50 Shades of Kim

By Jinsoohyuk_0127

35.5K 2.9K 823

" ဦး ထင်နေသလိုမျိုး ထယ်က ပင်ကိုယ် အကျင့်စာရိတ္တဆိုးတဲ့ ကလေးတစ်ယောက် မဟုတ်ပါဘူး ဦးရယ်...ထယ့်ကို လွှမ်းမိုးထာ... More

Introduction
EPISODE - 1
EPISODE - 2
EPISODE - 3
EPISODE - 4
EPISODE - 5
EPISODE - 6
EPISODE - 7
EPISODE - 8
EPISODE - 9
EPISODE - 10
EPISODE - 11 ❗
EPISODE - 13
EPISODE - 14

EPISODE - 12

1.9K 173 78
By Jinsoohyuk_0127

EPISODE - 12 (Unicode)

ခန္ဓာကိုယ်နေရာအနှံ့မှ တဆစ်ဆစ်နာကျင်ကိုက်ခဲမှုတို့ဖြင့် နိုးထလာခဲ့ရသော မနက်ခင်းလေး...။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်ကွင်းထဲဝင်ရောက်လာသည်က သူ့မျက်နှာကို ရွှန်းရွှန်းစားစား အပေါ်ကမိုးကြည့်နေသော ဦးဂျွန်မျက်နှာကြီး။

" နိုးလာပြီလား ကလေးလေး...မင်းနိုးလာရင် မျက်နှာလိုက်သစ်ပေးမလို့ စောင့်နေတာ "

ပြောပြောဆိုဆို ထယ်ယောင်းနဖူးပြင်ပေါ် ေခြွချလိုက်သော အနမ်းတစ်ပွင့်။ ထယ်ယောင်းက စိတ်မကြည်သလို နှုတ်ခမ်းလေးစူသွားတော့ စပ်ဖြီးဖြီးရယ်ပြရင်း နောက်တစ်ကြိမ် ထပ်နမ်းပြန်သည်။

" သွားပါ...ထယ် ဦးကို စိတ်ကောက်နေတာ စကားလာမပြောနဲ့။ ညက ကိုယ့်ကိုယ်ကိုယ် သေပြီလို့တောင် ထင်ထားတာ။ ချစ်တယ်ပြောပြီး ဘာလို့ ကြမ်းကြမ်းတမ်းတမ်း မညှာမတာလုပ်ရတာလဲ "

စူပုတ်ပုတ်မျက်နှာဖြင့် မျက်စောင်းလေးထိုးကာ မျက်နှာလွှဲသွားသော ထယ်ယောင်းကြောင့် ဦးဂျွန်တို့ အသည်းတယားယားဖြစ်ကာ မျက်နှာကြီးဖြီးလျှက်။ သူ့ဘက်က ထယ်ယောင်းအပေါ် တကယ်မချစ်ပေမယ့် ဒီကလေးကြောင့်ရတဲ့ ပျော်ရွှင်မှုကိုတော​့ သူနှစ်ခြိုက်သည်။

" အချစ်စိတ်တွေ ထိန်းမရသိမ်းမရ ပေါက်ကွဲထွက်ကုန်လို့ ဦး သတိလွတ်သွားတာပါ ထယ်ယောင်းလေးရဲ့။ ဦးရဲ့ကလေးလေးက အရမ်းချစ်ဖို့ကောင်းလွန်းနေတော့ ဦး စိတ်တွေ ထိန်းမရခဲ့ဘူး။ အရမ်းကြမ်းမိသွားရင် တောင်းပန်တယ်နော် "

ထယ်ယောင်း မျက်နှာလှည့်သွားသည့်ဘက် မျက်နှာချင်းဆိုင်မှာ ဝင်လှဲလိုက်ရင်း ပါးပြင်လေးကို ခပ်ဖွဖွလှမ်းကိုင်ရင်း ချော့မော့လာပါသော ဦးက ​ဘယ်ကဘယ်လို တတ်လာသည်မသိသော ပညာပေါင်းများစွာကို ထုတ်ပြတတ်နေပြီ။

" ဖြစ်ပြီးသွားပြီဆိုမှတော့ ဘယ်တတ်နိုင်မှာလဲ။ ဒါပေမယ့် ထယ် အရမ်းကြောက်နေတယ် ဦးရယ်။ ဦးက ထယ့်ကို ချစ်ဟန်ဆောင် အပျော်ကြံ​ြပီး ထားသွားရင် ရင်ကျိုးရချည်ရဲ့။ ဦးကို ချစ်လွန်းလို့သာ အလိုလိုက်ပေးလိုက်ရတာ။ အချိုကုန်ရင် စွန့်ပစ်ခံရတဲ့ ပီကေလိုဘဝမျိုးရောက်မှာကိုတော့ ထယ် အရမ်းကြောက်မိတယ် "

ထယ်ယောင်းစကားတွေက ဦးဂျွန်ကို နင်သွားအောင် တိုက်ရိုက်ထိနေတော့ ဟန်မပျက်အောင် စပ်ဖြီးဖြီးရယ်ပြနေရသည့်အဖြစ်။ တကယ်လည်း အပျော်ကြံနေတာဖြစ်ပေမယ့် ဒီကလေးရဲ့ သနားကမားမျက်နှာလေးနှင့် သနားခံသလို စကားလုံးတွေကြား သူ့စိတ်က ယိုင်ချင်ချင်ရယ်။

" ထယ်ယောင်းလေးက အတွေးတွေလွန်ပြီး ဦးကို မယုံမကြည်ဖြစ်နေတာပဲ။ ဦးက မင်းလေးကို အရမ်းချစ်လွန်းလို့ အဆင့်တွေအများကြီးကျော်ပြီး အခုလို အပိုင်သိမ်းယူလိုက်တာကို တစ်မျိုးမတွေးလိုက်ပါနဲ့ကွာနော်။ ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးလေးကို ဘယ်လိုအရူးက စွန့်ပစ်ရဲမှာလဲ "

စကားလုံးအကြီးကြီးတွေပြီး ဦးဂျွန် လိမ်ညာနေတာသိပေမယ့် ထယ်ယောင်းမျက်နှာက သရုပ်ဆောင်ကောင်းစွာ သနားကမားပုံစံ ဖန်ဆင်းထားဆဲ။ အတွင်းစိတ်မှာ မဲ့ပြုံးတွေရော၊ မချိပြုံးတွေရော ပြုံးနေတာကိုတော့ ဦးမသိနိုင်ဘူးလေ။

္ဟုတ်တာပေါ့ ဦးက အရူးမဟုတ်ဘူးလေ။ အရူးထက်ပိုလည်တဲ့ အရူးပါးကြီး။ ရိုးချင်ယောင်ဆောင်ပြီး သိပ်လည်နေတဲ့ ဦးလိုလူမျိုးက ခဏလေးစားပြီး စွန့်ပစ်ဖို့ထက် ပိပိရိရိသိမ်းသွင်းပြီး တစ်သက်လုံးစားသွားလို့ရအောင် ကြံထားမှာပေါ့။

