Unicode~
"Ms. Hutch ပျောက်သွားလို့ဆို"
အနောက်ကနေ တစ်စွန်းတစ်စကြားရတဲ့အသံတွေ... ရုတ်ရုတ်သဲသဲလူစုဆီကပင်။
Ms. Hutch.. ခုနကတင် သူနဲ့ စကားပြောနေသေးတာမလား။
အရှေ့က ချာတိတ်က နားမလည်သလို ပြူးကြောင်ကြောင်အကြည့်နဲ့ သူ့ကို ကြည့်နေသည်။ ဒီအကြည့်ကို သူမြင်ဖူးသည်။
ဘယ်တုန်းက မြင်ဖူးခဲ့တာပါလိမ့်၊ သူ့မှတ်ဉာဏ်အပိုင်းအစတွေကို ဆက်ကြည့်ရင်း အဖြေရှာသည်။
ယုန်ဖြူလေး...ယုန်ဖြူလေးကို သတ်တုန်းကပင်။ ယုန်ဖြူလေးကို သတ်မိပြီး ပြောင်းလဲသွားတဲ့ အကြည့်ပုံစံ။
'သေသွားပြီလားဟင်' ဆို၍ပင် သူ့ကို မေးခဲ့သေးသည်။
"ချာ..ချာတိတ်..မ မဟုတ်မှလွဲရော..."
မဖြစ်ပါစေနဲ့...သူထင်သလို မဟုတ်ပါစေနဲ့ အတန်တန်ဆုတောင်းနေမိသည်။ ချာတိတ်ရဲ့ ပင်ကိုစိတ်လေးက ဖြူစင်သည်။ သူ့ရဲ့ စိတ်ဒဏ်ရာကို သူကိုယ်တိုင်ထပ်တိုးအောင်သာ မလုပ်ရင် ကုသဖို့ပိုလွယ်လိမ့်မည်။
"သူသေသွားပြီလားဟင်"
ချာတိတ်သူ့ခန္ဓါကိုယ်ကို ဖယ်ပြီး တစ်ခုခုကို ပြသည်။ ကိုယ့်ဆုတောင်း မပြည့်ခဲ့ပါ။
ရင်ထဲတင်းကြပ်စွာသော ခံစားချက်ကြောင့် အချိန်ပုပ်ခံလို့မဖြစ်..
ချာတိတ်ရှေ့က Ms. Hutchရဲ့ ရုပ်အလောင်းကို Hutchမိသားစုဝင် ဒါမှမဟုတ် အတ္တလန်တာက မည်သူမဆိုသာ မြင်သွားမည်ဆိုလျှင်...
"ချာတိတ် ထ..ကိုယ်တို့အခု ပြေးမှဖြစ်မယ်"
"ဘာလို့လဲဟင် သူက အိပ်နေတာပါ"
"နှင်းဆီရာ..။ ကိုယ့်ကို ခွင့်ပြုနော်"
ပုံ့ပုံ့ကလေးထိုင်နေသော နှင်းဆီကို ပွေ့ချီပြီး ခန်းမရဲ့ အနောက်ခြံပေါက်ကနေ ပြေးထွက်ရသည်။ ခန်းမ အနောက်ပေါက်ရှိ လမ်းကြားက ကျဥ်းကျဥ်းလေး လူပြတ်သည်။
လမ်းလျှောက်ပြန်ဖို့ကလည်း အိမ်က ဝေးလွန်းသည်။
"ချာတိတ် ဒီမှာ ငြိမ်ငြိမ်လေး ထိုင်စောင့်နေနော်။ ကိုယ်အရှေ့ပေါက်ကနေ မြင်းယူလာခဲ့မယ်"
ရွှေရောင်ဆံပင်ပိုင်ရှင်လေးက ဆံသားလေးတွေ လှုပ်ခတ်သွားအောင် ခေါင်းညိတ်ပြသည်။
သူ့ကို ထားခဲ့ပြီး အရှေ့ပေါက်ကို တစ်ယောက်တည်း ဒုန်းစိုင်းရသည်။ ကံကောင်းချင်တော့ Ms. Hutchကို ရှာဖွေရေးနှင့် ပတ်သက်ပြီး အလုပ်ရှုပ်နေကြတာမို့ သူ့ကို ဘယ်သူမှသတိမထားမိကြ။ မြင်းညိုကြီးကို ကြိုးဖြုတ်ပြီး ခပ်သွက်သွက်စီးလာသည်။
နောက်ဖေးလမ်းကြားထဲက စိမ်းပြာရောင်အကြည့်တွေကို မမြင်ရမချင်း ရတက်မအေး။
Ms. Hutch သေဆုံးသည်နှင့် ပတ်သက်၍ သူတို့ဘာသာ ကြိုက်သလို ဆုံးဖြတ်ကြပါစေ ကျွန်တော်တို့နှင့်မဆိုင်တော့။
ချာတိတ်ကိုတော့ ဘယ်သူမှသံသယမဝင်လောက်ဟု ထင်ရပါသည်။
"ချာတိတ်စကားတစ်ခုခုပြောစမ်းပါကွာ၊ ကိုယ်ရူးတော့မယ်"
စိတ်ဝေဒနာသည်တစ်ဦးအဖို့ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်ကြုံပြီး စကားမပြောနိုင်ခြင်း၊ ကြောင်အမ်းအမ်းဖြစ်ခြင်းဆိုတဲ့ လက္ခဏာတွေက သိပ်ဆိုးသည်။
ကိုယ်ချာတိတ်အခြေအနေကို ဒီ့ထက်မဆိုးစေချင်၊...ဒါကတော့ ချာတိတ်အတွက် ကိုယ့်ရဲ့ စိတ်ရင်းပင်။
"သူမသေဘူးမလားဟင်"
"အင်း...မသေတာမို့ တခြားအကြောင်း ပြောရအောင်နော်"
ငါးမြောင့်ဆိုင် လမ်းဆုံကနေ ဝါရှင်တန်လမ်းထဲရောက်ဖို့က အသင်္ချေအသင်္ချာကြာလွန်းပါသည်။
ချာတိတ်ကို ကိုယ့်အရှေ့မှာထားပြီး ရင်ခွင်ထဲ ထည့်ဖက်ထားပေမယ့် ချာတိတ်ခန္ဓါကိုယ်က အေးစက်နေသည်။
"ဟာ သခင်လေးတို့...သခင်လေးက မြင်းထိန်းကြီးနဲ့ သွားတာမလား။ ဘယ်လိုလုပ် Mr. Jeon နဲ့..."
"စကားရှည်တာဗျာ...ခြံတံခါးသော့ခတ်တော့"
ခြံစောင့်ကြီးက မကျေမနပ် ဆောင့်အင့်အင့်နဲ့ တံခါးကို ဂျိန်းခနဲပိတ်လိုက်သည်။
သခင်လေးမဟုတ်တဲ့ တခြားလူက သူ့ကို အမိန်းပေးအော်ငေါက်နေတာကို မကျေနပ်ကြောင်းပြသည်။
"Ms. Hutchကို ဘာလို့လဲ ချာတိတ်"
ချာတိတ်အခန်းထဲရောက်မှ သိချင်တာကို မေးပစ်သည်။ ဒီလိုအချိန်မှာ မေးလို့ကောင်းသော မေးခွန်းမဟုတ်။ သို့ပေမယ့် သိချင်သည်။
ဒီတစ်ခါ ချာတိတ်သတ်လိုက်တာ ကြက်ကလေး ငှက်ကလေးမဟုတ်။
လှလှပပ ဂုဏ်သရေရှိ အမျိုးသမီးပျိုလေးတစ်ယောက်။
ကိစ္စက ထင်ထားတာထက် ကြီးသွားနိုင်သည်။ အခင်းဖြစ်တဲ့ နေရာကလည်း တကယ့်နေရာ..။
"သတ်လိုက်ရင် လိုချင်တာရမှာ"
"ချာတိတ်!!"
ကြောင်တောင်တောင်အငေးသားမျက်ဝန်းတွေနဲ့ ပြောနေတဲ့ ချာတိတ်စကားကို ကိုယ်နားမလည်နိုင်အောင်ရှိသည်။
အဲ့စကားကိုပဲ ထပ်ခါတလဲလဲ တတွတ်တွတ်ပြောနေသည်။
ချာတိတ်ရဲ့ စိတ်တွေက လက်ရှိအချိန်မှာ ရှိမနေပါ၊ ကျွန်တော်မသိခဲ့သော သိဖို့ကြိုးစားနေသော တစ်နေရာမှာ ပျံ့လွှင့်နေသည်။
"ချာတိတ် စိတ်ထိန်းပါဦး"
"သတ်လိုက်ရင် လိုချင်တာရမှာ"
"တော်ပါတော့ကွာ..."
