မယ် မထင်ဘူး..."

ခေတ်သစ်ကမ္ဘာကြီးမှာ ရှန်ကျစ်ရှန်းက အင်တာနက်ပေါ်က ဆိုးဝါးတဲ့ ကောလဟာလများစွာကို မြင်တွေ့ခဲ့ရဘူးသည်။ မရေမတွက်နိုင်တဲ့သူတွေက မှားယွင်းတဲ့ စကားလုံး တစ်လုံးကို ဖြန့်လိုက်တာနဲ့ ထိုစကားကသာ "အမှန်တရား" ၏ ပုံသဏ္ဍာန်အတိုင်း ဖြစ်လာလိမ့်မည်။ နောက်ဆုံးမှာတော့ ဘယ်သူကမှ တကယ့်အမှန်တရားက ဘာလဲ ဂရုမစိုက်ကြတော့ပဲ လူစုလူဝေးနောက်ကိုသာလိုက်ကာ ကမောက်ကမ စီရင်ဆုံးဖြတ်ချက်များကို ပိုပြီး စိတ်ဝင်စားကြတော့သည်။

မူလရှန်ကျစ်ရှန်းရဲ့ အမှန်တရားကို သူအမြန်သိချင်ပေမယ့်လည်း ရန်ကျင်းကို ဒီလို 'အမှန်တရား' အမျိုးအစားရဲ့ သားကောင်တစ်ယောက် ဖြစ်မလာစေချင်ပေ။ ဒီဂိုဏ်းငယ်လေးတွေက တစ်ဂိုဏ်းချင်းဆို ပြဿနာ ကြီးကြီးမားမား မဟုတ်ပေမယ့် အတူတူသာ လက်တွဲလိုက်ရင်.....

"ရန့်ရှန်က သေသွားပြီ, နောက်ထပ် အနှောက်အယှက်ဖြစ်စေမယ့်သူ မရှိတဲ့အတွက် ဒီကိစ္စကို ရွှေ့ဆိုင်းလိုက်လို့ရတယ်" ရန်ကျင်းက ပြောလာ၏

"အဲ့ဒီဂိုဏ်းငယ်လေးတွေက ငါတို့ကို ရှာမတွေ့တာနဲ့ ချင်းယွင်ဂိုဏ်းဆီ သေချာပေါက် သွားကြမှာ, စုန့်မင်းက ငါ့ကို ထွက်ပေါ်လာအောင်လို့ ဖိအားပေးဖို့ အတွက် ဒီလိုမျိုး ကြီးကြီးမားမား လှုပ်ရှားပြီး ရန့်ရှန်ကို ငှားသုံးလိုက်တာ, ခင်မင်ရင်းနှီးချင်ယောင် ဆောင်ထားတဲ့ ဟန်ဆောင်မှုတွေ အားလုံးကို ဖျတ်ဆီးပစ်လိုက်ဖို့ စိတ်ဆုံးဖြတ်ချက် ချထားမှာ စိုးရတယ်, သူဘာလုပ်ဖို့ ရည်ရွယ်ထားလဲ ဆိုတာ ငါမသိဘူး"

ထိုအကြောင်းကို စဉ်းစားပြီးသည့် အခါ စုန့်မင်းနဲ့ ရန်ကျင်းတို့က တစ်ဦးနှင့်တစ်ဦး တိုက်ရိုက်ဆက်စပ်မှုမရှိခဲ့ကြောင်း ပိုမို ပေါ်လွင်လာသည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေကတော့ ရှန်ကျစ်ရှန်း ပျောက်နေတာကို စုန့်မင်း သိတဲ့အချိန်မှာ ရှန်ကျစ်ရှန်းနောက်က လိုက်ဖမ်းဖို့အတွက် တစ်စုံတစ်ယောက်ကို လွှတ်ဖို့က လွယ်မှာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ရှန်ကျစ်ရှန်း ပေါ်လာစေဖို့ ရန်ကျင်းကိုသာ အသုံးချနေခဲ့တာ။

"စုန့်ဂိုဏ်းချုပ်ရဲ့ အကျင့်က နည်းနည်းတော့ သရဲဘောကြောင်တာပဲ" ရန်ကျင်းက တိုက်ရိုက်သာ ပြောလာသည်။

"သူက အလင်းထဲမှာ ရှိပြီး ဆရာက အမှောင်ထဲမှာ ရှိနေတာ, ဆရာ မပေါ်လာသ၍ သူဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး--အကယ်၍ ဆရာ ချင်းယွင်ဂိုဏ်းကို ပြန်သွားမယ် ဆိုရင်တောင် ဂရုစိုက်မှဖြစ်မယ်, ဒါပေမဲ့ နှလုံးရောဂါကို ဖြေရှင်းပြီးရင်တော့ ဆရာ့ရဲ့ ဘေးကင်းမှုက သေချာသွားပါပြီ"

ရှန်ကျစ်ရှန်း, "..."

ဒီအငြင်းအခုံက တော်တော်လေး ကျိုးကြောင်းဆီလျော်ပုံပေါက်တာပဲ။

ရှန်ကျစ်ရှန်းက ဆက်ပြီး မငြင်းဆန်နိုင်တော့။ အဆုံးမှာတော့ နှစ်ယောက်သား အတင်းအကြပ် သဘောတူညီမှု ရသွားကြသည်။ အချိန်အတိုင်းအတာ တစ်ခုထိတော့ သူတို့တွေ ချုန်းယွီဂိုဏ်းကို လက်လွှတ်ပြီး Undead City ကိုသာ သွားရှာကြမှာပင်။

ရှန်ကျစ်ရှန်းရဲ့ ခန့်မှန်းချက်က မှန်ကန်ခဲ့သည်။ ချုန်းယွီဂိုဏ်းရဲ့ လူသေပြီးနောက်မှာ စိတ်ဝိညာဉ်သခင် ချုန်းယွီက တရားခံကို ချက်ချင်း ရှာမတွေ့တာကြောင့် ချက်ချင်းပင် လူအုပ်လိုက်ကြီးဖြင့် ချင်းယွင်ဂိုဏ်းသို့ ထောင်လွှားစွာ ရောက်သွားကြသည်။

 ဒါပေမဲ့ ဒါက နောက်မှပြောမယ့် ဇာတ်လမ်းတစ်ပုဒ်ပဲ

သူတို့ ယခင်က သုံးခဲ့ကြသည့် ငါးပျံက ဟိုးတုန်းကတည်းက သေဆုံးသွားခဲ့တာကြောင့် မြို့သစ်ကို ရောက်သောအခါ နောက်ထပ် စီးနင်းစရာ နှစ်ကောင် ထပ်ဝယ်ကြသည်။

ဒီမြို့ကတော့ သိပ်မကြီးတာကြောင့် ရောင်းချသည့် စီးနင်းစရာများသည်လည်း အများကြီး မရှိပေ။ ကြိုးကြာငှက်တွေကလွဲရင် ကြောင်ကတိုးနှင့် မြင်းပျံများသာရှိသည်။

ရှန်ကျစ်ရှန်းက ဝတုတ်တုတ် ကြောင်ကတိုး တစ်ကောင်အား စိုက်ကြည့်နေရင်းဖြင့် သွမ့်ယွမ် တစ်ခါက ပြောဘူးသည့် ကြောင်ကတိုးတွေက ပွတ်သပ်ပေးဖို့အတွက်တော့ အသင့်တော်ဆုံးဟု ပြောခဲ့သည့် စကားအား အမှတ်ရလိုက်မိသည်။ သူက ချက်ချင်း လက်ခုပ်တီးလိုက်ကာ ထုတ်ပြောသည်။

"ငါကြောင်ကတိုး ယူမယ်"

ရန်ကျင်းက မြင်းပျံအား ရွေးချယ်၏။

ရန်ကျင်းက ဆင်းရဲတဲ့ တပည့်လေး တစ်ယောက်သာ ဖြစ်နေသေးတာမို့ ရှန်ကျစ်ရှန်းကသာ ငွေပေးချေလိုက်သည်။ ပြီးတာနဲ့ ပိုက်ဆံအိတ်အသေးလေးအား ရန်ကျင်းရဲ့ လက်မောင်းထဲ ထည့်ပေးလိုက်ပြီးပြောလိုက်သည်။

"ယူထားလိုက်, သုံးစရာ နည်းနည်းပဲ ရှိတာ သိပ်မကောင်းဘူး"

နှစ်ယောက်သား သက်ဆိုင်ရာ စီးနင်းစရာများနဲ့ ခရီးအား ဆက်ကြသည်။ယခင်က အရေခွံလဲမိစ္ဆာသည် Undead Cityဟာ မြောက်ဘက်ပိုင်းမှာ ရှိလောက်တယ်ဟု ပြောခဲ့တာကြောင့် သူတို့က မြောက်ဘက်ကကိုသွားဖို့ စီစဉ်လိုက်ကြသည်။

သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ချွေးတွေ ရွှဲရွှဲ စိုနေသည့် ခေါင်းပြောင် ဘုန်းကြီးတစ်ပါးက စီးနင်းစရာများ ရောင်းသည့် ထိုဆိုင်ကို ရောက်လာပြီး စုံစမ်းသည်။

ထိုဘုန်းကြီးက လက်တစ်ဖက်မှာ မုန့်ပေါင်း တစ်ဝက်အား ကိုင်ထားကာ ဟောဟဲလိုက်နေရင်း တစ်ခြားလက်တစ်ဖက်ဖြင့် ကောင်တာအား ပုတ်လိုက်၏။ အသက်ကို ပြင်းပြင်း ရှုပြီးနောက်မှသာ သူက စကားစလေသည်။

"မင်းမြင်----အဟွတ်---အဟွတ်...ဒိလောက်မြင့်တဲ့ တစ်ယောက်ယောက်ကို မြင်လိုက်သေးလား, ဒီလိုမျိုးလေ....အမ်း, ပြီးတော့ ဒီလိုပုံစံနဲ့ လူတစ်ယောက်ရော...."

လက်ဟန်ခြေဟန်များ ပြပြီးနောက်မှာ သူက ဆက်မေးသည်။

"အဲ့ဒီလူနှစ်ယောက်ကိုမြင်ဘူးလား?"

ဆိုင်ရှင်ဖြစ်သူက သူ့ကြောင့် စိတ်ရှုပ်ပြီး ကြောင်တောင်တောင် ဖြစ်သွားရသည်။ ခဏလောက် အကြာမှသာ သူကနောက်ဆုံးတော့ တုန့်ပြန်လာပြီး တုံ့ဆိုင်းစွာ ပြောလာ၏။

"ကြည့်ရတာ အဲ့ဒီလူနှစ်ယောက် ဖြစ်ပုံပဲ, သူတို့က ခင်ဗျားဖော်ပြတဲ့ ပုံစံနဲ့ ဆင်တူတယ်, အခုလေးတင် စီးနင်းစရာ တစ်ခုစီ ဝယ်ပြီး သွားကြပြီ"

"သူတို့ကဘယ်လို စီးနင်းစရာမျိုး ဝယ်သွားကြတာလဲ? သူတို့ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ?"

