ဆိုင်ထဲကိုခြေချလိုက်တာနဲ့ ပထမဆုံးရလာတဲ့ရနံ့
လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ပေါင်မုန့်တွေရဲ့ မွှေးမြတဲ့အနံ့က နံနက်စာမစားရသေးတဲ့ Jennie အစာအိမ်ကို တံခါးလာခေါက်လေသည်။
"အို Jen လေးပါလား''
Kitchen ထဲကနေ ပူပူနွေးနွေးဖုတ်ထားပြီးသား Baguette ပေါင်မုန့်တွေကို ဗန်းတစ်ချပ်နဲ့သယ်လာတဲ့ အန်တီDaisy က သူမကို မြင်တော့ ပြုံးရွှင်သွားလေသည်။
"အန်တီDaisy''
Jennie က ချွဲနွဲ့နွဲ့ခေါ်လိုက်တော့ အန်တီDaisy က သဘောတကျရယ်မောလေသည်။
"နံနက်စာစားပြီးပြီလား''
"မစားရသေးဘူး''
"ဒီမှာ အခုလေးတင်ပဲ ဖို ထဲကနေ ထွက်လာတဲ့ သမီးအချစ်ကလေးတွေ''
အပြင်ဖက်ကြွပ်ရွရွ အတွင်းသားနူးအိတဲ့ ရှည်မျောမျော ပြင်သစ်ပေါင်မုန့်လိုမျိုး Baguette ပေါင်မုန့်ဟာ Jennie အကြိုက်ဆုံးပေါင်မုန့်ပဲ။
"ဗိုက်ဆာနေတာနဲ့အတော်ပဲ''
"အန်တီ နွားနို့သွားထည့်ပေးမယ်''
"Jen ကို ဗန်းပေး Jen နေရာတကျသွားစီထားလိုက်မယ်''
"Okok''
Baguette နဲ့ Cheese
မြေအောက်ရထားစီးရင်း စားလို့ကောင်းတာ ပျားရည်နဲ့အုတ်ဂျုံပေါင်မုန့်။
ရိုင်းဂျုံပေါင်မုန့်နဲ့ ဗော့ကာလေးတစ်ခွက်။
ဒိုးနတ်ပုံစံBagelပေါင်မုန့်လေးနဲ့ ပနံသင့်တာက ကော့တေး။
အချိုပွဲအတွက် အသင့်တော်ဆုံးက Waffle ပေါင်မုန့်။
ဒါကတော့ အန်တီဒေစီ ညွှန်းဆိုထားတဲ့ ဆိုင်တွင်းရနိုင်တဲ့ပေါင်မုန့်တွေရဲ့ ပါတနာပေါ့။ ဒါပေမဲ့ Jennie တို့ဆိုင်မှာတော့ ပေါင်မုန့်တစ်မျိုးတည်းသာ ရောင်းချလေသည်။
"ဆိုတော့ Jen လေးက အချိန်ပိုင်းလာဆင်းတာပေါ့''
"ဟုတ်တယ် ပေါင်မုန့်တွေကို ခဏလာချစ်တာလေ''
"ခဏဆိုရင်တော့ အန်တီကတော့ အလိုမရှိပေါင်''
"Jen က အပင်တွေကိုပဲ စွဲစွဲမြဲမြဲချစ်နေတာ ၊ ပေါင်မုန့် တွေကတော့ ဒုတိယပေါ့''
"အမေတူသမီးလေး မေမေရော နေကောင်းရဲ့လား''
"ဟုတ်ကောင်းတယ် တစ်နေ့ကတော့ ဖေဖေနဲ့ရန်ဖြစ်ကြတယ်။ ကွာရှင်းတော့မယ်ပြောနေတာကြားတယ်''
"ဟုတ်လား သမီးဖေဖေကတော့ အန်တီ့ကိုဘာမှမပြောဘူး''
