Once Upon On Us

By ZiAn222

208K 13.5K 762

တိမ်ဆိုင်တစ်ခုကို ချစ်မိသည် ။ ဖမ်းဆုပ်ဖို့တော့ မဖြစ်နိုင် ။ တိမ္ဆိုင္တစ္ခုကို ခ်စ္မိသည္ ။ ဖမ္းဆုပ္ဖို႔ေတာ့ မ... More

2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
ဇာတ်ကောင်ရှင်းတမ်း
43 { Final }
Extra
Extra 2.0
Extra 3.0
Marn+Nway

1

13.3K 425 20
By ZiAn222

Unicode
_______

" အားးး နေကြာတွေကွ ၊ ငါ့ရဲ့နေကြာတွေ အီးဟီး "

" လွန်းဟေမာန်ငယ် နင်ရူးနေလား ၊ ဘာလို့ အသံပြဲနဲ့ အော်နေတာလဲ "

နေကြာခင်းကို တွေ့လို့ စိတ်မထိန်းနိုင်ပဲ ‌အော်မိတော့ နှိုင်းမခက လွန်းကို ကြည့်ပြီး ခေါင်းတခါခါ ။ မခံစားတတ်တဲ့ လူ ၊ နှလုံးသားမရှိတဲ့လူ ။ နှလုံးသား ရှိလား မရှိလားတော့ မသိ ၊ မရှိဖို့ကတော့ များပါတယ်လေ ။

" အစ်မကလည်း .... အစ်မသာ ညီမနေရာ ဝင်ကြည့်ပါလား ။ ရူးတောင်သွားမယ် ။ "

" အခုလည်း နင်က ရူးနေတာပဲကို "

" ဘာပြောတယ် ! "

နှိုင်းမခရဲ့ လေသံလောက်ကိုလည်း လွန်းက ကြားရတယ်ဆိုတာကို မေ့လျော့နေလေသလား ။ အစော်ကားခံလိုက်ရသလို ခံစားရတယ် ။

" အဟမ်း ဘာမှ မဟုတ်ဘူး ။ ငါ အအေးသွားယူဦးမယ် ။ "

" လိမ္မော် "

သေချာပေါက် လွန်းကို မျက်စောင်းထိုးသွားမှာ ။ နှိုင်းမခက သူ့ကို ဆရာလုပ်ရင်မကြိုက် ၊ နှိုင်းမခကို ဆရာလုပ်လို့ရတာကလည်း လွန်းပဲ ရှိသည် ။

" အစ်မရာ ကြာလိုက်တာ ၊ အအေးဗူးသွားယူတာ အအေးဗူးများဖြစ်နေပြီလားလို့ ။ "

အေးစိမ့်စိမ့်အအေးဘူးက လက်ထဲ မရောက်ဘဲ ပါးပြင်ပေါ်ရောက်လာတယ် ။ လွန်းရဲ့ ပါးက သူ့ဆော့စရာ ကျနေပါရော ၊ ဆွဲဆိတ်လိုက် လာညှစ်လိုက်နဲ့ ။

" ဓာတ်ပုံရိုက်ပြီးရင် ပြန်မယ် ၊ လူကြီးတွေက ရွှေဘတောင် သွားမယ်တဲ့ ။ "

" ရိုက်ပေး "

" နင့်မျက်ခွက်ကို လက်နဲ့လား "

" အစ်မ ! "

" ပေး ကင်မရာ "

တကယ်တော့ နှိုင်းမခက လွန်းကို အနိုင်ယူခြင်း မရှိခဲ့ ။ သူမနိုင်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်သည် ။ စကားလုံးနဲ့ စနောက်တာကတော့ လွန်းရဲ့ ဒေါသကို အဆွနိုင်ဆုံး လုပ်ရပ်ပင် ။

လက်ထဲက ကင်မရာမီး တဖျက်ဖျက်နဲ့အတူ နှိုင်းမခကလည်း ပြုံးလိုက်သေးသည် ။ ပြုံးတော့လည်း နည်းနည်းလှသားပဲ ၊ အိမ်နီးချင်းမို့ လွန်းဆီက အလှတွေ ကူးသွားတာနေမယ် ။

" အစ်မက မရိုက်တော့ဘူးလား ၊ လာရခဲတယ်နော် ။ နောက်မှ နောင်တရနေမယ် ။ "

နှိုင်းမခရဲ့ အကျင့်က မျက်ခုံးနှစ်ခုကို ထိလုထိခင်အထိ တွန့်ချိုးပြီး လွန်းကို မိုက်ကြည့်ကြည့်ခြင်းသာ ။ လွန်းကလည်း မကြိုက်လှသည်မို့ သူ့မျက်ခုံးနှစ်ဖက်ကို ဖြေလျှော့ပေးမိမြဲ ။

" နင့်ကင်မရာက အလုပ်ရှုပ်ရရှုပ်နဲ့ ၊ ဖလင်ကလည်း စျေးကြီးသေးတယ် ။ ဓာတ်ပုံထုတ်ချင်ရင်လည်း ဆိုင်ကို သွားရဦးမှာ ။  ဦးနှောက်နဲ့ နှလုံးသားထဲ ထည့်ထားတယ်လေ ၊ နင့်ကင်မရာထက်တောင် ပိုသုံးလို့ရသေးတယ် ။ "

" အပိုတွေက လုပ်ပြန်ပြီ ၊ နောက်မှ ပုံလာတောင်းရင် တစ်ပုံ နှစ်ထောင်နဲ့ ရောင်းစားမယ် ။ "

" ဟ "

" မဟနဲ့ ၊ ပြန်မယ် ။ "

ကင်မရာကို အိတ်ထဲထည့်ကာ နှိုင်းမခ၏ လက်ကို ဆွဲလျက် ကားဆီသို့ ပြန်လာခဲ့သည် ။

" ဘာစားဦးမှာလဲ "

" မစားတော့ပါဘူး ၊ အန်မှာစိုးလို့ ။ အစ်မ စားချင်ရင် သွားစား "

နှိုင်းမခက ခေါင်းခါပြကာဖြင့် ကားပေါ် တက်ရန် မေးငေါ့ပြသည် ။

" နှိုင်းက ကျောင်းပြန်ဖွင့်ရင် ဆယ်တန်းဆိုတော့ အဆောင်ပဲ ပို့လိုက်မယ်လို့ စဥ်းစားထားတာလေ ၊ နှိုင်းရဲ့ ဒယ်ဒီကလည်း အဆောင်စုံစမ်းနေတယ် ။ "

လူကြီးတွေ ထိုင်နေသော စားသောက်ဆိုင်နား မရောက်ခင် ကြားလိုက်ရသောစကားကြောင့် လွန်း၏ လက်တို့ တင်းကြပ်သွားသည် ။

" အ ... လွန်း လက်နာတယ်လေ ၊ "

" အစ်မ ... "

" ဟင် ... လွန်းငယ် ဘာဖြစ်တာလဲ ။ "

နှိုင်းမခ၏ လက်ကို လွှတ်ချမိသည် ။ အမြဲကိုင်ထားရမှာပေမယ့် စိတ်ကို မထိန်းလိုက်နိုင် ။

" ဟာ ... လွန်း ၊ လွန်းလေမာန်ငယ် ။ သြော် ဒီကလေးကတော့ ။ "

ကားပေါ်သို့ ချက်ချင်း ပြေးတက်လာသော နှိုင်းမခ၏ ခြေသံကို ကြားမိသည် ။ ခေါင်းကို မဖော်မိ ။

" လွန်း ... ဘာဖြစ် ... ဟင် ငိုနေတယ် ။ "
" ဘာဖြစ်တာလဲလို့ ၊ အစ်မကို ပြောလေကွာ ၊ လွန်းငယ် ။ "

" အစ်မ "

" အင်း ပြောလေ "

" တကယ် ဘော်ဒါသွားမှာလား ၊ "

" ဟမ် "
" သြော် သွားရမှာပေါ့ ၊ ဘော်ဒါနေတော့ ကြပ်ကြပ်မတ်မတ်နဲ့ စာလုပ်ချိန် ပိုရတယ်လေ ။ အဲ့ဒါမှ အမှတ်ပိုများမှာပေါ့ ။ "

နှိုင်းမခကတော့ သေချာပေါက် လုပ်ရမည့် အလုပ်တစ်ခုလို ပြောထွက်သည် ။

" မသွားပါနဲ့လားလို့ ၊ ဒီတိုင်းနေလည်း အမှတ်များမှာမှန်း သိသာနေတာကို  "

