Until You

By Billiam_MK

603 42 4

Chan : "ကံကောင်းခြင်းက အမြဲရှိနိုင်သလားအစ်ကို " Baekhyun : "ကိုယ့်အတွက်တော့ မင်းရှိနေတဲ့နေ့ရက်တိုင်းက ကံကောင်... More

UNTIL YOU (Intro)
Part-1 (uni+zawgyi)
Part-2 (uni+zawgyi)
Part-3 (uni+zawgyi)
Part-4 (uni+zawgyi)
Part-6 (uni+zawgyi)
Part-7 (Uni+Zawgyi)

Part-5 (uni+zawgyi)

69 5 0
By Billiam_MK

( Yours-Chanyeol × Raiden )

တဂျက်ဂျက်မြည်နေတဲ့ နာရီသံကို အကြောင်းမဲ့ထိုင်နားထောင်ရင်း အလိုမကျမှုကြောင့် မျက်နှာကတင်းမာနေတယ်။
စားပွဲပေါ်မှာ မှန်ဘောင်လေးနဲ့သေချာတင်ထားတဲ့  ဓာတ်ပုံလေးထဲကလူကတော့ ပကတိအေးချမ်းစွာနဲ့။

ဒီဓာတ်ပုံက သူရဲ့ညတွေကိုအိပ်စက်မရနိုင်အောင် ဖန်တီးနိုင်ပါသည်။ဘာကြောင့်ဆိုတဲ့ အဖြေကိုမထုတ်နိုင်ခင်မှာပဲ ချန်းယောလ် ဒီလူကို ပြန်သွားရှာခဲ့တယ်။
နာမည်လဲမသိ ဘယ်ကမှန်းလဲမသိ ဘာလုပ်တယ်ဆိုတာလဲမသိတဲ့ ဒီလူကို တစ်ပတ်တိတိသူရှာခဲ့ပါတယ်တဲ့။
အဓိပ်ပါယျမရှိတာတှကေို လုပ်နေမိတာတော့ အမှန်ပဲ။

တစ်နေ့လုံး အပြင်မထွက်ပဲ ငိုင်နေခဲ့ရင်းက နောက်ကျိလာတဲ့ စိတ်အစုံနဲ့ ဓာတ်ပုံကိုပြန်ကြည့်တိုင်း တုန်လှုပ်နေတဲ့ အရေးမပါတဲ့ နှလုံးသားကြောင့် အနီးနားက cafe ဆိုင်ကို ထိုင်ဖို့သာ ထွက်လာခဲ့လိုက်တော့တယ်။

ကောင်တာကို လျှောက်သွားလိုက်တော့ ပုံစံလှလှလေးတွေနဲ့ အရောင်စုံ ကိတ်လေးတွေကို တွေ့ရသည်။သို့ပေမယ့် သူ့စိတ်က လက်ရှိအချိန်မှာ ကိတ်စားချင်လောက်အောင်ထိ မကောင်းသေးပါ။အချိုစားရင် စိတ်ပျော်တယ်ကြားဖူးပေမယ့် သူ့အတွက်ကတော့ ပြောင်းပြန်ပင်။

" Iced americano တစ်ခွက် ပေးပါ "

ကောင်တာကနေ မျက်စိကစားရင်း ပတ်ဝန်းကျင်ကိုလေ့လာနေမိသည်။တိတ်ဆိတ်ပြီး ထိုင်ချင်စရာကောင်းတဲ့ နေရာလေးကို ဒီအတောအတွင်း သူဘာကြောင့် မသိခဲ့တာပါလဲ။

ဆိုင်က အရမ်းကြီး ကျယ်တဲ့ထဲမပါပေမယ့် ရိုးရိုးရှင်းရှင်းလေးကိုမှ အပေါ်နဲ့အောက်ထပ်ခွဲထားသည်။အပြင်ဘက်မှာ ခုံတချို့ကို ထုတ်ထားပြီး မျက်စိရှုပ်နေတာမျိုးလဲမရှိ။

အပြင်ဘက်က ထိုင်ခုံမှာ အေးဆေးထိုင်ရင်း ယူလာတဲ့စာအုပ်လေးကို ထုတ်လိုက်တယ်။ သူများတွေမြင်ရင် စာဖတ်တတ်တဲ့ လူငယ်လေးလို့ ထင်ကြလောက်ပေမယ့် အမှန်တော့ ပတ်ချန်းယောလ်ဆိုတာ စာအုပ်နဲ့လုံးဝ မအပ်စပ်တဲ့လူ။

1နှစ်လောက်နေမှ 1ခါဖတ်ဖြစ်တာမျိုးပေမယ့် ဒီနေ့ကတော့ အဲ့တစ်နှစ်တစ်ခါဖတ်တဲ့အလှည့်ဖြစ်မယ်။လက်ရှိမှာ social media တွေက သူ့ကိုပိုခေါင်းရှုပ်စေမှာအမှန်ပဲမလို့။

စာအုပ်ကိုအာရုံစိုက်ထားတုန်း သူမှာထားတာလာချပေးတာနဲ့
တစ်ချက်လှမ်းကြည့်မိချိန် ကော်ဖီခွက်ပေါ်က လက်ဖြူဖြူသွယ်သွယ်လေးကို အရင်မြင်လိုက်ရသည်။ခပ်ထင်းထင်းမှဲ့လေးက လက်မထိပ်မှာ နေရာယူထားသေးသည်။
လူကိုပါ အသာအယာလှမ််းကြည့်မိတော့

" ဟင် "
အံသြသွားတဲ့ သူ့ပုံစံကြောင့် တစ်ဖက်ကဝန်ထမ်းက တုံ့ဆိုင်းသွားပြီး သူ့ကိုပြန်ကြည့်လာတယ်။

" Iced Americano မှာထားတာမဟုတ်လို့လား ဧည့်သည် "

ငြင်သာစွာထွက်ပေါ်လာတဲ့ အမေးသံခပ်တိုးတိုး
သူ...ကျနော်ရှာနေခဲ့တဲ့ ဒီလူ...
ဟားး အသည်းအသန် ရှာတုန်းက လုံးဝမတွေ့ပဲ အခုကျတော့ တည့်တည့်ကြီးပါလား။

ရင်ဘတ်က name tag ကို လှမ်းကြည့်လိုက်တော့..။
Baek Hyun Byun..စိတ်ထဲကနေ ခပ်တိုးတိုးသာ ရေရွတ်လိုက်သည်။ကိုရီးယားလူမျိုးပေါ့ ဒါဆို။
သူ့ဆီက ပြန်စာကိုစောင့်နေတဲ့လူက အနားမှာရပ်နေတုန်းပင်။

" ဧည့်သည် "

" အာ..မမှား..ကျနော်...."
ထစ်ထစ်အအနဲ့ ထွက်လာပြီး ရပ်သွားပြန်တော့ ဘတ်ဟျွန်းက သူ့ကို ကြောင်တောင်တောင်ကြည့်လာသည်။
သွားပါပြီ...ထူးဆန်းတဲ့လူလို့ ထင်တော့မှာပဲ။

" အာ..အဲ့တာဆို ကောင်းကောင်းသုံးဆောင်ရင်း နေပါ "
မျက်လုံးလေးတွေ မှိတ်သွားတဲ့ထိ ပြုံးပြရင်းပြောလာတဲ့ သူ့ကြောင့် ကျနော်ငေးခနဲဖြစ်သွားမိတယ်။
ခပ်သွက်သွက် ထွက်သွားတဲ့ကျောပြင်က စတွေ့တုန်းကနဲ့တော့ မတူ ကွဲပြားနေတယ်။တော်သေးတယ် သူ့ကိုမမှတ်မိဘူးပဲ

Byun Baek Hyun တဲ့လား? ဒီဆိုင်မှာ အလုပ်လုပ်တာပဲ။
စောနကနဲ့မတူ ကြည်လင်လာတဲ့သူ့စိတ်က တစ်လောကလုံးကို
ပဲ အပိုင်ရလိုက်သလို ပျော်ရွှင်လာတာကြောင့် ပြုံးနေမိတာကိုတောင် မရပ်တန့်နိုင်တော့။
ဖွင့်ထားတဲ့ စာအုပ်ကိုချက်ချင်းပဲ ပြန်ပိတ်လိုက်ပြီး ဆိုင်ထဲကို လှမ်းပြီးတော့ အကဲခတ်နေလိုက်တယ်။

