နေရောင်ကိုကျောခိုင်းထားတဲ့နေက...

By Mahuyar_DA9902

186K 12.9K 1.3K

"ဘယ်သူက ပိုချစ်လဲလို့ မေးလာကြတဲ့အခါ ခင်ဗျားကသာ ပိုချစ်တာလို့ ကျွန်တော် ဖြေပါ့မယ်" "ဘယ္သူက ပိုခ်စ္လဲလို႔ ေမးလာ... More

AN
Part 1
Part 1 (Z)
Part 2
Part 2 (Z)
Part 3
Part 3 (Z)
Part 4
Part 4 (Z)
Part 5
Part 5 (Z)
Part 6
Part 6 (Z)
Part 7
Part 7 (Z)
Part 8
Part 8 (Z)
Part 9
Part 9 (Z)
Part 10
Part 10 (Z)
Part 11
Part 11 (Z)
Part 12
Part 12 (Z)
Part 13
Part 13 (Z)
Part 14
Part 14 (Z)
Part 15
Part 15 (Z)
Part 16
Part 16 (Z)
Part 17
Part 17 (Z)
Part 18
Part 18 (Z)
Part 19
Part 19 (Z)
Part 20
Part 20 (Z)
Part 21
Part 21 (Z)
Part 22
Part 22 (Z)
Part 23
Part 23 (Z)
Part 24
Part 24 (Z)
Part 25
Part 25 (Z)
Part 26
Part 26 (Z)
Part 27
Part 27 (Z)
Part 28
Part 28 (Z)
Part 29
Part 29 (Z)
Part 30
Part 30 (Z)
Part 31
Part 31 (Z)
Part 32
Part 32 (Z)
Part 33
Part 33 (Z)
Part 34
Part 34 (Z)
Part 35
Part 35 (Z)
Part 36
Part 36 (Z)
Part 37
Part 37 (Z)
Part 38
Part 38 (Z)
Part 39 (Final)
Part 39 Final (Z)
Special Part
Special Part (Z)
Bonus Part Special (Z)
Bonus Part Special - 2
Bonus Part Special - 2 (Z)

Bonus Part Special

2.9K 172 221
By Mahuyar_DA9902

'Bonus Part Special'

(ဒီအပိုင်းလေးဟာလည်း ဇာတ်သိမ်းနဲ့ ဆက်စပ်ထားခြင်းမရှိပဲ လတ်တလော ချစ်စရာကောင်းတဲ့ အဖြစ်ပျက်လေးတစ်ခုကို အသက်သွင်းပေးလိုက်တာဖြစ်ပါတယ်။ ဖတ်ရှုပေးမယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ် အစိတ်ပိုင်းလေးတစ်ခုကို ထပ်မံထိတွေ့ရမှာပါ။)

တံခါးဘောင်ပေါ်တွင် မှီကာ မူးနေသည့် ပိုင်ငယ်က မျက်လုံးများမှိတ်ကာ ပတ်ဝန်းကျင်ကို မေ့လျော့နေဟန်။ ထိုအခြေနေတွင် ဘေးကျပ်နံကျပ် ဖြစ်နေရသူက ကိုခန့်ပင်။ မေမြတ်ကတော့ ဘာမှမပြောတော့ပဲ ကိုခန့်ကို တလှည့် ပိုင်ငယ့်ကို တလှည့်ကြည့်နေမိသည်။ ထိုအချိန်တွင် တံခါးလာဖွင့်ပေးသူက ကြီးမေ။

"ကိုခန့် သားလေး ကြီးမေက စိတ်ပူ... ဟင် ဒီကောင်လေးက ဘယ်လိုလုပ်ရောက်နေတာလဲ"

ကြီးမေ၏ အမေးကို ကိုခန့်က ပြုံးပြမိသည်။

"ဟီး ကြီးမေ မောင်က တော်တော်လေးမူးနေလို့ .. ဒီည အိမ်မှာပဲ သိပ်လိုက်မယ်နော်"

"မရပါဘူး သူ့မှာ အိမ်ရှိတာပဲ ပြီးတော့ အစောကြီးရှိနေသေးတယ်.. သွား သွား သူ့အိမ်ကို ပြန်ပို့လိုက်"

ကြီးမေက တစ်ချက်လွှတ်အမိန့်ပေးသည့်အခါ ကိုခန့်မှာ တိုက်ပွဲဝင်ရတော့ပေမည်။

"ကြီးမေကလည်း မောင်က..."

