Step 0.4
Deep blue eyes
ဂျင်မီသည် သူ့မျက်စိရှေ့မှ အနီရောင်ပြိုင်ကား အသစ်စက်စက်ကို ကြည့်ကာ ကားအရောင်းတာဝန်ခံ၏ ကရားရေလွှတ် တတွတ်တွတ်ရှင်းပြမှုများကို တတွတ်တွတ် နားထောင်ရင်း သူရှေ့ရက်များက ပြောခဲ့ဖြစ်သည့် စကားအချို့ကို ပြန်၍ စဉ်းစားနေဖြစ်သည်။
သူ့အဒေါ်ဝမ်းကွဲသည် အဒေါ်ဟုသာဆိုသော်ငြား နှစ်နှစ်ခန့်သာ ကြီးသူဖြစ်တာကြောင့် မောင်နှမလိုပင် ရင်းနှီး၏။ လင်းကိုလည်း သူကပင် မိတ်ဆက်ပေးခဲ့တာဖြစ်သည်။
လင်းမှာ မြန်မာ-အမေရိကန် ကပြားဖြစ်သော်ငြားငယ်စဉ်ကတည်းက ဟာဝိုင်ယီတွင်သာ ကြီးပြင်းလာသူဖြစ်ကာ ဤတလောမှ မြန်မာပြည်ပြန်လာသူ ဖြစ်၏။ အသက်က ၂၃။ တယောတီးရာတွင် အလွန်ထူးချွန်ကာ အထက်တန်းနှင့် တက္ကသိုလ်အစပိုင်းအထိ orchestraဝိုင်းတစ်ခု၏ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ဖူးသည်ဆိုသည်။ ပြိုင်ပွဲတွေလည်း အတော်ဝင်ခဲ့ဖူးကာ ပြိုင်လျင်လည်း အခေါက်တိုင်းနီးပါး ဆုတွေရရှိခဲ့ဖူးပြီး အတော့်ကိုအလားအလာကောင်းသော အဖွဲ့ဖြစ်ခဲ့သည်။ သီချင်းဆိုထားသည့် အသံဖိုင်များကို နားထောင်ကြည့်ရသလောက်တော့ အသံလည်း အတော်လေးကောင်း၏။
သို့ပေသော်ငြား ထိုနောက်ပိုင်းတွင် သူတို့အဖွဲ့ မှာ အကြောင်းတစ်ခုကြောင့် ပြိုကွဲသွားခဲ့ကာ လင်းလည်း ကျန်းမာရေးအထိ ဆိုးဆိုးဝါးဝါး ထိခိုက်သွားခဲ့သည်ဟု ဆိုသည်။ ထိုနောက်ပိုင်းတွင် လင်းမှာ တယောကို လုံးဝပြန်မကိုင်တော့ပဲရှိနေခဲ့၏။
သူ့တစ်မိသားစုလုံးက လင်းကို ဂီတနှင့်ပတ်သတ်သော အရာတစ်ခုခုကို ပြန်လုပ်စေချင်ကြသော်လည်း လင်းက ခါးခါးသီးသီးငြင်းသည် ဆိုသည်။ ပါးစပ်ကသာ အဆင်ပြေသည်ဟုဆိုနေသော်လည်း တကယ်အဆင်မပြေသည်ကို တစ်မိသားစုလုံးက ရိပ်စားမိနေခဲ့၏။ ထို့ကြောင့်ပင် စိတ်ကျဉ်းကျပ်ဟန်တူသာ့်လင်းက စိတ်အပြောင်းအလဲဖြစ်လိုဖြစ်ငြားဟုရည်ရွယ်ကာ မြန်မာပြည်တွင် ရောက်နေသည့်မိခင်က ခေါ်ကာလာနေခိုင်းခဲ့ပုံရလေသည်။
တိုက်ဆိုင်စွာပင် ဂျင်မီမှာလည်း idol group projectအသစ်ကို စတင်နေချိန်ဖြစ်တာကြောင့် နံဘေးပတ်လည် ရှိရှိသမျှ အဆက်အသွယ်တိုင်းကို အသုံးချကာ အဆင်ပြေမည့်ကလေးတွေ ရှာဖွေနေစဉ်ဖြစ်နေခဲ့သည်။ သည်လိုနှင့်ပင် အဆက်အသွယ် အဆင့်ဆင့်နှင့် ထိုဟာဝိုင်ယီသားကလေးမှာ ဂျင်မီ့ဆီ ရောက်လို့လာခဲ့လေသည်။ မဖြစ်နိုင်လောက်ဟုဆိုသော်ငြား ထိလျင်တော့လည်း မြိုးမြိုးမျက်မျက်ရနိုင်သော Jackpot ဖြစ်တာကြောင့် ဂျင်မီလည်း စမ်းတော့မြူဆွယ်ကြည့်ဦးမည်ဟု တွေးကာ လက်ခံလိုက်တာဖြစ်သည်။
သို့ပေသော်ငြား ဒီနေ့အထိကို ကာယကံရှင်မှာ နောက်ကွယ်တွင် သည်လိုကိစ္စများရှိနေသည်ကိုမသိပဲ ဂျင်မီ့ကို ရိုးရိုးသားသား ကားဝယ်တာ လိုက်ပြပေးမည့်အစ်ကိုကြီးဟုသာ မှတ်ကာ ရောက်လာခဲ့တာကြောင့် ဂျင်မီမှာ အောင့်သက်သက်နှင့်ပင် အခုချိန်ထိ ချော်လဲရောထိုင်နေခဲ့ရတာ ဖြစ်တော့၏။
လင်းမှာ ၂နာရီကျော်လောက်ကြာသည်အထိ ကားဝယ်ဖို့ကြည့်လေသလား ပြခန်းဝယ်ဖို့ကြည့်လေသလားပင် မကွဲပြားလောက်အောင် ဆက်၍ကြည့်နေဆဲ။ လင်းကသာ ပြိုင်ကားကို အလွန်ရူးသွပ်သလောက် ဂျင်မီကတော့ မှန်ရာကိုဝန်ခံရလျင် ကားဆိုလျင် ဘီးလေးလုံး၊ လှည့်လို့ရသည့်အဝိုင်းတစ်ခုပါပြီး စက်နှင့်ရွေ့သည်မှလွဲ၍ ထူးထူးခြားခြားမသိသည်မို့ သူတို့ပြောသမျှကို မျက်လုံးလည်ပါအောင်သာ လိုက်ကြည့်နေရ၏။ သီခကတော့ မတ်တတ်ရပ်လျက်ရှိတော့ရှိနေသေးသော်လည်း နာမ်နှင့်ရုပ်ရော တွဲလျက်ရှိနေပါသေးရဲ့လားတော့ မပြောတတ်ပါပေ။
"ဆက်ကြည့်ချင်သေးလားဟင်"
ဂျင်မီသည် အသံကိုမတုန်အောင် မနည်းထိန်းပြောနေရသည်။
"အာ ... နိုး နိုး .... ရပါပြီ။ အစ်ကိုတို့ ဗိုက်ဆာနေမယ်ထင်တယ် တစ်ခုခုသွားစားရအောင်လေ။ ကျွန်တော်ကျွေးပါ့မယ်"
ဂျင်မီရော သီခပါ မျက်လုံးများလက်ကနဲဖြစ်သွားကြသည်။
"မဟုတ်တာ အစ်ကိုကျွေးပါ့မယ် ... ရှေ့နှစ်ဘလောက်လောက်က ကော်ဖီဆိုင်ဆီပဲ သွားရအောင်လေ"
"ရပါတယ် ကျွန်တော်ပဲကျွေးပါ့မယ်ဗျာ။ အကြာကြီး လျှောက်သွားထားရတာ ပင်ပန်းတာကို"
လင်းက မှန်တံခါးကိုတွန်းဖွင့်ပြီးနောက် လည်ပြန်လှည့်ကြည့်ကာ ပြုံးရင်းဆိုသည်။ ဆည်းဆာနေက နီယွန်အင်္ကျီပေါ် ဖြာကျလေတာမို့ မျက်စိကျိန်းရပြန်သော်ငြား နတ်သားကလေးလို အပြုံးမျက်နှာလေးက ထိန်းနေတာမို့ အကြည့်လွှဲရကလည်း ခက်လှပြန်သည်။
