Purple Dream [Complete]
By Sakawar-Hlaing
79.6K 6.6K 1.1K
အချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်... More
ခရမ်းရောင်အိမ်မက်
အလှဆုံးရွေးယူလာသောပန်းလေးတစ်ပွင့်
ဂျွန်နဲ့သူ့ကောင်မလေးတွေ
ခရမ်းရောင်လီလီနှင့်တူသောဂျွန်
ကျွန်တော်မမှတ်မိသောသူမ
ညစျေးအမှတ်တရ
နာကျင်မူကိုသဘောကျမိခြင်း
အနည်းငယ်သော ဂရုစိုက်မူလေး
ပြုစားနိုင်လွန်းတဲ့ဂျွန်
တစ်ရက်တာကမ်းခြေသို့
အမှတ်တရသစ်ပင်ငယ်
မုန်းတယ်ဂျွန် ဒါပေမဲ့..ဒီနေ့တစ်ရက်တည်း
ရက်စက်လွန်းပါတယ်ဂျွန်....
အရောင်နုနုအတ္တဖြင့်သာ
ချစ်ခြင်းနှင့်သံယောဇဥ်အားပြိုင်ရန်
ယောင်းကငါ့အပိုင်
ခိုးယူပိုင်ဆိုင်ခြင်း
မုန်း၍မရနိုင်သောဂျွန်...
လိမ္မော်ခင်းကြီးထဲကကုကီ
စကားတစ်ခွန်းတွင်ပြိုလဲခဲ့ရခြင်း....
မြတ်နိုးရလွန်းတဲ့ထယ်....
ပထမဆုံးသောနောင်တ
ငါ့ကိုဂရုမစိုက်နဲ့ယောင်း.....
ဝဋ်ကြွေးလှလှလေး
မရည်ရွယ်ပါပဲ ရယူမိခြင်း...
ထားရက်ခဲ့လေသောဂျွန်....
ပြောင်းလဲဖြစ်ပျက်သွားခဲ့သော
ချစ်ခြင်း၏အရောင်နုသောအတ္တ
ခရမ်းရောင်လီလီတို့၏အတိတ်
နှင်းမြူများကြားဝယ်...
အကြင်သူဖြင့်ပြန်လည်တွေ့ဆုံခြင်း
အကြင်သူ၏ခေါ်သံ...
အကြင်သူ၏‌တောင်းပန်စကား
ကံကြမ္မာလှည့်ကွက်...
ရှုပ်ထွေးခြင်းများကြား...
ကြေမွနေသောနှလုံးသားများ...
ခရမ်းလီလီ၏ နောင်တ...
ပြသာနာတို့ပြီးဆုံးချိန် ...
အဆုံးသတ်....
အမေး/အဖြေ
အနီရောင်နွေဦးပန်းတို့ကြားဝယ်....
1.4K 131 25
By Sakawar-Hlaing
Unicode
မျက်လုံးများဖွင့်ယူလိုက်သည်နှင့် တစ်ပြိုင်နှင့်တဆစ်ဆစ်ထိုးကိုက်လာတဲ့ဦးခေါင်းကြောင့် နက်မှောင်ကာအချိုးနေကျသောမျက်ခုံးများအလိုအလျှောက်တွန့်ချိုးသွား၏။
ခံစားမိသောခံစားချက်တစ်ခုကြောင့် မိမိရင်ခွင်ထဲကြည့်မိလျှင် မိုးကြိုးစင်းပေါင်းမြောက်များစွာပစ်ချခံလိုက်သည့်နှယ် ရင်ထဲကျယ်လောင်တဲ့မြည်ဟီးတစ်ခုနဲ့အတူ အသွေးအသားတွေအထိခြောက်ခြားထိန့်လန့်သွားရသည်။ ရင်ခုန်သံတို့ကလည်းအဆမတန်တဒိန်းဒိန်းခုန်လို့....။
ဉီးနှောက်မှာလည်းအခုချိန် သေချာအလုပ်မလုပ်နိုင်စွမ်းမရှိတော့ပဲ ချာချာလည်နေခဲ့သည်။
"ယောင်းအသွေးအသားတွေကို ရယူလိုက်မိပြီ"