"တ မောင် မောင် လုပ်မနေနဲ့ သွား... ပြန်ပို့လိုက်"

"ကြီးမေ သား... ပင်ပန်းနေပြီ အိပ်ချင်တယ်"

"ဟုတ်တာပေါ့ ခန့်ငယ်လေးက ပင်ပန်းနေပြီ.. လာ အထဲဝင် သူ့ကိုတော့ ပြန်မပို့ချင်လည်း ဒီတိုင်းထားခဲ့လိုက်"

ကြီးမေက မောင့်ကို စိတ်ဆိုးနေသည်။ ရှေ့အပတ်ထဲတွင် မောင်က ကိုခန့်နှင့် စကားများကြရာမှ မေမြတ်နှင့်ပါ ကတောက်ကဆဖြစ်ကာ ကြီးမေကပါ စိတ်ဆိုးနေခြင်းပင်။ ထို့ကြောင့် ကိုခန့်က မောင်နှင့် ခွဲနေရသည်မှာ ရက်ပိုင်းခန့်ရှိနေပြီဖြစ်သည်။

နေ့လည်က မောင့်ထံမှ အဆက်သွယ်ရပြီးနောက် မောင်နှင့်အတူ Bar တွင် အဖော်လိုက်ပေးမိသည်။ မောင့်ကို မူးအောင်မသောက်ရန်တားသော်လည်း မောင်က ခုရက်ပိုင်းစိတ်ပင်ပန်းနေသည်ဟုဆိုကာ မူးမှောက်နေအောင် သောက်တော့သည်။

ထို့ကြောင့် အိမ်ပြန်ချိန်တွင် ကိုခန့်တို့နေထိုင်ရာ တိုက်ခန်းသို့သာ ခေါ်လာခဲ့ရသည်။ သို့သော် ပြဿနာက ထိုမျှနှင့် မပြီးသေးပေ။ ကြီးမေက မောင့်ကို စိတ်ဆိုးမပြေသေးချေ။

"ခန့်ငယ် ကြီးမေ ခေါ်နေတယ်လေ... မြတ်လေး သမီးလည်း ဝင်တော့... နင်တို့ မောင်နှမနှစ်ယောက်ကို အပြင်လေးတစ်ခါ ပို့မိပါတယ် ဘယ်နှယ့်တော် အမူးကောင်ကို ခေါ်လာရတယ်လို့"

မေမြတ်ကတော့ ကြီးမေနှင့် ကိုခန့်တို့ကြား ဝင်မပါသော်လည်း ဖြစ်ပျက်နေသည်များက ရယ်ရလွန်းသဖြင့် ရယ်ချင်စိတ်ကို မနည်းအောင့်ထားနေရသည်။ ထို့ကြောင့် မေမြတ်၏ မျက်နှာမှာ စပ်ဖြီးဖြီးလေး ဖြစ်နေပေလိမ့်မည်။

"ကိုကို ဝင်ရအောင်... နော်"

"အင်"

"ထားခဲ့လိုက်တော့လေ"

"အင်... မောင်... မောင့်ကို ထားခဲ့ရမှာလား"

"အွန်းဆို... သူလည်း အိပ်ပျော်နေတာပဲလေ နိုးလာရင် သူ့ဘာသာ အိမ်ပြန်လိမ့်မယ်"

"အင် အပြင်မှာ မောင့်ကို ထားခဲ့ရ..."