" မသွားလို့ ရမလား ၊ ငါအိမ်မှာနေရင် နင် မွှေနေတာနဲ့ စာဘယ်လိုလုပ်ရမှာလဲ ။ မနှစ်ကတောင် စာကျက်နေတဲ့ အချိန်ဆို ငါ့လာလာစလို့ တီလေးတောင် နင့်ကို ဆူတယ်မလား "

" အဲ့ဒါက ... အဲ့ဒါက "

လွန်း တွေဝေသွားရသည် ။ နှိုင်းမခပြောတာတွေက အမှားမပါချေ ။ နှိုင်းမခစာလုပ်နေချိန်ဆို လွန်းက အမြဲနှောင့်ယှက်သည် ။ အားရင် အားသလို နှိပ်စက်သည် ။ သေချာပြန်စဥ်းစားကြည့်မှ သူမကို တကယ် အားနာရသည် ။ ဒါပေမဲ့ လွန်းမှ မခွဲချင်ပဲ ။

" ဘာပဲ ဖြစ်ဖြစ်ဗျာ ၊ ညီမ အစ်မကို မနှောင့်ယှက်တော့ဘူးဆိုရင် မသွားဘူးမလား ။ အဲ့ဒါဆို ... "

" ဟားဟား "

လွန်းစကားကို နှိုင်းက ပြတ်ရယ်ပြုပြန်သည် ။ ဟုတ်တာပေါ့ ၊ နှိုင်းမခက လွန်းစကားကို ဘယ်တုန်းကများ အလေးထားခဲ့လို့လဲ ။

" ငါ့ညီမလေးက သိတတ်သားပဲ ။ "

" ညီမနဲ့ အစ်မ ဘာမှမတော်ဘူး ၊ လာမခေါ်နဲ့ အဲ့လို "

" အမ် "
" ထားပါ ၊ အဆောင်သွားတာက ဒယ်ဒီနဲ့မာမီရဲ့ ဆုံးဖြတ်ချက်လေ ။ ငါမလွန်ဆန်နိုင်ဘူး လွန်းငယ်ရဲ့ ။ ​နင့်ကြောင့်ဆိုတဲ့ အကြောင်းပြချက်တစ်ခုမှ မပါဘူး ။ အမှတ်များများရမှ ငါတက်ချင်တဲ့ ဆေးကျောင်းကို ဝင်ခွင့်ရမှာလေ ၊ ငါကိုယ်တိုင်က မလွန်ဆန်ချင်တာလည်း ပါတယ် ၊ ဒါပေမဲ့ နင်က မသွားစေချင်ရင်တော့ .... "

နှိုင်းမခက ဆရာဝန်ဖြစ်ချင်သည် ။ နှိုင်းမခမှာ ရည်မှန်းချက်အတိအကျ ရှိသည် ။ လွန်းကတော့ ယခု အချိန်ထိ ဟိုယောင်ယောင် ဒီယောင်ယောင်ဖြင့် လေလွင့်ဆဲ ။ လွန်းသာ ဆွဲထားရင် နှိုင်းမခက သူ့အိမ်နဲ့ အတိုက်အခံ လုပ်ပြီးတော့ကို ​အဆောင်နေဖို့ ငြင်းဆန်လိမ့်မည် ။ သို့ပေမဲ့ နှိုင်းမခရဲ့ အိပ်မက်ကို မဖျက်ဆီးလိုပါ ။

" ရတယ် ၊ သွား ။ ဒါပေမဲ့ Outpass ရရင် ညီမကို အရင် လာတွေ့ရမယ် ။ "

တကယ်ကို သွားစေချင်ခဲ့သည်လား မသိတော့ပါ ။ ထိုအချိန်ကသာ ကလေးဆန်ခဲ့မိလျှင် ။

" ရော် ခက်တော့တာပဲ ၊ နင့်အိမ်နဲ့ ငါ့အိမ်နဲ့က ကပ်နေတာပဲဟာကို ၊ ငါပြန်လာတာနဲ့ နင့်ကို တွေ့ရမှာပေါ့ ။ "

" မသိဘူး ၊ အစ်မ ပြန်လာလို့ အစ်မကို အရင်တွေ့ရတဲ့ လူက ညီမပဲ ဖြစ်ချင်တယ် ။ "

နှိုင်းမခက သက်ပြင်းချကာဖြင့် ခေါင်းငြိမ့်ပြသည် ။ ထို့နောက် လွန်း၏ မျက်နှာကို ဆွဲမော့ကာဖြင့် လွန်း၏ မျက်လုံးများကို နှုတ်ခမ်းဖြင့် ဖိကပ်သည် ။ နှိုင်းမခ၏ မူပိုင်ချော့နည်းပင် ။  လိုချင်တာ ရသွားသည့် ကလေးတစ်ယောက်နှယ် ရယ်မောမိတော့ နှိုင်းမခက လွန်း၏ နဖူးကို ခပ်ဖွဖွခေါက်သည် ။ အနည်းငယ်နာသွားပေမယ့် အရယ်တော့ မရပ်မိ ။

°

အိမ်ရှေ့မှာ စက်ဘီးကို ရပ်ပြီး အိမ်ထဲ ဝင်လိုက်တယ် ဆိုရင်ပဲ အနှီကလေးမရဲ့ အသံစာစာကို အရင်ကြားလိုက်ရသည် ။

" အဲ့ဒါကြောင့် ပြောတာ မားရယ် ၊ အစ်မကလည်း နဂိုတည်းက လူက ခပ်ပျော့ပျော့ရယ်နဲ့ ၊ အစားကလည်း ရွေးသေး။ ဘော်ဒါဆောင်တွေ အကုန်လုံးက သူ့အချိန်နဲ့သူချည်းပဲလေ ။ "

" သမီးလွန်း ပြောတာလည်း ဟုတ်တာပဲ ။ မားလည်း မလွှတ်ချင်ပါဘူးကွယ် ၊ နှိုင်းရဲ့ ဒယ်ဒီက အိမ်မှာဆို စာမလုပ်မှာစိုးရိမ်တယ် ထင်ပါရဲ့ ။ သမီး အစ်မကို အဆောင်ပို့မယ်ချည်း ပြောနေတာ ။ "

" ပါးကို လွန်းပြောကြည့်ပါဦးမယ် မားရယ် ၊ မားလည်း နားချကြည့်ပေါ့ ။ အိမ်မှာလည်း Guide ခေါ်ပြီး သင်လို့ ရတာပဲ ။ မျက်စိရှေ့ဆိုတော့ ပိုလည်း စိတ်ချရတယ်လေ ။ "

အမယ် .... ။ နှိုင်းတောင် တအံ့တသြဖြစ်သွားရအောင် စကားတွေ တက်နေလိုက်လေခြင်း ။

" ဒေါ်လွန်းဟေမာန်ငယ် ... နင် ငါ့မာမီကို ဘာတွေ ချောက်တွန်းနေပြန်ပလဲ ။ "

" တွေ့လား ၊ မားသမီးက လွန်းကိုဆို အပြစ်ပြောဖို့ချည်းပဲ ။ "

နှိုင်းက ဝင်ပြောတော့ နှုတ်ခမ်းတဆူဆူနဲ့ တိုင်ချည်ကြောချည် လုပ်နေပြန်သော လွန်းရယ်ပါ ။

" သမီးကို ဘော်ဒါဆောင် ပို့မယ့် ကိစ္စ မာမီ ပြန်စဥ်းစားမလားလို့လေ ၊ လွန်းပြောသလို သမီးက လူကလည်း ပျော့တယ် ၊ ထစ်ခနဲဆို စိတ်က အရင်ဖြစ်တာဆိုတော့ "

ဒါ လွန်းရဲ့ စနက်ဆိုတာ နှစ်ခါပြန်မေးစရာတောင် မလိုလှ ။ ခရီးက ပြန်ရောက်ကတည်းက တစ်ခုခုကို အမြဲစဥ်းစားနေသလို တွေနေရခြင်း အကြောင်းက နှိုင်းကို ဘော်ဒါဆောင် မပို့ဖို့အရေးကို အပူတကုပ်တွေးနေခဲ့ဟန်ပင် ။

" အခု နှိုင်းရဲ့ ကျန်းမာရေးကလည်း အရင်ကလောက် မဆိုးတော့ဘူးလေ ။ ဒယ်ဒီ့စကားကိုလည်း နားထောင်ချင်တယ် ။ အဆောင်သွားတာကလည်း နှိုင်းတစ်ယောက်တည်းမှ မဟုတ်တာ ၊ ဝတီတို့လည်း ပါတာပဲကို ။ "

