အချိန်တွေကြာလာတော့ အိမ်ဝေယျာဝစ္စလုပ်ရတာက ကျနော့်အတွက်ပုံမှန်လိုဖြစ်လာတယ်။
မနက်အိပ်ယာမိုးလင်းရင် ကိုစိုင်းအတွက် မနက်စာပြင်ပေးပြီး ရုံးသွားဖို့အတွက်ပြင်ဆင် ပေးရသည်။ ကိုစိုင်းရုံးသွားမှသာ အပေါ်ထပ်ကိုတက်ပြီး ဆိုင်ကိုသွားဖို့ပြင်ရသည်။ ညနေကျတော့ ဆိုင်ကနေ စောစောပြန်လာကာ ကိုစိုင်းအတွက်ညစာချက်ရတယ်။ကိုစိုင်းပြန်လာရင် ကိုစိုင်းရဲ့ကိစ္စတွေကို လုပ်ပေးပြီးမှ နှစ်ယောက်သားအတူတူနားရတော့သည်။ ကိုစိုင်းကလဲ ကျနော့်အပေါ်ဂရုစိုက်ပေးတော့ ကျနော့်
အတွက်အဆင်ပြေတာပေါ့။ အခုလည်းဆိုင်သွားဖို့ပြင်ရတော့မယ်။
ကျနော်ဆိုင်သွားဖို့ တံခါးဖွင့်လိုက်တဲ့အခါ bodyguards အချို့ကို တံခါးရှေ့မှာတွေ့လိုက် ရတယ်။ကျနော်လည်း တံခါးကိုကျော်ပြီး
ခြံတံခါးဖွင့်လိုက်တော့ bodyguards တွေက ကျနော့်ဆီပြေးလာကာ ကျနော့်ရဲ့လက်တစ်
ဖက်ကို တစ်ယောက်ချင်းစီဆွဲပြီး အိမ်ထဲသို့ ဆွဲခေါ်သွားသည်။ ကျနော်ရုန်းသော်လည်း သူတို့က အင်အားများလွန်းတာကြောင့် ရုန်းလို့မရခဲ့ပါ။
"အ့.."
အိမ်ထဲရောက်တာနဲ့ ကျနော့်ကိုကြမ်းပြင်ပေါ် ပစ်ချပြီး ကျနော့်ရှေ့မှာ မတ်တပ်ရပ်နေကြ
တယ်။ကျနော်လည်း ကြမ်းပြင်ပေါ်မှထ၍
မတ်တပ်ရပ်ကာ တံခါးဖွင့်မည်လုပ်တော့ ကျနော့်ကိုတွန်းထုတ်ကြသဖြင့် နောက်တစ်ဖန် ကြမ်းပြင်
ပေါ်သို့ လဲကျသွားသည်။
"ခင်ဗျားတို့ ကျနော့်ကိုဘာလုပ်တာလဲ"
"bossကပြောထားတယ် သခင်လေးကို
အပြင်မထွက်စေနဲ့တဲ့"
"ငါ ကိုစိုင်းစီဖုန်းဆက်လိုက်အုန်းမယ်"
အိပ်ကပ်ထဲကဖုန်းကိုကိုင်ကာ ကိုစိုင်းစီဖုန်းခေါ် သော်လည်း မကိုင်ပါ။ အစည်းအဝေးလုပ်နေလို့ ဖုန်းမကိုင်တာပဲနေမှာပါ။ နာရီဝက်ကြာပြီး
နောက် ဖုန်းထပ်ဆက်သော်လည်း မကိုင်ပါ။ အခု
တစ်ခါဆိုရင် ဖုန်းပါစက်ပိတ်ထားသည်။
ဘာကြောင့်မို့ ကျနော့်ဖုန်းကိုမကိုင်ရတာလဲ။ ကျလာသောမျက်ရည်တွေကို သုတ်ကာ လွယ်အိတ်ကိုယူ၍ အပေါ်ထပ်အခန်းထဲသို့ တက်လာခဲ့သည်။
ထိုအဖြစ်အပျက်အားလုံးကို စိုင်းထက်ဉာဏ်
တစ်ယောက် ကွန်ပျူတာကနေ ကြည့်နေခဲ့တာဖြစ်
သည်။သူ့စိတ်ထဲတွင် မိခင်ဖြစ်သူအတွက် ကလဲ့စားပြန်ချေတော့မှာဖြစ်တဲ့အတွက်
