L. O. V. E :: The unknown sto...

Da Bi_Lirio

595 55 10

(Z+U) TUS (2) 20.1.2023 Altro

๐Ÿ’™

The Unknown Story

458 44 5
Da Bi_Lirio

[Zawgyi]

""......."" = English

"......." = Korea

*.......* = Myanmar

-------------------

၂၀၂၂ ။

New York City .

တံု႔ခနဲ ရပ္သြားေသာ ကားထက္ဝယ္
ထိုင္ခံုကို မီွ၊ ယုန္သြားမ်ားေပၚသည္အထိ ပါးစပ္ဟကာ အိပ္ေမာက်ေနေသာ ေကာင္ေလးသည္ မႏိုးေသးေပ။

""ေရာက္ၿပီ""

Taxi driver မွ က်ယ္ေလာင္စြာ အသံျပဳမွ
အလန္႔တၾကား ႏိုးလာေတာ့၏။ သြားရည္ကို လက္ခံုႏွင့္ မသိမသာသုတ္ၿပီးေနာက္ မ်က္လံုးဝိုင္းပိုင္ရွင္ ေကာင္ေလးသည္ ကားေပၚမွ မဆင္းေသးဘဲ ကားမွန္မွ ေခါင္းျပဴၿပီး ေနရာမွန္မမွန္ ဦးစြာစစ္ေဆးသည္။

*ဓာတ္ပံုထဲကထက္ မိုက္တယ္ကြာ*

ေသခ်ာၿပီဆိုမွ ကားထဲမွ အထုတ္မ်ားကို ခ်ၿပီး
က်သင့္ေငြ ရွင္းလိုက္သည္။
ထို႔ေနာက္ အိမ္ႀကီးထဲကို ေလွ်ာက္လွမ္းအတိုင္း ဝင္၏။
အိမ္ေရွ႕မ်က္ႏွာစာက ျမက္ခင္းျပင္ကို ေငးရင္း
ျမက္ေပၚမွာ ထိုင္ၿပီး ဂစ္တာ တီး ၊သီခ်င္းဆိုရမည္ ဟု
စိတ္ကူးယဥ္မိေတာ့ သြားမ်ားေပၚေအာင္ ၿပံဳးမိေတာ့သည္။
မာမီ့သူငယ္ခ်င္းငွားေပးထားေသာ အိမ္က
ကြၽန္ေတာ့္အႀကိဳက္ပံုစံမို႔ ေတာ္ပါေသးသည္။ ဒီလိုက်ေတာ့လည္း
ေဘးမွာေခၚၿပီး ဒုကၡေပးဖို႔ မေတြးေသာ အန္တီေမကို
တကယ္ေက်းဇူးတင္ရေတာ့မည္။

အိမ္တံခါးေရွ႕မွာ ရပ္ၿပီး ဘဲလ္တီးလိုက္သည္။

Ting !

ဘဲလ္သံျမည္ၿပီးသည္ႏွင့္ ၾကားလိုက္ရေသာ အသံ။

ဒုန္း!

က်ယ္ေလာင္လြန္းေသာ အသံမို႔
ကြၽန္ေတာ့္အေပ်ာ္ေတြပင္ ေပ်ာက္လုနီးနီး။
ဒီအိမ္ပိုင္ရွင္က အေမရိကန္ခပ္ၾကမ္းၾကမ္းလူဆိုးႀကီးမ်ားလား ဟု ထိတ္လန္႔တၾကား အေတြးဝင္မိခ်ိန္မွာ *သူက ေရွ႕ေန* ဟူေသာ အန္တီေမ့အသံကို ျပန္ၾကားေယာင္မိေတာ့
ကြၽန္ေတာ့္စိုးရိမ္စိတ္က ျပန္ပဲဝင္ရေတာ့မလိုလို။

႐ုတ္တရက္ ပြင့္သြားေသာ တံခါးႏွင့္
ကြၽန္ေတာ္ ျမင္ရေသာ အိမ္ပိုင္ရွင္က
မ်က္ဝန္းေရာင္တလက္လက္ျဖင့္ ၿပံဳးေနေသာသူ။ 
ေမး႐ိုးထင္းထင္း၊ ႏွာတံစင္းစင္းႏွင့္ အေမရိကန္မ်က္ႏွာေပါက္မ်ဳိးေတာ့ မဟုတ္ေပ။
သို႔ေသာ္ ကြၽန္ေတာ့္ကို ေတြ႕ေတြ႕ခ်င္း တည္သြားေသာ မ်က္ႏွာႏွင့္ မိႈင္းညိဳ႕သြားေသာ မ်က္ဝန္းေတြက ကြၽန္ေတာ့္ကို မႀကိဳဆိုခ်င္သည့္ပံုပင္။

""ဘယ္သူလဲ""

မ်က္ေမွာင္ၾကဳတ္ေမးလာသူကို ကြၽန္ေတာ္ အရဲစြန္႔ျပံဳးျပလိုက္သည္။

""ကြၽန္ေတာ္က Juko Maung ပါ...ဒီမွာေနဖို႔"

ႏႈတ္ဆက္စကားေျပာေတာ့ သူက ေဖာ္ေဖာ္ေရြေရြၿပံဳးလာ၏။

""အာ...ေဒါက္တာေမ ေျပာတဲ့ ျမန္မာက ေကာင္ေလးဆိုတာ""

""ဟုတ္ပါတယ္""

""Jay Jung ပါ...ဝင္ခဲ့ပါ""

အိမ္ထဲေရာက္ေတာ့ အိမ္၏ အျပင္အဆင္ကို
လိုက္ၾကည့္ၿပီး သေဘာတက်ၿပံဳးမိသည္။
ပရိေဘာဂနည္းၿပီး ရွင္းလင္းေနေပမယ့္
သန္႔ရွင္းသပ္ရပ္တဲ့ အိမ္မ်ဳိးပဲ။ မီးဖိုခန္းက အနည္းငယ္႐ႈပ္ပြကာ ထိုင္ခံုတစ္လံုး လဲေနတာက ၾကည့္ရဆိုးတာက လြဲရင္ေပါ့။

""ေဆာရီး...ဘဲလ္သံၾကားေတာ့ ငါ နည္းနည္းစိတ္လႈပ္ရွားသြားမိလို႔""

သူက ထိုင္ခံုကို ေနရာတက်ထားၿပီး အားနာဟန္ျဖင့္ ဆို၏။
စားပြဲေပၚက ေဆးလိပ္ခြက္ကို ၾကည့္ၿပီး သူ႕ႏႈတ္ခမ္းေတြ ဘာေၾကာင့္ ျပာေဝေနသလဲ ကြၽန္ေတာ္ သိသြားသည္။ ေဆးလိပ္ေသာက္သူကို ကြၽန္ေတာ္မႀကိဳက္ေသာ္လည္း
အိမ္ငွားႏွင့္ အိမ္ရွင္ဆက္ဆံေရးမို႔
ကိုယ့္အခန္းမွာပဲ ကိုယ္ေနၿပီး ေအးေဆးေနလွ်င္ ဘာျပႆနာမွ တက္ေတာ့မည္ မဟုတ္။

""ကြၽန္ေတာ္က ဘယ္မွာေနရမွာလဲ""

ေလယာဥ္အၾကာႀကီးစီး၊ ကားလည္း စီးလာရတာမို႔
ကြၽန္ေတာ္ နားခ်င္ေနၿပီျဖစ္သည္။

""ဒီေလွကားအတိုင္း တက္သြား...မင္း အခန္းကို ေတြ႕လိမ့္မယ္""

၇ဆင့္ရိွေသာ ေလွကားကို တက္ၿပီးေနာက္
ကြၽန္ေတာ့္၏ နားခိုရာကို ေတြ႕ပါေလၿပီ။
အခန္းထဲ ေရာက္သည္ႏွင့္ အထုတ္မ်ားကို ပစ္ခ်ၿပီး
ကုတင္ေပၚ ကြၽန္ေတာ္ အိပ္ခ်လိုက္သည္။

*အား...အခုမွပဲ*

ႏူးညံ့ေသာ အထိအေတြ႕မ်ားသည္ ကြၽန္ေတာ့္အား
အိပ္စက္ျခင္းဆီ တြန္းပို႔ေနေလေတာ့ မ်က္ခြံမ်ား ေလးလံလာေတာ့သည္။

*************

*ဂ်ဴကို ထေတာ့ေလ*

အေၾကာတစ္ခ်က္ဆန္႔ၿပီး ျပန္အိပ္ခ်င္ေသာ ကြၽန္ေတာ့္စိတ္ကူးက အန္တီေမ၏ လက္ဝါးခ်က္က ေက်ာျပင္ေပၚသို႔ ေရာက္ေသာအခါ လြင့္စင္ပေပ်ာက္ကုန္သည္။
အိပ္ခ်င္စိတ္ကေတာ့ မေျပေသး။ အားရပါးရ တစ္ခ်က္သန္းၿပီး
ကုတင္ေပၚမွ ဆင္းလိုက္ရသည္။

""ေအာင္ဆင္းခဲ့...ညစာစားမယ္""

အန္တီေမသည္ ကြၽန္ေတာ့္အေပၚ ထိုသို႔ ဩဇာေညာင္းလို႔ အေမက ဒီကို စိတ္ခ်လက္ခ် လႊတ္ခဲ့သလား မွတ္ရသည္။
ကြၽန္ေတာ္ အေၾကာထပ္ဆန္႔လိုက္သည္။ ၿပီးေနာက္
အထုတ္ထဲမွ သြားတိုက္တံႏွင့္ လိုအပ္သည္မ်ား ထုတ္ၿပီး ကြၽန္ေတာ့္၏ ေလးလံေသာေျခလွမ္းေတြကို သယ္ကာ
ေရခ်ဳိးခန္းထဲသို႔။

ေအာက္ထပ္တြင္ ညစာစားဖို႔ ဆင္းလာေတာ့ အန္တီေမနဲ႔ သူက စကားဝိုင္းက်ကာ ရယ္ေမာေနၾကသည္။
ေမႊးပ်ံ႕ေသာ ဟင္းရနံ႔သည္ ကြၽန္ေတာ့္ေျခလွမ္းေတြကို ျမန္ဆန္ေစသည္။

ညစာက ၾကက္သားဟင္း! ။
ခရမ္းခ်ဥ္သီးသုပ္လည္း ပါတယ္။

*အန္တီေမ ခ်က္ထားတာလား*

*ဆိုင္ကဝယ္လာတာ...အန္တီေမ ညေနအထိ ဂ်ဴတီရိွလို႔ ဒီေန႔ေတာ့ မခ်က္ေပးႏိုင္ဘူး..နင္စားခ်င္ရင္
အားတဲ့ တစ္ရက္ အန္တီေမ ခ်က္ေကြၽးဦးမယ္*

*အန္တီေမ ျမန္ျမန္အားလပ္ပါေစဗ်ာ*

အန္တီေမ ပန္းကန္ထဲ ဟင္းထည့္ၿပီးေနာက္
ကြၽန္ေတာ္ ထမင္းစဆြဲေတာ့သည္။
ေရျခား ေျမျခားမွာ စားရသည့္ ထမင္းဟင္းမို႔လား မသိ။
အလြန္ အရသာရိွ၏။ ျမန္မာ့ဟန္အတိုင္း ခ်က္ထားၿပီး မဆလာထည့္ထားေတာ့ အနံ႔ေရာ အရသာေရာ ျပည့္စံုသည္။
ခရမ္းခ်ဥ္သီးသုပ္ကလည္း ခ်ဥ္စပ္စပ္ႏွင့္မို႔ အအီေျပေစသည္။

*ျဖည္းျဖည္းစား*

ခက္ရင္းႏွင့္ ဇြန္းႏွင့္ အားရပါးရ နယ္စားေနတဲ့ သူႏွင့္မတူ အန္တီေမက ထမင္းကို ေအးေအးေဆးေဆးစားသည္။

""တစ္ရက္ ဒီမွာ မုန္႔ဟင္းခါး လာလုပ္စားမယ္...
Jay လည္း ႀကိဳက္တယ္မလား""

""မုန္႔ဟင္းခါး?...ႀကိဳက္တာေပါ့""

ထိုသူ၏ 'မုန္႔ဟင္းခါး' ဟူသည့္ ဝဲတဲတဲ အသံေလးကို ၾကားေတာ့ ကြၽန္ေတာ္ ၿပံဳးမိသည္။ ကိုယ့္ဘာသာစကားကို ႏိုင္ငံျခားလူတစ္ေယာက္ေျပာတာ ၾကားရေတာ့လည္း မဆိုစေလာက္ေလး ေပ်ာ္မိတာေပါ့ဗ်ာ။

ညစာစားၿပီးေနာက္ ကြၽန္ေတာ္ အခန္းထဲဝင္ခဲ့သည္။
လူႀကီး၂ ေယာက္၏ ပ်င္းစရာစကားဝိုင္းမွာ ပ်င္းပ်င္းရိရိထိုင္မေနခ်င္ပါ။ အခန္းထဲေရာက္ေတာ့
ျမန္မာႏိုင္ငံမွာ က်န္ခဲ့သည့္ ေဘာ္ဒါေဘာ္ခ်က္မ်ားဆီ ဖုန္းဆက္ဒုကၡေပးေတာ့၏။ New York မွာ ည ၆နာရီေက်ာ္ဆိုေတာ့ ဟိုမွာ မနက္ ၅ခြဲေလာက္ပဲ ရိွဦးမွာ။
ကာလနဂါးအမ်ဳိးေတြက ႏိုးၾကဦးမွာ မဟုတ္။
ကြၽန္ေတာ္က ေစတနာ ဗရပြျဖင့္ ဖုန္းဆက္ေခၚႏိႈးေပးရမည္။
တကယ္ ေစတနာ ထားတာပါ။

*************

အိပ္ေရးဝသျဖင့္ New York ၏ ပထမဆံုး
မနက္ခင္းမွာ ကြၽန္ေတာ္ လန္းဆန္းတက္ႂကြေနသည္။
အန္တီေမ ဝယ္ခဲ့ေသာ အုန္႔ႏို႔ေခါက္ဆြဲကို  အဝဆြဲျပီး
ေက်ာင္းတက္ဖို႔ ကိစၥအဝဝကို ကူညီေပးဖို႔ အန္တီေမက ေက်ာင္းကို လိုက္ခဲ့သည္။

""သြားၿပီ Jay ""

အိမ္ထဲမွ ထြက္ေတာ့ အန္တီေမ၏  နႈတ္ဆက္စကားကို
သူက အၿပံဳးႏွင့္ ေခါင္းညိတ္အသိအမွတ္ျပဳသည္။

ကြၽန္ေတာ္ ဒီကိုလာတာ ကိုယ္ဝါသနာပါသည့္ ဂီတကို အခ်ိန္ေပးခ်င္လို႔။ အေဖနဲ႔အေမ ဆႏၵအတိုင္း ဒီမွာ ေက်ာင္းလာတက္ရင္း ကြၽန္ေတာ့္၏ ဂီတခရီးေပါက္ေအာင္ ႀကိဳးစားခ်င္သည္။ ေက်ာင္းအားခ်ိန္၊ ေက်ာင္းပိတ္ရက္ေတြတိုင္း ကိုယ္တီးတတ္ေသာ သီခ်င္းမ်ားကို လမ္းမမ်ား၊ ဘူတာ႐ံုမ်ားတြင္ တီးေတာ့ သေဘာက်သူမ်ားရိွသျဖင့္ ဆက္ႀကိဳးစားခ်င္စိတ္ျဖစ္ေပၚကာ အားတက္ရပါသည္။
တခါတေလ အိမ္ေရွ႕ျမက္ခင္းက်ယ္မွာ ဂီတာတီး၊ သီခ်င္းဆိုပါေသးသည္။ ထိုအခါတိုင္း သူက အိမ္အျပင္ထြက္ထိုင္ၿပီး ဂ႐ုတစိုက္နားေထာင္ေပးတတ္သလို လက္ခုပ္အက်ယ္ႀကီးတီးကာ အားေပးတတ္၏။

ေရာက္စကေတာ့ သူကသူ၊ ကိုယ္ကကိုယ္ ဆိုၿပီး ကင္းကင္းရွင္းရွင္းေနမယ္ စိတ္ကူးသမွ်ဟာ
သူ႕အားေပးသံမ်ားေၾကာင့္ သူႏွင့္ ရင္းႏီွးခ်င္စိတ္ျဖစ္လာမိသည္။ ကြၽန္ေတာ့္အေၾကာင္းနဲ႔ ကြၽန္ေတာ့္ဂီတကို စိတ္ဝင္တစား နားေထာင္ေပးတတ္တဲ့
သူ၏ အေၾကာင္းကိုလည္း ကြၽန္ေတာ္ နားေထာင္ေပးခ်င္မိပါသည္။
သူ ကြၽန္ေတာ့္ကို လိုလိုလားလား ေျပာျပခဲ့ရင္ေပါ့ေလ။

ကြၽန္ေတာ္ ဒီကို ေရာက္တာပဲ ၂လ ရိွေနၿပီ။
ေဒါက္တာ ေမျမတ္ခိုင္၏ အားလပ္ရက္သည္
အလွည့္ကို မက်လာ။ အန္တီေမက မအားေတာ့သည့္အဆံုး
Little Myanmar မွ မုန္႔ဟင္းခါးကိုပဲ ဝယ္ေကြၽးလာ၏။

""စားေကာင္းလား""

""အင္း""

သူ မုန္႔ဟင္းခါးကို တကယ္ႀကိဳက္ပံုပါ။
စားေနတာ ၂ပြဲေတာင္ ကုန္ေတာ့မည္။

""Jay က အန္တီေမနဲ႔ ဘယ္လိုသိတာလဲ""

သူက ကြၽန္ေတာ့္ထက္ အသက္ႀကီးလို႔ အန္ကယ္တပ္ေခၚဖူးေပမယ့္ သူက သက္ေတာင့္သက္သာျဖစ္ေအာင္ ဒီကလူေတြ ေခၚသလိုပဲ
ေခၚပါတဲ့။

""ငါက ေဒါက္တာေမရဲ႕ လူနာပါ""

၃၆ ႏွစ္ပဲ ရိွေသးသည့္ Jay သည္ ေဆးလိပ္ကို ေရကုန္ေရခမ္းေသာက္တတ္သျဖင့္ သာမန္လူထက္
အသားအရည္က မြဲေျခာက္၏။ အသားအရည္နဲ႔လိုက္ဖက္စြာ
Jay မ်က္လံုးမ်ားသည္လည္း အခ်ိန္တိုင္း ညိဳ႕မိႈင္းလို႔။
ကြၽန္ေတာ္ ဂီတာတီးသည့္ အခ်ိန္သာ ေတာက္ပလာတတ္ေသာ မ်က္ဝန္းညိဳတစ္စံု။ ထိုအခ်ိန္မ်ဳိးဆို Jay၏ ျပာေဝေသာ ႏႈတ္ခမ္းကလည္း နက္နက္႐ိႈင္း႐ိႈင္းၿပံဳးတတ္ပါေသးသည္။ ဆိုေတာ့ ။အေဝးႀကီးစဥ္းစားစရာမလို။ ေဆးလိပ္ေၾကာင့္ သူေရာဂါရသြားျခင္း ျဖစ္မည္။

""ဘာေရာဂါျဖစ္ေနလို႔လဲ""

""အထူးအဆန္းမဟုတ္ပါဘူး. ဂ်ဴကိုေမာင္..အဆုတ္ကင္ဆာပါ""

သူက တည္တည္ၿငိမ္ၿငိမ္ပဲေျဖသည္။
အဆုတ္ကင္ဆာျဖစ္ေနျခင္းကို စိတ္မေကာင္းျခင္း၊ ဝမ္းနည္းျခင္း အရိပ္အေငြ႕ေလးေတာင္ မခံစားရ။
သူေျပာတာ မမွားပါဘူး။ ေဆးလိပ္ေသာက္လို႔
အဆုတ္ကင္ဆာျဖစ္သည္။ ဘာထူးဆန္းသလဲ။
သို႔ေပမယ့္ ကြၽန္ေတာ့္အတြက္ ထူးဆန္းတာ ရိွသည္။

""ေဆးလိပ္မျဖတ္ေသးဘူးလား...
Jay ေဆးေသာက္တာလည္း မေတြ႕ဘူး""

ကြၽန္ေတာ္ ပထမဆံုးအႀကိမ္ သူ႕ကိုယ္ေရးကိုယ္တာကို စြက္ဖက္မိျခင္းပါ။ သူက ေခါင္းခါၿပီး ေအးေဆးပဲ ေျဖသည္။

""စြဲေနၿပီေလ...မျဖတ္ခ်င္ေတာ့ဘူး...
ေဆးေသာက္ေတာ့ေရာ ဘာထူးသြားမွာလဲ""

ကြၽန္ေတာ္ အံ့ဩမိသည္။ အန္တီေမသည္ သူ႕ကို
မည္သို႔ ကုသေနသနည္း။

""အန္တီေမ သိလား""

""ေဒါက္တာနဲ႔ငါ နားလည္မႈ ယူထားပါတယ္""

ေသခ်ာပါသည္။ တစ္ခါတစ္ခါ အန္တီေမက သူနဲ႔အတူ ေဆးလိပ္ေသာက္တတ္ေသးတာပဲ။

""Jayက ေရွ႕ေနဆို...႐ံုးသြားတာလည္း မေတြ႕ဘူး""

ကြၽန္ေတာ္ ဘယ္အခ်ိန္တုန္းက သူ႕အေၾကာင္း ဒီေလာက္သိခ်င္သြားရသနည္း။
သူ ေျပာျပမွ နားေထာင္မယ္ ဆိုရာက
ကိုယ္တိုင္ ေမးျမန္းစပ္စုမိေနၿပီ။
သူက မေျဖေသးဘဲ မုန္႔ဟင္းခါးစားထားသည့္ပန္းကန္ ထေဆးသည္။

""ထားလိုက္....ကြၽန္ေတာ္ပဲ ေဆးလိုက္မယ္""

""ရတယ္ ဂ်ဴကိုေမာင္""

""ကြၽန္ေတာ္ ေမးတာေျဖေပးဦး""

သူ႕ပန္းကန္ကို လုလိုက္ေတာ့ ကြၽန္ေတာ့္အျပဳအမူေၾကာင့္
သူ ၿပံဳးသည္။ ပိရိေသာ ႏႈတ္ခမ္းပါးေလး ေကြးၫြတ္႐ံုေလာက္ပါပဲ။ သူ ကြၽန္ေတာ့္ကို ႐ိုင္းတယ္ ထင္ေကာင္းထင္သြားလိမ့္မည္။ ႀကိဳက္သလို ထင္ပါေစ။ ကြၽန္ေတာ္က အဆံုးထိသိခ်င္ၿပီဆို မရဘူး။
အခုခ်က္ခ်င္း သိရမွ။
အခ်ိန္ဆြဲတာမ်ဳိးကိုလည္း မႀကိဳက္ဘူး။

""ရွားရွားပါးပါး က်န္တဲ့ အခ်ိန္ကို ငါ့စိတ္ႀကိဳက္ေနခ်င္လို႔ အလုပ္ထြက္လိုက္တာ မၾကာေသးပါဘူး""

""Jay ေရာဂါက ကုလို႔ရေသးရင္ အခ်ိန္မဆြဲထားသင့္ဘူး""

ကြၽန္ေတာ္ ေနာက္တစ္ၾကိမ္ ဝင္စြက္ဖက္မိျပန္ၿပီ။

""ငါလည္း ျပန္ေကာင္းခ်င္ပါတယ္....ဒါေပမဲ့ ခဏကေျပာထားသလိုပဲ...မရေတာ့ဘူး..
.ငါ ေဆးလိပ္ကို စြဲလမ္းေနၿပီ""

""Jay မွာ ျပန္ေကာင္းခ်င္စိတ္ 100 % ရိွတာ ေသခ်ာရဲ႕လား""

ကြၽန္ေတာ့္စကား ေဘာင္ေက်ာ္သြားသလိုပဲ။
သူ႕၏ အၾကည့္စူးစူးက ကြၽန္ေတာ့္ထံကို ေရာက္လာ၏။

""ေသခ်ာတာေပါ့...1% ေတာင္ မရိွဘူး...
ငါ ေဆးလိပ္ေသာက္ေနလို႔ အခုလို ရပ္တည္ေနႏိုင္တာ....ေဆးလိပ္သာမရိွရင္ ငါ
ေစာေစာစီးစီး ေသေနေလာက္ၿပီ...မင္းေဆးခ်င္ရင္ ေဆးလိုက္ေတာ့""

အခန္းထဲ တရိွန္ထိုးဝင္သြားသည့္ သူသည္
ကြၽန္ေတာ့္ကို စိတ္ဆိုးသြားၿပီပဲ။ ကြၽန္ေတာ္ကလည္း သူ႕ကို မေက်နပ္ပါ။ သူ ဘာလို႔ ေဆးလိပ္ ေသာက္ျဖစ္လဲ။ ဘာလို႔ ေစာေစာစီးစီး ေသမယ္ လို႔ ေျပာတာလဲ။ ဒီလို ေမးခြန္းမ်ားနွင့္ ကြၽန္ေတာ့္ကို ခ်န္သြားတာေလ။

*************

စေန ေက်ာင္းပိတ္ရက္။
ကြၽန္ေတာ့္၏ စံုစမ္းမွု စတင္ဖို႔ အခ်ိန္က်ေရာက္လာၿပီ။
သူ႕အေၾကာင္း အန္တီေမကို ေမးၾကည့္ေပမယ့္ အခ်ိန္လုေနရေသာ ေဒါက္တာက
လိုရင္းမေျဖ။ သို႔ေလာ? သို႔ေလာ? (?) မ်ားႏွင့္
တံုးတိတိေျဖေပးသည္။

*ေရာက္မလာခဲ့တဲ့ လူတစ္ေယာက္ကို ေမွ်ာ္ေနတာ* တဲ့ေလ။

အေျဖက တိက်ေသခ်ာလြန္းေတာ့ သူ႕မွာ
ေမးခြန္းမ်ား ထပ္ေပါင္းရျပန္ၿပီ။
ထိုေမးခြန္းမ်ားစြာကို ေျဖၾကားႏိုင္မည့္သူက
အိမ္ေရွ႕မွာ စိမ္ေျပနေျပ ေဆးလိပ္ထိုင္ေသာက္ေနသည္။

""ဘာေမးမလို႔လဲ ဂ်ဴကိုေမာင္""

ၾကည့္ရတာ။ အန္တီေမက ကြၽန္ေတာ့္အေၾကာင္း ေဖာက္သည္ခ်ၿပီးၿပီပဲ။ ဒီလိုဆိုေတာ့ ေမးျမန္းရ လြယ္ကူသြားတာေပါ့။

""ကြၽန္ေတာ္ ဘယ္ကလာတယ္...ဘာလို႔ ဒီကိုလာတယ္ ကြၽန္ေတာ့္အေၾကာင္း အကုန္လံုးကို Jay သိၿပီးၿပီေနာ္""

""အင္း...အဲေတာ့ ငါ့အေၾကာင္းကိုလည္း ေျပာျပခိုင္းဖို႔လား""

သူက ေသခ်ာေတြးတတ္ပါသည္။

""ဟုတ္တယ္....အျပန္အလွန္ေပါ့""

ကြၽန္ေတာ့္ကို ၿပံဳးၾကည့္ၿပီး သူက မဆိုင္းမတြ ေျပာလာသည္။

""ငါက Korea က လာတာ""

""တ႐ုတ္ကထင္တာ""

ကြၽန္ေတာ့္ သံုးသပ္ခ်က္ကို
သူက သေဘာက်ကာ ရယ္ေမာသည္။
ၿပီးေနာက္ သူ႕အေၾကာင္းကို စတင္ေျပာျပေတာ့၏။
က်ယ္ျပန္႔နက္႐ိႈင္းေသာ အၿပံဳး ၊မိႈင္းညိဳ႕ညိဳ႕မ်က္ဝန္းမ်ားႏွင့္ေပါ့။ 

""ငါက ဦးေလးနဲ႔ အတူႀကီးျပင္းခဲ့တာ...စီးပြားေရးအေျခအေနေၾကာင့္
ဦးေလးက New York နဲ႔ Korea ကို အိမ္ဦးနဲ႔ၾကမ္းျပင္လို သြားလာေနရေပမယ့္ ငါ့အတြက္ အစစအရာရာ ဂ႐ုစိုက္ေပးတယ္...ငါ ဥပေဒေက်ာင္းတက္ကတည္းက ေရွ႕ေနျဖစ္သြားတဲ့အခါ ဦးေလးနဲ႔အတူ ဒီမွာ လာေျပာင္းေနဖို႔ စီစဥ္ထားတာေပါ့""

""ဥပေဒေက်ာင္းတက္ရင္းနဲ႔ တစ္ေယာက္ေယာက္နဲ႔ ဆံုသြားတာလား""

ထိုအခါ သူက တဟားဟားျဖင့္ ေအာ္ရယ္၏။
ကြၽန္ေတာ္ ခန္႔မွန္းတာ မွားသြားတာပဲ။

ခဏအၾကာ ရယ္ၿပီးေနာက္ သူက
အၿပံဳးခပ္ယဲ့ယဲ့ေလးျဖင့္ ေျပာျပလာသည္။

""ငါနဲ႔သူက အိမ္နီးခ်င္းေတြေလ...သူတို႔မိသားစုက ငါ့အိမ္နားက ၿခံကို ေျပာင္းလာတာ... အဲဒီၿခံက သစ္ပင္ႀကီးေတြ အမ်ားႀကီးရိွၿပီး စိမ္းစိုစို အံု႔မိႈင္းမိႈင္းနဲ႔ ေအးခ်မ္းၿပီး ေနခ်င္စရာေလး""

တျဖည္းျဖည္းျဖင့္ ပီျပင္လာေသာ သူ႕ အၿပံဳးသည္ အလြန္ေတာက္ပေနပါ၏။

""ဒါေပမယ့္ တစ္ေယာက္တည္းေနတဲ့ ငါ့အတြက္ေတာ့ လူမေနတဲ့ အဲဒီေဘးၿခံက ေၾကာက္စရာျဖစ္ေနေတာ့တာ...သူတို႔ေျပာင္းလာေတာ့မွ စိတ္သက္သာရာရသြားေတာ့တယ္""

သူသည္ ညီညာေသာ သြားတန္းေလးမ်ား ေပၚသည္အထိ  ၿပံဳးေနရင္း တစံုတခုကို သတိရသြားဟန္ျဖင့္ ႏွာေခါင္းကို႐ံႈ႕သည္။

""တစ္ခုပဲ...ငါ့ၿခံထဲမွာ စကၠဴေလယာဥ္ေတြ ပလူပ်ံေနတာကလြဲရင္ အားလံုးအဆင္ေျပတယ္""

###### Flashback ######

၂၀၀၉ ။

Korea ,

ေန႔လည္ေန႔ခင္း ၿခံထဲရိွ ခံုတန္းရွည္ေပၚတြင္ ထိုင္၍
စာဖတ္ေနစဥ္ လက္ေမာင္းကို ျဖတ္ခနဲ လာထိပါေသာ တစံုတခု။
မ်က္လံုးကို စာအုပ္မွခြာကာ အနီးအနားကို ၾကည့္လိုက္ေသာအခါ အဝါေရာင္စကၠဴေလယာဥ္။

"ေျဖာင္း.! ေျဖာင္း.!"