ကိုခန့် စကားမဆုံးခင်ကြီးမေက ဝင်ပြောလာခဲ့သည်။

"မြတ်လေးပြောတာမှန်တယ် နိုးရင် သူ့ဘာသာ ပြန်မှာပေါ့ကွယ်... လာ ခန့်ငယ်က နေကောင်းတာလည်းမဟုတ်ပဲနဲ့"

"ဟင့်အင်း .. မောင့်ကို ပေးမဝင်ရင် ခန့်ငယ်လည်း ဒီမှာပဲ မောင့်နဲ့အတူတူအိပ်လိုက်မှာ"

"ဟင် ဒီကလေး ပြောရခက်လိုက်တာ .. ဆရာဝန်ဖြစ်အောင် သင်ထားတဲ့ပညာတွေ ဘယ်နား သွားပစ်လိုက်ပြီလဲ"

"ဆရာဝန်ကရော မချစ်ရတော့ဘူးလား ကြီးမေ... ဆရာဝန်ဖြစ်တာနဲ့တင် မောင့်ကို အပြင်မှာ ထားခဲ့ရတော့မှာလား... ဘာမှမဆိုင်ဘူး သင်ထားတဲ့ပညာနဲ့ မောင့်ကိုချစ်တာနဲ့ ရောထွေးလို့ရလား"

"ခန့်ငယ်"

"ဟင့်အင်း... ဟင့်အင်း မောင့်ကိုပါ အထဲပေးဝင်မှ ခန့်ငယ်လည်းဝင်မှာ"

"ခန့်ငယ်... ကြီးမေပြောနေတယ်လေ"

"ဟင့်အင်း... မောင် သနားပါတယ်... ပေးဝင်လိုက်ပါနော်..."

ကိုခန့်က ပြောရင်း ငိုသံပါလာပြီး မျက်ရည်များပင် ဝိုင်းလာတော့သည်။ ထိုအခြေနေကို ဝင်ထိန်းပေးလိုက်သူက မေမြတ်ပင်။

"ကြီးမေရယ် စိတ်လျော့လိုက်ပါတော့... ကိုကိုက သိပ်လည်းနေမကောင်းဘူး တော်ကြာ ပြန်ဖျားနေမယ်... လာ ကိုကို ပိုင်ငယ့်ကို တွဲထူလိုက်"

မေမြတ်က ပြောပြောဆိုဆို ပိုင်ငယ့်ကို ဝိုင်းတွဲပေးသည်။ မေမြတ်စကားကြောင့် ကိုခန့်မျက်နှာများ ဝင်းပ သွားရှာတော့သည်။

"မောင် လာ အထဲဝင်မယ်"

"အင်... အင် အင်းးး..."

ပိုင်ငယ်ကတော့ မျက်လုံးများမှိတ်ထားရင်း မေမြတ်ကို မှီထားသည်။

"ဟဲ့ ဪ ငါ့ကို မမှီနဲ့ဟဲ့ ... နင့်အရပ်ကြီးနဲ့ ... ငါ့ကျေးဇူးနဲ့ အိမ်ထဲဝင်ရတာ မဟုတ်ရင် နင် အပြင်မှာ ဂိနေလောက်ပြီ"

မေမြတ်က ပွစိပွစိပြောရင်း တွဲခေါ်ပေးရှာသည်။

"ကျေးဇူးကန်းတဲ့အကောင်"

"ဟင်.. အင် အင် ဘာကြီးလဲ"

ပိုင်ငယ်က နိုးလာပြီး မေမြတ်ကို စကားပြန်ပြောသည်။

"ငါ့.. ဖက်ကိုမမှီနဲ့... နင့်အရပ်ကြီးနဲ့ ငါ ပိနေပြီဟဲ့"

"သေတော့ မသေသေးဘူးမလား.. ငါက သိပ်မဝပါဘူး"

"ဟဲ့ အမလေးနော် တော်စမ်း ဝင်... ဝင် အခန်းထဲ ကြွ"

ကြီးမေကတော့ ပြောမနိုင်သည့်အဆုံး ကြည့်သာနေရတော့သည်။

မေမြတ်က ပိုင်ငယ့်ကိုတွဲကာ အခန်းထဲရှိ ကုတင်ပေါ် ကူပြီးတင်ပေးရှာသည်။

"ကိုကို အဝတ်တွေလဲဦး ချွေးတွေနဲ့"

"အွန်း လဲလိုက်ပါ့မယ် မြတ်လေး ... ဒါနဲ့ မောင့်အတွက် သံပုရာရည်လေး ဖျော်ပေးပါလား"
"ဘာ"

"ဖြည်းဖြည်းအော်ပါ မြတ်လေးရယ် လန့်သွားတာပဲ"

"အင်း... အင်း ပို့မယ့်ပို့တော့လည်း ကူးတို့ရောက်အောင် ပို့ရတော့မှာပေါ့"