သူ့ရင်ခွင်အောက်နွမ်းလျစွာ အိပ်ပျော်နေသောယောင်း၏ လည်းပင်နှင့်ရင်ဘတ်တလျှောက်သူအသိစိတ်လွတ်စွာပြုမူထားမိသော ပေါက်ပြဲနီရဲနေသောကိုက်ရာတွေနှင့်အမှတ်ရာတွေ...။ ထိုမျှမြင်ရသည်နှင့်ပင် စောင်အောက်ရှိနေမည့်ယောင်းခန္ဒာအစိတ်အပိုင်းများအား မကြည့်ရက်တော့။
ဘာကိုမှသေချာတွေးနိုင်စွန်းမရှိတော့ပဲ ရင်ဖတ်တွေတင်းကြပ်ကာနာကျင်လာသည်။
သူမရည်ရွယ်ခဲ့ပါပဲ ယောင်းကိုရယူလိုက်မိပြီ.... နောက်ထပ်သောအမှားကြီးတစ်ခုကိုယောင်းအပေါ်ကျူးလွန်ခဲ့မိပြီ....။
ဘယ်လိုလုပ်မရလဲမသိတော့သလို ယောင်းနိုးလာလျှင် ဘယ်လိုမျက်နှာမျိုးနဲ့တောင်းပန်ရမလဲမသိတော့....။
နဖူးထက်ဖရိုဖရဲကျနေတဲ့ဆံပင်တစ်ချို့ကို မွန်းကြပ်စွာပင့်တင်ဆွဲဆုပ်၍ အသက်ကိုဖြေးဖြေးနှင့်မှန်မှန်ရူ၍ စိတ်ကိုငြိမ်အောင်လုပ်ရသည်။ ခဏအကြာငြိမ်သက်စွာတွေးနေပြီးမှယောင်းကိုသန့်ရှင်းရေးလုပ်ပေးဖို့နှင့် ကိုယ့်ကိုကိုယ်သန့်ရေးလုပ်ဖို့ကိုသတိရ၏။
နွမ်းလျဖျော့တော့စွာအိမ်ပျော်နေသောယောင်းကိုကြည့်မိတော့ နှလုံးအိမ်မှာမီးလောင်မြိုက်နေသည့်အတိုင်းပူလောင်ရသလို ယူကြုံးမရသောစိတ်တို့ဖြစ်တည်လာရသည်။
ထိုအချိန်သူ့ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်စက်များ....။ မာမီနဲ့ဒေဒီလမ်းခွဲကြတဲ့အချိန်မှာတည်းက သူနှုတ်ဆက်ခဲ့တဲ့မျက်ရည်တွေကအခုတော့ ယူကြုံးမရသောစိတ်တို့ကြောင့်သူ့ထံပြန်လည်ရောက်ရှိလာခဲ့ပြီ....။ ယောင်းကိုထပ်မံပြုမူလိုက်မိတဲ့ အမှားကြောင့် သူထပ်ပြီးမျက်ရည်ကျခဲ့ပြီ။
ငါတစ်ကယ်မရည်ရွယ်ခဲ့ပါဘူး
ယောင်းရယ်....အတင်းအကျပ်အပိုင်အဖြစ်သိမ်းယူခဲ့မိပေမဲ့ မင်းအပေါ်မှာ
အခုလိုမျိုးရယူဖို့ဆန္ဒမြူတစ်မှုန်စာတောင်မရှိခဲ့ပါဘူး....
အလင်းရောင်များသူ့အပေါ်သိသိသာသာလွှမ်းခြုံလာချိန် နိုးလာခဲ့ပြီဖြစ်သည်။အချိန်ကမည်မျှရှိမည်သေချာမသိပေမဲ့ တော်တော်တော့နောက်ကျနေပြီးမှန်းသူခံစားမိပါ၏။
မျက်တောင်များအားတဖြတ်ဖြတ်ခတ်မိရင်း ညကအကြောင်းအရာများကို သူပြန်တွေးမိသည်။ သူ့ဘေးနေရာကိုကြည့်မိတော့ဂျွန်မရှိတော့။ သူ့ခန္ဒာတွင်တော့ အဝတ်အစားအပြည့်ရှိနေခဲ့သည်ကြောင့် ဂျွန်သူ့ကိုအဝတ်အစားလဲပေးခဲ့တာဖြစ်လိမ့်မည်။