ခပ်သွက်သွက် လှုပ်ရှားနေတဲ့ ဝန်ထမ်းလေးက အပြုံးတွေကိုလည်း ဖောဖောသီသီပေးနေသေးသည်။
ဆိုင်က တနင်္ဂနွေ ပိတ်သည်လို့ ရေးထားတဲ့စာကြောင့် ဖုန်းကို ထုတ်ကြည့်မိတော့ ကံဆိုးစွာပဲ မနက်ဖြန်က တနင်္ဂနွေလေ။

ညဘက်ဆိုင်ပိတ်ချိန်ထိ ဖင်ပူအောင်ထိုင်နေလိုက်ပြီး ဆိုင်ရဲ့ခပ်လှမ်းလှမ်းက နေရာမှာ တံခါးပိတ်ပြီး ထွက်လာမယ့်သူကို ရပ်စောင့်နေလိုက်တယ်။
တက်ကြွနေတဲ့သူ့စိတ်က ဘတ်ဟျွန်းနောက်ကို လိုက်သွားပါလို့ပြောနေတယ်။

သိပ်မကြာ ဆိုင်ထဲကနေ လွယ်အိတ်ကိုဘေးတစောင်းလွယ်ရင်း ထွက်လာတဲ့ ပုံရိပ်လေး။
ချန်းယောလ် နောက်ကနေ မသိမသာ တောက်လျှောက်လိုက်လာခဲ့လိုက်တယ်။ သူ့ပုံစံက သူခိုးလိုလို ဘာလိုလိုပုံပေါက်နေလောက်ပေမယ့် အရေးမကြီးပါ ဘတ်ဟျွန်းမသိရင် ပြီးရော ။

ခြေလှမ်းတော်တော်ထိလျှောက်ခဲ့ရပြီးနောက် ညဘက်ထိဖွင့်ထားတဲ့ စာကြည့်တိုက်တစ်ခုထဲကို ဘတ်ဟျွန်းက ဝင်သွားတယ်။
စာအုပ်မြင်ရင် ခေါင်းကိုက်ပေမယ့် ဘတ်ဟျွန်းနောက်ဆိုရင်တော့ လိုက်ရမှာပဲ

ပတ်ချန်းယောလ်တို့ မလုပ်ဖူးတာတွေ လုပ်နေတာများ။

အချိန်နာရီတွေသာ တစ်ရွေ့ရွေ့ကုန်သွားတယ် သူ့ရဲ့မျက်စောင်းထိုး ခုံလေးမှာ ထိုင်ပြီးဘာတွေမှန်းမသိ ရေးလိုက်ခြစ်လိုက်နဲ့ လုပ်နေတဲ့သူက ထမလာသေး။
ခေါင်းလုံးလုံးလေးကို ငုံ့ပြီးစာရေးလိုက် လက်သွယ်သွယ်လေးတွေနဲ့ ဘောပင်လှည့်လိုက်လုပ်သူကို ချန်းယောလ်ကတော့ စာအုပ်ကို ဘေးချပြီး မေးထောက်ငေးနေမိတယ်။

ညသန်းခေါင် ရောက်လာတဲ့ထိ ထမလာသေးသူက မနက်ထိ ထိုင်နေမည်တော့ မဟုတ်လောက်ပါဘူးလို့ တွေးရင်း ချန်းယောလ်မျက်လုံးတွေက မှေးစင်းလာတယ်။
အိပ်ပျော်လို့မဖြစ်တာကြောင့် ခေါင်းကို ဆက်တိုက်ခါလိုက်ပြီး သတိထားလိုက်ပေမယ့် ခန္ဓာကိုယ်က သူ့စိတ်ကိုမလိုက်နိုင်တော့။

မနက်မိုးလင်းခါနီးလောက် သူဖြတ်ခနဲနိုးလာချိန် သူ့ရှေ့မှလူက မရှိ။သတိထားနေတဲ့ကြားက ပျောက်သွားပြီ။

.........

နောက်ရက် တနင်္လါနေ့မနက်ကို ကော်ဖီဆိုင်ကို သူသွားခဲ့ပေမယ့် မျှော်နေသည့်လူကမရှိ။
ဟက်..အချစ်ဆိုတာလည်း ခက်လိုက်တာ လူကို စိတ်ခံစားချက် မျိုးစုံကိုပေးနေတော့သည်။

ဘဝမှာ ယောကျာ်းတစ်ယောက်ကို ချစ်မိလိမ့်မည်ဟု ယောင်လို့ပင် မတွေးခဲ့ဖူးတာကြောင့် လက်တွေ့မှာ ဘယ်ကစရမှန်းတောင် မသိ။ အရမ်းတိုးကပ်သွားတဲ့အခါ စိတ်အနှောက်အယှက်ဖြစ်မည်ကိုလဲ စိုးရသေးသည်။ ဒါကြောင့်ပဲခိုးကြောင်ခိုးဝှက် လိုက်ရှာနေမိတာ။
စိတ်မြန်တဲ့ သူ့ပုံစံနဲ့သာဆို အဲ့နေ့ကပဲ လက်ဆွဲပြီး ဖုန်းနံပါတ်ပဲဖြစ်ဖြစ် ရအောင်တောင်းခဲ့မှာ။

Instagram ထဲကိုဝင်ပြီး Byun Baek Hyun ဆိုတဲ့နာမည်နဲ့ တွေ့လိုတွေ့ငြားရှာကြည့်နေမိတယ်။
အချည်းနှီးသာ သူ့မှာအချိန်တွေသာကုန်သွားတယ် ရှာမတွေ့ပြန်။ သို့ပေမယ့် လက်မလျော့နိုင်ပါ မနက်ဖြန် ထပ်သွားမည်။
မနက်မရှိတော့ ညနေသွားမှာပေါ့ ဘာခက်လဲ ။ အဲ့တာမှ မတွေ့သေးရင် ဆိုင်ရှင်ထိ သွားမေးမည်။
ပတ်ချန်းယောလ်ရဲ့ ရာဇဝင်မှာ အရှုံးဆိုတာမရှိသေးပါ။

တကယ်ပဲ ကံတရားက ချန်းယောလ်ဘက်မှာ ရှိသည်ထင်။

နေ့လည်ခင်း မတွေ့တာကြာတဲ့ သူငယ်ချင်းဆီ သွားတော့
သူငယ်ချင်းရဲ့ ညီကို စာလာသင်နေတဲ့ ဆရာက ဘတ်ဟျွန်းဖြစ်နေလေတယ်။

" Jack အဲ့ဆရာက မင်းညီကိုစာလာသင်ပေးနေတာ ကြာပြီလား? "
ချန်းယောလ်မေးတော့ Jack က စူးစူးစမ်းစမ်းကြည့်သည်။

" မင်းစိတ်ဝင်စားလို့လား? "

" ဟမ်..ငါက..မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာပါကွာ "

" အပိုမပြောပါနဲ့ မင်းကဘယ်တုန်းက သူများအကြောင်းစိတ်ဝင်စားခဲ့လို့လဲ "

မှန်နေတာပဲကြောင့် လည်ပင်းကိုပွတ်၍သာ ဖြီးပြရတော့သည်။

" နာမည်က ဘတ်ဟျွန်းလေ ဗြောင်ဘတ်ဟျွန်းတဲ့ မင်းနဲ့တူတူပဲ ကိုရီးယားလူမျိုး။ဆေးကျောင်းတက်ရင်းနဲ့ ငါ့ညီကို အားတဲ့အချိန် အချိန်ပိုင်း စာလာသင်ပေးတာ "

" ဆေးကျောင်းသားလား!? "

" Yeh, bro လှုပ်ရှားလိုက်တော့ ငါမိတ်ဆက်ပေးမယ် "

ခဏအကြာ Jack ရဲ့ညီနဲ့ ဘတ်ဟျွန်း အောက်ကိုအတူဆင်းလာကြတယ်။
Jack ရဲ့ညီကို ဘာတွေမှာမှန်းမသိ တတွတ်တွတ်ပြောပြီးတော့မှ
ချန်းယောလ်တို့ ဘက်ကိုလှည့်ကြည့်လာတယ်။

" Mr.Byun အဆင်ပြေရဲ့လား ဒီနေ့ရော "

" ဟက် ပြေပါတယ် စကားသိပ်များတာကလွဲရင် ဥာဏ်ကောင်းတာမလို့ ခဏနဲ့ပြီးတယ် "
စနောက်သလိုရယ်ရင်းပြောပြီး ချန်းယောလ်ဘက်ကို ဖြတ်ခနဲ လှမ်းကြည့်လာတယ် တကယ် ဖြတ်ခနဲ့မျက်စိရောက်ရုံတင်။

" အာ...Mr.Byun ဒါက ငါ့သူငယ်ချင်း Park Chan Yeol တဲ့ Mr.Byun နဲ့ လူမျိုးချင်းတူတယ် ဓာတ်ပုံဆရာလေ အခုတော့ freelance လိုက်ပေးနေတာ "

" မင်္ဂလာပါ "
ချန်းယောလ်ဘက်ကစပြီး လက်လှမ်းပေးပြီး ကိုရီးယားလိုပဲ နှုတ်ဆက်လိုက်တယ်။စိတ်လှုပ်ရှားတာကြောင့် သူ့အသံက တမျိုးဖြစ်ချင်ဖြစ်နေလိမ့်မည်။ကော်ဖီဆိုင်မှာ တွေ့ခဲ့တာကို ဘတ်ဟျွန်းများ မှတ်မိမလား မျှော်လင့်ရင်း..