မေမြတ်က ပြောပြောဆိုဆိုနှင့် သံပုရာရည်ဖျော်ရန် ထွက်သွားသည်။

မေမြတ်ထွက်သွားမှ ကိုခန့်က အပေါ်ထပ်လက်ရှည်ကို ချွတ်လိုက်သည်။ မောင့် စိတ်ဖြင့် ကိုခန့် လှုပ်ရှားနေခြင်းသာ။ ကိုခန့် ကိုယ်လက်များကိုက်ခဲပြီး ခေါင်းကလည်း တချက်တချက်မူးသည်။ သို့သော် ထိန်းရင်း ထလိုက်ပြီး ဗီရိုကိုဖွင့်လိုက်သည်။ ခန္ဓာကိုယ်ကယိုင်ကျသွားသည့်အခါ ခေါင်းကိုဖိပြီး ပြန်ထိုင်ရန်ပြင်လိုက်သော်လည်း နောက်မှ တစ်စုံတစ်ယောက်၏ ထိန်းဖက်ခြင်းကို ခံလိုက်ရတော့သည်။

"ကိုခန့်"

"ဟင် ... မောင်"

ပိုင်ငယ်က နောက်မှ ကိုခန့်ကို ထိန်းဖက်ထားလိုက်ခြင်းဖြစ်သည်။

"မောင် ဘယ်ချိန်က နိုးနေ..."

"မောင် အိပ်မှ မအိပ်တာ"

"အင်"

"မောင်... မူးနေတာ မဟုတ်ဘူးလား"

"မောင့် ဘယ်လောက်သောက်နိုင်လဲ ကိုခန့်သိရဲ့သားနဲ့ ... ၄ ခွက်လောက်လေး သောက်တာက မူးစရာလား"

ပိုင်ငယ်က ပြုံးပြရင်း လက် (၄) ချောင်းကို ထောင်ပြလာလေသည်။

"အင်... ဒါဆိုရင်..."

"အင်း မမူးဘူး... ဟန်ဆောင်တာလေ.. အဲ့တာကြောင့် ကိုခန့်အခန်းထဲရောက်လာတာပေါ့ ကိုခန့်ရဲ့"

"မောင်ကကွာ..."

ကိုခန့်ကို လည်ပင်းကို ပိုင်ငယ်က အသာယာ နမ်းလိုက်သည့်အခါ ကိုခန့်က မျက်လွှာလေးများချလိုက်သည်။ ကိုခန့်ကို အနီးကပ်မြင်နေရသည့် ပိုင်ငယ်က မြတ်နိုးမဝစွာ ကြည့်နေမိသည်။ ကိုခန့်က မျက်လွှာချထားသည့်အတွက် စင်းကျနေသည့် မျက်တောင်များက ကဗျာဆန်လှသည်။ ကိုခန့်က ဘယ်ချိန်ကြည့်ကြည့် မြတ်နိုးဖွယ်အတိ။

"ချစ်လိုက်ရတာ မောင့် အချစ်ရာ... မောင် စိတ်ဆိုးမိလိုပါ နောက် မအော်တော့ပါဘူး... မောင့်ကို ခွင့်လွှတ်တယ်မဟုတ်လား"

ကိုခန့်က ပိုင်ငယ့်အမေးကို ပြန်မဖြေပဲ တိတ်ဆိတ်နေသည်။ ပိုင်ငယ်က ကိုခန့်ကို မျက်နှာချင်းဆိုင် လှည့်လိုက်ပြီး နှုတ်ခမ်းကို ထိရုံလေး နမ်းသည်။ ကိုခန့်က မျက်လုံးများကို မှိတ်ထားပေးသည်။ အထိအတွေ့က နှစ်ယောက်လုံးအတွက် ရူးသွပ်သွားရန်ပင် လုံလောက်နေပေပြီ။

"လွမ်းနေရတာကွာ သေမတတ်ပဲ မောင့်မှာလေ အချစ်မရှိတာ့ နေရတာ အဆင်မပြေဘူး .. ဘာဆိုဘာမှ အဆင်မပြေတာ"

".................................."

