ငါ့ထက်ပိုပြီး ပျော်ပါစေ

By PoRoRo0812

7.9K 848 23

Title - Be Happier Than Me Author -慕了侠 Type - Web novel Genre - Shounen Ai, Slice of life, Tragedy Status - 5... More

အခန်း ၁
အခန်း ၃
အခန်း ၄
အခန်း၅ (final)

အခန်း ၂

941 151 0
By PoRoRo0812

Be happier than me

အခန်း ၂ : အတိတ်ဆိုတာ တိမ်လိုပဲ

လီချန်နှင့် လီရွေ့တို့က ညီအကိုများမဟုတ်ကြပေမယ့် မျိုးရိုးနာမည်တူကြပြီး ငယ်စဉ်ကပင် မိဘများက အချင်းချင်းလည်း သိကြသည်။

ဘန်ဂလိုတွင် နေထိုင်ကြသည့် မိသားစုနှစ်စုက ခြံဝင်းတစ်ခုတည်းတွင် နေထိုင်ကြသည်။ ဘန်ဂလိုများ ဖြိုဖျက်ပြီးနောက် တူညီတဲ့ အဆောက်အအုံသို့ ပြောင်းရွှေ့နေထိုင်ကြပြီး မျက်နှာချင်းဆိုင် တိုက်ခန်းများတွင် နေထိုင်ကြသည်။

မိခင်နှစ်ယောက်က ကိုယ်ဝန်ရှိလာတဲ့အခါ ဇနီးမောင်နှံနှစ်တွဲက သူတို့ရဲ့ဗိုက်ထဲရှိ ကလေးငယ်များကို လက်ထပ်ထိမ်းမြားရန် စီစဉ်မည့်အကြောင်းကို မကြာခဏ နောက်ပြောင်ပြောဆိုကြသည်။

လီရွေ့က လီချန်ထက် တစ်လခွဲစောပြီး မွေးသောကြောင့် သူ့ကိုယ်သူ လီချန်ရဲ့အစ်ကိုကြီးအဖြစ် အမြဲမှတ်ယူသည်။ လီချန်နဲ့ကစားတဲ့အခါ သူပြောသမျှကို နားထောင်သည်။

ထို့အပြင် သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက ခွဲခွာခြင်း မရှိခဲ့ပေ။ သူငယ်တန်းကနေ တက္ကသိုလ်အထိ ကျောင်းအတူတူတက်ကြသည်။ နောက်ပိုင်းမှာ လီရွေ့ရဲ့အဖွားက သူတို့အလုပ်လုပ်နေတဲ့ လက်ရှိဆေးရုံမှာ နေရာကောင်းတွေရအောင် ကူညီပေးခဲ့သည်။

လီချန်က အသက်ဆယ့်သုံးနှစ်သားအရွယ်တွင် ကမ်းခြေ၌ နွေရာသီအားလပ်ရက် အပန်းဖြေခရီးတွင် လီရွေ့အပေါ် ပုံမှန်မဟုတ်သောခံစားချက်ရှိနေကြောင်း တွေ့ရှိခဲ့သည်။ မိုးပြာရောင်ကောင်းကင်အောက်တွင် ကြည်လင်သောရေနှင့် နူးညံ့တဲ့ သဲသောင်ပြင်များရှိသည်။ လီရွေ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက လှစ်ဟထားပြီး သူ့မျက်နှာပေါ်ရှိအပြုံးက နေရောင်ထက် ပိုတောက်ပနေသည်။

လီချန်ရဲ့နှလုံးခုန်သံက တစ်နေ့လုံး မြန်နေပြီး လီရွေ့ရဲ့ပြုံးနေတဲ့ မျက်နှာကို မကြည့်ရဲသော်လည်း နောက်ပိုင်းမှာ သူ့ကို အနှောင့်အယှက်ပေးနေတဲ့ ငါးတစ်ကောင်လို ဖြစ်လာသည်။

လီရွေ့ရဲ့လက်ချောင်းထိပ်တွေက သူရဲ့ ပူနွေးတဲ့အရေပြားကို ထိလိုက်တဲ့အခါ အနည်းငယ် တုန်လှုပ်သွားပြီး သူ့ကိုယ်သူ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားသည်။

