Yoongi ေမာေမာႏွင့္ ႐ုံးသို႔ ျပန္လာခဲ့သည္.....
႐ုံးေရာက္ေတာ့ ေကာင္ေလးကို မေတြ႕ရေတာ့......
အိမ္ျပန္သြားပီတဲ့......
ဪ တစ္လုံးသာဆိုကာ Yoongi ၿငိမ္ေနမိသည္......
တကယ္ပဲ သူနဲ႔ ဟိုေကာင္နဲ႔ဆက္ဆံေရးက.....
ဟာ မဟုတ္ေလာက္ပါဘူး Jungkook မွာ Han Yura ရွိပီးသား......
" Boss ဟို ဟိုေလ.... "
မရဲတရဲေျပာလာျပန္ေသာ Woo Bin အား Yoongi စိတ္မရွည္သည့္ပုံစံျဖင့္ တစ္ခ်က္လွမ္းၾကည့္လိုက္သည္......
" က်စ္ ဘာကိစၥလဲ..... "
" ဟိုေလ ဟို..... ဟို..... "
" Yarrrr မင္း တဟိုဟိုနဲ႔ ပီးေတာ့မွာလား ေဘာကို တဟိုဟိုနဲ႔.... "
" ဟုကဲ့ ခုနေလးတင္ Jay ကဖုန္းလွမ္းဆက္တယ္ ဟိုလူရဲ႕အေလာင္းမွာ အန္တီ Hi Hyung ရဲ႕ဖုန္းနံပါတ္ေတြ႕
တယ္ဆိုလား...... "
" ဘာ....... !!!!! "
မယုံၾကည္ႏိုင္ေသာ ကမာၻပ်က္သတင္းတစ္ပုဒ္အား Yoongi ၾကားလိုက္ရသည့္ႏွယ္ မ်က္ႏွာပ်က္သြားမိ၏။
ေဒၚေလး Hi Hyung ကဘာလို႔....
မသက္ာေသာ မ်က္၀န္းတို႔ျဖင့္ Woo Bin အား စိုက္ၾကည့္မိေတာ့ ဘာမွ်မသိသည့္အလား တစ္ဖက္သို႔ မ်က္ႏွာလႊဲေနလ်က္.....
ေသခ်ာတယ္ ဒါတစ္ခုခုကို ဖုံးကြယ္ထားတာ.....
" Woo Bin ငါေစာင့္ၾကည့္ခိုင္းထားတဲ့ ကိစၥေရာ ေဒၚေလးဒီအေတာအတြင္း ဘာေတြလုပ္ေနလဲဆိုတာ..... "
" အင္းမ္ အဲ့တာ..... "
" ေျပာေလ..... မင္း တစ္ခုခုကို ဖုံးကြယ္ထားတာမလား..... Woo Bin..... "
အံႀကီးႀကိတ္ကာ သူ႔နာမည္အား တစ္လုံးခ်င္းေခၚေနေသာ Boss ေၾကာင့္ Woo Bin မ်က္စိကိုသာ အသာမွိတ္ထားမိသည္......
သြားပီ အမွန္အတိုင္းပဲ ေျပာရေတာ့မွာပဲ.....
" ဟိုေလ အန္တီက လက္ေျဖာင့္တဲ့ လူတစ္ေယာက္ကို အတင္းရွာခိုင္းေနတယ္...... အဲ့တာ..... "
" ဘာ အဲ့တာပဲလား..... ေန ေန ထားလိုက္ေတာ့ မင္း ေနာက္ပိုင္း သူ႔ကို ေသေသခ်ာခ်ာေစာင့္ၾကည့္ထား ၾကားတယ္ေနာ္..... "
" ဟုကဲ့..... Boss.... "
" ေအး တစ္ခုခုထူးျခားရင္ ငါ့ဆီလာေျပာ..... "
" ဟုကဲ့.... "
မွာၾကားစရာရွိတာမ်ား မွာၾကားပီးေနာက္ Yoongi, Sofa ရွည္ေပၚတြင္ လွဲခ်လိုက္သည္.....
မ်က္လုံးမ်ား အသာမွိတ္ထားေသာ္လည္း ေပၚလာေနသည္က ေကာင္ေလးမ်က္ႏွာ......
အင္းမ္ ငါ့ဘ၀က ပိုင္ဆိုင္ဖို႔မလြယ္ကူတဲ့ သူကိုမွ......
°
°
°
°
°
Taehyung ဒီေန႔ ေစာေစာအိမ္ျပန္လာခဲ့သည္......
Hyung ကို အရင္ႏႈတ္ဆက္ခ်င္ေပမယ့္ သူသြားေမးေတာ့ အျပင္ခဏထြက္သြားသည္ကိုသာ သိရသည္......
ေစာေစာ အိမ္ျပန္လာသည္က ဟိုေတ်ာက္ကို ေတြ႕ခ်င္ခဲ့လို႔ဟုဆိုရမည္လား......
ဟာ မသိဘူး မသိဘူး......
" သခင္ေလး ဘာေတြျဖစ္ေနတာလဲဟင္..... "
" အာ ဘာမွမျဖစ္ပါဘူး မင္းကေရာ ဘာလို႔ ငါ့ကို လာလာေမးေနတာလဲ...... "
" ကြၽန္ေတာ္က စိတ္ပူလို႔ ဒီတိုင္း.... "
" မင္းဟာေလ ေတာ္ေတာ္ကို လွ်ာရွည္တယ္..... မိန္းမနဲ႔တူတဲ့ေကာင္...... ပီးကိုမပီးႏိုင္ေတာ့ဘူး...... တကယ္ပဲ..... "
" ေဟာဗ်ာ စိတ္ပူလို႔ပါဆို..... "
မ်က္ႏွာႀကီးဆူပုပ္ကာ ရစ္ေနျပန္ေသာ သခင္ေလးျဖစ္သူအား Yoon Lay လက္ေျမႇာက္ရျပန္ပီ......