"မောင် မေးနေတာ ဖြေအုံးလေ အချစ်ရဲ့"

"ငါသာ ခွင့်မလွှတ်သေးရင် မင်း ခုဆို လမ်းပေါ်အိပ်နေရမှာလေ အရူးကောင်ရဲ့"

"အား ချစ်လိုက်တာကွာ"

- ဒေါက် ဒေါက် -

"ကိုကို.. မြတ် ဝင်လာလို့ရလား"

ထိုအချိန်တွင် မေမြတ်က တံခါးလာခေါက်သည့်အတွက် ပိုင်ငယ်က ကုတင်ပေါ်ပစ်လှဲချကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ကိုခန့်က ပိုင်ငယ့်ကို ကြည့်ကာ တစ်ချက်ရယ်လိုက်ပြီးမှ မေမြတ်ကို အသံပြန်ပေးလိုက်ရသည်။

"အင်း.. မြတ်လေး ဝင်ခဲ့"

"ရော့ ရပြီ .. ကိုကို့အတွက်က နွားနို့ ယူလာတယ်"

"အင်း တင် ... တင် ထားခဲ့ မြတ်လေး.. ကျေးဇူးပါ"

မေမြတ်က သံပုရာရည်ခွက်ကို ကုတင်ခေါင်းရင်းရှိ ခုံလေးပေါ်တင်လိုက်ပြီး ပိုင်ငယ့် ဆံပင် တစ်မွှေးကို ခပ်ဆတ်ဆတ်လေး ဆွဲနှုတ်ပစ်လိုက်သည်။

"အား"

မေမြတ်၏ ရုတ်တရက်ဆန်မှုကြောင့် ပိုင်ငယ်က ထအော်ရပြီး ကိုခန့်ကတော့ ခဏလောက် ကြောင်သွားလေသည်။

"ဟန်ဆောင်မနေနဲ့ နင်နဲ့ ပေါင်းလာတာ ကြာပြီ... ပိုင်ငယ်... ထတော့... နင် မမူးမှန်း ငါသိတယ်"

ပိုင်ငယ်က ထထိုင်လိုက်ပြီး ခပ်ဟဟရယ်သည်။

"ငါ့ သူငယ်ချင်းလေးက တော်တော်သိနေတာပဲ"

"ဟဲ့ .. ငါက နင့်အကြောင်းမသိစရာလား"

"ဟဲဟဲ.. အေးပါ .. နင် တော်ပါတယ်"

မေမြတ်က ကိုခန့် နဖူးကို စမ်းပြီး ကုတင်ပေါ်ထိုင်စေသည်။ ထို့နောက် ယူလာသည့် နွားနို့ခွက်ကို လက်ထဲထည့်ပေးသည်။

"သောက်လိုက် ကိုကို"

"အင်း"

ကိုခန့်က နွားနို့ကို ကုန်အောင်သောက်လိုက်သည်။

"မြတ်ကလေ ကိုကို့ကို စိတ်ချမ်းသာစေချင်တယ် ကိုကိုပျော်ရွှင်နေတာမျိုးလိုချင်တယ် ကျန်တာတွေ မြတ်လုပ်မပေးတတ်ဘူး"

"ကိုကို့ ညီမလေးက တော်ပြီးသားပါ"

"ကိုကိုက ကျန်းကျန်းမာမာနဲ့ ဒီညီမလေးနဲ့အတူတူရှိပေးရမယ် သိတယ်မဟုတ်လား..."

"အင်း"

ထို့နောက် မေမြတ်က ပိုင်ငယ့်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။

"နင်လည်း... နားလိုက်အုံး ကိုကိုက သိပ်နေမကောင်းဘူး .. နင်က ခေါ်ထုတ်လို့သာ ငါ လိုက်ပို့ပေးတာ... ငါ ကြီးမေ စိတ်ပြေအောင် ချော့လိုက်အုံးမယ်"

"ကျေးဇူးပါပဲ မြတ်"

"အေး .. ငါ့ကို ကျေးဇူးတင်ရင် ကိုကို့ကို စိတ်ဆင်းရဲအောင်မလုပ်နဲ့"

"အင်းပါ မြတ်ရယ်"

မေမြတ်က အပြင်ထွက်ရန် တံခါးလက်ကိုင်ကို လှည့်လိုက်ပြီးမှ နောက်ပြန်လှည့်ကြည့်လာသည့် အတွက် ပိုင်ငယ်က ဘာလဲဟူသော ပုံစံဖြင့် မေးဆတ်ပြမိသည်။