လွန်းရဲ့ မျက်နှာက ပုံမှန်ထက် ပိုတည်သွားပြီး နှိုင်းကို အကြည့်စူးစူးတွေ ပေးပြန်သည် ။ မျက်ခုံးပသ် ပင့်တက်သွားရလောက်အောင်အထိ စူးရှသော အကြည့်ပင် ။  နှိုင်းရဲ့ ကျန်းမာရေးက အကောင်းကြီး မဟုတ်ပေမဲ့ အခုတလော အရင်ကလောက် မဆိုးတော့သောကြောင့် တစ်ယောက်တည်းလည်း ဖြစ်လောက်မည်ဟု ထင်သည် ။

" လွန်းပြန်တော့မယ် မား "

ဟော ဒီကလေး ... ။

" ကဲ နှိုင်း ၊ သွားချော့ချည်ဦး ။ ဟိုမှာ နင့်ကလေးမ စိတ်ကောက်သွားပြီ ။ "

မာမီ့ကို ခေါင်းငြိမ့်ပြပြီး အချော့တော် အလုပ်ကို ထမ်းရွက်ရန် ကြံစည်ရပြန်သည် ။ လွန်းဟေမာန်ငယ်သည် နှိုင်းကိုမှ စိတ်ကောက်နိုင်လွန်းသည် ။ နှိုင်းကလည်း မုန့်ဝယ်ကျွေးပြီး စိတ်မဆိုးပါနဲ့ အပြင်မပြောတတ် ။

" ဝတီ ... လွန်းရော "

" အခန်းထဲ ဝင်သွားတယ် ၊ ​ရန်ဖြစ်ပြန်ပြီလား နင်တို့ နှစ်ကောင် ။ "

ဝတီက နှိုင်းနှင့်လွန်း အကြောင်း နှစ်ခါပြန်မေးစရာမလိုပဲ အထာနပ်နေသောသူပီပီ လွန်းရဲ့ စောင့်ကြီးအောင့်ကြီး အပြုအမူတွေကို အလွတ်ရနေဟန် ။

" မဟုတ်ဘူးဟေ့ ၊ နင့်ညီမ ကောက်စိန် ငါ့ကိုဘာတွေ ကောက်ပြန်ပြီလဲ မသိဘူး ။ "

" အေး သတိထားပြီးလည်း ဝင်ဦးနော် ၊ အရုပ်ပျံတွေ ခေါင်းအုံးပျံတွေက လေယာဥ်လက်မှတ်မလိုပဲ နင့်မျက်နှာပေါ် ရောက်လာမယ် ။ "

ဝတီ့ကို လက်ခါပြကာ အပေါ်ထပ်ရှိ လွန်းအခန်းဆီသို့ လျောက်လာခဲ့သည် ။ စိတ်ကိုထိန်းပြီး တံခါးကို လှည့်ဖွင့်လိုက်သည် ။

ဝှစ်ကနဲ မျက်နှာနားရောက်လာသော (ခေါင်းအုံးလား အရုပ်လားမသိ) အရာကို  ပုတ်ထုတ်လိုက်တယ် ။

ဟဲဟဲ ... နှိုင်းမခပါ ၊ ဒီအကွက်တွေက ရိုးဟိုးဟိုး ...

*အ*

အတွေးမဆုံးသေး မျက်နှာပေါ် ထပ်ကျလာသော ခေါင်းအုံးကိုတော့ မရှောင်နိုင်တော့ ။

" ထွက်သွား "

" လွန်း ... လွန်းငယ် "

" လာမခေါ်နဲ့ ၊ အဲ့လောက် သွားချင်နေတယ်မလား ။ သွား ပြန်မလာနဲ့ "

ရဲနေသော နှာဖျားက ငိုချင်စိတ်ကို ချုပ်ထိန်းထားမှန်း သိသာလွန်းသည် ။ သူပစ်ပေါက်ထားသော အရုပ်တွေကို ပြန်ကောက်ရင်း သူ့ဘေးနားသွားတော့ လွန်းကောက်စိန်က သူ့ကို ကျောပေးကာ စောင်ကို ခေါင်းမြီးခြုံလိုက်သေးသည် ။

" အစ်မပြောတာကို နားထောင်မှပေါ့ လွန်းငယ်ရ ။ "

" မသွားစေချင်ဘူးဆိုတာ သိရဲ့သားနဲ့ တမင်လုပ်နေတာမလား ! အစ်မက ညီမကို သေအောင်သတ်နေသလိုပဲ ၊ မသွားပါနဲ့ဆိုပြီး ပြောမှာ မဟုတ်မှန်း သိလို့ အစ်မ သက်သက် အကျင့်ယုတ်နေတာ ။ ဘာမှ လာမပြောနဲ့တော့ ၊ မသိချင်ဘူး ။ "

" အစ်မ ဆေးကျောင်းတက်ချင်တယ်ဆိုတာ လွန်းငယ်လည်း သိတာပဲ ၊ တက်ချင်တဲ့ အကြောင်းအရင်းကိုလည်း လွန်းငယ်သိတယ်မလား ။ "

" ခင်ဗျားတစ်ယောက်တည်းနဲ့ တိုင်းပြည်ကိုအကျိုးပြုလို့ရသွားတယ်များ ထင်နေသလား နှိုင်းမခရာ ။ "

စိတ်ကောက်ပုံက သူမတူတဲ့ အဆင့်ကို ရောက်နေချေပြီ ။ လွန်း ဤမျှ စိတ်ကောက်လျှင် ချော့ရခက်သည့်အတွက် နှိုင်းမှာ ခေါင်းကုပ်ရချေပြီ ။

" မဟုတ်ဘူးလေ ၊ လွန်းငယ်ရဲ့__ "

" ပင်ပန်းနေပြီ အိပ်ချင်တယ် ။ "

ဒါကတော့ လွန်းရဲ့ ပြဿနာကနေရှောင်ထွက်နည်းပင် ။ သူစကားဆက်မပြောချင်တော့တာဖြစ်ဖြစ် မနိုင်တော့ဘူးလို့ထင်ရင်ပဲဖြစ်ဖြစ် ဒီလိုစကားလုံးတွေနဲ့ ရှောင်ထွက်တတ်သည် ။

" အင်း အိပ်ချင်ရင် အိပ်တော့ ။ အစ်မ ညနေမှ လာခဲ့မယ် ။ "
" နေပါဦး လွန်းဟေမာန်ငယ် ၊ နင် ငါ့များကြိုက်နေတာလား "

" စောက်ပိုစကားတွေမပြောပဲ ထွက်သွားလိုက်တော့ ။ "

နှိုင်းကလည်း မရရအောင် စသည် ၊ လွန်းကလည်း နည်းနည်းလေးတောင် အကြောမခံ ။ အခုတော့ အဆဲခံရပါပြီ ။

" စောင်ကို အပြည့်မခြုံနဲ့ ၊ နေ့ခင်းဘက်ကြီးကို အသက်ရှုပ်ကြပ်လိမ့်မယ် ။ အဲကွန်းလေ လျှော့ထားခဲ့မယ် ။ "

မှာသင့်သလောက်မှာပြီး အိမ်အောက်ကို ပြန်ဆင်းလာခဲ့လိုက်သည် ။

" နှိုင်း အခြေအနေ? "

ဝတီက တီဗီအကြည့်မပျက်ပဲ နှိုင်းကို လှမ်းမေးတော့ ခေါင်းခါပြရင်းပဲ ပြန်ဖြေလိုက်သည် ။

" ညနေမှ ရေခဲမုန့်လိုက်ဝယ်ကျွေးလိုက်မယ် ။ "

" လွန်းလည်း တစ်ခါတစ်လေကျ ဘာထထဖောက်မှန်း မသိဘူး ၊ အစ်မ အရင်းဖြစ်တဲ့ ငါ့ကိုကျ မသွားဖို့ တစ်ခွန်းမပြောဘူး ။ နင့်ကိုကျမှ မသွားစေချင်လို့ ကြီးကြီးကိုတောင် တကူးတကသွားပြောရတယ် ။ "

" အင်း "