နိုးလာချင်းချင်း ဂျွန့်ကိုတွေ့ရပြီးဂျွန်ဆီကတစ်ခုခု​ပြောလာဖို့မျော်လင့်ခဲ့ပေမဲ့ အခုလိုဂျွန့်ကိုပင်မတွေ့ရတော့ ရင်ထဲပို၍ပင်ဝမ်းနည်းရသည်။ ဂျွန့်ကိုတွေ့ပြီး.... ဂျွန့်ဆီကတောင်းပန်စကားဆိုလာခဲ့မည်ဆိုပါလျှင်လည်း သူဘယ်လိုပြန်ဖြေရမလဲမသိ။ ဂျွန်ဆီကတစ်ခုခုကြားရဖို့မျော်လင့်ခဲ့ပေမဲ့လည်း တစ်ကယ်တမ်းကျသူကဂျွန့်ဆီကဘယ်လိုစကားမျိုးကြားချင်နေခဲ့တာလဲ ကိုယ့်ကိုကိုယ်ပင်မသိပါ။
သွေးသားနှီနှောမူတွေ၊မျက်ရည်တွေနဲ့အတူကုန်လွန်ခဲ့သော ညကသိပ်ကိုခြောက်ခြားစရာကောင်းနေခဲ့သည်။ ထိုညကနာကျင်မူနှစ်မျိုးကိုလည်းတစ်ပြိုင်နက်တည်းခံစားခဲ့ရသလို နာကျင်မူများအားခံယူခဲ့ရသော သူ့နှလုံးသားနှင့်ခန္ဒာမှာလည်းနွမ်းလျစွာ အင်အားတို့ကုန်ခန်းနေခဲ့ပြီ....။
ပက်လက်အနေအထားမှ ခန္ဒာအားဘေးစောင်းအနေအထားသို့ပြောင်းလိုက်မိတော့ ကိုင်ရိုက်ခံထားရတဲ့အတိုင်းခန္ဒာတစ်ခုလုံးနာကျင်ရပြီး တစ်ခုသောနေရာကတော့စပ်ဖျင်းဖျင်းနဲ့ပို၍နာကျင်ရသည်။
ခေါင်းလည်းမူးချင်နေတာကြောင့် သူဖျားနေပြီထင်ပါ၏။
အားငယ်လွန်းတဲ့သူ့ခန္ဒက ညကဖြစ်ပျက်ခဲ့သောဒဏ်များအားခံနိုင်ပုံမရ။
ဆေးသောက်ဖို့တွေးကာ ကုတင်ပေါ်မှဆင်းမိတော့ အခန်းတံခါးဖွင့်သံ‌ကြောင့်အကြည့်‌တို့က ထိုဆီရောက်သွားခဲ့သည်။
အဝတ်အစားများကိုကြည့်ခြင်းအားဖြင့် အပြင်ကပြန်လာပုံရသောဂျွန်....။လက်တွင်လည်းတစ်ခုခုကိုယူလာခဲ့သည်ကို သတိထားမိပါသည်။ အကြည့်ချင်းဆုံမိသွားတဲ့တစ်ခဏ ဦးဆုံးအကြည့်လွဲသွားသူမှာဂျွန်သာဖြစ်၏။
"ဘယ်သွားမလို့လဲယောင်း"
သူ့အနားလျှောက်လာရင်း ပြောလာတဲ့ဂျွန့်စကားသံကခပ်တိုးတိုး....။
ဂျွန့်ကိုသာငေးကြည့်နေမိပြီး သူဘာမှမပြောမိ။ ဂျွန့်မျက်လုံးနှင့်မျက်နှာထားက သူ့အတွက်တစ်ကယ်ပင်ခန့်မှန်းရခက်နေခဲဘသည်။ အခုချိန်ဂျွန့်ရဲ့ စိတ်ခံစားချက်တို့အားသူမသိနိုင်ပါ။
"မင်းဖျားနေတယ်ယောင်း... ဆေးသောက်ပြီး ဆေးလည်းလိမ်းရမယ်။ အနာရှိုန်ကြောင့်ဖျားသွားတာနေမယ် "
"......."
"ဆေးတွေကသူငယ်ချင်းဆရာဝန်ဆီကသေချာမေးပြီး ယူခဲ့တာမို့ စိတ်ချလို့ရတယ်"
"......."
" ယောင်း "
"........."
"ငါတောင်းပန်..."
"မင်းတောင်းပန်စရာမလိုပါဘူးဂျွန်... ငါတို့ကလက်ထပ်ထားကြတာပဲ။ ဒီကိစ္စမျိုးတွေရှိလာမှာငါနားလည်ပါတယ်"
"ကျစ်! မဟုတ်ဘူး။ မင်းထင်တာလွဲနေပြီယောင်း.... အဲလိုမဟုတ်ဘူး။ ငါတစ်ကယ်... တစ်ကယ်အခုလိုဖြစ်ပျက်သွားဖို့မရည်ရွယ်ခဲ့တာ... ငါ...."