လက္ခုပ္သံထြက္လာရာ တစ္ဖက္ၿခံသို႔ လွမ္းၾကည့္ေသာ္
သူ႕အား ႏွစ္လိုဖြယ္ရယ္ျပေနေသာသူ။
သူမတူ ေလးေထာင့္ဆန္ဆန္ အၿပံဳးနဲ႔ေပါ့။

"စာေရးထားတယ္"

သူ ကိုင္ထားေသာ စကၠဴေလယာဥ္အား လက္ညိႇဳးထိုးျပကာ ေျပာလာ၍ စကၠဴကို ျဖန္႔ၾကည့္လိုက္သည္။

**အိမ္လာလည္ခ်င္လို႔ ရလား**

စာဖတ္ၿပီး သူ ၿပံဳးခ်င္ခ်င္ျဖစ္သြားရသည္။
ဟိုနား ဒီနား လူကိုယ္တိုင္ေျပာလည္း ရေနတာကို
စာတတန္ ေပတတန္ႏွင့္ ႀကီးက်ယ္လိုက္တာဟု ယူဆခ်င္ေသာ္လည္း ေပးေသာစာက ကေလးမ်ားအေပ်ာ္တမ္းေခါက္ကာ ကစားေသာ စကၠဴေလယာဥ္တဲ့။

"လာလည္လို႔ ရတယ္ဟုတ္.?"

လူကိုယ္တိုင္ ထပ္ဆင့္ေမးလာ၍ ေဖာ္ေရြေသာအၿပံဳးျဖင့္
Jay  ေခါင္းညိတ္ျပလိုက္ေသာအခါ
ႂကြရြေနေသာ ေျခလွမ္းမ်ားျဖင့္
သြက္လက္စြာ ၿခံထဲသို႔ ဝင္လာေလသည္။

"အန္ေညာ္.. ကြၽန္ေတာ္က Kim Taehyungပါ"

"Jung Jay ပါ"

လက္ဆြဲႏႈတ္ဆက္ၿပီးေသာ္ သူ႕ နံေဘးတြင္ ဝင္ထိုင္လာၿပီး စကားကို မနားတမ္းေျပာပါေတာ့သည္။

"ဘာစာအုပ္ဖတ္ေနတာလဲ"

"ဥပေဒနဲ႔ပက္သက္တဲ့ စာအုပ္ပါ"

"ဝိုး.. hyung ကေတာ္လိုက္တာ"

႐ုတ္တရက္ႀကီး hyung ဟုေခၚၿပီး မဆီမဆိုင္ ခ်ီးမြမ္းစကားေျပာလာ၍
သူ မေနတတ္၊ မထိုင္တတ္ျဖစ္ကာ
နားရြက္ဖ်ားကို ကုတ္လိုက္မိသည္။

"ကြၽန္ေတာ့္ထက္ အသက္ႀကီးမယ္ထင္လို႔ hyung လို႔ေခၚတာပါ..ကြၽန္ေတာ္က ၂၁ ပါ"

"hyung ထက္၂ႏွစ္ငယ္တာပဲ..
ထယ္ေယာင္း က တကၠသိုလ္တက္ေနၿပီေပါ့"

"ဘာတက္ရမလဲ မစဥ္းစားရေသးဘူး...
ဒါနဲ႔ hyung က ဥပေဒေက်ာင္းတက္ေနတာဟုတ္.? "

"ဘယ္လိုသိတာလဲ"

"ဘယ္သူက အသားလြတ္ႀကီး ဥပေဒစာအုပ္ဖတ္မွာလဲ.. ေက်ာင္းတက္လို႔ ဖတ္ေနရတာပဲျဖစ္မွာ"

Taehyung သည္ ေက်ာင္းတက္လို႔ စာဖတ္ရတာ ဟူေသာ စကားကို လက္ခံထားပံုရသည္။

"hyung အထက္တန္းမေအာင္ခင္ကတည္းက ဥပေဒပညာကို ေလ့လာၿပီး ဥပေဒနဲ႔ ပက္သက္တဲ့ စာအုပ္ေတြ ဖတ္ေလ့ရိွတယ္"

"ဒါဆို hyung က ေရွ႕ေနျဖစ္ခ်င္တာေပါ့"

"အင္း... ထယ္ေယာင္း ေရာ ဘာျဖစ္ခ်င္လဲ"

"ကြၽန္ေတာ္ျဖစ္ခ်င္တာ.? "

သူ႕ ကိုၾကည့္ၿပီး စကားေျပာေနရာမွ သူ႕အေမးေၾကာင့္ ထယ္ေယာင္း သည္ တေနရာကို ခပ္ေငးေငးေလးၾကည့္ကာ စဥ္းစားခန္းဝင္ေန၏။

"ကြၽန္ေတာ္ျဖစ္ခ်င္တာေတြက တစ္နာရီတစ္ခါ ေျပာင္းေနတာဆိုေတာ့... အင္း..."

မေရမရာေျဖၿပီး သူ႕ လက္ထဲမွ စကၠဴေလးကို ယူကာ ၿပံဳးရႊင္စြာျဖင့္ ေလယာဥ္ေလးေခါက္၍ ေလထဲသို႔ ပစ္လႊတ္လို္က္ေတာ့သည္။

###### Flashback end ######

""အဲဒီေန႔ကစၿပီး ငါၿခံထဲမွာ စာအုပ္ထိုင္ဖတ္တဲ့ အခ်ိန္တိုင္း သူက စကၠဴေလယာဥ္ေတြ လာလႊတ္ေနေတာ့ သူလာရင္ ငါ့အိမ္မွာ အၿမဲတမ္း စကၠဴေလယာဥ္ေတြ ပ်ံဝဲေနေတာ့တာပဲ...တကယ္စိတ္႐ႈပ္စရာေကာင္းတယ္""

စိတ္႐ႈပ္စရာေကာင္းတယ္ ဟုေျပာေသာ
သူ႕မ်က္ႏွာတြင္ လန္းဆန္းေသာ အၿပံဳးႏွင့္။
သူက စိတ္႐ႈပ္ရင္ ဒီလိုၿပံဳးတတ္တာလား။

""ကေလးကလား ဘာလို႔ စကၠဴေလယာဥ္ေတြလဲ..
.အဲဒီလူက က်ပ္မျပည့္တာလား""

မဲ့ၿပံဳးခိုတြဲလာေသာ သူ႕ႏႈတ္ခမ္းက
အေၾကာင္းရင္းကို ေျပာျပလာသည္။

""စကၠဴေလယာဥ္ေတြလႊတ္ရင္ သူေပ်ာ္တယ္တဲ့ေလ...
အထီးမက်န္ရဘူးတဲ့....အဲဒါေၾကာင့္ ေပ်ာ္ရႊင္ျခင္းကို ကိုယ္စားျပဳတဲ့ အဝါေရာင္စကၠဴေတြနဲ႔ ေလယာဥ္ေခါက္ၿပီး
ေလထဲ လႊတ္တာတဲ့..သူကိုယ္တိုင္လည္း ေလထဲ လြတ္လြတ္လပ္လပ္ ပ်ံသန္းေနသလို ခံစားရတယ္လို႔ ေျပာတယ္...လိုရင္းေျပာရင္ သူက စိတ္ကူးယဥ္ၿပီး ေပ်ာ္စရာရွာတတ္တဲ့ လူတစ္ေယာက္""

""ဘာဆက္ျဖစ္လဲ""

""ရည္မွန္းခ်က္မသိ၊ ဘာျဖစ္ခ်င္လဲ မသိတဲ့ သူက သူ႕မိဘေတြ တက္ေစခ်င္တဲ့ စီးပြားေရးတကၠသိုလ္ကိုတက္တယ္...
သူေက်ာင္းက ျပန္လာတိုင္း ငါ့အိမ္ကို လာၿပီး စကၠဴေလယာဥ္ေတြ ေခါက္တယ္...ညစာစားၿပီးမွ သူ႕အိမ္ျပန္တယ္...ညေနတိုင္း ငါ့အိမ္မွာပဲ အခ်ိန္ကုန္လာေတာ့ သူ ငါ့ကို သံေယာဇဥ္တြယ္သြားတယ္ေလ...သူက အဲဒီအဆင့္နဲ႔တင္ မလံုေလာက္လို႔ ငါ့ကို အခ်စ္ေတြနဲ႔ လာႏႊယ္ခဲ့တယ္""

ကြၽန္ေတာ့္ နားထဲ ႐ႈပ္ေထြးသြားသျဖင့္
နားမလည္တာကို ျပန္ေမးရသည္။

""ဘယ္လိုလူမ်ဳိးလဲ...သူမ်ားအိမ္မွာ ဘာမွမလုပ္ဘဲ ညတိုင္း ညစာအေခ်ာင္စားတယ္?""

သူက ေခါင္းခါျပီး သက္ျပင္းခ်သည္။

""ထယ္ေယာင္းမိဘေတြက အိမ္ေထာင္ေရးအဆင္မေျပၾကဘူး...ညတိုင္း ကိစၥအေသးအဖြဲေလးက အစ ရန္ျဖစ္တာကို ထယ္ေယာင္းက မၾကားခ်င္၊မျမင္ခ်င္လို႔ ငါ့အိမ္မွာ အခ်ိန္လာကုန္တတ္တာ...
မိဘေတြ ရန္ျဖစ္ေနေတာ့ သူ ထမင္းၿမိဳမက်ဘူးတဲ့""

""ဒုကၡပဲ....မခ်စ္ၾကရင္ ကြာရွင္းတာမဟုတ္ဘူး...စိတ္ဆင္းရဲခံေနၾကတယ္...
ကြၽန္ေတာ့္ မိဘေတြဆို ကြာရွင္းျပီးေတာ့ ေအးေဆးပဲ...ဘာျပႆနာမွ မျဖစ္ၾကဘူး""

""ထယ္ေယာင္းေျပာျပတာေတာ့ သူတို္႔က မခ်စ္တာ မဟုတ္ဘူး...ခ်စ္လို႔ ခက္ေနတာ...
ခ်စ္ၾကေပမယ့္ သဝန္ေၾကာင္ၿပီး မယံုၾကည္ၾကေတာ့ ဆုပ္လည္းစူး စားလည္း႐ူးျဖစ္ေနၾကတာေပါ့""

""ထားပါေတာ့...သူက Jay ကို ဖြင့္ေျပာေတာ့
Jay လက္ခံလိုက္လား""

######Flashback######

၂၀၁၀။ Korea ။

"hyung...hyung"

ၿခံေရွ႕မွ ခပ္ဩဩေအာ္ေခၚသံသည္
ည ၁၀ ခြဲ အခ်ိန္မွာ။
ျပတင္းေပါက္မွ ၿခံတံခါးဝကို လွမ္းၾကည့္ေတာ့
သူ႕ကို လက္ျပေနေသာ ထယ္ေယာင္းကို ေတြ႕လိုက္ရသည္။
ညႀကီးမင္းႀကီး မိဘေတြ ရန္ထျဖစ္ၾကတာလား။

ဂ႐ုဏာေဒါသျဖင့္ ၿခံေရွ႕ကို ေရာက္သြားခ်ိန္
ၿပံဳးရႊင္ေနေသာ ထယ္ေယာင္းေၾကာင့္
နားမလည္ႏိုင္ ျဖစ္သြားရသည္။
ၿခံတံခါးေသာ့ဖြင့္ေပးေသာ္လည္း
ၿခံထဲမဝင္ဘဲ သူ႕ကိုပဲ ၿပံဳးၿပီးၾကည့္ေနသည္။

"hyung"

မူမမွန္ေသာ အၿပံဳးျဖင့္ သူ႕ကို စိုက္ၾကည့္ၿပီး ႐ုတ္တရက္ေခၚလိုက္ေတာ့ သူလန္႔သြားရသည္။

"ေအာ္?...ဘာလဲ...ဘာျဖစ္လို႔လဲ"

ထယ္ေယာင္းက ေခါင္းခါျပၿပီး သူ႕ကိုပဲ ၾကည့္ေန၏။
နက္နက္႐ိႈင္း႐ိႈင္းၿပံဳးၿပီးေတာ့ကိုေလ။

အေျခအေနက ေၾကာင္ေတာင္ေတာင္ႏိုင္သျဖင့္
သူ ၿခံတံခါးဝကို အက်ယ္ႀကီးဖြင့္လိုက္ကာ ေခၚလိုက္သည္။

"ၿခံထဲဝင္လာခဲ့ေလ...ဘာေျပာခ်င္လို႔လဲ"

"ဘာမွမဟုတ္ေတာ့ဘူး"

ဘယ္လို။ ထယ္ေယာင္းက သူ႕ၿခံေရွ႕မွ ေျပးထြက္သြားၿပီး တစ္ဖက္ၿခံထဲ ေျပးဝင္သြားသည္။
ဘာမွမဟုတ္ဘဲ သူ႕ကို တမင္ေခၚႏိႈးတာလား။

သူ႕စိတ္ထဲ ဒိြဟျဖစ္ေနခ်ိန္ သူ႕ဆံပင္ထဲ လာစိုက္သည့္
စကၠဴေလယာဥ္တစ္စီး။ တစ္ဖက္ၿခံမွ ထယ္ေယာင္းကို ၾကည့္ေတာ့ စာေရးထားတယ္ ဟု အမူအရာႏွင့္ ေျပာေနသျဖင့္
သူ စကၠဴေလယာဥ္ကို ျဖည္လိုက္သည္။

**Love you hyung**

စာကို ဖတ္ၿပီး သူၿပံဳးမိသည္။
ဒီေကာင္ေလး ဒါေလးေျပာဖို႔ကို လူကို
အိပ္ေရးပ်က္ေအာင္ လုပ္တယ္။

"hyung ကလည္း ထယ္ေယာင္းကို ခ်စ္ပါတယ္"

အသံနဲ႔ေရာ လက္ဟန္အမူအရာျဖင့္ပါ သူ ေျပာေတာ့ ထယ္ေယာင္းက လြန္စြာဝမ္းသာသြားကာ ပိုနက္႐ိႈင္းေသာ
အၿပံဳးမ်ားျဖင့္ အိမ္ထဲ ေျပးဝင္သြား၏။
ထယ္ေယာင္း၏ အျပဳအမူမ်ားေၾကာင့္
သူ႕အေတြးထဲ ပေဟဠိေပါင္းစံုျဖစ္တည္သြားသည္။

သို႔ေသာ္ မျဖစ္ႏိုင္သည့္ အေတြးကို ေခါင္းခါထုတ္ပစ္လိုက္ကာ ေပါ့ေပါ့ပါးပါးပဲ ျပန္ေတြးျဖစ္သည္။
ထယ္ေယာင္းကို သူ႕မိဘေတြက ခ်စ္တယ္လို႔ တစ္ခါမွ မေျပာဖူးဘူးလား မသိ။ သူ႕ဆီက ၾကားရေတာ့ ေပ်ာ္သြားလိုက္တာမ်ား။ ေမ်ာက္ကေလးက်လို႔။

ၿခံတံခါး ေသာ့ျပန္ခတ္ၿပီး အိမ္ထဲဝင္လာခ်ိန္ သူ႕၏ ထိုအေတြးကို လက္ထဲမွ စာရြက္က ျငင္းဆိုလိုက္သည္။
အဝါေရာင္ မဟုတ္သည့္ ပန္းေရာင္စကၠဴသည္
ထယ္ေယာင္း၏ အခ်စ္သည္ ကာလာစံုေၾကာင္း
သူ႕အား အသိေပး၏။ ေထာင္းခနဲျဖစ္ေပၚလာသည့္ ေဒါသႏွင့္ ထိုစာရြက္ကို အမိႈက္ပံုးထဲ လႊင့္ပစ္လိုက္သည္။

*************

မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္ျဖင့္
သူ႕အား မထံုတတ္ေသး ၾကည့္ေနသည့္
ထယ္ေယာင္းသည္
သူ႕ေဒါသကို တဆင့္တိုးေစ၏။

"ဒါ ငါေနာက္ဆံုးသတိေပးတာ...ငါ့အိမ္ကို ထပ္မလာခဲ့နဲ႔"

သူနဲ႔ ကင္းကင္းရွင္းရွင္းေနပါ ဟု ေျပာထားပါရဲ႕ႏွင့္
သူ႕အိမ္ကို မ်က္ႏွာေျပာင္တိုက္ လာေနတာ ၃ ရက္ရိွေနၿပီ။
သူက ျဖဴျဖဴစင္စင္ ေစတနာထားသည္ကို
အခြင့္ေကာင္းယူၿပီး သူ႕ၿခံထဲမွာ ဝဲပ်ံေနသည့္ ပန္းေရာင္စကၠဴေလယာဥ္ေတြ။ စိတ္ပ်က္စရာေတြခ်ည္းပဲ။

"ကြၽန္ေတာ္ hyung ကို တကယ္ခ်စ္တာပါ"

သူ အံကိုႀကိတ္ၿပီး ေနာက္လွည့္ၾကည့္လိုက္သည္။

"မင္းငါ့ကို တကယ္ခ်စ္ခ်စ္ မခ်စ္ခ်စ္ ငါဂ႐ုမစိုက္ဘူး...
ငါ မင္းကိုလည္း မခ်စ္ဘူး.. ရွင္းတယ္ေနာ္...ျပန္ေတာ့"

"hyung...ကြၽန္ေတာ္လည္း straight တစ္ေယာက္ပါပဲ...hyung ကို ခ်စ္မိသြားေတာ့ ကြၽန္ေတာ့္ခံစားခ်က္ေတြကို ေသခ်ာဆန္းစစ္တယ္...ကြၽန္ေတာ္ မျငင္းဆန္ဘူး...ကြၽန္ေတာ့္ႏွလံုးသားကို ကြၽန္ေတာ္ လက္ခံခဲ့တယ္...ကြၽန္ေတာ္ hyung ေၾကာင့္ Gay သြားတာေလ...hyung အလွည့္က်မွ gay ျဖစ္ရမွာ ေၾကာက္ေနတာလား"

"ေတာ္စမ္းပါ...ငါ ေျပာထားၿပီးသား..
.ငါ မင္းကို မခ်စ္တာလို႔....မင္းက gay ျဖစ္ေနလို႔ ျငင္းတာမဟုတ္ဘူး...ၿပီးေတာ့ မင္းဘာသာ မင္း Gay ျဖစ္ျဖစ္ straight ျဖစ္ျဖစ္ ငါနဲ႔လည္းမဆိုင္ဘူး"

"hyung က LGBT ကို လက္ခံခ်င္ဟန္ေဆာင္ၿပီး စိတ္ထဲက ႀကိတ္မုန္းေနတာမဟုတ္လား"

"ဘာ"

ထယ္ေယာင္းသည္ သက္ေသမရိွဘဲ
အတိအက် သူ႕ကို စြပ္စြဲေျပာလာသည္။

"hyung ကြၽန္ေတာ့္ကို ခ်စ္တယ္ ဆိုတာ ကြၽန္ေတာ္ ခံစားမိတယ္...ဒါေပမဲ့"

"မင္း ထြက္သြား.!"

သူ ထယ္ေယာင္းလက္ကို ဆြဲၿပီး ၿခံျပင္တြန္းထုတ္လိုက္သည္။
တမင္သက္သက္ အဓိပၸာယ္မရိွတဲ့ စကားေတြနဲ႔ သူ႕ကို စိတ္ဒုကၡေပးသည္။

"hyung ကြၽန္ေတာ့္ကို ခ်စ္တယ္လို႔ ဝန္ခံလာမယ့္ေန႔ကို ကြၽန္ေတာ္ေစာင့္ေနမယ္"

ထယ္ေယာင္း၏ ယံုၾကည္ခ်က္ျပည့္ဝေနေသာ ထိုစကားလံုးမ်ားသည္ သူ႕ကို အႀကီးအက်ယ္တုန္လႈပ္ေစခဲ့သည္။

######Flashback end######

""ဘာလို႔လဲ""

ကြၽန္ေတာ့္ေမးခြန္းကို မေျဖဘဲ သူက ဟားတိုက္ရယ္ေမာေနသည္။ သူ ကြၽန္ေတာ့္ကို ေလွာင္ေနျခင္းေတာ့ မျဖစ္ႏိုင္။
သူသည္ မ်က္ရည္မ်ားထြက္သည္အထိကို
ဟက္ဟက္ပက္ပက္ ရယ္ေမာေနတာပါ။

""Jay သူ႕ကို လိမ္ခဲ့တာလား""

""ထယ္ေယာင္းေျပာတာ မွန္တယ္...ငါက သူ႕ကို ခ်စ္တယ္လို႔ ေျပာရမွာကို ရွက္ခဲ့တာ....ၿပီးေတာ့ ငါက ေရွ႕ေနျဖစ္ေတာ့မယ့္ လူတစ္ေယာက္...အတုအေယာင္ခံစားခ်က္ေတြနဲ႔ ငါ့အနာဂတ္ကို ခ်မနင္းႏိုင္ဘူး...စိတ္ကူးယဥ္ၿပီး ေပ်ာ္ေနတတ္တဲ့ လူတစ္ေယာက္ကိုလည္း ငါ မခ်စ္ႏိုင္ဘူး...ငါ့ဘဝကို ႐ိုး႐ိုးေလးပဲ ျဖတ္သန္းခ်င္တယ္...ပိုက္ဆံရွာမယ္ ဒီမွာ အိမ္တစ္လံုးဝယ္မယ္...အခ်ိန္တန္ရင္ အိမ္ေထာင္ျပဳမယ္...အေဖတစ္ေယာက္ျဖစ္လာမယ္...တကယ္႐ိုး႐ိုးေလးပါ...ဒါေပမဲ့ ငါ႐ံႈးသြားတယ္...သူ ငါ့အနားေရာက္လာတိုင္း ငါ့ကို ခ်စ္တယ္လို႔ ေျပာတိုင္း ငါ သူ႕ကို ေပြ႕ဖက္ခ်င္ခဲ့တယ္...ခ်စ္တယ္လို႔လည္း စိတ္ထဲကေန အႀကိမ္ႀကိမ္ေျပာမိတယ္...အဲဒီခံစားခ်က္ေတြနဲ႔ ငါမ႐ူးသြားခ်င္လို႔ သူ႕ကို ငါ့အနားကေန ႏွင္ႏိုင္ခဲ့ေပမယ့္ 
ငါ့ႏွလံုးသားထဲကေန သူ႕ကို မႏွင္ႏိုင္ခဲ့ဘူး""

သူသည္ ထိုစကားမ်ားကို ေအးေဆးပဲ ေျပာျပေနတာပါ။
မနက္က ဘာစားခဲ့လဲ ေမးရင္ ထမင္းေၾကာ္စားခဲ့တယ္ လို႔ ေျဖသလို သက္ေတာင့္သက္သာႏွင့္ ပံုမွန္ပဲ ေျပာျပေန၏။

""သူ ငါ့စကားကို နားေထာင္ပါတယ္...ေနာက္ေန႔ကစၿပီး ငါ့ၿခံမွာ ဘာစကၠဴေလယာဥ္မွ မဝဲလာေတာ့ဘူး...သူလည္း မေရာက္လာခဲ့ဘူး...ရယ္ရတာက ငါပဲႏွင္ၿပီး ငါပဲ သူ႕ကို လြမ္းတယ္...ငါသိမ္းထားတဲ့ စကၠဴေလယာဥ္ေတြေပၚမွာလည္း ခ်စ္တယ္လို႔ လိေမၼာ္ေရာင္မွင္ေတြနဲ႔ လိုက္ေရးခဲ့တယ္...သူက အေရာင္ေတြရဲ႕ အဓိပၸာယ္ေတြနဲ႔ စိတ္ခံစားခ်က္ေတြကို ေဖာ္ျပတတ္ေတာ့ ငါကလည္း သူ႕အခ်စ္ကို ဝမ္းေျမာက္ဝမ္းသာ လက္ခံေၾကာင္း ျပခ်င္လို႔ လိေမၼာ္ေရာင္ကို ေရြးသံုးခဲ့တယ္...အဲတုန္းက ငါ႐ူးမတတ္ပါပဲ..
အဲစာေတြကို..ငါပဲေရးၿပီး ငါကိုယ္တိုင္ မီး႐ိႈ႕ဖ်က္ဆီးခဲ့ျပန္တာ""

သူက ေခါင္းတစ္ခ်က္ယမ္းၿပီး ဆက္ေျပာသည္။

""ဒါေပမဲ့ ဘဝဆိုတာ ရပ္တန္႔ေနလို႔မွ မရတာ...ငါ သူ႕ကို ေမ့ႏိုင္ဖို႔ ဒီကို အၿပီးေျပာင္းလာခဲ့တာေပါ့...
ငါ့ဘဝေရွ႕ဆက္ႏိုင္ဖို႔အတြက္ေလ""

""သူ Jay ကို ဆက္သြယ္ဖို႔ မႀကိဳးစားဖူးဘူးလား""

""သူက ကတိတည္တဲ့ လူစား...ငါဝန္ခံလာမယ့္ေန႔ကိုပဲ သူ႕အိမ္မွာ ထိုင္ေစာင့္ေနတာ...ငါ ဒီကို ေျပာင္းလာတုန္းက သူ ငါ့ကို ေလဆိပ္မွာ လာႏႈတ္ဆက္တယ္...ငါ့ကို စကၠန္႔မလပ္ခ်စ္ေနမွာမို႔ အခ်ိန္မေရြးျပန္လာလို႔ရတယ္တဲ့ေလ...
ၿပီးေတာ့ သူ ငါ့ကို မီးကြၽမ္းေနတဲ့ စကၠဴတစ္စ ေပးတယ္...
ငါ အ႐ူးလို ေရးထားတဲ့ စာကို သူ ဖတ္ၿပီးၿပီ""

သူက သူ႕လည္ပင္းမွ ဆြဲႀကိဳးေလာကတ္ကို ျဖဳတ္ယူၿပီး စကၠဴတစ္စ ထုတ္ျပလာသည္။ အေရာင္မြဲေနၿပီျဖစ္သည့္ ပန္းေရာင္စကၠဴစတြင္ အျပာေရာင္မွင္ထက္ လိေမၼာ္ေရာင္ျဖင့္ ထပ္ေရးထားတာက Love Taehy တဲ့။

""ဒါက သူ႕နာမည္လား...ထယ္ေယာင္းဆိုတာ""

""အင္း..အျပည့္အစံုက.T.a.e.h.y.u.n.g""

ထိုစာလံုးမ်ားကို ေသခ်ာၾကည့္ၿပီး
ကြၽန္ေတာ္ အားမလို အားမရျဖစ္မိသည္။
အျပန္အလွန္ခ်စ္ေနၾကမွန္း သိသိႀကီးနဲ႔ တစ္ေယာက္က အေဝးႀကီး ထြက္လာခဲ့တယ္။ တစ္ေယာက္ကလည္း ဆြဲမတားဘူး။

""ဒါဆို Jay နဲ႔ သူ အခုထိ ျပန္မဆံုျဖစ္ၾကေသးဘူးေပါ့""

သူက ေဆးလိပ္ကို ႐ိႈက္ဖြာၿပီး ေခါင္းခါသည္။

""၂ ႏွစ္ၾကာၿပီးေနာက္မွာ အမႈတစ္ခုနဲ႔ပက္သက္ၿပီး ငါ Korea ကို သြားဖို႔ အေၾကာင္းဖန္လာတယ္...မ်က္ျမင္သက္ေသကို လိုက္ရွာၿပီးေတာ့ ဒီကို ျပန္မလာခင္မွာ ငါ သူ႕အိမ္ကို ေရာက္ျဖစ္ခဲ့တယ္...သူ မရိွေတာ့ဘူး..ဖုန္းနံပါတ္တစ္ခုနဲ႔ စာတစ္ေစာင္ပဲ ခ်န္ထားခဲ့တယ္...သူ႕ကို အေျဖေပးခ်င္ရင္ ဖုန္းဆက္ေပးပါတဲ့""

""ဆက္လိုက္လား""

""ငါ မေတြမေဝဘဲ ႏွလံုးသားအလိုကို လိုက္ခဲ့တာပါ""

သူက ခပ္ၿပံဳးၿပံဳးေလး ေျပာေနေသာ္ျငား
မိႈင္းညိဳ႕ညိဳ႕မ်က္ဝန္းထဲတြင္ေတာ့ ေနာင္တရေသာ အေငြ႕အသက္ေတြ။