"အန်တီက ဖေဖေ့ညီမဆိုပေမဲ့ မေမေ့ဘက်တော်သားမှန်း သူသိလို့နေမှာပေါ့ အဲ့ဒါကြောင့်မပြောတာ''
"Jen လေးကရော ဘယ်လိုသဘောရလဲ''
"မေမေ့ကို ပျော်ရွှင်စေချင်တယ်''
"သမီးဖေဖေကျ မပျော်ရွှင်စေချင်ဘူးပေါ့''
"အဲ့လို မဟုတ်ပါဘူး။ ကွာရှင်းလိုက်တာနှစ်ယောက်စလုံးအတွက် ပိုအဆင်ပြေတယ်ထင်တာပဲ။''
"Jen လေးကရော ကွာရှင်းလိုက်ရင် ဘယ်သူနဲ့လိုက်နေမှာလဲ''
"မေမေနဲ့ပေါ့ ဖေဖေ့မှာက အန်တီဒေစီလည်းရှိသလို ဘွားဘွားလည်း ရှိသေးပေမဲ့ မေမေ့မှာတော့ Jen တစ်ယောက်ပဲရှိတာလေ''
"အန်တီလည်း မေမေနဲ့နေဖို့ပဲထောက်ခံတယ်''
"ကလေးကို မြှောက်ပေးနေတာလား ဒေစီ။ သူ့အမေနဲ့ ငါ ကွာရှင်းမှာမဟုတ်ဘူး။ ''
နောက်နားကနေ ဟိန်းထွက်လာတဲ့ ဖေဖေ့အသံကြောင့် အန်တီဒေစီက ဇက်ပုသွားလေသည်။ Jennieလည်း စားစရာရှိရာကို ကုန်စင်အောင်ဆက်စားရင်း အလုပ်လုပ်ဖို့ပြင်တော့သည်။
ကလင်... ကလင်....
"ကြိုဆိုပါတယ်ရှင့်''
"အယ်''
"Oh! Jennie ''
"Doctor ''
"ဒီမှာ အချိန်ပိုင်းဆင်းနေတာလား''
"ဒါ ဖေဖေ့ဆိုင်လေ ကူလုပ်ပေးနေတာ Doctor ရဲ့''
"တို့ ဖြင့်သတိတောင်မထားမိဘူး။ တစ်ခါတလေ လာဝယ်ဖြစ်ပေမဲ့ Jennie ကို မတွေ့ဖြစ်ဘူးလေ''
"ဟုတ်တယ် Doctor Jen က ဒီနေ့မှ စလာဆင်းတာ Doctor ဘာအလိုရှိလို့လဲ''
"ဆီးချိုရှိတဲ့ အမေ့အတွက် ပေါင်မုန့််ညို လာဝယ်တာဆိုပါတော့''
"ဟုတ် ဒီဖက်ခြမ်းမှာ Doctor''
"ဘယ်လောက်ကျလဲ Jennie ''
"အာ မဟုတ်တာ မပေးပါနဲ့ ''
"ဘာလို့လဲ ယောက္ခမ မှ မဖြစ်သေးတာ''
"ဟင့်အင်း ဒီတိုင်းပဲ''
"ပေါင်မုန့်တွေကို ဒီလိုမျိုး စက္ကူနဲ့ပဲ ထုတ်တာလား''
"ဟုတ်တယ် Doctor စက္ကူသားနဲ့လုပ်ထားတဲ့အိတ်တွေက ပေါင်မုန့်တွေခိုလှုံဖို့အတွက် ဖြစ်တည်လာတာလေ''
"Khonsa နဲ့ ဒီဆိုင်မှာ စတွေ့တာထင်တယ်''
"အဟင်း ဟုတ်တယ်။ Doctor က ခန့်မှန်းတာ တော်သားပဲ။ Doctor လိုပဲ အန်တီ့အတွက် ပေါင်မုန့်ညို လာဝယ်တာလေ''
"ဟုတ်လား မှန်သွားတယ်ပေါ့''
"ဒါနဲ့....''