ဒီစကားကို ဘယ်ချိန်ထိ ပြောနေမယ်မသိ။ ကျွန်တော် အရဲစွန့်ပြီး နွားနို့တစ်ခွက်ထဲ အိပ်ဆေးထည့်တိုက်လိုက်သည်။
ဟုတ်တယ် အိပ်လိုက်တာနဲ့ အရာရာပြီးသွားမှာ။
ကျွန်တော် ဒီထက်လည်း မကြံဖန်တတ်တော့။
အိပ်ဆေးသောက်ပြီးချိန် မိနစ်အနည်းငယ်ကြာသည်အထိ ချာတိတ်က အဲ့စကားကို တတွတ်တွတ်ရွတ်နေဆဲ။
သူမျက်ခွံတွေလေးပြီး မအိပ်မချင်း ကျွန်တော့်မှာ စိတ်မဖြောင့်။
ဒီအချိန် တစ်ယောက်ယောက်ရောက်လာပြီး အဲ့စကားကိုသာ ကြားမယ်ဆို ပြဿနာတွေတက်တော့မည်။
Taehyung အိပ်သွားမှ Jeonသူ့အခန်းသူပြန်ခဲ့ပြီး ချာတိတ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စာအုပ်ထဲ ရေးမှတ်သည်။
____
"မြို့ထဲမှာတော့ တကယ်ကိုရှုပ်ယှက်ခတ်နေတာပဲ သခင်လေးရေ.."
အိမ်က ထမင်းချက် ကပ္ပလီမကြီးက ပြောင်းဖူးစွပ်ပြုတ်တစ်ပွဲကို စားပွဲအလယ်မှာ ချရင်း ဆိုလာသည်။
သူ့ပုံစံက သတင်းဦး သတင်းထူးကြီးကို သိရသကဲ့သို့သော သူရဲကောင်းပုံစံလို။
"ဘာလို့လဲ"
"ဪ...Ms. Hutchလေ သခင်လေးတော့ သိမှာမဟုတ်ပါဘူး။ သူ့အဖေက ဒေါက်တာHutchလေ.. မြို့မျက်နှာဖုံးတွေပေါ့။ မနေ့ညက Ms. Hutch အသတ်ခံရလို့တဲ့ သခင်လေးရေ..."
Taehyungရော Jeonရော လက်တွေတုံ့ခနဲ့ ရပ်သွားသည်။ Jeonက ချာတိတ်ကို မသိမသာ အကဲခတ်ကြည့်သည်။
စိတ်အခြေအနေ ပုံမှန်...သို့သော် သူညက ဖြစ်ခဲ့တာတွေကို အာရုံထဲ ရှိနေသည်။
ထမင်းချက်ဘွားတော်က ပါးစပ်ရှည်လွန်းသည်၊ တကယ်တမ်းဆို သူက ချာတိတ်ကို စကားစမြည်ပြောရမယ့်အဆင့်လား။
နည်းနည်းပါးပါး တွေးတောကြည့်ဖို့ ကောင်းသည်။
"ဟုတ်...ဟုတ်လား။ တရားခံရော..."
"ဘာတရားခံရမလဲ သခင်လေးရယ်။ အခုချိန် ဘယ်သူမှ တရားခံမရှာနိုင်ဘူး။ ပြည်တွင်းစစ်ကြီးက မနက်ဖြန်သန်ဘက်ခါ ဘာဖြစ်မယ်မသိဘူးကို ဒီလူသတ်မှုအတွက် ဘယ်ရှေ့နေက အချိန်ပေးနိုင်ပါ့မလဲ"
"အဒေါ်ကြီး ကျွန်တော့်ကို ပေါင်မုန့်ကင်နောက်တစ်ချပ်လောက်"
ထမင်းချက်ကြီးရဲ့ စကားတွေ မလွန်လာခင် စကားဖြတ်လိုက်ရသည်။
ကပ္ပလီတွေများ တစ်ခွန်းမေးမိရင် ဖြေတာက ဆယ်ခွန်းမကတော့။
"ချာတိတ် အဆင်ပြေရဲ့လား။ ညက..."
"တော်တော့။ ဒါပထမဆုံး မဟုတ်ဘူး"
အံ့ကြိတ်ပြီး တိုးတိုးပြောကာ ထမင်းစားပွဲက ထသွားသည်။ ပထမဆုံး မဟုတ်ဘူးဆိုတာကရော ဘာလဲ။
နှင်းဆီရဲ့ တစ်ဖက်ခြမ်းက ခန့်မှန်းရခက်လိုက်တာ။
ကိုယ်နဲ့ မတွေ့ခင် မသိခင်က ချာတိတ်ဘာတွေလုပ်ခဲ့လဲ၊ ချာတိတ်ဘဝက ဘယ်လိုတွေဖြစ်ခဲလဲ သိချင်သည်။
ကိုယ်တတ်နိုင်သမျှတော့ ဒါတွေသိအောင်ကြိုးစားဦးမည်၊ အချိန်တွေ ကျန်ဦးမှာပါလေ။
ကြက်သွေးရောင်ခန်းဆီးကြီးကို ပင့်ပြီး အဝေးက လူကို ငေးကြည့်မိသည်။
Jeonက မြင်းညိုကြီးကို ရထားမှာ ချည်ယူ၍ အပြင်သွားရန်လုပ်နေသည်။
ဒီနေ့ရော အဲ့ဒီ ဇိမ်အိမ်ဆိုတာကြီးကို သွားဦးမှာလား... ကိုယ်ယောင်လို့တောင်မတွေးရဲပင်။
ကိုယ်ဟာ Jeonကို နည်းနည်းမှမယုံနိုင်။
Jeon ကလည်း ယုံကြည်စရာကောင်းအောင်မနေ။
ဦးလေး Aidenရဲ့လူဖြစ်နေခြင်းက Jeonကို ယုံဖို့ကိစ္စတိုင်းကို နှောင့်နှေးစေသည်။
ကုန်လှောင်ရုံကိစ္စနဲ့ ပတ်သက်ပြီး Jeonကို မျက်နှာလွဲခဲ့သည်... ဒါဟာလည်း ယုံလွန်းလို့တော့မဟုတ်။
သို့သော် ဇိမ်မယ်တွေနဲ့ တွဲသွားခြင်းကတော့ ကိုယ်ရေးကိုယ်တာအရ မကျေနပ်ခြင်း။
ဒါကို ဘယ်လိုခေါင်းစဥ်တပ်တပ် တပ်နိုင်သည်။
Jeonဆီမှာ သူကလွဲပြီး အတူတွဲသွားစရာအဖော်ရှိနေတာမျိုးဆို ယောကျ်ားသော်လည်းကောင်း၊ မိန်းမသော်လည်းကောင်း သူမုန်းနေသည်။
Suzan နဲ့ Joannaကို သူသဘောမကျ၊ ဇိမ်အိမ်က လျှပ်ပေါ်လော်လီတဲ့ မိန်းမတွေနဲ့ မတွဲစေချင်၊ Ms. Hutch ဆိုသူနဲ့လည်း စကားမပြောစေချင်ခဲ့။
စိတ်ထိန်းမရတဲ့အဆုံး ထိုစကားကို ပြန်ကြားယောင်မိသည်..
"သတ်လိုက်ရင် လိုချင်တာရမှာ" တဲ့လေ။
ထိုစကားကိုပဲ အထပ်ထပ်ကြားနေရင်း အခါခါ ဂါထာတစ်ပုဒ်လို ရေရွတ်နေရင်း Ms. Hutchကို ဘဝကူးပြောင်းစေလိုက်သည်။
'ပထမဆုံးအကြိမ်မှ မဟုတ်တာ' လို့ သူ့ကိုယ်သူအားပေးနေပေမယ့် အဆင်မပြေနိုင်။
ဒီကိစ္စကြီး တစ်ခုလုံးက Jeonမျက်စိရှေ့မှာ ဖြစ်သွားတာပင်။
Jeon သူ့ကို ဘယ်လိုထင်လိမ့်မလဲ တွေးပူနေရသည်။
အကယ်၍ သူ့ကို ရွံရှာပြီး တခြားမိန်းမတွေနဲ့သာ...