######Flashback######

၂၀၁၂။ Korea ။

January။

တစ္ဖက္မွ ဖုန္းRingtone သံသည္
ဟိုေဆာ့၏ စိတ္လႈပ္ရွားမႈကို တန္ပိုျမင့္ေစ၏။
ထယ္ေယာင္း ဖုန္းကိုင္လိုက္ရင္ ဘာစေျပာရမလဲ။

(Hello)

ဩရွရွအသံကို ၾကားလိုက္ရေတာ့
သူ႕ႏွလံုးေသြးေတြ ေခတၱရပ္တန္႔သြားသည္။
ဘာမွလည္း မေတြးႏိုင္ေတာ့ဘူး။

(Hello)

ဘယ္လို ႏႈတ္ဆက္ရမလဲ။
ထယ္ေယာင္း သူ႕ကို မွတ္မိပါ့မလား။

(hyung...hyung မဟုတ္လား )

ဝမ္းသာၾကည္ႏူးျခင္းမ်ားသည္ သူ႕မ်က္လံုးတြင္ ေရလွ်ံေစ၏။

"ထယ္ေယာင္း"

(hyung ျပန္လာၿပီပဲ)

"အြန္း....ငါ ဒီမွာ ကိစၥေလးရိွလို႔...အဲဒါ"

(ကြၽန္ေတာ္ hyung ကို လြမ္းေနတာ....
hyung အခု ဘယ္မွာလဲ...ကြၽန္ေတာ္ လာေတြ႕လို႔ရမလား)

ေႂကြက်လာသည့္ မ်က္ရည္မ်ားကို ဂ႐ုမစိုက္ေတာ့ဘဲ
သူ မ်က္စိစံုမိွတ္လိုက္သည္။

"ထယ္ေယာင္းကို hyung ခ်စ္တယ္"

(hyung.~~ ကြၽန္ေတာ့္ကို...
ကြၽန္ေတာ္ ထပ္ေစာင့္စရာမလိုေတာ့ဘူးေပါ့)

ထယ္ေယာင္း၏ ရႊင္ျမဴးသည့္ ေလသံက ႐ိႈက္သံမ်ားစြက္ေနပါေသးသည္။
ထိုအသံဩရွရွကို နားေထာင္ၿပီး သူလည္း
လိုက္ရယ္ေနမိသည္။

ခ်စ္သူ ႏွစ္ဦးသည္ စကားမေျပာဘဲ အတူတူ
ရယ္ေနၾကတာ ၁၅ မိနစ္ေလာက္ ရိွသြားသည္။

(hyung အခုဘယ္မွာလဲ)

"ဆိုးလ္မွာ"

(ကြၽန္ေတာ္ လာေတြ႕မယ္...လိပ္စာေျပာ)

"ငါ မနက္ျဖန္ညေန flight နဲ႔
NY ကို ျပန္ရေတာ့မယ္...
အမႈအတြက္ တရား႐ံုးကို အမီွသြားရမွာမလို႔"

(ကြၽန္ေတာ့္ကို ေစာင့္ဦးေလ....ကြၽန္ေတာ္ပါ လိုက္ခဲ့မယ္)

ဝမ္းသာအားရ ျဖစ္သြားသည့္ စိတ္ကို ထိန္းခ်ဳပ္ကာ
သူ တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္သည္။

"လိုက္ခ်င္ လိုက္ခဲ့လို႔ ရပါတယ္"

(ကြၽန္ေတာ္ ခြင့္တိုင္ၿပီးရင္ မနက္ျဖန္အေရာက္လာခဲ့မယ္...
hyung အရင္အိမ္မွာပဲ ေစာင့္ေနေနာ္)

"အင္း"

"Love You hyung"

ခ်စ္စကားတစ္ခြန္းတည္းႏွင့္
ေႏြးလာသည့္ပါးကို ကိုင္ၿပီး ေဆာင္းေလေၾကာင့္ ေအးေနသည့္ နားရြက္ကို ကုတ္ကာ တည္ၿငိမ္ေသာ ေလသံျဖင့္။

"အြန္း....Love You...ဒါပဲ"

ကိုယ့္ဘာသာ ေျပာၿပီးမွ ရွက္စိတ္ျဖင့္ လုပ္မိလုပ္ရာ လုပ္လိုက္မိတာ။
လက္ထဲက ဖုန္းနံပါတ္စာရြက္သည္ အေၾကေၾကအမြမြ။
ေယာက္ယက္ခတ္ေနသည့္ ကိုယ့္အျဖစ္ကိုယ္
အရွက္ေျပ ဟားလိုက္မိသည္။

မနက္ျဖန္ ထယ္ေယာင္းနဲ႔ ေတြ႕ရဖို႔အေရး
ႀကိဳေတြးမိေတာ့ ရင္ေတြ ခုန္ေနရျပန္ပါၿပီ။

*************

7:20 AM ။

(hyung ကြၽန္ေတာ္ အခုပဲ လာေနၿပီ...
အိမ္ထဲမွာ ထိုင္ေစာင့္....ဒီေန႔မွ ပိုေအးေနတယ္)

"အင္း...ေအးေဆးလာေနာ္...ကားကို ဂ႐ုစိုက္ေမာင္းဦး"

(ဟုတ္ကဲ့ပါဗ်ာ...Love you hyung)

"Love you Taehyung"

အခ်ိန္ၾကာဦးမွာမို႔ သူ ၿခံတံခါးဖြင့္ၿပီး အိမ္ထဲကို
ဝင္လာခဲ့သည္။ ဆိုဖာေပၚမွာ ထိုင္ၿပီး ဖုန္းထဲမွ ထယ္ေယာင္းႏွင့္ သူ ႐ိုက္ခဲ့ဖူးသည့္ ဓာတ္ပံုမ်ားကို အလြမ္းေျပ ၾကည့္ေနမိသည္။ ၿခံထဲ ဝဲပ်ံေနသည့္ အဝါေရာင္ စကၠဴေလယာဥ္မ်ားပံုကို ေတြ႕ေတာ့ ထယ္ေယာင္း
စကၠဴေလယာဥ္ေတြ လႊတ္ေသးလား သိခ်င္မိသည္။
အခုဆို ထယ္ေယာင္း ပိုၿပီးေတာ့ ၾကည့္ေကာင္းေနမွာပဲ။
ထယ္ေယာင္း အခု ဘာမ်ားလုပ္ေနတာလဲ။
ဝါသနာပါတာကို မသိေသးလို႔ စီးပြားေရးပဲ လုပ္ေနတာလား။
ထိုေမးခြန္းေတြကို ထယ္ေယာင္းနဲ႔ လူခ်င္းေတြ႕တဲ့အခါ
တစ္ခုခ်င္းစီ ေသခ်ာေမးရမည္။

10:00 AM။

(လူႀကီးမင္းေခၚဆိုေသာ တယ္လီဖုန္းမွာ စက္ပိတ္ထားပါတယ္ရွင္)

သိပ္မၾကာခင္ ေရာက္ေတာ့မွာမို႔ စက္ပိတ္ထားတာလား။
ဖုန္းထဲမွ နာရီကို ၾကည့္ၿပီး သူ ၿပံဳးလိုက္သည္။
ထယ္ေယာင္း သူ႕ကို တစ္ခုခု အံ့ဩေအာင္ လုပ္ဖို႔ စဥ္းစားထားတာမ်ားလား။

11:30 AM ။

(လူႀကီးမင္း ေခၚဆိုေသာ တယ္လီဖုန္းမွာ စက္ပိတ္ထားပါတယ္ရွင္)

ဒီအခ်ိန္ဆို ေရာက္သင့္ေနပါၿပီ။
ဖုန္းကလည္း စက္ပိတ္ထားတုန္းပဲ။

1:00 PM ။

(လူႀကီးမင္း ေခၚဆိုေသာ တယ္လီဖုန္းမွာ စက္ပိတ္ထားပါတယ္ရွင္)

2:30 PM ။

(လူႀကီးမင္း ေခၚဆိုေသာ တယ္လီဖုန္းမွာ စက္ပိတ္ထားပါတယ္ရွင္)

4:00 PM ။

(လူႀကီးမင္း ေခၚဆိုေသာ တယ္လီဖုန္းမွာ စက္ပိတ္ထားပါတယ္ရွင္)

7:00 PM ။

(လူႀကီးမင္း ေခၚဆိုေသာ တယ္လီဖုန္းမွာ စက္ပိတ္ထားပါတယ္ရွင္)

စက္ပိတ္ထားေသာ ဖုန္းကို အႀကိမ္ႀကိမ္ဆက္ေနေသာ သူ။
နာရီလက္တံတစ္ခါေရြ႕တိုင္း ေမွ်ာ္လင့္ခ်က္ေတြ တစ္စစီပ်က္သုန္းသြားသည္။
ပါးျပင္ေပၚမွ မ်က္ရည္မ်ားကို သူ ခပ္ၾကမ္းၾကမ္းသုတ္ဖယ္လိုက္ကာ ထိုအ္မ္ကို ေက်ာခိုင္းခဲ့သည္။

သို႔ေသာ္ အမွတ္မရိွသည့္ သူသည္ ေလဆိပ္ကို ေရာက္ၿပီး ေလယာဥ္ေပၚ တက္သည့္ေနာက္ဆံုးစကၠန္႔အထိ ထယ္ေယာင္းမ်ား ဝုန္းခနဲ ေပၚလာမလား ေမွ်ာ္လင့္ေနမိေသးသည္။
အခ်ိန္ကုန္သြားသည္သာ အဖက္တင္၏။

New York မွာ ထယ္ေယာင္းနဲ႔ ေလွ်ာက္လည္မည့္ သူ႕စိတ္ကူးမ်ားသည္ ေရေပၚ အ႐ုပ္ဆြဲေနသလိုပဲ။
အေရးမပါသည္ကို သူ စိတ္ကူးယဥ္မိသြားသည္။
ေနာက္ဆံုးေတာ့ ကင္မ္ထယ္ေယာင္းဆိုတာ စိတ္ကူးယဥ္စိတ္ကစားတတ္တဲ့ လူပဲ။
သူက ကင္မ္ထယ္ေယာင္းအတြက္ ကစားစရာ စကၠဴေလယာဥ္တစ္စီးသာသာပဲ ရိွခဲ့သည္။
အဝါေရာင္မဟုတ္တဲ့ ပန္းေရာင္ေပါ့။

######Flashback end######

""Jay က play ခံလိုက္ရတယ္?""

ကြၽန္ေတာ္ တကယ္အံ့ဩမိသည္။
ကင္မ္ထယ္ေယာင္းက ဘယ္လိုလူမ်ဳိးလဲ မသိေပမယ့္
မခ်စ္တဲ့ လူအတြက္ ၂ ႏွစ္ၾကာ အခ်ိန္ကုန္ခံေစာင့္ပါ့မလား။
သူက ဘာတစ္ခြန္းမွ ထပ္မေျပာေတာ့ဘဲ
ေအးေအးေဆးေဆး ေဆးလိပ္ကိုသာ ႐ိႈက္ဖြာ၏။
ဒါက သူ႕ပံုစံအစစ္မဟုတ္တာ ေသခ်ာသည္။
အိမ္တံခါးလာဖြင့္တုန္းက ပံုစံကသာ Jung Jay အမွန္။
အခုခ်ိန္ထိ တစ္စံုတစ္ေယာက္ ေရာက္လာေလမလား
အ႐ူးလို ေစာင့္ေနတဲ့ လူ။
ေန႔တိုင္း ေမွ်ာ္လင့္ခ်က္အသစ္ေတြနဲ႔ ႏိုးထၿပီး
ညတိုင္း တစ္စစီျဖစ္သြားတဲ့ ေမွ်ာ္လင့္ခ်က္ေတြကို ျပန္ဆက္ေနသည့္ လူ။ သူက
ဟန္ေဆာင္ေကာင္းလြန္းေတာ့ ခန္႔မွန္းရလြယ္လိုက္တာ။

""စကားေကာင္းေနတာ ၁၂ ေက်ာ္ေနၿပီ...
ေန႔လယ္စာသြားစားခ်င္ သြားစားေတာ့ေလ....
ငါေတာ့ မဆာေသးဘူး""

ဟန္ေဆာင္ေကာင္းသည့္ သူ႕ကို အသိအမွတ္ျပဳေပးဖို႔ ကြၽန္ေတာ္ ဘာမွထပ္မေမးေတာ့ဘဲ အိမ္ထဲ ဝင္ခဲ့သည္။ သူကေတာ့ အိမ္ေရွ႕မွာ ေဆးလိပ္ထိုင္ေသာက္ရင္း က်န္ခဲ့၏။

*************

""ဘယ္သြားမလို႔လဲ""

တစ္ကိုယ္လံုး Jean ဝတ္ဆင္ကာ လန္ထြက္ေနသည့္ ကြၽန္ေတာ့္ကို သူက စစ္ေဆး၏။ အန္တီေမ စနက္ေတြေပါ့။

""ေဘာ္ဒါေတြနဲ႔ ကဲမလို႔...လိုက္မလား""

""တစ္ေယာက္တည္း ေအးေဆးသြားပါ""

စေနေန႔တိုင္း club သြားတတ္တဲ့ ကြၽန္ေတာ့္အေၾကာင္း
သူ သိသြားလည္း တာဝန္အရ ေမးျမန္းတတ္တုန္းပဲ။
ကြၽန္ေတာ္ကလည္း သူ႕ကို အေဖာ္ေခၚတတ္တယ္။
သူက ျငင္းတယ္။ သူ႕ဘဝက တကယ္ပ်င္းစရာ။
ေန႔ရက္အားလံုးကို တစ္ထပ္တည္းျဖတ္သန္း၏။
ကြၽန္ေတာ္ကေတာ့ မနက္က သူ႕အေၾကာင္း အခ်ိန္ကုန္ခံ နားေထာင္ထားမိသျဖင့္ သူ႕ရဲ႕ ပ်င္းစရာဘဝႀကီး
ကြၽန္ေတာ့္ဆီ မကူးလာေစဖို႔
ဦးေႏွာက္သြားေဆးေတာ့မည္။ ဒီေန႔ဆို ၂ ဆ ပိုကဲရမည္။
သူ႕ရဲ႕ အမိႈင္းဓာတ္က ကြၽန္ေတာ့္ကို ဒုကၡေပးထားတာေလ။

လမ္းမကို တေမွ်ာ္တေခၚ ၾကည့္ၿပီး စုတ္သပ္မိသည္။
က်စ္!။
လာေခၚမယ္ေျပာထားၿပီး အခုထိ မေရာက္လာေသးဘူး။
ဖုန္းဆက္ ဆဲမလို႔ ေဘာင္းဘီအိတ္ကပ္ဆီ လက္လွမ္းေတာ့
ဖုန္းမရိွေန။

*ဟာ...ေမ့က်န္တယ္.?.. အမိႈင္းဓာတ္က ေတာ္ေတာ္ဒုကၡေပးတာပဲ*

ဖုန္းယူရန္ အိမ္ထဲဝင္ၿပီး အခန္းကို မတက္ရေသးခင္မွာ
ကြၽန္ေတာ္ ပ်ာယာခတ္သြားရသည္။ ေဆးလိပ္တိုမ်ား ျပန္႔က်ဲေနၿပီး ၾကမ္းျပင္ေပၚမွာ သူ လဲက်ေနျခင္းေၾကာင့္။ အေျခအေနက ပံုမွန္မဟုတ္တာ ေသခ်ာသည္။

""Jay...Jay""

သူ အသက္ေတာ့ ႐ႉေနေသးသည္။
ဘာလုပ္ရမွန္း မသိေတာ့ အန္တီေမဆီပဲ ဖုန္းဆက္ရ၏။

*************

အျမင့္ႀကီးေပၚမွ ျပဳတ္က်မလိုျဖစ္သည့္ အိပ္မက္ေၾကာင့္
ကြၽန္ေတာ္ လန္႔ႏိုးသြားရသည္။ အိပ္မႈန္စံုဖြားနဲ႔ ပတ္ဝန္းက်င္ကို လိုက္ၾကည့္ၿပီး စစ္ေဆးေနမိသည္။ ဒုကၡပဲ။ သူ။
သူ႕ကို ေဆး႐ံုေခၚလာတာ။ ထိုင္ခံုမွာ အိပ္ေပ်ာ္သြားရတယ္လို႔။
သူ အခု ဘယ္မွာလဲ။

ထိုအခ်ိန္ သူ႕ဘယ္ဘက္အခန္းထဲမွ ထြက္လာသည့္ အန္တီေမကို ေတြ႕လိုက္ရသည္။ သူ အန္တီေမလက္ေမာင္းကို ကိုင္ၿပီး အေလာတႀကီးေမးလိုက္သည္။

*သူ ဘာျဖစ္တာလဲ အန္တီေမ*

*ဘာျဖစ္ရမွာလဲ...အေျခအေနပိုဆိုးသြားတာ*

ထိုစကားေၾကာင့္ ကြၽန္ေတာ္ စိတ္ဆိုးဆိုးျဖင့္ ေရရြတ္မိသည္။

*တစ္ေန႔လံုး ဘာမွမစားဘဲ ေဆးလိပ္ခ်ည္း ေသာက္ေနတာ...ျဖစ္မွာေပါ့*

အန္တီေမက သူ႕ကို အထူးအဆန္းသဖြယ္ ၾကည့္လာသည္။

*နင္က အန္တီေမသိတဲ့ ဂ်ဴကိုေမာင္မွ ဟုတ္ရဲ႕လား*

သူ အန္တီေမလက္ကို လႊတ္ၿပီး ေနာက္တစ္လွမ္းဆုတ္လိုက္သည္။

*ကြၽန္ေတာ္ ဘာျဖစ္ေနလို႔လဲ*

*ေသြးေအးၿပီး သူမ်ားအေၾကာင္း စိတ္မဝင္စားတတ္တဲ့ နင္ အခု သူစိမ္းတစ္ေယာက္ကို ေဆး႐ံုေစာင့္ေပးေနတာေလ...
နင့္အေဖ ေဆး႐ံုတက္ရတုန္းက ဒီလိုမ်ဳိး လူနာေစာင့္ေပးတာကို မလုပ္ခ်င္ဘူးဆို*

အေမကေတာ့ ကြၽန္ေတာ့္အေၾကာင္းကို ေဖာက္သည္ခ်ထားျပန္ၿပီ။

*အဲတုန္းက ကြၽန္ေတာ္က ငယ္ေသးတယ္ေလ...
အခုက အသက္ႀကီးလာၿပီ...ေျပာင္းလဲတတ္တယ္*

*ေျပာင္းလဲခ်င္ တျခားအခ်ိန္ ေျပာင္းလဲ...ဘာလို႔
Jay က်မွလဲ...နင္ သူ႕ကို စိတ္ပူေနတာ အဆင့္ေက်ာ္ေနၿပီ*

*တစ္အိမ္တည္းေနတဲ့ လူအခ်င္းခ်င္းမို႔ စိတ္ပူတယ္...ေစတနာနဲ႔ ကူညီေပးတာေလ...
အန္တီေမ ေတြးတာမ်ားသြားၿပီ*

*ေကာင္းၿပီ...အဲဒီေစတနာနဲ႔တင္ ရပ္ေန...
နင္ ေရွ႕ဆက္တိုးဖို႔ မစဥ္းစားနဲ႔*

*စိတ္ညစ္တယ္...ျဖဴစင္တဲ့ ေစတနာကို
အေရာင္မဆိုးခ်င္ပါနဲ႔ အန္တီေမ*

အန္တီေမကို ေျပာၿပီး အခန္းထဲ ဝင္လာခဲ့သည္။
ေဆးပိုက္မ်ားျဖင့္ ေဆးသြင္းခံထားရသည့္ သူ
အသက္႐ႉဖို႔ ေအာက္ဆီဂ်င္ ေပးထားရသည္။
သူ႕ကို ဒီလို ေတြ႕လိုက္ရေတာ့ စိတ္ေတြ မြန္းၾကပ္လာသလိုပဲ။

သတိေမ့ေနသည့္ သူ႕ကို ေငးၾကည့္ရင္း
သူ႕ႏွလံုးသားကို ကြၽန္ေတာ္ အနည္းငယ္နားလည္လာရသည္။
ဟိုးအရင္က သူသည္ ေမွ်ာ္လင့္ျခင္းေတြကို ဖက္တြယ္ဖို႔ ေဆးလိပ္ေသာက္သည္။ အခုေတာ့ ေမွ်ာ္လင့္ျခင္းေတြကို စိတ္ကုန္လို႔ ေဆးလိပ္ေသာက္သည္ ။
ေဆးလိပ္ေတြ ေသာက္ရင္းနဲ႔ပဲ တစ္ေယာက္ေယာက္ေရာက္လာခဲ့ဖို႔ ေမွ်ာ္လင့္ေနျပန္သည္။
သူက သူ႕ကိုယ္သူ ျပန္သတ္ေနတဲ့ လူသတ္သမားပဲ။

*************

""ေမာေနလား""

ေခ်ာင္းတဟြတ္ဟြတ္ဆိုးၿပီး အသက္႐ႉရ ခက္ေနသည့္ သူထႏိုင္ရန္ ကြၽန္ေတာ္ တြဲထူေပးလိုက္သည္။
သူသံုးလိုက္တဲ့ တစ္႐ႉးမွာ ေသြးစေတြ ပါလာျပန္ၿပီ။

""ေရေသာက္လိုက္""

ပင္စိမ္းရြက္မ်ားျဖင့္ စိမ္းေနသည့္ ေရခြက္ကို သူက ၾကည့္ၿပီး
မေသာက္ဘဲ ေခါင္းယမ္းျငင္းသည္။

""ေသာက္....အသက္႐ႉအားေကာင္းေစတယ္""

""ႏိုး...ငါ့ကို တစ္ေန႔လံုး ဆန္ျပဳတ္ပဲ တိုက္ၿပီး ဒါေတြ တိုက္လည္း ငါျပန္ေကာင္းလာမွာ မဟုတ္ဘူး...ေတာ္ေတာ့ ဂ်ဴကိုေမာင္""

ဆံပင္က မြဲေျခာက္။ မ်က္ႏွာက မလန္းဆန္း။
လူနာ႐ုပ္ေပါက္ေနသည့္ သူ႕ကို ၾကည့္ၿပီး ကြၽန္ေတာ္ တကယ္အားမရ။

""ဘာစားခ်င္လဲ""

""ဘာမွ မစားခ်င္ဘူး...မင္း သြားအိပ္ေတာ့..ညဥ့္နက္ေနၿပီ""

""ေဆးလိပ္ခိုးေသာက္ဖို႔ မေတြးနဲ႔""

အံဆြဲထဲက ရိွသမွ် ေဆးလိပ္ေတြကို စစ္ၿပီးၿပီဆိုေပမယ့္ မနက္က ေဆးလိပ္အတိုအစေတြေတြ႕လိုက္ရ၏။
သူ ဘယ္မွာ ဖြက္ထားလဲ ဒီညေစာင့္ၾကည့္ရမည္။

သူ႕ေဘးမွာ အိပ္ေစာင့္ရန္ႀကံစည္ေသာ ကြၽန္ေတာ္
တစ္ေန႔လံုး သူ႕ကို ဂ႐ုစိုက္၊ ေက်ာင္းသြားရဆိုေတာ့
ေက်ာခ်လိုက္သည္ႏွင့္ မ်က္လံုးေတြက မဖြင့္ႏိုင္ေတာ့။ 
မ်က္လံုးကို အတင္းဖြင့္ၿပီး သူ႕ကို ၾကည့္ေနသည္ကို
သူသိေတာ့ ရယ္သည္။

""ေကာင္းေကာင္းအိပ္""

ကြၽန္ေတာ့္ကို ေစာင္ၿခံဳေပးၿပီး ကြၽန္ေတာ့္ပခံုးကို
သူ ပုတ္ေပးလာေတာ့ ကြၽန္ေတာ္ အိပ္ေမာက်သြားေတာ့သည္။
ေဆးလိပ္နံ႔ေရာေနေသာ သူ႕ကိုယ္သင္းနံ႔ကို ရေတာ့
သူ ဒီေန႔ ေဆးလိပ္ခိုးေသာက္ထားတာပဲ ဟု ေတြးၿပီး စိတ္မခ်စိတ္ျဖင့္ အိပ္ေပ်ာ္သြားရတာပါ။ ထို႔ေၾကာင့္ အိပ္မက္ထဲမွာ သူေဆးလိပ္ခိုးေသာက္သည္ကို အမိဖမ္းလိုက္ရေသးသည္။

*************

သူ မီးဖိုခန္းထဲ ဝင္လာသည္ႏွင့္ မနက္က ႀကိဳးစားထားသည့္ ထမင္းေၾကာ္ကို သူ႕ေရွ႕ခ်ေပးလိုက္သည္။

""ဂင္မ္ခ်ီ?""

""စားၾကည့္""

ဇြန္းကို ကိုင္ၿပီး သူတစ္လုတ္စားၾကည့္သည္။
ဝါးရင္း တျဖည္းျဖည္းၿပံဳးလာသည့္ သူ႕အၿပံဳးကို ေတြ႕ေတာ့
ကြၽန္ေတာ္ ေက်နပ္မိသည္။ ႀကိဳးစားရက်ဳိးနပ္သားပဲ။

""ေကာင္းသားပဲ""

""ခံတြင္းေတြ႕ရင္ မ်ားမ်ားစား""

ဂင္မ္ခ်ီထမင္းေၾကာ္ကို သူႀကိဳက္သည္ျဖစ္မည္။
ေနာက္ထပ္ ထည့္စားေနေသးသည္။
ထမင္းေၾကာ္ကို တၿမံဳ႕ၿမံဳ႕စားေနသည့္
သူ႕ကို ေငးၾကည့္ၿပီး ကြၽန္ေတာ္ စကားတစ္ခြန္းကို
အမွတ္တမဲ့ ေျပာမိသည္။

""Jay လူဘယ္ႏွေယာက္ကို gay သြားေအာင္ လုပ္ဖို႔ စဥ္းစားထားလဲ""

ပင့္ၾကည့္လာေသာ သူ႕မ်က္ဝန္းေတြမွာ အံ့ဩဟန္ေတြ မရိွ။
ကြၽန္ေတာ္ ဘာကိုဆိုလိုလဲ။ သူ သိသည္။

""မဟုတ္ေသးဘူး""

""ဟုတ္ပါတယ္...ကြၽန္ေတာ္လည္း Jay ေၾကာင့္ gay သြားၿပီဗ်""

""ငါ ေျပာျပမယ္...ငါက ေသရေတာ့မယ့္လူ...
မင္းကိုယ္မင္း ဒုကၡမေပးသင့္ဘူး""

""ကြၽန္ေတာ့္ကို မျငင္းပါနဲ႔....
အျငင္းခံရမွာ ေၾကာက္လို႔ ဒီေန႔အထိ ကြၽန္ေတာ္ ဘယ္သူ႕ကိုမွ ရည္းစားစကားမေျပာဖူးဘူး...Jay ကြၽန္ေတာ့္ကို မျငင္းဘဲ ႀကိဳးရွည္ရွည္နဲ႔ လွန္ထားေပး...တိခနဲ ျဖတ္လိုက္ရင္ ကြၽန္ေတာ္ ေလလြင့္သြားမွာ...ကြၽန္ေတာ့္ကို အဲလိုျဖစ္ေစခ်င္လို႔လား""

""မင္းအတြက္ပဲ မင္းၾကည့္တယ္...ငါ့ခံစားခ်က္ကို ထည့္မတြက္ဘူးလား""

သူ ေဒါသထြက္သြားသည္။
ထမင္းေၾကာ္ကို ဆက္မစားေတာ့ဘဲ
ထထြက္ရန္ ျပင္၏။

""ဒါဆို လက္ခံေပးေလ...Jay အသက္ရွင္ေနသေရြ႕ ကြၽန္ေတာ္နဲ႔ တြဲလို႔ရတယ္""

""ဘယ္သူ႕အတြက္မွ အက်ဳိးမရိွတဲ့စကားကို ထပ္မေျပာနဲ႔""

""ကြၽန္ေတာ္တို႔ ၂ေယာက္လံုး ေပ်ာ္ရမယ့္ကိစၥေလ""

""ေတာ္စမ္းပါ...မင္းခံစားခ်က္ေတြကို ေမ့ပစ္လိုက္..
.ငါ မင္းကို.""