"ဘယ်သူလဲ Jennie''
ဖေဖေက အနားရောက်လာတာမို့ Jennie ပြောမဲ့စကားတို့တန့်သွားသည်။
"သြော် ဖေဖေ ဒါ Oppa ညီမလေ Doctor Lisa''
ဖေဖေက လက်ကို ရှေ့ကမ်းပေးကာ လက်ဆွဲနှုတ်ဆက်ဖို့ပြင်လေသည်။
"ပထမဆုံးအကြိမ်တွေ့ဆုံခြင်းပါ Lisa Manoban လို့ခေါ်ပါတယ် Uncle ''
"တွေ့ရတာ ဝမ်းသာပါတယ် တစ်ခါလောက်တော့ ညစာအတူတူစားကြတာပေါ့''
"ဟုတ်ကဲ့ ဆေးရုံဂျူတီရှိသေးလို့ သွားခွင့်ပြုပါဦး''
ဖေဖေသာ ရောက်မလာရင် Jennie Youngရဲ့အကြောင်းကို မေးဖြစ်ခဲ့မှာ။
"နင်ဘယ်သွားစရာရှိလို့လဲ''
"မရှိပါဘူး''
"ဟုတ်လို့လား''
"ဟုတ်ပါတယ်ဆို''
"ငါခေါ်လိုက်လို့ငါ့ဆီရောက်လာတာပဲ''
"ကဲ အစ်မတော် ဘာတွေ သံသယဝင်နေပြန်ပြီလဲ''
Lisa က အသုံးပြုပြီးသား ဆေးထိုးအပ်ကို အမှိုက်အိတ်ထဲ စွန့်ပစ်လိုက်သည်။
"စကားလုံးတွေကလိမ်တတ်တယ် ၊ အပြုံးတွေကညာတတ်တယ် ၊ ဒါပေမဲ့ တစ်ခါမှမရဖူးတဲ့ ရေမွှေးရနံ့က မလိမ်တတ်ဘူး''
"ဟုတ်တယ် ငါ အိမ်ထောင်ဖက်သွားတွေ့မလို့''
"Wow! ဒါနဲ့ ငါ့ကြောင့် ပျက်သွားတာလား''
"အချိန်ရွှေ့လိုက်တယ်လေ အခုနင့်ဆီက အပြန်တွေ့မှာပေါ့ ၊ ပြောရရင် Dinner သဘောမျိုး ဖြစ်သွားသလိုပဲ''
"နင်က လက်ထပ်တော့မှာလား''
"မဟုတ်ပါဘူး အိမ်ကတွေ့ခိုင်းလို့''
"သမီးလိမ္မာလေးပဲ''
"Haha''
"အိမ်ထောင်ဖက်တွေ့တာက အဓိပ္ပါယ်မရှိဆုံးအရာပဲ ၊ ကိုယ်နဲ့ အခုမှစတွေ့တဲ့လူတစ်ယောက်ကို စိတ်ထဲမပါတဲ့ ကောင်းတာတွေပဲ ပြောရမှာလေ ၊ ကိုယ်ကမိန်းကလေးဆို ဟိုဖက်ကအမျိုးသားကို ရှင်ကလူကြီးလူကောင်းဆန်တယ်တို့ ၊ သူ့မှာအလုပ်ကောင်းကောင်းရှိရင် ကိုယ်ကချီးမွှမ်းရမှာတို့ ၊ သူပြောတဲ့ မင်းရဲ့နားဆွဲကလှသားပဲ ၊ ဒီဝတ်စုံက မင်းနဲ့လိုက်ဖက်တယ် စတဲ့ အရည်မရအဖတ်မရ စကားတွေအတွက် ကိုယ်က ရှက်သွေးဖြာရဦးမယ်။ မိန်းမတွေက မှန်ရတာကြိုက်တယ်။ သူတို့ကို ဆရာကြီးလိုခံစားရစေတဲ့ယောကျ်ားမျိုးဆို အလိုလိုကိုအမှတ်ပေးတာဆိုတော့ ဟိုဖက်ကလူက စိတ်ထဲမပါတောင် ကိုယ့်ရဲ့စကားတွေကို ထောက်ခံပေးရမှာ။''
"မသိရင် အိမ်ထောင်ဖက်တွေ့ဖူးနေသလိုပဲ''
