Unicode
Chapter 7 : တစ်ညအိပ်ပါတနာက ငါ့ကိုတာဝန်ယူစေချင်နေတယ်?
...လက်ထပ်မယ်!
ဘယ်သူက ဘယ်သူနဲ့လက်ထပ်မှာလဲ?!
မသိစိတ်အလျောက် ကျင်ရွှင် ဒါကို သူနားကြားမှားတယ်လို့ထင်လိုက်မိသည်။
သို့ပေသိ တစ်ဖက်လူက အမူအရာမဲ့တဲ့မျက်နှာထားနဲ့ ရှိနေသည်။ ချောမောတဲ့ မျက်နှာအစိတ်အပိုင်းတွေနဲ့ တည်ကြည်လေးနက်တဲ့မျက်လုံးတွေ၊ ထိုအရာအားလုံးက သူနားကြားမှားတာမဟုတ်မှန်း ပြသနေလျက်။
ကျင်ရွှင်က အင်တင်တင်ဖြင့်ပြုံးပြလိုက်ကာ:
" ဒါက...ရှဲန်းရှန်နောက်နေတာမလား၊ ဟုတ်တယ်မလားဟင်?"
တစ်ဖက်လူမှ ပြန်မေးလာသည် :
" မင်းက အဲ့လိုထင်တာပေါ့?"
"......"
တည်ကြည်တဲ့မျက်နှာနဲ့ အမျိုးသားက သူ့အားအပေါ်အောက်စုန်ဆန်စိုက်ကြည့်ကာ ပိုလို့တောင်အေးစက်လာပြီး ပိုတည်ကြည်လေးနက်လာပုံပေါ်သည်။
တစ်ဖက်လူက ဘာကိုဆိုလိုမှန်း မသိတာကြောင့် ကျင်ရွှင်က *ကျည်ဆန်ကိုကိုက်ကာ အမှန်အတိုင်းပြောလိုက်သည်
" အဓိကအရာကတော့ ...ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် သိတာလဲသိပ်မကြာသေးဘူးလေ...ကောင်းပြီ...ကျွန်တော်တို့အချင်းချင်းသိတာ နှစ်ရက်ပဲရှိသေးတယ်လေ..."
[*Bite the bullet - မကောင်းသော သို့မဟုတ် ခက်ခဲတဲ့အရာတစ်ခု (သို့) ခက်ခဲတဲ့အခြေအနေမှာ ရဲရင့်ခြင်း]
ဒါ့အပြင် ခင်ဗျားဘယ်သူဆိုတာနဲ့ ခင်ဗျားနာမည်ကိုတောင် ကျွန်တော်မသိသေးဘူးလေ၊ ဒီတော့ ခင်ဗျားကဘာလို့ လက်ထပ်မဲ့အကြောင်းလာပြောနေရတာလဲဗျ?
နောက်ဆက်တွဲစကားလုံးတွေကို သူပြောဖို့အခွင့်အရေးမရသေးခင်မှာပဲ တစ်ဖက်လူက ပြောလာသည်
" တိတိကျကျပြောရရင် ကိုယ်တို့တစ်ညပဲတွေ့ဖူးတာပါ"
ကျင်ရွှင် : "..."
" တစ်နေ့ညက မင်း ကိုယ့်သီးသန့်ခန်းထဲကို ကျူးကျော်ဝင်ရောက်လာတာလေ"
"..." ကျင်ရွှင့်မျက်တောင်လေးတွေ အဆက်မပြတ် တဖျတ်ဖျတ်လှုပ်ခတ်သွားကာ ရုတ်ခြည်း သူချွေးအနည်းငယ်ထွက်လာသလို ခံစားရသည်။ ဒီတစ်ကြိမ်မှာတော့ သူအမှန်ပင် အပြစ်ရှိသလိုခံစားမိ၏။
"ကိုယ်တို့ တူတူအိပ်ခဲ့ကြတယ်လေ"
"..."
"အဲ့အကြောင်းပြချက်က ကိုယ့်အတွက်လုံလောက်တယ်"
"......"
အမူအရာမဲ့နေတဲ့မျက်နှာနဲ့အတူ တစ်ဖက်လူက အနည်းဆုံးတော့ ဒီလိုမျိုးကရုဏာရှိနေပုံပေါ်သေးသည်...အကယ်၍များ သူကနည်းနည်းလေးမျက်မှောင်ပိုကြုတ်လိုက်တာနဲ့ သူ့မျက်ဝန်းတွေက ပိုပြီးထက်ရှလာကာ ကျင်ရွှင်ခမျာ ဒူးဆစ်ကအားနည်းလာသလို ခံစားလာရသည်။
သူဒူးထောက်လို့ သူ့အမှားကိုဝန်ခံလိုက်တာလည်း ဖြစ်ကောင်းနိုင်တာပဲ။
သို့ပေမဲ့...
သူတို့က ဒီတိုင်း one-night standတွေမဟုတ်ဘူးလား?
သူ အဲ့ဒါကိုအထင်လွဲသွားတာများဖြစ်နိုင်လား? ?
ဒါဆို အခုအခြေအနေက...one-night standက သူ့ရှေ့ရောက်လာပြီးတော့ သူ့ကိုတာဝန်ယူခိုင်းစေချင်နေတာလား?
...Gosh
အခု ဘာလုပ်ရတော့မလဲ?
အားတော့နာပါတယ်၊ ဒါပေမဲ့ သူတကယ်ကို ဘာအတွေ့အကြုံမှမရှိတာပါ
သို့သော်ငြားလည်း ဒါကမမှန်သေးဘူးလေ
ဗြုန်းစားကြီး တစ်စုံတစ်ယောက်က သူ့အိမ်တံခါးဝရောက်လာကာ သူ့ကိုလက်ထပ်ဖို့ ဖိအားပေးနေသည်။ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက အံ့အားသင့်ပြီး ထိတ်ထိတ်ပျာပျာဖြစ်သွားတယ်ဆိုပေမဲ့ အဲ့ညက သူထွက်သွားချင်တဲ့အချိန် ထိုလူကသူ့အားတားခဲ့တယ်ဆိုတာကို ကျင်ရွှင် ခပ်မြန်မြန်ပင်သတိရသွား၏။
ကျင်ရွှင့်မျက်အိမ်တွေက တစ်ဖန်ပြူးကျယ်သွားကာ ကြည်လင်တဲ့သူ့မျက်ဝန်းတွေက ရေကြည်အိုင်ငယ်လေးနဲ့ ပြည့်နေသလိုမျိုးဖြင့် သူ့အရှေ့မှလူအား ပဟေဠိဖြစ်စွာ စိုက်ကြည့်လိုက်သည်။
သို့ဖြစ်ရာ...အနည်းဆုံးတော့ လက်ခုပ်က တစ်ဖက်တည်းတီးလို့မမြည်ဘူးလေ၊ ပြီးတော့ တာဝန်ယူရတဲ့လူက သူတစ်ယောက်တည်းမဖြစ်သင့်ဘူး ...ဟုတ်တယ်မလား?
သူတို့နှစ်ယောက်က နေဝင်ချိန်အောက်မှာ အတူတူရပ်နေကြတာဖြစ်သော်ငြားလည်း တစ်ဖက်လူရဲ့ အေးစက်ပေမဲ့ချောမောတဲ့မျက်နှာလေးကို မျက်နှာချင်းဆိုင်နေရင်း ကျင်ရွှင့်နှလုံးသားအောက်ခြေကနေ ဒီလိုချောမောခံ့ညားတဲ့အမျိုးသားကို လက်ထပ်လိုက်လို့လည်း...အရှုံးရှိမှာမဟုတ်လောက်ဘူးဟု ခံစားနေရ၏။
အနည်းဆုံးတော့ အရင်နှစ်ရက်အတွင်း သူကျောင်းပတ်လည်ကို လျှောက်ကြည့်နေခဲ့တဲ့အချိန် ဒီလိုအံ့အားသင့်ဖွယ်ရာအသွင်အပြင်နဲ့ အခြားတစ်ယောက်ယောက်ကို တစ်ခါမှမတွေ့ခဲ့ဖူးဘူး။
ဒါ့အပြင် သူတို့လုပ်ခဲ့တဲ့အရာကလည်း...ဒီရှုထောင့်အရဆို....ကောင်းကောင်းမွန်မွန် လိုက်ဖက်ညီနေသလို...
!
သူ့မျက်နှာပေါ်မှ အပူချိန်က ရုတ်ခြည်းထိုးတက်လာရာ ကျင်ရွှင်ထိုအကြောင်းကို ထပ်မတွေးရဲတော့ဘဲ ချက်ချင်းခေါင်းငုံ့ချလိုက်သည်။
အခု သူ့မျက်နှာကဘယ်လောက်တောင်နီရဲနေလဲဆိုတာကို မှန်ထဲသွားကြည့်ဖို့တောင် သူမလိုတော့ဘူး။ အရမ်းရှက်ဖို့ကောင်းတာပဲ။
မင်းဘာတွေဖြစ်နေတာလဲ?!