ဒီတစ်ခေါက်တော့ ဆိုင်ရှင်က အလျင်အမြန် ပြန်ဖြေလာသည်။

"ကြောင်ကတိုးနဲ့ မြင်းပျံ, သူတို့က ဒီမနက်ကတင် ထွက်သွားကြတာ"

ထိပ်ပြောင် ဘုန်းကြီးက ခါးသီးနေသည့် မျက်နှာဖြင့် အားလျော့စွာ လက်ဝှေ့ယမ်းပြသည်။

"ကြောင်ကတိုးနဲ့ မြင်းပျံ....ငါ့မှာရှိတာက ကျိုးနေတဲ့ ခြေနှစ်ချောင်းတည်းကို, ဘယ်လိုလုပ် လိုက်နိုင်မှာလဲ, အာ....ကောင်းပြီလေ ကျေးဇူးတင်ပါတယ်"

ဆိုင်ရှင်က စိတ်ပါလက်ပါ အကြံပေးသည်။

"ခင်ဗျား လူတွေနောက် လိုက်နေတာဆိုရင် မြင်းပျံဝယ်သွားပါလား?"

ဘုန်းကြီးက ကျန်တဲ့ မုန့်ပေါင်း တဝက်ကို ပါးစပ်ထဲ ထည့်ဝါးပြီး သက်ပြင်းချလိုက်သည်။

 "ဒီဘုန်းကြီးက ဆင်းရဲတယ်၊ ပိုက်ဆံလည်း မရှိဘူး၊ မုန့်ပေါင်းနည်းနည်းပဲ တတ်နိုင်တယ်!" 

သူကသက်ပြင်းရှည်ကြီး ချလေသည်။ ပတ်ဝန်းကျင်အား ခဏတာ လှည့်ပတ်ကြည့်ပြီးနောက်မှာတော့ မုန့်ဆိုင်က မုန့်ပေါင်းအများကြီး ထပ်ဝယ်လိုက်တော့သည်။

ကြီးမားပြီး လတ်ဆတ်စွာ ပေါင်းထားသည့် မုန့်ပေါင်းများသည် အဆုံးမရှိသော သွေးဆောင်မှုကို ဖြစ်ပေါ်စေသည်။ ထိပ်ပြောင်ဘုန်းကြီးက တောင်ပုံသဏ္ဍာန် မုန့်ပေါင်းပုံကြီးကို ကြည့်ကာ တံတွေး မျိုချလိုက်ပြီး ကိုက်စားချင်တာကြောင့် တစ်ခုလှမ်းယူလိုက်၏။

သို့သော်လည်း သူ့ကိုယ်သူ ပြန်ထိန်းထားလိုက်သည်။သူ့ကိုယ်သူ အချိန်အတော်ကြာ ရုန်းကန်ပြီးနောက်မှာတော့ နောက်ဆုံးတွင် ဝမ်းနည်းမှုဖြင့် သက်ပြင်းချကာ မုန့်များကို ထုပ်ပိုးလိုက်ပြီး လူနှစ်ဦးနောက်သို့ ပြေးလိုက်သွားတော့သည်။

ထိုအချိန်တွင် ရှန်ကျစ်ရှန်းနဲ့ ရန်ကျင်းတို့ကတော့ သူတို့ရဲ့ ခရီးစဉ်အား အလျင်အမြန် လျှောက်လှမ်းနေကြသည်။Undead City အပြင်ဘက်မှာ လဖြူရောင်  ပန်းတွေ ရှိတယ်ဟု ဆိုကြသည်လေ။ ပန်းတွေ့တာနဲ့ မြို့နဲ့ သိပ်မဝေးတော့ဘူး ဆိုတာပဲ

နှစ်ယောက်သားက အမြင်အာရုံကောင်းသောကြောင့် ခရီးတစ်လျှောက်လုံး ပန်းပွင့်ကို မြင်နိုင်ရန် အောက်ဘက်ရှုခင်းကို ကြည့်နေကြသည်။

သို့သော်လည်း နှစ်ရက်ကြာအောင် ပျံသန်းပြီးနောက်မှာ ရှန်ကျစ်ရှန်းက ရန်ကျင်းအား စီးစရာ လဲစီးဖို့ စည်းရုံးတော့သည်။

ကြောင်ကတိုး အမွှေးထူထူကြီးတွေက ပွတ်ဖို့တော့ သက်တောင့်သက်သာ ုဖြစ်ပေမယ့်.... အရမ်းချော်တယ်!

ရှန်ကျစ်ရှန်းက ကြောင်ကတိုးပေါ် ထိုင်ချလိုက်တဲ့ အချိန်မှာပဲ သူ့သားမွေးတွေကိုမပွတ်ပဲ မနေနိုင်ဘူး။ ဒါပေမဲ့ သားမွေးတွေကို ပွတ်ပေးလိုက်တဲ့အချိန်မှာ ကြောင်အမွှေးတွေက ဖွာလာရော။ ကြောင်မွှေးတွေ ဖွာလာတာနဲ့ ရှန်ကျစ်ရှန်းက နှာချေချင်သလို ခံစားလိုက်ရတယ်လေ။

ထို့ကြောင့် နှစ်ရက်အကြာမှာ ရှန်ကျစ်ရှန်းက ရန်ကျင်းတစ်ယောက် မြင်းပျံပေါ် တက်တော့မှာကို မြင်တဲ့အချိန် ရန်ကျင်းရဲ့ အင်္ကျီလက်စလေးအား လှမ်းဆွဲလိုက်ကာ အလွန်ကို စိတ်ရင်းမှန်လှစွာ ပြောလာသည်။

"အားကျင်း, ကြောင်ကတိုးတစ်ကောင်ပေါ် ထိုင်ဖူးလား? အရမ်းပျော်စရာကောင်းတယ်, မင်းစီးကြည့်လို့ရအောင် စီးစရာ ပြောင်းစီးကြရအောင်လေ"

ရန်ကျင်းက သူ့ကို တစ်ချက်ကြည့်ပြီးတာနဲ့ သူနဲ့နေရာလဲပေးလိုက်ပြီး ကြောင်ကတိုးကျောပေါ် တက်ထိုင်လိုက်သည်။

ရှန်ကျစ်ရှန်းက မြင်းပျံကို ရသွားပြီး ကျေနပ်အားရစွာ ခေါင်းကို ပွတ်ပေးလိုက်၏၊

--အရမ်းကောင်းတယ်, အမွှေးကျွတ်တာလည်း မရှိဘူး

သူက မြင်းပျံအား ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်ပြီးနောက် ရန်ကျင်းအား ခေါင်းလှည့်ကြည့်လိုက်သည်။

အမွှေးဖွားဖွားနဲ့ ကြောင်ကတိုးက ကြည့်ရတာ အတော်လေး ချစ်စရာကောင်းလှသည်။ ကြောင်နောက်ကျောမှာထိုင်နေတဲ့ မျက်နှာအေးစက်စက်နဲ့ အမူအရာကင်းမဲ့လှသော ရန်ကျင်းနဲ့ ယှဉ်လိုက်တဲ့အခါ ခြုံကြည့်ရတဲ့ ပုံစံက.....တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်

ရှန်ကျစ်ရှန်းက ရန်ကျင်းရှေ့မှာ မရယ်မိအောင် ကြိုးကြိုးစားစား ထိန်းချုပ်ထားလိုက်ရသည်။ ထို့နောက် ခေါင်းပြန်လှည့်လိုက်ပြီးသူ့အပြုံးကို ဖုန်းကွယ်လိုက်၏။

"သွားရအောင်"

သူတို့တွေ စီးစရာ လဲလိုက်သည့်အတွက် ထိုနေ့မှာ ရှန်ကျစ်ရှန်းက အတော်လေး ပျော်ရွှင်နေသည်။ သူက ထောင့်လေးတစ်နေရာတောင် မကျန်အောင် သေသေချာချာ အာရုံစိုက်ပြီးပင် ကြည့်နေလိုက်သေးသည်။

သူတို့က ညနေစောင်းထိ ပျံသန်းနေကြပြီး ညခင်းအချိန်ရောက်မှသာ တိတ်တဆိတ် ဆင်းသက်ကြ၏။

ရှန်ကျစ်ရှန်းတစ်ယောက် အနားယူဖို့ နေရာရှာတော့မယ့် အချိန်မှာပဲ မျက်လုံးတစ်မှိတ်အတွင်းမှာ အနီးအနားက လဖြူပန်းပွင့် အကြီးကြီးကို ရုတ်တရက် တွေ့လိုက်ရသည်။

"အားကျင်း" သူက မြင်းပျံအား လက်ဖြင့် ပုတ်၍ အရှိန်လျှော့ခိုင်းလိုက်ကာ သူ့မျက်လုံးများကတော့ လဖြူပန်းပေါ်မှာသာ တည်ရှိနေသည်။

"ဟိုမှာ ပွင့်နေတာကို ကြည့်လိုက်ဦး.....အဲ့ဒါ မက္ခရုမိစ္ဆာရဲ့ လက်ကောက်ဝတ်က ပန်းနဲ့တူလား?"