"ငါအဆင်ပြေပါတယ်ဂျွန်... ဒီကိစ္စကိုဒီလောက်နဲ့ပဲထားခဲ့လိုက်ကြရအောင်ပါ။ အဲဒါကအခုလိုမျိုးဖြေရှင်းနေရအောင်ထိလည်း ကိစ္စကြီးမဟုတ်ဘူးလို့ငါထင်တယ် "
"အင်း ဒါဆိုငါမင်းဆေးသောက်ဖို့အတွက် ဒေါ်ကြီးကိုဆန်ပြုတ်လုပ်ပေးဖို့သွားပြောလိုက်မယ်။ ဆေးကိုကိုယ့်ဘာသာလိမ်းလို့ဖြစ်တယ်မလား... ငါလုပ်ပေးရင်မင်းမကြိုက်မှာစိုးလို့ယောင်း "
"ကိုယ့်ဘာသာလိမ်းတာကပိုအဆင်ပြေမှာပါ"
ယူလာခဲ့သောဆေးများအား ကုတင်ဘေးရှိစားပွဲခုံပေါ်တင်ထားခဲ့ကာထွက်သွားမည်လုပ်နေတဲ့jungkookက taehyungခေါ်သံတိုးတိုးကြောင့် ပြန်လှည့်ကြည့်လာသည်။
သူ့ကိုလှမ်းကြည့်နေသောtaehyung
မျက်ဝန်းများမှာလည်း နားလည်ရခက်စွာခံစားချက်မျိုးစုံတို့ကရောထွေးလို့။
အခုချိန် သူတို့တစ်ယောက်နှင့်တစ်ယောက်၏အတွင်းစိတ်များအား အမှန်အတိုင်းသိမြင်နားလည်နိုင်ဖို့ခက်ခဲနေခဲ့ကြသည်။ မျက်ဝန်းများမှတစ်ဆင့် ဖုံးကွယ်ထားသောခံစားချက်တစ်ချို့ကိုလည်းဖော်ထုတ်ကြည့်ဖို့ရန်မဖြစ်နိုင်ချေ။
"ဂျွန်...."
အင်းဆိုသည့်သဘောဖြင့်ခေါင်းညိတ်ပြတဲ့ဂျွန်က သူနဲ့မျက်လုံးချင်းမဆုံမိအောင်‌တော့ရှောင်နေခဲ့သည်။
"ငါ....ငါ့ကိုဘယ်သူလို့ထင်ခဲ့....
ဟင့်အင်းး  ဘာမှမဟုတ်တော့ဘူး။ မင်းသွားစရာရှိတာသွားတော့ဂျွန်... "
"အင်း "
သူတစ်ခုခုပြောချင်တာကိုသတိထားမိပုံရတဲ့ဂျွန်က ဘာတစ်ခုမှထပ်မေးမနေတော့ပဲထွက်သွားခဲ့သည်။ ကျောခိုင်းထွက်ပြီဖြစ်သောဂျွန့်ကျောပြင်ကိုငေးကြည့်နေမိ၏။
မြတ်နိုးရတဲ့ဤလူသား၏ကျောပြင်အား သူငေးကြည့်ပြီးကျန်နေခဲ့ရသည်မှာ ဘယ်နှစ်ကြိမ်တောင်ရှိနေခဲ့ပြီလဲ....။
မိမိအားကျောခိုင်းထွက်သွားသော ကျောပြင်ကျယ်အားငေးကြည့်ကျန်နေခဲ့ရသည်မှာလည်း တစ်ကယ်ပင်နာကျင်စရာကောင်းလွန်းလှပါသည်။
ငါတစ်ကယ်သိချင်မိတယ်ဂျွန်...
ငါ့အသွေးအသားတွေကိုရယူနေခဲ့တုန်းက
ငါ့ကိုဘယ်သူနဲ့များမင်းမှားသွားခဲ့လေလဲ.....။ မင်းနဲ့ပတ်သက်ခဲ့ဖူးတဲ့မိန်းကလေးတွေလိုလား....
နှစ်ဖက်အပြန်အလှန်အချစ်မပါခဲ့တဲ့သွေးသားနှီးနှောမူက ငါ့အတွက်တစ်ကယ်ပဲခြောက်ခြားဖို့ကောင်းလွန်းတယ်ဂျွန်...
