ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး (အတြ...

By god-dess11

103K 12.2K 680

စာစဥ္ ၆၆ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၆၆ မှ စဖတ်နိုင်သည် ။ More

စာစဥ္ 66 (1 - 8)
စာစဥ္ ၆၆ (၉-၁၆)
စာစဥ္ ၆၆ (၁၇-၂၆)
စာစဥ္ ၆၇ (၁-၈)
စာစဥ္ ၆၇ (၉-၁၆)
စာစဥ္ ၆၇ (၁၇-၂၆)
စာစဥ္ ၆၈ (၁-၈)
စာစဥ္ ၆၈ (၉-၁၆)
စာစဥ္ ၆၈ (၁၇-၂၆)
စာစဥ္ ၆၉ (၁-၈)
စာစဥ္ ၆၉ (၉-၁၆)
စာစဥ္ ၆၉ (၁၇-၂၆)
စာစဥ္ ၇၀ (၁-၆)
စာစဥ္ ၇၀ (၇-၁၂)
စာစဥ္ ၇၀ (၁၃-၁၈)
စာစဥ္ ၇၀ (၁၉-၂၆)
စာစဥ္ ၇၁ (၁-၆)
စာစဥ္ ၇၁ (၇-၁၂)
စာစဥ္ ၇၁ (၁၃-၁၈)
စာစဥ္ ၇၁ (၁၉-၂၆)
စာစဥ္ ၇၂ (၁-၆)
စာစဥ္ ၇၂ (၇-၁၂)
စာစဥ္ ၇၂ (၁၃-၁၈)
စာစဥ္ ၇၂ (၁၉-၂၆)
စာစဥ္ ၇၃ (၁-၆)
စာစဥ္ ၇၃ (၇-၁၂)
စာစဥ္ ၇၃ (၁၃-၁၈)
စာစဥ္ ၇၃ (၁၉-၂၅)
စာစဥ္ ၇၄ (၁-၆)
စာစဥ္ ၇၄ (၇-၁၂)
စာစဥ္ ၇၄ (၁၃-၁၈)
စာစဥ္ ၇၄ (၁၉-၂၆)
စာစဥ္ ၇၅ (၁-၆)
စာစဥ္ ၇၅ (၇-၁၄)
စာစဥ္ ၇၅ (၁၅-၂၀)
စာစဥ္ ၇၅ (၂၁-၂၆)
စာစဥ္ ၇၆ (၁-၆)
စာစဥ္ ၇၆ (၁၃-၁၈)

စာစဥ္ ၇၆ (၇-၁၂)

2.8K 316 11
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  76
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၇၆၊ အခန္း ၇။  မွတ္ဥာဏ္အပုိင္းအစနွစ္ခု

ထိုေယာက်ာ္းမွာမူ စကၡဳအာရံုက ၿမင္ေတြ ့ရသည္ထက္ပင္
ပုိလို့ ၿမန္ၿမန္ဆန္ဆန္ လႈပ္ရွားသြားၿခင္းၿဖစ္ရာ ထိုလူၾကီးမွာ အေနာက္သို့ တစ္ဆယ္ဒါဇင္ေက်ာ္ေလာက္ လြင့္ပ်ံတက္သြားေအာင္ အကန္ေက်ာက္ခံလုိက္ရေလၿပီးေနာက္ မဟာပထ၀ီ ေၿမၾကီးေပၚ အားမာန္ၿပင္းၿပင္းၿဖင့္ ၿပဳတ္က်သြားခဲ့ေလ၏ ။

ထိုေယာက်ာ္း၏ မ်က္လံုးအၾကည့္သည္ အနွီမိန္းကေလးေပၚတြင္ သက္ဆင္းလာေလၿပီး သူ၏အရိုးထိတုိင္ေအာင္ ေအးစက္ေနလြန္းေသာ မ်က္လံုးအိမ္ထဲတြင္ အမည္မေဖာ္စြမ္းနုိင္ေသာ နွလံုးသား နာက်င္ကုိက္ခဲရမႈတို့က ထင္ဟပ္လာေလသည္ ။

“နာေနလား .. ေရွာင္ဖန္း”

အနွီေယာက်ာ္းပ်ိဳသည္ ၿမန္ဆန္စြာပင္ ဒူးေထာက္ခ်ပစ္ၿပီး အနွီမိန္းမငယ္ေလးအား သူ ့ရင္ခြင္ထဲကို ညင္ညင္သာသာေလး ေထြးေပြ ့လုိက္ေလ၏ ။

“ဘာလို့ .. ေရာက္လာတာလဲ” အနွီမိန္းကေလးသည္ မ်က္လႊာတို့ကို ဖြင့္ဟန္ၿပဳလာၿပီး မေသမ်ိဳးကမ႓ာဆီ သက္ဆင္းလာသည့္ နတ္ဘုရားတစ္ပါးနွင့္ ခပ္ဆင္ဆင္ရွိေနေသာ ထိုေယာက်ာ္းအား အားနည္းေဖ်ာ့ေတာ့စြာ ၾကည့္လာေလသည္ ။

“ကုိယ္ မင္းကုိ စိတ္ပူလုိ့”
ထိုေယာက်ာ္းက ၿပန္ေၿဖလာသည့္ စကားတစ္ခြန္း ။

“ရွင္ … တစ္ေယာက္ထဲလား”
သူမေလးသည္ သူ ့အား ေငးၾကည့္ေနေလသည္ ။

“ကိုယ္တစ္ေယာက္နဲ့တင္ လံုေလာက္ၿပီ” ထိုေယာက်ာ္းက မည္သည့္အမူအရာမွပင္ မရွိေလဘဲ ၿပန္ေၿဖလာသည္ ။

“ထြက္သြားပါ . က်ြန္မကို ေမ့လုိက္ပါေတာ့ .. ဒါ ရွင္နဲ့ … မဆုိင္ဘူး” သူမေလး၏မ်က္နွာထက္တြင္မူလည္း ၀မ္းနည္းမ်က္ရည္စေတြပဲေလာ ၊ မိုးစက္မုိးေပါက္တုိ့ေပပဲေလာ မသဲကြဲပါေခ် ။

“စကားမေၿပာနဲ့” ထိုေယာက်ာ္းသည္ သူမေလးအား သူ ့ရင္ခြင္ထဲ မွီထားေစရင္း ေပြ ့ခ်ီလုိက္ေလၿပီ ။

ထို့ေနာက္တြင္မူ ရုိးတြင္းၿခင္ဆီထိတုိင္ေအာင္ ေအးခဲက်င္တက္သြားေစနိုင္ေသာ အၾကည့္ၿဖင့္ အေရွ့မွာ ရွိေနသည့္ ထိုလူအုပ္ၾကီးအား ေ၀့ၾကည့္လုိက္ေလ၏ ။ သူ၏ေလသံထဲတြင္ မိုးသက္မုန္တုိင္းၾကီး မက်ေရာက္ခင္ တည္ၿငိမ္တိတ္ဆိတ္ေနၿခင္းတုိ့ ပါေနလ်က္ ။ သူ၏ကုိယ္ေရာင္ကုိယ္၀ါတုိ့သည္လည္း အလြန္အမင္းကုိ ၿပင္းထန္တင္းၾကမ္းလွကာ သြားထိလုိက္မိရံုနွင့္ ေပါက္ထြက္ဖို့ တာဆူေနသကဲ့သုိ့နွယ္ ။

“သုိင္းပညာအစည္းအရံုး .. ဟုတ္တယ္ေနာ္ ။ အခုကစၿပီးေတာ့ လြတ္လပ္ေသာနယ္ေၿမရဲ့ .. သုိင္းပညာအစည္းအရံုး က … ပ်က္စီးေသေၾကရမယ္” အနွီေယာက်ာ္းပ်ိဳ၏ ေအးစက္စက္အၾကည့္တစ္ခ်က္သည္ လူမ်ားစြာ၏ ရုိးတြင္းၿခင္ဆီထဲထိတုိင္ေအာင္ ေအးစိမ့္သြားရေစ၏ ။

တရုတ္ၿပည္က စီ စံအိမ္ေတာ္တြင္ ။

အနွီေယာက်ာ္းသည္ ထိုမိန္းကေလးငယ္အား မိနစ္တုိင္း စကၠန့္တုိင္းကို အေဖာ္ၿပဳေပးေနကာ တဒဂၤေလးပင္ သူမေလးနံေဘးကေန ထြက္သြားၿခင္း မၿပဳခဲ့ပါေခ် ။

အနွီမိန္းကေလးသည္မူကား မၾကာခနဆုိသလို စကားတစ္ခြန္းမဆိုဘဲ တုံဏွိဘာေ၀ တိတ္တဆိတ္သာ ေနကာ အၿပင္တြင္ ထြက္ထိုင္တတ္ၿပီး အစာေရစာတို့ကို ၿငင္းပယ္ တတ္ေလ၏ ။
ထိုေယာက်ာ္းမွာ သူမေလး၏အသက္ ဆက္ရွင္နုိင္ဖို့ရာအတြက္ အစားအစာတုိ့ကို အတင္း တိုက္ေက်ြးေနရပါ၏ ။

“လြတ္လပ္ေသာနယ္ေၿမမွာ ဘာၿဖစ္ခဲ့လို့လဲ”
သူက သူမေလးကို ေမးလိုက္သည္ ။

သုိ့ေသာ္လည္း ထိုမိန္းကေလးသည္ကေတာ့ ထိုေမးခြန္းကို တမင္တကာကို ေရွာင္ဖယ္လုိဟန္ ေပၚေလသည္ ။

“စီရီဟန္ … က်ြန္မကို တစ္ခုေလာက္ ကူညီလို့ ရမလား”

တစ္ေန့တြင္မူ ထိုမိန္းကေလးသည္ စကားစလာ၏ ။

“က်ြန္မရဲ့မွတ္ဥာဏ္ေတြအားလံုးကို ကူၿပီးေတာ့ ဖ်က္ေပးပါ” ထိုမိန္းကေလးက ေတာင္းဆုိလိုက္သည့္အရာတစ္ခု ။

“မၿဖစ္နုိင္ဘူး”

ထိုေယာက်ာ္းသည္ကား ၿပတ္သား၏ ။
ဆံုးၿဖတ္ခ်က္ခုိင္မာလွ၏ ။

“အဲ့ဒီလုိလား … က်ြန္မ ေသခ်င္ရင္ေတာင္မွပဲလား” စိတ္၀မ္းပန္းတနည္းၿဖစ္ေနမႈတုိ့က သူမေလး၏မ်က္နွာထက္တြင္ အတုိင္းသား ေပၚထြက္ေန လ်က္ ။

ထိုေယာက်ာ္းခမ်ာ တိတ္ဆိတ္မႈထဲ က်ြံက်သြားရေတာ့၏ ။

အနွီမိန္းကေလးသည္ ခြဲစိတ္ခန္းထဲကုိ မ၀င္ေသးခင္စပ္ၾကားတြင္ လက္စြပ္တစ္ကြင္းကုိ ထုတ္ယူလိုက္ကာ ထိုေယာက်ာ္းကို ေပးလုိက္ေလၿပီး ..
“စီရီဟန္ .. ဒါက က်ြန္မ တန္ဖိုးအထားရဆံုးရတနာ လက္စြပ္ပါ ။ ရွင္ က်ြန္မအတြက္ ကူၿပီးေတာ့ ေဘးကင္းေအာင္ သိမ္းထားေပးလို့ရမလား”

ထိုေယာက်ာ္းမွာ လက္စြပ္အား လက္ခံယူလုိက္ၿပီး တခနေလာက္ ၾကည့္လုိက္မိကာ ..
“ဒါက ဘာမို့လို့လဲ”

အနွီမိန္းကေလးသည္ ခပ္ေဖ်ာ့ေဖ်ာ့ေလး ၿပံဳးၿပလာကာ ေခါင္းေလးကုိ ခါယမ္းလုိက္ေလရင္းမွ ..
“ရွင္ မသိလဲ ရတယ္ ။ ဒါကို ယူထားၿပီးေတာ့သာ ၀ွက္ထားေပးပါ”

မ်က္ေတာင္တစ္ခတ္ေလးအတြင္းမွာပင္ အရာရာသည္ ၿဖစ္ပ်က္သြားခဲ့ၿခင္း ၿဖစ္ေသာ္ၿငား ထိုသည္မွာ ဆယ္စုနွစ္ေလာက္ကို ၾကာသည္ဟု ခံစားမိရ၏ ။ ရီ၀မ္၀မ္ ရုတ္ၿခည္းတရက္ဆုိသလုိ မ်က္လံုးဖြင့္လာၿပီးေနာက္ ေရေသာက္ရင္း ေရသီးသည့္သူပမာ တဟြတ္ဟြတ္ေခ်ာင္းဆုိးရင္းမွ ဆတ္ခနဲ ထထုိင္လိုက္မိ၏ ။

“အသက္ကုိ ၿပင္းၿပင္းရွဴသြင္းလိုက္”
မီးလ်ွံေက်ာင္းအုပ္ၾကီးသည္ နံေဘးကေန ေစခုိင္းလာသည္ ။

ေက်ာင္းအုပ္ၾကီး ေၿပာေနသည့္အတုိင္း လုပ္ၿပီးေနာက္မွ
ရီ၀မ္၀မ္ တၿဖည္းၿဖည္းခ်င္း အသိစိတ္ၿပန္၀င္လာရေတာ့၏ ။

“မင္းပံုစံလုိမ်ိဳးပဲ ပ်က္စီးသြားရတဲ့မွတ္ဥာဏ္ေတြက ေနာက္ထပ္နွစ္ခါေလာက္ ထပ္ကုသလုိက္ရင္ ၿပန္ေကာင္းနုိင္ေလာက္ပါတယ္ ။ ၿပန္သြားၿပီးေတာ့ အနားယူေခ်” ေက်ာင္းအုပ္ၾကီးသည္ စားပြဲရွိရာဆီကို ၿပန္သြားကာ
သူ ့ရဲ့စာရြက္စာတမ္းေတြကုိ ေနာက္ထပ္တစ္ဖန္ ဖတ္ရႈေတာ့ ေလၿပီ ။

ရီ၀မ္၀မ္ ေခါင္းထဲ ခ်ာခ်ာလည္ေနမိရင္းမွ ေသြးစုပ္ဖုတ္ေကာင္တစ္ေကာင္ကဲ့သို့နွယ္ ရံုးခန္းထဲကေန ထြက္သြားေတာ့၏ ။ ဤတစ္ၾကိမ္ အိပ္ေမြ ့ခ်ခံထားရသည့္ အေၿခအေနတြင္ သူမ မွတ္မိခဲ့ရသည္မွာ ဟုိတစ္စ သည္တစ္စ မွတ္ဥာဏ္အပုိင္းအစတုိ့ မဟုတ္ေတာ့ပါေခ် ။
လံုး၀ကုိ မတူကြဲၿပားသည့္ မွတ္ဥာဏ္တုိ့ ၿဖစ္ေနၿပီး သူမအေနၿဖင့္ ပြဲကေန ဇာတ္လမ္းထိုင္ၾကည့္ေနမိသူပမာ ၾကည့္ေနခဲ့ရေလသည္ ။

သိုင္းပညာအစည္းအရံုး .. ပုန္းလ်ဳိးကြယ္လ်ိဳးေယာက်ာ္း .. မိန္းမငယ္ေလးအား ဓားေၿမာင္နွင့္ သတ္ဖို့ လုပ္ခ့ဲသည့္ အၾကီးအကဲ က်င္း .. ထုိ့ၿပင္ … စီရီဟန္ ။ အရာအားလံုး .. အရာအားလံုးမွာ ထိတ္လန့္ေခ်ာက္ခ်ားစရာ အမွန္တရား တစ္ခုအၿဖစ္ ဆက္စပ္မႈ ရွိေနသလိုပင္ ။

ထိုမိန္းကေလးငယ္မွာ နန္ မိသားစု၏ ဒုတိယသခင္မေလး ၊ စိုးရိမ္ၿခင္းကင္းေသာနန္ ၿဖစ္သည့္ သူမေပမွန္း ရီ၀မ္၀မ္ ေသခ်ာသိေနမိပါ၏ ။

………………………………………………………………………….......

စာစဥ္ ၇၆၊ အခန္း ၈။  ရႈပ္ေထြးလွသည့္ ဘ၀ဇာတ္ခံု

ရီ၀မ္၀မ္၏အေတြးေရယာဥ္တုိ့မွာ အေတာ္ေလး ကေသာငး္ကနင္းဆန္သည္ဟု ခံစားမိလာရသည္ ။ အိပ္ေမြ ့ခ် ကုသရင္း သူမ လက္ခံရရွိခဲ့သည့္ အခ်က္အလက္တုိ့သည္ အလြန္အက်ဴးကို ၾကီးမားနက္နဲလြန္းေခ်သည္ ။ ၿပီးၿပည့္စံုလွသည့္ မွတ္ဥာဏ္နွစ္ခုအၿပင္ကုိ မွတ္ဥာဏ္တစ္ခ်ိဳ့လည္း ရွိေနေသး၏ ။ ဥပမာအားၿဖင့္ စိုးရိမ္ၿခင္းကင္းေသာနန္၏ နန္လင္းလံုအား ေခၚယူေမြးစား ပံု ၿမင္ကြင္းပေဒသာ ၊ နုတ္စုတ္ေသးသိမ္ေသာ ပတ္၀န္းက်င္က ၿဖစ္ရပ္ရုပ္ပံုလႊာတစ္ခ်ိဳ့ နွင့္ သူမေလး ၀ံပုေလြတုိ့နွင့္ ရင္ဆုိင္တုိက္ခုိက္ခဲ့ရာ ေနရာတစ္ခိ်ဳ့ .. အစရွိသည္ၿဖင့္ ။

တခနအၾကာတြင္ အၾကီးဆံုးသခင္ေလး ရွန္း ဖြင့္ေပးထားပါေသာ မီးလ်ွံေက်ာင္းေတာ္ထဲက ေကာ္ဖီဆုိင္ကို ရီ၀မ္၀မ္ ေရာက္ရွိသြားေလၿပီ ။
ေကာ္ဖီဆုိင္ထဲက ၀န္ထမ္းေလးမ်ားသည္ ရီ၀မ္၀မ္ကို ၿမင္လုိက္သည္နွင့္ အထိတ္လန့္ၾကီး ထိတ္လန့္ေခ်ာက္ခ်ားလာမိၾကကာ ၿမန္ၿမန္ဆန္ဆန္ပင္ ေကာ္ဖီတစ္ခြက္ လာခ်ေပးၿပီးသည္နွင့္ ဟိုးအေ၀း .. အေ၀းၾကီးကို သြားေနၾကေတာ့ေလ၏ ။

ရီ၀မ္၀မ္ ဆုိဖာေနာက္ေက်ာအား မွီခ်လုိက္ရင္း
အေတြးေရယာဥ္ေၾကာထဲ ဆက္ကာ စီးေမ်ာေနလိုက္သည္ ။

အသစ္ထပ္မံ ရရွိလာေသာ မွတ္ဥာဏ္မ်ားအရ စီရီဟန္ ထပ္ပုန္းလိ်ဳးကြယ္လ်ိဳး လုပ္လုိ့ မရေတာ့ေလၿပီ ။ သူသည္ သူ ဘယ္သူဘယ္၀ါ ၿဖစ္ေၾကာင္းကို အတင္းကာေရာေတြ ဇြတ္အတင္း ဖင္ပိတ္ၿငင္းေနေသာ္လည္း သူ၏မုသားစကားတုိ့မွာ အခုခ်ိန္တြင္ေတာ့ ၿပိဳက်ပ်က္စီး ခဲ့ရရွာေလၿပီ ။

ကနဦးအစကေတာ့ ရီ၀မ္၀မ္၏ လြတ္လပ္ေသာနယ္ေၿမကို လာရၿခင္းရည္ရြယ္ခ်က္မွာ စီရီဟန္ကုိ လုိက္ရွာဖို့အၿပင္ သူမ၏ရင္တြင္းထဲကေန တစိမ့္စိမ့္ထိုးထြက္လာေနသည့္ ၀မ္းနည္းေၾကကြဲေနမိမႈအေၾကာင္းကုိ သိလိုမႈေၾကာင့္လည္း ပါေပ၏ ။ စီရီဟန္သည္ အဘယ္ေၾကာင့္ လုပ္ခဲ့ေလသနည္းကုိ သူမ နားမလည္နုိင္ပါေခ် ။ သူမ ပုိင္ဆုိင္သည့္မွတ္ဥာဏ္မ်ားကို အဘယ္ေၾကာင့္ ဖ်က္ဆီးပစ္ခဲ့သနည္း ။ အဘယ္ေၾကာင့္ သူမအား ဘာမွေသြးသားမေတာ္စပ္သည့္ သူစိမ္းတရံစာၿဖစ္ေသာ ရီ၀မ္၀မ္ အၿဖစ္ ေၿပာင္းလဲပစ္ခဲ့ေလသနည္း ။