"အိမ်ထောင်ဖက် ရယ်တော့မဟုတ်ပါဘူး။ ယောကျ်ားနဲ့မိန်းမ စစချင်းဆက်ဆံရေးတွေက အဲ့လိုပဲလေ။ အဲ့ဒါကြောင့် Relationship တစ်ခုရဲ့အစပိုင်းတွေဟာ ချောမွေ့နေတဲ့လမ်းတစ်ခုကို လျှောက်နေကြသလိုပဲ ဘာအတားအဆီးအနှောင့်အယှက်မှ မရှိသေးတာမို့ တစ်ယောက်အကြိုက်တစ်ယောက် လိုက်လုပ်ပေးနိုင်ကြတယ်။''
"အမယ် ဆိုစမ်းပါဦး အဲ့ဒါဆို အလယ်ပိုင်းလောက်ရောက်လာရင်ရော''
"သူတို့ခလုတ်တိုက်တော့မှာ လမ်းတွေမှာ အဖုအထစ်တွေရှိလာပြီ။ ကိုယ့်ဘာသာ ခလုတ်တိုက်လို့နာရတဲ့အထဲ သူခလုတ်တိုက်လို့ နာနေတာကိုပါ ကိုယ်ကနှစ်သိမ့်ပေးနေရတယ်။ တစ်ယောက်အကြိုက်တစ်ယောက် လိုက်ဖို့ကိုတောင် အောင့်အီးသည်းခံနေရသလို ပုံစံဖြစ်လာပြီ။ စိတ်မရှည်ချင်ဖြစ်လာပြီ စကားသံတွေကို ကျယ်ကျယ်လောင်လောင်ပြောလာရပြီ''
"အဲ့ဒါဆို အဆုံးသတ်ကျဘာဖြစ်သွားမှာလဲ''
"လမ်းခွဲကြပြီး လမ်းကြောင်းပြောင်းသွားလိမ့်မယ်''
"နင်ပြောသလိုသာဆို ကမ္ဘာပေါ်က အတွဲတိုင်းက ပြတ်ရမလိုဖြစ်နေပြီ''
"အားလုံးနီးပါးက အဲ့ဒီလိုပဲလေ ၊ ဒီသံသရာထဲလည်ပတ်နေကြတာ''
"အချစ်မရှိကြလို့နေမှာပေါ့ အရာအားလုံးကိုရင်ဆိုင်နိုင်မဲ့ ကြီးကျယ်ခမ်းနားတဲ့ စွမ်းအား မရှိကြတာဖြစ်လိမ့်မယ်''
"အချစ်ဆိုတာ အပေါ်ယံအရေခွံလေးပဲ အရေခွံထဲကောင်းတာဆိုလို့ ကြက်အရေခွံကြော်ပဲရှိတာ။ အချစ်တိုင်းက ကြက်အရေခွံကြော်မှ မဟုတ်တာ''
"ဟ! ငါဘာပြောရမလဲတောင်မသိတော့ဘူး။ Rosellita နဲ့ Park ChaeYoung က လူတစ်ယောက်စီ ဖြစ်နေမလားတောင် စဥ်းစားမိသွားပြီ''
"ဝတ္ထုက ဝတ္ထု ၊ အမှန်တရားက အမှန်တရား။ အဲ့ဒါကြောင့် လူတွေက အမှန်တရားကို ရင်မဆိုင်ချင်ကြတာ။''
"နင့်ကို ဘယ်သူကများ သည်းခံနိုင်မှာလဲ''
"သည်းခံနိုင်မဲ့သူ မလိုပါဘူး''
"ရှိရင်လည်းရှိလာမှာပေါ့။ ခင်မင်မှုကို တန်ဖိုးထားတဲ့ ငါတောင် ဒီလောက်သည်းခံပေးရင် အချစ်ကိုတန်ဖိုးထားတဲ့သူကတော့ ဒီထက်မက နင့်အပေါ် ကောင်းပေးမှာပဲ''
"ငါကတော့ ကောင်းပေးနိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး''