" ဟုတ်ကဲ့ Byun Baek Hyun ပါ "

ပြန်လှမ်းပြီး ဆုပ်ကိုင်လာတဲ့လက်တစ်ဖက်က နွေးထွေးပြီး နူးညံ့နေတယ်။သူကိုင်ကြည့်ချင်ခဲ့တဲ့ လက်ချောင်းသွယ်သွယ်လေးတွေ။

ခဏပဲ သူနဲ့အကြည့်ချင်းစုံလာခဲ့ပြီးနောက် လက်လွှတ်ကာ စပြီး အကြည့်လွှဲသွားတယ်။ဘတ်ဟျွန်းက သူ့ကို မမှတ်မိဘူးလား?

" ဒါဆို ခွင့်ပြုပါဦး ပြန်ရတော့မှာမလို့.."

" ကျနော်လည်း အခုပဲပြန်တော့မလို့လေ စိတ်မရှိရင် ကျနော်နဲ့အတူပြန်ကြမလား "

ချန်းယောလ်အမေးကြောင့် ဘတ်ဟျွန်းကလှမ်းကြည့်လာတယ်

" အာ အဆင်ပြေပါတယ် ကိုယ့်ဘာသာကိုယ် ပြန်နေကြမလို့ အနှောက်ယှက် မပေးတော့ပါဘူး "

ဆိုကာ သူ့ရဲ့အဖြေကိုတောင် မစောင့်တော့ပဲ Jack ကို နှုတ်ဆက်ရင်း ထွက်သွားသည်။ တော်တော်လဲ စိတ်မြန်တဲ့လူပဲ။

ဒီလိုတော့ ဘယ်လက်လွှတ်ခံမလဲ။ Jack ကိုလှမ်းကြည့်တော့လည်း လိုက်သွားဟူ၍ အရိပ်အယောင်တွေ ပြနေတာနဲ့ ချက်ချင်းပဲ ဘတ်ဟျွန်းနောက်မှ ပြေးလိုက်လာလိုက်သည်။

အရှေ့မှာ ခပ်တည်တည်နဲ့ အေးဆေးလျှောက်နေတဲ့လူက သူ့ကိုလှည့်တောင်ကြည့်မလာ။
ရုတ်တရက် ခြေလှမ်းတွေက ရပ်သွားသည်။ချန်းယောလ်ကိုတော့ လှည့်ကြည့်မလာ။ရှေ့ဆက်မသွားပဲ ချန်းယောလ်ကပါ ရပ်နေမိတော့မှ သူ့ဘက်က လှည့်ကြည့်လာတယ်။
ချန်းယောလ်အနားထိကို ပြန်လျှောက်လာပြီးတော့မှ

" မင်းကိုယ့်နောက်ကို ဘာလို့လိုက်နေတာလဲ "

" ဟင်..ကျနော်လား? မလိုက်ပါဘူး ကိုယ့်ဘာသာကိုယ် လျှောက်နေတာပါ "

သူ့စကားကို ကြားတော့ သက်ပြင်းချပြီး ရှေ့ကိုပြန်လျှောက်သွားပြီး လမ်းဘေးနားက ခုံမှာ သွားထိုင်တယ်။
ဟက် ဘတ်ဟျွန်းကအလည်ပဲ

မထူးတော့တဲ့အဆုံးချန်းယောလ် သူထိုင်နေတဲ့နားကို လျှောက်သွားလိုက်တယ်။

" ဘတ်ဟျွန်း "
လှည့်ကြည့်မလာ။

" ဘတ်ဟျွန်း " မကြည့်လာသေး။

" ဒီမှာ.. ဘတ်ဟျွန်း "
အသံကနည်းနည်းတော့ ကျယ်သွားသည်။

" ကျစ်..ဘာလဲကွာ ငါနားမကန်းသေးဘူး "

" အဲ့တာဆိုလဲ ထူးလေ တကယ်ပါပဲ "
ပြောရင်း ခပ်တည်တည်နဲ့ သူ့ဘေးကို ဝင်ထိုင်ပစ်လိုက်တယ်။

" မင်းကဘာလို့ ငါ့နားကိုလာထိုင်နေတာလဲ ကိုယ့်လမ်းကိုယ်သွားတာဆို သွားလေ "

" ဟက် ကျနော်က ရင်းနှီးချင်လို့ပါ လူမျိုးတူချင်းပဲကို ဒီလိုမျိုး ဆုံတာက ကောင်းတာပဲမဟုတ်လား ? "

" ငါ့အတွက်တော့ မကောင်းဘူး "
ပြောရင်း ထထွက်ဖို့ပြင်နေတာကြောင့် လက်ကိုလှမ်းဆွဲရသေးသည်။

" နေပါဦး ဘတ်ဟျွန်းနီး ခဏလေးပါ "

" ဘာ..မင်းငါ့ကို ဘယ်လိုခေါ်လိုက်တာ? ဘတ်ဟျွန်းနီး...? ဟက် ..စောနက ခေါ်နေထဲကပြောမလို့ပဲ မင်းကငါ့ထက်ငယ်မယ့်ပုံပဲ နာမည်လာမခေါ်နဲ့လေ ယဥ်ကျေးမှုမရှိဘူးလား "

" အာ..ကျနော့်ထက်ကြီးမှန်းမသိခဲ့ဘူး..တောင်းပန်ပါတယ် "

" မလိုဘူး ဖယ်စမ်း လက်ကို "
စိတ်ရှုပ်စွာနဲ့ပဲ ဘတ်ဟျွန်းက သူ့လက်ကိုဖယ်ထုတ်လိုက်ပြီး ထွက်သွားတယ်။
မသွားခင် သူကြားအောင်ပြောသွားသေးသည် "နောက်ကလိုက်မလာနဲ့" တဲ့
............

နောက်ရက်တွေမှာ ချန်းယောလ်က ဘတ်ဟျွန်းနောက်ကို တောက်လျှောက်လိုက်တယ် ကျောင်းကိုလည်းလိုက်တယ် စာသင်တဲ့ဆီကိုလည်း လိုက်တယ် အချိန်ပိုင်းအလုပ်ကိုလဲလိုက်တယ် စာကြည့်တိုက်ကိုလည်း လိုက်တယ် သူနေနေတဲ့ တိုက်ခန်းကိုလည်းလိုက်တယ် ဘတ်ဟျွန်း သိအောင်ရော မသိအောင်ရော နည်းမျိုးစုံနဲ့ သူက ဘတ်ဟျွန်းနားမှာ တစ်ချိန်လုံး ရှိနေတယ်။

ဘတ်ဟျွန်းဘက်က သူ့ကိုအစပိုင်းတော့ စိတ်ရှုပ်စွာနှင်ထုတ်တတ်တယ်။ နောက်တော့ လက်မလျော့တဲ့ ချန်းယောလ်ကြောင့် စိတ်ကုန်သွားသည်ထင် လျစ်လျူရှုခြင်းကိုပါ တစ်ဆင့်တိုး ခံလိုက်ရတယ်။