"ဒါနဲ့ စကားမစပ် အစ်ကိုတို့က ကားဝယ်တာ လိုက်ကြည့်ပေးဖို့လာတာ မဟုတ်ဘူးသိလား"
ဆိုင်းမဆင့်ဘုံမဆင့် ထွက်ကျလာသောစကားကြောင့် သီခက ဂျင်မီ့ကို အလန့်တကြား ကြည့်၏။ ဂျင်မီသည် သီခ၏ '?'များ ပျံဝဲနေသောအကြည့်ကို ခံစားမိသော်လည်း ခပ်တည်တည်ပင် လင်းကိုသာ ဆက်၍ကြည့်နေဖြစ်သည်။ စင်စစ်တြော ဂျင်မီမှာ ဒီစကားကို မည်သို့ပြောရပါမည်နည်းဆိုသည်ကို တစ်လမ်းလုံးစဉ်းစားနေခဲ့တာ ကြာပြီဖြစ်သော်လည်း စဉ်းစားမရတာကြောင့် တိုတိုနှင့်လိုရင်းပင် ပြောချလိုက်ရခြင်းဖြစ်တော့၏။
လင်းကတော့ ကြက်သေသေလျက်ပင် သူ့ကို မျက်လုံးကလေး ဝိုင်းကာ ကြည့်နေသည်။ သူလည်း အတော်ရှော့ခ်ရသွားမည်ထင်၏။
ထိုသို့အတွေးနှင့်ပင် ထပ်၍ရှင်းပြရန် ကြိုးစားနေစဉ်မှာပင် ဟိုလိုဂရမ်နတ်သားလေးက သူ့ကို မထင်မှတ်စွာတုံ့ပြန်လာလေသည်။
"ဪ ဟုတ်"
တုံ့ပြန်မှုက ဤနှစ်လုံးသာဖြစ်၏။ သည်တစ်ခါတော့ သီခသာမက ဂျင်မီပါ '?' တွေ မနည်းမနောဝေရသည်။
ဒါပဲလား ..... ဘာလား ဘာလား ?!!!
"အဲ့တာဆိုလဲ အရင်စားကြတာပေါ့နော် ဘယ်ဆိုင်ကောင်းလဲဟင်"
လင်းက ပြောပြောဆိုဆိုနှင့်ပင် သူယူလာသည့် ကားဆီသို့လျှောက်သွားသည်။ သီခနှင့်ဂျင်မီမှာတော့ အခြေအနေကို မှန်းမရအောင်ပင် ရှိနေကြတော့၏။
ညနေပိုင်း ကားရှုပ်ချိန်ကဖြစ်နေတာမို့ ကော်ဖီဆိုင်ရောက်ဖို့က ထင်တာထက် ခက်ခဲ့၏။ သို့ပေသိ လမ်းလျှောက်ရန်ကလည်း ခြေကညောင်းလှနေပြီမို့ ကားစီး၍သာ သွားရသည်။ ကော်ဖီဆိုင်ရောက်သည့်အခါ ဂျင်မီက ဦးဆောင်ကာ အော်ဒါမှာပေးသည်။ လင်းကတော့ ကော်ဖီတစ်ခွက်သာ မှာလိုက်ဖြစ်သည်။
"ဒါနဲ့ လင်းက အစထဲက သိနေတာလား"
သူ့ရှေ့တွင်ထိုင်ရင်း မဝံ့မရဲ မေးလာသည့် ဂျင်မီ့အမေးကိုကြားရသည့်အခါတွင်တော့ လင်းမှာ ငိုချင်လျက်နှင့်သာ သူ့အဖြစ်သူရယ်မိရ၏။
တစ်ခါလိမ်ခံရလျင် သူများအမှား။ နှစ်ခါ၊သုံးခါ လိမ်ခံရလျင်လည်း သူများအမှား။
လေးခါအလိမ်ခံရလျင်တော့.......
လည်း သူများအမှားပင်ဖြစ်၏။
တစ်ခါမဟုတ် နှစ်ခါမဟုတ်...သုံးကြိမ်တိုင်အောင် တစ်ပုံစံထဲ လိမ်လွှတ်ခံရပြီးနောက်တွင်တော့ လင်းမှာ အတော်အတန်ကို အထာနပ်သွားခဲ့သင့်ပြီဖြစ်သော်လည်း လူသားမျိုးနွယ်အပေါ် ယုံကြည်ချင်သေးသည့် စိတ်တစ်ခုနှင့် ယုံလိုက်မိလေသော လင်းမှာ ထပ်၍ ခံလိုက်ရပြန်သည်။
သူ့မိဘများမှာ သူတယောမတီးတော့သည့်နောက်ပိုင်းကတည်းက သူ့ကို ဂီတနှင့်ပတ်သတ်တေသာ အလုပ်တစ်ခုခုကို ပြန်စဖြစ်အောင် အမြဲတိုက်တွန်းနေခဲ့ကြတာချည်းသာဖြစ်သည်။ သူကလည်း တုတ်တုတ်မလှုပ်။ ထိုအခါကျ မိဘများကလည်း တိုက်ကွက်ပြောင်းသည်။ ဘယ်ကဘယ်လိုရှာတွေ့လာမှန်းမသိသည့် orchestra ဝိုင်းများထံကို လိမ်လိမ်၍ လွှတ်ကြသည်။ လင်းကလည်း အစကတော့ မသိပဲ ရောက်သွားပြီးကာမှ ပြန်ပြန်ပြေးရစမြဲသာဖြစ်၏။
စင်စစ် ပြိုင်ကားဆိုလျင် အမြဲအသံကြားသည်နှင့် နှာခေါင်းရှုံ့တတ်သော အမေက ထူးခြားလှစွာ ကားကြည့်ရန် အကူအညီပေးမည့်သူကိုပါ ရှာပေးသည့်အပြင် မနက်က အိမ်ကမထွက်ခင်အထိကို ရှေ့တန်းထွက်မည့်လူလို ဆက်ဆံနေကတည်းက သတိထားမိခဲ့သင့်တာဖြစ်၏။
"မဟုတ်ပါဘူး ... အိမ်က အဲ့လိုပဲ လိမ်နေကျမို့ သိပ်surpriseမဖြစ်တော့တာပါ ဟားဟား... အဲ့တော့ အစ်ကိုတို့ကရော ဘယ်က တီးဝိုင်းကလဲဗျ"
ကိုယ့်အပြစ်နဲ့ကိုယ်မို့သာ ဟန်ကိုယ့်ဖို့သာ မေးလိုက်ရသော်လည်း စိတ်တော့နည်းနည်းညစ်၏။ လင်းမှာ တစ်စုံတစ်ယောက်က တောင်းဆိုလျင် မငြင်းနိုင်ရက်သော အကျင့်ရှိသူမို့ တောင်းဆိုမှုကို ငြင်းရသည်မှာ သူ့အတွက် အခရ်ခဲဆုံး အလုပ်ဖြစ်၏။
ဂျင်မီက အနည်းငယ် အံ့ဩသည့် မျက်နှာမျိုးဖြင့် သူ့ကိုကြည့်ကာ ဆိုသည်။
"အာ ... အသေးစိတ်တော့ မသိထားသေးဘူးထင်တယ် ဟုတ်လား။ အစ်ကိုတို့က တီးဝိုင်းမဟုတ်ဘူးရယ် idol group ပါ ... ဒါအစ်ကို့ နာမည်ကတ်။ အစ်ကိုတို့ K Entertainment ကနေ boy group တစ်ခု debut ပေးဖို့ရှိနေတာကြောင့် scouting ခေါ်နေတာပါ"
လင်းသည် ဇဝေဇဝါနှင့်ပင် နာမည်ကတ်ကို အပြောင်းအပြန်ကြည့်လိုက်ဖြစ်သည်။ အခုလက်ရှိအထိ idol group တွင် ပါဝင်ရန်ဆိုသည်ကို အတွေးပင် မတွေးခဲ့ဖူးတာမို့ သူ့စိတ်တွင် အတော်လေးကို အထူးအဆန်းဖြစ်သွားရ၏။ သူကိုယ်တိုင်လဲ နိုင်ငံအစုံမှ idol groupများ၏ သီချင်းများကို နားထောင်နေကျဖြစ်တာမို့ idol cultureနှင့် မစိမ်းသက်လှသော်လည်း သူ၏မူလကျွမ်းကျင်ရာဖြစ်သော orchestraနှင့်တော့ သူစိမ်းဆန်လှသော ဂီတယဉ်ကျေးမှု ဖြစ်၏။
