အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေ...
By NNLOON
493K 63.1K 1K
Completed! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့... More
part-5မင်းလေးကိုလိုချင်တာ/မင္းေလးကိုလိုခ်င္တာ
Part-7ရှိုးပဲ့တာ/ရွိုးပဲ့တာ
Part-8နမ်းတော့မလို့/နမ်းတော့မလို့
Part-9စပ်စပ်ယိုအောင်လှတယ်/စပ္စပ္ယိုေအာင္လွတယ္
Part-10နှစ်ဦးသဘောတူ/ႏွစ္ဦးသေဘာတူ
Part-11အလှလေးအစားခံမှgayမယ်/အလွေလးအစားခံမွgayမယ္
Part-12ဇာတ်လိုက်ကျော်ရှုဖုန်း/ဇာတ္လိုက္ေက်ာ္ရွုဖုန္း
Part-13ဘယ်လိုလေးလဲကွာ/ဘယ္လိုေလးလဲကြာ
Part-14စမ်းသပ်ကြည့်ရုံလေး/စမ်းသပ်ကြည့်ရုံလေး
Part-15မျိုးမစစ်ကောင်/မ်ိဳးမစစ္ေကာင္
Part-16 ချေးဘဲ စားနေလိုက်/ေခ်းဘဲ စားေနလိုက္
Part-17ပြည့်တန်ဆာမိခင်/ျပည့္တန္ဆာမိခင္
Part-18ငါလေးသေတော့မှာဘဲ/ငါေလးေသေတာ့မွာဘဲ
Part-19ကိုယ့်အဆောင်မှာလာအိပ်/ကိုယ့္အေဆာင္မွာလာအိပ္
Part-20မင်းလေးရဲ့Hero/မင္းေလးရဲ့Hero
Part-21ချစ်ချင်ချစ်ပေါ့/ခ်စ္ခ်င္ခ်စ္ေပါ့
Part-22စိန်ခေါ်တာလား/စိန္ေခၚတာလား?
Part-24 First Time/First time
Part-25ငါးယောက်အပြိုင်ပလူး/ငါးေယာက္အၿပိဳင္ပလူး
Part-26 နန်းချခြင်း/နန္းခ်ျခင္း
Part-27နိုးတစ်ဝက်အိမ်မက်/နိုးတစ္ဝက္အိမ္မက္
Part-29ထျင်းရှန်းဂေဟာ/ထျင်းရှန်းဂေဟာ
Part-30 စီရငျခကျြ/စီရင်ချက်
Part-31ဖရိုဖရဲဖူးယာ/ဖရိုဖရဲဖူးယာ
Part32 မဆိုးစမျးနဲ့/မဆိုးစမ်းနဲ့
Part-33 သောက်ကလေး/ ေသာက္ကေလး
Part-34 သောက်ရှက်ကွဲ/ေသာက္ရွက္ကြဲ
Part-35သက်ပစ်လိုက်ချင်တယ်/သက္ပစ္လိုက္ခ်င္တယ္
Part-36 သောက်ရူးကောင်/သောက်ရူးကောင်
Part-37 အပေအတေလေး/ အေပအေတေလး
Part-38မင်းလေးရဲ့လင်ကြီး/မင်းလေးရဲ့လင်ကြီး
Part-39 လင်းရာဘုံကျောင်း/လင်းရာဘုံကျောင်း
Part-40 ဘယ်လိုဖြစ်ပြီးငါလေး?/ဘယ်လိုဖြစ်ပြီးငါလေး?
Part-42 ကုန်သည်ခေါင်းဆောင်/ကုန်သည်ခေါင်းဆောင်
Part-43 မိန်းမငယ်လေး/မိန္းမငယ္ေလး
Part-44 မွန်ဂိုမင်းသမီး/မြန္ဂိုမင္းသမီး
Part-45ငလူးရှုဖုန်း/ငလူးရွုဖုန္း
Part-46 စစ်ရေးဗျုဟာ/စစ္ေရးဗ်ဳဟာ
Part-47အမိန့်ပေးသဝဏ်လွှာ/အမိန္႔ေပးသဝဏ္လႊာ
Part-48နွားသိုးနှစ်ကောင်/နွားသို့နှစ်ကောင်
Part-49 ဖားပြုပ်ရိုင်းလေး/ဖားပြုပ်ရိုင်းလေး
Part-50 ကြက်သားဆန်ပြုတ်/ကြက်သားဆန်ပြုတ်
Part-51ဝရမ်းပြေးဘုရင်/ဝရမ်းပြေးဘုရင်
Part-52မရှုမလှပြုတ်ကျသွားရခြင်း/မရွုမလွျပဳတ္က်သြားရျခင္း
Part-53လောင်းကစား/ေလာင္းကစား
Part-54 ဘောကြီးဘဲ.../ေဘာႀကီးဘဲ...