နောက်ဆုံးမှာတော့ လီရွေ့က သူ့ချက်ကို မတော်တဆ ထိမိတဲ့အခါ သူ့ခန္ဓာကိုယ်က တုံ့ပြန်ခဲ့သည်။

အရှက်ကင်းမဲ့ပြီး ယုတ်မာတဲ့ခံစားချက်က သူ့ကို နွေရာသီအားလပ်ရက်တစ်လျှောက်လုံး အပြစ်မကင်းဖြစ်ကာ နှိပ်စက်ညှဉ်းပန်းနေခဲ့သည်။

သူအိမ်ပြန်ရောက်တဲ့အခါ လီရွေ့နဲ့ မကစားတော့ပေ။ ထိုအစား သူ့အခန်းထဲမှာ နေပြီး သတင်းအချက်အလက်တွေကို အွန်လိုင်းမှာ ရှာဖွေရင်း နောက်ဆုံးတော့ သူက တခြားယောက်ျားလေးတွေနဲ့ မတူကာ ကောင်မလေးတွေကို မကြိုက်ပဲ သူ့ဘေးက လူကို ကြိုက်နေခဲ့သည်။

သူတို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးခဲ့ကြပေမယ့် တစ်ချိန်တည်းမှာပဲ သူတို့ဟာ ကမ္ဘာတွေခြားသွားခဲ့ကြသည်။။ ဟုတ်တယ် ဒါက သူတို့ကြားက အကွာအဝေးပဲ။ ဒီဘဝမှာ ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ထိုအချက်ကို သိရှိပြီးနောက် လီချန်က အလွန်စိတ်ဓာတ်ကျသွားခဲ့သည်။ သူ ဘယ်လိုဖြစ်သွားလဲ နားမလည်ခဲ့သလို နောက်ပိုင်းမှာ လီရွေ့နဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဖို့ သတ္တိမရှိတော့ပေ။

သို့သော် သူဘာပဲလုပ်လုပ် ဒီအခြေအနေကို မပြောင်းလဲနိုင်သေးပေ။ သူ အထီးကျန်နေတိုင်း လီရွေ့က နတ်ဆိုးတစ်ကောင်လို သူ့စိတ်ထဲမှာ အမြဲရှိနေတတ်သည်။

နောက်ပိုင်းတွင် လီရွေ့ရဲ့ အဆက်မပြတ် နှောင့်ယှက်မှုကို မခံမရပ်နိုင်ဖြစ်ပြီး လက်နက်ချကာ သူနှင့်အတူ တနေကုန်နေလိုက်ရတော့သည်။

သူ့ကိုယ်သူ ပြောလိုက်သည်။

 "မေ့လိုက်ပါ။ သူ့နောက်ကလိုက်၊ သူ့ကိုစောင့်ကြည့်၊ သူ့ကိုကူညီ၊ သူ့ကိုကာကွယ်ကြစို့ "သူ့ကို ဘာမှ မပြောသရွေ့၊ သူ့ကိုမကြောက်သရွေ့၊ သူ့ကို ရှက်ရွံမရွံရှာသရွေ့ လုံလောက်ပြီ။

လီရွေ့က အသက်ဆယ့်လေးနှစ်တွင် သူ၏ပထမဆုံးရည်းစားထားခဲ့ပြီး ထိုနေ့တွင် လီချန်ကိုတွေ့ရန်ခေါ်သွားခဲ့သည်။ လီရွေ့ရဲ့ ပီတိဖြစ်နေတဲ့အမူအရာကိုမြင်လိုက်ရတဲ့အခါ လီချန်က လည်ချောင်းထဲတွင် ဆို့နင့်လာကာ သူ့ကိုယ်သူ အလျင်စလို အကြောင်းပြလိုက်သည်။

ထိုအချိန်မှစကာ လီရွေ့က နှစ်လတောင်မကြာတဲ့ ရည်းစားများကို ပုံမှန်ပြောင်းလဲခဲ့သည်။ လီရွေ့ရဲ့ပေါ့ပေါ့ပါးပါး အပြုအမူကို မြင်လိုက်ရတော့ လီချန်ကတဖြည်းဖြည်း ကျင့်သားရလာသည်။