ထို့အၿပင္ ၊ စီရီဟန္က သည္းအူတမ်ွ ခ်စ္ၿမတ္နိုးရပါေသာ မိန္းမမွာ ေသဆံုးသြားခဲ့ၿပီၿဖစ္သည့္ ရီ၀မ္၀မ္အစစ္ကိုလား ။ သူမသည္ အစားထိုးသက္သက္သာပဲလား ဆုိသည္ကုိ သိခ်င္မိခဲ့ၿခင္းေၾကာင့္ပင္ ။

သို့ေသာ္လည္း ဤအိပ္ေမြ ့ခ်ကုသနည္းတြင္မူ မွတ္ဥာဏ္ဖ်က္ပစ္ေပးဖို့ ေတာင္းဆုိခဲ့သူမွာ သူမကုိယ္တုိင္ ၿဖစ္ေနခဲ့ၿပီး တစ္စံုတစ္ေယာက္အၿဖစ္ ေၿပာင္းလဲေပးပါရန္ ေတာင္းဆုိခဲ့သူမွာလဲ သူမကုိယ္တုိင္ပင္ ၿဖစ္ေနၿပန္၏ ။ ဤသည္ကား သူမအဖို့ေတာ့ မယံုနုိင္စရာေကာင္းလွၿပီး ေမ်ွာ္မွန္းေတြးဆဖို့ပင္ ခက္ခဲလြန္းလွေပ၏ ။

သူမသည္ စုိးရိမ္ၿခင္းကင္းေသာနန္ ၿဖစ္ခဲ့စဥ္တုန္းက ဘာေတြနဲ့မ်ား ၾကံဳေတြ ့ရင္ဆုိင္ခဲ့ရလုိ့လဲ ။

စီရီဟန္သည္ စိုးရိမ္ၿခင္းကင္းေသာနန္ကုိ တရုတ္ၿပည္ကုိ ေခၚယူသြားၿပီးေနာက္တြင္ စုိးရိမ္ၿခင္းကင္းေသာနန္သည္ ေသြးစုတ္ဖုတ္ေကာင္တစ္ေကာင္ကဲ့သို့ပမာ ၿဖစ္လာၿပီး
ကုိယ့္ကုိယ္ကုိ ထိခုိက္ဒဏ္ရာရေအာင္ လုပ္လာခဲ့ကာ စီရီဟန္အား သူမအသက္နွင့္ ၿခိမ္းေၿခာက္ပစ္ခဲ့ၿပီး သူမမွတ္ဥာဏ္တုိ့ကို အတင္းဖ်က္ေပးခုိင္းခဲ့ေလသည္ ။

မွတ္ဥာဏ္ၿပန္ရဖို့ရာအတြက္ အခုေလာက္ထိ ေသာက္က်ိဳးနည္းေအာင္ ဒုကၡမ်ားလိမ့္မည္မွန္းသာ သူမ ၾကိဳတင္သိထားခဲ့လ်ွင္ ဟုိတုန္းက ကုိယ့္ကိုယ္ကုိ အခုေလာက္ နွိပ္စက္ညွင္းပန္းခဲ့မိလိမ့္မည္ မဟုတ္ေပ ။

ရီ၀မ္၀မ္ ပုိလုိ့ အံ့ၿသမိသည္မွာ ေက်ာင္းအုပ္ၾကီးနွင့္ အိပ္ေမြ ့ခ် အကုသခံေနစဥ္အတြင္း ၿပန္လည္ရရွိလာခဲ့သည့္ မွတ္ဥာဏ္တုိ့မွာ ဇာတ္လမ္းတစ္ကားအသြင္ပမာ ကူးေၿပာင္းသြားကာ သူမ၏စိတ္အနက္အရႈိင္းဆံုးတစ္ေနရာ ကေန ၿပန္လည္ၿပသေပးေနသည္နွင့္သာ ပိုလုိ့ ဆင္တူေနမိ ေတာ့ၿခင္းပင္ ။

ထိုခံစားခ်က္သည္မူကား အလြန္တရာပင္ ထူးဆန္းအံ့ၿသဖြယ္ ေကာင္းလွေပ၏ ။ ထိုအၿခင္းအရာမ်ားမွာ သူမကုိယ္တုိင္ ၾကံဳေတြ ့ခံစားခဲ့ရၿခင္း ၿဖစ္ပါေသာ္ၿငားလည္း ထုိနည္းထိုပံု တစ္ထပ္တူထဲ စိတ္တြင္းကေန မခံစားမိေတာ့ ေလၿပီ ။

အခုတစ္ေခါက္ အိပ္ေမြ ့ခ်ကုသၿခင္းကေနတစ္ဆင့္ ရီ၀မ္၀မ္သည္ ေနာက္ဆံုးေတာ့ သုိင္းပညာအစည္းအရံုးမွ အၾကီးအကဲ က်င္း ဆိုသူူအား မွတ္မိသြားခဲ့ေလၿပီ ။ ဟိုတုန္းက သူမသည္ သူနွင့္ ပထမဦးဆံုး ေတြ ့ဆံုခဲ့ရခ်ိန္တြင္ စိတ္မသက္မသာခံစားေနရၿခင္းမွာ အံ့ဖြယ္မရွိေတာ့ေပ ။ သူမသည္ သူ ့လက္ထဲတြင္ ေသခါနီးဆဲဆဲသာ လုိခဲ့သည္ကိုး ။

ထိ့ုၿပင္ သူမ မ်က္နွာကုိ ရွင္းရွင္းလင္းလင္း မၿမင္ခဲ့ရသည့္ ထုိေယာက်ာ္းမွာလည္း မည္သူေလနည္း ။
သူသည္ အဘယ္ေၾကာင့္ သူမအား ေသေစခ်င္ရသနည္း ။

ရရွိထားခဲ့သည့္ အခ်က္အလက္တုိ့အေပၚ ခြဲၿခမ္းစိတ္ၿဖာ ၾကည့္မိၿခင္းအရေတာ့ ထိုေယာက်ာ္းသည္ သူမအား တကယ္စစ္စစ္ ေသေစခ်င္ပံု မရပါေပ ။ သို့ုေသာ္ၿငားလည္း သူ ့မ်က္လံုးအိမ္ထဲက အမုန္းတရားတုိ့ကုိမူ ရီ၀မ္၀မ္ ေမ့ေဖ်ာက္လုိ့ မရေသးပါေခ် ။ ေၾကာက္စရာေကာင္းလွသည့္ စက္ဆုပ္မုန္းတီးလွသည့္ အမုန္းတရားထုၾကီးပင္ ။

ထို့အၿပင္ ထိုေယာက်ာ္းသည္
သူမက သူ ့ကို သစၥာေဖာက္ပါသည္ဟု ေတာက္ေလ်ွာက္ေၿပာသြားခဲ့ေလ၏ ။

မဟုတ္မွလြဲေရာ …

ရီ၀မ္၀မ္၏စိတ္တုိ့ တမုဟုတ္ခ်င္းပင္ ရႈပ္ေထြးေနာက္က်ိ လာရ၏ ။ ေနာက္ထပ္တစ္ဖန္ ေတြးေတာၾကည့္လုိက္ၿပီးသကာလတြင္ ထိုသည္မွာ မၿဖစ္နုိင္သည္မွန္း သူမ ၿမန္ၿမန္ဆန္ဆန္ နားလည္သြားပါ၏ ။

ရီ၀မ္၀မ္ကုိ ၾကီးမားစြာ အံ့ၿသဘနန္း ၿဖစ္မိေစေသာ အခ်က္တစ္ခ်က္လည္း ရွိေန၏ ။ ထိုသည္က ဒဏ္ရာအနာတရ ၿဖစ္ထားေသာ စိုးရိမ္ၿခင္းကင္းေသာနန္အား ေပြ ့ခ်ီလုိက္ခ်ိန္က
စီရီဟန္ ေခၚလိုက္သည့္ စကားတစ္ခြန္းက …။

“ေရွာင္ ဖန္း”

ရီ၀မ္၀မ္သည္ ဘယ္ေလာက္ပင္ ဥာဏ္တံုးတိလွပါေစဦး ၊
စီရီဟန္ ညႊန္းဆိုသြားသည့္ “ေရွာင္ဖန္း” မည္သည္အား ဒက္ခနဲ နားလည္လုိက္ပါ၏ ။

“ေရွာင္ဖန္းဖန္း … ပုိင္ဖန္း လား”

ရီ၀မ္၀မ္ မ်က္ေမွာင္တုိ့ တြန့္ခ်ိဳးလာသည္ ။

မဟုတ္မွလြဲေရာ … စိုးရိမ္ၿခင္းကင္းေသာနန္သည္ ပုိင္ဖန္း ၿဖစ္ၿပီး ပိုင္ဖန္းမွာ စိုးရိမ္ၿခင္းကင္းေသာနန္ ၿဖစ္ေနသည္လား ။ ထိုလူနွစ္ေယာက္မွာ ဟိုးအစကတည္းက တစ္ေယာက္ထဲသာ ၿဖစ္ေနခဲ့သည္လား ။

ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ ေတြးေတာၾကည့္ၿပီးေနာက္တြင္မူ … သူမသည္ ဂ်ိရိႈ ့ရန္မွာ နန္ မိသားစု၏ စိုးရိမ္ၿခင္းကင္းေသာနန္ နွင့္ ေစ့စပ္ပြဲ ရွိထားခဲ့ေၾကာင္းကို သိထားခဲ့မိေသာ္လည္း အခုေတာ့မူ ထိုေစ့စပ္ပြဲမည္သည္လည္း သူမႏွင့္ ဂ်ိရိႈ ့ရန္၏ ေစ့စပ္ပြဲပင္ ၿပန္ၿဖစ္ေနေလၿပီ ။

………………………………………………………………………...........

စာစဥ္ ၇၆၊ အခန္း ၉။  အာကာသထဲ လက္ပစ္ကူးပစ္လုိက္ခ်င္ေတာ့တယ္

“မဟုတ္မွလြဲေရာ … စုိးရိမ္ၿခင္းကင္းေသာနန္က ဖိန့္ဖိန့္တုန္ဂုိဏ္းကုိ တည္ေထာင္ခဲ့ၿပီး ‘ပုိင္ဖန္း’ ဆုိတဲ့ နာမည္ကို ယူထားတာကုိ
စီရီဟန္က မသိေနတာလား”
ရီ၀မ္၀မ္ တစ္ကုိယ္ေရသာ ၾကားသည္ဆုိရံု ေရရြတ္ေနမိ၏ ။

ထုိသို့သာ ဆုိလ်ွင္ေတာ့ၿဖင့္ အရာအားလံုးမွာ အဓိပၸာယ္ ရွိသြားေလၿပီ ။ ၿပစ္ခ်က္ကင္းေအာင္ သင့္တင့္မႈ ရွိသြားေလၿပီ ။

ဖိန့္ဖိန့္တုန္ဂုိဏ္းသည္ သူမအား သူတုိ့ဂုိဏ္းခ်ဳပ္နွင့္ အထင္မွားမိခဲ့ၿခင္းမွာ … သူမသည္ စုိးရိမ္ၿခင္းကင္းေသာနန္ အၿပင္ကို ေနာက္ထပ္နာမည္တစ္ခု ရွိေနတာေၾကာင့္ ။ သူမကိုယ္တုိင္သည္ကပင္ ဖိန့္ဖိန့္တုန္ဂုိဏ္း၏ဂုိဏ္းခ်ဳပ္ ပုိင္ဖန္း ၿဖစ္ေနတာေၾကာင့္ .. ။

ကုိၾကီးဗိုလ္ေယာင္ ေဆာင္ကာ ေနခဲ့ရရွာသည့္ သူမမွာ အစကတည္းကပင္ ကုိၾကီး ဗိုလ္ အစစ္သာ ၿဖစ္ေနေလၿခင္း ။

အမွန္တကယ္ေတာ့ သူမထံတြင္လည္း ထုိကိစၥနွင့္ပတ္သက္သည့္ အမွန္တရားအေၾကာင္းကို ဂ်ိရိႈ ့ရန္အား ေမးၾကည့္ရဦးမည္ပင္ ။

မၾကာခင္ ရီ၀မ္၀မ္သည္ မီးလ်ွံေက်ာင္းေတာ္ကေန ထြက္ခြာလုိက္ပါ၏ ။

ဤအိပ္ေမြ ့ခ်ကုသမႈကေန သူမသည္ အနွီလက္စြပ္၏ သမုိင္းေၾကာင္းနွင့္ အဓိပၸာယ္ကုိ မသိခဲ့ရပါေပ ။ သုိ့ေသာ္လည္း သူမတြင္ သဲလြန္စတစ္ခုေတာ့ ရထားေလၿပီ ။ သုိင္းပညာအစည္းအရံုး၏ အၾကီးအကဲ က်င္း …

ရီ၀မ္၀မ္ ဖိန့္ဖိန့္တုန္ဂုိဏ္းကို ၿပန္သြားလုိက္ေတာ့၏ ။

သူမ ရံုးခ်ဳပ္ကို ေရာက္သြားသည္နွင့္ ခ်က္ခ်င္းပင္
ၾကယ္ခုနစ္ ၊ ခုနစ္စင္ၾကယ္ ၊ ပထမအၾကီးအကဲနွင့္ တတိယအၾကီးအကဲတုိ့ကို ေခၚလုိက္ေတာ့၏ ။

“လခြမ္း .. အစ္မဖန္း .. ဘာလို့ ဒီေလာက္အၿမန္ၾကီး ၿပန္ခ်လာတာလဲ ။ ဒီမနက္ကတင္ မီးလ်ွံေက်ာင္းေတာ္ကို ၿပန္သြားရံု ရွိေသးတာ မဟုတ္ဘူးလား”
ခုနစ္စင္ၾကယ္သည္ သိလုိစြာနွင့္ ေမးၿမန္းလာသည္ ။

ထိုမ်ွတင္ မကေသးဘဲ အခုေလးတင္မွ ၿပန္ေရာက္လာသည့္ ရီ၀မ္၀မ္မွာ သူတုိ့အားလည္း အစည္းအေ၀းေခၚလုိက္ေသးသည္ ။
သူမ ဒီေလာက္ေတာင္ အေရးတၾကီး နုိင္ေနတာလား ။

“တည္တည္တံ့တ့ံေနစမ္း”
ရီ၀မ္၀မ္ ခုနစ္စင္ၾကယ္အား အၾကည့္တစ္ခ်က္ ေစြေပးလိုက္၏ ။

“ဟုတ္” ခုနစ္စင္ၾကယ္မွာ ေခါင္းညိတ္ၿပလာၿပီး စကားေၿပာၿခင္းအမႈကို ရပ္တန့္လုိက္ေလၿပီ ။

“အစ္မဖန္း .. အမိန့္ေပးစရာမ်ား ရွိလို့လား”
ထေမးလာသူကား ၾကယ္ခုနစ္ ။

ရီ၀မ္၀မ္ ေခါင္းတစ္ဆတ္ ညိတ္ၿပလုိက္ရင္း စကားဆို၏ ။
“လူတစ္ေယာက္ကို ၿပန္ေပးဆြဲမလို့”

သူမ၏စကားကုိ နားေထာင္ေနသူအေပါင္းခမ်ာ ထိုစကားအတြက္ အံ့ၿသသြားၿခင္း တစိုးတစိပင္ မရွိေန ။ ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္က လူတစ္ေယာက္ကုိ ၿပန္ေပးဆြဲၿခင္း အမႈ ၿပဳသည္က သာမန္လုပ္နည္းလုပ္ေနက်ပင္ ၿဖစ္သည္ မဟုတ္ေပေလာ ။

“ဒါေလးလား အစ္မဖန္း ရာ ။ လူတစ္ေယာက္ကို ၿပန္ေပးဆြဲတာမ်ား အခုလို အသည္းအသန္ၾကီး ထိတ္မသာလန့္မသာၿဖစ္ေအာင္ လုပ္ၿပေနစရာ လုိလို့လားဗ်ာ ။ ဘယ္သူ ့ကို ၿပန္ေပးဆြဲခ်င္တာလဲ အစ္မဖန္း ။ က်ြန္ေတာ့္ကို လုပ္ခုိင္းလိုက္ရင္ကို လံုေလာက္ေနပါၿပီ” ခုနစ္စင္ၾကယ္သည္ ေပါ့ေပါ့တန္တန္ပင္ ေအးေဆးစြာ ေၿပာထြက္လာေလသည္ ။

“အၾကီးအကဲ က်င္း”
ရီ၀မ္၀မ္ ပြင့္လင္းစြာ ၿပန္ေၿဖလုိက္ၿခင္း ။

“အၾကီးအကဲ က်င္း လား”

ေလးေယာက္သားခမ်ာ နေ၀တိမ္ေတာင္ ၿဖစ္သြားကာ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္မိၾကေတာ့၏ ။
အနွီ “အၾကီးအကဲ က်င္း” ဆုိသည္မွာ
သိုင္းပညာအစည္းအရံုး၏ အၾကီးအကဲ က်င္း မွန္းကို
သူတုိ့ ခ်က္ခ်င္း မဆက္စပ္မိလုိက္ၾကေပ ။

“ဘယ္အၾကီးအကဲ က်င္း လဲ”
ခုနစ္စင္ၾကယ္က လႊတ္ခနဲ ေမးထြက္သြား၏ ။

“သိုင္းပညာအစည္းအရုံးက လူ ။ အရင္တစ္ေခါက္က ဖိန့္ဖိန့္တုန္ဂုိဏ္းကုိ လာၿပီးေတာ့ ညွိႏိႈင္းေဆြးေႏြးမႈ လုပ္သြားတယ္မလား ။ အဲ့ဒီ အၾကီးအကဲ က်င္း”
ရီ၀မ္၀မ္ ရွင္းၿပလုိက္ေတာ့သည္ ။

ခုနစ္စင္ၾကယ္နွင့္ တတိယအၾကီးအကဲတုိ့မွာ သရဲသဘက္တစ္ေကာင္ကုိ ၿမင္ေနရသကဲ့သုိ့နွယ္ ၿဖစ္သြားၾကေတာ့၏ ။

သုိင္းပညာအစည္းအရံုးလား ..?!

သူတုိ့ရဲ့ ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္က အာကာသထဲ လက္ပစ္ကူးခ်င္ ေနတာလား .. ?!

နန္မိသားစုမွ ရတနာမ်ားကုိ သြားေရာက္ခုိုးယူပစ္ၿခင္းက
ခြင့္လႊတ္၍ ရနုိင္၏ ။ ရွန္းမိသားစုမွ ပုိက္ဆံမ်ားကို သြားေဖာက္ထြင္းၿခင္းသည္ကလည္း ထိုုနည္းတူပင္
ခြင့္လႊတ္၍ ရနုိင္၏ ..