ပျော်နေသော်လည်း ကြွေရုပ်အတွက်အနည်း
ငယ် စိတ်မကောင်းဖြစ်နေမိတယ်။
"boss သခင်လေးကိုဖုန်းပြန်ခေါ်လိုက်ပါလား"
"ထားလိုက်"
"ဟုတ်ကဲ့"
ကြည့်လက်စကွန်ပျူတာကိုပိတ်ကာ ထိုင်ခုံပေါ်
တွင်မှီ၍ မျက်လုံးတွေကိုမှိတ်ရင်း အနားယူ
လိုက်တော့သည်။
မီးဖိုချောင်ထဲကနေချောင်းကြည့်နေသော
ကောင်မလေးတစ်ယောက်သည် ထုံးစံအတိုင်း သူ့အိပ်ကပ်ထဲကဖုန်းကိုထုတ်ကာ သူ့မမလေး ဆီကို အကြောင်းအရာမှန်သမျှကို တင်ပြနေရသည်။ "ဟုတ်တယ် မမလေး ကြွေရုပ်လွှာကို အပြင်ထွက်
ခွင့်ပိတ်လိုက်ပြီ" တစ်ဖက်လူရဲ့စကားသံတွေကတော့ အရမ်းကိုပျော်ရွှင်နေသလိုပဲ။
အခန်းထဲမှာနေလိုက်တာ ညနေ၄နာရီတောင်ရှိသွားပြီပဲ။ ကိုစိုင်းမလာခင် အောက်ထပ်ကိုဆင်းကာ ခြံထဲက သူစိုက်ထားတဲ့ ကျူးလစ်ပန်းလေးကို ရေလောင်းနေသည်။ ကျူးလစ်ပန်းလေးတွေကို
စိုက်ထားတာ ၃ရက်လောက်ပဲရှိတာမလို့ မြေပေါ်မှာဘာမှမတွေ့ရသေး။ ကျူးလစ်ပန်းလေးတွေ အပင်တွေပေါ်မှာ အရမ်းမြတ်နိုးတာမလို့
စိတ်ရှည်ရှည်နဲ့ သေသေချာချာလေးစိုက်
သည်။
ခြံထဲမှာပန်းပင်တွေကိုရေလောင်းနေသော
ကောင်လေးကိုတွေ့တာကြောင့် အနည်းငယ်ပြုံးမိသွားသည်။ ကျုပ်ရဲ့ကား ခြံထဲလဲဝင်လာရော
ကြွေရုပ်က ကျနော့်စီပြေးလာကာ ကျုပ်စီက
အိတ်ကိုယူ၍ ကျုပ်ကို စကားပြောဖို့လုပ်နေ
တုန်း...
"ကိုစိုင်း ကျနော်မေး..."
"ပင်ပန်းလာလို့ ရေချိုးတော့မယ်"
ပြောပြီး အခန်းထဲကိုဝင်လာခဲ့လိုက်တယ်။အခန်းထဲရောက်တာနဲ့ အဝတ်အစားတွေကို
ချွတ်ပြီး အဝတ်ခြင်းထဲထည့်၍ ရေချိုးခန်းထဲ
ဝင်ခဲ့သည်။ စိတ်ပေါ့ပါးသွားအောင် ခေါင်းပါ လျှော်လိုက်ပြီး ရေချိုးခန်းထဲမှာ သီချင်းလေးငြီးနေလိုက်သည်။ ရေချိုးခန်းထဲကထွက်လာတော့ ဘယ်ချိန်ထဲက ရောက်နေမှန်းမသိတဲ့ ကြွေရုပ်က ကျုပ်ဝတ်ဖို့အဝတ်အစားတွေ
ထုတ်ပေးထားတယ်။ ကျုပ်လည်း မျက်နှာကို တည်ပြီး သူ့နားသွားလိုက်သည်။
"မိန်းကလေးလုပ်တဲ့အလုပ်တွေလုပ်မနေစမ်းနဲ့.."
ဟင်!ဘာကိုပြောချင်တာလဲ။ဒီလိုကိစ္စတွေက ကျနော်လုပ်နေကျပဲလေ။ခုမှ ကိုစိုင်းကဘာဖြစ် နေတာလဲ။
"ဘာဖြစ်လို့လဲ ကိုစိုင်း..ကျနော်ဘာလုပ်မိလို့လဲ ကျနော်က..."
"ဘာမှမဟုတ်ဘူး နားငြီးတယ်
အခန်းထဲကထွက်သွားတော့!"