အထက်တန်းကျောင်း တတိယနှစ် ရောက်သည့်တိုင်အောင် လီရွေ့က တက္ကသိုလ်အလှနတ်သမီး လျှိုမန်ဖန်း နှင့် ချစ်မိသွားခဲ့သည်။ သူသည် အရင်လိုမဟုတ်ပဲ အလေးအနက်ထားပြီး နောက်ဆုံးတွင် သူ၏အချစ်စစ်ကို တွေ့ရှိခဲ့ကြောင်း လီချန်အား ကျိန်ဆိုခဲ့သည်။

(T/N: အခန်း ၁ထဲကလျှိုရှောင်းဟွာ နဲ့ အခု လျှိုမန်ဖန်းက လူချင်းအတူတူလားဆိုတာ မသေချာပါဘူး။ စာရေးဆရာက ဘာမှ မပြောဘူးဆိုတော့ သူတို့က မတူတဲ့လူတွေလို့ပဲ ယူဆကြည့်ရအောင်)

လီချန်က ဒီသတင်းကိုကြားတော့ အံ့သြသွားခဲ့သည်။ ထို့နောက် သူ့အခန်းသို့ ပြန်လာပြီး ဒိုင်ယာရီတွင် ရေးရင်း မျက်ရည်ကျခဲ့သည်။ လီရွေ့ နှင့် လျှိုမန်ဖန်းတို့က တစ်နှစ်ပတ်လုံး ကြာမြင့်ခဲ့ပြီး ထိုအချိန်တွင် လီချန်က လမ်းခွဲခံထားရတဲ့ ဇနီးသည်ကဲ့သို့ စိတ်ပျက်လက်ပျက်နှင့် ဒေါသထွက်နေခဲ့သည်။

မမျှော်လင့်ဘဲ ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်မီ ရက်အနည်းငယ်အလိုတွင် လျှိုမန်ဖန်းက အခြားတစ်ယောက်နှင့် ချစ်မိနေပြီဟု ဆိုကာ လီရွေ့နဲ့ ရုတ်တရက် လမ်းခွဲခဲ့သည်။ လီရွေ့က ဒေါသတကြီးနဲ့ ကောင်လေးကိုရိုက်ဖို့ ကောင်လေးရဲ့ကျောင်းကို သွားခဲ့သည်။ ရလဒ်ကတော့ သူက ဆယ့်ငါးရက်ကြာ ထိန်းသိမ်းခံခဲ့ရပြီး ငွေအမြောက်အမြား ဆုံးရှုံးခဲ့ရသည်။

မူလက လီရွေ့ရဲ့ ရလဒ်များဖြင့် ထင်းဟွာ သို့မဟုတ်  ပီကင်းတက္ကသိုလ်သို့ ဝင်ခွင့်ရဖို့ ပြဿနာမရှိသော်လည်း ထိုဖြစ်ရပ်အပြီးတွင် သူ့ရဲ့ရလဒ်က အစမ်းစာမေးပွဲများတွင် အမှတ်၁၀၀ ကျော်ဖြင့်သာ ကွဲပြားသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် လီရွေ့ရဲ့အဘွားက အဆက်အသွယ်များစွာရှိခဲ့ပြီး ဆေးကျောင်းတစ်ခုတွင် သူ့အတွက် နေရာတစ်ခုရနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ နှစ်လမပြည့်တဲ့ ချစ်သူရည်းစားများ ထားတဲ့ အလေ့အထကို ဆက်လက်ပြုလုပ်ခဲ့သည်။

လီချန်ကိုပြန်ကြည့်လိုက်တော့ ၂၈နှစ်ရှိပြီဖြစ်နေပေမယ့် relationshipအကြောင်း တစ်ခါမှ မပြောခဲ့ဖူးပေ။  သူ့မိဘတွေစီစဉ်တဲ့ blind datesတွေကို တက်ရောက်တာ နည်းပါးသည်။

"သူက မိန်းကလေးတွေကို မကြိုက်မှတော့ ဘာလို့ တခြားသူတွေကို နှောင့်နှေးစေရမှာလဲ။ ရှင်းရှင်းပြောရရင် မစတင်တာက ပိုကောင်းပါတယ်"

လီချန်က တစ်စုံတစ်ဦးကိုရှာဖွေရန် မျှော်လင့်ချက်ဖြင့် လိင်တူချစ်သူဘားအချို့ကို သွားရောက်လည်ပတ်ခဲ့သော်လည်း အနည်းငယ်ကြိုးစားပြီးနောက် လီရွေ့မှလွဲ၍ အခြားမည်သူ့ကိုမျှ စိတ်မဝင်စားကြောင်း သူသဘောပေါက်ခဲ့သည်။