ဟင့်အင်း...အဲ့လို အဖြစ်မခံနိုင်။
____
"အစ်ကိုကြီးတို့များ အတ္တလန်တာမှာ ဟန်ကျနေရောနော်"
"ဟောဗျာ...ပြောပါဦး ကိုယ်က ဘာတွေများ ဟန်ကျမိလို့လဲ"
"ဟန်ကျတာပေါ့... အစ်ကိုကြီးက အတ္တလန်တာက မိန်းမပျိုလေးတွေရဲ့ အသည်းကို ဖမ်းစားဖို့လာသလား အောက်မေ့ရတာကိုး"
Jeon တစ်ယောက် အလိုက်အထိုက်ပြန်ရယ်သည်။ ညုတုတုအမျိုးသမီးတွေနဲ့ မပတ်သက်ချင်လို့မရ... ခေတ်ပျက်သူဌေးတွေရဲ့ သတင်းအစုံအလင်က ဒီက အမျိုးသမီးလေးတွေဆီမှာရှိသည်။
တိုင်းပြည်ပျက်ချိန်မှာ ပိုက်ဆံက ရှာတတ်ရင်ရှာတတ်သလောက်သိပ်လွယ်သည်။ လူတွေအမြင်မှာသာ သိက္ခါမဲ့ချင်မဲ့မည်။ ပိုက်ဆံအရတော့ သိပ်လွယ်သည်၊ သိပ်မြန်သည်။
"ဒါနဲ့ အစ်ကိုကြီး အဆက်လေးတွေ ဒီနေ့ အတ္တလန်တာကို လာမှဆို။ အစ်ကိုကြီးတော့ ညီမတို့ကို မေ့တော့မှာပေါ့"
ကလူသံမြူသံလေးနဲ့ မိန်းမလှလေးက ချစ်စရာ။ သို့ပေမယ့် ဒါကလည်း သမားရိုးကျဆန်လွန်းသည်။ သူ့စိတ်ကို မလှုပ်ခတ်နိုင်။
"အဆက်လေးတွေ မဟုတ်ရပါဘူးဗျာ။ ကိုယ့်ညီမတွေပါ။ ဟိုမှာဆို မလုံမခြုံမို့ ဒီမှာ ခဏခေါ်ထားရတဲ့သဘောပါ"
Jeonစိတ်ထဲ အပြစ်သားတစ်ယောက်လို ခံစားလိုက်ရသည်။ ဒီအစီအစဥ်နဲ့ ပတ်သက်ပြီး အန်ကယ် Aiden နဲ့ Mr. Clarkကြောင့် သဘောတူလိုက်ရပေမယ့် နှင်းဆီမြိုင်သခင်လေးက ဒေါအပွကြီးပွလိမ့်မည်။
Suzan နဲ့ Joanna ဆိုတာ ချာတိတ်နဲ့ စည်းမကပ်ကြသူတွေမလား။ ချာတိတ်နဲ့ ပြဿနာကြီးကြီးမားမား မတက်ဖို့ရာသာ မျှော်လင့်ပါရဲ့။
ဇိမ်အိမ်ကနေ ပြန်လာပြီး ဘူတာမှာ Suzanနဲ့ Joannaကို သွားကြိုရသည်။
နှင်းဆီမြိုင်နဲ့ သစ်ကတိုးစုက လုံခြုံမှုမရှိတာကြောင့် ဒီကို ပို့လိုက်ခြင်းပင်။
အမှန်ဆို ဒီကိစ္စက Taehyungကို တိုက်ရိုက်စာပို့ပြောသင့်သည့်ကိစ္စ...အခုတော့ အန်ကယ် Aidenက သူ့ကို ခွင့်တောင်းလာသည်။
"Jeonက အတ္တလန်တာမှာ အဆင်ပြေနေပုံပဲနော်။ ခန့်လို့ သန့်လို့ အပျိုလေးတွေ ဝိုင်းနေတော့မှာပဲ"
"ဘယ်အပျိုတွေဝိုင်းဝိုင်း ဒီက Suzanကိုတော့ဖြင့် မမေ့နိုင်ပါဘူးဗျာ"
Jeon စကားကြောင့် Suzanခမျာ ရှက်သွေးဖြာရသည်။ အဲ့စကားလေး ကြားချင်လို့ပဲ စကားလမ်းကြောင်းရှာရတာ ဆိုပေမယ့် တကယ်ကြားတော့ မျက်နှာတွေ နီရဲလို့။
"ကိုကိုလေးရော အဆင်ပြေနေလား"
Joannaက စကားဖြတ်မေးသည်။ မကောင်းတတ်လို့သာ မေးရမယ် သိပ်စိတ်ပါပုံမရ။
Joannaက Taehyungကို အသားလွတ်ကြီး မုန်းနေတာကို Jeonသိပ်မကြိုက်ချင်။
Joannaရဲ့ အမုန်းက သိသိသာသာ... မဖုံးနိုင်မဖိနိုင်။
"သူအဆင်ပြေနေပါတယ်"
"သူ့ရောဂါကရော.."
"ဟင်.."
Suzan အနေနဲ့ Taehyungရဲ့ စိတ်အခြေအနေနဲ့ ပတ်သက်ပြီး ဘာကိုမှမသိတာကြောင့် Joanna ရုတ်တရက်ပြောလိုက်ချိန်မှာ သိချင်စိတ်ပြင်းပြသွားသည်။
Jeonကတော့ Joannaကို စိတ်အပျက်ကြီး ပျက်နေမိသည်။ ဘယ်လောက်တောင် မစ္ဆရိယစိတ်များလိုက်သလဲဆို သူနဲ့ Suzan ဘယ်လိုပဲရင်းနှီးပါစေဦး ကိုယ့်ဆွေမျိုးသားချင်းရဲ့ ကျန်းမာရေးအကြောင်းကို ခုလို လက်လွတ်စပယ်ထုတ်ပြောဖို့ရာမကောင်း။
"သူနေကောင်းပါတယ်"
"နေပါဦး သူက ဘာဖြစ်နေလို့လဲ...တစ်မျိုးတော့ မထင်ပါနဲ့ Suzan သိချင်လို့ပါ"
"Suzan မသိဘူးကိုး...ကိုကိုလေးက စိတ်ဝေဒနာ..."
"Joanna!"
Jeon တားပေမယ့် အလျင်မမီလိုက်..စကားကလွန်သွားချေပြီ။
အကင်းပါးသည့် Suzanကလည်း Jeonကို ဘာအတွက် နှင်းဆီမြိုင်က ခေါ်လဲဆိုတာ သိလိုက်ပြီ။
သေချာတာပေါ့ Jeonက Taehyungကို မျက်နှာသာပေးသည်ဆိုတာ သူ့လူနာဖြစ်နေလို့သာ...စင်စစ် Jeonဟာ Suzanဆိုတဲ့ သူ့ကိုကလွဲရင် ဘယ်သူ့ကိုမှ မျက်လုံးထဲမြင်မှာမဟုတ်။
Suzanနဲ့ Joannaကို မြင်းရထားပေါ် တင်ခေါ်ပြီး အိမ်ပြန်လာသည်။ လမ်းမှာ လူကြီးသူမတချို့တွေ့လျှင် မိတ်ဆက်ပေးရသေးသည်။
ပြည်တွင်းစစ်ကာလမို့ အမျိုးသမီးတွေက ကြက်ခြေနီအသင်းမှာ အလုပ်အကိုင်ကူရလေ့ရှိသည်...ထို့ကြောင့် ကြက်ခြေနီအသင်းက အမျိုးသမီးတွေက Joanna နဲ့ Suzanကို လုပ်အားပေးဖို့ မဲဆွယ်နေကြသည်။
"ဟာ မမလေးတို့ ပါလာတာကိုး.."
"အေး သခင်လေး အိမ်ထဲမှာလား"
" သခင်လေးက ဘယ်တုန်းက အပြင်သွားလို့လဲ Mr. Jeon ရဲ့"
အိမ်ရှေ့ဆင်ဝင်ကို ဖြတ်ပြီး တံခါးမကြီးကို ဖွင့်လိုက်လျှင် ချာတိတ် လှေကားပေါ်က ဆင်းလာချိန်နှင့် ကြုံသည်။
အမည်မသိသော အခိုးအရိပ်တချို့ ချာတိတ်မျက်နှာပေါ် ဖြတ်သွားလျက်။
"ဘယ်လို ရောက်လာကြတာလဲ"
"ကိုကိုလေးကလည်း ကိုယ့်ညီမရောက်လာတာတောင် ဝမ်းမသာသလိုကြီး ဟွန့်"
ဝမ်းမသာပါ ဘယ်နည်းနဲ့မှ ဝမ်းမသာနိုင်ပါ။ ဝမ်းမသာသည့်အပြင် ရင်ဘတ်တစ်ခုလုံး ဆွဲစုတ်ထားသလိုပါ ခံစားရသည်။
ဒီပုံရိပ် ဒီမြင်ကွင်းကြီးဟာ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက မြင်ကွင်းကြီးနဲ့ ဘာများ ကွာခြားသေးသနည်း။
ဖေဖေ့နေရာမှာ Jeon ဖြစ်သွားတာပဲရှိသည်...။
နှင်းဆီမြိုင်ကနေ Joannaကို ခေါ်လာတဲ့ ဖေဖေ၊ နှင်းဆီမြိုင်ကလာတဲ့ Joannaကို သွားကြိုလာတဲ့ Jeon..Suzan Clarkဆိုတဲ့မိန်းမပါ အဆစ်ပါသေးသည်။
Joannaဆိုတာ ကံဆိုးခြင်းတွေကိုသာ သယ်လာတတ်သူ၊ သူကျွန်တော့်ကို မုန်းသည်ဆိုတာ မစ္ဆရိယစိတ်သက်သက်ဆိုလျှင် ကျွန်တော်သူ့ကိုမုန်းတာက အသွေးအသားထဲက ကွယ်လွန်လေပြီးသော မိဘနှစ်ပါးကိုပါ တိုင်တည်၍ လှိုက်လှိုက်လှဲလှဲမုန်းတာပင်။
ခေါင်းထဲ ရိပ်ခနဲ ရိပ်ခနဲ ... ဝါရှင်တန်လမ်းက အိမ်ကြီးက အမြင်အာရုံထဲ လှုပ်ရမ်းနေသည်။ လူတွေက နှစ်ထပ်ပုံရိပ်တွေဖြစ်ပြီး နောက်ဆုံးမှာတော့...