လွန်းက နှိုင်းကိုဆို အရမ်းတွယ်တာလွန်းတယ် ။ သုံးနှစ်ကြီး သုံးနှစ်ငယ် ​ဖြစ်တာကြောင့်လည်း ပါမယ်ထင်ရဲ့ ။ အစ်မအရင်းဖြစ်တဲ့ ဝတီဟေမာန်ထက် နှိုင်းက လွန်းရဲ့ အကြောင်းတွေကို ပိုသိတယ် ။ ဒါကြောင့်လည်း နှိုင်းမခရဲ့ ညီမသာ လုပ်လိုက်ပါတော့ ဆိုပြီး ဝတီက ခဏခဏ ပြောဖူးတယ် ။

တစ်ချို့ကြိုးတွေက တကူးတကချည်နှောင်စရာ မလိုပဲ မြဲတတ်တယ် ဆိုပြီး မာမီက ပြောဖူးတယ် ။ ချည်စရာမလိုပဲ နွယ်မိတဲ့ ကြိုးလေးက လွန်းပဲ ။

နှိုင်းတို့ ဘေးအိမ်ကို လွန်းတို့ မိသားစုပြောင်းလာတုန်းက လွန်းရဲ့ မေမေက လွန်းကို ကိုယ်ဝန်ဆောင်ထားတုန်း ။ လူ့လောကထဲတောင် မရောက်လာသေးတဲ့ သွေးခဲလေးကို အဲ့အချိန်ကတည်းက သံယောဇဥ်တွယ်ခဲ့တာလို့ ပြောရင် ယုံ ။

ငယ်ငယ်တည်းက ချူချာလွန်းလို့ ဆေးရုံကို အိမ်ဦးနဲ့ ကြမ်းပြင်လို သွားရပြီး အိမ်မှာနေတဲ့အချိန်တွေမှာ တူတူလာဆော့ကစားပေးတဲ့
ဝတီကလည်း နှိုင်းအတွက် သူငယ်ချင်းကောင်း ။

အပေါင်းအသင်း ဝင်ဆန့်လွန်းတဲ့ မာမီနဲ့ တီလေးတို့ကြောင့် မိသားစုနှစ်ခုဟာ နှစ်အိမ့်တစ်အိမ်လိုဖြစ်ခဲ့ရတယ် ။ တစ်ဦးတည်းသော သမီးဖြစ်တဲ့ နှိုင်းက ဝတီ့ရဲ့ ညီမလေး မွေးလာတော့လည်း အဲဒီ့လူသားသေးသေးလေးကို ညီမလေးအရင်းတစ်ယောက်လို ချစ်ခဲ့တယ် ။

နှိုင်းကို သူငယ်ချင်းပေါင်း ပေါင်းပေမယ့် ဝတီ့ကိုတော့ လွန်းက ရှိန်တယ် ။ ဝတီက လွန်းကို ဆူတဲ့အခါမျိုးတွေမှာ နှိုင်းက အမြဲ ကာကွယ်ပေးနေကြ ဖြစ်တာကြောင့် နှိုင်းပါ ရောပြီး အဆူခံရစမြဲ ။

လွန်းတို့ ခြံထဲက ခုံတန်းပေါ်မှာ ထိုင်ရင်း အတွေးတွေက ဟိုရောက် ဒီရောက် ။ ဘယ်အချိန်တွေဆီရောက်လာမှန်းတောင် မသိတော့ ။

" ခ "

နာမည်ခေါ်သံကြားလိုက်သည် ။ နှိုင်းရဲ့ နာမည်ကို အရင်းစွတ်ပြီး ခေါ်တဲ့ အသံဖြစ်နေတာကြောင့် ဘယ်သူဆိုတာ နှစ်ခါတွေးကြည့်စရာမလို ။

ခြံရှေ့မှာ စက်ဘီးရပ်ပြီး လှမ်းခေါ်နေသော သူက နှိုင်းကို ပြုံးပြပြီး လက်ယက်ခေါ်သည် ။

" ဆို ဘာကိစ္စလဲ သူရာ "

" အမယ် ... မင့်က မေ့တက်လှချည်လား ဒေါ်နှိုင်းမခရဲ့ "

" အမ် ... အေး အဲ့ဒါကြောင့် ဘာကိစ္စလဲလို့ "

" နင်ပဲ ငါ့ကို ရေခဲမုန့်ဝယ်ကျွေးမယ်ဆို ။ "

" အာ ဟုတ်သား "
" အေး ခဏစောင့် ၊ ငါ လွန်းကို သွားခေါ်လိုက်ဦးမယ် ။ "

" သွား​ မြန်မြန် "

သူရာ ။ နာမည်အရင်းက နေသူရာ ။ နှိုင်းပေါင်းမိတဲ့ တစ်ဦးတည်းသော ယောက်ျားလေး သူငယ်ချင်း၊ လေးတန်းနှစ်ကတည်းက ပေါင်းလာသည်မို့ တစ်ယောက်အကြောင်း တစ်ယောက်သိနေသော ငယ်ပေါင်းကြီးဖော် ။

နေ့လည်က စာကြည့်တိုက်မှာ စာအုပ်တစ်အုပ်ကို လုငှားရင်း နှိုင်းကို ပေးလျှင် ညနေ ရေခဲမုန့်ဝယ်ကျွေးမည်ဟု ပတ်လာခြင်း ဖြစ်သည် ။ စာအုပ်လိုချင်၍ ပြောလိုက်သော်လည်း သကောင့်သားက တကယ်ပေါက်ချလာသည် ။

" ငတ်ကြီးကျတဲ့ အကောင် "

သူကြားအောင် ပြောရင်း လွန်းတို့ အိမ်ထဲ ဝင်လာခဲ့သည် ။

" နှိုင်း ရှေ့မှာ သူရာလားလို့ "

အိမ်ထဲ ဝင်တော့ သူရာ့ကို လှမ်းတွေ့လိုက်တဲ့ ဝတီက မေးသည် ။

" ဟုတ်တယ် ၊ သူ့ကို ရေခဲမုန့် ဝယ်ကျွေးမယ်လို့ ပြောထားတော့ အငတ်က မှတ်ထားပြီး ရောက်လာတာလေ ။ ငါ လွန်းကို သွားခေါ်လိုက်ဦးမယ် ၊ နိုးပြီမလား အဲ့ကလေးမ "

" နိုးပြီပေါ့ ၊ ရေချိုးပြီးလို့ သနပ်ခါးလိမ်းနေတယ် ။ "
" ဟဲ့ ဟဲ့ နင်ရေခဲမုန့်ဝယ်ကျွေးမှာဆို အဲ့နှစ်ကောင်တည်းတော့ မရဘူး ။ ငါ့ဖို့ပါ ဝယ်လာခဲ့ ချောကလက် "

" အေးဟေ့ ဝယ်ခဲ့မယ် ဝယ်ခဲ့မယ် "

ဝတီ့ကို ချန်ထားရစ်ပြီး လွန်းရှိရာ အပေါ်ထပ်သို့ ချီတက်ရပြန်သည် ။ ချော့ဖို့ စကားလုံးတွေကို ခေါင်းထဲမှာ စီရင်း .... ။

°

Thanks for reading 💛

Zawgyi
______

" အားးး ေနၾကာေတြကြ ၊ ငါ့ရဲ႕ေနၾကာေတြ အီးဟီး "

" လြန္းေဟမာန္ငယ္ နင္႐ူးေနလား ၊ ဘာလို႔ အသံၿပဲနဲ႔ ေအာ္ေနတာလဲ "

ေနၾကာခင္းကို ေတြ႕လို႔ စိတ္မထိန္းႏိုင္ပဲ ‌ေအာ္မိေတာ့ ႏႈိင္းမခက လြန္းကို ၾကည့္ၿပီး ေခါင္းတခါခါ ။ မခံစားတတ္တဲ့ လူ ၊ ႏွလုံးသားမရွိတဲ့လူ ။ ႏွလုံးသား ရွိလား မရွိလားေတာ့ မသိ ၊ မရွိဖို႔ကေတာ့ မ်ားပါတယ္ေလ ။

" အစ္မကလည္း .... အစ္မသာ ညီမေနရာ ဝင္ၾကည့္ပါလား ။ ႐ူးေတာင္သြားမယ္ ။ "

" အခုလည္း နင္က ႐ူးေနတာပဲကို "

" ဘာေျပာတယ္ ! "

ႏႈိင္းမခရဲ႕ ေလသံေလာက္ကိုလည္း လြန္းက ၾကားရတယ္ဆိုတာကို ေမ့ေလ်ာ့ေနေလသလား ။ အေစာ္ကားခံလိုက္ရသလို ခံစားရတယ္ ။