"ချစ်တတ်လာရင်တော့ ပြောင်းလဲသွားမှာပါ ။ သြော်..ဒါနဲ့ ငါJennie ကို နင်က Rosellita ဆိုတာ ပြောပြထားတယ်''
"Why? သူက ဖွနေရင် ဘယ်လိုလုပ်မလဲ''
"နင့်ကိုတောင် သူသိထားကြောင်း မပြောပြပုံထောက်ရင် တခြားသူကို သူပြောပမလား။ ပြီးတော့ သူက ကိုယ်တိုင်လုပ်မုန့်တိုက် တစ်ခုကို ပိုင်သေးတယ်။ နင့်ဆီသူလာရင် နင်စားချင်တဲ့ ပေါင်မုန့်အမျိုးအစားကို မှာလိုက်ပေါ့''
"နင်က ဘယ်လိုလုပ်သိလဲ''
"အိမ်ကလူကြီးတွေအတွက် မုန့်သွားဝယ်ရင်းမှ သူ့ကိုအဲ့ဆိုင်မှာတွေ့တာ''
"နေစမ်းပါဦး အဲ့ဒါဆို နင်ကရော ငါ့အတွက် ဘာလို့မုန့်မဝယ်လာရတာလဲ''
"သတိမရလို့''
"အင်း ကောင်းတယ်''
"ပြန်တော့မယ် ဆေးထပ်ပေးခဲ့တယ် ရက်တွက်ပြီးတော့။ အဲ့ဒီမတိုင်ခင် ကုန်သွားရင်တော့ နင့်ကိုဆေးရုံပို့မယ်''
ဒီနေ့က သောကြာနေ့ ၊ တနင်္ဂနွေရောက်ဖို့ စက္ကန့်ပေါင်းများစွာ ရေတွက်ရဦးမည်။
"Oops! ဒါက တော်တော်လေးမြန်တာပဲ။ ဒုံးပျံစီးလာသလား မှတ်ရတယ်။ လယ်ကွင်းထဲက ဖုန်အလိပ်လိပ်က တော်တော်နဲ့ပြယ်မဲ့ပုံမပေါ်ဘူးနော်''
"အကောင်းကြီးပဲ ဒါတမင်သက်သက်လုပ်တာမလား''
"သတင်းဆိုးပြောခြင်း အနုပညာလေ အလုပ်ဖြစ်သားပဲ''
Jennie စိတ်တော်တော်တိုသွားပေမဲ့လည်း ဘာမှမဖြစ်တာတော်ပါသေးရဲ့ ဆိုနဲ့စိတ်နဲ့ သူမရဲ့ဒေါသတွေကို ပြန်ဖြေလျှော့လိုက်သည်။ ဆိုင်မှာ အလုပ်ကူလုပ်နေရင်း သူ့ဆီက ပထမဆုံးအကြိမ် ဖုန်းဝင်လာခဲ့တာမို့ Jennie မှာ အိုက်စပ်ပူလောင်နေတဲ့အချိန် ရုတ်တရက်ဝင်လာတဲ့ အအေးဓာတ်ကိုရသလိုမျိုးခံစားလိုက်ရတာ။ ဖုန်းထဲက ကြားလိုက်ရတဲ့ သူ့အသံက နာကျင်မှုတစ်ခုခုကိုခံစားနေရသည့်အသံ ဖြစ်တဲ့အပြင် ခုံပေါ်ကနေ ပြုတ်ကျပြီး ပြန်မထနိုင်တော့ကြောင်း ပြောလာချိန်မှာတော့ အန်တီဒေစီရဲ့ ကားကိုယူမောင်းလာရသည်။ သူ့ဆီအမြန်ရောက်ဖို့က ပိုအရေးကြီးတာမို့ ကျိုးကြောင်းဆီလျော်ရဲ့လားဆိုတာတောင် မတွေးနိုင်ခဲ့။ တကယ်တမ်းသာဆို သူ့အနေနဲ့ Jennie ကို ခေါ်ရမည့်အစား Doctor ကိုပဲ လှမ်းအကြောင်းကြားမှာပေါ့။ အခုတော့ အပူရှပ်သွားသလို ခံစားချက်ပဲ။