"ချာတိတ်!!"
သူဟာ ဖေဖေနဲ့ မေမေပြောသည့်အတိုင်း သူ့ညီမဝမ်းကွဲလေးနဲ့ အတတ်နိုင်ဆုံး သင့်မြတ်ဖို့ ကြိုးစားခဲ့သည်။
သို့ပေမယ့် တစ်ဖက်က Joannaဆိုတဲ့ ညီမလေးက သူ့ကို လိုလိုလားလားမရှိခဲ့။
Joannaက အသက်၄နှစ်နဲ့မလိုက်အောင် အနက်ရောင် ဆံပင်အခွေအလိပ်ကြီးတွေရှိပြီး ထိုဆံပင်တွေကို လှလှပပထုံးဖွဲ့ချင်သူ။
"ကိုကိုလေး ငါ့ကို ဆံပင်ထုံးပေး"
"ကိုကိုလေးက ယောကျ်ားလေးလေ ဒါတွေဘယ်လုပ်တတ်မလဲ"
"မသိချင်ဘူး။ ကိုကိုလေးဘာသာ ဘာကြီးဖြစ်ဖြစ် ငါ့ကို ဆံပင်ရအောင်ထုံးပေးရမယ်"
သူကြိုးစားပမ်းစားနဲ့ ဆံပင်ထုံးပေးသည်။ ဆံပင်ထူထူအလိပ်ကြီးတွေက ၅နှစ်သားကလေးရဲ့ လက်သေးသေးလေးနဲ့ မဆန့်၊ ထိန်းလို့မရ အကုန်ပြေကျကုန်သည်။
"ကိုကိုလေး မင်းတော်တော်အသုံးမကျတာပဲ ကဲဟာ!"
"အား!! မကိုက်ပါနဲ့ ဗြဲ အီးဟီး"
သူ့ညာဘက် လက်ဖျံပေါ် သွားရာအကွင်းလိုက်။ သွေးနည်းနည်း စို့ချင်သည်။ သူအာခေါင်ခြစ်ပြီး အော်ငိုပေမယ့် အိမ်ကြီးက ကြီးလွန်းသည်။ အခန်းနံရံထုက ထူသည်၊ အသံလုံသည်။ ဘယ်သူမှ မကြား။
"ယောကျ်ားတန်မဲ့ ငိုမနေစမ်းနဲ့ ငါနားညည်းတယ် ကိုကိုလေး"
"ဟင့် မလုပ်ပါနဲ့ အား!"
'ဘုန်း! ဒုတ်!'
လက်အသားကို ပြတ်ထွက်မတတ် ဆွဲဆိတ်နေသော Joannaကို သူသည်းမခံနိုင်စွာဖြင့် တွန်းမိလိုက်သည်။
ကံဆိုးချင်တော့ စားပွဲခုံစောင်းနဲ့ Joannaနဲ့ တိုက်မိလျက်သား။
ကလေး အားမို့ အရှိန်မများသလို ဒဏ်ရာမရပေမယ့် Joannaက သဲသဲမဲမဲ အော်ငိုချေပြီ။
"ဟဲ့ ကလေးတွေ ဘယ်လိုဖြစ်ကြတာလဲ!"
"မေမေ...ဟင့်!"
"ဟယ် သမီး ဘယ်လိုဖြစ်ရတာလဲ"
မေမေရောက်လာလို့ အားကိုးတကြီး ဖက်တွယ်မယ် ကြံသော်လည်း မေမေ့ကို ဖက်တွယ်ခွင့်မရ။ မေမေ့အာရုံက ပြန်မထနိုင်အောင် ငိုနေသော Joanna ဆီမှာ။
မေမေက သူ့လက်ဖျံက သွေးစို့နေတဲ့ သွားကွင်းရာကြီးကို မမြင်ခဲ့။
သူအရင်လို မေမေ့ဆီက နွေးထွေးမှုရချင်သည်။ မေမေက သူ့ကိုဆူလိုက်တာကမှ ခံသာဦးမည်...အခုလို လျစ်လျူရှုခံရတာက အစများစွာ သာ၍ဆိုးသည်။
သူမေမေ့ကို ဖြစ်ကြောင်းကုန်စင် ရှင်းပြချင်လိုက်တာ။
Joannaက တဖြေးဖြေးနဲ့ သူပိုင်ဆိုင်သမျှတွေကို သူ့ဆီက ဆွဲထုတ်သွားသည်။
၄နှစ်သမီးလေးဘဝကစခဲ့တဲ့ မာယာက ကြောက်ခမန်းလိလိ။
Joannaရဲ့ မာယာတွေဟာ မျိုးရိုးလိုက်လာတယ်ဆိုတာ Joannaနဲ့တွေ့ပြီး နှစ်နှစ်ကြာမှ သူသိလိုက်ရသည်။
ကြိုသာသိခဲ့မယ်ဆို ချောင်တစ်ချောင်မှာ အမြဲကပ်ငိုနေမယ့်အစား...
"မေမေထင်သလို မဟုတ်ဘူးနော်..!"
"သားဘာမှမလုပ်ဘူး သူအရင်လုပ်တာ"
"သူ့ကိုမယုံကြပါနဲ့!"
စသဖြင့် ပြောခဲ့မိလျှင်...
"သူ့ကို မယုံနဲ့ အား!!"
"ချာတိတ်...သတိရလာပြီလား။ ဒီမှာ သံပရာရေလေး သောက်လိုက်ဦး"
"သူ့ကိုမယုံပါနဲ့"
"ဟင်..."
ကမ်းပေးသော သံပရာရည်ခွက်ကို ငြင်းပယ်ပြီး သူ့ရင်ခွင်ထဲ ပြေးဝင်လာသော နှင်းဆီ။
ရွှေရောင်ဆံပင်တွေကို ပွတ်သပ်ပေးတော့ တအားငိုချတော့သည်။
TBC~
ဒီficလေးက ရေးနေကျတွေထက် များလိမ့်မယ်ထင်တယ်။
ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နဲ့ Ongoingလိုက်ပေးကြပါနော်။
Hidden partsတွေလည်း တဖြေးဖြေးပြသွားပါမယ်။
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
"Ms. Hutch ေပ်ာက္သြားလို႔ဆို"
အေနာက္ကေန တစ္စြန္းတစ္စၾကားရတဲ့အသံေတြ... ႐ုတ္႐ုတ္သဲသဲလူစုဆီကပင္။
Ms. Hutch.. ခုနကတင္ သူနဲ႔ စကားေျပာေနေသးတာမလား။
အေရွ႕က ခ်ာတိတ္က နားမလည္သလို ျပဴးေၾကာင္ေၾကာင္အၾကည့္နဲ႔ သူ႔ကို ၾကည့္ေနသည္။ ဒီအၾကည့္ကို သူျမင္ဖူးသည္။
ဘယ္တုန္းက ျမင္ဖူးခဲ့တာပါလိမ့္၊ သူ႔မွတ္ဉာဏ္အပိုင္းအစေတြကို ဆက္ၾကည့္ရင္း အေျဖရွာသည္။
ယုန္ျဖဴေလး...ယုန္ျဖဴေလးကို သတ္တုန္းကပင္။ ယုန္ျဖဴေလးကို သတ္မိၿပီး ေျပာင္းလဲသြားတဲ့ အၾကည့္ပုံစံ။
'ေသသြားၿပီလားဟင္' ဆို၍ပင္ သူ႔ကို ေမးခဲ့ေသးသည္။
"ခ်ာ..ခ်ာတိတ္..မ မဟုတ္မွလြဲေရာ..."