ငယ္ငယ္ကတည္းက တစ္ေယာက္ေသာ သူႏွင့္ ရန္ျဖစ္လာပီဆိုလွ်င္ ဒီလိုမ်ိဳး သူ႔ဆီလာလာရစ္ေနၾက.....
သခင္ေလး ဘယ္ေလာက္ပုံစံေျပာင္းေျပာင္း ငယ္မူေလးကေတာ့ က်န္ပါေသးတယ္......
ၿခံေရွ႕ေရာက္ေတာ့ မေျပာမျဖစ္သည့္စကားအား Yoon Lay စေျပာရသည္.....
မေျပာလို႔ကလည္းမျဖစ္ သူတို႔အရင္ကလုပ္ခဲ့သည့္ လက္နက္မ်ားကိစၥ.....
" သခင္ေလး မနက္က လူတစ္ေယာက္ လာေျပာတယ္ လက္နက္ကိစၥ...... "
" အင္းမ္ ထားလိုက္ အေရာင္းအ၀ယ္မလုပ္ေတာ့ဘူးဆိုပီး ျငင္းလိုက္ေတာ့ ပီး က်န္တဲ့ကိစၥေတြကိုလည္း မင္းအျပတ္ရွင္းပစ္လိုက္ ငါဒီအလုပ္ေတြ ဆက္မလုပ္ခ်င္ေတာ့ဘူး..... ပီးေတာ့ ဥကၠဌ Jeon လည္းရွိေတာ့တာမွမဟုတ္တာ...... ေငြကလည္း ငါတို႔အတြက္ သိပ္မလိုပါဘူး..... "
" တကယ္ပဲ ဒီအလုပ္ကို စြန႔္လႊတ္လိုက္ေတာ့မလို႔လား သခင္ေလး..... "
" အင္းမ္ ငါက အရာအားလုံးကိုေတာင္ စြန႔္ပစ္လိုက္ခ်င္တာ...... ထားပါ ငါေျပာတဲ့အတိုင္းသာလုပ္လိုက္ ငါနားခ်င္ပီ..... "
" ဟုကဲ့...... "
Yoon Lay အား ေျပာပီးေနာက္ အေပၚထပ္သို႔ တက္လာခဲ့သည္.....
အခုထက္ထိ ဟိုေတ်ာက္ရဲ႕ အရိပ္အေယာင္မျမင္ရေသး......
ေနပါဦး ငါက ဘာလို႔ လိုက္ရွာေနမိတာလဲ......?
မေန႔ကဒဏ္မ်ားေၾကာင့္ လူကႏုံးခ်ိကာ ေနလို႔သိပ္မေကာင္းခ်င္......
စိတ္မ်ားအားေလွ်ာ့ခ်ကာ ကုတင္ေပၚတြင္ အသာအယာလွဲခ်မိသည္......
မ်က္လုံးမ်ားေမွးစင္းကာ အိပ္ေပ်ာ္မည္ႀကံဆဲ တံခါးလာေခါက္ေသာသူ.....
" ဘယ္သူလဲ တံခါးေစ့ထားတယ္ ၀င္ခဲ့..... "
" ကြၽန္ေတာ္ Yoon Lay ပါ သခင္ေလး ဟို Jungkook ကေခၚခိုင္းလိုက္လို႔..... ထမင္းစားမယ္တဲ့...... "
" ငါမစားခ်င္ဘူးလို႔ေျပာလိုက္..... "
" ဒါေပမယ့္ သခင္ေလး...... "
အားနာသည့္ပုံစံႏွင့္ ေျပာေနေသာ Yoon Lay ေၾကာင့္ Taehyung မနက္ကအျဖစ္အပ်က္ကို သတိရမိသြား၏။
Hyung ေျပာသလိုပဲ သူ စိတ္မေကာင္းမ်ားျဖစ္သြားမလား.....
ေနာက္ျပန္လွည့္ရန္ျပင္ေနေသာ Yoon Lay အား လွမ္းေခၚကာ ေနရာမွထလိုက္သည္.....
" ေန ေန ေနဦး ငါလာခဲ့မယ္ ေစာင့္ေနခိုင္းလိုက္..... "
" ဟုကဲ့ သခင္ေလး..... "
သူ႔စကားေၾကာင့္ ႐ႊင္ျမဴးသြားေသာ Yoon Lay.....
တစ္ခ်က္ၿပဳံးျပကာ အခန္းထဲမွ ေပ်ာ္႐ႊင္စြာထြက္သြား၏။
Taehyung လည္း အိပ္ရာမွထကာ ေအာက္သို႔ ဆင္းလာခဲ့သည္.....
ထမင္းစားပြဲဝိုင္းတြင္ေတာ့ ထိုင္ေစာင့္ေနေသာသူ......
ဟင္းမ်ားမွာလည္း အျပည့္.....
ဒါ ဘယ္သူခ်က္ထားတာလဲ.....?
အံ့ဩေသာ မ်က္၀န္းတို႔ျဖင့္ အေဒၚႀကီးအား လွမ္းၾကည့္မိေတာ့ မသိမသာေခါင္းရမ္းျပသည္.....
ဒါဆို အေဒၚႀကီး ခ်က္တာ မဟုဘူးေပါ့.....
သူကေတာ့ မ်က္ႏွာေသႀကီးျဖင့္ ထိုင္ေန၏......
" မင္းစားဖို႔ အတြက္ ငါခ်က္ထားတာ Jeon Taehyung..... "
" အြန္း..... မင္းကဘာလို႔..... "
" စားမွာသာရွိသာစားစမ္းပါ..... Jeon Taehyung..... "
" ေနပါဦး မင္းကဘာလို႔ ငါ့ကို ပိုင္ဆိုးပိုင္နင္းနဲ႔ Jeon Taehyung Jeon Taehyung ဆိုပီး ေခၚေခၚေနရတာလဲ မင္းနဲ႔ငါနဲ႔ပတ္သက္မႈက ဒီတိုင္းဟန္ေဆာင္႐ုံသက္သက္ပဲေနာ္..... "
" ဟုလား အဲ့တာဆို မေန႔ကျဖစ္ပ်က္ခဲ့တာေတြက်ေတာ့ေရာ မင္းလည္းကို႔ကို ေမာင္လို႔ေခၚပီးေတာ့..... "
" ဘာ မင္း.....!!!! "
မ်က္ခုံးတစ္ဖက္ပင့္လ်က္ ဆက္ေျပာေလဟူေသာ ပုံစံလုပ္ျပေနေသာ သူေၾကာင့္ Taehyung အလိုလိုရွက္လာမိသည္.......