ကျင်ရွှင်က သူ့နှလုံးသားထဲမှာ အော်ဟစ်လိုက်ပေမဲ့ အပြင်ဘက်မှာတော့ သူဘာအသံမှမပြုရဲပေ။
ရှန်ရိကျင်းရဲ့ရှုထောင့်ကနေဆို လူငယ်လေးက သူ့ခေါင်းကိုအနည်းငယ်ငုံ့ထားပြီး အနက်ရောင်ဆံပင်တိုလေးတွေဟာ နေဝင်ချိန်မှရောင်ပြန်ဟပ်မှုကြောင့် အနီရောင်ပြောင်းနေလျက် သူ့နားပတ်လည်မှ ဆံခြည်မျှင်လေးတွေကလည်း လေနှင်ရာကခုန်နေရာ သူ့အားအလွန်ပင်နူးညံ့ပုံပေါ်စေသည်။ ၎င်းက လူတွေကို ထိကိုင်ချင်စိတ်ပေါ်လာအောင် ပြုလုပ်ပေးနေသလိုပင်။
ရှန်ရိကျင်းက သူ့လက်ကိုမြှောက်လိုက်၏။
သို့တစေ သူ့လက်ကောက်ဝတ်မှနာရီကို ကြည့်ရုံသာ။
[Cora : ခေါင်းကိုပွတ်လိုက်တော့မယ်လို့ ထင်လိုက်မိတာလေကွာ><]
သူ့အသံက တစ်ဖန်ထွက်ပေါ်လာပြန်သည် :
" ကိုယ်တောင်းပန်ပါတယ်၊ ကိုယ်အခုချက်ချင်းကိုင်တွယ်ရမဲ့ ကိစ္စအချို့ရှိနေသေးတယ်။ ကိုယ်တတ်နိုင်သလောက် မြန်မြန်အပြီးသတ်လိုက်ပါ့မယ်။ မင်းကိုယ့်ကို စောင့်နေပေးနိုင်မလား?"
ကျင်ရွှင်က တုံ့ပြန်တဲ့အနေနဲ့ သူ့ခေါင်းကိုမော့လိုက်ပြီး တစ်ဖက်လူရဲ့အကြည့်အတိုင်း အဝေးတစ်နေရာကို လိုက်ကြည့်လိုက်သည်။ ထပ်တူညီစွာ ကောင်းကောင်းမွန်မွန်ဝတ်ဆင်ထားပြီး အထက်တန်းကျပုံရတဲ့လူတစ်ယောက်က သိပ်မဝေးတဲ့နေရာကနေ လက်ဟန်အမူအရာတွေပြနေရာ ကြည့်ရတာ Mr.ခြေတံရှည်သွားကြည့်ဖို့ လိုအပ်တဲ့ကိစ္စတစ်စုံတစ်ခုရှိနေသည်ထင်ပါရဲ့။
...ခဏလောက်စောင့်နေရတာလည်း ကောင်းတာပါပဲ!
ကျင်ရွှင်က ခိုင်မာစွာခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်ပြီး ပြဿနာမရှိပါဘူးဟုပြောလိုက်သည်။
မျက်နှာချင်းဆိုင်မှ အရပ်ရှည်အမျိုးသားဟာ ထပ်ပြောလာသည် :
" ခဏလေးပဲစောင့်ပေးပါ၊ ပြီးရင် ကိုယ်တို့ရဲ့နှလုံးသားရေးအကြောင်းကို ပြောလို့ရပြီ"
"..."
သူထပ်ပြီး ထိတ်လန့်သွားသော်ငြား ကျင်ရွှင်မငြင်းဆန်ရဲပေ။
တစ်ဖက်လူရဲ့ နက်ရှိုင်းတဲ့အသံနဲ့ ပြင်းပြတဲ့မျက်ဝန်းတို့အပြင် အရေးကြီးဆုံးအရာကတော့ သူ့အားဒီတိုင်းဖြတ်လျှောက်သွားရာမှ ကာကွယ်ပေးထားတဲ့ သူ့ကိုယ်ကျင့်တရားနဲ့ တာဝန်သိစိတ်ပင်။
သူအခု ဝတ္ထုတွေထဲမှ *မတော်တဆတစ်ဖက်လူရဲ့အစာအိမ်ကို ကြီးလာအောင်လုပ်မိသွားတဲ့ ဇာတ်ကြောင်းမျိုးကို တွေ့ကြုံနေရသလိုမျိုး အတိအကျခံစားနေမိသည်။ ခုဖြစ်ရပ်ကတော့ တစ်ဖက်လူက ကလေးကိုခေါ်လာကာ သူ့အိမ်တံခါးအားလာခေါက်နေတဲ့ အဖြစ်အပျက်မျိုးပင်။
ဆန်ကုန်မြေလေးယောကျ်ားဆိုတဲ့ ခေါင်းစဉ်က သူ့ခေါင်းပေါ်ကျလာလုနီးနီးပဲ။ သူ ဘယ်နေရာကို ထွက်ပြေးရဲပါ့မလဲ?
[*တစ်စုံတစ်ယောက်ကို ကိုယ်ဝန်ရအောင် လုပ်မိသည်]
ကျင်ရွှင် လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်၏
" ကောင်းပြီ။ ကျွန်တော် ခင်ဗျားကိုစောင့်နေပါ့မယ်"
"ကောင်းပြီ"
နှစ်ဦးသား ခွဲခွာလိုက်ကြတဲ့အချိန် အမျိုးသားက ရိုးရှင်းစွာထွက်ခွာသွားသော်ငြား ကျင်ရွှင်ကိုတော့ နေရာမှာတစ်ယောက်တည်း ချန်မထားရစ်ခဲ့ပေ။
သူထွက်ခွာသွားတဲ့အချိန် သိပ်မဝေးတဲ့နေရာမှာရပ်နေတဲ့ ဝတ်စုံပြည့်အမျိုးသားကို တစ်ခုခုညွှန်ကြားခဲ့ပုံပေါ်သည်။ မကြာခင်မှာပဲ ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ အမျိုးသားကောင်းက ကျင်ရွှင့်ဆီကိုလာကာ လေးစားယဉ်ကျေးတဲ့အမူအရာနှင့် သူ့ကိုယ်သူမိတ်ဆက်လာ၏
" မင်္ဂလာပါ လူကြီးမင်း၊ ကျွန်တော့်မျိုးရိုးနာမည်က ကျင့်ပါ။ ကျင့်ကျယ်ဟန်။ ကျွန်တော်က ဥက္ကဋ္ဌရှန်ရဲ့လက်ထောက်ပါ။ သူ့မှာ လုပ်စရာအချို့ရှိနေသေးတဲ့အတွက် မင်းကိုဒီမှာအဖော်ပြုပေးဖို့ သူကျွန်တော့်ကိုပြောခဲ့ပါတယ်။ အရင်ဦးဆုံး ကျွန်တော်တို့ထိုင်ဖို့နေရာတစ်ခုကို ရှာလိုက်သင့်လား ဒါမှမဟုတ်? ..."
ကျင်ရွှင်က မင်သက်နေမိဆဲပင်။
သူက ခံစားချက်အကြောင်း အများကြီးသိပ်မသိရင်တောင်မှ လက်ထပ်မဲ့အကြောင်း ပြောနေကြဆဲဖြစ်တဲ့လူတွေအတွက် ဒီလိုအခြေအနေမျိုးက တကယ်ပဲပုံမှန်ဟုတ်ရဲ့လား...
တစ်ဖက်လူရဲ့မျိုးရိုးနာမည်က "ရှန်"ဆိုတာကိုတောင်မှ သူ့လက်ထောက်ရဲ့ပါးစပ်ကနေ သူသိခဲ့ရတာပင်။
တစ်ဖက်လူရဲ့နာမည်က ဘာပါလိမ့်?