ထို့နောက် မေမြတ်က လက်တွင်ပါလာသည့် လင်ဗန်းဖြင့် ပိုင်ငယ့်ခေါင်းသို့ ခေါက်ချလိုက်တော့သည်။

- ဒေါင် -

"အား"

"မှတ်ပလား မူးချင်ယောင်ဆောင်ပြီး ငါ့ကို မညှာမတာ မှီချင်အုံး"

"အာ"

"ကိုကို့ကို မမှီလို့ ကျေးဇူးတင်ပေမယ့် ငါ့ကို မှီချင်အုံးဟဲ့"

ထို့နောက် မေမြတ်က အခန်းပြင်သို့ ထွက်သွားလေသည်။ ပိုင်ငယ်ကတော့ ခေါင်းကိုသာ အသာယာဖိနေမိသည်။ ကိုခန့်ကတော့ ထိုအခြေနေများကို ခပ်ပြုံးပြုံးသာ ကြည့်နေတော့သည်။

အိပ်ယာပေါ်တွင် လှဲနေသည့် ကိုခန့်က အဖျားတက်လာသည့်အတွက် မျက်လုံးများစင်းနေသည်။

ပိုင်ငယ်က ကိုခန့်လက်အား ကိုင်ထားပြီး စောင်ကို ရင်ဘတ်ပေါ်ဆွဲတင်ပေးလိုက်သည်။

"ကိုခန့် ဘာစားချင်လဲ... မောင် တစ်ခုခု လုပ်ပေးရမလား"

ပိုင်ငယ့် အမေးကို ကိုခန့်က မျက်လုံးမဖွင့်ပဲ ခေါင်းခါပြသည်။

"မောင့်ကို ချစ်လား"

ထိုမေးခွန်းကို မေးလိုက်သည့်အခါ ကိုခန့်၏ မျက်လုံးလှလှများ ဖြည်းညင်းစွာပွင့်လာခဲ့သည်။

"အဲ့တာကို ဖြေစရာလိုသေးလို့လား မောင်"

ပိုင်ငယ်က ကိုခန့်ဆံပင်လေးများကို အသာယာသပ်တင်ပေးလိုက်သည်။ ဆုပ်ကိုင်ထားသည့် လက်လေးကို အသာယာဖျစ်ညှစ်မိသည့်အခါ နှလုံးသားမှ ကြည်နူးမှုတို့က အတိုင်းဆမဲ့စွာ ပေါ်ထွက်လာခဲ့သည်။

ကိုခန့်က ပိုင်ငယ့်အတွက်တော့ အစားထိုးမရနိုင်သည့် ဖြစ်တည်မှု။ ကိုခန့်အတွက်လည်း ပိုင်ငယ်က ဘယ်တော့မှ အစားမထိုးနိုင်သည့် အရာရာအားလုံးပင်။

"မောင် မှားသွားပြန်ပြီ အချစ်"

"ဘာကိုလဲ မောင်"

"မောင့်အတွက်နဲ့ ကိုခန့် ဖျားပြန်ပြီ"

"မောင်"

"အင်း"

"မောင် ငါ့ဘေးမှာရှိတယ်လေ.. ငါ ဖျားတာလောက်ကတော့ မမှုတော့ပါဘူး"

"ကိုခန့်..."

"မောင့်သာဘေးမှာ ရှိနေပေးရင် ရပြီ... လွမ်းတယ်"

'ရွာသွန်းနေတဲ့ မိုးစက်တွေ

မှုန်မှိုင်းနေတဲ့ မြူခိုးဝေဝေ

တောက်ပတဲ့ နေရောင်ခြည်ရဲ့အပြုံးချို

အားလုံးဟာ အလှတရားဖြစ်ခဲ့ရင်

ဉဩငှက်ရဲ့ ငိုသံတွေထဲမှာ

ငါ့ရဲ့ အလွမ်းတွေပါ ပေါင်းထည့်မိချင်ပါရဲ့'

"အင်း မောင်လည်း လွမ်းတာပဲ အချစ်ရဲ့"