"လင်း သီချင်းဆိုထားတဲ့ အသံဖိုင်ကို အစ်ကိုနားထောင်ကြည့်ပြီးပါပြီ ... တကယ်ကို အလားအလာအများကြီးရှိတယ်လို့ အစ်ကိုတော့ မြင်တယ်ရယ်။ လင်း ... အစ်ကိုတို့ entertainment ဆီ join ဖို့ စိတ်ဝင်စားမလား"
"ကျွန်တော် ဆိုတာရာ ကတာရော ဘာမှမတတ်ဘူး"
"ဪကွယ် coachဆိုတာ အလကားရှိတာကျလို့"
"အတွေ့အကြုံလဲမရှိဘူး"
"ဟောက သီခကိုကြည့် သူဆို စောင်းတီးတာနဲ့ သီချင်းဆိုတာကလွဲ ဘာမှကိုမသိပဲလာတာ ဒါပေမဲ့ အခုလဲ အဆင်ပြေနေတာပဲ ... နောက် ဒီနေ့တော့ မပါလာပေမဲ့ Mistဆိုတဲ့ ကလေးလဲ ရှိသေးတယ်။ သူဆို ..... သူအရင်က ဘာလုပ်လဲတော့မသိဘူး ... ဒါပေမဲ့ သေချာတာကတော့ သူလဲတူတူပဲ။ ပြောရရင် အားလုံးမှာ အတွေ့အကြုံက ဇီးရိုးရယ် ...နော် သီခ "
"ဗျာ ... ဟုတ်...."
သီခက သူ့ကို ကြည့်ကာ ရှက်ကိုးရှက်ကန်းရယ်သည်။ အတော်တော့ထူးဆန်းသော entertainmentဖြစ်၏။ idol အတွေ့အကြုံ ဘာတစ်ခုမှမရှိသည့် မတူညီသော နယ်ပယ်စုံမှ လူတွေကို ဆွဲပေါင်းကာ ဘယ်လိုအဖွဲ့ကိုများ တည်ထောင်ဖို့ ကြိုးစနေပါသနည်း။ အနည်းငယ် ရင်ထိတ်စရာကောင်းသလို စိတ်ဝင်စားစရာတော့လည်း ကောင်း၏။
"ဒါဆို သီခက "
" ကျွန်တော်လဲ အခုမှသင်နေတာရယ်။ အကဆို လိုနေတဲ့နေရာတွေ အများကြီးရှိနေတုန်းပဲ"
"အရင်က music နဲ့ ပတ်သတ်တာ ဘာမှမလုပ်ဖူးဘူးပေါ့"
"ဟုတ်ကဲ့ ငယ်ငယ်က စောင်းတီးတာကလွဲရင်ပေါ့"
သီခမှာ ရုတ်တရက် အမေးခံလိုက်ရတာကြောင့် အနည်းငယ်ချီတုံချတုံ ဖြေမိသွားတာကြောင့် အရှက်ပြေ ဂုတ်ပိုးကိုသာ ပွတ်နေမိသည်။ သို့သော် ထိုအချိန်တွင်ပင် လင်းထံက ထွက်လာသည့် အမေးစကားတစ်ခွန်းက သူ့ကို အံ့ဩမှင်သက်သွားရစေ၏။
"ဒါဆို သီခက ဘာလို့ idol လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ?"
သွယ်ဝိုက်သော မကောင်းသော ရည်ရွယ်ချက်မျိုး စိုးစဉ်းမျှမပါ၊ ပကတိကလေးငယ်တစ်ယောက်၏ ဖြူစင်သော စူးစမ်းလိုစိတ်တစ်ခုတည်းကိုသာ မြင်နေရသော ထိုမျက်ဝန်းပြာများသည် သီခကို စိတ်ဝိဉာဉ်ကိုပါ ထိုးဖောက်ကာကြည့်နေသလားမှတ်ရအောင် ကြည်လင်စူးရှလို့ နေခဲ့သည်။ သီခမှာ ထိုမျက်ဝန်းများကြောင့်မှင်သက်သွားရတာကြောင့် ရုတ်တရက် စကားစပင်ရှာမတွေ့ပဲ ဖြစ်သွားရ၏။ လင်း၏ မျက်လုံးများမှာ သူ့ကို အစစ်မှန်ဆုံး အဖြေကိုသာပေးဖို့ ဖိအားပေးနေသလိုပင် ထင်ရ၏။
သီခသည် အတန်ငယ်မျှကြာအောင် စဉ်းစားပြီးမှ သူ့မျက်လုံးကို တည့်တန်းစွာ ပြန်ကြည့်ရင်း ဖြေလိုက်၏။
"သီချင်းမှမဆိုရရင် တစ်သက်လုံး ပျော်နိုင်မယ်မထင်လို့ပါ...."
လင်းက မျက်တောင်မခတ်တမ်း စူးစိုက်စွာ နားထောင်နေသည်။ သီခမှာ audition ဖြေခဲ့ရစဉ်ကတောင် သည်လောက် စိတ်မလှုပ်ရှားခဲ့ရဟု ထင်နေမိ၏။
"အပျော်တမ်းပဲလုပ်ပြီး နေလို့မရဘူးလားလို့ အစ်ကို့စိတ်ထဲ တွေးကောင်းတွေးမိနိုင်ပေမဲ့ မတူဘူး အစ်ကို။ ကျွန်တော်ကြိုးစားကြည့်ပြီးပြီ။ တစ်ခုခုက ရင်ထဲမှာ ဟာနေတုန်းပဲ။ မလုံလောက်ဘူး။ ဒါပေမဲ့ အဲ့အချိန်မှာပဲ ကိုဂျင်မီတို့နဲ့တွေ့ပြီး chanceတစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲ့တာကြောင့် တစ်သက်မှာ တစ်ခါတော့ စိတ်အလိုလိုက်ကြည့်တာပေါ့လို့တွေးပြီး ဒီအလုပ်ကို စဖြစ်ခဲ့တာပါပဲ"
သီခမှာ ပြောရင်း အာခေါင်တွေပါ ခြောက်လာသလိုခံစားရတာကြောင့် ရေတစ်ခွက်ကို ကမန်းကတန်း မော့ချလိုက်ဖြစ်သည်။ သူကိုယ်တိုင်တောင် ရှင်းလင်းစွာ သဘောမပေါက်သေးသော ခံစားချက်များကို စကားလုံးဖြစ်အောင်၊ တစ်ဖက်လူသဘောပေါက်အောင် ထုတ်ကာပြောရသည့်အလုပ်က တကယ်မလွယ်ကြောဖြစ်၏။ သီခက စကားကိုဆက်လိုက်သည်။
"အခုနက ကိုဂျင်မီ့ဆီက တစွန်းတစကြားရသလောက်တော့ ကိုလင်းလဲ ကျွန်တော်နဲ့ ခပ်ဆင်ဆင် အခြေအနေလို့တော့ ထင်မိတာပါပဲ။ ဘယ်လိုအကြောင်းကြောင့် တောက်လျှောက် အလုပ်ပြန်လုပ်ဖို့ကို ငြင်းနေခဲ့လဲတော့ မသိပေမဲ့ အဆင်ပြေမယ်ဆိုရင် အသစ်တစ်ခုခုကို စမ်းကြည့်ပါလား... တူရိယာတစ်ခုခုကို မတီးတော့ဘူးဆိုတာနဲ့ အနုပညာအလုပ် တစ်ခုလုံးကို စွန့်လိုက်ဖို့ကတော့ ကိုလင်းလဲ နှမျောနေလိမ့်မယ်ထင်တာပဲ။ဆိုတော့ ..."