အနားတြင္လည္း သူတို႔ႏွစ္ဦးအား ျပဴးၾကည့္ေနၾကေသာ အေဒၚႀကီးႏွင့္ Yoon Lay......
ဘယ္လိုလူလဲ ဘာလို႔ အဲ့ကိစၥေတြလာေျပာေနရတဲ့အထိေလ.....
" ဟမ္ ေျပာေလ ထပ္ေခၚပါဦး မေန႔ကေခၚသလိုေလးေလ ေမာင္တဲ့..... "
" Jeon Jungkook မင္း မင္း လြန္လာပီေနာ္...... "
" မဟုလို႔လား မင္းပဲမေန႔ညက ေမာင္လို႔ေခၚပီး ညည္းေနခဲ့ပီးေတာ့...... "
" ဟာ...... "
ေျပာေနရင္းမွ ညစ္ညမ္းစြာေျပာလာေသာ သူ႔စကားမ်ားေၾကာင့္ ထမင္းဝိုင္းတြင္ ဆက္မစားေတာ့ဘဲ Taehyung ထထြက္လာခဲ့သည္.....
ဘာပဲျဖစ္ျဖစ္ ရွက္ပါသည္.....
ဘယ္လိုပဲ ဘယ္လိုပဲျဖစ္ျဖစ္ေလ လူေရွ႕သူေရွ႕ႀကီးမွာ......
ဟာ ရွက္လိုက္တာ.....
" ေဟ့လူ ခင္ဗ်ား သခင္ေလးကို ဘယ္လိုေျပာလိုက္တာလဲ..... "
ထမင္းစားပြဲတြင္ က်န္ရစ္ခဲ့ေသာ Jungkook အား ေဒါသတႀကီးေျပာလိုက္ေသာ Yoon Lay စကား....
စကားမ်ားအား မသိေက်းကြၽန္ျပဳကာ Jungkook ခနဲ႔ၿပဳံးၿပဳံးမိ၏။
လာျပန္ပီ ဒီတစ္ေကာင္ သူနဲ႔ဘာမွမဆိုင္ဘဲနဲ႔......
" ဒီမွာ ငါက သူ႔ေယာက်ာ္း အဲ့ေတာ့ ငါေျပာခ်င္ရာေျပာမယ္ ငါလုပ္ခ်င္ရာလုပ္မယ္ မင္း၀င္ေျပာစရာမလိုဘူး..... "
" ဟ ခင္ဗ်ားက ခင္ဗ်ားအပိုင္လို႔ေျပာထြက္ေသးတယ္ေနာ္ ခင္ဗ်ားလုပ္ရပ္ေတြကိုမွ မေထာက္..... ဟုပါတယ္ ခင္ဗ်ားေျပာသလိုပဲ ကြၽန္ေတာ္က ၀င္ေျပာခြင့္မရွိတဲ့သူပါ ဒါေပမယ့္ သခင္ေလးကိုေတာ့ ထပ္ပီးစိတ္ညစ္ေအာင္မလုပ္ပါနဲ႔ ေတာင္းဆိုပါရေစ...... "
" မင္း...... "
စကားဆက္မေျပာရေသးခင္ ထြက္သြားေသာ Yoon Lay.....
ေတာင္းဆိုပါရေစတဲ့.... ငါကဘာလုပ္ေနလို႔လဲ..... ငါက ငါက အၿမဲပဲ သူ႔ကို စိတ္ညစ္ေအာင္လုပ္ေနမိလို႔လား.....
ထမင္းစားပြဲတြင္ အထီးက်န္စြာ က်န္ရစ္ခဲ့ေသာ သူ......
အခုလည္း မစားသြားျပန္ဘူး..... ငါ ခ်က္ထားတဲ့အရာေတြကို.....
°
°
°
°
°
စိတ္ေပါက္ေပါက္ျဖင့္ ကုတင္ေပၚရွိ ေခါင္းအုံးမ်ားအား Taehyung ေစာင့္ကန္ေနမိသည္......
တကယ္ကို စိတ္ပ်က္ဖို႔ေကာင္းတယ္......
သူ ခ်က္ထားတာမို႔လို႔ အားနာပီး၀င္လည္းစားရေသးတယ္ ငါ့ကို ဘာေျပာတယ္...... လူလည္ေကာင္မွာ အရွက္ခြဲတာ..... အဲ့ေကာင္ကို သတ္ပစ္ခ်င္တယ္ သိလား..... သတ္ပစ္ခ်င္တယ္......
" ကြၽီ....... "
တံခါးပြင့္သံၾကားသျဖင့္ Taehyung အလန႔္တၾကားထၾကည့္မိ၏။
သူ......
မ်က္ႏွာက ခပ္ထန္ထန္ႏွင့္ ပိတ္႐ိုက္ပစ္ခ်င္စရာ......
သို႔ေပမယ့္ မေန႔ညကအျဖစ္အပ်က္မ်ားက ေခါင္းထဲျပန္ေပၚလာသည္မို႔ ရွက္ရွက္ျဖင့္ ထေျပးရန္ျပင္မိသည္......
" ေနဦးေလ ဘယ္သြားမလို႔လဲ ကို႔ကိုျမင္တာနဲ႔ထြက္ေျပးရေအာင္..... "
" ........ "
အခန္းတံခါးအား လက္ႏွင့္ဆြဲဖြင့္ရန္ျပင္လိုက္ေသာ္လည္း လွမ္းဆြဲလိုက္ေသာသူေၾကာင့္ တံခါးအားမထိခဲ့.....