""ကြၽန္ေတာ့္ကို ဒီတစ္ခုပဲ ကူညီေပး...မခ်စ္ဘူး ဆိုတဲ့ စကားကို မေျပာပါနဲ႔လား""

သူ ကြၽန္ေတာ့္ကို မီးဖိုခန္းမွာ ထားသြားခဲ့သည္။
တိတ္ဆိတ္မႈေတြနဲ႔ အတူေပါ့။

*************

ထိုေန႔ကစ ကြၽန္ေတာ္ သူ႕အခန္းမွာပဲ သူနဲ႔အတူ အိပ္သည္။
႐ိုး႐ိုး မဟုတ္ဘူး။ သူ႕ကို ဖက္အိပ္တာပါ။
သူက သူ႕ကို ကြၽန္ေတာ္ ခ်စ္မိသြားတာ
သူ႕အျပစ္ဟူသည့္ စိတ္ျဖင့္ မျငင္းဆန္။
ကြၽန္ေတာ့္၏ မထင္ရင္ မထင္သလို နမ္းတတ္သည့္ အနမ္းေတြကိုလည္း မ်က္ဝန္းစံုမိွတ္ လက္ခံေပးတတ္သည္။
သူ ကြၽန္ေတာ့္ကို ေသေသခ်ာခ်ာ ႀကိဳးရွည္ရွည္ႏွင့္ ခ်ည္ေႏွာင္ေပးသည္။ ရည္းစားမက် မိတ္ေဆြမဟုတ္သည့္
ဒီအေျခအေနကို ကြၽန္ေတာ္ သေဘာက်ပါသည္။

""ကြၽန္ေတာ့္ေဘးမွာ လာထိုင္ပါလား""

သူက ေခါင္းခါျငင္းသျဖင့္ ကြၽန္ေတာ္ ဂီတာကို ျမက္ခင္းေပၚခ်ၿပီး ထိုင္ခံုမွာ ထိုင္ေနသည့္ သူ႕ကို
ဆြဲေခၚလာခဲ့သည္။ သူ႕ေရွ႕မွာ ကြၽန္ေတာ္ ထိုင္ၿပီး ဂီတာကို ေကာက္ကိုင္ကာ ႀကိဳးညိႇလိုက္သည္။

""ကြၽန္ေတာ္ Jay ကို တီးျပခ်င္တဲ့ သီခ်င္းတစ္ပုဒ္ရိွတယ္ နားေထာင္မလား""

သူက ေတာက္ပေသာ အၿပံဳးျဖင့္ ေခါင္းညိတ္သည္။
ကြၽန္ေတာ္ သံစဥ္ေတြကို စတင္တီးခတ္လိုက္သည္။

🎵🎵🎵🎵🎵🎵🎵🎵🎵🎵🎵🎵🎵

သူ ဆင္ျမန္းတဲ့ scarf နီနီ.... ေနရာခဏလဲခ်င္သည္။ 🎵

ၾကင္နာသူေလး ေႏြးဖို႔ အစြမ္းကုန္ႀကိဳးစားမည္။ 🎵

ရင္မွာ ဒီေလာက္ခ်စ္ပါသည္။ 🎵

သူေပ်ာ္တာ အၿမဲေတြ႕ခ်င္သည္။ 🎵

သူ႕အရိပ္အျဖစ္ အၿမဲရိွေနတတ္ၿပီ။ 🎵

သူ ဆင္ျမန္းတဲ့ ဖိနပ္နီနီ.... ေနရာခဏလဲခ်င္သည္။ 🎵

ၾကင္နာသူေလး ခလုတ္မထိဖို႔ ကိုယ္ႀကိဳးစားမည္။ 🎵

ရင္မွာ ဒီေလာက္ခ်စ္ပါသည္။ 🎵

ဘာမဆို ကိုယ္အဆံုး႐ံႈးခံမည္။ 🎵

အလွမ္းေဝးတဲ့ ကြၽန္ေတာ့္ရဲ႕ အခ်စ္ဦး J ။ 🎵

ေက်ာင္းသြားေက်ာင္းျပန္ အခ်ိန္မွန္ အၿမဲ
ႏႈတ္ဆက္တတ္သည္။ 🎵

သူ႕မ်က္ဝန္းနဲ႔ဆံုရင္ ရင္ခုန္သည္။ 🎵

သူ႕အၿပံဳးေလးမ်ားျမင္ရင္ အေပ်ာ္လြန္ၿပီး အိပ္မရေတာ့ၿပီ။🎵

သိပ္ခ်စ္တဲ့ အေၾကာင္းကို ကဗ်ာေတြေရးမည္။🎵

ေနရိပ္မိုးတဲ့ ထီးနီနီ ေနရာခဏလဲခ်င္သည္။ 🎵

ၾကင္နာသူေလး ေအးျမဖို႔ ကိုယ္ႀကိဳးစားမည္။ 🎵

ရင္မွာ ဒီေလာက္ခ်စ္ပါသည္။ 🎵

ဒါကို သူလဲ သိေနၿပီ။ 🎵

တစ္ေန႔ေန႔ေတာ့ ခ်စ္၍ လာလိမ့္မည္။🎵

ေက်ာင္းသြားေက်ာင္းျပန္ အခ်ိန္မွန္ အၿမဲ
ႏႈတ္ဆက္တတ္သည္။ 🎵

သူ႕မ်က္ဝန္းနဲ႔ဆံုရင္ ရင္ခုန္သည္။ 🎵

သူ႕အၿပံဳးေလးမ်ားျမင္ရင္ အေပ်ာ္လြန္ၿပီး အိပ္မရေတာ့ၿပီ။🎵

သိပ္ခ်စ္တဲ့ အေၾကာင္းကို ကဗ်ာေတြေရးမည္။ 🎵

🎵🎵🎵🎵🎵🎵🎵

သီခ်င္းသံအဆံုး သူက လက္ခုပ္တီးၿပီး ခ်ီးက်ဴး၏။

""ေမာင့္အသံက ခ်ဳိၿပီး တကယ္ေကာင္းတယ္..
.သီခ်င္းကလည္း နားေထာင္ေကာင္းတယ္... ဘာအဓိပၸာယ္လဲဟင္""

ကြၽန္ေတာ္ သူ႕လက္ကို ဆုပ္ကိုင္ၿပီး
ဘယ္ဖက္ရင္ဘတ္ေပၚ ဖိကပ္လိုက္သည္။

""ခံစားရလား...ကြၽန္ေတာ့္ရင္ခုန္သံေတြကို""

သူ ေခါင္းညိတ္ၿပီး လက္ကို ႐ုန္းသည္။
ကြၽန္ေတာ္ မလႊတ္ေပးဘဲ သူ႕မ်က္လံုးေတြကို စူးစူးနစ္နစ္စိုက္ၾကည့္လိုက္သည္။

""Jay ခ်စ္လာမယ့္ေန႔ကို ကြၽန္ေတာ္ ေစာင့္ေနတယ္""

သူက ရေအာင္ ႐ုန္းၿပီး ကြၽန္ေတာ့္ကို ျပန္ၾကည့္သည္။

""ေမာင္က တစ္ကိုယ္ေကာင္းဆန္တဲ့ လူ....ငါ့ကို ဒီလိုစကားလံုးေတြနဲ႔ လာမႏိွပ္စက္နဲ႔...ငါ့ကို ခ်စ္ေပးပါလို႔ ေမာင့္ကို ငါ မေတာင္းဆိုခဲ့ဘူး""

""ကြၽန္ေတာ္ကလည္း ကြၽန္ေတာ့္ႏွလံုးသားကို Jay ကို ခ်စ္ပါလို႔ မေတာင္းဆိုခဲ့ဖူးဘူး""

""ေတာ္ပါေတာ့...ငါတို႔ ေတာ္ေလာက္ၿပီ""

ထသြားသည့္ သူ႕ကို ကြၽန္ေတာ္ ဆြဲခ်လိုက္သည္။
ကြၽန္ေတာ့္ေပါင္ေပၚ ေရာက္လာသည့္ သူက
အတင္း႐ုန္းၿပီး ထဖို႔ ႀကိဳးစားျပန္သည္။
ကြၽန္ေတာ္ သူ႕ကို မလႊတ္မိေအာင္ တင္းတင္းၾကပ္ၾကပ္ဖက္လိုက္သည္။
လႊတ္ ဟု ေျပာေနသည့္ သူ႕အသံကိုလည္း
အနမ္းမ်ားျဖင့္ တိုးတိတ္ေစသည္။
သူ႕လက္က ကြၽန္ေတာ့္ရင္ဘတ္ကို တစ္ခါ႐ိုက္တိုင္း
အနမ္းေတြကို ပိုမြတ္သိပ္ေစသည္။
ထြက္ေျပးေရွာင္တိမ္းေနတဲ့ သူ႕လွ်ာေလးကို မလြတ္တမ္းခ်ည္ေႏွာင္ေနမိသည္။
သူ ကြၽန္ေတာ့္ကို တြန္းထုတ္ေလ။ 
ကြၽန္ေတာ့္အနမ္းေတြ ပိုရွည္ၾကာေလပဲ။
အခ်ိန္ၾကာလာေတာ့ ဤသည္ကို သူနားလည္သြားသည္ ထင္သည္။ ကြၽန္ေတာ့္ရင္ခြင္ထဲမွာ ၿငိမ္က်သြားသည္။

စိုစြတ္ေနသည့္ သူ႕ႏႈတ္ခမ္းကို လက္မျဖင့္ ဖြဖြေလး သုတ္ေပးလိုက္သည္။ နမ္းတုန္းက သူ ကြၽန္ေတာ့္ႏႈတ္ခမ္းကို ကိုက္လိုက္တာလား မသိ။ ေအာက္ႏႈတ္ခမ္းက စပ္ဖ်င္းဖ်င္းနဲ႔။
နာသည့္ေနရာကို လွ်ာနဲ႔လ်က္ၾကည့္ေတာ့ ငန္က်ိက်ိ အရသာ။
သူ တကယ္ ကိုက္လိုက္တာ။

တစ္ခဏၿငိမ္ၿပီး သူျပန္႐ုန္းေနသျဖင့္
ကြၽန္ေတာ္ သူ႕လက္ကို ခ်ဳပ္ကိုင္လိုက္ကာ...

""စိတ္မပူပါနဲ႔...ကြၽန္ေတာ့္ကို Jay တစ္ေန႔ ျပန္ခ်စ္လာမွာပါ""

သူ ငိုေနသည္။ ၿပီးေတာ့
ကြၽန္ေတာ့္ပါးကို ဖြဖြေလး ထိကိုင္၏။

""ေမာင္ မ႐ူးစမ္းပါနဲ႔...ငါ့အတြက္ အခ်ိန္.""

""႐ႉး!...ရင္ခုန္ဖို႔ ေကာင္းတဲ့ အခ်ိန္မွာ တျခားဘာအေၾကာင္းမွ မေျပာနဲ႔...ကြၽန္ေတာ္ စိတ္ဆိုးလာရင္ Jay ႏႈတ္ခမ္းကို ျပန္ကိုက္လိုက္မွာ""

ကြၽန္ေတာ့္ ၿခိမ္းေျခာက္စကားသည္ ထိေရာက္ပါသည္။ ငိုေနသည့္ၾကားမွ သူ႕ႏႈတ္ခမ္းကို အုပ္လိုက္မိသည္အထိ လန္႔သြားပံုရသည္။ ကြၽန္ေတာ္ မရယ္မိေအာင္ ထိန္းၿပီး
အသံခပ္ျပတ္ျပတ္ျဖင့္...

""ကြၽန္ေတာ္ ဂီတာတီးသင္ေပးမယ္""

သူ႕ကို ဂီတာကိုင္ေစၿပီး တီးျပေတာ့
သူက ေနာက္လွည့္ၾကည့္သည္။

""ငါ ေအာက္မွာပဲ ထိုင္လို႔မရဘူးလား...ေနရခက္လို႔""

ကြၽန္ေတာ္ သူ႕ကို လႊတ္ေပးလိုက္ေတာ့ သူက ျမက္ခင္းျပင္ေပၚ ထိုင္ၿပီး ဂီတာတီးစမ္းၾကည့္၏။ ကြၽန္ေတာ့္ကို မေမးဘဲ
သူ႕ဘာသာ တီးၾကည့္ေနတာ။ ခပ္တည္တည္နဲ႔ တီးေနရာက တျဖည္းျဖည္းနဲ႔ သူ႕ႏႈတ္ခမ္းေတြ မဲ့လာသည္။

""ေမာင္ လက္မနာဘူးလား""

""မသင္နဲ႔ေတာ့""

ကြၽန္ေတာ္ သူ႕လက္ထဲမွ ဂီတာကို လုယူလိုက္သည္။
သူ နားေထာင္ခ်င္တဲ့ သီခ်င္းရိွရင္ ကြၽန္ေတာ္ပဲ တီးေပးမယ္။
သူ႕လက္ေတာ့ အနာမခံေစခ်င္ပါ။

*************

မနက္ေစာေစာစီးစီး ဆက္လာသည့္ ဖုန္းက
အန္တီေမဆီက။ ကြၽန္ေတာ္ အိပ္ရာမွ မထဘဲ ဖုန္းကို လွမ္းယူၿပီး နားမွာ ကပ္ထားလိုက္သည္။

""ဘာလဲ အန္တီေမ""

(*နင္ဘာလုပ္ေနတာလဲ...ဟမ္!...Jay နဲ႔ နင္ ဘယ္အဆင့္ထိ ေရာက္ေနၿပီလဲ*)

*မိတ္ေဆြမဟုတ္ ခ်စ္သူလည္း မဟုတ္တဲ့ အဆင့္ေပါ့*

(*ငါ့ကို မလိမ္နဲ႔...ညေနက ငါ နင့္အေၾကာင္း ဖုန္းဆက္ေမးတာ နင့္အေၾကာင္းေျပာျပတိုင္း သူ႕မွာ တေမာင္ေမာင္နဲ႔...အမွန္အတိုင္းေျပာ...နင္နဲ႔ သူ ခ်စ္သူေတြ ျဖစ္ေနၾကၿပီလား*)

ကြၽန္ေတာ္ အားပါးတရ ၿပံဳးလိုက္မိသည္။ Jay ကြၽန္ေတာ့္ကို ေမာင္လို႔ ေခၚေခၚျပီး စကားေျပာဖို႔
အေတာ္ေလး လိမ္ခဲ့ရတာ။ ဘာတဲ့။ ျမန္မာႏိုင္ငံမွာ
ကိုယ့္ထက္ ငယ္တဲ့ ညီေလးေတြကို
ေမာင္လို႔ ေခၚၾကတာလို႔ ေျပာေတာ့
သူ႕မွာ မ်က္ေတာင္တခတ္ခတ္ျဖင့္ ခ်ဳိခ်ဳိသာသာေခၚလာသည္။ ေမာင္ တဲ့ေလ။

*သူ႕ခ်စ္သူျဖစ္ခ်င္ေနတာ ကြၽန္ေတာ္ အပိုင္းပိုင္းေသေနၿပီ အန္တီေမ...ေမာင္က ကြၽန္ေတာ့္နာမည္ကို အဖ်ားဆြတ္ေခၚခိုင္းတာေလ..မရဘူးလား*

(*နင္ ကလိမ္မက်နဲ႔ ဂ်ဴကို...
ငါ ျမန္မာစကားနားလည္တယ္...ငါ နင့္ကို ေရွ႕ဆက္မတိုးနဲ႔ လို႔ ေျပာထားတာ ေမ့ေနၿပီလား...သူ႕အတြက္ တစ္ေယာက္တည္းနဲ႔တင္ နာက်င္ရတာ မ်ားေနၿပီ..
.နင္ သူ႕ကို မကစားနဲ႔...နင့္အသက္နဲ႔ သူ႕အသက္ကိုလည္း ထည့္တြက္ဦး*)

*ကြၽန္ေတာ့္အခ်စ္က အေပါစားမဆန္ဘူး...
ဒါပဲ*

အေရးမပါတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ကြၽန္ေတာ္ သူ႕ကို ခ်စ္ေနတာကို တားလို႔ရမယ္ ထင္ေနတာလား မသိ။
ေက်ာင္းပိတ္ရက္မွာ အိပ္ေကာင္းျခင္း မအိပ္ရပါလားေနာ္။

*************

ကြၽန္ေတာ္ သူ႕လက္ကို ဆုပ္ကိုင္ၿပီး ထိုင္ေနတာ
၂နာရီရိွေနၿပီ။ သူေရာ ကြၽန္ေတာ္ေရာ ဘာစကားမွ
မေျပာျဖစ္ၾကဘူး။ တစ္ခ်က္ တစ္ခ်က္ သူေမာဟိုက္လာတိုင္း
ကြၽန္ေတာ့္လက္ကို ဆိတ္တတ္ေတာ့ ကြၽန္ေတာ့္လက္ဖမိုးမွာ သူ႕လက္သည္းရာေတြျဖင့္ နီေနသည္။
ညတာေတြက ရွည္ၾကာလိုက္တာ။
မနက္ေနေရာင္ထြက္လာရင္ သူ ျပန္လန္းဆန္းသြားမွာပါ။

တျဖည္းျဖည္း ေမွးမိွတ္လာသည့္ သူ႕မ်က္ခြံေတြ။
ကြၽန္ေတာ္ သူ႕လက္ကို ပိုတင္းၾကပ္စြာ ဆုပ္ကိုင္လိုက္သည္။

""Jay ""

""ငါ အိပ္ခ်င္ေနၿပီ ေမာင္~""

အဆံုးသတ္ တိမ္ဝင္သြားသည့္ သူ႕အသံ။
ကြၽန္ေတာ့္ႏွလံုးသားကို ဓားနဲ႔ ထိုးဆြေနသလိုပဲ နာက်င္ရသည္။

""ခဏေစာင့္ ကြၽန္ေတာ္ ျပန္လာခဲ့မယ္""

ကြၽန္ေတာ့္အခန္းကို ေျပးတက္ၿပီး အန္တီေမကို ဖုန္းဆက္လိုက္သည္။ ဖုန္းဝင္သြားတာနဲ႔ အေလာတၾကီး ေမးမိသည္။

*အန္တီေမ့မွာ အိပ္မေပ်ာ္ေစတဲ့ေဆး ရိွလား*

(*ဘာလဲ...ဘာေဆးလဲ*)

*သူ...သူ အိပ္ခ်င္ေနၿပီတဲ့~*

အန္တီေမ၏ သက္ျပင္းခ်သံကို ဖုန္းထဲမွ အက်ယ္ႀကီး ၾကားလိုက္ရသည္။

(*နင္ သူ႕ကို မဆြဲထားနဲ႔*)

*ကြၽန္ေတာ္. ..ကြၽန္ေတာ္ ဘာလုပ္ရမလဲ*

ကြၽန္ေတာ့္မ်က္ရည္ေတြဟာ အထိန္းအကြပ္မရိွေတာ့ဘူး။
ကြၽန္ေတာ့္ရင္ေတြလည္း မြန္းၾကပ္ေနၿပီ။

*ကြၽန္ေတာ္ သူ႕ကို လက္မလႊတ္ႏိုင္ဘူး*

(*သူ႕အတြက္ ေသခ်ာစဥ္းစား....ဒီအခ်ိန္က သူ႕အတြက္ ဘယ္ေလာက္ခက္ခဲလဲ နင္စဥ္းစားၾကည့္...နင့္အၾကင္နာေတြနဲ႔ နင္ သူ႕ကို အဆိပ္ခတ္ၿပီးၿပီ....ထပ္ၿပီး ဒုကၡမေပးနဲ႔ေတာ့...
လက္လႊတ္သင့္တဲ့ လူကို ဆက္ဆြဲထားရင္
နင္တင္မကဘူး...သူလည္း ပင္ပန္းရမွာ...အန္တီ့ကို ရက္စက္တယ္ ေျပာခ်င္ေျပာ...နင္ လက္လႊတ္လိုက္ေတာ့...နင့္စိတ္ကို နင္ရေအာင္ေျဖထား....အန္တီ အခုလာခဲ့မယ္*)

ဖုန္းက်သြားသည္ႏွင့္ ကြၽန္ေတာ့္ မ်က္ရည္ေတြကို ကုန္စင္ေအာင္ သုတ္ၿပီး ဂီတာကို ယူကာ သူ႕အနား သြားလိုက္သည္။
သူ ကြၽန္ေတာ့္ကို လိုအပ္ေနမွာ။

""ေမာင္""

သူ႕လက္ကို ဆုပ္ကိုင္လိုက္ေတာ့ သူ မ်က္လံုးဖြင့္ၾကည့္လာသည္။

""Jay ဘာေျပာခ်င္လို႔လဲ""

""ထယ္ေယာင္း ေရာက္လာတဲ့အခါ ငါ့အစား ေျပာေပးပါ...ငါ သူ႕ကို ေနာက္ဆံုးအခ်ိန္အထိ ေစာင့္ေနခဲ့ပါတယ္လို႔""

က်ဆင္းလာသည့္ မ်က္ရည္မ်ားကို သုတ္ဖယ္ၿပီး
ကြၽန္ေတာ္ ဟားတိုက္ရယ္မိသည္။

""ေျပာေပးမယ္...Jay က ကြၽန္ေတာ္နဲ႔ လက္ထပ္သြားၿပီးၿပီလို႔..Jay က သူ႕ကို အရမ္းမုန္းတယ္လို႔""

ထိုအခါ သူရယ္ေမာလာသည္။

""အဲလိုပဲေျပာ....ေနာက္ေန႔က်မွ သူ႕ကို အမွန္အတိုင္းေျပာျပ...သူ႕ကို ငါ တစ္ရက္ေလာက္ ခံစားသြားေစခ်င္တယ္""

""တစ္ရက္တည္းလား""

သူ ငို၏။ ေခါင္းညိတ္ၿပီး သူမ်က္ရည္က်ေနသည္။

""အဲဒီခံစားခ်က္ ဘယ္ေလာက္ဆိုးသလဲ ငါသိတယ္...
တစ္ရက္ေတာင္ ငါလြန္ေနပါၿပီ""

""ကြၽန္ေတာ့္အတြက္က်ေတာ့ေရာ""

သူ အသက္ကို ဝဝ႐ႈကာ ကြၽန္ေတာ့္ကို စကားအမ်ားႀကီးေျပာလာသည္။

""ငါ့လို အ႐ူးမထနဲ႔ ေမာင္...ငါ့ကို ေမ့ပစ္လိုက္ပါ...
ေမာင္လိုခ်င္တဲ့ အမွတ္တရေတြအတြက္ ငါလိုက္ေလ်ာေပးခဲ့တယ္...ငါ့စကားကိုလည္း ေမာင္နားေထာင္ေပး...ငါ့ကို ေမ့ပစ္ၿပီး တစ္ျခားတစ္ေယာက္ကို ခ်စ္လိုက္...ေစာင့္ဆိုင္းျခင္းဟာ ဘယ္ေလာက္ခါးသက္သလဲ ငါႀကံဳဖူးၿပီးၿပီ ေမာင္...ဘယ္သူ႕ကိုမွ မေစာင့္နဲ႔...ဘယ္သူ႕ကိုမွလည္း မေစာင့္ေစပါနဲ႔..
.ငါ့ကို ကတိေပးပါ""

""ကြၽန္ေတာ္က တစ္ကိုယ္ေကာင္းဆန္တယ္...ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္တာေလ...စိတ္လည္း ျမန္တာ သိတယ္မလား...
.စိတ္ပူခ်င္ဟန္ေဆာင္မေနနဲ႔....မနက္ျဖန္ေလာက္ဆို ကြၽန္ေတာ္ Jay ကို ေမ့သြားမွာပဲ"

သူက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပံဳးၿပီး ကြၽန္ေတာ့္လက္ကို ဆုပ္ကိုင္လာသည္။

""အဲဒီစကားကို ေသခ်ာေပါက္ တည္ေပးစမ္းပါ""

ကြၽန္ေတာ္ သူ႕လက္ကို လႊတ္လိုက္ၿပီး
ဂီတာကို ယူလိုက္ကာ ႀကိဳးညိႇလိုက္သည္။

""Jay လို အ႐ူးေတြအတြက္ သီခ်င္းတစ္ပုဒ္ရိွတယ္...နားေထာင္မလား""

""အင္း...ငါ ဝန္ခံစရာ တစ္ခုရိွတယ္...
မင္း ငါ့ကို သီခ်င္းဆိုျပရင္ ငါအရမ္းေပ်ာ္တယ္""

ၿပံဳးျပေနသည့္ သူ႕ကို ကြၽန္ေတာ္ ေငးၾကည့္ၿပီး
ဂီတာကို စတင္တီးခတ္လိုက္သည္။

🎵🎵🎵🎵🎵🎵🎵🎵🎵🎵🎵🎵🎵

🎵ဘယ္ဆီေရာက္သြားလဲ
🎵တိမ္စိုင္လိုပဲ ေပ်ာက္ကြယ္
🎵နာက်င္စရာ အတိတ္တစ္ခုရယ္ အေဝးမွာ ထင္က်န္ဆဲ
🎵အိမ္ျပန္ခ်ိန္ေရာက္ခဲ့ ျပန္မလာေတာ့မွန္းသိတယ္
🎵အျမင္ေတြ ေဝဝါးဆဲပါ အခု ငါေမွ်ာ္ေနတယ္
🎵ေနာက္ဆံုးေသာအခ်ိန္ ေခတၱခဏ ငါ့ဆီ နင္ျပန္လာေပးပါ
🎵ငါ အသက္မဲ့သြားတဲ့ ခႏၶာရိွမယ့္ေနရာ
🎵ေမွ်ာ္လင့္ျခင္းေလးနဲ႔ အားတင္းထား ခ်စ္သူရယ္
ျပန္လာေတာ့မွာ
🎵ဒီအခန္းက်ဥ္းေလးထဲ မ်က္လံုး မမိွတ္ခင္မွာ
🎵ေနာက္ဆံုးေသာ စကၠန္႔ေလးမွာ
🎵ေနာက္ဆံုးေသာ ေတာင္းဆုတစ္ခုပါ
🎵ေနာက္ဆံုး မင္းအၿပံဳးေလး ျမင္ခ်င္တာ

က်ေနသည့္ မ်က္ရည္ေတြကို ဂ႐ုမစိုက္ဘဲ
ကြၽန္ေတာ္ သီခ်င္းဆက္ဆိုသည္။
အသက္႐ႉဖို႔ ႐ုန္းကန္ေနသည့္ သူ႕ကို မၾကည့္ဘဲ
ကြၽန္ေတာ္ ဂီတာဆက္တီးသည္။
သူနာက်င္ေနတာကို ေတြ႕ရင္
ကြၽန္ေတာ္ပဲ နာက်င္ခံစားရမွာ။
ကြၽန္ေတာ္ အဲဒီလို မခံစားခ်င္ဘူး။
ကြၽန္ေတာ္က တစ္ကိုယ္ေကာင္းသမား။

🎵ဒီကမ႓ာေျမႀကီးထဲ ရွင္သန္မႈမ်ားေနာက္ကြယ္
🎵လူေတြ ေသဆံုးတဲ့အခါ မ်က္ရည္ေႂကြတယ္တဲ့
🎵အိမ္ျပန္ခ်ိန္ေရာက္ခဲ့ ျပန္မလာေတာ့မွန္းသိတယ္
🎵ကမ႓ာမွာ ငါမရိွတဲ့ အခါ မ်က္ရည္မေႂကြပါနဲ႔

*ေတာ္ပါေတာ့...ဂ်ဴကို စိတ္ကို ထိန္းစမ္းပါ*

🎵ေနာက္ဆံုးေသာအခ်ိန္ ေခတၱခဏ ငါ့ဆီ နင္ျပန္လာေပးပါ
🎵ငါ အသက္မဲ့သြားတဲ့

အန္တီေမ ဂီတာကို လုယူလိုက္မွ သီခ်င္းသံ ရပ္သြားသည္။

*သူ ထြက္သြားၿပီ*

ကြၽန္ေတာ္ အန္တီေမစကားကို လ်စ္လ်ဴ႐ႉၿပီး
သူ႕အခန္းထဲမွ ထြက္လာခဲ့သည္။
ကြၽန္ေတာ့္အခန္းထဲေရာက္ေတာ့
စားပြဲေပၚတြင္ အျမတ္တႏိုးထားသည့္ သူ႕ဓာတ္ပံုကို ဆြဲယူဖက္လိုက္ကာ အားပါးတရ ႐ိႈက္ငိုပစ္လိုက္သည္။
ကြၽန္ေတာ္က တစ္ကိုယ္ေကာင္းဆန္တယ္။
ကြၽန္ေတာ့္ကို ထားရစ္ခဲ့တဲ့ သူ႕ကို မုန္းလို႔ ငိုေနတာ။

*************

သူ မရိွေတာ့ ေဆးလိပ္နံ႔မ်ားကင္းမဲ့ေနေသာ အိမ္။
မီးဖိုခန္းမွာ ေဆးလိပ္ေတြ မရိွေတာ့တဲ့ အိမ္။
ေစာင့္ေမွ်ာ္ျခင္းေတြ မရိွေတာ့တဲ့ အိမ္။
အထီးက်န္ဆန္တဲ့ အိမ္။

ကြၽန္ေတာ္ သူ႕ကို အခ်ိန္တိုင္း လြမ္းတယ္။
စကၠန္႔မလပ္ သူ႕ကို သတိရတယ္။
ဒါေတြဟာ သူ႕အေၾကာင္း ေတြးမိတိုင္း ကြၽန္ေတာ္ ေပ်ာ္လို႔ပါ။
သူ႕ကို ခ်စ္လို႔ မဟုတ္ဘူး။
ကြၽန္ေတာ္က တစ္ဖို႔တည္းၾကည့္တဲ့လူ။
ကြၽန္ေတာ္ ေပ်ာ္ဖို႔အတြက္ သူ႕ကို အသံုးခ်ေနတာပါ။

******L.O.V.E******

၂၀၁၂။ Korea ။

January

"hyung ကြၽန္ေတာ္ အခုပဲ လာေနၿပီ...
အိမ္ထဲမွာ ထိုင္ေစာင့္....ဒီေန႔မွ ပိုေအးေနတယ္"

ပါးလ်ေသာ ႏႈတ္ခမ္းပါးမ်ားသည္ တင္းတင္းေစ့သြားသည္။

"ဟုတ္ကဲ့ပါဗ်ာ...Love you hyung"

ငါ မင္းကို လိုခ်င္လို႔ အနားကို ေရာက္ေအာင္ေခၚခဲ့တာ ထယ္ေယာင္း။ မင္းကေတာ့ လူတစ္ေယာက္ကို ေစာင့္ရမယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ငါ့ကို ျငင္းတယ္။
အခု ငါ့ကို ထားပစ္ဖို႔အထိေတာင္ ေတြးရဲတယ္ေပါ့။

"ျမန္ျမန္ေမာင္းေပးပါလား ယြန္းဂီ...
ငါ hyung နဲ႔ ေတြ႕ခ်င္ေနၿပီ"

"ဟင့္အင္း...မင္း ငါနဲ႔ပဲ လိုက္ခဲ့ရမယ္"

အရိွန္ျပင္းသြားသည့္ ကားႏွင့္ ယြန္းဂီ၏ အၾကည့္ေတြကို ထယ္ေယာင္း လန္႔လာမိသည္။

"ဟမ္...ဘာကို... ယြန္းဂီ!...ဘရိတ္နင္း.!!"