သီခသည် ခါးကိုမတ်ကာ အသံကို မဆိုစလောက်မြှင့်လိုက်ရင်း ပြောလိုက်၏။
"ကျွန်တော်တို့ဆီ join ကြည့်ဖို့ စဉ်းစားကြည့်ပေးပါလားဗျ"
လင်းက တစ်ခဏမျှကြာအောင် သူ့ကို မမှတ်မသုန်ကြည့်နေတာကြောင့် သီခမှာ ဇောချွေးများပင် ပျံလာရသည်။ စာမေးပွဲ ရလဒ်ကို စောင့်နေရသလိုပင် ခံစားရ၏။ ပြောကြကြေးဆိုလျင် မန်နေဂျာကလုပ်ရသင့်သည့် ဤအလုပ်ကို ဘာကြောင့်များ သူကအစားလုပ်နေရသလဲ သူတကယ်ကို မတွေးတတ်တော့ပါပေ။
တောင်းပန်ပါတယ် .... ကြည့်ပဲမနေပဲ တစ်ခုခုပြောပါဦး ဘရားသားရဲ့!!
ထိုအခိုက်အတန့်တွင်ပင် လင်းသည် သီခ၏ စိတ်ထဲမှတောင်းပန်သံကို ကြားလိုကိသည့်အလား ရုတ်တရက် ပြုံးကာ ဆို၏။
"Alright ... လုပ်တာပေါ့"
ဂျင်မီရော သီခပါ ရုတ်တရက် ဆွံ့အသွားရပြန်သည်။
"ဟင် မစဉ်းစားတော့ဘူးလား"
"ဘာကိုလဲ"
ဂျင်မီနှင့် သီခမှာ ကော်ဖီကို စွက်ကနဲကောက်မော့ကာ အပြင်ကို ချက်ချင်း ထွက်ချသွားသော လင်းနောက် အပြေးတစ်ပိုင်း လိုက်ကြရပြန်သည်။
"တကယ်လုပ်မလုပ်ဆုံးဖြတ်ဖို့လေ"
"အာ ခုနက စဉ်းစားပြီးပြီလေ တော်ပြီပေါ့"
"ဟင် တကယ်ကြီး ဒီလောက်နဲ့ရလို့လား"
"အာ ရပြီ မလိုတော့ဘူး ... သီခပြောတာ နားထောင်ပြီးပြီလေ။ ကျွန်တော်လဲ လက်ခံနိုင်တယ်လို့ ခံစားရတယ်။ အဲ့တော့ကား ...... ဘယ်မှာလဲဗျ ကုမ္ပဏီက"
"နေပါဦး ဘာသွားလုပ်ဖို့လဲ ကုမ္ပဏီက"
"စာချုပ်ချုပ်ကြမယ်လေ တစ်ခါတည်း"
"ဟ မဟုတ်ဘူး ဒီဖက်မှာ လင်းရ .... အဲ့တာထက်ကို နေပါဦးဆိုနေမှ ဟာ .... ပြဿနာပဲ"
တနေ့တာလုံး လျံလျံတောက်အောင် ပူပြင်းပြီးသကာလ ညနေစောင်းတွင် အိပ်စက်အနားယူသွားပြီဖြစ်သည့် နေဝန်းနီနေရာတွင် ညမီးရောင်များက သက်ဝင်လှုပ်ရှားလာသည်။ မပြောင်းမလဲ မီးရောင်အောက်တွင်ပင် တောက်ပနေဆဲဖြစ်သည့်အရာကတော့ လင်း၏ နီယွန်အင်္ကျီဖြစ်၏။
ဂျင်မီနှင့် သီခမှာတော့ ထိုထိုသော တက်ကြွနေသည့် မောင်မင်းကြီးသားကို ဆွဲကာရမ်းကာနှင့် မနည်းစိတ်လျှော့ရန် ပြောနေရသည်။ ဘယ်သူက ဘယ်သူ့ကို scoutဖို့ ရောက်လာခဲ့သလဲပင် မပြောတတ်တော့ပါပေ။
သီခမှာတော့ စိတ်ထဲမှနေ၍ ဘုရားသာ တ,နေမိသည်။ ဤကုမ္ပဏီတွင် သူကလွဲ၍ အခြားသော ပုံမှန်အတွေးအခေါ်နှင့် ပုံမှန်လူရော ရှိရောနိုင်ပါဦးမည်လားဟု တွေးမိခိုက် ရင်တွေတုန်လာတာမို့ ထိုအတွေးကို အလျင်အမြန်ပင် စွန့်ပစ်လိုက်ရ၏။
28/4/22
8:03pm
(ZawGyi)
Step 0.4
Deep blue eyes
ဂ်င္မီသည္ သူ႔မ်က္စိေရွ႕မွ အနီေရာင္ၿပိဳင္ကား အသစ္စက္စက္ကို ၾကည့္ကာ ကားအေရာင္းတာဝန္ခံ၏ ကရားေရလႊတ္ တတြတ္တြတ္ရွင္းျပမႈမ်ားကို တတြတ္တြတ္ နားေထာင္ရင္း သူေရွ႕ရက္မ်ားက ေျပာခဲ့ျဖစ္သည့္ စကားအခ်ိဳ႕ကို ျပန္၍ စဥ္းစားေနျဖစ္သည္။
သူ႔အေဒၚဝမ္းကြဲသည္ အေဒၚဟုသာဆိုေသာ္ျငား ႏွစ္ႏွစ္ခန႔္သာ ႀကီးသူျဖစ္တာေၾကာင့္ ေမာင္ႏွမလိုပင္ ရင္းႏွီး၏။ လင္းကိုလည္း သူကပင္ မိတ္ဆက္ေပးခဲ့တာျဖစ္သည္။
လင္းမွာ ျမန္မာ-အေမရိကန္ ကျပားျဖစ္ေသာ္ျငားငယ္စဥ္ကတည္းက ဟာဝိုင္ယီတြင္သာ ႀကီးျပင္းလာသူျဖစ္ကာ ဤတေလာမွ ျမန္မာျပည္ျပန္လာသူ ျဖစ္၏။ အသက္က ၂၃။ တေယာတီးရာတြင္ အလြန္ထူးခြၽန္ကာ အထက္တန္းႏွင့္ တကၠသိုလ္အစပိုင္းအထိ orchestraဝိုင္းတစ္ခု၏ အဖြဲ႕ဝင္လည္း ျဖစ္ခဲ့ဖူးသည္ဆိုသည္။ ၿပိဳင္ပြဲေတြလည္း အေတာ္ဝင္ခဲ့ဖူးကာ ၿပိဳင္လ်င္လည္း အေခါက္တိုင္းနီးပါး ဆုေတြရရွိခဲ့ဖူးၿပီး အေတာ့္ကိုအလားအလာေကာင္းေသာ အဖြဲ႕ျဖစ္ခဲ့သည္။ သီခ်င္းဆိုထားသည့္ အသံဖိုင္မ်ားကို နားေထာင္ၾကည့္ရသေလာက္ေတာ့ အသံလည္း အေတာ္ေလးေကာင္း၏။
သို႔ေပေသာ္ျငား ထိုေနာက္ပိုင္းတြင္ သူတို႔အဖြဲ႕ မွာ အေၾကာင္းတစ္ခုေၾကာင့္ ၿပိဳကြဲသြားခဲ့ကာ လင္းလည္း က်န္းမာေရးအထိ ဆိုးဆိုးဝါးဝါး ထိခိုက္သြားခဲ့သည္ဟု ဆိုသည္။ ထိုေနာက္ပိုင္းတြင္ လင္းမွာ တေယာကို လုံးဝျပန္မကိုင္ေတာ့ပဲရွိေနခဲ့၏။