" ဒါဆို ဦး ကတိပေးနိုင်မလား။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ဘယ်တော့မှ ထယ့်ကို မစွန့်ပစ်သွားပါဘူးလို့​ေလ။ သေတဲ့အထိ ထယ့်အနားမှာ ရှိနေပေးရမယ်နော် "

ဦး ထပ်လိမ်မယ်ဆိုတာ သိနေပေမယ့် ကတိဖောက်ဖို့ကြိုးစားတိုင်း စိတ်ထဲတထင့်ထင့်ဖြစ်နေစေဖို့ သူ့ဘက်က ကတိတောင်းလိုက်သည်။ သူကတိတောင်းတော့ ဦးဂျွန်က အစစ်လားအတုလား ခွဲခြားမရသော အပြုံးဖြင့်ပြုံးပြလျှက်။

" ဘာများလဲလို့ ထယ်ယောင်းလေးရယ် ဒီလောက်ကတိလေးကိုတော့ ဦးဘက်က ရဲရဲကြီးကတိပေးနိုင်တယ်။ ဦးကလေ ဟောဒီက ကလေးလေးကို ဘယ်သောအခါမှ စွန့်ပစ်မှာမဟုတ်သလို မြတ်မြတ်နိုးနိုးနဲ့ တစ်သက်လုံးချစ်သွားမှာ သိလား "

လောကမှာ အလွယ်ကူဆုံးအလုပ်ဖြစ်သော လေဖြင့်ကတိပေးခြင်းကို ခပ်လွယ်လွယ်ပြုလုပ်လိုက်သည့် ဦးဂျွန်ကြောင့် ထယ်ယောင်းစိတ်ထဲ တိတ်တိတ်လေး လှောင်ရယ်မိသည်။ သူ့ကို ဦးဂျွန် မြတ်နိုးတယ်ဆိုတာ နှလုံးသားထဲက မဟုတ်ဘဲ အခြားနေရာကဖြစ်နေတာ သူမသိရင်ခက်မည်။

ကတိကို ပေါ့ပျက်ပျက်ပေးမိရင် အကျိုးဆက်ကိုလည်း လက်ခံနိုင်ဖို့ ကြိုးစားပါ ဦးရယ်။ ကတိကိုဖျက်ပြီး ကျွန်တော့်ကို စွန့်ပစ်ဖို့ကြိုးစားရင်တော့ ဦး တစ်ဘဝလုံး စုတ်ပျက်သတ်သွားအောင် ကျွန်တော် လုပ်ပစ်မယ်။

" အခု ထယ့်ဘဝက ဦးတစ်မျက်နှာကိုပဲကြည့်ပြီး ရှေ့ဆက်သွားရတော့မယ်။ ဦးကို ယုံကြည်ပါရစေနော် "

အတွင်းစိတ်နှင့် ခြားနားစွာသော သနားစဖွယ်လေသံ ဂရုဏာသက်ဖွယ် အကြည့်တို့ဖြင့် ဦးကို အပိုင်သိမ်းသွင်းလိုက်ပါသော ထယ်ယောင်း။ ပိုင်ပြီထင်ပြီး ပိပိရိရိလှည့်စားနေသော ဦးဂျွန်ကတော့ ထယ်ယောင်း သူ့အပေါ် အတော်လေးပစ်ကြွေနေပြီထင်ကာ စိတ်တွေလေထဲမြောက်နေခဲ့သည်။

" ဒီလောက်ထိ ဦးဘက်က ကတိတွေပေးနေတာတောင် မယုံကြည်နိုင်ဘူးလား ကလေးလေးရဲ့။ အလျှော့ပေးမှန်းသိလို့ ဦးကို တမင်ချွဲနေတာလား။ လာပြီး ချွဲစိန်လေး လုပ်နေတယ်။ လူကို အသည်းယားလာအောင် လုပ်နေတာပဲ "

ထယ်ယောင်း ချွဲပြတာ မခံနိုင်သည့်အဆုံး ဦးဂျွန်လည်း အသည်းတယားယားဖြစ်ကာ ပါးလေးနှစ်ဖက်ကို လက်ဝါးဖြင့်ဆွဲညှပ်ရင်း နှာခေါင်းထိပ်ချင်းထိကပ် ကလူလာသည်။ ဘာလိုပဲ ဟန်ဆောင်ချစ်တယ်ပြောပြော ဒီကလေးနဲ့ ပရောပရည်လုပ်ရတာကိုတော့ သူသိပ်သဘောကျသည်။

" နောက်တစ်ခါလောက် ထပ်ရနိုင်မလား။ ဦး မင်းကို အသည်းယားလွန်းလို့ တစ်ခုခုလုပ်ပစ်ချင်နေပြီ "

နှာခေါင်းထိပ်ချင်းထိကပ်ကစားရင်း မျက်လုံးချင်းဆုံကြည့်ကာ အကြည့်စူးစူးဖြင့် တောင်းဆိုလာပြန်သော ဦး။ တစ်ကိုယ်လုံး မလှုပ်နိုင်အောင် နာကျင်ကိုက်ခဲနေတော့ ဒီတစ်ကြိမ် ထယ်ယောင်းတို့ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ငြင်းဆန်ရလေပြီ။

" ဟင့်အင်း ဒီတစ်ကြိမ်တော့ ဦးကို လုံးဝ အလိုမလိုက်နိုင်တော့ဘူးနော်။ တစ်ကိုယ်လုံး ကိုက်ခဲနေတာ သေမတတ်ဘဲ။ ထယ့်ကို တကယ်ချစ်တယ်ဆိုရင် ဒီတစ်ကြိမ်တော့ အလျှော့ပေးပါ "

ခန္ဓာကိုယ်လေးကျုံ့ရင်း အသည်းအသန် ငြင်းနေရှာသော ကလေးငယ်ကြောင့် ဦးဂျွန်လည်း တံတွေးတစ်ချက်မြိုချရင်း အလျှော့ပေးလိုက်သည်။ နောက်လည်း အချိန်တွေအများကြီးရှိသေးတော့ ဒီတစ်ကြိမ်လောက် အလျှော့ပေးဆက်ဆံထားမှ ဖြစ်မည်။

" ဦးက ချစ်လို့စတာပါ။ ညက အရမ်းကြမ်းမိထားတော့ ထယ်ယောင်းလေး အဆင်မပြေနိုင်ဘူးဆိုတာ သိပြီးသား။ အခုနေသာ နောက်တစ်ကြိမ်ထပ်ဖြစ်ရင် ဦးရဲ့ကလေးလေး ဒုက္ခရောက်ကုန်မှာ။ ပါးစပ်ကသာ တမင်ပြောလိုက်တာ ဦး တကယ် မလုပ်ရက်ပါဘူး "