ကျင်ရွှင်က Mr.လက်ထောက်ကို မမေးခဲ့ပေ။
ကျင့်ကျယ်ဟန်ရဲ့ ကမ်းလှမ်းမှုနှင့်ရင်ဆိုင်လိုက်ရတော့ သူတစ်ခဏခန့်တွေးတောကာ အကြံပြုလိုက်သည် :
" ကျောင်းအဓိကဝင်ပေါက်ရဲ့ မျက်နှာချင်းဆိုင်မှာ ကဖေးတစ်ခုရှိတယ်။ ကျွန်တော်အဲ့နေရာသွားပြီး သူ့ကိုစောင့်နေလိုက်ပါ့မယ်...Mr.ကျင့်က ကျွန်တော့်ကိုအဖော်ပြုပေးဖို့ မလိုပါဘူး၊ Mr.ရှန်ကိုသာ ကူညီပြီးစကားပါးပေးပါနော်။ ကျေးဇူးပါပဲ"
အဆုံးမှာတော့ သူ့က တစ်ဖက်လူရဲ့နာမည်ကိုမသိရုံမကဘဲ သူ့မှာ တစ်ဖက်လူရဲ့ဆက်သွယ်ရမည့်အချက်အလက်တောင်ရှိမနေဘူး။ လက်ထောက်ကိုသာ သူ့ကိုယ်စား စကားပါးပေးဖို့တောင်းဆိုရုံသာ တတ်နိုင်ပေ၏။
" ရပါတယ်"
နောက်တော့ ကျင့်ကျယ်ဟန်က ကျင်ရွှင့်ကို ကဖေးဆီလိုက်ပို့ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့လည်း ကျင်ရွှင်က ယဉ်ကျေးစွာပင်ငြင်းပယ်လိုက်သည်။
ပထမဦးဆုံးအနေနဲ့ အခြားသူတွေကို ဒုက္ခပေးရတာအား သူမကြိုက်ပေ။ ဒုတိယအနေနဲ့ကတော့ သူကြောင်အပြီး ခေါင်းရှုပ်နေဆဲဖြစ်၏။ သူ အနည်းငယ်မသက်မသာဖြစ်နေတာမို့ တစ်ခဏလောက် တစ်ယောက်တည်းနေချင်မိသည်။
...
ရှန်ရိကျင်းက ဟို့လောင်ဆီတစ်ချက်သွားလည်ပြီးနောက် ကျောင်းအုပ်ကောင်းရဲ့ ညစာစားဖို့ကမ်းလှမ်းတာကို ငြင်းပယ်လိုက်သည်။
သူစကားဆိုလိုက်၏ : " ဒီနေ့ အခြားလုပ်စရာလေးတွေရှိနေသေးလို့ပါ။ အခြားတစ်ရက်ရက်ကျမှ ကျွန်တော်ဧည့်ခံပါ့မယ်။ အဲ့ကျရင် ပရော်ဖက်ဆာဟို့နဲ့ ကျောင်းအုပ်ကောင်းတို့ လာရောက်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"
" သေချာတာပေါ့ ၊ သေချာတာပေါ့"
ရှန်ရိကျင်းထွက်ခွာရတော့မည်ဆိုတော့ ကျောင်းရဲ့ခေါင်းဆောင်တွေအားလုံးက သူ့ကိုလိုက်ပို့ပေးကြသည်။
ပရော်ဖက်ဆာဟို့တောင်မှ ပါပေသည်။
ယနေ့ ရှန်ရိကျင်းကျောင်းကို လာရတဲ့ရည်ရွယ်ချက်က အဓိကအားဖြင့် နောက်ပိုင်းအဆင့်မှာ ရိဝေနည်းပညာအတွက် ကျောင်းက နည်းပညာဆိုင်ရာ ကြပ်မတ်မှုအား အထောက်အပံ့ပေးမည့်ကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီမှုတစ်ခုပြုလုပ်ရန်အတွက်ဖြစ်သည်။
ဒီရက်တွေမှာ ကော်ပိုရေးရှင်းအကြီးစားတွေက သူတို့ရဲ့ကိုယ်ပိုင်အဖွဲ့ကိုဖွဲ့စည်းရတာအား ပိုနှစ်ခြိုက်လာကြသည် ဘာလို့လဲဆိုတော့ ၎င်းက ထိန်းချုပ်စီမံရတာပိုလွယ်လို့ပင်။ အတော်ကိုနည်းပါးလှသောလူတွေက နည်းပညာအထောက်အပံ့အတွက် ကျောင်းကိုလာရောက်ကြသည်။
သို့သော် ပရော်ဖက်ဆာဟို့မှာ သူ့ကိုယ်ပိုင်သုံးသပ်ချက်၊အလားအလာရှိပြီး ထောက်ပံ့ပေးမှုအားလုံးကို လက်မခံခဲ့ပေ။
ဒီတစ်ကြိမ် သူကိုယ်တိုင်ကိုယ်ကျ တစ်ဖက်လူကို လိုက်ပို့ပေးခြင်းသည် အဓိကအားဖြင့် ရှန်ရိကျင်းက သူတို့ရဲ့စီးပွားရေးကိုပဲ အမြင့်ဆုံးရောက်အောင်သာ အခွင့်အရေးရှာတတ်သော စီးပွားရေးသမားအများစုနဲ့ ကွဲပြားတာကြောင့်ပင်။
သူက အနည်းဆုံးတော့ အချိန်ပမာဏတစ်ခုအတွင်းမှာ သူ့အမြင်နဲ့လိုအပ်ချက်တွေအား ဖော်ပြပြီး ၎င်းတို့ထဲမှအများအပြားက သက်ဆိုင်ရာကျွမ်းကျင်နယ်ပယ်တွေထဲမှ နည်းပညာဆိုင်ရာဝေါဟာရတွေပင်။ သူက စကားပြောညက်တာကြောင့် လူတွေအား နွေဦးလေပြည်လေးတိုက်ခတ်နေသလို ခံစားရစေသည်။
အကြီးအကဲဟို့က ဒီလိုလူငယ်တွေကို အရမ်းလေးစား၏။
ဒါ့အပြင် ယနေ့ သူက စိတ်အခြေအနေကောင်းနေတာမို့ ပထမဆုံးအကြိမ်အနေနဲ့ ရှန်ရိကျင်းကိုစကားအနည်းငယ်ပြောလိုက်သည် :
" ဥက္ကဋ္ဌရှန်ရဲ့အတွေးက ကျုပ်အမြဲတမ်းစိတ်ဝင်စားနေတဲ့ ဦးတည်ရာဖြစ်နေရုံတင်မကဘဲ အခုလက်ရှိတိုင်းပြည်က အလိုအပ်ဆုံးနည်းပညာဆိုလဲဟုတ်တယ်။ ဟားဟားဟား ဥက္ကဋ္ဌရှန်လိုမျိုး အမျှော်အမြင်ရှိပြီး သတ္တိရှိတဲ့လူငယ်တွေက အတော်ကိုရှားတယ်! ကျုပ်မင်းရဲ့ပရောဂျက်နောက်လိုက်ပါ့မယ်! ကျုပ်ကျောင်းသားတွေကို ခေါ်ခဲ့ဖို့လဲလိုသေးတာပဲ! အဲ့အကြောင်းပြောခါမှ ခုနက သင်္ချာဌာနက ကျောင်းသားလေးကိုသွားသတိရတယ် မင်းကတော့ သူ့ကိုမြင်ဖူးမှာမဟုတ်ဘူး ဥက္ကဋ္ဌရှန်။ အဲ့လူငယ်လေးရဲ့နာမည်က ယန်ကျင်ရွှင်တဲ့..."
ရှန်ရိကျင်းက တောင့်ဖြောင့်စွာမတ်မတ်ရပ်နေကာ ဟို့လောင်ရဲ့ဇာတ်ကြောင်းပြန်နေခြင်းအား စိတ်ရှည်သည်းခံစွာဖြင့် တိတ်တဆိတ်နားထောင်နေလိုက်သည်။
သူ့မျက်လုံးတွေက အတန်ငယ်မှေးစင်းနေလျက် သူ့အကြည့်က လေထဲမှတစ်နေရာဆီရောက်နေကာ တစ်စုံတစ်ခုကိုစဉ်းစားနေသလိုမျိုး ဂရုမစိုက်ဟန်မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတစ်စုံတွင် လှိုင်းကြပ်ခွပ်တစ်ချက်ထသွား၏။
ကျောင်းအုပ်ကောင်းကလည်း ပြန်တုံ့ပြန်ပြောဆိုလာသည်
" အကြီးအကဲဟို့ ခင်ဗျားပြောတဲ့ကျောင်းသားလေးကို ကျုပ်တို့လဲ အပြင်ကနေ စောင့်ကြည့်နေခဲ့ကြတာ!"
ခုနလေးတင် ပြတင်းပေါက်မှတစ်ဆင့်သူတို့မြင်လိုက်ရတဲ့ ကျောင်းသားငယ်လေးက တကယ်တော်မှန်း သူတို့ဝန်ခံရမည်။ သူက အကြီးအကဲဟို့ရဲ့မေးခွန်းတွေကို ဖြေရှင်းနိုင်ပြီး လက်ရေးကလည်း အတော်လှပေသည်။ ဒါက စပွန်ဆာမရမှာ စိုးရိမ်နေတဲ့ကျောင်းအုပ်ကောင်းကို စိတ်တည်ငြိမ်သွားစေသည်။ သူတို့ရဲ့ကျောင်းတော်က ပါရမီထူးတဲ့သူတစ်ယောက်ကိုရှာတွေ့လိုက်မှတော့ Mr.ရှန်က ဒီဟာကြောင့်စိတ်မလှုပ်ရှားသွားမှာကို ဘာလို့ပူပန်နေရဦးမှာလဲ??
ထို့အပြင် ကျောင်းသားလေးကလည်း Mr.ရှန်ကို သိပုံရတယ်...