Purple Dream
"ဒေါ်ကြီး ဂျွန်ရောဟင်... ဂျွန်အပြင်သွားတာများတွေ့လိုက်လား"
သူအောက်သို့ဆင်းလာပေမဲ့ အရိပ်အယောင်မျှမတွေ့ရသောဂျွန်ကြောင့် မီးဖိုချောင်မှထွက်လာသောအဒေါ်ကြီးအား မေးလိုက်မိခြင်းဖြစ်သည်။
"တွေ့လိုက်တယ်taehyungလေး... အစောနတည်းကကားသော့ယူပြီးထွက်သွားတာ"
"ဟုတ်ကဲ့ဒေါ်ကြီး... ကျွန်တော်ဂျွန့်ကိုမတွေ့လို့မေးကြည့်တာပါ"
"အော် taehyungလေးအတွက်ချက်ပေးဖို့ပြောသွားတဲ့ဆန်ပြုတ်ကရပြီနော်.... jungkookလေးကအခန်းထဲပို့ပေးဖို့ပြောသွားတာ။ ဒေါ်ကြီးတောင် အခုပဲလာပို့တော့မလို့"
"ရပါတယ်ဒေါ်ကြီး... ဆန်ပြုတ်ပန်းကန်ပဲပြင်ပေးလိုက်ပါ။ ကျွန်တော့်ဘာသာပဲယူသွားလိုက်ပါ့မယ်။ ဒေါ်ကြီးကခဏနေမှကျွန်တော့်အခန်းထဲကလာယူလိုက်ပေါ့"
"ဟုတ်ပါပြီကွယ်... ဒါဆိုဒေါ်ကြီးဆန်ပြုတ်ပန်းကန်သွားယူလိုက်အုံးမယ်နော် "
အဒေါ်ကြီးပြင်ပေးလိုက်သောဆန်ပြုတ်အားစားချင်စိတ်မရှိသည့်တိုင် ဝင်သလောက်လေးစားလိုက်ရသည်။  နေမကောင်းသည်ကြောင့်ခံတွင်းမတွေ့ဖြစ်ကာ နှစ်ဇွန်း၊သုံးဇွန်မျှသာစားနိုင်၏။
စားပြီးဂျွန်ယူလာခဲ့သောဆေးအားသောက်ကာ များပြားလှသောတွေးစရာများအား ဘာမှတွေးမနေတော့ပဲတရေးအိပ်ပစ်လိုက်သည်။  ဆေးအာနိသင်ကြောင့်လည်းပါလိမ့်မည်။ လူကခဏလေးအတွင်းမှာပင်အိပ်ပျော်သွားခဲ့၏။ အိမ်မက်ထဲအထိမေ့ဖျောက်မရသောအကြင်သူကိုလည်း အိပ်မက်ရှည်ကြီးထဲသူထပ်တွေ့ခဲ့ရပြန်သည်။
အကြင်သူအားတွေ့ရသော ထိုအိမ်မက်ဟာသေချာပေါက်လှပသောအိမ်မက်တစ်ခုတော့ဖြစ်မနေခဲ့။
သူနိုးလာတော့အချိန်က ညနေ​ပင်ရောက်ခါနီးနေလေပြီ။ အိမ်မက်အကြောင်းကိုစဉ်းစားမိတော့ လူကအင်အားတို့ကုန်သွားသည့်နှယ်...။ စိတ်ထဲလေးလံကာ ရင်ဖတ်ထဲလည်းတစ်ခုခုလိုအပ်သလို၊ပျောက်သွားသလို လစ်ဟာသွားရသည်။
ခန္ဒာကတော့မနက်ကနဲ့စာလျှင်အများကြီးသက်သာသွားခဲ့ပြီ။ ဆေးလိမ်းထားတဲ့နေရာကလည်း မနက်ကလိုနာမနေတော့။ အဖျားလည်းကျသွားခဲ့ပြီထင်သည်။
ခေါင်းတွေမူးမနေတော့သလို ကိုယ်လည်းပူမတော့။
ထို့ကြောင့်သူ ရေနွေးစပ်ကာရေချိုးပစ်လိုက်သည်။မနေ့ကိစ္စအပြင် နေ့လယ်ကမက်သောအိမ်မက်ကြောင့်ပါနွမ်းလျနေသော ကိုယ်၊စိတ်၊နှလုံးမှာလည်း ရေချိုးပြီးအနည်းမျှသက်သာသွား၏။ စိတ်ထဲစွဲကာထိန့်လန့်နေသောအိမ်မက်ကိုလည်း အိမ်မက်ကအိမ်မက်ပါပဲဟုဖြည့်တွေးကာဖြေဖျောက်ရသည်။
လေညှင်းခံဖို့တွေးကာ ဝရံတာဆီထွက်လာခဲ့တော့သူ့နောက်ကျောဖက်ဆီမှ ကြားလိုက်ရသောဂျွန့် ခေါ်သံ....။
ဂျွန်ပြန်ရောက်ပြီလား.....
"ယောင်း..."