သူတောင်းဆိုသလို ဖြစ်မလာလို့ စကားကို အရှက်ပြေပြန်လျှောချလာသော ဦးကြောင့် ထယ်​ယောင်းစိတ်ထဲ လှောင်ရယ်နေမိသည်။ သူ့ဘက်ကသာ ခွင့်ပြုပေးမယ်ဆို သူဘာပဲဖြစ်နေနေ ဦးက လိုချင်တာကို မရရအောင်ယူသွားမှာ မဟုတ်လား။

" ပြီးရောလေ...ကျွန်တော်က တကယ်ထင်ပြီး အရမ်းလန့်သွားတာ သိရဲ့လား။ ထားပါ...အခု ကျွန်တော့်ကို ရေချိုးခန်းထဲ လိုက်ပို့ပြီး မျက်နှာသစ်ပေးပါဦး။ ခြေတွေရော လက်တွေရော မလှုပ်နိုင်အောင် အားပျက်နေပြီ "

နှုတ်ခမ်းလေးစူ မျက်စောင်းလေးထိုးရင်း အမိန့်ပေးခိုင်းစေနေသော ထိုကလေးငယ်ကို သဘောကျစွာပြုံးပြရင်း စောင်ဖြင့်ပတ်ကာ ပွေ့ချီလိုက်​သော ဦးဂျွန်။ ေစာင်ထုပ်ထဲမှ ပိုးတုံးလုံးလေးလိုဖြစ်နေသော ထယ်ယောင်းက ဦးဂျွန်ပွေ့ချီရာနောက် ယက်ကန်ယက်ကန် ့ပါလာခဲ့တော့တာ။
~~~~~50 shades of Kim~~~~~

သူတို့နှစ်ယောက် အတူနေပြီး နောက်ပိုင်းရက်များကစပြီး ဦးဂျွန်က ထယ်ယောင်းအခန်းထဲ အမြဲလာနေဖြစ်သည်။ ကျောင်းသွားနေချိန်ကလွဲ၍ အချိန်တိုင်း အတူရှိနေခဲ့ကြသည်။

တစ်ယောက်ကိုတစ်ယောက် ရင်ထဲက တကယ်မချစ်သည့်တိုင် ချစ်သူရည်းစားကဲ့သို့ ပရောပရည် ပွတ်သီးပွတ်သပ်နေရတာ သိပ်သဘောကျကြသည်။ မနာချင်စရာကောင်းလောက်အောင် အချိန်တိုင်း ပူးကပ်နေတတ်သည်ကလည်း တကယ့် စုံတွဲအစစ်တွေအတိုင်း။

အချစ်စစ်တစ်ခု မရှိခဲ့သည်ကလွဲ၍ တစ်​ယောက်ကိုတစ်ယောက် အပြန်အလှန် သဘောကျနေသည်ကိုတော့ ငြင်းမရနိုင်။ အိပ်ရာဝင်တိုင်း တစ်ယောက်မျက်နှာတစ်ယောက် တဝကြီးငေးကြည့်ပြီးမှ ရင်ခွင်ထဲ တိုးဝှေ့အိပ်တတ်လာသည်။

ထယ်ယောင်း မနက်အိပ်ရာထတိုင်း ရင််ခွင်ကျယ်ကြီး၏ နွေးထွေးမှုဖြင့် ကြည်ကြည်သာသာ နိုးထရသည်ကို သဘောကျနေခဲ့သလို ဦးကလည်း ထယ်ယောင်း၏ အိစက်စက် ခန္ဓာကိုယ်လေးကို ေထွးပွေ့ရင်း အိပ်ရာဝင် အိပ်ရာထချိန်လေးတွေ ဖြတ်သန်းရတာ သဘောကျနေခဲ့ပြီ။

တစ်ပတ်တာဟူသော အချိန်ကာလအတွင်း သူတို့နှစ်ယောက်ကြား ဒီလောက်အထိ နီးကပ်သွားသည်ကလည်း အံ့သြစရာ ကောင်းချင်ကောင်းနိုင်သည်။ သို့သော် ဖြစ်ပျက်ခဲ့သမျှ ဆက်ပြီးဖြစ်ပျက်နေသမျှက အံ့သြစရာမရှိလောက်အောင် လက်တွေ့ဖြစ်ပျက်နေခဲ့တာ။

အခုလည်း ဦးဂျွန်တို့ သူ့ရင်ခွင်ထဲမှာ အကောင်ပေါက်လေးကိုထွေးပွေ့ထားရင်း နေ့တစ်နေ့၏ မနက်ခင်းကို စတင်ခဲ့ပြီ။ အပြစ်ကင်းပြီး ထိရက်စရှိအောင် လှရက်လွန်းပါသော မျက်နှာလေးကို အိပ်ရာနိုးထချိန်တိုင်း မြင်တွေ့ခွင့်ရနေခြင်းက သူ့အတွက် အထူးကံကောင်းခြင်းပေ။

မျက်လုံးပွင့်ပွင့်ချင်း ထယ်ယောင်း နဖူးပြင်ထက်က ပိုးသားလိုဆံနွယ်လေးများအား လက်ဖြင့်သပ်ဖယ်ရင်း နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်သည်။ ဖြူသန့်နေသော နဖူးပြင်နုနုလေးနှင့် သူ့နှုတ်ခမ်းနှစ်လွှာ ထိတွေ့ချိန်တိုင်း ရင်ဘတ်တစ်ခုလုံး ကျေနပ်ပီတိဖြင့်ပြည့်ကာ နွေးလာသလိုခံစားချက်မျိုးကို သူသိပ်သဘောကျနေခဲ့ပြီ။

နဖူးပြင်ပြီးတော့ ထယ်ယောင်းပါးလေးနှစ်ဖက်ကိုလည်း ထိုနည်းအတိုင်း နူးနူးညံ့ညံ့ ထပ်နမ်းပြန်သည်။ ပါးလေးကို နမ်းပြီးရင်တော့ သူ့ရင်ခွင်ထဲက အကောင်ပေါက်လေးက လှုပ်စိလှုပ်စိဖြင့် နှုိးလာတတ်သည်လေ။

" ဦး အရမ်း ညစ်ပတ်တာပဲ။ သွားလည်း မတိုက်ရသေးဘဲ လူကို လာနမ်းနေတယ် "

ဟော...ကြည့်...ပါးနှစ်ဖက်ကို နမ်းပြီးတာနဲ့ မျက်လုံးလေးတွေပွင့်လာပြီး စူပုတ်ပုတ်လေး ရန်တွေ့နေတဲ့ ဒီကလေးပေါက်စကို...။ မကြိုက်တာလည်း မဟုတ်ဘဲ ဦးကို ဒီလိုပြောလိုက်ရမှ ထယ်ယောင်းတို့ နေသာထိုင်သာ ရှိတတ်သည်။