14.5.2022

============

Translator's Note

ကုသိုလ်တရားတွေ ထုံမွှမ်းတဲ့ ကဆုန်လပြည့်နေ့လေး ဖြစ်ပါစေ

============
Zawgyi

အခန္း(၅၆) - လွ်ိဳ႔ဝွက္ခ်က္

ပထမအႀကိမ္ အေနနဲ႔ ရွန္က်စ္ရွန္းသည္ ရန္က်င္းမွာ ေသးငယ္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြနဲ႔ ျပည့္ေနေၾကာင္း ေလးေလးနက္နက္ခံစားလိုက္ရသည္။

သူကူးေျပာင္းလာျပီး ကတည္းက ရန္က်င္းကို ဘယ္ေသာအခါမွ ကန္႔သတ္ခ်ဳပ္ခ်ယ္ထားျခင္း မရွိသလို မူရင္း ရွန္က်စ္ရွန္းက လုပ္ခဲ့တယ္ ဆိုတာမ်ိဳးကိုညႊန္ျပနုိ္င္တဲ့ မွတ္ဉာဏ္မ်ိဳးလည္းဒီခႏာၱကိုယ္ထဲမွာ ရွိမေန။

ရွန္က်စ္ရွန္းက တိတ္ဆိတ္ေနၿပီး အဓိပၸါယ္မဲ့ေသာ အေတြးတစ္ခု တိတ္တိတ္ဆိတ္ဆိတ္ ထြက္ေပၚလာခဲ့သည္—သူနဲ႔ ရန္က်င္းတို႔က ဆရာနဲ႔ တပည့္အျဖစ္ မေတြ႔ခင္ကတည္းက တစ္ေယာက္ကိုတစ္ေယာက္ သိခဲ့ၾကတာ ျဖစ္လိမ့္မယ္

ဟိုးတုန္းက ဒီလို မေရရာတဲ့ အမွတ္တရေတြထဲမွာ သူတို႔... မဟုတ္ဘူး၊ ရန္က်င္းနဲ႔ တစ္နည္းနည္းနဲ႔ ေတြ႕ဆုံဖူးတာ ဒါမွမဟုတ္ လမ္းခြဲခဲ့တဲ့သူက မူလပိုင္ရွင္ ျဖစ္လိမ့္မယ္

ရွန္က်စ္ရွန္း၏ ႏွလုံးသားသည္ အလြန္အမင္း မေပ်ာ္မ႐ႊင္ ျဖစ္သည့္ ခံစားခ်က္မ်ားျဖင့္ ျပည့္ႏွက္သြားရသည္။

ရန္က်င္း တစ္ခါတုန္းက ေျပာခဲ့ဘူးသည့္ 'အရမ္းေကာင္းတဲ့သူ' ဆိုတဲ့ စကားအား မစဥ္းစားပဲ မေနနိုင္ေတာ့ေပ။

ရွန္က်စ္ရွန္းက အတိတ္မွာ ေပ်ာ္ရႊင္ေနတတ္တဲ့သူ မဟုတ္သလို တစ္ျခားသူေတြရဲ႔ အတိတ္နဲ႔ ပတ္သတ္လို႔လည္း အာဃာတ လိုက္ထားေနတတ္တဲ့သူမ်ိဳး မဟုတ္ဘူး။ အဲ့ဒါေၾကာင့္လည္း ရန္က်င္းရဲ႔ ကိစၥေဟာင္းေတြနဲ႔ ပတ္သတ္ျပီး အရမ္းစိတ္ထဲ မထည့္မိဖို႔ သူ႔ကိုယ္သူ ေျပာေနခဲ့ရတာ။ ရန္က်င္းက ကေလးဘဝတုန္းက ခက္ခဲခဲ့တယ္ ဆုိတာကိုပဲ သူသိတာမို႔လို႔ အနာဂတ္မွာ သူ႔ကို ေကာင္းေကာင္း ဆက္ဆံေပးဖို႔နဲ႔ သူ႔ကိုေပ်ာ္ရႊင္ေအာင္ လုပ္ေပးဖို႔ပဲ ဆံုးျဖတ္ထားတာ။

ဒါေပမဲ့ အခုေတာ့ သူ႔နွလံုးသားထဲကို ဆူးေလးတစ္ေခ်ာင္း စိုက္ဝင္သြားသလိုမ်ိဳး ခံစားရျပီး အနည္းငယ္ စိတ္မသက္မသာ ျဖစ္မိသည္ေလ။

သူနည္းနည္း မနာလိုေနတာ ျဖစ္လိမ့္မယ္။ သူနဲ႔ ရန္က်င္းတို႔က အခုမွ တရားဝင္ ဆက္ဆံေရးတစ္ခု ထူေထာင္ထားၾကတာကို သံပရာသီးၾကီးၾကီး အနည္းငယ္ေလာက္နဲ႔ ေရာေနွာထားတဲ့ ရွာလကာရည္ရဲ႔ ခ်ဥ္စူးစူး အရသာကို ျမည္းစမ္းဘူးသြားျပီ

ရန္႔ရွန္၏ ေပါက္ကြဲ ထြက္မွုေၾကာင့္ ပတ္ဝန္းက်င္ တစ္ခုလံုးက မိစာၦမ်ားအတြက္ ထူးျခားသည့္ ညွီနံ႔မ်ား ရွိေနသည္။ အနံ႔က ရြံ႔ရွာစရာပင္။ ရွန္က်စ္ရွန္းက သူ႔မ်က္လံုးမ်ားကို မွိတ္လိုက္ျပီး စိတ္ေအးလက္ေအး ျဖစ္ခ်င္ေယာင္ ေဆာင္ကာ ေျပာလာသည္။

"ဒီေနရာမွာ အနံ႔ဆိုးတယ္, ေနရာေျပာင္းၾကရေအာင္"

ရန္က်င္းက တိတ္တဆိတ္သာ ျပန္ေျဖလာသည္။

"အင္း"

သူတို႔က ဦးတည္ရာလမ္းေၾကာင္းကို တမင္တကာ ေရြးခ်ယ္ မေနပဲ ေလွ်ာက္လွမ္းရမည့္လမ္းကို က်ပန္းေ႐ြးခ်ယ္ခဲ့ၾကသည္။ ခဏေလာက္ လမ္းေလွ်ာက္ၿပီးေနာက္မွာေတာ့ ေတာင္ကုန္းေလးတခုကို ေရာက္သြားၾက၏။

ေတာင္ကုန္းေပၚရွိ အျမင့္ဆုံးေနရာ၌ ရွန္က်စ္ရွန္းသည္ တင္ပ်ဥ္ေခြထိုင္လိုက္သည္။ 

"ဒီမွာ ရပ္ရေအာင္"

ညျခမ္း အခ်ိန္အခါက ေတာ္ေတာ္ေလး သာယာလွသည္။ ေကာင္းကင္ေပၚမွာ လဝန္းက ေတာက္ပေနျပီး ၾကယ္ေလးမ်ားက တစ္လက္လက္နဲ႔ ေတာက္ပကာ ေလနုေအးေလးမ်ား တုိက္ခတ္ေနသည္မွာ ေတာင္ကုန္းေပၚက ျမက္ခင္းျပင္မ်ားအား ယိမ္းႏြဲ႔ေနေစသည္ပင္

ရန္က်င္းက ရွန္က်စ္ရွန္း နံေဘးတြင္ တိတ္တဆိတ္ထိုင္လိုက္သည္။

ရွန္က်စ္ရွန္းက စကားစလိုက္၏။

"တကယ္ေတာ့ ခ်င္းယြင္ဂိုဏ္းမွာကတည္းက ဒီလုိုမ်ိဳး ေခ်ာက္ကမ္းပါးနားမွာ ထိုင္ခ်င္ခဲ့တာ"

သူက ႏူးညံ့သိမ္ေမြ႕စြာ ၿပဳံးၿပီး ေပါ့ေပါ့ပါးပါး ေျပာလိုက္သည္

 " ကံမေကာင္းစြာပဲ၊ ေအာက္ေျခမရွိတဲ့ ေခ်ာက္ကမ္းပါးကို ငုံ႔ၾကည့္မိတိုင္း ငိုရေလာက္ေအာင္ ေၾကာက္လန႔္ေနခဲ့တယ္။ ဆရာတစ္ေယာက္ရဲ႕ ဂုဏ္သိကၡာကို ဆုံးရႈံးမွာ ေၾကာက္လို႔ မင္းကို မေခၚရဲခဲ့ဘူး"

ရန္က်င္းက နွုတ္ခမ္း သပ္မိသည္။

တကယ္ေတာ့ လြန္ခဲ့တဲ့ နွစ္အနည္းငယ္မွာ သူက ရွန္က်စ္ရွန္းရဲ႔ ပဥၥမေတာင္ကုန္းေပၚ လြတ္လြတ္လပ္လပ္ သြားလာနုိင္တဲ့ တစ္ဦးတည္းေသာ တပည့္ျဖစ္တာမို႔လို႔ ရွန္က်စ္ရွန္းရဲ႔ အမ်ိဳးမ်ိဳးေသာ ပ်င္းရိမွုေတြကို သူျမင္ဘူးျပီးသား။ ဆရာတစ္ေယာက္ရဲ႔ ဂုဏ္သိကၡာဆိုတာက အေစာကတည္းက မရွိေတာ့တာ.....

သို႔ေပသိ သူက အမွန္တရားကို ထုတ္မေျပာရဲပဲ တစ္ျခားစကားသာ ေျပာလိုက္သည္။

"အကယ္၍ ဆရာလိုခ်င္တယ္ဆိုရင္ ေနာက္က်..."

က်ြန္ေတာ္တို႔ ခ်င္းယြင္ဂိုဏ္း ျပန္ေရာက္ရင္ လုိက္ျပီး အေဖာ္ျပဳေပးပါ့မယ္

သူကရပ္တန္႔သြားျပီး က်န္တဲ့တစ္ဝက္ကို ဆက္မေျပာေတာ့။ သူ႔ရင္ထဲမွာ ခါးသီးေသာ စိုးရိမ္စိတ္တစ္ခု ရွိေနသည္။

အနာဂတ္မွာ......အနာဂတ္ဆိုတာ ရွိလာပါ့မလား?

ရန္က်င္းက ေဆြ႔ရွန္းလို႔ နာမည္မေခၚေတာ့တာ ေတာ္ေတာ္ေလး ၾကာခဲ့ျပီျဖစ္ျပီး ဒီနာမည္ကို ေျပာလိုက္တာနဲ႔ ရွန္က်စ္ရွန္းတစ္ခုခုကို မွတ္မိသြားမွာအား စိုးရိမ္ေနသလိုပင္။ ရွန္က်စ္ရွန္းက ၇န္က်င္း၏ စိုးရိမ္ပူပန္မႈကို သတိမထားမိသကဲ့သို႔ မ်က္ေတာင္ခတ္ကာ ေပါ့ေပါ့ပါးပါး ေလသံျဖင့္ ဆက္ေျပာေပးလိုက္သည္။

"ေကာင္းၿပီ၊ ေနာက္က်မွ ငါ့ကို အေဖာ္ျပဳေပး"

ရန္က်င္း၏ မ်က္လုံးမ်ား ေတာက္ပလာၿပီး သူ႔ေက်ာ႐ိုးက အနည္းငယ္ မတ္သြားသည္ ။

ရွန္က်စ္ရွန္းက ေခါင္းကို အနည္းငယ္ငုံ႔လုိက္ၿပီး သူ႔ေဘးနားက ပန္းပြင့္ေလးကို ၾကည့္လိုက္သည္။ သူက ေလသံတိုးတိုးျဖင့္ ဆက္ေမးလုိက္၏။

 "မင္း ခ်င္းယြင္ဂိုဏ္းကို မေရာက္ခင္ ငါတို႔ေတြ႕ဖူးၾကလား?"

ေလထုထဲတြင္ ေၾကာက္စရာေကာင္းေသာ တိတ္ဆိတ္မႈတစ္ခု ရွိေနသည္။ ခဏအၾကာမွာ ရန္က်င္းက ခက္ခဲမွု တစ္ခ်ိဳ႔နဲ႔ ျပန္ေျဖလာ၏။

"ဟုတ္"

သူက ခဏရပ္သြားျပီးမွ ရုတ္တရက္ ရွန္က်စ္ရွန္းအား လွည့္ၾကည့္လုိက္သည္။

"ဆရာ, မမွတ္မိဘူးမွတ္လား ဟုတ္တယ္မွတ္လား?"