သူ႔တစ္မိသားစုလုံးက လင္းကို ဂီတႏွင့္ပတ္သတ္ေသာ အရာတစ္ခုခုကို ျပန္လုပ္ေစခ်င္ၾကေသာ္လည္း လင္းက ခါးခါးသီးသီးျငင္းသည္ ဆိုသည္။ ပါးစပ္ကသာ အဆင္ေျပသည္ဟုဆိုေနေသာ္လည္း တကယ္အဆင္မေျပသည္ကို တစ္မိသားစုလုံးက ရိပ္စားမိေနခဲ့၏။ ထို႔ေၾကာင့္ပင္ စိတ္က်ဥ္းက်ပ္ဟန္တူသာ့္လင္းက စိတ္အေျပာင္းအလဲျဖစ္လိုျဖစ္ျငားဟုရည္႐ြယ္ကာ ျမန္မာျပည္တြင္ ေရာက္ေနသည့္မိခင္က ေခၚကာလာေနခိုင္းခဲ့ပုံရေလသည္။
တိုက္ဆိုင္စြာပင္ ဂ်င္မီမွာလည္း idol group projectအသစ္ကို စတင္ေနခ်ိန္ျဖစ္တာေၾကာင့္ နံေဘးပတ္လည္ ရွိရွိသမွ် အဆက္အသြယ္တိုင္းကို အသုံးခ်ကာ အဆင္ေျပမည့္ကေလးေတြ ရွာေဖြေနစဥ္ျဖစ္ေနခဲ့သည္။ သည္လိုႏွင့္ပင္ အဆက္အသြယ္ အဆင့္ဆင့္ႏွင့္ ထိုဟာဝိုင္ယီသားကေလးမွာ ဂ်င္မီ့ဆီ ေရာက္လို႔လာခဲ့ေလသည္။ မျဖစ္ႏိုင္ေလာက္ဟုဆိုေသာ္ျငား ထိလ်င္ေတာ့လည္း ၿမိဳးၿမိဳးမ်က္မ်က္ရႏိုင္ေသာ Jackpot ျဖစ္တာေၾကာင့္ ဂ်င္မီလည္း စမ္းေတာ့ျမဴဆြယ္ၾကည့္ဦးမည္ဟု ေတြးကာ လက္ခံလိုက္တာျဖစ္သည္။
သို႔ေပေသာ္ျငား ဒီေန႔အထိကို ကာယကံရွင္မွာ ေနာက္ကြယ္တြင္ သည္လိုကိစၥမ်ားရွိေနသည္ကိုမသိပဲ ဂ်င္မီ့ကို ႐ိုး႐ိုးသားသား ကားဝယ္တာ လိုက္ျပေပးမည့္အစ္ကိုႀကီးဟုသာ မွတ္ကာ ေရာက္လာခဲ့တာေၾကာင့္ ဂ်င္မီမွာ ေအာင့္သက္သက္ႏွင့္ပင္ အခုခ်ိန္ထိ ေခ်ာ္လဲေရာထိုင္ေနခဲ့ရတာ ျဖစ္ေတာ့၏။
လင္းမွာ ၂နာရီေက်ာ္ေလာက္ၾကာသည္အထိ ကားဝယ္ဖို႔ၾကည့္ေလသလား ျပခန္းဝယ္ဖို႔ၾကည့္ေလသလားပင္ မကြဲျပားေလာက္ေအာင္ ဆက္၍ၾကည့္ေနဆဲ။ လင္းကသာ ၿပိဳင္ကားကို အလြန္႐ူးသြပ္သေလာက္ ဂ်င္မီကေတာ့ မွန္ရာကိုဝန္ခံရလ်င္ ကားဆိုလ်င္ ဘီးေလးလုံး၊ လွည့္လို႔ရသည့္အဝိုင္းတစ္ခုပါၿပီး စက္ႏွင့္ေ႐ြ႕သည္မွလြဲ၍ ထူးထူးျခားျခားမသိသည္မို႔ သူတို႔ေျပာသမွ်ကို မ်က္လုံးလည္ပါေအာင္သာ လိုက္ၾကည့္ေနရ၏။ သီခကေတာ့ မတ္တတ္ရပ္လ်က္ရွိေတာ့ရွိေနေသးေသာ္လည္း နာမ္ႏွင့္႐ုပ္ေရာ တြဲလ်က္ရွိေနပါေသးရဲ႕လားေတာ့ မေျပာတတ္ပါေပ။
"ဆက္ၾကည့္ခ်င္ေသးလားဟင္"
ဂ်င္မီသည္ အသံကိုမတုန္ေအာင္ မနည္းထိန္းေျပာေနရသည္။
"အာ ... ႏိုး ႏိုး .... ရပါၿပီ။ အစ္ကိုတို႔ ဗိုက္ဆာေနမယ္ထင္တယ္ တစ္ခုခုသြားစားရေအာင္ေလ။ ကြၽန္ေတာ္ေကြၽးပါ့မယ္"
ဂ်င္မီေရာ သီခပါ မ်က္လုံးမ်ားလက္ကနဲျဖစ္သြားၾကသည္။
"မဟုတ္တာ အစ္ကိုေကြၽးပါ့မယ္ ... ေရွ႕ႏွစ္ဘေလာက္ေလာက္က ေကာ္ဖီဆိုင္ဆီပဲ သြားရေအာင္ေလ"
"ရပါတယ္ ကြၽန္ေတာ္ပဲေကြၽးပါ့မယ္ဗ်ာ။ အၾကာႀကီး ေလွ်ာက္သြားထားရတာ ပင္ပန္းတာကို"
လင္းက မွန္တံခါးကိုတြန္းဖြင့္ၿပီးေနာက္ လည္ျပန္လွည့္ၾကည့္ကာ ၿပဳံးရင္းဆိုသည္။ ဆည္းဆာေနက နီယြန္အက်ႌေပၚ ျဖာက်ေလတာမို႔ မ်က္စိက်ိန္းရျပန္ေသာ္ျငား နတ္သားကေလးလို အၿပဳံးမ်က္ႏွာေလးက ထိန္းေနတာမို႔ အၾကည့္လႊဲရကလည္း ခက္လွျပန္သည္။
"ဒါနဲ႔ စကားမစပ္ အစ္ကိုတို႔က ကားဝယ္တာ လိုက္ၾကည့္ေပးဖို႔လာတာ မဟုတ္ဘူးသိလား"
ဆိုင္းမဆင့္ဘုံမဆင့္ ထြက္က်လာေသာစကားေၾကာင့္ သီခက ဂ်င္မီ့ကို အလန႔္တၾကား ၾကည့္၏။ ဂ်င္မီသည္ သီခ၏ '?'မ်ား ပ်ံဝဲေနေသာအၾကည့္ကို ခံစားမိေသာ္လည္း ခပ္တည္တည္ပင္ လင္းကိုသာ ဆက္၍ၾကည့္ေနျဖစ္သည္။ စင္စစ္ေၾတာ ဂ်င္မီမွာ ဒီစကားကို မည္သို႔ေျပာရပါမည္နည္းဆိုသည္ကို တစ္လမ္းလုံးစဥ္းစားေနခဲ့တာ ၾကာၿပီျဖစ္ေသာ္လည္း စဥ္းစားမရတာေၾကာင့္ တိုတိုႏွင့္လိုရင္းပင္ ေျပာခ်လိုက္ရျခင္းျဖစ္ေတာ့၏။
လင္းကေတာ့ ၾကက္ေသေသလ်က္ပင္ သူ႔ကို မ်က္လုံးကေလး ဝိုင္းကာ ၾကည့္ေနသည္။ သူလည္း အေတာ္ေရွာ့ခ္ရသြားမည္ထင္၏။
ထိုသို႔အေတြးႏွင့္ပင္ ထပ္၍ရွင္းျပရန္ ႀကိဳးစားေနစဥ္မွာပင္ ဟိုလိုဂရမ္နတ္သားေလးက သူ႔ကို မထင္မွတ္စြာတုံ႔ျပန္လာေလသည္။
"ဪ ဟုတ္"
တုံ႔ျပန္မႈက ဤႏွစ္လုံးသာျဖစ္၏။ သည္တစ္ခါေတာ့ သီခသာမက ဂ်င္မီပါ '?' ေတြ မနည္းမေနာေဝရသည္။
ဒါပဲလား ..... ဘာလား ဘာလား ?!!!