အခုတြင္မူ … သူမသည္ သုိင္းပညာအစည္းအရံုးရဲ့ အၾကီးအကဲ တစ္ေယာက္ကုိ ၿပန္ေပးဆြဲခ်င္ေနသည္တဲ့လား။

“စေနတာ မဟုတ္တာေတာ့ ေသခ်ာပါတယ္ေနာ္ အစ္မဖန္း” ခုနစ္စင္ၾကယ္ခမ်ာ မယံုတိမယံုနုိင္ၿဖင့္ ဇေ၀ဇ၀ါၿဖစ္ကာေန၏ ။

သုိင္းပညာအစည္းအရံုးၾကီးမွာ အဘယ္မည္နည္း ။
ဖိန့္ဖိန့္တုန္ဂုိဏ္းကို မဆုိနွင့္ ဂ်ိဘုရင္နွင့္ အရွင္နတ္ဆုိး တုိ့သည္ပင္ ယွဥ္ၿပိဳင္ဖုိ့ရာ မစြမ္းသာၾကပါေခ် ။

သုိင္းပညာအစည္းအရံုးၾကီးကုိ သြားထိပါးလုိက္ၿခင္းမွာ ခါခ်ဥ္ေကာင္ မာန္ၾကီးလုိ့ ေတာင္ၾကီးၿဖိဳမယ္ၾကံ .. ခါးက မသန္ ဆုိသကဲ့သို့နွယ္ အလားတူေလသည္ ။ ထိုသည္မွာ ကုိယ့္လည္ပင္းကိုယ္ ၾကိဳးကြင္းစြပ္လုိက္သလို အႏၱရာယ္ၾကီးလြန္းလွေခ်သည္ ။

“ဂုိဏ္းခ်ုဳပ္ … ထပ္ၿပီးေတာ့ စဥ္းစားဆင္ၿခင္ေပးပါဦး ။ သုိင္းပညာအစည္းအရံုးက .. ခပ္လြယ္လြယ္ သားေကာင္ မဟုတ္တာမို့” တတိယအၾကီးအကဲက အၿမန္သြက္သြက္ပင္ ၀င္ေၿပာလာေလသည္ ။

ထိုသည္က သူတုိ့၏ ဖိန့္ဖိန့္တုန္ဂုိဏ္းမွာ ၿပသနာနွင့္ ၾကံဳရမည္ကုိ ေၾကာက္ရြံ ့ေသာေၾကာင့္ မဟုတ္ပါေပ ။ ေတာင္ေပၚတြင္ က်ားၾကီးရွိေနမွန္း သိပါရဲ့နွင့္ သုိးမ်ားအား ထိုေတာင္ေပၚကုိ ပုိ့လိုက္သကဲ့သို့ ၿဖစ္ေနေသာေၾကာင့္သာ ။

“ငါ ဆံုးၿဖတ္ၿပီးၿပီ”
ရီ၀မ္၀မ္သည္ ခပ္ၿပံဳးၿပံဳးေလး ၿပန္ဆုိလိုက္ေလ၏ ။

ခုနစ္စင္ၾကယ္ မင္သက္ေငးေမာေတြေ၀ေနမိရင္းမွ
ရီ၀မ္၀မ္အား အေလးစားၾကီး ေလးစားသြားမိေလသည္ ။

“အစ္မဖန္းက ေတာ့ လုပ္ခ်င္ရာကို လုပ္ေနၿပီ ။ အစ္မရဲ့ ကိုယ့္ကိုယ္ကုိ ယံုၾကည္မႈက ရွဴးဒိုင္းခနဲကို ေထာင္တက္သြားၿပီပဲ”

ဖိန့္ဖိန့္တုန္ဂုိဏ္းသည္ အေၾကာက္အလန့္ကင္းသည့္ ဂုိဏ္းၾကီးတစ္ဂုိဏ္း ၿဖစ္ၿပီး ဂုိဏ္းထဲတြင္ ေပ်ာ့တိေပ်ာ့ဖတ္ ငေၾကာက္ေလးေတြ တစ္ေယာက္ပင္ မရွိေၾကာင္းကို လြတ္လပ္ေသာနယ္ေၿမၾကီးတစ္ခုလံုးက သိထားၾကပါ၏ ။ သို့ေသာ္ၿငားလည္း ေသၿခင္းတရားကုိ မေၾကာက္ရြံ ့ၿခင္း သည္ကေတာ့ ကိစၥသပ္သပ္ ၿဖစ္သြားေလၿပီ ။ သူတုိ့သည္ ေသမင္းနွင့္ေတာ့ မလုိအပ္ဘဲ စစ္မခင္းခဲ့ဖူးပါေခ် ။

....................................................................................

စာစဥ္ ၇၆၊ အခန္း ၁၀။  ေၾကာက္တယ္

သိုင္းပညာအစည္းအရံုး၏ အၾကီးအကဲအား သြားတုိက္ခုိက္ရန္စၿခင္းသည္ သိုင္းပညာအစည္းအရံုးကို စစ္ခင္းမည္ဟု ေၾကညာလုိက္ၿခင္းနွင့္ ထပ္တူညီေခ်သည္ ။

သူတို့လို ပမႊားဂုိဏ္းေလးတစ္ဂိုဏ္းကို မဆိုနွင့္ ၊
အရွင္နတ္ဆိုးနွင့္ဂ်ိဘုရင္တုိ့၏ ဂုိဏ္းၾကီးနွစ္ဂိုဏ္းက ေပါင္းစည္းကာ အတူတကြ သြားေရာက္တုိက္ခုိက္ၾကမည္ ဆုိလ်ွင္ပင္ သုိင္းပညာအစည္းအရံုးကုိ အနုိင္ရနုိင္ဖို့ မၿဖစ္နိုင္ေသးေပ ။

“ဒီကိစၥနဲ့ ပတ္သက္ၿပီးေတာ့ ဆံုးၿဖတ္ခ်က္ကို အေလာတၾကီး မခ်လိုက္တာ ေကာင္းမယ္ထင္တယ္ ဂုိဏ္းခ်ဳပ္ ။ သုိင္းပညာအစည္းအရံုးကုိ သြားၿပီးေတာ့ ရန္စထိပါးနုိင္ဖို့ အတြက္ က်ြန္ေတာ္တို့မွာ လံုလံုေလာက္ေလာက္ ခြန္အား မရွိေသးဘူး” တံုဏွိဘာေ၀သေဘာ ခပ္မဆိတ္သာ ေနေနခဲ့ေသာ ပထမအၾကီးအကဲ သည္ ေနာက္ဆံုးတြင္ေတာ့ ထေၿပာလာ ေလၿပီ ။

“က်ြန္မတို့က အၾကီးအကဲက်င္းကုိ လူၿမင္ကြင္းၾကီးမွာ ဘြင္းဘြင္းရွင္းရွင္း ေပၚတင္ၾကီး သြားၿပန္ေပးဆြဲလာမယ္လို့
ဘယ္သူ ေၿပာလဲ” ရီ၀မ္၀မ္ သူတို့အား ၾကည့္လိုက္ပါ၏။

ထိုကဲ့သုိ့ တံုးအစြာ ၿပသနာသြားရွာၿခင္းသည္ ကုိယ့္ကိုယ္ကုိ ေသတြင္းတူးေနသလုိ ေသမင္းကို လက္မွတ္ၿဖတ္ၿပီးသား ၿဖစ္သြားနုိင္သလို ၿဖစ္သည္မွန္း ရီ၀မ္၀မ္လည္း ေကာင္းေကာင္း
သိေပ၏ ။

သုိ့ေပမည့္ အဆင္အၿခင္မဲ့စြာ တံုးတံုးအအနွင့္ အၾကီးအကဲ က်င္း ကို သြားဖမ္းရမည္ဟု ဘယ္သူက ေၿပာလုိ့လဲ ။

လက္ေနာက္ၿပန္နွင့္ ေမ့ေမ်ာသြားေအာင္ ရုိက္ခ်ပစ္နည္း ၊ တုတ္ေခ်ာင္းၾကီးတစ္ေခ်ာင္းနွင့္ ေမ့လဲသြားေအာင္ ရုိက္ခ်ပစ္နည္း နွင့္ သူ ့အား ဂုန္ေလ်ွာ္အိတ္ၾကီး စြပ္ကာ ဖမ္းေခၚလာနည္းတို့ကို သူတုိ့ မသိၾကေပဘူးေလာ ။ ထိုသည္တုိ့မွာ ဖိန့္ဖိန့္တုန္ဂုိဏ္း၏ အေၿခခံအက်ဆံုး စြမ္းရည္သတိၱေတြပင္ မဟုတ္ေပေလာ ။

“က်ြန္ေတာ္တုိ့ တိတ္တိတ္ေလး ခုိးလ်ိဳးၿပီး သြားလုပ္ရမယ္လုိ့ ေၿပာေနတာလား အစ္မဖန္း”
ၾကယ္ခုနစ္က ေတြးဆဆနွင့္ ေၿပာလာသည္ ။

“မွန္တယ္” ရီ၀မ္၀မ္ ေခါင္းညိတ္လိုက္၏ ။
“ငါတုိ့က ဒီတစ္ေခါက္ အၾကီးအကဲ က်င္း ကိုပဲ ပစ္မွတ္ထားမွာ သုိင္းပညာအစည္းအရံုးကုိ မဟုတ္ဘူး ။ အခြင့္အလမ္းတစ္ခုကုိ က်ားေခ်ာင္းေခ်ာင္း ေနၾက ။ ညဘက္ေမွာင္မိုက္ေနတာကို အခြင့္အေရးယူၿပီး အၾကီးအကဲ က်င္း ေပၚကုိ ဂုန္ေလ်ွာ္စြပ္ၿပီးေတာ့ သတိလစ္သြားေအာင္ တုတ္နဲ့သာ ရုိက္ခ်ပစ္လုိက္”

“က်ြန္ေတာ္ နားလည္လာၿပီ” ခုနစ္စင္ၾကယ္သည္ ေမးေစ့ကို ပြတ္သပ္ထိေတြ ့ရင္း အမွတ္သညာၿပဳလာေလသည္ ။

“ေသခ်ာၿပီလား ဂုိဏ္းခ်ဳပ္ .. ေသခ်ာၿပီဆုိရင္ ဒီကိစၥကို က်ြန္ေတာ္တုိ့ငါးေယာက္ပဲ သိထားတာ အေကာင္းဆံုးပဲ ။ မဟုတ္လုိ့ရွိရင္ ဒီကိစၥ ေပၚသြားလိုက္တာနဲ့ အက်ိဳးဆက္က မေတြး၀ံ့စရာေတြ ၿဖစ္လာကုန္လိမ့္မယ္” ပထမအၾကီးအကဲသည္ သတိၾကီးၾကီးနွင့္ သတိေပးစကား ဆုိလာသည္ ။

“ဘာေတြမ်ား ေၾကာက္စရာရွိလုိ့လဲဗ်ာ ။ သုိင္းပညာအစည္းအရံုးေလးပဲဟာကုိ .. သတင္းေပါက္ၾကားသြားေတာ့ေရာ ဘာၿဖစ္လဲ ။
အစ္မဖန္း ေတာင္ မေၾကာက္တာ က်ြန္ေတာ္လဲပဲ မေၾကာက္ဘူး” ခုနစ္စင္ၾကယ္မွာ မဲ့ရြဲ ့ကာ သေရာ္စကား ဆုိလာ၏ ။

ရီ၀မ္၀မ္သည္ ခုနစ္စင္ၾကယ္ဘက္ကုိ လွည့္လုိက္ရ၏ ။
“ဒါေပမယ့္ ငါ ေၾကာက္တယ္”

ခုနစ္စင္ၾကယ္ ။ “…”

အခ်ိန္တခ်ိဳ့ လြန္လာၿပီးေနာက္တြင္ ရီ၀မ္၀မ္ အမိန့္ေပးလိုက္ေတာ့သည္ ။

“ဒီကိစၥက အရမ္းၾကီးကို အေရးၾကီးတယ္ ၊ ဒါေၾကာင့္ ေအာင္ၿမင္လာမွပဲ ၿဖစ္မယ္ ၊ က်ရႈံးလာတယ္ဆုိတာကို လက္မခံဘူး ။ ပထမအၾကီးအကဲက အၾကီးအကဲ က်င္း ရဲ့ အက်င့္ေတြနဲ့ ေနထုိင္ပံုေတြကို စံုစမ္းထား ၊
သူ အၿပင္ထြက္ရင္ လူဘယ္ႏွစ္ေယာက္ ေခၚသြားတတ္လဲ.. ဘယ္ေနရာေတြကို သြားတတ္သလဲ”

“နားလည္ပါၿပီ”

ပထမအၾကီးအကဲသည္ ေနွာင့္ေနွးေလးဖင့္ၿခင္း မရွိဘဲ ထြက္သြားေတာ့ေလၿပီ ။

အၾကီးအကဲ က်င္း ကုိ ေအာင္ေအာင္ၿမင္ၿမင္သာ ဖမ္းလုိက္နုိင္သေရြ ့ အရာရာမွာ အဆင္ေၿပေခ်ာေမြ ့ သြားေပလိမ့္မည္ ။
ေနာက္ထပ္ အိပ္ေမြ ့ခ်ကုသနည္းကုိ နွစ္ၾကိမ္ထပ္သံုးဖို့ မလုိေလာက္ေအာင္ကို အမွန္တရားမွာ မၾကာခင္ လံုးလံုးလ်ားလ်ား ေပၚေပါက္လာရလိမ့္မည္ဟု ရီ၀မ္၀မ္ တထစ္ခ် ယံုၾကည္စိတ္ခ်ထား၏ ။

ပထမအၾကီးအကဲနွင့္ တတိယအၾကီးအကဲတုိ့မူကား ရီ၀မ္၀မ္၏ လုပ္ရၿခင္းရည္ရြယ္ခ်က္ကို မေမးမၿမန္းၾကပါေခ် ။ သူတုိ့အဖို့ေတာ့ သူတုိ့သည္ ဂုိဏ္းခ်ဳပ္ ဆံုးၿဖတ္ခ်က္ခ်လိုက္ရာအတုိင္း လိုက္ပါေဆာင္ရြက္ၾကရံုသာ ရွိ၏ ။ သူတုိ့ကို ေၿပာဖို့ လိုအပ္မည့္ကိစၥဆုိလ်ွင္ ဂုိဏ္းခ်ဳပ္က သူတုိ့ကုိ ေၿပာၿပေပလိမ့္မည္။ အကယ္၍ ဂုိဏ္းခ်ဳပ္က ဘာမွ မေၿပာဘူးဆုိလ်ွင္ သူတုိ့အဖို့လည္း ဟိုးအတြင္းက်က်အထိ ခေရေစ့တြင္းက် နိႈက္ႏိႈက္ခ်ြတ္ခ်ြတ္ လုိက္ေမးေနစရာကုိ အေၾကာင္းမရွိပါေပ ။

ပထမအၾကီးအကဲမွာ ညေနေန၀င္ရီတေရာအခ်ိန္ ေရာက္ေတာ့မွသာ ဖိန့္ဖိန့္တုန္ဂုိဏ္းဆီကုိ ၿပန္ေရာက္လာ၏ ။ သူသည္ ရီ၀မ္၀မ္၏ရံုးခန္းဆီကို တစ္ခါတည္း တန္းေလ်ွာက္ သြားလုိက္ၿပီး အသံမေပးဘာမေပးၿဖင့္ အထဲ ၀င္ခ်သြား လိုက္ၿပီးေနာက္ … “ဂုိဏ္းခ်ဳပ္” ဟူ၍ ပထမအၾကီးအကဲ ႏႈတ္ဆက္လုိက္ေတာ့သည္ ။

“အေၿခအေန ဘယ္လိုၿဖစ္သြားၿပီလဲ”
ရီ၀မ္၀မ္ ေမးလုိက္၏ ။

“သိလာခဲ့ရပါၿပီ” ပထမအၾကီးအကဲသည္ အၿပံဳးေဖ်ာ့ေလးကို ပန္ဆင္ထားလ်က္ ။
“သုိင္းပညာအစည္းအရံုးရဲ့ အၾကီးအကဲ က်င္းက သုိင္းပညာအစည္းအရံုးရဲ့ ဌာနခြဲတစ္ခုကို ရိကၡာေတြနဲ့ ကုန္ပစၥည္းေတြ ပုိ့ဖို့အတြက္ အေရွ့ခရုိင္ကုိ ဆင္းသြားပါတယ္ ။ သူနဲ့အတူ လူနွစ္ေယာက္ ပါသြားပါတယ္”

“ေတာ္တယ္” ရီ၀မ္၀မ္ ၿပံဳးလာေလၿပီ ။

အခုသည္ကား ၿပီးၿပည့္စံုသည့္ အခြင့္အေရးေကာင္းတစ္ခု ပင္။

မၾကာမီ တတိယအၾကီးအကဲနွင့္ တၿခားသူတို့သည္လည္း ရံုးခန္းထဲကို ၀င္ခ်လာေလရာ ပထမအၾကီးအကဲထံမွ စံုစမ္းရရွိလာခဲ့သည့္ သတင္းအခ်က္အလက္တုိ့ကို သိရွိသြားၾကရ၏ ။

တတိယအၾကီးအကဲသည္ ခြဲၿခမ္းစိတ္ၿဖာၿခင္းအမႈကုိ ၿပဳလာသည္ ။

“ဂုိဏ္းခ်ဳပ္ … သုိင္းပညာအစည္းအရံုးက ဒီနွစ္ေတြထဲမွာ လြတ္လပ္ေသာနယ္ေၿမၾကီးတစ္ခုလံုးကို အာဏာစက္လႊမ္းထားနိုင္တာေၾကာင့္ သိပ္ၿပီး သတိၾကီးၾကီး ထားၾကေလ့ မရွိၾကေတာ့ဘူး ။ ဒါေၾကာင့္လဲ ရိကၡာပုိ့တဲ့အခ်ိန္ေတြဆုိရင္ သူတုိ့ရဲ့ကာကြယ္ေရးစနစ္က ေတာ္ေတာ္ေလး ေလ်ာ့တိေလ်ာ့ရဲ နုိင္တယ္ ။ လြတ္လပ္ေသာနယ္ေၿမထဲက ဘယ္ဂုိဏ္းကမွ သုိင္းပညာအစည္းအရံုးကို သြားမထိပါးမေစာ္ကားရဲဘူး ဆုိေတာ့လဲ သူတုိ့အတြက္ကေတာ့ ေအးေအးလူလူ ၿဖစ္လာၾကၿပီး ထံုေပလာၾကေတာ့တာပဲေလ ။ အခုက သြားတုိက္ဖို့အတြက္ တကယ့္ကို ေကာင္းတဲ့ အခြင့္အေရးပါ”

………………………………………………………………………….........

စာစဥ္ ၇၆၊ အခန္း ၁၁။  အသူတရာၾကီးမားလြန္းေသာ နားလည္မႈလြဲမွားၿခင္း

ေနာက္ဆံုးတြင္ေတာ့ တတိယအၾကီးအကဲသည္ ပထမအၾကီးအကဲကို နာမည္ဂုဏ္ေဆာင္ေနခြင့္ မၿပဳနုိင္ေတာ့ေပ ။

“ခနေလး … က်ြန္ေတာ္တို့ေတြ လူနည္းနည္းေလာက္နဲ့ေတာ့ စိတ္မခ်ရေသးဘူး ၊ လူေတြ မ်ားမ်ား ေခၚသြားၾကရေအာင္ပါ ။ ဆိုရုိးတစ္ခု ရွိတယ္ေလ အေရအတြက္မ်ားတာက ခြန္အားတစ္ခုပဲတဲ့ ။ ၿပီးေတာ့ ၿမန္ၿမန္ဆန္ဆန္လဲ ၿပီးစီးေအာင္ၿမင္ေစလိမ့္မယ္တဲ့” ခုနစ္စင္ၾကယ္သည္ ၀င္အၾကံၿပဳဆုိၿမည္လာေလသည္ ။

“ငါတုိ့ ဘာလို့ လူအမ်ားၾကီး လုိမွာလဲ ။ အဲ့ဒါကမွ ရန္သူေတြကို သတိႏႈိးလုိက္သလုိ ပုိၿဖစ္သြားမွာ မဟုတ္ဘူးလား” ၾကယ္ခုနစ္သည္ ခုနစ္စင္ၾကယ္ဘက္ကုိ လွည့္ၾကည့္ေၿပာလာေလသည္ ။

ခုနစ္စင္ၾကယ္ ေခါင္းအတြင္ ခါယမ္းလုိက္ပါ၏ ။
“စကား ရွိတယ္ေလကြာ ။ အဖြဲ ့အၾကီးၾကီးဟာ အဖြဲ ့အေသးေလးက ဘယ္သူ ့ကုိမဆုိ နိင္လုိမင္းထက္ သြားလုပ္၀ံ့ၾကတယ္တဲ့ ။
ဒါေပမယ့္ အဖြဲ ့ေသးေသးေလးေတြကေတာ့ အဖြဲ ့အၾကီးၾကီးနဲ့ ရင္ဆုိင္ေတြ ့လုိက္ရၿပီဆုိတာနဲ့ အလိုလုိ သတိၱေပ့်ာသြားၾကၿပီး ေၾကာက္ဒူးတဆတ္ဆတ္ တုန္လာ ၾကတယ္တဲ့”

ရီ၀မ္၀မ္ ခုနစ္စင္ၾကယ္အား အၾကည့္တစ္ခ်က္ ပစ္ခြင္းလုိက္ မိေခ်၏ ။ ထိုစကားအသြားအလာသည္ကား အမွန္စင္စစ္ပင္ က်ိဳးေၾကာင္းဆီေလ်ာ္မႈ ရွိေနေပသည္ ။

ထို့ၿပင္ အၾကီးအကဲ က်င္း နွင့္အတူ လူဘယ္နွစ္ေယာက္ပါသြားမွန္းကို သူတုိ့ မသိထားၾကပါေပ ။ အကယ္၍မ်ား သူသည္ လူေၿမာက္မ်ားစြာကို ေခၚခ်သြားခဲ့သည္ ဆုိလွ်င္ .. ။
သူတုိ့အေနၿဖင့္ အၾကီးအကဲ က်င္း အား တစ္ခ်က္ထဲနဲ့ အမိဖမ္းဆီးပစ္နုိင္မွ ၿဖစ္ေပလိမ့္မည္ ။

တိုက္ပြဲကို အလြန္အမင္း ၾကာေအာင္ အခ်ိန္ဆြဲေနမိလ်ွင္ သုိင္းပညာအစည္းအရံုးသည္ ေသခ်ာေပါက္ သတင္းသဲ့သဲ့ ရသြားလိမ့္မည္ ၿဖစ္ေလရကား  ထို၏ေနာက္ဆက္တြဲရလဒ္မွာ မေမ်ွာ္မေခၚနုိင္စရာေတြ ၿဖစ္လာေပကုန္လိမ့္မည္ ။