Part-55အကြွေးသုံးကြိမ်/အေႂကြးသုံးႀကိမ္
Ending အရမ်းချစ်တယ်/အရမ္းခ်စ္တယ္
4K 185 20
By NNLOON
Unicode
စိတ်အနှောက်အယှက် ဖြစ်သွားရင် သာသာကကြိုပြီး တောင်းပန်ပါတယ်နော်။Fictionလေးနဲ့ ပတ်သက်ပြီး သေချာပေါက် ရှင်းလင်းပြပေးရမှာလေးတွေ ရှိပါတယ်။
အဓိကကတော့ ဒီလိုမျိုး မေးခွန်းလေးတွေကို ရှင်းပြပေးထားတဲ့ စာကြွင်းသဘောမျိုးလေးသာ ဖြစ်ပါတယ်။
ဖြည်းဖြည်းနဲ့ အေးအေးဆေးဆေးလေး ဖတ်ပေးကြပါနော်။
1/
''ရှောင်ယွီနဲ့ အလှလေး ချင်းလန်ရင်းရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ?သူတို့က တအားရင်းနှီးနေကြပြီး ရှောင်ယွီက ချင်းလန်ရင်းကို ကြိုက်နေတာ တော်တော်လေးကို သိသာနေတယ်။အဲ့ဒါကို အလှလေးချင်းလန်ရင်းကလည်း အလိုက်သထိုက် သို့မဟုတ်လည်း အလိုတူအလိုပါ ဆက်ဆံပေးသလိုကြီးပါ ခံစားနေရတယ်'' ဆိုပြီးပါ။
ရှောင်ယွီနဲ့ ချင်းလန်တို့ ဆက်ဆံရေးက ရိုးရိုးရှင်းရှင်းလေးပါဘဲ။
ကျေးဇူးရှင်နဲ့ ကျေးဇူးသိတက်သူတို့ရဲ့ ဆက်ဆံရေးလေးဘဲပေါ့။
Ficထဲမှာ ရေးသားဖြစ်ခဲ့တဲ့ အကြောင်းအရာ အချို့ရှိပါတယ်။မိခင်နဲ့ အဘိုးဖြစ်သူတို့ သေဆုံးပြီး ချင်းလန်က ရှောင်ယွီတို့အိမ်တော်မှာ လိုက်နေခဲ့ရတယ်။
ရှောင်မိသားစုရဲ့ နောက်ခံထောက်ပံ့မှုနဲ့ သူက စုန့်တိုင်းပြည်ကြီးကိုတောင် သိမ်းနိုင်ခဲ့ပြီး မိခင်နဲ့ မျိုးနွယ်စုတွေအတွက်လည်း လက်စားချေနိုင်ခဲ့တယ်ဆိုပြီးပါ။
ရှောင်မိသားစုက ချင်းလန်အပေါ်မှာ အဲ့လောက်အထိကို ကောင်းခဲ့ပါတယ်။
သေချာပေါက် အကျိုးမျှော်ပြီး ညောင်ရေလောင်းသလိုမျိုး အစပိုင်းမှာတော့ ချင်းလန်ကို ရှုဖုန်းတို့ သားအဖရန်ကနေ လွတ်အောင် သူတို့နဲ့အတူနေခိုင်းပြီး စောင့်ရှောက်ပေးခဲ့တာဆိုပေမဲ့ နောက်ပိုင်းမှာ ချင်းလန်ကို မျိုးနွယ်စုအတွက် လက်စားချေပြီး ဘုရင်ဖြစ်အောင် လုပ်ပေးခဲ့တာကတော့ ရှောင်ယွီက မင်းတို့ထင်သလို ချင်းလန်ရင်းရဲ့အပေါ်မှာ ခံစားချက်ရှိနေခဲ့တာမို့လို့ ယူဆရပါတယ်။
ဒါပေမဲ့ အလှလေးကတော့ ပြတ်သားခဲ့ပါတယ်။ရှောင်ယွီရဲ့အပေါ်မှာ ကျေးဇူးရှင်ဆိုတဲ့ ခံစားချက်ဘဲ ရှိိနေခဲ့တာ ဖြစ်တယ်။အဲ့ဒါကို ဘယ်လိုသိနိုင်လဲဆိုရင်...