"ဂျွန် ပြန်ရောက်ပြီလား"
"အင်း မင်းသက်သာရဲ့လားယောင်း... ဆေးခန်းသွားပြချင်လား"
"ဟင့်အင်း ရတယ်ဂျွန်။ ငါကသက်သာနေပါပြီ"
ဂျွန်ကသူရှိရာဝရံတာဆီလျှောက်လာခဲ့သည်။ သူ့အနားရောက်လာတဲ့ဂျွန့်ဆီက ချွေးနံရောနေတဲ့ကိုယ်သင်းနံသဲ့သဲ့ကိုတိုး ဝှေ့နေသောလေတွေအကြားမှရူရှိုက်မိ၏။
သူဆိုသည်မှာလည်း ဂျွန်နဲ့ပတ်သက်လျှင်ကိုယ်သင်းနံကအစ လန်းဆန်းစေသည်ဟုခံစားမိသည်ပင်။ 
ဂျွန်ကအခုမှ အပြင်ကပြန်လာပုံရသည်။
သူထင်တာမမှားရင် ဂျွန့်မျက်နှာကသိသိသာသာကိုနွမ်းနေ၏။ မနက်ကသူကိုယ်တိုင်လည်းခံစားမျိုးစုံတော့ကြောင့် ဂျွန့်စိတ်ကိုခန့်မှန်းမရပေမဲ့ အခုတော့ခန့်မှန်းမိပါသည်။
ထိုသည်က မနေ့ကကိစ္စကြောင့်များဖြစ်နေခဲ့သည်လား...။
တစ်စုံတစ်ယောက်သောသူနှင့်မှားပြီး သူဆီကရယူခဲ့မိသည့်အသွေးအသားတွေအတွက်ဂျွန်ကစိတ်မကောင်းဖြစ်နေခဲ့သည်လား....။
အဲဒီကိစ္စအတွက်စိတ်မကောင်းဖြစ်နေတာဆိုရင်တော့ မေ့လိုက်ပါတော့ဂျွန်...
မင်းပေးတဲ့နာကျင်မူတွေနှင့်အသားကျနေပြီးဖြစ်တဲ့ငါက အရင်တုန်းရခဲ့တဲ့နာကျင်မူမျိုးတွေထက်ပိုတဲ့နာကျင်မူမျိုးကိုခံယူလိုက်ရရုံကလွဲလို့ အဆင်ပြေနေပါတယ်ဂျွန်ရယ်.....။
"ဒါဆိုမင်းအပြင်သွားချင်လားယောင်း... ငါမင်းသဘောကျလောက်မဲ့နေရာတစ်ခုကိုတွေ့ထားတယ်။ အဲဒီနေရာကိုမင်းသဘောကျလောက်မယ်ထင်တယ် "
"မင်းလိုက်ပို့မလို့လားဂျွန်...."
"တစ်ကယ်လို့မင်းသွားချင်ခဲ့ရင်ပေါ့"
"အင်း သွားချင်တယ်။ငါမင်းပြောတဲ့နေရာကိုစိတ်ဝင်စားတယ်ဂျွန်... ငါတို့အခုသွားမှာလား"
"ငါရေသွားချိုးအုံးမယ်။ ပြီးရင်သွားကြတာပေါ့"
"ကျေးဇူးပါပဲဂျွန်... ငါ့ကိုအခုလိုလိုက်ပို့ပေးလို့"
ဂျွန့်ခေါ်ဆောင်ရာအတိုင်းလိုက်လာခဲ့တော့ တစ်နာရီလောက်ကားမောင်းပြီး သွားလိုသည့်နေရာဆီရောက်လာခဲ့ပြီ။
ထိုနေရာမှာတိတ်ဆိတ်လို့နေကာ နွေဦးလေပြေများနှင့်အတူ အနီရောင်ပြေးနေသောနွေဦးပန်းများကလည်းအပြည့်ဖူးပွင့်လို့။
မျက်စိတစ်စုံပြည့်နေသော နွေဉီးပန်းများမှာလှပလွန်းနေခဲ့သလို အနီရောင်ပန်းခန်းကြီးအားဖြတ်ပြေးတိုက်ခတ်လာသော နွေဉီးလေပြေများကလတ်ဆတ်လို့။
သို့ပေမဲ့ထိုလေပြေများမှာသူ့အား အေးမြလန်းဆန်းအောင်မပြုလုပ်နိုင်ပါပဲ ရင်ထဲမောဟိတ်ဝမ်းနည်းလာအောင်သာပြုလုပ်နေကြသည်။ လေပြေနဲ့အတူ ယိမ်းနွဲ့ကခုန်နေကြသောအနီရောင်ပန်းပွင့်များမှာလည်းသူ့မျက်စိထဲဝန်းနည်းစရာကောင်းနေခဲ့၏။
ယင်း နွေဉီးပန်းများ၏အဓိပ္ပါယ်ကိုသူသိနေ၍လည်းဖြစ်လိမ့်မည်။
"ဟိုဖက်လျှောက်သွားကြည့်လို့ရတယ်ယောင်း.... အဲဖက်မှာမြင်ကွင်းပိုလှတယ်"
ပြောပြီးဉီးဆောင်ထွက်သွားသောဂျွန်....