“ပထမအၾကီးအကဲ … တတိယအၾကီးအကဲ … ဂုိဏ္းထဲကေန လံုး၀အားကိုးစိတ္ခ်ရတဲ့ သိုင္းသမား တခ်ိဳ့ကို ေခၚလာခဲ့ ၊ ၿပီးရင္ ထြက္ခြာမယ္”

အခ်ိန္အၾကာၾကီး ၾကာၿမင့္ေအာင္ ဆင္ၿခင္စဥ္းစားၾကည့္ၿပီး ေနာက္ဆံုးတြင္ေတာ့ ရီ၀မ္၀မ္ ဆံုးၿဖတ္ခ်က္ခုိင္ခုိင္ ခ်မွတ္လိုက္ေတာ့သည္ ။

“ေကာင္းပါၿပီ”

ပထမအၾကီးအကဲနွင့္ တတိယအၾကီးအကဲတို့သည္ တစ္ၿပိဳင္နက္တည္း ေခါင္းညိတ္ၿပလာၾကသည္ ။
မၾကာမီပင္ လူခုနစ္ေယာက္ရွစ္ေယာက္ခန့္ — ဒုတိယအၾကီးအကဲ ၊ စတုတၴအၾကီးအကဲ ၊ ပဥၥမအၾကီးအကဲ နွင့္ တၿခားေသာခန္းမသခင္မ်ား— ရံုးခန္းကို ေရာက္ရွိလာၾကေတာ့သည္ ။

ဖိန့္ဖိန့္တုန္ဂုိဏ္းထဲတြင္ စုစုေပါင္း အၾကီးအကဲ ၇ ေယာက္ ၊ ခန္းမသခင္မ်ား ၁၄ ေယာက္နွင့္ ေခါင္းေဆာင္မ်ား ၁၄ ေယာက္ ရွိၾက၏ ။သို့ေသာ္လည္း ယေန့ည လုပ္ေဆာင္မည့္ အလုပ္မွာ အလြန္အမင္းကို အေရးပါအရာေရာက္လွေပေသာေၾကာင့္ တစ္ဖက္လူကို အမႈန့္ၾကိတ္ေၿခမႈန္းပစ္နုိင္ဖို့အတြက္မူ လုိအပ္သည္ထက္ ပုိၿပီး လူအမ်ားၾကီး ေခၚသြားလို့ မၿဖစ္ပါေပ။ လူအမ်ားၾကီး ခ်ီတက္သြားၿခင္းသည္ ရန္သူေတြကို အလြယ္တကူ တပ္လွန့္လိုက္သကဲ့သုိ့နွယ္ ၿဖစ္သြားေပနုိင္သည္ ။

ပထမအၾကီးအကဲဆီကေန အနုလံုပဍိလံု အစံုစံုအဆန္ဆန္ကုိ သိရွိခဲ့ရၿပီးေနာက္တြင္ေတာ့ တၿခားေသာအၾကီးအကဲမ်ားနွင့္ ခန္းမသခင္မ်ားသည္ ပထမဦးစြာ အံ့အားသင့္မိသြားၾကၿပီး ေနာက္တြင္မူ
စကာ ရင္ဖိုစိတ္လႈပ္ရွားမိလာၾကေတာ့၏ ။

ဖိန့္ဖိန့္တုန္ဂုိဏ္းသည္ သိုသိုသိပ္သိပ္ နွိမ့္နွိမ့္ခ်ခ် ေနလာခဲ့ရသည္မွာ အၾကာၾကီး အၾကာၾကီးကို ရွိလာခဲ့ေလၿပီ ။ သူတို့သည္ ဂုိဏ္းခ်ဳပ္ ဖိန့္ဖိန့္တုန္ဂုိဏ္းဆီကုိ ၿပန္ေရာက္ လာပါၿပီဆုိကတည္းက သုိသိပ္ပိၿပားစြာ ေတာက္ေလ်ွာက္ ေနလာခဲ့ရေတာ့ၿပီး တၿခားေသာ ၾကီးၾကီးမားမား ၿပန္ေပးဆဲြမႈၾကီးတုိ့ကို ဘာဆိုဘာမွ မၿပဳခဲ့ရေတာ့ေပ ။

“ဟားဟားဟား … ဒါကမွ ဂုိဏ္းခ်ဳပ္ရဲ့ ပံုစံအစစ္ပဲ ။ က်ြန္ေတာ့္မွာ ဒီတစ္ခ်ိန္လံုး ဂုိဏ္းခ်ဳပ္ ဘာအလုပ္ကုိမွ မလုပ္တာ ဘာလုိ့လဲလို့ စဥ္းစားရင္း အေၿဖရွာေနရတာ .. လတ္စသတ္ေတာ့ ဂုိဏ္းခ်ဳပ္က အၾကီးၾကီးတစ္ခုကို အပီခ်ိဳင္ေတာ့ဖို့ က်ိတ္ၾကံစည္ေနတာကိုး”
စတုတၴအၾကီးအကဲက စစေနာက္ေနာက္ ေၿပာလာသည္ ။

ရီ၀မ္၀မ္ ။ “…” အၾကီးၾကီး နားလည္မႈ လြဲေနတာပါရွင္ ။

“က်ြန္ေတာ္ အစကေတာ့ ဟိုေကာင္စုတ္ေလး မင္းရွီကိုပါ လုိက္လာခုိင္းၿပီး တစ္ခုခု သင္ယူခုိင္းမလုိ့ပါပဲ ။ ဒါေပမယ့္ က်ြန္ေတာ္တုိ့က သုိင္းပညာအစည္းအရံုးနဲ့ သြားရင္္ဆုိင္ေတြ ့ရမွာဆုိေတာ့ အဲ့ဒီအေတြးကုိ ေမ့ထားလုိက္ ေတာ့တာပါ ။ ရိကၡာေတြ … ဟူး ဟူး .. ေတာ္ေတာ္ အမ်ားၾကီး ေတာ့ ပါေလာက္ပါေပရဲ့”
ဒုတိယအၾကီးအကဲ၏ မ်က္၀န္းအိမ္ထက္၀ယ္ အလုိရမၼက္ေလာဘတရားတုိ့ ၿပဴဟလာေလၿပီ ။

ရီ၀မ္၀မ္ ထုိသည္နွင့္ပတ္သက္ၿပီး ဘာၿပန္ေၿပာရမည္ပင္ မသိေတာ့ ။

ဒုတိယအၾကီးအကဲသည္ စတားေကာ္ပုိေရးရွင္းၾကီး၏ ပုိင္ရွင္သူေဌးၾကီး ၿဖစ္ေပ၏ ။ သုိ့ေၾကာင့္ သူ ့အားပင္ သူေဌးၾကီးသူၾကြယ္ၾကီး ဥစၥာဓန ကုံလံုၾကြယ္၀သူၾကီးဟု သတ္မွတ္ယူဆလို့ ရနုိင္ေပသည္ မဟုတ္ေပေလာ ။ သို့ၿဖစ္သည္ေတာင္ သူသည္ အဘယ္ေၾကာင့္မ်ား အလိုေလာဘက အခုေလာက္ ၾကီးေနေသးရေသးသနည္း ။

ထို့အၿပင္ ဤတစ္ၾကိမ္၌ … သူမသည္ အၾကီးအကဲ က်င္း ကိုသာ ၿပန္ေပးဆြဲဖို့ စီစဥ္ထားၿခင္းၿဖစ္ေခ်ၿပီး သိုင္းပညာအစည္းအရံုး၏ ရိကၡာတုိ့ကိုမူ ခုိးဆုိးလုယက္ဖို့ရာ အၾကံအစည္တစ္စက္ေလးပင္ မရွိေနပါေခ် ။ နားလည္မႈတစ္ေနရာရာ လြဲသြားစရာမ်ား ရွိေနလုိ့လား ။

“သုိင္းပညာအစည္းအရံုးရဲ့ ရိကၡာေတြလား … အလုပ္ၾကိဳးစားပါေပတယ္ ဂုိဏ္းခ်ဳပ္” ခန္းမသခင္မ်ားသည္ ရင္ခုန္စိတ္လႈပ္ရွားၿခင္းတုိ့ၿဖင့္ ထြန္းလင္းေ၀ဆာလာရရင္း ရီ၀မ္၀မ္အေပၚ အထင္ၾကီးေလးစား နွစ္ေထာင္းအားရမႈတုိ့ ၿဖစ္တည္လာၾက ေတာ့သည္ ။

ရီ၀မ္၀မ္သည္ကေတာ့ … “…” ထားလုိက္ပါေတာ့ေလ …
သူတုိ့ဘာသာ အထင္မွားေနရင္လဲ ဆက္မွားေနပေစေတာ့ …

“အားလံုး … ဒီညကိစၥကုိ တၿခားသူေတြကို လံုး၀ ထုတ္ေၿပာလို့ မရဘူးဆုိတာကို သတိထဲစြဲေနၾက ။ အခုရွိေနတဲ့ လူေတြပဲ ဒီအေၾကာင္းကုိ သိခြင့္ရမယ္ ၊ နားလည္ၾကလား”
ရီ၀မ္၀မ္ အမိန့္ေပးခုိင္းေစလုိက္ေလၿပီ ။

ထိုသည္ကို ၾကားလိုက္ရသည့္အခ်ိန္ အခန္းထဲတြင္ ရွိေနသည့္ အၾကီးအကဲမ်ား နွင့္ ခန္းမသခင္မ်ားမွာ အလြန္အက်ဴးကုိ လႈပ္လႈပ္ရွားရွား ၿဖစ္လာၾကေတာ့ၿပီ ။

အခုကိစၥအၿခင္းအရာသည္က သူတုိ့အေပၚတြင္ ဂုိဏ္းခ်ဳပ္ ထားရွိေသာ ယံုၾကည္ကုိးစားမႈကို ၿပသရာ ေရာက္ေပသည္ မဟုတ္ေလာ ။
ဂုိဏ္းခ်ဳပ္သည္ ထိုေနရာဆီကုိ သူတို့အားသာ ေခၚယူသြားၿခင္း မွာ ဖိန့္ဖိန့္တုန္ဂုိဏ္းၾကီးတစ္ဂုိဏ္းလံုးထဲတြင္ ဂုိဏ္းခ်ဳပ္သည္ သူတို့အား အယံုၾကည္အစိတ္ခ်အားအကုိးဆံုးပင္ဟု သေဘာသက္ေရာက္ေခ်၏ ။

“စိတ္ခ်ပါ ဂုိဏ္းခ်ဳပ္ .. က်ြန္ေတာ္တုိ့ စကားတစ္ခြန္းေတာင္မွ မေပါက္ၾကားေစရပါဘူး”

အၾကီးအကဲမ်ားနွင့္ ခန္းမသခင္မ်ားအားလံုး တညီတညာတည္း ၿပိဳင္တူ ေၿဖၾကားလာၾကသည္ ။

“ေကာင္းတယ္” ရီ၀မ္၀မ္ ေခါင္းတစ္ခ်က္ ညိတ္လုိက္မိပါ၏ ။

ပထမအၾကီးအကဲသည္ သြားမည့္လမ္းေၾကာင္းနွင့္ အခ်ိန္အခါ အေၾကာင္းကုိ သူတုိ့အား ေၿပာၿပလိုက္ၿပီးေနာက္တြင္ ပထမအၾကီးအကဲ က ၾကိဳတင္စီစဥ္ထားခဲ့ေသာ ေပါင္မုန့္ကားထဲကို အသီးသီး ၀င္သြားလိုက္ၾကၿပီး အေမွာင္ထုၾကီးအား သူတုိ့၏ဒိုင္းသဖြယ္ အသံုးခ်လ်က္ ညမင္းအေမွာင္ထဲဆီ တိုး၀င္ေပ်ာက္ကြယ္သြား ေတာ့ေလသည္ ။

နာရီ၀က္ခန့္ၾကာေသာ္ … ဆင္ေၿခဖံုးအစြန္အဖ်ားေနရာေလး ၿဖစ္သည့္ ၊ လူမ်ားစြာသည္ အေရွ့ခရုိင္ကုိ ခရီးနွင္လ်ွင္ မၿဖစ္မေန ၿဖတ္ေက်ာ္ၾကရပါသည့္ ထိုေနရာတစ္ခုတြင္ သူတုိ့ ရပ္တန့္လုိက္ၾကေလၿပီ ။

…………………………………………………………………………........

စာစဥ္ ၇၆၊ အခန္း ၁၂။ ဒီဆံပင္တုၾကီးက ဘယ္ကထဲက ရွိေနတာလဲ

မိုးသားေကာင္းကင္ၿပင္ၾကီးသည္ စႏၵာလေရာင္တုိ့ မရွိဘဲ ေမွာင္မိုက္ေနေလၿပီး ညမင္းၾကီးသည္လည္း လံုး၀အတိကို တိတ္ဆိတ္ၿငိမ္သက္ေနလ်က္ ။

လူတိုင္းသည္ ေပါင္မုန့္ကားေလးထဲတြင္ ထုိင္ကာ ေစာင့္စားငံ့လင့္ေနၾက၏ ။
သူတုိ့အေရွ့တြင္ ရွိေနသည့္ ေနရာသည္ကား တံတားတစ္စင္း ။

အကယ္၍ တစ္ေယာက္ေယာက္သာ အေရွ့ခရုိင္ဆီ ေမွ်ာ္မွန္းရည္ေရာ္ကာ သြားလိုသည္ဆုိပါက ေရကူးၿပီးမသြားလုိလ်ွင္ ထုိတံတားသည္ မၿဖစ္မေနကို ၿဖတ္ေက်ာ္ရမည့္ ၿဖတ္မွတ္တစ္ခုပင္ ။

“ေသာက္က်ိဳးနည္း .. အစ္မဖန္း … က်ြန္ေတာ္တုိ့ ေစာင့္ေနတာ ဒီေလာက္ေတာင္ ၾကာေနၿပီ ၊ အခုထိ ကားတစ္စီးေတာင္ ေပၚမလာေသးဘူး ။ သိုင္းပညာအစည္းအရံုးက ဒီတစ္ေခါက္ ေရလမ္းကေန သြားတယ္လုိ့ေတာ့ မေၿပာနဲ့ေနာ္ ။ တကယ္သာ အဲ့လမ္းကေန သြားလုိ့ကေတာ့ က်ြန္ေတာ္တုိ့ လာေစာင့္ေနတာ အခ်ည္းနွီးၿဖစ္သြားေတာ့မွာေပါ့”
ခုနစ္စင္ၾကယ္သည္ ရီ၀မ္၀မ္ကုိ ၾကည့္ကာ ေမးၿမန္းလာသည္ ။

အားလံုး၏အၾကည့္မ်က္လံုးတု့ိသည္ ခုနစ္စင္ၾကယ္ေပၚ သက္ဆင္းသြားၾကေတာ့ၿပီး အားလံုး တစ္ၿပိဳင္တည္း ေငါက္ငမ္းၿမည္ေၾကြးပစ္လုိက္သည္က …

“မင္းရဲ့ က်က္သေရတံုးတဲ့ ပါးစပ္ေပါက္ကုိ ပိတ္ထားစမ္း”

ခုနစ္စင္ၾကယ္ ။ “…”

ေနာက္ထပ္နာရီ၀က္သည္ တတိတိနွင့္ ကုန္ဆံုးလာၿပန္ၿပီ ။ ၾကယ္ခုနစ္ ရုတ္ၿခည္းဆိုသလို ေပါင္မုန့္ကားေလး၏ တံခါးကို ဖြင့္လွစ္လုိက္ေခ်၏ ။

“အစ္မဖန္း … လႈပ္ရွားမႈတခ်ိဳ့ ရွိတယ္”

ၾကယ္ခုနစ္ ေၿပာလာ၏ ။

ရီ၀မ္၀မ္နွင့္ တၿခားသူမ်ားမွာ တမုဟုတ္ခ်င္း အားအင္ၿပည့္ၿဖိဳးလန္းဆန္းသြားၾကၿပီး ေပါင္မုန့္ကားေလးထဲမွ ထြက္လုိက္ၾကေတာ့၏ ။

ၾကယ္ခုနစ္ ေၿပာသြားခဲ့သည့္အတုိင္းပင္ ။ ထရပ္ကားၾကီးသံုးစီးသည္ ေရွ့ဆင့္ေနာက္ဆင့္ အညီအညာ စီရီကာ တံတားဆီကို တေရြ့ေရြ ့ ေမာင္းနွင္လာေခ်ၿပီ ။

“ေသာက္က်ိဳးနဲ .. အဲ့တာေတြက သုိင္းပညာအစည္းအရံုးရဲ့ ပို့ေဆာင္ေရးထရပ္ကားေတြပဲ”

ခုနစ္စင္ၾကယ္သည္ ထုိကားလုိင္စင္ၿပားမ်ားကုိ ၿမင္လုိက္ၿပီး မ်က္လံုးအိမ္တုိ့ က်ဥ္းက်ံဳ့သြားၿပီးေနာက္တြင္ ရင္ဖိုစိတ္လႈပ္ရွားစြာ ထုတ္ေၿပာလာေလသည္ ။

“လႈပ္ရွားၾကမယ္” ထိုပိုု့ေဆာင္ေရးထရပ္ကားမ်ား ခ်ဥ္းကပ္လာေနၿပီကုိ ၿမင္လိုက္ရသည့္အခ်ိန္ ရီ၀မ္၀မ္ ဆံုးၿဖတ္ခ်က္ပုိင္ပုိင္ ခ်လိုက္ၿပီး အမိန့္ေပးလုိက္ေတာ့၏ ။

ဖန္တရာေထေအာင္ အစုတ္စုတ္အၿပတ္ၿပတ္အ၀တ္အစားကို ၀တ္ဆင္ထားေသာ အဘိုးၾကီးတစ္ေယာက္သည္ လ်င္လ်င္ၿမန္ၿမန္ပင္ အေရွ့ကို ေလ်ွာက္သြားေတာ့၏ ။

“ခ်ီးပဲ .. အဲ့ဒါ ဘယ္သူၾကီးလဲ”

ထုိသူေတာင္းစားသနင္း အဘိုးအိုအား ၿမင္လုိက္ၿပီး
ခုနစ္စင္ၾကယ္ ထိတ္လန့္ေခ်ာက္ခ်ားမိသြား၏ ။

ပထမအၾကီးအကဲသည္ကေတာ့ ခုနစ္စင္ၾကယ္ကုိ လ်စ္လ်ဴရႈထားလုိက္ၿပီး တံတားေပၚကုိ ေလ်ွာက္သြားေလၿပီ။
တခနအၾကာတြင္မူ ထိုထရပ္ကားသံုးစီးသည္ တံတားအ၀င္၀ဆီကို တေရြ ့ေရြ ့ ေရာက္လာၾကေလၿပီ ။ ကားေမာင္းဆရာမွာ မသပ္မရပ္ဖိုသီဖတ္သီရွိေသာ ပထမအၾကီးအကဲကို ၿမင္ေတြ ့သြားၿပီး သကာလ မ်က္ေမွာင္တြန္ ့ခ်ိဳးကာ ကားမီးအား အနိမ့္အၿမင့္ ၿပန္ေၿပာင္း ခ်ိန္ထုိးလိုက္ရင္း ကားဟြန္းတီးသံ ခပ္ၿမန္ၿမန္ တီးေပးလုိက္ေတာ့သည္။

သုိ့ေသာ္ၿငား ၊ ပထမအၾကီးအကဲမွာ ေၾကာက္ရြံ ့ထိတ္လန့္သြားဟန္ ေပၚလာကာ ခ်က္ခ်င္းပင္ မဟာပထ၀ီေၿမၾကီးအား ေနာက္ေက်ာမူကာ ေၿမၾကီးေပၚ ပစ္လဲ က်သြားေတာ့၏ ။

“ေသာက္က်ိဳးနည္း …” အေ၀းတစ္ေနရာကေန တိုးတိုးတိတ္တိတ္ေလး ေလ့လာအကဲခတ္ေနပါေသာ ခုနစ္စင္ၾကယ္မွာ ပါးစပ္အေဟာင္းသား ။

“ဂ်င္းထည့္ခံလုိက္ရတဲ့ ကားဆရာေတြ … အဲ့ဒီဆံပင္အတုၾကီးက ငါတုိ့ဖိန့္ဖိန့္တုန္ဂုိဏ္းထဲကို ဘယ္တုန္းက … စေရာက္ေနတာပါလိမ့္”

“က်ြန္ေတာ္တုိ့ ဘာလုပ္ၾကမလဲ အၾကီးအကဲ က်င္း”