မ်က္ႏွာနားသို႔တိုးကပ္ကာ ခပ္စူးစူးစိုက္ၾကည့္ေနေသာ သူ႔အၾကည့္မ်ားအား မသိေက်းကြၽန္ျပဳကာ ၿငိမ္ေနမိသည္......
ဖိကိုက္ထားေသာ ႏႈတ္ခမ္းေလးမွာလည္း နီရဲတြတ္လို႔ေန၏။
" ကိုက ကိုက္မစားပါဘူး ဘာလဲ မေန႔ကလိုျဖစ္ခ်င္လို႔လား..... "
" ဘာေျပာတယ္ မင္း အဲ့လိုေျပာရေအာင္....... "
" ဟား ဟား ဟား Jeon Taehyung က ရွက္တတ္သားပဲ..... ဟား ဟား...... "
" မင္းစကားကို ဆင္ျခင္ေျပာပါ ပီးေတာ့ ငါ့ကို Jeon Taehyung လို႔မေခၚနဲ႔ ငါက မင္းအပိုင္မဟုဘူး..... "
" ဟုလို႔လား ငါ့အပိုင္မို႔လို႔ေခၚတာဘာျဖစ္လဲ အာ့ဆို မင္းကေရာ ဘာလို႔ ငါ့ကို ေမာင္လို႔ေခၚတာလဲ ရွင္းစမ္းပါဦး...... "
" အဲ့တာက ဟန္ျပသက္သက္ပဲေလ မင္းကို ေမာင္လို႔ ေခၚတယ္ဆိုပီး ဘ၀င္ျမင့္မေနနဲ႔....... "
" ဟက္ ငါ့ကိုေခၚခ်င္စရာေတြအမ်ားႀကီးပါ Jeon တို႔ဘာတို႔..... "
" ဟင့္အင္း ငါက သူမ်ားေခၚပီးသား နာမည္ကို ယူမသုံးတတ္ဘူး ငါ့ရဲ႕ကိုယ္ပိုင္နာမည္နဲ႔ပဲေခၚတာ...... "
" အိုး ဟုလား..... အဲ့တာဆို ေမာင္ဆိုတဲ့ နာမ္စားက ငါ့အတြက္ သီးသန႔္ဆိုတဲ့ သေဘာေပါ့...... "
လူယုတ္မာအၿပဳံးႀကီးျဖင့္ စိုက္ၾကည့္လာေသာ သူေၾကာင့္ Taehyung ကိုယ့္ကိုယ္ကိုသာ အျပစ္တင္ေနမိသည္.....
ငါကိုယ္က အရစ္ရွည္မိတာ.....
တကယ္ကိုပဲ......
" ထားပါ ငါအိပ္ေတာ့မယ္ မင္းဖယ္ေပး..... "
" မဖယ္ေပးႏိုင္ဘူးဆိုရင္ေရာ..... "
" Jeon Jungkook မင္း ဖယ္ေပးမလား မဖယ္ေပးဘူးလား...... "
" ဟင့္အင္း ေမာင္လို႔ေခၚမွ ဖယ္ေပးႏိုင္မယ္...... "
" ဘာ.....!!!! "
ခနဲ႔တဲ့တဲ့အၿပဳံးျဖင့္ ၾကည့္ေနဆဲ သူေၾကာင့္ Taehyung ၾကက္သီးေမႊးညင္းမ်ားပင္ ထလာရ၏။
မျဖစ္ေတာ့......
" ေမာင္ ဖယ္ ဖယ္ ဖယ္ေပးပါ..... ငါအိပ္ခ်င္ေနပီ...... "
" အြန္း အဲ့လိုမွေပါ့ ေကာင္းေကာင္းအိပ္ေနာ္..... "
အဲ့လိုေျပာလိုက္ေတာ့ အသာတၾကည္ဖယ္ေပးလာေသာ သူ......
Taehyung ေနာက္လွည့္မၾကည့္ဘဲ ကုတင္ေပၚသို႔ အသာတတ္ကာ ေစာင္ၿခဳံ၍ ေနလိုက္သည္.....
ရင္ထဲမွ အဆက္မျပတ္ခုန္ေနေသာ ႏွလုံးခုန္သံအား သူမၾကားေစရန္ အလ်င္အျမန္ဖုံးကြယ္ထားမိျပန္သည္.......
ေနာက္ေတာ့ မီးမွိန္မွိန္ေလးႏွင့္အတူ အိပ္စက္ျခင္းဆီသို႔.....
ထိုေကာင္ေလး အိပ္မေပ်ာ္မခ်င္း Jungkook ဘာရယ္မဟုတ္ ထိုင္ၾကည့္ေနမိသည္......
ခုတေလာ သူႏွင့္ပတ္သက္၍ ကိုယ့္ခံစားခ်က္ကိုယ္ နားမလည္ႏိုင္ခဲ့.....
တစ္ခါမွ် မခ်က္ဖူးတဲ့ ဟင္းေတြခ်က္ေကြၽးမိတာေရာ.....
သူေခၚတဲ့ ေမာင္ဆိုတဲ့ နာမ္စားေလးကို ၾကားခ်င္မိတာေရာ......
ပီးေတာ့ သူမ်ားေတြနဲ႔ေတြ႕တဲ့အခါ ၿပဳံးျပတဲ့ ေလးေထာင့္အၿပဳံးေလးကို ျမင္ခ်င္မိတာေရာ......
ဒီလိုခံစားခ်က္မ်ိဳးက Noona အေပၚကို ထားဖူးတဲ့ခံစားခ်က္မ်ိဳးမဟုတ္တာကိုေတာ့ သူတကယ္သိပါသည္......
တကယ္ပဲ အခ်စ္မ်ားျဖစ္ေနမလား.......
အိပ္ေပ်ာ္စျပဳေနပီျဖစ္ေသာ ကိုယ္ငယ္ေလးအား အေနာက္မွေန၍ သိုင္းဖက္ကာ စကားတို႔အား တီးတိုးဆိုမိျပန္သည္.....