"အဲ့တာဆိုလဲ အရင္စားၾကတာေပါ့ေနာ္ ဘယ္ဆိုင္ေကာင္းလဲဟင္"
လင္းက ေျပာေျပာဆိုဆိုႏွင့္ပင္ သူယူလာသည့္ ကားဆီသို႔ေလွ်ာက္သြားသည္။ သီခႏွင့္ဂ်င္မီမွာေတာ့ အေျခအေနကို မွန္းမရေအာင္ပင္ ရွိေနၾကေတာ့၏။
ညေနပိုင္း ကားရႈပ္ခ်ိန္ကျဖစ္ေနတာမို႔ ေကာ္ဖီဆိုင္ေရာက္ဖို႔က ထင္တာထက္ ခက္ခဲ့၏။ သို႔ေပသိ လမ္းေလွ်ာက္ရန္ကလည္း ေျခကေညာင္းလွေနၿပီမို႔ ကားစီး၍သာ သြားရသည္။ ေကာ္ဖီဆိုင္ေရာက္သည့္အခါ ဂ်င္မီက ဦးေဆာင္ကာ ေအာ္ဒါမွာေပးသည္။ လင္းကေတာ့ ေကာ္ဖီတစ္ခြက္သာ မွာလိုက္ျဖစ္သည္။
"ဒါနဲ႔ လင္းက အစထဲက သိေနတာလား"
သူ႔ေရွ႕တြင္ထိုင္ရင္း မဝံ့မရဲ ေမးလာသည့္ ဂ်င္မီ့အေမးကိုၾကားရသည့္အခါတြင္ေတာ့ လင္းမွာ ငိုခ်င္လ်က္ႏွင့္သာ သူ႔အျဖစ္သူရယ္မိရ၏။
တစ္ခါလိမ္ခံရလ်င္ သူမ်ားအမွား။ ႏွစ္ခါ၊သုံးခါ လိမ္ခံရလ်င္လည္း သူမ်ားအမွား။
ေလးခါအလိမ္ခံရလ်င္ေတာ့.......
လည္း သူမ်ားအမွားပင္ျဖစ္၏။
တစ္ခါမဟုတ္ ႏွစ္ခါမဟုတ္...သုံးႀကိမ္တိုင္ေအာင္ တစ္ပုံစံထဲ လိမ္လႊတ္ခံရၿပီးေနာက္တြင္ေတာ့ လင္းမွာ အေတာ္အတန္ကို အထာနပ္သြားခဲ့သင့္ၿပီျဖစ္ေသာ္လည္း လူသားမ်ိဳးႏြယ္အေပၚ ယုံၾကည္ခ်င္ေသးသည့္ စိတ္တစ္ခုႏွင့္ ယုံလိုက္မိေလေသာ လင္းမွာ ထပ္၍ ခံလိုက္ရျပန္သည္။
သူ႔မိဘမ်ားမွာ သူတေယာမတီးေတာ့သည့္ေနာက္ပိုင္းကတည္းက သူ႔ကို ဂီတႏွင့္ပတ္သတ္ေတသာ အလုပ္တစ္ခုခုကို ျပန္စျဖစ္ေအာင္ အၿမဲတိုက္တြန္းေနခဲ့ၾကတာခ်ည္းသာျဖစ္သည္။ သူကလည္း တုတ္တုတ္မလႈပ္။ ထိုအခါက် မိဘမ်ားကလည္း တိုက္ကြက္ေျပာင္းသည္။ ဘယ္ကဘယ္လိုရွာေတြ႕လာမွန္းမသိသည့္ orchestra ဝိုင္းမ်ားထံကို လိမ္လိမ္၍ လႊတ္ၾကသည္။ လင္းကလည္း အစကေတာ့ မသိပဲ ေရာက္သြားၿပီးကာမွ ျပန္ျပန္ေျပးရစၿမဲသာျဖစ္၏။
စင္စစ္ ၿပိဳင္ကားဆိုလ်င္ အၿမဲအသံၾကားသည္ႏွင့္ ႏွာေခါင္းရႈံ႕တတ္ေသာ အေမက ထူးျခားလွစြာ ကားၾကည့္ရန္ အကူအညီေပးမည့္သူကိုပါ ရွာေပးသည့္အျပင္ မနက္က အိမ္ကမထြက္ခင္အထိကို ေရွ႕တန္းထြက္မည့္လူလို ဆက္ဆံေနကတည္းက သတိထားမိခဲ့သင့္တာျဖစ္၏။
"မဟုတ္ပါဘူး ... အိမ္က အဲ့လိုပဲ လိမ္ေနက်မို႔ သိပ္surpriseမျဖစ္ေတာ့တာပါ ဟားဟား... အဲ့ေတာ့ အစ္ကိုတို႔ကေရာ ဘယ္က တီးဝိုင္းကလဲဗ်"
ကိုယ့္အျပစ္နဲ႔ကိုယ္မို႔သာ ဟန္ကိုယ့္ဖို႔သာ ေမးလိုက္ရေသာ္လည္း စိတ္ေတာ့နည္းနည္းညစ္၏။ လင္းမွာ တစ္စုံတစ္ေယာက္က ေတာင္းဆိုလ်င္ မျငင္းႏိုင္ရက္ေသာ အက်င့္ရွိသူမို႔ ေတာင္းဆိုမႈကို ျငင္းရသည္မွာ သူ႔အတြက္ အခရ္ခဲဆုံး အလုပ္ျဖစ္၏။
ဂ်င္မီက အနည္းငယ္ အံ့ဩသည့္ မ်က္ႏွာမ်ိဳးျဖင့္ သူ႔ကိုၾကည့္ကာ ဆိုသည္။
"အာ ... အေသးစိတ္ေတာ့ မသိထားေသးဘူးထင္တယ္ ဟုတ္လား။ အစ္ကိုတို႔က တီးဝိုင္းမဟုတ္ဘူးရယ္ idol group ပါ ... ဒါအစ္ကို႔ နာမည္ကတ္။ အစ္ကိုတို႔ K Entertainment ကေန boy group တစ္ခု debut ေပးဖို႔ရွိေနတာေၾကာင့္ scouting ေခၚေနတာပါ"