ထိုထရပ္ကားဆရာသည္ သူ ့အေနာက္တြင္ ထိုင္ေနသည့္ လူၾကီးအား ေမးခြန္းထုတ္လိုက္သည္ ။

အၾကီးအကဲ က်င္း သည္ ေတြးဆဆနွင့္ အေရွ့သုိ့ ေမ်ွာ္မွန္းေရာ္ယမ္းေနေလသည္ ။

သူသည္ သုိင္းပညာအစည္းအရံုးၾကီးထဲတြင္ အၾကီးအကဲဆုိသည့္ ေနရာကို ေရာက္ေအာင္ တက္လွမ္းလာနုိင္ခဲ့သူ ၿဖစ္ေလရကား ေကာက္က်စ္ေပြလီဥာဏ္မ်ားမႈတို့ကို မည္သုိ့ လြတ္ကင္း နုိင္ပါလိမ့္မည္နည္း ။

“တက္ၾကိတ္သြားလုိက္”
အၾကီးအကဲ က်င္း အမိန့္ထုတ္လုိက္ေခ်ၿပီ ။

ကားဆရာခမ်ာ တခနေလာက္ အံ့အားသင့္မင္သက္သြားမိၿပီးေနာက္ ၿပန္ေၿဖလာသည္က .. “နားလည္ပါၿပီ”

အေရွ့ဆံုးတြင္ ဦးေဆာင္ေမာင္းေနေသာ ထိုထရပ္ကားသည္ တံတားဆီကို တေရြ ့ေရြ ့ ေမာင္းနွင္လာေနေလၿပီး မဟာပထ၀ီေၿမၿပင္ထက္တြင္ သတိေမ့ဟန္ ေဆာင္ေနပါေသာ ပထမအၾကီးအကဲအား ေလၿပည္သဖြယ္ သေဘာထားကာ လံုးလံုးလ်ားလ်ား လ်စ္လ်ဴရႈထားေလၿပီ ။

“ေသာက္က်ိဳးနည္း … အစ္မဖန္း … ကားေမာင္းသမားေတြကို လွည့္စားဖို့ သံုးတဲ့ အဲ့ဒီဆံပင္တုၾကီးကို ဖယ္ပစ္ရေအာင္ပါလား ။
အရမ္းကို အႏၱရာယ္မ်ားလြန္းတယ္”

ခုနစ္စင္ၾကယ္သည္ ရီ၀မ္၀မ္အား ကပ်ာကယာ ေၿပာဆုိ လိုက္ၿပီးေနာက္ ေပါင္မုုန့္ကားထဲကုိ ကမူးကရူး ေၿပးခ်သြားကာ စကားတစ္ခြန္းပင္ မဆုိေလဘဲ ေၿခနင္းကို နင္းခ်ပစ္လုိက္ေလၿပီ ။ ထိုေပါင္မုန့္ကားေသးေလးကို တ၀ူး၀ူးအသံထုတ္လႊတ္ရင္း ထိုထရပ္ကားအေရွ့ဆီကို ေမာင္းခ်သြားကာ လမ္းကို ပိတ္ဆို့ကာဆီးပစ္လုိက္ေတာ့၏ ။

ပထမအၾကီးအကဲသည္ ကားၾကိတ္ခံၿပီး ေသဆံုးသြားခဲ့ရလ်ွင္ ထိုသည္က ဘယ္ေလာက္ေတာင္ ေၾကကြဲ၀မ္းနည္းပူေဆြးဖြယ္ ေကာင္းလုိက္ေလမလဲ ။

ခုနစ္စင္ၾကယ္သည္ ထုိေပါင္မုန့္ကားေလးထဲတြင္ ၾကာၾကာဆက္ေန၀ံ့ၿခင္း မရွိဘဲ ကားတံခါးကို သုတ္တီးသုတ္ၿပာဖြင့္ကာ အၿပင္ကို လွစ္ခနဲ ေၿပးထြက္လုိက္ေလသည္ ။
သူသည္ ထရပ္ကားကုိ ပိတ္ဆုိ့ပစ္လုိက္ေခ်ၿပီ ။
မည္သူကမ်ား ဆက္ေန၀ံ့ပါေတာ့မည္နည္း ။

“တိုက္ၾက”

ပထမအစီအစဥ္မွာ မေအာင္ၿမင္ေလၿပီမို့ ရီ၀မ္၀မ္သည္လည္း ေရြးခ်ယ္စရာမရွိေတာ့ဘဲ အတင္းအဓမၼ တုိက္ခုိက္သည့္နည္းကုိသာ သံုးရေပေတာ့မည္ ။

တတိယအၾကီးအကဲနွင့္ ပဥၥမအၾကီးအကဲတုိ့သည္ ခ်က္ခ်င္းပင္ အေရွ့ကို ေၿပးတက္သြားၾကေလၿပီ ။

ဒုတိယအၾကီးအကဲ ၊ စတုတၴအၾကီးအကဲနွင့္ တၿခားေသာ ခန္းမသခင္မ်ားသည္လည္း အေနာက္တြင္ မက်န္ရစ္ေနခဲ့ၾက ။ တစ္ေယာက္ခ်င္းစီတုိင္းသည္ ေနာက္တစ္ေယာက္ထက္ကို ၿမန္ၿမန္ဆန္ဆန္ ေၿပးသြားကာ ထိုထရပ္ကားရွိရာဆီ အေၿပးၿပိဳင္သြားေနၾကေလ၏ ။

အေရွ့ဆံုးတြင္ ရွိေနသည့္ ထရပ္ကားမွာ သူတုိ့ေရွ့ ရုတ္ၿခည္းေမာင္းခ်လာေသာ ေပါင္မုန့္ကားေလးေၾကာင့္ လမ္းပိတ္သြားေလရကား သူ ့အေနာက္တြင္ ရွိေနသည့္ ထရပ္ကားနွစ္စီးမွာလည္း အလိုလို ရပ္တန့္သြားၾကရ၏ ။

တတိယအၾကီးအကဲသည္ တတိယေၿမာက္ ထရပ္ကား၏ ကားေမာင္းသူေနရာဆီ ေၿပးသြားလုိက္ၿပီး လက္သြင္းတစ္လုံး ပစ္သြင္းလုိက္ေလရာ ကားၿပတင္းမွန္မွာ အစိတ္အစိတ္ အမႊာမႊာ ၿပိဳလဲပ်က္စီးသြားရရွာေတာ့၏ ။ သူသည္ ၿမန္ဆန္လွစ္ကြစ္စြာပင္ ကားေမာင္းသူဘက္က တံခါးကို ဖြင့္ဟပစ္လုိက္ၿပီး ထိုကားဆရာအား အၿပင္ကို ဆြဲထုတ္ပစ္ လိုက္၏ ။

………………………………………………………………………….......
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘

ေနာက္အပတ္ ျပန္ေတြ႕ၾကမယ္ေနာ္ သဲတို႔

....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  76
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၇၆၊ အခန်း ၇။  မှတ်ဉာဏ်အပိုင်းအစနှစ်ခု

ထိုယောကျာ်းမှာမူ စက္ခုအာရုံက မြင်တွေ့ရသည်ထက်ပင်
ပိုလို့ မြန်မြန်ဆန်ဆန် လှုပ်ရှားသွားခြင်းဖြစ်ရာ ထိုလူကြီးမှာ အနောက်သို့ တစ်ဆယ်ဒါဇင်ကျော်လောက် လွင့်ပျံတက်သွားအောင် အကန်ကျောက်ခံလိုက်ရလေပြီးနောက် မဟာပထဝီ မြေကြီးပေါ် အားမာန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားခဲ့လေ၏ ။

ထိုယောကျာ်း၏ မျက်လုံးအကြည့်သည် အနှီမိန်းကလေးပေါ်တွင် သက်ဆင်းလာလေပြီး သူ၏အရိုးထိတိုင်အောင် အေးစက်နေလွန်းသော မျက်လုံးအိမ်ထဲတွင် အမည်မဖော်စွမ်းနိုင်သော နှလုံးသား နာကျင်ကိုက်ခဲရမှုတို့က ထင်ဟပ်လာလေသည် ။

“နာနေလား .. ရှောင်ဖန်း”

အနှီယောကျာ်းပျိုသည် မြန်ဆန်စွာပင် ဒူးထောက်ချပစ်ပြီး အနှီမိန်းမငယ်လေးအား သူ့ရင်ခွင်ထဲကို ညင်ညင်သာသာလေး ထွေးပွေ့လိုက်လေ၏ ။

“ဘာလို့ .. ရောက်လာတာလဲ” အနှီမိန်းကလေးသည် မျက်လွှာတို့ကို ဖွင့်ဟန်ပြုလာပြီး မသေမျိုးကမ္ဘာဆီ သက်ဆင်းလာသည့် နတ်ဘုရားတစ်ပါးနှင့် ခပ်ဆင်ဆင်ရှိနေသော ထိုယောကျာ်းအား အားနည်းဖျော့တော့စွာ ကြည့်လာလေသည် ။

“ကိုယ် မင်းကို စိတ်ပူလို့”
ထိုယောကျာ်းက ပြန်ဖြေလာသည့် စကားတစ်ခွန်း ။

“ရှင် … တစ်ယောက်ထဲလား”
သူမလေးသည် သူ့အား ငေးကြည့်နေလေသည် ။

“ကိုယ်တစ်ယောက်နဲ့တင် လုံလောက်ပြီ” ထိုယောကျာ်းက မည်သည့်အမူအရာမှပင် မရှိလေဘဲ ပြန်ဖြေလာသည် ။

“ထွက်သွားပါ . ကျွန်မကို မေ့လိုက်ပါတော့ .. ဒါ ရှင်နဲ့ … မဆိုင်ဘူး” သူမလေး၏မျက်နှာထက်တွင်မူလည်း ဝမ်းနည်းမျက်ရည်စတွေပဲလော ၊ မိုးစက်မိုးပေါက်တို့ပေပဲလော မသဲကွဲပါချေ ။

“စကားမပြောနဲ့” ထိုယောကျာ်းသည် သူမလေးအား သူ့ရင်ခွင်ထဲ မှီထားစေရင်း ပွေ့ချီလိုက်လေပြီ ။

ထို့နောက်တွင်မူ ရိုးတွင်းခြင်ဆီထိတိုင်အောင် အေးခဲကျင်တက်သွားစေနိုင်သော အကြည့်ဖြင့် အရှေ့မှာ ရှိနေသည့် ထိုလူအုပ်ကြီးအား ဝေ့ကြည့်လိုက်လေ၏ ။ သူ၏လေသံထဲတွင် မိုးသက်မုန်တိုင်းကြီး မကျရောက်ခင် တည်ငြိမ်တိတ်ဆိတ်နေခြင်းတို့ ပါနေလျက် ။ သူ၏ကိုယ်ရောင်ကိုယ်ဝါတို့သည်လည်း အလွန်အမင်းကို ပြင်းထန်တင်းကြမ်းလှကာ သွားထိလိုက်မိရုံနှင့် ပေါက်ထွက်ဖို့ တာဆူနေသကဲ့သို့နှယ် ။

“သိုင်းပညာအစည်းအရုံး .. ဟုတ်တယ်နော် ။ အခုကစပြီးတော့ လွတ်လပ်သောနယ်မြေရဲ့ .. သိုင်းပညာအစည်းအရုံး က … ပျက်စီးသေကြေရမယ်” အနှီယောကျာ်းပျို၏ အေးစက်စက်အကြည့်တစ်ချက်သည် လူများစွာ၏ ရိုးတွင်းခြင်ဆီထဲထိတိုင်အောင် အေးစိမ့်သွားရစေ၏ ။

တရုတ်ပြည်က စီ စံအိမ်တော်တွင် ။

အနှီယောကျာ်းသည် ထိုမိန်းကလေးငယ်အား မိနစ်တိုင်း စက္ကန့်တိုင်းကို အဖော်ပြုပေးနေကာ တဒင်္ဂလေးပင် သူမလေးနံဘေးကနေ ထွက်သွားခြင်း မပြုခဲ့ပါချေ ။

အနှီမိန်းကလေးသည်မူကား မကြာခနဆိုသလို စကားတစ်ခွန်းမဆိုဘဲ တုံဏှိဘာေ၀ တိတ်တဆိတ်သာ နေကာ အပြင်တွင် ထွက်ထိုင်တတ်ပြီး အစာရေစာတို့ကို ငြင်းပယ် တတ်လေ၏ ။
ထိုယောကျာ်းမှာ သူမလေး၏အသက် ဆက်ရှင်နိုင်ဖို့ရာအတွက် အစားအစာတို့ကို အတင်း တိုက်ကျွေးနေရပါ၏ ။

“လွတ်လပ်သောနယ်မြေမှာ ဘာဖြစ်ခဲ့လို့လဲ”
သူက သူမလေးကို မေးလိုက်သည် ။

သို့သော်လည်း ထိုမိန်းကလေးသည်ကတော့ ထိုမေးခွန်းကို တမင်တကာကို ရှောင်ဖယ်လိုဟန် ပေါ်လေသည် ။

“စီရီဟန် … ကျွန်မကို တစ်ခုလောက် ကူညီလို့ ရမလား”

တစ်နေ့တွင်မူ ထိုမိန်းကလေးသည် စကားစလာ၏ ။

“ကျွန်မရဲ့မှတ်ဉာဏ်တွေအားလုံးကို ကူပြီးတော့ ဖျက်ပေးပါ” ထိုမိန်းကလေးက တောင်းဆိုလိုက်သည့်အရာတစ်ခု ။

“မဖြစ်နိုင်ဘူး”

ထိုယောကျာ်းသည်ကား ပြတ်သား၏ ။
ဆုံးဖြတ်ချက်ခိုင်မာလှ၏ ။

“အဲ့ဒီလိုလား … ကျွန်မ သေချင်ရင်တောင်မှပဲလား” စိတ်ဝမ်းပန်းတနည်းဖြစ်နေမှုတို့က သူမလေး၏မျက်နှာထက်တွင် အတိုင်းသား ပေါ်ထွက်နေ လျက် ။

ထိုယောကျာ်းခမျာ တိတ်ဆိတ်မှုထဲ ကျွံကျသွားရတော့၏ ။

အနှီမိန်းကလေးသည် ခွဲစိတ်ခန်းထဲကို မဝင်သေးခင်စပ်ကြားတွင် လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ကာ ထိုယောကျာ်းကို ပေးလိုက်လေပြီး ..
“စီရီဟန် .. ဒါက ကျွန်မ တန်ဖိုးအထားရဆုံးရတနာ လက်စွပ်ပါ ။ ရှင် ကျွန်မအတွက် ကူပြီးတော့ ဘေးကင်းအောင် သိမ်းထားပေးလို့ရမလား”

ထိုယောကျာ်းမှာ လက်စွပ်အား လက်ခံယူလိုက်ပြီး တခနလောက် ကြည့်လိုက်မိကာ ..
“ဒါက ဘာမို့လို့လဲ”

အနှီမိန်းကလေးသည် ခပ်ဖျော့ဖျော့လေး ပြုံးပြလာကာ ခေါင်းလေးကို ခါယမ်းလိုက်လေရင်းမှ ..
“ရှင် မသိလဲ ရတယ် ။ ဒါကို ယူထားပြီးတော့သာ ဝှက်ထားပေးပါ”

မျက်တောင်တစ်ခတ်လေးအတွင်းမှာပင် အရာရာသည် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သော်ငြား ထိုသည်မှာ ဆယ်စုနှစ်လောက်ကို ကြာသည်ဟု ခံစားမိရ၏ ။ ရီဝမ်ဝမ် ရုတ်ခြည်းတရက်ဆိုသလို မျက်လုံးဖွင့်လာပြီးနောက် ရေသောက်ရင်း ရေသီးသည့်သူပမာ တဟွတ်ဟွတ်ချောင်းဆိုးရင်းမှ ဆတ်ခနဲ ထထိုင်လိုက်မိ၏ ။

“အသက်ကို ပြင်းပြင်းရှူသွင်းလိုက်”
မီးလျှံကျောင်းအုပ်ကြီးသည် နံဘေးကနေ စေခိုင်းလာသည် ။

ကျောင်းအုပ်ကြီး ပြောနေသည့်အတိုင်း လုပ်ပြီးနောက်မှ
ရီဝမ်ဝမ် တဖြည်းဖြည်းချင်း အသိစိတ်ပြန်ဝင်လာရတော့၏ ။

“မင်းပုံစံလိုမျိုးပဲ ပျက်စီးသွားရတဲ့မှတ်ဉာဏ်တွေက နောက်ထပ်နှစ်ခါလောက် ထပ်ကုသလိုက်ရင် ပြန်ကောင်းနိုင်လောက်ပါတယ် ။ ပြန်သွားပြီးတော့ အနားယူချေ” ကျောင်းအုပ်ကြီးသည် စားပွဲရှိရာဆီကို ပြန်သွားကာ
သူ့ရဲ့စာရွက်စာတမ်းတွေကို နောက်ထပ်တစ်ဖန် ဖတ်ရှုတော့ လေပြီ ။

ရီဝမ်ဝမ် ခေါင်းထဲ ချာချာလည်နေမိရင်းမှ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ကဲ့သို့နှယ် ရုံးခန်းထဲကနေ ထွက်သွားတော့၏ ။ ဤတစ်ကြိမ် အိပ်မွေ့ချခံထားရသည့် အခြေအနေတွင် သူမ မှတ်မိခဲ့ရသည်မှာ ဟိုတစ်စ သည်တစ်စ မှတ်ဉာဏ်အပိုင်းအစတို့ မဟုတ်တော့ပါချေ ။
လုံးဝကို မတူကွဲပြားသည့် မှတ်ဉာဏ်တို့ ဖြစ်နေပြီး သူမအနေဖြင့် ပွဲကနေ ဇာတ်လမ်းထိုင်ကြည့်နေမိသူပမာ ကြည့်နေခဲ့ရလေသည် ။

သိုင်းပညာအစည်းအရုံး .. ပုန်းလျိုးကွယ်လျိုးယောကျာ်း .. မိန်းမငယ်လေးအား ဓားမြောင်နှင့် သတ်ဖို့ လုပ်ခဲ့သည့် အကြီးအကဲ ကျင်း .. ထို့ပြင် … စီရီဟန် ။ အရာအားလုံး .. အရာအားလုံးမှာ ထိတ်လန့်ချောက်ချားစရာ အမှန်တရား တစ်ခုအဖြစ် ဆက်စပ်မှု ရှိနေသလိုပင် ။

ထိုမိန်းကလေးငယ်မှာ နန် မိသားစု၏ ဒုတိယသခင်မလေး ၊ စိုးရိမ်ခြင်းကင်းသောနန် ဖြစ်သည့် သူမပေမှန်း ရီဝမ်ဝမ် သေချာသိနေမိပါ၏ ။

………………………………………………………………………….......