" ကိုေလ တျခားဘယ္သူ႔ကိုမွ ကိုယ့္အပိုင္ဆိုပီး မေျပာခဲ့ဖူးဘူး အထူးသျဖင့္ အရမ္းခ်စ္ခဲ့ပါတယ္ဆိုတဲ့ Noona ကိုေတာင္မွ.... ဒါေပမယ့္ ထူးထူးျခားျခား မင္းကိုမွ Jeon Taehyung လို႔ေခၚခ်င္ေနမိတာ..... မင္းကို ခ်စ္ပါတယ္လို႔လည္း ေျပာမထြက္ရဲဘူး..... ဘာလို႔လဲဆိုေတာ့ ဘာလို႔လဲဆိုတာကိုေတာ့..... ကိုလည္း မသိဘူး..... "
တစ္ဖက္တြင္ေတာ့ မ်က္ရည္မ်ားဝဲတတ္လ်က္ နားေထာင္ေနခဲ့သူတစ္ဦး.......
" တကယ္ပဲ ငါက မင္းအတြက္ အျဖည့္ခံသေဘာမ်ိဳးပဲ ျဖစ္ေနခဲ့တယ္နဲ႔တူပါတယ္...... "
VICTORIA 👑
ဖတ္ရႈေပးသူတစ္ဦးခ်င္းဆီကို အထူးေက်းဇူးတင္လ်က္ ~ 🌸
[ UNICODE ]
Yoongi မောမောနှင့် ရုံးသို့ ပြန်လာခဲ့သည်.....
ရုံးရောက်တော့ ကောင်လေးကို မတွေ့ရတော့......
အိမ်ပြန်သွားပီတဲ့......
ဪ တစ်လုံးသာဆိုကာ Yoongi ငြိမ်နေမိသည်......
တကယ်ပဲ သူနဲ့ ဟိုကောင်နဲ့ဆက်ဆံရေးက.....
ဟာ မဟုတ်လောက်ပါဘူး Jungkook မှာ Han Yura ရှိပီးသား......
" Boss ဟို ဟိုလေ.... "
မရဲတရဲပြောလာပြန်သော Woo Bin အား Yoongi စိတ်မရှည်သည့်ပုံစံဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်......
" ကျစ် ဘာကိစ္စလဲ..... "
" ဟိုလေ ဟို..... ဟို..... "
" Yarrrr မင်း တဟိုဟိုနဲ့ ပီးတော့မှာလား ဘောကို တဟိုဟိုနဲ့.... "
" ဟုကဲ့ ခုနလေးတင် Jay ကဖုန်းလှမ်းဆက်တယ် ဟိုလူရဲ့အလောင်းမှာ အန်တီ Hi Hyung ရဲ့ဖုန်းနံပါတ်တွေ့
တယ်ဆိုလား...... "
" ဘာ....... !!!!! "
မယုံကြည်နိုင်သော ကမ္ဘာပျက်သတင်းတစ်ပုဒ်အား Yoongi ကြားလိုက်ရသည့်နှယ် မျက်နှာပျက်သွားမိ၏။
ဒေါ်လေး Hi Hyung ကဘာလို့....
မသက်ာသော မျက်၀န်းတို့ဖြင့် Woo Bin အား စိုက်ကြည့်မိတော့ ဘာမျှမသိသည့်အလား တစ်ဖက်သို့ မျက်နှာလွှဲနေလျက်.....
သေချာတယ် ဒါတစ်ခုခုကို ဖုံးကွယ်ထားတာ.....
" Woo Bin ငါစောင့်ကြည့်ခိုင်းထားတဲ့ ကိစ္စရော ဒေါ်လေးဒီအတောအတွင်း ဘာတွေလုပ်နေလဲဆိုတာ..... "
" အင်းမ် အဲ့တာ..... "
" ပြောလေ..... မင်း တစ်ခုခုကို ဖုံးကွယ်ထားတာမလား..... Woo Bin..... "
အံကြီးကြိတ်ကာ သူ့နာမည်အား တစ်လုံးချင်းခေါ်နေသော Boss ကြောင့် Woo Bin မျက်စိကိုသာ အသာမှိတ်ထားမိသည်......
သွားပီ အမှန်အတိုင်းပဲ ပြောရတော့မှာပဲ.....
" ဟိုလေ အန်တီက လက်ဖြောင့်တဲ့ လူတစ်ယောက်ကို အတင်းရှာခိုင်းနေတယ်...... အဲ့တာ..... "
" ဘာ အဲ့တာပဲလား..... နေ နေ ထားလိုက်တော့ မင်း နောက်ပိုင်း သူ့ကို သေသေချာချာစောင့်ကြည့်ထား ကြားတယ်နော်..... "
" ဟုကဲ့..... Boss.... "
" အေး တစ်ခုခုထူးခြားရင် ငါ့ဆီလာပြော..... "
" ဟုကဲ့.... "
မှာကြားစရာရှိတာများ မှာကြားပီးနောက် Yoongi, Sofa ရှည်ပေါ်တွင် လှဲချလိုက်သည်.....
မျက်လုံးများ အသာမှိတ်ထားသော်လည်း ပေါ်လာနေသည်က ကောင်လေးမျက်နှာ......
အင်းမ် ငါ့ဘ၀က ပိုင်ဆိုင်ဖို့မလွယ်ကူတဲ့ သူကိုမှ......
°
°
°
°
°
Taehyung ဒီနေ့ စောစောအိမ်ပြန်လာခဲ့သည်......
Hyung ကို အရင်နှုတ်ဆက်ချင်ပေမယ့် သူသွားမေးတော့ အပြင်ခဏထွက်သွားသည်ကိုသာ သိရသည်......
စောစော အိမ်ပြန်လာသည်က ဟိုတျောက်ကို တွေ့ချင်ခဲ့လို့ဟုဆိုရမည်လား......
ဟာ မသိဘူး မသိဘူး......