ညဝတ်လက်ရှည်လေးကို တံတောင်ဆစ်နားထိ ခေါက်တင်ထားပေးပြီး ပိုင်ငယ်က ကိုခန့်လက်လေးများကို အသာယာနှိပ်ပေးနေမိသည်။

ရန်ဖြစ်သည့်နေ့က ဘာမှမဟုတ်သည့်ကိစ္စကို ပိုင်ငယ့်ဘက်မှ အထိမခံနိုင်အောင် ပြန်ပြောချင်လာသည်။ ထို့ကြောင် အချေအတင်ပြောကြရင်း ကိုခန့်က ဝမ်းနည်းသွားရသည်။ ထို့အတွက် ငိုကာ အိမ်ပေါ်မှ ဆင်းသွားခြင်းဖြစ်လေသည်။

ထို့ကြောင့် ပိုင်ငယ်က မေမြတ်ကို အကူညီတောင်းပြီး ကိုခန့်အား ခေါ်လာခိုင်းရသည်။ ကိုခန့် အိမ်ပေါ်မှ ဆင်းသွားသည့်ရက်များတွင် ပိုင်ငယ့်အတွက် အဆင်မပြေလှခဲ့။ လွမ်းသည်။ ထိုထက်လည်းပိုသည်။

နေမကောင်းသည့် ကိုခန့်က ပင်ပန်းသည့်အရှိန်ဖြင့် ပြန်ဖျားသည့်အခါ ပိုင်ငယ့်မှာ အပြစ်ပိုကြီးသလို ခံစားရတော့သည်။

ဖျားနေသည့် ကိုခန့်က ပိုင်ငယ့်ကို ကြည့်နေသည့်အခါ ပိုင်ငယ် တိတ်ဆိတ် မနေနိုင်တော့ပေ။ ထို့ကြောင့် စကားစပြောရလေသည်။

"အချစ် အိပ်လေ"

"မအိပ်ချင်ဘူး"

"ဟင် ဘာလို့လဲ အချစ်ရဲ့"

"နိုးလာရင် မောင် ပြန်သွားမှာ ကြောက်လို့"

ထိုစကားကြောင့် ပိုင်ငယ့်ရင်ဘတ်များ အောင့်မျက်လာရသည်။

"မပြန်ပါဘူး အချစ်ရဲ့ အိပ်လိုက်နော် .. ဆေးသောက်ထားတာကို အိပ်ရမယ်လေ လိမ္မာပါတယ်"

"ဟင့်အင်း မလိမ္မာချင်ဘူး"

"ကိုခန့်... အချစ်ကကွာ ဆိုးလိုက်တာ..."

"မောင် တစ်ခုလောက် တောင်းဆိုချင်လို့"

"အင်း ပြောလေ အချစ်ရဲ့..."

"အေးလို့"

"အွန်း စောင်တစ်ထည် ထပ်ထုတ်ပေးရမလား"

"မဟုတ်ဘူး မောင်ရဲ့"

ပိုင်ငယ် မျှော်လင့်ထားသည်က ကိုခန့်မှ ပိုင်ငယ့်ကို အတူတူဖက်အိပ်ပေးရန် တောင်းဆိုမည်ဟုပင်။ သို့သော် ကိုခန့် နှုတ်မှ ထွက်ပေါ်လာသည့်စကားကြောင့် ပိုင်ငယ်မှာ မျက်ရည်ပင် အတောင့်လိုက်ကျချင်သွားရတော့သည်။

ကိုခန့် ပြောလိုက်သည့်စကားမှာ...

"................."

(ကိုခန့် ဘာပြောမယ်ထင်လဲ ထင်တာလေးတွေ ရေးသွားပေးမလားရှင်။)

Continue Reading

You'll Also Like

300K 10.8K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.9M 155K 52
ချမ်းသာကြွယ်ဝမူတွေနဲ့ဂုဏ်ရှိန်ပြင်းတဲ့ မိုးထိခေါင်မှိုင်း ဟာအိမ်ထောင်ကွဲဖြစ်ပြီးငါးနှစ်အရွယ်သားလေးတစ် ယောက်ရှိပေမဲ့ သားလေးရဲ့ပူဆာမူကြောင့်ညီလေးတစ် ယေ...
253K 13.2K 81
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...