မျဖစ္ပါေစနဲ႔...သူထင္သလို မဟုတ္ပါေစနဲ႔ အတန္တန္ဆုေတာင္းေနမိသည္။ ခ်ာတိတ္ရဲ႕ ပင္ကိုစိတ္ေလးက ျဖဴစင္သည္။ သူ႔ရဲ႕ စိတ္ဒဏ္ရာကို သူကိုယ္တိုင္ထပ္တိုးေအာင္သာ မလုပ္ရင္ ကုသဖို႔ပိုလြယ္လိမ့္မည္။
"သူေသသြားၿပီလားဟင္"
ခ်ာတိတ္သူ႔ခႏၶါကိုယ္ကို ဖယ္ၿပီး တစ္ခုခုကို ျပသည္။ ကိုယ့္ဆုေတာင္း မျပည့္ခဲ့ပါ။
ရင္ထဲတင္းၾကပ္စြာေသာ ခံစားခ်က္ေၾကာင့္ အခ်ိန္ပုပ္ခံလို႔မျဖစ္..
ခ်ာတိတ္ေရွ႕က Ms. Hutchရဲ႕ ႐ုပ္အေလာင္းကို Hutchမိသားစုဝင္ ဒါမွမဟုတ္ အတၱလန္တာက မည္သူမဆိုသာ ျမင္သြားမည္ဆိုလွ်င္...
"ခ်ာတိတ္ ထ..ကိုယ္တို႔အခု ေျပးမွျဖစ္မယ္"
"ဘာလို႔လဲဟင္ သူက အိပ္ေနတာပါ"
"ႏွင္းဆီရာ..။ ကိုယ့္ကို ခြင့္ျပဳေနာ္"
ပုံ႔ပုံ႔ကေလးထိုင္ေနေသာ ႏွင္းဆီကို ေပြ႕ခ်ီၿပီး ခန္းမရဲ႕ အေနာက္ၿခံေပါက္ကေန ေျပးထြက္ရသည္။ ခန္းမ အေနာက္ေပါက္ရွိ လမ္းၾကားက က်ဥ္းက်ဥ္းေလး လူျပတ္သည္။
လမ္းေလွ်ာက္ျပန္ဖို႔ကလည္း အိမ္က ေဝးလြန္းသည္။
"ခ်ာတိတ္ ဒီမွာ ၿငိမ္ၿငိမ္ေလး ထိုင္ေစာင့္ေနေနာ္။ ကိုယ္အေရွ႕ေပါက္ကေန ျမင္းယူလာခဲ့မယ္"
ေ႐ႊေရာင္ဆံပင္ပိုင္ရွင္ေလးက ဆံသားေလးေတြ လႈပ္ခတ္သြားေအာင္ ေခါင္းညိတ္ျပသည္။
သူ႔ကို ထားခဲ့ၿပီး အေရွ႕ေပါက္ကို တစ္ေယာက္တည္း ဒုန္းစိုင္းရသည္။ ကံေကာင္းခ်င္ေတာ့ Ms. Hutchကို ရွာေဖြေရးႏွင့္ ပတ္သက္ၿပီး အလုပ္ရႈပ္ေနၾကတာမို႔ သူ႔ကို ဘယ္သူမွသတိမထားမိၾက။ ျမင္းညိဳႀကီးကို ႀကိဳးျဖဳတ္ၿပီး ခပ္သြက္သြက္စီးလာသည္။
ေနာက္ေဖးလမ္းၾကားထဲက စိမ္းျပာေရာင္အၾကည့္ေတြကို မျမင္ရမခ်င္း ရတက္မေအး။
Ms. Hutch ေသဆုံးသည္ႏွင့္ ပတ္သက္၍ သူတို႔ဘာသာ ႀကိဳက္သလို ဆုံးျဖတ္ၾကပါေစ ကြၽန္ေတာ္တို႔ႏွင့္မဆိုင္ေတာ့။
ခ်ာတိတ္ကိုေတာ့ ဘယ္သူမွသံသယမဝင္ေလာက္ဟု ထင္ရပါသည္။
"ခ်ာတိတ္စကားတစ္ခုခုေျပာစမ္းပါကြာ၊ ကိုယ္႐ူးေတာ့မယ္"
စိတ္ေဝဒနာသည္တစ္ဦးအဖို႔ ထိတ္လန္႔ဖြယ္ရာ အျဖစ္အပ်က္ႀကဳံၿပီး စကားမေျပာႏိုင္ျခင္း၊ ေၾကာင္အမ္းအမ္းျဖစ္ျခင္းဆိုတဲ့ လကၡဏာေတြက သိပ္ဆိုးသည္။
ကိုယ္ခ်ာတိတ္အေျခအေနကို ဒီ့ထက္မဆိုးေစခ်င္၊...ဒါကေတာ့ ခ်ာတိတ္အတြက္ ကိုယ့္ရဲ႕ စိတ္ရင္းပင္။
"သူမေသဘူးမလားဟင္"
"အင္း...မေသတာမို႔ တျခားအေၾကာင္း ေျပာရေအာင္ေနာ္"
ငါးေျမာင့္ဆိုင္ လမ္းဆုံကေန ဝါရွင္တန္လမ္းထဲေရာက္ဖို႔က အသေခ်ၤအသခ်ၤာၾကာလြန္းပါသည္။
ခ်ာတိတ္ကို ကိုယ့္အေရွ႕မွာထားၿပီး ရင္ခြင္ထဲ ထည့္ဖက္ထားေပမယ့္ ခ်ာတိတ္ခႏၶါကိုယ္က ေအးစက္ေနသည္။
"ဟာ သခင္ေလးတို႔...သခင္ေလးက ျမင္းထိန္းႀကီးနဲ႔ သြားတာမလား။ ဘယ္လိုလုပ္ Mr. Jeon နဲ႔..."
"စကားရွည္တာဗ်ာ...ၿခံတံခါးေသာ့ခတ္ေတာ့"
ၿခံေစာင့္ႀကီးက မေက်မနပ္ ေဆာင့္အင့္အင့္နဲ႔ တံခါးကို ဂ်ိန္းခနဲပိတ္လိုက္သည္။
သခင္ေလးမဟုတ္တဲ့ တျခားလူက သူ႔ကို အမိန္းေပးေအာ္ေငါက္ေနတာကို မေက်နပ္ေၾကာင္းျပသည္။
"Ms. Hutchကို ဘာလို႔လဲ ခ်ာတိတ္"
ခ်ာတိတ္အခန္းထဲေရာက္မွ သိခ်င္တာကို ေမးပစ္သည္။ ဒီလိုအခ်ိန္မွာ ေမးလို႔ေကာင္းေသာ ေမးခြန္းမဟုတ္။ သို႔ေပမယ့္ သိခ်င္သည္။
ဒီတစ္ခါ ခ်ာတိတ္သတ္လိုက္တာ ၾကက္ကေလး ငွက္ကေလးမဟုတ္။
လွလွပပ ဂုဏ္သေရရွိ အမ်ိဳးသမီးပ်ိဳေလးတစ္ေယာက္။
ကိစၥက ထင္ထားတာထက္ ႀကီးသြားႏိုင္သည္။ အခင္းျဖစ္တဲ့ ေနရာကလည္း တကယ့္ေနရာ..။
"သတ္လိုက္ရင္ လိုခ်င္တာရမွာ"
"ခ်ာတိတ္!!"
ေၾကာင္ေတာင္ေတာင္အေငးသားမ်က္ဝန္းေတြနဲ႔ ေျပာေနတဲ့ ခ်ာတိတ္စကားကို ကိုယ္နားမလည္ႏိုင္ေအာင္ရွိသည္။
အဲ့စကားကိုပဲ ထပ္ခါတလဲလဲ တတြတ္တြတ္ေျပာေနသည္။
ခ်ာတိတ္ရဲ႕ စိတ္ေတြက လက္ရွိအခ်ိန္မွာ ရွိမေနပါ၊ ကြၽန္ေတာ္မသိခဲ့ေသာ သိဖို႔ႀကိဳးစားေနေသာ တစ္ေနရာမွာ ပ်ံ႕လႊင့္ေနသည္။
"ခ်ာတိတ္ စိတ္ထိန္းပါဦး"
"သတ္လိုက္ရင္ လိုခ်င္တာရမွာ"
"ေတာ္ပါေတာ့ကြာ..."