အိမ်ပြန်လမ်းတစ်နေရာက အနည်းငယ်မှောင်ပေမယ့် အရင်လို ဘတ်ဟျွန်းတစ်ယောက်ထဲမဟုတ်။
အချိန်ကြာတော့ ဘတ်ဟျွန်းရဲ့ နောက်ကျောပြင်ကို ကြည့်ရတာ သူ့အတွက် နေသားတောင်ကျသွားသလိုပင်။အမြဲပင်ပန်းနေတဲ့ ပုံရိပ်လေးကို သူအဖော်ပြုပေးချင်ပေမယ့် ဆိုင်သူမှာတော့ လျစ်လျူရှုမြဲ။

" ချန်းယောလ်...မင်းဘယ်အချိန်ထိ ငါ့နောက်ကလျှောက်လိုက်နေမှာလဲ "
သူ့ဘက်ကို လျှောက်လာရင်း ဘတ်ဟျွန်းက ပထမဆုံးသူ့နာမည်ကို ခေါ်လာတယ်။

ချန်းယောလ်ရဲ့ မျက်ဝန်းတွေက ချက်ချင်းပဲ တောက်ပလာပြီး ဘတ်ဟျွန်းကို ပြုံးပြီးငေးတယ်

" ဘာလိုချင်လို့ ငါ့နောက်ကို အခုလိုလိုက်နေရတာလဲ ဟမ် ချန်းယောလ် ငါတောင်းပန်ပါတယ် ငါ့ကိုမနှောက်ယှက်ပါနဲ့ "

" နှောက်ယှက်ချင်တာမျိုး မရှိခဲ့ပါဘူး ကျနော်က ဒီတိုင်း... "

" ဒီတိုင်း ဘာဖြစ်လဲ "

ဘတ်ဟျွန်းက သူ့နားထိကို နီးနီးကပ်ကပ် ကပ်လာပြီးမေးတယ်။
သူ့ရဲ့ရင်တွေက ဘတ်ဟျွန်းအသံကြားတာနဲ့ ခုန်ပေါက်နေလိုက်တာများ အခုတော့ ပိုဆိုးလာသည်။

ဖွင့်ပြောလိုက်ရတော့မလား? သူဒီတိုင်း နေရင်ပိုပိုဆိုးလာရုံပဲ ရှိတော့မယ်။ ဘတ်ဟျွန်းရဲ့ မျက်ဝန်းတည့်တည့်ကိုသေချာဆုံအောင်ကြည့်ပြီး အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။
ပြီးတော့..

" ကျနော် အစ်ကို့ကို သဘောကျတယ် "

ဘတ်ဟျွန်းက အံသြသွားပုံတောင်မပြ။ အင်းလေ သူဒီလောက်နောက်က တကောက်ကောက်လိုက်နေရတာ ဘာကြောင့်လဲ မသိရတဲ့ထိ ဘတ်ဟျွန်းက မညံဖျင်းဘူးလေ။

" မဟုတ်ဘူး တကယ်တော့ သဘောကျတာထက်ပိုနေမိပြီ..အစ်ကို..ကျနော် အစ်ကို့ကို ချစ်တယ် "

" ဟက် "
ဘတ်ဟျွန်းရဲ့ ခပ်လှောင်လှောင်ရယ်သံကြောင့် ချန်းယောလ်ပိုပြီး ရင်ခုန်လာရတယ်။ သူအဖြေကိုမမျှော်လင့်ပါဘူး ဒီတိုင်း ဘတ်ဟျွန်း သိစေချင်ခဲ့ရုံ။

" မင်းက ငါ့အကြောင်းကို ဘာများသိသေးလို့ ငါ့ကိုသဘောကျတယ်လို့ လာပြောရတာလဲ? "

" အစ်ကို့ကို သဘောကျဖို့အတွက် အစ်ကို့အကြောင်းတွေ သိဖို့လိုလို့လား "

ဘတ်ဟျွန်းကရယ်တယ်။ သူ့စကားတွေက အစ်ကို့အတွက် ရယ်စရာတွေများပါနေလို့လား?

" ငါကကောင်းတဲ့လူမဟုတ်ဘူး ချန်းယောလ် အဲ့လိုဆိုရင်ရော အဆင်ပြေတယ်ပေါ့? "

" ကောင်းတဲ့လူမဟုတ်ဘူး? ကျနော်သိတဲ့ ဘတ်ဟျွန်းက မကောင်းတဲ့လူလည်း မဟုတ်ပါဘူး "

" အင်း..မင်းမသိတဲ့ ဘတ်ဟျွန်းကတော့ မကောင်းတဲ့လူ "

" ကျနော် အစ်ကို့ဆီက အဖြေကိုအတင်းယူချင်တာမျိုး မရှိပါဘူး ဒီတိုင်းပဲ ရင်းရင်းနှီးနှီးနေကြလို့ မရနိုင်ဘူးလား "

" သံယောဇဥ်ဆိုတာ မတွယ်ရင်အကောင်းဆုံးပဲ ချန်းယောလ် မင်းလိုချင်တဲ့အဖြေက မဖြစ်နိုင်ဘူး ငါလူတစ်ယောက်ကို မချစ်တတ်ဘူး ပြီးတော့ ယောကျာ်းချင်းလည်း စိတ်မဝင်စားဘူး "

သူအခုချက်ချင်းပဲ ပြန်ပြီးအငြင်းခံလိုက်ရတာလား?
ဟားးတကယ်ကိုပဲ အစ်ကိုကသူ့ကိုဘာထင်နေတာလဲ သူ့အချစ်ကိုလည်းအထင်သေးသေးတယ် ဒီတိုင်း ရင်းရင်းနှီးနှီးတောင် သူ့မှာနေခွင့်မရှိဘူးလား?

အဲ့နေ့က အစ်ကိုက သူ့ခံစားချက်တွေအကုန်လုံးကိုလျစ်လျူရှုပြီး သူ့ကိုကျောခိုင်းခဲ့ပြန်တယ်။

ပင်ပန်းတယ်။တခြားသူတွေနဲ့ဆို အမြဲပြုံးနေတဲ့လူက သူ့ကိုဆို ရုပ်တည်ကြီးနဲ့ ကြောက်ဖို့ကောင်းအောင်နေပြလိုက်တာဆိုတာ။
အစ်ကိုဆိုတဲ့ ယောကျာ်းက သူ့ကိုမှ သွေးအေးပြဖို့ဆိုပြီးများမွေးလာလေသလား...

.............

Part-5 (END)
Thank you for reading ~

............

zawgyi

( Yours-Chanyeol  Raiden )

တဂ်က္ဂ်က္ျမည္ေနတဲ့ နာရီသံကို အေၾကာင္းမဲ့ထိုင္နားေထာင္ရင္း အလိုမက်မႈေၾကာင့္ မ်က္ႏွာကတင္းမာေနတယ္။
စားပြဲေပၚမွာ မွန္ေဘာင္ေလးနဲ႕ေသခ်ာတင္ထားတဲ့  ဓာတ္ပုံေလးထဲကလူကေတာ့ ပကတိေအးခ်မ္းစြာနဲ႕။

ဒီဓာတ္ပုံက သူရဲ႕ညေတြကိုအိပ္စက္မရနိုင္ေအာင္ ဖန္တီးနိုင္ပါသည္။ဘာေၾကာင့္ဆိုတဲ့ အေျဖကိုမထုတ္နိုင္ခင္မွာပဲ ခ်န္းေယာလ္ ဒီလူကို ျပန္သြားရွာခဲ့တယ္။
နာမည္လဲမသိ ဘယ္ကမွန္းလဲမသိ ဘာလုပ္တယ္ဆိုတာလဲမသိတဲ့ ဒီလူကို တစ္ပတ္တိတိသူရွာခဲ့ပါတယ္တဲ့။
အဓိပ္ပါယ်မရှိတာတွေကို လုပ္ေနမိတာေတာ့ အမွန္ပဲ။

တစ္ေန႕လုံး အျပင္မထြက္ပဲ ငိုင္ေနခဲ့ရင္းက ေနာက္က်ိလာတဲ့ စိတ္အစုံနဲ႕ ဓာတ္ပုံကိုျပန္ၾကည့္တိုင္း တုန္လႈပ္ေနတဲ့ အေရးမပါတဲ့ ႏွလုံးသားေၾကာင့္ အနီးနားက cafe ဆိုင္ကို ထိုင္ဖို႔သာ ထြက္လာခဲ့လိုက္ေတာ့တယ္။