" နမ်းတာထက် ပိုတာတောင် လုပ်ခဲ့ကြပြီးပြီပဲ။ နမ်းတာလောက်လေးနဲ့ ဦးကို စိတ်ကောက်ချင်နေသေးတာလား.. ဟွန် "

မချိုမချဥ်မျက်နှာဖြင့် ငါးခူခူပြုံးရင်း မျက်ခုံးပင့်ပြလာသော ဦးကြောင့် ထယ်ယောင်းလည်း ရှက်စိတ်ဖြင့် မျက်နှာလေးရဲသွားသည်။ ညကပဲ သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်ကို ပူပူနွေးနွေး ဖြတ်သန်းထားခဲ့တော့ ဦးရဲ့စကားက တကယ့်ကို နေရခက်စေသည်လေ။

" ဦး မကောင်းဘူးကွာ။ ထယ့်ကို အဲ့ဒီအကြောင်းတွေ ပြန်ပြန်ပြောပြီး မစပါနဲ့လား။ ဦးကို ချစ်လွန်းလို့ အရှက်တွေဘာတွေ ခဝါချပြီး အလိုလိုက်ပေးနေတာကို "

ပြောပြောဆိုဆို သူ့ရင်ဘတ်ကို လှမ်းထုလာသော လက်သီးဆုပ်လေးများအား မျက်နှာကြီးဖြီးလျှက် ခွင့်ပြုပေးနေသော ဦးဂျွန်က တကယ့်ကို သည်းခံနိုင်သူကြီးဖြစ်နေခဲ့သလို အနှီ အကောင်ပေါက်လေးကလည်း ဆိုးလို့ရမှန်းသိ၍ ဆိုးနေခဲ့သည်။

" စိတ်မဆိုးပါနဲ့ ထယ်ယောင်းလေးရယ်။ ဦးက မင်းကိုချစ်လွန်းလို့ တမင်စနေတယ်ဆိုတာ သိရဲ့သားနဲ့ကွာ။ ညက ဦးဆန္ဒကို ဖြည့်ဆည်းပေးခဲ့လို့ ထယ်ယောင်းလေးကို တကယ် ကျေးဇူးတင်တယ်နော်။ ဦးအတွက် မင်းပေးဆပ်ထားတာနဲ့ ထိုက်တန်အောင် ဦးဘက်ကလည်း မင်းကို အများကြီး ဂရုစိုက်ကြင်နာပေးမယ် ဟုတ်ပြီလား "

ဦးစကားကို အပြည့်အဝမယုံသော်လည်း ထယ်ယောင်းမျက်နှာက ကျေနပ်စွာပြုံးလို့နေသည်။ တဖြည်းဖြည်း နှစ်ယောက်ကြားက ဆက်ဆံရေးတွေ ပိုနက်ရှိုင်းလာပြီမို့ နောက်တစ်ဆင့် ဆက်တက်ဖို့ ထယ်ယောင်းမှာ အကြံရှိနေခဲ့သည်။

" ဒါဆို ဦးကို ထယ် တောင်းဆိုစရာလေး ရှိတယ်။ ဦး.. တက္ကသိုလ်ကနေ အလုပ်ထွက်ပြီး ထယ့်အတွက် အချိန်အပြည့်ပေးနိုင်မလားဟင်။ စာမသင်ရလည်း ဦးတစ်ဘဝလုံး ဇိမ်ကျကျနဲ့ အေးအေးဆေးဆေး နေထိုင်စားသောက်သွားနိုင်အောင် ထယ့်ဘက်က တာဝန်ယူပေးလို့ရတယ် "

သူ့မေးခွန်းကြားတော့ ဦးက အံံ့သြသလိုကြည့်လာပြီး သေချာစဥ်းစားနေဟန်ဖြင့် ချက်ချင်းငြိမ်သက်သွားသည်။ ဦးဘက်က ဘာအဖြေပဲပေးလာလာ သူလိုချင်တာကို မဖြစ်ဖြစ်အောင်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီးသား ထယ်ယောင်းအတွက်တော့ ရင်ခုန်စရာတောင်မလိုအပ်ခဲ့။

" ဦးကို စဥ်းစားခွင့်လေး ပေးပါဦး။ နှစ်နှစ်ဆယ်နီးပါးလောက် ရှင်သန်လာရတဲ့ တက္ကသိုလ်ပတ်ဝန်းကျင်ကို စွန့်ခွာဖို့ဆိုတာ ဦးအတွက် အရမ်းခက်ခဲတယ်လေ "

ထယ်ယောင်းက နားလည်ပေးဟန်ဖြင့် ပြုံးရွှင်စွာ ခေါင်းညိမ့်ပြလာသည်။ ေတွဝေနေသော ဦးကိုလည်း အားမလိုအားမရဖြစ်ချင်းများစွာဖြင့် ရင်ထဲကလိလိဖြစ်ရသည်။ ဦးဘက်က သူလိုချင်တဲ့ အဖြေမျိုး မပေးနိုင်ခဲ့လျှင် သူ့ဘက်က မဖြစ်ဖြစ်အောင် လုပ်ရတော့မည်။

စဥ်းစားပါ...စိတ်ကြိုက်သာ စဥ်းစားထား။ ဦးဘက်က ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ဦးကို တက္ကသိုလ်မှာ စာဆက်သင်လို့မရတော့တောင် ကျွန်တော်လုပ်ပြမယ်။ မျက်နှာပျက်စရာတွေ ဖြစ်မလာရအာင် အခုကတည်းက လိမ္မာလိုက်စမ်းပါ ဦးရယ်...။

To be Continued...

EPISODE - 12 (Zawgyi)

ခႏၶာကိုယ္ေနရာအႏွံ႔မွ တဆစ္ဆစ္နာက်င္ကိုက္ခဲမႈတို႔ျဖင့္ ႏိုးထလာခဲ့ရေသာ မနက္ခင္းေလး...။ မ်က္လုံးဖြင့္ဖြင့္ခ်င္း ျမင္ကြင္းထဲဝင္ေရာက္လာသည္က သူ႕မ်က္ႏွာကို ႐ႊန္း႐ႊန္းစားစား အေပၚကမိုးၾကည့္ေနေသာ ဦးဂြၽန္မ်က္ႏွာႀကီး။

" ႏိုးလာၿပီလား ကေလးေလး...မင္းႏိုးလာရင္ မ်က္ႏွာလိုက္သစ္ေပးမလို႔ ေစာင့္ေနတာ "