" အဟမ္း ဘာမွ မဟုတ္ဘူး ။ ငါ အေအးသြားယူဦးမယ္ ။ "

" လိေမၼာ္ "

ေသခ်ာေပါက္ လြန္းကို မ်က္ေစာင္းထိုးသြားမွာ ။ ႏႈိင္းမခက သူ႔ကို ဆရာလုပ္ရင္မႀကိဳက္ ၊ ႏႈိင္းမခကို ဆရာလုပ္လို႔ရတာကလည္း လြန္းပဲ ရွိသည္ ။

" အစ္မရာ ၾကာလိုက္တာ ၊ အေအးဗူးသြားယူတာ အေအးဗူးမ်ားျဖစ္ေနၿပီလားလို႔ ။ "

ေအးစိမ့္စိမ့္အေအးဘူးက လက္ထဲ မေရာက္ဘဲ ပါးျပင္ေပၚေရာက္လာတယ္ ။ လြန္းရဲ႕ ပါးက သူ႔ေဆာ့စရာ က်ေနပါေရာ ၊ ဆြဲဆိတ္လိုက္ လာညႇစ္လိုက္နဲ႔ ။

" ဓာတ္ပုံ႐ိုက္ၿပီးရင္ ျပန္မယ္ ၊ လူႀကီးေတြက ေ႐ႊဘေတာင္ သြားမယ္တဲ့ ။ "

" ႐ိုက္ေပး "

" နင့္မ်က္ခြက္ကို လက္နဲ႔လား "

" အစ္မ ! "

" ေပး ကင္မရာ "

တကယ္ေတာ့ ႏႈိင္းမခက လြန္းကို အႏိုင္ယူျခင္း မရွိခဲ့ ။ သူမႏိုင္လို႔လည္း ျဖစ္ေကာင္းျဖစ္ႏိုင္သည္ ။ စကားလုံးနဲ႔ စေနာက္တာကေတာ့ လြန္းရဲ႕ ေဒါသကို အဆြႏိုင္ဆုံး လုပ္ရပ္ပင္ ။

လက္ထဲက ကင္မရာမီး တဖ်က္ဖ်က္နဲ႔အတူ ႏႈိင္းမခကလည္း ၿပဳံးလိုက္ေသးသည္ ။ ၿပဳံးေတာ့လည္း နည္းနည္းလွသားပဲ ၊ အိမ္နီးခ်င္းမို႔ လြန္းဆီက အလွေတြ ကူးသြားတာေနမယ္ ။

" အစ္မက မ႐ိုက္ေတာ့ဘူးလား ၊ လာရခဲတယ္ေနာ္ ။ ေနာက္မွ ေနာင္တရေနမယ္ ။ "

ႏႈိင္းမခရဲ႕ အက်င့္က မ်က္ခုံးႏွစ္ခုကို ထိလုထိခင္အထိ တြန႔္ခ်ိဳးၿပီး လြန္းကို မိုက္ၾကည့္ၾကည့္ျခင္းသာ ။ လြန္းကလည္း မႀကိဳက္လွသည္မို႔ သူ႔မ်က္ခုံးႏွစ္ဖက္ကို ေျဖေလွ်ာ့ေပးမိၿမဲ ။

" နင့္ကင္မရာက အလုပ္ရႈပ္ရရႈပ္နဲ႔ ၊ ဖလင္ကလည္း ေစ်းႀကီးေသးတယ္ ။ ဓာတ္ပုံထုတ္ခ်င္ရင္လည္း ဆိုင္ကို သြားရဦးမွာ ။  ဦးေႏွာက္နဲ႔ ႏွလုံးသားထဲ ထည့္ထားတယ္ေလ ၊ နင့္ကင္မရာထက္ေတာင္ ပိုသုံးလို႔ရေသးတယ္ ။ "

" အပိုေတြက လုပ္ျပန္ၿပီ ၊ ေနာက္မွ ပုံလာေတာင္းရင္ တစ္ပုံ ႏွစ္ေထာင္နဲ႔ ေရာင္းစားမယ္ ။ "

" ဟ "

" မဟနဲ႔ ၊ ျပန္မယ္ ။ "

ကင္မရာကို အိတ္ထဲထည့္ကာ ႏႈိင္းမခ၏ လက္ကို ဆြဲလ်က္ ကားဆီသို႔ ျပန္လာခဲ့သည္ ။

" ဘာစားဦးမွာလဲ "

" မစားေတာ့ပါဘူး ၊ အန္မွာစိုးလို႔ ။ အစ္မ စားခ်င္ရင္ သြားစား "

ႏႈိင္းမခက ေခါင္းခါျပကာျဖင့္ ကားေပၚ တက္ရန္ ေမးေငါ့ျပသည္ ။

" ႏႈိင္းက ေက်ာင္းျပန္ဖြင့္ရင္ ဆယ္တန္းဆိုေတာ့ အေဆာင္ပဲ ပို႔လိုက္မယ္လို႔ စဥ္းစားထားတာေလ ၊ ႏႈိင္းရဲ႕ ဒယ္ဒီကလည္း အေဆာင္စုံစမ္းေနတယ္ ။ "

လူႀကီးေတြ ထိုင္ေနေသာ စားေသာက္ဆိုင္နား မေရာက္ခင္ ၾကားလိုက္ရေသာစကားေၾကာင့္ လြန္း၏ လက္တို႔ တင္းၾကပ္သြားသည္ ။

" အ ... လြန္း လက္နာတယ္ေလ ၊ "

" အစ္မ ... "

" ဟင္ ... လြန္းငယ္ ဘာျဖစ္တာလဲ ။ "

ႏႈိင္းမခ၏ လက္ကို လႊတ္ခ်မိသည္ ။ အၿမဲကိုင္ထားရမွာေပမယ့္ စိတ္ကို မထိန္းလိုက္ႏိုင္ ။

" ဟာ ... လြန္း ၊ လြန္းေလမာန္ငယ္ ။ ေၾသာ္ ဒီကေလးကေတာ့ ။ "

ကားေပၚသို႔ ခ်က္ခ်င္း ေျပးတက္လာေသာ ႏႈိင္းမခ၏ ေျခသံကို ၾကားမိသည္ ။ ေခါင္းကို မေဖာ္မိ ။

" လြန္း ... ဘာျဖစ္ ... ဟင္ ငိုေနတယ္ ။ "
" ဘာျဖစ္တာလဲလို႔ ၊ အစ္မကို ေျပာေလကြာ ၊ လြန္းငယ္ ။ "

" အစ္မ "

" အင္း ေျပာေလ "

" တကယ္ ေဘာ္ဒါသြားမွာလား ၊ "

" ဟမ္ "
" ေၾသာ္ သြားရမွာေပါ့ ၊ ေဘာ္ဒါေနေတာ့ ၾကပ္ၾကပ္မတ္မတ္နဲ႔ စာလုပ္ခ်ိန္ ပိုရတယ္ေလ ။ အဲ့ဒါမွ အမွတ္ပိုမ်ားမွာေပါ့ ။ "

ႏႈိင္းမခကေတာ့ ေသခ်ာေပါက္ လုပ္ရမည့္ အလုပ္တစ္ခုလို ေျပာထြက္သည္ ။

" မသြားပါနဲ႔လားလို႔ ၊ ဒီတိုင္းေနလည္း အမွတ္မ်ားမွာမွန္း သိသာေနတာကို  "

" မသြားလို႔ ရမလား ၊ ငါအိမ္မွာေနရင္ နင္ ေမႊေနတာနဲ႔ စာဘယ္လိုလုပ္ရမွာလဲ ။ မႏွစ္ကေတာင္ စာက်က္ေနတဲ့ အခ်ိန္ဆို ငါ့လာလာစလို႔ တီေလးေတာင္ နင့္ကို ဆူတယ္မလား "

" အဲ့ဒါက ... အဲ့ဒါက "

လြန္း ေတြေဝသြားရသည္ ။ ႏႈိင္းမခေျပာတာေတြက အမွားမပါေခ် ။ ႏႈိင္းမခစာလုပ္ေနခ်ိန္ဆို လြန္းက အၿမဲေႏွာင့္ယွက္သည္ ။ အားရင္ အားသလို ႏွိပ္စက္သည္ ။ ေသခ်ာျပန္စဥ္းစားၾကည့္မွ သူမကို တကယ္ အားနာရသည္ ။ ဒါေပမဲ့ လြန္းမွ မခြဲခ်င္ပဲ ။