ဒါက ရိုးရိုးရှင်းရှင်းကို ဘုရားသခင်က သူတို့ကို ကူညီဖို့ပို့ပေးလိုက်တာပဲ!
ကျောင်းအုပ်ကောင်းက ရယ်ကာမောကာဖြင့်
" ဟားဟားဟား ငါတို့ကျောင်းက အရည်အချင်းရှိကျောင်းသားတွေနဲ့ ပြည့်နေတယ်လို့ ငါတို့ပြောနိုင်ပါတယ်"
ရှန်ရိကျင်း : " ပရော်ဖက်ဆာဟို့ရဲ့အမြင်က မဆိုးပါဘူး။ တကယ်လို့ သူကစွမ်းဆောင်နိုင်တယ်လို့ ခင်ဗျားထင်ရင် သူ့ကိုပါခေါ်ခဲ့လို့ရပါတယ်။ ဒီလိုဆို ကျွန်တော်တို့ အလုပ်တူတူလုပ်ဖို့ အခွင့်အရေးရတာပေါ့"
ပရော်ဖက်ဆာဟို့က ပြန်တုံ့ပြန်လိုက်သည်
" ပြဿနာမရှိပါဘူး"
ကျောင်းက လူတစ်စုအား နှုတ်ဆက်စကားပြောပြီးနောက် ရှန်ရိကျင်း ကျင့်ကျယ်ဟန်ကိုမေးလိုက်သည်
" လူ ဘယ်မှာလဲ?"
ကျင့်ကျယ်ဟန်က ခုနကအခြေအနေကို တိုက်ရိုက်ပဲရှင်းပြလိုက်သည်
"ကျောင်းသားယန်က ကျွန်တော့်ကိုအရင်ပြန်နှင့်ဖို့တောင်းဆိုလိုက်တယ်...သူ့နောက်ကိုလိုက်ဖို့ ကျွန်တော် လူတစ်ယောက် လွှတ်ထားပါတယ်၊ ဘော့စ် စိတ်မပူပါနဲ့"
"ကောင်းပြီ"
ရှန်ရိကျင်းက သူ့ခြေတံရှည်တွေဖြင့် ကားထဲဝင်လိုက်ပြီး ဒရိုင်ဘာကို အဓိကဝင်ပေါက်ဆီမောင်းဖို့ ပြောလိုက်သည်။ လုပ်ငန်းသုံးကားရဲ့အနောက်ခုံထဲမှာ သူတစ်ယောက်တည်းထိုင်ပြီး ပြတင်းပေါက်ကိုကြည့်နေလျက်၊ သူ့အတွေးတွေကတော့ လိုက်မမီအောင်နက်နဲလွန်းလှသည်။
ရှေ့ဘက်ခြမ်း ဒရိုင်ဘာဘေးခုံတွင်ထိုင်နေသော ကျင့်ကျယ်ဟန်က နောက်ကြည့်မှန်ကနေတစ်ဆင့် သူ့ဘော့စ်အားကြည့်လိုက်၏။
ဘော့စ်က ဘာမှလုပ်စရာမရှိတဲ့အချိန်ဆို ဦးတည်ရာတစ်ခုအား ဒီလိုမျိုးတိတ်တဆိတ်ကြည့်နေကာ တွေဝေမိန်းမောနေပုံပေါ်သည်။ သို့ရာတွင် သူ့နောက်ကို အချိန်အကြာကြီးလိုက်ပြီးနောက် ကျင့်ကျယ်ဟန်သိလိုက်ရတာကတော့ သူက ကုမ္ပဏီအကြောင်းစဉ်းစားနေတာမဟုတ်ရင် ရှန်အုပ်စုအကြောင်းစဉ်းစားနေတာပင်။
...စက္ကန့်နဲ့အမျှ ငွေဝင်နေတဲ့သူတွေက တစ်ချိန်လုံးသူတို့တွေရဲ့စိတ်ထဲမှာ မုန်တိုင်းထန်နေတာပင်။
ခန့်မှန်းရရင်တော့ သူကနည်းပညာအသစ်ရဲ့ပြဿနာတွေကို တစ်ဖန်တွေးတောနေတာပဲဖြစ်မယ်။
ကားကချောမွေ့စွာနဲ့ ထွက်ခွာလာပြီး ကျင့်ကျယ်ဟန်ကလည်း သူ့ကိုမနှောင့်ယှက်ရဲခဲ့ပေ။
အလုပ်ရှုပ်တဲ့တစ်ညတာ ပြီးဆုံးသွားပြီးနောက် ကျင့်ကျယ်ဟန်က အခုထိရေတစ်ငုံတောင်မသောက်ရသေးဘူး။ သူက ကားထဲမှ သူ့ကိုယ်ပိုင်ရေဘူးအားသောက်နေချိန် နောက်ခုံမှာထိုင်နေတဲ့ရှန်ရိကျင်းက ရုတ်တရက်ကြီးသူ့အားမေးလာသည် :
" မင်းလက်ထပ်ခွင့်တောင်းတဲ့အချိန် အများအားဖြင့် တစ်ဖက်လူကို မင်းဘယ်လိုလက်ဆောင်မျိုးပေးလဲ?"
ကျင့်ကျယ်ဟန်က သူ့ပါးစပ်ထဲမှရေကို အလျင်အမြန်မြိုချလိုက်ရ၏။ ဘော့စ်က ဘာလို့မေးမှန်း သူနားမလည်သော်ငြား အလွန်ကိုပရော်ဖက်ရှင်နယ်ပီသစွာ သူဖြေလိုက်ဆဲပင် :
" အဲ့ဒါက ယောကျ်ားလေးကိုပေးမှာလား မိန်းကလေးကိုပေးမှာလားဆိုတဲ့အပေါ် မူတည်ပါတယ်...အသုံးများတာကတော့လက်စွပ်ပဲ၊ နာရီတွေဘာတွေလဲပေးကြပါတယ်။ အဓိကအားဖြင့်တော့ တစ်ဖက်လူဘာကြိုက်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်"
" ဒါဆို ကျောင်းသားယန်က ဘာကိုကြိုက်လောက်တယ်လို့ မင်းထင်လဲ?"
"..."ကျင့်ကျယ်ဟန် အသက်ရှူကျပ်လုနီးပါးပင် : "?!"
**
စာရေးသူမှာပြောစရာရှိပါတယ်:
ကျင်ရွှင် : ဇာတ်ကြောင်းကမှားနေပြီ။ အခြားလူတွေရဲ့ one-night standတွေဆို ဒီတိုင်းသူတို့ဖင်လေးကို ပုတ်ပြီးထွက်သွားကြတာပဲလေ။ ငါဘယ်အဆင့်မှာ မှားသွားတာလဲ?
ကွာစိစားနေကြတဲ့ လူတစ်စုက သူတို့ခေါင်းတွေအားကုတ်ကာ :
ဖြစ်နိုင်တာကတော့ အဲ့one-night standရဲ့အရာက ကွာခြားလို့နေမှာပေါ့။
ရှန်ရိကျင်း : ?
❀.❀.❀.❀.❀.❀.❀.❀.❀.❀.❀.❀.❀.
Zawgyi
Chapter 7 : တစ္ညအိပ္ပါတနာက ငါ့ကိုတာဝန္ယူေစခ်င္ေနတယ္?
...လက္ထပ္မယ္!
ဘယ္သူက ဘယ္သူနဲ႕လက္ထပ္မွာလဲ?!
မသိစိတ္အေလ်ာက္ က်င္႐ႊင္ ဒါကို သူနားၾကားမွားတယ္လို႔ထင္လိုက္မိသည္။
သို႔ေပသိ တစ္ဖက္လူက အမူအရာမဲ့တဲ့မ်က္ႏွာထားနဲ႕ ရွိေနသည္။ ေခ်ာေမာတဲ့ မ်က္ႏွာအစိတ္အပိုင္းေတြနဲ႕ တည္ၾကည္ေလးနက္တဲ့မ်က္လုံးေတြ၊ ထိုအရာအားလုံးက သူနားၾကားမွားတာမဟုတ္မွန္း ျပသေနလ်က္။
က်င္႐ႊင္က အင္တင္တင္ျဖင့္ၿပဳံးျပလိုက္ကာ:
" ဒါက...ရွဲန္းရွန္ေနာက္ေနတာမလား၊ ဟုတ္တယ္မလားဟင္?"
တစ္ဖက္လူမွ ျပန္ေမးလာသည္ :
" မင္းက အဲ့လိုထင္တာေပါ့?"
"......"