ေျပာေျပာဆိုဆို ထယ္ေယာင္းနဖူးျပင္ေပၚ ေႁခြခ်လိုက္ေသာ အနမ္းတစ္ပြင့္။ ထယ္ေယာင္းက စိတ္မၾကည္သလို ႏႈတ္ခမ္းေလးစူသြားေတာ့ စပ္ၿဖီးၿဖီးရယ္ျပရင္း ေနာက္တစ္ႀကိမ္ ထပ္နမ္းျပန္သည္။

" သြားပါ...ထယ္ ဦးကို စိတ္ေကာက္ေနတာ စကားလာမေျပာနဲ႔။ ညက ကိုယ့္ကိုယ္ကိုယ္ ေသၿပီလို႔ေတာင္ ထင္ထားတာ။ ခ်စ္တယ္ေျပာၿပီး ဘာလို႔ ၾကမ္းၾကမ္းတမ္းတမ္း မညႇာမတာလုပ္ရတာလဲ "

စူပုတ္ပုတ္မ်က္ႏွာျဖင့္ မ်က္ေစာင္းေလးထိုးကာ မ်က္ႏွာလႊဲသြားေသာ ထယ္ေယာင္းေၾကာင့္ ဦးဂြၽန္တို႔ အသည္းတယားယားျဖစ္ကာ မ်က္ႏွာႀကီးၿဖီးလွ်က္။ သူ႕ဘက္က ထယ္ေယာင္းအေပၚ တကယ္မခ်စ္ေပမယ့္ ဒီကေလးေၾကာင့္ရတဲ့ ေပ်ာ္႐ႊင္မႈကိုေတာ​့ သူႏွစ္ၿခိဳက္သည္။

" အခ်စ္စိတ္ေတြ ထိန္းမရသိမ္းမရ ေပါက္ကြဲထြက္ကုန္လို႔ ဦး သတိလြတ္သြားတာပါ ထယ္ေယာင္းေလးရဲ႕။ ဦးရဲ႕ကေလးေလးက အရမ္းခ်စ္ဖို႔ေကာင္းလြန္းေနေတာ့ ဦး စိတ္ေတြ ထိန္းမရခဲ့ဘူး။ အရမ္းၾကမ္းမိသြားရင္ ေတာင္းပန္တယ္ေနာ္ "

ထယ္ေယာင္း မ်က္ႏွာလွည့္သြားသည့္ဘက္ မ်က္ႏွာခ်င္းဆိုင္မွာ ဝင္လွဲလိုက္ရင္း ပါးျပင္ေလးကို ခပ္ဖြဖြလွမ္းကိုင္ရင္း ေခ်ာ့ေမာ့လာပါေသာ ဦးက ​ဘယ္ကဘယ္လို တတ္လာသည္မသိေသာ ပညာေပါင္းမ်ားစြာကို ထုတ္ျပတတ္ေနၿပီ။

" ျဖစ္ၿပီးသြားၿပီဆိုမွေတာ့ ဘယ္တတ္ႏိုင္မွာလဲ။ ဒါေပမယ့္ ထယ္ အရမ္းေၾကာက္ေနတယ္ ဦးရယ္။ ဦးက ထယ့္ကို ခ်စ္ဟန္ေဆာင္ အေပ်ာ္ၾကံ​ျပီး ထားသြားရင္ ရင္က်ိဳးရခ်ည္ရဲ႕။ ဦးကို ခ်စ္လြန္းလို႔သာ အလိုလိုက္ေပးလိုက္ရတာ။ အခ်ိဳကုန္ရင္ စြန္႔ပစ္ခံရတဲ့ ပီေကလိုဘဝမ်ိဳးေရာက္မွာကိုေတာ့ ထယ္ အရမ္းေၾကာက္မိတယ္ "

ထယ္ေယာင္းစကားေတြက ဦးဂြၽန္ကို နင္သြားေအာင္ တိုက္႐ိုက္ထိေနေတာ့ ဟန္မပ်က္ေအာင္ စပ္ၿဖီးၿဖီးရယ္ျပေနရသည့္အျဖစ္။ တကယ္လည္း အေပ်ာ္ၾကံေနတာျဖစ္ေပမယ့္ ဒီကေလးရဲ႕ သနားကမားမ်က္ႏွာေလးႏွင့္ သနားခံသလို စကားလုံးေတြၾကား သူ႕စိတ္က ယိုင္ခ်င္ခ်င္ရယ္။

" ထယ္ေယာင္းေလးက အေတြးေတြလြန္ၿပီး ဦးကို မယုံမၾကည္ျဖစ္ေနတာပဲ။ ဦးက မင္းေလးကို အရမ္းခ်စ္လြန္းလို႔ အဆင့္ေတြအမ်ားႀကီးေက်ာ္ၿပီး အခုလို အပိုင္သိမ္းယူလိုက္တာကို တစ္မ်ိဳးမေတြးလိုက္ပါနဲ႔ကြာေနာ္။ ဒီေလာက္ ခ်စ္စရာေကာင္းတဲ့ ကေလးေလးကို ဘယ္လိုအ႐ူးက စြန္႔ပစ္ရဲမွာလဲ "

စကားလုံးအႀကီးႀကီးေတြၿပီး ဦးဂြၽန္ လိမ္ညာေနတာသိေပမယ့္ ထယ္ေယာင္းမ်က္ႏွာက သ႐ုပ္ေဆာင္ေကာင္းစြာ သနားကမားပုံစံ ဖန္ဆင္းထားဆဲ။ အတြင္းစိတ္မွာ မဲ့ျပဳံးေတြေရာ၊ မခ်ိျပဳံးေတြေရာ ျပဳံးေနတာကိုေတာ့ ဦးမသိႏိုင္ဘူးေလ။

္ဟုတ္တာေပါ့ ဦးက အ႐ူးမဟုတ္ဘူးေလ။ အ႐ူးထက္ပိုလည္တဲ့ အ႐ူးပါးႀကီး။ ႐ိုးခ်င္ေယာင္ေဆာင္ၿပီး သိပ္လည္ေနတဲ့ ဦးလိုလူမ်ိဳးက ခဏေလးစားၿပီး စြန္႔ပစ္ဖို႔ထက္ ပိပိရိရိသိမ္းသြင္းၿပီး တစ္သက္လုံးစားသြားလို႔ရေအာင္ ၾကံထားမွာေပါ့။

" ဒါဆို ဦး ကတိေပးႏိုင္မလား။ ဘာေတြပဲ ျဖစ္လာျဖစ္လာ ဘယ္ေတာ့မွ ထယ့္ကို မစြန္႔ပစ္သြားပါဘူးလို႔​ေလ။ ေသတဲ့အထိ ထယ့္အနားမွာ ႐ွိေနေပးရမယ္ေနာ္ "

ဦး ထပ္လိမ္မယ္ဆိုတာ သိေနေပမယ့္ ကတိေဖာက္ဖို႔ႀကိဳးစားတိုင္း စိတ္ထဲတထင့္ထင့္ျဖစ္ေနေစဖို႔ သူ႕ဘက္က ကတိေတာင္းလိုက္သည္။ သူကတိေတာင္းေတာ့ ဦးဂြၽန္က အစစ္လားအတုလား ခြဲျခားမရေသာ အျပဳံးျဖင့္ျပဳံးျပလွ်က္။

" ဘာမ်ားလဲလို႔ ထယ္ေယာင္းေလးရယ္ ဒီေလာက္ကတိေလးကိုေတာ့ ဦးဘက္က ရဲရဲႀကီးကတိေပးႏိုင္တယ္။ ဦးကေလ ေဟာဒီက ကေလးေလးကို ဘယ္ေသာအခါမွ စြန္႔ပစ္မွာမဟုတ္သလို ျမတ္ျမတ္ႏိုးႏိုးနဲ႔ တစ္သက္လုံးခ်စ္သြားမွာ သိလား "