"အောက်ထပ်မှာစောင့်နေမယ်"
ကိုစိုင်းအော်လိုက်တာကြောင့် အဝတ်အစားတွေကို ကုတင်ပေါ်ကာ အခန်းထဲက မြန်မြန်
ထွက်လာလိုက်သည်။ခြေထောက်တွေကလည်း
ယိုင်လာတာကြာင့် လှေကားပေါ်မှာတင်ထိုင်ကာ ငိုကြွေးနေမိတော့တယ်။ ကိုစိုင်းကျနော့်ကိုအော် တာ ဒါပထမဆုံးအကြိမ်ပဲ၊ကျနော်ဘာလုပ်မိလို့ အခုလိုအော်ရတာလဲ။
"ဒီမှာဘာထိုင်လုပ်နေတာလဲ"
အခန်းထဲကထွက်လာတော့ လှေကားမှာ ဒူးကို
လက်နဲ့ပိုက်ကာ ငိုနေသောကြွေရုပ်ကိုတွေ့လိုက်
သည်။အသံလဲကြားရော ကျုပ်ကိုမော့ကြည့် ကာ လက်နှစ်ဖက်နဲ့မျက်ရည်တွေကိုပွတ်သုတ်ပြီး
ကျုပ်ရှေ့မှာ မတ်တပ်ပြန်ရပ်နေတယ်။
"ငိုမနေနဲ့တော့ ညစာစားဖို့ပြင်ပေးတော့"
ကြွေရုပ်ပါးထက်က မျက်ရည်တွေကို လက်ညိုးလေးနဲ့သုတ်ပေး၍ ခေါင်းကို လက်လေးနဲ့ပုတ်
လိုက်တော့ ကျုပ်ကို ပြုံးပြပြီး အောက်ထပ်ကို ဆင်းသွားတယ်။ ကျုပ်သူ့အပေါ် ရက်စက်မယ် လုပ်တိုင်း နှလုံးသားက လက်မခံဘူး။
"ဒါလေးစားကြည့်ပါလား ကျနော်ချက်ထားတာ"
"...."
"ဒါလေးပါစားကြည့် ကောင်းတယ်"
"...."
ကျနော့်ဘက်က ဘာပြောပြော ကိုစိုင်းကတော့ ဘာမှပြန်မပြောဘဲ ခေါင်းပဲညှိတ်ပြတယ်။
"ကျနော်မေးစရာရှိလို့ ဘာလို့ ကျနော့်ကို အပြင်
မထွက်ခိုင်းတာလဲ"
"ကျစ်! နားငြီးလိုက်တာ မင်းစကားမပြောဘဲ နေလို့မရဘူးလား အလုပ်မှာပင်ပန်းလို့အိမ်ပြန် လာရင် မင်းက ပူညံပူညံနဲ့ စောက်လုပ်ကိုရှုပ် တယ် ဒီနေ့ကစပြီး အပြင်ကိုထွက်ဖို့မစဉ်းစားနဲ့ ငါ့အမိန့်ကို
မဖီဆန်နဲ့ ငါ့ပြောစကားနားမထောင် ရင် အိမ်ပေါ်ကဆင်းသွား မင်းကိုလဲ ဘယ်သူကမှမတားဘူး"
"ကိုစိုင်း! ဘယ်လိုပြောလိုက်တာလဲ ကျနော်ကို ချစ်လို့ကြိုက်လို့ ကိုစိုင်းပဲ လက်ထပ်ယူထားတာ အခုလိုစကားမျိုးတော့ မပြောသင့်ဘူး"
"မပြောသင့်လဲ ပြောတယ်ကွာ ပြောတော့မင်းက ဘာလုပ်ချင်လဲ တောက်စ်! ထမင်းစားရတာလဲ ဘာအရသာမှမရှိဘူး ကြီးမြိုင်ဒါတွေကို
သိမ်းလိုက်တော့ မင်းဘာသာမင်းစားချင်ရင် တစ်ယောက်တည်းစား ငါတော့မစားတော့ဘူး"
"......."
ကိုစိုင်းထမင်းစားဝိုင်းက ထွက်သွားတာကြာ သော်လည်း ခုချိန်ထိ ကျနော်ကတော့ ထမင်းစား
ဝိုင်းက မထသေးပါ။ ငိုလွန်းလို့ မျက်ရည် တွေကလဲ ခမ်းခြောက်နေပြီထင်ပါရဲ့ ထပ်မထွက်လာတော့ဘူး။ ထမင်းစားဝိုင်းကထကာ စားထားသော
ပန်းကန်တစ်ခုချင်းစီကို ဆေးကြောပြီး ပန်းကန်
စင်ပေါ်မှာမှောက်ထားလိုက်သည်။
စာကြည့်ခန်းထဲက မီးရောင်လေးက လင်းလို့
နေတယ်။ ကြည့်ရတာ ကိုစိုင်းစာကြည့်ခန်းထဲမှာ ရှိနေသေးတယ်ထင်တယ်။ ကျနော်လဲ အပေါ်သို့
တက်လာ၍ အိပ်ယာထက်တွင်အိပ်စက်အနားယူ
လိုက်သည်။တစ်ရေးနိုး၍ အိပ်ယာ ထက်တွေ
ကိုစိုင်းကိုမတွေ့သဖြင့် စာကြည့်ခန်းထဲကို ဝင်လာလိုက်သည်။
ဆိုဖာထက်တွင် လက်ပေါ်ခေါင်းမှီကာ အိပ်စက် နေသော ကိုစိုင်းနားသို့သွားကာ စောင့်ခြုံပေး
လိုက်သည်။အိပ်ပျော်နေသော ကိုစိုင်းရဲ့ပါးပြင်
လေးကို ပွတ်သပ်ပြီး ကိုစိုင်းနိုးအလာကိုစောင့်
နေ လိုက်သည်။
ကျင်နေသော လက်တစ်ဖက်ကြောင့် နိုးလာခဲ့၍
ကျုပ်လက်ပေါ် ခေါင်းမှီပြီးအိပ်နေသော
ကောင်လေးကိုတွေ့လိုက်သည်။ အိပ်နေတဲ့ပုံလေးက အပြစ်ကင်းစင်နေတဲ့ကလေး တစ်ယောက်လိုပဲ။ကျုပ်ရဲ့ ကလေးလေး မနိုးအောင်ဆိုဖာပေါ်ကနေ
ဖြည်းဖြည်းလေး ထပြီး ကလေးရဲ့ခန္ဓာကိုယ်လေးကိုပွေ့ချီပြီး ကျုပ်ရဲ့ရင်ခွင်ထဲထည့်သိပ်လိုက်သည်။
"ကျွတ်!ကျွတ်!"