တည္ၾကည္တဲ့မ်က္ႏွာနဲ႕ အမ်ိဳးသားက သူ႕အားအေပၚေအာက္စုန္ဆန္စိုက္ၾကည့္ကာ ပိုလို႔ေတာင္ေအးစက္လာၿပီး ပိုတည္ၾကည္ေလးနက္လာပုံေပၚသည္။
တစ္ဖက္လူက ဘာကိုဆိုလိုမွန္း မသိတာေၾကာင့္ က်င္႐ႊင္က *က်ည္ဆန္ကိုကိုက္ကာ အမွန္အတိုင္းေျပာလိုက္သည္
" အဓိကအရာကေတာ့ ...ကြၽန္ေတာ္တို႔က တစ္ေယာက္နဲ႕တစ္ေယာက္ သိတာလဲသိပ္မၾကာေသးဘူးေလ...ေကာင္းၿပီ...ကြၽန္ေတာ္တို႔အခ်င္းခ်င္းသိတာ ႏွစ္ရက္ပဲရွိေသးတယ္ေလ..."
[*Bite the bullet - မေကာင္းေသာ သို႔မဟုတ္ ခက္ခဲတဲ့အရာတစ္ခု (သို႔) ခက္ခဲတဲ့အေျခအေနမွာ ရဲရင့္ျခင္း]
ဒါ့အျပင္ ခင္ဗ်ားဘယ္သူဆိုတာနဲ႕ ခင္ဗ်ားနာမည္ကိုေတာင္ ကြၽန္ေတာ္မသိေသးဘူးေလ၊ ဒီေတာ့ ခင္ဗ်ားကဘာလို႔ လက္ထပ္မဲ့အေၾကာင္းလာေျပာေနရတာလဲဗ်?
ေနာက္ဆက္တြဲစကားလုံးေတြကို သူေျပာဖို႔အခြင့္အေရးမရေသးခင္မွာပဲ တစ္ဖက္လူက ေျပာလာသည္
" တိတိက်က်ေျပာရရင္ ကိုယ္တို႔တစ္ညပဲေတြ႕ဖူးတာပါ"
က်င္႐ႊင္ : "..."
" တစ္ေန႕ညက မင္း ကိုယ့္သီးသန႔္ခန္းထဲကို က်ဴးေက်ာ္ဝင္ေရာက္လာတာေလ"
"..." က်င္႐ႊင့္မ်က္ေတာင္ေလးေတြ အဆက္မျပတ္ တဖ်တ္ဖ်တ္လႈပ္ခတ္သြားကာ ႐ုတ္ျခည္း သူေခြၽးအနည္းငယ္ထြက္လာသလို ခံစားရသည္။ ဒီတစ္ႀကိမ္မွာေတာ့ သူအမွန္ပင္ အျပစ္ရွိသလိုခံစားမိ၏။
"ကိုယ္တို႔ တူတူအိပ္ခဲ့ၾကတယ္ေလ"
"..."
"အဲ့အေၾကာင္းျပခ်က္က ကိုယ့္အတြက္လုံေလာက္တယ္"
"......"
အမူအရာမဲ့ေနတဲ့မ်က္ႏွာနဲ႕အတူ တစ္ဖက္လူက အနည္းဆုံးေတာ့ ဒီလိုမ်ိဳးက႐ုဏာရွိေနပုံေပၚေသးသည္...အကယ္၍မ်ား သူကနည္းနည္းေလးမ်က္ေမွာင္ပိုၾကဳတ္လိုက္တာနဲ႕ သူ႕မ်က္ဝန္းေတြက ပိုၿပီးထက္ရွလာကာ က်င္႐ႊင္ခမ်ာ ဒူးဆစ္ကအားနည္းလာသလို ခံစားလာရသည္။
သူဒူးေထာက္လို႔ သူ႕အမွားကိုဝန္ခံလိုက္တာလည္း ျဖစ္ေကာင္းနိုင္တာပဲ။
သို႔ေပမဲ့...
သူတို႔က ဒီတိုင္း one-night standေတြမဟုတ္ဘူးလား?
သူ အဲ့ဒါကိုအထင္လြဲသြားတာမ်ားျဖစ္နိုင္လား? ?
ဒါဆို အခုအေျခအေနက...one-night standက သူ႕ေရွ႕ေရာက္လာၿပီးေတာ့ သူ႕ကိုတာဝန္ယူခိုင္းေစခ်င္ေနတာလား?
...Gosh
အခု ဘာလုပ္ရေတာ့မလဲ?
အားေတာ့နာပါတယ္၊ ဒါေပမဲ့ သူတကယ္ကို ဘာအေတြ႕အႀကဳံမွမရွိတာပါ
သို႔ေသာ္ျငားလည္း ဒါကမမွန္ေသးဘူးေလ
ျဗဳန္းစားႀကီး တစ္စုံတစ္ေယာက္က သူ႕အိမ္တံခါးဝေရာက္လာကာ သူ႕ကိုလက္ထပ္ဖို႔ ဖိအားေပးေနသည္။ သူ႕ရဲ႕ပထမဆုံးတုံ႕ျပန္မႈက အံ့အားသင့္ၿပီး ထိတ္ထိတ္ပ်ာပ်ာျဖစ္သြားတယ္ဆိုေပမဲ့ အဲ့ညက သူထြက္သြားခ်င္တဲ့အခ်ိန္ ထိုလူကသူ႕အားတားခဲ့တယ္ဆိုတာကို က်င္႐ႊင္ ခပ္ျမန္ျမန္ပင္သတိရသြား၏။
က်င္႐ႊင့္မ်က္အိမ္ေတြက တစ္ဖန္ျပဴးက်ယ္သြားကာ ၾကည္လင္တဲ့သူ႕မ်က္ဝန္းေတြက ေရၾကည္အိုင္ငယ္ေလးနဲ႕ ျပည့္ေနသလိုမ်ိဳးျဖင့္ သူ႕အေရွ႕မွလူအား ပေဟဠိျဖစ္စြာ စိုက္ၾကည့္လိုက္သည္။
သို႔ျဖစ္ရာ...အနည္းဆုံးေတာ့ လက္ခုပ္က တစ္ဖက္တည္းတီးလို႔မျမည္ဘူးေလ၊ ၿပီးေတာ့ တာဝန္ယူရတဲ့လူက သူတစ္ေယာက္တည္းမျဖစ္သင့္ဘူး ...ဟုတ္တယ္မလား?
သူတို႔ႏွစ္ေယာက္က ေနဝင္ခ်ိန္ေအာက္မွာ အတူတူရပ္ေနၾကတာျဖစ္ေသာ္ျငားလည္း တစ္ဖက္လူရဲ႕ ေအးစက္ေပမဲ့ေခ်ာေမာတဲ့မ်က္ႏွာေလးကို မ်က္ႏွာခ်င္းဆိုင္ေနရင္း က်င္႐ႊင့္ႏွလုံးသားေအာက္ေျခကေန ဒီလိုေခ်ာေမာခံ့ညားတဲ့အမ်ိဳးသားကို လက္ထပ္လိုက္လို႔လည္း...အရႈံးရွိမွာမဟုတ္ေလာက္ဘူးဟု ခံစားေနရ၏။
အနည္းဆုံးေတာ့ အရင္ႏွစ္ရက္အတြင္း သူေက်ာင္းပတ္လည္ကို ေလွ်ာက္ၾကည့္ေနခဲ့တဲ့အခ်ိန္ ဒီလိုအံ့အားသင့္ဖြယ္ရာအသြင္အျပင္နဲ႕ အျခားတစ္ေယာက္ေယာက္ကို တစ္ခါမွမေတြ႕ခဲ့ဖူးဘူး။
ဒါ့အျပင္ သူတို႔လုပ္ခဲ့တဲ့အရာကလည္း...ဒီရႈေထာင့္အရဆို....ေကာင္းေကာင္းမြန္မြန္ လိုက္ဖက္ညီေနသလို...
!
သူ႕မ်က္ႏွာေပၚမွ အပူခ်ိန္က ႐ုတ္ျခည္းထိုးတက္လာရာ က်င္႐ႊင္ထိုအေၾကာင္းကို ထပ္မေတြးရဲေတာ့ဘဲ ခ်က္ခ်င္းေခါင္းငုံ႕ခ်လိဳက္သည္။
အခု သူ႕မ်က္ႏွာကဘယ္ေလာက္ေတာင္နီရဲေနလဲဆိုတာကို မွန္ထဲသြားၾကည့္ဖို႔ေတာင္ သူမလိုေတာ့ဘူး။ အရမ္းရွက္ဖို႔ေကာင္းတာပဲ။
မင္းဘာေတြျဖစ္ေနတာလဲ?!