Ficထဲမှာ သာသာရှင်းရှင်းလင်းလင်းကို ဖော်ပြထားခဲ့တာလေးတွေ ထပ်ရှိပါသေးတယ်။
ရှောင်ယွီက ဖူးယာနဲ့ အလှလေးတို့ရဲ့ ဆက်ဆံရေးကို ဟိုးအစေားကြီးကတည်းက သိနေခဲ့တယ်။ဘယ်အချိန်ကတည်းကလဲဆိုရင် ဘုရင်ရှုချင်နဲ့ အမက်ကြီးတွေရဲ့အရှေ့မှာ အနီရဲရဲ ဝတ်စုံလေးနဲ့ ကပြပြီး ဖျော်ဖြေခဲ့တဲ့ ညတုန်းကတည်းကပါ။အဲ့နေ့ညတုန်းက အလှလေးက အပယ်ခံနန်းဆောင်မှာ ပိတ်မိနေခဲ့တာဖြစ်ပြီး ဖူးယာတောင် လိုက်သွားခဲ့သေးပါတယ်။ပြီးတော့''ချစ်ချင် ချစ်ပေါ့''ဆိုတဲ့ ခေါင်းစဥ်နဲ့ဘဲ ကိုယ်တွေရဲ့ ဖရိုဖရဲလေးတောင် အလှလေး အစားခံလိုက်ရသေးတယ်><
Btw သာသာပြောချင်တာက အဲ့ဒီညပြီးတော့ လျောင်ပြည်ရဲ့ ထျင်းရှန်းဂေဟာမှာ ရှောင်ယွီနဲ့ ဖူးယာတို့ ဒုတိယတစ်ကြိမ် ပြန်တွေ့ကြတယ်လေ။အဲ့ဒီမှာဘဲ ရှောင်ယွီက ကိုယ်တွေရဲ့ ဖူးယာလေးကို ကြည့်ပြီး...
''ဟွန်း...ထင်သလောက်လည်း မလှပါဘူး''လို့ ပြောလိုက်ပါတယ်။ပြီးတော့ အဲ့ဒီအခန်းမှာဘဲ ရှောင်ယွီနဲ့ဖူးယာပြောဖြစ်ခဲ့တဲ့ စကားတွေကို သွားဖတ်ပေးကြပါ။(Part-33)
အဲ့ဒီpartမှာ ရှောင်ယွီဖူယာလေးကို ပြောတဲ့စကားတိုင်းက ပထမဦးဆုံး သိကျွမ်းကြတဲ့ လူနှစ်ယောက် အကြားမှာ ပြောထွက်ရမည့် စကားမျိုးတွေတော့ မဟုတ်ခဲ့ပါဘူး။
သေချာပေါက် ချင်းလန်ရင်းက ဖူးယာလေးကို သူကချစ်နေပြီး ဖူးယာလေးက သူ့အပိုင်ဆိုတာ ပြောပြထားခဲ့တာမို့သာ တမင်ရန်ရှာပြီး ပြောထွက်လာခဲ့တဲ့ စကားတွေပါ။
အလှလေးကလည်း ဘာဖြစ်လို့ ပြောပြထားခဲ့တာလဲဆိုရင် သူကလည်း ရှောင်ယွီ့သူ့အပေါ်မှာ ထားတဲ့ မရှင်းမလင်း ခံစားချက်ကြီးကို သိနေလို့ဘဲပေါ့။ရှောင်ယွီ့သူအပေါ်မှာထားတဲ့ ခံစားချက်တွေကို ရပ်တန့်စေချင်ခဲ့လို့။
သူ့ရဲ့ကျေးဇူးရှင်လည်း ဖြစ်နေတဲ့ရှောင်ယွီကို တိုက်ရိုက်ကြီး ငြင်းဆန်ပြီး စိတ်ဒုက္ခမဖြစ်စေချင်တာကြောင့် ပညာသားပါပါနဲ့ ငြင်းဆန်ထားခဲ့တာပါ။
2/
ရှောင်ယွီက ချင်းလန်ရင်းကို ဘာလို့ ''ချင်းလန့်''လို့ ခေါ်ခဲ့ရတာလဲ?