နောက်ဆုံးတော့ သူလက်လျှော့လိုက်သည်။ ဒီဘဝမှာ သူ့နှလုံးသားထဲမှာ လီရွေ့သာ ရှိနိုင်ပုံပါပဲ။ သို့သော်လည်း လီရွေ့ကလည်း သာမန်သူငယ်ချင်းတစ်ယောက်လို ပြုမူခြင်းမရှိပေ။

သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူပြောခဲ့တဲ့ စကားတွေ နဲ့ ဟာသတွေက ပုံမှန်ဖြစ်ပေမယ့်... အဲဒီ့ခံစားချက်ကို ဘယ်လိုဖော်ပြမလဲ။

အသိုက်ထဲက လင်းယုန်ငယ်လေးကို ကာကွယ်ဖို့ အတောင်ပံဖွင့်ထားတဲ့ မိခင်လင်းယုန်တစ်ကောင်လိုပါပဲ။ အကောင်ငယ်လေးကို လုံးဝမထိခိုက်မိပါစေနဲ့။

တစ်ခါတစ်ရံတွင် လီချန်က လီရွေ့က သူ့ကို အလွန်အကျွံကာကွယ်နေပြီး မရှင်းမလင်းတဲ့နည်းလမ်းဖြစ်နေတယ်လို့ ခံစားနေရသည်။ လီရွေ့ကိုယ်တိုင်က မသိနိုင်ပေမယ့် လီချန်က ဒါကို သဘောကျသည်။

ဒါက သူ့မသိစိတ်ထဲကနေ သူ့ကို ချစ်မိနေလို့ ဂရုစိုက်ပြီးစောင့်ရှောက်ပေးတာများ ဖြစ်နိုင်မလား။

အချစ်ဆိုတာဘာလဲ။ လီချန်က အကြိမ်များစွာ တွေးခဲ့ဖူးသည်။ ပြောဆိုဖို့၊ ပေးဆပ်ဖို့၊ ပိုင်ဆိုင်ဖို့ ဒါမှမဟုတ် လက်လွှတ်လိုက်ဖို့လား။

လီရွေ့အပေါ် သူ့ရဲ့ခံစားချက်တွေလိုပဲ အချစ်က အကူအညီမဲ့ပြီး စွမ်းအားမရှိတာလည်း ဖြစ်နိုင်သည်။

Be happier than me

အခန္း ၂ : အတိတ္ဆိုတာ တိမ္လိုပဲ

လီခ်န္ႏွင့္ လီေ႐ြ႕တို႔က ညီအကိုမ်ားမဟုတ္ၾကေပမယ့္ မ်ိဳး႐ိုးနာမည္တူၾကၿပီး ငယ္စဥ္ကပင္ မိဘမ်ားက အခ်င္းခ်င္းလည္း သိၾကသည္။

ဘန္ဂလိုတြင္ ေနထိုင္ၾကသည့္ မိသားစုႏွစ္စုက ျခံဝင္းတစ္ခုတည္းတြင္ ေနထိုင္ၾကသည္။ ဘန္ဂလိုမ်ား ၿဖိဳဖ်က္ၿပီးေနာက္ တူညီတဲ့ အေဆာက္အအုံသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ၾကၿပီး မ်က္ႏွာခ်င္းဆိုင္ တိုက္ခန္းမ်ားတြင္ ေနထိုင္ၾကသည္။

မိခင္ႏွစ္ေယာက္က ကိုယ္ဝန္႐ွိလာတဲ့အခါ ဇနီးေမာင္ႏွံႏွစ္တြဲက သူတို႔ရဲ႕ဗိုက္ထဲ႐ွိ ကေလးငယ္မ်ားကို လက္ထပ္ထိမ္းျမားရန္ စီစဥ္မည့္အေၾကာင္းကို မၾကာခဏ ေနာက္ေျပာင္ေျပာဆိုၾကသည္။

လီေ႐ြ႕က လီခ်န္ထက္ တစ္လခြဲေစာၿပီး ေမြးေသာေၾကာင့္ သူ႕ကိုယ္သူ လီခ်န္ရဲ႕အစ္ကိုႀကီးအျဖစ္ အၿမဲမွတ္ယူသည္။ လီခ်န္နဲ႔ကစားတဲ့အခါ သူေျပာသမွ်ကို နားေထာင္သည္။