က်င္႐ႊင္က သူ႕ႏွလုံးသားထဲမွာ ေအာ္ဟစ္လိုက္ေပမဲ့ အျပင္ဘက္မွာေတာ့ သူဘာအသံမွမျပဳရဲေပ။
ရွန္ရိက်င္းရဲ႕ရႈေထာင့္ကေနဆို လူငယ္ေလးက သူ႕ေခါင္းကိုအနည္းငယ္ငုံ႕ထားၿပီး အနက္ေရာင္ဆံပင္တိုေလးေတြဟာ ေနဝင္ခ်ိန္မွေရာင္ျပန္ဟပ္မႈေၾကာင့္ အနီေရာင္ေျပာင္းေနလ်က္ သူ႕နားပတ္လည္မွ ဆံျခည္မွ်င္ေလးေတြကလည္း ေလႏွင္ရာကခုန္ေနရာ သူ႕အားအလြန္ပင္ႏူးညံ့ပုံေပၚေစသည္။ ၎က လူေတြကို ထိကိုင္ခ်င္စိတ္ေပၚလာေအာင္ ျပဳလုပ္ေပးေနသလိုပင္။
ရွန္ရိက်င္းက သူ႕လက္ကိုျမႇောက္လိုက္၏။
သို႔တေစ သူ႕လက္ေကာက္ဝတ္မွနာရီကို ၾကည့္႐ုံသာ။
[Cora : ေခါင္းကိုပြတ္လိုက္ေတာ့မယ္လို႔ ထင္လိုက္မိတာေလကြာ><]
သူ႕အသံက တစ္ဖန္ထြက္ေပၚလာျပန္သည္ :
" ကိုယ္ေတာင္းပန္ပါတယ္၊ ကိုယ္အခုခ်က္ခ်င္းကိုင္တြယ္ရမဲ့ ကိစၥအခ်ိဳ႕ရွိေနေသးတယ္။ ကိုယ္တတ္နိုင္သေလာက္ ျမန္ျမန္အၿပီးသတ္လိုက္ပါ့မယ္။ မင္းကိုယ့္ကို ေစာင့္ေနေပးနိုင္မလား?"
က်င္႐ႊင္က တုံ႕ျပန္တဲ့အေနနဲ႕ သူ႕ေခါင္းကိုေမာ့လိုက္ၿပီး တစ္ဖက္လူရဲ႕အၾကည့္အတိုင္း အေဝးတစ္ေနရာကို လိုက္ၾကည့္လိုက္သည္။ ထပ္တူညီစြာ ေကာင္းေကာင္းမြန္မြန္ဝတ္ဆင္ထားၿပီး အထက္တန္းက်ပဳံရတဲ့လူတစ္ေယာက္က သိပ္မေဝးတဲ့ေနရာကေန လက္ဟန္အမူအရာေတြျပေနရာ ၾကည့္ရတာ Mr.ေျခတံရွည္သြားၾကည့္ဖို႔ လိုအပ္တဲ့ကိစၥတစ္စုံတစ္ခုရွိေနသည္ထင္ပါရဲ႕။
...ခဏေလာက္ေစာင့္ေနရတာလည္း ေကာင္းတာပါပဲ!
က်င္႐ႊင္က ခိုင္မာစြာေခါင္းတဆတ္ဆတ္ညိတ္ျပလိုက္ၿပီး ျပႆနာမရွိပါဘူးဟုေျပာလိုက္သည္။
မ်က္ႏွာခ်င္းဆိုင္မွ အရပ္ရွည္အမ်ိဳးသားဟာ ထပ္ေျပာလာသည္ :
" ခဏေလးပဲေစာင့္ေပးပါ၊ ၿပီးရင္ ကိုယ္တို႔ရဲ႕ႏွလုံးသားေရးအေၾကာင္းကို ေျပာလို႔ရၿပီ"
"..."
သူထပ္ၿပီး ထိတ္လန႔္သြားေသာ္ျငား က်င္႐ႊင္မျငင္းဆန္ရဲေပ။
တစ္ဖက္လူရဲ႕ နက္ရွိုင္းတဲ့အသံနဲ႕ ျပင္းျပတဲ့မ်က္ဝန္းတို႔အျပင္ အေရးႀကီးဆုံးအရာကေတာ့ သူ႕အားဒီတိုင္းျဖတ္ေလွ်ာက္သြားရာမွ ကာကြယ္ေပးထားတဲ့ သူ႕ကိုယ္က်င့္တရားနဲ႕ တာဝန္သိစိတ္ပင္။
သူအခု ဝတၳဳေတြထဲမွ *မေတာ္တဆတစ္ဖက္လူရဲ႕အစာအိမ္ကို ႀကီးလာေအာင္လုပ္မိသြားတဲ့ ဇာတ္ေၾကာင္းမ်ိဳးကို ေတြ႕ႀကဳံေနရသလိုမ်ိဳး အတိအက်ခံစားေနမိသည္။ ခုျဖစ္ရပ္ကေတာ့ တစ္ဖက္လူက ကေလးကိုေခၚလာကာ သူ႕အိမ္တံခါးအားလာေခါက္ေနတဲ့ အျဖစ္အပ်က္မ်ိဳးပင္။
ဆန္ကုန္ေျမေလးေယာက်္ားဆိုတဲ့ ေခါင္းစဥ္က သူ႕ေခါင္းေပၚက်လာလုနီးနီးပဲ။ သူ ဘယ္ေနရာကို ထြက္ေျပးရဲပါ့မလဲ?
[*တစ္စုံတစ္ေယာက္ကို ကိုယ္ဝန္ရေအာင္ လုပ္မိသည္]
က်င္႐ႊင္ ေလးေလးနက္နက္ေခါင္းညိတ္ျပလိုက္၏
" ေကာင္းၿပီ။ ကြၽန္ေတာ္ ခင္ဗ်ားကိုေစာင့္ေနပါ့မယ္"
"ေကာင္းၿပီ"
ႏွစ္ဦးသား ခြဲခြာလိုက္ၾကတဲ့အခ်ိန္ အမ်ိဳးသားက ရိုးရွင္းစြာထြက္ခြာသြားေသာ္ျငား က်င္႐ႊင္ကိုေတာ့ ေနရာမွာတစ္ေယာက္တည္း ခ်န္မထားရစ္ခဲ့ေပ။
သူထြက္ခြာသြားတဲ့အခ်ိန္ သိပ္မေဝးတဲ့ေနရာမွာရပ္ေနတဲ့ ဝတ္စုံျပည့္အမ်ိဳးသားကို တစ္ခုခုၫႊန္ၾကားခဲ့ပုံေပၚသည္။ မၾကာခင္မွာပဲ ဝတ္စုံျပည့္ဝတ္ဆင္ထားတဲ့ အမ်ိဳးသားေကာင္းက က်င္႐ႊင့္ဆီကိုလာကာ ေလးစားယဥ္ေက်းတဲ့အမူအရာႏွင့္ သူ႕ကိုယ္သူမိတ္ဆက္လာ၏
" မဂၤလာပါ လူႀကီးမင္း၊ ကြၽန္ေတာ့္မ်ိဳးရိုးနာမည္က က်င့္ပါ။ က်င့္က်ယ္ဟန္။ ကြၽန္ေတာ္က ဥကၠ႒ရွန္ရဲ႕လက္ေထာက္ပါ။ သူ႕မွာ လုပ္စရာအခ်ိဳ႕ရွိေနေသးတဲ့အတြက္ မင္းကိုဒီမွာအေဖာ္ျပဳေပးဖို႔ သူကြၽန္ေတာ့္ကိုေျပာခဲ့ပါတယ္။ အရင္ဦးဆုံး ကြၽန္ေတာ္တို႔ထိုင္ဖို႔ေနရာတစ္ခုကို ရွာလိုက္သင့္လား ဒါမွမဟုတ္? ..."
က်င္႐ႊင္က မင္သက္ေနမိဆဲပင္။
သူက ခံစားခ်က္အေၾကာင္း အမ်ားႀကီးသိပ္မသိရင္ေတာင္မွ လက္ထပ္မဲ့အေၾကာင္း ေျပာေနၾကဆဲျဖစ္တဲ့လူေတြအတြက္ ဒီလိုအေျခအေနမ်ိဳးက တကယ္ပဲပုံမွန္ဟုတ္ရဲ႕လား...
တစ္ဖက္လူရဲ႕မ်ိဳးရိုးနာမည္က "ရွန္"ဆိုတာကိုေတာင္မွ သူ႕လက္ေထာက္ရဲ႕ပါးစပ္ကေန သူသိခဲ့ရတာပင္။
တစ္ဖက္လူရဲ႕နာမည္က ဘာပါလိမ့္?