ရှောင်ယွီက ချင်းလန်ရင်းကို ''ချင်းလန်''လို့ ခေါ်ပြီး ဖူးယာရဲ့အရှေ့မှာတောင် မရှောင်ဘဲ သူတို့ကြားထဲမှာ ဆက်ဆံရေးတစ်ခုခုရှိသလို ပြုမူနေခဲ့တာကို အားလုံးသိကြမှာပါ။
သူ့ရဲ့ရည်ရွယ်ချက်ကတော့...
ကိုယ်တွေရဲ့ စပ်စလူးဖူးယာလေးကို သူကချင်းလန်ရင်းအတွက် ဘယ်လောက်အရေးပါတဲ့ လူဖြစ်ပြီး/ချင်းလန်လို့ ခေါ်ခွင့်ရရုံနှင့် ဖူးယာလေးက ချင်းလန်ရင်းကို အပိုင်ရလိုက်တာ မဟုတ်ဘူးလို့ ကြေညာမောင်း ခတ်ပြချင်နေခဲ့တာပါဘဲ။
3/
ချင်းလန်ရင်းကရော ရှောင်ယွီက သူ့ကို ''ချင်းလန်''လို့ ခေါ်ခဲ့တာကို ဘာလို့ မငြင်းဆန်ရတာလဲဆိုတဲ့ မေးခွန်း ထပ်ရှိလာပြန်ပါတယ်။
အဲ့ဒီအတွက်ကတော့ သာသာ့မှာ ယူဆပြလို့ရတာဘဲ ရှိပါတယ်။
သာသာ ဥပမာလေးတစ်ခုပေးပါ့မယ်။
တကယ်လို့ ချင်းလန်ရင်းက ရှောင်ယွီကို ''ချင်းလန်လို့ မခေါ်သင့်ဘူး၊အဲ့ဒါက ငါတို့ကြားထဲမှာ မသင့်တော်ဘူး''လို့ ရှောင်ယွီကို ထုတ်ပြောမိလိုက်ပါပြီတဲ့၊
ရှောင်ယွီက သူ့ကို''မသင့်တော်ဘူး၊ဒါဆို ငါတို့ သင့်တော်အောင် လုပ်ကြမယ်၊ငါမင်းကို ကြိုက်တယ် ချင်းလန်''ဆိုပြီး ဖွင့်ပြောမပစ်ပါဘူးလို့ မပြောနိုင်ပါဘူး။
အဲ့ဒါကိုမှ ချင်းလန်က ငြင်းလိုက်ရင် နှစ်ယောက်အကြားမှာ ကို့ရို့ကားယား အခြေအနေကြီးတွေရှိလာမှာ ဖြစ်တယ်။အဓိကကတော့ သူ့အတွက် ကျေးဇူးရှင်ကို စိတ်ဒုက္ခပေးလိုက်ရတာနဲ့ အတူတူဘဲလို့ ခံစားနေရစေပါလိမ့်မယ်။
4/
အဲ့ဒီတော့ မဖြစ်နိုင်လိုက်တာ ချင်းလန်ရင်းက ချင်းလန်လို့ မခေါ်နဲ့ပြောလို့ ရှောင်ယွီက ငါမင်းကိုကြိုက်တယ်လို့ ပြောလိုက်တာကြီးက ဖြစ်နိုင်ပါ့မလား?ဆိုပြီး မင်းတို့ဘက်က မေးစရာ ရှိလာပြန်ပြန်ပါတယ်။
ဖြစ်နိုင်ပါတယ်။ဘာလို့ဆို ရှောင်ယွီက မူရင်းအနှစ်တစ်သောင်း အမှောင်ညများ ဝတ္ထုကြီးရဲ့ ဇာတ်လိုက်ပါ။သူက ကိုယ်တွေရဲ့ ချစ်မွှေးလေးဖူးယာထက် ပိုပြီး လူကပ်တယ်၊ချွဲတက်တယ်၊ကျိစယ်တက်တယ် သူက main shouဖြစ်နေတာမို့ သူ့အနေနဲ့စဥ်းစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်။