၎သည္ ေမးခြန္းတစ္ခုနဲ႔ တူေပမယ့္ သူ႔ေလသံကေတာ့ ရွင္းလင္းေနသည္။ ရွန္က်စ္ရွန္းက အနည္းငယ္ စိတ္လႈပ္ရွားသြားေသာ္လည္း သူ႔မ်က္ႏွာကို တည္ၿငိမ္ေအာင္ ထိန္းထားရသည္။

 "ႏွလုံးေရာဂါမျဖစ္ခင္က ျဖစ္ေကာင္းျဖစ္လိမ့္မယ္... အဲဒီအခ်ိန္ကာလကို ေကာင္းေကာင္းမမွတ္မိဘူး"

ငါမွတ္မိရင္ေတာင္မွ အဲဒီလူက ငါမဟုတ္ဘူး... ရွန္က်စ္ရွန္းက သူ႔ႏွလုံးသားထဲမွာ တိတ္တိတ္ေလး ထပ္ေပါင္းထည့္လိုက္သည္။

ေနာက္ ... ၿပီးေတာ့။

ရွန္က်စ္ရွန္းသည္ မူလပိုင္ရွင္ အေတြ႔အၾကံဳယူဖို႔ ထြက္သြားတဲ့အခ်ိန္မွာ 'ေဆြ႔ရွန္း' ဆိုသည့္ နာမည္ကို အသံုးျပဳခဲ့သည္အား ျပန္အမွတ္ရသြားမိသည္။ ရန္က်င္းကလည္း သူငယ္ငယ္တုန္းက 'ေဆြ႔ရွန္း' လို႔ေခၚတဲ့ သူတစ္ေယာက္နဲ႔ သိခဲ့တာ။ ရန္က်င္းက သူတို႔ေတြ ေတြ႔ဘူးၾကတယ္လို႔ ေျပာတယ္ဆိုေတာ့ ရန္က်င္း အရင္က သိခဲ့တဲ့ 'ေဆြ႔ရွန္း' ဆိုတာက မူရင္းပိုင္ရွင္မ်ား ျဖစ္ေနမလား?

ရွန္က်စ္ရွန္း၏ ေခါင္းထဲတြင္ ရႈပ္ေထြးေနေသာ အေတြးမ်ိဳးစုံ ဝင္လာသည္။ သူက ရန္က်င္းကို ဆက္ေျပာရန္ အခ်က္ျပလိုက္၏။

ရန္က်င္းက သူ႔ကိုယ္သူ ျပင္ဆင္လုိက္ကာ စကားဆက္သည္။

"အဲ့ဒီအခ်ိန္တုန္းက က်ြန္ေတာ္က ေသးငယ္ပိန္ပါးျပီး အရမ္းအားနည္းတဲ့အျပင္ လူေတြဆီက မၾကာခဏ အနုိင္က်င့္ခံရတယ္....."

ရန္က်င္းက ရြာငယ္ဇနပုဒ္ေလး တစ္ခုမွာ ေမြးဖြားခဲ့ျခင္းပင္။ သူ႔ရဲ႔ ငယ္ဘဝက နာက်င္စရာမ်ားနဲ႔သာ ျပည့္နွက္ေနခဲ့သည္။ သူျပန္မွတ္မိနုိင္တဲ့ အခ်ိန္ကာလ တစ္ခုထိ ေတြ႔ဘူးတဲ့သူတိုင္းအား မုန္းတီးေနခဲ့ရျခင္းမ်ားျဖင့္သာ။ စိတ္ရွုပ္ေထြးေနခဲ့သည့္ ရန္က်င္းအငယ္ေလးသည္ လူအမ်ားက သူ႔အားဘာလို႔ ရန္လိုသည့္ စကားမ်ားသာ ေျပာေနခဲ့ရလဲ ဆုိတာအား ေဝေတဝါးတားသာ နားလည္နုိင္ခဲ့သည္။

သူေမြးဖြားလာျပီးေနာက္မွာ မိဘနွစ္ပါးလံုး ဆံုးပါးသြားခဲ့ၾကသည္။ သူ႔မိခင္က သူ႔ကိုမီးဖြားရင္း ဆံုးသြားခဲ့ျခင္းျဖစ္ကာ သူ႔ဖခင္ကေတာ့ ေရသြားခပ္ရင္း ေရကန္ထဲ ေျခေခ်ာ္က်ကာ ေသဆံုးခဲ့သည္။ေနာက္ပိုင္းမွာ သူ႔ကို ဘယ္သူက ျပဳစုေစာင့္ေရွာက္ၿပီး အသက္ကို ကယ္ခဲ့တာလဲေတာ့ သူမသိေပ။ သို႔ေပမယ့္ ရြာသူရြာသားမ်ားကေတာ့ သူက ခိုက္တတ္တယ္ဟု ေျပာၾကသည္။ သူ႔လက္ေတြက လူေပါင္းေျမာက္ျမားစြာရဲ႔ ေသြးေတြ စြန္းထင္းေနျပီး သူက ေဘးဒုကၡေတြကို ေဆာင္ၾကဥ္းေပးမယ့္ လူတစ္ေယာက္တဲ့

ေနာက္ပိုင္းမွာေတာ့ သူက ရြာကေန ေမာင္းထုတ္ခံလုိက္ရသည္ေလ။ အိမ္ေျခရာမဲ့ အေလအလြင့္ေလး တစ္ေယာက္အေနနဲ႔ တစ္ကိုယ္တည္း အထီးက်န္စြာ ေနရာအနွံ႔ ေလွ်ာက္သြားေနခဲ့သည္။ သို႔ေပမယ့္ အာဟာရ ခ်ိဳ႔တဲ့မွုေၾကာင့္ သူက အရမ္းပိန္ပါးလြန္းျပီး ဘယ္သြားသြား မၾကာခဏ အနုိင္က်င့္ခံခဲ့ရ၏။ တစ္ေန႔မွာေတာ့ ေဆြ႔ရွန္းက သူ႔ကို ကယ္တင္ခဲ့ေလသည္။

သူက သူ႔ငယ္စဥ္ကေလးဘဝက ခက္ခဲမွုေတနဲ႔ အမ်ိဳးစံုေက်ာ္ျဖတ္ခဲ့သည့္ အရာမ်ားစြာကို အေရးမၾကီးေတာ့တဲ့ အရာေတြလိုမ်ိဳး ေျပာျပေနခဲ့ေပမယ့္လည္း ရွန္က်စ္ရွန္းကေတာ့ အဲ့ဒီအခ်ိန္တုန္းက သူဘယ္ေလာက္ေတာင္ နာက်င္ခံစားခဲ့ရမလဲ ဆိုတာကို ခန္႔မွန္းနုိင္ျပီး နွစ္သိမ့္မွု ေပးနုိင္ဖို႔ သူ႔ေနာက္ေက်ာကို ဖြဖြေလး ပုတ္ေပးမိသည္။

"...ေနာက္ေတာ့ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕ကို ျဖတ္သြားရင္း တစ္စံုတစ္ခု ျဖစ္သြားခဲ့ေတာ့ ဟုိကလူေတြက က်ြန္ေတာ့္အေပၚ ရန္လိုမုန္းတီးမွုေတြ ျဖစ္ကုန္ၾကတယ္, အဲ့ဒီအခ်ိန္တုန္းက ဆရာက က်ြန္ေတာ့္ကို ေခၚသြားဖို႔ကလြဲျပီး ေရြးခ်ယ္စရာ မရွိေတာ့ဘူး, သိပ္မၾကာခင္မွာပဲ က်ြန္ေတာ္တို႔ လမ္းခြဲခဲ့ၾကတာ"

သူ ရပ္တန႔္သြားၿပီး သူ႔အေတြးေတြက အတိတ္ကို ျပန္ေျပာင္းသြားေလ၏။

အဲ့ဒီတုန္းက ျမိဳ႔ငယ္ေလးထဲမွာ ကေလးနွစ္ေယာက္ ရန္ျဖစ္ခဲ့ၾကတာ။ သူတို႔နွစ္ေယာက္လံုးက အျပင္းအထန္ကို ရန္သတ္ေနခဲ့ၾကတယ္။ ပိုဝတစ္တဲ့ ကေလးေလးက ဂရုမစိုက္ပဲ တစ္ဖက္ကေလးကို မေတာ္တဆ တြန္းခ်လိုက္တယ္။ ကေလးရဲ႔ ေခါင္းက လမ္းတစ္ဖက္က လမ္းမေပၚ ပစ္က်သြားခဲ့ရတယ္ေလ

သူတို႔က လမ္းၾကားေလးတစ္ခုရဲ႔ အစြန္အဖ်ား ေထာင့္တစ္ေနရာမွာ ျဖစ္ေနခဲ့ၾကတာ။ ျဖတ္သြားတဲ့သူလည္း ဘယ္သူမွ မရွိဘူး။ တစ္ဖက္ကေလးကို တြန္းလုိက္တဲ့ ကေလးေလးက ေျမျပင္ေပၚမွာ ေသြးေတြျမင္လုိက္ရေတာ့ ထိတ္လန္႔သြားတယ္ေလ။ သူက အခ်ိန္အၾကာၾကီး ေတာင့္ခဲစြာ ရပ္ေနျပီးတာေတာင္ မတည္ျငိမ္နုိင္ခဲ့ဘူး။ ေနာက္ဆံုးမွာေတာ့ အားေလ်ာ့စြာ ငိုေၾကြးရင္းနဲ႔ လူၾကီးတစ္ေယာက္ကို ရွာေဖြနုိင္ဖို႔ တတ္နုိင္သမ်ွ အျမန္ဆံုး ေျပးထြက္သြားခဲ့တယ္

လူႀကီးေတြေရာက္လာေတာ့ ျပဳတ္က်တဲ့ကေလးက အသက္ရႈမဝေတာ့ဘူး။ သူက ေနာက္ဆုံးထြက္သက္ကို တစ္ခ်က္ တစ္ခ်က္ပဲ ရွိဳက္ေနျပီး ဘာမွကို မေျပာႏိုင္ေတာ့တာ။ သူ႔ကို ဆရာဝန္ဆီ အျမန္ပို႔ခဲ့ေပမယ့္ နာရီဝက္အတြင္းမွာပဲ ေသဆုံးသြားခဲ့တယ္။

သူ႔မိဘေတြက အရမ္းေဒါသထြက္ျပီး ပူပန္စိတ္ေတြ မ်ားေနခဲ့ၾကတာ။ ဘယ္သူလုပ္တာလဲ ေမးတဲ့အခါမွာေတာ့ အဲ့ဒီကေလးက သူ႔အျပစ္ကို ဝန္မခံနုိင္ခဲ့ဘူး။ ခဏေလာက္ စကားေျပာျပီးတဲ့ အခ်ိန္မွာ ေဆးဆိုင္ေနရာကေန လမ္းတစ္ဖက္က ေခါက္ဆြဲဆုိင္ေလးဆီကို လက္ညွိဳးထိုးျပခဲ့တယ္ အဲ့ဒီမွာက ေခါက္ဆြဲထုိင္စားေနတဲ့ ကေလးတစ္ေယာက္ ရွိေနခဲ့တာ

"အဲ့ဒါသူပဲ, သူတို႔နွစ္ေယာက္ ရန္ျဖစ္ေနတာကို သားျမင္ခဲ့တယ္!"