ဤပန်းများရှိရာသို့ခေါ်လာခဲ့သောဂျွန်ဟာ ပန်းများ၏အဓိပ္ပါယ်ကိုသိပုံမရ။
တစ်ဖြည်းဖြည်းလျှောက်လာခဲ့တော့ အပင်ကြီးများမရှိပဲကောင်းကင်ပြာလွင်လွင်နှင့်အတူထိုပန်းများသာမျက်စိတစုံပြည့်နေသည့်မြင်ကွင်မျိုးရသောနေရာဆီရောက်လာခဲ့သည်။
"မင်းကပန်းကြိုက်တော့ဒီနေရာကိုသဘောကျလားယောင်း.... "
သူ့ဖက်လှည့်ကြည့်မေးလာတဲ့ဂျွန်ကြောင့်သူခပ်ယဲ့ယဲ့ပြုံးမိသည်။ ဂျွန်ဟာ ဤပန်း၏အဓိပ္ပါယ်ကိုထားလို့ နာမည်ပင်သိမည်မထင်။ ပန်းပင်တွေနဲ့မြင်ကွင်းလှလှရှိ၍သာ သူ့ကို ခေါ်ခဲ့တာဖြစ်လိမ့်မည်။
"အင်း ဒီနေရာလေးကလှပါတယ်။ မင်းဒီပန်းတွေရဲ့နာမည်ကိုသိလားဂျွန်..."
"မသိဘူး။ ဒါပေမဲ့ နွေဉီးမှာပွင့်နေတာဆိုတော့နွေဦးပန်းတစ်မျိုးပဲဖြစ်မယ်ထင်တယ်။ မင်းကတော့ ဒီပန်းရဲ့နာမည်ကိုသိတယ်မလား"
"အင်း ငါသိတယ်။ ဒီအနီရောင်နွေဉီးပန်းကလီလီမျိုးနွယ်ဝင်တစ်ခုပဲဂျွန်...
Spider lilyလို့ခေါ်တယ်... Red spider lilyပေါ့"
ထိုမျှနှင့်သူတို့စကားသံတွေကအချိန်တစ်ခုအထိတိတ်ဆိတ်သွားခဲ့သည်။ နှစ်ဦးလုံး၏ ဆံပင်တွေဟာတိုက်ခတ်နေသောလေတွေကြားမထိတထိမျောလွင့်လို့နေခဲ့သလို
အကြည့်ကိုယ်စီကလည်း အနီရောင်ပန်းလွင်ပြင်ကြီးထဲရှိငေးမောလို့....။
jungkookသာသေချာကြည့်ပါက ပန်းတွေအားငေးနေခဲ့သောtaehyungမျက်ဝန်းတွင်ပြိုလုလုငွေ့ရည်များဖွဲ့နေသည်ကိုတွေ့ရလိမ့်မည်။
"ယောင်း ငါတို့ပြန်ကြတော့မလား... ခဏနေနေဝင်တော့မှာ"
"အင်း ပြန်ကြတာပေါ့ဂျွန်"
jungkookသွားဖို့ကျောခိုင်းလိုက်သည်နှင့်တစ်ပြိုင်နက် သူခါးပေါ်ယှက်တွယ်လာသော taehyungလက်များ....။ ခါးပေါ်ရောက်လာသောခပ်တင်းတင်းဖက်တွယ်မူနဲ့အတူ ကျောပြင်ပေါ်ထိကပ်လာတဲ့အိစက်စက်ပါးပြင်လေး၏ အထိအတွေ့။
ထိုသည်ကြောင့်jungkookလှမ်းဟန်ပြင်နေသောjungkookခြေလှမ်းများလည်းရပ်တန့်သွားခဲ့သည်။
ထွက်ပေါ်လာသောtaehyungအသံဟာ ဆို့နစ်တိုးလျလို့။ တိုးလျစွာရင်ထဲတိုးဝင်သောစကားများသာဖြစ်သည်။
"ဂျွန်... မင်းသိလား.... red spider lilyရဲ့အဓိပ္ပါယ်ကိုလေ....