ေကာင္တာကို ေလွ်ာက္သြားလိုက္ေတာ့ ပုံစံလွလွေလးေတြနဲ႕ အေရာင္စုံ ကိတ္ေလးေတြကို ေတြ႕ရသည္။သို႔ေပမယ့္ သူ႕စိတ္က လက္ရွိအခ်ိန္မွာ ကိတ္စားခ်င္ေလာက္ေအာင္ထိ မေကာင္းေသးပါ။အခ်ိဳစားရင္ စိတ္ေပ်ာ္တယ္ၾကားဖူးေပမယ့္ သူ႕အတြက္ကေတာ့ ေျပာင္းျပန္ပင္။

" Iced americano တစ္ခြက္ ေပးပါ "

ေကာင္တာကေန မ်က္စိကစားရင္း ပတ္ဝန္းက်င္ကိုေလ့လာေနမိသည္။တိတ္ဆိတ္ၿပီး ထိုင္ခ်င္စရာေကာင္းတဲ့ ေနရာေလးကို ဒီအေတာအတြင္း သူဘာေၾကာင့္ မသိခဲ့တာပါလဲ။

ဆိုင္က အရမ္းႀကီး က်ယ္တဲ့ထဲမပါေပမယ့္ ရိုးရိုးရွင္းရွင္းေလးကိုမွ အေပၚနဲ႕ေအာက္ထပ္ခြဲထားသည္။အျပင္ဘက္မွာ ခုံတခ်ိဳ႕ကို ထုတ္ထားၿပီး မ်က္စိရႈပ္ေနတာမ်ိဳးလဲမရွိ။

အျပင္ဘက္က ထိုင္ခုံမွာ ေအးေဆးထိုင္ရင္း ယူလာတဲ့စာအုပ္ေလးကို ထုတ္လိုက္တယ္။ သူမ်ားေတြျမင္ရင္ စာဖတ္တတ္တဲ့ လူငယ္ေလးလို႔ ထင္ၾကေလာက္ေပမယ့္ အမွန္ေတာ့ ပတ္ခ်န္းေယာလ္ဆိုတာ စာအုပ္နဲ႕လုံးဝ မအပ္စပ္တဲ့လူ။

1ႏွစ္ေလာက္ေနမွ 1ခါဖတ္ျဖစ္တာမ်ိဳးေပမယ့္ ဒီေန႕ကေတာ့ အဲ့တစ္ႏွစ္တစ္ခါဖတ္တဲ့အလွည့္ျဖစ္မယ္။လက္ရွိမွာ social media ေတြက သူ႕ကိုပိုေခါင္းရႈပ္ေစမွာအမွန္ပဲမလို႔။

စာအုပ္ကိုအာ႐ုံစိုက္ထားတုန္း သူမွာထားတာလာခ်ေပးတာနဲ႕
တစ္ခ်က္လွမ္းၾကည့္မိခ်ိန္ ေကာ္ဖီခြက္ေပၚက လက္ျဖဴျဖဴသြယ္သြယ္ေလးကို အရင္ျမင္လိုက္ရသည္။ခပ္ထင္းထင္းမွဲ႕ေလးက လက္မထိပ္မွာ ေနရာယူထားေသးသည္။
လူကိုပါ အသာအယာလွမ္္းၾကည့္မိေတာ့

" ဟင္ "
အံၾသသြားတဲ့ သူ႕ပုံစံေၾကာင့္ တစ္ဖက္ကဝန္ထမ္းက တုံ႕ဆိုင္းသြားၿပီး သူ႕ကိုျပန္ၾကည့္လာတယ္။

" Iced Americano မွာထားတာမဟုတ္လို႔လား ဧည့္သည္ "

ျငင္သာစြာထြက္ေပၚလာတဲ့ အေမးသံခပ္တိုးတိုး
သူ...က်ေနာ္ရွာေနခဲ့တဲ့ ဒီလူ...
ဟားး အသည္းအသန္ ရွာတုန္းက လုံးဝမေတြ႕ပဲ အခုက်ေတာ့ တည့္တည့္ႀကီးပါလား။

ရင္ဘတ္က name tag ကို လွမ္းၾကည့္လိုက္ေတာ့..။
Baek Hyun Byun..စိတ္ထဲကေန ခပ္တိုးတိုးသာ ေရ႐ြတ္လိုက္သည္။ကိုရီးယားလူမ်ိဳးေပါ့ ဒါဆို။
သူ႕ဆီက ျပန္စာကိုေစာင့္ေနတဲ့လူက အနားမွာရပ္ေနတုန္းပင္။

" ဧည့္သည္ "

" အာ..မမွား..က်ေနာ္...."
ထစ္ထစ္အအနဲ႕ ထြက္လာၿပီး ရပ္သြားျပန္ေတာ့ ဘတ္ဟြၽန္းက သူ႕ကို ေၾကာင္ေတာင္ေတာင္ၾကည့္လာသည္။
သြားပါၿပီ...ထူးဆန္းတဲ့လူလို႔ ထင္ေတာ့မွာပဲ။

" အာ..အဲ့တာဆို ေကာင္းေကာင္းသုံးေဆာင္ရင္း ေနပါ "
မ်က္လုံးေလးေတြ မွိတ္သြားတဲ့ထိ ၿပဳံးျပရင္းေျပာလာတဲ့ သူ႕ေၾကာင့္ က်ေနာ္ေငးခနဲျဖစ္သြားမိတယ္။
ခပ္သြက္သြက္ ထြက္သြားတဲ့ေက်ာျပင္က စေတြ႕တုန္းကနဲ႕ေတာ့ မတူ ကြဲျပားေနတယ္။ေတာ္ေသးတယ္ သူ႕ကိုမမွတ္မိဘူးပဲ

Byun Baek Hyun တဲ့လား? ဒီဆိုင္မွာ အလုပ္လုပ္တာပဲ။
ေစာနကနဲ႕မတူ ၾကည္လင္လာတဲ့သူ႕စိတ္က တစ္ေလာကလုံးကို
ပဲ အပိုင္ရလိုက္သလို ေပ်ာ္႐ႊင္လာတာေၾကာင့္ ၿပဳံးေနမိတာကိုေတာင္ မရပ္တန့္နိုင္ေတာ့။
ဖြင့္ထားတဲ့ စာအုပ္ကိုခ်က္ခ်င္းပဲ ျပန္ပိတ္လိုက္ၿပီး ဆိုင္ထဲကို လွမ္းၿပီးေတာ့ အကဲခတ္ေနလိုက္တယ္။

ခပ္သြက္သြက္ လႈပ္ရွားေနတဲ့ ဝန္ထမ္းေလးက အၿပဳံးေတြကိုလည္း ေဖာေဖာသီသီေပးေနေသးသည္။
ဆိုင္က တနဂၤႏြေ ပိတ္သည္လို႔ ေရးထားတဲ့စာေၾကာင့္ ဖုန္းကို ထုတ္ၾကည့္မိေတာ့ ကံဆိုးစြာပဲ မနက္ျဖန္က တနဂၤႏြေေလ။

ညဘက္ဆိုင္ပိတ္ခ်ိန္ထိ ဖင္ပူေအာင္ထိုင္ေနလိုက္ၿပီး ဆိုင္ရဲ႕ခပ္လွမ္းလွမ္းက ေနရာမွာ တံခါးပိတ္ၿပီး ထြက္လာမယ့္သူကို ရပ္ေစာင့္ေနလိုက္တယ္။
တက္ႂကြေနတဲ့သူ႕စိတ္က ဘတ္ဟြၽန္းေနာက္ကို လိုက္သြားပါလို႔ေျပာေနတယ္။

သိပ္မၾကာ ဆိုင္ထဲကေန လြယ္အိတ္ကိုေဘးတေစာင္းလြယ္ရင္း ထြက္လာတဲ့ ပုံရိပ္ေလး။
ခ်န္းေယာလ္ ေနာက္ကေန မသိမသာ ေတာက္ေလွ်ာက္လိုက္လာခဲ့လိုက္တယ္။ သူ႕ပုံစံက သူခိုးလိုလို ဘာလိုလိုပုံေပါက္ေနေလာက္ေပမယ့္ အေရးမႀကီးပါ ဘတ္ဟြၽန္းမသိရင္ ၿပီးေရာ ။