ထို႔အျပင္ သူတို႔ႏွစ္ဦးသည္ ငယ္စဥ္ကတည္းက ခြဲခြာျခင္း မ႐ွိခဲ့ေပ။ သူငယ္တန္းကေန တကၠသိုလ္အထိ ေက်ာင္းအတူတူတက္ၾကသည္။ ေနာက္ပိုင္းမွာ လီေ႐ြ႕ရဲ႕အဖြားက သူတို႔အလုပ္လုပ္ေနတဲ့ လက္႐ွိေဆး႐ုံမွာ ေနရာေကာင္းေတြရေအာင္ ကူညီေပးခဲ့သည္။

လီခ်န္က အသက္ဆယ့္သုံးႏွစ္သားအ႐ြယ္တြင္ ကမ္းေျခ၌ ေႏြရာသီအားလပ္ရက္ အပန္းေျဖခရီးတြင္ လီေ႐ြ႕အေပၚ ပုံမွန္မဟုတ္ေသာခံစားခ်က္႐ွိေနေၾကာင္း ေတြ႕႐ွိခဲ့သည္။ မိုးျပာေရာင္ေကာင္းကင္ေအာက္တြင္ ၾကည္လင္ေသာေရႏွင့္ ႏူးညံ့တဲ့ သဲေသာင္ျပင္မ်ား႐ွိသည္။ လီေ႐ြ႕ရဲ႕ ခႏၶာကိုယ္အေပၚပိုင္းက လွစ္ဟထားၿပီး သူ႕မ်က္ႏွာေပၚ႐ွိအျပဳံးက ေနေရာင္ထက္ ပိုေတာက္ပေနသည္။

လီခ်န္ရဲ႕ႏွလုံးခုန္သံက တစ္ေန႔လုံး ျမန္ေနၿပီး လီေ႐ြ႕ရဲ႕ျပဳံးေနတဲ့ မ်က္ႏွာကို မၾကည့္ရဲေသာ္လည္း ေနာက္ပိုင္းမွာ သူ႕ကို အေႏွာင့္အယွက္ေပးေနတဲ့ ငါးတစ္ေကာင္လို ျဖစ္လာသည္။

လီေ႐ြ႕ရဲ႕လက္ေခ်ာင္းထိပ္ေတြက သူရဲ႕ ပူေႏြးတဲ့အေရျပားကို ထိလိုက္တဲ့အခါ အနည္းငယ္ တုန္လႈပ္သြားၿပီး သူ႕ကိုယ္သူ ထိန္းမႏိုင္သိမ္းမႏိုင္ ျဖစ္သြားသည္။

ေနာက္ဆုံးမွာေတာ့ လီေ႐ြ႕က သူ႕ခ်က္ကို မေတာ္တဆ ထိမိတဲ့အခါ သူ႕ခႏၶာကိုယ္က တုံ႔ျပန္ခဲ့သည္။

အ႐ွက္ကင္းမဲ့ၿပီး ယုတ္မာတဲ့ခံစားခ်က္က သူ႕ကို ေႏြရာသီအားလပ္ရက္တစ္ေလွ်ာက္လုံး အျပစ္မကင္းျဖစ္ကာ ႏွိပ္စက္ညႇဥ္းပန္းေနခဲ့သည္။

သူအိမ္ျပန္ေရာက္တဲ့အခါ လီေ႐ြ႕နဲ႔ မကစားေတာ့ေပ။ ထိုအစား သူ႕အခန္းထဲမွာ ေနၿပီး သတင္းအခ်က္အလက္ေတြကို အြန္လိုင္းမွာ ႐ွာေဖြရင္း ေနာက္ဆုံးေတာ့ သူက တျခားေယာက်္ားေလးေတြနဲ႔ မတူကာ ေကာင္မေလးေတြကို မႀကိဳက္ပဲ သူ႕ေဘးက လူကို ႀကိဳက္ေနခဲ့သည္။

သူတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းရင္းႏွီးခဲ့ၾကေပမယ့္ တစ္ခ်ိန္တည္းမွာပဲ သူတို႔ဟာ ကမ႓ာေတြျခားသြားခဲ့ၾကသည္။။ ဟုတ္တယ္ ဒါက သူတို႔ၾကားက အကြာအေဝးပဲ။ ဒီဘဝမွာ ျဖတ္ေက်ာ္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။