စာစဉ် ၇၆၊ အခန်း ၈။  ရှုပ်ထွေးလှသည့် ဘဝဇာတ်ခုံ

ရီဝမ်ဝမ်၏အတွေးရေယာဉ်တို့မှာ အတော်လေး ကသောင်းကနင်းဆန်သည်ဟု ခံစားမိလာရသည် ။ အိပ်မွေ့ချ ကုသရင်း သူမ လက်ခံရရှိခဲ့သည့် အချက်အလက်တို့သည် အလွန်အကျူးကို ကြီးမားနက်နဲလွန်းချေသည် ။ ပြီးပြည့်စုံလှသည့် မှတ်ဉာဏ်နှစ်ခုအပြင်ကို မှတ်ဉာဏ်တစ်ချို့လည်း ရှိနေသေး၏ ။ ဥပမာအားဖြင့် စိုးရိမ်ခြင်းကင်းသောနန်၏ နန်လင်းလုံအား ခေါ်ယူမွေးစား ပုံ မြင်ကွင်းပဒေသာ ၊ နုတ်စုတ်သေးသိမ်သော ပတ်ဝန်းကျင်က ဖြစ်ရပ်ရုပ်ပုံလွှာတစ်ချို့ နှင့် သူမလေး ဝံပုလွေတို့နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရာ နေရာတစ်ချို့ .. အစရှိသည်ဖြင့် ။

တခနအကြာတွင် အကြီးဆုံးသခင်လေး ရှန်း ဖွင့်ပေးထားပါသော မီးလျှံကျောင်းတော်ထဲက ကော်ဖီဆိုင်ကို ရီဝမ်ဝမ် ရောက်ရှိသွားလေပြီ ။
ကော်ဖီဆိုင်ထဲက ဝန်ထမ်းလေးများသည် ရီဝမ်ဝမ်ကို မြင်လိုက်သည်နှင့် အထိတ်လန့်ကြီး ထိတ်လန့်ချောက်ချားလာမိကြကာ မြန်မြန်ဆန်ဆန်ပင် ကော်ဖီတစ်ခွက် လာချပေးပြီးသည်နှင့် ဟိုးအဝေး .. အဝေးကြီးကို သွားနေကြတော့လေ၏ ။

ရီဝမ်ဝမ် ဆိုဖာနောက်ကျောအား မှီချလိုက်ရင်း
အတွေးရေယာဉ်ကြောထဲ ဆက်ကာ စီးမျောနေလိုက်သည် ။

အသစ်ထပ်မံ ရရှိလာသော မှတ်ဉာဏ်များအရ စီရီဟန် ထပ်ပုန်းလျိုးကွယ်လျိုး လုပ်လို့ မရတော့လေပြီ ။ သူသည် သူ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို အတင်းကာရောတွေ ဇွတ်အတင်း ဖင်ပိတ်ငြင်းနေသော်လည်း သူ၏မုသားစကားတို့မှာ အခုချိန်တွင်တော့ ပြိုကျပျက်စီး ခဲ့ရရှာလေပြီ ။

ကနဦးအစကတော့ ရီဝမ်ဝမ်၏ လွတ်လပ်သောနယ်မြေကို လာရခြင်းရည်ရွယ်ချက်မှာ စီရီဟန်ကို လိုက်ရှာဖို့အပြင် သူမ၏ရင်တွင်းထဲကနေ တစိမ့်စိမ့်ထိုးထွက်လာနေသည့် ဝမ်းနည်းကြေကွဲနေမိမှုအကြောင်းကို သိလိုမှုကြောင့်လည်း ပါပေ၏ ။ စီရီဟန်သည် အဘယ်ကြောင့် လုပ်ခဲ့လေသနည်းကို သူမ နားမလည်နိုင်ပါချေ ။ သူမ ပိုင်ဆိုင်သည့်မှတ်ဉာဏ်များကို အဘယ်ကြောင့် ဖျက်ဆီးပစ်ခဲ့သနည်း ။ အဘယ်ကြောင့် သူမအား ဘာမှသွေးသားမတော်စပ်သည့် သူစိမ်းတရံစာဖြစ်သော ရီဝမ်ဝမ် အဖြစ် ပြောင်းလဲပစ်ခဲ့လေသနည်း ။

ထို့အပြင် ၊ စီရီဟန်က သည်းအူတမျှ ချစ်မြတ်နိုးရပါသော မိန်းမမှာ သေဆုံးသွားခဲ့ပြီဖြစ်သည့် ရီဝမ်ဝမ်အစစ်ကိုလား ။ သူမသည် အစားထိုးသက်သက်သာပဲလား ဆိုသည်ကို သိချင်မိခဲ့ခြင်းကြောင့်ပင် ။

သို့သော်လည်း ဤအိပ်မွေ့ချကုသနည်းတွင်မူ မှတ်ဉာဏ်ဖျက်ပစ်ပေးဖို့ တောင်းဆိုခဲ့သူမှာ သူမကိုယ်တိုင် ဖြစ်နေခဲ့ပြီး တစ်စုံတစ်ယောက်အဖြစ် ပြောင်းလဲပေးပါရန် တောင်းဆိုခဲ့သူမှာလဲ သူမကိုယ်တိုင်ပင် ဖြစ်နေပြန်၏ ။ ဤသည်ကား သူမအဖို့တော့ မယုံနိုင်စရာကောင်းလှပြီး မျှော်မှန်းတွေးဆဖို့ပင် ခက်ခဲလွန်းလှပေ၏ ။

သူမသည် စိုးရိမ်ခြင်းကင်းသောနန် ဖြစ်ခဲ့စဉ်တုန်းက ဘာတွေနဲ့များ ကြုံတွေ့ရင်ဆိုင်ခဲ့ရလို့လဲ ။

စီရီဟန်သည် စိုးရိမ်ခြင်းကင်းသောနန်ကို တရုတ်ပြည်ကို ခေါ်ယူသွားပြီးနောက်တွင် စိုးရိမ်ခြင်းကင်းသောနန်သည် သွေးစုတ်ဖုတ်ကောင်တစ်ကောင်ကဲ့သို့ပမာ ဖြစ်လာပြီး
ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်လာခဲ့ကာ စီရီဟန်အား သူမအသက်နှင့် ခြိမ်းခြောက်ပစ်ခဲ့ပြီး သူမမှတ်ဉာဏ်တို့ကို အတင်းဖျက်ပေးခိုင်းခဲ့လေသည် ။

မှတ်ဉာဏ်ပြန်ရဖို့ရာအတွက် အခုလောက်ထိ သောက်ကျိုးနည်းအောင် ဒုက္ခများလိမ့်မည်မှန်းသာ သူမ ကြိုတင်သိထားခဲ့လျှင် ဟိုတုန်းက ကိုယ့်ကိုယ်ကို အခုလောက် နှိပ်စက်ညှင်းပန်းခဲ့မိလိမ့်မည် မဟုတ်ပေ ။

ရီဝမ်ဝမ် ပိုလို့ အံ့သြမိသည်မှာ ကျောင်းအုပ်ကြီးနှင့် အိပ်မွေ့ချ အကုသခံနေစဉ်အတွင်း ပြန်လည်ရရှိလာခဲ့သည့် မှတ်ဉာဏ်တို့မှာ ဇာတ်လမ်းတစ်ကားအသွင်ပမာ ကူးပြောင်းသွားကာ သူမ၏စိတ်အနက်အရှိုင်းဆုံးတစ်နေရာ ကနေ ပြန်လည်ပြသပေးနေသည်နှင့်သာ ပိုလို့ ဆင်တူနေမိ တော့ခြင်းပင် ။

ထိုခံစားချက်သည်မူကား အလွန်တရာပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှပေ၏ ။ ထိုအခြင်းအရာများမှာ သူမကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရခြင်း ဖြစ်ပါသော်ငြားလည်း ထိုနည်းထိုပုံ တစ်ထပ်တူထဲ စိတ်တွင်းကနေ မခံစားမိတော့ လေပြီ ။

အခုတစ်ခေါက် အိပ်မွေ့ချကုသခြင်းကနေတစ်ဆင့် ရီဝမ်ဝမ်သည် နောက်ဆုံးတော့ သိုင်းပညာအစည်းအရုံးမှ အကြီးအကဲ ကျင်း ဆိုသူူအား မှတ်မိသွားခဲ့လေပြီ ။ ဟိုတုန်းက သူမသည် သူနှင့် ပထမဦးဆုံး တွေ့ဆုံခဲ့ရချိန်တွင် စိတ်မသက်မသာခံစားနေရခြင်းမှာ အံ့ဖွယ်မရှိတော့ပေ ။ သူမသည် သူ့လက်ထဲတွင် သေခါနီးဆဲဆဲသာ လိုခဲ့သည်ကိုး ။

ထိ့ုပြင် သူမ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရသည့် ထိုယောကျာ်းမှာလည်း မည်သူလေနည်း ။
သူသည် အဘယ်ကြောင့် သူမအား သေစေချင်ရသနည်း ။

ရရှိထားခဲ့သည့် အချက်အလက်တို့အပေါ် ခွဲခြမ်းစိတ်ဖြာ ကြည့်မိခြင်းအရတော့ ထိုယောကျာ်းသည် သူမအား တကယ်စစ်စစ် သေစေချင်ပုံ မရပါပေ ။ သို့သော်ငြားလည်း သူ့မျက်လုံးအိမ်ထဲက အမုန်းတရားတို့ကိုမူ ရီဝမ်ဝမ် မေ့ဖျောက်လို့ မရသေးပါချေ ။ ကြောက်စရာကောင်းလှသည့် စက်ဆုပ်မုန်းတီးလှသည့် အမုန်းတရားထုကြီးပင် ။

ထို့အပြင် ထိုယောကျာ်းသည်
သူမက သူ့ကို သစ္စာဖောက်ပါသည်ဟု တောက်လျှောက်ပြောသွားခဲ့လေ၏ ။

မဟုတ်မှလွဲရော …

ရီဝမ်ဝမ်၏စိတ်တို့ တမုဟုတ်ချင်းပင် ရှုပ်ထွေးနောက်ကျိ လာရ၏ ။ နောက်ထပ်တစ်ဖန် တွေးတောကြည့်လိုက်ပြီးသကာလတွင် ထိုသည်မှာ မဖြစ်နိုင်သည်မှန်း သူမ မြန်မြန်ဆန်ဆန် နားလည်သွားပါ၏ ။

ရီဝမ်ဝမ်ကို ကြီးမားစွာ အံ့သြဘနန်း ဖြစ်မိစေသော အချက်တစ်ချက်လည်း ရှိနေ၏ ။ ထိုသည်က ဒဏ်ရာအနာတရ ဖြစ်ထားသော စိုးရိမ်ခြင်းကင်းသောနန်အား ပွေ့ချီလိုက်ချိန်က
စီရီဟန် ခေါ်လိုက်သည့် စကားတစ်ခွန်းက …။

“ရှောင် ဖန်း”

ရီဝမ်ဝမ်သည် ဘယ်လောက်ပင် ဉာဏ်တုံးတိလှပါစေဦး ၊
စီရီဟန် ညွှန်းဆိုသွားသည့် “ရှောင်ဖန်း” မည်သည်အား ဒက်ခနဲ နားလည်လိုက်ပါ၏ ။

“ရှောင်ဖန်းဖန်း … ပိုင်ဖန်း လား”

ရီဝမ်ဝမ် မျက်မှောင်တို့ တွန့်ချိုးလာသည် ။

မဟုတ်မှလွဲရော … စိုးရိမ်ခြင်းကင်းသောနန်သည် ပိုင်ဖန်း ဖြစ်ပြီး ပိုင်ဖန်းမှာ စိုးရိမ်ခြင်းကင်းသောနန် ဖြစ်နေသည်လား ။ ထိုလူနှစ်ယောက်မှာ ဟိုးအစကတည်းက တစ်ယောက်ထဲသာ ဖြစ်နေခဲ့သည်လား ။

သေသေချာချာ စေ့စေ့စပ်စပ် တွေးတောကြည့်ပြီးနောက်တွင်မူ … သူမသည် ဂျိရှို့ရန်မှာ နန် မိသားစု၏ စိုးရိမ်ခြင်းကင်းသောနန် နှင့် စေ့စပ်ပွဲ ရှိထားခဲ့ကြောင်းကို သိထားခဲ့မိသော်လည်း အခုတော့မူ ထိုစေ့စပ်ပွဲမည်သည်လည်း သူမနှင့် ဂျိရှို့ရန်၏ စေ့စပ်ပွဲပင် ပြန်ဖြစ်နေလေပြီ ။

………………………………………………………………………...........

စာစဉ် ၇၆၊ အခန်း ၉။  အာကာသထဲ လက်ပစ်ကူးပစ်လိုက်ချင်တော့တယ်

“မဟုတ်မှလွဲရော … စိုးရိမ်ခြင်းကင်းသောနန်က ဖိန့်ဖိန့်တုန်ဂိုဏ်းကို တည်ထောင်ခဲ့ပြီး ‘ပိုင်ဖန်း’ ဆိုတဲ့ နာမည်ကို ယူထားတာကို
စီရီဟန်က မသိနေတာလား”
ရီဝမ်ဝမ် တစ်ကိုယ်ရေသာ ကြားသည်ဆိုရုံ ရေရွတ်နေမိ၏ ။

ထိုသို့သာ ဆိုလျှင်တော့ဖြင့် အရာအားလုံးမှာ အဓိပ္ပာယ် ရှိသွားလေပြီ ။ ပြစ်ချက်ကင်းအောင် သင့်တင့်မှု ရှိသွားလေပြီ ။

ဖိန့်ဖိန့်တုန်ဂိုဏ်းသည် သူမအား သူတို့ဂိုဏ်းချုပ်နှင့် အထင်မှားမိခဲ့ခြင်းမှာ … သူမသည် စိုးရိမ်ခြင်းကင်းသောနန် အပြင်ကို နောက်ထပ်နာမည်တစ်ခု ရှိနေတာကြောင့် ။ သူမကိုယ်တိုင်သည်ကပင် ဖိန့်ဖိန့်တုန်ဂိုဏ်း၏ဂိုဏ်းချုပ် ပိုင်ဖန်း ဖြစ်နေတာကြောင့် .. ။

ကိုကြီးဗိုလ်ယောင် ဆောင်ကာ နေခဲ့ရရှာသည့် သူမမှာ အစကတည်းကပင် ကိုကြီး ဗိုလ် အစစ်သာ ဖြစ်နေလေခြင်း ။

အမှန်တကယ်တော့ သူမထံတွင်လည်း ထိုကိစ္စနှင့်ပတ်သက်သည့် အမှန်တရားအကြောင်းကို ဂျိရှို့ရန်အား မေးကြည့်ရဦးမည်ပင် ။

မကြာခင် ရီဝမ်ဝမ်သည် မီးလျှံကျောင်းတော်ကနေ ထွက်ခွာလိုက်ပါ၏ ။

ဤအိပ်မွေ့ချကုသမှုကနေ သူမသည် အနှီလက်စွပ်၏ သမိုင်းကြောင်းနှင့် အဓိပ္ပာယ်ကို မသိခဲ့ရပါပေ ။ သို့သော်လည်း သူမတွင် သဲလွန်စတစ်ခုတော့ ရထားလေပြီ ။ သိုင်းပညာအစည်းအရုံး၏ အကြီးအကဲ ကျင်း …

ရီဝမ်ဝမ် ဖိန့်ဖိန့်တုန်ဂိုဏ်းကို ပြန်သွားလိုက်တော့၏ ။

သူမ ရုံးချုပ်ကို ရောက်သွားသည်နှင့် ချက်ချင်းပင်
ကြယ်ခုနစ် ၊ ခုနစ်စင်ကြယ် ၊ ပထမအကြီးအကဲနှင့် တတိယအကြီးအကဲတို့ကို ခေါ်လိုက်တော့၏ ။

“လခွမ်း .. အစ်မဖန်း .. ဘာလို့ ဒီလောက်အမြန်ကြီး ပြန်ချလာတာလဲ ။ ဒီမနက်ကတင် မီးလျှံကျောင်းတော်ကို ပြန်သွားရုံ ရှိသေးတာ မဟုတ်ဘူးလား”
ခုနစ်စင်ကြယ်သည် သိလိုစွာနှင့် မေးမြန်းလာသည် ။

ထိုမျှတင် မကသေးဘဲ အခုလေးတင်မှ ပြန်ရောက်လာသည့် ရီဝမ်ဝမ်မှာ သူတို့အားလည်း အစည်းအဝေးခေါ်လိုက်သေးသည် ။
သူမ ဒီလောက်တောင် အရေးတကြီး နိုင်နေတာလား ။

“တည်တည်တံ့တံ့နေစမ်း”
ရီဝမ်ဝမ် ခုနစ်စင်ကြယ်အား အကြည့်တစ်ချက် စွေပေးလိုက်၏ ။

“ဟုတ်” ခုနစ်စင်ကြယ်မှာ ခေါင်းညိတ်ပြလာပြီး စကားပြောခြင်းအမှုကို ရပ်တန့်လိုက်လေပြီ ။

“အစ်မဖန်း .. အမိန့်ပေးစရာများ ရှိလို့လား”
ထမေးလာသူကား ကြယ်ခုနစ် ။

ရီဝမ်ဝမ် ခေါင်းတစ်ဆတ် ညိတ်ပြလိုက်ရင်း စကားဆို၏ ။
“လူတစ်ယောက်ကို ပြန်ပေးဆွဲမလို့”

သူမ၏စကားကို နားထောင်နေသူအပေါင်းခမျာ ထိုစကားအတွက် အံ့သြသွားခြင်း တစိုးတစိပင် မရှိနေ ။ ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ်က လူတစ်ယောက်ကို ပြန်ပေးဆွဲခြင်း အမှု ပြုသည်က သာမန်လုပ်နည်းလုပ်နေကျပင် ဖြစ်သည် မဟုတ်ပေလော ။

“ဒါလေးလား အစ်မဖန်း ရာ ။ လူတစ်ယောက်ကို ပြန်ပေးဆွဲတာများ အခုလို အသည်းအသန်ကြီး ထိတ်မသာလန့်မသာဖြစ်အောင် လုပ်ပြနေစရာ လိုလို့လားဗျာ ။ ဘယ်သူ့ကို ပြန်ပေးဆွဲချင်တာလဲ အစ်မဖန်း ။ ကျွန်တော့်ကို လုပ်ခိုင်းလိုက်ရင်ကို လုံလောက်နေပါပြီ” ခုနစ်စင်ကြယ်သည် ပေါ့ပေါ့တန်တန်ပင် အေးဆေးစွာ ပြောထွက်လာလေသည် ။

“အကြီးအကဲ ကျင်း”
ရီဝမ်ဝမ် ပွင့်လင်းစွာ ပြန်ဖြေလိုက်ခြင်း ။

“အကြီးအကဲ ကျင်း လား”

လေးယောက်သားခမျာ နဝေတိမ်တောင် ဖြစ်သွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြတော့၏ ။
အနှီ “အကြီးအကဲ ကျင်း” ဆိုသည်မှာ
သိုင်းပညာအစည်းအရုံး၏ အကြီးအကဲ ကျင်း မှန်းကို
သူတို့ ချက်ချင်း မဆက်စပ်မိလိုက်ကြပေ ။

“ဘယ်အကြီးအကဲ ကျင်း လဲ”
ခုနစ်စင်ကြယ်က လွှတ်ခနဲ မေးထွက်သွား၏ ။

“သိုင်းပညာအစည်းအရုံးက လူ ။ အရင်တစ်ခေါက်က ဖိန့်ဖိန့်တုန်ဂိုဏ်းကို လာပြီးတော့ ညှိနှိုင်းဆွေးနွေးမှု လုပ်သွားတယ်မလား ။ အဲ့ဒီ အကြီးအကဲ ကျင်း”
ရီဝမ်ဝမ် ရှင်းပြလိုက်တော့သည် ။

ခုနစ်စင်ကြယ်နှင့် တတိယအကြီးအကဲတို့မှာ သရဲသဘက်တစ်ကောင်ကို မြင်နေရသကဲ့သို့နှယ် ဖြစ်သွားကြတော့၏ ။

သိုင်းပညာအစည်းအရုံးလား ..?!

သူတို့ရဲ့ ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ်က အာကာသထဲ လက်ပစ်ကူးချင် နေတာလား .. ?!

နန်မိသားစုမှ ရတနာများကို သွားရောက်ခိုးယူပစ်ခြင်းက
ခွင့်လွှတ်၍ ရနိုင်၏ ။ ရှန်းမိသားစုမှ ပိုက်ဆံများကို သွားဖောက်ထွင်းခြင်းသည်ကလည်း ထိုနည်းတူပင်
ခွင့်လွှတ်၍ ရနိုင်၏ ..

အခုတွင်မူ … သူမသည် သိုင်းပညာအစည်းအရုံးရဲ့ အကြီးအကဲ တစ်ယောက်ကို ပြန်ပေးဆွဲချင်နေသည်တဲ့လား။

“စနေတာ မဟုတ်တာတော့ သေချာပါတယ်နော် အစ်မဖန်း” ခုနစ်စင်ကြယ်ခမျာ မယုံတိမယုံနိုင်ဖြင့် ဇဝေဇဝါဖြစ်ကာနေ၏ ။

သိုင်းပညာအစည်းအရုံးကြီးမှာ အဘယ်မည်နည်း ။
ဖိန့်ဖိန့်တုန်ဂိုဏ်းကို မဆိုနှင့် ဂျိဘုရင်နှင့် အရှင်နတ်ဆိုး တို့သည်ပင် ယှဉ်ပြိုင်ဖို့ရာ မစွမ်းသာကြပါချေ ။

သိုင်းပညာအစည်းအရုံးကြီးကို သွားထိပါးလိုက်ခြင်းမှာ ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ .. ခါးက မသန် ဆိုသကဲ့သို့နှယ် အလားတူလေသည် ။ ထိုသည်မှာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လိုက်သလို အန္တရာယ်ကြီးလွန်းလှချေသည် ။

“ဂိုဏ်းချုုပ် … ထပ်ပြီးတော့ စဉ်းစားဆင်ခြင်ပေးပါဦး ။ သိုင်းပညာအစည်းအရုံးက .. ခပ်လွယ်လွယ် သားကောင် မဟုတ်တာမို့” တတိယအကြီးအကဲက အမြန်သွက်သွက်ပင် ဝင်ပြောလာလေသည် ။

ထိုသည်က သူတို့၏ ဖိန့်ဖိန့်တုန်ဂိုဏ်းမှာ ပြသနာနှင့် ကြုံရမည်ကို ကြောက်ရွံ့သောကြောင့် မဟုတ်ပါပေ ။ တောင်ပေါ်တွင် ကျားကြီးရှိနေမှန်း သိပါရဲ့နှင့် သိုးများအား ထိုတောင်ပေါ်ကို ပို့လိုက်သကဲ့သို့ ဖြစ်နေသောကြောင့်သာ ။

“ငါ ဆုံးဖြတ်ပြီးပြီ”
ရီဝမ်ဝမ်သည် ခပ်ပြုံးပြုံးလေး ပြန်ဆိုလိုက်လေ၏ ။

ခုနစ်စင်ကြယ် မင်သက်ငေးမောတွေဝေနေမိရင်းမှ
ရီဝမ်ဝမ်အား အလေးစားကြီး လေးစားသွားမိလေသည် ။

“အစ်မဖန်းက တော့ လုပ်ချင်ရာကို လုပ်နေပြီ ။ အစ်မရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုက ရှူးဒိုင်းခနဲကို ထောင်တက်သွားပြီပဲ”

ဖိန့်ဖိန့်တုန်ဂိုဏ်းသည် အကြောက်အလန့်ကင်းသည့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ပြီး ဂိုဏ်းထဲတွင် ပျော့တိပျော့ဖတ် ငကြောက်လေးတွေ တစ်ယောက်ပင် မရှိကြောင်းကို လွတ်လပ်သောနယ်မြေကြီးတစ်ခုလုံးက သိထားကြပါ၏ ။ သို့သော်ငြားလည်း သေခြင်းတရားကို မကြောက်ရွံ့ခြင်း သည်ကတော့ ကိစ္စသပ်သပ် ဖြစ်သွားလေပြီ ။ သူတို့သည် သေမင်းနှင့်တော့ မလိုအပ်ဘဲ စစ်မခင်းခဲ့ဖူးပါချေ ။

....................................................................................