ကလေးနိုးသွားမှာဆိုးလို့ ကျုပ်မှာ သတိထားပြီး ဖြည်းဖြည်းလေးလုပ်ရတယ်။
မနက်မိုးလင်းတော့ ကိုစိုင်းရဲ့ရင်ခွင်ကျယ်ကြီးထဲ ရောက်နေတာကြောင့် တော်တော်လေးပျော်မိသွားတယ်။ကိုစိုင်းရဲ့ရင်ဘတ်ပေါ် လက်တင်၍ စမ်းနေမိပြီး အပေါ်ကိုမော့ကြည့်လိုက် တော့ ကျနော့်ကိုစိုက်
ကြည့်နေသောကိုစိုင်း။
"အား"
"အ့"
လန့်ပြီး ကိုစိုင်းကို တွန်းချလိုက်တာကြောင့်
ကြမ်းပြင်ပေါ်မှာ ဖင်ထိုင်လျက်သားကျသွား
သည်။နာသွားတယ်ထင်ပါရဲ့ ဖင်လေးကို လက်နဲ့ ပွတ်နေတယ်။
"ကိုယ့်ကို ဒီလိုကျေးဇူးပြန်ဆပ်တာပေါ့ ဟုတ်လား"
"မဟုတ်ပါဘူး ကျနော်က...."
ပြောနေရင်း ကျနော့်နားကပ်လာသောကိုစိုင်း
ကြောင့် စကားတွေလဲထစ်လို့နေသည်။
"ဘာလဲပြော..မင်းက ကိုယ့်ကိုမကြောက်တာလား မကြောက်ရင် ကြောက်အောင်လုပ်ပေး ရမှာပေါ့ အဟက်!"
စကားလဲဆုံးရော ကျနော့်လက်ကို အတင်းဆွဲကွာ အပေါ်ထပ်အခန်းထဲသို့ခေါ်သွားလေသည်။
လက်ကိုအတင်းဆွဲထားတာကြောင့်
လက်တစ်ခုလုံးလဲ နာလွန်းလို့ နီရဲနေသည်။
ဒါပေမယ့် ကိုစိုင်းသည် ကျနော့်ကိုဂရုတောင်
မစိုက်ဘဲ အတင်းဆွဲခေါ်သွားသည်။
"မင်းကမကြောက်တော့ ကိုယ်ကကြောက်
အောင်လုပ်ပေးရတာပေါ့"
မနက်၇နာရီ....
နမ်းရှိုက်နေသော နှုတ်ခမ်းသားတစ်စုံ၊ပွတ်သပ်နေသော လက်တစ်စုံ၊နီးကပ်လာသော ခန္ဓာကိုယ်၊မောဟိုက်နေသော အသက်ရှူသံ၊ နာကျင်လွန်း၍ အော်ငြီးသံတို့ဟာ အခန်းထဲတွင်ပြည့်နှက်လို့
နေသည်။
စိုင်းထက်ဉာဏ်pov: မင်းငိုနေတာမြင်ရင်
ကိုယ့်ရင်ဘတ်ထဲက မင်းနှင့်ထပ်တူနာကျင်
ရတယ်!