ထိုအခ်က္ကို သိ႐ွိၿပီးေနာက္ လီခ်န္က အလြန္စိတ္ဓာတ္က်သြားခဲ့သည္။ သူ ဘယ္လိုျဖစ္သြားလဲ နားမလည္ခဲ့သလို ေနာက္ပိုင္းမွာ လီေ႐ြ႕နဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕ဖို႔ သတၱိမ႐ွိေတာ့ေပ။

သို႔ေသာ္ သူဘာပဲလုပ္လုပ္ ဒီအေျခအေနကို မေျပာင္းလဲႏိုင္ေသးေပ။ သူ အထီးက်န္ေနတိုင္း လီေ႐ြ႕က နတ္ဆိုးတစ္ေကာင္လို သူ႕စိတ္ထဲမွာ အၿမဲ႐ွိေနတတ္သည္။

ေနာက္ပိုင္းတြင္ လီေ႐ြ႕ရဲ႕ အဆက္မျပတ္ ေႏွာင့္ယွက္မႈကို မခံမရပ္ႏိုင္ျဖစ္ၿပီး လက္နက္ခ်ကာ သူႏွင့္အတူ တေနကုန္ေနလိုက္ရေတာ့သည္။

သူ႕ကိုယ္သူ ေျပာလိုက္သည္။

 "ေမ့လိုက္ပါ။ သူ႕ေနာက္ကလိုက္၊ သူ႕ကိုေစာင့္ၾကည့္၊ သူ႕ကိုကူညီ၊ သူ႕ကိုကာကြယ္ၾကစို႔ "သူ႕ကို ဘာမွ မေျပာသေ႐ြ႕၊ သူ႕ကိုမေၾကာက္သေ႐ြ႕၊ သူ႕ကို ႐ွက္႐ြံမ႐ြံ႐ွာသေ႐ြ႕ လုံေလာက္ၿပီ။

လီေ႐ြ႕က အသက္ဆယ့္ေလးႏွစ္တြင္ သူ၏ပထမဆုံးရည္းစားထားခဲ့ၿပီး ထိုေန႔တြင္ လီခ်န္ကိုေတြ႕ရန္ေခၚသြားခဲ့သည္။ လီေ႐ြ႕ရဲ႕ ပီတိျဖစ္ေနတဲ့အမူအရာကိုျမင္လိုက္ရတဲ့အခါ လီခ်န္က လည္ေခ်ာင္းထဲတြင္ ဆို႔နင့္လာကာ သူ႕ကိုယ္သူ အလ်င္စလို အေၾကာင္းျပလိုက္သည္။

ထိုအခ်ိန္မွစကာ လီေ႐ြ႕က ႏွစ္လေတာင္မၾကာတဲ့ ရည္းစားမ်ားကို ပုံမွန္ေျပာင္းလဲခဲ့သည္။ လီေ႐ြ႕ရဲ႕ေပါ့ေပါ့ပါးပါး အျပဳအမူကို ျမင္လိုက္ရေတာ့ လီခ်န္ကတျဖည္းျဖည္း က်င့္သားရလာသည္။

အထက္တန္းေက်ာင္း တတိယႏွစ္ ေရာက္သည့္တိုင္ေအာင္ လီေ႐ြ႕က တကၠသိုလ္အလွနတ္သမီး လွ်ိဳမန္ဖန္း ႏွင့္ ခ်စ္မိသြားခဲ့သည္။ သူသည္ အရင္လိုမဟုတ္ပဲ အေလးအနက္ထားၿပီး ေနာက္ဆုံးတြင္ သူ၏အခ်စ္စစ္ကို ေတြ႕႐ွိခဲ့ေၾကာင္း လီခ်န္အား က်ိန္ဆိုခဲ့သည္။

(T/N: အခန္း ၁ထဲကလွ်ိဳေ႐ွာင္းဟြာ နဲ႔ အခု လွ်ိဳမန္ဖန္းက လူခ်င္းအတူတူလားဆိုတာ မေသခ်ာပါဘူး။ စာေရးဆရာက ဘာမွ မေျပာဘူးဆိုေတာ့ သူတို႔က မတူတဲ့လူေတြလို႔ပဲ ယူဆၾကည့္ရေအာင္)