ဒီစကားကို ဘယ္ခ်ိန္ထိ ေျပာေနမယ္မသိ။ ကြၽန္ေတာ္ အရဲစြန္႔ၿပီး ႏြားႏို႔တစ္ခြက္ထဲ အိပ္ေဆးထည့္တိုက္လိုက္သည္။
ဟုတ္တယ္ အိပ္လိုက္တာနဲ႔ အရာရာၿပီးသြားမွာ။
ကြၽန္ေတာ္ ဒီထက္လည္း မႀကံဖန္တတ္ေတာ့။
အိပ္ေဆးေသာက္ၿပီးခ်ိန္ မိနစ္အနည္းငယ္ၾကာသည္အထိ ခ်ာတိတ္က အဲ့စကားကို တတြတ္တြတ္႐ြတ္ေနဆဲ။
သူမ်က္ခြံေတြေလးၿပီး မအိပ္မခ်င္း ကြၽန္ေတာ့္မွာ စိတ္မေျဖာင့္။
ဒီအခ်ိန္ တစ္ေယာက္ေယာက္ေရာက္လာၿပီး အဲ့စကားကိုသာ ၾကားမယ္ဆို ျပႆနာေတြတက္ေတာ့မည္။
Taehyung အိပ္သြားမွ Jeonသူ႔အခန္းသူျပန္ခဲ့ၿပီး ခ်ာတိတ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို စာအုပ္ထဲ ေရးမွတ္သည္။
____
"ၿမိဳ႕ထဲမွာေတာ့ တကယ္ကိုရႈပ္ယွက္ခတ္ေနတာပဲ သခင္ေလးေရ.."
အိမ္က ထမင္းခ်က္ ကပၸလီမႀကီးက ေျပာင္းဖူးစြပ္ျပဳတ္တစ္ပြဲကို စားပြဲအလယ္မွာ ခ်ရင္း ဆိုလာသည္။
သူ႔ပုံစံက သတင္းဦး သတင္းထူးႀကီးကို သိရသကဲ့သို႔ေသာ သူရဲေကာင္းပုံစံလို။
"ဘာလို႔လဲ"
"ဪ...Ms. Hutchေလ သခင္ေလးေတာ့ သိမွာမဟုတ္ပါဘူး။ သူ႔အေဖက ေဒါက္တာHutchေလ.. ၿမိဳ႕မ်က္ႏွာဖုံးေတြေပါ့။ မေန႔ညက Ms. Hutch အသတ္ခံရလို႔တဲ့ သခင္ေလးေရ..."
Taehyungေရာ Jeonေရာ လက္ေတြတုံ႔ခနဲ႔ ရပ္သြားသည္။ Jeonက ခ်ာတိတ္ကို မသိမသာ အကဲခတ္ၾကည့္သည္။
စိတ္အေျခအေန ပုံမွန္...သို႔ေသာ္ သူညက ျဖစ္ခဲ့တာေတြကို အာ႐ုံထဲ ရွိေနသည္။
ထမင္းခ်က္ဘြားေတာ္က ပါးစပ္ရွည္လြန္းသည္၊ တကယ္တမ္းဆို သူက ခ်ာတိတ္ကို စကားစျမည္ေျပာရမယ့္အဆင့္လား။
နည္းနည္းပါးပါး ေတြးေတာၾကည့္ဖို႔ ေကာင္းသည္။
"ဟုတ္...ဟုတ္လား။ တရားခံေရာ..."
"ဘာတရားခံရမလဲ သခင္ေလးရယ္။ အခုခ်ိန္ ဘယ္သူမွ တရားခံမရွာႏိုင္ဘူး။ ျပည္တြင္းစစ္ႀကီးက မနက္ျဖန္သန္ဘက္ခါ ဘာျဖစ္မယ္မသိဘူးကို ဒီလူသတ္မႈအတြက္ ဘယ္ေရွ႕ေနက အခ်ိန္ေပးႏိုင္ပါ့မလဲ"
"အေဒၚႀကီး ကြၽန္ေတာ့္ကို ေပါင္မုန္႔ကင္ေနာက္တစ္ခ်ပ္ေလာက္"
ထမင္းခ်က္ႀကီးရဲ႕ စကားေတြ မလြန္လာခင္ စကားျဖတ္လိုက္ရသည္။
ကပၸလီေတြမ်ား တစ္ခြန္းေမးမိရင္ ေျဖတာက ဆယ္ခြန္းမကေတာ့။
"ခ်ာတိတ္ အဆင္ေျပရဲ႕လား။ ညက..."
"ေတာ္ေတာ့။ ဒါပထမဆုံး မဟုတ္ဘူး"
အံ့ႀကိတ္ၿပီး တိုးတိုးေျပာကာ ထမင္းစားပြဲက ထသြားသည္။ ပထမဆုံး မဟုတ္ဘူးဆိုတာကေရာ ဘာလဲ။
ခ်ာတိတ္ရဲ႕ တစ္ဖက္ျခမ္းက ခန္႔မွန္းရခက္လိုက္တာ။
ကိုယ္နဲ႔ မေတြ႕ခင္ မသိခင္က ခ်ာတိတ္ဘာေတြလုပ္ခဲ့လဲ၊ ခ်ာတိတ္ဘဝက ဘယ္လိုေတြျဖစ္ခဲလဲ သိခ်င္သည္။
ကိုယ္တတ္ႏိုင္သမွ်ေတာ့ ဒါေတြသိေအာင္ႀကိဳးစားဦးမည္၊ အခ်ိန္ေတြ က်န္ဦးမွာပါေလ။
ၾကက္ေသြးေရာင္ခန္းဆီးႀကီးကို ပင့္ၿပီး အေဝးက လူကို ေငးၾကည့္မိသည္။
Jeonက ျမင္းညိဳႀကီးကို ရထားမွာ ခ်ည္ယူ၍ အျပင္သြားရန္လုပ္ေနသည္။
ဒီေန႔ေရာ အဲ့ဒီ ဇိမ္အိမ္ဆိုတာႀကီးကို သြားဦးမွာလား... ကိုယ္ေယာင္လို႔ေတာင္မေတြးရဲပင္။
ကိုယ္ဟာ Jeonကို နည္းနည္းမွမယုံႏိုင္။
Jeon ကလည္း ယုံၾကည္စရာေကာင္းေအာင္မေန။
ဦးေလး Aidenရဲ႕လူျဖစ္ေနျခင္းက Jeonကို ယုံဖို႔ကိစၥတိုင္းကို ေႏွာင့္ေႏွးေစသည္။
ကုန္ေလွာင္႐ုံကိစၥနဲ႔ ပတ္သက္ၿပီး Jeonကို မ်က္ႏွာလြဲခဲ့သည္... ဒါဟာလည္း ယုံလြန္းလို႔ေတာ့မဟုတ္။
သို႔ေသာ္ ဇိမ္မယ္ေတြနဲ႔ တြဲသြားျခင္းကေတာ့ ကိုယ္ေရးကိုယ္တာအရ မေက်နပ္ျခင္း။
ဒါကို ဘယ္လိုေခါင္းစဥ္တပ္တပ္ တပ္ႏိုင္သည္။
Jeonဆီမွာ သူကလြဲၿပီး အတူတြဲသြားစရာအေဖာ္ရွိေနတာမ်ိဳးဆို ေယာက်္ားေသာ္လည္းေကာင္း၊ မိန္းမေသာ္လည္းေကာင္း သူမုန္းေနသည္။
Suzan နဲ႔ Joannaကို သူသေဘာမက်၊ ဇိမ္အိမ္က လွ်ပ္ေပၚေလာ္လီတဲ့ မိန္းမေတြနဲ႔ မတြဲေစခ်င္၊ Ms. Hutch ဆိုသူနဲ႔လည္း စကားမေျပာေစခ်င္ခဲ့။
စိတ္ထိန္းမရတဲ့အဆုံး ထိုစကားကို ျပန္ၾကားေယာင္မိသည္..
"သတ္လိုက္ရင္ လိုခ်င္တာရမွာ" တဲ့ေလ။
ထိုစကားကိုပဲ အထပ္ထပ္ၾကားေနရင္း အခါခါ ဂါထာတစ္ပုဒ္လို ေရ႐ြတ္ေနရင္း Ms. Hutchကို ဘဝကူးေျပာင္းေစလိုက္သည္။
'ပထမဆုံးအႀကိမ္မွ မဟုတ္တာ' လို႔ သူ႔ကိုယ္သူအားေပးေနေပမယ့္ အဆင္မေျပႏိုင္။
ဒီကိစၥႀကီး တစ္ခုလုံးက Jeonမ်က္စိေရွ႕မွာ ျဖစ္သြားတာပင္။
Jeon သူ႔ကို ဘယ္လိုထင္လိမ့္မလဲ ေတြးပူေနရသည္။
အကယ္၍ သူ႔ကို ႐ြံရွာၿပီး တျခားမိန္းမေတြနဲ႔သာ...