La Yaung Nge ( 24.4.2022)
အခ်ိန္ေတြၾကာလာေတာ့ အိမ္ေဝယ်ာဝစၥလုပ္ရတာက က်ေနာ့္အတြက္ပုံမွန္လိုျဖစ္လာတယ္။
မနက္အိပ္ယာမိုးလင္းရင္ ကိုစိုင္းအတြက္ မနက္စာျပင္ေပးၿပီး ႐ုံးသြားဖို႔အတြက္ျပင္ဆင္ ေပးရသည္။ ကိုစိုင္း႐ုံးသြားမွသာ အေပၚထပ္ကိုတက္ၿပီး ဆိုင္ကိုသြားဖို႔ျပင္ရသည္။ ညေနက်ေတာ့ ဆိုင္ကေန ေစာေစာျပန္လာကာ ကိုစိုင္းအတြက္ညစာခ်က္ရတယ္။ကိုစိုင္းျပန္လာရင္ ကိုစိုင္းရဲ႕ကိစၥေတြကို လုပ္ေပးၿပီးမွ ႏွစ္ေယာက္သားအတူတူနားရေတာ့သည္။ ကိုစိုင္းကလဲ က်ေနာ့္အေပၚဂ႐ုစိုက္ေပးေတာ့ က်ေနာ့္
အတြက္အဆင္ေျပတာေပါ့။ အခုလည္းဆိုင္သြားဖို႔ျပင္ရေတာ့မယ္။
က်ေနာ္ဆိုင္သြားဖို႔ တံခါးဖြင့္လိုက္တဲ့အခါ bodyguards အခ်ိဳ႕ကို တံခါးေရွ႕မွာေတြ႕လိုက္ ရတယ္။က်ေနာ္လည္း တံခါးကိုေက်ာ္ၿပီး
ၿခံတံခါးဖြင့္လိုက္ေတာ့ bodyguards ေတြက က်ေနာ့္ဆီေျပးလာကာ က်ေနာ့္ရဲ႕လက္တစ္
ဖက္ကို တစ္ေယာက္ခ်င္းစီဆြဲၿပီး အိမ္ထဲသို႔ ဆြဲေခၚသြားသည္။ က်ေနာ္႐ုန္းေသာ္လည္း သူတို႔က အင္အားမ်ားလြန္းတာေၾကာင့္ ႐ုန္းလို႔မရခဲ့ပါ။
"အ့.."
အိမ္ထဲေရာက္တာနဲ႔ က်ေနာ့္ကိုၾကမ္းျပင္ေပၚ ပစ္ခ်ၿပီး က်ေနာ့္ေရွ႕မွာ မတ္တပ္ရပ္ေနၾက
တယ္။က်ေနာ္လည္း ၾကမ္းျပင္ေပၚမွထ၍
မတ္တပ္ရပ္ကာ တံခါးဖြင့္မည္လုပ္ေတာ့ က်ေနာ့္ကိုတြန္းထုတ္ၾကသျဖင့္ ေနာက္တစ္ဖန္ ၾကမ္းျပင္
ေပၚသို႔ လဲက်သြားသည္။
"ခင္ဗ်ားတို႔ က်ေနာ့္ကိုဘာလုပ္တာလဲ"
"bossကေျပာထားတယ္ သခင္ေလးကို
အျပင္မထြက္ေစနဲ႔တဲ့"
"ငါ ကိုစိုင္းစီဖုန္းဆက္လိုက္အုန္းမယ္"
အိပ္ကပ္ထဲကဖုန္းကိုကိုင္ကာ ကိုစိုင္းစီဖုန္းေခၚ ေသာ္လည္း မကိုင္ပါ။ အစည္းအေဝးလုပ္ေနလို႔ ဖုန္းမကိုင္တာပဲေနမွာပါ။ နာရီဝက္ၾကာၿပီး
ေနာက္ ဖုန္းထပ္ဆက္ေသာ္လည္း မကိုင္ပါ။ အခု
တစ္ခါဆိုရင္ ဖုန္းပါစက္ပိတ္ထားသည္။
ဘာေၾကာင့္မို႔ က်ေနာ့္ဖုန္းကိုမကိုင္ရတာလဲ။ က်လာေသာမ်က္ရည္ေတြကို သုတ္ကာ လြယ္အိတ္ကိုယူ၍ အေပၚထပ္အခန္းထဲသို႔ တက္လာခဲ့သည္။
ထိုအျဖစ္အပ်က္အားလုံးကို စိုင္းထက္ဉာဏ္
တစ္ေယာက္ ကြန္ပ်ဴတာကေန ၾကည့္ေနခဲ့တာျဖစ္
သည္။သူ႔စိတ္ထဲတြင္ မိခင္ျဖစ္သူအတြက္ ကလဲ့စားျပန္ေခ်ေတာ့မွာျဖစ္တဲ့အတြက္