" သခင်လေး ဘာတွေဖြစ်နေတာလဲဟင်..... "
" အာ ဘာမှမဖြစ်ပါဘူး မင်းကရော ဘာလို့ ငါ့ကို လာလာမေးနေတာလဲ...... "
" ကျွန်တော်က စိတ်ပူလို့ ဒီတိုင်း.... "
" မင်းဟာလေ တော်တော်ကို လျှာရှည်တယ်..... မိန်းမနဲ့တူတဲ့ကောင်...... ပီးကိုမပီးနိုင်တော့ဘူး...... တကယ်ပဲ..... "
" ဟောဗျာ စိတ်ပူလို့ပါဆို..... "
မျက်နှာကြီးဆူပုပ်ကာ ရစ်နေပြန်သော သခင်လေးဖြစ်သူအား Yoon Lay လက်မြှောက်ရပြန်ပီ......
ငယ်ငယ်ကတည်းက တစ်ယောက်သော သူနှင့် ရန်ဖြစ်လာပီဆိုလျှင် ဒီလိုမျိုး သူ့ဆီလာလာရစ်နေကြ.....
သခင်လေး ဘယ်လောက်ပုံစံပြောင်းပြောင်း ငယ်မူလေးကတော့ ကျန်ပါသေးတယ်......
ခြံရှေ့ရောက်တော့ မပြောမဖြစ်သည့်စကားအား Yoon Lay စပြောရသည်.....
မပြောလို့ကလည်းမဖြစ် သူတို့အရင်ကလုပ်ခဲ့သည့် လက်နက်များကိစ္စ.....
" သခင်လေး မနက်က လူတစ်ယောက် လာပြောတယ် လက်နက်ကိစ္စ...... "
" အင်းမ် ထားလိုက် အရောင်းအ၀ယ်မလုပ်တော့ဘူးဆိုပီး ငြင်းလိုက်တော့ ပီး ကျန်တဲ့ကိစ္စတွေကိုလည်း မင်းအပြတ်ရှင်းပစ်လိုက် ငါဒီအလုပ်တွေ ဆက်မလုပ်ချင်တော့ဘူး..... ပီးတော့ ဥက္ကဌ Jeon လည်းရှိတော့တာမှမဟုတ်တာ...... ငွေကလည်း ငါတို့အတွက် သိပ်မလိုပါဘူး..... "
" တကယ်ပဲ ဒီအလုပ်ကို စွန့်လွှတ်လိုက်တော့မလို့လား သခင်လေး..... "
" အင်းမ် ငါက အရာအားလုံးကိုတောင် စွန့်ပစ်လိုက်ချင်တာ...... ထားပါ ငါပြောတဲ့အတိုင်းသာလုပ်လိုက် ငါနားချင်ပီ..... "
" ဟုကဲ့...... "
Yoon Lay အား ပြောပီးနောက် အပေါ်ထပ်သို့ တက်လာခဲ့သည်.....
အခုထက်ထိ ဟိုတျောက်ရဲ့ အရိပ်အယောင်မမြင်ရသေး......
နေပါဦး ငါက ဘာလို့ လိုက်ရှာနေမိတာလဲ......?
မနေ့ကဒဏ်များကြောင့် လူကနုံးချိကာ နေလို့သိပ်မကောင်းချင်......
စိတ်များအားလျှော့ချကာ ကုတင်ပေါ်တွင် အသာအယာလှဲချမိသည်......
မျက်လုံးများမှေးစင်းကာ အိပ်ပျော်မည်ကြံဆဲ တံခါးလာခေါက်သောသူ.....
" ဘယ်သူလဲ တံခါးစေ့ထားတယ် ၀င်ခဲ့..... "
" ကျွန်တော် Yoon Lay ပါ သခင်လေး ဟို Jungkook ကခေါ်ခိုင်းလိုက်လို့..... ထမင်းစားမယ်တဲ့...... "
" ငါမစားချင်ဘူးလို့ပြောလိုက်..... "
" ဒါပေမယ့် သခင်လေး...... "
အားနာသည့်ပုံစံနှင့် ပြောနေသော Yoon Lay ကြောင့် Taehyung မနက်ကအဖြစ်အပျက်ကို သတိရမိသွား၏။
Hyung ပြောသလိုပဲ သူ စိတ်မကောင်းများဖြစ်သွားမလား.....
နောက်ပြန်လှည့်ရန်ပြင်နေသော Yoon Lay အား လှမ်းခေါ်ကာ နေရာမှထလိုက်သည်.....
" နေ နေ နေဦး ငါလာခဲ့မယ် စောင့်နေခိုင်းလိုက်..... "
" ဟုကဲ့ သခင်လေး..... "
သူ့စကားကြောင့် ရွှင်မြူးသွားသော Yoon Lay.....
တစ်ချက်ပြုံးပြကာ အခန်းထဲမှ ပျော်ရွှင်စွာထွက်သွား၏။
Taehyung လည်း အိပ်ရာမှထကာ အောက်သို့ ဆင်းလာခဲ့သည်.....
ထမင်းစားပွဲဝိုင်းတွင်တော့ ထိုင်စောင့်နေသောသူ......
ဟင်းများမှာလည်း အပြည့်.....
ဒါ ဘယ်သူချက်ထားတာလဲ.....?
အံ့ဩသော မျက်၀န်းတို့ဖြင့် အဒေါ်ကြီးအား လှမ်းကြည့်မိတော့ မသိမသာခေါင်းရမ်းပြသည်.....
ဒါဆို အဒေါ်ကြီး ချက်တာ မဟုဘူးပေါ့.....
သူကတော့ မျက်နှာသေကြီးဖြင့် ထိုင်နေ၏......
" မင်းစားဖို့ အတွက် ငါချက်ထားတာ Jeon Taehyung..... "
" အွန်း..... မင်းကဘာလို့..... "
" စားမှာသာရှိသာစားစမ်းပါ..... Jeon Taehyung..... "
" နေပါဦး မင်းကဘာလို့ ငါ့ကို ပိုင်ဆိုးပိုင်နင်းနဲ့ Jeon Taehyung Jeon Taehyung ဆိုပီး ခေါ်ခေါ်နေရတာလဲ မင်းနဲ့ငါနဲ့ပတ်သက်မှုက ဒီတိုင်းဟန်ဆောင်ရုံသက်သက်ပဲနော်..... "
" ဟုလား အဲ့တာဆို မနေ့ကဖြစ်ပျက်ခဲ့တာတွေကျတော့ရော မင်းလည်းကို့ကို မောင်လို့ခေါ်ပီးတော့..... "
" ဘာ မင်း.....!!!! "
မျက်ခုံးတစ်ဖက်ပင့်လျက် ဆက်ပြောလေဟူသော ပုံစံလုပ်ပြနေသော သူကြောင့် Taehyung အလိုလိုရှက်လာမိသည်.......