ေလာကမွာ အလြယ္ကူဆုံးအလုပ္ျဖစ္ေသာ ေလျဖင့္ကတိေပးျခင္းကို ခပ္လြယ္လြယ္ျပဳလုပ္လိုက္သည့္ ဦးဂြၽန္ေၾကာင့္ ထယ္ေယာင္းစိတ္ထဲ တိတ္တိတ္ေလး ေလွာင္ရယ္မိသည္။ သူ႕ကို ဦးဂြၽန္ ျမတ္ႏိုးတယ္ဆိုတာ ႏွလုံးသားထဲက မဟုတ္ဘဲ အျခားေနရာကျဖစ္ေနတာ သူမသိရင္ခက္မည္။

ကတိကို ေပါ့ပ်က္ပ်က္ေပးမိရင္ အက်ိဳးဆက္ကိုလည္း လက္ခံႏိုင္ဖို႔ ႀကိဳးစားပါ ဦးရယ္။ ကတိကိုဖ်က္ၿပီး ကြၽန္ေတာ္႕ကို စြန္႔ပစ္ဖို႔ႀကိဳးစားရင္ေတာ့ ဦး တစ္ဘဝလုံး စုတ္ပ်က္သတ္သြားေအာင္ ကြၽန္ေတာ္ လုပ္ပစ္မယ္။

" အခု ထယ့္ဘဝက ဦးတစ္မ်က္ႏွာကိုပဲၾကည့္ၿပီး ေ႐ွ႕ဆက္သြားရေတာ့မယ္။ ဦးကို ယုံၾကည္ပါရေစေနာ္ "

အတြင္းစိတ္ႏွင့္ ျခားနားစြာေသာ သနားစဖြယ္ေလသံ ဂ႐ုဏာသက္ဖြယ္ အၾကည့္တို႔ျဖင့္ ဦးကို အပိုင္သိမ္းသြင္းလိုက္ပါေသာ ထယ္ေယာင္း။ ပိုင္ၿပီထင္ၿပီး ပိပိရိရိလွည့္စားေနေသာ ဦးဂြၽန္ကေတာ့ ထယ္ေယာင္း သူ႕အေပၚ အေတာ္ေလးပစ္ေႂကြေနၿပီထင္ကာ စိတ္ေတြေလထဲေျမာက္ေနခဲ့သည္။

" ဒီေလာက္ထိ ဦးဘက္က ကတိေတြေပးေနတာေတာင္ မယုံၾကည္ႏိုင္ဘူးလား ကေလးေလးရဲ႕။ အေလွ်ာ့ေပးမွန္းသိလို႔ ဦးကို တမင္ခြၽဲေနတာလား။ လာၿပီး ခြၽဲစိန္ေလး လုပ္ေနတယ္။ လူကို အသည္းယားလာေအာင္ လုပ္ေနတာပဲ "

ထယ္ေယာင္း ခြၽဲျပတာ မခံႏိုင္သည့္အဆုံး ဦးဂြၽန္လည္း အသည္းတယားယားျဖစ္ကာ ပါးေလးႏွစ္ဖက္ကို လက္ဝါးျဖင့္ဆြဲညႇပ္ရင္း ႏွာေခါင္းထိပ္ခ်င္းထိကပ္ ကလူလာသည္။ ဘာလိုပဲ ဟန္ေဆာင္ခ်စ္တယ္ေျပာေျပာ ဒီကေလးနဲ႔ ပေရာပရည္လုပ္ရတာကိုေတာ့ သူသိပ္သေဘာက်သည္။

" ေနာက္တစ္ခါေလာက္ ထပ္ရႏိုင္မလား။ ဦး မင္းကို အသည္းယားလြန္းလို႔ တစ္ခုခုလုပ္ပစ္ခ်င္ေနၿပီ "

ႏွာေခါင္းထိပ္ခ်င္းထိကပ္ကစားရင္း မ်က္လုံးခ်င္းဆုံၾကည့္ကာ အၾကည့္စူးစူးျဖင့္ ေတာင္းဆိုလာျပန္ေသာ ဦး။ တစ္ကိုယ္လုံး မလႈပ္ႏိုင္ေအာင္ နာက်င္ကိုက္ခဲေနေတာ့ ဒီတစ္ႀကိမ္ ထယ္ေယာင္းတို႔ မ်က္လုံးျပဴးမ်က္ဆန္ျပဴးျဖင့္ ျငင္းဆန္ရေလၿပီ။

" ဟင့္အင္း ဒီတစ္ႀကိမ္ေတာ့ ဦးကို လုံးဝ အလိုမလိုက္ႏိုင္ေတာ့ဘူးေနာ္။ တစ္ကိုယ္လုံး ကိုက္ခဲေနတာ ေသမတတ္ဘဲ။ ထယ့္ကို တကယ္ခ်စ္တယ္ဆိုရင္ ဒီတစ္ႀကိမ္ေတာ့ အေလွ်ာ့ေပးပါ "

ခႏၶာကိုယ္ေလးက်ံဳ႕ရင္း အသည္းအသန္ ျငင္းေန႐ွာေသာ ကေလးငယ္ေၾကာင့္ ဦးဂြၽန္လည္း တံေတြးတစ္ခ်က္ၿမိဳခ်ရင္း အေလွ်ာ့ေပးလိုက္သည္။ ေနာက္လည္း အခ်ိန္ေတြအမ်ားႀကီး႐ွိေသးေတာ့ ဒီတစ္ႀကိမ္ေလာက္ အေလွ်ာ့ေပးဆက္ဆံထားမွ ျဖစ္မည္။

" ဦးက ခ်စ္လို႔စတာပါ။ ညက အရမ္းၾကမ္းမိထားေတာ့ ထယ္ေယာင္းေလး အဆင္မေျပႏိုင္ဘူးဆိုတာ သိၿပီးသား။ အခုေနသာ ေနာက္တစ္ႀကိမ္ထပ္ျဖစ္ရင္ ဦးရဲ႕ကေလးေလး ဒုကၡေရာက္ကုန္မွာ။ ပါးစပ္ကသာ တမင္ေျပာလိုက္တာ ဦး တကယ္ မလုပ္ရက္ပါဘူး "

သူေတာင္းဆိုသလို ျဖစ္မလာလို႔ စကားကို အ႐ွက္ေျပျပန္ေလွ်ာခ်လာေသာ ဦးေၾကာင့္ ထယ္​ေယာင္းစိတ္ထဲ ေလွာင္ရယ္ေနမိသည္။ သူ႕ဘက္ကသာ ခြင့္ျပဳေပးမယ္ဆို သူဘာပဲျဖစ္ေနေန ဦးက လိုခ်င္တာကို မရရေအာင္ယူသြားမွာ မဟုတ္လား။

" ၿပီးေရာေလ...ကြၽန္ေတာ္က တကယ္ထင္ၿပီး အရမ္းလန္႔သြားတာ သိရဲ႕လား။ ထားပါ...အခု ကြၽန္ေတာ္႕ကို ေရခ်ိဳးခန္းထဲ လိုက္ပို႔ၿပီး မ်က္ႏွာသစ္ေပးပါဦး။ ေျခေတြေရာ လက္ေတြေရာ မလႈပ္ႏိုင္ေအာင္ အားပ်က္ေနၿပီ "

ႏႈတ္ခမ္းေလးစူ မ်က္ေစာင္းေလးထိုးရင္း အမိန္႔ေပးခိုင္းေစေနေသာ ထိုကေလးငယ္ကို သေဘာက်စြာျပဳံးျပရင္း ေစာင္ျဖင့္ပတ္ကာ ေပြ႕ခ်ီလိုက္​ေသာ ဦးဂြၽန္။ ေစာင္ထုပ္ထဲမွ ပိုးတုံးလုံးေလးလိုျဖစ္ေနေသာ ထယ္ေယာင္းက ဦးဂြၽန္ေပြ႕ခ်ီရာေနာက္ ယက္ကန္ယက္ကန္ ့ပါလာခဲ့ေတာ့တာ။
~~~~~50 shades of Kim~~~~~