လီခ်န္က ဒီသတင္းကိုၾကားေတာ့ အံ့ၾသသြားခဲ့သည္။ ထို႔ေနာက္ သူ႕အခန္းသို႔ ျပန္လာၿပီး ဒိုင္ယာရီတြင္ ေရးရင္း မ်က္ရည္က်ခဲ့သည္။ လီေ႐ြ႕ ႏွင့္ လွ်ိဳမန္ဖန္းတို႔က တစ္ႏွစ္ပတ္လုံး ၾကာျမင့္ခဲ့ၿပီး ထိုအခ်ိန္တြင္ လီခ်န္က လမ္းခြဲခံထားရတဲ့ ဇနီးသည္ကဲ့သို႔ စိတ္ပ်က္လက္ပ်က္ႏွင့္ ေဒါသထြက္ေနခဲ့သည္။

မေမွ်ာ္လင့္ဘဲ ေကာလိပ္ဝင္ခြင့္စာေမးပြဲမတိုင္မီ ရက္အနည္းငယ္အလိုတြင္ လွ်ိဳမန္ဖန္းက အျခားတစ္ေယာက္ႏွင့္ ခ်စ္မိေနၿပီဟု ဆိုကာ လီေ႐ြ႕နဲ႔ ႐ုတ္တရက္ လမ္းခြဲခဲ့သည္။ လီေ႐ြ႕က ေဒါသတႀကီးနဲ႔ ေကာင္ေလးကို႐ိုက္ဖို႔ ေကာင္ေလးရဲ႕ေက်ာင္းကို သြားခဲ့သည္။ ရလဒ္ကေတာ့ သူက ဆယ့္ငါးရက္ၾကာ ထိန္းသိမ္းခံခဲ့ရၿပီး ေငြအေျမာက္အျမား ဆုံး႐ႈံးခဲ့ရသည္။

မူလက လီေ႐ြ႕ရဲ႕ ရလဒ္မ်ားျဖင့္ ထင္းဟြာ သို႔မဟုတ္  ပီကင္းတကၠသိုလ္သို႔ ဝင္ခြင့္ရဖို႔ ျပႆနာမ႐ွိေသာ္လည္း ထိုျဖစ္ရပ္အၿပီးတြင္ သူ႕ရဲ႕ရလဒ္က အစမ္းစာေမးပြဲမ်ားတြင္ အမွတ္၁၀၀ ေက်ာ္ျဖင့္သာ ကြဲျပားသြားခဲ့သည္။

ကံေကာင္းေထာက္မစြာျဖင့္ လီေ႐ြ႕ရဲ႕အဘြားက အဆက္အသြယ္မ်ားစြာ႐ွိခဲ့ၿပီး ေဆးေက်ာင္းတစ္ခုတြင္ သူ႕အတြက္ ေနရာတစ္ခုရႏိုင္ခဲ့သည္။ ထိုအခ်ိန္မွစ၍ ႏွစ္လမျပည့္တဲ့ ခ်စ္သူရည္းစားမ်ား ထားတဲ့ အေလ့အထကို ဆက္လက္ျပဳလုပ္ခဲ့သည္။

လီခ်န္ကိုျပန္ၾကည့္လိုက္ေတာ့ ၂၈ႏွစ္႐ွိၿပီျဖစ္ေနေပမယ့္ relationshipအေၾကာင္း တစ္ခါမွ မေျပာခဲ့ဖူးေပ။  သူ႕မိဘေတြစီစဥ္တဲ့ blind datesေတြကို တက္ေရာက္တာ နည္းပါးသည္။

"သူက မိန္းကေလးေတြကို မႀကိဳက္မွေတာ့ ဘာလို႔ တျခားသူေတြကို ေႏွာင့္ေႏွးေစရမွာလဲ။ ႐ွင္း႐ွင္းေျပာရရင္ မစတင္တာက ပိုေကာင္းပါတယ္"

လီခ်န္က တစ္စုံတစ္ဦးကို႐ွာေဖြရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ လိင္တူခ်စ္သူဘားအခ်ိဳ႕ကို သြားေရာက္လည္ပတ္ခဲ့ေသာ္လည္း အနည္းငယ္ႀကိဳးစားၿပီးေနာက္ လီေ႐ြ႕မွလြဲ၍ အျခားမည္သူ႕ကိုမွ် စိတ္မဝင္စားေၾကာင္း သူသေဘာေပါက္ခဲ့သည္။