သူရဲ့အဓိပ္ပါယ်က.... နောက်ဆုံးနှုတ်ဆက်ခြင်းပါတဲ့။ ငါအိမ်မက်ခဲ့တယ်ဂျွန်... ငါမင်းကိုတွေ့နေရင်းက ပျောက်သွားခဲ့တာ... ငါမျက်စိရှေ့တင်မှာပဲမင်းပျောက်သွားခဲ့တာ။ အဲတုန်းကငါ့မှာရူးတော့မလိုပဲ"
ပြောနေရင်းမှမျက်ရည်များက ပါးပြင်ထက်တလိမ့်လိမ့် လိမ့်ကျလာကြတော့သည်။
မျက်ရည်များကြောင့်အမြင်တွေဝါးလာတော့taehyungမှာ ထိုမျက်လုံးများကိုဖိပိတ်ထားမိတော့၏။
ပိတ်ထားတဲ့မျက်လွှာကြားမှပင်မျက်ရည်များစိမ့်ထွက်နေခဲ့သလို ဆက်ပြောလာသောစကားသံတို့ဟာလည်း တုန်ရီလို့။
"ငါ...ငါမင်းကိုဆုံးရှုံးရမှာကြောက်တယ်ဂျွန်... မင်းငါ့ဘဝမှာမရှိတော့ဘူးဆိုပြီးတွေးတောင်မတွေးရဲဘူး။ အတွေးနဲ့တင်ငါသေမလိုပဲ... ဘာကိစ္စပဲရှိရှိငါ့ကိုမထားခဲ့ပါနဲ့ဂျွန်... ငါမင်းမရှိပဲနေနိုင်မယ်မထင်ဘူး။
ငါမင်းကိုသိပ်ချစ်တယ်...."
အနီရောင်နွေဦးပန်းတို့ကြားဝယ်
ကြွေဆင်းခဲ့တဲ့ငါ့မျက်ရည်တွေ.....
တစ်ခုသောအကြောင်းပြချက်ဟာ မင်းကိုဆုံးရှုံးရမှာကြောက်လို့ပါတဲ့ဂျွန်.....
Purple Dream
Updated 04.05.2022
Sakawar
Red Spider Lily
Zawgyi
"......."
"......."
" ယောင်း "
"........."
"ငါတောင်းပန်..."
"ဂျွန်...."
"အင်း "
Purple Dream
"ယောင်း..."
"ဟင့်အင်း ရတယ်ဂျွန်။ ငါကသက်သာနေပါပြီ"
ထိုနေရာမှာတိတ်ဆိတ်လို့နေကာ နွဦေးလေပြေများနှင့်အတူ အနီရောင်ပြေးနေသောနွဦေးပန်းများကလည်းအပြည့်ဖူးပွင့်လို့။
မျက်စိတစ်စုံပြည့်နေသော နွဉေီးပန်းများမှာလှပလွန်းနေခဲ့သလို အနီရောင်ပန်းခန်းကြီးအားဖြတ်ပြေးတိုက်ခတ်လာသော နွဉေီးလေပြေများကလတ်ဆတ်လို့။
ယင်း နှဉေီးပနျးမြား၏အဓိပ်ပါယျကိုသူသိနေ၍လညျးဖွဈလိမျ့မညျ။
ဤပန်းများရှိရာသို့ခေါ်လာခဲ့သောဂျွန်ဟာ ပနျးမြား၏အဓိပ်ပါယျကိုသိပုံမရ။
"အင်း ငါသိတယ်။ ဒီအနီရောင်နွဉေီးပန်းကလီလီမျိုးနွယ်ဝင်တစ်ခုပဲဂျွန်...
"ဂျွန်... မင်းသိလား.... red spider lilyရဲ့အဓိပ်ပါယျကိုလေ....
မျက်ရည်များကြောင့်အမြင်တွေဝါးလာတော့taehyungမွာ ထိုမျက်လုံးများကိုဖိပိတ်ထားမိတော့၏။
အနီရောင်နွဦေးပန်းတို့ကြားဝယ်
Purple Dream
Updated 04.05.2022
Sakawar
Red Spider Lily
Continue Reading
You'll Also Like
86K 6.9K 17
"Babe..." "ချီးကို​ babe ... ငါကိုအဲ့လိုမ​ခေါ်နဲ့လို့​ပြောထားတယ်​​လေ... " "Babe ရယ်​ Babe ကို ကိုယ်​က Babe မို့ Babe လို့ ​​ခေါ်တာကို Babe က ညိုညင်​တာလ...
88.6K 1.1K 22
Ryu Suzuki the first piece Rias ever had but they were never really close. Rias preferred to spend more time with her queen the second piece she rein...
132K 6.2K 21
❝timmyd: @jaybird we get it, you died❞ AN AU SERIES OF THE BATKIDS' SOCIAL MEDIA POSTS (FT. ROY HARPER). [mobile reading is suggested] [no translatio...
75.5K 6.2K 21
မိဘလုပ်စား ထိုင်စားကာ အပျော်ပါးနဲ့ အပေါင်းသင်းမက်ပီး မိန်းကလေးလဲ အရမ်းရှုပ်သော Play Boy (Or) Bad Boyလေးနဲ့ အရာရာကို စေ့စပ်တိကျပီး စည်းကမ်းရှိကာ မည်သ...