"Young အတွက် Jen က စျေးပေါနေလား''
"မင်းက ကုန်ပစ္စည်းမှ မဟုတ်တာ''
"ဘာဖြစ်လို့လဲ အခုလိုခေါ်လိုက်ရတာက''
"ငါပြောတယ်လေ အနုပညာပါဆိုနေ''
"Young ရဲ့ အနုပညာတွေအတွက် နောက်မှာ Jen ရှင်းရမှာတွေ တပုံကြီးပဲ ''
"အကယ်၍ ငါသာ ယောကျ်ားလေးတစ်ယောက်ဆိုရင်တော့ ဒီအခြေအနေနဲ့ပတ်သတ်တဲ့ ပြီးပြည့်စုံတဲ့ ကောက်ချက်တစ်ခုကိုရေးဆွဲနိုင်မှာပဲ''
"သဘောကျတယ်''
"ဘာရယ်''
"Young ကို သဘောကျတယ်''
"အဟက်! အာ sorry ရယ်တဲ့အသံက ခြောက်ကပ်ကပ်နိုင်သွားတယ်။ ဒါက အကောင်းဆုံးဟာသတစ်ခုပဲ''
"Jen ရဲ့ ခံစားချက်က Young အတွက် ဟာသဖြစ်နေလား''
"သိပ်ဖြစ်တာပေါ့။
ဘာလို့လဲ? ငါ့ကိုသဘောကျတာက
အမှန်အတိုင်းပြောရရင် မင်းက တကယ်လှတယ်။ မင်းရဲ့ နောက်ခံကလည်းအဆင်ပြေတဲ့အသိုင်းအဝိုင်းကပဲလေ။ သိပ်တော်တဲ့ယောကျ်ားတစ်ယောက်နဲ့လည်း စေ့စပ်ထားတာကိုမှ ဘာဖြစ်လို့ မင်းထက်အသက်ကြီးပြီး ရုပ်ရည်ကကြည့်မကောင်းတဲ့အပြင် ချို့ယွင်းချက်ရှိနေတဲ့ မိန်းမတစ်ယောက်ကိုမှ သဘောကျနေရတာလဲ''
"အဲ့ဒါကို အဖြေပေးနေရမှာလား''
"ငါက Rosellita ဆိုတာ Lisa ဆီကနေ သိပြီးပြီဆို
အဲ့ဒါကြောင့်လား''
"Jen သဘောကျတာက Rosellita မှ မဟုတ်တာ။
Young က Rosellita အနေနဲ့ မဖြစ်တည်ခဲ့ဘူးဆိုရင်တောင် Jen က Young ဆိုတဲ့ လူတစ်ယောက်ကို သဘောကျနေမိမယ်ထင်တာပဲ။ Jen ရဲ့ လက်တွေ့ဘဝမှာ Rosellita က မေးခွန်းတစ်ခုမေးဖို့ဆိုတာလောက်ထက် အရေးမပါဘူး''
"ChaeYoung က အရေးပါတယ်ဆိုတဲ့သဘောပေါ့''
"ဟုတ်တယ်''
"မင်းလည်း စိတ်ကူးယဥ်သမားပဲ''
"လူတိုင်းက စိတ်ကူးယဥ်သမားပဲလေ''
"မင်းငါ့ကို ဘာလို့သဘောကျတာလဲဆိုတာကို ငါအဖြေပေးရမလား''
"စကားလုံးကိုပြန်ပြင်ချင်တယ် တကယ်တော့ သဘောကျတာထက်ပိုတယ်။ Young က Jen ရဲ့ အချစ်ဦးပဲ''
"Lisa အစ်ကိုသာ ကြားရင် ထိုင်ငိုနေလောက်မယ်''
"တချို့သော ဆက်ဆံရေးတွေက ဖြစ်လာသင့်တာတော့ မဟုတ်ဘူး''
"ဒါပေါ့ မင်းနဲ့ငါ့လိုမျိုးလေ။