" ဘာပဲ ျဖစ္ျဖစ္ဗ်ာ ၊ ညီမ အစ္မကို မေႏွာင့္ယွက္ေတာ့ဘူးဆိုရင္ မသြားဘူးမလား ။ အဲ့ဒါဆို ... "

" ဟားဟား "

လြန္းစကားကို ႏႈိင္းက ျပတ္ရယ္ျပဳျပန္သည္ ။ ဟုတ္တာေပါ့ ၊ ႏႈိင္းမခက လြန္းစကားကို ဘယ္တုန္းကမ်ား အေလးထားခဲ့လို႔လဲ ။

" ငါ့ညီမေလးက သိတတ္သားပဲ ။ "

" ညီမနဲ႔ အစ္မ ဘာမွမေတာ္ဘူး ၊ လာမေခၚနဲ႔ အဲ့လို "

" အမ္ "
" ထားပါ ၊ အေဆာင္သြားတာက ဒယ္ဒီနဲ႔မာမီရဲ႕ ဆုံးျဖတ္ခ်က္ေလ ။ ငါမလြန္ဆန္ႏိုင္ဘူး လြန္းငယ္ရဲ႕ ။ ​နင့္ေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္တစ္ခုမွ မပါဘူး ။ အမွတ္မ်ားမ်ားရမွ ငါတက္ခ်င္တဲ့ ေဆးေက်ာင္းကို ဝင္ခြင့္ရမွာေလ ၊ ငါကိုယ္တိုင္က မလြန္ဆန္ခ်င္တာလည္း ပါတယ္ ၊ ဒါေပမဲ့ နင္က မသြားေစခ်င္ရင္ေတာ့ .... "

ႏႈိင္းမခက ဆရာဝန္ျဖစ္ခ်င္သည္ ။ ႏႈိင္းမခမွာ ရည္မွန္းခ်က္အတိအက် ရွိသည္ ။ လြန္းကေတာ့ ယခု အခ်ိန္ထိ ဟိုေယာင္ေယာင္ ဒီေယာင္ေယာင္ျဖင့္ ေလလြင့္ဆဲ ။ လြန္းသာ ဆြဲထားရင္ ႏႈိင္းမခက သူ႔အိမ္နဲ႔ အတိုက္အခံ လုပ္ၿပီးေတာ့ကို ​အေဆာင္ေနဖို႔ ျငင္းဆန္လိမ့္မည္ ။ သို႔ေပမဲ့ ႏႈိင္းမခရဲ႕ အိပ္မက္ကို မဖ်က္ဆီးလိုပါ ။

" ရတယ္ ၊ သြား ။ ဒါေပမဲ့ Outpass ရရင္ ညီမကို အရင္ လာေတြ႕ရမယ္ ။ "

တကယ္ကို သြားေစခ်င္ခဲ့သည္လား မသိေတာ့ပါ ။ ထိုအခ်ိန္ကသာ ကေလးဆန္ခဲ့မိလွ်င္ ။

" ေရာ္ ခက္ေတာ့တာပဲ ၊ နင့္အိမ္နဲ႔ ငါ့အိမ္နဲ႔က ကပ္ေနတာပဲဟာကို ၊ ငါျပန္လာတာနဲ႔ နင့္ကို ေတြ႕ရမွာေပါ့ ။ "

" မသိဘူး ၊ အစ္မ ျပန္လာလို႔ အစ္မကို အရင္ေတြ႕ရတဲ့ လူက ညီမပဲ ျဖစ္ခ်င္တယ္ ။ "

ႏႈိင္းမခက သက္ျပင္းခ်ကာျဖင့္ ေခါင္းၿငိမ့္ျပသည္ ။ ထို႔ေနာက္ လြန္း၏ မ်က္ႏွာကို ဆြဲေမာ့ကာျဖင့္ လြန္း၏ မ်က္လုံးမ်ားကို ႏႈတ္ခမ္းျဖင့္ ဖိကပ္သည္ ။ ႏႈိင္းမခ၏ မူပိုင္ေခ်ာ့နည္းပင္ ။  လိုခ်င္တာ ရသြားသည့္ ကေလးတစ္ေယာက္ႏွယ္ ရယ္ေမာမိေတာ့ ႏႈိင္းမခက လြန္း၏ နဖူးကို ခပ္ဖြဖြေခါက္သည္ ။ အနည္းငယ္နာသြားေပမယ့္ အရယ္ေတာ့ မရပ္မိ ။

°

အိမ္ေရွ႕မွာ စက္ဘီးကို ရပ္ၿပီး အိမ္ထဲ ဝင္လိုက္တယ္ ဆိုရင္ပဲ အႏွီကေလးမရဲ႕ အသံစာစာကို အရင္ၾကားလိုက္ရသည္ ။

" အဲ့ဒါေၾကာင့္ ေျပာတာ မားရယ္ ၊ အစ္မကလည္း နဂိုတည္းက လူက ခပ္ေပ်ာ့ေပ်ာ့ရယ္နဲ႔ ၊ အစားကလည္း ေ႐ြးေသး။ ေဘာ္ဒါေဆာင္ေတြ အကုန္လုံးက သူ႔အခ်ိန္နဲ႔သူခ်ည္းပဲေလ ။ "

" သမီးလြန္း ေျပာတာလည္း ဟုတ္တာပဲ ။ မားလည္း မလႊတ္ခ်င္ပါဘူးကြယ္ ၊ ႏႈိင္းရဲ႕ ဒယ္ဒီက အိမ္မွာဆို စာမလုပ္မွာစိုးရိမ္တယ္ ထင္ပါရဲ႕ ။ သမီး အစ္မကို အေဆာင္ပို႔မယ္ခ်ည္း ေျပာေနတာ ။ "

" ပါးကို လြန္းေျပာၾကည့္ပါဦးမယ္ မားရယ္ ၊ မားလည္း နားခ်ၾကည့္ေပါ့ ။ အိမ္မွာလည္း Guide ေခၚၿပီး သင္လို႔ ရတာပဲ ။ မ်က္စိေရွ႕ဆိုေတာ့ ပိုလည္း စိတ္ခ်ရတယ္ေလ ။ "

အမယ္ .... ။ ႏႈိင္းေတာင္ တအံ့တၾသျဖစ္သြားရေအာင္ စကားေတြ တက္ေနလိုက္ေလျခင္း ။

" ေဒၚလြန္းေဟမာန္ငယ္ ... နင္ ငါ့မာမီကို ဘာေတြ ေခ်ာက္တြန္းေနျပန္ပလဲ ။ "

" ေတြ႕လား ၊ မားသမီးက လြန္းကိုဆို အျပစ္ေျပာဖို႔ခ်ည္းပဲ ။ "

ႏႈိင္းက ဝင္ေျပာေတာ့ ႏႈတ္ခမ္းတဆူဆူနဲ႔ တိုင္ခ်ည္ေၾကာခ်ည္ လုပ္ေနျပန္ေသာ လြန္းရယ္ပါ ။

" သမီးကို ေဘာ္ဒါေဆာင္ ပို႔မယ့္ ကိစၥ မာမီ ျပန္စဥ္းစားမလားလို႔ေလ ၊ လြန္းေျပာသလို သမီးက လူကလည္း ေပ်ာ့တယ္ ၊ ထစ္ခနဲဆို စိတ္က အရင္ျဖစ္တာဆိုေတာ့ "

ဒါ လြန္းရဲ႕ စနက္ဆိုတာ ႏွစ္ခါျပန္ေမးစရာေတာင္ မလိုလွ ။ ခရီးက ျပန္ေရာက္ကတည္းက တစ္ခုခုကို အၿမဲစဥ္းစားေနသလို ေတြေနရျခင္း အေၾကာင္းက ႏႈိင္းကို ေဘာ္ဒါေဆာင္ မပို႔ဖို႔အေရးကို အပူတကုပ္ေတြးေနခဲ့ဟန္ပင္ ။

" အခု ႏႈိင္းရဲ႕ က်န္းမာေရးကလည္း အရင္ကေလာက္ မဆိုးေတာ့ဘူးေလ ။ ဒယ္ဒီ့စကားကိုလည္း နားေထာင္ခ်င္တယ္ ။ အေဆာင္သြားတာကလည္း ႏႈိင္းတစ္ေယာက္တည္းမွ မဟုတ္တာ ၊ ဝတီတို႔လည္း ပါတာပဲကို ။ "