က်င္႐ႊင္က Mr.လက္ေထာက္ကို မေမးခဲ့ေပ။
က်င့္က်ယ္ဟန္ရဲ႕ ကမ္းလွမ္းမႈႏွင့္ရင္ဆိုင္လိုက္ရေတာ့ သူတစ္ခဏခန႔္ေတြးေတာကာ အႀကံျပဳလိုက္သည္ :
" ေက်ာင္းအဓိကဝင္ေပါက္ရဲ႕ မ်က္ႏွာခ်င္းဆိုင္မွာ ကေဖးတစ္ခုရွိတယ္။ ကြၽန္ေတာ္အဲ့ေနရာသြားၿပီး သူ႕ကိုေစာင့္ေနလိုက္ပါ့မယ္...Mr.က်င့္က ကြၽန္ေတာ့္ကိုအေဖာ္ျပဳေပးဖို႔ မလိုပါဘူး၊ Mr.ရွန္ကိုသာ ကူညီၿပီးစကားပါးေပးပါေနာ္။ ေက်းဇူးပါပဲ"
အဆုံးမွာေတာ့ သူ႕က တစ္ဖက္လူရဲ႕နာမည္ကိုမသိ႐ုံမကဘဲ သူ႕မွာ တစ္ဖက္လူရဲ႕ဆက္သြယ္ရမည့္အခ်က္အလက္ေတာင္ရွိမေနဘူး။ လက္ေထာက္ကိုသာ သူ႕ကိုယ္စား စကားပါးေပးဖို႔ေတာင္းဆို႐ုံသာ တတ္နိုင္ေပ၏။
" ရပါတယ္"
ေနာက္ေတာ့ က်င့္က်ယ္ဟန္က က်င္႐ႊင့္ကို ကေဖးဆီလိုက္ပို႔ေပးမယ္လို႔ ကမ္းလွမ္းခဲ့ေပမဲ့လည္း က်င္႐ႊင္က ယဥ္ေက်းစြာပင္ျငင္းပယ္လိုက္သည္။
ပထမဦးဆုံးအေနနဲ႕ အျခားသူေတြကို ဒုကၡေပးရတာအား သူမႀကိဳက္ေပ။ ဒုတိယအေနနဲ႕ကေတာ့ သူေၾကာင္အၿပီး ေခါင္းရႈပ္ေနဆဲျဖစ္၏။ သူ အနည္းငယ္မသက္မသာျဖစ္ေနတာမို႔ တစ္ခဏေလာက္ တစ္ေယာက္တည္းေနခ်င္မိသည္။
...
ရွန္ရိက်င္းက ဟို႔ေလာင္ဆီတစ္ခ်က္သြားလည္ၿပီးေနာက္ ေက်ာင္းအုပ္ေကာင္းရဲ႕ ညစာစားဖို႔ကမ္းလွမ္းတာကို ျငင္းပယ္လိုက္သည္။
သူစကားဆိုလိုက္၏ : " ဒီေန႕ အျခားလုပ္စရာေလးေတြရွိေနေသးလို႔ပါ။ အျခားတစ္ရက္ရက္က်မွ ကြၽန္ေတာ္ဧည့္ခံပါ့မယ္။ အဲ့က်ရင္ ပေရာ္ဖက္ဆာဟို႔နဲ႕ ေက်ာင္းအုပ္ေကာင္းတို႔ လာေရာက္နိုင္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္"
" ေသခ်ာတာေပါ့ ၊ ေသခ်ာတာေပါ့"
ရွန္ရိက်င္းထြက္ခြာရေတာ့မည္ဆိုေတာ့ ေက်ာင္းရဲ႕ေခါင္းေဆာင္ေတြအားလုံးက သူ႕ကိုလိုက္ပို႔ေပးၾကသည္။
ပေရာ္ဖက္ဆာဟို႔ေတာင္မွ ပါေပသည္။
ယေန႕ ရွန္ရိက်င္းေက်ာင္းကို လာရတဲ့ရည္႐ြယ္ခ်က္က အဓိကအားျဖင့္ ေနာက္ပိုင္းအဆင့္မွာ ရိေဝနည္းပညာအတြက္ ေက်ာင္းက နည္းပညာဆိုင္ရာ ၾကပ္မတ္မႈအား အေထာက္အပံ့ေပးမည့္ကိစၥနဲ႕ပတ္သက္ၿပီး သေဘာတူညီမႈတစ္ခုျပဳလုပ္ရန္အတြက္ျဖစ္သည္။
ဒီရက္ေတြမွာ ေကာ္ပိုေရးရွင္းအႀကီးစားေတြက သူတို႔ရဲ႕ကိုယ္ပိုင္အဖြဲ႕ကိုဖြဲ႕စည္းရတာအား ပိုႏွစ္ၿခိဳက္လာၾကသည္ ဘာလို႔လဲဆိုေတာ့ ၎က ထိန္းခ်ဳပ္စီမံရတာပိုလြယ္လို႔ပင္။ အေတာ္ကိုနည္းပါးလွေသာလူေတြက နည္းပညာအေထာက္အပံ့အတြက္ ေက်ာင္းကိုလာေရာက္ၾကသည္။
သို႔ေသာ္ ပေရာ္ဖက္ဆာဟို႔မွာ သူ႕ကိုယ္ပိုင္သုံးသပ္ခ်က္၊အလားအလာရွိၿပီး ေထာက္ပံ့ေပးမႈအားလုံးကို လက္မခံခဲ့ေပ။
ဒီတစ္ႀကိမ္ သူကိုယ္တိုင္ကိုယ္က် တစ္ဖက္လူကို လိုက္ပို႔ေပးျခင္းသည္ အဓိကအားျဖင့္ ရွန္ရိက်င္းက သူတို႔ရဲ႕စီးပြားေရးကိုပဲ အျမင့္ဆုံးေရာက္ေအာင္သာ အခြင့္အေရးရွာတတ္ေသာ စီးပြားေရးသမားအမ်ားစုနဲ႕ ကြဲျပားတာေၾကာင့္ပင္။
သူက အနည္းဆုံးေတာ့ အခ်ိန္ပမာဏတစ္ခုအတြင္းမွာ သူ႕အျမင္နဲ႕လိုအပ္ခ်က္ေတြအား ေဖာ္ျပၿပီး ၎တို႔ထဲမွအမ်ားအျပားက သက္ဆိုင္ရာကြၽမ္းက်င္နယ္ပယ္ေတြထဲမွ နည္းပညာဆိုင္ရာေဝါဟာရေတြပင္။ သူက စကားေျပာညက္တာေၾကာင့္ လူေတြအား ေႏြဦးေလျပည္ေလးတိုက္ခတ္ေနသလို ခံစားရေစသည္။
အႀကီးအကဲဟို႔က ဒီလိုလူငယ္ေတြကို အရမ္းေလးစား၏။
ဒါ့အျပင္ ယေန႕ သူက စိတ္အေျခအေနေကာင္းေနတာမို႔ ပထမဆုံးအႀကိမ္အေနနဲ႕ ရွန္ရိက်င္းကိုစကားအနည္းငယ္ေျပာလိုက္သည္ :
" ဥကၠ႒ရွန္ရဲ႕အေတြးက က်ဳပ္အၿမဲတမ္းစိတ္ဝင္စားေနတဲ့ ဦးတည္ရာျဖစ္ေန႐ုံတင္မကဘဲ အခုလက္ရွိတိုင္းျပည္က အလိုအပ္ဆုံးနည္းပညာဆိုလဲဟုတ္တယ္။ ဟားဟားဟား ဥကၠ႒ရွန္လိုမ်ိဳး အေမွ်ာ္အျမင္ရွိၿပီး သတၱိရွိတဲ့လူငယ္ေတြက အေတာ္ကိုရွားတယ္! က်ဳပ္မင္းရဲ႕ပေရာဂ်က္ေနာက္လိုက္ပါ့မယ္! က်ဳပ္ေက်ာင္းသားေတြကို ေခၚခဲ့ဖို႔လဲလိုေသးတာပဲ! အဲ့အေၾကာင္းေျပာခါမွ ခုနက သခၤ်ာဌာနက ေက်ာင္းသားေလးကိုသြားသတိရတယ္ မင္းကေတာ့ သူ႕ကိုျမင္ဖူးမွာမဟုတ္ဘူး ဥကၠ႒ရွန္။ အဲ့လူငယ္ေလးရဲ႕နာမည္က ယန္က်င္႐ႊင္တဲ့..."
ရွန္ရိက်င္းက ေတာင့္ေျဖာင့္စြာမတ္မတ္ရပ္ေနကာ ဟို႔ေလာင္ရဲ႕ဇာတ္ေၾကာင္းျပန္ေနျခင္းအား စိတ္ရွည္သည္းခံစြာျဖင့္ တိတ္တဆိတ္နားေထာင္ေနလိုက္သည္။
သူ႕မ်က္လုံးေတြက အတန္ငယ္ေမွးစင္းေနလ်က္ သူ႕အၾကည့္က ေလထဲမွတစ္ေနရာဆီေရာက္ေနကာ တစ္စုံတစ္ခုကိုစဥ္းစားေနသလိုမ်ိဳး ဂ႐ုမစိုက္ဟန္မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းတစ္စုံတြင္ လွိုင္းၾကပ္ခြပ္တစ္ခ်က္ထသြား၏။
ေက်ာင္းအုပ္ေကာင္းကလည္း ျပန္တုံ႕ျပန္ေျပာဆိုလာသည္
" အႀကီးအကဲဟို႔ ခင္ဗ်ားေျပာတဲ့ေက်ာင္းသားေလးကို က်ဳပ္တို႔လဲ အျပင္ကေန ေစာင့္ၾကည့္ေနခဲ့ၾကတာ!"