အရိွန္ျပင္းေနေသာ ကားသည္ ဓာတ္တိုင္ကို ဝင္တိုက္၏။
သို႔ေသာ္ ႐ုတ္တရက္ဦးတည္ရာေျပာင္းသြားသည့္ ကားသည္
လမ္းေလွ်ာက္ေနသည့္ လူတစ္ေယာက္ကို ပြတ္တိုက္မိၿပီး
လမ္းမေပၚရိွ သြားလာေနသည့္ ကားမ်ားႏွင့္ တိုက္မိကာ။
လည္ထြက္သြားသည္။

"Mr.Jung!"

"ဟာ...ဘယ္လိုျဖစ္ကုန္တာလဲ"

ေဇာက္ထိုးျဖစ္သြားသည့္ ကားထဲတြင္
ေသြးမ်ားခ်င္းခ်င္းနီေနေသာ မင္ယြန္းဂီသည္
ကင္မ္ထယ္ေယာင္းကို လႈပ္ႏိႈးေန၏။

"ထယ္ေယာင္း...ထယ္ေယာင္း!...ငါေခၚရင္ ျပန္ထူးစမ္းပါ...မင္းက ငါနဲ႔အတူ ထြက္သြားရမွာ...ငါ့ကို ေစာင့္ေန!...ထယ္ေယာင္း!!"

မ်က္ရည္မ်ားျဖင့္ လႈပ္ႏိႈးေနေသာ္လည္း ဘာတံု႔ျပန္မႈမွ မရိွ။

ထိုအနီးအနားမွ လူမ်ားေယာက္ယက္ခတ္ကုန္ၾကသည္။
လူနာတင္ယာဥ္ေခၚၿပီး အခ်ိန္လုကာ လူကယ္ေနၾကသည္။

"ကားထဲက လူေတြကို အရင္ဆြဲထုတ္ၾက...
ကားမီးေလာင္သြားႏိုင္တယ္"

Accident ျဖစ္သည့္ေနရာႏွင့္ လြတ္ကင္းေသာ ေနရာတြင္ လဲက်ေနေသာ လူကို ႐ႉေဆးေပးေနၾကသည္။

"ဘာျဖစ္တာလဲ"

"ကားaccident ျဖစ္တာကို ျမင္သြားလို႔ ျဖစ္မယ္...႐ုတ္တရက္ ေမ့လဲသြားတာ"

မၾကာမီ လူနာတင္ယာဥ္မ်ား တစ္စီးၿပီးတစ္စီး ေရာက္လာ၏။

At hospital ,

ကားတိုက္ခံရသည့္ လူနာမွာ ဦးႏွောက္ေသသြားသည္ဟု သတင္းၾကားသျဖင့္ ထိုအခန္းကို ေဒါက္တာရွင္း အလ်င္စလိုသြားရေတာ့သည္။

"လူနာရဲ႕ မိသားစုဝင္ေတြေရာ"

"ကြၽန္ေတာ္ပါ ေဒါက္တာ"

"ဟင္...မင္းက ကင္မ္ေဆာ့ဂ်င္ရဲ႕ လူနာရွင္."

"သူတို႔က ကြၽန္ေတာ့္သူငယ္ခ်င္းႏွစ္ေယာက္လုံးပါ"

ေဒါက္တာရွင္း စိတ္ေမာသြားရသည္။

"သူ႕အေျခအေနက."

"ကြၽန္ေတာ္ သိပါတယ္ ေဒါက္တာ....ကြၽန္ေတာ္ သူ႕အမ်ိဳးသမီးကို ဆက္သြယ္ေပးပါ့မယ္"

အခန္းျပင္ထြက္သြားၿပီး မၾကာပါ။
ျပန္ဝင္လာေတာ့ ပတ္ဂ်ီမင္ မ်က္ႏွာမေကာင္းေပ။
သူ႕ကို ဘာမွမေျပာဘဲ လူနာ၏ လက္ကို ကိုင္လိုက္သည္။

"ဟိုေဆာ့ ငါ့ဆုံးျဖတ္ခ်က္ကို မင္း နားလည္ေပးနိုင္မွာပါ...မေကာင္းတဲ့ မိန္းမတစ္ေယာက္အတြက္နဲ႕ မင္းႏွလုံးသားကို မထိခိုက္ပါေစနဲ႕ေတာ့...ငါ မင္းႏွလုံးသားကို ကယ္တင္ေပးပါရေစ"

ထို႔ေနာက္ မ်က္ရည္စမ်ားကို သုတ္ဖယ္ၿပီး
သူ႕ကို လွည့္ၾကည့္၏။

"ကြၽန္ေတာ္တို႔က မိဘမဲ့ေတြပါ ေဒါက္တာ...
တစ္ေယာက္ကိုတစ္ေယာက္ ေဖးမကူညီေစာင့္ေရွာက္ေပးၾကတယ္...
ကြၽန္ေတာ္က သူ႕ရဲ႕ သူငယ္ခ်င္းပါ..သူ႕ႏွလုံးလႉဖို႔အတြက္ ကြၽန္ေတာ္
လက္မွတ္ထိုးေပးပါ့မယ္ ေဒါက္တာ"

သေဘာတူညီခ်က္ လက္မွတ္ရၿပီးေနာက္
ႏွလုံးထုတ္ယူျခင္း၊ အစားထိုးျခင္းမ်ားကို
ေဆာင္႐ြက္ၾကသည္။

ထိုေဆး႐ုံ၏ အခန္းတစ္ခန္းတြင္ ခ်စ္ရသူအား
ပိုင္ဆိုင္ခ်င္ေသာ အတၱကို ဦးစားေပးမိသူ မင္ယြန္းဂီ။
သူ႕အတ္တေၾကာင့္ ခ်စ္ရသူက ေသဆုံးသြားၿပီး သူကေတာ့ ေနာင္တတရားမ်ားႏွင့္ ဘဝကို ခါးသီးစြာ ရွင္သန္သြားရ၏။

######E.N.D######

ေစာင့္ဆိုင္းျခင္းမ်ားႏွင့္
The Unknown Story ။

💙💙💙

##################

[Unicode]

""......."" = English

"......." = Korea

*.......* = Myanmar

-------------------

၂၀၂၂ ။

New York City .

တုံ့ခနဲ ရပ်သွားသော ကားထက်ဝယ်
ထိုင်ခုံကို မှီ၊ ယုန်သွားများပေါ်သည်အထိ ပါးစပ်ဟကာ အိပ်မောကျနေသော ကောင်လေးသည် မနိုးသေးပေ။

""ရောက်ပြီ""

Taxi driver မှ ကျယ်လောင်စွာ အသံပြုမှ
အလန့်တကြား နိုးလာတော့၏။ သွားရည်ကို လက်ခုံနှင့် မသိမသာသုတ်ပြီးနောက် မျက်လုံးဝိုင်းပိုင်ရှင် ကောင်လေးသည် ကားပေါ်မှ မဆင်းသေးဘဲ ကားမှန်မှ ခေါင်းပြူပြီး နေရာမှန်မမှန် ဦးစွာစစ်ဆေးသည်။

*ဓာတ်ပုံထဲကထက် မိုက်တယ်ကွာ*

သေချာပြီဆိုမှ ကားထဲမှ အထုတ်များကို ချပြီး
ကျသင့်ငွေ ရှင်းလိုက်သည်။
ထို့နောက် အိမ်ကြီးထဲကို လျှောက်လှမ်းအတိုင်း ဝင်၏။
အိမ်ရှေ့မျက်နှာစာက မြက်ခင်းပြင်ကို ငေးရင်း
မြက်ပေါ်မှာ ထိုင်ပြီး ဂစ်တာ တီး ၊သီချင်းဆိုရမည် ဟု
စိတ်ကူးယဉ်မိတော့ သွားများပေါ်အောင် ပြုံးမိတော့သည်။
မာမီ့သူငယ်ချင်းငှားပေးထားသော အိမ်က
ကျွန်တော့်အကြိုက်ပုံစံမို့ တော်ပါသေးသည်။ ဒီလိုကျတော့လည်း
ဘေးမှာခေါ်ပြီး ဒုက္ခပေးဖို့ မတွေးသော အန်တီမေကို
တကယ်ကျေးဇူးတင်ရတော့မည်။

အိမ်တံခါးရှေ့မှာ ရပ်ပြီး ဘဲလ်တီးလိုက်သည်။

Ting !

ဘဲလ်သံမြည်ပြီးသည်နှင့် ကြားလိုက်ရသော အသံ။

ဒုန်း!

ကျယ်လောင်လွန်းသော အသံမို့
ကျွန်တော့်အပျော်တွေပင် ပျောက်လုနီးနီး။
ဒီအိမ်ပိုင်ရှင်က အမေရိကန်ခပ်ကြမ်းကြမ်းလူဆိုးကြီးများလား ဟု ထိတ်လန့်တကြား အတွေးဝင်မိချိန်မှာ *သူက ရှေ့နေ* ဟူသော အန်တီမေ့အသံကို ပြန်ကြားယောင်မိတော့
ကျွန်တော့်စိုးရိမ်စိတ်က ပြန်ပဲဝင်ရတော့မလိုလို။

ရုတ်တရက် ပွင့်သွားသော တံခါးနှင့်
ကျွန်တော် မြင်ရသော အိမ်ပိုင်ရှင်က
မျက်ဝန်းရောင်တလက်လက်ဖြင့် ပြုံးနေသောသူ။ 
မေးရိုးထင်းထင်း၊ နှာတံစင်းစင်းနှင့် အမေရိကန်မျက်နှာပေါက်မျိုးတော့ မဟုတ်ပေ။
သို့သော် ကျွန်တော့်ကို တွေ့တွေ့ချင်း တည်သွားသော မျက်နှာနှင့် မှိုင်းညို့သွားသော မျက်ဝန်းတွေက ကျွန်တော့်ကို မကြိုဆိုချင်သည့်ပုံပင်။

""ဘယ်သူလဲ""

မျက်မှောင်ကြုတ်မေးလာသူကို ကျွန်တော် အရဲစွန့်ပြုံးပြလိုက်သည်။

""ကျွန်တော်က Juko Maung ပါ...ဒီမှာနေဖို့"

နှုတ်ဆက်စကားပြောတော့ သူက ဖော်ဖော်ရွေရွေပြုံးလာ၏။

""အာ...ဒေါက်တာမေ ပြောတဲ့ မြန်မာက ကောင်လေးဆိုတာ""

""ဟုတ်ပါတယ်""

""Jay Jung ပါ...ဝင်ခဲ့ပါ""

အိမ်ထဲရောက်တော့ အိမ်၏ အပြင်အဆင်ကို
လိုက်ကြည့်ပြီး သဘောတကျပြုံးမိသည်။
ပရိဘောဂနည်းပြီး ရှင်းလင်းနေပေမယ့်
သန့်ရှင်းသပ်ရပ်တဲ့ အိမ်မျိုးပဲ။ မီးဖိုခန်းက အနည်းငယ်ရှုပ်ပွကာ ထိုင်ခုံတစ်လုံး လဲနေတာက ကြည့်ရဆိုးတာက လွဲရင်ပေါ့။

""ဆောရီး...ဘဲလ်သံကြားတော့ ငါ နည်းနည်းစိတ်လှုပ်ရှားသွားမိလို့""

သူက ထိုင်ခုံကို နေရာတကျထားပြီး အားနာဟန်ဖြင့် ဆို၏။
စားပွဲပေါ်က ဆေးလိပ်ခွက်ကို ကြည့်ပြီး သူ့နှုတ်ခမ်းတွေ ဘာကြောင့် ပြာဝေနေသလဲ ကျွန်တော် သိသွားသည်။ ဆေးလိပ်သောက်သူကို ကျွန်တော်မကြိုက်သော်လည်း
အိမ်ငှားနှင့် အိမ်ရှင်ဆက်ဆံရေးမို့
ကိုယ့်အခန်းမှာပဲ ကိုယ်နေပြီး အေးဆေးနေလျှင် ဘာပြဿနာမှ တက်တော့မည် မဟုတ်။

""ကျွန်တော်က ဘယ်မှာနေရမှာလဲ""

လေယာဉ်အကြာကြီးစီး၊ ကားလည်း စီးလာရတာမို့
ကျွန်တော် နားချင်နေပြီဖြစ်သည်။

""ဒီလှေကားအတိုင်း တက်သွား...မင်း အခန်းကို တွေ့လိမ့်မယ်""

၇ဆင့်ရှိသော လှေကားကို တက်ပြီးနောက်
ကျွန်တော့်၏ နားခိုရာကို တွေ့ပါလေပြီ။
အခန်းထဲ ရောက်သည်နှင့် အထုတ်များကို ပစ်ချပြီး
ကုတင်ပေါ် ကျွန်တော် အိပ်ချလိုက်သည်။

*အား...အခုမှပဲ*

နူးညံ့သော အထိအတွေ့များသည် ကျွန်တော့်အား
အိပ်စက်ခြင်းဆီ တွန်းပို့နေလေတော့ မျက်ခွံများ လေးလံလာတော့သည်။

*************

*ဂျူကို ထတော့လေ*

အကြောတစ်ချက်ဆန့်ပြီး ပြန်အိပ်ချင်သော ကျွန်တော့်စိတ်ကူးက အန်တီမေ၏ လက်ဝါးချက်က ကျောပြင်ပေါ်သို့ ရောက်သောအခါ လွင့်စင်ပပျောက်ကုန်သည်။
အိပ်ချင်စိတ်ကတော့ မပြေသေး။ အားရပါးရ တစ်ချက်သန်းပြီး
ကုတင်ပေါ်မှ ဆင်းလိုက်ရသည်။

""အောင်ဆင်းခဲ့...ညစာစားမယ်""

အန်တီမေသည် ကျွန်တော့်အပေါ် ထိုသို့ ဩဇာညောင်းလို့ အမေက ဒီကို စိတ်ချလက်ချ လွှတ်ခဲ့သလား မှတ်ရသည်။
ကျွန်တော် အကြောထပ်ဆန့်လိုက်သည်။ ပြီးနောက်
အထုတ်ထဲမှ သွားတိုက်တံနှင့် လိုအပ်သည်များ ထုတ်ပြီး ကျွန်တော့်၏ လေးလံသောခြေလှမ်းတွေကို သယ်ကာ
ရေချိုးခန်းထဲသို့။

အောက်ထပ်တွင် ညစာစားဖို့ ဆင်းလာတော့ အန်တီမေနဲ့ သူက စကားဝိုင်းကျကာ ရယ်မောနေကြသည်။
မွှေးပျံ့သော ဟင်းရနံ့သည် ကျွန်တော့်ခြေလှမ်းတွေကို မြန်ဆန်စေသည်။

ညစာက ကြက်သားဟင်း! ။
ခရမ်းချဉ်သီးသုပ်လည်း ပါတယ်။

*အန်တီမေ ချက်ထားတာလား*

*ဆိုင်ကဝယ်လာတာ...အန်တီမေ ညနေအထိ ဂျူတီရှိလို့ ဒီနေ့တော့ မချက်ပေးနိုင်ဘူး..နင်စားချင်ရင်
အားတဲ့ တစ်ရက် အန်တီမေ ချက်ကျွေးဦးမယ်*

*အန်တီမေ မြန်မြန်အားလပ်ပါစေဗျာ*

အန်တီမေ ပန်းကန်ထဲ ဟင်းထည့်ပြီးနောက်
ကျွန်တော် ထမင်းစဆွဲတော့သည်။
ရေခြား မြေခြားမှာ စားရသည့် ထမင်းဟင်းမို့လား မသိ။
အလွန် အရသာရှိ၏။ မြန်မာ့ဟန်အတိုင်း ချက်ထားပြီး မဆလာထည့်ထားတော့ အနံ့ရော အရသာရော ပြည့်စုံသည်။
ခရမ်းချဉ်သီးသုပ်ကလည်း ချဉ်စပ်စပ်နှင့်မို့ အအီပြေစေသည်။

*ဖြည်းဖြည်းစား*

ခက်ရင်းနှင့် ဇွန်းနှင့် အားရပါးရ နယ်စားနေတဲ့ သူနှင့်မတူ အန်တီမေက ထမင်းကို အေးအေးဆေးဆေးစားသည်။

""တစ်ရက် ဒီမှာ မုန့်ဟင်းခါး လာလုပ်စားမယ်...
Jay လည်း ကြိုက်တယ်မလား""

""မုန့်ဟင်းခါး?...ကြိုက်တာပေါ့""

ထိုသူ၏ 'မုန့်ဟင်းခါး' ဟူသည့် ဝဲတဲတဲ အသံလေးကို ကြားတော့ ကျွန်တော် ပြုံးမိသည်။ ကိုယ့်ဘာသာစကားကို နိုင်ငံခြားလူတစ်ယောက်ပြောတာ ကြားရတော့လည်း မဆိုစလောက်လေး ပျော်မိတာပေါ့ဗျာ။

ညစာစားပြီးနောက် ကျွန်တော် အခန်းထဲဝင်ခဲ့သည်။
လူကြီး၂ ယောက်၏ ပျင်းစရာစကားဝိုင်းမှာ ပျင်းပျင်းရိရိထိုင်မနေချင်ပါ။ အခန်းထဲရောက်တော့
မြန်မာနိုင်ငံမှာ ကျန်ခဲ့သည့် ဘော်ဒါဘော်ချက်များဆီ ဖုန်းဆက်ဒုက္ခပေးတော့၏။ New York မှာ ည ၆နာရီကျော်ဆိုတော့ ဟိုမှာ မနက် ၅ခွဲလောက်ပဲ ရှိဦးမှာ။
ကာလနဂါးအမျိုးတွေက နိုးကြဦးမှာ မဟုတ်။
ကျွန်တော်က စေတနာ ဗရပွဖြင့် ဖုန်းဆက်ခေါ်နှိုးပေးရမည်။
တကယ် စေတနာ ထားတာပါ။

*************

အိပ်ရေးဝသဖြင့် New York ၏ ပထမဆုံး
မနက်ခင်းမှာ ကျွန်တော် လန်းဆန်းတက်ကြွနေသည်။
အန်တီမေ ဝယ်ခဲ့သော အုန့်နို့ခေါက်ဆွဲကို  အဝဆွဲပြီး
ကျောင်းတက်ဖို့ ကိစ္စအဝဝကို ကူညီပေးဖို့ အန်တီမေက ကျောင်းကို လိုက်ခဲ့သည်။

""သွားပြီ Jay ""

အိမ်ထဲမှ ထွက်တော့ အန်တီမေ၏  နှုတ်ဆက်စကားကို
သူက အပြုံးနှင့် ခေါင်းညိတ်အသိအမှတ်ပြုသည်။

ကျွန်တော် ဒီကိုလာတာ ကိုယ်ဝါသနာပါသည့် ဂီတကို အချိန်ပေးချင်လို့။ အဖေနဲ့အမေ ဆန္ဒအတိုင်း ဒီမှာ ကျောင်းလာတက်ရင်း ကျွန်တော့်၏ ဂီတခရီးပေါက်အောင် ကြိုးစားချင်သည်။ ကျောင်းအားချိန်၊ ကျောင်းပိတ်ရက်တွေတိုင်း ကိုယ်တီးတတ်သော သီချင်းများကို လမ်းမများ၊ ဘူတာရုံများတွင် တီးတော့ သဘောကျသူများရှိသဖြင့် ဆက်ကြိုးစားချင်စိတ်ဖြစ်ပေါ်ကာ အားတက်ရပါသည်။
တခါတလေ အိမ်ရှေ့မြက်ခင်းကျယ်မှာ ဂီတာတီး၊ သီချင်းဆိုပါသေးသည်။ ထိုအခါတိုင်း သူက အိမ်အပြင်ထွက်ထိုင်ပြီး ဂရုတစိုက်နားထောင်ပေးတတ်သလို လက်ခုပ်အကျယ်ကြီးတီးကာ အားပေးတတ်၏။

ရောက်စကတော့ သူကသူ၊ ကိုယ်ကကိုယ် ဆိုပြီး ကင်းကင်းရှင်းရှင်းနေမယ် စိတ်ကူးသမျှဟာ
သူ့အားပေးသံများကြောင့် သူနှင့် ရင်းနှီးချင်စိတ်ဖြစ်လာမိသည်။ ကျွန်တော့်အကြောင်းနဲ့ ကျွန်တော့်ဂီတကို စိတ်ဝင်တစား နားထောင်ပေးတတ်တဲ့
သူ၏ အကြောင်းကိုလည်း ကျွန်တော် နားထောင်ပေးချင်မိပါသည်။
သူ ကျွန်တော့်ကို လိုလိုလားလား ပြောပြခဲ့ရင်ပေါ့လေ။

ကျွန်တော် ဒီကို ရောက်တာပဲ ၂လ ရှိနေပြီ။
ဒေါက်တာ မေမြတ်ခိုင်၏ အားလပ်ရက်သည်
အလှည့်ကို မကျလာ။ အန်တီမေက မအားတော့သည့်အဆုံး
Little Myanmar မှ မုန့်ဟင်းခါးကိုပဲ ဝယ်ကျွေးလာ၏။

""စားကောင်းလား""

""အင်း""

သူ မုန့်ဟင်းခါးကို တကယ်ကြိုက်ပုံပါ။
စားနေတာ ၂ပွဲတောင် ကုန်တော့မည်။

""Jay က အန်တီမေနဲ့ ဘယ်လိုသိတာလဲ""

သူက ကျွန်တော့်ထက် အသက်ကြီးလို့ အန်ကယ်တပ်ခေါ်ဖူးပေမယ့် သူက သက်တောင့်သက်သာဖြစ်အောင် ဒီကလူတွေ ခေါ်သလိုပဲ
ခေါ်ပါတဲ့။

""ငါက ဒေါက်တာမေရဲ့ လူနာပါ""

၃၆ နှစ်ပဲ ရှိသေးသည့် Jay သည် ဆေးလိပ်ကို ရေကုန်ရေခမ်းသောက်တတ်သဖြင့် သာမန်လူထက်
အသားအရည်က မွဲခြောက်၏။ အသားအရည်နဲ့လိုက်ဖက်စွာ
Jay မျက်လုံးများသည်လည်း အချိန်တိုင်း ညို့မှိုင်းလို့။
ကျွန်တော် ဂီတာတီးသည့် အချိန်သာ တောက်ပလာတတ်သော မျက်ဝန်းညိုတစ်စုံ။ ထိုအချိန်မျိုးဆို Jay၏ ပြာဝေသော နှုတ်ခမ်းကလည်း နက်နက်ရှိုင်းရှိုင်းပြုံးတတ်ပါသေးသည်။ ဆိုတော့ ။အဝေးကြီးစဉ်းစားစရာမလို။ ဆေးလိပ်ကြောင့် သူရောဂါရသွားခြင်း ဖြစ်မည်။

""ဘာရောဂါဖြစ်နေလို့လဲ""

""အထူးအဆန်းမဟုတ်ပါဘူး. ဂျူကိုမောင်..အဆုတ်ကင်ဆာပါ""

သူက တည်တည်ငြိမ်ငြိမ်ပဲဖြေသည်။
အဆုတ်ကင်ဆာဖြစ်နေခြင်းကို စိတ်မကောင်းခြင်း၊ ဝမ်းနည်းခြင်း အရိပ်အငွေ့လေးတောင် မခံစားရ။
သူပြောတာ မမှားပါဘူး။ ဆေးလိပ်သောက်လို့
အဆုတ်ကင်ဆာဖြစ်သည်။ ဘာထူးဆန်းသလဲ။
သို့ပေမယ့် ကျွန်တော့်အတွက် ထူးဆန်းတာ ရှိသည်။

""ဆေးလိပ်မဖြတ်သေးဘူးလား...
Jay ဆေးသောက်တာလည်း မတွေ့ဘူး""

ကျွန်တော် ပထမဆုံးအကြိမ် သူ့ကိုယ်ရေးကိုယ်တာကို စွက်ဖက်မိခြင်းပါ။ သူက ခေါင်းခါပြီး အေးဆေးပဲ ဖြေသည်။

""စွဲနေပြီလေ...မဖြတ်ချင်တော့ဘူး...
ဆေးသောက်တော့ရော ဘာထူးသွားမှာလဲ""

ကျွန်တော် အံ့ဩမိသည်။ အန်တီမေသည် သူ့ကို
မည်သို့ ကုသနေသနည်း။

""အန်တီမေ သိလား""

""ဒေါက်တာနဲ့ငါ နားလည်မှု ယူထားပါတယ်""

သေချာပါသည်။ တစ်ခါတစ်ခါ အန်တီမေက သူနဲ့အတူ ဆေးလိပ်သောက်တတ်သေးတာပဲ။

""Jayက ရှေ့နေဆို...ရုံးသွားတာလည်း မတွေ့ဘူး""

ကျွန်တော် ဘယ်အချိန်တုန်းက သူ့အကြောင်း ဒီလောက်သိချင်သွားရသနည်း။
သူ ပြောပြမှ နားထောင်မယ် ဆိုရာက
ကိုယ်တိုင် မေးမြန်းစပ်စုမိနေပြီ။
သူက မဖြေသေးဘဲ မုန့်ဟင်းခါးစားထားသည့်ပန်းကန် ထဆေးသည်။

""ထားလိုက်....ကျွန်တော်ပဲ ဆေးလိုက်မယ်""

""ရတယ် ဂျူကိုမောင်""

""ကျွန်တော် မေးတာဖြေပေးဦး""

သူ့ပန်းကန်ကို လုလိုက်တော့ ကျွန်တော့်အပြုအမူကြောင့်
သူ ပြုံးသည်။ ပိရိသော နှုတ်ခမ်းပါးလေး ကွေးညွတ်ရုံလောက်ပါပဲ။ သူ ကျွန်တော့်ကို ရိုင်းတယ် ထင်ကောင်းထင်သွားလိမ့်မည်။ ကြိုက်သလို ထင်ပါစေ။ ကျွန်တော်က အဆုံးထိသိချင်ပြီဆို မရဘူး။
အခုချက်ချင်း သိရမှ။
အချိန်ဆွဲတာမျိုးကိုလည်း မကြိုက်ဘူး။

""ရှားရှားပါးပါး ကျန်တဲ့ အချိန်ကို ငါ့စိတ်ကြိုက်နေချင်လို့ အလုပ်ထွက်လိုက်တာ မကြာသေးပါဘူး""

""Jay ရောဂါက ကုလို့ရသေးရင် အချိန်မဆွဲထားသင့်ဘူး""

ကျွန်တော် နောက်တစ်ကြိမ် ဝင်စွက်ဖက်မိပြန်ပြီ။

""ငါလည်း ပြန်ကောင်းချင်ပါတယ်....ဒါပေမဲ့ ခဏကပြောထားသလိုပဲ...မရတော့ဘူး..
.ငါ ဆေးလိပ်ကို စွဲလမ်းနေပြီ""

""Jay မှာ ပြန်ကောင်းချင်စိတ် 100 % ရှိတာ သေချာရဲ့လား""

ကျွန်တော့်စကား ဘောင်ကျော်သွားသလိုပဲ။
သူ့၏ အကြည့်စူးစူးက ကျွန်တော့်ထံကို ရောက်လာ၏။

""သေချာတာပေါ့...1% တောင် မရှိဘူး...
ငါ ဆေးလိပ်သောက်နေလို့ အခုလို ရပ်တည်နေနိုင်တာ....ဆေးလိပ်သာမရှိရင် ငါ
စောစောစီးစီး သေနေလောက်ပြီ...မင်းဆေးချင်ရင် ဆေးလိုက်တော့""

အခန်းထဲ တရှိန်ထိုးဝင်သွားသည့် သူသည်
ကျွန်တော့်ကို စိတ်ဆိုးသွားပြီပဲ။ ကျွန်တော်ကလည်း သူ့ကို မကျေနပ်ပါ။ သူ ဘာလို့ ဆေးလိပ် သောက်ဖြစ်လဲ။ ဘာလို့ စောစောစီးစီး သေမယ် လို့ ပြောတာလဲ။ ဒီလို မေးခွန်းများနှင့် ကျွန်တော့်ကို ချန်သွားတာလေ။

*************

စနေ ကျောင်းပိတ်ရက်။
ကျွန်တော့်၏ စုံစမ်းမှု စတင်ဖို့ အချိန်ကျရောက်လာပြီ။
သူ့အကြောင်း အန်တီမေကို မေးကြည့်ပေမယ့် အချိန်လုနေရသော ဒေါက်တာက
လိုရင်းမဖြေ။ သို့လော? သို့လော? (?) များနှင့်
တုံးတိတိဖြေပေးသည်။

*ရောက်မလာခဲ့တဲ့ လူတစ်ယောက်ကို မျှော်နေတာ* တဲ့လေ။

အဖြေက တိကျသေချာလွန်းတော့ သူ့မှာ
မေးခွန်းများ ထပ်ပေါင်းရပြန်ပြီ။
ထိုမေးခွန်းများစွာကို ဖြေကြားနိုင်မည့်သူက
အိမ်ရှေ့မှာ စိမ်ပြေနပြေ ဆေးလိပ်ထိုင်သောက်နေသည်။

""ဘာမေးမလို့လဲ ဂျူကိုမောင်""

ကြည့်ရတာ။ အန်တီမေက ကျွန်တော့်အကြောင်း ဖောက်သည်ချပြီးပြီပဲ။ ဒီလိုဆိုတော့ မေးမြန်းရ လွယ်ကူသွားတာပေါ့။

""ကျွန်တော် ဘယ်ကလာတယ်...ဘာလို့ ဒီကိုလာတယ် ကျွန်တော့်အကြောင်း အကုန်လုံးကို Jay သိပြီးပြီနော်""

""အင်း...အဲတော့ ငါ့အကြောင်းကိုလည်း ပြောပြခိုင်းဖို့လား""

သူက သေချာတွေးတတ်ပါသည်။

""ဟုတ်တယ်....အပြန်အလှန်ပေါ့""

ကျွန်တော့်ကို ပြုံးကြည့်ပြီး သူက မဆိုင်းမတွ ပြောလာသည်။

""ငါက Korea က လာတာ""

""တရုတ်ကထင်တာ""

ကျွန်တော့် သုံးသပ်ချက်ကို
သူက သဘောကျကာ ရယ်မောသည်။
ပြီးနောက် သူ့အကြောင်းကို စတင်ပြောပြတော့၏။
ကျယ်ပြန့်နက်ရှိုင်းသော အပြုံး ၊မှိုင်းညို့ညို့မျက်ဝန်းများနှင့်ပေါ့။ 

""ငါက ဦးလေးနဲ့ အတူကြီးပြင်းခဲ့တာ...စီးပွားရေးအခြေအနေကြောင့်
ဦးလေးက New York နဲ့ Korea ကို အိမ်ဦးနဲ့ကြမ်းပြင်လို သွားလာနေရပေမယ့် ငါ့အတွက် အစစအရာရာ ဂရုစိုက်ပေးတယ်...ငါ ဥပဒေကျောင်းတက်ကတည်းက ရှေ့နေဖြစ်သွားတဲ့အခါ ဦးလေးနဲ့အတူ ဒီမှာ လာပြောင်းနေဖို့ စီစဉ်ထားတာပေါ့""

""ဥပဒေကျောင်းတက်ရင်းနဲ့ တစ်ယောက်ယောက်နဲ့ ဆုံသွားတာလား""

ထိုအခါ သူက တဟားဟားဖြင့် အော်ရယ်၏။
ကျွန်တော် ခန့်မှန်းတာ မှားသွားတာပဲ။

ခဏအကြာ ရယ်ပြီးနောက် သူက
အပြုံးခပ်ယဲ့ယဲ့လေးဖြင့် ပြောပြလာသည်။

""ငါနဲ့သူက အိမ်နီးချင်းတွေလေ...သူတို့မိသားစုက ငါ့အိမ်နားက ခြံကို ပြောင်းလာတာ... အဲဒီခြံက သစ်ပင်ကြီးတွေ အများကြီးရှိပြီး စိမ်းစိုစို အုံ့မှိုင်းမှိုင်းနဲ့ အေးချမ်းပြီး နေချင်စရာလေး""

တဖြည်းဖြည်းဖြင့် ပီပြင်လာသော သူ့ အပြုံးသည် အလွန်တောက်ပနေပါ၏။

""ဒါပေမယ့် တစ်ယောက်တည်းနေတဲ့ ငါ့အတွက်တော့ လူမနေတဲ့ အဲဒီဘေးခြံက ကြောက်စရာဖြစ်နေတော့တာ...သူတို့ပြောင်းလာတော့မှ စိတ်သက်သာရာရသွားတော့တယ်""

သူသည် ညီညာသော သွားတန်းလေးများ ပေါ်သည်အထိ  ပြုံးနေရင်း တစုံတခုကို သတိရသွားဟန်ဖြင့် နှာခေါင်းကိုရံှု့သည်။

""တစ်ခုပဲ...ငါ့ခြံထဲမှာ စက္ကူလေယာဉ်တွေ ပလူပျံနေတာကလွဲရင် အားလုံးအဆင်ပြေတယ်""

###### Flashback ######

၂၀၀၉ ။

Korea ,

နေ့လည်နေ့ခင်း ခြံထဲရှိ ခုံတန်းရှည်ပေါ်တွင် ထိုင်၍
စာဖတ်နေစဉ် လက်မောင်းကို ဖြတ်ခနဲ လာထိပါသော တစုံတခု။
မျက်လုံးကို စာအုပ်မှခွာကာ အနီးအနားကို ကြည့်လိုက်သောအခါ အဝါရောင်စက္ကူလေယာဉ်။

"ဖြောင်း.! ဖြောင်း.!"