ရွင္းျပမရနုိင္စြာပဲ အိုးကိုထမ္းရေတာ့မယ့္ ရန္က်င္းေသးေသးေလးက ပါးစပ္အျပည့္ ေခါက္ဆြဲမ်ားကို မ်ိဳခ်လိုက္ျပီး ဘာေျပာရမွန္း မသိရွာခဲ့ဘူးေလ။ သူ႔ကို တည့္တည့္ ညႊန္ျပေနတဲ့ အဲ့ဒီကေလးကိုပဲ ေၾကာင္ေငးေငးေလး ၾကည့္ေနခဲ့မိတာ

"အဲ့ဒါသူပဲ! သူက အျပင္က ကေလးတစ္ေယာက္! တဟုန္ကို သူသတ္လုိက္တာ!"

တဟုန္က ေသဆံုးသြားတဲ့ ကေလးေလး

လူတုိင္းရဲ႔ အၾကည့္က ရန္က်င္း အေသးေလးဆီကို ေရာက္ရွိလာျပီး ရန္လိုမွုေတြ ျပည့္နွက္ေနခဲ့တယ္

ဒီျမိဳ႔ငယ္ေလးက အရမ္းကို ေသးငယ္ျပီး ေခါင္သီလြန္းလွတယ္။ မိသားစုတိုင္းမွာလည္း ျမိဳ႔ျပင္မွာ ကိုယ္ပိုင္ေျမကြက္ေလးေတြ ရွိၾကေသးတာ။ သူတို႔က အရမ္းကို ဖူလံုၾကတာေၾကာင့္ အေဝးကိုလည္း ခရီးထြက္ခဲလွတယ္ေလ။ ဒါ့အျပင္ အျပင္လူေတြ ျဖတ္သန္းသြားလာတာလည္း အလြန္႔ကို နည္းပါးလွေသး။ ဒီလိုမ်ိဳး ပိန္းပိတ္လြန္းတဲ့ ပတ္ဝန္းက်င္မ်ိဳးေၾကာင့္ ျမိဳ႔ကလူေတြက အျပင္လူေတြကို ပိုပိုျပီး မလိုမုန္းထား ျဖစ္လာၾကေတာ့တယ္။ တစ္ခုုခု ျဖစ္တာနဲ႔ သူတို႔က အရမ္းကို ဘက္လုိက္ကုန္ၾကေတာ့တာပဲ

ဒီအခ်ိန္မ်ိဳးမွာ သူတို႔သိတဲ့ကေလးက သူတို႔မသိတဲ့ ရန္က်င္းမွာ အျပစ္ရွိတယ္လို႔ ထုတ္ေျပာတာကို နားေထာင္ျပီးတာနဲ႔ ျမိဳ႔သူျမိဳ႔သားေတြက သံသယဝင္ဖို႔ကိုေတာင္ မစဥ္းစားေတာ့ဘူး။ သူတို႔က ရန္က်င္းအေသးေလးကို ျပင္းျပင္းထန္ထန္ ရန္ျငွိဳးဖြဲ႔ကုန္ၾကေတာ့တာပဲ

တဟုန္ရဲ႔ အေဖက ၾကီးမားခုိင္ခံ့လြန္းတဲ့ လူထြားၾကီးတစ္ေယာက္။ ရန္က်င္းအေသးေလးနားကို နီးနီးကပ္ျပီးသြားတာနဲ႔ သူ႔အက်ီၤကို ဆြဲဆုပ္ကိုင္ပစ္လိုက္တာ

မ်က္နွာအနည္းငယ္ ေမွာင္မိုက္သြားတဲ့ ေဆြ႔ရွန္းက သူ႔တူကို လွည့္လိုက္ျပီး အဲ့ဒီလူရဲ႔ လက္ကိုတားျမစ္လို႔ ေျခလွမ္းအနည္းငယ္ ဆုတ္သြားေစခဲ့တယ္

"သူ႔စကားကိုပဲ အေျခခံယံုေလးနဲ႔ ဒါက က်ဳပ္တုိ႔အမွားပါလို႔ ဘယ္လိုမ်ိဳး ဆံုးျဖတ္နုိင္မွာလဲ?"

ဒီလူကို လူတိုင္းစတင္ ယံုၾကည္လာတာကို အဲ့ဒီကေလးက ျမင္လုိက္ရတယ္ေလ။ သူ႔မ်က္လံုးေတြက လွဳပ္ရွားသြားခဲ့ျပီး ထေအာ္ေတာ့တာပဲ

"သူတို႔က ၾကံရာပါပဲ! သူတို႔က ၾကံရာပါေတြ! သူတို႔က တဟုန္ကို အတူတူ သတ္ပစ္လုိက္ၾကတာ!"

ေနာက္ပိုင္းမွာေတာ့ ကိစၥေတြက ရွင္းမရေတာ့

ေဆြ႔ရွန္းက ဘယ္ေလာက္ပဲ ျငင္းခုံေနပါေစ လူေတြက သူ႔စကားေတြကို နားမေထာင္ၾကေတာ့ဘူး။ သူတို႔သိတာက ဒီ အျပင္လူနွစ္ေယာက္က တဟုန္ကို သတ္ပစ္လုိက္တယ္ ဆိုတာပဲ။ တဟုန္ရဲ႔ အေမက ငိုေၾကြးျပီး ေအာ္ဟစ္လာေလတယ္

"ဘုရားေရ, ေသာက္က်ိဳးနည္း!ငါတို႔မွာ ဒီကေလးတစ္ေယာက္ပဲရွိတာ! အစကတည္းက ငါတို႔သူ႔ကို ေကာင္းေကာင္း ျပဳစုပ်ိဳးေထာင္ခဲ့တာ, ဒါက နင္တို႔ အျပင္လူေတြရဲ႔ အမွားပဲ, နင္က ေဘးဥပါဒ္ေတြကို ယူေဆာင္လာလို႔ ဒီလိုျဖစ္သြားရတာ!"

ထိုဆူညံ ပြက္ေလာရိုက္မွုေတြေၾကာင့္ လူတစ္စု ေရာက္လာခဲ့ျပီး သူတို႔ကိုဝန္းရံလာခဲ့တယ္ေလ။ ေဆြ႔ရွန္းက ဒါကိုျမင္ေတာ့ ျငင္းခံုေနတာကို ရပ္တန္႔ပစ္လုိက္တယ္။ သူက တစ္ျခားစကား ထပ္မေျပာေတာ့ပဲ ရန္က်င္းအေသးေလးကို ေခၚျပီး ထြက္ခြာလာခဲ့ေတာ့တာ

သူတို႔က စကားမေျပာတဲ့အျပင္ လူတုိင္းကလည္း သူတို႔ကို လႊတ္ေပးဖို႔ ျငင္းဆန္တယ္ေလ။ တစ္ခ်ိဳ႔လူေတြက လမ္းတစ္ဖက္ကေန တုတ္ေတြနဲ႔ ရိုက္ၾကတယ္။ အဲ့ဒီအခ်ိန္မွာ တစ္ျခားသူေတြကေတာ့ သူတို႔ကို ေက်ာက္တုန္းေတြနဲ႔ ပစ္ေပါက္ၾကတယ္။ ေဆြ႔ရွန္းက သူ႔လက္ေမာင္းထဲမွာ ေပြ႔ပိုက္ထားတဲ့ ရန္က်င္းအေသးေလးကို ကာကြယ္ဖို႔ အသည္းအသန္ ၾကိဳးစားခဲ့ရျပီး ျမိဳ႔ထဲမွ လြတ္ေျမာက္ခဲ့ရျခင္းသာ။

ရန္က်င္းအေသးေလးက ေဆြ႔ရွန္းဆီက လံုလံုျခံဳျခံဳ ကာကြယ္ခံထားခဲ့ရတာေၾကာင့္ လံုးဝကို ထိခိုက္မွု မရွိခဲ့ဘူး။ ဒါေပမဲ့လည္း ေဆြ႔ရွန္းကို ပစၥည္းေတြ ထိမွန္လာတဲ့ အသံကိုေတာ့ သူၾကားေနရတာပဲေလ။ သူ႔လက္ေသးေသးေလးေတြက ေဆြ႔ရွန္းရဲ႔ အက်ၤီလက္စကို တင္းတင္းဆုပ္ကိုင္လို႔ ပထမဆံုးအၾကိမ္အေနနဲ႔ သူ႔ရဲ႔ ကိုယ္ပိုင္ အားနည္းမႈကို မုန္းတီးခဲ့မိတယ္

သူက သူ႔ကိုယ္သူေတာင္ မကာကြယ္နုိင္ခဲ့သလို

သူတန္ဖိုးထားတဲ့လူကိုလည္း မကာကြယ္ႏိုင္ခဲ့ဘူး။

သူ႔ႏွလုံးသားေအာက္ေျခမွာ ျမႇဳပ္ထားတဲ့ ဆူးပင္က သူ႔အသားထဲမွာ အျမစ္တြယ္သြားတယ္။ ရံဖန္ရံခါဆိုရင္ သည္းမခံႏိုင္တဲ့ ေဝဒနာကို ျဖစ္ေပၚေစတတ္ခဲ့တယ္

ဒီကိစၥက အစပဲရွိေသးတာ။ လမ္းတစ္ေလွ်ာက္မွာလည္း သူတို႔၏ခရီးစဥ္က လုံးဝမေခ်ာေမြ႔ခဲ့ဘဲ အၿမဲလိုလို မေတာ္တဆမႈ အမ်ိဳးမ်ိဳးႏွင့္ ႀကဳံေတြ႔ရပံုေပၚျပီး အခ်ိဳ႕ဆိုရင္ ေတာ္ေတာ္ေလးကို ခက္ခဲၾကမ္းတမ္းလွတာ

ေဆြ႔ရွန္းက ရန္က်င္းအေသးေလးကို ေနာက္ထပ္ အၾကိမ္ေပါင္းမ်ားစြာ ကာကြယ္ခဲ့ရတာမို႔ ဒဏ္ရာေတြ ပိုျပီးရလာခဲ့ရသည္ပဲ

ရန္က်င္းအေသးေလးကေတာ့ ရြာကလူေတြ သူ႔ကိုေျပာခဲ့တဲ့ ေဘးဒုကၡဆိုးေကာင္ ဆိုတဲ့စကားကိုပဲ တိတ္တိတ္ေလး အမွတ္ရေနခဲ့မိေလရဲ႔

သူဝန္မခံခ်င္ေပမယ့္လည္း သူက ေဆြ႔ရွန္းရဲ႔ ဝန္ထုတ္ဝန္ပိုးတစ္ခုဆိုတာကို ျငင္းမရနိုင္ေတာ့ဘူးေလ

ရန္က်င္း အေသးေလးရဲ႔ အတြင္းအက်ဆံုး ႏွလံုးသားက နာက်င္မွု ေဝဒနာေတြကုိ ထမ္းပိုးျပီး နင့္ေနေအာင္ နာက်င္ေနရတယ္။ ေဆြ႔ရွန္းက သူ႔ကိုပိုျပီး ေကာင္းေကာင္းဆက္ဆံေလေလ သူပိုျပီး ခံစားရေလေလပဲ။ အဲ့ဒီေနာက္မွာ သူၾကံဳေတြ႔ခဲ့ရတဲ့ အရာက....