လြန္းရဲ႕ မ်က္ႏွာက ပုံမွန္ထက္ ပိုတည္သြားၿပီး ႏႈိင္းကို အၾကည့္စူးစူးေတြ ေပးျပန္သည္ ။ မ်က္ခုံးပသ္ ပင့္တက္သြားရေလာက္ေအာင္အထိ စူးရွေသာ အၾကည့္ပင္ ။  ႏႈိင္းရဲ႕ က်န္းမာေရးက အေကာင္းႀကီး မဟုတ္ေပမဲ့ အခုတေလာ အရင္ကေလာက္ မဆိုးေတာ့ေသာေၾကာင့္ တစ္ေယာက္တည္းလည္း ျဖစ္ေလာက္မည္ဟု ထင္သည္ ။

" လြန္းျပန္ေတာ့မယ္ မား "

ေဟာ ဒီကေလး ... ။

" ကဲ ႏႈိင္း ၊ သြားေခ်ာ့ခ်ည္ဦး ။ ဟိုမွာ နင့္ကေလးမ စိတ္ေကာက္သြားၿပီ ။ "

မာမီ့ကို ေခါင္းၿငိမ့္ျပၿပီး အေခ်ာ့ေတာ္ အလုပ္ကို ထမ္း႐ြက္ရန္ ႀကံစည္ရျပန္သည္ ။ လြန္းေဟမာန္ငယ္သည္ ႏႈိင္းကိုမွ စိတ္ေကာက္ႏိုင္လြန္းသည္ ။ ႏႈိင္းကလည္း မုန႔္ဝယ္ေကြၽးၿပီး စိတ္မဆိုးပါနဲ႔ အျပင္မေျပာတတ္ ။

" ဝတီ ... လြန္းေရာ "

" အခန္းထဲ ဝင္သြားတယ္ ၊ ​ရန္ျဖစ္ျပန္ၿပီလား နင္တို႔ ႏွစ္ေကာင္ ။ "

ဝတီက ႏႈိင္းႏွင့္လြန္း အေၾကာင္း ႏွစ္ခါျပန္ေမးစရာမလိုပဲ အထာနပ္ေနေသာသူပီပီ လြန္းရဲ႕ ေစာင့္ႀကီးေအာင့္ႀကီး အျပဳအမူေတြကို အလြတ္ရေနဟန္ ။

" မဟုတ္ဘူးေဟ့ ၊ နင့္ညီမ ေကာက္စိန္ ငါ့ကိုဘာေတြ ေကာက္ျပန္ၿပီလဲ မသိဘူး ။ "

" ေအး သတိထားၿပီးလည္း ဝင္ဦးေနာ္ ၊ အ႐ုပ္ပ်ံေတြ ေခါင္းအုံးပ်ံေတြက ေလယာဥ္လက္မွတ္မလိုပဲ နင့္မ်က္ႏွာေပၚ ေရာက္လာမယ္ ။ "

ဝတီ့ကို လက္ခါျပကာ အေပၚထပ္ရွိ လြန္းအခန္းဆီသို႔ ေလ်ာက္လာခဲ့သည္ ။ စိတ္ကိုထိန္းၿပီး တံခါးကို လွည့္ဖြင့္လိုက္သည္ ။

ဝွစ္ကနဲ မ်က္ႏွာနားေရာက္လာေသာ (ေခါင္းအုံးလား အ႐ုပ္လားမသိ) အရာကို  ပုတ္ထုတ္လိုက္တယ္ ။

ဟဲဟဲ ... ႏႈိင္းမခပါ ၊ ဒီအကြက္ေတြက ႐ိုးဟိုးဟိုး ...

*အ*

အေတြးမဆုံးေသး မ်က္ႏွာေပၚ ထပ္က်လာေသာ ေခါင္းအုံးကိုေတာ့ မေရွာင္ႏိုင္ေတာ့ ။

" ထြက္သြား "

" လြန္း ... လြန္းငယ္ "

" လာမေခၚနဲ႔ ၊ အဲ့ေလာက္ သြားခ်င္ေနတယ္မလား ။ သြား ျပန္မလာနဲ႔ "

ရဲေနေသာ ႏွာဖ်ားက ငိုခ်င္စိတ္ကို ခ်ဳပ္ထိန္းထားမွန္း သိသာလြန္းသည္ ။ သူပစ္ေပါက္ထားေသာ အ႐ုပ္ေတြကို ျပန္ေကာက္ရင္း သူ႔ေဘးနားသြားေတာ့ လြန္းေကာက္စိန္က သူ႔ကို ေက်ာေပးကာ ေစာင္ကို ေခါင္းၿမီးၿခဳံလိုက္ေသးသည္ ။

" အစ္မေျပာတာကို နားေထာင္မွေပါ့ လြန္းငယ္ရ ။ "

" မသြားေစခ်င္ဘူးဆိုတာ သိရဲ႕သားနဲ႔ တမင္လုပ္ေနတာမလား ! အစ္မက ညီမကို ေသေအာင္သတ္ေနသလိုပဲ ၊ မသြားပါနဲ႔ဆိုၿပီး ေျပာမွာ မဟုတ္မွန္း သိလို႔ အစ္မ သက္သက္ အက်င့္ယုတ္ေနတာ ။ ဘာမွ လာမေျပာနဲ႔ေတာ့ ၊ မသိခ်င္ဘူး ။ "

" အစ္မ ေဆးေက်ာင္းတက္ခ်င္တယ္ဆိုတာ လြန္းငယ္လည္း သိတာပဲ ၊ တက္ခ်င္တဲ့ အေၾကာင္းအရင္းကိုလည္း လြန္းငယ္သိတယ္မလား ။ "

" ခင္ဗ်ားတစ္ေယာက္တည္းနဲ႔ တိုင္းျပည္ကိုအက်ိဳးျပဳလို႔ရသြားတယ္မ်ား ထင္ေနသလား ႏႈိင္းမခရာ ။ "

စိတ္ေကာက္ပုံက သူမတူတဲ့ အဆင့္ကို ေရာက္ေနေခ်ၿပီ ။ လြန္း ဤမွ် စိတ္ေကာက္လွ်င္ ေခ်ာ့ရခက္သည့္အတြက္ ႏႈိင္းမွာ ေခါင္းကုပ္ရေခ်ၿပီ ။

" မဟုတ္ဘူးေလ ၊ လြန္းငယ္ရဲ႕__ "

" ပင္ပန္းေနၿပီ အိပ္ခ်င္တယ္ ။ "

ဒါကေတာ့ လြန္းရဲ႕ ျပႆနာကေနေရွာင္ထြက္နည္းပင္ ။ သူစကားဆက္မေျပာခ်င္ေတာ့တာျဖစ္ျဖစ္ မႏိုင္ေတာ့ဘူးလို႔ထင္ရင္ပဲျဖစ္ျဖစ္ ဒီလိုစကားလုံးေတြနဲ႔ ေရွာင္ထြက္တတ္သည္ ။

" အင္း အိပ္ခ်င္ရင္ အိပ္ေတာ့ ။ အစ္မ ညေနမွ လာခဲ့မယ္ ။ "
" ေနပါဦး လြန္းေဟမာန္ငယ္ ၊ နင္ ငါ့မ်ားႀကိဳက္ေနတာလား "

" ေစာက္ပိုစကားေတြမေျပာပဲ ထြက္သြားလိုက္ေတာ့ ။ "

ႏႈိင္းကလည္း မရရေအာင္ စသည္ ၊ လြန္းကလည္း နည္းနည္းေလးေတာင္ အေၾကာမခံ ။ အခုေတာ့ အဆဲခံရပါၿပီ ။

" ေစာင္ကို အျပည့္မၿခဳံနဲ႔ ၊ ေန႔ခင္းဘက္ႀကီးကို အသက္ရႈပ္ၾကပ္လိမ့္မယ္ ။ အဲကြန္းေလ ေလွ်ာ့ထားခဲ့မယ္ ။ "

မွာသင့္သေလာက္မွာၿပီး အိမ္ေအာက္ကို ျပန္ဆင္းလာခဲ့လိုက္သည္ ။

" ႏႈိင္း အေျခအေန? "

ဝတီက တီဗီအၾကည့္မပ်က္ပဲ ႏႈိင္းကို လွမ္းေမးေတာ့ ေခါင္းခါျပရင္းပဲ ျပန္ေျဖလိုက္သည္ ။

" ညေနမွ ေရခဲမုန္႔လိုက္ဝယ္ေကြၽးလိုက္မယ္ ။ "