မင်းငါ့ကို ချစ်တာမဟုတ်ပဲ ချစ်ပေးချင်တာ။ မင်းရဲ့အသိုင်းအဝိုင်းမှာ မင်းက အချစ်ခံရတဲ့ လူတစ်ယောက်အနေနဲ့တည်ရှိနေတာ။ အချစ်ခံရတဲ့လူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ ဆိုတာကို မင်းက ဝေမျှပေးချင်နေတာ။အဲ့လို လုပ်ဖို့ဆို မင်းက တစ်ယောက်ယောက်ကို ချစ်လိုက်ရမှ ဖြစ်မှာလေ။ အဲ့ဒီလူကလည်း ဘာလို့ ငါဖြစ်ရသလဲဆို ငါက အချစ်ခံဖို့လိုအပ်နေတဲ့ လူတစ်ယောက်ဖြစ်နေလို့။ မင်းပြောခဲ့သလို အချစ်ခံရတာ ဘယ်လောက်ချိုမြိန်ကြောင်း သိစေချင်နေတာမျိုးပဲ''
"Young ထင်ချင်သလိုထင် Jen မရှင်းပြတတ်ဘူး။ Young လိုမျိုး စကားလုံးများများစားစားလည်း မသိဘူး။ Jen သိတာက Young ကို ပြောင်းလဲစေချင်တယ်။ လူတွေကြားထဲမှာ ပြန်ရှင်သန်စေချင်တယ်''
"မင်းက ပျက်စီးနေတဲ့ အရာအားလုံးကို ပြင်နိုင်မယ်လို့ထင်နေတာပဲ''
"ချို့ယွင်းနေတာထက်စာရင်တော့ ပိုပြီးလှပသွားနိုင်တာပဲမဟုတ်ဘူးလား''
"No မင်းရဲ့စကားကမှားတယ်။ပြုပြင်ပြီးသား ဘယ်အရာမှ ပင်ကိုထက် လှမနေလို့ပဲ။ ဥပမာ ငါ့ရဲ့ ဘယ်ဘက်က ခြေတုလိုပေါ့''
"အချစ်ဆိုတာ လူတစ်ယောက်ကို အခြားတစ်ယောက်လိုဖြစ်သွားအောင် ပြောင်းလဲပေးနိုင်တဲ့ မှော်ပညာတစ်ခုလိုပဲ။ Young သာ ချစ်တတ်မယ်ဆို Young ပြောင်းလဲမှာပဲလေ''
"ဝတ္ထုထဲက စာသားတွေလိုပဲ။ ဝတ္ထုရေးပါလား ဒီလောက်အနေအထားနဲ့ဆို မဆိုးဘူး''
""ဘာဖြစ်လို့ Park နဲ့ Jenny ကို ခွဲပစ်တာလဲ''
"ငါ့မှာ ရည်းစားမရှိလို့''
"ရွဲ့နေတာလား''
"အမှန်တရားပဲလေ ဝတ္ထုရေးနေတုန်းက ငါ့မှာ ရည်းစားမရှိဘူး။ အဲ့တော့ ငါ့ဇာတ်ကောင်တွေကိုလည်း ပေးမညားစေချင်ဘူး''
"Jen က အဲ့ဒီအဖြေကိုသိရဖို့အတွက် ဝတ္ထုကိုငါးကြိမ်တိတိ ဖတ်ပြီးသွားခဲ့ပြီ''
"ရှည်ရှည်ဝေးဝေးလည်း တွေးနေစရာမလိုဘူး။ ငါ့ဝတ္ထုကို လူတွေ စွဲစွဲမြဲမြဲ အမှတ်ရနေဖို့ ဖန်တီးလိုက်ရုံပဲ။ ဘာလို့ဆို ပျော်ရွှင်စွာပေါင်းဖက်ရစေသတည်းဆိုတဲ့ အဆုံးသတ်ထက် ကြေကွဲဖွယ်ရာ ဇာတ်သိမ်းတွေကိုပဲ လူတွေက ပိုအမှတ်ရနေတတ်တာမို့''
Last Modified - 2:22 (22/29/April)