စာစဉ် ၇၆၊ အခန်း ၁၀။  ကြောက်တယ်

သိုင်းပညာအစည်းအရုံး၏ အကြီးအကဲအား သွားတိုက်ခိုက်ရန်စခြင်းသည် သိုင်းပညာအစည်းအရုံးကို စစ်ခင်းမည်ဟု ကြေညာလိုက်ခြင်းနှင့် ထပ်တူညီချေသည် ။

သူတို့လို ပမွှားဂိုဏ်းလေးတစ်ဂိုဏ်းကို မဆိုနှင့် ၊
အရှင်နတ်ဆိုးနှင့်ဂျိဘုရင်တို့၏ ဂိုဏ်းကြီးနှစ်ဂိုဏ်းက ပေါင်းစည်းကာ အတူတကွ သွားရောက်တိုက်ခိုက်ကြမည် ဆိုလျှင်ပင် သိုင်းပညာအစည်းအရုံးကို အနိုင်ရနိုင်ဖို့ မဖြစ်နိုင်သေးပေ ။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်ကို အလောတကြီး မချလိုက်တာ ကောင်းမယ်ထင်တယ် ဂိုဏ်းချုပ် ။ သိုင်းပညာအစည်းအရုံးကို သွားပြီးတော့ ရန်စထိပါးနိုင်ဖို့ အတွက် ကျွန်တော်တို့မှာ လုံလုံလောက်လောက် ခွန်အား မရှိသေးဘူး” တုံဏှိဘာဝေသဘော ခပ်မဆိတ်သာ နေနေခဲ့သော ပထမအကြီးအကဲ သည် နောက်ဆုံးတွင်တော့ ထပြောလာ လေပြီ ။

“ကျွန်မတို့က အကြီးအကဲကျင်းကို လူမြင်ကွင်းကြီးမှာ ဘွင်းဘွင်းရှင်းရှင်း ပေါ်တင်ကြီး သွားပြန်ပေးဆွဲလာမယ်လို့
ဘယ်သူ ပြောလဲ” ရီဝမ်ဝမ် သူတို့အား ကြည့်လိုက်ပါ၏။

ထိုကဲ့သို့ တုံးအစွာ ပြသနာသွားရှာခြင်းသည် ကိုယ့်ကိုယ်ကို သေတွင်းတူးနေသလို သေမင်းကို လက်မှတ်ဖြတ်ပြီးသား ဖြစ်သွားနိုင်သလို ဖြစ်သည်မှန်း ရီဝမ်ဝမ်လည်း ကောင်းကောင်း
သိပေ၏ ။

သို့ပေမည့် အဆင်အခြင်မဲ့စွာ တုံးတုံးအအနှင့် အကြီးအကဲ ကျင်း ကို သွားဖမ်းရမည်ဟု ဘယ်သူက ပြောလို့လဲ ။

လက်နောက်ပြန်နှင့် မေ့မျောသွားအောင် ရိုက်ချပစ်နည်း ၊ တုတ်ချောင်းကြီးတစ်ချောင်းနှင့် မေ့လဲသွားအောင် ရိုက်ချပစ်နည်း နှင့် သူ့အား ဂုန်လျှော်အိတ်ကြီး စွပ်ကာ ဖမ်းခေါ်လာနည်းတို့ကို သူတို့ မသိကြပေဘူးလော ။ ထိုသည်တို့မှာ ဖိန့်ဖိန့်တုန်ဂိုဏ်း၏ အခြေခံအကျဆုံး စွမ်းရည်သတ္တိတွေပင် မဟုတ်ပေလော ။

“ကျွန်တော်တို့ တိတ်တိတ်လေး ခိုးလျိုးပြီး သွားလုပ်ရမယ်လို့ ပြောနေတာလား အစ်မဖန်း”
ကြယ်ခုနစ်က တွေးဆဆနှင့် ပြောလာသည် ။

“မှန်တယ်” ရီဝမ်ဝမ် ခေါင်းညိတ်လိုက်၏ ။
“ငါတို့က ဒီတစ်ခေါက် အကြီးအကဲ ကျင်း ကိုပဲ ပစ်မှတ်ထားမှာ သိုင်းပညာအစည်းအရုံးကို မဟုတ်ဘူး ။ အခွင့်အလမ်းတစ်ခုကို ကျားချောင်းချောင်း နေကြ ။ ညဘက်မှောင်မိုက်နေတာကို အခွင့်အရေးယူပြီး အကြီးအကဲ ကျင်း ပေါ်ကို ဂုန်လျှော်စွပ်ပြီးတော့ သတိလစ်သွားအောင် တုတ်နဲ့သာ ရိုက်ချပစ်လိုက်”

“ကျွန်တော် နားလည်လာပြီ” ခုနစ်စင်ကြယ်သည် မေးစေ့ကို ပွတ်သပ်ထိတွေ့ရင်း အမှတ်သညာပြုလာလေသည် ။

“သေချာပြီလား ဂိုဏ်းချုပ် .. သေချာပြီဆိုရင် ဒီကိစ္စကို ကျွန်တော်တို့ငါးယောက်ပဲ သိထားတာ အကောင်းဆုံးပဲ ။ မဟုတ်လို့ရှိရင် ဒီကိစ္စ ပေါ်သွားလိုက်တာနဲ့ အကျိုးဆက်က မတွေးဝံ့စရာတွေ ဖြစ်လာကုန်လိမ့်မယ်” ပထမအကြီးအကဲသည် သတိကြီးကြီးနှင့် သတိပေးစကား ဆိုလာသည် ။

“ဘာတွေများ ကြောက်စရာရှိလို့လဲဗျာ ။ သိုင်းပညာအစည်းအရုံးလေးပဲဟာကို .. သတင်းပေါက်ကြားသွားတော့ရော ဘာဖြစ်လဲ ။
အစ်မဖန်း တောင် မကြောက်တာ ကျွန်တော်လဲပဲ မကြောက်ဘူး” ခုနစ်စင်ကြယ်မှာ မဲ့ရွဲ့ကာ သရော်စကား ဆိုလာ၏ ။

ရီဝမ်ဝမ်သည် ခုနစ်စင်ကြယ်ဘက်ကို လှည့်လိုက်ရ၏ ။
“ဒါပေမယ့် ငါ ကြောက်တယ်”

ခုနစ်စင်ကြယ် ။ “…”

အချိန်တချို့ လွန်လာပြီးနောက်တွင် ရီဝမ်ဝမ် အမိန့်ပေးလိုက်တော့သည် ။

“ဒီကိစ္စက အရမ်းကြီးကို အရေးကြီးတယ် ၊ ဒါကြောင့် အောင်မြင်လာမှပဲ ဖြစ်မယ် ၊ ကျရှုံးလာတယ်ဆိုတာကို လက်မခံဘူး ။ ပထမအကြီးအကဲက အကြီးအကဲ ကျင်း ရဲ့ အကျင့်တွေနဲ့ နေထိုင်ပုံတွေကို စုံစမ်းထား ၊
သူ အပြင်ထွက်ရင် လူဘယ်နှစ်ယောက် ခေါ်သွားတတ်လဲ.. ဘယ်နေရာတွေကို သွားတတ်သလဲ”

“နားလည်ပါပြီ”

ပထမအကြီးအကဲသည် နှောင့်နှေးလေးဖင့်ခြင်း မရှိဘဲ ထွက်သွားတော့လေပြီ ။

အကြီးအကဲ ကျင်း ကို အောင်အောင်မြင်မြင်သာ ဖမ်းလိုက်နိုင်သရွေ့ အရာရာမှာ အဆင်ပြေချောမွေ့ သွားပေလိမ့်မည် ။
နောက်ထပ် အိပ်မွေ့ချကုသနည်းကို နှစ်ကြိမ်ထပ်သုံးဖို့ မလိုလောက်အောင်ကို အမှန်တရားမှာ မကြာခင် လုံးလုံးလျားလျား ပေါ်ပေါက်လာရလိမ့်မည်ဟု ရီဝမ်ဝမ် တထစ်ချ ယုံကြည်စိတ်ချထား၏ ။

ပထမအကြီးအကဲနှင့် တတိယအကြီးအကဲတို့မူကား ရီဝမ်ဝမ်၏ လုပ်ရခြင်းရည်ရွယ်ချက်ကို မမေးမမြန်းကြပါချေ ။ သူတို့အဖို့တော့ သူတို့သည် ဂိုဏ်းချုပ် ဆုံးဖြတ်ချက်ချလိုက်ရာအတိုင်း လိုက်ပါဆောင်ရွက်ကြရုံသာ ရှိ၏ ။ သူတို့ကို ပြောဖို့ လိုအပ်မည့်ကိစ္စဆိုလျှင် ဂိုဏ်းချုပ်က သူတို့ကို ပြောပြပေလိမ့်မည်။ အကယ်၍ ဂိုဏ်းချုပ်က ဘာမှ မပြောဘူးဆိုလျှင် သူတို့အဖို့လည်း ဟိုးအတွင်းကျကျအထိ ခရေစေ့တွင်းကျ နှိုက်နှိုက်ချွတ်ချွတ် လိုက်မေးနေစရာကို အကြောင်းမရှိပါပေ ။

ပထမအကြီးအကဲမှာ ညနေနေဝင်ရီတရောအချိန် ရောက်တော့မှသာ ဖိန့်ဖိန့်တုန်ဂိုဏ်းဆီကို ပြန်ရောက်လာ၏ ။ သူသည် ရီဝမ်ဝမ်၏ရုံးခန်းဆီကို တစ်ခါတည်း တန်းလျှောက် သွားလိုက်ပြီး အသံမပေးဘာမပေးဖြင့် အထဲ ဝင်ချသွား လိုက်ပြီးနောက် … “ဂိုဏ်းချုပ်” ဟူ၍ ပထမအကြီးအကဲ နှုတ်ဆက်လိုက်တော့သည် ။

“အခြေအနေ ဘယ်လိုဖြစ်သွားပြီလဲ”
ရီဝမ်ဝမ် မေးလိုက်၏ ။

“သိလာခဲ့ရပါပြီ” ပထမအကြီးအကဲသည် အပြုံးဖျော့လေးကို ပန်ဆင်ထားလျက် ။
“သိုင်းပညာအစည်းအရုံးရဲ့ အကြီးအကဲ ကျင်းက သိုင်းပညာအစည်းအရုံးရဲ့ ဌာနခွဲတစ်ခုကို ရိက္ခာတွေနဲ့ ကုန်ပစ္စည်းတွေ ပို့ဖို့အတွက် အရှေ့ခရိုင်ကို ဆင်းသွားပါတယ် ။ သူနဲ့အတူ လူနှစ်ယောက် ပါသွားပါတယ်”

“တော်တယ်” ရီဝမ်ဝမ် ပြုံးလာလေပြီ ။

အခုသည်ကား ပြီးပြည့်စုံသည့် အခွင့်အရေးကောင်းတစ်ခု ပင်။

မကြာမီ တတိယအကြီးအကဲနှင့် တခြားသူတို့သည်လည်း ရုံးခန်းထဲကို ဝင်ချလာလေရာ ပထမအကြီးအကဲထံမှ စုံစမ်းရရှိလာခဲ့သည့် သတင်းအချက်အလက်တို့ကို သိရှိသွားကြရ၏ ။

တတိယအကြီးအကဲသည် ခွဲခြမ်းစိတ်ဖြာခြင်းအမှုကို ပြုလာသည် ။

“ဂိုဏ်းချုပ် … သိုင်းပညာအစည်းအရုံးက ဒီနှစ်တွေထဲမှာ လွတ်လပ်သောနယ်မြေကြီးတစ်ခုလုံးကို အာဏာစက်လွှမ်းထားနိုင်တာကြောင့် သိပ်ပြီး သတိကြီးကြီး ထားကြလေ့ မရှိကြတော့ဘူး ။ ဒါကြောင့်လဲ ရိက္ခာပို့တဲ့အချိန်တွေဆိုရင် သူတို့ရဲ့ကာကွယ်ရေးစနစ်က တော်တော်လေး လျော့တိလျော့ရဲ နိုင်တယ် ။ လွတ်လပ်သောနယ်မြေထဲက ဘယ်ဂိုဏ်းကမှ သိုင်းပညာအစည်းအရုံးကို သွားမထိပါးမစော်ကားရဲဘူး ဆိုတော့လဲ သူတို့အတွက်ကတော့ အေးအေးလူလူ ဖြစ်လာကြပြီး ထုံပေလာကြတော့တာပဲလေ ။ အခုက သွားတိုက်ဖို့အတွက် တကယ့်ကို ကောင်းတဲ့ အခွင့်အရေးပါ”

………………………………………………………………………….........

စာစဉ် ၇၆၊ အခန်း ၁၁။  အသူတရာကြီးမားလွန်းသော နားလည်မှုလွဲမှားခြင်း

နောက်ဆုံးတွင်တော့ တတိယအကြီးအကဲသည် ပထမအကြီးအကဲကို နာမည်ဂုဏ်ဆောင်နေခွင့် မပြုနိုင်တော့ပေ ။

“ခနလေး … ကျွန်တော်တို့တွေ လူနည်းနည်းလောက်နဲ့တော့ စိတ်မချရသေးဘူး ၊ လူတွေ များများ ခေါ်သွားကြရအောင်ပါ ။ ဆိုရိုးတစ်ခု ရှိတယ်လေ အရေအတွက်များတာက ခွန်အားတစ်ခုပဲတဲ့ ။ ပြီးတော့ မြန်မြန်ဆန်ဆန်လဲ ပြီးစီးအောင်မြင်စေလိမ့်မယ်တဲ့” ခုနစ်စင်ကြယ်သည် ဝင်အကြံပြုဆိုမြည်လာလေသည် ။

“ငါတို့ ဘာလို့ လူအများကြီး လိုမှာလဲ ။ အဲ့ဒါကမှ ရန်သူတွေကို သတိနှိုးလိုက်သလို ပိုဖြစ်သွားမှာ မဟုတ်ဘူးလား” ကြယ်ခုနစ်သည် ခုနစ်စင်ကြယ်ဘက်ကို လှည့်ကြည့်ပြောလာလေသည် ။

ခုနစ်စင်ကြယ် ခေါင်းအတွင် ခါယမ်းလိုက်ပါ၏ ။
“စကား ရှိတယ်လေကွာ ။ အဖွဲ့အကြီးကြီးဟာ အဖွဲ့အသေးလေးက ဘယ်သူ့ကိုမဆို နိင်လိုမင်းထက် သွားလုပ်ဝံ့ကြတယ်တဲ့ ။
ဒါပေမယ့် အဖွဲ့သေးသေးလေးတွေကတော့ အဖွဲ့အကြီးကြီးနဲ့ ရင်ဆိုင်တွေ့လိုက်ရပြီဆိုတာနဲ့ အလိုလို သတ္တိပျေ့ာသွားကြပြီး ကြောက်ဒူးတဆတ်ဆတ် တုန်လာ ကြတယ်တဲ့”

ရီဝမ်ဝမ် ခုနစ်စင်ကြယ်အား အကြည့်တစ်ချက် ပစ်ခွင်းလိုက် မိချေ၏ ။ ထိုစကားအသွားအလာသည်ကား အမှန်စင်စစ်ပင် ကျိုးကြောင်းဆီလျော်မှု ရှိနေပေသည် ။

ထို့ပြင် အကြီးအကဲ ကျင်း နှင့်အတူ လူဘယ်နှစ်ယောက်ပါသွားမှန်းကို သူတို့ မသိထားကြပါပေ ။ အကယ်၍များ သူသည် လူမြောက်များစွာကို ခေါ်ချသွားခဲ့သည် ဆိုလျှင် .. ။
သူတို့အနေဖြင့် အကြီးအကဲ ကျင်း အား တစ်ချက်ထဲနဲ့ အမိဖမ်းဆီးပစ်နိုင်မှ ဖြစ်ပေလိမ့်မည် ။

တိုက်ပွဲကို အလွန်အမင်း ကြာအောင် အချိန်ဆွဲနေမိလျှင် သိုင်းပညာအစည်းအရုံးသည် သေချာပေါက် သတင်းသဲ့သဲ့ ရသွားလိမ့်မည် ဖြစ်လေရကား  ထို၏နောက်ဆက်တွဲရလဒ်မှာ မမျှော်မခေါ်နိုင်စရာတွေ ဖြစ်လာပေကုန်လိမ့်မည် ။

“ပထမအကြီးအကဲ … တတိယအကြီးအကဲ … ဂိုဏ်းထဲကနေ လုံးဝအားကိုးစိတ်ချရတဲ့ သိုင်းသမား တချို့ကို ခေါ်လာခဲ့ ၊ ပြီးရင် ထွက်ခွာမယ်”

အချိန်အကြာကြီး ကြာမြင့်အောင် ဆင်ခြင်စဉ်းစားကြည့်ပြီး နောက်ဆုံးတွင်တော့ ရီဝမ်ဝမ် ဆုံးဖြတ်ချက်ခိုင်ခိုင် ချမှတ်လိုက်တော့သည် ။

“ကောင်းပါပြီ”

ပထမအကြီးအကဲနှင့် တတိယအကြီးအကဲတို့သည် တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလာကြသည် ။
မကြာမီပင် လူခုနစ်ယောက်ရှစ်ယောက်ခန့် — ဒုတိယအကြီးအကဲ ၊ စတုတ္ထအကြီးအကဲ ၊ ပဉ္စမအကြီးအကဲ နှင့် တခြားသောခန်းမသခင်များ— ရုံးခန်းကို ရောက်ရှိလာကြတော့သည် ။

ဖိန့်ဖိန့်တုန်ဂိုဏ်းထဲတွင် စုစုပေါင်း အကြီးအကဲ ၇ ယောက် ၊ ခန်းမသခင်များ ၁၄ ယောက်နှင့် ခေါင်းဆောင်များ ၁၄ ယောက် ရှိကြ၏ ။သို့သော်လည်း ယနေ့ည လုပ်ဆောင်မည့် အလုပ်မှာ အလွန်အမင်းကို အရေးပါအရာရောက်လှပေသောကြောင့် တစ်ဖက်လူကို အမှုန့်ကြိတ်ခြေမှုန်းပစ်နိုင်ဖို့အတွက်မူ လိုအပ်သည်ထက် ပိုပြီး လူအများကြီး ခေါ်သွားလို့ မဖြစ်ပါပေ။ လူအများကြီး ချီတက်သွားခြင်းသည် ရန်သူတွေကို အလွယ်တကူ တပ်လှန့်လိုက်သကဲ့သို့နှယ် ဖြစ်သွားပေနိုင်သည် ။

ပထမအကြီးအကဲဆီကနေ အနုလုံပဍိလုံ အစုံစုံအဆန်ဆန်ကို သိရှိခဲ့ရပြီးနောက်တွင်တော့ တခြားသောအကြီးအကဲများနှင့် ခန်းမသခင်များသည် ပထမဦးစွာ အံ့အားသင့်မိသွားကြပြီး နောက်တွင်မူ
စကာ ရင်ဖိုစိတ်လှုပ်ရှားမိလာကြတော့၏ ။

ဖိန့်ဖိန့်တုန်ဂိုဏ်းသည် သိုသိုသိပ်သိပ် နှိမ့်နှိမ့်ချချ နေလာခဲ့ရသည်မှာ အကြာကြီး အကြာကြီးကို ရှိလာခဲ့လေပြီ ။ သူတို့သည် ဂိုဏ်းချုပ် ဖိန့်ဖိန့်တုန်ဂိုဏ်းဆီကို ပြန်ရောက် လာပါပြီဆိုကတည်းက သိုသိပ်ပိပြားစွာ တောက်လျှောက် နေလာခဲ့ရတော့ပြီး တခြားသော ကြီးကြီးမားမား ပြန်ပေးဆွဲမှုကြီးတို့ကို ဘာဆိုဘာမှ မပြုခဲ့ရတော့ပေ ။