"အားက်င္း? အားက်င္း?"

ရွန္က်စ္ရွန္းရဲ႔ ႏူးည့ံတဲ့အသံက သူ႔အား အမွတ္တရမ်ားဆီမွ ျပန္ေခၚေဆာင္လာခဲ့သည္။ လက္ရွိကို ျပန္ေရာက္တာနဲ႔ ရန္က်င္းက ေဆြ႔ရွန္းအား ရုတ္တရက္ ၾကည့္ကာ က်ယ္ေလာင္စြာ ေအာ္ေခၚလာေလသည္။

"ဆရာ"

ရွန္က်စ္ရွန္းက ေလးေလးနက္နက္ ေတာင္းပန္၏။

"ငါေတာင္းပန္ပါတယ္.....အဲဒီကိစၥေတြကို.....ငါတကယ္ မမွတ္မိဘူး"

သူမွတ္မိေနရင္ေတာင္ အဲဒီအတိတ္က မူလပိုင္ရွင္နဲ႔ပဲ သက္ဆုိင္တာ။ ရန္က်င္းအေပၚ ေစတနာေကာင္းရွိခဲ့တဲ့သူက မူလပိုင္ရွင္ျဖစ္ၿပီး ရန္က်င္းရဲ႔ စိတ္ထဲမွာ အၿမဲရွိေနတဲ့သူကလည္း မူလပိုင္ရွင္ပဲ။ သူကေတာ့ အမည္မသိ အေၾကာင္းျပခ်က္ေတြနဲ႔ ဒီေလာကသို႔ မေတာ္တဆ ကူးေျပာင္းလာျပီး ဒီခႏၶာကိုယ္နဲ႔ သူ႔အေထာက္အထားေတြကို သိမ္းပိုက္ထားတဲ့ အျပင္လူတစ္ေယာက္ မ်ွသာပဲ

ဒါကို ရန္က်င္းဆီမွာ ဖုန္းကြယ္ မထားသင့္ေပမယ့္လည္း ဒီစကားမ်ိဳးေတြက ေျပာဖို႔ ခက္ခဲလြန္းတာေၾကာင့္ သူ႔ကို စကားမေျပာနုိင္ ျဖစ္ေစသည္ေလ။

ရန္က်င္းကေတာ့ အသံတိုးတိုးျဖင့္သာ ျပန္ေျပာလာသည္။

"ကိစၥမရွိပါဘူး, က်ြန္ေတာ္ မွတ္မိေနသ၍ အဆင္ေျပတယ္"

ရွန္က်စ္ရွန္းက တိတ္တဆိတ္ သက္ျပင္းခ်မိသည္။

အဲဒီညက ႏွစ္ေယာက္သား အခ်ိန္အၾကာႀကီးထိုင္ၿပီး စကားေတြ အမ်ားႀကီးေျပာျဖစ္ၾကတယ္။

ရွန္က်စ္ရွန္းကေတာ့ ကိစၥေတြက ပိုပိုျပီး လွ်ိဳ႔ဝွက္ဆန္းၾကယ္လာသည္ဟု ခံစားလာရသည္။ ရန္က်င္းကိုယ္ထဲက ခ်ဳပ္ကိုင္ထားမွုက ဘယ္လိုျဖစ္လာတယ္ ဆိုတာကိုလည္း သူမသိရဘူး။ သူေမးလိုက္ေတာ့လည္း ရန္က်င္းက ေခါင္းသာခါျပလာသည္။ ဒီကန္႔သတ္ ခ်ဳပ္ကိုင္ထားမွုကို သူကိုယ္တိုင္ ေလ့လာမွပဲ ရေတာ့မွာ

ရွန္က်စ္ရွန္းက ေယာင္ဝါးဝါးနဲ႔ ေမးမိသည္။

"အကယ္၍ ငါသာ အရင္ကနဲ႔ လံုးဝမတူေတာ့ဘူးဆိုရင္ေရာ မင္းေနာင္တရမွာလား?"

ရန္က်င္းက သူ႔ကို ေငးၾကည့္လာျပီး ျဖည္းညွင္းေသာ္လည္း တည္ျမဲလွစြာ ေခါင္းခါျပလာ၏။

ရွန္က်စ္ရွန္းရဲ႔ ခံစားခ်က္ေတြကေတာ့ ေတာ္ေတာ္ေလးကို ရွုပ္ေထြးေနခဲ့ရေတာ့သည္ပင္။

ျဖစ္ပ်က္ေနတဲ့ အရာအားလံုးကို သူရုတ္တရက္ လစ္လ်ဴရွဳခ်င္လာတယ္။ စိတ္ဝိညာဥ္ေျခရာခံျမက္ရွိတဲ့ Undead City ကို ခ်က္ခ်င္းရွာျပီး ငါးအေၾကးခြံနဲ႔ ေပါင္းစပ္လို႔ သူ႔နွလံုးေရာဂါကို လံုးဝအျပီးျပတ္ ေပ်ာက္ကင္းသြားေစခ်င္တယ္။ ျပီးရင္ မူလပိုင္ရွင္ရဲ႔ မွတ္ဉာဏ္ေတြကို ျပန္ျပီးရယူခ်င္တယ္။ မူလပိုင္ရွင္က ဘယ္လိုလူမ်ိဳးမို႔လို႔ ရန္က်င္းက နွစ္ေပါင္းမ်ားစြာ ၾကာျပီးတာေတာင္ သူ႔ကို ေမ့မရနုိင္ေအာင္ လုပ္ထားနုိင္ရတာလဲ

ရန္က်င္းရဲ႔ အေတြးေတြကလည္း သူနဲ႔တိုက္ဆိုင္ေနသည္။ မေန႔ညကတည္းက ရန္က်င္းက သူ႔ကို ေဆြ႔ရွန္းလို႔ မေခၚေတာ့ပဲ ဆရာဟုသာ ဆက္ေခၚသည္ေလ။ သူ႔အမူအယာက အလြန္ကို ျပတ္သားလြန္းေနသည္။

"ဆရာ Undead City ကိုပဲ အရင္သြားရေအာင္ေနာ္ ဟုတ္ျပီလား?"

ထိုေလသံက ေမးခြန္းတစ္ခုလို႔ ထင္ရေပမယ့္လည္း ရန္က်င္းက အခိုင္အမာ ထပ္ေပါင္းေျပာလာခဲ့သည္။

"ဆရာ႔ရဲ႔ နွလံုးေရာဂါက အၾကာၾကီး အခ်ိန္ဆြဲထားလို႔ မျဖစ္ဘူး"

"စုန္႔မင္းအျပင္ ရန္႔ရွန္ရဲ႔ေနာက္မွာ တစ္ျခားသူေတြ အမ်ားၾကီး ရွိဦးမယ္ထင္တယ္, ငါစိတ္ထဲေတာ့ သူက အဲ့ဒီတုန္းက ငါတို႔နဲ႔ တိုက္ခိုက္ခဲ့တဲ့ ဘီလူးနဲ႔ ေပါင္းထားတယ္ထင္တာပဲ.....ဓားျပိဳင္ပြဲမွာ ရန္႔ရွန္နဲ႔ ပူးေပါင္းခဲ့တဲ့ မိစာၦအတတ္ က်င့္ၾကံသူကို မွတ္မိတယ္မွတ္လား? အဲ့ဒီအခ်ိန္တုန္းက ရန္႔ရွန္က တစ္ခုခုနဲ႔ ဆံုေတြ႔ဘူးခဲ့တာျဖစ္လိမ့္မယ္....."

"ဆရာ" ရန္က်င္းက သူ႔ကိုေငးၾကည့္ျပီး ၾကားျဖတ္လိုက္သည္။

ရွန္က်စ္ရွန္းက သူ႔အတြက္ ခြဲျခမ္းစိတ္ျဖာဖို႔ ၾကိဳးစားေန၏။

"ဒါေပမဲ့, ဒီကိစၥကို အၾကာႀကီးဆြဲထားႏိုင္မယ္ မထင္ဘူး..."

ေခတ္သစ္ကမာၻႀကီးမွာ ရွန္က်စ္ရွန္းက အင္တာနက္ေပၚက ဆိုးဝါးတဲ့ ေကာလဟာလမ်ားစြာကို ျမင္ေတြ႔ခဲ့ရဘူးသည္။ မေရမတြက္နုိင္တဲ့သူေတြက မွားယြင္းတဲ့ စကားလံုး တစ္လံုးကို ျဖန္႔လုိက္တာနဲ႔ ထိုစကားကသာ "အမွန္တရား" ၏ ပုံသ႑ာန္အတိုင္း ျဖစ္လာလိမ့္မည္။ ေနာက္ဆံုးမွာေတာ့ ဘယ္သူကမွ တကယ့္အမွန္တရားက ဘာလဲ ဂရုမစိုက္ၾကေတာ့ပဲ လူစုလူေဝးေနာက္ကိုသာလုိက္ကာ ကေမာက္ကမ စီရင္ဆံုးျဖတ္ခ်က္မ်ားကို ပိုျပီး စိတ္ဝင္စားၾကေတာ့သည္။

မူလရွန္က်စ္ရွန္းရဲ႔ အမွန္တရားကို သူအျမန္သိခ်င္ေပမယ့္လည္း ရန္က်င္းကို ဒီလို 'အမွန္တရား' အမ်ိဳးအစားရဲ႔ သားေကာင္တစ္ေယာက္ ျဖစ္မလာေစခ်င္ေပ။ ဒီဂိုဏ္းငယ္ေလးေတြက တစ္ဂိုဏ္းခ်င္းဆို ျပႆနာ ၾကီးၾကီးမားမား မဟုတ္ေပမယ့္ အတူတူသာ လက္တြဲလုိက္ရင္.....