ဟင့္အင္း...အဲ့လို အျဖစ္မခံႏိုင္။
____
"အစ္ကိုႀကီးတို႔မ်ား အတၱလန္တာမွာ ဟန္က်ေနေရာေနာ္"
"ေဟာဗ်ာ...ေျပာပါဦး ကိုယ္က ဘာေတြမ်ား ဟန္က်မိလို႔လဲ"
"ဟန္က်တာေပါ့... အစ္ကိုႀကီးက အတၱလန္တာက မိန္းမပ်ိဳေလးေတြရဲ႕ အသည္းကို ဖမ္းစားဖို႔လာသလား ေအာက္ေမ့ရတာကိုး"
Jeon တစ္ေယာက္ အလိုက္အထိုက္ျပန္ရယ္သည္။ ညဳတုတုအမ်ိဳးသမီးေတြနဲ႔ မပတ္သက္ခ်င္လို႔မရ... ေခတ္ပ်က္သူေဌးေတြရဲ႕ သတင္းအစုံအလင္က ဒီက အမ်ိဳးသမီးေလးေတြဆီမွာရွိသည္။
တိုင္းျပည္ပ်က္ခ်ိန္မွာ ပိုက္ဆံက ရွာတတ္ရင္ရွာတတ္သေလာက္သိပ္လြယ္သည္။ လူေတြအျမင္မွာသာ သိကၡါမဲ့ခ်င္မဲ့မည္။ ပိုက္ဆံအရေတာ့ သိပ္လြယ္သည္၊ သိပ္ျမန္သည္။
"ဒါနဲ႔ အစ္ကိုႀကီး အဆက္ေလးေတြ ဒီေန႔ အတၱလန္တာကို လာမွဆို။ အစ္ကိုႀကီးေတာ့ ညီမတို႔ကို ေမ့ေတာ့မွာေပါ့"
ကလူသံျမဴသံေလးနဲ႔ မိန္းမလွေလးက ခ်စ္စရာ။ သို႔ေပမယ့္ ဒါကလည္း သမား႐ိုးက်ဆန္လြန္းသည္။ သူ႔စိတ္ကို မလႈပ္ခတ္ႏိုင္။
"အဆက္ေလးေတြ မဟုတ္ရပါဘူးဗ်ာ။ ကိုယ့္ညီမေတြပါ။ ဟိုမွာဆို မလုံမၿခဳံမို႔ ဒီမွာ ခဏေခၚထားရတဲ့သေဘာပါ"
Jeonစိတ္ထဲ အျပစ္သားတစ္ေယာက္လို ခံစားလိုက္ရသည္။ ဒီအစီအစဥ္နဲ႔ ပတ္သက္ၿပီး အန္ကယ္ Aiden နဲ႔ Mr. Clarkေၾကာင့္ သေဘာတူလိုက္ရေပမယ့္ ႏွင္းဆီၿမိဳင္သခင္ေလးက ေဒါအပြႀကီးပြလိမ့္မည္။
Suzan နဲ႔ Joanna ဆိုတာ ခ်ာတိတ္နဲ႔ စည္းမကပ္ၾကသူေတြမလား။ ခ်ာတိတ္နဲ႔ ျပႆနာႀကီးႀကီးမားမား မတက္ဖို႔ရာသာ ေမွ်ာ္လင့္ပါရဲ႕။
ဇိမ္အိမ္ကေန ျပန္လာၿပီး ဘူတာမွာ Suzanနဲ႔ Joannaကို သြားႀကိဳရသည္။
ႏွင္းဆီၿမိဳင္နဲ႔ သစ္ကတိုးစုက လုံၿခဳံမႈမရွိတာေၾကာင့္ ဒီကို ပို႔လိုက္ျခင္းပင္။
အမွန္ဆို ဒီကိစၥက Taehyungကို တိုက္႐ိုက္စာပို႔ေျပာသင့္သည့္ကိစၥ...အခုေတာ့ အန္ကယ္ Aidenက သူ႔ကို ခြင့္ေတာင္းလာသည္။
"Jeonက အတၱလန္တာမွာ အဆင္ေျပေနပုံပဲေနာ္။ ခန္႔လို႔ သန္႔လို႔ အပ်ိဳေလးေတြ ဝိုင္းေနေတာ့မွာပဲ"
"ဘယ္အပ်ိဳေတြဝိုင္းဝိုင္း ဒီက Suzanကိုေတာ့ျဖင့္ မေမ့ႏိုင္ပါဘူးဗ်ာ"
Jeon စကားေၾကာင့္ Suzanခမ်ာ ရွက္ေသြးျဖာရသည္။ အဲ့စကားေလး ၾကားခ်င္လို႔ပဲ စကားလမ္းေၾကာင္းရွာရတာ ဆိုေပမယ့္ တကယ္ၾကားေတာ့ မ်က္ႏွာေတြ နီရဲလို႔။
"ကိုကိုေလးေရာ အဆင္ေျပေနလား"
Joannaက စကားျဖတ္ေမးသည္။ မေကာင္းတတ္လို႔သာ ေမးရမယ္ သိပ္စိတ္ပါပုံမရ။
Joannaက Taehyungကို အသားလြတ္ႀကီး မုန္းေနတာကို Jeonသိပ္မႀကိဳက္ခ်င္။
Joannaရဲ႕ အမုန္းက သိသိသာသာ... မဖုံးႏိုင္မဖိႏိုင္။
"သူအဆင္ေျပေနပါတယ္"
"သူ႔ေရာဂါကေရာ.."
"ဟင္.."
Suzan အေနနဲ႔ Taehyungရဲ႕ စိတ္အေျခအေနနဲ႔ ပတ္သက္ၿပီး ဘာကိုမွမသိတာေၾကာင့္ Joanna ႐ုတ္တရက္ေျပာလိုက္ခ်ိန္မွာ သိခ်င္စိတ္ျပင္းျပသြားသည္။
Jeonကေတာ့ Joannaကို စိတ္အပ်က္ႀကီး ပ်က္ေနမိသည္။ ဘယ္ေလာက္ေတာင္ မစၦရိယစိတ္မ်ားလိုက္သလဲဆို သူနဲ႔ Suzan ဘယ္လိုပဲရင္းႏွီးပါေစဦး ကိုယ့္ေဆြမ်ိဳးသားခ်င္းရဲ႕ က်န္းမာေရးအေၾကာင္းကို ခုလို လက္လြတ္စပယ္ထုတ္ေျပာဖို႔ရာမေကာင္း။
"သူေနေကာင္းပါတယ္"
"ေနပါဦး သူက ဘာျဖစ္ေနလို႔လဲ...တစ္မ်ိဳးေတာ့ မထင္ပါနဲ႔ Suzan သိခ်င္လို႔ပါ"
"Suzan မသိဘူးကိုး...ကိုကိုေလးက စိတ္ေဝဒနာ..."
"Joanna!"
Jeon တားေပမယ့္ အလ်င္မမီလိုက္..စကားကလြန္သြားေခ်ၿပီ။
အကင္းပါးသည့္ Suzanကလည္း Jeonကို ဘာအတြက္ ႏွင္းဆီၿမိဳင္က ေခၚလဲဆိုတာ သိလိုက္ၿပီ။
ေသခ်ာတာေပါ့ Jeonက Taehyungကို မ်က္ႏွာသာေပးသည္ဆိုတာ သူ႔လူနာျဖစ္ေနလို႔သာ...စင္စစ္ Jeonဟာ Suzanဆိုတဲ့ သူ႔ကိုကလြဲရင္ ဘယ္သူ႔ကိုမွ မ်က္လုံးထဲျမင္မွာမဟုတ္။
Suzanနဲ႔ Joannaကို ျမင္းရထားေပၚ တင္ေခၚၿပီး အိမ္ျပန္လာသည္။ လမ္းမွာ လူႀကီးသူမတခ်ိဳ႕ေတြ႕လွ်င္ မိတ္ဆက္ေပးရေသးသည္။
ျပည္တြင္းစစ္ကာလမို႔ အမ်ိဳးသမီးေတြက ၾကက္ေျခနီအသင္းမွာ အလုပ္အကိုင္ကူရေလ့ရွိသည္...ထို႔ေၾကာင့္ ၾကက္ေျခနီအသင္းက အမ်ိဳးသမီးေတြက Joanna နဲ႔ Suzanကို လုပ္အားေပးဖို႔ မဲဆြယ္ေနၾကသည္။
"ဟာ မမေလးတို႔ ပါလာတာကိုး.."