လက်ခုပ်သံထွက်လာရာ တစ်ဖက်ခြံသို့ လှမ်းကြည့်သော်
သူ့အား နှစ်လိုဖွယ်ရယ်ပြနေသောသူ။
သူမတူ လေးထောင့်ဆန်ဆန် အပြုံးနဲ့ပေါ့။

"စာရေးထားတယ်"

သူ ကိုင်ထားသော စက္ကူလေယာဉ်အား လက်ညှိုးထိုးပြကာ ပြောလာ၍ စက္ကူကို ဖြန့်ကြည့်လိုက်သည်။

**အိမ်လာလည်ချင်လို့ ရလား**

စာဖတ်ပြီး သူ ပြုံးချင်ချင်ဖြစ်သွားရသည်။
ဟိုနား ဒီနား လူကိုယ်တိုင်ပြောလည်း ရနေတာကို
စာတတန် ပေတတန်နှင့် ကြီးကျယ်လိုက်တာဟု ယူဆချင်သော်လည်း ပေးသောစာက ကလေးများအပျော်တမ်းခေါက်ကာ ကစားသော စက္ကူလေယာဉ်တဲ့။

"လာလည်လို့ ရတယ်ဟုတ်.?"

လူကိုယ်တိုင် ထပ်ဆင့်မေးလာ၍ ဖော်ရွေသောအပြုံးဖြင့်
Jay  ခေါင်းညိတ်ပြလိုက်သောအခါ
ကြွရွနေသော ခြေလှမ်းများဖြင့်
သွက်လက်စွာ ခြံထဲသို့ ဝင်လာလေသည်။

"အန်ညော်.. ကျွန်တော်က Kim Taehyungပါ"

"Jung Jay ပါ"

လက်ဆွဲနှုတ်ဆက်ပြီးသော် သူ့ နံဘေးတွင် ဝင်ထိုင်လာပြီး စကားကို မနားတမ်းပြောပါတော့သည်။

"ဘာစာအုပ်ဖတ်နေတာလဲ"

"ဥပဒေနဲ့ပက်သက်တဲ့ စာအုပ်ပါ"

"ဝိုး.. hyung ကတော်လိုက်တာ"

ရုတ်တရက်ကြီး hyung ဟုခေါ်ပြီး မဆီမဆိုင် ချီးမွမ်းစကားပြောလာ၍
သူ မနေတတ်၊ မထိုင်တတ်ဖြစ်ကာ
နားရွက်ဖျားကို ကုတ်လိုက်မိသည်။

"ကျွန်တော့်ထက် အသက်ကြီးမယ်ထင်လို့ hyung လို့ခေါ်တာပါ..ကျွန်တော်က ၂၁ ပါ"

"hyung ထက်၂နှစ်ငယ်တာပဲ..
ထယ်ယောင်း က တက္ကသိုလ်တက်နေပြီပေါ့"

"ဘာတက်ရမလဲ မစဉ်းစားရသေးဘူး...
ဒါနဲ့ hyung က ဥပဒေကျောင်းတက်နေတာဟုတ်.? "

"ဘယ်လိုသိတာလဲ"

"ဘယ်သူက အသားလွတ်ကြီး ဥပဒေစာအုပ်ဖတ်မှာလဲ.. ကျောင်းတက်လို့ ဖတ်နေရတာပဲဖြစ်မှာ"

Taehyung သည် ကျောင်းတက်လို့ စာဖတ်ရတာ ဟူသော စကားကို လက်ခံထားပုံရသည်။

"hyung အထက်တန်းမအောင်ခင်ကတည်းက ဥပဒေပညာကို လေ့လာပြီး ဥပဒေနဲ့ ပက်သက်တဲ့ စာအုပ်တွေ ဖတ်လေ့ရှိတယ်"

"ဒါဆို hyung က ရှေ့နေဖြစ်ချင်တာပေါ့"

"အင်း... ထယ်ယောင်း ရော ဘာဖြစ်ချင်လဲ"

"ကျွန်တော်ဖြစ်ချင်တာ.? "

သူ့ ကိုကြည့်ပြီး စကားပြောနေရာမှ သူ့အမေးကြောင့် ထယ်ယောင်း သည် တနေရာကို ခပ်ငေးငေးလေးကြည့်ကာ စဉ်းစားခန်းဝင်နေ၏။

"ကျွန်တော်ဖြစ်ချင်တာတွေက တစ်နာရီတစ်ခါ ပြောင်းနေတာဆိုတော့... အင်း..."

မရေမရာဖြေပြီး သူ့ လက်ထဲမှ စက္ကူလေးကို ယူကာ ပြုံးရွှင်စွာဖြင့် လေယာဉ်လေးခေါက်၍ လေထဲသို့ ပစ်လွှတ်လို်က်တော့သည်။

###### Flashback end ######

""အဲဒီနေ့ကစပြီး ငါခြံထဲမှာ စာအုပ်ထိုင်ဖတ်တဲ့ အချိန်တိုင်း သူက စက္ကူလေယာဉ်တွေ လာလွှတ်နေတော့ သူလာရင် ငါ့အိမ်မှာ အမြဲတမ်း စက္ကူလေယာဉ်တွေ ပျံဝဲနေတော့တာပဲ...တကယ်စိတ်ရှုပ်စရာကောင်းတယ်""

စိတ်ရှုပ်စရာကောင်းတယ် ဟုပြောသော
သူ့မျက်နှာတွင် လန်းဆန်းသော အပြုံးနှင့်။
သူက စိတ်ရှုပ်ရင် ဒီလိုပြုံးတတ်တာလား။

""ကလေးကလား ဘာလို့ စက္ကူလေယာဉ်တွေလဲ..
.အဲဒီလူက ကျပ်မပြည့်တာလား""

မဲ့ပြုံးခိုတွဲလာသော သူ့နှုတ်ခမ်းက
အကြောင်းရင်းကို ပြောပြလာသည်။

""စက္ကူလေယာဉ်တွေလွှတ်ရင် သူပျော်တယ်တဲ့လေ...
အထီးမကျန်ရဘူးတဲ့....အဲဒါကြောင့် ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတဲ့ အဝါရောင်စက္ကူတွေနဲ့ လေယာဉ်ခေါက်ပြီး
လေထဲ လွှတ်တာတဲ့..သူကိုယ်တိုင်လည်း လေထဲ လွတ်လွတ်လပ်လပ် ပျံသန်းနေသလို ခံစားရတယ်လို့ ပြောတယ်...လိုရင်းပြောရင် သူက စိတ်ကူးယဉ်ပြီး ပျော်စရာရှာတတ်တဲ့ လူတစ်ယောက်""

""ဘာဆက်ဖြစ်လဲ""

""ရည်မှန်းချက်မသိ၊ ဘာဖြစ်ချင်လဲ မသိတဲ့ သူက သူ့မိဘတွေ တက်စေချင်တဲ့ စီးပွားရေးတက္ကသိုလ်ကိုတက်တယ်...
သူကျောင်းက ပြန်လာတိုင်း ငါ့အိမ်ကို လာပြီး စက္ကူလေယာဉ်တွေ ခေါက်တယ်...ညစာစားပြီးမှ သူ့အိမ်ပြန်တယ်...ညနေတိုင်း ငါ့အိမ်မှာပဲ အချိန်ကုန်လာတော့ သူ ငါ့ကို သံယောဇဉ်တွယ်သွားတယ်လေ...သူက အဲဒီအဆင့်နဲ့တင် မလုံလောက်လို့ ငါ့ကို အချစ်တွေနဲ့ လာနွှယ်ခဲ့တယ်""

ကျွန်တော့် နားထဲ ရှုပ်ထွေးသွားသဖြင့်
နားမလည်တာကို ပြန်မေးရသည်။

""ဘယ်လိုလူမျိုးလဲ...သူများအိမ်မှာ ဘာမှမလုပ်ဘဲ ညတိုင်း ညစာအချောင်စားတယ်?""

သူက ခေါင်းခါပြီး သက်ပြင်းချသည်။

""ထယ်ယောင်းမိဘတွေက အိမ်ထောင်ရေးအဆင်မပြေကြဘူး...ညတိုင်း ကိစ္စအသေးအဖွဲလေးက အစ ရန်ဖြစ်တာကို ထယ်ယောင်းက မကြားချင်၊မမြင်ချင်လို့ ငါ့အိမ်မှာ အချိန်လာကုန်တတ်တာ...
မိဘတွေ ရန်ဖြစ်နေတော့ သူ ထမင်းမြိုမကျဘူးတဲ့""

""ဒုက္ခပဲ....မချစ်ကြရင် ကွာရှင်းတာမဟုတ်ဘူး...စိတ်ဆင်းရဲခံနေကြတယ်...
ကျွန်တော့် မိဘတွေဆို ကွာရှင်းပြီးတော့ အေးဆေးပဲ...ဘာပြဿနာမှ မဖြစ်ကြဘူး""

""ထယ်ယောင်းပြောပြတာတော့ သူတို့်က မချစ်တာ မဟုတ်ဘူး...ချစ်လို့ ခက်နေတာ...
ချစ်ကြပေမယ့် သဝန်ကြောင်ပြီး မယုံကြည်ကြတော့ ဆုပ်လည်းစူး စားလည်းရူးဖြစ်နေကြတာပေါ့""

""ထားပါတော့...သူက Jay ကို ဖွင့်ပြောတော့
Jay လက်ခံလိုက်လား""

######Flashback######

၂၀၁၀။ Korea ။

"hyung...hyung"

ခြံရှေ့မှ ခပ်ဩဩအော်ခေါ်သံသည်
ည ၁၀ ခွဲ အချိန်မှာ။
ပြတင်းပေါက်မှ ခြံတံခါးဝကို လှမ်းကြည့်တော့
သူ့ကို လက်ပြနေသော ထယ်ယောင်းကို တွေ့လိုက်ရသည်။
ညကြီးမင်းကြီး မိဘတွေ ရန်ထဖြစ်ကြတာလား။

ဂရုဏာဒေါသဖြင့် ခြံရှေ့ကို ရောက်သွားချိန်
ပြုံးရွှင်နေသော ထယ်ယောင်းကြောင့်
နားမလည်နိုင် ဖြစ်သွားရသည်။
ခြံတံခါးသော့ဖွင့်ပေးသော်လည်း
ခြံထဲမဝင်ဘဲ သူ့ကိုပဲ ပြုံးပြီးကြည့်နေသည်။

"hyung"

မူမမှန်သော အပြုံးဖြင့် သူ့ကို စိုက်ကြည့်ပြီး ရုတ်တရက်ခေါ်လိုက်တော့ သူလန့်သွားရသည်။

"အော်?...ဘာလဲ...ဘာဖြစ်လို့လဲ"

ထယ်ယောင်းက ခေါင်းခါပြပြီး သူ့ကိုပဲ ကြည့်နေ၏။
နက်နက်ရှိုင်းရှိုင်းပြုံးပြီးတော့ကိုလေ။

အခြေအနေက ကြောင်တောင်တောင်နိုင်သဖြင့်
သူ ခြံတံခါးဝကို အကျယ်ကြီးဖွင့်လိုက်ကာ ခေါ်လိုက်သည်။

"ခြံထဲဝင်လာခဲ့လေ...ဘာပြောချင်လို့လဲ"

"ဘာမှမဟုတ်တော့ဘူး"

ဘယ်လို။ ထယ်ယောင်းက သူ့ခြံရှေ့မှ ပြေးထွက်သွားပြီး တစ်ဖက်ခြံထဲ ပြေးဝင်သွားသည်။
ဘာမှမဟုတ်ဘဲ သူ့ကို တမင်ခေါ်နှိုးတာလား။

သူ့စိတ်ထဲ ဒွိဟဖြစ်နေချိန် သူ့ဆံပင်ထဲ လာစိုက်သည့်
စက္ကူလေယာဉ်တစ်စီး။ တစ်ဖက်ခြံမှ ထယ်ယောင်းကို ကြည့်တော့ စာရေးထားတယ် ဟု အမူအရာနှင့် ပြောနေသဖြင့်
သူ စက္ကူလေယာဉ်ကို ဖြည်လိုက်သည်။

**Love you hyung**

စာကို ဖတ်ပြီး သူပြုံးမိသည်။
ဒီကောင်လေး ဒါလေးပြောဖို့ကို လူကို
အိပ်ရေးပျက်အောင် လုပ်တယ်။

"hyung ကလည်း ထယ်ယောင်းကို ချစ်ပါတယ်"

အသံနဲ့ရော လက်ဟန်အမူအရာဖြင့်ပါ သူ ပြောတော့ ထယ်ယောင်းက လွန်စွာဝမ်းသာသွားကာ ပိုနက်ရှိုင်းသော
အပြုံးများဖြင့် အိမ်ထဲ ပြေးဝင်သွား၏။
ထယ်ယောင်း၏ အပြုအမူများကြောင့်
သူ့အတွေးထဲ ပဟေဠိပေါင်းစုံဖြစ်တည်သွားသည်။

သို့သော် မဖြစ်နိုင်သည့် အတွေးကို ခေါင်းခါထုတ်ပစ်လိုက်ကာ ပေါ့ပေါ့ပါးပါးပဲ ပြန်တွေးဖြစ်သည်။
ထယ်ယောင်းကို သူ့မိဘတွေက ချစ်တယ်လို့ တစ်ခါမှ မပြောဖူးဘူးလား မသိ။ သူ့ဆီက ကြားရတော့ ပျော်သွားလိုက်တာများ။ မျောက်ကလေးကျလို့။

ခြံတံခါး သော့ပြန်ခတ်ပြီး အိမ်ထဲဝင်လာချိန် သူ့၏ ထိုအတွေးကို လက်ထဲမှ စာရွက်က ငြင်းဆိုလိုက်သည်။
အဝါရောင် မဟုတ်သည့် ပန်းရောင်စက္ကူသည်
ထယ်ယောင်း၏ အချစ်သည် ကာလာစုံကြောင်း
သူ့အား အသိပေး၏။ ထောင်းခနဲဖြစ်ပေါ်လာသည့် ဒေါသနှင့် ထိုစာရွက်ကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။

*************

မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့်
သူ့အား မထုံတတ်သေး ကြည့်နေသည့်
ထယ်ယောင်းသည်
သူ့ဒေါသကို တဆင့်တိုးစေ၏။

"ဒါ ငါနောက်ဆုံးသတိပေးတာ...ငါ့အိမ်ကို ထပ်မလာခဲ့နဲ့"

သူနဲ့ ကင်းကင်းရှင်းရှင်းနေပါ ဟု ပြောထားပါရဲ့နှင့်
သူ့အိမ်ကို မျက်နှာပြောင်တိုက် လာနေတာ ၃ ရက်ရှိနေပြီ။
သူက ဖြူဖြူစင်စင် စေတနာထားသည်ကို
အခွင့်ကောင်းယူပြီး သူ့ခြံထဲမှာ ဝဲပျံနေသည့် ပန်းရောင်စက္ကူလေယာဉ်တွေ။ စိတ်ပျက်စရာတွေချည်းပဲ။

"ကျွန်တော် hyung ကို တကယ်ချစ်တာပါ"

သူ အံကိုကြိတ်ပြီး နောက်လှည့်ကြည့်လိုက်သည်။

"မင်းငါ့ကို တကယ်ချစ်ချစ် မချစ်ချစ် ငါဂရုမစိုက်ဘူး...
ငါ မင်းကိုလည်း မချစ်ဘူး.. ရှင်းတယ်နော်...ပြန်တော့"

"hyung...ကျွန်တော်လည်း straight တစ်ယောက်ပါပဲ...hyung ကို ချစ်မိသွားတော့ ကျွန်တော့်ခံစားချက်တွေကို သေချာဆန်းစစ်တယ်...ကျွန်တော် မငြင်းဆန်ဘူး...ကျွန်တော့်နှလုံးသားကို ကျွန်တော် လက်ခံခဲ့တယ်...ကျွန်တော် hyung ကြောင့် Gay သွားတာလေ...hyung အလှည့်ကျမှ gay ဖြစ်ရမှာ ကြောက်နေတာလား"

"တော်စမ်းပါ...ငါ ပြောထားပြီးသား..
.ငါ မင်းကို မချစ်တာလို့....မင်းက gay ဖြစ်နေလို့ ငြင်းတာမဟုတ်ဘူး...ပြီးတော့ မင်းဘာသာ မင်း Gay ဖြစ်ဖြစ် straight ဖြစ်ဖြစ် ငါနဲ့လည်းမဆိုင်ဘူး"

"hyung က LGBT ကို လက်ခံချင်ဟန်ဆောင်ပြီး စိတ်ထဲက ကြိတ်မုန်းနေတာမဟုတ်လား"

"ဘာ"

ထယ်ယောင်းသည် သက်သေမရှိဘဲ
အတိအကျ သူ့ကို စွပ်စွဲပြောလာသည်။

"hyung ကျွန်တော့်ကို ချစ်တယ် ဆိုတာ ကျွန်တော် ခံစားမိတယ်...ဒါပေမဲ့"

"မင်း ထွက်သွား.!"

သူ ထယ်ယောင်းလက်ကို ဆွဲပြီး ခြံပြင်တွန်းထုတ်လိုက်သည်။
တမင်သက်သက် အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ သူ့ကို စိတ်ဒုက္ခပေးသည်။

"hyung ကျွန်တော့်ကို ချစ်တယ်လို့ ဝန်ခံလာမယ့်နေ့ကို ကျွန်တော်စောင့်နေမယ်"

ထယ်ယောင်း၏ ယုံကြည်ချက်ပြည့်ဝနေသော ထိုစကားလုံးများသည် သူ့ကို အကြီးအကျယ်တုန်လှုပ်စေခဲ့သည်။

######Flashback end######

""ဘာလို့လဲ""

ကျွန်တော့်မေးခွန်းကို မဖြေဘဲ သူက ဟားတိုက်ရယ်မောနေသည်။ သူ ကျွန်တော့်ကို လှောင်နေခြင်းတော့ မဖြစ်နိုင်။
သူသည် မျက်ရည်များထွက်သည်အထိကို
ဟက်ဟက်ပက်ပက် ရယ်မောနေတာပါ။

""Jay သူ့ကို လိမ်ခဲ့တာလား""

""ထယ်ယောင်းပြောတာ မှန်တယ်...ငါက သူ့ကို ချစ်တယ်လို့ ပြောရမှာကို ရှက်ခဲ့တာ....ပြီးတော့ ငါက ရှေ့နေဖြစ်တော့မယ့် လူတစ်ယောက်...အတုအယောင်ခံစားချက်တွေနဲ့ ငါ့အနာဂတ်ကို ချမနင်းနိုင်ဘူး...စိတ်ကူးယဉ်ပြီး ပျော်နေတတ်တဲ့ လူတစ်ယောက်ကိုလည်း ငါ မချစ်နိုင်ဘူး...ငါ့ဘဝကို ရိုးရိုးလေးပဲ ဖြတ်သန်းချင်တယ်...ပိုက်ဆံရှာမယ် ဒီမှာ အိမ်တစ်လုံးဝယ်မယ်...အချိန်တန်ရင် အိမ်ထောင်ပြုမယ်...အဖေတစ်ယောက်ဖြစ်လာမယ်...တကယ်ရိုးရိုးလေးပါ...ဒါပေမဲ့ ငါရံှုးသွားတယ်...သူ ငါ့အနားရောက်လာတိုင်း ငါ့ကို ချစ်တယ်လို့ ပြောတိုင်း ငါ သူ့ကို ပွေ့ဖက်ချင်ခဲ့တယ်...ချစ်တယ်လို့လည်း စိတ်ထဲကနေ အကြိမ်ကြိမ်ပြောမိတယ်...အဲဒီခံစားချက်တွေနဲ့ ငါမရူးသွားချင်လို့ သူ့ကို ငါ့အနားကနေ နှင်နိုင်ခဲ့ပေမယ့် 
ငါ့နှလုံးသားထဲကနေ သူ့ကို မနှင်နိုင်ခဲ့ဘူး""

သူသည် ထိုစကားများကို အေးဆေးပဲ ပြောပြနေတာပါ။
မနက်က ဘာစားခဲ့လဲ မေးရင် ထမင်းကြော်စားခဲ့တယ် လို့ ဖြေသလို သက်တောင့်သက်သာနှင့် ပုံမှန်ပဲ ပြောပြနေ၏။

""သူ ငါ့စကားကို နားထောင်ပါတယ်...နောက်နေ့ကစပြီး ငါ့ခြံမှာ ဘာစက္ကူလေယာဉ်မှ မဝဲလာတော့ဘူး...သူလည်း မရောက်လာခဲ့ဘူး...ရယ်ရတာက ငါပဲနှင်ပြီး ငါပဲ သူ့ကို လွမ်းတယ်...ငါသိမ်းထားတဲ့ စက္ကူလေယာဉ်တွေပေါ်မှာလည်း ချစ်တယ်လို့ လိမေ္မာ်ရောင်မှင်တွေနဲ့ လိုက်ရေးခဲ့တယ်...သူက အရောင်တွေရဲ့ အဓိပ္ပာယ်တွေနဲ့ စိတ်ခံစားချက်တွေကို ဖော်ပြတတ်တော့ ငါကလည်း သူ့အချစ်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြောင်း ပြချင်လို့ လိမေ္မာ်ရောင်ကို ရွေးသုံးခဲ့တယ်...အဲတုန်းက ငါရူးမတတ်ပါပဲ..
အဲစာတွေကို..ငါပဲရေးပြီး ငါကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ပြန်တာ""

သူက ခေါင်းတစ်ချက်ယမ်းပြီး ဆက်ပြောသည်။

""ဒါပေမဲ့ ဘဝဆိုတာ ရပ်တန့်နေလို့မှ မရတာ...ငါ သူ့ကို မေ့နိုင်ဖို့ ဒီကို အပြီးပြောင်းလာခဲ့တာပေါ့...
ငါ့ဘဝရှေ့ဆက်နိုင်ဖို့အတွက်လေ""

""သူ Jay ကို ဆက်သွယ်ဖို့ မကြိုးစားဖူးဘူးလား""

""သူက ကတိတည်တဲ့ လူစား...ငါဝန်ခံလာမယ့်နေ့ကိုပဲ သူ့အိမ်မှာ ထိုင်စောင့်နေတာ...ငါ ဒီကို ပြောင်းလာတုန်းက သူ ငါ့ကို လေဆိပ်မှာ လာနှုတ်ဆက်တယ်...ငါ့ကို စက္ကန့်မလပ်ချစ်နေမှာမို့ အချိန်မရွေးပြန်လာလို့ရတယ်တဲ့လေ...
ပြီးတော့ သူ ငါ့ကို မီးကျွမ်းနေတဲ့ စက္ကူတစ်စ ပေးတယ်...
ငါ အရူးလို ရေးထားတဲ့ စာကို သူ ဖတ်ပြီးပြီ""

သူက သူ့လည်ပင်းမှ ဆွဲကြိုးလောကတ်ကို ဖြုတ်ယူပြီး စက္ကူတစ်စ ထုတ်ပြလာသည်။ အရောင်မွဲနေပြီဖြစ်သည့် ပန်းရောင်စက္ကူစတွင် အပြာရောင်မှင်ထက် လိမေ္မာ်ရောင်ဖြင့် ထပ်ရေးထားတာက Love Taehy တဲ့။

""ဒါက သူ့နာမည်လား...ထယ်ယောင်းဆိုတာ""

""အင်း..အပြည့်အစုံက.T.a.e.h.y.u.n.g""

ထိုစာလုံးများကို သေချာကြည့်ပြီး
ကျွန်တော် အားမလို အားမရဖြစ်မိသည်။
အပြန်အလှန်ချစ်နေကြမှန်း သိသိကြီးနဲ့ တစ်ယောက်က အဝေးကြီး ထွက်လာခဲ့တယ်။ တစ်ယောက်ကလည်း ဆွဲမတားဘူး။

""ဒါဆို Jay နဲ့ သူ အခုထိ ပြန်မဆုံဖြစ်ကြသေးဘူးပေါ့""

သူက ဆေးလိပ်ကို ရှိုက်ဖွာပြီး ခေါင်းခါသည်။

""၂ နှစ်ကြာပြီးနောက်မှာ အမှုတစ်ခုနဲ့ပက်သက်ပြီး ငါ Korea ကို သွားဖို့ အကြောင်းဖန်လာတယ်...မျက်မြင်သက်သေကို လိုက်ရှာပြီးတော့ ဒီကို ပြန်မလာခင်မှာ ငါ သူ့အိမ်ကို ရောက်ဖြစ်ခဲ့တယ်...သူ မရှိတော့ဘူး..ဖုန်းနံပါတ်တစ်ခုနဲ့ စာတစ်စောင်ပဲ ချန်ထားခဲ့တယ်...သူ့ကို အဖြေပေးချင်ရင် ဖုန်းဆက်ပေးပါတဲ့""

""ဆက်လိုက်လား""

""ငါ မတွေမဝေဘဲ နှလုံးသားအလိုကို လိုက်ခဲ့တာပါ""

သူက ခပ်ပြုံးပြုံးလေး ပြောနေသော်ငြား
မှိုင်းညို့ညို့မျက်ဝန်းထဲတွင်တော့ နောင်တရသော အငွေ့အသက်တွေ။

######Flashback######

၂၀၁၂။ Korea ။

January။

တစ်ဖက်မှ ဖုန်းRingtone သံသည်
ဟိုဆော့၏ စိတ်လှုပ်ရှားမှုကို တန်ပိုမြင့်စေ၏။
ထယ်ယောင်း ဖုန်းကိုင်လိုက်ရင် ဘာစပြောရမလဲ။

(Hello)

ဩရှရှအသံကို ကြားလိုက်ရတော့
သူ့နှလုံးသွေးတွေ ခေတ္တရပ်တန့်သွားသည်။
ဘာမှလည်း မတွေးနိုင်တော့ဘူး။

(Hello)

ဘယ်လို နှုတ်ဆက်ရမလဲ။
ထယ်ယောင်း သူ့ကို မှတ်မိပါ့မလား။

(hyung...hyung မဟုတ်လား )

ဝမ်းသာကြည်နူးခြင်းများသည် သူ့မျက်လုံးတွင် ရေလျှံစေ၏။

"ထယ်ယောင်း"

(hyung ပြန်လာပြီပဲ)

"အွန်း....ငါ ဒီမှာ ကိစ္စလေးရှိလို့...အဲဒါ"

(ကျွန်တော် hyung ကို လွမ်းနေတာ....
hyung အခု ဘယ်မှာလဲ...ကျွန်တော် လာတွေ့လို့ရမလား)