“ဟားဟားဟား … ဒါကမှ ဂိုဏ်းချုပ်ရဲ့ ပုံစံအစစ်ပဲ ။ ကျွန်တော့်မှာ ဒီတစ်ချိန်လုံး ဂိုဏ်းချုပ် ဘာအလုပ်ကိုမှ မလုပ်တာ ဘာလို့လဲလို့ စဉ်းစားရင်း အဖြေရှာနေရတာ .. လတ်စသတ်တော့ ဂိုဏ်းချုပ်က အကြီးကြီးတစ်ခုကို အပီချိုင်တော့ဖို့ ကျိတ်ကြံစည်နေတာကိုး”
စတုတ္ထအကြီးအကဲက စစနောက်နောက် ပြောလာသည် ။

ရီဝမ်ဝမ် ။ “…” အကြီးကြီး နားလည်မှု လွဲနေတာပါရှင် ။

“ကျွန်တော် အစကတော့ ဟိုကောင်စုတ်လေး မင်းရှီကိုပါ လိုက်လာခိုင်းပြီး တစ်ခုခု သင်ယူခိုင်းမလို့ပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့က သိုင်းပညာအစည်းအရုံးနဲ့ သွားရင်ဆိုင်တွေ့ရမှာဆိုတော့ အဲ့ဒီအတွေးကို မေ့ထားလိုက် တော့တာပါ ။ ရိက္ခာတွေ … ဟူး ဟူး .. တော်တော် အများကြီး တော့ ပါလောက်ပါပေရဲ့”
ဒုတိယအကြီးအကဲ၏ မျက်ဝန်းအိမ်ထက်ဝယ် အလိုရမ္မက်လောဘတရားတို့ ပြူဟလာလေပြီ ။

ရီဝမ်ဝမ် ထိုသည်နှင့်ပတ်သက်ပြီး ဘာပြန်ပြောရမည်ပင် မသိတော့ ။

ဒုတိယအကြီးအကဲသည် စတားကော်ပိုရေးရှင်းကြီး၏ ပိုင်ရှင်သူဌေးကြီး ဖြစ်ပေ၏ ။ သို့ကြောင့် သူ့အားပင် သူဌေးကြီးသူကြွယ်ကြီး ဥစ္စာဓန ကုံလုံကြွယ်ဝသူကြီးဟု သတ်မှတ်ယူဆလို့ ရနိုင်ပေသည် မဟုတ်ပေလော ။ သို့ဖြစ်သည်တောင် သူသည် အဘယ်ကြောင့်များ အလိုလောဘက အခုလောက် ကြီးနေသေးရသေးသနည်း ။

ထို့အပြင် ဤတစ်ကြိမ်၌ … သူမသည် အကြီးအကဲ ကျင်း ကိုသာ ပြန်ပေးဆွဲဖို့ စီစဉ်ထားခြင်းဖြစ်ချေပြီး သိုင်းပညာအစည်းအရုံး၏ ရိက္ခာတို့ကိုမူ ခိုးဆိုးလုယက်ဖို့ရာ အကြံအစည်တစ်စက်လေးပင် မရှိနေပါချေ ။ နားလည်မှုတစ်နေရာရာ လွဲသွားစရာများ ရှိနေလို့လား ။

“သိုင်းပညာအစည်းအရုံးရဲ့ ရိက္ခာတွေလား … အလုပ်ကြိုးစားပါပေတယ် ဂိုဏ်းချုပ်” ခန်းမသခင်များသည် ရင်ခုန်စိတ်လှုပ်ရှားခြင်းတို့ဖြင့် ထွန်းလင်းဝေဆာလာရရင်း ရီဝမ်ဝမ်အပေါ် အထင်ကြီးလေးစား နှစ်ထောင်းအားရမှုတို့ ဖြစ်တည်လာကြ တော့သည် ။

ရီဝမ်ဝမ်သည်ကတော့ … “…” ထားလိုက်ပါတော့လေ …
သူတို့ဘာသာ အထင်မှားနေရင်လဲ ဆက်မှားနေပစေတော့ …

“အားလုံး … ဒီညကိစ္စကို တခြားသူတွေကို လုံး၀ ထုတ်ပြောလို့ မရဘူးဆိုတာကို သတိထဲစွဲနေကြ ။ အခုရှိနေတဲ့ လူတွေပဲ ဒီအကြောင်းကို သိခွင့်ရမယ် ၊ နားလည်ကြလား”
ရီဝမ်ဝမ် အမိန့်ပေးခိုင်းစေလိုက်လေပြီ ။

ထိုသည်ကို ကြားလိုက်ရသည့်အချိန် အခန်းထဲတွင် ရှိနေသည့် အကြီးအကဲများ နှင့် ခန်းမသခင်များမှာ အလွန်အကျူးကို လှုပ်လှုပ်ရှားရှား ဖြစ်လာကြတော့ပြီ ။

အခုကိစ္စအခြင်းအရာသည်က သူတို့အပေါ်တွင် ဂိုဏ်းချုပ် ထားရှိသော ယုံကြည်ကိုးစားမှုကို ပြသရာ ရောက်ပေသည် မဟုတ်လော ။
ဂိုဏ်းချုပ်သည် ထိုနေရာဆီကို သူတို့အားသာ ခေါ်ယူသွားခြင်း မှာ ဖိန့်ဖိန့်တုန်ဂိုဏ်းကြီးတစ်ဂိုဏ်းလုံးထဲတွင် ဂိုဏ်းချုပ်သည် သူတို့အား အယုံကြည်အစိတ်ချအားအကိုးဆုံးပင်ဟု သဘောသက်ရောက်ချေ၏ ။

“စိတ်ချပါ ဂိုဏ်းချုပ် .. ကျွန်တော်တို့ စကားတစ်ခွန်းတောင်မှ မပေါက်ကြားစေရပါဘူး”

အကြီးအကဲများနှင့် ခန်းမသခင်များအားလုံး တညီတညာတည်း ပြိုင်တူ ဖြေကြားလာကြသည် ။

“ကောင်းတယ်” ရီဝမ်ဝမ် ခေါင်းတစ်ချက် ညိတ်လိုက်မိပါ၏ ။

ပထမအကြီးအကဲသည် သွားမည့်လမ်းကြောင်းနှင့် အချိန်အခါ အကြောင်းကို သူတို့အား ပြောပြလိုက်ပြီးနောက်တွင် ပထမအကြီးအကဲ က ကြိုတင်စီစဉ်ထားခဲ့သော ပေါင်မုန့်ကားထဲကို အသီးသီး ဝင်သွားလိုက်ကြပြီး အမှောင်ထုကြီးအား သူတို့၏ဒိုင်းသဖွယ် အသုံးချလျက် ညမင်းအမှောင်ထဲဆီ တိုးဝင်ပျောက်ကွယ်သွား တော့လေသည် ။

နာရီဝက်ခန့်ကြာသော် … ဆင်ခြေဖုံးအစွန်အဖျားနေရာလေး ဖြစ်သည့် ၊ လူများစွာသည် အရှေ့ခရိုင်ကို ခရီးနှင်လျှင် မဖြစ်မနေ ဖြတ်ကျော်ကြရပါသည့် ထိုနေရာတစ်ခုတွင် သူတို့ ရပ်တန့်လိုက်ကြလေပြီ ။

…………………………………………………………………………........

စာစဉ် ၇၆၊ အခန်း ၁၂။ ဒီဆံပင်တုကြီးက ဘယ်ကထဲက ရှိနေတာလဲ

မိုးသားကောင်းကင်ပြင်ကြီးသည် စန္ဒာလရောင်တို့ မရှိဘဲ မှောင်မိုက်နေလေပြီး ညမင်းကြီးသည်လည်း လုံးဝအတိကို တိတ်ဆိတ်ငြိမ်သက်နေလျက် ။

လူတိုင်းသည် ပေါင်မုန့်ကားလေးထဲတွင် ထိုင်ကာ စောင့်စားငံ့လင့်နေကြ၏ ။
သူတို့အရှေ့တွင် ရှိနေသည့် နေရာသည်ကား တံတားတစ်စင်း ။

အကယ်၍ တစ်ယောက်ယောက်သာ အရှေ့ခရိုင်ဆီ မျှော်မှန်းရည်ရော်ကာ သွားလိုသည်ဆိုပါက ရေကူးပြီးမသွားလိုလျှင် ထိုတံတားသည် မဖြစ်မနေကို ဖြတ်ကျော်ရမည့် ဖြတ်မှတ်တစ်ခုပင် ။

“သောက်ကျိုးနည်း .. အစ်မဖန်း … ကျွန်တော်တို့ စောင့်နေတာ ဒီလောက်တောင် ကြာနေပြီ ၊ အခုထိ ကားတစ်စီးတောင် ပေါ်မလာသေးဘူး ။ သိုင်းပညာအစည်းအရုံးက ဒီတစ်ခေါက် ရေလမ်းကနေ သွားတယ်လို့တော့ မပြောနဲ့နော် ။ တကယ်သာ အဲ့လမ်းကနေ သွားလို့ကတော့ ကျွန်တော်တို့ လာစောင့်နေတာ အချည်းနှီးဖြစ်သွားတော့မှာပေါ့”
ခုနစ်စင်ကြယ်သည် ရီဝမ်ဝမ်ကို ကြည့်ကာ မေးမြန်းလာသည် ။

အားလုံး၏အကြည့်မျက်လုံးတု့ိသည် ခုနစ်စင်ကြယ်ပေါ် သက်ဆင်းသွားကြတော့ပြီး အားလုံး တစ်ပြိုင်တည်း ငေါက်ငမ်းမြည်ကြွေးပစ်လိုက်သည်က …

“မင်းရဲ့ ကျက်သရေတုံးတဲ့ ပါးစပ်ပေါက်ကို ပိတ်ထားစမ်း”

ခုနစ်စင်ကြယ် ။ “…”

နောက်ထပ်နာရီဝက်သည် တတိတိနှင့် ကုန်ဆုံးလာပြန်ပြီ ။ ကြယ်ခုနစ် ရုတ်ခြည်းဆိုသလို ပေါင်မုန့်ကားလေး၏ တံခါးကို ဖွင့်လှစ်လိုက်ချေ၏ ။

“အစ်မဖန်း … လှုပ်ရှားမှုတချို့ ရှိတယ်”

ကြယ်ခုနစ် ပြောလာ၏ ။

ရီဝမ်ဝမ်နှင့် တခြားသူများမှာ တမုဟုတ်ချင်း အားအင်ပြည့်ဖြိုးလန်းဆန်းသွားကြပြီး ပေါင်မုန့်ကားလေးထဲမှ ထွက်လိုက်ကြတော့၏ ။

ကြယ်ခုနစ် ပြောသွားခဲ့သည့်အတိုင်းပင် ။ ထရပ်ကားကြီးသုံးစီးသည် ရှေ့ဆင့်နောက်ဆင့် အညီအညာ စီရီကာ တံတားဆီကို တရွေ့ရွေ့ မောင်းနှင်လာချေပြီ ။

“သောက်ကျိုးနဲ .. အဲ့တာတွေက သိုင်းပညာအစည်းအရုံးရဲ့ ပို့ဆောင်ရေးထရပ်ကားတွေပဲ”

ခုနစ်စင်ကြယ်သည် ထိုကားလိုင်စင်ပြားများကို မြင်လိုက်ပြီး မျက်လုံးအိမ်တို့ ကျဉ်းကျုံ့သွားပြီးနောက်တွင် ရင်ဖိုစိတ်လှုပ်ရှားစွာ ထုတ်ပြောလာလေသည် ။

“လှုပ်ရှားကြမယ်” ထိုပို့ဆောင်ရေးထရပ်ကားများ ချဉ်းကပ်လာနေပြီကို မြင်လိုက်ရသည့်အချိန် ရီဝမ်ဝမ် ဆုံးဖြတ်ချက်ပိုင်ပိုင် ချလိုက်ပြီး အမိန့်ပေးလိုက်တော့၏ ။

ဖန်တရာထေအောင် အစုတ်စုတ်အပြတ်ပြတ်အဝတ်အစားကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ယောက်သည် လျင်လျင်မြန်မြန်ပင် အရှေ့ကို လျှောက်သွားတော့၏ ။

“ချီးပဲ .. အဲ့ဒါ ဘယ်သူကြီးလဲ”

ထိုသူတောင်းစားသနင်း အဘိုးအိုအား မြင်လိုက်ပြီး
ခုနစ်စင်ကြယ် ထိတ်လန့်ချောက်ချားမိသွား၏ ။

ပထမအကြီးအကဲသည်ကတော့ ခုနစ်စင်ကြယ်ကို လျစ်လျူရှုထားလိုက်ပြီး တံတားပေါ်ကို လျှောက်သွားလေပြီ။
တခနအကြာတွင်မူ ထိုထရပ်ကားသုံးစီးသည် တံတားအဝင်ဝဆီကို တရွေ့ရွေ့ ရောက်လာကြလေပြီ ။ ကားမောင်းဆရာမှာ မသပ်မရပ်ဖိုသီဖတ်သီရှိသော ပထမအကြီးအကဲကို မြင်တွေ့သွားပြီး သကာလ မျက်မှောင်တွန့်ချိုးကာ ကားမီးအား အနိမ့်အမြင့် ပြန်ပြောင်း ချိန်ထိုးလိုက်ရင်း ကားဟွန်းတီးသံ ခပ်မြန်မြန် တီးပေးလိုက်တော့သည်။

သို့သော်ငြား ၊ ပထမအကြီးအကဲမှာ ကြောက်ရွံ့ထိတ်လန့်သွားဟန် ပေါ်လာကာ ချက်ချင်းပင် မဟာပထဝီမြေကြီးအား နောက်ကျောမူကာ မြေကြီးပေါ် ပစ်လဲ ကျသွားတော့၏ ။

“သောက်ကျိုးနည်း …” အဝေးတစ်နေရာကနေ တိုးတိုးတိတ်တိတ်လေး လေ့လာအကဲခတ်နေပါသော ခုနစ်စင်ကြယ်မှာ ပါးစပ်အဟောင်းသား ။

“ဂျင်းထည့်ခံလိုက်ရတဲ့ ကားဆရာတွေ … အဲ့ဒီဆံပင်အတုကြီးက ငါတို့ဖိန့်ဖိန့်တုန်ဂိုဏ်းထဲကို ဘယ်တုန်းက … စရောက်နေတာပါလိမ့်”

“ကျွန်တော်တို့ ဘာလုပ်ကြမလဲ အကြီးအကဲ ကျင်း”

ထိုထရပ်ကားဆရာသည် သူ့အနောက်တွင် ထိုင်နေသည့် လူကြီးအား မေးခွန်းထုတ်လိုက်သည် ။

အကြီးအကဲ ကျင်း သည် တွေးဆဆနှင့် အရှေ့သို့ မျှော်မှန်းရော်ယမ်းနေလေသည် ။

သူသည် သိုင်းပညာအစည်းအရုံးကြီးထဲတွင် အကြီးအကဲဆိုသည့် နေရာကို ရောက်အောင် တက်လှမ်းလာနိုင်ခဲ့သူ ဖြစ်လေရကား ကောက်ကျစ်ပွေလီဉာဏ်များမှုတို့ကို မည်သို့ လွတ်ကင်း နိုင်ပါလိမ့်မည်နည်း ။

“တက်ကြိတ်သွားလိုက်”
အကြီးအကဲ ကျင်း အမိန့်ထုတ်လိုက်ချေပြီ ။

ကားဆရာခမျာ တခနလောက် အံ့အားသင့်မင်သက်သွားမိပြီးနောက် ပြန်ဖြေလာသည်က .. “နားလည်ပါပြီ”

အရှေ့ဆုံးတွင် ဦးဆောင်မောင်းနေသော ထိုထရပ်ကားသည် တံတားဆီကို တရွေ့ရွေ့ မောင်းနှင်လာနေလေပြီး မဟာပထဝီမြေပြင်ထက်တွင် သတိမေ့ဟန် ဆောင်နေပါသော ပထမအကြီးအကဲအား လေပြည်သဖွယ် သဘောထားကာ လုံးလုံးလျားလျား လျစ်လျူရှုထားလေပြီ ။

“သောက်ကျိုးနည်း … အစ်မဖန်း … ကားမောင်းသမားတွေကို လှည့်စားဖို့ သုံးတဲ့ အဲ့ဒီဆံပင်တုကြီးကို ဖယ်ပစ်ရအောင်ပါလား ။
အရမ်းကို အန္တရာယ်များလွန်းတယ်”

ခုနစ်စင်ကြယ်သည် ရီဝမ်ဝမ်အား ကပျာကယာ ပြောဆို လိုက်ပြီးနောက် ပေါင်မုန့်ကားထဲကို ကမူးကရူး ပြေးချသွားကာ စကားတစ်ခွန်းပင် မဆိုလေဘဲ ခြေနင်းကို နင်းချပစ်လိုက်လေပြီ ။ ထိုပေါင်မုန့်ကားသေးလေးကို တဝူးဝူးအသံထုတ်လွှတ်ရင်း ထိုထရပ်ကားအရှေ့ဆီကို မောင်းချသွားကာ လမ်းကို ပိတ်ဆို့ကာဆီးပစ်လိုက်တော့၏ ။

ပထမအကြီးအကဲသည် ကားကြိတ်ခံပြီး သေဆုံးသွားခဲ့ရလျှင် ထိုသည်က ဘယ်လောက်တောင် ကြေကွဲဝမ်းနည်းပူဆွေးဖွယ် ကောင်းလိုက်လေမလဲ ။

ခုနစ်စင်ကြယ်သည် ထိုပေါင်မုန့်ကားလေးထဲတွင် ကြာကြာဆက်နေဝံ့ခြင်း မရှိဘဲ ကားတံခါးကို သုတ်တီးသုတ်ပြာဖွင့်ကာ အပြင်ကို လှစ်ခနဲ ပြေးထွက်လိုက်လေသည် ။
သူသည် ထရပ်ကားကို ပိတ်ဆို့ပစ်လိုက်ချေပြီ ။
မည်သူကများ ဆက်နေဝံ့ပါတော့မည်နည်း ။

“တိုက်ကြ”

ပထမအစီအစဉ်မှာ မအောင်မြင်လေပြီမို့ ရီဝမ်ဝမ်သည်လည်း ရွေးချယ်စရာမရှိတော့ဘဲ အတင်းအဓမ္မ တိုက်ခိုက်သည့်နည်းကိုသာ သုံးရပေတော့မည် ။

တတိယအကြီးအကဲနှင့် ပဉ္စမအကြီးအကဲတို့သည် ချက်ချင်းပင် အရှေ့ကို ပြေးတက်သွားကြလေပြီ ။

ဒုတိယအကြီးအကဲ ၊ စတုတ္ထအကြီးအကဲနှင့် တခြားသော ခန်းမသခင်များသည်လည်း အနောက်တွင် မကျန်ရစ်နေခဲ့ကြ ။ တစ်ယောက်ချင်းစီတိုင်းသည် နောက်တစ်ယောက်ထက်ကို မြန်မြန်ဆန်ဆန် ပြေးသွားကာ ထိုထရပ်ကားရှိရာဆီ အပြေးပြိုင်သွားနေကြလေ၏ ။

အရှေ့ဆုံးတွင် ရှိနေသည့် ထရပ်ကားမှာ သူတို့ရှေ့ ရုတ်ခြည်းမောင်းချလာသော ပေါင်မုန့်ကားလေးကြောင့် လမ်းပိတ်သွားလေရကား သူ့အနောက်တွင် ရှိနေသည့် ထရပ်ကားနှစ်စီးမှာလည်း အလိုလို ရပ်တန့်သွားကြရ၏ ။

တတိယအကြီးအကဲသည် တတိယမြောက် ထရပ်ကား၏ ကားမောင်းသူနေရာဆီ ပြေးသွားလိုက်ပြီး လက်သွင်းတစ်လုံး ပစ်သွင်းလိုက်လေရာ ကားပြတင်းမှန်မှာ အစိတ်အစိတ် အမွှာမွှာ ပြိုလဲပျက်စီးသွားရရှာတော့၏ ။ သူသည် မြန်ဆန်လှစ်ကွစ်စွာပင် ကားမောင်းသူဘက်က တံခါးကို ဖွင့်ဟပစ်လိုက်ပြီး ထိုကားဆရာအား အပြင်ကို ဆွဲထုတ်ပစ် လိုက်၏ ။

………………………………………………………………………….......
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘

နောက်အပတ် ပြန်တွေ့ကြမယ်နော် သဲတို့

Continue Reading

You'll Also Like

1.1M 46.5K 58
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
435K 26.5K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
3.3M 212K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
202K 7.6K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...