"ရန္႔ရွန္က ေသသြားျပီ, ေနာက္ထပ္ အေႏွာက္အယွက္ျဖစ္ေစမယ့္သူ မရွိတဲ့အတြက္ ဒီကိစၥကို ေ႐ႊ႕ဆိုင္းလိုက္လို႔ရတယ္" ရန္က်င္းက ေျပာလာ၏

"အဲ့ဒီဂိုဏ္းငယ္ေလးေတြက ငါတို႔ကို ရွာမေတြ႔တာနဲ႔ ခ်င္းယြင္ဂိုဏ္းဆီ ေသခ်ာေပါက္ သြားၾကမွာ, စုန္႔မင္းက ငါ့ကို ထြက္ေပၚလာေအာင္လို႔ ဖိအားေပးဖို႔ အတြက္ ဒီလိုမ်ိဳး ၾကီးၾကီးမားမား လွုပ္ရွားျပီး ရန္႔ရွန္ကို ငွားသံုးလုိက္တာ, ခင္မင္ရင္းနွီးခ်င္ေယာင္ ေဆာင္ထားတဲ့ ဟန္ေဆာင္မွုေတြ အားလံုးကို ဖ်တ္ဆီးပစ္လုိက္ဖို႔ စိတ္ဆံုးျဖတ္ခ်က္ ခ်ထားမွာ စိုးရတယ္, သူဘာလုပ္ဖို႔ ရည္ရြယ္ထားလဲ ဆိုတာ ငါမသိဘူး"

ထိုအေၾကာင္းကို စဥ္းစားၿပီးသည့္ အခါ စုန္႔မင္းနဲ႔ ရန္က်င္းတို႔က တစ္ဦးႏွင့္တစ္ဦး တိုက္႐ိုက္ဆက္စပ္မႈမရွိခဲ့ေၾကာင္း ပိုမို ေပၚလြင္လာသည္။ တစ္ခုတည္းေသာ ျဖစ္ႏိုင္ေခ်ကေတာ့ ရွန္က်စ္ရွန္း ေပ်ာက္ေနတာကို စုန္႔မင္း သိတဲ့အခ်ိန္မွာ ရွန္က်စ္ရွန္းေနာက္က လိုက္ဖမ္းဖို႔အတြက္ တစ္စံုတစ္ေယာက္ကို လႊတ္ဖို႔က လြယ္မွာမဟုတ္ဘူးေလ။ အဲ့ဒါေၾကာင့္ ရွန္က်စ္ရွန္း ေပၚလာေစဖို႔ ရန္က်င္းကိုသာ အသံုးခ်ေနခဲ့တာ။

"စုန္႔ဂိုဏ္းခ်ဳပ္ရဲ႔ အက်င့္က နည္းနည္းေတာ့ သရဲေဘာေၾကာင္တာပဲ" ရန္က်င္းက တိုက္ရိုက္သာ ေျပာလာသည္။

"သူက အလင္းထဲမွာ ရွိျပီး ဆရာက အေမွာင္ထဲမွာ ရွိေနတာ, ဆရာ မေပၚလာသ၍ သူဘာမွ လုပ္လို႔ရမွာ မဟုတ္ဘူး--အကယ္၍ ဆရာ ခ်င္းယြင္ဂိုဏ္းကို ျပန္သြားမယ္ ဆိုရင္ေတာင္ ဂရုစိုက္မွျဖစ္မယ္, ဒါေပမဲ့ နွလံုးေရာဂါကို ေျဖရွင္းျပီးရင္ေတာ့ ဆရာ႔ရဲ႔ ေဘးကင္းမွုက ေသခ်ာသြားပါျပီ"

ရွန္က်စ္ရွန္း, "..."

ဒီအျငင္းအခုံက ေတာ္ေတာ္ေလး က်ိဳးေၾကာင္းဆီေလ်ာ္ပုံေပါက္တာပဲ။

ရွန္က်စ္ရွန္းက ဆက္ျပီး မျငင္းဆန္နုိင္ေတာ့။ အဆံုးမွာေတာ့ နွစ္ေယာက္သား အတင္းအၾကပ္ သေဘာတူညီမွု ရသြားၾကသည္။ အခ်ိန္အတိုင္းအတာ တစ္ခုထိေတာ့ သူတို႔ေတြ ခ်ဳန္းယြီဂိုဏ္းကို လက္လႊတ္ျပီး Undead City ကိုသာ သြားရွာၾကမွာပင္။

ရွန္က်စ္ရွန္းရဲ႔ ခန္႔မွန္းခ်က္က မွန္ကန္ခဲ့သည္။ ခ်ဳန္းယြီဂိုဏ္းရဲ႔ လူေသျပီးေနာက္မွာ စိတ္ဝိညာဥ္သခင္ ခ်ဳန္းယြီက တရားခံကို ခ်က္ခ်င္း ရွာမေတြ႔တာေၾကာင့္ ခ်က္ခ်င္းပင္ လူအုပ္လုိက္ၾကီးျဖင့္ ခ်င္းယြင္ဂိုဏ္းသို႔ ေထာင္လႊားစြာ ေရာက္သြားၾကသည္။

 ဒါေပမဲ့ ဒါက ေနာက္မွေျပာမယ့္ ဇာတ္လမ္းတစ္ပုဒ္ပဲ

သူတို႔ ယခင္က သံုးခဲ့ၾကသည့္ ငါးပ်ံက ဟိုးတုန္းကတည္းက ေသဆံုးသြားခဲ့တာေၾကာင့္ ျမိဳ႔သစ္ကို ေရာက္ေသာအခါ ေနာက္ထပ္ စီးနင္းစရာ နွစ္ေကာင္ ထပ္ဝယ္ၾကသည္။

ဒီျမိဳ႔ကေတာ့ သိပ္မၾကီးတာေၾကာင့္ ေရာင္းခ်သည့္ စီးနင္းစရာမ်ားသည္လည္း အမ်ားၾကီး မရွိေပ။ ၾကိဳးၾကာငွက္ေတြကလြဲရင္ ေၾကာင္ကတိုးနွင့္ ျမင္းပ်ံမ်ားသာရွိသည္။

ရွန္က်စ္ရွန္းက ဝတုတ္တုတ္ ေၾကာင္ကတိုး တစ္ေကာင္အား စိုက္ၾကည့္ေနရင္းျဖင့္ သြမ့္ယြမ္ တစ္ခါက ေျပာဘူးသည့္ ေၾကာင္ကတိုးေတြက ပြတ္သပ္ေပးဖုိ႔အတြက္ေတာ့ အသင့္ေတာ္ဆံုးဟု ေျပာခဲ့သည့္ စကားအား အမွတ္ရလုိက္မိသည္။ သူက ခ်က္ခ်င္း လက္ခုပ္တီးလိုက္ကာ ထုတ္ေျပာသည္။

"ငါေၾကာင္ကတိုး ယူမယ္"

ရန္က်င္းက ျမင္းပ်ံအား ေရြးခ်ယ္၏။

ရန္က်င္းက ဆင္းရဲတဲ့ တပည့္ေလး တစ္ေယာက္သာ ျဖစ္ေနေသးတာမို႔ ရွန္က်စ္ရွန္းကသာ ေငြေပးေခ်လုိက္သည္။ ျပီးတာနဲ႔ ပိုက္ဆံအိတ္အေသးေလးအား ရန္က်င္းရဲ႔ လက္ေမာင္းထဲ ထည့္ေပးလိုက္ျပီးေျပာလိုက္သည္။

"ယူထားလုိက္, သံုးစရာ နည္းနည္းပဲ ရွိတာ သိပ္မေကာင္းဘူး"

ႏွစ္ေယာက္သား သက္ဆိုင္ရာ စီးနင္းစရာမ်ားနဲ႔ ခရီးအား ဆက္ၾကသည္။ယခင္က အေရခြံလဲမိစာၦသည္ Undead Cityဟာ ေျမာက္ဘက္ပိုင္းမွာ ရွိေလာက္တယ္ဟု ေျပာခဲ့တာေၾကာင့္ သူတို႔က ေျမာက္ဘက္ကကိုသြားဖို႔ စီစဥ္လုိက္ၾကသည္။

သူတို႔ထြက္သြားျပီး သိပ္မၾကာခင္မွာပဲ ေခ်ြးေတြ ရႊဲရႊဲ စိုေနသည့္ ေခါင္းေျပာင္ ဘုန္းၾကီးတစ္ပါးက စီးနင္းစရာမ်ား ေရာင္းသည့္ ထိုဆိုင္ကို ေရာက္လာျပီး စံုစမ္းသည္။

ထိုဘုန္းၾကီးက လက္တစ္ဖက္မွာ မုန္႔ေပါင္း တစ္ဝက္အား ကိုင္ထားကာ ေဟာဟဲလုိက္ေနရင္း တစ္ျခားလက္တစ္ဖက္ျဖင့္ ေကာင္တာအား ပုတ္လုိက္၏။ အသက္ကို ျပင္းျပင္း ရွဳျပီးေနာက္မွသာ သူက စကားစေလသည္။

"မင္းျမင္----အဟြတ္---အဟြတ္...ဒိေလာက္ျမင့္တဲ့ တစ္ေယာက္ေယာက္ကုိ ျမင္လုိက္ေသးလား, ဒီလိုမ်ိဳးေလ....အမ္း, ျပီးေတာ့ ဒီလိုပံုစံနဲ႔ လူတစ္ေယာက္ေရာ...."

လက္ဟန္ေျခဟန္မ်ား ျပျပီးေနာက္မွာ သူက ဆက္ေမးသည္။

"အဲ့ဒီလူနွစ္ေယာက္ကိုျမင္ဘူးလား?"

ဆုိင္ရွင္ျဖစ္သူက သူ႔ေၾကာင့္ စိတ္ရွုပ္ျပီး ေၾကာင္ေတာင္ေတာင္ ျဖစ္သြားရသည္။ ခဏေလာက္ အၾကာမွသာ သူကေနာက္ဆံုးေတာ့ တုန္႔ျပန္လာျပီး တံု႔ဆုိင္းစြာ ေျပာလာ၏။

"ၾကည့္ရတာ အဲ့ဒီလူနွစ္ေယာက္ ျဖစ္ပံုပဲ, သူတို႔က ခင္ဗ်ားေဖာ္ျပတဲ့ ပံုစံနဲ႔ ဆင္တူတယ္, အခုေလးတင္ စီးနင္းစရာ တစ္ခုစီ ဝယ္ျပီး သြားၾကျပီ"

"သူတို႔ကဘယ္လို စီးနင္းစရာမ်ိဳး ဝယ္သြားၾကတာလဲ? သူတို႔ထြက္သြားတာ ဘယ္ေလာက္ၾကာျပီလဲ?"