ေနာက္ဆုံးေတာ့ သူလက္ေလွ်ာ့လိုက္သည္။ ဒီဘဝမွာ သူ႕ႏွလုံးသားထဲမွာ လီေ႐ြ႕သာ ႐ွိႏိုင္ပုံပါပဲ။ သို႔ေသာ္လည္း လီေ႐ြ႕ကလည္း သာမန္သူငယ္ခ်င္းတစ္ေယာက္လို ျပဳမူျခင္းမ႐ွိေပ။

သူ႕ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ သူေျပာခဲ့တဲ့ စကားေတြ နဲ႔ ဟာသေတြက ပုံမွန္ျဖစ္ေပမယ့္... အဲဒီ့ခံစားခ်က္ကို ဘယ္လိုေဖာ္ျပမလဲ။

အသိုက္ထဲက လင္းယုန္ငယ္ေလးကို ကာကြယ္ဖို႔ အေတာင္ပံဖြင့္ထားတဲ့ မိခင္လင္းယုန္တစ္ေကာင္လိုပါပဲ။ အေကာင္ငယ္ေလးကို လုံးဝမထိခိုက္မိပါေစနဲ႔။

တစ္ခါတစ္ရံတြင္ လီခ်န္က လီေ႐ြ႕က သူ႕ကို အလြန္အကြၽံကာကြယ္ေနၿပီး မ႐ွင္းမလင္းတဲ့နည္းလမ္းျဖစ္ေနတယ္လို႔ ခံစားေနရသည္။ လီေ႐ြ႕ကိုယ္တိုင္က မသိႏိုင္ေပမယ့္ လီခ်န္က ဒါကို သေဘာက်သည္။

ဒါက သူ႕မသိစိတ္ထဲကေန သူ႕ကို ခ်စ္မိေနလို႔ ဂ႐ုစိုက္ၿပီးေစာင့္ေ႐ွာက္ေပးတာမ်ား ျဖစ္ႏိုင္မလား။

အခ်စ္ဆိုတာဘာလဲ။ လီခ်န္က အႀကိမ္မ်ားစြာ ေတြးခဲ့ဖူးသည္။ ေျပာဆိုဖို႔၊ ေပးဆပ္ဖို႔၊ ပိုင္ဆိုင္ဖို႔ ဒါမွမဟုတ္ လက္လႊတ္လိုက္ဖို႔လား။

လီေ႐ြ႕အေပၚ သူ႕ရဲ႕ခံစားခ်က္ေတြလိုပဲ အခ်စ္က အကူအညီမဲ့ၿပီး စြမ္းအားမ႐ွိတာလည္း ျဖစ္ႏိုင္သည္။

Continue Reading

You'll Also Like

227K 35K 81
Title : Villain in the Kindergarten Author : Mù Zhī Chū (慕之初) Total Chapters : 76 + 1 extra (77) Genre : Comedy, Shounen Ai, Slice of Life English Tr...
12.3K 1.7K 25
" තමුන් මේක කරන්නම ඕනෙ.. " " ඒත් තාත්තා.. මං කොහොමද- " " මං දන්නවා තමුන් ගෙදරින් පිටදි ඉන්න විදිහ මොන වගේද කියන්න.. ඒ නිසා මේක තමුන්ට අමාරු වෙන්න විද...
109K 5.1K 32
ငါတို့က မေ့ပစ်နိုင်ပေမယ့် ကြယ်တွေက မှတ်မိနေဦးမှာ ငါတို့က မုန်းပစ်နိုင်ပေမယ့် ခြေရာတွေက ထင်နေဦးမှာ ငါတို့ ကမ္ဘာပေါ်ကပျောက်ကွယ်သွားတဲ့အခါ ငါတို့အတူရှိခ...
903K 2.2K 8
ကလေးတေမဖတ်နဲ့ ဖတ်ရင်လည်း တိုးတိုးတိတ်တိတ်ဖတ် wattpadစာကိုwattpadမှာဘဲထားခဲ့ပါ ယူသွားမယ်ဆိုလည်းကိုတို့လိုလူတေရှိတဲ့နေရာဘဲယူသွားပါ