ကြွေကျလာသည့် မျက်ရည်များကို ဂရုမစိုက်တော့ဘဲ
သူ မျက်စိစုံမှိတ်လိုက်သည်။

"ထယ်ယောင်းကို hyung ချစ်တယ်"

(hyung.~~ ကျွန်တော့်ကို...
ကျွန်တော် ထပ်စောင့်စရာမလိုတော့ဘူးပေါ့)

ထယ်ယောင်း၏ ရွှင်မြူးသည့် လေသံက ရှိုက်သံများစွက်နေပါသေးသည်။
ထိုအသံဩရှရှကို နားထောင်ပြီး သူလည်း
လိုက်ရယ်နေမိသည်။

ချစ်သူ နှစ်ဦးသည် စကားမပြောဘဲ အတူတူ
ရယ်နေကြတာ ၁၅ မိနစ်လောက် ရှိသွားသည်။

(hyung အခုဘယ်မှာလဲ)

"ဆိုးလ်မှာ"

(ကျွန်တော် လာတွေ့မယ်...လိပ်စာပြော)

"ငါ မနက်ဖြန်ညနေ flight နဲ့
NY ကို ပြန်ရတော့မယ်...
အမှုအတွက် တရားရုံးကို အမှီသွားရမှာမလို့"

(ကျွန်တော့်ကို စောင့်ဦးလေ....ကျွန်တော်ပါ လိုက်ခဲ့မယ်)

ဝမ်းသာအားရ ဖြစ်သွားသည့် စိတ်ကို ထိန်းချုပ်ကာ
သူ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

"လိုက်ချင် လိုက်ခဲ့လို့ ရပါတယ်"

(ကျွန်တော် ခွင့်တိုင်ပြီးရင် မနက်ဖြန်အရောက်လာခဲ့မယ်...
hyung အရင်အိမ်မှာပဲ စောင့်နေနော်)

"အင်း"

"Love You hyung"

ချစ်စကားတစ်ခွန်းတည်းနှင့်
နွေးလာသည့်ပါးကို ကိုင်ပြီး ဆောင်းလေကြောင့် အေးနေသည့် နားရွက်ကို ကုတ်ကာ တည်ငြိမ်သော လေသံဖြင့်။

"အွန်း....Love You...ဒါပဲ"

ကိုယ့်ဘာသာ ပြောပြီးမှ ရှက်စိတ်ဖြင့် လုပ်မိလုပ်ရာ လုပ်လိုက်မိတာ။
လက်ထဲက ဖုန်းနံပါတ်စာရွက်သည် အကြေကြေအမွမွ။
ယောက်ယက်ခတ်နေသည့် ကိုယ့်အဖြစ်ကိုယ်
အရှက်ပြေ ဟားလိုက်မိသည်။

မနက်ဖြန် ထယ်ယောင်းနဲ့ တွေ့ရဖို့အရေး
ကြိုတွေးမိတော့ ရင်တွေ ခုန်နေရပြန်ပါပြီ။

*************

7:20 AM ။

(hyung ကျွန်တော် အခုပဲ လာနေပြီ...
အိမ်ထဲမှာ ထိုင်စောင့်....ဒီနေ့မှ ပိုအေးနေတယ်)

"အင်း...အေးဆေးလာနော်...ကားကို ဂရုစိုက်မောင်းဦး"

(ဟုတ်ကဲ့ပါဗျာ...Love you hyung)

"Love you Taehyung"

အချိန်ကြာဦးမှာမို့ သူ ခြံတံခါးဖွင့်ပြီး အိမ်ထဲကို
ဝင်လာခဲ့သည်။ ဆိုဖာပေါ်မှာ ထိုင်ပြီး ဖုန်းထဲမှ ထယ်ယောင်းနှင့် သူ ရိုက်ခဲ့ဖူးသည့် ဓာတ်ပုံများကို အလွမ်းပြေ ကြည့်နေမိသည်။ ခြံထဲ ဝဲပျံနေသည့် အဝါရောင် စက္ကူလေယာဉ်များပုံကို တွေ့တော့ ထယ်ယောင်း
စက္ကူလေယာဉ်တွေ လွှတ်သေးလား သိချင်မိသည်။
အခုဆို ထယ်ယောင်း ပိုပြီးတော့ ကြည့်ကောင်းနေမှာပဲ။
ထယ်ယောင်း အခု ဘာများလုပ်နေတာလဲ။
ဝါသနာပါတာကို မသိသေးလို့ စီးပွားရေးပဲ လုပ်နေတာလား။
ထိုမေးခွန်းတွေကို ထယ်ယောင်းနဲ့ လူချင်းတွေ့တဲ့အခါ
တစ်ခုချင်းစီ သေချာမေးရမည်။

10:00 AM။

(လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်)

သိပ်မကြာခင် ရောက်တော့မှာမို့ စက်ပိတ်ထားတာလား။
ဖုန်းထဲမှ နာရီကို ကြည့်ပြီး သူ ပြုံးလိုက်သည်။
ထယ်ယောင်း သူ့ကို တစ်ခုခု အံ့ဩအောင် လုပ်ဖို့ စဉ်းစားထားတာများလား။

11:30 AM ။

(လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်)

ဒီအချိန်ဆို ရောက်သင့်နေပါပြီ။
ဖုန်းကလည်း စက်ပိတ်ထားတုန်းပဲ။

1:00 PM ။

(လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်)

2:30 PM ။

(လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်)

4:00 PM ။

(လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်)

7:00 PM ။

(လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်)

စက်ပိတ်ထားသော ဖုန်းကို အကြိမ်ကြိမ်ဆက်နေသော သူ။
နာရီလက်တံတစ်ခါရွေ့တိုင်း မျှော်လင့်ချက်တွေ တစ်စစီပျက်သုန်းသွားသည်။
ပါးပြင်ပေါ်မှ မျက်ရည်များကို သူ ခပ်ကြမ်းကြမ်းသုတ်ဖယ်လိုက်ကာ ထိုအ်မ်ကို ကျောခိုင်းခဲ့သည်။

သို့သော် အမှတ်မရှိသည့် သူသည် လေဆိပ်ကို ရောက်ပြီး လေယာဉ်ပေါ် တက်သည့်နောက်ဆုံးစက္ကန့်အထိ ထယ်ယောင်းများ ဝုန်းခနဲ ပေါ်လာမလား မျှော်လင့်နေမိသေးသည်။
အချိန်ကုန်သွားသည်သာ အဖက်တင်၏။

New York မှာ ထယ်ယောင်းနဲ့ လျှောက်လည်မည့် သူ့စိတ်ကူးများသည် ရေပေါ် အရုပ်ဆွဲနေသလိုပဲ။
အရေးမပါသည်ကို သူ စိတ်ကူးယဉ်မိသွားသည်။
နောက်ဆုံးတော့ ကင်မ်ထယ်ယောင်းဆိုတာ စိတ်ကူးယဉ်စိတ်ကစားတတ်တဲ့ လူပဲ။
သူက ကင်မ်ထယ်ယောင်းအတွက် ကစားစရာ စက္ကူလေယာဉ်တစ်စီးသာသာပဲ ရှိခဲ့သည်။
အဝါရောင်မဟုတ်တဲ့ ပန်းရောင်ပေါ့။

######Flashback end######

""Jay က play ခံလိုက်ရတယ်?""

ကျွန်တော် တကယ်အံ့ဩမိသည်။
ကင်မ်ထယ်ယောင်းက ဘယ်လိုလူမျိုးလဲ မသိပေမယ့်
မချစ်တဲ့ လူအတွက် ၂ နှစ်ကြာ အချိန်ကုန်ခံစောင့်ပါ့မလား။
သူက ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ
အေးအေးဆေးဆေး ဆေးလိပ်ကိုသာ ရှိုက်ဖွာ၏။
ဒါက သူ့ပုံစံအစစ်မဟုတ်တာ သေချာသည်။
အိမ်တံခါးလာဖွင့်တုန်းက ပုံစံကသာ Jung Jay အမှန်။
အခုချိန်ထိ တစ်စုံတစ်ယောက် ရောက်လာလေမလား
အရူးလို စောင့်နေတဲ့ လူ။
နေ့တိုင်း မျှော်လင့်ချက်အသစ်တွေနဲ့ နိုးထပြီး
ညတိုင်း တစ်စစီဖြစ်သွားတဲ့ မျှော်လင့်ချက်တွေကို ပြန်ဆက်နေသည့် လူ။ သူက
ဟန်ဆောင်ကောင်းလွန်းတော့ ခန့်မှန်းရလွယ်လိုက်တာ။

""စကားကောင်းနေတာ ၁၂ ကျော်နေပြီ...
နေ့လယ်စာသွားစားချင် သွားစားတော့လေ....
ငါတော့ မဆာသေးဘူး""

ဟန်ဆောင်ကောင်းသည့် သူ့ကို အသိအမှတ်ပြုပေးဖို့ ကျွန်တော် ဘာမှထပ်မမေးတော့ဘဲ အိမ်ထဲ ဝင်ခဲ့သည်။ သူကတော့ အိမ်ရှေ့မှာ ဆေးလိပ်ထိုင်သောက်ရင်း ကျန်ခဲ့၏။

*************

""ဘယ်သွားမလို့လဲ""

တစ်ကိုယ်လုံး Jean ဝတ်ဆင်ကာ လန်ထွက်နေသည့် ကျွန်တော့်ကို သူက စစ်ဆေး၏။ အန်တီမေ စနက်တွေပေါ့။

""ဘော်ဒါတွေနဲ့ ကဲမလို့...လိုက်မလား""

""တစ်ယောက်တည်း အေးဆေးသွားပါ""

စနေနေ့တိုင်း club သွားတတ်တဲ့ ကျွန်တော့်အကြောင်း
သူ သိသွားလည်း တာဝန်အရ မေးမြန်းတတ်တုန်းပဲ။
ကျွန်တော်ကလည်း သူ့ကို အဖော်ခေါ်တတ်တယ်။
သူက ငြင်းတယ်။ သူ့ဘဝက တကယ်ပျင်းစရာ။
နေ့ရက်အားလုံးကို တစ်ထပ်တည်းဖြတ်သန်း၏။
ကျွန်တော်ကတော့ မနက်က သူ့အကြောင်း အချိန်ကုန်ခံ နားထောင်ထားမိသဖြင့် သူ့ရဲ့ ပျင်းစရာဘဝကြီး
ကျွန်တော့်ဆီ မကူးလာစေဖို့
ဦးနှောက်သွားဆေးတော့မည်။ ဒီနေ့ဆို ၂ ဆ ပိုကဲရမည်။
သူ့ရဲ့ အမှိုင်းဓာတ်က ကျွန်တော့်ကို ဒုက္ခပေးထားတာလေ။

လမ်းမကို တမျှော်တခေါ် ကြည့်ပြီး စုတ်သပ်မိသည်။
ကျစ်!။
လာခေါ်မယ်ပြောထားပြီး အခုထိ မရောက်လာသေးဘူး။
ဖုန်းဆက် ဆဲမလို့ ဘောင်းဘီအိတ်ကပ်ဆီ လက်လှမ်းတော့
ဖုန်းမရှိနေ။

*ဟာ...မေ့ကျန်တယ်.?.. အမှိုင်းဓာတ်က တော်တော်ဒုက္ခပေးတာပဲ*

ဖုန်းယူရန် အိမ်ထဲဝင်ပြီး အခန်းကို မတက်ရသေးခင်မှာ
ကျွန်တော် ပျာယာခတ်သွားရသည်။ ဆေးလိပ်တိုများ ပြန့်ကျဲနေပြီး ကြမ်းပြင်ပေါ်မှာ သူ လဲကျနေခြင်းကြောင့်။ အခြေအနေက ပုံမှန်မဟုတ်တာ သေချာသည်။

""Jay...Jay""

သူ အသက်တော့ ရှူနေသေးသည်။
ဘာလုပ်ရမှန်း မသိတော့ အန်တီမေဆီပဲ ဖုန်းဆက်ရ၏။

*************

အမြင့်ကြီးပေါ်မှ ပြုတ်ကျမလိုဖြစ်သည့် အိပ်မက်ကြောင့်
ကျွန်တော် လန့်နိုးသွားရသည်။ အိပ်မှုန်စုံဖွားနဲ့ ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီး စစ်ဆေးနေမိသည်။ ဒုက္ခပဲ။ သူ။
သူ့ကို ဆေးရုံခေါ်လာတာ။ ထိုင်ခုံမှာ အိပ်ပျော်သွားရတယ်လို့။
သူ အခု ဘယ်မှာလဲ။

ထိုအချိန် သူ့ဘယ်ဘက်အခန်းထဲမှ ထွက်လာသည့် အန်တီမေကို တွေ့လိုက်ရသည်။ သူ အန်တီမေလက်မောင်းကို ကိုင်ပြီး အလောတကြီးမေးလိုက်သည်။

*သူ ဘာဖြစ်တာလဲ အန်တီမေ*

*ဘာဖြစ်ရမှာလဲ...အခြေအနေပိုဆိုးသွားတာ*

ထိုစကားကြောင့် ကျွန်တော် စိတ်ဆိုးဆိုးဖြင့် ရေရွတ်မိသည်။

*တစ်နေ့လုံး ဘာမှမစားဘဲ ဆေးလိပ်ချည်း သောက်နေတာ...ဖြစ်မှာပေါ့*

အန်တီမေက သူ့ကို အထူးအဆန်းသဖွယ် ကြည့်လာသည်။

*နင်က အန်တီမေသိတဲ့ ဂျူကိုမောင်မှ ဟုတ်ရဲ့လား*

သူ အန်တီမေလက်ကို လွှတ်ပြီး နောက်တစ်လှမ်းဆုတ်လိုက်သည်။

*ကျွန်တော် ဘာဖြစ်နေလို့လဲ*

*သွေးအေးပြီး သူများအကြောင်း စိတ်မဝင်စားတတ်တဲ့ နင် အခု သူစိမ်းတစ်ယောက်ကို ဆေးရုံစောင့်ပေးနေတာလေ...
နင့်အဖေ ဆေးရုံတက်ရတုန်းက ဒီလိုမျိုး လူနာစောင့်ပေးတာကို မလုပ်ချင်ဘူးဆို*

အမေကတော့ ကျွန်တော့်အကြောင်းကို ဖောက်သည်ချထားပြန်ပြီ။

*အဲတုန်းက ကျွန်တော်က ငယ်သေးတယ်လေ...
အခုက အသက်ကြီးလာပြီ...ပြောင်းလဲတတ်တယ်*

*ပြောင်းလဲချင် တခြားအချိန် ပြောင်းလဲ...ဘာလို့
Jay ကျမှလဲ...နင် သူ့ကို စိတ်ပူနေတာ အဆင့်ကျော်နေပြီ*

*တစ်အိမ်တည်းနေတဲ့ လူအချင်းချင်းမို့ စိတ်ပူတယ်...စေတနာနဲ့ ကူညီပေးတာလေ...
အန်တီမေ တွေးတာများသွားပြီ*

*ကောင်းပြီ...အဲဒီစေတနာနဲ့တင် ရပ်နေ...
နင် ရှေ့ဆက်တိုးဖို့ မစဉ်းစားနဲ့*

*စိတ်ညစ်တယ်...ဖြူစင်တဲ့ စေတနာကို
အရောင်မဆိုးချင်ပါနဲ့ အန်တီမေ*

အန်တီမေကို ပြောပြီး အခန်းထဲ ဝင်လာခဲ့သည်။
ဆေးပိုက်များဖြင့် ဆေးသွင်းခံထားရသည့် သူ
အသက်ရှူဖို့ အောက်ဆီဂျင် ပေးထားရသည်။
သူ့ကို ဒီလို တွေ့လိုက်ရတော့ စိတ်တွေ မွန်းကြပ်လာသလိုပဲ။

သတိမေ့နေသည့် သူ့ကို ငေးကြည့်ရင်း
သူ့နှလုံးသားကို ကျွန်တော် အနည်းငယ်နားလည်လာရသည်။
ဟိုးအရင်က သူသည် မျှော်လင့်ခြင်းတွေကို ဖက်တွယ်ဖို့ ဆေးလိပ်သောက်သည်။ အခုတော့ မျှော်လင့်ခြင်းတွေကို စိတ်ကုန်လို့ ဆေးလိပ်သောက်သည် ။
ဆေးလိပ်တွေ သောက်ရင်းနဲ့ပဲ တစ်ယောက်ယောက်ရောက်လာခဲ့ဖို့ မျှော်လင့်နေပြန်သည်။
သူက သူ့ကိုယ်သူ ပြန်သတ်နေတဲ့ လူသတ်သမားပဲ။

*************

""မောနေလား""

ချောင်းတဟွတ်ဟွတ်ဆိုးပြီး အသက်ရှူရ ခက်နေသည့် သူထနိုင်ရန် ကျွန်တော် တွဲထူပေးလိုက်သည်။
သူသုံးလိုက်တဲ့ တစ်ရှူးမှာ သွေးစတွေ ပါလာပြန်ပြီ။

""ရေသောက်လိုက်""

ပင်စိမ်းရွက်များဖြင့် စိမ်းနေသည့် ရေခွက်ကို သူက ကြည့်ပြီး
မသောက်ဘဲ ခေါင်းယမ်းငြင်းသည်။

""သောက်....အသက်ရှူအားကောင်းစေတယ်""

""နိုး...ငါ့ကို တစ်နေ့လုံး ဆန်ပြုတ်ပဲ တိုက်ပြီး ဒါတွေ တိုက်လည်း ငါပြန်ကောင်းလာမှာ မဟုတ်ဘူး...တော်တော့ ဂျူကိုမောင်""

ဆံပင်က မွဲခြောက်။ မျက်နှာက မလန်းဆန်း။
လူနာရုပ်ပေါက်နေသည့် သူ့ကို ကြည့်ပြီး ကျွန်တော် တကယ်အားမရ။

""ဘာစားချင်လဲ""

""ဘာမှ မစားချင်ဘူး...မင်း သွားအိပ်တော့..ညဥ့်နက်နေပြီ""

""ဆေးလိပ်ခိုးသောက်ဖို့ မတွေးနဲ့""

အံဆွဲထဲက ရှိသမျှ ဆေးလိပ်တွေကို စစ်ပြီးပြီဆိုပေမယ့် မနက်က ဆေးလိပ်အတိုအစတွေတွေ့လိုက်ရ၏။
သူ ဘယ်မှာ ဖွက်ထားလဲ ဒီညစောင့်ကြည့်ရမည်။

သူ့ဘေးမှာ အိပ်စောင့်ရန်ကြံစည်သော ကျွန်တော်
တစ်နေ့လုံး သူ့ကို ဂရုစိုက်၊ ကျောင်းသွားရဆိုတော့
ကျောချလိုက်သည်နှင့် မျက်လုံးတွေက မဖွင့်နိုင်တော့။ 
မျက်လုံးကို အတင်းဖွင့်ပြီး သူ့ကို ကြည့်နေသည်ကို
သူသိတော့ ရယ်သည်။

""ကောင်းကောင်းအိပ်""

ကျွန်တော့်ကို စောင်ခြုံပေးပြီး ကျွန်တော့်ပခုံးကို
သူ ပုတ်ပေးလာတော့ ကျွန်တော် အိပ်မောကျသွားတော့သည်။
ဆေးလိပ်နံ့ရောနေသော သူ့ကိုယ်သင်းနံ့ကို ရတော့
သူ ဒီနေ့ ဆေးလိပ်ခိုးသောက်ထားတာပဲ ဟု တွေးပြီး စိတ်မချစိတ်ဖြင့် အိပ်ပျော်သွားရတာပါ။ ထို့ကြောင့် အိပ်မက်ထဲမှာ သူဆေးလိပ်ခိုးသောက်သည်ကို အမိဖမ်းလိုက်ရသေးသည်။

*************

သူ မီးဖိုခန်းထဲ ဝင်လာသည်နှင့် မနက်က ကြိုးစားထားသည့် ထမင်းကြော်ကို သူ့ရှေ့ချပေးလိုက်သည်။

""ဂင်မ်ချီ?""

""စားကြည့်""

ဇွန်းကို ကိုင်ပြီး သူတစ်လုတ်စားကြည့်သည်။
ဝါးရင်း တဖြည်းဖြည်းပြုံးလာသည့် သူ့အပြုံးကို တွေ့တော့
ကျွန်တော် ကျေနပ်မိသည်။ ကြိုးစားရကျိုးနပ်သားပဲ။

""ကောင်းသားပဲ""

""ခံတွင်းတွေ့ရင် များများစား""

ဂင်မ်ချီထမင်းကြော်ကို သူကြိုက်သည်ဖြစ်မည်။
နောက်ထပ် ထည့်စားနေသေးသည်။
ထမင်းကြော်ကို တမြုံ့မြုံ့စားနေသည့်
သူ့ကို ငေးကြည့်ပြီး ကျွန်တော် စကားတစ်ခွန်းကို
အမှတ်တမဲ့ ပြောမိသည်။

""Jay လူဘယ်နှယောက်ကို gay သွားအောင် လုပ်ဖို့ စဉ်းစားထားလဲ""

ပင့်ကြည့်လာသော သူ့မျက်ဝန်းတွေမှာ အံ့ဩဟန်တွေ မရှိ။
ကျွန်တော် ဘာကိုဆိုလိုလဲ။ သူ သိသည်။

""မဟုတ်သေးဘူး""

""ဟုတ်ပါတယ်...ကျွန်တော်လည်း Jay ကြောင့် gay သွားပြီဗျ""

""ငါ ပြောပြမယ်...ငါက သေရတော့မယ့်လူ...
မင်းကိုယ်မင်း ဒုက္ခမပေးသင့်ဘူး""

""ကျွန်တော့်ကို မငြင်းပါနဲ့....
အငြင်းခံရမှာ ကြောက်လို့ ဒီနေ့အထိ ကျွန်တော် ဘယ်သူ့ကိုမှ ရည်းစားစကားမပြောဖူးဘူး...Jay ကျွန်တော့်ကို မငြင်းဘဲ ကြိုးရှည်ရှည်နဲ့ လှန်ထားပေး...တိခနဲ ဖြတ်လိုက်ရင် ကျွန်တော် လေလွင့်သွားမှာ...ကျွန်တော့်ကို အဲလိုဖြစ်စေချင်လို့လား""

""မင်းအတွက်ပဲ မင်းကြည့်တယ်...ငါ့ခံစားချက်ကို ထည့်မတွက်ဘူးလား""

သူ ဒေါသထွက်သွားသည်။
ထမင်းကြော်ကို ဆက်မစားတော့ဘဲ
ထထွက်ရန် ပြင်၏။

""ဒါဆို လက်ခံပေးလေ...Jay အသက်ရှင်နေသရွေ့ ကျွန်တော်နဲ့ တွဲလို့ရတယ်""

""ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့စကားကို ထပ်မပြောနဲ့""

""ကျွန်တော်တို့ ၂ယောက်လုံး ပျော်ရမယ့်ကိစ္စလေ""

""တော်စမ်းပါ...မင်းခံစားချက်တွေကို မေ့ပစ်လိုက်..
.ငါ မင်းကို.""

""ကျွန်တော့်ကို ဒီတစ်ခုပဲ ကူညီပေး...မချစ်ဘူး ဆိုတဲ့ စကားကို မပြောပါနဲ့လား""

သူ ကျွန်တော့်ကို မီးဖိုခန်းမှာ ထားသွားခဲ့သည်။
တိတ်ဆိတ်မှုတွေနဲ့ အတူပေါ့။

*************

ထိုနေ့ကစ ကျွန်တော် သူ့အခန်းမှာပဲ သူနဲ့အတူ အိပ်သည်။
ရိုးရိုး မဟုတ်ဘူး။ သူ့ကို ဖက်အိပ်တာပါ။
သူက သူ့ကို ကျွန်တော် ချစ်မိသွားတာ
သူ့အပြစ်ဟူသည့် စိတ်ဖြင့် မငြင်းဆန်။
ကျွန်တော့်၏ မထင်ရင် မထင်သလို နမ်းတတ်သည့် အနမ်းတွေကိုလည်း မျက်ဝန်းစုံမှိတ် လက်ခံပေးတတ်သည်။
သူ ကျွန်တော့်ကို သေသေချာချာ ကြိုးရှည်ရှည်နှင့် ချည်နှောင်ပေးသည်။ ရည်းစားမကျ မိတ်ဆွေမဟုတ်သည့်
ဒီအခြေအနေကို ကျွန်တော် သဘောကျပါသည်။

""ကျွန်တော့်ဘေးမှာ လာထိုင်ပါလား""

သူက ခေါင်းခါငြင်းသဖြင့် ကျွန်တော် ဂီတာကို မြက်ခင်းပေါ်ချပြီး ထိုင်ခုံမှာ ထိုင်နေသည့် သူ့ကို
ဆွဲခေါ်လာခဲ့သည်။ သူ့ရှေ့မှာ ကျွန်တော် ထိုင်ပြီး ဂီတာကို ကောက်ကိုင်ကာ ကြိုးညှိလိုက်သည်။

""ကျွန်တော် Jay ကို တီးပြချင်တဲ့ သီချင်းတစ်ပုဒ်ရှိတယ် နားထောင်မလား""

သူက တောက်ပသော အပြုံးဖြင့် ခေါင်းညိတ်သည်။
ကျွန်တော် သံစဉ်တွေကို စတင်တီးခတ်လိုက်သည်။

🎵🎵🎵🎵🎵🎵🎵🎵🎵🎵🎵🎵🎵

သူ ဆင်မြန်းတဲ့ scarf နီနီ.... နေရာခဏလဲချင်သည်။ 🎵

ကြင်နာသူလေး နွေးဖို့ အစွမ်းကုန်ကြိုးစားမည်။ 🎵

ရင်မှာ ဒီလောက်ချစ်ပါသည်။ 🎵

သူပျော်တာ အမြဲတွေ့ချင်သည်။ 🎵

သူ့အရိပ်အဖြစ် အမြဲရှိနေတတ်ပြီ။ 🎵

သူ ဆင်မြန်းတဲ့ ဖိနပ်နီနီ.... နေရာခဏလဲချင်သည်။ 🎵

ကြင်နာသူလေး ခလုတ်မထိဖို့ ကိုယ်ကြိုးစားမည်။ 🎵

ရင်မှာ ဒီလောက်ချစ်ပါသည်။ 🎵

ဘာမဆို ကိုယ်အဆုံးရံှုးခံမည်။ 🎵

အလှမ်းဝေးတဲ့ ကျွန်တော့်ရဲ့ အချစ်ဦး J ။ 🎵

ကျောင်းသွားကျောင်းပြန် အချိန်မှန် အမြဲ
နှုတ်ဆက်တတ်သည်။ 🎵

သူ့မျက်ဝန်းနဲ့ဆုံရင် ရင်ခုန်သည်။ 🎵

သူ့အပြုံးလေးများမြင်ရင် အပျော်လွန်ပြီး အိပ်မရတော့ပြီ။🎵

သိပ်ချစ်တဲ့ အကြောင်းကို ကဗျာတွေရေးမည်။🎵

နေရိပ်မိုးတဲ့ ထီးနီနီ နေရာခဏလဲချင်သည်။ 🎵

ကြင်နာသူလေး အေးမြဖို့ ကိုယ်ကြိုးစားမည်။ 🎵

ရင်မှာ ဒီလောက်ချစ်ပါသည်။ 🎵

ဒါကို သူလဲ သိနေပြီ။ 🎵

တစ်နေ့နေ့တော့ ချစ်၍ လာလိမ့်မည်။🎵

ကျောင်းသွားကျောင်းပြန် အချိန်မှန် အမြဲ
နှုတ်ဆက်တတ်သည်။ 🎵

သူ့မျက်ဝန်းနဲ့ဆုံရင် ရင်ခုန်သည်။ 🎵

သူ့အပြုံးလေးများမြင်ရင် အပျော်လွန်ပြီး အိပ်မရတော့ပြီ။🎵

သိပ်ချစ်တဲ့ အကြောင်းကို ကဗျာတွေရေးမည်။ 🎵

🎵🎵🎵🎵🎵🎵🎵

သီချင်းသံအဆုံး သူက လက်ခုပ်တီးပြီး ချီးကျူး၏။

""မောင့်အသံက ချိုပြီး တကယ်ကောင်းတယ်..
.သီချင်းကလည်း နားထောင်ကောင်းတယ်... ဘာအဓိပ္ပာယ်လဲဟင်""

ကျွန်တော် သူ့လက်ကို ဆုပ်ကိုင်ပြီး
ဘယ်ဖက်ရင်ဘတ်ပေါ် ဖိကပ်လိုက်သည်။

""ခံစားရလား...ကျွန်တော့်ရင်ခုန်သံတွေကို""

သူ ခေါင်းညိတ်ပြီး လက်ကို ရုန်းသည်။
ကျွန်တော် မလွှတ်ပေးဘဲ သူ့မျက်လုံးတွေကို စူးစူးနစ်နစ်စိုက်ကြည့်လိုက်သည်။

""Jay ချစ်လာမယ့်နေ့ကို ကျွန်တော် စောင့်နေတယ်""

သူက ရအောင် ရုန်းပြီး ကျွန်တော့်ကို ပြန်ကြည့်သည်။

""မောင်က တစ်ကိုယ်ကောင်းဆန်တဲ့ လူ....ငါ့ကို ဒီလိုစကားလုံးတွေနဲ့ လာမနှိပ်စက်နဲ့...ငါ့ကို ချစ်ပေးပါလို့ မောင့်ကို ငါ မတောင်းဆိုခဲ့ဘူး""

""ကျွန်တော်ကလည်း ကျွန်တော့်နှလုံးသားကို Jay ကို ချစ်ပါလို့ မတောင်းဆိုခဲ့ဖူးဘူး""

""တော်ပါတော့...ငါတို့ တော်လောက်ပြီ""

ထသွားသည့် သူ့ကို ကျွန်တော် ဆွဲချလိုက်သည်။
ကျွန်တော့်ပေါင်ပေါ် ရောက်လာသည့် သူက
အတင်းရုန်းပြီး ထဖို့ ကြိုးစားပြန်သည်။
ကျွန်တော် သူ့ကို မလွှတ်မိအောင် တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။
လွှတ် ဟု ပြောနေသည့် သူ့အသံကိုလည်း
အနမ်းများဖြင့် တိုးတိတ်စေသည်။
သူ့လက်က ကျွန်တော့်ရင်ဘတ်ကို တစ်ခါရိုက်တိုင်း
အနမ်းတွေကို ပိုမွတ်သိပ်စေသည်။
ထွက်ပြေးရှောင်တိမ်းနေတဲ့ သူ့လျှာလေးကို မလွတ်တမ်းချည်နှောင်နေမိသည်။
သူ ကျွန်တော့်ကို တွန်းထုတ်လေ။ 
ကျွန်တော့်အနမ်းတွေ ပိုရှည်ကြာလေပဲ။
အချိန်ကြာလာတော့ ဤသည်ကို သူနားလည်သွားသည် ထင်သည်။ ကျွန်တော့်ရင်ခွင်ထဲမှာ ငြိမ်ကျသွားသည်။

စိုစွတ်နေသည့် သူ့နှုတ်ခမ်းကို လက်မဖြင့် ဖွဖွလေး သုတ်ပေးလိုက်သည်။ နမ်းတုန်းက သူ ကျွန်တော့်နှုတ်ခမ်းကို ကိုက်လိုက်တာလား မသိ။ အောက်နှုတ်ခမ်းက စပ်ဖျင်းဖျင်းနဲ့။
နာသည့်နေရာကို လျှာနဲ့လျက်ကြည့်တော့ ငန်ကျိကျိ အရသာ။
သူ တကယ် ကိုက်လိုက်တာ။

တစ်ခဏငြိမ်ပြီး သူပြန်ရုန်းနေသဖြင့်
ကျွန်တော် သူ့လက်ကို ချုပ်ကိုင်လိုက်ကာ...