သူတို႔ႏွစ္ေယာက္ အတူေနၿပီး ေနာက္ပိုင္းရက္မ်ားကစၿပီး ဦးဂြၽန္က ထယ္ေယာင္းအခန္းထဲ အၿမဲလာေနျဖစ္သည္။ ေက်ာင္းသြားေနခ်ိန္ကလြဲ၍ အခ်ိန္တိုင္း အတူ႐ွိေနခဲ့ၾကသည္။

တစ္ေယာက္ကိုတစ္ေယာက္ ရင္ထဲက တကယ္မခ်စ္သည့္တိုင္ ခ်စ္သူရည္းစားကဲ့သို႔ ပေရာပရည္ ပြတ္သီးပြတ္သပ္ေနရတာ သိပ္သေဘာက်ၾကသည္။ မနာခ်င္စရာေကာင္းေလာက္ေအာင္ အခ်ိန္တိုင္း ပူးကပ္ေနတတ္သည္ကလည္း တကယ့္ စုံတြဲအစစ္ေတြအတိုင္း။

အခ်စ္စစ္တစ္ခု မ႐ွိခဲ့သည္ကလြဲ၍ တစ္​ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ သေဘာက်ေနသည္ကိုေတာ့ ျငင္းမရႏိုင္။ အိပ္ရာဝင္တိုင္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ တဝႀကီးေငးၾကည့္ၿပီးမွ ရင္ခြင္ထဲ တိုးေဝွ႔အိပ္တတ္လာသည္။

ထယ္ေယာင္း မနက္အိပ္ရာထတိုင္း ရင္္ခြင္က်ယ္ႀကီး၏ ေႏြးေထြးမႈျဖင့္ ၾကည္ၾကည္သာသာ ႏိုးထရသည္ကို သေဘာက်ေနခဲ့သလို ဦးကလည္း ထယ္ေယာင္း၏ အိစက္စက္ ခႏၶာကိုယ္ေလးကို ေထြးေပြ႕ရင္း အိပ္ရာဝင္ အိပ္ရာထခ်ိန္ေလးေတြ ျဖတ္သန္းရတာ သေဘာက်ေနခဲ့ၿပီ။

တစ္ပတ္တာဟူေသာ အခ်ိန္ကာလအတြင္း သူတို႔ႏွစ္ေယာက္ၾကား ဒီေလာက္အထိ နီးကပ္သြားသည္ကလည္း အံ့ၾသစရာ ေကာင္းခ်င္ေကာင္းႏိုင္သည္။ သို႔ေသာ္ ျဖစ္ပ်က္ခဲ့သမွ် ဆက္ၿပီးျဖစ္ပ်က္ေနသမွ်က အံ့ၾသစရာမ႐ွိေလာက္ေအာင္ လက္ေတြ႕ျဖစ္ပ်က္ေနခဲ့တာ။

အခုလည္း ဦးဂြၽန္တို႔ သူ႕ရင္ခြင္ထဲမွာ အေကာင္ေပါက္ေလးကိုေထြးေပြ႕ထားရင္း ေန႔တစ္ေန႔၏ မနက္ခင္းကို စတင္ခဲ့ၿပီ။ အျပစ္ကင္းၿပီး ထိရက္စ႐ွိေအာင္ လွရက္လြန္းပါေသာ မ်က္ႏွာေလးကို အိပ္ရာႏိုးထခ်ိန္တိုင္း ျမင္ေတြ႕ခြင့္ရေနျခင္းက သူ႕အတြက္ အထူးကံေကာင္းျခင္းေပ။

မ်က္လုံးပြင့္ပြင့္ခ်င္း ထယ္ေယာင္း နဖူးျပင္ထက္က ပိုးသားလိုဆံႏြယ္ေလးမ်ားအား လက္ျဖင့္သပ္ဖယ္ရင္း နဖူးေလးကို ခပ္ဖြဖြနမ္းလိုက္သည္။ ျဖဴသန္႔ေနေသာ နဖူးျပင္ႏုႏုေလးႏွင့္ သူ႕ႏႈတ္ခမ္းႏွစ္လႊာ ထိေတြ႕ခ်ိန္တိုင္း ရင္ဘတ္တစ္ခုလုံး ေက်နပ္ပီတိျဖင့္ျပည့္ကာ ေႏြးလာသလိုခံစားခ်က္မ်ိဳးကို သူသိပ္သေဘာက်ေနခဲ့ၿပီ။

နဖူးျပင္ၿပီးေတာ့ ထယ္ေယာင္းပါးေလးႏွစ္ဖက္ကိုလည္း ထိုနည္းအတိုင္း ႏူးႏူးညံ့ညံ့ ထပ္နမ္းျပန္သည္။ ပါးေလးကို နမ္းၿပီးရင္ေတာ့ သူ႕ရင္ခြင္ထဲက အေကာင္ေပါက္ေလးက လႈပ္စိလႈပ္စိျဖင့္ ႏႈိးလာတတ္သည္ေလ။

" ဦး အရမ္း ညစ္ပတ္တာပဲ။ သြားလည္း မတိုက္ရေသးဘဲ လူကို လာနမ္းေနတယ္ "

ေဟာ...ၾကည့္...ပါးႏွစ္ဖက္ကို နမ္းၿပီးတာနဲ႔ မ်က္လုံးေလးေတြပြင့္လာၿပီး စူပုတ္ပုတ္ေလး ရန္ေတြ႕ေနတဲ့ ဒီကေလးေပါက္စကို...။ မႀကိဳက္တာလည္း မဟုတ္ဘဲ ဦးကို ဒီလိုေျပာလိုက္ရမွ ထယ္ေယာင္းတို႔ ေနသာထိုင္သာ ႐ွိတတ္သည္။