အနားတွင်လည်း သူတို့နှစ်ဦးအား ပြူးကြည့်နေကြသော အဒေါ်ကြီးနှင့် Yoon Lay......
ဘယ်လိုလူလဲ ဘာလို့ အဲ့ကိစ္စတွေလာပြောနေရတဲ့အထိလေ.....
" ဟမ် ပြောလေ ထပ်ခေါ်ပါဦး မနေ့ကခေါ်သလိုလေးလေ မောင်တဲ့..... "
" Jeon Jungkook မင်း မင်း လွန်လာပီနော်...... "
" မဟုလို့လား မင်းပဲမနေ့ညက မောင်လို့ခေါ်ပီး ညည်းနေခဲ့ပီးတော့...... "
" ဟာ...... "
ပြောနေရင်းမှ ညစ်ညမ်းစွာပြောလာသော သူ့စကားများကြောင့် ထမင်းဝိုင်းတွင် ဆက်မစားတော့ဘဲ Taehyung ထထွက်လာခဲ့သည်.....
ဘာပဲဖြစ်ဖြစ် ရှက်ပါသည်.....
ဘယ်လိုပဲ ဘယ်လိုပဲဖြစ်ဖြစ်လေ လူရှေ့သူရှေ့ကြီးမှာ......
ဟာ ရှက်လိုက်တာ.....
" ဟေ့လူ ခင်ဗျား သခင်လေးကို ဘယ်လိုပြောလိုက်တာလဲ..... "
ထမင်းစားပွဲတွင် ကျန်ရစ်ခဲ့သော Jungkook အား ဒေါသတကြီးပြောလိုက်သော Yoon Lay စကား....
စကားများအား မသိကျေးကျွန်ပြုကာ Jungkook ခနဲ့ပြုံးပြုံးမိ၏။
လာပြန်ပီ ဒီတစ်ကောင် သူနဲ့ဘာမှမဆိုင်ဘဲနဲ့......
" ဒီမှာ ငါက သူ့ယောကျာ်း အဲ့တော့ ငါပြောချင်ရာပြောမယ် ငါလုပ်ချင်ရာလုပ်မယ် မင်း၀င်ပြောစရာမလိုဘူး..... "
" ဟ ခင်ဗျားက ခင်ဗျားအပိုင်လို့ပြောထွက်သေးတယ်နော် ခင်ဗျားလုပ်ရပ်တွေကိုမှ မထောက်..... ဟုပါတယ် ခင်ဗျားပြောသလိုပဲ ကျွန်တော်က ၀င်ပြောခွင့်မရှိတဲ့သူပါ ဒါပေမယ့် သခင်လေးကိုတော့ ထပ်ပီးစိတ်ညစ်အောင်မလုပ်ပါနဲ့ တောင်းဆိုပါရစေ...... "
" မင်း...... "
စကားဆက်မပြောရသေးခင် ထွက်သွားသော Yoon Lay.....
တောင်းဆိုပါရစေတဲ့.... ငါကဘာလုပ်နေလို့လဲ..... ငါက ငါက အမြဲပဲ သူ့ကို စိတ်ညစ်အောင်လုပ်နေမိလို့လား.....
ထမင်းစားပွဲတွင် အထီးကျန်စွာ ကျန်ရစ်ခဲ့သော သူ......
အခုလည်း မစားသွားပြန်ဘူး..... ငါ ချက်ထားတဲ့အရာတွေကို.....
°
°
°
°
°
စိတ်ပေါက်ပေါက်ဖြင့် ကုတင်ပေါ်ရှိ ခေါင်းအုံးများအား Taehyung စောင့်ကန်နေမိသည်......
တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်......
သူ ချက်ထားတာမို့လို့ အားနာပီး၀င်လည်းစားရသေးတယ် ငါ့ကို ဘာပြောတယ်...... လူလည်ကောင်မှာ အရှက်ခွဲတာ..... အဲ့ကောင်ကို သတ်ပစ်ချင်တယ် သိလား..... သတ်ပစ်ချင်တယ်......
" ကျွီ....... "
တံခါးပွင့်သံကြားသဖြင့် Taehyung အလန့်တကြားထကြည့်မိ၏။
သူ......
မျက်နှာက ခပ်ထန်ထန်နှင့် ပိတ်ရိုက်ပစ်ချင်စရာ......
သို့ပေမယ့် မနေ့ညကအဖြစ်အပျက်များက ခေါင်းထဲပြန်ပေါ်လာသည်မို့ ရှက်ရှက်ဖြင့် ထပြေးရန်ပြင်မိသည်......
" နေဦးလေ ဘယ်သွားမလို့လဲ ကို့ကိုမြင်တာနဲ့ထွက်ပြေးရအောင်..... "
" ........ "
အခန်းတံခါးအား လက်နှင့်ဆွဲဖွင့်ရန်ပြင်လိုက်သော်လည်း လှမ်းဆွဲလိုက်သောသူကြောင့် တံခါးအားမထိခဲ့.....
မျက်နှာနားသို့တိုးကပ်ကာ ခပ်စူးစူးစိုက်ကြည့်နေသော သူ့အကြည့်များအား မသိကျေးကျွန်ပြုကာ ငြိမ်နေမိသည်......