ဒါကတော့ အထက်မှာ ပြောခဲ့တဲ့ အတိုင်း ယူဆချက် ဒါမှမဟုတ်လည်း ficထဲမှာပါ ရှင်းပြမထားခဲ့မို့ သာသာ့ရဲ့ စိတ်ကူးယဥ် အတည်ပြုပေးမှု သက်သက်ပါဘဲ။
~
ဒါက သာသာ ထပ်လောင်း ပြောပြချင်တာလေးပါ။
သာသာဒီဇာတ်ကြောင်းကို စပြီး စဥ်းစားဖြစ်ခဲ့တော့ ပထမဦးဆုံး ပုံဖော်အသက်သွင်းရတာက မူရင်းဝတ္ထုရဲ့ ဗီလိန် အလှလေးချင်းလန်းရင်းရဲ့ Charactorပါဘဲ။
အလှလေးရဲ့ နာမည်ကို သာသာက ''ချင်းလန်ရင်း'' လို့ပေးခဲ့ပါတယ်။အဲ့ဒါကလည်း အကြောင်းရှိပါတယ်။
''ချင်း''ဆိုတာက မျိုးရိုးဖြစ်ပြီး ''လန်ရင်း''ဆိုတာက သစ်ခွပန်းပါလို့ ဘာသာပြန် စာအုပ်တစ်ခုထဲကနေ ဖတ်ဖူးလိုက်ပါတယ်။
(အရမ်းကြာခဲ့ပြီမို့ စာအုပ်နာမည် မမှတ်မိ)
အလှလေးရဲ့ ဖြစ်တည်မှုကိုကလည်း တစ်ခြားသစ်ပင်တွေမှာဘဲ ကပ်ပြီး အသက်ဆက်နိုင်တဲ့ သစ်ခွပန်းလေးလို ဖြစ်နေရမယ်ဆိုပြီး တွေးခဲ့တာမို့ အလှလေးရဲ့ ဘဝအခြေအနေလေးကိုလည်း သစ်ခွပန်းလေးလိုဘဲ အားနည်းပြီး တစ်ခြားသူတွေကို အမြဲ မှီခိုနေခဲ့ရတဲ ပုံစံခွက်ထဲဝင်အောင် ဖန်တီးဖြစ်ခဲ့ပါတယ်။သူက ရှုဖုန်းလိုမျိုး ကိုယ်ပိုင်အလင်းရောင်နဲ့ မတောက်ပနိုင်တာ အဲ့လိုမျိုးလေးပေါ့နော်။
သူကိုယ်တိုင်ရဲ့ အင်အားတစ်ခုတည်းနဲ့သာဆို မိခင်နဲ့မျိုးနွယ်စုအတွက်လည်း လက်စားချေနိုင်မှာ မဟုတ်ပါဘူး။ဘုရင်ရှုချင်းရဲ့ နန်းကိုသိမ်းပြီး ဘုရင်တစ်ယောက်လည်း ဖြစ်လာခဲ့မှာမဟုတ်ဘူး။အဲ့ဒီလောက်ဆို ရှောင်ယွီတို့ မိသားစုက သူ့အတွက် ဘယ်လောက်အထိ အရေးပါနေလဲဆိုတာကို မင်းတို့ စဥ်းစားကြည့်လို့ရပါတယ်။
ဒီလိုပြောလို့ ဖူးယာလေးကရော အလှလေးအတွက် ရှောင်ယွီလောက်တောင် အရေးမကြီးခဲ့ဘူးလားဆိုပြီး မတွေးကြပါနဲ့ဦးနော်။
ဖူးယာလေးက အလှအတွက် ဘယ်လို ဖြစ်တည်မှုလဲဆိုတာကို Part40/41 မှာပြောပြဖြစ်ခဲ့ပါသေးတယ်။ငယ်ချစ်ဦးလေးပါ။
အားလုံးသတိထားမိမလားတော့ မသိပေမဲ့ ဖူးယာက အလှလေးရဲ့အရှေ့မှာ ရှောင်ယွီကိုဆဲရင် မကောင်းပြောရင် အလှလေး ပြန်ပြောလေးရှိတာက...