ဒီတစ္ေခါက္ေတာ့ ဆုိင္ရွင္က အလ်င္အျမန္ ျပန္ေျဖလာသည္။

"ေၾကာင္ကတိုးနဲ႔ ျမင္းပ်ံ, သူတို႔က ဒီမနက္ကတင္ ထြက္သြားၾကတာ"

ထိပ္ေျပာင္ ဘုန္းၾကီးက ခါးသီးေနသည့္ မ်က္နွာျဖင့္ အားေလ်ာ့စြာ လက္ေဝွ႔ယမ္းျပသည္။

"ေၾကာင္ကတိုးနဲ႔ ျမင္းပ်ံ....ငါ့မွာရွိတာက က်ိဳးေနတဲ့ ေျခနွစ္ေခ်ာင္းတည္းကို, ဘယ္လိုလုပ္ လုိက္နုိင္မွာလဲ, အာ....ေကာင္းျပီေလ ေက်းဇူးတင္ပါတယ္"

ဆိုင္ရွင္က စိတ္ပါလက္ပါ အၾကံေပးသည္။

"ခင္ဗ်ား လူေတြေနာက္ လုိက္ေနတာဆိုရင္ ျမင္းပ်ံဝယ္သြားပါလား?"

ဘုန္းႀကီးက က်န္တဲ့ မုန႔္ေပါင္း တဝက္ကို ပါးစပ္ထဲ ထည့္ဝါးၿပီး သက္ျပင္းခ်လိုက္သည္။

 "ဒီဘုန္းႀကီးက ဆင္းရဲတယ္၊ ပိုက္ဆံလည္း မရွိဘူး၊ မုန႔္ေပါင္းနည္းနည္းပဲ တတ္ႏိုင္တယ္!" 

သူကသက္ျပင္းရွည္ၾကီး ခ်ေလသည္။ ပတ္ဝန္းက်င္အား ခဏတာ လွည့္ပတ္ၾကည့္ျပီးေနာက္မွာေတာ့ မုန္႔ဆုိင္က မုန္႔ေပါင္းအမ်ားၾကီး ထပ္ဝယ္လိုက္ေတာ့သည္။

ႀကီးမားၿပီး လတ္ဆတ္စြာ ေပါင္းထားသည့္ မုန္႔ေပါင္းမ်ားသည္ အဆုံးမရွိေသာ ေသြးေဆာင္မႈကို ျဖစ္ေပၚေစသည္။ ထိပ္ေျပာင္ဘုန္းႀကီးက ေတာင္ပုံသ႑ာန္ မုန႔္ေပါင္းပုံႀကီးကို ၾကည့္ကာ တံေတြး မ်ိဳခ်လုိက္ျပီး ကိုက္စားခ်င္တာေၾကာင့္ တစ္ခုလွမ္းယူလုိက္၏။

သို႔ေသာ္လည္း သူ႔ကိုယ္သူ ျပန္ထိန္းထားလုိက္သည္။သူ႔ကိုယ္သူ အခ်ိန္အေတာ္ၾကာ ႐ုန္းကန္ၿပီးေနာက္မွာေတာ့ ေနာက္ဆုံးတြင္ ဝမ္းနည္းမႈျဖင့္ သက္ျပင္းခ်ကာ မုန္႔မ်ားကို ထုပ္ပိုးလုိက္ျပီး လူႏွစ္ဦးေနာက္သို႔ ေျပးလိုက္သြားေတာ့သည္။

ထိုအခ်ိန္တြင္ ရွန္က်စ္ရွန္းနဲ႔ ရန္က်င္းတို႔ကေတာ့ သူတို႔ရဲ႔ ခရီးစဥ္အား အလ်င္အျမန္ ေလ်ွာက္လွမ္းေနၾကသည္။Undead City အျပင္ဘက္မွာ လျဖဴေရာင္  ပန္းေတြ ရွိတယ္ဟု ဆိုၾကသည္ေလ။ ပန္းေတြ႔တာနဲ႔ ျမိဳ႔နဲ႔ သိပ္မေဝးေတာ့ဘူး ဆိုတာပဲ

ႏွစ္ေယာက္သားက အျမင္အာ႐ုံေကာင္းေသာေၾကာင့္ ခရီးတစ္ေလွ်ာက္လုံး ပန္းပြင့္ကို ျမင္နုိင္ရန္ ေအာက္ဘက္ရႈခင္းကို ၾကည့္ေနၾကသည္။

သို႔ေသာ္လည္း နွစ္ရက္ၾကာေအာင္ ပ်ံသန္းျပီးေနာက္မွာ ရွန္က်စ္ရွန္းက ရန္က်င္းအား စီးစရာ လဲစီးဖို႔ စည္းရံုးေတာ့သည္။

ေၾကာင္ကတိုး အေမႊးထူထူၾကီးေတြက ပြတ္ဖို႔ေတာ့ သက္ေတာင့္သက္သာ ုျဖစ္ေပမယ့္.... အရမ္းေခ်ာ္တယ္!

ရွန္က်စ္ရွန္းက ေၾကာင္ကတိုးေပၚ ထိုင္ခ်လုိက္တဲ့ အခ်ိန္မွာပဲ သူ႔သားေမြးေတြကိုမပြတ္ပဲ မေနနုိင္ဘူး။ ဒါေပမဲ့ သားေမြးေတြကို ပြတ္ေပးလိုက္တဲ့အခ်ိန္မွာ ေၾကာင္အေမႊးေတြက ဖြာလာေရာ။ ေၾကာင္ေမႊးေတြ ဖြာလာတာနဲ႔ ရွန္က်စ္ရွန္းက နွာေခ်ခ်င္သလုိ ခံစားလိုက္ရတယ္ေလ။

ထို႔ေၾကာင့္ နွစ္ရက္အၾကာမွာ ရွန္က်စ္ရွန္းက ရန္က်င္းတစ္ေယာက္ ျမင္းပ်ံေပၚ တက္ေတာ့မွာကို ျမင္တဲ့အခ်ိန္ ရန္က်င္းရဲ႔ အက်ၤီလက္စေလးအား လွမ္းဆြဲလုိက္ကာ အလြန္ကို စိတ္ရင္းမွန္လွစြာ ေျပာလာသည္။

"အားက်င္း, ေၾကာင္ကတိုးတစ္ေကာင္ေပၚ ထိုင္ဖူးလား? အရမ္းေပ်ာ္စရာေကာင္းတယ္, မင္းစီးၾကည့္လို႔ရေအာင္ စီးစရာ ေျပာင္းစီးၾကရေအာင္ေလ"

ရန္က်င္းက သူ႔ကို တစ္ခ်က္ၾကည့္ျပီးတာနဲ႔ သူနဲ႔ေနရာလဲေပးလုိက္ျပီး ေၾကာင္ကတိုးေက်ာေပၚ တက္ထုိင္လုိက္သည္။

ရွန္က်စ္ရွန္းက ျမင္းပ်ံကို ရသြားျပီး ေက်နပ္အားရစြာ ေခါင္းကို ပြတ္ေပးလိုက္၏၊

--အရမ္းေကာင္းတယ္, အေမႊးက်ြတ္တာလည္း မရွိဘူး

သူက ျမင္းပ်ံအား ေပ်ာ္ေပ်ာ္ရႊင္ရႊင္ နွုတ္ဆက္ျပီးေနာက္ ရန္က်င္းအား ေခါင္းလွည့္ၾကည့္လုိက္သည္။

အေမႊးဖြားဖြားနဲ႔ ေၾကာင္ကတိုးက ၾကည့္ရတာ အေတာ္ေလး ခ်စ္စရာေကာင္းလွသည္။ ေၾကာင္ေနာက္ေက်ာမွာထိုင္ေနတဲ့ မ်က္ႏွာေအးစက္စက္နဲ႔ အမူအရာကင္းမဲ့လွေသာ ရန္က်င္းနဲ႔ ယွဥ္လိုက္တဲ့အခါ ျခံဳၾကည့္ရတဲ့ ပံုစံက.....ေတာ္ေတာ္ေလးကို စိတ္ဝင္စားဖို႔ေကာင္းတယ္

ရွန္က်စ္ရွန္းက ရန္က်င္းေရွ႔မွာ မရယ္မိေအာင္ ၾကိဳးၾကိဳးစားစား ထိန္းခ်ဳပ္ထားလုိက္ရသည္။ ထို႔ေနာက္ ေခါင္းျပန္လွည့္လုိက္ျပီးသူ႔အျပံဳးကို ဖုန္းကြယ္လုိက္၏။

"သြားရေအာင္"

သူတို႔ေတြ စီးစရာ လဲလုိက္သည့္အတြက္ ထိုေန႔မွာ ရွန္က်စ္ရွန္းက အေတာ္ေလး ေပ်ာ္ရႊင္ေနသည္။ သူက ေထာင့္ေလးတစ္ေနရာေတာင္ မက်န္ေအာင္ ေသေသခ်ာခ်ာ အာရံုစိုက္ျပီးပင္ ၾကည့္ေနလုိက္ေသးသည္။

သူတို႔က ညေနေစာင္းထိ ပ်ံသန္းေနၾကျပီး ညခင္းအခ်ိန္ေရာက္မွသာ တိတ္တဆိတ္ ဆင္းသက္ၾက၏။

ရွန္က်စ္ရွန္းတစ္ေယာက္ အနားယူဖို႔ ေနရာရွာေတာ့မယ့္ အခ်ိန္မွာပဲ မ်က္လံုးတစ္မွိတ္အတြင္းမွာ အနီးအနားက လျဖဴပန္းပြင့္ အၾကီးၾကီးကို ရုတ္တရက္ ေတြ႔လုိက္ရသည္။

"အားက်င္း" သူက ျမင္းပ်ံအား လက္ျဖင့္ ပုတ္၍ အရွိန္ေလ်ွာ့ခိုင္းလိုက္ကာ သူ႔မ်က္လံုးမ်ားကေတာ့ လျဖဴပန္းေပၚမွာသာ တည္ရွိေနသည္။

"ဟိုမွာ ပြင့္ေနတာကို ၾကည့္လုိက္ဦး.....အဲ့ဒါ မကၡရုမိစာၦရဲ႔ လက္ေကာက္ဝတ္က ပန္းနဲ႔တူလား?"

14.5.2022

============

Translator's Note

ကုသိုလ္တရားေတြ ထံုမႊမ္းတဲ့ ကဆုန္လျပည့္ေန႔ေလး ျဖစ္ပါေစ

============

Continue Reading

You'll Also Like

135K 14.8K 49
This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့ အသစ်တဖန်မွေးဖွားခြင်း(Rebirth)ပါ...
127K 22.6K 14
Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Mo...
133K 24.8K 100
English Name After the little crybaby enters the nightmare cycle Author(s) 菊长大人 Status in COO 127 chapters Associated Names Sau Khi Túi Khóc Nhỏ Tiế...
111K 20.4K 31
Title Gossip! The Prince and the Dragon, That Shameless Couple အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ အတင္းအဖ်င္း! အရွက္မရွိတဲ့ မင္းသားန...