ခုနေလးတင္ ျပတင္းေပါက္မွတစ္ဆင့္သူတို႔ျမင္လိုက္ရတဲ့ ေက်ာင္းသားငယ္ေလးက တကယ္ေတာ္မွန္း သူတို႔ဝန္ခံရမည္။ သူက အႀကီးအကဲဟို႔ရဲ႕ေမးခြန္းေတြကို ေျဖရွင္းနိုင္ၿပီး လက္ေရးကလည္း အေတာ္လွေပသည္။ ဒါက စပြန္ဆာမရမွာ စိုးရိမ္ေနတဲ့ေက်ာင္းအုပ္ေကာင္းကို စိတ္တည္ၿငိမ္သြားေစသည္။ သူတို႔ရဲ႕ေက်ာင္းေတာ္က ပါရမီထူးတဲ့သူတစ္ေယာက္ကိုရွာေတြ႕လိုက္မွေတာ့ Mr.ရွန္က ဒီဟာေၾကာင့္စိတ္မလႈပ္ရွားသြားမွာကို ဘာလို႔ပူပန္ေနရဦးမွာလဲ??
ထို႔အျပင္ ေက်ာင္းသားေလးကလည္း Mr.ရွန္ကို သိပုံရတယ္...
ဒါက ရိုးရိုးရွင္းရွင္းကို ဘုရားသခင္က သူတို႔ကို ကူညီဖို႔ပို႔ေပးလိုက္တာပဲ!
ေက်ာင္းအုပ္ေကာင္းက ရယ္ကာေမာကာျဖင့္
" ဟားဟားဟား ငါတို႔ေက်ာင္းက အရည္အခ်င္းရွိေက်ာင္းသားေတြနဲ႕ ျပည့္ေနတယ္လို႔ ငါတို႔ေျပာနိုင္ပါတယ္"
ရွန္ရိက်င္း : " ပေရာ္ဖက္ဆာဟို႔ရဲ႕အျမင္က မဆိုးပါဘူး။ တကယ္လို႔ သူကစြမ္းေဆာင္နိုင္တယ္လို႔ ခင္ဗ်ားထင္ရင္ သူ႕ကိုပါေခၚခဲ့လို႔ရပါတယ္။ ဒီလိုဆို ကြၽန္ေတာ္တို႔ အလုပ္တူတူလုပ္ဖို႔ အခြင့္အေရးရတာေပါ့"
ပေရာ္ဖက္ဆာဟို႔က ျပန္တုံ႕ျပန္လိုက္သည္
" ျပႆနာမရွိပါဘူး"
ေက်ာင္းက လူတစ္စုအား ႏႈတ္ဆက္စကားေျပာၿပီးေနာက္ ရွန္ရိက်င္း က်င့္က်ယ္ဟန္ကိုေမးလိုက္သည္
" လူ ဘယ္မွာလဲ?"
က်င့္က်ယ္ဟန္က ခုနကအေျခအေနကို တိုက္ရိုက္ပဲရွင္းျပလိုက္သည္
"ေက်ာင္းသားယန္က ကြၽန္ေတာ့္ကိုအရင္ျပန္ႏွင့္ဖို႔ေတာင္းဆိုလိုက္တယ္...သူ႕ေနာက္ကိုလိုက္ဖို႔ ကြၽန္ေတာ္ လူတစ္ေယာက္ လႊတ္ထားပါတယ္၊ ေဘာ့စ္ စိတ္မပူပါနဲ႕"
"ေကာင္းၿပီ"
ရွန္ရိက်င္းက သူ႕ေျခတံရွည္ေတြျဖင့္ ကားထဲဝင္လိုက္ၿပီး ဒရိုင္ဘာကို အဓိကဝင္ေပါက္ဆီေမာင္းဖို႔ ေျပာလိုက္သည္။ လုပ္ငန္းသုံးကားရဲ႕အေနာက္ခုံထဲမွာ သူတစ္ေယာက္တည္းထိုင္ၿပီး ျပတင္းေပါက္ကိုၾကည့္ေနလ်က္၊ သူ႕အေတြးေတြကေတာ့ လိုက္မမီေအာင္နက္နဲလြန္းလွသည္။
ေရွ႕ဘက္ျခမ္း ဒရိုင္ဘာေဘးခုံတြင္ထိုင္ေနေသာ က်င့္က်ယ္ဟန္က ေနာက္ၾကည့္မွန္ကေနတစ္ဆင့္ သူ႕ေဘာ့စ္အားၾကည့္လိုက္၏။
ေဘာ့စ္က ဘာမွလုပ္စရာမရွိတဲ့အခ်ိန္ဆို ဦးတည္ရာတစ္ခုအား ဒီလိုမ်ိဳးတိတ္တဆိတ္ၾကည့္ေနကာ ေတြေဝမိန္းေမာေနပုံေပၚသည္။ သို႔ရာတြင္ သူ႕ေနာက္ကို အခ်ိန္အၾကာႀကီးလိုက္ၿပီးေနာက္ က်င့္က်ယ္ဟန္သိလိုက္ရတာကေတာ့ သူက ကုမၸဏီအေၾကာင္းစဥ္းစားေနတာမဟုတ္ရင္ ရွန္အုပ္စုအေၾကာင္းစဥ္းစားေနတာပင္။
...စကၠန႔္နဲ႕အမွ် ေငြဝင္ေနတဲ့သူေတြက တစ္ခ်ိန္လုံးသူတို႔ေတြရဲ႕စိတ္ထဲမွာ မုန္တိုင္းထန္ေနတာပင္။
ခန႔္မွန္းရရင္ေတာ့ သူကနည္းပညာအသစ္ရဲ႕ျပႆနာေတြကို တစ္ဖန္ေတြးေတာေနတာပဲျဖစ္မယ္။
ကားကေခ်ာေမြ႕စြာနဲ႕ ထြက္ခြာလာၿပီး က်င့္က်ယ္ဟန္ကလည္း သူ႕ကိုမေႏွာင့္ယွက္ရဲခဲ့ေပ။
အလုပ္ရႈပ္တဲ့တစ္ညတာ ၿပီးဆုံးသြားၿပီးေနာက္ က်င့္က်ယ္ဟန္က အခုထိေရတစ္ငုံေတာင္မေသာက္ရေသးဘူး။ သူက ကားထဲမွ သူ႕ကိုယ္ပိုင္ေရဘူးအားေသာက္ေနခ်ိန္ ေနာက္ခုံမွာထိုင္ေနတဲ့ရွန္ရိက်င္းက ႐ုတ္တရက္ႀကီးသူ႕အားေမးလာသည္ :
" မင္းလက္ထပ္ခြင့္ေတာင္းတဲ့အခ်ိန္ အမ်ားအားျဖင့္ တစ္ဖက္လူကို မင္းဘယ္လိုလက္ေဆာင္မ်ိဳးေပးလဲ?"
က်င့္က်ယ္ဟန္က သူ႕ပါးစပ္ထဲမွေရကို အလ်င္အျမန္ၿမိဳခ်လိဳက္ရ၏။ ေဘာ့စ္က ဘာလို႔ေမးမွန္း သူနားမလည္ေသာ္ျငား အလြန္ကိုပေရာ္ဖက္ရွင္နယ္ပီသစြာ သူေျဖလိုက္ဆဲပင္ :
" အဲ့ဒါက ေယာက်္ားေလးကိုေပးမွာလား မိန္းကေလးကိုေပးမွာလားဆိုတဲ့အေပၚ မူတည္ပါတယ္...အသုံးမ်ားတာကေတာ့လက္စြပ္ပဲ၊ နာရီေတြဘာေတြလဲေပးၾကပါတယ္။ အဓိကအားျဖင့္ေတာ့ တစ္ဖက္လူဘာႀကိဳက္လဲဆိုတဲ့အေပၚမွာ မူတည္ပါတယ္"
" ဒါဆို ေက်ာင္းသားယန္က ဘာကိုႀကိဳက္ေလာက္တယ္လို႔ မင္းထင္လဲ?"
"..."က်င့္က်ယ္ဟန္ အသက္ရႉက်ပ္လုနီးပါးပင္ : "?!"
**
စာေရးသူမွာေျပာစရာရွိပါတယ္:
က်င္႐ႊင္ : ဇာတ္ေၾကာင္းကမွားေနၿပီ။ အျခားလူေတြရဲ႕ one-night standေတြဆို ဒီတိုင္းသူတို႔ဖင္ေလးကို ပုတ္ၿပီးထြက္သြားၾကတာပဲေလ။ ငါဘယ္အဆင့္မွာ မွားသြားတာလဲ?
ကြာစိစားေနၾကတဲ့ လူတစ္စုက သူတို႔ေခါင္းေတြအားကုတ္ကာ :
ျဖစ္နိုင္တာကေတာ့ အဲ့one-night standရဲ႕အရာက ကြာျခားလို႔ေနမွာေပါ့။
ရွန္ရိက်င္း : ?