ဖိကိုက်ထားသော နှုတ်ခမ်းလေးမှာလည်း နီရဲတွတ်လို့နေ၏။
" ကိုက ကိုက်မစားပါဘူး ဘာလဲ မနေ့ကလိုဖြစ်ချင်လို့လား..... "
" ဘာပြောတယ် မင်း အဲ့လိုပြောရအောင်....... "
" ဟား ဟား ဟား Jeon Taehyung က ရှက်တတ်သားပဲ..... ဟား ဟား...... "
" မင်းစကားကို ဆင်ခြင်ပြောပါ ပီးတော့ ငါ့ကို Jeon Taehyung လို့မခေါ်နဲ့ ငါက မင်းအပိုင်မဟုဘူး..... "
" ဟုလို့လား ငါ့အပိုင်မို့လို့ခေါ်တာဘာဖြစ်လဲ အာ့ဆို မင်းကရော ဘာလို့ ငါ့ကို မောင်လို့ခေါ်တာလဲ ရှင်းစမ်းပါဦး...... "
" အဲ့တာက ဟန်ပြသက်သက်ပဲလေ မင်းကို မောင်လို့ ခေါ်တယ်ဆိုပီး ဘ၀င်မြင့်မနေနဲ့....... "
" ဟက် ငါ့ကိုခေါ်ချင်စရာတွေအများကြီးပါ Jeon တို့ဘာတို့..... "
" ဟင့်အင်း ငါက သူများခေါ်ပီးသား နာမည်ကို ယူမသုံးတတ်ဘူး ငါ့ရဲ့ကိုယ်ပိုင်နာမည်နဲ့ပဲခေါ်တာ...... "
" အိုး ဟုလား..... အဲ့တာဆို မောင်ဆိုတဲ့ နာမ်စားက ငါ့အတွက် သီးသန့်ဆိုတဲ့ သဘောပေါ့...... "
လူယုတ်မာအပြုံးကြီးဖြင့် စိုက်ကြည့်လာသော သူကြောင့် Taehyung ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိသည်.....
ငါကိုယ်က အရစ်ရှည်မိတာ.....
တကယ်ကိုပဲ......
" ထားပါ ငါအိပ်တော့မယ် မင်းဖယ်ပေး..... "
" မဖယ်ပေးနိုင်ဘူးဆိုရင်ရော..... "
" Jeon Jungkook မင်း ဖယ်ပေးမလား မဖယ်ပေးဘူးလား...... "
" ဟင့်အင်း မောင်လို့ခေါ်မှ ဖယ်ပေးနိုင်မယ်...... "
" ဘာ.....!!!! "
ခနဲ့တဲ့တဲ့အပြုံးဖြင့် ကြည့်နေဆဲ သူကြောင့် Taehyung ကြက်သီးမွှေးညင်းများပင် ထလာရ၏။
မဖြစ်တော့......
" မောင် ဖယ် ဖယ် ဖယ်ပေးပါ..... ငါအိပ်ချင်နေပီ...... "
" အွန်း အဲ့လိုမှပေါ့ ကောင်းကောင်းအိပ်နော်..... "
အဲ့လိုပြောလိုက်တော့ အသာတကြည်ဖယ်ပေးလာသော သူ......
Taehyung နောက်လှည့်မကြည့်ဘဲ ကုတင်ပေါ်သို့ အသာတတ်ကာ စောင်ခြုံ၍ နေလိုက်သည်.....
ရင်ထဲမှ အဆက်မပြတ်ခုန်နေသော နှလုံးခုန်သံအား သူမကြားစေရန် အလျင်အမြန်ဖုံးကွယ်ထားမိပြန်သည်.......
နောက်တော့ မီးမှိန်မှိန်လေးနှင့်အတူ အိပ်စက်ခြင်းဆီသို့.....
ထိုကောင်လေး အိပ်မပျော်မချင်း Jungkook ဘာရယ်မဟုတ် ထိုင်ကြည့်နေမိသည်......
ခုတလော သူနှင့်ပတ်သက်၍ ကိုယ့်ခံစားချက်ကိုယ် နားမလည်နိုင်ခဲ့.....
တစ်ခါမျှ မချက်ဖူးတဲ့ ဟင်းတွေချက်ကျွေးမိတာရော.....
သူခေါ်တဲ့ မောင်ဆိုတဲ့ နာမ်စားလေးကို ကြားချင်မိတာရော......
ပီးတော့ သူများတွေနဲ့တွေ့တဲ့အခါ ပြုံးပြတဲ့ လေးထောင့်အပြုံးလေးကို မြင်ချင်မိတာရော......
ဒီလိုခံစားချက်မျိုးက Noona အပေါ်ကို ထားဖူးတဲ့ခံစားချက်မျိုးမဟုတ်တာကိုတော့ သူတကယ်သိပါသည်......
တကယ်ပဲ အချစ်များဖြစ်နေမလား.......
အိပ်ပျော်စပြုနေပီဖြစ်သော ကိုယ်ငယ်လေးအား အနောက်မှနေ၍ သိုင်းဖက်ကာ စကားတို့အား တီးတိုးဆိုမိပြန်သည်.....
" ကိုလေ တခြားဘယ်သူ့ကိုမှ ကိုယ့်အပိုင်ဆိုပီး မပြောခဲ့ဖူးဘူး အထူးသဖြင့် အရမ်းချစ်ခဲ့ပါတယ်ဆိုတဲ့ Noona ကိုတောင်မှ.... ဒါပေမယ့် ထူးထူးခြားခြား မင်းကိုမှ Jeon Taehyung လို့ခေါ်ချင်နေမိတာ..... မင်းကို ချစ်ပါတယ်လို့လည်း ပြောမထွက်ရဲဘူး..... ဘာလို့လဲဆိုတော့ ဘာလို့လဲဆိုတာကိုတော့..... ကိုလည်း မသိဘူး..... "
တစ်ဖက်တွင်တော့ မျက်ရည်များဝဲတတ်လျက် နားထောင်နေခဲ့သူတစ်ဦး.......
" တကယ်ပဲ ငါက မင်းအတွက် အဖြည့်ခံသဘောမျိုးပဲ ဖြစ်နေခဲ့တယ်နဲ့တူပါတယ်...... "
VICTORIA 👑
ဖတ်ရှုပေးသူတစ်ဦးချင်းဆီကို အထူးကျေးဇူးတင်လျက် ~ 🌸