လင္းသည္ ဇေဝဇဝါႏွင့္ပင္ နာမည္ကတ္ကို အေျပာင္းအျပန္ၾကည့္လိုက္ျဖစ္သည္။ အခုလက္ရွိအထိ idol group တြင္ ပါဝင္ရန္ဆိုသည္ကို အေတြးပင္ မေတြးခဲ့ဖူးတာမို႔ သူ႔စိတ္တြင္ အေတာ္ေလးကို အထူးအဆန္းျဖစ္သြားရ၏။ သူကိုယ္တိုင္လဲ ႏိုင္ငံအစုံမွ idol groupမ်ား၏ သီခ်င္းမ်ားကို နားေထာင္ေနက်ျဖစ္တာမို႔ idol cultureႏွင့္ မစိမ္းသက္လွေသာ္လည္း သူ၏မူလကြၽမ္းက်င္ရာျဖစ္ေသာ orchestraႏွင့္ေတာ့ သူစိမ္းဆန္လွေသာ ဂီတယဥ္ေက်းမႈ ျဖစ္၏။
"လင္း သီခ်င္းဆိုထားတဲ့ အသံဖိုင္ကို အစ္ကိုနားေထာင္ၾကည့္ၿပီးပါၿပီ ... တကယ္ကို အလားအလာအမ်ားႀကီးရွိတယ္လို႔ အစ္ကိုေတာ့ ျမင္တယ္ရယ္။ လင္း ... အစ္ကိုတို႔ entertainment ဆီ join ဖို႔ စိတ္ဝင္စားမလား"
"ကြၽန္ေတာ္ ဆိုတာရာ ကတာေရာ ဘာမွမတတ္ဘူး"
"ဪကြယ္ coachဆိုတာ အလကားရွိတာက်လို႔"
"အေတြ႕အႀကဳံလဲမရွိဘူး"
"ေဟာက သီခကိုၾကည့္ သူဆို ေစာင္းတီးတာနဲ႔ သီခ်င္းဆိုတာကလြဲ ဘာမွကိုမသိပဲလာတာ ဒါေပမဲ့ အခုလဲ အဆင္ေျပေနတာပဲ ... ေနာက္ ဒီေန႔ေတာ့ မပါလာေပမဲ့ Mistဆိုတဲ့ ကေလးလဲ ရွိေသးတယ္။ သူဆို ..... သူအရင္က ဘာလုပ္လဲေတာ့မသိဘူး ... ဒါေပမဲ့ ေသခ်ာတာကေတာ့ သူလဲတူတူပဲ။ ေျပာရရင္ အားလုံးမွာ အေတြ႕အႀကဳံက ဇီး႐ိုးရယ္ ...ေနာ္ သီခ "
"ဗ်ာ ... ဟုတ္...."
သီခက သူ႔ကို ၾကည့္ကာ ရွက္ကိုးရွက္ကန္းရယ္သည္။ အေတာ္ေတာ့ထူးဆန္းေသာ entertainmentျဖစ္၏။ idol အေတြ႕အႀကဳံ ဘာတစ္ခုမွမရွိသည့္ မတူညီေသာ နယ္ပယ္စုံမွ လူေတြကို ဆြဲေပါင္းကာ ဘယ္လိုအဖြဲ႕ကိုမ်ား တည္ေထာင္ဖို႔ ႀကိဳးစေနပါသနည္း။ အနည္းငယ္ ရင္ထိတ္စရာေကာင္းသလို စိတ္ဝင္စားစရာေတာ့လည္း ေကာင္း၏။
"ဒါဆို သီခက "
" ကြၽန္ေတာ္လဲ အခုမွသင္ေနတာရယ္။ အကဆို လိုေနတဲ့ေနရာေတြ အမ်ားႀကီးရွိေနတုန္းပဲ"
"အရင္က music နဲ႔ ပတ္သတ္တာ ဘာမွမလုပ္ဖူးဘူးေပါ့"
"ဟုတ္ကဲ့ ငယ္ငယ္က ေစာင္းတီးတာကလြဲရင္ေပါ့"
သီခမွာ ႐ုတ္တရက္ အေမးခံလိုက္ရတာေၾကာင့္ အနည္းငယ္ခ်ီတုံခ်တုံ ေျဖမိသြားတာေၾကာင့္ အရွက္ေျပ ဂုတ္ပိုးကိုသာ ပြတ္ေနမိသည္။ သို႔ေသာ္ ထိုအခ်ိန္တြင္ပင္ လင္းထံက ထြက္လာသည့္ အေမးစကားတစ္ခြန္းက သူ႔ကို အံ့ဩမွင္သက္သြားရေစ၏။
"ဒါဆို သီခက ဘာလို႔ idol လုပ္ဖို႔ ဆုံးျဖတ္ခဲ့တာလဲ?"
သြယ္ဝိုက္ေသာ မေကာင္းေသာ ရည္႐ြယ္ခ်က္မ်ိဳး စိုးစဥ္းမွ်မပါ၊ ပကတိကေလးငယ္တစ္ေယာက္၏ ျဖဴစင္ေသာ စူးစမ္းလိုစိတ္တစ္ခုတည္းကိုသာ ျမင္ေနရေသာ ထိုမ်က္ဝန္းျပာမ်ားသည္ သီခကို စိတ္ဝိဉာဥ္ကိုပါ ထိုးေဖာက္ကာၾကည့္ေနသလားမွတ္ရေအာင္ ၾကည္လင္စူးရွလို႔ ေနခဲ့သည္။ သီခမွာ ထိုမ်က္ဝန္းမ်ားေၾကာင့္မွင္သက္သြားရတာေၾကာင့္ ႐ုတ္တရက္ စကားစပင္ရွာမေတြ႕ပဲ ျဖစ္သြားရ၏။ လင္း၏ မ်က္လုံးမ်ားမွာ သူ႔ကို အစစ္မွန္ဆုံး အေျဖကိုသာေပးဖို႔ ဖိအားေပးေနသလိုပင္ ထင္ရ၏။
သီခသည္ အတန္ငယ္မွ်ၾကာေအာင္ စဥ္းစားၿပီးမွ သူ႔မ်က္လုံးကို တည့္တန္းစြာ ျပန္ၾကည့္ရင္း ေျဖလိုက္၏။
"သီခ်င္းမွမဆိုရရင္ တစ္သက္လုံး ေပ်ာ္ႏိုင္မယ္မထင္လို႔ပါ...."