ေပ်ာ္ေနေသာ္လည္း ေႂကြ႐ုပ္အတြက္အနည္း
ငယ္ စိတ္မေကာင္းျဖစ္ေနမိတယ္။
"boss သခင္ေလးကိုဖုန္းျပန္ေခၚလိုက္ပါလား"
"ထားလိုက္"
"ဟုတ္ကဲ့"
ၾကည့္လက္စကြန္ပ်ဴတာကိုပိတ္ကာ ထိုင္ခုံေပၚ
တြင္မွီ၍ မ်က္လုံးေတြကိုမွိတ္ရင္း အနားယူ
လိုက္ေတာ့သည္။
မီးဖိုေခ်ာင္ထဲကေနေခ်ာင္းၾကည့္ေနေသာ
ေကာင္မေလးတစ္ေယာက္သည္ ထုံးစံအတိုင္း သူ႔အိပ္ကပ္ထဲကဖုန္းကိုထုတ္ကာ သူ႔မမေလး ဆီကို အေၾကာင္းအရာမွန္သမွ်ကို တင္ျပေနရသည္။ "ဟုတ္တယ္ မမေလး ေႂကြ႐ုပ္လႊာကို အျပင္ထြက္
ခြင့္ပိတ္လိုက္ၿပီ" တစ္ဖက္လူရဲ႕စကားသံေတြကေတာ့ အရမ္းကိုေပ်ာ္႐ႊင္ေနသလိုပဲ။
အခန္းထဲမွာေနလိုက္တာ ညေန၄နာရီေတာင္ရွိသြားၿပီပဲ။ ကိုစိုင္းမလာခင္ ေအာက္ထပ္ကိုဆင္းကာ ၿခံထဲက သူစိုက္ထားတဲ့ က်ဴးလစ္ပန္းေလးကို ေရေလာင္းေနသည္။ က်ဴးလစ္ပန္းေလးေတြကို
စိုက္ထားတာ ၃ရက္ေလာက္ပဲရွိတာမလို႔ ေျမေပၚမွာဘာမွမေတြ႕ရေသး။ က်ဴးလစ္ပန္းေလးေတြ အပင္ေတြေပၚမွာ အရမ္းျမတ္ႏိုးတာမလို႔
စိတ္ရွည္ရွည္နဲ႔ ေသေသခ်ာခ်ာေလးစိုက္
သည္။
ၿခံထဲမွာပန္းပင္ေတြကိုေရေလာင္းေနေသာ
ေကာင္ေလးကိုေတြ႕တာေၾကာင့္ အနည္းငယ္ၿပဳံးမိသြားသည္။ က်ဳပ္ရဲ႕ကား ၿခံထဲလဲဝင္လာေရာ
ေႂကြ႐ုပ္က က်ေနာ့္စီေျပးလာကာ က်ဳပ္စီက
အိတ္ကိုယူ၍ က်ဳပ္ကို စကားေျပာဖို႔လုပ္ေန
တုန္း...
"ကိုစိုင္း က်ေနာ္ေမး..."
"ပင္ပန္းလာလို႔ ေရခ်ိဳးေတာ့မယ္"
ေျပာၿပီး အခန္းထဲကိုဝင္လာခဲ့လိုက္တယ္။အခန္းထဲေရာက္တာနဲ႔ အဝတ္အစားေတြကို
ခြၽတ္ၿပီး အဝတ္ျခင္းထဲထည့္၍ ေရခ်ိဳးခန္းထဲ
ဝင္ခဲ့သည္။ စိတ္ေပါ့ပါးသြားေအာင္ ေခါင္းပါ ေလွ်ာ္လိုက္ၿပီး ေရခ်ိဳးခန္းထဲမွာ သီခ်င္းေလးၿငီးေနလိုက္သည္။ ေရခ်ိဳးခန္းထဲကထြက္လာေတာ့ ဘယ္ခ်ိန္ထဲက ေရာက္ေနမွန္းမသိတဲ့ ေႂကြ႐ုပ္က က်ဳပ္ဝတ္ဖို႔အဝတ္အစားေတြ
ထုတ္ေပးထားတယ္။ က်ဳပ္လည္း မ်က္ႏွာကို တည္ၿပီး သူ႔နားသြားလိုက္သည္။
"မိန္းကေလးလုပ္တဲ့အလုပ္ေတြလုပ္မေနစမ္းနဲ႔.."
ဟင္!ဘာကိုေျပာခ်င္တာလဲ။ဒီလိုကိစၥေတြက က်ေနာ္လုပ္ေနက်ပဲေလ။ခုမွ ကိုစိုင္းကဘာျဖစ္ ေနတာလဲ။
"ဘာျဖစ္လို႔လဲ ကိုစိုင္း..က်ေနာ္ဘာလုပ္မိလို႔လဲ က်ေနာ္က..."
"ဘာမွမဟုတ္ဘူး နားၿငီးတယ္
အခန္းထဲကထြက္သြားေတာ့!"