''ရှောင်ယွီတင်မဟုတ်ဘူး ရှောင်အိမ်တော်ကြီးနဲ့ မင်းက ကိုယ့်အတွက် ကမ္ဘာကြီးတစ်ခုလိုဘဲ ဖူးယာတဲ့''(Part/39)
သာသာထည့်ပြီး မရေးသားခဲ့တာမို့သာ၊တကယ်လို့ ရှောင်ယွီက သူ့ရှေ့မှာ ဖူးယာလေးကို မကောင်းပြောလာခဲ့ရင်လည်း အလှလေးက အလားတူဘဲ ဖူးယာလေးကို ကာကွယ်ပြီး ပြောပါလိမ့်မယ် ကလေးတို့ရေ။
အဲ့ဒီတော့ ထပ်ပြောပါရစေ၊အလှလေးနဲ့ရှောင်ယွီရဲ့ ဆက်ဆံရေးက ကျေးဇူးရှင်နဲ့ ကျေးဇူးသိတက်သူအဆင့်ပါဘဲ။အလှလေးစိတ်ထဲမှာ ရှောင်ယွီက ကျေးဇူးရှင်မို့ မဖြစ်မနေ စောင့်ရှောက်ပေးရမယ့် လူတစ်ယောက်။အဲ့ဒီထက် လုံးဝလုံးဝကို မပိုပါဘူး။
ဒီလောက်ဆိုရင် သာသာ့ သားလေး သနားစရာသစ်ခွပန်းလေး ချင်းလန်းရင်းကို အမြင်မကြည် မဖြစ်လောက်ကြတော့ဘူးဘဲ သာသာထင်ပါတယ် ಡ⁠ ͜⁠ ⁠ʖ⁠ ⁠ಡ
စာအရှည်ကြီးနဲ့သာ ရှင်းပြလိုက်ရပေမဲ့ မင်းတို့ နားမလည်ပြီး မေးခွန်းတွေ ထပ်တိုးလာမှာတောင် စိုးရိမ်နေမိပါရဲ့။
ဒီလောက်ပါဘဲ။စိတ်အနှောက်အယှက် ဖြစ်စေမိရင် သာသာက အနူးအညွတ် တောင်းပန်ပါတယ်။
အယောက်ချင်းစီတိုင်းရဲ့ အချိန်ပေးဖတ်ရှုမှုအတွက် သာသာ တကယ်ဘဲ ကျေးဇူးတင်မိပါတယ်။
စင်တင်ဘာလရဲ့ အစဦးဆုံးတစ်ရက် ညချမ်းအချိန်အခါလေးကနေဘဲ ကောင်းချီးဆွတ်ဖျာရတဲ့ နေ့စဥ်နေ့တိုင်းကို အပူပင်ကင်းကင်းနဲ့ ပိုင်ဆိုင်ခွင့်ရကြပါစေလို့ ဆုတောင်းပေးနေလျှက်...
ခေတ်ပျက်ကြီးထဲမှာ သာသာ့ရဲ့ စာချစ်သူလေးတွေ ဘေးကင်းလုံခြုံကြပြီး အစဥ်အမြဲလည်း ကျမ်းမာနေကြပါစေနော်💜
Nine Nine Loon
Zawgyi
1/
2/
3/
4/
~
Nine Nine Loon
Continue Reading
You'll Also Like
448K 39.9K 93
Start Date - 21.1.2022 End Date -???????? တေးရတုဟာအောင်မြင်ကျော်ကြားတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်။သူချစ်မြတ်နိုးတဲ့အလုပ်ကိုစွန့်လွှတ်ကာချစ်ရသူကိုအလုံ...
875K 75.1K 34
27.9K 4.5K 22
လူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချ...
96.3K 8K 23
You're my town, but I 'm in exile seeing you out.