ေျခလွမ္းေတာ္ေတာ္ထိေလွ်ာက္ခဲ့ရၿပီးေနာက္ ညဘက္ထိဖြင့္ထားတဲ့ စာၾကည့္တိုက္တစ္ခုထဲကို ဘတ္ဟြၽန္းက ဝင္သြားတယ္။
စာအုပ္ျမင္ရင္ ေခါင္းကိုက္ေပမယ့္ ဘတ္ဟြၽန္းေနာက္ဆိုရင္ေတာ့ လိုက္ရမွာပဲ

ပတ္ခ်န္းေယာလ္တို႔ မလုပ္ဖူးတာေတြ လုပ္ေနတာမ်ား။

အခ်ိန္နာရီေတြသာ တစ္ေ႐ြ႕ေ႐ြ႕ကုန္သြားတယ္ သူ႕ရဲ႕မ်က္ေစာင္းထိုး ခုံေလးမွာ ထိုင္ၿပီးဘာေတြမွန္းမသိ ေရးလိုက္ျခစ္လိုက္နဲ႕ လုပ္ေနတဲ့သူက ထမလာေသး။
ေခါင္းလုံးလုံးေလးကို ငုံ႕ၿပီးစာေရးလိုက္ လက္သြယ္သြယ္ေလးေတြနဲ႕ ေဘာပင္လွည့္လိုက္လုပ္သူကို ခ်န္းေယာလ္ကေတာ့ စာအုပ္ကို ေဘးခ်ၿပီး ေမးေထာက္ေငးေနမိတယ္။

ညသန္းေခါင္ ေရာက္လာတဲ့ထိ ထမလာေသးသူက မနက္ထိ ထိုင္ေနမည္ေတာ့ မဟုတ္ေလာက္ပါဘူးလို႔ ေတြးရင္း ခ်န္းေယာလ္မ်က္လုံးေတြက ေမွးစင္းလာတယ္။
အိပ္ေပ်ာ္လို႔မျဖစ္တာေၾကာင့္ ေခါင္းကို ဆက္တိုက္ခါလိုက္ၿပီး သတိထားလိုက္ေပမယ့္ ခႏၶာကိုယ္က သူ႕စိတ္ကိုမလိုက္နိုင္ေတာ့။

မနက္မိုးလင္းခါနီးေလာက္ သူျဖတ္ခနဲနိုးလာခ်ိန္ သူ႕ေရွ႕မွလူက မရွိ။သတိထားေနတဲ့ၾကားက ေပ်ာက္သြားၿပီ။

.........

ေနာက္ရက္ တနလၤါေန႕မနက္ကို ေကာ္ဖီဆိုင္ကို သူသြားခဲ့ေပမယ့္ ေမွ်ာ္ေနသည့္လူကမရွိ။
ဟက္..အခ်စ္ဆိုတာလည္း ခက္လိုက္တာ လူကို စိတ္ခံစားခ်က္ မ်ိဳးစုံကိုေပးေနေတာ့သည္။

ဘဝမွာ ေယာက်ာ္းတစ္ေယာက္ကို ခ်စ္မိလိမ့္မည္ဟု ေယာင္လို႔ပင္ မေတြးခဲ့ဖူးတာေၾကာင့္ လက္ေတြ႕မွာ ဘယ္ကစရမွန္းေတာင္ မသိ။ အရမ္းတိုးကပ္သြားတဲ့အခါ စိတ္အႏွောက္အယွက္ျဖစ္မည္ကိုလဲ စိုးရေသးသည္။ ဒါေၾကာင့္ပဲခိုးေၾကာင္ခိုးဝွက္ လိုက္ရွာေနမိတာ။
စိတ္ျမန္တဲ့ သူ႕ပုံစံနဲ႕သာဆို အဲ့ေန႕ကပဲ လက္ဆြဲၿပီး ဖုန္းနံပါတ္ပဲျဖစ္ျဖစ္ ရေအာင္ေတာင္းခဲ့မွာ။

Instagram ထဲကိုဝင္ၿပီး Byun Baek Hyun ဆိုတဲ့နာမည္နဲ႕ ေတြ႕လိုေတြ႕ျငားရွာၾကည့္ေနမိတယ္။
အခ်ည္းႏွီးသာ သူ႕မွာအခ်ိန္ေတြသာကုန္သြားတယ္ ရွာမေတြ႕ျပန္။ သို႔ေပမယ့္ လက္မေလ်ာ့နိုင္ပါ မနက္ျဖန္ ထပ္သြားမည္။
မနက္မရွိေတာ့ ညေနသြားမွာေပါ့ ဘာခက္လဲ ။ အဲ့တာမွ မေတြ႕ေသးရင္ ဆိုင္ရွင္ထိ သြားေမးမည္။
ပတ္ခ်န္းေယာလ္ရဲ႕ ရာဇဝင္မွာ အရႈံးဆိုတာမရွိေသးပါ။

တကယ္ပဲ ကံတရားက ခ်န္းေယာလ္ဘက္မွာ ရွိသည္ထင္။

ေန႕လည္ခင္း မေတြ႕တာၾကာတဲ့ သူငယ္ခ်င္းဆီ သြားေတာ့
သူငယ္ခ်င္းရဲ႕ ညီကို စာလာသင္ေနတဲ့ ဆရာက ဘတ္ဟြၽန္းျဖစ္ေနေလတယ္။

" Jack အဲ့ဆရာက မင္းညီကိုစာလာသင္ေပးေနတာ ၾကာၿပီလား? "
ခ်န္းေယာလ္ေမးေတာ့ Jack က စူးစူးစမ္းစမ္းၾကည့္သည္။

" မင္းစိတ္ဝင္စားလို႔လား? "

" ဟမ္..ငါက..မဟုတ္ပါဘူး ဒီတိုင္းေမးၾကည့္တာပါကြာ "

" အပိုမေျပာပါနဲ႕ မင္းကဘယ္တုန္းက သူမ်ားအေၾကာင္းစိတ္ဝင္စားခဲ့လို႔လဲ "

မွန္ေနတာပဲေၾကာင့္ လည္ပင္းကိုပြတ္၍သာ ၿဖီးျပရေတာ့သည္။

" နာမည္က ဘတ္ဟြၽန္းေလ ေျဗာင္ဘတ္ဟြၽန္းတဲ့ မင္းနဲ႕တူတူပဲ ကိုရီးယားလူမ်ိဳး။ေဆးေက်ာင္းတက္ရင္းနဲ႕ ငါ့ညီကို အားတဲ့အခ်ိန္ အခ်ိန္ပိုင္း စာလာသင္ေပးတာ "

" ေဆးေက်ာင္းသားလား!? "

" Yeh, bro လႈပ္ရွားလိုက္ေတာ့ ငါမိတ္ဆက္ေပးမယ္ "

ခဏအၾကာ Jack ရဲ႕ညီနဲ႕ ဘတ္ဟြၽန္း ေအာက္ကိုအတူဆင္းလာၾကတယ္။
Jack ရဲ႕ညီကို ဘာေတြမွာမွန္းမသိ တတြတ္တြတ္ေျပာၿပီးေတာ့မွ
ခ်န္းေယာလ္တို႔ ဘက္ကိုလွည့္ၾကည့္လာတယ္။

" Mr.Byun အဆင္ေျပရဲ႕လား ဒီေန႕ေရာ "

" ဟက္ ေျပပါတယ္ စကားသိပ္မ်ားတာကလြဲရင္ ဥာဏ္ေကာင္းတာမလို႔ ခဏနဲ႕ၿပီးတယ္ "
စေနာက္သလိုရယ္ရင္းေျပာၿပီး ခ်န္းေယာလ္ဘက္ကို ျဖတ္ခနဲ လွမ္းၾကည့္လာတယ္ တကယ္ ျဖတ္ခနဲ႕မ်က္စိေရာက္႐ုံတင္။

" အာ...Mr.Byun ဒါက ငါ့သူငယ္ခ်င္း Park Chan Yeol တဲ့ Mr.Byun နဲ႕ လူမ်ိဳးခ်င္းတူတယ္ ဓာတ္ပုံဆရာေလ အခုေတာ့ freelance လိုက္ေပးေနတာ "

" မဂၤလာပါ "
ခ်န္းေယာလ္ဘက္ကစၿပီး လက္လွမ္းေပးၿပီး ကိုရီးယားလိုပဲ ႏႈတ္ဆက္လိုက္တယ္။စိတ္လႈပ္ရွားတာေၾကာင့္ သူ႕အသံက တမ်ိဳးျဖစ္ခ်င္ျဖစ္ေနလိမ့္မည္။ေကာ္ဖီဆိုင္မွာ ေတြ႕ခဲ့တာကို ဘတ္ဟြၽန္းမ်ား မွတ္မိမလား ေမွ်ာ္လင့္ရင္း..