"ေအာက္ထပ္မွာေစာင့္ေနမယ္"
ကိုစိုင္းေအာ္လိုက္တာေၾကာင့္ အဝတ္အစားေတြကို ကုတင္ေပၚကာ အခန္းထဲက ျမန္ျမန္
ထြက္လာလိုက္သည္။ေျခေထာက္ေတြကလည္း
ယိုင္လာတာၾကာင့္ ေလွကားေပၚမွာတင္ထိုင္ကာ ငိုေႂကြးေနမိေတာ့တယ္။ ကိုစိုင္းက်ေနာ့္ကိုေအာ္ တာ ဒါပထမဆုံးအႀကိမ္ပဲ၊က်ေနာ္ဘာလုပ္မိလို႔ အခုလိုေအာ္ရတာလဲ။
"ဒီမွာဘာထိုင္လုပ္ေနတာလဲ"
အခန္းထဲကထြက္လာေတာ့ ေလွကားမွာ ဒူးကို
လက္နဲ႔ပိုက္ကာ ငိုေနေသာေႂကြ႐ုပ္ကိုေတြ႕လိုက္
သည္။အသံလဲၾကားေရာ က်ဳပ္ကိုေမာ့ၾကည့္ ကာ လက္ႏွစ္ဖက္နဲ႔မ်က္ရည္ေတြကိုပြတ္သုတ္ၿပီး
က်ဳပ္ေရွ႕မွာ မတ္တပ္ျပန္ရပ္ေနတယ္။
"ငိုမေနနဲ႔ေတာ့ ညစာစားဖို႔ျပင္ေပးေတာ့"
ေႂကြ႐ုပ္ပါးထက္က မ်က္ရည္ေတြကို လက္ညိဳးေလးနဲ႔သုတ္ေပး၍ ေခါင္းကို လက္ေလးနဲ႔ပုတ္
လိုက္ေတာ့ က်ဳပ္ကို ၿပဳံးျပၿပီး ေအာက္ထပ္ကို ဆင္းသြားတယ္။ က်ဳပ္သူ႔အေပၚ ရက္စက္မယ္ လုပ္တိုင္း ႏွလုံးသားက လက္မခံဘူး။
"ဒါေလးစားၾကည့္ပါလား က်ေနာ္ခ်က္ထားတာ"
"...."
"ဒါေလးပါစားၾကည့္ ေကာင္းတယ္"
"...."
က်ေနာ့္ဘက္က ဘာေျပာေျပာ ကိုစိုင္းကေတာ့ ဘာမွျပန္မေျပာဘဲ ေခါင္းပဲညႇိတ္ျပတယ္။
"က်ေနာ္ေမးစရာရွိလို႔ ဘာလို႔ က်ေနာ့္ကို အျပင္
မထြက္ခိုင္းတာလဲ"
"က်စ္! နားၿငီးလိုက္တာ မင္းစကားမေျပာဘဲ ေနလို႔မရဘူးလား အလုပ္မွာပင္ပန္းလို႔အိမ္ျပန္ လာရင္ မင္းက ပူညံပူညံနဲ႔ ေစာက္လုပ္ကိုရႈပ္ တယ္ ဒီေန႔ကစၿပီး အျပင္ကိုထြက္ဖို႔မစဥ္းစားနဲ႔ ငါ့အမိန႔္ကို
မဖီဆန္နဲ႔ ငါ့ေျပာစကားနားမေထာင္ ရင္ အိမ္ေပၚကဆင္းသြား မင္းကိုလဲ ဘယ္သူကမွမတားဘူး"
"ကိုစိုင္း! ဘယ္လိုေျပာလိုက္တာလဲ က်ေနာ္ကို ခ်စ္လို႔ႀကိဳက္လို႔ ကိုစိုင္းပဲ လက္ထပ္ယူထားတာ အခုလိုစကားမ်ိဳးေတာ့ မေျပာသင့္ဘူး"
"မေျပာသင့္လဲ ေျပာတယ္ကြာ ေျပာေတာ့မင္းက ဘာလုပ္ခ်င္လဲ ေတာက္စ္! ထမင္းစားရတာလဲ ဘာအရသာမွမရွိဘူး ႀကီးၿမိဳင္ဒါေတြကို
သိမ္းလိုက္ေတာ့ မင္းဘာသာမင္းစားခ်င္ရင္ တစ္ေယာက္တည္းစား ငါေတာ့မစားေတာ့ဘူး"
"......."
ကိုစိုင္းထမင္းစားဝိုင္းက ထြက္သြားတာၾကာ ေသာ္လည္း ခုခ်ိန္ထိ က်ေနာ္ကေတာ့ ထမင္းစား
ဝိုင္းက မထေသးပါ။ ငိုလြန္းလို႔ မ်က္ရည္ ေတြကလဲ ခမ္းေျခာက္ေနၿပီထင္ပါရဲ႕ ထပ္မထြက္လာေတာ့ဘူး။ ထမင္းစားဝိုင္းကထကာ စားထားေသာ
ပန္းကန္တစ္ခုခ်င္းစီကို ေဆးေၾကာၿပီး ပန္းကန္
စင္ေပၚမွာေမွာက္ထားလိုက္သည္။
စာၾကည့္ခန္းထဲက မီးေရာင္ေလးက လင္းလို႔
ေနတယ္။ ၾကည့္ရတာ ကိုစိုင္းစာၾကည့္ခန္းထဲမွာ ရွိေနေသးတယ္ထင္တယ္။ က်ေနာ္လဲ အေပၚသို႔
တက္လာ၍ အိပ္ယာထက္တြင္အိပ္စက္အနားယူ
လိုက္သည္။တစ္ေရးႏိုး၍ အိပ္ယာ ထက္ေတြ
ကိုစိုင္းကိုမေတြ႕သျဖင့္ စာၾကည့္ခန္းထဲကို ဝင္လာလိုက္သည္။
ဆိုဖာထက္တြင္ လက္ေပၚေခါင္းမွီကာ အိပ္စက္ ေနေသာ ကိုစိုင္းနားသို႔သြားကာ ေစာင့္ၿခဳံေပး
လိုက္သည္။အိပ္ေပ်ာ္ေနေသာ ကိုစိုင္းရဲ႕ပါးျပင္
ေလးကို ပြတ္သပ္ၿပီး ကိုစိုင္းႏိုးအလာကိုေစာင့္
ေန လိုက္သည္။
က်င္ေနေသာ လက္တစ္ဖက္ေၾကာင့္ ႏိုးလာခဲ့၍
က်ဳပ္လက္ေပၚ ေခါင္းမွီၿပီးအိပ္ေနေသာ
ေကာင္ေလးကိုေတြ႕လိုက္သည္။ အိပ္ေနတဲ့ပုံေလးက အျပစ္ကင္းစင္ေနတဲ့ကေလး တစ္ေယာက္လိုပဲ။က်ဳပ္ရဲ႕ ကေလးေလး မႏိုးေအာင္ဆိုဖာေပၚကေန
ျဖည္းျဖည္းေလး ထၿပီး ကေလးရဲ႕ခႏၶာကိုယ္ေလးကိုေပြ႕ခ်ီၿပီး က်ဳပ္ရဲ႕ရင္ခြင္ထဲထည့္သိပ္လိုက္သည္။
"ကြၽတ္!ကြၽတ္!"