" လြန္းလည္း တစ္ခါတစ္ေလက် ဘာထထေဖာက္မွန္း မသိဘူး ၊ အစ္မ အရင္းျဖစ္တဲ့ ငါ့ကိုက် မသြားဖို႔ တစ္ခြန္းမေျပာဘူး ။ နင့္ကိုက်မွ မသြားေစခ်င္လို႔ ႀကီးႀကီးကိုေတာင္ တကူးတကသြားေျပာရတယ္ ။ "

" အင္း "

လြန္းက ႏႈိင္းကိုဆို အရမ္းတြယ္တာလြန္းတယ္ ။ သုံးႏွစ္ႀကီး သုံးႏွစ္ငယ္ ​ျဖစ္တာေၾကာင့္လည္း ပါမယ္ထင္ရဲ႕ ။ အစ္မအရင္းျဖစ္တဲ့ ဝတီေဟမာန္ထက္ ႏႈိင္းက လြန္းရဲ႕ အေၾကာင္းေတြကို ပိုသိတယ္ ။ ဒါေၾကာင့္လည္း ႏႈိင္းမခရဲ႕ ညီမသာ လုပ္လိုက္ပါေတာ့ ဆိုၿပီး ဝတီက ခဏခဏ ေျပာဖူးတယ္ ။

တစ္ခ်ိဳ႕ႀကိဳးေတြက တကူးတကခ်ည္ေႏွာင္စရာ မလိုပဲ ၿမဲတတ္တယ္ ဆိုၿပီး မာမီက ေျပာဖူးတယ္ ။ ခ်ည္စရာမလိုပဲ ႏြယ္မိတဲ့ ႀကိဳးေလးက လြန္းပဲ ။

ႏႈိင္းတို႔ ေဘးအိမ္ကို လြန္းတို႔ မိသားစုေျပာင္းလာတုန္းက လြန္းရဲ႕ ေမေမက လြန္းကို ကိုယ္ဝန္ေဆာင္ထားတုန္း ။ လူ႔ေလာကထဲေတာင္ မေရာက္လာေသးတဲ့ ေသြးခဲေလးကို အဲ့အခ်ိန္ကတည္းက သံေယာဇဥ္တြယ္ခဲ့တာလို႔ ေျပာရင္ ယုံ ။

ငယ္ငယ္တည္းက ခ်ဴခ်ာလြန္းလို႔ ေဆး႐ုံကို အိမ္ဦးနဲ႔ ၾကမ္းျပင္လို သြားရၿပီး အိမ္မွာေနတဲ့အခ်ိန္ေတြမွာ တူတူလာေဆာ့ကစားေပးတဲ့
ဝတီကလည္း ႏႈိင္းအတြက္ သူငယ္ခ်င္းေကာင္း ။

အေပါင္းအသင္း ဝင္ဆန္႔လြန္းတဲ့ မာမီနဲ႔ တီေလးတို႔ေၾကာင့္ မိသားစုႏွစ္ခုဟာ ႏွစ္အိမ့္တစ္အိမ္လိုျဖစ္ခဲ့ရတယ္ ။ တစ္ဦးတည္းေသာ သမီးျဖစ္တဲ့ ႏႈိင္းက ဝတီ့ရဲ႕ ညီမေလး ေမြးလာေတာ့လည္း အဲဒီ့လူသားေသးေသးေလးကို ညီမေလးအရင္းတစ္ေယာက္လို ခ်စ္ခဲ့တယ္ ။

ႏႈိင္းကို သူငယ္ခ်င္းေပါင္း ေပါင္းေပမယ့္ ဝတီ့ကိုေတာ့ လြန္းက ရွိန္တယ္ ။ ဝတီက လြန္းကို ဆူတဲ့အခါမ်ိဳးေတြမွာ ႏႈိင္းက အၿမဲ ကာကြယ္ေပးေနၾက ျဖစ္တာေၾကာင့္ ႏႈိင္းပါ ေရာၿပီး အဆူခံရစၿမဲ ။

လြန္းတို႔ ၿခံထဲက ခုံတန္းေပၚမွာ ထိုင္ရင္း အေတြးေတြက ဟိုေရာက္ ဒီေရာက္ ။ ဘယ္အခ်ိန္ေတြဆီေရာက္လာမွန္းေတာင္ မသိေတာ့ ။

" ခ "

နာမည္ေခၚသံၾကားလိုက္သည္ ။ ႏႈိင္းရဲ႕ နာမည္ကို အရင္းစြတ္ၿပီး ေခၚတဲ့ အသံျဖစ္ေနတာေၾကာင့္ ဘယ္သူဆိုတာ ႏွစ္ခါေတြးၾကည့္စရာမလို ။

ၿခံေရွ႕မွာ စက္ဘီးရပ္ၿပီး လွမ္းေခၚေနေသာ သူက ႏႈိင္းကို ၿပဳံးျပၿပီး လက္ယက္ေခၚသည္ ။

" ဆို ဘာကိစၥလဲ သူရာ "

" အမယ္ ... မင့္က ေမ့တက္လွခ်ည္လား ေဒၚႏႈိင္းမခရဲ႕ "

" အမ္ ... ေအး အဲ့ဒါေၾကာင့္ ဘာကိစၥလဲလို႔ "

" နင္ပဲ ငါ့ကို ေရခဲမုန္႔ဝယ္ေကြၽးမယ္ဆို ။ "

" အာ ဟုတ္သား "
" ေအး ခဏေစာင့္ ၊ ငါ လြန္းကို သြားေခၚလိုက္ဦးမယ္ ။ "

" သြား​ ျမန္ျမန္ "

သူရာ ။ နာမည္အရင္းက ေနသူရာ ။ ႏႈိင္းေပါင္းမိတဲ့ တစ္ဦးတည္းေသာ ေယာက္်ားေလး သူငယ္ခ်င္း၊ ေလးတန္းႏွစ္ကတည္းက ေပါင္းလာသည္မို႔ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိေနေသာ ငယ္ေပါင္းႀကီးေဖာ္ ။

ေန႔လည္က စာၾကည့္တိုက္မွာ စာအုပ္တစ္အုပ္ကို လုငွားရင္း ႏႈိင္းကို ေပးလွ်င္ ညေန ေရခဲမုန္႔ဝယ္ေကြၽးမည္ဟု ပတ္လာျခင္း ျဖစ္သည္ ။ စာအုပ္လိုခ်င္၍ ေျပာလိုက္ေသာ္လည္း သေကာင့္သားက တကယ္ေပါက္ခ်လာသည္ ။

" ငတ္ႀကီးက်တဲ့ အေကာင္ "

သူၾကားေအာင္ ေျပာရင္း လြန္းတို႔ အိမ္ထဲ ဝင္လာခဲ့သည္ ။

" ႏႈိင္း ေရွ႕မွာ သူရာလားလို႔ "

အိမ္ထဲ ဝင္ေတာ့ သူရာ့ကို လွမ္းေတြ႕လိုက္တဲ့ ဝတီက ေမးသည္ ။

" ဟုတ္တယ္ ၊ သူ႔ကို ေရခဲမုန္႔ ဝယ္ေကြၽးမယ္လို႔ ေျပာထားေတာ့ အငတ္က မွတ္ထားၿပီး ေရာက္လာတာေလ ။ ငါ လြန္းကို သြားေခၚလိုက္ဦးမယ္ ၊ ႏိုးၿပီမလား အဲ့ကေလးမ "

" ႏိုးၿပီေပါ့ ၊ ေရခ်ိဳးၿပီးလို႔ သနပ္ခါးလိမ္းေနတယ္ ။ "
" ဟဲ့ ဟဲ့ နင္ေရခဲမုန္႔ဝယ္ေကြၽးမွာဆို အဲ့ႏွစ္ေကာင္တည္းေတာ့ မရဘူး ။ ငါ့ဖို႔ပါ ဝယ္လာခဲ့ ေခ်ာကလက္ "

" ေအးေဟ့ ဝယ္ခဲ့မယ္ ဝယ္ခဲ့မယ္ "

ဝတီ့ကို ခ်န္ထားရစ္ၿပီး လြန္းရွိရာ အေပၚထပ္သို႔ ခ်ီတက္ရျပန္သည္ ။ ေခ်ာ့ဖို႔ စကားလုံးေတြကို ေခါင္းထဲမွာ စီရင္း .... ။

°

Thanks for reading 💛

Continue Reading

You'll Also Like

26.8K 613 24
MiyaxReader I have permission from the author to continue this fanfic
7.4K 124 11
inspired by the manga the bride of the water god .an Inuyasha Sesshomaru fanfic
3.2M 185K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
584K 61.7K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...