လင္းက မ်က္ေတာင္မခတ္တမ္း စူးစိုက္စြာ နားေထာင္ေနသည္။ သီခမွာ audition ေျဖခဲ့ရစဥ္ကေတာင္ သည္ေလာက္ စိတ္မလႈပ္ရွားခဲ့ရဟု ထင္ေနမိ၏။
"အေပ်ာ္တမ္းပဲလုပ္ၿပီး ေနလို႔မရဘူးလားလို႔ အစ္ကို႔စိတ္ထဲ ေတြးေကာင္းေတြးမိႏိုင္ေပမဲ့ မတူဘူး အစ္ကို။ ကြၽန္ေတာ္ႀကိဳးစားၾကည့္ၿပီးၿပီ။ တစ္ခုခုက ရင္ထဲမွာ ဟာေနတုန္းပဲ။ မလုံေလာက္ဘူး။ ဒါေပမဲ့ အဲ့အခ်ိန္မွာပဲ ကိုဂ်င္မီတို႔နဲ႔ေတြ႕ၿပီး chanceတစ္ခုကို ရွာေတြ႕ခဲ့တယ္။ အဲ့တာေၾကာင့္ တစ္သက္မွာ တစ္ခါေတာ့ စိတ္အလိုလိုက္ၾကည့္တာေပါ့လို႔ေတြးၿပီး ဒီအလုပ္ကို စျဖစ္ခဲ့တာပါပဲ"
သီခမွာ ေျပာရင္း အာေခါင္ေတြပါ ေျခာက္လာသလိုခံစားရတာေၾကာင့္ ေရတစ္ခြက္ကို ကမန္းကတန္း ေမာ့ခ်လိုက္ျဖစ္သည္။ သူကိုယ္တိုင္ေတာင္ ရွင္းလင္းစြာ သေဘာမေပါက္ေသးေသာ ခံစားခ်က္မ်ားကို စကားလုံးျဖစ္ေအာင္၊ တစ္ဖက္လူသေဘာေပါက္ေအာင္ ထုတ္ကာေျပာရသည့္အလုပ္က တကယ္မလြယ္ေၾကာျဖစ္၏။ သီခက စကားကိုဆက္လိုက္သည္။
"အခုနက ကိုဂ်င္မီ့ဆီက တစြန္းတစၾကားရသေလာက္ေတာ့ ကိုလင္းလဲ ကြၽန္ေတာ္နဲ႔ ခပ္ဆင္ဆင္ အေျခအေနလို႔ေတာ့ ထင္မိတာပါပဲ။ ဘယ္လိုအေၾကာင္းေၾကာင့္ ေတာက္ေလွ်ာက္ အလုပ္ျပန္လုပ္ဖို႔ကို ျငင္းေနခဲ့လဲေတာ့ မသိေပမဲ့ အဆင္ေျပမယ္ဆိုရင္ အသစ္တစ္ခုခုကို စမ္းၾကည့္ပါလား... တူရိယာတစ္ခုခုကို မတီးေတာ့ဘူးဆိုတာနဲ႔ အႏုပညာအလုပ္ တစ္ခုလုံးကို စြန႔္လိုက္ဖို႔ကေတာ့ ကိုလင္းလဲ ႏွေမ်ာေနလိမ့္မယ္ထင္တာပဲ။ဆိုေတာ့ ..."
သီခသည္ ခါးကိုမတ္ကာ အသံကို မဆိုစေလာက္ျမႇင့္လိုက္ရင္း ေျပာလိုက္၏။
"ကြၽန္ေတာ္တို႔ဆီ join ၾကည့္ဖို႔ စဥ္းစားၾကည့္ေပးပါလားဗ်"
လင္းက တစ္ခဏမွ်ၾကာေအာင္ သူ႔ကို မမွတ္မသုန္ၾကည့္ေနတာေၾကာင့္ သီခမွာ ေဇာေခြၽးမ်ားပင္ ပ်ံလာရသည္။ စာေမးပြဲ ရလဒ္ကို ေစာင့္ေနရသလိုပင္ ခံစားရ၏။ ေျပာၾကေၾကးဆိုလ်င္ မန္ေနဂ်ာကလုပ္ရသင့္သည့္ ဤအလုပ္ကို ဘာေၾကာင့္မ်ား သူကအစားလုပ္ေနရသလဲ သူတကယ္ကို မေတြးတတ္ေတာ့ပါေပ။
ေတာင္းပန္ပါတယ္ .... ၾကည့္ပဲမေနပဲ တစ္ခုခုေျပာပါဦး ဘရားသားရဲ႕!!
ထိုအခိုက္အတန႔္တြင္ပင္ လင္းသည္ သီခ၏ စိတ္ထဲမွေတာင္းပန္သံကို ၾကားလိုကိသည့္အလား ႐ုတ္တရက္ ၿပဳံးကာ ဆို၏။
"Alright ... လုပ္တာေပါ့"
ဂ်င္မီေရာ သီခပါ ႐ုတ္တရက္ ဆြံ႕အသြားရျပန္သည္။
"ဟင္ မစဥ္းစားေတာ့ဘူးလား"
"ဘာကိုလဲ"
ဂ်င္မီႏွင့္ သီခမွာ ေကာ္ဖီကို စြက္ကနဲေကာက္ေမာ့ကာ အျပင္ကို ခ်က္ခ်င္း ထြက္ခ်သြားေသာ လင္းေနာက္ အေျပးတစ္ပိုင္း လိုက္ၾကရျပန္သည္။
"တကယ္လုပ္မလုပ္ဆုံးျဖတ္ဖို႔ေလ"
"အာ ခုနက စဥ္းစားၿပီးၿပီေလ ေတာ္ၿပီေပါ့"
"ဟင္ တကယ္ႀကီး ဒီေလာက္နဲ႔ရလို႔လား"
"အာ ရၿပီ မလိုေတာ့ဘူး ... သီခေျပာတာ နားေထာင္ၿပီးၿပီေလ။ ကြၽန္ေတာ္လဲ လက္ခံႏိုင္တယ္လို႔ ခံစားရတယ္။ အဲ့ေတာ့ကား ...... ဘယ္မွာလဲဗ် ကုမၸဏီက"
"ေနပါဦး ဘာသြားလုပ္ဖို႔လဲ ကုမၸဏီက"
"စာခ်ဳပ္ခ်ဳပ္ၾကမယ္ေလ တစ္ခါတည္း"
"ဟ မဟုတ္ဘူး ဒီဖက္မွာ လင္းရ .... အဲ့တာထက္ကို ေနပါဦးဆိုေနမွ ဟာ .... ျပႆနာပဲ"
တေန႔တာလုံး လ်ံလ်ံေတာက္ေအာင္ ပူျပင္းၿပီးသကာလ ညေနေစာင္းတြင္ အိပ္စက္အနားယူသြားၿပီျဖစ္သည့္ ေနဝန္းနီေနရာတြင္ ညမီးေရာင္မ်ားက သက္ဝင္လႈပ္ရွားလာသည္။ မေျပာင္းမလဲ မီးေရာင္ေအာက္တြင္ပင္ ေတာက္ပေနဆဲျဖစ္သည့္အရာကေတာ့ လင္း၏ နီယြန္အက်ႌျဖစ္၏။
ဂ်င္မီႏွင့္ သီခမွာေတာ့ ထိုထိုေသာ တက္ႂကြေနသည့္ ေမာင္မင္းႀကီးသားကို ဆြဲကာရမ္းကာႏွင့္ မနည္းစိတ္ေလွ်ာ့ရန္ ေျပာေနရသည္။ ဘယ္သူက ဘယ္သူ႔ကို scoutဖို႔ ေရာက္လာခဲ့သလဲပင္ မေျပာတတ္ေတာ့ပါေပ။
သီခမွာေတာ့ စိတ္ထဲမွေန၍ ဘုရားသာ တ,ေနမိသည္။ ဤကုမၸဏီတြင္ သူကလြဲ၍ အျခားေသာ ပုံမွန္အေတြးအေခၚႏွင့္ ပုံမွန္လူေရာ ရွိေရာႏိုင္ပါဦးမည္လားဟု ေတြးမိခိုက္ ရင္ေတြတုန္လာတာမို႔ ထိုအေတြးကို အလ်င္အျမန္ပင္ စြန႔္ပစ္လိုက္ရ၏။
28/4/22
8:03pm