" ဟုတ္ကဲ့ Byun Baek Hyun ပါ "

ျပန္လွမ္းၿပီး ဆုပ္ကိုင္လာတဲ့လက္တစ္ဖက္က ႏြေးေထြးၿပီး ႏူးညံ့ေနတယ္။သူကိုင္ၾကည့္ခ်င္ခဲ့တဲ့ လက္ေခ်ာင္းသြယ္သြယ္ေလးေတြ။

ခဏပဲ သူနဲ႕အၾကည့္ခ်င္းစုံလာခဲ့ၿပီးေနာက္ လက္လႊတ္ကာ စၿပီး အၾကည့္လႊဲသြားတယ္။ဘတ္ဟြၽန္းက သူ႕ကို မမွတ္မိဘူးလား?

" ဒါဆို ခြင့္ျပဳပါဦး ျပန္ရေတာ့မွာမလို႔.."

" က်ေနာ္လည္း အခုပဲျပန္ေတာ့မလို႔ေလ စိတ္မရွိရင္ က်ေနာ္နဲ႕အတူျပန္ၾကမလား "

ခ်န္းေယာလ္အေမးေၾကာင့္ ဘတ္ဟြၽန္းကလွမ္းၾကည့္လာတယ္

" အာ အဆင္ေျပပါတယ္ ကိုယ့္ဘာသာကိုယ္ ျပန္ေနၾကမလို႔ အႏွောက္ယွက္ မေပးေတာ့ပါဘူး "

ဆိုကာ သူ႕ရဲ႕အေျဖကိုေတာင္ မေစာင့္ေတာ့ပဲ Jack ကို ႏႈတ္ဆက္ရင္း ထြက္သြားသည္။ ေတာ္ေတာ္လဲ စိတ္ျမန္တဲ့လူပဲ။

ဒီလိုေတာ့ ဘယ္လက္လႊတ္ခံမလဲ။ Jack ကိုလွမ္းၾကည့္ေတာ့လည္း လိုက္သြားဟူ၍ အရိပ္အေယာင္ေတြ ျပေနတာနဲ႕ ခ်က္ခ်င္းပဲ ဘတ္ဟြၽန္းေနာက္မွ ေျပးလိုက္လာလိုက္သည္။

အေရွ႕မွာ ခပ္တည္တည္နဲ႕ ေအးေဆးေလွ်ာက္ေနတဲ့လူက သူ႕ကိုလွည့္ေတာင္ၾကည့္မလာ။
႐ုတ္တရက္ ေျခလွမ္းေတြက ရပ္သြားသည္။ခ်န္းေယာလ္ကိုေတာ့ လွည့္ၾကည့္မလာ။ေရွ႕ဆက္မသြားပဲ ခ်န္းေယာလ္ကပါ ရပ္ေနမိေတာ့မွ သူ႕ဘက္က လွည့္ၾကည့္လာတယ္။
ခ်န္းေယာလ္အနားထိကို ျပန္ေလွ်ာက္လာၿပီးေတာ့မွ

" မင္းကိုယ့္ေနာက္ကို ဘာလို႔လိုက္ေနတာလဲ "

" ဟင္..က်ေနာ္လား? မလိုက္ပါဘူး ကိုယ့္ဘာသာကိုယ္ ေလွ်ာက္ေနတာပါ "

သူ႕စကားကို ၾကားေတာ့ သက္ျပင္းခ်ၿပီး ေရွ႕ကိုျပန္ေလွ်ာက္သြားၿပီး လမ္းေဘးနားက ခုံမွာ သြားထိုင္တယ္။
ဟက္ ဘတ္ဟြၽန္းကအလည္ပဲ

မထူးေတာ့တဲ့အဆုံးခ်န္းေယာလ္ သူထိုင္ေနတဲ့နားကို ေလွ်ာက္သြားလိုက္တယ္။

" ဘတ္ဟြၽန္း "
လွည့္ၾကည့္မလာ။

" ဘတ္ဟြၽန္း " မၾကည့္လာေသး။

" ဒီမွာ.. ဘတ္ဟြၽန္း "
အသံကနည္းနည္းေတာ့ က်ယ္သြားသည္။

" က်စ္..ဘာလဲကြာ ငါနားမကန္းေသးဘူး "

" အဲ့တာဆိုလဲ ထူးေလ တကယ္ပါပဲ "
ေျပာရင္း ခပ္တည္တည္နဲ႕ သူ႕ေဘးကို ဝင္ထိုင္ပစ္လိုက္တယ္။

" မင္းကဘာလို႔ ငါ့နားကိုလာထိုင္ေနတာလဲ ကိုယ့္လမ္းကိုယ္သြားတာဆို သြားေလ "

" ဟက္ က်ေနာ္က ရင္းႏွီးခ်င္လို႔ပါ လူမ်ိဳးတူခ်င္းပဲကို ဒီလိုမ်ိဳး ဆုံတာက ေကာင္းတာပဲမဟုတ္လား ? "

" ငါ့အတြက္ေတာ့ မေကာင္းဘူး "
ေျပာရင္း ထထြက္ဖို႔ျပင္ေနတာေၾကာင့္ လက္ကိုလွမ္းဆြဲရေသးသည္။

" ေနပါဦး ဘတ္ဟြၽန္းနီး ခဏေလးပါ "

" ဘာ..မင္းငါ့ကို ဘယ္လိုေခၚလိုက္တာ? ဘတ္ဟြၽန္းနီး...? ဟက္ ..ေစာနက ေခၚေနထဲကေျပာမလို႔ပဲ မင္းကငါ့ထက္ငယ္မယ့္ပုံပဲ နာမည္လာမေခၚနဲ႕ေလ ယဥ္ေက်းမႈမရွိဘူးလား "

" အာ..က်ေနာ့္ထက္ႀကီးမွန္းမသိခဲ့ဘူး..ေတာင္းပန္ပါတယ္ "

" မလိုဘူး ဖယ္စမ္း လက္ကို "
စိတ္ရႈပ္စြာနဲ႕ပဲ ဘတ္ဟြၽန္းက သူ႕လက္ကိုဖယ္ထုတ္လိုက္ၿပီး ထြက္သြားတယ္။
မသြားခင္ သူၾကားေအာင္ေျပာသြားေသးသည္ "ေနာက္ကလိုက္မလာနဲ႕" တဲ့
............

ေနာက္ရက္ေတြမွာ ခ်န္းေယာလ္က ဘတ္ဟြၽန္းေနာက္ကို ေတာက္ေလွ်ာက္လိုက္တယ္ ေက်ာင္းကိုလည္းလိုက္တယ္ စာသင္တဲ့ဆီကိုလည္း လိုက္တယ္ အခ်ိန္ပိုင္းအလုပ္ကိုလဲလိုက္တယ္ စာၾကည့္တိုက္ကိုလည္း လိုက္တယ္ သူေနေနတဲ့ တိုက္ခန္းကိုလည္းလိုက္တယ္ ဘတ္ဟြၽန္း သိေအာင္ေရာ မသိေအာင္ေရာ နည္းမ်ိဳးစုံနဲ႕ သူက ဘတ္ဟြၽန္းနားမွာ တစ္ခ်ိန္လုံး ရွိေနတယ္။

ဘတ္ဟြၽန္းဘက္က သူ႕ကိုအစပိုင္းေတာ့ စိတ္ရႈပ္စြာႏွင္ထုတ္တတ္တယ္။ ေနာက္ေတာ့ လက္မေလ်ာ့တဲ့ ခ်န္းေယာလ္ေၾကာင့္ စိတ္ကုန္သြားသည္ထင္ လ်စ္လ်ဴရႈျခင္းကိုပါ တစ္ဆင့္တိုး ခံလိုက္ရတယ္။