" နမ္းတာထက္ ပိုတာေတာင္ လုပ္ခဲ့ၾကၿပီးၿပီပဲ။ နမ္းတာေလာက္ေလးနဲ႔ ဦးကို စိတ္ေကာက္ခ်င္ေနေသးတာလား.. ဟြန္ "

မခ်ိဳမခ်ဥ္မ်က္ႏွာျဖင့္ ငါးခူခူျပဳံးရင္း မ်က္ခုံးပင့္ျပလာေသာ ဦးေၾကာင့္ ထယ္ေယာင္းလည္း ႐ွက္စိတ္ျဖင့္ မ်က္ႏွာေလးရဲသြားသည္။ ညကပဲ သူတို႔ႏွစ္ေယာက္ရဲ႕ ဒုတိယအႀကိမ္ကို ပူပူေႏြးေႏြး ျဖတ္သန္းထားခဲ့ေတာ့ ဦးရဲ႕စကားက တကယ့္ကို ေနရခက္ေစသည္ေလ။

" ဦး မေကာင္းဘူးကြာ။ ထယ့္ကို အဲ့ဒီအေၾကာင္းေတြ ျပန္ျပန္ေျပာၿပီး မစပါနဲ႔လား။ ဦးကို ခ်စ္လြန္းလို႔ အ႐ွက္ေတြဘာေတြ ခဝါခ်ၿပီး အလိုလိုက္ေပးေနတာကို "

ေျပာေျပာဆိုဆို သူ႕ရင္ဘတ္ကို လွမ္းထုလာေသာ လက္သီးဆုပ္ေလးမ်ားအား မ်က္ႏွာႀကီးၿဖီးလွ်က္ ခြင့္ျပဳေပးေနေသာ ဦးဂြၽန္က တကယ့္ကို သည္းခံႏိုင္သူႀကီးျဖစ္ေနခဲ့သလို အႏွီ အေကာင္ေပါက္ေလးကလည္း ဆိုးလို႔ရမွန္းသိ၍ ဆိုးေနခဲ့သည္။

" စိတ္မဆိုးပါနဲ႔ ထယ္ေယာင္းေလးရယ္။ ဦးက မင္းကိုခ်စ္လြန္းလို႔ တမင္စေနတယ္ဆိုတာ သိရဲ႕သားနဲ႔ကြာ။ ညက ဦးဆႏၵကို ျဖည့္ဆည္းေပးခဲ့လို႔ ထယ္ေယာင္းေလးကို တကယ္ ေက်းဇူးတင္တယ္ေနာ္။ ဦးအတြက္ မင္းေပးဆပ္ထားတာနဲ႔ ထိုက္တန္ေအာင္ ဦးဘက္ကလည္း မင္းကို အမ်ားႀကီး ဂ႐ုစိုက္ၾကင္နာေပးမယ္ ဟုတ္ၿပီလား "

ဦးစကားကို အျပည့္အဝမယုံေသာ္လည္း ထယ္ေယာင္းမ်က္ႏွာက ေက်နပ္စြာျပဳံးလို႔ေနသည္။ တျဖည္းျဖည္း ႏွစ္ေယာက္ၾကားက ဆက္ဆံေရးေတြ ပိုနက္႐ိႈင္းလာၿပီမို႔ ေနာက္တစ္ဆင့္ ဆက္တက္ဖို႔ ထယ္ေယာင္းမွာ အၾကံ႐ွိေနခဲ့သည္။

" ဒါဆို ဦးကို ထယ္ ေတာင္းဆိုစရာေလး ႐ွိတယ္။ ဦး.. တကၠသိုလ္ကေန အလုပ္ထြက္ၿပီး ထယ့္အတြက္ အခ်ိန္အျပည့္ေပးႏိုင္မလားဟင္။ စာမသင္ရလည္း ဦးတစ္ဘဝလုံး ဇိမ္က်က်နဲ႔ ေအးေအးေဆးေဆး ေနထိုင္စားေသာက္သြားႏိုင္ေအာင္ ထယ့္ဘက္က တာဝန္ယူေပးလို႔ရတယ္ "

သူ႕ေမးခြန္းၾကားေတာ့ ဦးက အံံ႕ၾသသလိုၾကည့္လာၿပီး ေသခ်ာစဥ္းစားေနဟန္ျဖင့္ ခ်က္ခ်င္းၿငိမ္သက္သြားသည္။ ဦးဘက္က ဘာအေျဖပဲေပးလာလာ သူလိုခ်င္တာကို မျဖစ္ျဖစ္ေအာင္လုပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီးသား ထယ္ေယာင္းအတြက္ေတာ့ ရင္ခုန္စရာေတာင္မလိုအပ္ခဲ့။

" ဦးကို စဥ္းစားခြင့္ေလး ေပးပါဦး။ ႏွစ္ႏွစ္ဆယ္နီးပါးေလာက္ ႐ွင္သန္လာရတဲ့ တကၠသိုလ္ပတ္ဝန္းက်င္ကို စြန္႔ခြာဖို႔ဆိုတာ ဦးအတြက္ အရမ္းခက္ခဲတယ္ေလ "

ထယ္ေယာင္းက နားလည္ေပးဟန္ျဖင့္ ျပဳံး႐ႊင္စြာ ေခါင္းညိမ့္ျပလာသည္။ ေတြေဝေနေသာ ဦးကိုလည္း အားမလိုအားမရျဖစ္ခ်င္းမ်ားစြာျဖင့္ ရင္ထဲကလိလိျဖစ္ရသည္။ ဦးဘက္က သူလိုခ်င္တဲ့ အေျဖမ်ိဳး မေပးႏိုင္ခဲ့လွ်င္ သူ႕ဘက္က မျဖစ္ျဖစ္ေအာင္ လုပ္ရေတာ့မည္။

စဥ္းစားပါ...စိတ္ႀကိဳက္သာ စဥ္းစားထား။ ဦးဘက္က ဘယ္လိုပဲ ဆုံးျဖတ္ပါေစ ဦးကို တကၠသိုလ္မွာ စာဆက္သင္လို႔မရေတာ့ေတာင္ ကြၽန္ေတာ္လုပ္ျပမယ္။ မ်က္ႏွာပ်က္စရာေတြ ျဖစ္မလာရအာင္ အခုကတည္းက လိမၼာလိုက္စမ္းပါ ဦးရယ္...။

To be Continued...

Continue Reading

You'll Also Like

2.2M 114K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
310K 10.1K 52
There's no way you're hitting on me right now. ━ Lando Norris x Fem!OC © KissLeclerc , April 2024 Started: April 8, 2024 Completed: May 10, 2...
932K 35.3K 83
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
368K 13.2K 59
After Pein's invasion, Naruto is betrayed by his comrades and left to die. When he wakes up, he somehow travelled back in time to when he was genin a...