"ေအး သခင္ေလး အိမ္ထဲမွာလား"
" သခင္ေလးက ဘယ္တုန္းက အျပင္သြားလို႔လဲ Mr. Jeon ရဲ႕"
အိမ္ေရွ႕ဆင္ဝင္ကို ျဖတ္ၿပီး တံခါးမႀကီးကို ဖြင့္လိုက္လွ်င္ ခ်ာတိတ္ ေလွကားေပၚက ဆင္းလာခ်ိန္ႏွင့္ ႀကဳံသည္။
အမည္မသိေသာ အခိုးအရိပ္တခ်ိဳ႕ ခ်ာတိတ္မ်က္ႏွာေပၚ ျဖတ္သြားလ်က္။
"ဘယ္လို ေရာက္လာၾကတာလဲ"
"ကိုကိုေလးကလည္း ကိုယ့္ညီမေရာက္လာတာေတာင္ ဝမ္းမသာသလိုႀကီး ဟြန္႔"
ဝမ္းမသာပါ ဘယ္နည္းနဲ႔မွ ဝမ္းမသာႏိုင္ပါ။ ဝမ္းမသာသည့္အျပင္ ရင္ဘတ္တစ္ခုလုံး ဆြဲစုတ္ထားသလိုပါ ခံစားရသည္။
ဒီပုံရိပ္ ဒီျမင္ကြင္းႀကီးဟာ လြန္ခဲ့တဲ့ ၁၀ႏွစ္တုန္းက ျမင္ကြင္းႀကီးနဲ႔ ဘာမ်ား ကြာျခားေသးသနည္း။
ေဖေဖ့ေနရာမွာ Jeon ျဖစ္သြားတာပဲရွိသည္...။
ႏွင္းဆီၿမိဳင္ကေန Joannaကို ေခၚလာတဲ့ ေဖေဖ၊ ႏွင္းဆီၿမိဳင္ကလာတဲ့ Joannaကို သြားႀကိဳလာတဲ့ Jeon..Suzan Clarkဆိုတဲ့မိန္းမပါ အဆစ္ပါေသးသည္။
Joannaဆိုတာ ကံဆိုးျခင္းေတြကိုသာ သယ္လာတတ္သူ၊ သူကြၽန္ေတာ့္ကို မုန္းသည္ဆိုတာ မစၦရိယစိတ္သက္သက္ဆိုလွ်င္ ကြၽန္ေတာ္သူ႔ကိုမုန္းတာက အေသြးအသားထဲက ကြယ္လြန္ေလၿပီးေသာ မိဘႏွစ္ပါးကိုပါ တိုင္တည္၍ လႈိက္လႈိက္လွဲလွဲမုန္းတာပင္။
ေခါင္းထဲ ရိပ္ခနဲ ရိပ္ခနဲ ... ဝါရွင္တန္လမ္းက အိမ္ႀကီးက အျမင္အာ႐ုံထဲ လႈပ္ရမ္းေနသည္။ လူေတြက ႏွစ္ထပ္ပုံရိပ္ေတြျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့...
"ခ်ာတိတ္!!"
သူဟာ ေဖေဖနဲ႔ ေမေမေျပာသည့္အတိုင္း သူ႔ညီမဝမ္းကြဲေလးနဲ႔ အတတ္ႏိုင္ဆုံး သင့္ျမတ္ဖို႔ ႀကိဳးစားခဲ့သည္။
သို႔ေပမယ့္ တစ္ဖက္က Joannaဆိုတဲ့ ညီမေလးက သူ႔ကို လိုလိုလားလားမရွိခဲ့။
Joannaက အသက္၄ႏွစ္နဲ႔မလိုက္ေအာင္ အနက္ေရာင္ ဆံပင္အေခြအလိပ္ႀကီးေတြရွိၿပီး ထိုဆံပင္ေတြကို လွလွပပထုံးဖြဲ႕ခ်င္သူ။
"ကိုကိုေလး ငါ့ကို ဆံပင္ထုံးေပး"
"ကိုကိုေလးက ေယာက်္ားေလးေလ ဒါေတြဘယ္လုပ္တတ္မလဲ"
"မသိခ်င္ဘူး။ ကိုကိုေလးဘာသာ ဘာႀကီးျဖစ္ျဖစ္ ငါ့ကို ဆံပင္ရေအာင္ထုံးေပးရမယ္"
သူႀကိဳးစားပမ္းစားနဲ႔ ဆံပင္ထုံးေပးသည္။ ဆံပင္ထူထူအလိပ္ႀကီးေတြက ၅ႏွစ္သားကေလးရဲ႕ လက္ေသးေသးေလးနဲ႔ မဆန္႔၊ ထိန္းလို႔မရ အကုန္ေျပက်ကုန္သည္။
"ကိုကိုေလး မင္းေတာ္ေတာ္အသုံးမက်တာပဲ ကဲဟာ!"
"အား!! မကိုက္ပါနဲ႔ ၿဗဲ အီးဟီး"
သူ႔ညာဘက္ လက္ဖ်ံေပၚ သြားရာအကြင္းလိုက္။ ေသြးနည္းနည္း စို႔ခ်င္သည္။ သူအာေခါင္ျခစ္ၿပီး ေအာ္ငိုေပမယ့္ အိမ္ႀကီးက ႀကီးလြန္းသည္။ အခန္းနံရံထုက ထူသည္၊ အသံလုံသည္။ ဘယ္သူမွ မၾကား။
"ေယာက်္ားတန္မဲ့ ငိုမေနစမ္းနဲ႔ ငါနားညည္းတယ္ ကိုကိုေလး"
"ဟင့္ မလုပ္ပါနဲ႔ အား!"
'ဘုန္း! ဒုတ္!'
လက္အသားကို ျပတ္ထြက္မတတ္ ဆြဲဆိတ္ေနေသာ Joannaကို သူသည္းမခံႏိုင္စြာျဖင့္ တြန္းမိလိုက္သည္။
ကံဆိုးခ်င္ေတာ့ စားပြဲခုံေစာင္းနဲ႔ Joannaနဲ႔ တိုက္မိလ်က္သား။
ကေလး အားမို႔ အရွိန္မမ်ားသလို ဒဏ္ရာမရေပမယ့္ Joannaက သဲသဲမဲမဲ ေအာ္ငိုေခ်ၿပီ။
"ဟဲ့ ကေလးေတြ ဘယ္လိုျဖစ္ၾကတာလဲ!"
"ေမေမ...ဟင့္!"
"ဟယ္ သမီး ဘယ္လိုျဖစ္ရတာလဲ"
ေမေမေရာက္လာလို႔ အားကိုးတႀကီး ဖက္တြယ္မယ္ ႀကံေသာ္လည္း ေမေမ့ကို ဖက္တြယ္ခြင့္မရ။ ေမေမ့အာ႐ုံက ျပန္မထႏိုင္ေအာင္ ငိုေနေသာ Joanna ဆီမွာ။
ေမေမက သူ႔လက္ဖ်ံက ေသြးစို႔ေနတဲ့ သြားကြင္းရာႀကီးကို မျမင္ခဲ့။
သူအရင္လို ေမေမ့ဆီက ေႏြးေထြးမႈရခ်င္သည္။ ေမေမက သူ႔ကိုဆူလိုက္တာကမွ ခံသာဦးမည္...အခုလို လ်စ္လ်ဴရႈခံရတာက အစမ်ားစြာ သာ၍ဆိုးသည္။
သူေမေမ့ကို ျဖစ္ေၾကာင္းကုန္စင္ ရွင္းျပခ်င္လိုက္တာ။
Joannaက တေျဖးေျဖးနဲ႔ သူပိုင္ဆိုင္သမွ်ေတြကို သူ႔ဆီက ဆြဲထုတ္သြားသည္။
၄ႏွစ္သမီးေလးဘဝကစခဲ့တဲ့ မာယာက ေၾကာက္ခမန္းလိလိ။
Joannaရဲ႕ မာယာေတြဟာ မ်ိဳး႐ိုးလိုက္လာတယ္ဆိုတာ Joannaနဲ႔ေတြ႕ၿပီး ႏွစ္ႏွစ္ၾကာမွ သူသိလိုက္ရသည္။
ႀကိဳသာသိခဲ့မယ္ဆို ေခ်ာင္တစ္ေခ်ာင္မွာ အၿမဲကပ္ငိုေနမယ့္အစား...
"ေမေမထင္သလို မဟုတ္ဘူးေနာ္..!"
"သားဘာမွမလုပ္ဘူး သူအရင္လုပ္တာ"
"သူ႔ကိုမယုံၾကပါနဲ႔!"
စသျဖင့္ ေျပာခဲ့မိလွ်င္...
"သူ႔ကို မယုံနဲ႔ အား!!"
"ခ်ာတိတ္...သတိရလာၿပီလား။ ဒီမွာ သံပရာေရေလး ေသာက္လိုက္ဦး"
"သူ႔ကိုမယုံပါနဲ႔"
"ဟင္..."
ကမ္းေပးေသာ သံပရာရည္ခြက္ကို ျငင္းပယ္ၿပီး သူ႔ရင္ခြင္ထဲ ေျပးဝင္လာေသာ ႏွင္းဆီ။
ေ႐ႊေရာင္ဆံပင္ေတြကို ပြတ္သပ္ေပးေတာ့ တအားငိုခ်ေတာ့သည္။
TBC~
ဒီficေလးက ေရးေနက်ေတြထက္ မ်ားလိမ့္မယ္ထင္တယ္။
ေက်းဇူးျပဳၿပီး စိတ္ရွည္ရွည္နဲ႔ Ongoingလိုက္ေပးၾကပါေနာ္။
Hidden partsေတြလည္း တေျဖးေျဖးျပသြားပါမယ္။
Do vote⭐ me if you like it.
Love you and thank you Taekookers💜