အိမ္ျပန္လမ္းတစ္ေနရာက အနည္းငယ္ေမွာင္ေပမယ့္ အရင္လို ဘတ္ဟြၽန္းတစ္ေယာက္ထဲမဟုတ္။
အခ်ိန္ၾကာေတာ့ ဘတ္ဟြၽန္းရဲ႕ ေနာက္ေက်ာျပင္ကို ၾကည့္ရတာ သူ႕အတြက္ ေနသားေတာင္က်သြားသလိုပင္။အၿမဲပင္ပန္းေနတဲ့ ပုံရိပ္ေလးကို သူအေဖာ္ျပဳေပးခ်င္ေပမယ့္ ဆိုင္သူမွာေတာ့ လ်စ္လ်ဴရႈၿမဲ။

" ခ်န္းေယာလ္...မင္းဘယ္အခ်ိန္ထိ ငါ့ေနာက္ကေလွ်ာက္လိုက္ေနမွာလဲ "
သူ႕ဘက္ကို ေလွ်ာက္လာရင္း ဘတ္ဟြၽန္းက ပထမဆုံးသူ႕နာမည္ကို ေခၚလာတယ္။

ခ်န္းေယာလ္ရဲ႕ မ်က္ဝန္းေတြက ခ်က္ခ်င္းပဲ ေတာက္ပလာၿပီး ဘတ္ဟြၽန္းကို ၿပဳံးၿပီးေငးတယ္

" ဘာလိုခ်င္လို႔ ငါ့ေနာက္ကို အခုလိုလိုက္ေနရတာလဲ ဟမ္ ခ်န္းေယာလ္ ငါေတာင္းပန္ပါတယ္ ငါ့ကိုမႏွောက္ယွက္ပါနဲ႕ "

" ႏွောက္ယွက္ခ်င္တာမ်ိဳး မရွိခဲ့ပါဘူး က်ေနာ္က ဒီတိုင္း... "

" ဒီတိုင္း ဘာျဖစ္လဲ "

ဘတ္ဟြၽန္းက သူ႕နားထိကို နီးနီးကပ္ကပ္ ကပ္လာၿပီးေမးတယ္။
သူ႕ရဲ႕ရင္ေတြက ဘတ္ဟြၽန္းအသံၾကားတာနဲ႕ ခုန္ေပါက္ေနလိုက္တာမ်ား အခုေတာ့ ပိုဆိုးလာသည္။

ဖြင့္ေျပာလိုက္ရေတာ့မလား? သူဒီတိုင္း ေနရင္ပိုပိုဆိုးလာ႐ုံပဲ ရွိေတာ့မယ္။ ဘတ္ဟြၽန္းရဲ႕ မ်က္ဝန္းတည့္တည့္ကိုေသခ်ာဆုံေအာင္ၾကည့္ၿပီး အသက္ကိုခပ္ျပင္းျပင္းတစ္ခ်က္ရႉလိုက္တယ္။
ၿပီးေတာ့..

" က်ေနာ္ အစ္ကို႔ကို သေဘာက်တယ္ "

ဘတ္ဟြၽန္းက အံၾသသြားပုံေတာင္မျပ။ အင္းေလ သူဒီေလာက္ေနာက္က တေကာက္ေကာက္လိုက္ေနရတာ ဘာေၾကာင့္လဲ မသိရတဲ့ထိ ဘတ္ဟြၽန္းက မညံဖ်င္းဘူးေလ။

" မဟုတ္ဘူး တကယ္ေတာ့ သေဘာက်တာထက္ပိုေနမိၿပီ..အစ္ကို..က်ေနာ္ အစ္ကို႔ကို ခ်စ္တယ္ "

" ဟက္ "
ဘတ္ဟြၽန္းရဲ႕ ခပ္ေလွာင္ေလွာင္ရယ္သံေၾကာင့္ ခ်န္းေယာလ္ပိုၿပီး ရင္ခုန္လာရတယ္။ သူအေျဖကိုမေမွ်ာ္လင့္ပါဘူး ဒီတိုင္း ဘတ္ဟြၽန္း သိေစခ်င္ခဲ့႐ုံ။

" မင္းက ငါ့အေၾကာင္းကို ဘာမ်ားသိေသးလို႔ ငါ့ကိုသေဘာက်တယ္လို႔ လာေျပာရတာလဲ? "

" အစ္ကို႔ကို သေဘာက်ဖိဳ႕အတြက္ အစ္ကို႔အေၾကာင္းေတြ သိဖို႔လိုလို႔လား "

ဘတ္ဟြၽန္းကရယ္တယ္။ သူ႕စကားေတြက အစ္ကို႔အတြက္ ရယ္စရာေတြမ်ားပါေနလို႔လား?

" ငါကေကာင္းတဲ့လူမဟုတ္ဘူး ခ်န္းေယာလ္ အဲ့လိုဆိုရင္ေရာ အဆင္ေျပတယ္ေပါ့? "

" ေကာင္းတဲ့လူမဟုတ္ဘူး? က်ေနာ္သိတဲ့ ဘတ္ဟြၽန္းက မေကာင္းတဲ့လူလည္း မဟုတ္ပါဘူး "

" အင္း..မင္းမသိတဲ့ ဘတ္ဟြၽန္းကေတာ့ မေကာင္းတဲ့လူ "

" က်ေနာ္ အစ္ကို႔ဆီက အေျဖကိုအတင္းယူခ်င္တာမ်ိဳး မရွိပါဘူး ဒီတိုင္းပဲ ရင္းရင္းႏွီးႏွီးေနၾကလို႔ မရနိုင္ဘူးလား "

" သံေယာဇဥ္ဆိုတာ မတြယ္ရင္အေကာင္းဆုံးပဲ ခ်န္းေယာလ္ မင္းလိုခ်င္တဲ့အေျဖက မျဖစ္နိုင္ဘူး ငါလူတစ္ေယာက္ကို မခ်စ္တတ္ဘူး ၿပီးေတာ့ ေယာက်ာ္းခ်င္းလည္း စိတ္မဝင္စားဘူး "

သူအခုခ်က္ခ်င္းပဲ ျပန္ၿပီးအျငင္းခံလိုက္ရတာလား?
ဟားးတကယ္ကိုပဲ အစ္ကိုကသူ႕ကိုဘာထင္ေနတာလဲ သူ႕အခ်စ္ကိုလည္းအထင္ေသးေသးတယ္ ဒီတိုင္း ရင္းရင္းႏွီးႏွီးေတာင္ သူ႕မွာေနခြင့္မရွိဘူးလား?

အဲ့ေန႕က အစ္ကိုက သူ႕ခံစားခ်က္ေတြအကုန္လုံးကိုလ်စ္လ်ဴရႈၿပီး သူ႕ကိုေက်ာခိုင္းခဲ့ျပန္တယ္။

ပင္ပန္းတယ္။တျခားသူေတြနဲ႕ဆို အၿမဲၿပဳံးေနတဲ့လူက သူ႕ကိုဆို ႐ုပ္တည္ႀကီးနဲ႕ ေၾကာက္ဖို႔ေကာင္းေအာင္ေနျပလိုက္တာဆိုတာ။
အစ္ကိုဆိုတဲ့ ေယာက်ာ္းက သူ႕ကိုမွ ေသြးေအးျပဖို႔ဆိုၿပီးမ်ားေမြးလာေလသလား...

.............

Part-5 (END)
Thank you for reading ~

Continue Reading

You'll Also Like

155K 5.6K 90
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
152K 4.6K 48
matilda styles, will you be my valentine? (please reject me so i can move on) ⋆ ˚。⋆୨💌୧⋆ ˚。⋆ IN WHICH christopher sturniolo falls for nepo baby or...
329K 12.9K 43
ဤ Fic သည် အရမ်းရိုင်းစိုင်းသော အသုံးအနှုန်းတွေကိုသာသုံးထားသော Big Warning 🚨18+ Fic တပုဒ်ဖြစ်သည် ။
136K 7.5K 43
╰┈➤ *⋆❝ 𝐲𝐨𝐮 𝐭𝐡𝐢𝐧𝐤 𝐢'𝐝 𝐩𝐚𝐬𝐬 𝐮𝐩 𝐚 𝐟𝐫𝐞𝐞 𝐭𝐫𝐢𝐩 𝐭𝐨 𝐢𝐭𝐚𝐥𝐲? 𝐢 𝐥𝐢𝐭𝐞𝐫𝐚𝐥𝐥𝐲 𝐤𝐞𝐞𝐩 𝐦𝐲 𝐩𝐚𝐬𝐬𝐩𝐨𝐫𝐭 𝐢𝐧 𝐦𝐲 �...