ကေလးႏိုးသြားမွာဆိုးလို႔ က်ဳပ္မွာ သတိထားၿပီး ျဖည္းျဖည္းေလးလုပ္ရတယ္။
မနက္မိုးလင္းေတာ့ ကိုစိုင္းရဲ႕ရင္ခြင္က်ယ္ႀကီးထဲ ေရာက္ေနတာေၾကာင့္ ေတာ္ေတာ္ေလးေပ်ာ္မိသြားတယ္။ကိုစိုင္းရဲ႕ရင္ဘတ္ေပၚ လက္တင္၍ စမ္းေနမိၿပီး အေပၚကိုေမာ့ၾကည့္လိုက္ ေတာ့ က်ေနာ့္ကိုစိုက္
ၾကည့္ေနေသာကိုစိုင္း။
"အား"
"အ့"
လန႔္ၿပီး ကိုစိုင္းကို တြန္းခ်လိုက္တာေၾကာင့္
ၾကမ္းျပင္ေပၚမွာ ဖင္ထိုင္လ်က္သားက်သြား
သည္။နာသြားတယ္ထင္ပါရဲ႕ ဖင္ေလးကို လက္နဲ႔ ပြတ္ေနတယ္။
"ကိုယ့္ကို ဒီလိုေက်းဇူးျပန္ဆပ္တာေပါ့ ဟုတ္လား"
"မဟုတ္ပါဘူး က်ေနာ္က...."
ေျပာေနရင္း က်ေနာ့္နားကပ္လာေသာကိုစိုင္း
ေၾကာင့္ စကားေတြလဲထစ္လို႔ေနသည္။
"ဘာလဲေျပာ..မင္းက ကိုယ့္ကိုမေၾကာက္တာလား မေၾကာက္ရင္ ေၾကာက္ေအာင္လုပ္ေပး ရမွာေပါ့ အဟက္!"
စကားလဲဆုံးေရာ က်ေနာ့္လက္ကို အတင္းဆြဲကြာ အေပၚထပ္အခန္းထဲသို႔ေခၚသြားေလသည္။
လက္ကိုအတင္းဆြဲထားတာေၾကာင့္
လက္တစ္ခုလုံးလဲ နာလြန္းလို႔ နီရဲေနသည္။
ဒါေပမယ့္ ကိုစိုင္းသည္ က်ေနာ့္ကိုဂ႐ုေတာင္
မစိုက္ဘဲ အတင္းဆြဲေခၚသြားသည္။
"မင္းကမေၾကာက္ေတာ့ ကိုယ္ကေၾကာက္
ေအာင္လုပ္ေပးရတာေပါ့"
မနက္၇နာရီ....
နမ္းရႈိက္ေနေသာ ႏႈတ္ခမ္းသားတစ္စုံ၊ပြတ္သပ္ေနေသာ လက္တစ္စုံ၊နီးကပ္လာေသာ ခႏၶာကိုယ္၊ေမာဟိုက္ေနေသာ အသက္ရွဴသံ၊ နာက်င္လြန္း၍ ေအာ္ၿငီးသံတို႔ဟာ အခန္းထဲတြင္ျပည့္ႏွက္လို႔
ေနသည္။
စိုင္းထက္ဉာဏ္pov: မင္းငိုေနတာျမင္ရင္
ကိုယ့္ရင္ဘတ္ထဲက မင္းႏွင့္ထပ္တူနာက်င္
ရတယ္!
La Yaung Nge ( 24.4.2022)