""စိတ်မပူပါနဲ့...ကျွန်တော့်ကို Jay တစ်နေ့ ပြန်ချစ်လာမှာပါ""

သူ ငိုနေသည်။ ပြီးတော့
ကျွန်တော့်ပါးကို ဖွဖွလေး ထိကိုင်၏။

""မောင် မရူးစမ်းပါနဲ့...ငါ့အတွက် အချိန်.""

""ရှူး!...ရင်ခုန်ဖို့ ကောင်းတဲ့ အချိန်မှာ တခြားဘာအကြောင်းမှ မပြောနဲ့...ကျွန်တော် စိတ်ဆိုးလာရင် Jay နှုတ်ခမ်းကို ပြန်ကိုက်လိုက်မှာ""

ကျွန်တော့် ခြိမ်းခြောက်စကားသည် ထိရောက်ပါသည်။ ငိုနေသည့်ကြားမှ သူ့နှုတ်ခမ်းကို အုပ်လိုက်မိသည်အထိ လန့်သွားပုံရသည်။ ကျွန်တော် မရယ်မိအောင် ထိန်းပြီး
အသံခပ်ပြတ်ပြတ်ဖြင့်...

""ကျွန်တော် ဂီတာတီးသင်ပေးမယ်""

သူ့ကို ဂီတာကိုင်စေပြီး တီးပြတော့
သူက နောက်လှည့်ကြည့်သည်။

""ငါ အောက်မှာပဲ ထိုင်လို့မရဘူးလား...နေရခက်လို့""

ကျွန်တော် သူ့ကို လွှတ်ပေးလိုက်တော့ သူက မြက်ခင်းပြင်ပေါ် ထိုင်ပြီး ဂီတာတီးစမ်းကြည့်၏။ ကျွန်တော့်ကို မမေးဘဲ
သူ့ဘာသာ တီးကြည့်နေတာ။ ခပ်တည်တည်နဲ့ တီးနေရာက တဖြည်းဖြည်းနဲ့ သူ့နှုတ်ခမ်းတွေ မဲ့လာသည်။

""မောင် လက်မနာဘူးလား""

""မသင်နဲ့တော့""

ကျွန်တော် သူ့လက်ထဲမှ ဂီတာကို လုယူလိုက်သည်။
သူ နားထောင်ချင်တဲ့ သီချင်းရှိရင် ကျွန်တော်ပဲ တီးပေးမယ်။
သူ့လက်တော့ အနာမခံစေချင်ပါ။

*************

မနက်စောစောစီးစီး ဆက်လာသည့် ဖုန်းက
အန်တီမေဆီက။ ကျွန်တော် အိပ်ရာမှ မထဘဲ ဖုန်းကို လှမ်းယူပြီး နားမှာ ကပ်ထားလိုက်သည်။

""ဘာလဲ အန်တီမေ""

(*နင်ဘာလုပ်နေတာလဲ...ဟမ်!...Jay နဲ့ နင် ဘယ်အဆင့်ထိ ရောက်နေပြီလဲ*)

*မိတ်ဆွေမဟုတ် ချစ်သူလည်း မဟုတ်တဲ့ အဆင့်ပေါ့*

(*ငါ့ကို မလိမ်နဲ့...ညနေက ငါ နင့်အကြောင်း ဖုန်းဆက်မေးတာ နင့်အကြောင်းပြောပြတိုင်း သူ့မှာ တမောင်မောင်နဲ့...အမှန်အတိုင်းပြော...နင်နဲ့ သူ ချစ်သူတွေ ဖြစ်နေကြပြီလား*)

ကျွန်တော် အားပါးတရ ပြုံးလိုက်မိသည်။ Jay ကျွန်တော့်ကို မောင်လို့ ခေါ်ခေါ်ပြီး စကားပြောဖို့
အတော်လေး လိမ်ခဲ့ရတာ။ ဘာတဲ့။ မြန်မာနိုင်ငံမှာ
ကိုယ့်ထက် ငယ်တဲ့ ညီလေးတွေကို
မောင်လို့ ခေါ်ကြတာလို့ ပြောတော့
သူ့မှာ မျက်တောင်တခတ်ခတ်ဖြင့် ချိုချိုသာသာခေါ်လာသည်။ မောင် တဲ့လေ။

*သူ့ချစ်သူဖြစ်ချင်နေတာ ကျွန်တော် အပိုင်းပိုင်းသေနေပြီ အန်တီမေ...မောင်က ကျွန်တော့်နာမည်ကို အဖျားဆွတ်ခေါ်ခိုင်းတာလေ..မရဘူးလား*

(*နင် ကလိမ်မကျနဲ့ ဂျူကို...
ငါ မြန်မာစကားနားလည်တယ်...ငါ နင့်ကို ရှေ့ဆက်မတိုးနဲ့ လို့ ပြောထားတာ မေ့နေပြီလား...သူ့အတွက် တစ်ယောက်တည်းနဲ့တင် နာကျင်ရတာ များနေပြီ..
.နင် သူ့ကို မကစားနဲ့...နင့်အသက်နဲ့ သူ့အသက်ကိုလည်း ထည့်တွက်ဦး*)

*ကျွန်တော့်အချစ်က အပေါစားမဆန်ဘူး...
ဒါပဲ*

အရေးမပါတဲ့ အကြောင်းပြချက်တွေနဲ့ ကျွန်တော် သူ့ကို ချစ်နေတာကို တားလို့ရမယ် ထင်နေတာလား မသိ။
ကျောင်းပိတ်ရက်မှာ အိပ်ကောင်းခြင်း မအိပ်ရပါလားနော်။

*************

ကျွန်တော် သူ့လက်ကို ဆုပ်ကိုင်ပြီး ထိုင်နေတာ
၂နာရီရှိနေပြီ။ သူရော ကျွန်တော်ရော ဘာစကားမှ
မပြောဖြစ်ကြဘူး။ တစ်ချက် တစ်ချက် သူမောဟိုက်လာတိုင်း
ကျွန်တော့်လက်ကို ဆိတ်တတ်တော့ ကျွန်တော့်လက်ဖမိုးမှာ သူ့လက်သည်းရာတွေဖြင့် နီနေသည်။
ညတာတွေက ရှည်ကြာလိုက်တာ။
မနက်နေရောင်ထွက်လာရင် သူ ပြန်လန်းဆန်းသွားမှာပါ။

တဖြည်းဖြည်း မှေးမှိတ်လာသည့် သူ့မျက်ခွံတွေ။
ကျွန်တော် သူ့လက်ကို ပိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

""Jay ""

""ငါ အိပ်ချင်နေပြီ မောင်~""

အဆုံးသတ် တိမ်ဝင်သွားသည့် သူ့အသံ။
ကျွန်တော့်နှလုံးသားကို ဓားနဲ့ ထိုးဆွနေသလိုပဲ နာကျင်ရသည်။

""ခဏစောင့် ကျွန်တော် ပြန်လာခဲ့မယ်""

ကျွန်တော့်အခန်းကို ပြေးတက်ပြီး အန်တီမေကို ဖုန်းဆက်လိုက်သည်။ ဖုန်းဝင်သွားတာနဲ့ အလောတကြီး မေးမိသည်။

*အန်တီမေ့မှာ အိပ်မပျော်စေတဲ့ဆေး ရှိလား*

(*ဘာလဲ...ဘာဆေးလဲ*)

*သူ...သူ အိပ်ချင်နေပြီတဲ့~*

အန်တီမေ၏ သက်ပြင်းချသံကို ဖုန်းထဲမှ အကျယ်ကြီး ကြားလိုက်ရသည်။

(*နင် သူ့ကို မဆွဲထားနဲ့*)

*ကျွန်တော်. ..ကျွန်တော် ဘာလုပ်ရမလဲ*

ကျွန်တော့်မျက်ရည်တွေဟာ အထိန်းအကွပ်မရှိတော့ဘူး။
ကျွန်တော့်ရင်တွေလည်း မွန်းကြပ်နေပြီ။

*ကျွန်တော် သူ့ကို လက်မလွှတ်နိုင်ဘူး*

(*သူ့အတွက် သေချာစဉ်းစား....ဒီအချိန်က သူ့အတွက် ဘယ်လောက်ခက်ခဲလဲ နင်စဉ်းစားကြည့်...နင့်အကြင်နာတွေနဲ့ နင် သူ့ကို အဆိပ်ခတ်ပြီးပြီ....ထပ်ပြီး ဒုက္ခမပေးနဲ့တော့...
လက်လွှတ်သင့်တဲ့ လူကို ဆက်ဆွဲထားရင်
နင်တင်မကဘူး...သူလည်း ပင်ပန်းရမှာ...အန်တီ့ကို ရက်စက်တယ် ပြောချင်ပြော...နင် လက်လွှတ်လိုက်တော့...နင့်စိတ်ကို နင်ရအောင်ဖြေထား....အန်တီ အခုလာခဲ့မယ်*)

ဖုန်းကျသွားသည်နှင့် ကျွန်တော့် မျက်ရည်တွေကို ကုန်စင်အောင် သုတ်ပြီး ဂီတာကို ယူကာ သူ့အနား သွားလိုက်သည်။
သူ ကျွန်တော့်ကို လိုအပ်နေမှာ။

""မောင်""

သူ့လက်ကို ဆုပ်ကိုင်လိုက်တော့ သူ မျက်လုံးဖွင့်ကြည့်လာသည်။

""Jay ဘာပြောချင်လို့လဲ""

""ထယ်ယောင်း ရောက်လာတဲ့အခါ ငါ့အစား ပြောပေးပါ...ငါ သူ့ကို နောက်ဆုံးအချိန်အထိ စောင့်နေခဲ့ပါတယ်လို့""

ကျဆင်းလာသည့် မျက်ရည်များကို သုတ်ဖယ်ပြီး
ကျွန်တော် ဟားတိုက်ရယ်မိသည်။

""ပြောပေးမယ်...Jay က ကျွန်တော်နဲ့ လက်ထပ်သွားပြီးပြီလို့..Jay က သူ့ကို အရမ်းမုန်းတယ်လို့""

ထိုအခါ သူရယ်မောလာသည်။

""အဲလိုပဲပြော....နောက်နေ့ကျမှ သူ့ကို အမှန်အတိုင်းပြောပြ...သူ့ကို ငါ တစ်ရက်လောက် ခံစားသွားစေချင်တယ်""

""တစ်ရက်တည်းလား""

သူ ငို၏။ ခေါင်းညိတ်ပြီး သူမျက်ရည်ကျနေသည်။

""အဲဒီခံစားချက် ဘယ်လောက်ဆိုးသလဲ ငါသိတယ်...
တစ်ရက်တောင် ငါလွန်နေပါပြီ""

""ကျွန်တော့်အတွက်ကျတော့ရော""

သူ အသက်ကို ဝဝရှုကာ ကျွန်တော့်ကို စကားအများကြီးပြောလာသည်။

""ငါ့လို အရူးမထနဲ့ မောင်...ငါ့ကို မေ့ပစ်လိုက်ပါ...
မောင်လိုချင်တဲ့ အမှတ်တရတွေအတွက် ငါလိုက်လျောပေးခဲ့တယ်...ငါ့စကားကိုလည်း မောင်နားထောင်ပေး...ငါ့ကို မေ့ပစ်ပြီး တစ်ခြားတစ်ယောက်ကို ချစ်လိုက်...စောင့်ဆိုင်းခြင်းဟာ ဘယ်လောက်ခါးသက်သလဲ ငါကြုံဖူးပြီးပြီ မောင်...ဘယ်သူ့ကိုမှ မစောင့်နဲ့...ဘယ်သူ့ကိုမှလည်း မစောင့်စေပါနဲ့..
.ငါ့ကို ကတိပေးပါ""

""ကျွန်တော်က တစ်ကိုယ်ကောင်းဆန်တယ်...ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တာလေ...စိတ်လည်း မြန်တာ သိတယ်မလား...
.စိတ်ပူချင်ဟန်ဆောင်မနေနဲ့....မနက်ဖြန်လောက်ဆို ကျွန်တော် Jay ကို မေ့သွားမှာပဲ"

သူက နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြီး ကျွန်တော့်လက်ကို ဆုပ်ကိုင်လာသည်။

""အဲဒီစကားကို သေချာပေါက် တည်ပေးစမ်းပါ""

ကျွန်တော် သူ့လက်ကို လွှတ်လိုက်ပြီး
ဂီတာကို ယူလိုက်ကာ ကြိုးညှိလိုက်သည်။

""Jay လို အရူးတွေအတွက် သီချင်းတစ်ပုဒ်ရှိတယ်...နားထောင်မလား""

""အင်း...ငါ ဝန်ခံစရာ တစ်ခုရှိတယ်...
မင်း ငါ့ကို သီချင်းဆိုပြရင် ငါအရမ်းပျော်တယ်""

ပြုံးပြနေသည့် သူ့ကို ကျွန်တော် ငေးကြည့်ပြီး
ဂီတာကို စတင်တီးခတ်လိုက်သည်။

🎵🎵🎵🎵🎵🎵🎵🎵🎵🎵🎵🎵🎵

🎵ဘယ်ဆီရောက်သွားလဲ
🎵တိမ်စိုင်လိုပဲ ပျောက်ကွယ်
🎵နာကျင်စရာ အတိတ်တစ်ခုရယ် အဝေးမှာ ထင်ကျန်ဆဲ
🎵အိမ်ပြန်ချိန်ရောက်ခဲ့ ပြန်မလာတော့မှန်းသိတယ်
🎵အမြင်တွေ ဝေဝါးဆဲပါ အခု ငါမျှော်နေတယ်
🎵နောက်ဆုံးသောအချိန် ခေတ္တခဏ ငါ့ဆီ နင်ပြန်လာပေးပါ
🎵ငါ အသက်မဲ့သွားတဲ့ ခန္ဓာရှိမယ့်နေရာ
🎵မျှော်လင့်ခြင်းလေးနဲ့ အားတင်းထား ချစ်သူရယ်
ပြန်လာတော့မှာ
🎵ဒီအခန်းကျဉ်းလေးထဲ မျက်လုံး မမှိတ်ခင်မှာ
🎵နောက်ဆုံးသော စက္ကန့်လေးမှာ
🎵နောက်ဆုံးသော တောင်းဆုတစ်ခုပါ
🎵နောက်ဆုံး မင်းအပြုံးလေး မြင်ချင်တာ

ကျနေသည့် မျက်ရည်တွေကို ဂရုမစိုက်ဘဲ
ကျွန်တော် သီချင်းဆက်ဆိုသည်။
အသက်ရှူဖို့ ရုန်းကန်နေသည့် သူ့ကို မကြည့်ဘဲ
ကျွန်တော် ဂီတာဆက်တီးသည်။
သူနာကျင်နေတာကို တွေ့ရင်
ကျွန်တော်ပဲ နာကျင်ခံစားရမှာ။
ကျွန်တော် အဲဒီလို မခံစားချင်ဘူး။
ကျွန်တော်က တစ်ကိုယ်ကောင်းသမား။

🎵ဒီကမ်ဘာမြေကြီးထဲ ရှင်သန်မှုများနောက်ကွယ်
🎵လူတွေ သေဆုံးတဲ့အခါ မျက်ရည်ကြွေတယ်တဲ့
🎵အိမ်ပြန်ချိန်ရောက်ခဲ့ ပြန်မလာတော့မှန်းသိတယ်
🎵ကမ်ဘာမှာ ငါမရှိတဲ့ အခါ မျက်ရည်မကြွေပါနဲ့

*တော်ပါတော့...ဂျူကို စိတ်ကို ထိန်းစမ်းပါ*

🎵နောက်ဆုံးသောအချိန် ခေတ္တခဏ ငါ့ဆီ နင်ပြန်လာပေးပါ
🎵ငါ အသက်မဲ့သွားတဲ့

အန်တီမေ ဂီတာကို လုယူလိုက်မှ သီချင်းသံ ရပ်သွားသည်။

*သူ ထွက်သွားပြီ*

ကျွန်တော် အန်တီမေစကားကို လျစ်လျူရှူပြီး
သူ့အခန်းထဲမှ ထွက်လာခဲ့သည်။
ကျွန်တော့်အခန်းထဲရောက်တော့
စားပွဲပေါ်တွင် အမြတ်တနိုးထားသည့် သူ့ဓာတ်ပုံကို ဆွဲယူဖက်လိုက်ကာ အားပါးတရ ရှိုက်ငိုပစ်လိုက်သည်။
ကျွန်တော်က တစ်ကိုယ်ကောင်းဆန်တယ်။
ကျွန်တော့်ကို ထားရစ်ခဲ့တဲ့ သူ့ကို မုန်းလို့ ငိုနေတာ။

*************

သူ မရှိတော့ ဆေးလိပ်နံ့များကင်းမဲ့နေသော အိမ်။
မီးဖိုခန်းမှာ ဆေးလိပ်တွေ မရှိတော့တဲ့ အိမ်။
စောင့်မျှော်ခြင်းတွေ မရှိတော့တဲ့ အိမ်။
အထီးကျန်ဆန်တဲ့ အိမ်။

ကျွန်တော် သူ့ကို အချိန်တိုင်း လွမ်းတယ်။
စက္ကန့်မလပ် သူ့ကို သတိရတယ်။
ဒါတွေဟာ သူ့အကြောင်း တွေးမိတိုင်း ကျွန်တော် ပျော်လို့ပါ။
သူ့ကို ချစ်လို့ မဟုတ်ဘူး။
ကျွန်တော်က တစ်ဖို့တည်းကြည့်တဲ့လူ။
ကျွန်တော် ပျော်ဖို့အတွက် သူ့ကို အသုံးချနေတာပါ။

******L.O.V.E******

၂၀၁၂။ Korea ။

January

"hyung ကျွန်တော် အခုပဲ လာနေပြီ...
အိမ်ထဲမှာ ထိုင်စောင့်....ဒီနေ့မှ ပိုအေးနေတယ်"

ပါးလျသော နှုတ်ခမ်းပါးများသည် တင်းတင်းစေ့သွားသည်။

"ဟုတ်ကဲ့ပါဗျာ...Love you hyung"

ငါ မင်းကို လိုချင်လို့ အနားကို ရောက်အောင်ခေါ်ခဲ့တာ ထယ်ယောင်း။ မင်းကတော့ လူတစ်ယောက်ကို စောင့်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါ့ကို ငြင်းတယ်။
အခု ငါ့ကို ထားပစ်ဖို့အထိတောင် တွေးရဲတယ်ပေါ့။

"မြန်မြန်မောင်းပေးပါလား ယွန်းဂီ...
ငါ hyung နဲ့ တွေ့ချင်နေပြီ"

"ဟင့်အင်း...မင်း ငါနဲ့ပဲ လိုက်ခဲ့ရမယ်"

အရှိန်ပြင်းသွားသည့် ကားနှင့် ယွန်းဂီ၏ အကြည့်တွေကို ထယ်ယောင်း လန့်လာမိသည်။

"ဟမ်...ဘာကို... ယွန်းဂီ!...ဘရိတ်နင်း.!!"

အရှိန်ပြင်းနေသော ကားသည် ဓာတ်တိုင်ကို ဝင်တိုက်၏။
သို့သော် ရုတ်တရက်ဦးတည်ရာပြောင်းသွားသည့် ကားသည်
လမ်းလျှောက်နေသည့် လူတစ်ယောက်ကို ပွတ်တိုက်မိပြီး
လမ်းမပေါ်ရှိ သွားလာနေသည့် ကားများနှင့် တိုက်မိကာ။
လည်ထွက်သွားသည်။

"Mr.Jung!"

"ဟာ...ဘယ်လိုဖြစ်ကုန်တာလဲ"

ဇောက်ထိုးဖြစ်သွားသည့် ကားထဲတွင်
သွေးများချင်းချင်းနီနေသော မင်ယွန်းဂီသည်
ကင်မ်ထယ်ယောင်းကို လှုပ်နှိုးနေ၏။

"ထယ်ယောင်း...ထယ်ယောင်း!...ငါခေါ်ရင် ပြန်ထူးစမ်းပါ...မင်းက ငါနဲ့အတူ ထွက်သွားရမှာ...ငါ့ကို စောင့်နေ!...ထယ်ယောင်း!!"

မျက်ရည်များဖြင့် လှုပ်နှိုးနေသော်လည်း ဘာတုံ့ပြန်မှုမှ မရှိ။

ထိုအနီးအနားမှ လူများယောက်ယက်ခတ်ကုန်ကြသည်။
လူနာတင်ယာဉ်ခေါ်ပြီး အချိန်လုကာ လူကယ်နေကြသည်။

"ကားထဲက လူတွေကို အရင်ဆွဲထုတ်ကြ...
ကားမီးလောင်သွားနိုင်တယ်"

Accident ဖြစ်သည့်နေရာနှင့် လွတ်ကင်းသော နေရာတွင် လဲကျနေသော လူကို ရှူဆေးပေးနေကြသည်။

"ဘာဖြစ်တာလဲ"

"ကားaccident ဖြစ်တာကို မြင်သွားလို့ ဖြစ်မယ်...ရုတ်တရက် မေ့လဲသွားတာ"

မကြာမီ လူနာတင်ယာဉ်များ တစ်စီးပြီးတစ်စီး ရောက်လာ၏။

At hospital ,

ကားတိုက်ခံရသည့် လူနာမှာ ဦးနှောက်သေသွားသည်ဟု သတင်းကြားသဖြင့် ထိုအခန်းကို ဒေါက်တာရှင်း အလျင်စလိုသွားရတော့သည်။

"လူနာရဲ့ မိသားစုဝင်တွေရော"

"ကျွန်တော်ပါ ဒေါက်တာ"

"ဟင်...မင်းက ကင်မ်ဆော့ဂျင်ရဲ့ လူနာရှင်."

"သူတို့က ကျွန်တော့်သူငယ်ချင်းနှစ်ယောက်လုံးပါ"

ဒေါက်တာရှင်း စိတ်မောသွားရသည်။

"သူ့အခြေအနေက."

"ကျွန်တော် သိပါတယ် ဒေါက်တာ....ကျွန်တော် သူ့အမျိုးသမီးကို ဆက်သွယ်ပေးပါ့မယ်"

အခန်းပြင်ထွက်သွားပြီး မကြာပါ။
ပြန်ဝင်လာတော့ ပတ်ဂျီမင် မျက်နှာမကောင်းပေ။
သူ့ကို ဘာမှမပြောဘဲ လူနာ၏ လက်ကို ကိုင်လိုက်သည်။

"ဟိုဆော့ ငါ့ဆုံးဖြတ်ချက်ကို မင်း နားလည်ပေးနိုင်မှာပါ...မကောင်းတဲ့ မိန်းမတစ်ယောက်အတွက်နဲ့ မင်းနှလုံးသားကို မထိခိုက်ပါစေနဲ့တော့...ငါ မင်းနှလုံးသားကို ကယ်တင်ပေးပါရစေ"

ထို့နောက် မျက်ရည်စများကို သုတ်ဖယ်ပြီး
သူ့ကို လှည့်ကြည့်၏။

"ကျွန်တော်တို့က မိဘမဲ့တွေပါ ဒေါက်တာ...
တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီစောင့်ရှောက်ပေးကြတယ်...
ကျွန်တော်က သူ့ရဲ့ သူငယ်ချင်းပါ..သူ့နှလုံးလှူဖို့အတွက် ကျွန်တော်
လက်မှတ်ထိုးပေးပါ့မယ် ဒေါက်တာ"

သဘောတူညီချက် လက်မှတ်ရပြီးနောက်
နှလုံးထုတ်ယူခြင်း၊ အစားထိုးခြင်းများကို
ဆောင်ရွက်ကြသည်။

ထိုဆေးရုံ၏ အခန်းတစ်ခန်းတွင် ချစ်ရသူအား
ပိုင်ဆိုင်ချင်သော အတ္တကို ဦးစားပေးမိသူ မင်ယွန်းဂီ။
သူ့အတ်တကြောင့် ချစ်ရသူက သေဆုံးသွားပြီး သူကတော့ နောင်တတရားများနှင့် ဘဝကို ခါးသီးစွာ ရှင်သန်သွားရ၏။

######E.N.D######

စောင့်ဆိုင်းခြင်းများနှင့်
The Unknown Story ။

💙💙💙

Continua a leggere

Ti piacerร  anche

454K 37K 28
๐Ÿฃ แ€œแ€ฐแ€€แ€ฑแ€ฌแ€„แ€บแ€•แ€ญแ€…แ€ญแ€€แ€ฝแ€ฑแ€ธแ€แ€ปแ€…แ€บแ€…แ€›แ€ฌแ€œแ€ฑแ€ธแ€•แ€ฑแ€™แ€ฒแ€ท แ€…แ€•แ€บแ€…แ€•แ€บแ€‘แ€ญแ€™แ€แ€ถ แ€…แ€ฝแ€ฌแ€…แ€ญแ€แ€ฑแ€ธแ€œแ€ฑแ€ธ Park Jimin ๐Ÿฐ แ€กแ€”แ€ฑแ€กแ€ฑแ€ธแ€•แ€ฑแ€™แ€ฒแ€ท แ€’แ€ฑแ€ซแ€žแ€œแ€ฒแ€€แ€ผแ€ฎแ€ธแ€žแ€œแ€ญแ€ฏ แ€—แ€œแ€œแ€ฒแ€€แ€ผแ€ฎแ€ธแ€แ€ฒแ€ท แ€แ€ปแ€…แ€บแ€…แ€›แ€ฌแ€šแ€ฏแ€”แ€บแ€™แ€ปแ€€แ€บแ€”แ€พแ€ฌแ€•แ€ฑแ€ซแ€€แ€บแ€œแ€ฑแ€ธแ€”แ€ฒแ€ท Jeon J...
4.7K 428 5
~Kim Taehyung&Kim Seokjin~ แ€แ€…แ€บแ€žแ€€แ€บแ€…แ€ฌ แ€›แ€„แ€บแ€แ€ฏแ€”แ€บแ€แ€ผแ€„แ€บแ€ธแ€แ€ฑแ€กแ€แ€ฝแ€€แ€บ แ€กแ€แ€ปแ€ญแ€”แ€บแ€กแ€™แ€ปแ€ฌแ€ธแ€€แ€ผแ€ฎแ€ธแ€™แ€œแ€ญแ€ฏแ€•แ€ซแ€˜แ€ฐแ€ธ แ€…แ€€แ€นแ€€แ€”แ€ทแ€บแ€•แ€ญแ€ฏแ€„แ€บแ€ธแ€œแ€ฑแ€ฌแ€€แ€บ..แ€กแ€„แ€ผแ€ญแ€œแ€ฑแ€ธ... แ€’แ€ซแ€œแ€ฑแ€ธแ€แ€แ€ฏแ€˜แ€ฒแ€œแ€ญแ€ฏแ€แ€ฌแ€•แ€ซ.... #crd quote Star...
36.4K 3K 16
แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บ แ€™แ€ญแ€”แ€บแ€ธแ€€แ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€€แ€ญแ€ฏ แ€…แ€ญแ€แ€บแ€™แ€แ€„แ€บแ€…แ€ฌแ€ธแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท แ€˜แ€šแ€บแ€šแ€ฑแ€ฌแ€€แ€ปแ€ฌแ€ธแ€€แ€ญแ€ฏแ€™แ€พแ€œแ€ฒ แ€…แ€ญแ€แ€บแ€™แ€แ€„แ€บแ€…แ€ฌแ€ธแ€˜แ€ฐแ€ธ Hyun แ€™แ€ญแ€ฏแ€ทแ€œแ€ญแ€ฏแ€ท Hyun แ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บแ€‘แ€ฒแ€žแ€ฌ แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€ทแ€บแ€€แ€ญแ€ฏ แ€˜แ€šแ€บแ€แ€ฑแ€ฌแ€ทแ€™แ€ปแ€ฌแ€ธแ€™แ€พ แ€œแ€พแ€Šแ€ทแ€บแ€€แ€ผ...
1M 39.4K 92
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...